Inspire Web Services-IWS
Inspire Web Services is Yangon’s growing web design and development startup. We believe in one thing about our services, we create VALUES.
🌐Website Serviceအပ်ဖို့ စဉ်းစားရင်း အတွေးများနေရတဲ့ လုပ်ငန်းရှင်တွေအတွက်
💭ကိုယ့်လုပ်ငန်းအတွက် Resultထိရောက်တဲ့ Websiteမျိုးလိုချင်ပေမဲ့
ဘယ်မှာ Serviceအပ်ရမလဲမသိလို့ စဉ်းစားရင်းအတွေးများနေရပြီဆိုရင်
အောက်က (၂)မိနစ်စာVideoလေးကို ဆုံးအောင်ကြည့်ပြီး
IWSနဲ့သာ လက်တွဲဖို့ ဖိတ်ခေါ်ပါရစေ💙
📌လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်
https://inspirewebservicesmm.com/clients/
📌ဆက်သွယ်ရန်
https://inspirewebservicesmm.com/contact-us/
☎️ 09 783 896 829
📍 Room 705, Building 19, 6th Floor, MICT PARK, Hlaing Tsp, Yangon
🏮တရုတ်နှစ်သစ်ကူးအချိန်အခါမှာ IWSရဲ့ မိတ်ဟောင်းမိတ်သစ်
Customerများအားလုံး ပျော်ရွှင်ကျန်းမာစွာဖြတ်သန်းနိုင်ပြီး
🧧စီးပွားဥစ္စာ ဒီရေအလား တိုးတက်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင်💙
လုပ်ငန်းတစ်ခုရဲ့ Storyကိုသာ အပြည့်အစုံဖော်ပြထားမယ်ဆိုရင်…⁉️
👥ကိုယ်က Customerတစ်ယောက်ဆိုပါစို့…
🏬ကိုယ်လိုချင်တဲ့ Productsက ဆိုင်(၂)ဆိုင်မှာဝယ်လို့ရနေတယ်ဆိုရင်
ဘယ်ဆိုင်ကိုရွေးချယ်မလဲ⁉️
💲ပထမဆုံးအနေနဲ့ Priceကိုပြေးကြည့်ကြမှာသေချာပေမဲ့
Priceကတော့တန်ပါရဲ့❕
📈ဆိုင်ရဲ့Dataတွေ၊Informationတွေ ဘာတစ်ခုမှမသိရဘူးဆိုရင်
ဝယ်ဖြစ်ရင်တောင် အင်တင်တင်ဖြစ်နေမှာအသေချာပါပဲ။
💵တစ်ဖက်ဆိုင်က Priceတော့ နည်းနည်းပိုနေမယ်။
ဒါပေမဲ့
🔹ဒီဆိုင်က ဘယ်လိုဆိုင်မျိုးလဲ?
🔹ဘယ်လိုfeedbackတွေရထားတာလဲ?
အစရှိတဲ့ ဆိုင်ရဲ့ Background၊ဆိုင်ရဲ့Storyကို သေချာပြထားမယ်ဆိုရင်
ဒုတိယဆိုင်ကိုပဲ ရွေးချယ်ကြမှာမလား❓
ထိုနည်းတူပါပဲ…‼️
🔰ဘယ်လုပ်ငန်းမှာမဆို Clientsတွေရဲ့ ယုံကြည်စိတ်ချမှုကိုသာ အပိုင်သိမ်းထားနိုင်မယ်ဆိုရင်
Brandရဲ့ Imageကိုလည်း တရိပ်ရိပ်တိုးလာစေမှာပါနော်✨
✅တစ်နေရာတည်းမှာ လုပ်ငန်းရဲ့Story၊Backgroundအစရှိတဲ့
Dataအစုံအလင်ကိုပြသနိုင်ပြီး Impressionပါတက်စေဖို့ဆိုရင်တော့
IWSနဲ့သာ ပူးပေါင်းပြီး Websiteတစ်ခု တည်ဆောက်လိုက်ပါ။
IWSမှာ Websiteတွေအားလုံးကို
တိကျတဲ့ Objectivesများဖြင့် ရေးဆွဲဆောင်ရွက်ပေးလျက်ရှိတာကြောင့်
လိုချင်တဲ့Resultနဲ့ တစ်ထပ်တည်းကျနေမှာ အသေချာပါပဲ💞
📌လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်
https://inspirewebservicesmm.com/clients/
📌ဆက်သွယ်ရန်
https://inspirewebservicesmm.com/contact-us/
☎️ 09 783 896 829
📍 No 85, Ground Floor, Marlarmyaing 7th Street, 16 Ward, Hlaing Tsp, Yangon.
🌐တိကျတဲ့Objectiveနဲ့ ထိမိတဲ့Resultကိုအရယူပေးမဲ့ IWS✅
Websiteတစ်ခုတည်ဆောက်တယ်ဆိုတာ ထင်သလောက်လွယ်ကူရိုးရှင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး‼️
ရည်မှန်းချက်(Objectives)ကောင်းကောင်းမရှိ❗️
💢ဘာကိုလိုချင်မှန်းမသိဘဲနဲ့ Websiteတစ်ခုLaunchလုပ်ပြီးခါမှကောင်းမွန်တဲ့Resultကိုမျှော်လင့်နေမယ်ဆိုရင်တော့မဖြစ်နိုင်တာကို စောင့်စားနေသလိုပါပဲ။
✅ဒါကြောင့် ကိုယ့်လုပ်ငန်းအတွက် Websiteတစ်ခုလောက်လုပ်ဖို့ စဉ်းစားနေပြီဆိုရင်
အရင်ဆုံး ကိုယ်က ဘာကိုလိုချင်တာလဲဆိုတာ တိတိကျကျ သိနေဖို့ အရေးကြီးပါတယ်။
လုပ်ငန်းWebsiteကနေတစ်ဆင့်
🔰Clientsတွေဆီက ယုံကြည်မှုတိုးစေချင်တာလား?
🔰ကိုယ့်လုပ်ငန်းရဲ့အတွေ့အကြုံတွေကို ပြသချင်တာလား?
စသဖြင့် ဘယ်လိုResultမျိုးလိုချင်လဲဆိုတာကို သေချာသိနေမှWebsiteအတွက် ပြင်ဆင်တဲ့အခါ အဓိကလိုချင်တဲ့Pointကိုရောက်အောင်
အကောင်းဆုံးဆောင်ရွက်နိုင်မှာပါ။
IWSကနေ Website Servicesတွေဆောင်ရွက်ပေးတဲ့အခါမှာလည်းWebsiteတစ်ခုကို ပြီးပြီးရောလုပ်ပေးလိုက်တာမျိုးမဟုတ်ဘဲ❌
Clientsနဲ့သေချာတိုင်ပင်ဆွေးနွေးပြီး
လိုချင်တဲ့Resultပေါ်မူတည်ကာ Objectivesများကို ရေးဆွဲဆောင်ရွက်ပေးလျက်ရှိပါတယ်✅
Clientတွေအနေနဲ့
▪️ဘယ်လိုResultမျိုးရဖို့
▪️ဘယ်လိုObjectiveတွေ ထားရှိရမလဲဆိုတာ
သေချာရှင်းလင်းသွားအောင်
Sample Objectives လေး(3)ခုကိုပြသပေးချင်ပါတယ်💝
1️⃣ပထမဆုံး Objective (1) ကတော့ လုပ်ငန်းအကြောင်းကို ပြည်စုံစွာ ပြသပေးနိုင်ဖို့ပဲဖြစ်ပါတယ်။
🔹အချက်အလက်အပြည့်အစုံကို ပြသထားတဲ့အခါမှာ ကြည့်ရှုသူက Websiteကိုကြည့်လိုက်တာနဲ့ ကိုယ့်လုပ်ငန်းအကြောင်းကို အချိန်တိုအတွင်း (က)မှ(အ)အထိ တစ်နေရာတည်းမှာ နှံ့နှံ့စပ်စပ်သိမြင်နိုင်စေမှာပဲဖြစ်ပါတယ်။
2️⃣ဒုတိယမြောက်Objective (2) ကတော့ ကိုယ့်လုပ်ငန်းက ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ဘယ်လိုစွမ်းဆောင်ပေးခဲ့လဲဆိုတာတွေကို အသားပေးဖော်ပြပေးနိုင်ဖို့ပါပဲ။
🔹“ကိုယ့်လုပ်ငန်းက ဘယ်လိုတွေဆောင်ရွက်ပေးခဲ့လဲ”ဆိုတာကို ပြပေးခြင်းအားဖြင့် Benefitအနေနဲ့ Clientဘက်က ယုံကြည်စိတ်ချမှုကို ပိုတိုးစေပါတယ်။
3️⃣နောက်ဆုံး Objective (3)ကတော့ လုပ်ငန်းကဆောင်ရွက်ပေးနေတဲ့ Serviceတွေ (သို့)ရောင်းချနေတဲ့ Productsတွေကို SOP(Standard Operating Procedure)အတိုင်း တိတိကျကျဖော်ပြပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။
🔹SOPနဲ့ Products Infoအကြောင်း အသေးစိတ်ဖော်ပြထားတဲ့ Websiteတွေဟာ လုပ်ငန်းရဲ့ ဝန်ဆောင်မှုကို ရယူချင်တဲ့အခါ(သို့) Productsကိုသုံးစွဲတဲ့အခါ သွားရမဲ့ Processကိုသေချာနားလည်ပြီး ရရှိမဲ့အကျိုးကျေးဇူးကိုလည်း ရှင်းရှင်းလင်းလင်းသိမြင်နိုင်ဖို့ ကူညီပေးပါတယ်။
🔰ယခုဖော်ပြပေးထားတဲ့ Sample Objectivesတွေတင်မဟုတ်ဘဲ
✅ကိုယ့်လုပ်ငန်းရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး
ဘယ်လိုObjectiveမျိုးဦးတည်ရေးဆွဲရမလဲ ဆိုတာကိုတော့IWSနဲ့သာ အသေးစိတ်ဆွေးနွေးတိုင်ပင်ဖို့ အကြံပြုပါရစေ💞
📌လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်
https://inspirewebservicesmm.com/clients/
📌ဆက်သွယ်ရန်
https://inspirewebservicesmm.com/contact-us/
☎️ 09 783 896 829
📍 No 85, Ground Floor, Marlarmyaing 7th Street, 16 Ward, Hlaing Tsp, Yangon.
IWS မှ Services များအား အပြောင်းအလဲ မရှိ သုံးစွဲနိုင်ကြောင်း အသိပေးစာ
လက်ရှိတွင် မြန်မာနိုင်ငံအား နိုင်ငံတကာ Payment Gateway များမှ ငွေကြေး အဝင် / အထွက် များ ကန့်သတ် ပိတ်ပင်ခြင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။
နိုင်ငံတကာလုပ်ငန်းများနှင့်ဆက်သွယ်လုပ်ဆောင်နေရသော Web Services အားလုပ်ဆောင်နေသော ကျွန်တော်တို့ IWS သည်လည်း နိုင်ငံတကာ လုပ်ငန်းများမှ Domain , Server , Hosting နဲ့ Web Services များအား ပူးပေါင်းလုပ်ဆောင်နေရပါသည်။
၂၀၂၁ အပြောင်းအလဲကာလမှ စတင်၍ Services များ မပြတ်လတ်စေရန် လုပ်ဆောင်ခဲ့သောကြောင့် လက်ရှိ Payment Gateway ပြသနာများအား ကျော်လွှားနိုင်ရန် အစီအစဉ်များ ချမှတ်ပြီး ဖြစ်ပါသည်။
သို့ပါသောကြောင့် Web Services များအား ပြတ်လတ်ခြင်းမရှိ ဆောင်ရွက်ပေးနေကြောင်း Client များ နှင့် အများပြည်သူတို့အား လေးစားစွာ အသိပေးလိုက်ရပါသည်။
📌လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်
https://inspirewebservicesmm.com/clients/
📌ဆက်သွယ်ရန်
https://inspirewebservicesmm.com/contact-us/
☎️ 09 783 896 829
📍 No 85, Ground Floor, Marlarmyaing 7th Street, 16 Ward, Hlaing Tsp, Yangon.
✅IWSနဲ့ နိုင်ငံတကာကို ထိုးဖောက်လို့ရနေပြီနော်✈️
🔰ITခေတ်ဆိုတဲ့အတိုင်း နည်းပညာတွေတိုးတက်လာတာနဲ့အမျှ Brandingအပိုင်းတွေ၊Networkingအပိုင်းတွေမှာလည်း တဖြည်းဖြည်းနဲ့ ပိုအဆင့်မြင့်လာပြီး
🌐လုပ်ငန်းတစ်ခုစီမှာ သူ့ရဲ့ Information & Dataတွေကို စုစည်းထားတဲ့ Website တစ်ခုစီတော့ ဖန်တီးလာကြပါတယ်။
🔱ကိုယ်ပိုင်Websiteတစ်ခုရှိထားတာက ကိုယ့်Brandအတွက် ယုံကြည်မှုတစ်ခုကိုလည်း တည်ဆောက်နိုင်ပြီး
📄Brandအကြောင်း သူများကိုရှင်းပြတဲ့အခါမှာလည်း ရှည်ရှည်ဝေးဝေးပြောစရာမလိုဘဲ Website Linkလေးပေးလိုက်ရုံနဲ့ တစ်ဖက်လူကို စ၊လယ်၊ဆုံး အချိန်တိုအတွင်း ရှင်းပြပြီးသား ဖြစ်စေမှာပါ။
🔰Localမှာလား?
🔰နိုင်ငံတကာမှာလား?
ဘယ်နေရာ၊ဘယ်ဒေသမှာပဲဖြစ်ဖြစ် Websiteလေးတစ်ခုနဲ့ဆိုရင်
Customerတွေနဲ့ ကိုယ့်Brandက လူချင်းဝေးနေပေမဲ့လည်း အမြဲနီးစပ်နိုင်မှာ အသေချာပါပဲ🌎
Websiteတစ်ခုရယ်လို့ဖြစ်လာဖို့ဆိုတာလည်း လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး‼️
🌐အကုန်ကျများတဲ့အပြင် ကိုယ့်လုပ်ငန်းရဲ့Dataတွေအကုန်လုံး ပြန်စုစည်းရတာမို့လို့ တစ်ခါတည်းနဲ့အဆင်ပြေအောင်ဆောင်ရွက်ပေးနိုင်တဲ့ နေရာမျိုးမှာ အပ်မှသာ ခဏခဏအလုပ်မရှုပ်ဘဲ အချိန်ကုန်သက်သာစေမှာပါ။
ဒါကြောင့် ဒီလိုတွေအပူအပင်မရှိဘဲ Websiteကောင်းတစ်ခု လိုချင်ပြီဆိုရင်တော့
🌐ဝန်ဆောင်မှုလည်းကောင်းပြီး Websiteရဲ့ Design,Content,Responsiveness,Featuresအစစအရာရာနောက်ပြန်လှည့်ကြည့်နေစရာမလိုအောင် ဆောင်ရွက်ပေးနေတဲ့ Inspire Web Services-IWSရှိနေပြီနော်✅
✅Inspire Web Servicesမှာဆိုရင် Clientဘက်က လိုချင်တဲ့ပုံစံကို အသေးစိတ်ဆွေးနွေးပေးပြီး Localမှာတင်မက နိုင်ငံတကာမှာပါ အသုံးပြုနိုင်တဲ့ Websiteတွေကို အဆင့်(၁၂)ဆင့်ဖြင့် လက်ရာမြောက်စွာ ဖန်တီးဆောင်ရွက်ပေးလျက်ရှိပါတယ်✈️
📌လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်
https://inspirewebservicesmm.com/clients/
📌ဆက်သွယ်ရန်
https://inspirewebservicesmm.com/contact-us/
☎️ 09 783 896 829
📍 No 85, Ground Floor, Marlarmyaing 7th Street, 16 Ward, Hlaing Tsp, Yangon.
🎉 လုပ်ငန်းအတွက် ဝင်ငွေကောင်းစေပြီး ပုံရိပ်မြှင့်တင်နိုင်စွမ်းရှိတဲ့ Website တစ်ခုကို ကျွန်တော်တို့အတူတကွ တည်ဆောက်ကြရအောင် 🎉
✅ နိုင်ငံတကာသုံး Business Website တစ်ခု အဆင့်မှီမှီဖြစ်ပေါ်လာဖို့အတွက် Website လုပ်မဲ့ လုပ်ငန်း နဲ့ ရေးဆွဲပေးတဲ့ Agency တို့ နှစ်ခုကြား အချိတ်အဆက်မိမိ ဖြစ်ဖို့ အရေးကြီးပါတယ်.
✅ အချိတ်အဆက်မိစွာ လုပ်ဆောင်ပြီးလို့ Website လွှင့်တင်ပြီးသွားတဲ့ကာလမှာလည်း Website ရလဒ်ကို တိုင်းတာပြီး အဆင့်မြှင့်တင်မှသာ ခေတ်မှီတဲ့ Website တစ်ခုဖြစ်မှာ ဖြစ်ပါတယ်.
✅ ဒီိလို Website တစ်ခုကို ကျွန်တော်တို့နဲ့ တည်ဆောက်တဲ့အခါမှာ _
👏 လူကြီးမင်းတို့လုပ်ငန်းရဲ့ Brand Awareness , Leads , Sales Conversions စတဲ့လိုအပ်ချက်တွေကို ဦးစားပေးဆွေးနွေးအဖြေရှာပေးတဲ့ Consultation Process .
👏 အဆင့် ၁၂ ဆင့်ပါဝင်ပြီး Website တစ်ခုလုံးရဲ့ Design + Content + Responsiveness, Features ထောင့်စုံ သေသပ်စေရန် ရေးဆွဲပေးတဲ့ Web Development Process.
👏 Website လွှင့်တင်ပြီး ရလဒ်များအား စောင့်ကြည့်တဲ့အပြင် ခေတ်နှင့်အမှီ ရလဒ်ကောင်းစေဖို့ ထိန်းသိမ်းပေးတဲ့ Process
အစရှိတဲ့ အဆင့်တွေနဲ့ သေသပ်တိကျစွာ ဆောင်ရွက်ပေးလျက်ရှိပါတယ်.
🔰 ကျွန်တော်တို့ IWS ရဲ့ ဆောင်ပုဒ်ကတော့ “ Client လိုအပ်ချက်ကို အရင်နားထောင် ပြီးမှ ဆွေးနွေးပါ ” ဖြစ်ပါတယ် 🔰
📌လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်
https://inspirewebservicesmm.com/clients/
📌ဆက်သွယ်ရန်
https://inspirewebservicesmm.com/contact-us/
☎️ 09 783 896 829
📍 Room 705, Building 19, 6th Floor, MICT PARK, Hlaing Tsp, Yangon
🎉 လူကြီးမင်းတို့ လုပ်ငန်းအကျိုးကျေးဇူးအတွက် ပါတနာလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိတဲ့ Inspire Web Services - IWS .
ကျွန်တော်တို့ IWS ဟာ Website ရေးသားခြင်း ( Web Design & Development) ကို ဦးစားပေးဆောင်ရွက်ပေးနေတဲ့လုပ်ငန်းဖြစ်ပေမဲ့ ကျွန်တော်တို့ Client များရဲ့ လိုအပ်ချက်များအရ ပါတနာလုပ်ငန်းများနှင့် လက်တွဲကာ ဆောင်ရွက်ပေးလျက်ရှိပါတယ်.
လူကြီးမင်းတို့ Website တွေ အတွက် SEO, Web Marketing, Digital Marketing နှင့် Google Advertising Services များအတွက် _
✅ ကျွမ်းကျင်ခိုင်မာသော လုပ်ငန်းများ ရှာဖွေပေးခြင်း
✅ ပါတနာအဖြင့်ဆောင်ရွက်ကာ ပူးပေါင်းဆောင်ရွက်ပေးခြင်း
✅ လိုအပ်သော Technical အချက်အလက် နှင့် လုပ်ဆောင်မှု များအား ကူညီဆောင်ရွက်ပေးခြင်း
✅ လူကြီးမင်းတို့ လုပ်ငန်းကိုယ်စား အကြံပြုပေးခြင်း
စသည်တို့ကို ဆောင်ရွက်နေလျက်ရှိပါတယ်.
🔰 ကျွန်တော်တို့ IWS ရဲ့ ဆောင်ပုဒ်ကတော့ “ Client လိုအပ်ချက်ကို အရင်နားထောင် ပြီးမှ ဆွေးနွေးပါ ” ဖြစ်ပါတယ် 🔰
📌လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်
https://inspirewebservicesmm.com/clients/
📌ဆက်သွယ်ရန်
https://inspirewebservicesmm.com/contact-us/
☎️ 09 783 896 829
📍 Room 705, Building 19, 6th Floor, MICT PARK, Hlaing Tsp, Yangon
👉 Website ဆိုတာ အနုပညာတစ်ခုပါ။
✅ Website တွေက Data တွေ၊ စာတွေ၊ ပုံတွေ ပြထားတဲ့အဆင့်ကနေပြီးတော့ အနုပညာမြောက်တဲ့ဖန်တီးမှုအဆင့်ကို ရောက်ရှိလာပါပြီ။
✅ သာမန်ရေးဆွဲထားသည့် ပန်းချီကားတစ်ချပ်နဲ့ Vincent van Gogh ဆွဲထားတဲ့ပန်းချီကားတစ်ချပ်ဟာဆိုလျှင် သိသိသာသာ ကွာခြားသလိုပဲ လက်ရာမြောက်အောင် ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်သည် နှစ်ရာပေါင်းများစွာကြာအောင် လူတွေရဲ့ စိတ်ကို ဖမ်းစားနိုင်စွမ်းရှိပါတယ်။
💯 ထို့အတူ သေသပ်လှပစွာ ဖန်တီးထားသည့် Website တစ်ခုက နှစ်ပေါင်းများစွာတိုင်အောင် လူတွေရဲ့စိတ်ကို ဖမ်းစားနိုင်စွမ်းရှိပြီးတော့ ဒီ Website ကိုဆွဲထားတဲ့ လုပ်ငန်းရဲ့ပုံရိပ်ကို လဲ အဆပေါင်းများစွာ မြှင့်တင်နိုင်မှာဖြစ်ပါတယ်။
✅ လက်ရာမြောက်သော Website တွေကို ကျွန်တော်တို့ IWS ဘက် က ဘယ်လိုမျိုး ဖန်တီးရေးဆွဲပေးနေသလဲ ဆိုတာကို စုံစမ်းသိရှိလိုလျှင် ယခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Inspire Web Services - IWS
Building 19,6th Floor, MICT Park, Yangon.
🎉 ကျေးဇူးတင်လွှာ
အရှင် ဒေါက်တာနန္ဒမာလာဘိဝံသ ဦးစီးသော အဘိဓမ္မာတက္ကသိုလ် အတွက် Online Learning Management System ( LMS ) ရေးဆွဲပေးခြင်း အခွင့်ကို ရရှိသည့်အတွက် ဆရာတော်ဘုရားကြီးနှင့် တစ်ကွ သက်ဆိုင်ရာ လူကြီးမင်းများအား အထူးပင်ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ
Website မှာ မရှိမဖြစ် ရှိသင့်တဲ့ Data များ....
🙏 မင်္ဂလာပါ Inspire Web Services ကနေ ကြိုဆိုပါတယ်။ 🙏
👉 ဒီနေ့မှာတော့ လူကြီးမင်းတို့ Website မှာ မရှိမဖြစ် ရှိထားသင့်တဲ့ Data တွေအကြောင်းကို ကျွန်တော်တို့နှင့်အတူလေ့လာကြည့်ရအောင်။
✅ နံပါတ် (၁) စီးပွားရေးလုပ်ငန်းအကြောင်း အသေးစိတ်
ယနေ့လို Social Media ခေတ်မှာ ထည်ထည်ဝါဝါ ကြေငြာလို့ရပေမဲ့ လုပ်ငန်းတည်ထောင်တဲ့ ရည်ရွယ်ချက် ၊ လုပ်ငန်းလည်ပတ်နေတဲ့ Industry အမျိုးအစား ၊ လုပ်ငန်းဘာကြောင့်တည်ရှိနေရတယ်ဆိုတဲ့ ရည်ရွယ်ချက် စတာတွေကို Website မှာပဲ တစ်သီးတစ်ခြား ထည်ထည်ဝါဝါ ပြထားလို့ရပါတယ်။
ဒီအချက်အလက်၊တွေကို Social Media တွေပေါ်မှာ တင်မယ်ဆိုလျှင် လူတွေရဲ့စိတ်ဝင်စားခံရနိုင်ခြေ အရမ်းနည်းပြီးတော့ မိမိအတွက် ကိုယ်ပိုင်တည်ဆောက်ထားတဲ့ သီးသန့် Website မှာ တင်ခြင်းက ပိုပြီးသင့်တော်ပါတယ်။
✅ နံပါတ် (၂) Products နဲ့ Services တွေရဲ့ သမိုင်းကြောင်း အကျဉ်းချုပ်
Social media တွေမှာ Products တွေ Services တွေအကြောင်းကို ထည်ထည်ဝါဝါတင်ကြတယ် ၊ လူတွေသိအောင်လို့ကြေငြာကြတယ် ၊ ဒါပေမဲ့ ဒီ Product တစ်ခုချင်းစီရဲ့ ဖြစ်ပေါ်လာပုံအသေးစိတ်တွေ ၊ ဘာကြောင့် ဒီ Product ကို Company က ရောင်းချနေတာလဲ ၊ Service တစ်ခုချင်းစီရဲ့ ဖြစ်ပေါ်လာပုံအသေးစိတ် နှင့် ဘာကြောင့်မလို့ ဒီ Services တွေကို Company က ဝန်ဆောင်မှုပေးနေတာလဲဆိုတာရဲ့ History ကို မိမိရဲ့ Website မှာ ထည်ထည်ဝါဝါ တစ်သီးတစ်သန့် ပြထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ လာကြည့်တဲ့ လူတွေအနေနဲ့ ဒီလုပ်ငန်းက ဒီ Products တွေ၊ ဒီ Services တွေ ပေးတယ်ဆိုတဲ့အပြင် ဘာကြောင့်မလို့ ဒီ Products တွေ၊ ဒီ Services တွေတည်ရှိနေရတာလဲဆိုတာကို ကောင်းကောင်းသဘောပေါက်သွားမှာ ဖြစ်ပါတယ်။
✅ နံပါတ် (၃) Contact to Business - လုပ်ငန်းကို ဆက်သွယ်လို့ရမဲ့ အချက်အလက်
User တစ်ယောက်က Website ကို ဝင်ကြည့်ပြီးသွားတော့ Business အကြောင်းလဲ ကောင်းကောင်းသိသွားတယ် ၊ Business က ပေးတဲ့ Products နှင့် Services တွေအကြောင်းကိုလဲ ကောင်းကောင်းမွန်မွန်နားလည်သွားတယ်ဆိုလျှင် ဒီလုပ်ငန်းကို ဆက်သွယ်ချင်စိတ်ရှိလာပါလိမ့်မယ်။ ဆက်သွယ်ချင်တဲ့အခါမှာ အလွယ်တကူ ဆက်သွယ်နိုင်ဖို့အတွက်အရမ်းအရေးကြီးပါတယ်။ Website ကို လာကြည့်တဲ့သူတွေအတွက် တိုက်ရိုက်ဆက်သွယ်နိုင်ဖို့ Phone number ပြထားပေးခြင်း၊ Email address ပြထားပေးခြင်း၊ Form ဖြည့်ပြီး Email ပို့လို့ရတဲ့ Contact Form ထားထားပေးခြင်း၊ Facebook chat ကို link ချိတ်ထားပေးခြင်း ဒါတွေကို ထည့်သွင်းရပါတယ်။
🔰 ကျွန်တော်တို့ IWS ရဲ့ ဆောင်ပုဒ်ကတော့ “ Client လိုအပ်ချက်ကို အရင်နားထောင် ပြီးမှ ဆွေးနွေးပါ ” ဖြစ်ပါတယ် 🔰
📌လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်
https://inspirewebservicesmm.com/clients/
📌ဆက်သွယ်ရန်
https://inspirewebservicesmm.com/contact-us/
☎️ 09 783 896 829
📍 Room 705, Building 19, 6th Floor, MICT PARK, Hlaing Tsp, Yangon
မိမိလုပ်ငန်းရဲ့ Website က မြန်ဆန်တယ်၊ သပ်ရပ်တယ်လို့ ခံစားမိရဲ့လား❓
🙏 မင်္ဂလာပါ Inspire Web Services ကနေ ကြိုဆိုပါတယ်။ 🙏
👉 လူကြီးမင်းတို့ရဲ့ Website ကိုလာလည်မည့် သူတွေကို အကောင်းဆုံးသော experience ရစေဖို့အတွက် လူကြီးမင်းတို့ အထူးဂရုစိုက်ရမည့် အချက် 2️⃣ ချက်ရှိပါတယ်။ ဒါကတော့ Website ရဲ့ မြန်ဆန်မှုနှင့် သပ်ရပ်မှုပဲဖြစ်ပါတယ်။ ဒီ နှစ်ခုအကြောင်းကို ဒီနေ့ အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။
✅ ပထမဦးဆုံး Website ရဲ့ မြန်ဆန်မှု....
Website မြန်ဆန်မှုဆိုတာက user က လူကြီးမင်းတို့ရဲ့ Website address ကိုရိုက်ပြီး ရှာလိုက်တယ် ဒါမှမဟုတ် Website address link ကို နှိပ်လိုက်တယ် သူနှိပ်လိုက်တဲ့အချိန်ကစပြီးတော့ လူကြီးမင်းတို့ Website ပေါ်လာတဲ့အထိ ကြာချိန်ကို Website loading time လို့ခေါ်ပါတယ်။Website အတွင်းမှာ page တစ်ခုကနေ တစ်ခုကို ကူးပြောင်းတဲ့ ကြာချိန်ကိုလည်း loading time လို့ခေါ်ပါတယ်။
ဥပမာ - home page ကနေ about us page ကို ကူးပြောင်းတဲ့ ကြာချိန်ပဲဖြစ်ပါတယ်။ Company Website တွေပဲဖြစ်ဖြစ် ၊ E-commerce Website တွေပဲဖြစ်ဖြစ် ၊ Web Application Website တွေပဲဖြစ်ဖြစ် loading time အနေဖြင့် အများဆုံး (1) စက္ကန့်ကနေ (3) စက္ကန့်အတွင်းသာ ကြာသင့်ပါတယ်။ ဘာကြောင့် (3) စက္ကန့် အောက်သာ ရှိသင့်လဲဆိုရင် survey လုပ်တဲ့ results တွေအရ (1) စက္ကန့်ကနေ (3) စက္ကန့်ကြာတဲ့ Website တွေကို user (32) ရာခိုင်နှုန်းက ဆက်ပြီးတော့ကြည့်လေ့မရှိကြပါဘူး။ (1) စက္ကန့်ကနေ (5) စက္ကန့် loading time ကြာတဲ့ website တွေကို user (90) ရာခိုင်နှုန်း ကကြည့်လေ့ မရှိကြပါဘူး။ တစ်နည်းအား ဖြင့် လူကြီးမင်းရဲ့ website က (5) စက္ကန့်အထိ loading time ကြာနေတယ်ဆိုရင် လာကြည့်တဲ့သူ အယောက် (100) မှာ (90) က ဆက်မကြည့်တော့ပဲနဲ့ ထွက်လိုက်မှာ ဖြစ်ပါတယ်။ အဲ့တော့ (90) ရာခိုင်နှုန်းတိတိ user ကိုဆုံးရှုံးရမှာ ဖြစ်ပါတယ်။ဒါကြောင့်မို့ လူကြီးမင်းရဲ့ website က (1) စက္ကန့်ကနေ (3) စက္ကန့်အတွင်းမှာ Website loading တက်ဖို့အတွက် အရမ်းကို အရေးကြီးပါတယ်။
✅ ဒုတိယအချက် သပ်သပ်ရပ်ရပ်ရှိမှု (responsive) .....
ယနေ့ခေတ်မှာ လူတော်တော်များများက mobile phone တွေ၊ tablet တွေ နဲ့ အချိန်မရွေး နေရာမရွေး လွယ်လွယ်ကူကူ အလုပ်လုပ်နေကြပါတယ်။ဒါကြောင့် Website ရေးဆွဲတဲ့နေရာမှာ ရှိသမျှ mobile devices တွေ ၊ tablet devices တွေအစုံမှာ website ကိုသပ်သပ်ရပ်ရပ် ပေါ်ဖို့အတွက် အထူးဂရုစိုက်ရပါတယ်။အရင် mobile devices တွေ ခေတ်မစားခင်က website တွေကို computer တွေနဲ့ကြည့်ဖို့ ၊ desktop view မှာကြည့်ရတာ အဆင်ပြေဖို့ ဒါတွေကို ဦးစားပေးရေးဆွဲခဲ့တာဖြစ်ပြီး အခုလိုမျိုး mobile devices တွေ ၊ tablet တွေ ခေတ်စားလာတဲ့အချိန်မှာ device တစ်ခုချင်းစီအတွက် သပ်သပ်ရပ်ရပ်ဖြစ်ဖို့ အထူးဂရုစိုက်ရေးဆွဲရပါတယ်။
🤝 Inspire Web Services agency အနေနဲ့ အောက်ပါ devices တွေမှာလူကြီးမင်းရဲ့ Website ကိုသပ်သပ်ရပ်ရပ် ပေါ်အောင်လို့ လုပ်ဆောင်ပေးနေပါတယ်။ 🤝
Desktop
- 1980 * 1080 px
- 1680 * 1050 px
- 1440 * 900 px
- 1366 * 768 px
- 1280 * 800 px
Tablet
- 1024 * 1366 px
- 991 * 1280 px
- 800 * 1280 px
- 720 * 1280 px
- 768 * 1024 px
- 604 * 966 px
Mobile
- 414 * 896 px
- 414 * 736 px
- 411 * 731 px
- 400 * 640 px
- 376 * 667 px
- 360 * 740 px
- 360 * 640 px
- 360 * 600 px
အထက်ပါ ဖော်ပြခဲ့တဲ့ loading time နှင့် responsive ဖြစ်မှုကို အောက်ပါ Website လေးတွေမှာ ဝင်ရောက် စစ်ဆေးနိုင်ပါတယ်။
Responsive စစ်ရန် -
👉 https://responsivedesignchecker.com/
Loading time စစ်ရန် -
👉 https://tools.pingdom.com/
🔰 ကျွန်တော်တို့ IWS ရဲ့ ဆောင်ပုဒ်ကတော့ “ Client လိုအပ်ချက်ကို အရင်နားထောင် ပြီးမှ ဆွေးနွေးပါ ” ဖြစ်ပါတယ် 🔰
📌လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်
https://inspirewebservicesmm.com/clients/
📌ဆက်သွယ်ရန်
https://inspirewebservicesmm.com/contact-us/
☎️ 09 783 896 829
📍 Room 705, Building 19, 6th Floor, MICT PARK, Hlaing Tsp, Yangon
လုပ်ငန်းအတွက်တကယ်အကျိုးရှိတဲ့ Website တစ်ခုဖြစ်အောင်လို့ Websiteမှာ ဘာစနစ်တွေထည့်သွင်းရမလဲ❓
🙏 မင်္ဂလာပါ Inspire Web Services ကနေ ကြိုဆိုပါတယ်။ 🙏
👉 ဒီနေ့မှာတော့ လုပ်ငန်းအတွက်တကယ် အကျိုးရှိတဲ့ Website တစ်ခုဖြစ်ဖို့အတွက် ထည့်သွင်းရမည့် စနစ် 6️⃣ ခုကို ကျွန်တော် ပြောပြပေးသွားပါမယ်။
✅ ပထမအချက်ကတော့ Contact Form 7 ပဲဖြစ်ပါတယ်။ လုပ်ငန်း Website တွေက လာကြည့်တဲ့သူတွေကို မိမိလုပ်ငန်းအပေါ် ယုံကြည်မူရှိအောင် မိမိလုပ်ငန်းရဲ့ Products တွေ၊ Services တွေကို မြင်သာသွားအောင် ကြိုးစားပြီး data တွေပြတတ်ကြပါတယ်။ လာကြည့်တဲ့သူတွေ လုပ်ငန်းအပေါ် အတိုင်းအတာ တစ်ခုအထိ ရင်းနှီးသွားတဲ့အချိန်မှာ user တွေအနေနဲ့ လုပ်ငန်းကိုအလွယ်တကူ ဆက်သွယ်နိုင်တဲ့ စနစ်ရှိဖို့က အရေးကြီးပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ Website မှာ Contact Form ဆိုတဲ့စနစ်ကိုထည့်သွင်းသင့်ပါတယ်။ Contact Form ထည့်လိုက်ခြင်းအားဖြင့် user တွေက သူတို့ရဲ့နာမည်၊ Email address ၊ သူတို့သိစေချင်တဲ့အကြောင်းအရာလေးတွေကိုရိုက်ထည့်ပြီးတော့ လုပ်ငန်းကို email နဲ့တိုက်ရိုက်ပေးပို့ ဆက်သွယ်နိုင်ပါတယ်။
✅ ဒုတိယအချက်ကတော့ Facebook chat ပဲဖြစ်ပါတယ်။ ယခု Social Media ခေတ်မှာလုပ်ငန်းတော်တော်များများက customer တွေနှင့် ဆက်သွယ်တဲ့နေရာမှာ page ကိုအဓိကထား သုံးလာကြပါတယ် ။ Customer တွေအနေဖြင့် page ကနေ contact လုပ်ရတာပိုပြီးသဘောကျသလို ပိုပြီးတော့လဲ မြန်ဆန်တယ်လို့ ယူဆကြပါတယ်။ ဒါကြောင့်မလို့ Website မှာ page နှင့်တိုက်ရိုက်ဆက်သွယ်လို့ရသော Facebook chat စနစ် ကိုထည့်သွင်းသင့်ပါတယ်။
✅ နောက်တစ်ချက်ကတော့ Google Analytics...
Google Analytics ဆိုတာက Website ရဲ့အချက်အလက်တွေအကုန်လုံးကိုအသေးစိတ်ဖော်ပြပေးတဲ့ Website ဖြစ်ပါတယ်။ Website ကိုတစ်ပတ်အတွင်း တစ်လအတွင်း ဘယ်သူတွေလာကြည့်သွားတယ်၊ လာကြည့်တဲ့သူတွေက ဘယ်ကနေလာတယ် ( ဥပမာ -- Facebook ကနေ လာတယ်၊ Google ကနေရှာပြီးတော့လာတယ်။ ) ပြီးတော့ လာကြည့်တဲ့သူတွေက ဘယ် device တွေနှင့် ဝင်ကြည့်ကြလဲ ( ဥပမာ -- mobile / desktop ) ပြီးတော့ အရေးကြီးဆုံးအနေဖြင့် လာကြည့်တဲ့သူတွေက Website ရဲ့ဘယ် page တွေကို တစ်ဆင့်ပြီးတစ်ဆင့် ဝင်ကြည့်ကြလဲ ( ဥပမာ -- home page ကနေ about page ၊ about page ကနေ contact us page ) ဒီအချက်အလက်တွေကိုပြည့်ပြည့်စုံစုံနှင့် ကြည့်လို့ရတဲ့ Analytics tools ပဲဖြစ်ပါတယ်။ Website မှာ Analytics tools ထည့်ထားမှသာ ရရှိလာတဲ့ data ပေါ်မူတည်ပြီးတော့ Website က Objective ထိရောက်ရဲ့လား? Website ကပိုပြီးတော့ ကောင်းအောင်လုပ်ဖို့ ဖြစ်နိုင်ရဲ့လားဆိုတာကိုစဉ်းစားပြီးတော့ ကျွန်တော်တို့ ရှေ့ဆက်ရမှာဖြစ်ပါတယ်။
✅ နောက်တစ်ခုကတော့ - Caching ပဲဖြစ်ပါတယ်။
Cache ဆိုတာကတော့ Website ကိုမြန်ဆန်အောင်လုပ်ပေးတဲ့နည်းပညာပဲဖြစ်ပါတယ်။ Website က user တွေဆီမှာ မြန်မြန်ဆန်ဆန် သွက်သွက်လတ်လတ် ဖြစ်စေဖို့ အတွက် cache နည်းပညာကိုထည့်သွင်းသင့်ပါတယ်။
✅ နောက်တစ်ခုက Yoast SEO ပဲဖြစ်ပါတယ်။
SEO ဆိုတာကတော့ Search Engine Optimization ဖြစ်ပါတယ်။ Website တစ်ခုက Launch လိုက်ရုံဖြင့်မပြီးပါဘူး။ Websiteက Google ရဲ့ search list မှာကောင်းစေဖို့ user တွေရှာတဲ့နေရာမှာ မိမိ Website က ထိပ်ဆုံးမှာရောက်နေစေဖို့ ကျွန်တော်တို့က SEO - Search Engine Optimisation ကို လုပ်ပေးရပါတယ်။ ဒါကြောင့်မို့ Yoast SEO ကို ထည့်သွင်းအသုံးပြုသင့်ပါတယ် ။
✅ နောက်ဆုံးတစ်ခုကတော့ - Wordfence Security ပဲဖြစ်ပါတယ်။
ဒီ Security စနစ် က လုပ်ငန်းရဲ့ Website ကိုကျသွားအောင်လို့ တိုက်ခိုက်တတ်တဲ့ DDoS attacks တွေကနေ ကာကွယ်ပေးပါတယ်။ လုပ်ငန်းရဲ့ Website ကို admin အနေနှင့် login ဝင်တဲ့အခါမှာလဲ Two Factors Authentication ထည့်ထားပေးတဲ့အတွက်ကြောင့်မို့ ပိုပြီးတော့ လုံခြုံစေပါတယ်။
ဒါကြောင့် တကယ်အကျိုးရှိတဲ့ Website ဖြစ်ဖို့အတွက် ဒီ အချက် 6️⃣ ချက်ကို Website မှာထည့်သွင်းအသုံးပြုသင့်ပါတယ်။
🔰 ကျွန်တော်တို့ IWS ရဲ့ ဆောင်ပုဒ်ကတော့ “ Client လိုအပ်ချက်ကို အရင်နားထောင် ပြီးမှ ဆွေးနွေးပါ ” ဖြစ်ပါတယ် 🔰
📌လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်
https://inspirewebservicesmm.com/clients/
📌ဆက်သွယ်ရန်
https://inspirewebservicesmm.com/contact-us/
☎️ 09 783 896 829
📍 Room 705, Building 19, 6th Floor, MICT PARK, Hlaing Tsp, Yangon
လုပ်ငန်းရှင်တွေအနေနဲ့ Website မလုပ်ခင် ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ❓
🙏 မင်္ဂလာပါ Inspire Web Services ကနေ ကြိုဆိုပါတယ်။ 🙏
ဒီနေ့မှာတော့ လုပ်ငန်းရှင်တွေအနေနဲ့ တကယ်အကျိုးရှိတဲ့ Website တစ်ခု ရဖို့အတွက် Website မလုပ်ခင်ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်လဲ ဆိုတာကို ကျွန်တော်တို့ ပြောပြပေးသွားမှာဖြစ်ပါတယ်။
👉 Website တွေက တစ်ခြားသော marketing media တွေနှင့်မတူပါဘူး။ Website တစ်ခုရေးဖို့အတွက် ငွေကြေးအားဖြင့် သိန်း ဆယ်ဂဏန်း၊ သိန်း ရာဂဏန်းအထိ ကုန်ကျပြီးတော့ အချိန်အားဖြင့်လဲ တစ်ပတ်၊နှစ်ပတ်မှသည် လနှင့်ချီပြီးတော့ ကြာတတ်ပါတယ်။ ဒီလိုမျိုး အချိန်တွေ၊ ငွေတွေအားစိုက်ရတဲ့ Website တစ်ခု မလုပ်ခင်မှာ တကယ်အကျိုးရှိတဲ့ Website တစ်ခုဖြစ်ဖို့အတွက် အောက်ပါအချက်တွေကို ကြိုတင်ပြင်ဆင်ထားပြီးမှသာ Website ရေးဆွဲတဲ့ Agency တွေနဲ့ လုပ်ဆောင်သင့်ပါတယ်။
✅ ပထမဦးဆုံး တစ်ချက် Website Audience ကို စဉ်းစားရပါမယ်။ Website Audience ဆိုတာက မိမိ Website ကို လာလည်စေချင်တဲ့သူတွေကိုပြောတာဖြစ်ပါတယ်။ ဘယ်လိုလူတွေကို လာလည်စေချင်လဲဆိုတာကို အရင်ဆုံးစဉ်းစားထားရမှာဖြစ်ပါတယ်။ ဥပမာ - မိမိရဲ့ Website ကို client ဖြစ်နိုင်ချေရှိတဲ့သူတွေကို မြင်စေချင်တာလား၊ ဒါမှမဟုတ် partner တွေ၊ level တူ Business လုပ်နေတဲ့ သူတွေကို မြင်စေချင်တာလား ။ ဒီလိုမျိုး ဘယ် audience ကိုပြမလဲဆိုတာကို အရင်ဆုံးစဉ်းစားရပါမယ်။ မိမိရဲ့ potential client တွေကို Website ကိုမြင်စေချင်တယ်ဆိုလျှင် Website မှာ ဒီ potential client တွေကို client ဖြစ်လာနိုင်စေတဲ့ အထိ လုပ်ဆောင်နိုင်မည့်content တွေ၊ Page တွေ၊ Data တွေကိုထည့်သွင်းရပါမယ်။ ဒါမှမဟုတ် တခြားစီးပွားရေး လုပ်ငန်းတွေကို ကိုယ့်ရဲ့ Website ကိုမြင်စေချင်တယ်ဆိုလျှင်တော့ မိမိရဲ့လုပ်ငန်းကဘယ်လောက်အထိ ခိုင်မာကြောင်း၊ အတွေ့အကြုံရှိကြောင်း၊ စိတ်ချယုံကြည်ရကြောင်းကို မြင်သာအောင်ဖော်ပြပေးရမှာဖြစ်ပါတယ်။
✅နောက်တစ်ခုက Website Objective .....
Website Objective ဆိုတာက Website က ဘာအလုပ်ကိုလုပ်မှာလဲ၊ ဒါမှမဟုတ် Website ကနေ လုပ်ငန်းအနေနဲ့ ဘာအကျိုးကျေးဇူးကိုပြန်ရမှာလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ရှေ့မှာပြောခဲ့တဲ့အတိုင်း Website တစ်ခု လုပ်ဖို့ဆိုတာက အချိန်လဲကုန်တယ်၊ ငွေလဲကုန်တယ် ဒါကြောင့်မို့ Website ဘက်ကနေ တိကျတဲ့ ရလဒ် တစ်ခုပြန်ရမှသာ အဆင်ပြေမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ Website က ဘာအလုပ်လုပ်မလဲ၊ ဘာပြန်ရမလဲဆိုတာကို တိတိကျကျ စဉ်းစားထားရပါမယ်။
✅ဒီလိုမျိုးဘယ် Audience ကိုပြမလဲ စဉ်းစားပြီးသွားပြီ၊ Website ကနေ ဘာအလုပ်လုပ်မလဲဆိုတာကိုစဉ်းစားပြီးသွားပြီဆိုလျှင် နောက်တစ်ဆင့်အနေနဲ့ Website Platform ရွေးရပါတော့မယ်။ Website Platform တွေရွေးချယ်တဲ့အခါမှာ မိမိလိုချင်တဲ့ Objective ပေါ်မူတည်ပြီးတော့ Website ကို အစအဆုံး Customize ဆွဲမှာလား ၊ ဒါမှမဟုတ် CMS platform တွေကို သုံးပြီးတော့ Website ဆွဲမှာလား အစရှိသဖြင့် စဉ်းစားရွေးချယ်ရပါမယ်။
✅ ဒီအဆင့်တွေပြီးသွားပြီဆိုတာနဲ့ ကျွန်တော်တို့ Website မှာထည့်မည့် Pages တွေ၊ Website ထဲမှာထည့်မည့် ပုံတွေ၊ Website ထဲမှာထည့်မည့် စာတွေ၊ content တွေ ဒါတွေကို စပြီးတော့ စဉ်းစားရပါတော့မယ်။ Website မှာ page ဘယ်နှစ်ခုထည့်မှာလဲ? page တစ်ခုချင်းစီမှာ ဘယ် Data တွေကိုပြမှာလဲ ? ဥပမာ - About page မှာဆိုလျှင် လုပ်ငန်းနှင့်ပက်သက်တဲ့ ဘယ်အချက်အလက်တွေကိုပြမှာလဲဆိုတာကို စဉ်းစားရပါမယ်။
✅နောက်တစ်ခုကတော့ Website မှာသုံးမယ့် Fonts တွေနဲ့ Colors တွေပဲဖြစ်ပါတယ်။ တစ်ချို့လုပ်ငန်းတွေက လုပ်ငန်းအတွင်းမှာသီးသန့်သုံးနေတဲ့ Fonts တွေရှိပါတယ်၊ company ရဲ့ letter head တွေ marketing activities တွေမှာ သီးသန့် သုံးတဲ့ fonts တွေရှိတယ်။ ပြီးတော့ လုပ်ငန်းမှာသီးသန့်သုံးတဲ့ colors တွေရှိတယ်။ ဒါကြောင့် မိမိ Website မှာသီးသန့်သုံးမည့် Fonts တွေ၊ colors တွေကိုလဲ ကြိုတင်ပြီးတော့ ပြင်ဆင်ထားရပါမယ်။
🤝 ကျွန်တော်တို့ Inspire Web Services နှင့် Website စပြီးတော့လုပ်ဖို့ ၊ discussion လုပ်ပြီဆိုတာနှင့် အပေါ်က 5️⃣ ချက်ကို ကျွန်တော်တို့ ကိုယ်တိုင် ဦးဆောင်ပြီး ဆွေးနွေးပေးပါတယ်။ ဒီ 5️⃣ချက်ကို ဆွေးနွေးပြီး ရလဒ်အတိအကျ ထွက်တော့မှသာ ကျွန်တော်တို့ဘက်က Website ကိုစတင်ရေးဆွဲပေးပါတယ်။ 🤝
🔰 ကျွန်တော်တို့ IWS ရဲ့ ဆောင်ပုဒ်ကတော့ “ Client လိုအပ်ချက်ကို အရင်နားထောင် ပြီးမှ ဆွေးနွေးပါ ” ဖြစ်ပါတယ် 🔰
📌လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်
https://inspirewebservicesmm.com/clients/
📌ဆက်သွယ်ရန်
https://inspirewebservicesmm.com/contact-us/
☎️ 09 783 896 829
📍 Room 705, Building 19, 6th Floor, MICT PARK, Hlaing Tsp, Yangon
Objective ထိတဲ့ Website တွေကို ကျွန်တော်တို့ IWS ဘက်က ဘယ်လိုမျိုး ရေးဆွဲပေးလဲ❓❓
🙏 မင်္ဂလာပါ Inspire Web Services ကနေ ကြိုဆိုပါတယ်။ 🙏
💭 ရှေ့ရက်တွေမှာ ကျွန်တော်တို့က Objective Website ဆိုတာဘာလဲဆိုတာကို ရှင်းပြပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ ထိရောက်တဲ့ Objective Website တွေဖြစ်အောင် ကျွန်တော်တို့ IWS ဘက်က ဘယ်လိုမျိုး ရေးဆွဲပေးနေလဲဆိုတာကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ 💭
✅ ပထမဦးဆုံး Website မရေးဆွဲခင်မှာ Website က ဘာအလုပ်လုပ်မှာလဲဆိုတာကို client နှင့်အတူ ခေါင်းချင်းဆိုင်ပြီးတော့စဉ်းစားရပါတယ်။ ဒီလိုမျိုးစဉ်းစားတဲ့နေရာမှာ clientရဲ့ လုပ်ငန်း သဘော သဘာဝ၊ client ရဲ့ ရောင်းနေတဲ့ ထုတ်ကုန်၊ ပေးနေတဲ့ဝန်ဆောင်မှု၊ Website ကိုလာစေချင်တဲ့ audience အမျိုးအစားဆိုတာတွေကို ထည့်သွင်းစဉ်းစားရပါတယ်။ Objective တွေချမှတ်တဲ့နေရာမှာ Website တွင်သုံးမည့် page တွေ၊ page တစ်ခုချင်းစီမှာထည့်မည့် data တွေ၊ data တစ်ခုချင်းစီမှာသုံးမည့် ပုံတွေ၊ ထည့်ချင်တဲ့ content တွေ အားလုံးကို Website အတွက် ဆီလျော်အောင် အသေးစိတ်ပြင်ဆင်ပြီး ချမှတ်ရပါတယ်။ Website Design ကို Objective ပေါ်မူတည်ပြီးတော့လဲ စဉ်းစားရေးဆွဲပေးပါတယ်။
✅Objective ထိတဲ့ Website တစ်ခုဖြစ်အောင် Website စအပ်သည့် အချိန်မှစပြီး အဆင့်ပေါင်း (၁၁) ဆင့်ဖြင့် လုပ်ဆောင်ပေးနေပါသည်။
အဆင့် ၁ - Project Management Flow, Timeline, Schedule များရှင်းပြခြင်း။
အဆင့် ၂ - Technical set up လုပ်ခြင်း။
အဆင့် ၃ - Content Discussion ပြုလုပ်ခြင်း။
အဆင့် ၄ - Wireframing Process
အဆင့် ၅ - Designing the Web page
အဆင့် ၆ - Design Revision
အဆင့် ၇ - Data Discussion & Receiving
အဆင့် ၈ - Data ထည့်သွင်းခြင်း။
အဆင့် ၉ - Data Revision
အဆင့် ၁၀ - Preparing to Launch
အဆင့် ၁၁ - Website training & Launching
✅ Website လွှင့်တင်ပြီး အချိန်တစ်ခု ( ၆လ /၁ နှစ်) အတွင်း Website ကနေ တိကျတဲ့ ရလဒ်ထွက်အောင် စီစဉ်ရေးဆွဲပြီးနောက် Objective တကယ်ထိရောက်လား? Objective နှင့် တကယ်ကိုက်ညီလား? လုပ်ငန်းအတွက် တကယ် အကျိုးရှိရဲ့လား ဆိုတာကို အဆင့်မြင့် Analytics Tools တွေ သုံးစွဲပြီး Business ကို report လုပ်ပေးပါတယ်။
✅ အကယ်၍ Objective မထိဘူးဆိုလျှင် ဘယ်နေရာလေးတွေကတော့ ပြောင်းဖို့လိုတယ်၊ ဘယ် page လေးတွေကတော့ ပြောင်းဖို့လိုတယ်၊ ဘယ်လိုမျိုး တိုးတက်အောင်လုပ်ဖို့လိုတယ်ဆိုတာကို လုပ်ငန်းဘက်ကို သွားပြီးတော့ အကြံဉာဏ်ပေးလုပ်ဆောင်ပေးပါတယ်။
👉 ကျွန်တော်တို့ဆီမှာ Objective based Website များကို ရေးဆွဲပေးနေပါတယ်။ လုပ်ငန်းအတွက် တကယ်အကျိုးရှိမရှိကိုလည်း ကျွန်တော်တို့က ပြန်ပြီးတော့ Analytics တွေနဲ့ report ပြန်တင်ပေးနေပါတယ်။
🤝 Website အတွက် မိမိသုံးလိုက်ရတဲ့ ပိုက်ဆံ နဲ့တစ်ခုခုပြန်ရချင်တယ်၊ အကျိုးရှိတဲ့Website တစ်ခုကိုလိုချင်တယ်ဆိုလျှင်တော့ အခမဲ့ ကျွန်တော်တို့ IWS မှာ consultation session ပြုလုပ်နိုင်ပါတယ်။ 🤝
🔰ကျွန်တော်တို့ IWS ရဲ့ ဆောင်ပုဒ်ကတော့ “ Client လိုအပ်ချက်ကို အရင်နားထောင် ပြီးမှ ဆွေးနွေးပါ ” ဖြစ်ပါတယ်
📌လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်
https://inspirewebservicesmm.com/clients/
📌ဆက်သွယ်ရန်
https://inspirewebservicesmm.com/contact-us/
☎️ 09 783 896 829
📍 Room 705, Building 19, 6th Floor, MICT PARK, Hlaing Tsp, Yangon
✨ အသွင်သစ်နဲ့ IWS Website အသစ် ✨
အသွင်သစ်နဲ့ 100% ပြင်ဆင်ထားတဲ့ IWS Website လွှင့်တင်လိုက်ပါပြီ ဖြစ်ပါတယ်.
Website မှာ _
၁). IWS မှ ပေးသောဝန်ဆောင်မှုများအကြောင်းအသေးစိတ်
၂). IWS မှ လုပ်ဆောင်ပေးခဲ့သော Client များ
၃). Client / Project တစ်ခုချင်းစီရဲ့ အသေးစိတ်, IWS မှ ပေးခဲ့သော ဝန်ဆောင်မှုအသေးစိတ်, အသုံးပြုခဲ့သော နည်းပညာများ
၄). Blog များ
၅). Corporate Social Responsibility လှုပ်ရှားမှုများ
၆). Tutorial
၇). ဆက်သွယ်ရန်
တို့ပါရှိပါတယ်.
✨ အသွင်သစ်နဲ့ IWS အသစ် ✨
📌လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်
https://inspirewebservicesmm.com/clients/
📌ဆက်သွယ်ရန်
https://inspirewebservicesmm.com/contact-us/
☎️ 09 783 896 829
📍 Room 705, Building 19, 6th Floor, MICT PARK, Hlaing Tsp, Yangon
👉 Data တွေပြထားရုံမဟုတ်ပဲနဲ့ တကယ်အလုပ်လုပ်တဲ့ Objective Website ဆိုတာ ဘာလဲ❓❓
🙏 မင်္ဂလာပါ Inspire Web Services ကနေ ကြိုဆိုပါတယ်။ 🙏
ကျွန်တော်တို့ဆီကို လာတဲ့ client အများစုက Website ကို Data တွေ ပြထားရုံပဲဆိုပြီး Web service လာအပ်ကြတာများပါတယ်။
အဲ့ဒီအချိန်ကျရင် Data တွေပြထားရုံမဟုတ်ပဲ ပိုကောင်းတဲ့ Objective Website တစ်ခုဖြစ်အောင် ကျွန်တော်တို့ IWS ဘက်က အကြံဉာဏ်ပေးရေးဆွဲလေ့ရှိပါတယ်။
🤔 Objective Website ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို လေ့လာကြည့်ရအောင် 🤔
✅ Website မရေးဆွဲခင်မှာ Website လွှင့်တင်ပြီး အချိန်တစ်ခု ( ၆လ /၁ နှစ်) အတွင်း Website ကနေ တိကျတဲ့ ရလဒ်ထွက်အောင် စီစဉ်ရေးဆွဲပြီး ထွက်လာတဲ့ ရလဒ်ကိုလည်း အသေးစိတ် စမ်းစစ်ပြီး ထပ်မံ အဆင့်မြှင့်တင်ပေးရတဲ့ နည်းစနစ်ကို Objective Website လို့ခေါ်ပါတယ်။
✅ ဒီအတွက် Website မှာ အဆင့်မြင့် Analytics Tools တွေ သုံးစွဲပြီး ရရှိလာတဲ့ အချက်အလက်များအပေါ် အခြေခံကာ အဆင့်မြှင့်တင် ဆောင်ရွက်ပေးပါတယ်။
✅ Objective တွေက မျိုးစုံရှိပါတယ်။ မိမိရဲ့ လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး Objective တွေရွေးလို့ရပါတယ်။ မိမိလုပ်ငန်းက Business to Business (B2B)ဝန်ဆောင်မူပေးနေတဲ့ လုပ်ငန်းဆိုလျှင် Website မှာ မိမိရဲ့Business ကပေးတဲ့ B2B service တွေကို စုံစုံလင်လင်ပြထားပေးမယ်။ဒါဆိုရင် ကျွန်တော်တို့က information ကို စုံစုံလင်လင်ပြထားမယ်ဆိုတဲ့ Information Objective ကို ထည့်သွင်းလို့ရပါတယ်။
✅ နောက်တစ်ခုက ဒီ Website ကို လာကြည့်တဲ့သူတွေက မိမိရဲ့ service တွေကို ပြည့်ပြည့်စုံစုံနှင့်သိသွားမယ်၊ ဒီ service တွေကို တကယ် ယုံကြည်သွားတဲ့ အနေအထားတစ်ခုထိ ရောက်သွားပြီးတော့ တစ်ခါတည်း inquiry လုပ်မယ်၊ တစ်ခါတည်း Website ကတစ်ဆင့် လုပ်ငန်းကိုဆက်သွယ်မယ်၊ ဒီ service အကြောင်း အသေးစိတ်ထပ်ပြီးမေးမြန်းမယ်ဆိုတဲ့ inquiry လိုချင်တဲ့ Inquiry on Services Objective ကို ကျွန်တော်တို့ဖန်တီးနိုင်ပါတယ်။
👉တကယ် အလုပ်လုပ်တဲ့ Objective Website တွေကို ကျွန်တော်တို့ IWS ဘက်က ဘယ်လိုမျိုး ရေးဆွဲပေးလဲဆိုတာကို နောက်ရက်တွေမှာ ဆက်လက် ပြောပြပေးသွားမှာဖြစ်ပါတယ်။
🤝 ဒီလို Objective Website မျိုးကို ရေးဆွဲချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ IWS နှင့် အခမဲ့ consultation session ယူလို့ရပါတယ်။ 🤝
🔰ကျွန်တော်တို့ IWS ရဲ့ ဆောင်ပုဒ်ကတော့ “ Client လိုအပ်ချက်ကို အရင်နားထောင် ပြီးမှ ဆွေးနွေးပါ ” ဖြစ်ပါတယ်
📌လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်
https://inspirewebservicesmm.com/clients/
📌ဆက်သွယ်ရန်
https://inspirewebservicesmm.com/contact-us/
☎️ 09 783 896 829
📍 Room 705, Building 19, 6th Floor, MICT PARK, Hlaing Tsp, Yangon
G suite / Zoho / Web Mail အစရှိတဲ့ Business Email တွေကို ဝယ်ယူပြီး ဘယ်နှစ်ရက်အတွင်း စတင်သုံးစွဲလို့ရနိုင်မလဲ ❓
🙏 မင်္ဂလာပါ Inspire Web Services ကနေ ကြိုဆိုပါတယ်။ 🙏
🗣️ ရှေ့ရက်တွေမှာ မတူညီတဲ့ Email Service Provider တွေအကြောင်းကို ရှင်းပြခဲ့ပါတယ်။ Business Email သုံးတဲ့နေရာမှာ Microsoft / Google / Zoho ကနေဝယ်လို့ ရတယ်။ဒါမှမဟုတ် မိမိဘာသာသီးသန့် Web Mail တွေတည်ဆောက်ပြီးတော့ အသုံးပြုလို့ရတယ်ဆိုတာကို ရှေ့ရက်တွေမှာ ဆွေးနွေးခဲ့ပါတယ်။
👆 ဒီနေ့ကတော့ မတူညီတဲ့ provider တွေဆီကနေ Email တွေကို ကျွန်တော်တို့ IWS ကနေတစ်ဆင့် ဝယ်ယူမယ်ဆိုရင် ဘယ်လိုအဆင့်လေးတွေရှိလဲ၊ ဘယ်နှစ်ရက်ကြာမလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ 👆
😉 Inspire Web Services မှာ G suite, Zoho, Web Mail ဆိုတဲ့ Mail service 3️⃣ခုကို ဝန်ဆောင်မှုပေးပါတယ်။
G suite ကတော့ Google company ကနေ သင့်လုပ်ငန်းကိုယ်စား ကျွန်တော်တို့ဘက်က ဝယ်ယူပေးပါတယ်။Zoho ကတော့ သင့်လုပ်ငန်းကိုယ်စား Zoho Company ကနေပြီးတော့ ကျွန်တော်တို့ဘက်က ဝယ်ယူပေးပါတယ် ။ Web Mail တွေကတော့ ကျွန်တော်တို့ Company ကိုယ်တိုင် Web Mail တွေဖန်တီးပြီးတော့ သင့်အတွက် အသုံးပြုလို့ရအောင်စီစဉ်ပေးပါတယ်။
🤔 ဒီ (3)ခု အတွက် ဘယ်လိုအဆင့်လေးတွေရှိလဲ၊ ဘယ်နှစ်ရက်ကြာမလဲဆိုတာ လေ့လာကြည့်ရအောင်။ 🤔
✅ပထမဦးဆုံးအနေနဲ့ Google ကနေ ဝယ်သုံးရတဲ့ G suite ဖြစ်ပါတယ်။ ပထမဦးဆုံး သင့်လုပ်ငန်းနာမည်နဲ့ ဆက်စပ်တဲ့ Domain တစ်ခုကိုဝယ်ရပါတယ်။ ဝယ်ပြီးပြီဆိုတာနဲ့ Google ကိုသွားပြီးတော့ ကိုယ်ဘယ်နှစ်ကောင့်သုံးမလဲဆိုတာရဲ့ အကောင့်အရေအတွက်အတိအကျအလိုက် G suite plan ဝယ်ရပါတယ်။ (3) ကောင့် သုံးမယ်ဆိုလျှင် (3) ကောင့် plan ဝယ်ရပါတယ်။ (5) ကောင့်သုံးမယ်ဆိုလျှင် (5) ကောင့် plan ဝယ်ရပါတယ်။ Domain ရှိပြီး G suite plan ရှိပြီဆိုလျှင် ရှိပြီးသား Domain ကို G suite plan နဲ့ ချိတ်ဆက်ရပါတယ်။ ချိတ်ဆက်ပြီးပြီဆိုတာနှင့် Google G suite mail တွေက စပြီးတော့ အသက်ဝင်ပြီဖြစ်ပါတယ်။ သင့်အတွက် ကျွန်တော်တို့ IWS ကနေ Google admin account ကိုပေးမှာဖြစ်ပါတယ်။ Google admin account ကနေပြီးတော့ ကိုယ့်မှာရှိသမျှ G suite သုံးထားတဲ့ Email တွေကို ကိုယ့်ဘက်ကနေပြီးတော့ စိတ်တိုင်းကျ manage လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ G suite အသုံးပြုမယ်ဆိုလျှင်တော့ ကျွန်တော်တို့ကို Service အပ်တဲ့ နေ့ကနေ စပြီးတော့ အသင့်အသုံးပြုလို့ရတဲ့အချိန်အထိ (3) ရက် ကြာမြင့်မှာဖြစ်ပါတယ်။
✅ နောက်တစ်ခုကတော့ Zoho ပါ။ Zoho ကိုလည်း ပထမဦးဆုံး Domain ဝယ်ရပါတယ်။ Domain ဝယ်ပြီးသွားတာနဲ့ Zoho ကိုသွားပြီးတော့ သင်သုံးချင်တဲ့ Email အရေအတွက်အလိုက် ကျွန်တော်တို့ဘက်က plan ဝယ်ပေးပါတယ်။ Domain ရပြီ Plan ရပြီဆိုလျှင် ရှိပြီးသား Domain ကို Zoho Email Plan နဲ့ချိတ်ဆက်ပေးရပါတယ်။ချိတ်ဆက်ပြီးပြီဆိုတာနဲ့ Zoho Email တွေက စတင်အသက်ဝင်ပြီးတော့ အသုံးပြုလို့ရမှာဖြစ်ပါတယ်။ Zoho ကလည်း G suite ကလိုပဲ Zoho admin account ရမှာဖြစ်ပါတယ်။ admin account ကနေပြီးတော့ သင့်လုပ်ငန်းအတွက် ရှိသမျှ Email တွေအကုန်လုံးကိုတစ်နေရာတည်းကနေ စိတ်တိုင်းကျ manage လုပ်ပေးနိုင်မှာဖြစ်ပါတယ်။Zoho Email ကိုအသုံးပြုမယ်ဆိုလျှင်တော့ ကျွန်တော်တို့ကို Service အပ်တဲ့ အချိန်ကနေ စပြီးတော့ အသင့်အသုံးပြုလို့ရတဲ့အချိန်အထိ (3) ရက် ကြာမြင့်မှာဖြစ်ပါတယ်။
✅ နောက်တစ်ခုကတော့ ကျွန်တော်တို့ ကိုယ်တိုင် ဖန်တီးတဲ့ Web Mail တွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင် ဖန်တီးတဲ့ Web Mail တွေကတော့ အချိန်တစ်ရက်သာကြာမြင့်မှာဖြစ်ပါတယ်။ ကျွန်တော်တို့က Domain တစ်ခုဝယ်မယ်။ Domain ဝယ်ပြီးပြီဆိုတာနှင့် ကျွန်တော်တို့ဘက်မှာ ရှိတဲ့ Email Server နဲ့ချိတ်ပြီးတော့ Web Mail တွေကို ဖန်တီးပေးလိုက်မှာဖြစ်ပါတယ်။ သင့်အနေနဲ့ ဒီ Web Mail တွေအကုန်လုံးကို manage လုပ်လို့ရတဲ့ Email C panel အကောင့် တစ်ခု ရရှိမှာဖြစ်ပါတယ်။ C panel ကနေပြီးတော့ ရှိသမျှ Email တွေအကုန်လုံးကို စိတ်တိုင်းကျ စီမံခန့်ခွဲလို့ရပါတယ်။
🔰ကျွန်တော်တို့ IWS ရဲ့ ဆောင်ပုဒ်ကတော့ “ Client လိုအပ်ချက်ကို အရင်နားထောင် ပြီးမှ ဆွေးနွေးပါ ” ဖြစ်ပါတယ်
📌လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်
https://inspirewebservicesmm.com/clients/
📌ဆက်သွယ်ရန်
https://inspirewebservicesmm.com/contact-us/
☎️ 09 783 896 829
📍 Room 705, Building 19, 6th Floor, MICT PARK, Hlaing Tsp, Yangon
Click here to claim your Sponsored Listing.
ဘာကြောင့် ကျွန်တော်တို့ Inspire Web Services Co.,ltd ဟာ Web Services ဝန်ဆောင်မှုပေးနေရပါသလဲ
ကျွန်တော်တို့ရဲ့ ခံယူချက် ကြောင့်ပါ
"စီးပွားရေးလုပ်ငန်းတွေရဲ့ Internet Marketing လုပ်ဆောင်ချက်များတွင် ကျွန်တော်တို့ ဖန်တီးပေးလိုက်သော Website ဖြင့် Client လုပ်ငန်းများအား သိသာထိရောက်စွာ အကျိုးရရှိစေရေး ပဲ ဖြစ်ပါတယ်"
Website ရေးပေးရုံ ရေးပေးတဲ့ စီးပွားရေးလုပ်ငန်းတွေနှင့်ယှဉ်လျှင် ကျွန်တော်တို့ရဲ့ ခံယူချက်ကသာလျှင် ကျွန်တော်တို့ရဲ့ တန်ဖိုးကို သတ်မှတ်ပေးမှာပါ
Videos (show all)
Category
Contact the business
Telephone
Address
Room 703, 6th Floor , Building 19, MICT PARK, Hlaing Tsp
Yangon
11051