Independent Federation of Myanmar Seafarers

A new independent trade union for Myanmar seafarers.

24/12/2023

♪ Jingle bells, Jingle bells, Jingle all the way!

☃️❄️🎁🎅

ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ ခရစ်စမတ်အချိန်အခါသမယများ

ကိုယ်စီ ပိုင်ဆိုင်ကြပါစေကြောင်း IFOMS အဖွဲ့ချုပ် မှ ဆုမွန်

ကောင်း တောင်းအပ်ပါသည် ။

Merry Christmas to you all ! 🌲⛴️ 💵 🎊🌲

.
.
.

ITF Warlike and high risk areas 23/12/2023

Warlike and High-Risk areas are parts of the world where it is considered that there is a high level of exposure to safety and life risks due to a war, military tension, hostilities, pirate activity and other circumstances causing immediate danger to visiting vessels and their crews.

In the context of the unveiling military conflict in Ukraine, please be advised that the IBF and ITF Lists of Warlike and High Risk Areas have been amended to include 3 new designations.

The ITF will continue to closely monitor the situation and will update this page as appropriate.

ITF Warlike and high risk areas In the context of the unveiling military conflict in Ukraine, please be advised that the IBF and ITF Lists of Warlike and High Risk Areas have been amended to include 3 new designations. The ITF will continue to closely monitor the situation and will update this page as appropriate. - - - Warlike an...

18/12/2023

MT.G BRIGHT (IMO-9294276) သင်္ဘောပေါ်၌ တာဝန်ထမ်းဆောင်နေကြသည့် မြန်မာသင်္ဘောသား (၃) ဦးမှာ စာချုပ်သက်တမ်းပြည့်မြောက်ပြီဖြစ်၍ အိမ်ပြန်ရန် စီစဥ်ဆောင်ရွက်ပေးပါရန် သက်ဆိုင်ရာ Company များထံ ၁ လ ခန့် ကြိုတင်ကာ အသိပေး အကြောင်းကြားခဲ့ပါသော်လည်း စီစဥ်ဆောင်ရွက်ပေးခြင်း မရှိပါသဖြင့် IFOMS အဖွဲ့ချုပ်ထံ ဆက်သွယ်အကူအညီတောင်းခံခဲ့ပါသည်။

ထို့နောက် IFOMS အဖွဲ့ချုပ်၏ ကူညီဆောင်ရွက်ပေးမှု​ဖြင့်
12.12.2023 ရက်နေ့တွင် Kenya နိုင်ငံ ၌ Sign Off ပြုလုပ်ခွင့်ရရှိခဲ့ကာ 13.12.2023 ရက်နေ့တွင် အဖွဲ့ဝင် သင်္ဘောသား (၃) ဦးစလုံး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဖော်ပြပါ အမှုအား IFOMS အဖွဲ့ချုပ်မှ ပိတ်သိမ်းလိုက်ပြီဖြစ်ပါကြောင်း။

Fighting Together For Your Rights, Stand With

.

18/08/2023

Mahar Polaris Company မှ စီစဥ်ဆောင်ရွက်ပေးမှုဖြင့် သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ရန် ထွက်ခွာလာခဲ့သည့် မြန်မာသင်္ဘောသားတစ်ဦးမှာ 02.07.2023 ရက်နေ့တွင် မိသားစုအရေးကိစ္စဖြင့် Panama နိုင်ငံတွင် Sign off ပြုလုပ်ခဲ့ရပါသည်။ သို့ရာတွင် အခြေအနေအရပ်ရပ် များကြောင့် သင်္ဘောသားမှာ မြန်မာနိုင်ငံသို့ ခရီးဆက်ခွင့် မရရှိခဲ့ဘဲ Panama နိုင်ငံ ၌သာ ဆက်လက်နေထိုင်နေခဲ့ရပါသည်။ ထို့ကြောင့် Mahar Polaris Company မှ Panama နိုင်ငံ ထိ သွားရောက်ခေါ်ဆောင်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း US Visa ရရှိနိုင်ရန် အခက်အခဲများ ကြုံတွေ့ခဲ့ရသည့်အတွက် သွားရောက်ခေါ်ဆောင်နိုင်ခြင်းမရှိခဲ့ချေ။ သို့ဖြစ်၍ Mahar Polaris Company မှ သက်ဆိုင်ရာ သင်္ဘောပိုင်ရှင်အား ကူညီဖြေရှင်းပေးပါရန် ဆက်သွယ်အကြောင်းကြားခဲ့သော်လည်း သင်္ဘောပိုင်ရှင်မှ မည်သို့သော ကူညီဆောင်ရွက်ပေးမှုကိုမှ လုပ်ဆောင် ကူညီပေးခဲ့ခြင်းမရှိပါ။
ထို့ကြောင့် Mahar Polaris Company မှ IFOMS အဖွဲ့ချုပ်ထံ ဆက်သွယ်ကာ ဖြေရှင်းဆောင်ရွက်ပေးပါရန် အကူအညီ တောင်းခံလာခဲ့ပါ၏။
၎င်းနောက် IFOMS အဖွဲ့ချုပ်မှ ကိုရွှေထွန်းအောင် နှင့် ကိုအောင်ကျော်လင်း တို့ မှ သင်္ဘော Owner နှင့်ဆက်သွယ်ကာ ညှိုနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး လိုအပ်သည်များအားလည်း စီစဥ်ညွှန်ကြားပေးခဲ့ပါသည်။
ထိုသို့ ကူညီဆောင်ရွက်ပေးမှုများပြုလုပ်ခဲ့ပြီးနောက် August လ 10 ရက်နေ့သို့ အရောက်တွင် အဆိုပါ မြန်မာ သင်္ဘောသားမှာ မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါ၍ အထက်ဖော်ပြပါ အမှုတွဲအား IFOMS အဖွဲ့ချုပ်မှ ပိတ်သိမ်းလိုက်ပြီဖြစ်ပါကြောင်း။

Fighting Together For Your Rights, Stand With
.

28/07/2023

MV.CS Felicity သင်္ဘောပေါ်တွင် 4/E ရာထူးဖြင့် တာဝန်ထမ်းဆောင်လျှက်ရှိသော မြန်မာသင်္ဘောသား ဦးမျိုးသီဟ မှာ တာဝန်ထမ်းဆောင်နေစဥ်(22.10.2021) မြန်မာစံတော်ချိန် နံနက် (10:30 AM) တွင် မတော်တဆမှုဖြစ်ပွားကာ ကွယ်လွန်သွားကြောင်း သက်ဆိုင်ရာ သင်္ဘောကုမ္ပဏီ မှ အသိပေးအကြောင်းကြားလာခဲ့ပါသည်။ ထို့နောက် နိုဝင်ဘာလ ၌ ဆရာဝန် ဆေးစစ်ချက်များအရ ဦးခေါင်းအားပြင်းထန်သော အရာဖြင့် ထိခိုက်မိခဲ့ဖွယ်ရှိကြောင်း ထပ်မံသိရှိခဲ့ရပါသည်။
ထို့ကြောင့် ဖြစ်စဥ်မှန် ပေါ်ပေါက်စေရေးနှင့် နစ်နာကြေးငွေများ အပြည့်အဝ ရရှိစေနိုင်ရန် IFOMS အဖွဲ့ချုပ်ထံ ဆက်သွယ်အကူအညီတောင်းခံလာခဲ့ပါသည်။
ထို့နောက် အဖွဲ့ချုပ်၏ ညွှန်ကြားကူညီဆောင်ရွက်ပေးမှုများဖြင့် သင်္ဘောကုမ္ပဏီ မှ နစ်နာကြေးငွေ US $ 150,000 တိတိအား (7.7.2023) ရက်နေ့တွင် ကွယ်လွန်သူ ဦးမျိုးသီဟ ၏ ဇနီးဖြစ်သူ ဒေါ်သီသီစိန် ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီ ဖြစ်ပါ၍ IFOMS အဖွဲ့ချုပ်မှ ဖော်ပြပါ အမှုတွဲအား ပိတ်သိမ်းလိုက်ပြီဖြစ်ပါကြောင်း။

Fighting Together For Your Rights, Stand With
.

18/07/2023

၁၉ ဇူလိုင် မမေ့နိုင်။

ယနေ့ ဇူလိုင် လ (19) ရက်နေ့တွင်ကျရောက်သည့် (၇၆)

နှစ်မြောက် "အာဇာနည်နေ့" ၌ ဗိုလ်ချုပ်အောင်ဆန်း နှင့်

တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီး

များအား ညှိုးငယ်ဝမ်းနဲ စွာ ဖြင့် ဦးညွှတ်ဂါရဝပြုအပ်ပါသည်။

#အာဇာနည်နေ့ဒို့မမေ့။

.
.

28/06/2023

ယနေ့ (29.6.2023) ရက်နေ့တွင် ကျ​ရောက်​သည့် (ကုရ်ဘာနီအီးဒ်) အစ်နေ့ နေ့ရက်ထူး၌ အစ္စလမ်ဘာသာဝင် ညီအစ်ကို မောင်နှမများ ၊ မိသားစုဝင်များ နှင့် ကမ္ဘာသူ ကမ္ဘာသား အပေါင်း ကျန်းမာချမ်းသာခြင်း ၊ အောင်မြင် ပျော်ရွှင်ခြင်းများ နှင့် အေးချမ်း သာယာမှု အစုစုတို့ ရရှိ ရောက်ရှိ လာနိုင်မည့် အီးဒ်နေ့ရက်ပွဲတော်ချိန်ခါသမယ ဖြစ်ပါစေကြောင်း IFOMS အဖွဲ့ချုပ်မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

.

.

28/06/2023

"ITF Seafarers' Trust မှ ကျင်းပပြုလုပ်သည့် "The Best

Photograph Of Life At Sea 2023" ဓာတ်ပုံပြိုင်ပွဲ ၌ ဝင်ရောက်

ပါဝင်ဆင်နွှဲရင်း £1000 ရယူလိုက်ကြရအောင်"

📷💸💴💵📸

🤩🥳😎
--------------------------------------------------------------------------------------------
ITF Seafarers' Trust မှ စတုတ္ထအကြိမ်မြောက် ကျင်းပပြုလုပ်မယ့် "The Best Photograph Of Life At Sea 2023" မှာ ညီကိုများ လုပ်ငန်းခွင်မှာ နေ့စဥ် ကြုံတွေ့နေရတဲ့ လှုပ်ရှား ရုန်းကန်မှုမှု ပုံရိပ်တွေကို ဖြစ်စေ ၊ ပင်လယ်ပြင်ကြီးရဲ့ သဘာဝ အလှတရား သို့မဟုတ် မာယာများနေပုံ ၊ခက်ထန်ကြောက်ရွံ့ဖွယ်ရာ လှိုင်းလုံးကြီးတွေရဲ့ ကျောက်ဆောင်များအပေါ် နာကြည်းစွာ ရိုက်ပုတ် ကြိမ်းမောင်းနေပုံမျိုးတွေနဲ့ ၊ ဒါမှမဟုတ် ရေခဲပင်လယ်ပြင်ကြီး ရဲ့ အေးစက် မာကျောမှုတွေ ကို ဝါးမြိုထားတဲ့ နေဝင်ဆည်းဆာမှာ ရေနေသတ္တဝါ တွေရဲ့ မြူးတူး ပျော်ပါး တွန်ကျူးနေကြပုံ ....စတဲ့ စတဲ့ လှိုင်းကြက်ခွပ်တွေပေါ်က ရှင်သန်လှုပ်ရှားနေကြပုံ ပုံရိပ်တွေကို ဖမ်းယူရင်းးးးနဲ့ ....

ပထမဆု - £ 1000
ဒုတိယဆု - £ 750
တတိယဆု - £ 500 ဆုကြေးငွေတွေ ကို ရယူလိုတယ်ဆိုရင်တော့..

😎🤔😁🤩🥳

👇👇👇👇👇

https://www.seafarerstrust.org/competition

👆👆👆👆👆

ဒီ Link ကနေ တဆင့် ဓာတ်ပုံ အလန်းစား အကြမ်းစားကြီးတွေ

ကို ပေးပို့ပြီး ပါဝင်ဆင်နွှဲနိုင်ပြီဖြစ်ပြီးတော့ နဲ့ ပြိုင်ပွဲဝင် တစ်ဦး

ကို အများဆုံး ဓာတ်ပုံ ၃ ပုံ ထိ ပေးပို့ခွင့်ပြုထားတယ်ဆိုတော့ကာ ပထမဆု ဒုတိယဆု တတိယဆု သုံးဆုစလုံးက ကိုယ့်လူတွေပြီးရင်း ကိုယ့်လူတွေအတွက်သာ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းပေါ့ဗျာ.....။

😁😁🥰

.
.
.

24/06/2023

ပင်လယ်ရေမျက်နှာပြင်ထက် ဝယ် ရှင်သန်လှုပ်ရှားရင်း ကမ္ဘာ့ ကုန်စည်စီးဆင်းမှုယန္တယား၌ မရှိမဖြစ် လောင်စာဖြစ်သော ပင်လယ်လုပ်သား သင်္ဘောသားများအား ဂုဏ်ပြုသောအားဖြင့် နှစ်စဥ်ကျင်းပပြုလုပ်ခဲ့သည့် "အပြည်ပြည်ဆိုင်ရာ သင်္ဘောသားများနေ့" "Day Of the Seafarers" မှာ ယနေ့ June လ 25 ရက် နေ့၌ ထပ်မံ ရောက်ရှိလို့ လာခဲ့ပြီ ဖြစ်ပါသည်။

ကမ္ဘာ့ကုန်စည်စီးဆင်းမှု ၌ အရေးပါ အရာရောက်ဆုံး နှင့် ကုန်ကျစားရိတ်အနဲဆုံး မှာ ရေကြောင်း သယ်ယူပို့ဆောင်ရေးဖြစ်ပြီး ထိုရေကြောင်းပို့ဆောင်ရေး ၌ မရှိမဖြစ်လိုအပ်သည့် ကုန်ကြမ်း မှာလည်း ပင်လယ်ပျော်များ ဖြစ်သည် ကို COVID 19 Crisis က ကမ္ဘာသူ ကမ္ဘာသားတို့အား မီးမောင်းထိုးပြခဲ့ပြီး ဖြစ်လေသည်။

သက်ရှိများ ရှင်သန်ပေါက်ဖွားရာ ကမ္ဘာမြေမျက်နှာပြင် ၏ 70% အား ပင်လယ်ရေများဖြင့် ဖုံးလွှမ်းထားလျှက်ရှိပြီး ၎င်း ပင်လယ် ရေပြင်ကြီးမှာ ကမ္ဘာဦးကတည်းမှ အစပြုကာ ယနေ့မျက်မှောက်ကာလအထိ ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက် အား ထမ်းပိုးဖြတ်ကျော်ခဲ့သည်မှာ နှစ်ပေါင်းမနဲတော့လေပြီ။ ထိုနည်းတူစွာ ထို ထို ကာလများအတွင်း သင်္ဘောပေါ်မှ စွန့်ပစ် ပစ္စည်းများ ၊ ဆီယိုဖိတ် မှု များ ၊ လူလုပ်ကျွန်းများ ၊ အဏုမြူဗုံးစမ်းသပ်ဖောက်ခွဲမှုများ အပါအဝင် ကမ္ဘာကြီး ပူနွေးလာမှု အစရှိသည့် စိန်ခေါ်မှုများကြောင့် ပင်လယ်နေ ရေသတ္တဝါ များ နှင့် ပင်လယ်ပြင်ဆိုင်ရာ ဂေဟ စံနစ်များမှာ တဖြေးဖြေး ယိုယွင်းလာလျှက်ရှိပြီး အဏ္ဏဝါပြင်ကြီးမှာ တဖြေးဖြေး အိုမင်းလာလျှက် ရှိသည်ကိုလည်း သတိပြုမိကြပေလိမ့်မည်။
ထို့နောက် ယင်းပြဿနာရပ် မှာ ကမ္ဘာသူ ကမ္ဘာသား တို့ လျစ်လျူရှုထား၍ မရနိုင်တော့လောက်အောင် တဖြေးဖြေးကြီးထွားလာလျှက်ရှိလေပြီဖြစ်၏။

သို့ဆိုပါလျှင် ဤ ရေပြင်ကြီး ပျောက်ကွယ်ဆုံးရှုံး သွားမည့် အရေးမှ ကာကွယ်ရန် မှာ ကမ္ဘာသူ ကမ္ဘာသားများ နှင့် အထူးသဖြင့် ဤ အဏ္ဏဝါအား အမှီပြု ရှင်သန်နေကြသည့် ကျနော် တို့ ပင်လယ်ပျော်များ၏ တာဝန်သာ ဖြစ်ပါလိမ့်မည်။ အခါခပ်သိမ်းတို့၌ ပြုလုပ်သူတို့၌သာ တာဝန်ရှိသည် မဟုတ်ပါလော။

ထို့ကြောင့်ပင် ရေကြောင်းလောက၏ အဓိပတိ ဖြစ်သော IMO မှပင် ယခင်နှစ်များနည်းတူ ဟောပြောပွဲများ ၊ Campaign များ ၊ ပျော်ပွဲရွှင်ပွဲများ ၊ အားလပ်ရက်များ သတ်မှတ်ပေးခြင်း အစရှိသည့် နည်းလမ်းများဖြင့် ကမ္ဘာတစ်ဝှမ်း၌ ဂုဏ်ပြုကြိုဆိုလျှက် ရှိကြသကဲ့သို့ ယခုနှစ်၏ အဓိက မဏ္ဍိုင်အဖြစ် "SEAFARERS CONTRIBUTION TO PROTECTING THE MARINE ENVIRONMENT" ဟု တိုက်တွန်းနှိုးဆော်ထားသည် ကိုလည်း တွေ့ရှိရပေလိမ့်မည်။

ထိုနည်းတူစွာ IFOMS မှလည်း မိမိတို့ ပင်လယ်ပျော် ညီအစ်ကို များအား အကြံပြု တိုက်တွန်း ပြောကြားလိုသည်မှာ ကျနော်တို့ ပင်လယ်ပျော်တွေဟာ ပင်လယ် မှာ အမှန်တကယ်ပျော်လို့ လုပ်နေကြသူတွေ ပါကောင်း ပါနိုင်ပေမယ့် ရာခိုင်နှုန်းအားဖြင့်တော့ အင်မတန် နဲပါလိမ့်မည်။ သိုသော် ပျော်ရာ မနေ တော်ရာနေရသည့် အလျှောက် မပျော်ပိုက်ရာ ဤ ပင်လယ်ပြင်ကြီးထက်မှာပင် ဘဝသက်တမ်း တစ်ဝက် ခန့် ကုန်ဆုံးခဲ့ ကုန်ဆုံးလျှက်ပင် ရှိနေကြတာ ဖြစ်လို့ ဒီရေပြင်ကြီး နှစ်ပေါင်းများစွာ ဆက်လက်တည်တံ့နေစေနိုင်ရေး နဲ့ မတိမ်ကော မပပျောက်သွားအောင် ထိန်းသိမ်းစောင့်ရှောက်သွားရေးဟာ သမိုင်းကမပေးပေမယ့် တာဝန်တစ်ရပ်လို ဖြစ်လာနေပါပြီ။

ဒါကြောင့် မိမိတို့ လုပ်ငန်းခွင်မှာ မိမိတို့ အမှတ်တမဲ့သော်လည်းကောင်း၊ တမင်သက်သက် သိလျက်နဲ့သော်လည်းကောင်း လုပ်လိုက်မိတဲ့ ကိစ္စရပ်လေးတစ်ခုဟာ သင်ကိုယ်တိုင် အပါအဝင် သင့် နိုင်ငံ သင့် လူမျိုး မှ အစပြုပြီးနောင်လာမယ့်မျိုးဆက်တွေထိ သက်ရောက်မှု ရှိသွားစေနိုင်တယ်ဆိုတဲ့ အသိ လေးနဲ့ ပြုလုပ်သွားကြစေလိုပါတယ်။ ဒါ့အပြင် ရေပြင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးအတွက် IMO က ထုတ်ပြန်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေ ကိုလည်း အသေအချာ နားလည်လိုက်နာသွားကြပါ ။ လုပ်ရပ်တိုင်းမှာအမိသရေ ၊ အဖ သရေ ၊ နိုင်ငံ့သရေ နဲ့ မိမိတို့ ရှင်သန်ကြီးပြင်းရာ အဏ္ဏဝါ ရေပြင်ကြီးအား တတ်စွမ်းသမျှ ထိန်းသိမ်းစောင့်ရှောက်သွားကြပါလို့ ဆန္ဒပြု တိုက်တွန်းပြောကြားရင်း ဖြင့် ယနေ့ ကျရောက်သည့် "DAY OF THE SEAFARERS 2023" အား ဂုဏ်ပြုကြိုဆို လိုက်ရပါသည်။

.
.
.

08/06/2023

MT.Golden Dahlia (IMO-9858785) သင်္ဘောပေါ်တွင် 4/E ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် မြန်မာသင်္ဘောသား တစ်ဦးမှာ Maldives နိုင်ငံရှိ ဆိပ်ကမ်းတစ်ခု ၌ တာဝန်ထမ်းဆောင်နေစဥ် မတော်တဆ မှု ဖြစ်ပွားကာ ခါးဆစ်ရိုး နေရာ၌ စတီးချောင်းဖြင့် အစားထိုးကာ ဆေးဝါးကုသမှု ခံယူခဲ့ရပါသည်။

ဆရာဝန် မှ ရရှိခဲ့သည့် ဒဏ်ရာ​မှာ အလေးအပင် မ ရန် မဖြစ်နိုင်တော့ကြောင်း ပြောကြားလာသည့်အလျှောက် ရေကြောင်းအင်ဂျင်နီယာ တစ်ဦးအနေဖြင့် အသက်မွေးဝမ်းကြောင်းပြုရန် မဖြစ်နိုင်တော့သဖြင့် ဆုံးရှုံးနစ်နာခဲ့ရမှုများအား ပြန်လည်တောင်းဆိုနိုင်ရန် (05.10.2022) ရက်နေ့တွင် IFOMS အဖွဲ့ထံ ဆက်သွယ်အကူအညီတောင်းခံခဲ့ပါသည်။

ယင်းနောက် Maldives နိုင်ငံ တွင် ၂ လ အကြာ ဆေးဝါးကုသမှုများခံယူကာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။

ရန်ကုန် Medical Board အဖွဲ့၏ Disability သတ်မှတ်ပေးမှု % အရ သင်္ဘောပိုင်ရှင်ဘက်မှ နစ်နာကြေးငွေ US $ 24000 ပေးအပ်မည်ဖြစ်ကြောင်း ကမ်းလှမ်းလာခဲ့ရာ IFOMS အဖွဲ့ချုပ် မှ Professional Carrier တစ်ခုလုံး လက်လွှတ် ဆုံးရှုံးခဲ့ရသည့် သင်္ဘောသားတစ်ဦး အပေါ် မျှတမှုမရှိသဖြင့် လက်ခံနိုင်ဖွယ်မရှိပါကြောင်း နှင့် နစ်နာကြေးငွေအား သင်္ဘောပေါ်ရှိ CBA စာချုပ်ပါအတိုင်းသာ ပေးအပ်ပါရန် ပြန်လည် အကြောင်းပြန်ခဲ့ပါသည်။

ထို့နောက် (08.06.2023) ရက်နေ့တွင် သင်္ဘောပိုင်ရှင်မှ နစ်နာသူ သင်္ဘောသားထံ ဆေးဝါးကုသမှု ဆက်လက်ခံယူရန် နှင့် လျော်ကြေးငွေ US $ 46500 အား ဆက်သွယ်ပေးအပ်လာခဲ့ပြီ ဖြစ်ပါ၍ ဖော်ပြပါ အမှုတွဲအား IFOMS အဖွဲ့ချုပ်မှ ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါကြောင်း။

Fighting Together For Your Rights, Stand With .

01/06/2023

The ITF SEAFARERS' EXPO is coming to Manila, Philippines between 23-25 June 2023

TICKETS ARE FREE, BUT LIMITED

DON'T DELAY, REGISTER TODAY

01/05/2023

ယနေ့ မေလ ၁ ရက်နေ့၌ ကျရောက်သော ကမ္ဘာ့နေရာ

အရပ်ရပ်ရှိ လူ့အဖွဲ့အစည်း များအတွင်း ကျရာတာဝန်

ဝတ္တရားများအား ကျေပွန်စွာ ကြိုးစားထမ်းဆောင်လျှက်

ရှိကြသည့် လုပ်သားပြည်သူအားလုံးတို့အား ဂုဏ်ပြု

သတ်မှတ်ထားရှိခဲ့သော အပြည်ပြည်ဆိုင်ရာ

လုပ်သားများနေ့ (May Day) အား IFOMS အဖွဲ့ချုပ် မှ

လေးစားစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

.
.
#အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့.
.

26/04/2023

MT.Trust JR (IMO - 8869749) သင်္ဘောပေါ်တွင် AB ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် မြန်မာ သင်္ဘောသား တစ်ဦးမှာ ကိုရီးယား နိုင်ငံ Pohang သို့ ရောက်ရှိနေစဥ် 12/2/2023 ရက်နေ့၌ မတော်တဆမှုဖြစ်ပွားကာ ယာဘက်လက်မောင်းရိုး ကျိုးသွားခဲ့ပါသည်။

သို့ဖြစ်၍ Korea နိုင်ငံရှိ Bhand ဆေးရုံ၌ ကျောက်ပတ်တီးစည်းပေးခဲ့ပြီးနောက် 26/2/2023 ရက်နေ့တွင် Busan ဆိပ်ကမ်း၌ sign off ပြုလုပ်ကာ ဆေးဝါးကုသမှု ဆက်လက်ခံယူခဲ့ပါသည်။ ထို့နောက် ရရှိခဲ့သည့် ဒဏ်ရာမှာ ပြင်းထန်သဖြင့် ၈ လ မှ ၁၀ လ ခန့် အထိ အနားယူရန် လိုအပ်ကြောင်း ဆရာဝန် မှ ​ပြောကြားခဲ့ပြီး 16/3/2023 ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ရခဲ့ပါသည်။

၎င်းနောက် သင်္ဘောသား မှ ဆေးကုသမှုဆက်လက်ခံယူရန် နှင့် အနားယူစဥ်ကာလများအတွက် နစ်နာကြေးရရှိနိုင်ရန် Company ထံ တင်ပြတောင်းဆိုခဲ့ရာ Company မှ လက် အား ကောင်းမွန်အောင် ကုသပေးခဲ့ပြီး ဖြစ်ပါ၍ လျော်ကြေးငွေအား မပေးအပ်နိုင်ကြောင်း ပြန်လည်​ဖြေကြားလာသဖြင့် အဆိုပါ 16/3/2023 ရက်နေ့၌ပင် IFOMS အဖွဲ့ချုပ်ထံ ကိုယ်စားပြု ကူညီဆောင်ရွက်ပေးပါရန် ဆက်သွယ် တိုင်ကြားလာခဲ့ပါသည်။

သို့ဖြစ်၍ IFOMS အဖွဲ့ချုပ်မှ သင်္ဘောသားတစ်ဦး ရသင့်ရထိုက်သည့် အခွင့်အရေး ၊ ရပိုင်ခွင့် များ ပြန်လည်ရရှိစေနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ရာ 20/4/2023 ရက်နေ့၌ နစ်နာကြေးငွေ နှင့် ဆေးကုသစားရိတ် အားလုံးတို့အား ထိခိုက်သူ သင်္ဘောသားထံ Company မှ ပြန်လည် ပေးအပ်ခဲ့ပြီးဖြစ်ပါသဖြင့် IFOMS အဖွဲ့ချုပ်မှ အထက်ဖော်ပြပါ အမှုတွဲ အား ပိတ်သိမ်းလိုက်ပြီဖြစ်ပါသည်။

Fighting Together For Your Rights, Stand With

.

Photos from Independent Federation of Myanmar Seafarers's post 26/01/2023

MV.Maersk Karun (IMO - 9624299) သင်္ဘောပေါ်တွင် 2nd Officer ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသည့် မြန်မာသင်္ဘောသားတစ်ဦးမှာ နိုင်ဂျီးရီးယားနိုင်ငံ Onne ဆိပ်ကမ်းသို့ ရောက်ရှိနေစဥ်၌ ငှက်ဖျားရောဂါ အပြင်းအထန်ခံစားရကာ ကွယ်လွန်အနိစ္စရောက်ခဲ့ပါသည်။

ဖြစ်စဥ် အသေးစိတ်မှာ - ဖော်ပြပါ မြန်မာသင်္ဘောသားအရာရှိမှာ နိုင်ဂျီးရီးယားနိုင်ငံ Onne ဆိပ်ကမ်းသို့ ရောက်ရှိနေစဥ် 25.05.2021(ခန့်မှန်း) ရက်နေ့တွင် စတင် ဖျားနာခဲ့ပြီးနောက် 27.05.2021 ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီခန့်တွင် မိသားစုဝင်များထံ သင်္ဘောသားမှာ အပျင်းဖျားကာ သတိလစ်သွားသဖြင့် ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း သင်္ဘောပေါ်မှနေ၍ ဆက်သွယ်သတင်းပေးပို့လာခဲ့ပါသည်။

ယင်းနောက် 2021 ခုနှစ် June လ 2 ရက်နေ့ ညနေ ၃:၃၀ ခန့် အချိန် မိသားစုဝင်များမှ သင်္ဘောသားထံ ph ခေါ်ဆိုသည့်အချိန်တွင် Ko Myo Han Soe မှာ နိုင်ဂျီးရီးယား စံတော်ချိန် နံနက် ၀၂:၀၀ အချိန်၌ ဆုံးပါးသွားခဲ့ပြီး ဖြစ်ကြောင်း မိသားစုဝင်များထံ အသိပေးပြောကြားခဲ့ကြလေသည်။

ထို့နောက် 26.11.2021 ရက်နေ့၌ မြန်မာပြည်သို့ dead body ပြန်လည်ရောက်ရှိလာခဲ့ပြီး စျာပနကိစ္စများအား ဆက်လက်စီစဥ်ဆောင်ရွက်ခဲ့ပါသည်။ မိသားစုဝင်များမှာ သေဆုံးသွားစဥ် အချိန်မှ စ၍ dead body ပြန်လည်ရောက်ရှိလာစေရေးဆောင်ရွက်နေစဥ်ကာလတစ်လျှောက်လုံး Local Agent နှင့် Ship Management ဖြစ်သော Seoyang Shipping Company ထံ Final Wages, Compensation နှင့် Insurance ကိစ္စရပ်များအား ဖြေရှင်းဆောင်ရွက်ပေးပါရန် ဆက်သွယ်တောင်းဆိုခဲ့သော်လည်း မည်သို့သောအရေးတယူ ဆောင်ရွက်ပေးခြင်းမျိုးမှ မရှိခဲ့ပါ။ မိသားစုဝင်များမှာ dead body ပြန်လည်ရရှိစေနိုင်ရေး နှင့် စျာပန ကိစ္စရပ်များဖြစ်မြောက်စေနိုင်ရေးအတွက်သာ လုံးပမ်းနေခဲ့ရသဖြင့် အဆိုပါ ကာလများအတွင်း လစာ နှင့် လျော်ကြေးငွေ ကိစ္စရပ်များအား အလျဥ်းသင့်သလိုသာ ဆက်သွယ်တောင်းခံနိုင်ခဲ့ပါသည်။

ဤသို့အားဖြင့် စျာပန ကိစ္စရပ်များဆောင်ရွက်ပြီးစီးသည့်နောက်ပိုင်းတွင် သက်ဆိုင်ရာ Local Agent နှင့် Ship Management ထံ အကြိမ်ကြိမ် ဆက်သွယ်တောင်းဆိုခဲ့သော်လည်း တစ်စုံတစ်ရာမျှ ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိပါသဖြင့် 28.04.2022 ရက်နေ့၌ ITF Inspector ဦးရွှေထွန်းအောင်ထံ ဆက်သွယ် အကူအညီတောင်းခံခဲ့ပါသည်။ ယင်းနောက် ဦးရွှေထွန်းအောင် ၏ ညွှန်ကြားမှုဖြင့် ITF Contact ကိုဟန်ဘိုထွန်း ထံ ဆက်သွယ်ခဲ့ပြီး 2022 ခုနှစ် May လ 16 ရက်နေ့တွင် အဆိုပါ အမှုကိစ္စရပ်အား IFOMS အဖွဲ့ချုပ်မှနေ၍ သင်္ဘောသား မိသားစုဝင်များ၏ ကိုယ်စား အရေးယူ စီမံဆောင်ရွက်ပေးပါရန် အမှုဖွင့်တိုင်ကြားခဲ့ပါသည်။

ထိုသို့ IFOMS အဖွဲ့ချုပ်အား ကိုယ်စားပြု လွှဲအပ်ခဲ့ပြီးနောက် သက်ဆိုင်ရာ သင်္ဘော Company နှင့် Agent တို့မှ သေဆုံးမှုအတွက် လျော်ကြေးငွေ US $ 60,000 နှင့် နောက်ကျ သဂြိုလ်စားရိတ်အဖြစ် US $ 1,541 စုစုပေါင်း US $ 61,541 အား လက်ခံပါမည့်အကြောင်း လက်မှတ်ရေးထိုးပေးပါရန် မိသားစုဝင်များထံ ဆက်သွယ်အကြောင်းကြားလာခဲ့ပါသည်။

သို့ရာတွင် လျော်ကြေးငွေ ကွာဟနေမှုများကြောင့် IFOMS အဖွဲ့ချုပ်မှ လက်မှတ်ရေးထိုးပေးခြင်း မပြုစေခဲ့ဘဲ သင်္ဘော Company နှင့် အပြန်ပြန်အလှန်လှန် ညှိုနှိုင်းဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်ခဲ့ပြီး August လ 12 ရက်နေ့ တွင် P&I ကိုယ်စားလှယ် Law Chamber Company ထံ သို့လည်း ဆက်သွယ်မေးမြန်းဆောင်ရွက်မှုများပြုလုပ်ခဲ့လေ၏။ ထို့သို့ ဆက်သွယ်ဆောင်ရွက်မှုများပြုလုပ်ပြီးနောက် September လ 14 ရက်နေ့ တွင် P&I ကိုယ်စားလှယ် Law Chamber Company မှ လျော်ကြေးငွေ US $ 104,866 အား ပေးချေပါမည့် အကြောင်း ပြန်ကြားလာခဲ့ပါသည်။

သို့သော် ရသင့်ရထိုက်သည့် ပမာဏ နှင့် အနဲငယ်ကွာဟလျှက်ရှိနေသေးသဖြင့် IFOMS အဖွဲ့ချုပ် မှ ညှိနှိုင်းဆောင်ရွက်မှုများဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ထပ်မံ ပြန်ကြားခဲ့ပါသည်။

ထိုသို့ ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်နေစဥ် 2022 ခုနှစ် October လ 7 ရက်နေ့တွင် Local Agent မှ သင်္ဘောသား၏ ကျန်ရှိလစာ နှင့် Keep Money အား မိသားစုထံ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။

၎င်းနောက် October လ 27 ရက်နေ့ ၌ Law Chamber Company မှ ထပ်မံ ဆက်သွယ်လာခဲ့ပြီး Final Compensation အဖြစ် US $ 139,820 အား လက်ခံပါမည့်အကြောင်း လက်မှတ်ရေးထိုးပေးပါရန် မိသားစုဝင်များ နှင့် IFOMS အဖွဲ့ချုပ်ထံ သတင်းပေးပို့လာခဲ့ပါသည်။ သို့ဖြစ်၍ IFOMS အဖွဲ့ချုပ်မှ သဘောတူလက်ခံနိုင်ပြီဖြစ်ကြောင်း မိသားစုဝင်များအား ​အတည်ပြုပေး​ခဲ့ပြီးနောက် November လ 18 ရက်နေ့တွင် P&I ကိုယ်စားလှယ် Law Chamber Company မှ သဘောတူစာချုပ် မူကြမ်းအားပေးပို့လာခဲ့ပြီး Novmber လ 21 ရက်နေ့တွင် မိသားစုဝင်များမှ P&I ကိုယ်စားလှယ်ရုံး သို့ သွားရောက်ကာ သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။ ၎င်းနောက် 2022 ခုနှစ် December လ 26 ရက်နေ့တွင် သက်ဆိုင်ရာ သင်္ဘော Company မှ သေဆုံးသူ သင်္ဘောသား ၏ မိသားစုဝင်များထံ စာချုပ်ပါလျော်ကြေးငွေဖြစ်သော
US $ 139,820 အား လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါ၍ အထက်ဖော်ပြပါ အမှုတွဲအား IFOMS အဖွဲ့ချုပ်မှ ပိတ်သိမ်းလိုက်ပြီဖြစ်ပါကြောင်း။ ။

Fighting Together For Your Rights, Stand With

.

25/01/2023
12/01/2023

Liberia အလံ လွှင့်ထူထားသော ကုန်တင်သင်္ဘော MV. ANTIBE EXPRESS (IMO No - 9243186) ပေါ်တွင် တာဝန်ထမ်းဆောင်သည့် မြန်မာသင်္ဘောသား တစ်ဦးမှာ Heavy Object များ သယ်ဆောင်ပြီးနောက် ခါးဆစ်ရိုးထိခိုက်ကာ ဖျားနာခဲ့ပြီး သက်ဆိုင်ရာ သင်္ဘော Company ၏ စီမံဆောင်ရွက်ပေးမှုဖြင့် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိကာ ဆေးကုသခံယူမှုများအား ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ဆေးကုသမှုခံယူရာ၌ ကုန်ကျသည့် စားရိတ်များအား ၎င်း သင်္ဘောသား မှ မိမိဖာသာစိုက်ထုတ် ကာ ကုသမှုများ ခံယူဆောင်ရွက်ခဲ့ရပြီး ၂ လ ခန့်အချိန်အတန်ကြာမြင့်သည့်တိုင် သင်္ဘော Company မှ စိုက်ထုတ်ထားခဲ့သည့် ကုသစားရိတ်များအား ပြန်လည်ပေးအပ်လာခြင်း မရှိသည့် အပြင် အဆိုပါ ဆေးကုသမှုခံယူနေစဥ် ၂ လ တာ ကာလအတွက် အခြေခံ လစာ basic wages ပေးအပ်ရန် ပြောကြားခြင်းလည်း မရှိခဲ့သည့်အလျှောက် IFOMS အဖွဲ့ချုပ်ထံ ဆက်သွယ်ကာ အကူအညီတောင်းခံခဲ့ပါသည်။

ထို့နောက် IFOMS အဖွဲ့ချုပ်၏ ကူညီဆောင်ရွက်ပေးမှုဖြင့် (11.09.2022) ရက်နေ့တွင် သက်ဆိုင်ရာ Company မှ အခြေခံလစာ ၂ လစာ နှင့် ဆေးကုသမှုစားရိတ်များအား ထိခိုက်နစ်နာသူ အဖွဲ့ဝင် သင်္ဘောသားထံ ပြန်လည်ပေးအပ်ခဲ့ပြီ ဖြစ်ပါ၍ IFOMS အဖွဲ့ချုပ် မှ အထက်ဖော်ပြပါ အမှုအား ပိတ်သိမ်းလိုက်ပြီဖြစ်ပါသည်။

Fighting Together For Your Rights, Stand With

.

03/01/2023

ယနေ့ ဇန်နဝါရီလ ၄ ရက် နေ့တွင် ကျရောက်သည့်

(၇၅) နှစ်ပြည့် စိန်ရတုလွတ်လပ်ရေးနေ့အား လှိုက်လှဲ

စွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

.
#လွတ်လပ်ရေးနေ့ဒို့မမေ့။
#ဖက်ဆစ်စနစ်တိုက်ထုတ်ပစ်။
.

02/01/2023

MV.AMOY DREAM (IMO-9583615) သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် IFOMS အဖွဲ့ဝင် မြန်မာသင်္ဘောသား တစ်ဦးမှာ Pakistan နိုင်ငံ KARACHI ဆိပ်ကမ်း သို့ သင်္ဘောရောက်ရှိနေစဥ် မတော်တဆမှု ဖြစ်ပွားကာ ဘယ်ဘက်လက်ကျိုး သွားခဲ့ပါသည်။ သို့ဖြစ်၍ ၎င်းမှာ KARACHI ဆိပ်ကမ်း၌ပင် Sign Off ပြုလုပ်ကာ ဆေးဝါးကုသမှု ခံယူခဲ့ပြီး မတ် လ ၂၃ ရက် နေ့ တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

ဆေးစစ်ချက်များအရ ၃ လ မှ ၅ လ ကြာသည်အထိ ပုံမှန် လှုပ်ရှားမှုများ ပြုလုပ်နိုင်ဦးမည် မဟုတ်ကြောင်း သိရှိခဲ့ရပြီး မြန်မာပြည် ၌ ဆေးဝါးကုသမှုများ ဆက်လက်ခံယူခဲ့ရပါသည်။

ထို့ကြောင့် သင်္ဘော Owner ထံ ဆေးဝါးကုသနေစဥ်ကာလများအတွင်း ရရှိရမည့် Basic Wages 4 လစာ နှင့် ဆေးဝါးကုသရာ၌ ကုန်ကျသည့် စားရိတ်များအား တောင်းခံခဲ့ရာ သင်္ဘောပိုင်ရှင် မှ Basic Wages 2 လစာ သာ ပေးချေနိုင်မည်ဖြစ်ကြောင်း ပြန်ကြားလာခဲ့ပြီး ဆေးဝါးကုသရာ၌ ကုန်ကျ သည့် စားရိတ်များအားလည်း အချိန်အတန်ကြာသည်အထိ ပေးအပ်လာခဲ့ခြင်းမရှိသဖြင့် 02.6.2022 ရက်နေ့တွင် IFOMS အဖွဲ့ချုပ် ထံ သတင်းပေးပို့ တိုင်ကြားခဲ့ပါသည်။

သို့ဖြစ်၍ IFOMS အဖွဲ့ချုပ်မှ အဖွဲ့ဝင် မြန်မာသင်္ဘောသားများ မဖြစ်မနေ ရရှိရမည့် အခြေခံ ခံစားခွင့်များ အားလုံး ပြန်လည်ရရှိနိုင်စေရန် ကူညီဆောင်ရွက်ပေးခဲ့ရာ ဆေးဝါး ကုသမှု ခံယူနေစဥ်ကာလများ အတွင်း Basic Wages 4 လစာ အပါအဝင် ဆေးဝါးကုသမှု စားရိတ်များအား 26.12.2022 ရက်နေ့ တွင် အဖွဲ့ဝင် သင်္ဘောသားထံ ပြန်လည်ပေးအပ်ခဲ့ပြီး ဖြစ်ပါသဖြင့် IFOMS အဖွဲ့ချုပ်မှ ဖော်ပြပါ အမှုတွဲအား ပိတ်သိမ်းလိုက်ပြီဖြစ်ပါသည်။

Fighting Together For Your Rights, Stand With

.

31/12/2022

နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ် ကူးပြောင်းသော ဤ ညချမ်းချိန်အခါသမယ၌ ကမ္ဘာအရပ်ရပ် ၌ တာဝန်ကိုယ်စီထမ်းဆောင်လျှက် ရှိကြသော သင်္ဘောသား ညီအစ်ကို မောင်နှမများ၊ မိသားစုဝင်များ အပါအဝင် ကမ္ဘာသူ ကမ္ဘာသား ညီအစ်ကို မောင်နှမများ အားလုံး ကောင်းခြင်း မင်္ဂလာ အဖြာဖြာတို့ဖြင့် ပြည့်စုံကြွယ်ဝကာ လိုအင်ဆန္ဒအပေါင်း နှင့် ပြည့်စုံကုံလုံ သည့် နှစ်သစ်မင်္ဂလာ ဖြစ်ပါစေကြောင်း IFOMS အဖွဲ့ချုပ် မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ပျော်ရွှင်သော နှစ်သစ်အခါသမယ ဖြစ်ကြပါစေ။

🙏🙏🙏

HAPPY NEW YEAR 2023!


.

24/12/2022

Hello...

Merry Christmas ! 🎅🔔⛄

အေးချမ်းသာယာ လှပသော ခရစ်စမတ် အချိန်အခါ

သမယ ၌ ကမ္ဘာသူ ကမ္ဘာသား အပေါင်း ချစ်ခြင်းမေတ္တာ

များဖြင့် လွှမ်းခြုံကာ လိုအင်ဆန္ဒ ဟူသမျှ ပြည့်ဝနိုင်ကြ

ပါစေကြောင်း IFOMS အဖွဲ့ချုပ်မှ ဆုတောင်းမေတ္တာပို့သ

အပ်ပါသည်။

Happy Merry X'Max to You All...!!

21/12/2022

ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျရောက်သည့်

"ကရင်နှစ်သစ်ကူး" နေ့ရက်၌ မြန်မာပြည်အဝှမ်း၌ ရှိကြ

သော ကရင်လူမျိုး ညီအစ်ကို မောင်နှမများ အပါအဝင်

မြန်မာ တိုင်းရင်းသား ပြည်သူ/သား များအားလုံး

ဘေးရန်အပေါင်းမှ အမြန်ဆုံး ကင်းဝေးကာ လိုအင်ဆန္ဒ

ဟူသမျှတို့လည်း လျှင်မြန်စွာဖြင့် ပြည့်နိုင် ၊ ရနိုင် ၊

ရောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်

ပါသည်။

🙏🙏🙏

Photos from ITF Seafarers Trust's post 02/12/2022

Congratulations Brother San Ko Oo🎉🎉🎉

01/11/2022

ကိုရီးယား အလံ လွှင့်ထူထားသော MT.JBU ONYX (IMO-9392999) သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင် နေကြသည့် IFOMS အဖွဲ့ဝင် မြန်မာသင်္ဘောသား ၈ ဦး မှာ စာချုပ်သက်တမ်း မပြည့်မီ တစ်လ အလိုတွင် အိမ်ပြန်ခွင့်ရရှိရန် စာတင် အကြောင်းကြားခဲ့သော်လည်း သက်ဆိုင်ရာ Comapny မှ Covid 19 ရောဂါ ကူးစက် ဖြစ်ပွားနေမှုများအား အကြောင်းပြကာ စီစဥ်ဆောင်ရွက်ပေးခဲ့ခြင်းမရှိပါ။ သို့ဖြစ်၍ ၎င်းတို့ ၈ ဦးမှ ဒုတိယအကြိမ် ထပ်မံ စာတင် အကြောင်းကြားခဲ့ရာတွင် Comapny မှ အကြောင်းတစ်စုံတစ်ရာ ပြန်ကြားခြင်း မရှိသည့်အပြင် အိမ်ပြန်ရန်အတွက်လည်း စီစဥ်ဆောင်ရွက်ပေးခြင်းမရှိပါသဖြင့် IFOMS အဖွဲ့ချုပ် ထံ လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးပါရန် အကူအညီတောင်းခံလာခဲ့ပါသည်။

ထို့ကြောင့် IFOMS အဖွဲ့ချုပ် မှ အဖွဲ့ဝင် သင်္ဘောသား ၈ ဦး တို့ အိမ်ပြန်ခွင့် ရရှိနိုင်စေရေး ကူညီဆောင်ရွက်ပေးခဲ့ပြီးနောက် 17.08.2022 ရက်နေ့ သို့အရောက်တွင် သက်ဆိုင်ရာ Company မှ Crew များအား Netherlands နိုင်ငံ သို့ ရောက်ရှိချိန်၌ Sign Off ပြုလုပ်နိုင်ရန် စီစဥ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အကြောင်းပြန်ကြားလာခဲ့ပါသည်။

၎င်းနောက် အဖွဲ့ဝင် သင်္ဘောသား ၈ ဦး တို့မှာ 27.09.2022 ရက်နေ့တွင် Netherlands နိုင်ငံ ၌ Sign Off ပြုလုပ်ခဲ့ပြီး 30.09.2022 ရက်နေ့တွင် အမိမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ကာ 31.09.2022 ရက်နေ့ ၌ ကျန်ရှိလစာ နှင့် Leave pay များအား လက်ခံရရှိခဲ့ပြီးဖြစ်ပါသည်။

သို့ဖြစ်ပါ၍ IFOMS အဖွဲ့ချုပ် မှ အထက်ဖော်ပြပါ အမှုတွဲအား ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါကြောင်း။

Fighting Together For Your Rights, Stand With

.

24/10/2022

ယနေ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကျရောက်သည့် ဟိန္ဒူဘာသာဝင် တို့ ၏ အထွဋ်အမြတ်ထားရာ ဒေဝါလီနေ့ ခေါ် ဒေပါဝလီ မီးထွန်းပွဲတော် ကျင်းပရာ ရက်ထူးရက်မြတ် ၌ ကမ္ဘာသူ ကမ္ဘာသားအပေါင်း ဘေးဘယာများ ကင်းဝေးကာ ငြိမ်းချမ်းမှုအပေါင်း ရရှိနိုင်ပါစေကြောင်း IFOMS အဖွဲ့ချုပ်မှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါသည်။

Photos from ITF - International Transport Workers' Federation's post 16/10/2022
Proud to be a winner and a union member! We hear from the seafarer taking first prize in the Trust photo competition | Seafarers' Trust 11/10/2022

Congratulations!!!

Proud to be a winner and a union member! We hear from the seafarer taking first prize in the Trust photo competition | Seafarers' Trust A seafarer who focused on the issue of home-sickness at sea has won the I

11/10/2022

World Maritime University - headquarters, IFSMA, The Nautical Institute, Institute of Marine Engineering Science & Technology - Gulf Coast Branch and International Seafarers' Welfare and Assistance Network - ISWAN are collaborating to collect seafarers’ views through a survey. The survey is conducted as part of a research project funded by the charitable organization ITF Seafarers’ Trust.

The aim of the survey is to capture seafarers’ experiences related to hours of work/rest, workload and ship manning and inform the consideration of improvements by the shipping industry.

Please spare 20 mins to help us get a good response to this survey!

Take the survey here: https://wmuhq.questionpro.eu/a/TakeSurvey?tt=ZkLS2mV6Wqi2Dwy1IFF%2BWw%3D%3D

SEAFARERS ITF Seafarers' Support

Photos from ITF Seafarers Trust's post 29/09/2022

Congratulations 🎊🍾🎈🎉

Brother San Ko Oo!

Timeline photos 29/09/2022
03/09/2022

MT.GLOBAL PIONEER (IMO-9542142) သင်္ဘောပေါ်တွင် 3/O ရာထူးဖြင့် တာဝန်ထမ်းဆောင်လျှက်ရှိသည့် မြန်မာ သင်္ဘောသား တစ်ဦးမှာ စာချုပ်သက်တမ်း ၄ လ ခွဲ ကြာမြင့်ပြီးနောက် အကြောင်းအရင်းတစ်စုံတစ်ရာ မရှိဘဲ Company မှ Sign Off လုပ်ရန် စီစဥ်ဆောင်ရွက်လာခဲ့ပါသည်။ သို့ဖြစ်၍ ၎င်းမှ သင်္ဘော Captain နှင့် သက်ဆိုင်ရာ သင်္ဘော Company အား စာချုပ်သက်တမ်း ကုန်ဆုံးခြင်း မရှိဘဲ Sign Off ပြုလုပ်စေရခြင်း အကြောင်းအရင်းအား မေးမြန်းစုံစမ်းရာ၌ Captain နှင့် သင်္ဘော Company ဘက်မှ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိပါသဖြင့် ကူညီဆောင်ရွက်ပေးပါရန် IFOMS အဖွဲ့ချုပ်ထံ အကူအညီတောင်းခံလာခဲ့ပါသည်။

ထို့ကြောင့် IFOMS အဖွဲ့ချုပ် မှ သင်္ဘောသား နှင့် သင်္ဘော Company မှ သက်ဆိုင်ရာ တာဝန်ရှိသူများအား လိုအပ်သည်များ ဆက်သွယ် မေးမြန်း စုံစမ်းခဲ့ပြီးနောက် ကြားဝင် ညှိုနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ရာ ယခုအခါ နှစ်ဦးနှစ်ဖက်စလုံး၌ ဆုံးရှုံးနစ်နာခြင်းများမရှိစေခဲ့ဘဲ အဆင်ပြေချောမွေ့စွာဖြင့် ပြီးဆုံးသွားခဲ့ပြီးဖြစ်ပါ၍ ထိုအမှုတွဲအား IFOMS အဖွဲ့ချုပ်မှ ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါသည်။

Fighting Together For Your Rights, Stand With

.

Photos from ITF Seafarers' Support's post 22/08/2022
Filipino authorities suspend recruitment agency after ITF red list warning over illegal fees 02/08/2022

Filipino authorities suspend recruitment agency after ITF red list warning over illegal fees A Philippines-based recruitment agency that unlawfully charged seafarers placement fees has had its licence suspended after the International Transport Workers’ Federation (ITF) highlighted its illegal practices. Global Marine and Offshore Resources Inc, based in Manila, was last week red listed o...

28/07/2022

MV.JI FA (IMO-8844232) သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်နေကြသည့် C/O အပါအဝင် မြန်မာသင်္ဘောသား (၃) ဦး၏ လုပ်ခလစာ (၄) လစာ ခန့်အား ၎င်းတို့၏ Company မှ ပေးချေရန် ပျက်ကွက်လျှက်ရှိကြောင်း တိုင်ကြားလာသဖြင့် ကူညီဆောင်ရွက်ပေးခဲ့ရာ ယခုအခါ၌ လစာငွေများ ပြန်လည် ရရှိခဲ့ပြီ ဖြစ်ပါ၍ ယင်းအမှုတွဲအား အဖွဲ့ချုပ် မှ ပိတ်သိမ်းလိုက်ပြီဖြစ်သည်။

Fighting Together For Your Rights, Stand With

.

25/07/2022

MT.TIGER PROSPERITY (IMO - 9276224) သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်လျှက်ရှိသည့် မြန်မာ သင်္ဘောသားတစ်ဦးမှာ သင်္ဘောပေါ်တွင် (၈) လ ခန့် တာဝန်ထမ်းဆောင်ပြီးနောက် ကျောက်ကပ်ရောဂါဝေဒနာ ရုတ်တရက် အပြင်းအထန် ရရှိခံစားခဲ့ရပါသည်။ ၎င်းနောက်ပိုင်း Company မှ ရှေ့ဆက်၍ ဆေး ကုသပေးရန် ငြင်းဆိုခဲ့သဖြင့် (26-Nov-2020) ရက်နေ့တွင် IFOMS အဖွဲ့ချုပ်ထံ လိုအပ်သလို ကူညီဆောင်ရွက်ပေးပါရန် အမှုဖွင့် တိုင်ကြားလာခဲ့ပါသည်။
သို့ဖြစ်၍ IFOMS အဖွဲ့ချုပ်မှ အမှုတည်ဆောက်ရန် လိုအပ်သည့် အချက်အလက်များအား စုစည်း၍ မျက်ခြေမပြတ် စောင့်ကြည့် လေ့လာ ကူညီမှုများ ပြုလုပ်ပေးခဲ့ရာ ၎င်းအဖွဲ့ဝင်သင်္ဘောသားမှာ ယနေ့အချိန်အထိ ဆေးကုသခွင့် ဆက်လက် ရရှိခံယူနေလျှက်ရှိပြီး သင်္ဘောသား ၏ နစ်နာ​မှုအဖြစ် လျော်ကြေးငွေ (US $ - 42500)တိတိ အား လက်ခံရရှိနိုင်စေရန် ကူညီဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါ၍ အထက်ဖော်ပြပါ အမှုတွဲအား IFOMS အဖွဲ့ချုပ်မှ ပိတ်သိမ်းလိုက်ပြီဖြစ်ပါသည်။

Fighting Together For Your Rights, Stand With

.

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ITF president Paddy Crumlin speaking at Maritime Roundtable #organisenow
Burmese Cowboy - The Shwe Tun Aung Story
#UnionWeek Seminar Day 4Group (2)Maritime Labour Convention Dean Summers/ Jason Lam Live
IFOMS - ITF #UnionWeek Seminar Day 4Opening Ceremony
IFOMS Education Officer LU AUNG & Brother Asif
#UnionWeek Seminar Day 3ITF/Inspectorate Question and Answer Live
IFOMS - ITF #UnionWeek Seminar Day 3Opening Ceremony
#UnionWeek Seminar Day 2 ITF/Inspectorate Question and Answer Live
#UnionWeek Seminar Day 2 Group (1)Basic Trade Union Awareness Aung Kyaw Lin/ Shwe Tun Aung/ Peter LahayQuestions and Ans...
#UnionWeek Seminar Day 2 Group (2)Basic Trade Union Awareness Aung Kyaw Lin/ Shwe Tun Aung/ Peter LahayQuestions and Ans...
#UnionWeek Seminar Day 2 Group (1)Collective Bargaining Mohamed Arrachedi/ Sven HemmeQuestions and Answer
#UnionWeek Seminar Day 2 Group (1)Collective Bargaining Mohamed Arrachedi/ Sven Hemme Questions and Answer

Category

Address


Yangon
POBOX903,CENTRALPOSTOFFICE,YANGON

Other Labor Unions in Yangon (show all)
AMarkets Online Gold Trading AMarkets Online Gold Trading
Yangon
Yangon

AMarkets Online Forex Trading

Trade Hub Trade Hub
Yangon

Major Importing - Bitumen - Gasoline and Gas oil - Lubricants - Chemical Products - Steel Products -

LFG Airdrop MM LFG Airdrop MM
Yangon, 1134

LFG Airdrop MM

MICS-TUsF MICS-TUsF
Yangon

MBF အလုပ်သမားများဆုံဆည်းရာ MBF အလုပ်သမားများဆုံဆည်းရာ
Yangon

အလုပ်သမားများဆုံဆည်းရာ

IWA - Yangon Initiative IWA - Yangon Initiative
Yangon, 11051

New Comet Trading Agency Co.,Ltd ကြယ်တံခွန်သစ်ပြည်ပအလုပ်အကိုင်ရှာဖွေရေး New Comet Trading Agency Co.,Ltd ကြယ်တံခွန်သစ်ပြည်ပအလုပ်အကိုင်ရှာဖွေရေး
[A3-2]No. 201, Pansodan Road, MyanmaGonYi Housing, Mingalar Taung Nyunt Township
Yangon, 11221

ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္မဏီပါ၊ကိုရီယား၊ဂျပန်၊မလေးရှားနိူင်ငံများရှိအလုပ်အကိုင်များကိုမိတ်ဆက်ပေး

Ocean Wit Myanmar Limited Ocean Wit Myanmar Limited
No(182/194)8-A, Rose Housing, Botahtaung Pagoda Street, Pazundaung
Yangon

Seafarer Recruitment &Placement Service

Aung Htee Tagwan Company Limited Aung Htee Tagwan Company Limited
Yangon

Trading and Services

Shwe Yaung Pyan Shwe Yaung Pyan
No. H32, Padauk Street, Byaint Naung Warehouse , Mayangone Township
Yangon, 11061

ဆန် နှင့် အထွေထွေ ရောင်းဝယ်ရေး

Competence Training Center                          Leading Quality Service Competence Training Center Leading Quality Service
Anawyahtar Lane 3, Kyeepwaryae Quarter, Thingankyun Township
Yangon, 95+

God bless you all ever

OCEAN & ORION Company OCEAN & ORION Company
E Condo, B1, Ground Floor, North Market Street, Dagon Tsp.
Yangon

Shipping Agency ( Crew Management )