Kids Activities with Homeschool Mom

personal blog

Photos from Kids Activities with Homeschool Mom's post 21/06/2024

Mathematics Symbols ➕➖✖️➗🟰

Credit photo
Thanks 😍😘

21/06/2024

နယုန်လပြည့်နေ့(မဟာသမယနေ့)🙏🙏🙏
ဗဟုသုတအဖြစ် မျှဝေလိုက်ပါတယ်ရှင့်

Photos from Kids Activities with Homeschool Mom's post 20/06/2024

မူကြို ၊ မူဆင့်၊ လယ်ဆင့်ထိပါ ကစားလို့ရတဲ့ Paper weaving mat # # #
မင်မင်တို့ ငယ်ငယ်တုန်းက လယ်ဆင့်
အိမ်တွင်းမှု၊ လက်မှုပညာ အချိန်မှာ
သင်ခဲ့ရဖူးပါတယ်။

Paper weaving mat ကိုကစားခြင်းအားဖြင့်
ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊
တီထွင်ဖန်တီးနိုင်မှုစွမ်းရည်
အစီအစဉ်တကျလုပ်ဆောင်နိုင်စွမ်းရည်
လမ်းညွှန်မှုကို လိုက်နာဖို့ သင်ယူနိုင်စွမ်းရည် စတဲ့ စွမ်းရည်တွေ တိုးတက်ဖွံ့ဖြိုးလာစေနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင်စာရေးခြင်းမတိုင်မီ ခဲတံမကိုင်မီမှာ
ဖွံ့ဖြိုးရမယ့်လက်ချောင်းလေးတွေသန်မာစေဖို့ အနုစိတ်ကြွက်သားများဖွံ့ဖြိုးတိုးတက်ဖို့ကိုလည်း များစွာအထောက်အကူပြုမှာ
ဖြစ်ပါတယ်ရှင်
ကလေးတွေရဲ့ စိတ်ခံစားမှုကို ဖော်ပြဖို့အတွက်လည်း နည်းလမ်းကောင်းတစ်ခုလဲ ဖြစ်ပါတယ်ရှင့်
ref; from google







Thanks 😍😘

18/06/2024

နေမကောင်းတုန်းက ဆန်ပြုတ်ပဲ စားချင်တဲ့
မမ Grace
အခုနေကောင်းတော့ ခေါက်ဆွဲကြော်စားရင်းနဲ့
Blogger လုပ်နေတာလေး 🥰
Pretend play လဲ ဖြစ် သမီးလေးရဲ့ ပျော်ရွှင်နေမှုလဲ
ဖြစ် သမီးလေးစားနေလို့ မေမေလဲ ပျော်ရွှင် 🥰

😍😘

Photos from Kids Activities with Homeschool Mom's post 17/06/2024

For colour matching 🖍️🎨🖍️🎨🖍️🎨

Photos from Kids Activities with Homeschool Mom's post 16/06/2024

👕 Happy father's day activity 👕

Happy father's day activity အဖေများနေ့ အမှတ်တရ 16/06/2024

ဖေဖေ့အတွက် ဖန်တီးနေမှု Happy Grace 🥰

Happy father's day 💐💞🎉

Activity အတွက် လိုအပ်သော ပစ္စည်းများ
ရောင်စုံစက္ကူ
ကော်
ကတ်ကြေး
ရေဆေးရောင်စုံ









Thanks 😍😘

Happy father's day activity အဖေများနေ့ အမှတ်တရ

Photos from Kids Activities with Homeschool Mom's post 15/06/2024

KG စနစ်သစ် သင်ရိုး ဇွန်လ
တတိယပတ် နှင့် စတုတ္ထပတ် သင်ခန်းစာ
ပြင်ဆင်ထားပုံ စုစည်းမှုများ
"တို့မိသားစု" သင်ခန်းစာ
(ပထမပတ်နှင့်ဒုတိယပတ်)

သင်ခန်းစာပြင်ဆင်လျာထားချက်အကျဉ်းချုပ်
ပုံပြင်များ၊ ကဗျာများ၊ အကြီး/အငယ်နှိုင်းယှဉ်ခြင်း worksheet များ၊ စိတ်ခံစားချက် မျက်နှာပုံ worksheet များတင်ပေးထားပါတယ်။
မင်မင်ကိုယ်တိုင် အချိန်ပေးပြုလုပ်ထားတာတွေလဲပါပါတယ်ရှင့်

"ဖိုးကဲတို့မိသားစု" ပုံပြင်လေးကတော့ ဖန်တီးရေးဆွဲထားမှု အရမ်း‌ကောင်းမွန်လို့ပြန်လည် မျှဝေပေးထားပါတယ်။( credit photo)

KG သင် ဆရာ၊ ဆရာမပဲ ဖြစ်စေ ၊မိဘများ ဖြစ်စေ
အသုံးဝင်ကြပါစေရှင်

နောက်လဲအချိန်ရရင် သင်ခန်းစာတင်ပေးပါမယ်
လိုအပ်သူများ လွတ်လပ်စွာ share နိုင်ပါတယ်

Thanks 😍😘

Photos from Kids Activities with Homeschool Mom's post 14/06/2024

စာရေးခြင်းမတိုင်မီ ခဲတံမကိုင်မီ လက်ချောင်းလေးတွေသန်မာဖို့ ဖြတ်-ညှပ်-ကပ်ကြပါစို့။









Credit photo
Thanks 😍😘

Photos from Kids Activities with Homeschool Mom's post 13/06/2024

♥️ဘေဘီလေးတွေ "ကကြီး ခခွေး ဂငယ် ဃကြီး င"
ဆိုတတ်သွားပြီလား မေမေတို့ တီချယ်‌တို့ရေ

♥️ဒါဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့
ဗျည်းအသံနဲ့ ဗျည်းအမည်ခွဲပြီး သိအောင် ကဗျာလေးနဲ့ မိတ်ဆက်ပေးလို့ရပါတယ်။
⭐ဗျည်းအသံနဲ့အမည် တူတဲ့ဗျည်းနဲ့ မတူတဲ့ဗျည်းတွေကို ခွဲခြားပြီးပြောပြလို့ရပါတယ်ရှင့်

⭐မြန်မာစာရဲ့အစ KG သင်ခန်းစာ နဲ့ G-1 ဖတ်စာတွေမှာ အသုံးဝင်စေဖို့ မျှော်လင့်ပါတယ်။
🔔ပထမပုံအောက်မှာ ကဗျာဆိုထားတဲ့
Video link ရှိပါတယ်။
မင်မင်ကိုယ်တိုင် အချိန်ပေးပြုလုပ်ထားတာဖြစ်ပါတယ်။ လွတ်လပ်စွာ share နိုင်ပါတယ်။
အားလုံးပဲ အဆင်ပြေကြပါစေရှင့်








Thanks 😍😘

‌ဗျည်းအသံနှင့်ဗျည်းအမည် ကဗျာရွတ်ဆိုခြင်း #မြန်မာစာ #myanmar #ဗျည်း #teacherappreciation #education 13/06/2024

ဘေဘီလေးတို့အတွက် ဗျည်းအသံနဲ့အမည် ကဗျာ

🔔မေမေတို့ တီချယ်တို့ သားသားမီးမီးတို့
ကြည့်ရတာ လွယ်ကူအဆင်ပြေအောင်
Video လေးကို YouTube မှာ တင်ပေးထားတာပါ။
ကဗျာလေးကို ကြိုက်နှစ်သက်ရင်တော့
Channel လေးကို Like, share, subscribe ပြုလုပ်ပေးလို့ရပါတယ်ရှင့်

Thanks 😍😘

‌ဗျည်းအသံနှင့်ဗျည်းအမည် ကဗျာရွတ်ဆိုခြင်း #မြန်မာစာ #myanmar #ဗျည်း #teacherappreciation #education

Photos from Kids Activities with Homeschool Mom's post 11/06/2024

ဒီတစ်ခါတော့ Grace's cookery မဟုတ်တဲ့
Mom's cookery ပါ 🥰

မေမေတစ်ယောက်အနေနဲ့ သမီးလေးကို
ဦးနှောက်အာဟာရဖြည့်ပေးရသလို
ကျန်းမာဖို့ အာဟာရလဲဖြည့်ပေးရပါတယ်။
သမီးအတွက်ဆိုရင် တာရှည်ခံဆေးပါတဲ့ အစားအစာတွေကို အတတ်နိုင်ဆုံး ရှောင်ပြီး
ကိုယ်တိုင် လုပ်ကျွေးတာများပါတယ်
ကလေးကို မကျွေးခင်လဲ ကိုယ်အရင်မြည်းကြည့်ပါတယ်။ စားလို့မကောင်းမှာစိုးတယ်။ စားကောင်းတာလေးပဲ ကျွေးချင်တာကြောင့်ပါ။

ဒါလေးကတော့ ကြက်ဥအရမ်းကြိုက်တဲ့ သမီးလေးအတွက် style သစ်လေးပေါ့
မင်မင်လဲ အခုမှ first time try ကြည့်တာပါ
အောင်မြင်သွားလို့ တင်ပေးတာပါရှင့်

Thanks 😍😘

Photos from Kids Activities with Homeschool Mom's post 10/06/2024

ဘေဘီလေး‌တွေ Reading practice ပြုလုပ်နိုင်ရန်

Easy reading English book worksheets လေးတွေပါ။

Credit photo
Thanks 😍😘

ရေသံသရာလည်ပုံ #artandcraft #4yearsold #earlylearning #myanmar #athome 07/06/2024

ရေသံသရာလည်ပုံကို activity လေး ပြုလုပ်ပြီး
ရှင်းပြထားပုံလေးပါရှင့်

KG ရေအကြောင်း သင်ခန်းစာ သင်ရင်လဲ
ဒီလို activity မျိုးလေးတွေ ပြုလုပ်ပေးလို့
ရပါတယ်ရှင့်

Fb နဲ့ video တင်ရတာ အဆင်မပြေရင်
YouTube channel မှာ တင်ပေးပါမယ်









Thanks 😍😘

ရေသံသရာလည်ပုံ #artandcraft #4yearsold #earlylearning #myanmar #athome

Guess in the box. 04/06/2024

KG သင်ခန်းစာထဲက magic bag လိုမျိုး ကစားရတဲ့နည်းလေးပါ

သင်ခန်းစာလေးတွေကို YouTube မှာလဲ တင်ပေးပါမယ်

To subscribe, link here ⬇️⬇️⬇️
https://youtube.com/?si=y3sBLRZBYUjvXmQn

Thanks 😍😘

Guess in the box.

Photos from Kids Activities with Homeschool Mom's post 03/06/2024

KG စနစ်သစ် သင်ရိုး ဇွန်လ
ပထမပတ် နှင့် ဒုတိယပတ် သင်ခန်းစာ
ပြင်ဆင်ထားပုံ စုစည်းမှုများ
"မိမိအကြောင်း" သင်ခန်းစာ

သင်ခန်းစာပြင်ဆင်လျာထားချက်အကျဉ်းချုပ်
ကဗျာများ၊ art and craft များ တင်ပေးထားပါတယ်
မင်မင်ကိုယ်တိုင် အချိန်ပေးပြုလုပ်ထားတာတွေလဲပါပါတယ်ရှင့်

KG သင် ဆရာ၊ ဆရာမပဲ ဖြစ်စေ ၊မိဘများ ဖြစ်စေ
အသုံးဝင်ကြပါစေရှင်

နောက်လဲအချိန်ရရင် သင်ခန်းစာတင်ပေးပါမယ်
လိုအပ်သူများ လွတ်လပ်စွာ share နိုင်ပါတယ်

Thanks 😍😘

03/06/2024

Hello everyone 👋👋👋👋👋
Are you ok on the first day of school? 🤗🤗🤗

🎼🎶🎵 Hello song 🎵🎶🎼

30/05/2024

သားသားပဲဖြစ်ဖြစ် မီးမီးပဲဖြစ်ဖြစ် သင်ပေးထားပါနော်

မင်မင်ကတော့ သင်ပေးရင်းနဲ့
မှတ်မိလွယ်အောင် game ကစားပေးပါတယ်
game ကစားချင်ရင် link here ⬇️ ⬇️ ⬇️

https://www.facebook.com/share/r/adih5K4gN8k6PoBQ/?mibextid=oFDknk

ကလေးကို ဒါတွေ သင်ပေးပါ။

ဘာတွေလဲဆိုရင်တော့ private area of body ပါရှင်

Private area ကို အသက် ၃ နှစ်အရွယ်လောက်ကနေစပြီး ‌ပြောပြ သင်ပေးလို့ ရပါပြီ
မီးမီးလေးတွေမှ မဟုတ်ပါဘူးနော်
သားသားတွေအတွက်လဲ အရေးကြီးပါတယ်
Good touch, Bad touch activity လေးတွေလဲ ကစားပေးလို့ရပါတယ်ရှင့်
မှတ်မိလွယ်အောင် game ကစားချင်ရင်
link here ⬇️ ⬇️ ⬇️

https://www.facebook.com/share/r/adih5K4gN8k6PoBQ/?mibextid=oFDknk

ပြီးတော့ No, Go, Tell ကိုလဲ သင်ပေးထားပါ။
No - ကိုယ့်ကို တစ်စုံတစ်ယောက်က ကိုင်တာ မကြိုက်ရင် No လို့ ပြောပါ။
Go - ကိုယ်တတ်နိုင်သလောက် သူနဲ့ ဝေးရာကို သွားပါ။
Tell - ကိုယ်ယုံကြည်စိတ်ချရတဲ့ မိဘ၊ဘိုးဘွား၊ဆွေမျိုးတို့ကို ‌ပြောပြပါ။

မင်မင်ကတော့ သမီးလေးကို အဲ့လိုလေး ပြောပြသင်ပေးဖြစ်ပါတယ်ရှင့်

ကလေးများ ပျော်ရွှင်စွာ ကြီးပြင်းနိုင်ကြပါစေ လို့
ဆန္ဒပြုလျက်

Thanks 😍😘

28/05/2024

ခဲတံတောင် သေချာမကိုင်တတ်သေးတဲ့ ကလေးက
ဒီဘောပင်လိုချင်တယ် ပေးပါတဲ့ စာဖတ်ပြမယ်ဆိုပြီး အပေးအယူလုပ်တတ်သေးတာ

ဘောပင်ရော ဖတ်နေတဲ့စာအုပ်ရော
Present of 🖋️🖋️🖋️📖📖📖
Glory Children Books - Mandalay
Thanks 😍😘









For whole video, YouTube link is here ⬇️⬇️⬇️
https://youtu.be/dwZqQXoLh3k?si=mrL4bemMV2S1gP-7

27/05/2024

ကလေးတို့အတွက် ကဗျာ ""ကြာဆစ်ကြိုး""

Grade - 1 မြန်မာစာ

Photos from Kids Activities with Homeschool Mom's post 26/05/2024

ပေါက်ပန်းနီကို သုံးပြီး သမီးလေးနဲ့အတူ ဖန်တီးထားတဲ့ Pressed flower activity 🌹🌸🌻🌺🌷

ဘာပန်းနဲ့ဖြစ်ဖြစ် လုပ်လို့ရမယ် ထင်ပါတယ်
မင်မင်ကတော့ တို့စရာ ဝယ်ထားတဲ့ ပေါက်ပန်းနီနဲ့ လုပ်ပေးဖြစ်ပါတယ်

Play and learn happily. ♥️







Thanks 😍😘

24/05/2024

သိလိုသူများအတွက် အထောက်အကူဖြစ်ဖို့
ရေးတာပါရှင်

အိုမီခရွန်အလွန် သမီးလေး ၂ နှစ် ၁ လမှာ left brain ရော right brain ပါ ဖွံ့ဖြိုးစေချင်လို့ early learning and brain development center တစ်ခုမှာ part time ကျောင်း‌ထားခဲ့တယ် ‌
ကျောင်းသွားရမှာ ကြောက်မနေပဲ အမြဲပျော်ရွှင်ကျောင်းတက်ချင်နေခဲ့တာမို့ Tr တွေကို ကျေးဇူးတင်မိတယ်

သမီးလေး 3-4 တက်တော့ မင်မင်ကလဲ private school ကို ဝင်လုပ်လိုက်တော့ full time ထားဖြစ်လိုက်တာ Social development ပိုပြီးဖွံ့ဖြိုးလာတယ်။ Concentration ပိုကောင်းလာတယ်။ မိဘအနေနဲ့ကလည်း ကိုယ့်သမီးလေးကို ကျောင်းဝင်းထဲ ပို့လိုက်ရပေမဲ့ ကလေးအတွက် လုံခြုံမယ် နွေးထွေးမယ် စိတ်ချရမယ် ဆိုတာသိပြီးသား 😍

3-4 ပြီးတော့ 4-5 ကို ချက်ချင်းဆက်မတက်ဖြစ်ဘူး
4 နှစ်ပြည့်ဖို့ 6 လလိုနေသေးလို့ 😍
အဲ့ဒါနဲ့ အိမ်မှာ activity လေးတွေ လုပ်ပြီး ကစားပေးရင်းနဲ့ 4 နှစ်ပြည့်တော့ ကျောင်းရွေးတော့လဲ ကလေးအတွက် အလုံးစုံဖွံ့ဖြိုးမှု၊ နွေးထွေးမှု၊ လုံခြုံစိတ်ချရမှုတွေ ရှိတဲ့ ဒီကျောင်းလေးကိုပဲ ရွေးဖြစ်ခဲ့တာ
ဒီကျောင်းလေးကတော့ Little Banana Preschool ပါရှင့်။ မိဘတွေကိုလဲ workshop တွေ ပြုလုပ်ပေးပြီး ဗဟုသုတတွေ မျှဝေပေးသေးတယ်။
Founder Dr May Phoo ကိုရော သမီးလေးရဲ့ Tr တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်

Thanks 😍😘

Photos from Kids Activities with Homeschool Mom's post 23/05/2024

Phonics sounds ♥️

Credit photo 😍😘

22/05/2024

ဗိုက်ထဲမှာ သမီးလေးရှိမှန်း သိခါစက ပြိုင်ထားတာလေး အချိန်တွေ ကြာပေမဲ့ အမှတ်တရ
ဒီငါးကြော်လေးတောင် မစားရတာ ကြာပြီ
ချက်စားဦးမှ 😁😁 😍😍
ချက်စားကြည့်ချင်ရင် အောက်မှာ link ⬇️⬇️⬇️

https://www.facebook.com/share/p/aNKX3A4sqoSbsEFg/?mibextid=oFDknk

Photos from Kids Activities with Homeschool Mom's post 22/05/2024

ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

၁။ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
၂။ မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။
၃။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
၄။ မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

ဤသို့ ထူးခြားချက် (၄) ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဗုဒ္ဓနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။

ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။

🙏🙏🙏

Photos from Kids Activities with Homeschool Mom's post 21/05/2024

Brain boost & fine motor skills practice

Play and learn happily. ♥️







Credit photo
Thanks 😍😘

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

နေမကောင်းတုန်းက ဆန်ပြုတ်ပဲ စားချင်တဲ့ မမ Grace အခုနေကောင်းတော့ ခေါက်ဆွဲကြော်စားရင်းနဲ့Blogger လုပ်နေတာလေး 🥰Pretend play ...
Hello everyone 👋👋👋👋👋Are you ok on the first day of school? 🤗🤗🤗🎼🎶🎵 Hello song 🎵🎶🎼
🇲🇲🇲🇲🇲🇲 ဗမာမလေးပါရှင့် 🙏🙏🙏သမီးလေး အရမ်းjoin ချင်နေလို့မေမေလဲ ရိုက်ပေးရတာပေါ့ 😍😘
ခဲတံတောင် သေချာမကိုင်တတ်သေးတဲ့ ကလေးကဒီဘောပင်လိုချင်တယ် ပေးပါတဲ့ စာဖတ်ပြမယ်ဆိုပြီး အပေးအယူလုပ်တတ်သေးတာဘောပင်ရော ဖတ်နေတဲ့စ...
ကလေးတို့အတွက် ကဗျာ ""ကြာဆစ်ကြိုး""Grade - 1 မြန်မာစာ#credit
သိလိုသူများအတွက် အထောက်အကူဖြစ်ဖို့ရေးတာပါရှင် အိုမီခရွန်အလွန် သမီးလေး ၂ နှစ် ၁ လမှာ left brain ရော right brain ပါ ဖွံ့ဖြ...
အလွတ်ကျက်ခိုင်းမှာလား Phonics သင်ပေးမှာလားမင်မင်ကတော့ ကိုယ်တွေတုန်းကလို အလွတ်မကျက်ရစေချင်လို့ Phonics အခြေခံရအောင်လေ့ကျင...
ဒူးရင်းသီးကို ဘယ်‌လောက်ကြိုက်လဲဆိုတာ ………Tom လိုလား Jerry လိုလားမင်မင်ကတော့ Jerry ပါ။အနံ့တောင် မခံနိုင်ရာကနေကလေးမွေးပြီးတ...
UNO ကစားတတ်သွားပြီး နိုင်သွားလို့ ပျော်နေပုံလေး ♥️♥️♥️မကစားခင်ကတည်းကသမီးရေကစားတယ်ဆိုတာ နိုင်ရင်လဲ နိုင်မယ်ရှုံးရင်လဲ ရှု...
Worksheets ပေါ်မှာပဲ အမြဲအချိန်ကုန်တာမကြိုက်တဲ့ မေမေရယ်ငြိမ်ငြိမ်နေတာ မကြိုက်တဲ့ Activity လုပ်ရရင်ပျော်တဲ့ မမ Grace ရယ်အ...
မကြာသေးမီက သုတေသနပြုချက်များအရ အသက် 5 နှစ်အထိ ကလေးတစ်ဦးသည် ဘာသာစကားငါးမျိုးအထိ သင်ယူနိုင်ပြီး လုပ်ဆောင်နိုင်သည် ။ မိဘမျာ...
ကူညီချင်တဲ့ အရွယ်လေးမှာ ကူညီခွင့်ပေးခြင်းအပြင်ပတ်ဝန်းကျင်နဲ့ ထိတွေ့ခွင့်ရခြင်းအပူရှောင်ချင်လို့ city mall သွားခြင်းThank...

Category

Address

Yangon

Opening Hours

09:00 - 17:00

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education

Brilliant Education Center Brilliant Education Center
Yangon

We aim to teach subjects relating to the business world at affordable prices.