Momentum Book Publishing
Nearby shops
အမှတ်-၄၅၊ ဦးထံလမ်း၊ ၄၀ ရပ်ကွက်၊, Dagon
Dagon 1419
Dagon
Theingi Street North, Yagon
Nanda Kyaw Swar Street
Bahan Township
Thida Street, Pazundaung
United Condo, Dagon
Dagon
11222
51 Street, No. 72B (Middle Block), Pazundaung
Hlaing, Dagon
Hlaing Street, Pazundaung
Book publication & distribution
ဒီနိုဗို ရဲ့
ဘာသာပြန်လက်ရာသစ်တွေကို
စောင့်မျှော်နေကြတဲ့
ဒီနိုဗို ပရိတ်သတ်တွေအတွက်
ဂျပန်စာရေးဆရာမ Yoko Ogawa ရဲ့
The Diving Pool
Pregnancy Diary
Dormitory စတဲ့
ဝတ္ထုလတ် ၃ ပုဒ်ကို
ဒိုင်ဗင်ကန်
ကိုယ်ဝန်ဆောင် နေ့စဥ်မှတ်တမ်း
ဘော်ဒါဆောင် စသဖြင့်
မြန်မာလိုပြန်ဆိုထားတဲ့
ဒီနိုဗိုရဲ့
ဒိုင်ဗင်ကန်
မကြာမီ
ထွက်ရှိလာမည် ဆိုသည့်အကြောင်း.......။
📌၁၇. ၂. ၂၀၂၄ (စနေနေ့)
မန္တလေးမြို့က
စိတ်ကူးချိုချို စာအုပ်ဆိုင်မှာ ကျင်းပခဲ့တဲ့
ဆရာဂျိုဇော်
ဆရာစိုးဘားဒိုင်
ဆရာဆူးငှက်
ဆရာညိုထွန်းလူ တို့ရဲ့
"ဟိုတုန်းက " စာအုပ်
အမှတ်တရ လက်မှတ်ထိုးပွဲလေး ကို
သိုက်သိုက်ဝန်းဝန်း အောင်အောင်မြင်မြင် ပြီးမြောက်အောင် ဝိုင်းဝန်းကူညီ
လက်မှတ်ရေးထိုးပေးခဲ့ကြတဲ့
ဆရာ လေးယောက်နဲ့အတူ
မန်းလေး စာပေအသိုင်းအဝိုင်းက ဆရာသမားများ၊ ဝယ်ယူအားပေးခဲ့ကြတဲ့ စာပေချစ်သူ
စာဖတ်ပရိသတ်များ၊ အခမ်းအနား ကို
မလစ်ဟင်းရအောင်စီစဥ်ပေးခဲ့ကြတဲ့
စိတ်ကူးချိုချိုစာအုပ်ဆိုင်နှင့် ဝန်ထမ်းများအားလုံး
ကူညီပေးကြသူ တစ်ယောက်စီတိုင်းကို
လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း
Momentum Book Publishing က မှတ်တမ်းတင်ပါတယ် ခင်ဗျား
ဟိုတုန်းက ဆရာတွေက ရဲရဲတောက် စောင့်ကြိုနေကြောင်း
သတင်းကောင်းပါးအပ်ပါတယ်။
ဟိုတုန်းက
⚪⚪⚪⚪
📔
စာအုပ် အမှတ်တရ လက်မှတ်ရေးထိုးပွဲ
🗓 ၁၇. ၂ . ၂၀၂၄ (စနေနေ့)
🕰 နေ့လယ် ( ၁ ) နာရီ
📬 စိတိကူးချိုချို စာအုပ်ဆိုင်
အမှတ် ( ၇ /၈)၊ ၃၂ လမ်း၊
၇၃ နှင့် ၇၄ လမ်းကြား၊
ချမ်းအေးသာဇံမြို့နယ်။
မန္တလေးမြို့။
☎၀၉ ၇၇၇၇ ၉၉၄၀၁
📒
ဟိုတုန်းက
◼◼◼◼
ဂျိုဇော်၊ စိုးဘားဒိုင်၊ ဆူးငှက်၊ ညိုထွန်းလူ
📌၉၀၀၀ ကျပ်
ဖေဖာ်ဝါရီလအတွင်း ထွက်ရှိပါမယ်။
📚 ကြိုတင်အမှာ
♦♦♦♦♦♦
📌 ဖေဖေါ်ဝါရီလ ( ၂၉ ) ရက်နေ့အထိ
မှာယူမှုများအတွက်
📌 ပို့ခအခမဲ့နဲ့ ပို့ဆောင်ပေးမှာပါ
♦♦♦♦♦♦♦♦♦♦♦
စာအုပ်မှာယူရန်အတွက်
🙎♂️အမည်
📬နေရပ်လိပ်စာ
☎ဖုံးနံပတ် တို့ကို
📧 Messenger Box သို့ပေးပို့၍ဖြစ်စေ
ဖုံး ၀၉ ၄၂၀၃၀ ၇၀၃၀ / ၀၉ ၇၃၀ ၄၄၈၈၁ သို့ဖြစ်စေ ဆက်သွယ်မှာယူနိုင်ပါတယ်။
" ဟိုတုန်းက " ဆိုတာကတော့
♦♦♦♦♦♦♦♦♦♦
ဂျိုဇော်၊ စိုးဘားဒိုင်၊ ဆူးငှက်၊ ညိုထွန်းလူ
စတဲ့ စာရေးဆရာ လေးယောက်ရဲ့
အတိတ်ကာလ
သမင်လည်ပြန် အမှတ်ရချက်များပေါ့......။
နှင်းမြူတွေ
ပိတ်ဆီးထားသလို
မသဲကွဲလှတဲ့
အနာဂတ်မြင်ကွင်းကို
ပီပြင်အောင် ပုံဖော်မကြည့်နိုင်တဲ့အခါ .....
ဟိုတုန်းက......ဆိုတဲ့
စကားနောက်က
အတိတ်နေ့ရက်တွေဆီ
လည်ပြန် ကြည့်မိကြတယ် မဟုတ်လား။
“ဟိုတုန်းက”လို့ ပြောကြလေတိုင်း
ဘာကိုပြောမလဲဆိုတာက ေတာ့
အသက်အရွယ်နဲ့ပဲ ဆိုင်ပါလိမ့်မယ်။
ဒါပေမယ့်
ဘယ်လို အသက်အရွယ် ရောက်ပါစေ
ဟိုတုန်းကလို့ ပြောကြတာက
လွမ်းဆွတ်တသမှုနဲ့ ပြောကြသူချည်းပါ။
ခံပြင်းနာကျည်းမှုနဲ့
အံတကြိတ်ကြိတ် လက်သီးတဆုပ်ဆုပ်နဲ့
ပြောဖြစ်တာလည်း ရှိမှာပေါ့။
ဒါပေမယ့်
ပြောရသူလည်း အလွမ်းပြေ၊
နားထောင်ရသူကလည်း ပျော်ရွှင်ကြည်နူးစေရမှာကတော့
လွမ်းဆွတ်တသမှုနဲ့ ပြောရတဲ့
အကြောင်းအရာတွေပါပဲ။
ဂျိုဇော် ရဲ့
ကျွန်တော်နှင့် ဥက္ကဌကြီးများ
စိုးဘားဒိုင် ရဲ့
ဘိုးတောင်းအို
ဆူးငှက် ရဲ့
ဟိုတုန်းက မန္တလေး
ညိုထွန်းလူ ရဲ့
ဟိုတုန်းက
စတဲ့ ဆရာလေးယောက်တို့ရဲ့
ဟိုတုန်းက ခေတ်
ဟိုတုန်းက စနစ်
ဟိုတုန်းက အချစ်
ဟိုတုန်းက အဖြစ်သနစ်များကို
တော်တီဆွေ ရဲ့
မျက်နှာဖုံး ပန်းချီ
မျိုးမင်းမြတ် ရဲ့
ဆရာလေးယောက် ကယ်ရီကေးချား များကို
ကြည့်ရှုခံစားရင်း
ပြုံးလိုက် ......
မဲ့လိုက် .....
ရယ်လိုက် ......
မောလိုက်......
ဖတ်ကြရမယ် ဆိုတဲ့အကြောင်း
သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျား။
ကျေးဇူးတင်ပါတယ် ခင်ဗျား
Momentum Book Publishing
ညိုထွန်းလူ ရဲ့
ဟိုတုန်းက
⏺⏺⏺
◼
ကပြနေတဲ့ဇာတ်လမ်းက ဒီလိုဗျ။
နောက်ဆုံးအခန်းမှာ ပြဇာတ်မင်းသားက
လူဆိုးတွေရှိတဲ့ စခန်းဆီကို သက်စွန့် ဆံဖျားသွားပြီး လူဆိုးတွေ ဖမ်းဆီးထားတဲ့ မင်းသမီးကို ကယ်ရတယ်။ လူဆိုးတစ်သိုက်နဲ့ နောင်ဂျိန်ချကြရတာပေါ့။
နောက်ဆုံးမှာ လူဆိုးဗိုလ်လုပ်တဲ့ သောင်းတင်ကြီးနဲ့ ပြဇာတ်မင်းသားတို့ သူတပြန်ကိုယ်တပြန် တွယ်ကြရင်း ရဲတွေရောက်လာပြီး လူဆိုး
ကိုဖမ်းခေါ်သွားမှာနဲ့ ဇာတ်သိမ်းမှာ။
ဒီတော့ နောက်ဆုံးအခန်းရောက်ရင်
လူဆိုးကို ဖမ်းဖို့အတွက် ဇာတ်၀င်ခန်းနဲ့လည်း ကွက်တိဖြစ်နေတော့ တကယ့်ရဲ
အစစ်တွေနဲ့ အစားထိုးလိုက်ရုံပဲ မို့
အစီအစဉ်အဆင်ပြေပါစေလို့ ဆုတောင်း
နေရတယ်။
တစ်ခန်းပြီးတစ်ခန်းကပြသွားရင်း တဖြည်းဖြည်းနဲ့ နောက်ဆုံးခန်း ရောက်ခါနီးလာလေလေ ကျုပ်ရင်တွေလည်း တဒုန်းဒုန်းခုန်လာလေပဲ။ ရဲတွေက အမှောင်ရိပ်ကိုခိုရင်းနဲ့ ဇာတ်ပွဲကို ကြည့်နေကြတော့ သူတို့အနားမှာရှိတဲ့ ပရိသတ်တွေက သတိမထားမိကြဘူး။
အဲဒီလိုနဲ့
နောက်ဆုံးခန်းကိုလည်း
ရောက်ကရော အဆင်သင့်စောင့်နေကြတဲ့ ဗိုလ်ကြီးတို့အဖွဲ့က တော်တော်သွက်တာဗျို့။ ချက်ချင်းပဲ ဇာတ်စင်ပေါ်ကို အမြန်တက်ပြီးတရားခံကို လက်ထိပ်ခတ်ပြီး ဖမ်းလိုက်ကြတယ်။ လူကြမ်းလုပ်တဲ့သူက သူ့ကိုဖမ်းမယ့်သူဟာရဲအစစ်တွေမှန်း သိလိုက်တာနဲ့ မျက်စိမျက်နှာပျက်သွားပြီး ထွက်ပြေးဖို့လုပ်ပေမယ့် ဟိုက သူ့ထက်လျင်တယ်လေ။
လက်ထိပ်ခတ်ဖမ်းပြီး နားရင်းကို ဖြောင်းခနဲရိုက်လိုက်ရင်း
‘ဟေ့ကောင် ဘာမှတ်နေလဲ၊ ရာဇဝတ်ဘေးပြေးမလွတ်ဘူးကွ။ ငါတို့
လက်ထဲက ဘယ်တော့မှမလွတ်ဘူး မှတ်ထား’လို့ ကြိမ်းဝါးလိုက်တယ်။
အဲသမှာပဲ ပရိသတ်က အစစ်အမှန်လို သရုပ်ဆောင်တယ်မှတ်ပြီး လက်ခုပ်တွေ
တီးလိုက်ကြတာများနှယ်။ ဖြစ်စဉ်ကိုမသိတဲ့ ပြဇာတ်မင်းသားနဲ့ မင်းသမီးက
ပြဇာတ်တိုက်ထားတဲ့အတိုင်းကလို မဟုတ်လို့ ကြောင်ကြည့်နေကြတယ်။
ဇာတ်လမ်းအရဆိုရင် လူဆိုးကို ရဲကဖမ်းသွားတာနဲ့ နောက်ဆုံးမှာ မင်းသမီးနဲ့မင်းသားက ချစ်စကားတွေပြောပြီး သီချင်းလေးဆိုရင်း ကားလိပ်ချလိုက်ပြီး ပြဇာတ်ခန်းပြီးသွားရမှာကိုး။
နို့ပေမယ့်
မထင်မှတ်တာတွေ ဖြစ်ကုန်ပြန်တယ်။
တရားခံကို ဖမ်းသွားတဲ့ရဲတွေ
ဇာတ်စင်အောက်ကို ဆင်းသွားကြပေမယ့်
တစ်ယောက်က စင်ပေါ်မှာကျန်ရစ်ခဲ့တယ်။
နောက်ဆုံးမှ ဆင်းမယ်လို့ မှတ်နေတာ
မဟုတ်ဘူးဗျို့။
ကိုယ်တော်ချောက သူ့လက်ထဲမှာ ကိုင်ထားတဲ့
ရိုင်ဖယ်သေနတ်ပြောင်းကို အောက်ကိုစိုက်ထားရင်း ဇာတ်စင်ရဲ့ ဟိုဘက်နဲ့ဒီ
ဘက်ကို နှစ်ခေါက်တိတိ အသွားအပြန် လျှောက်လိုက်တယ်။
မိုက်ခွက်တွဲလောင်းချထားတဲ့ ဇာတ်ခုံရဲ့အလယ်နေရာကို ရောက်တော့ ပရိသတ်ဘက်ကို မျက်နှာမူလိုက်တယ်။ ကျုပ်တို့ဆီက ရမ်ကိုတွယ်ထားလို့ နည်းနည်းလည်းမူးနေတယ်။ ခဏနေတော့ ဘာမပြောညာမပြောနဲ့ တဟားဟားရယ်လိုက်ပါရော။
ရယ်သံတွေဆုံးသွားတာနဲ့
“ကျုပ်တို့က ပြည်သူ့ရဲတွေ။ ပြည်သူတွေရဲ့အကျိုးအတွက် ပင်ပန်းဆင်းရဲတာကိုမမှု၊ နှစ်ဆယ့်လေးနာရီ ထမ်းဆောင်းနေတာပါ။ လူဆိုးမှန်ရင် ရဲကဖမ်းမယ်။ ဒါကကျုပ်တို့ရဲ့တာဝန်တွေပဲ။ အဟွန်းဟွန်း. .ဟွန်းဟွန်း”
အဲသလိုပြောလိုက်တော့ ပရိသတ်ကလည်း ဘာမသိညာမသိနဲ့ လက်ခုပ်သြဘာတွေပေးကြတယ်။
တကတဲဗျာ
လက်ခုပ်သံတွေလည်း ကြားလိုက်ရရော
ကိုယ့်လူက ဘ၀င်လေဟပ်သွားပြီး တစ်ယောက်တည်း ပြောလိုက်ရယ်လိုက်နဲ့။
လောကကြီးကိုမေ့လျော့သွားပြီး ဘယ်တုန်းက ရှိနေမှန်းမသိတဲ့ အိုက်တင်တွေကို လွှတ်ထုတ်နေပါရောလား။ ဇာတ်ခုံထောင့်မှာ ရှိနေကြတဲ့ ကျုပ်တို့တတွေလည်း အံ့သြလွန်းလို့ မျက်လုံးမျက်ဆံတွေပြူးထွက်ကုန်ရင်း မတိုင်ပင်ဘဲနဲ့ ဟယ် . .ခနဲလို့ တစ်ပြိုင်တည်း ထွက်လာတဲ့အသံဟာ ဆူညံသွားပြီး မိုက်ခွက်က
အက်ခိုးသံလို ဟယ် . .အယ်အယ် . .ဖြစ်ရင်း လေထဲမှာလွင့်မျောသွားတယ်။
အားလုံးခြေမကိုင်မိလက်မကိုင်မိနဲ့ ပျာယာခတ်ကုန်ကြတယ်။
ရုတ်တရက်ကြီးမို့ ဘာလုပ်ရမှန်းမသိဘူးလေ။ မထင်တာတွေဖြစ်ကုန်တဲ့ဥစ္စာ။
ဘိုးငြိမ်းလည်းဒေါပွသွားတယ်။
“ဒီမှာ ခင်ဗျားကောင်က ဆင်းမလာသေးဘဲနဲ့ ဇာတ်စင်ပေါ်မှာဘာလုပ်နေတာလဲ။ ကျုပ်တို့ ရပ်ကွက်ဘုရားပွဲကို တမင်သက်သက်ဖျက်တဲ့ သဘောလား။ အခု သွားခေါ်ပါ။ တရားဥပဒေကို လေးစားပါ”
စောစောက ဗိုလ်ကြီး ဗိုလ်ကြီးလို့ခေါ်တဲ့ ဒုရဲအုပ်ကို တွန်းမှုတ်တော့တာကိုးဗျ။ ဘိုးငြိမ်းရဲ့အပြောင်းအလဲကလည်းမြန်သဗျို့။ ကိုယ်ဘက်က နိုင်တဲ့အလှည့် ရောက်တာနဲ့ မျက်နှာထားရောလေသံရော ခပ်တင်းတင်း။ အဲသမှာပဲ ရဲတစ်ယောက်က စင်ပေါ်ကိုလွှားခနဲ အမြန်ခုန်တက်လိုက်ပြီး
ပရိသတ်ကိုထင်ရာစွပ်ပြောနေတဲ့ သူတို့လူကို ဆွဲခေါ်တယ်။ အမယ် ကိုယ့်ဆရာက
ကြည်ကြည်သာသာလိုက်မသွားဘူး။
သူ့ကိုဆွဲခေါ်တဲ့ လက်ထဲက ရုန်းထွက်ပြီး ပရိသတ်တွေကို အော်ပြောနေတုန်း။
ကားလိပ်ချတော့ဟ။ ဘာလုပ်နေတာတုန်း။ အော်တဲ့သူက အော်။ ဆူညံတဲ့လက်ခုပ်သံတွေ။ လက်မောင်းကိုဆွဲ
ပြီးခေါ်သွားတဲ့သူရဲ့နောက်ကို အနုပညာမုဒ်တက်နေတဲ့ ရဲသားလည်း
ယက်ကန်ယက်ကန်ပါသွား။
Momentum စာအုပ်တိုက်မှ မကြာမီ ထုတ်ေဝဖြန့်ချိမည့်
ဟိုတုန်းက. စာအုပ်မှ
ဆူးငှက် ရဲ့
ဟိုတုန်းက မန္တလေး
◼
စုန်းတိုက်လို့ နိုင်တဲ့ည
အိမ်တော်ရာ ဘုရားပွဲတော်က နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၁ရက်၊
၁၃ရက်ပါ။ ၁၁ရက်နဲ့ ၁၂ရက်မှာ ပွဲခင်းပြီး ၁၃ရက် မနက်မှာ ဆွမ်းလောင်းလို့
ရေစက်ချတာပါ။ အစည်ဆုံးက ၁၂ရက်နေ့ညပါပဲ။ အဲဒီညဆိုရင် ဘုရားရင်ပြင်တော်ကြီးမှာ အနောက်တောင်ထောင့်မှာ တစ်ငြိမ့်၊ အရှေ့တောင်ထောင့်မှာ တစ်ငြိမ့်၊
အရှေ့မြောက်ထောင့်မှာ တစ်ငြိမ့်၊
အနောက်မြောင့်ထောင့်မှာ တစ်ငြိမ့်…။
အငြိမ့်အားလုံးဟာ အလယ်ဗဟို စေတီကြီးဆီ ဦးခိုက်ထားကြရတယ်။ ငါးငြိမ့်ပါတဲ့ နှစ်ဆိုရင် အနောက်ဘက်အလယ်မှာ တစ်ငြိမ့် နဲ့ တောင်ဘက်အလယ်မှာ တစ်ငြိမ့် နေရာချပေးပါတယ်။
အိမ်တော်ရာပွဲဟာ အငြိမ့်တွေ ပြန်လည် ဖွဲ့စည်းပြီး ပွဲရာသီအသစ်အစ ပွဲခွင်တစ်ခွင်ပါ။ ပြီးတော့ ဘုရားဝင်းရဲ့ အနောက်ဘက်မှာ မန္တလေးမြို့ရဲ့ နာမည်ကျော် စာသင်တိုက် ဘုန်းကြီးကျောင်းကြီးတွေ ရှိပါတယ်။ ဘုရားပွဲ
တော် ရောက်ရင် အနယ်နယ်အရပ်ရပ် ပွဲငှားတွေက ဘုန်းကြီးကျောင်းတွေမှာ လာတည်းကြပြီး ပွဲအကဲခတ်၊ ပွဲစနည်းနာ ရောက်လာလေ့ ရှိတယ်။ သူတို့နယ်မှာ ဒီနှစ်အတွင်း အလှူအတန်း ပွဲလမ်းတွေ၊ ဘုန်းကြီးပျံ၊ မယ်တော်ပျံ၊
ဘတော်ပျံ ပွဲလမ်းတွေမှာ မန္တလေးအငြိမ့်ငှားဖို့ တက်လာကြရင်း ဘယ်အငြိမ့် ငှားရမလဲဆိုတာ အိမ်တော်ရာပွဲမှာ ဆုံးဖြတ်ကြတာကိုး။
ဒါကြောင့် အိမ်တော်ရာပွဲဆိုရင် မန္တလေးရဲ့ ထိပ်ပိုင်းအငြိမ့်တွေက က, ချင်ကြတယ်။ နာမည်ယူချင်ကြတယ်။ အိမ်တော်ရာမှာ လမိုင်းကပ်ရင်၊ ပေါက်ရင် တစ်နှစ်လုံး က,ပါလေရော။ တစ်ပြည်လုံးအနှံ့ က,ပါလေရော ဆိုတာမျိုးကိုး။ ဘုရားပတ်လည် အရပ်တွေကလည်း ကုန်သည်ပွဲစား အရပ်ချည်းမို့ အကောင်းကြိုက်တယ်။ ဒါကြောင့်လည်း အငြိမ့်ကောင်းချည်းပဲ အပြိုင်အဆိုင် ငှားကြတယ်။ ဒါကြောင့် အိမ်တော်ရာဘုရားပွဲမှာ အငြိမ့်တွေဟာ အကောင်းပြိုင်ကြတာချည်းပါ။
ဒီလိုပြိုင်ကြရာမှာ စေတီပတ်လည် ရင်ပြင်တော်ကြီး တစ်ဝိုင်တည်း စုထားတဲ့ ပရိသတ်ကြီးထဲ စုပြီးပြိုင်ရတာမျိုးမို့ ပညာသားပါတယ်။ အကင်းပါးရတယ်။ ကရိုးကစဉ် ပုံစံမျိုးနဲ့ မတိုးနိုင်ဘူး။
တစ်နှစ်တင်ကပေါ့။
သီတင်းကျွတ်လဆန်း ၁၂ရက် နေ့ည …။
ထုံးစံအတိုင်း အငြိမ့်က လေးငြိမ့်၊
ဖြစ်ချင်တော့
အငြိမ့် သုံးငြိမ့်က
အဲဒီအချိန်က မန္တလေးမှာ
ဘယ်သူမှ ‘တစ်” နံပါတ် မထားဘူးဆိုတဲ့ အငြိမ့်တွေ။
ကိုယ်ပိုင် စာရေးဆရာ၊
ကိုယ်ပိုင် ဒါရိုက်တာတွေနဲ့။
ကျန်တစ်ငြိမ့်ကတော့
ဒုတိယတန်းစားလို့ပဲ ပြောရမှာပေါ့။ လူရွှင်တော်ကြီးတွေက အသက်ကြီးပြီ။ ဒါ
ပေမယ့် ဝါရင့်လူကြီးတွေပါ။ မင်းသမီးကလည်း သာမန်၊ ဆိုင်းကလည်း သာမန်၊
ကိရိယာ တန်ဆာပလာကလည်း သာမန်ပါ။
ဒါပေမယ့် ဝါရင့် လူရွှင်တော်ကြီးတွေကြောင့် ပရိသတ်စွဲတယ်။
ထိပ်သီး အငြိမ့်သုံးငြိမ့်
နာမည်ကြီးနေတာက အော်ပရာတွေပါ။
အဲဒီအချိန်က
မန္တလေးမြို့ အော်ပရာခေတ်လို့
ပြောရမယ့် အချိန်၊
မန္တလေးထုတ်
ဟံသာဝတီသတင်းစာ ရပ်စဲလိုက်တော့
အရှိန်ကောင်းဆဲ မန္တလေးကလောင်တွေ
အငြိမ့်စင်ပေါ် ရောက်ကုန်ပြီး
လက်စွမ်းပြချိန် ကာလပေါ့။
အော်ပရာတွေ
ဟာ ရည်ရွယ်ချက်တွေရော၊
သမိုင်းအချက်အလက်တွေရော၊
အတင်အပြတွေ
ရော၊ တကယ့် အညွန့်အဖူးတွေ။
ဒီနှစ်ဘုရားပွဲမှာ အဲဒီလေးငြိမ့် ဆုံကြမယ်။
ပရိသတ်က မကခင် က
တည်းက ဒုတိယတန်းစား အငြိမ့်ကို ကရုဏာ သက်နေတယ်။ စာနာနေတယ်။
အဲဒီည ရင်ပြင်တော်ကြီးမှာ ပရိသတ်က တိုးဝှေ့နေကြရတယ်။ စည်လိုက်တဲ့နှစ်။
အငြိမ့်တွေက ဝီရိယကောင်းစွာနဲ့ ရှစ်နာရီ မထိုးသေးဘူး ကရောင်းရိုက်ပြီး ရှစ်နာရီခွဲသာသာမှာ အငြိမ့်စထွက်ကြပြီ။
ပြောပြီးသားပါ။
အိမ်တော်ရာပွဲ ကကြရင် အကင်းပါးကြရတယ် ဆိုတာလေ။ ဒါကြောင့် ထိပ်သီးအငြိမ့်က သဘောပေါက်ထားတယ်။ သူတို့ရဲ့ နာမည်
အကြီးဆုံး အော်ပရာတွေချည်း ကကြမှာ။ ပရိသတ်ကလည်း ဒီအော်ပရာတွေကို မျှော်လင့်နေတော့ ဒီသုံးငြိမ့်မှာ ဘယ်အငြိမ့်ရှေ့ ထိုင်ရမလဲ ဆိုတာတောင် ဝေခွဲရ ခပ်ခက်ခက်ရယ်။
ဒါပေမယ့် (၃)ငြိမ့်စလုံး ရှေ့မှာ ပရိသတ်က
တစ်ခဲလို့။ ကျန်ဒုတိယတန်းစား အငြိမ့်ရှေ့မှာတော့ မျက်နှာပူစရာ အားနာစရာကောင်းလောက်အောင် ပရိသတ်က ကျိုးတိုးကျဲတဲ။
ပွဲစအထွက်မှာ ထိပ်သီးအငြိမ့်ကြီး တစ်ငြိမ့်က သူ့နာမည်ကျော် အော်ပရာအဖွင့်အဖြစ်
ဗိန်းမောင်းတိုက်ပြီး အရူးမက
မန္တလေနန်းတော်ထဲ ဝင်ပါရောလား။
ဗိန်းမောင်းသံကြောင့် ပရိသတ်က သူ့အငြိမ့်ဆီ အာရုံစိုက်ပြီး ပြုံတိုး ကြတယ်။
ဟော နောက် ပထမတန်း အငြိမ့်ကြီးကလည်း သူ့လက်ရွေးစင် အော်ပရာက
၁၃၀၀ ပြည့် အရေးတော်ပုံမို့
ရေနံမြေမှာ အလုပ်သမားတွေကို
မြင်းခွာသံ တဖြောင်းဖြောင်းနဲ့
အင်္ဂလိပ်ပုလိပ်တပ်က တရကြမ်း နှိမ်နင်းတဲ့
အော်ပရာအဖွင့်မို့
ပရိသတ်က အဲဒီအငြိမ့်ဘက် ပြေးကြပြန်ရော။
ကျန်နာမည်ကျော် အငြိမ့်ကြီးကလည်း
အမြဲတမ်း သရဖူဆောင်းနေတဲ့ သူ့အော်ပရာမှာ
စည်ကြီးတီးပြီး ရန်ပယ်ချောင်းက ရေတွေလွှတ်ကာ ဗိဿနိုးမြို့ကြီးကို ရန်သူ့လက်က ကယ်တဲ့အခန်း ညာသံပေးပြီး တင်ဆက်လိုက်တော့ ပရိသတ်က သူ့ဆီ ပြိုဆင်းသွားပြန်ပါရော။
ဒုတိယတန်း အငြိမ့်ရှေ့မှာတော့ ပရိသတ်က တိုးမလာတဲ့အပြင် ကျိုးတိုးကျဲတဲ့ လက်ကျန် ပရိသတ်တောင် စောစောက အသံတွေဆီ၊
အပြတွေဆီ ထပြေးကုန်ကြပြီ။ သူ့အငြိမ့်က
အငြိမ့်ခန်း အားပြုတာ။ အော်ပရာဆိုရင် အဖြစ်လောက်။ ကျောင်းဆရာကြီး ထွက်လာ စကားပြော။ နောက်တစ်ခန်း ကျောင်း
သူလေးတွေ ယိမ်းက၊ ဒါမျိုးလောက်ကိုး။
ဒါကြောင့် ဒီပွဲမှာဖြင့် ဖျာအုပ်ပြန်ရုံဆိုတဲ့ ကိန်းဆိုက်နေပြီ။
ဒါပေမယ့် အဲဒီနေ့ညက
ကျန်တဲ့ ထိပ်သီးပထမတန်း အငြိမ့်ကြီး သုံးငြိမ့်ရှေ့က ပရိသတ်တွေကို
အဲဒီ ဒုတိယတန်း အငြိမ့်ရှေ့ စုပြုံရောက်လာအောင် လုပ်နိုင်ခဲ့တယ်။
လုပ်နိုင်ခဲ့ရုံမက ကျန်တဲ့ အငြိမ့်တွေ ရှေ့ဆက်ကဖို့ တော်တော် ခက်ခက်ခဲခဲတောင် ဖြစ်သွားခဲ့သေးတာပဲ။ လုပ်ပုံက ဒီလိုလေ။
ကျန်တဲ့ အငြိမ့်တွေ
ပရိသတ်စည်နေချိန်
သူ့အငြိမ့်ရှေ့ လူမရှိ သူမရှိ
ကန့်လန်ကာမှ မဖွင့်ရသေးခင်
အဲဒီအငြိမ့်ပိုင်ရှင် ဝါရင့်လူရွှင်တော်ကြီးက
သမ္ဘာနဲ့ သိလိုက်ပြီ။
ဒီပွဲမှာ ဘယ်လို အနိုင်ယူရမလဲဆိုတာ။
ဒါကြောင့် သစ်သားမီးခြစ် သုံးထုပ်လောက်
အမြန် ပြေးဝယ်ခိုင်းလိုက်တယ်။
ပြီးတော့ ဘာ
မဆိုင် ညာမဆိုင် မီးခြစ်ယမ်းတွေနဲ့
ဗျောက်တွေ တဒိုင်းဒိုင်း တဒိန်းဒိန်း
ဖောက်လိုက်တယ်။
အဆက်မပြတ်၊
ဆိုင်းကလည်း ဒိန်းချမ်း၊ ဒိန်းချမ်းနဲ့ အဆူ။
ကိုင်း စဉ်းစားကြည့်၊ ဒီလောက် အသံတွေ ဆူနေမှတော့ ပရိသတ်က သူ့ဘက် အာရုံရောက် ကုန်ပြီပေါ့။ ဒီအသံတွေကလည်း အလုပ်လုပ်နေတဲ့ ကျန်အငြိမ့်တွေမှာ အတော်အနှောင့်အယှက် ဖြစ်ပြီပေါ့။ ပရိသတ်က ကန့်လန့်
ကာ မဖွင့်သေးဘဲ ဗျောက်သံ တဒိုင်းဒိုင်းပေးနေတဲ့ အငြိမ့်ဆီ ပြေးကြည့်ကြတယ်။
ဘာ ဇာတ်လမ်းပါလိမ့်၊
ဘာ ဇာတ်ထုပ်ပါလိမ့်၊
ပရိသတ်က စုပြုံတိုးကြတယ်။
အငြိမ့်ပိုင်ရှင် လူရွှင်တော်ကြီးက
မျက်နှာကို ပေါင်ဒါတွေ ဖွေးနေအောင်ပုတ်၊ ထဘီတစ်ထည် ဇောက်ထိုး၊ ရင်လျားဝတ်၊ တောင်ဝှေးဆွဲပြီး ကန့်လန့်ကာအဖွင့်မှာ
စုန်းမလုပ် ထွက်လာတာ။ ပြီးတော့ သေတ္တာပေါ် ဆောင့်ကြောင့်ထိုင်ပြီး တောင်စဉ်ရေမရ အောက်လုံးတွေ ပြောတော့တာပဲ။
ဘာဇာတ်လမ်းမှ မဟုတ်ဘူး။
ပရိသတ်မှာ တဝါးဝါးနဲ့
ပါးစပ်ပိတ်မရတော့ဘူး။
ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းနဲ့
အပြနဲ့ အကနဲ့ အပီအပြင် လုပ်ထားတဲ့
ကျန်တဲ့ ထိပ်သီး အငြိမ့်ကြီးတွေ ကွဲပြီ။
ဘာဇာတ်ကွက်မှ မရှိဘဲ ပရိသတ်ကို
အသံဗလံနဲ့ မျှားခေါ်၊
ကိုယ့်ရှေ့ ပရိသတ်ရောက်မှ
ကိုယ်ပြောချင်ရာ ပြောသွားတဲ့ အငြိမ့်က အဲဒီညမှာ နိုင်သွားတယ်။
Momentun စာအုပ်တိုက်မှ
မကြာမီ ထုတ်ဝေဖြန့်ချိမည့်
ဟိုတုန်းက စာအုပ်မှ
စိုးဘားဒိုင်ရဲ့
သူငယ်လည်ပြန်........
ဟိုတုန်းက
◼
ဒိုင်မှာ စပါးသွားသွင်းတဲ့အခါ ကျွန်တော် မှတ်မိနေတာလေးတစ်ခု
ရှိပါသေးတယ်။ အဲဒါကတော့ လယ် ၁၀ဧကပိုင်တဲ့ ကျွန်တော်တို့က လှည်းသုံး
စီးတိုက်နဲ့ စပါးသွားသွင်းကြရပေမယ့် သူပိုင်၊ သူ့သားသမီးတွေပိုင် နာမည်
ပေါက်ထားတဲ့ လယ်ဧက ၇၀ကျော်ပိုင်တဲ့ အဘိုးထိန်ကြီးတို့ဆိုရင် လှည်းအစီး
၂၀ တိုက်လောက် သွားသွင်းရမှာကို ၁၀စီးပဲ လာသွင်းတာတွေ့တယ်။
"ဘထိန်ကြီးတို့က စပါးတစ်ဝက်ငွေတစ်ဝက်သွင်းတာတဲ့၊ လိုတဲ့စပါးတင်းတွေအတွက် ငွေပေးလိုက်တာတဲ့၊ ဒိုင်သွင်းစျေးနဲ့ သွင်းရတာဆိုတော့ ဘထိန်ကြီး သက်သာတာပေါ့ "
အဘိုးထိန်ကြီး စပါးတစ်ဝက်၊ ငွေတစ်ဝက်သွင်းတဲ့ကိစ္စက လက်သိပ်ထိုးလုပ်တာပါ။ အဲဒါကိုဖွားသောင်းရီက ဘယ်လိုဘယ်က ကြားလာရမှန်းမသိဘဲ အမိကိုပြောတော့ အမိက ဟုတ်ဟုတ်မဟုတ်ဟုတ် လျှောက်မပြောပါနဲ့ ကြီးသောင်းရယ်လို့ တားတယ်။ ဘိုးထိန်များငယ်နိုင်ပါတော်လို့ ဖွားသောင်းရီကပြန်ပြောတယ်။ ဘထိန်ကြီးကိုပြောတာ မဟုတ်ဘူး၊ ဒိုင်
က လူတွေသိသွားရင် ကြီးသောင်းရီကို ဖမ်းချုပ်တာတွေ ဘာတွေလုပ်မှာကြောက်လို့ ပြောတာဆိုတော့မှ ဖွားသောင်းရီလည်း လန့်သွားပြီး ညည်းတစ်ယောက်ပြောတာပါအေ၊ ညည်းကနှုတ်လုံလို့ပါဆိုပြီး ပိတ်သွားတယ်။
အဘိုးထိန်ကြီးရဲ့ ဒီနည်းဗျူဟာကို အတော်ကြီးကြာမှ ကျွန်တော်သိရတယ်။ ဒိုင်က တင်းတောင်းကြီးတွေနဲ့ ဆက်စပ်နေတာကိုလည်းသတိထားမိသွားတယ်ဗျ။ တင်းတောင်းကြီးက ပိုတဲ့စပါးတွေကို ပြန်ရောင်းထုတ်
ရမှာနဲ့စာရင် အဘိုးထိန်ကြီးနဲ့ လက်သိပ်ထိုးလုပ်တာက ပိုပြီးအဆင်ပြေတာကိုးဗျ။ အဲဒီအကွက်က အဘိုးထိန်ကြီးလည်လို့ မဟုတ်ဘူးဆိုတာကိုလည်း အကြောင်းသိတဲ့ ကျွန်တော်က တွက်မိပါတယ်။ ဒိုင်ကလူတွေကပဲ စပါးများများသွင်းရတဲ့ အဘိုးထိန်ကြီးကို ကပ်ညှိသွားတာပဲဖြစ်ရမယ်။ ကျွန်တော်တို့ရဲ့ တာဝန်ကျေဦးကြီးတွေဟာ အစိုးရလူတွေနဲ့ပတ်သက်လာရင် တကယ်
ကြောက်ကြတာမဟုတ်လား။
အဘိုးထိန်ကြီးစပါးတစ်ဝက်၊ ငွေတစ်ဝက်ကိစ္စ ကျွန်တော့်လည်ပြန်အတွေးထဲကို ဝင်လာတော့ ကျွန်တော် စက်လှေလုပ်တုန်းက ပြည်သူ့ဆန်
(စကားလုံးကလေးလှ)တွေကို စက်လှေနဲ့တင်ပို့ဖူးတယ်။ အဲဒီဆန်တွေက သမဝါယမကနေ စာအုပ်နဲ့ ခွဲတမ်းချရောင်းပေးတဲ့ ဆန်တွေဆိုတော့ ပြည်သူဆန်လို့ ခေါ်ကြတာ။ ဆန်အိတ်တွေက လျော့တိလျော့ရဲတွေ။ အိတ်အပိုတွေ
ကလည်း ပါသေးတယ်။ တံဆိပ်ရိုက်ပြီးသား အိတ်အလွတ်တွေပေါ့။ ဆန်အိတ်တွေကိုလည်း ထိပ်ကခပ်ကြားကြားကလေး ချုပ်ထားတယ်။ လှေထဲ အတင်အချလုပ်တော့ ချုပ်ရိုးကြားကနေ ဆန်တွေအန်ထွက်လာတာ စက်လှေတစ်
ခေါက်တစ်ခေါက်ဆို ဖျာကြမ်းခင်းထားတဲ့ လှေဝမ်းထဲကနေ အိတ်လေးငါးဆယ်လောက် ကျုံးယူရတယ်။ အဲဒီ ကျုံးထားတဲ့အိတ်တွေကို သန့်သန့်တင်သွားတာ မဟုတ်ဘဲအကုန်တင်သွားတယ်။ အဲဒီဆန်ကို ဘယ်လို ကုလားဖန်ထိုးသလဲဆိုတာတော့ အသေးစိတ်မသိဘူး။ ကျွန်တော်တို့ကို ဝယ်ထားခဲ့မလားဆိုပြီး တိုးတိုးတိတ်တိတ် စပ်တာကို တံဆိပ်ပါတဲ့ အိတ်ကြီးတွေနဲ့ဆိုတော့ မဝယ်ရဲလို့မဝယ်ခဲ့ဘူး။
သမဝါယမဆိုင်တွေကလည်း ပေါင်ချိန်နဲ့ လက်ခံရတာမျိုးမဟုတ်တော့ အိတ်ရေအတိုင်းပဲလက်ခံရတယ်။ လျှော့နေတဲ့အိတ်တွေကိစ္စ ဘယ်လို သဘောတူညီမှုတွေ လုပ်ကြသလဲဆိုတာတော့ မသိဘူး။ အဲဒီတော့ ကျွန်တော်တို့ကို ပြန်ထုတ်ပေးတော့ သူတို့ကလည်း ပြည်တောင်းကို သီးသန့်ပြည်တောင်း သုံးတယ်။
စပါးတင်းတောင်းကျတော့ နည်းနည်းပိုပြီး၊ ဆန်ပြည်တောင်းကျတော့ နည်းနည်းလျှော့သွားတာပေါ့။ ဒါတောင် တင်းတောင်းတို့၊ ပြည်တောင်းတို့ကို ဝါးလုံးနဲ့ဇလုတ်တိုက်တဲ့အခါ ယောင်ယောင်လေးကောက်နေတဲ့ ဝါးလုံး
ကိုသုံးပြီး တင်းတောင်းထဲ မောက်ချန်တိုက်တာ၊ ပြည်တောင်းထဲ ခွက်ချန်
တိုက်တာ မပါသေးဘူး။ ဆန်တစ်ပြည်ဟာ နို့ဆီဗူး ခုနစ်လုံးရတယ်ဆိုရင် တော်တော်သဘောထားကြီးတဲ့ သမဝါယမဆိုင်လို့ ပြောလို့ရသဗျ။
Momentum စာအုပ်တိုက်မှ မကြာမီ ထုတ်ဝေဖြန့်ချိမည့် ဟိုတုန်းက စာအုပ်မှ
Momentum Book Publishing က
ထုတ်ဝေဖြန့်ချိထားတဲ့ စာအုပ်များကို
၂၅ % လျှော့ စျေးနဲ့ မှာယူရရှိနိုင်မယ့်အခွင့်အရေး
🛑ဇန်န၀ါရီလ ( ၃၁ ) ရက်နေ့ထိ မှာယူမယ့် စာအုပ်များအတွက်
၂၅ % Discount ရမယ့်အပြင်
🛑၂၀၀၀၀ ကျပ် နဲ့ အထက်
မှာယူမယ်ဆိုရင်
🛑 ပို့ဆောင်ခ အခမဲ့နဲ့ပါ
ပို့ဆောင်ပေးမယ်ဆိုတဲ့အကြောင်း
စာဖတ်ပရိသတ်များကို
သတင်းကောင်း ပါးအပ်ပါတယ်။
📕
စာအုပ်မှာယူမည်ဆိုပါက
အမည်
📫လိပ်စာ
☎ဖုံးနံပတ်များကို
📧Messenger Box ကနေ ပေးပို့မှာယူနိုင်ပါတယ်။
🔳🔳🔳🔳🔳🔳🔳🔳🔳🔳
မှာယူနိုင်တဲ့ စာအုပ်တွေကတော့
၁။ "ချစ်လို့လွမ်း လွမ်းလို့ချစ် " ညိုထွန်းလူ
မူရင်းတန်ဘိုး = ၅၀၀၀ ကျပ်
(ယခု - ၃၇၅၀ ကပ်)
၂။ "အိပ်မက်ရွာ " •နေမင်းနိုင် (မြန်မာပြန်)
Dreams of Ding Village by Yan Lianke
မူရင်းတန်ဘိုး = ၈၀၀၀ ကျပ်
(ယခု - ၆၀၀၀ ကျပ်)
၃။ "ငါသည် တရုတ်ပြည်"•လူငြိမ်း(မြန်မာပြန်)
I am China by Xiaolu Guo
မူရင်းတန်ဘိုး = ၁၀၀၀၀ ကျပ်
(ယခု - ၇၅၀၀ ကျပ်)
၄။ ကမ္ဘာကျော် ပန်းချီဆရာများ၏ ဘဝ ကမ္ဘာကျော် ပန်းချီဆရာများ၏ ပန်းချီ
မောင်ကျော်သာ (ပဲခူး)
မူရင်းတန်ဘိုး = ၁၅၀၀၀ ကျပ်
( ယခု - ၁၁၂၅၀ ကျပ်)
၅။ မှတ်မှတ်သားသား ကျောက်မျက်များ
ကျောက်ရိုင်း (ဘူမိ)
မူလတန်ဘိုး = ၁၂၀၀၀ ကျပ်
(ယခု - ၉၀၀၀ ကျပ်)
၆။ ကဗျာ၏ လာရာ ကဗျာ၏ လားရာ
ကဲဆုသာ
မူလတန်ဘိုး - ၄၀၀၀ ကျပ်
ယခု - ၃၀၀၀ ကျပ်
၇။ ခရုသင်းတေးသံ - ( နေမင်းနိုင် - ြမန်မာပြန်)
မူလတန်ဘိုး - ၄၅၀၀ ကျပ်
ယခု - ၃၃၀၀ ကျပ်
၈။ ဒရက်ကူလာ (လင်းသစ်နိုင် - ြမန်မာပြန်)
ကမ္ဘာ့ဂန္ထဝင်မိတ်ဆက်စာစဉ် - ၁
မူလတန်ဘိုး - ၃၀၀၀ ကျပ်
ယခု - ၂၂၅၀ ကျပ်
၉။ ဖရန်ကင်စတိုင်း (လင်းသစ်နိုင် -ြမန်မာပြန်)
မူလတန်ဘိုး - ၃၅၀၀ ကျပ်
ယခု - ၂၆၀၀ ကျပ်
ကမ္ဘာ့ဂန္ထဝင်မိတ်ဆက်စာစဉ် - ၂
၁၀။ ပီတာပင် ( ရဲကျော်မြင့်- မြန်မာပြန်)
မူလတန်ဘိုး - ၃၅၀၀ ကျပ်
ယခု - ၂၆၀၀ ကျပ်
ကမ္ဘာ့ဂန္ထဝင်မိတ်ဆက်စာစဉ် - ၃
••••••••••••
စာဖတ်ပရိသတ် အားလုံးကို
ကျေးဇူးအထူး တင်ရှိပါတယ် ခင်ဗျား
Momentum Book Publishing
ဂျိုဇော် ရဲ့
ဟိုတုန်းက
ကျွန်တော်နှင့် ဥက္ကဋ္ဌကြီးများ
◼
မန္တလေး... လေးပြင် လေးရပ်မှာ
သင်္ချိုင်းတွေ၊ သုဿန်တွေ ပေါ
သည်။ မီးသဂြိုဟ်စက် မပေါ်သေး။
အရိုးတွေလည်း ပေါသည်။
တောင်ပြင် ....လေယာဉ်ကွင်းနားမှာ...
ဆင်ဖြူကန် သင်္ချိုင်း၊
မြောက်ပြင် ....မန္တလေးတောင်ခြေမှာ
အုတ်စက်သင်္ချိုင်းနှင့် ခံကုန်းသင်္ချိုင်း။
အရှေ့ပြင် နန်းရှေ့ဘက်မှာ
ဦးကော သင်္ချိုင်း။
အနောက်ပြင်မှာ
ရွာဟိုင်းသင်္ချိုင်း။
တရုတ်သင်္ချိုင်းများလည်း ရှိသေးသည်။
နီးစပ်ရာ၊ အဆက်အသွယ်ရှိရာ သင်္ချိုင်းသို့ သွားဝယ်ကြရသည်။
ကျွန်တော်တို့ နှစ်ယောက်က ဆင်ဖြူကန်သင်္ချိုင်းသို့ သွားဝယ်ကြရသည်။ ဆင်ဖြူကန်သင်္ချိုင်းက ဆေးတက္ကသိုလ် အောင်ဆန်းဆောင်နှင့် အနီးဆုံးလည်းဖြစ်လေ၏။
နှစ်ယောက်သား စက်ဘီးကိုယ်စီဖြင့် ထွက်
လာခဲ့ကြသည်။ ကျောင်းဆင်းချိန် လေးနာရီကျော် ဖြစ်သော်လည်း မိုးသားတွေက အုံ့လာလိုက်၊ လင်းသွားလိုက်။ ရာသီဥတုက မကောင်း။
“မင်းတို့... သင်္ချိုင်းထဲ ဝင်လိုက်တာနဲ့ အစောင့်တွေ၊ အမေးအမြန်းတွေနဲ့ တွေ့လိမ့်မယ်...။ ဥက္ကဋ္ဌကြီးနဲ့ တွေ့ချင်လို့ပါပြော။ ဥက္ကဋ္ဌနဲ့တွေ့မှ အရိုးဝယ်မဲ့ ကိစ္စပြော။ ပေါက်ဈေး ၂၅ ကျပ်။
ပိုတောင်းရင် ဆစ်သာဆစ်။ တစ်ကျပ်မှ ပိုမပေးနဲ့။”
မကြာသေးခင်ကမှ အရိုးဝယ်လာသည့် သူငယ်ချင်းတစ်ယောက်က
အရောင်းအဝယ်ကိစ္စ အဆင်ပြေချောမွေ့ဖို့ အထပ်ထပ် ညွှန်ကြားသည်။
“ ဘာလဲဟ... သင်္ချိုင်းမှာလည်း
ဥက္ကဋ္ဌ ရှိတာပဲလား...”
အတူသွားမည့် သူငယ်ချင်းက အံ့သြဘနန်းမေးသည်။
“အေး... ဆိုရှယ်လစ်ခေတ်။
စနစ်ပြောင်းခေတ်ပြောင်းပြီ။
သူတို့ကို စဏ္ဍာလ လို့ မခေါ်ရတော့ဘူး။ သုဘရာဇာလို့လည်း မခေါ်ရတော့ဘူး။
သူတို့လည်း အလုပ်သမားလူတန်းစားပဲ။
အဲဒီမှာ အလုပ်သမား အစည်းအရုံးးရှိတယ်။ အစည်းအရုံးဥက္ကဋ္ဌက ဘုရင်ပဲ။
သူပြီးရင် အားလုံးပြီးတယ်။
ခု... မင်းတို့ သွား တွေ့ရမှာ... အဲဒီ ဥက္ကဋ္ဌပဲ။”
သူငယ်ချင်းစကား မှတ်သားပြီး ကျွန်တော်တို့နှစ်ယောက်၊ ဆင်ဖြူကန် သင်္ချိုင်းအဝင်ဝသို့ ရောက်လာကြသည်။ အဝင်ဝက တံတားလေးကို ကျော်ဖြတ်လိုက်သည်နှင့် သင်္ချိုင်းဂိုက် ခေါ်မလား...။ ဧည့်လမ်းညွှန်ခေါ်မလား..။ လူတစ်ယောက် ထွက်တားသည်။ အင်္ကျီမပါ။ လုံချည်နွမ်းနွမ်းကို တိုတိုဝတ်လို့။ ဗိုက်ပူနံကား မျက်နှာအစ်အစ်။ အရက်နံ့လေး တသင်းသင်းဖြင့်...
ပဋိသန္တာရ ပြုသည်။
“ဘာကိစ္စလဲဟေ့...”
“ဥက္ကဋ္ဌကြီးနဲ့ တွေ့ချင်လို့ဗျ။ ကျွန်တော်တို့ ဆေးကျောင်းသားတွေပါ။ ဥက္ကဋ္ဌကြီးနဲ့လည်း သိပါတယ်။...”
ဧည့်လမ်းညွှန်သည် ကျွန်တော်တို့နှစ်ယောက်ကို ခြေဆုံး ခေါင်းဆုံး သေသေချာချာ ကြည့်၏။ ပြီးမှ... “လာလိုက်ခဲ့ ” ဟု ခေါ်ဆောင်သွားလေသည်။
ကျွန်တော်တို့ နှစ်ယောက်လည်း ဂိုက်ခေါ်ရာနောက် တကောက်ကောက်လိုက်ကြရ၏။ သုဿန်ဇရပ်လေးတွေ သုံးလေးခုကို ကျော်ပြီးသောအခါ သပ်သပ်ရပ်ရပ် တဲကလေးတစ်လုံး အနီးသို့ ရောက်လေ၏။ တဲကလေး အတွင်းမှာ... ကက်ဆက်သံ ညံနေသည်။ စိုင်းထီးဆိုင် ပေါ်ခါစအခွေထဲမှ
“သေအောင်ရွာပါမိုး”။
ဟာ... ဇိမ်ပဲ... တယ်ဟုတ်နေပါလား... ဟူသော အဓိပ္ပါယ်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြသည်။ တောင်အရပ်ဆီမှ မိုးခြိမ်းသံ သဲ့သဲ့လိုလိုလည်း ကြားရသည်။
သင်္ချိုင်းဂိုက်က ကျွန်တော်တို့ နှစ်ယောက်ကို သစ်ပင်အောက်က ခုံတန်းမှာ ထိုင်ခိုင်းပြီး တဲလေးထဲ ဝင်သွားသည်။
“သူတို့ရုံးခန်းလား မသိဘူး ”
သူငယ်ချင်းက မှတ်ချက်ပေးသည်။
ခဏနေတော့ ကက်ဆက်သံ ရပ်သွားသည်။ ဥက္ကဋ္ဌထွက်လာသည်။
“ဟွန်း... ဥက္ကဋ္ဌသာဆိုတယ်...
လူက ခွေးပစ်တဲ့တုတ်...”
တိုးတိုးလေး ရေရွတ်လိုက်သည့် သူငယ်ချင်းကို ကျွန်တော်က တံတောင်ဖြင့် လှမ်းတွတ်ရသည်။ ဟုတ်တော့လည်း ဟုတ်သည်... သူ့အ
ရပ်က ငါးပေ စွန်းစွန်းလောက်ပဲ ရှိမည်။ စွပ်ကျယ်လက်ပြတ် ရေညှိစိမ်းရောင်နှင့် မလေးရှားလုံချည် အကွက်ကြဲကြီးကို ခြေဖမိုးထိအောင် ဝတ်လို့။ ခေါင်းကလေးက မော့ လို့...။
“ဘာကိစ္စလဲဟေ့...”
“ကျွန်တော်တို့ အရိုးဝယ်ချင်လို့ပါ... ဥက္ကဋ္ဌကြီး။ ဒီမှာ ဝယ်ဖူးတဲ့
သူငယ်ချင်းတစ်ယောက်က လမ်းညွှန်လိုက်လို့ပါ။...”
ဥက္ကဋ္ဌသည် လက်ပတ်နာရီကို မြှောက်ပြီး ကြည့်လိုက်၏။ နေခြည်အပက်မှာ ဝင်းခနဲ လက်သွားသည်။ ကြိုးကချောင်ချောင်၊ အိုးက ကြီးကြီးဆိုတော့ တံတောင်ဆစ်ကွေးနားထိ လျှောဆင်းသွားသည်။
“ဘယ်နှထုပ် ယူမှာလဲ...”
“နှစ်ထုပ်ယူမှာပါ ဥက္ကဋ္ဌကြီး...”
ကျွန်တော်က ပျာပျာသလဲ ဖြေလိုက်သည်။ လူတစ်ယောက်၏ အရိုးစု အပြည့်အစုံသည် ဖြုတ်ဖြည်ထည့်လျှင် သုံးတင်းဝင် ဂုန်နီအိတ်တစ်လုံးနှင့် အံကျဖြစ်၏။ ဂုန်နီအိတ်ဟောင်းဖြင့် ထုပ်ထုပ်ပြီး ရောင်းသောကြောင့် တစ်ထုပ်၊ နှစ်ထုပ် စသည်ဖြင့် ရေတွက်ခြင်းဖြစ်၏
ဥက္ကဋ္ဌ၏မျက်နှာသည် တင်းနေရာမှ အနည်းငယ်ပြေလျှော့သွား၏။
ဂေ့ခနဲ လေချဉ်တစ်ချက်တက်ပြီးမှ...
“ဒီနေ့တော့ တစ်ထုပ်ပဲ ရတော့မယ်။ တစ်ထုပ်က ဆေးလို့ ကြောလို့ပြီးပေမဲ့ နေလှန်းလို့ မပြီးသေးဘူး။ နည်းနည်းထိုင်းနေသေးတယ်။ ခုတလော..သေအောင်သာရွာပါမိုး... ဆိုတဲ့အတိုင်းပဲ။ ကျင်းတူးလို့ မကောင်း၊ နေလှန်းလို့ မကောင်းနဲ့။ သုံးရက်လောက်နေမှ တစ်ခေါက်ထပ်လာခဲ့။ နေလှန်းပေးထားမယ်။...”
ကျွန်တော်တို့နှစ်ယောက် အချင်းချင်းကြည့်လိုက်ကြသည်။ အောင်ဆန်းနှင့် ဆင်ဖြူကန်သင်္ချိုင်း... ဤခရီးက မနီး။ သူတို့၏
ဆင်ဖြူ ကန်စက်ရုံထုတ် ပစ္စည်းက ရောင်းအားကောင်းနေတော့...။ နောက် တစ်ခေါက်လာလျှင် ရဖို့မသေချာ။ စာချုပ်စာတမ်းနှင့် ဝယ်ရတာလည်း မဟုတ်။ ဈေးဖျက်ပြီး လေးငါးကျပ် ပိုပေးမည့် ဓနရှင်တွေကလည်း ရှိသေး။
“ရပါတယ်... ဥက္ကဋ္ဌကြီးရယ်...။ အဆောင်ကျမှ ဆက်ပြီး နေလှန်းလိုက်ပါမယ်...။ ထည့်သာ ထည့်လိုက်ပါတော့။”
“ပြီးရော... ညှီနံ့လေး နည်းနည်းရှိနေသေးတယ်။ သုံးနေလောက်ြပြလိုက်ရင် အိုကေပါပြီ။ ဈေးကတော့ တစ်ထုပ် အစိတ်ပဲနော်...။”
“ဟုတ်ကဲ့ပါ ဥက္ကဋ္ဌကြီး။ ပစ္စည်းမှန် ဈေးမှန်ပါပဲ။ ဒါကြောင့်လည်း အရိုးဝယ်ရင် ဆင်ဖြူကန်မှာ စိတ်ချရတယ်လို့ ပြောကြတာကိုး...”
သူငယ်ချင်းက ကျွန်တော်ခြေထောက့်ကို လှမ်းခတ်သည်။ ဥက္ကဋ္ဌကြီးမျက်နှာက အချိုရောင်သန်းလာ၏။
“နှစ်ထုပ်စလုံး ယောက်ျား၊ အရွယ်ကောင်းတွေချည့်ပဲ။ ငါ သေသေချာချာမှတ်ထားတာ။ တစ်ထုပ်က ပန်းရန်။ မူးမူးနဲ့ ငြမ်းပေါ်က ပြုတ်ကျတာ။ နံရိုး အကျိုးအအက်လေးတွေတော့ ပါမယ်။ တစ်ထုပ်က ထောင်ထွက် လူမိုက်။
အရိုက်ခံရပြီးသေတာ။ ခေါင်းခွံမှာ ဒဏ်ရာတွေ့လိမ့်မယ်။”
“ဥက္ကဋ္ဌကြီးက...
မှတ်ဉာဏ်ကောင်းလှချည်လား...”
“ကောင်းရမှာပေါ့လေ... ကိုယ့်အသက်မွေးဝမ်းကျောင်းကိုး...”
ဥက္ကဋ္ဌသည် ပြောပြောဆိုဆို... နာရီမြှောက်ကြည့်ပြန်၏။
“ဟာ ကျွန်တော်တို့လည်း ဥက္ကဋ္ဌကြီးအချိန်ကို ဖြုန်းသလိုဖြစ်နေပြီ”
ကျွန်တော်က တောင်းပန်စကားပြောပြီး ငွေ ၅၀ ကျပ်ကို လက်နှစ်ဖက်ဖြင့် ရိုရိုသေသေပေးလိုက်ပါ၏။
သူ့တပည့်က အိတ်တွေ ထမ်းချလာပြီး စက်ဘီးပေါ်ကူတင် ..... ကြိုးတွေ သေချာတုတ်ပေးသည်။
“သေသေချာချာထည့်ခဲ့ရဲ့လားဟဲ့...”
“သေချာစစ်ပြီး ထည့်ခဲ့ပါတယ်ဥက္ကဋ္ဌ၊ အရိုးတစ်စ မကျန်စေရပါဘူး”
ကျွန်တော်တို့နှစ်ယောက် အပြန်မှာ ...သင်္ချိုင်းဂိုက်က - အရိုးတွေ
ဖော်စရာ အများကြီးကျန်သေးကြောင်း၊ ဝယ်မည့်သူရှိလျှင် စပ်ပေး၊ လွှတ်
ပေးဖို့ ရောင်းအားမြှင့်နေသေးသည်။
တဲကလေးထဲက... ကက်ဆက်သံ ပြန်ညံလာသည်။
သေအောင်ရွာပါမိုး...။
Momentum စာအုပ်တိုက်မှ မကြာမီ ထုတ်ဝေဖြန့်ချိမည့်
ဟိုတုန်းက. စာအုပ်မှ
ဟာယူကီ မူယာကာမိ
📔ဆင်တစ်ကောင်လုံးပျောက်ဆုံးခြင်း📔
မြန်မာပြန် - ဒီနိုဗို
တန်ဖိုး - ၁၅၀၀၀ ကျပ်။
ဆင်တစ်ကောင်လုံး ပျောက်ဆုံးခြင်းမှာ ဝတ္တုတို ၁၇ ပုဒ်ပါဝင်တယ်။
၁။ သံပတ်ငှက်နှင့် အင်္ဂါနေ့က မိန်းမများ
၂။ ဒုတိယအကြိမ် ပေါင်မုန့်ဆိုင် လုယက်မှု
အကြောင်း
၃။ သားပိုက်ကောင်ပြန်တမ်း
၄။ လှပသော ဧပရယ်မနက်ခင်းတစ်ခုတွင် ၁၀၀
ရာခိုင်နှုန်း ပြည့်စုံသော ကောင်မလေး
တစ်ယောက်ကို တွေ့လိုက်ရခြင်း
၅။ အအိပ်
၆။ ရောမအင်ပါယာ ကျဆုံးခြင်း၊ ၁၈၈၁ အင်ဒီးယန်း အုံကြွခြင်း၊ ပိုလန်ကို ဟစ်တလာ ကျူးကျော်ခြင်းနှင့် ဒေါသူပုန်စိုင်းနေတဲ့ လေရိုင်းတို့ရဲ့ နယ်
၇။ ကွားတားဘောင်းဘီ
၈။ ကျီမီးရှို့ခြင်း
၉။ အစိမ်းရောင် မိစ္ဆာကောင်လေး
၁၀။ မိသားစုအရေး
၁၁။ ပြတင်း
၁၂။ တီဗွီလူ
၁၃။ တရုတ်ပြည်သွားမယ့် လှေကလေး
၁၄။ ကချေသည် လူပုလေး
၁၅။ နောက်ဆုံးရိတ်ခဲ့သော မြက်ခင်း
၁၆။ အသံတိတ်
၁၇။ ဆင်တစ်ကောင်လုံး ပျောက်ဆုံးခြင်း
မြို့တစ်မြို့မှာ အရင်က တိရိစ္ဆာန်ရုံတစ်ရုံရှိခဲ့ပြီး အဲဒီတိရိစ္ဆာန်ရုံကို ပိတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ အခြား တိရိစ္ဆာန်တွေကတော့ နေရာအသီးသီးမှာ လက်ခံမယ့် တိရိစ္ဆာန်ရုံတွေရှိခဲ့ပေမယ့် အိုမင်းနေတဲ့ ဆင်အိုကြီးကိုတော့ ဘယ်သူမှ မလိုချင်ကြဘူး။ ဒါနဲ့ပဲ မြို့လေးဟာ ဒီဆင်အိုကြီးကို တာဝန်ယူဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဆင်ကြီးနေဖို့ ဆင်လှောင်ရုံဆောက်တယ်။ ဆင်ထိန်းကြီးနဲ့ တူတူထားတယ်။ ကျောင်းသားတွေရဲ့ နေ့လည်စာ အကျန်တွေကို ဆင်ကြီးကို ကျွေးတယ်။ တစ်ရက်မှာတော့ ဆင်ကြီးရော၊ ဆင်ထိန်းရော လုံးဝ ပျောက်ဆုံးသွားခဲ့တယ်။
ဆင်အကြောင်းဆောင်းပါကတော့ ဒေသန္တရသတင်းတွေမှာ ထိပ်တန်း သတင်းပဲ။
ဆင်ကို ချည်တဲ့ သံကြိုးဟာနဂိုအတိုင်း။ခပ်ထားတဲ့ သော့လည်း ပျက်မနေဘူး။ သော့တံတွေဟာလည်း နဂိုနေရာမှာပဲ။ သို့ပေမယ့် ဆင်နဲ့ ဆင်ထိန်းကတော့ ထူးဆန်းစွာ ပျောက်ဆုံးလို့။ မြို့ထဲမှာပဲ ဖြစ်ဖြစ်၊ မြို့ပြင်မှာပဲဖြစ်ဖြစ် ဆင်တစ်ကောင်ကို ဖွက်ထားဖို့ဆိုတာ ဖြစ်ကို မဖြစ်နိုင်ဘူး။ သို့ပေမယ့်လည်း ဆင်ဟာ ဘယ်မှာမှ ရှာမရပဲ ပျောက်ဆုံးလို့ သွားပြီ။
နောက်ဆုံးတော့ ဆင်တစ်ကောင်လုံး ဘယ်လို ပျောက်ဆုံးသွားလဲ နားမလည်နိုင်မှုတွေနဲ့ လူတွေဟာလဲ တချိန်က သူတို့ရဲ့ မြို့မှာ ဆင်တစ်ကောင် ပိုင်ခဲ့ဖူးတာကိုတောင် မေ့သွားကြပြီ။ ဆင်နဲ့ ဆင်ထိန်းကတော့ လုံးလုံးကို စုပ်စမြုတ်စ ပျောက်ကွယ်သွားခဲ့ကြတယ်။ သူတို့တွေ ဘယ်တော့မှ ပြန်မပေါ်လာကြတော့ဘူး။
READ IT BOOK STORE & Publishing
Mandalay; 30 st. 66 & 67 st.
Room,C-12 .
☎️hotline : 09 448 12345 4
☎️hotline : 09 449 12345 4
📬နယ်မှ မှာယူသူများအတွက်
အိမ်အရောက်ရသောမြို့များ သို့
အိမ်အရောက်ငွေချေစနစ်။
📦ဂိတ်တင် များအတွက် ငွေကြိုရှင်းစနစ်
ဖြင့် ပို့ဆောင်ပေးပါတယ်ခင်ဗျ။
နှင်းမြူခိုးတွေ
ပိတ်ဆီးထားသလို
မသဲကွဲ မသေချာလှတဲ့
အနာဂတ်မြင်ကွင်းကို
ပီပြင်အောင်ပုံဖော်မကြည့်နိုင်တဲ့အခါ .....။
ဟိုတုန်းက….ဆိုတဲ့ စကားစနောက်က အတိတ်နေ့ရက်တွေဆီ လည်ပြန်ကြည့်မိကြတယ်။
“ဟိုတုန်းက” လို့
ပြောကြလေတိုင်း
ဘာကိုပြောမလဲဆိုတာက
အသက်အရွယ်နဲ့ပဲ ဆိုင်ပါလိမ့်မယ်။
ဒါပေမယ့် ဘယ်လို အသက်အရွယ် ရောက်ပါစေ ဟိုတုန်းကလို့ ပြောကြတာက လွမ်းဆွတ်တသမှုနဲ့ ပြောကြသည့် သူချည်းပါ။
ခံပြင်းနာကျည်းမှုနဲ့ အံတကြိတ်ကြိတ် လက်သီးတဆုပ်ဆုပ် နဲ့ ပြောဖြစ်တာလည်း ရှိမှာပေါ့။
ဒါပေမယ့်
ပြောရသူလည်း အလွမ်းပြေ၊
နားထောင်ရသူလည်း
ပျော်ရွှင် ကြည်နူးစေရမှာကတော့
လွမ်းဆွတ်တ သမှုနဲ့ ပြောရတဲ့
အကြောင်းအရာတွေပါပဲ။
ဟိုတုန်းက......ပေါ့
Momentum Book Publishing က
🔳
ဒီဇင်ဘာလအတွင်း
ထုတ်ဝေ ဖြန့်ချိမယ့်
ဒီနိုဗို (ဘာသာပြန်)တဲ့
ဟာယူကီ မူယာကာမိ ရဲ့
"ဆင်တစ်ကောင်လုံး ပျောက်ဆုံးခြင်း"
စာအုပ် နဲ့အတူ
🛑အောက်ဖော်ပြပါ စာအုပ်စာရင်းထဲက
ကြိုက်နှစ်သက်ရာ စာအုပ်တွေကို
ပူးတွဲမှာယူမယ် ဆိုရင်တော့
🛑
မှာယူတဲ့ စာအုပ်အတွက်
🛑
၂၅ % Discount ရမယ့်အပြင်
ပို့ဆောင်ခ အခမဲ့နဲ့ပါ
ပို့ဆောင်ပေးမယ်ဆိုတဲ့အကြောင်း
စာဖတ်ပရိသတ်များကို
သတင်းကောင်း ပါးအပ်ပါတယ်။
• • •
ပူးတွဲမှာယူနိုင်တဲ့ စာအုပ်တွေကတော့
၁။ "သားကပ်ဖကာ" •ဒီနိုဗို (မြန်မာပြန်)
The Sons by Franz Kafk
မူရင်းတန်ဘိုး = ၄၀၀၀ ကျပ် ( ယခု - ၃၀၀၀ ကျပ်)
( လက်ကျန် အနည်းငယ်သာ ရှိပါတယ်)
၂။ "ချစ်လို့လွမ်း လွမ်းလို့ချစ် " ညိုထွန်းလူ
မူရင်းတန်ဘိုး = ၅၀၀၀ ကျပ်
(ယခု - ၃၇၅၀ ကပ်)
၃။ "အိပ်မက်ရွာ " •နေမင်းနိုင် (မြန်မာပြန်)
Dreams of Ding by Yan Lianke
မူရင်းတန်ဘိုး = ၈၀၀၀ ကျပ်
(ယခု - ၆၀၀၀ ကျပ်)
၄။ "ငါသည် တရုတ်ပြည်"•လူငြိမ်း(မြန်မာပြန်)
I am China by Xiaolu Guo
မူရင်းတန်ဘိုး = ၁၀၀၀၀ ကျပ်
(ယခု - ၇၅၀၀ ကျပ်)
၅။ ကမ္ဘာကျော် ပန်းချီဆရာများ၏ ဘဝ ကမ္ဘာကျော် ပန်းချီဆရာများ၏ ပန်းချီ
မောင်ကျော်သာ (ပဲခူး)
မူရင်းတန်ဖိုး = ၁၅၀၀၀ ကျပ်
( ယခု - ၁၁၂၅၀ ကျပ်)
••••••••••••
📕
မှာယူမယ့်စာအုပ်အမည်နဲ့အတူ
📫လိပ်စာ
☎ဖုံးနံပတ်များကို
📧Messenger ကနေ ပေးပို့မှာယူနိုင်ပါတယ်။
စာဖတ်ပရိသတ် အားလုံးကို
ကျေးဇူးအထူး တင်ရှိပါတယ် ခင်ဗျား
Momentum Book Publishing
ဆင်တစ်ကောင်လုံး ပျောက်ဆုံးခြင်း
🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷
ဒီနိုဗို (မြန်မာပြန်)
ဒုတိယအကြိမ်
စာမျက်နှာ - ၄၁၈
တန်ဘိုး - ၁၅၀၀၀ ကျပ်
ကြိုတင်အမှာ
••••••
ဒီဇင်ဘာလ (၃၁)ရက်နေ့ထိ မှာယူမှုမျာအတွက်
♦♦♦♦♦♦♦♦♦♦♦♦♦♦♦
ပို့ခ အခမဲ့ ဖြင့် ပို့ဆောင်ပေးပါမယ်။
♦♦♦♦♦♦♦♦♦♦♦
စာအုပ်များကို ဒီဇင်ဘာလ (၂၀) ရက်နေ့မှာ စတင်ပို့ဆောင်ပါမယ်။
စာအုပ်မှာယူရန်အတွက်📘
Messenger မှ
📫နေရပ်လိပ်စာ
📱 ဖုံးနံပတ်တို့ကို ပေးပို့ပြီး မှာယူနိုင်သလို
☎၀၉ ၄၂၀၃၀ ၇၀၃၀
၀၉ ၇၃၀ ၄၄၈၈၁ တို့ကိုလည်း
ဆက်သွယ်မှာယူနိုင်ပါတယ်။
"ဆင်တစ်ကောင်လုံးပျောက်ဆုံးခြင်း" ဆိုတာ
◼◼◼◼◼◼◼◼◼◼◼◼◼◼◼
မူယာကာမိ၏
ပထမဆုံး ဝတ္ထုတိုပေါင်းချုပ်ဖြစ်ပြီး
နှစ်လိုဖွယ်၊ ရင်မောဖွယ်၊ ပဟေဠိဆန်လှသည့်
ဝတ္ထုတို (၁၇) ပုဒ် ပါရှိသည်။
ထိုအထဲမှ အချို့မှာ The New Yorker တွင်
ဖော်ပြခဲ့သောဝတ္ထုများဖြစ်သည်။
မူယာကာမိက ဤဝတ္ထုတိုများထဲမှာ စိတ်
ကူးနှင့် အစစ်အမှန်၊ အမှတ်ရမှုများနှင့် ထင်ယောင်မှားမှုများ၊ ပြင်ပရုပ်လောကနှင့် ရုပ်လွန်နယ်ပယ်တို့ကို ရောမွေရေးသားထားသည်။ သူ၏ ဇာတ်ကောင်အများစုမှာ အိမ်မှုကိစ္စဆောင်ရွက်သူများ၊ စတိုးဆိုင်စာရေးများ၊ ဂျာနယ် မဂ္ဂဇင်း လုပ်ကြသူများ၊ စီးပွားရေးသမားများ၊ ကောလိပ်ကျောင်း သားများ စသဖြင့်။ ဇာတ်ကောင်အများစုက လောကကို စိတ်ပျက်မှု၊ ငြီးငွေ့ဘဝင်မကျ
မှု၊ ဗလာဟင်းလင်းဖြစ်မှု၊ အထီးကျန်မှု စသည့် ခေတ်ပေါ်မြို့ပြ ရောဂါလက္ခဏာများကို ခံစားနေကြရသူများ ဖြစ်သည်။
ထိုဇာတ်ကောင်များအဖို့ တကယ့်ဘဝ (Reality) ထဲမှာ ထင်ယောင်မှားမှုများ (Unreality) ဖန်တီးကာ နေထိုင်နေကြသယောင်ပင်။
ဥပမာ
‘သံပတ်ငှက်နှင့် အင်္ဂါနေ့က မိန်းမများ’ တွင် အလုပ်လက်မဲ့ဖြစ်နေသော ဇာတ်ကြောင်းပြောသူက ကြောင်ပျောက်ကို လိုက်ရှာရင်း အထက်တန်းကျောင်းသူလေးနှင့်တွေ့ပုံ၊
ကျောင်းသူလေး၏ နှစ်သိမ့်ချော့မြှူသံ အောက်
တွင် အိပ်ပျော်သွားပြီး အစစ်အမှန်လား၊ စိတ်ကူးလား မကွဲပြားလှပုံကို ဖော်ပြ
ထားသည်။
‘နောက်ဆုံးရိတ်ခဲ့သော မြက်ခင်း’ တွင် စိတ်ကူးဖန်တီးမှုနှင့် အမှတ်ရမှုတို့ Paradox ဆန်လှသည့် ဆက်နွယ်မှုကို ဖော်ကျူးထားသည်။ ဇာတ်ကြောင်းပြောသူက သူရိတ်ခဲ့သည့် မြက်ခင်းလိုမျိုး သူ့အမှတ်တရများကို သေသပ်လှပစေချင်သည်။ တကယ်တော့ ထိုအရာနှစ်ခုလုံးက နူးညံ့သိမ်မွေ့ပြီး တအားကို ဆန္ဒစွဲနိုင်လှမှန်း သူ သိနေခဲ့သည် မဟုတ်လား။
‘သားပိုက်ကောင် ပြန်တမ်း’ မှာတော့ ဇာတ်ကြောင်းပြောသူက ပျင်းရိနေသည့် စာရေးတစ်ဦး၊ သူက စျေးဝယ်သူ၏ တိုင်တန်းချက်ကိုလည်း ဖြေကြားရင်း သူ့ကိုယ်သူလည်း ဖြေသိမ့်သည့်အနေနှင့် မပြည့်စုံမှု၏ မြင့်မြတ်မှုဆိုသည့် သီအိုရီကို ဖော်ထုတ်ခဲ့သည်။
‘ဆင်တစ်ကောင်လုံး ပျောက်ဆုံးခြင်း’ မှာတော့ မူယာကာမိ၏ သရုပ်မှန်လွန် အရေးအသားများက များစွာထိမိလှသည်ကို တွေ့ရသည်။ ၎င်းက မြင်နိုင်သည့် လောကနှင့် မမြင်နိုင်သည့် လောကနှစ်ခုကို တံတားထိုးခဲ့သည်။ မဆီလျော် မလိုက်ဖက်ဟု ထင်ရသည့်အရာများကို နားလည်နိုင်အောင် ဖန်တီးပြီး သာမန်ကိစ္စတစ်ခုကို ထူးထူးခြားခြားဖြစ်အောင် အသွင်ပြောင်းနိုင်ခဲ့သည်။ ဝတ္ထုတိုအားလုံးက ဟာသနှင့် သက်ဝင်နေပြီး သူ့ဇာတ်ကောင်များမှာ ရိုးသားပွင့်လင်းစွာ ဖွင့်ဟကြသူများ ဖြစ်နေခဲ့သည်။
တချို့ဝေဖန်ရေးဆရာတွေကတော့
မူယာကာမိဝတ္ထုတွေမှာ တွေ့ရသည့် မဝါဒဆန့်ကျင်သည့် အယူအဆနှင့် လိင်ဆက်ဆံသည့် အခန်းတွေကို သဘော မတွေ့ကြပေ။
"အရေးအသားတွေကတော့ တအားကောင်းပါတယ်။ ဒါပေမဲ့ အထဲက အကြောင်းအရာတွေကိုတော့ ကျွန်တော် စိုးရိမ်မိတယ်" ဟု ဝေဖန်ရေးဆရာ Yuzo Tsubouchi က အဆာဟိရှင်ဘွန်း သတင်းစာမှာ ရေးသားခဲ့သည်။
သို့သော်လည်း ယိုမီယူယီရှင်ဘွန်းတွင် ဝေဖန်ရေးကဏ္ဍ တာဝန်ယူထားသည့် တက်ဆူအို မတ်ဆူဒါကတော့ ဂျပန်ပြည်ရဲ့ လှိုင်းထန်နေတဲ့ကာလကို ဒဿနဆန်ဆန် ပြန်လည်တွေးဆထားတဲ့ ဝတ္ထုတွေပဲဟု ချီးမွမ်းထားသည်။
"ဘယ်လို မုန်တိုင်းထန်နေတဲ့ ကာလမျိုးမှာမဆို လူတွေရဲ့ ရှေ့ကနေ ရှေ့ဆောင်လမ်းပြတဲ့ စာရေးဆရာတွေ အမြဲလိုလို ပေါ်လာတတ်ပါတယ်။ မူယာကာမိဟာ အဲဒီလို စာရေးဆရာမျိုးပါ။ ကမ္ဘာပေါ်မှာ ဘယ်လို အဖြစ်အပျက်တွေပဲ ကြုံရကြုံရ ကျွန်တော်ဟာ သူပြတဲ့အလင်းရောင်ကိုပဲ အမြဲစောင့်ကြည့်နေမှာပါ" ဟု ဆိုသည်။
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်
Momentum Book Publishing
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Website
Address
Yangon
1181
No. 60/A , Ground Floor , 4th Street , Lanmadaw Township
Yangon, 11131
Chinese Book Store
Yangon
မင်္ဂလာပါ ဗန်ပိုင်ယာ(သွေးစုပ်ဖုတ် စနစ်)စာစဥ်မှ ကြိုဆိုပါတယ်။ Please Like & Follow me. Thanks you.