Mr.PHYO HEIN THIHA

ဆရာဖြိုးဟိန်းသီဟ၏ သုတရသ ဂမ္ဘီရ စာမျက်နှာဖြစ်ပါတယ်။

26/03/2024

ညှို့...💕

နာမည်လေးကိုက ညှို့..

လူကြားထဲမှာထင်းနေပြီး ဆွဲဆောင်မှုရှိတဲ့ လူသားတစ်ယောက်ဖြစ်ချင်ပါသလား...💕

အချစ်ရေးအချစ်ရာကိစ္စတွေမှာ ချစ်သူက အနားကမခွာချင်အောင်ကို သဲသဲလှုပ်အချစ်ခံချင်ပါသလား...💕

လုပ်ငန်းခွင်မှာ မိတ်ဆွေတွေရဲ့ ချစ်ခင်မှုကိုရရှိချင်ပါသလား...💕

Crush လေးနဲ့ တွေ့ဖို့ စိတ်လှုပ်ရှားနေရပါသလား...💕

ဒါတွေအကုန်လုံးကို { ညှို့ } က​ ကူညီပေးပါလိမ့်မယ်။

ဘာအကြောင်းနဲ့ဖြစ်ဖြစ် ညှို့ဓာတ်အားကောင်းနေမယ်ဆိုရင် အရာရာမှာအဆင်ပြေပြေ ဖြတ်ကျော်နိုင်လာပါလိမ့်မယ်။

ဘာကြောင့်လဲ...?

အဖြေကရှင်းပါတယ် မင်းဟာညှို့ဓာတ်ကိုပိုင်ဆိုင်ထားတဲ့လူမို့ မင်းကို သူတို့ရဲ့ မသိစိတ်က သဘောကျနေတာကြောင့်ပါဘဲ...

ဒီဆေးပုလင်းဟာဆိုရင် သဘာဝညှို့ဓာတ်အားကောင်းစေတဲ့ပစ္စည်းတွေနဲ့ချည်း ဖော်စပ်ထားတဲ့ပီယဆေးဖြစ်ပါတယ်။

ဆိုတော့မိတ်ဆွေတို့အနေနဲ့ အထက်ပါအကျိုးတွေကို ခံစားလိုတယ်ဆိုရင် မြန်မာငွေ ကျပ် ၁သိန်း တိတိဖြင့် လာရောက်ပင့်ဆောင်နိုင်ပါပြီ။

လူတိုင်း ညှို့ ဓာတ်ကိုပိုင်ဆိုင်ကြပါစေ...

ဖြိုးဟိန်းသီဟ

19/03/2024

Crush အားမိမိနှင့် အိပ်မက်လှလှလေးမက်စေမည့် အဆောင်

မြင်ပါများပြီးချစ်တယ်ဆိုတဲ့ စကားလေးကိုအားလုံးကြားဖူးမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီယတြာလေးကို လုပ်ခြင်းအားဖြင့် မိမိတို့ရဲ့ crush/ချစ်သူရဲ့ အိပ်မက်ထဲမှာ မိမိနဲ့ Romantic ဆန်တဲ့ အိပ်မက်လေးတွေ မက်စေမှာဘဲဖြစ်ပါတယ်။ အိပ်မက်မက်တော့ဘာဖြစ်မလဲ အိပ်မက်မက်တာများလာတာနဲ့အမျှ သူ့ရဲ့မသိစိတ်ထဲမှာ မိမိကိုစွဲလမ်းလာပါလိမ့်မယ်။ ဒီတော့ ရှေ့ဆက်ပြီး ok စိုပြေပြီပေါ့ဗျာ။ ဒီအဆောင်လေးကိုကျွန်တော် ၉တန်း​ကျောင်းသားဘဝလောက်က သုံးဖူးပါတယ်။ crush နဲ့အတိုင်းအတာတစ်ခုထိကို အဆင်ပြေခဲ့တယ်ဘဲဆိုပါတော့ ကိုယ့်ဘာသာဖွင့်မပြောလို့မရခဲ့တာပါ🙃

ကဲဒီတော့ ဒီအဆောင်လေးကိုဘယ်လိုသုံးကြမလဲ။လွယ်ပါတယ် ဒီပုံလေးကို စက္ကူမှာရေးပြီး ခေါင်းအုံးအောက်ထားပြီးအိပ်ရမှာပါ။ အိပ်ခါနီးကိုယ်မက်စေချင်တဲ့အကြောင်းအရာကို အာရုံပြုထားရမှာပါ။ ရွှေရောင်စက္ကူဆိုရင်တော့ အကောင်းဆုံးဘဲ။
ပြီးတော့ ဒီယနြ္တအဆောင်ကတ်လေးကို တစ်ပတ်ကို ၃ကြိမ်လောက် နွားနို့နဲ့ လက္ချမီးဒေဝီကို ပူဇော်ရပါမယ်။နို့မရရင် ထောပတ်နဲ့ ပူဇော်ပါ ။

ခင်ဗျားတို့ဖြစ်ချင်တဲ့ကိစ္စက သေချာပေါက်အဆင်ပြေသွားပါလိမ့်မယ်။

ဖြိုးဟိန်းသီဟ

13/03/2024

ဒီယတြာကိုလုပ်ပါ သင့်Crush ကပြန်ချစ်ပါလိမ့်မည်...

လိုအပ်သောပစ္စည်းများ

-ဖယောင်းတိုင်အနီတစ်တိုင်

-နှင်းဆီပန်း အနီရောင် သုံးပွင့်

-အပြာရောင် သိုးမွှေးစ

-Crush၏ ဓာတ်ပုံ

-နှင်းဆီပန်းအနံ့ ရေမွှေး

ကဲစလိုက်ရအောင်....
ပထမဆုံးအနေနဲ့ နှင်းဆီပန်းပွင့်များကိုချွေ၍

လုပ်နေလဲအပိုဘဲသူပြန်မချစ်ဘူး🤗

Photos from Mr.PHYO HEIN THIHA's post 13/03/2024

အဘအောင်မင်းခေါင်၏ ဝိမုတ္တိအင်းမီးတိုင် ပေးဝေခြင်း

ဝိမုတ္တိဆိုတာလွတ်မြောက်ခြင်းပါ။

ကြပ်တည်း ခက်ခဲနေတဲ့ကိစ္စတွေအတွက် ဆုတောင်းတိုင်တည်ရင်လွတ်မြောက်နိုင်ပါတယ်။

အပြိုင်အဆိုင်အတိုက်အခိုက်တွေကြုံရင်လဲ ထွန်းလိုက်ပါ သူကိစ္စနဲ့သူ တိုင်ပတ်သွားပါလိမ့်မယ်။

ငွေကြေးကိစ္စဆိုလဲ ထွန်းလိုက်ပါ ပြေလည်သွားပါလိမ့်မယ်။

ဘာအကြောင်းနဲ့ဖြစ်စေ ခက်ခဲကြပ်တည်းနေတဲ့ကိစ္စမှန်သမျှတို့ကို ပြေလည်စေပါလိမ့်မယ်။

ဘာကြောင့်ဖြစ်ဖြစ် ကြပ်တည်းနေရင်ပြေပျောက်စေမယ်လို့ ရဲရဲကြီးအာမခံတယ်။

၁၀တိုင်သာ ပြုလုပ်ထားတာမို့ အများကြီးမရပါဘူး။

မဲဖောက်ပေးပါ့မယ်။

ပိုစ့်ကို like ပေးပြီး share ပေးထားပါခင်ဗျာ

Photos from Mr.PHYO HEIN THIHA's post 12/03/2024

ဝိဇ္ဇာတို့၏ ထွဋ်ခေါင် အဘဘိုးတော်အောင်မင်းခေါင်ကြီးအား ပွဲအုန်းငှက်ပျော လက်ဖက် ကွမ်းယာ ဆေးလိပ် မော်ကြွားရည် များ ကပ်လှူပါတယ်အဘဘုရား။

ဒီ့ထက်ပို၍ ပွင့်လန်းပါစေ အဘပေးသောလာဘ်လာဘနှင့်လဲပြည့်စုံရပါလို၏

အဘဓာတ်ဖြင့်အောင်ပါစေဘုရား...

မြင်သမျှသော ၇ရက်သားသမီးတို့သည် ဤကန်တော့ပွဲအား အာရုံပြုကာ လိုအပ်သော ကိစ္စ ကြပ်တည်းနေသောအခက်အခဲများကို ပြေလည်စေရန် အဘပေးသောဆုကိုလျှောက်တင်တောင်းခံကြပါ။

စိတ်အတွင်းမှ အောင်ပြီ အောင်ပြီ အောင်ပြီဟု သုံးကြိမ်ကြွေးကြော်ပါသင့်အခက်အခဲများ ပြေလည်သွားပါလိမ့်မည်။

12/03/2024

ဣစ္ဆာသယ ဘေးရန်ကင်း လာဘ်ရမီးတိုင်✨

ဤမီးတိုင်ကိုစီရင်လိုသောအခါ အဝင်နက္ခတ်ကြုံသောနေ့တွင် ပွဲပေး၍ စီရင်ရပါသည်။
တုဌေဟိ မမ တုဌေဟိ အစချီသောဂါထာအား ၃၇ ခေါက်ရွတ်ဆို၍ နေအိမ်ဘုရားတွင်ပူဇော်ပါက-

မကောင်းသော ဘေးအန္တရာယ်များပပျောက်စေခြင်း
ကောင်းသောလာဘ်လာဘများပေါကြွယ်ဝစေခြင်း
မင်းစိုးရာဇာတို့မှအစပြု၍ လူနတ်မိန်းမယောကျာ်းမရွေးချစ်ခင်စေပါတယ်လို့

အန္တိမဝင်းဂိုဏ်းချုပ်ဆရာကြည်ရေးသားသော လက်တွေ့ရတနာဒီပံ ယတြာဓာတ်ရိုက်ကျမ်း၌ အတိအလင်းပြဆိုထားပါတယ်။
ကျွန်တော်ကိုယ်တိုင်လဲ ဤမီးတိုင်တစ်တိုင်တည်းဖြင့် အကြွေးကြေအောင် စီရင်ပေးခဲ့ဖူးသည့် ပွဲတွေ့ အစွမ်းထက်မီးတိုင်ဖြစ်ကြောင်းကိုလဲ အာမခံပါတယ် ခင်ဗျာ။

ပူဇော်ချင်သူများအနေဖြင့် နာမည် နေ့နံ လိပ်စာ ဖုန်းနံပါတ်တို့ပေးကာ မီးတိုင်၂တိုင်လျှင် ပူဇော်ကြေး ကျပ်၁၅၀၀၀ တိတိဖြင့် ပင့်ဆောင်ပးဇော်နိုင်ပါပြီခင်ဗျာ

ဖြိုးဟိန်းသီဟ

10/03/2024

သမ္ဗုဒ္ဓေ ဂါထာတော်ကြီးအား ဂါထာစွမ်းအား သတ္တိ
ရရှိလာအောင် လိုက်လာအောင် ရွတ်ဆိုနည်း .. .

နံနက် အရုဏ်တက်ချိန် ၅ နာရီ တွင် သမ္ဗုဒ္ဓေ ဂါထာ
တော်ကြီး အား ရွတ်ဖတ်ရပါမည် ။

ရွတ်ဖတ်မည့် ပုဂ္ဂိုလ်မှာ လူပုဂ္ဂိုလ်ဖြစ်ပါလျှင် ကိုယ်လက်
သန့်ရှင်းခြင်း ခန္ဓာကိုယ် သန့်ရှင်းခြင်း သန့်ရှင်းသောအ
ဝတ်စားကိုဝတ်ဆင်ခြင်း ရဟန်းမှန်သမျှ ဒေသနာကြား
ခြင်း ကိစ္စ ကိုဆောင်ရွက်ရပါမည် ။

၅၁၂၀၂၈ ဆူကုန်သော ဗုဒ္ဓဘုရားရှင်တို့အားရည်စူး၍
ဆွမ်း ၉ ပွဲ ရေ ၉ ခွက် ပန်း ၉ ပွင့် ဖယောင်းတိုင် ၉တိုင်
ထွန်း အမွှေးတိုင် ၉ တိုင် ထွန်း ၍ ကပ်လှုပူဇော်ရမည်။
ပြီးနောက် ၅ ပါး သီလ တော်ကို ခံယူဆောက်တည်ပါ ။

နတ်များကို ဖိတ်ကြားရပါမည်။ ဖိတ်ကြားပုံမှာ ....

" ကျွန်ုပ်သည် ၅၁၂၀၂၈ ဆူကုန်သော ဗုဒ္ဓ ဘုရားရှင်
အပေါင်း အားရည်စူး၍ ရည်မှန်း၍ သမ္ဗုဒ္ဓေ ဂါထာတော်
မြတ်ကြီးအား ၁၀၈ ခေါက် တိတိ ရွတ်ဖတ်၍ ပူဇော်ကန်
တော့မည် ဖြစ်ပါ၍ ...
အရှေ့နေထွက် အနောက်နေဝင် တောင်မှာတံငါကွန်
နက္ခတ် မြောက်မှာ ဓူဝံကြယ် အောက်မှာအဝီစိ အထက်
မှာ ဘဝဂ် ဤ အတွင်းမှာ တည်ရှိနေထိုင်ကြကုန်သော
အလုံးစုံသော တောစောင့်နတ်များ တောင်စောင့်နတ်
များ ရုက္ခစိုးနတ်များ ဘုမ္မစိုးနတ်များ အာကာသစိုးနတ်
များ ကမ္ဘာစောင့်နတ် မြို့စောင့်နတ် နယ်စောင့်နတ်
ရွာစောင့်နတ် ရပ်ကွက်စောင့်နတ် ကျောင်းစောင့်နတ်
မိုးနတ်သား လေနတ်သား ရေနတ်သား လနတ်သား
သမ္မာဒေဝနတ်များ သာသနာတော်စောင့်နတ်များ
သူရဿတီ ဒေဝီနှင့် တကွ ဒေဝီ (၇) ပါး ဒေဝီ (၉) ပါး
ဒေဝီ (၁၂) ပါး ဓဋ္ဌရဌ ဝိရုဠက ဝိရုပက္ခ ကုဝေရ စသော
စတုမဟာ နတိမင်းကြီး ၄ ပါး သိကြားမင်းနှင့်တကွ
၃၃ ကျိတ်သော နတ်မင်း နတ်မြတ် နတ်ဒေဝါ အပေါင်း
နှင့်တကွ သူရဿတီ မကြွင်း ခပင်းများစွာ နတ်ဗြဟ္မာ
အပေါင်းတို့ ဖိတ်ကြားပါ၏ ။ ဖိတ်ခေါ်ပါ၏ ။တရားနာ
ယူရန် ကြွတော်မူုကြပါကုန်လော့ ။ ဤ အချိန်ဤအခါ
သည်ကား သမ္ဗုဒ္ဓေ ဂါထာတော်မြတ်အား (၁၀၈) ခေါက်
တိတိ ရွတ်ဖတ်မည်ဖြစ်ပါ၍ တရားတော်မြတ်ကို အတူ
တကွနာယူကြပါရန် ဤနေရာ ဤ ဌာန ဤ အိမ်ဂေဟာ
သို့ ဖိတ်ကြားပါ၏ ။ ပန်ကြားပါ၏ ။ဖိတ်ခေါ်ပါ၏ ။
တရားတော်မြတ် ဂါထာတော်မြတ်ကို နာယူရန် အတွက်
ကြွရောက်တော်မူကြပါကုန်လော့ ။ "

ထိုသို့ နတ်များအား ဖိတ်ကြားပြီးလျှင် ဘုရားရှေတော်
တွင် တည်ငြိမ်စွာထိုုင်၍ သမ္ဗုဒ္ဓေ ဂါထာ တော်ကြီးအား
လေးလေးပင်ပင် ၁၀၈ ခေါက် ရအောင် ရွတ်ဖတ်ရာ၏ ။

၁၀၈ ခေါက် တိတိ ရွတ်ဖတ်ပြီးပါလျှင် ဂါထာတော်ကြီး
၏ အနက်အဖွင့်ကို အသံကျယ်ကျယ်ရွတ်ဖတ်ရာ၏။

ပြီးစီးပါက ပင့်ဖိတ်ကြားထားသော နတ်များအား၎င်း
သတ္တဝါ များ အား၎င်း သူတော်ကောင်းအရိယာများ
အား ၎င်း အမျှပေးဝေရာ၏ ။

အမျှပေးဝေပြီးနောက် မိမိ တက်နိုင်သ၍ မေတ္တာပို့ပေးပါ။ လိုအပ်သော အလိုရှိသောကိစ္စ အကြောင်းအရာ
အတွက် ဆု့တောင်းပါ ။ဤ အချက် များနှင့်ညီညွတ်
အောင် ကျင့်ဆောင်ပါလျှင် သမ္ဗုဒ္ဓေ ဂါထာ၏ အစွမ်း
သတ္တိ ဝင်လာပါတော့သည်။ ဂါထာ အစွမ်းထက်မြတ်
လာတော့၏ ။ မိမိဆောင်ရွက်တိုင်း အကျိူးပေးနေ
တော့သည် ။ နေ့စဉ် ကျင့်ဆောင်ပါလျှင် သြဇာအာဏာ
ကြီးလာပါသည်။ ပြောတိုင်း ဆိုတိုင်း လုပ်တိုင်း ကြံစည်
တိုင်း အောင်မြင်လာပါတော့သည်။ ဘေးရန်အန္တရာယ်
ကင်းဝေး ပပျောက်ရသည်။ မကောင်းသောအမင်္ဂလာ
မှန်သမျှ ကင်းဝေးပပျောက်ရ၏ ။ နာနာဘာဝ ဝိနာဘာ
ဝ အဝရုဒ္ဓက နတ်ဆိုး ဘီလူးဆိုးမှန်သမျှကို နိုင်နင်းတော့
သည်။ အနာရောဂါ အမျိူးမျိူး ကင်ဆာရောဂါအမျိူးမျိူး
ပျောက်ကင်း စေနိုင်သည်။

ဤသ်ို့ ကျင့်ဆောင်လာခဲ့သော ပုဂ္ဂိုလ်သည် သမ္ဗုဒ္ဓေ
ဂါထာတော်၏ စွမ်းအားသတ္တိ ဝင်ရောက်လာမှု့ကြောင့်
ဂါထာစွမ်းအားတက်လာသောကြောင့် ရေကို ကိုင်၍
သမ္ဗုဒ္ဓေ ဂါထာတော်ကို ရွတ်လျှင်ရေဆူလာသည်။
သံပုရာရည် ရှောက်ရည် တို့ကို ကိုင်၍ ရွတ်ဖတ် လျှင်
အချဉ်ဓာတ်ပျောက်၍ အချိူဓာတ်ဖြစ် လာနိုင်တော့၏ ။

ပြည်ဆရာတော် ဘဒ္ဒန္တဝေပုလ္လ၏
သမ္ဗုဒ္ဓေဂါထာတော်အဖွင့်ကျမ်းမှ ကူးယူဖော်ပြသည်။

#ဖြိုးဟိန်းသီဟ

08/03/2024

လူချစ်လူခင်များစေသော ပီယဆေး🌹

ဒီနေ့မှာတော့ ပညာကြေးနည်းပြီး လူတိုင်းပင့်နိုင်ကြမဲ့ လူတိုင်းနဲ့အဆင်ပြေမဲ့ ဆေးရေမွှေးတစ်မျိုးကို ညွှန်းချင်ပါတယ်။
ဒီရေမွှေးမှာပါဝင်တဲ့ ဆေးအမျိုးအစား ကတော့ ✨ပီယထုံ✨ဖြစ်ပါတယ်။
ပီယထုံဟာ ကျားမ မရွေး သင့်တော်ပြီး side effect မရှိတဲ့ ဆေးဖြစ်ပါတယ်။
ဒီရေမွှေးကို အသုံးပြုခြင်းဖြင့် ပီယဓာတ် ဆိုတာကို နူးနူးညံ့ညံ့လေးနဲ့ သိသိသာသာ ခံစားရပါလိမ့်မယ်။
လူချစ်လူခင်များတဲ့ ပုဂ္ဂိုလ်တွေဟာ သာမန်လူတွေထက် ပိုမိုပြီး နေရာပေးခံရပါတယ်။

ပ​ညာကြေးကတော့ တစ်ပုလင်းကို ၁၁၀၀၀ ကျပ်ဖြင့် ပင့်ဆောင်ကြပါ။

07/03/2024

သော့🗝️

သော့တွေဟာ ဖွင့်လှစ်ခြင်း အတားအဆီးများ​ပျောက်ကွယ်စေခြင်း စတဲ့ ဂုဏ်သတ္တိတွေရှိတယ်။

ဒီတော့အရာရာကိုကျော်ဖြတ်ချင်သူတွေ
ပြဿနာတွေကို​ပျောက်ကွယ်စေ ချင်သူတွေဟာ သော့ ကိုအဆောင်တစ်ခုအနေနဲ့ အလေးထားပြီးဆောင်ထားသင့်တယ်။

01/03/2024

💗စေတနာကြေးဖြင့်ပေးဝေခြင်း💗

လူပျောက်ရှာ ပစ္စည်းပျောက်ရှာ မယ်တော်ကြီးစမ

မယ်တော်ကြီးစမပုံကလေးအား မီးထွန်း ဆုတောင်းနိုင်ပါသည်။

လူပျောက်သွားပါကလည်း မီးထွန်းဆုတောင်းနိုင်ပါသည်။တစ်နေ့ကို တစ်တိုင်ထွန်းပေ့ါနော်။ ဘယ်နဲ့ရက်လဲဆိုတော့ (၇)ရက်ပေါ့။ ပျောက်သွားတဲ့အရာ ပြန်မရမချင်းလည်း ထွန်းချင်သပဆိုရင်လည်း ထွန်းပါ။ ယုံကြည်မှုတော့ လိုအပ်ပါတယ်။

လူပျောက်ဆိုပါက ထိုလူ၏ ပစ္စည်းတစ်ခုခုအား အိုးတစ်လုံးအတွင်းထဲကိုထည့်ပါ။ မြေအိုးထဲထည့်ပါ။ အပြင်က အဖုံးအုပ်ပါ။ ထို့နောက် ထိုအိုးမှာ ပျောက်သွားသူ ဓာတ်ပုံကပ်ပါ။ ဘုရားစင်ပေါ်မှာ မီးတိုင်ကို ထွန်းထားပါ။ မီးတိုင်လောင်မြိုက်နေတဲ့အချိန်မှာ ထိုအိုးကို ကိုင်ထားပီး မေတ္တာပို့ပါ။ ဆုတောင်းပါ။ အမြန်ဆုံး အန္တရာယ်ကင်းကင်းရောက်ရှိလာဖို့ ၊ အိမ်ပြန်လမ်းရှာတွေ့ဖို့ ၊ အဆက်သွယ်မြန်မြန်ရစေဖို့ ဆုတောင်းပါ။ မေတ္တာသုတ်ရွတ်ပေးပါ။ စိတ်ထဲမှာ ပျောက်နေသောသူ အိမ်ကို ဘွားကနဲရောက်လာပီဆိုပီး အကြည်ဓာတ်အပြည့်နဲ့ အာရုံဖော်နေပေးပါ။ (၇)ရက်ကနေ (၁၈)ရက်အတွင်း ပြန်တွေ့တတ်ပါတယ် အကယ်၍ မတွေ့သေးရင်တောင် သတင်းတွေကြားရတတ်ပါတယ်။

Crd .ဆရာလင်းညှို့တာရာ

28/02/2024

ပညာအသစ်နဲ့ အခမဲ့ ပညာဒါနဟောပေးမယ်။

ဓာတ်ပုံ နဲ့ နာမည် အပြင် ဘာမှပို့စရာမလိုဘူး။

ခင်ဗျားဟာ...

သိုက်ဆက် ဟုတ်မဟုတ်။

ပယောဂရှိမရှိ။

ချမ်းသာမယ် မချမ်းသာဘူး

သေချာဟောပေးလိုက်မယ်။

ဟောကိန်းလိုအပ်တယ်ဆိုရင်

ပိုစ့်ကိုရှဲပြီး နာမည်နဲ့ ဓာတ်ပုံကို page cbမှာ ပို့ထားလိုက်ပါ။တစ်ရက်အတွင်း ဟောပေးသွားမှာဖြစ်ပါတယ်။

#ဖြိုးဟိန်းသီဟ

26/02/2024

လာဘ်ပွင့်မီးတိုင် အခမဲ့ ပေးဝေခြင်း

ရှင်သီဝလိမီးတိုင်တွေဘဲဖြစ်ပါတယ်။

အကြွေးကြေချင်တဲ့ကိစ္စတွေမှာ အမြန်အကူအညီရစေတယ်။

လာဘ်လာဘ ရွှင်စေတယ်။

လူချစ်လူခင်များစေတဲ့ ကိစ္စတွေမှာ အောင်မြင်စေတယ်။

စီးပွားတိုးတက်ဖို့အခွင့်အလမ်းတွေ ဖြစ်လာစေတယ်။

လူတွေပါသာမက နတ်တွေကပါချစ်ခင်စေတယ်။

စောင့်ရှောက်မှုရစေတယ်။

မည်သူမဆို လာရောက်တောင်းခံနိုင်ပါတယ်။
အားနာစရာမလိုပါဘူး။
ပရိတ်သတ်တွေ တစ်ခုခုပြေလည်သွားရင်ရပါပြီ။

ပိုစ့်ကို like & share လုပ်ပေးကြပါအုံး။

25/02/2024

အချစ်ရေးမှာ အိမ်ထောင်ရေးမှာ လုယူတတ်သောသူများ၊
ငွေကြေးမှာ သူတစ်ပါးဘဝပျက်အောင်
ငွေကြေးလိမ်လည်ထွက်ပြေးသူများ၊
မတရားစွပ်စွဲ၍ သူတစ်ပါးဘဝထိခိုက်အောင် ပြုသူများကို ပျက်စီးစေသည့် ''ရာဟုထီးဆောင်း'' မီးတိုင်။

မလိုသူပုံပေါ်တင်ထွန်းရသည်။

မီးတိုင်ကို မကုန်ခင်ငြှိမ်းရသည်။ မငြှိမ်းလျင်
မလိုသူ အဆုံးအထိ ဖြစ်စေသည်။

အတိုက်အခိုက်ကိစ္စရပ်များအတွက်လဲ တန်ပြန်မီးတိုင်အဖြစ်အသုံးပြုနိုင်သည်။

crd to လက်ဝဲမယဂိုဏ်းတော်

Photos from Mr.PHYO HEIN THIHA's post 25/02/2024

ငွေကြေးစီးပွားအတွက် တစ်ပတ်အတွင်းအာမခံပေးခဲ့တဲ့အစီအရင် Feedbacksဖြစ်ပါတယ်။

19/02/2024

စေတနာကြေးဖြင့် ရှင်သီဝလိမီးတိုင်လာဘ်မီးတိုင်ပေးဝေခြင်း

ဒီတစ်ခါတော့ လာဘ်ပိတ်နေပါတယ်။ဘယ်လိုယတြာတွေမှမတိုးတော့ပါဖူးဆိုတဲ့ လူတွေ
လုပ်ငန်းရှင်တွေ အတွက် ရှင်သီဝလိမီးတိုင်အားတင်ပြပေးလိုက်ပါတယ်ခင်ဗျာ။

လာဘ်လာဘအရာတွင် မြတ်စွာဘုရားရှင်ပြီးလျှင် ဧတဒဂ်ရတော်မူသော ရှင်သီဝလိကိုယ်တော်မြတ်ကြီး၏ ဟိတ်ဓာတ် အင်အားကို ယူပြီး ရှေးဆရာတော်ကြီးများစီရင်ခဲ့သော ရှင်သီဝလိ မဟာလာဘံလာဘ်ခေါ် မီးတိုင်အစီအရင်တော်ကြီးပြုလုပ်ထားပါတယ်။

ဤမီးတိုင်အားထွန်းညှိပူဇော်ခြင်းအားဖြင့်...

-အခြွေအရံသင်းပင်းများခြင်း
-လာဘ်ရွှင်ခြင်း
-ငွေကြေးမပြတ်လပ်ခြင်း
-လူချစ်လူခင်များခြင်း
-ဉစ္စာပစ္စည်းများတိုးပွားခြင်း
-မမြင်အပ်သော အစောင့်အရှောက်ပုဂ္ဂိုလ်တို့၏ စောင့်ရှောက်မှုခံရစေခြင်း
-နတ်တို့ချစ်ခင်ခြင်း
-အသုံးပြုသူသည်တစ်နေ့တစ်ခြား ကျက်သရေမင်္ဂလာတိုးပွားစေခြင်း
-လပြည့်ဝန်းကဲ့သို့အကြည်ဓာတ်များတိုးပွားစေခြင်း

စသော အကျိုးတရားများအပြင် မဖော်ပြနိုင်လောက်သည့် အကြောင်းအကျိုးများခံစားရစေပါသည်။

မှတ်ချက်။ ။စေတနာကြေးဆိုသည်မှာ မိမိတို့တတ်နိုင်သလောက် စေတနာရှိသလောက် ငွေကြေးလှူဒါန်းပြီး ပင့်ဆောင်ရခြင်းဖြစ်ပါတယ်။

ဏဘရံဘေးမရှိ
အားလုံးလာဘ်ပွင့်ကြပါစေ။

17/02/2024

💗ဉမ္မာဒန္တီပီယဆေး💗

ဉမ္မာဒန္တီပီယဆေးတဲ့....

ဟိုးရှေးရှေးတုန်းက သီဝိတိုင်း အရိဌပုရ မြို့မှာ ..."ဉမ္မာဒန္တီ " လို့အမည်ရှိတဲ့ မိန်းမပျိုလေးရှိခဲ့ဖူးတယ်။ ဒီမိန်းမပျိုလေးရဲ့ အဆင်းသဏ္ဍာန်ဟာ မြင်ရတဲ့ ပုရိသတိုင်းကိုရူးသွပ်စေတဲ့အထိ လှပမြတ်နိုးစရာကောင်းတယ်တဲ့။

လောကီဆေးတွေမှာ ဟိတ်ကိုယူပြီးစီရင်ရတဲ့ အပိုင်းကဏ္ဍတွေအများကြီးရှိတယ်။
ပုဏ္ဏကနတ်မင်းကြီးဟိတ်ကိုယူတဲ့ ပုဏ္ဏကဆေးတွေ...
ကျောင်းအမကြီး ဝိသာခါ ဟိတ်ကိုယူပြီးစီရင်တဲ့
ဝိသာခ ဆေးတွေ...အစရှိသဖြင့်ပေါ့။

အခုတင်ပြပေးမဲ့ဆေးက လူတိုင်းချစ်မြတ်နိုးပြီး ညှို့အားပြင်းတဲ့ ဉမ္မာဒန္တီ မင်းသမီးလေးရဲ့ ဟိတ်နဲ့စီရင်ထားတဲ့ "ဉမ္မာဒန္တီပီယဆေး" ဖြစ်ပါတယ်။

ဒီဆေးကို သုံးထားတဲ့ မိန်းကလေးဟာ လူကြားထဲသွားရင်တောင် ကိုယ်ကထင်ရှားနေလိမ့်မယ်။

ကိုယ်ပြောသမျှနှုတ်ထွက်စကားဟာ ကြားရသူတွေအတွက် နားဝင်ပီယံ ဖြစ်စေတယ်။

မျက်နှာမှာတို့ထားရင် ဆန့်ကျင့်ဘက်ပုရိသတွေဟာ မနေနိုင်မထိုင်နိုင် ချစ်လာစေတယ်။

ဆန့်ကျင်ဖက်ပုရိသတွေတင်မဟုတ်ဘူး အနီးပတ်ဝန်းကျင်က နတ်ကောင်းနတ်မြတ်တွေရဲ့စောင့်ရှောက်မှု ချစ်ခင်မှုတွေ ရရှိစေတယ်။

ဆေးသုံးတာကြာလာတာနဲ့အမျှ မင်းသမီးတစ်ပါးလို စိတ်တွေမာန်တွေကြွလာစေတယ်။

အလှအပကြိုက်လာမယ် နဂိုထက်ပိုပြီးသပ်ရပ်လာမယ်။

ကိုယ့်မျက်နှာလေးမှာ အကြည်ဓာတ်လေးတွေ​ပြည့်နေတယ်။

အမှားတူတူလုပ်ရင်တောင် သူများတွေအဆူခံရပြီး ကိုယ်အဆူမခံရတာ ဒီဆေးဘဲ။

ကိုယ့်ကောင်လေးအချစ်ပေါ့နေရင် သုံးကြည့်စမ်းပါ။အပျောက်တောင်ခံမယ်မထင်။
မိန်းကလေးအချင်းချင်းဖြစ်နေရင်တောင် ဒီဆေးသုံးထားရင် ကိုယ့်ကိုညီမအရင်လိုချစ်လာစေတဲ့အထိ အကျိုးတွေပေးနိုင်တဲ့ လောကီဆေးဝါးကောင်းတစ်လက်ဖြစ်တယ်။

ဆေးတစ်ပုလင်းတန်ဖိုးကတော့ ကျပ်၇၀၀၀၀( ခုနှစ်သောင်း )ဖြစ်ပါတယ်။

ဆက်လက်ကြိုးစားပါအုံးမည်။

ဖြိုးဟိန်းသီဟ

02/02/2024

ဝိမုတ္တိအင်းတော်

- ဆင်းရဲခြင်းမှ လွတ်မြောက်လိုသူများ
-အမှုထောင် မှ လွတ်မြောက်လိုသူများ
-ရာထူးတိုးလိုသူများ
-မတရားဖိနှိပ်ခံနေရသူများ
-ကျန်းမာရေးမကောင်းသူများ အသုံးပြုနိုင်သည်။

အင်းကို ရွှေ ငွေ​ ကြေးပြားတွင် ကျနစွာစီရင်၍ ဘောင်သွင်းပြီး မီးပူဇော်နိုင်သည်။

မှိုင်းကိုင်စက္ကူတွင် အင်းချပြီး ဖယောင်းတိုင်တွင်ပတ်ကာ တစ်နေ့တစ်တိုင် ငါးရက် ထွန်းပေးရုံမျှဖြင့် မကောင်းသော အဆိုးအညံ့တို့ကိုပျောက်ကင်းစေနိုင်သည်။

နာမကျန်းဖြစ်သော် ထိုအင်းကိုမှိုင်းကိုင်တွင်ချပြီး သက်စေ့ချည်မျှင်ကို မကျန်းမာသူ၏ အရပ်ဖြင့်တိုင်းကာ မီးထွန်းနိုင်သည်။

ထူးခြားသောအင်းမြတ်ဖြစ်ပြီး နာမည်ကျော် အဘအောင်မင်းခေါင် ကိုယ်တိုင် အထူးသုံးစွဲခဲ့သည်။

ဖြိုးဟိန်းသီဟ
#အင်းပညာ

01/02/2024

အကြွေးရယတြာ

အကြွေးရရန်ရှိသောသူ၏ အမည်ကို ငှက်ပျောရွက်တွင် ပုလင်းကွဲဖြင့်ရေးပြီး မြေအိုးထဲတွင်ထည့်ပါ။
ရေထည့်ပြီးပွက်ပွက်ဆူအောင်ပြုတ်ပါ။ ဆူနေသောထိုအိုးကိုယူ၍ ငါ့ထံမှယူထားသောငွေ အမြန်ပြန်ရပါစေ ဟုလေးလေးနက်နက်ဆုတောင်းပြီး ရိုက်ခွဲပါ။
၃ကြိမ်ထက်မလုပ်ရပါ။

ဖြိုးဟိန်းသီဟ
#အကြွေးရယတြာ

19/01/2024

မနောမယအန်စာဗေဒင်

အန်စာဗေဒင်တဲ့။ တော်တော်များများကြားဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ကျွန်တော်တို့ ဆော့ကစားနေကြတဲ့ အန်စာတုံးလေးတွေဟာ ဆိုရင်လည်း လူတွေရဲ့အနာဂါတ်ကံကြမ္မာကို ဟောပြောဖို့ အသုံးပြုနိုင်ပါသေးတယ်။
ဒါပေမဲ့ရိုးရိုးအန်စာတုံးနဲ့တော့ နိမိတ်ဖတ်ဖို့မဖြစ်နိုင်ပါဖူး။ဒီတော့ အန်စာတုံးလေးတွေကို အဆင့်ဆင့် အသက်သွင်း သိဒ္ဓိတင်ပြီး လူတွေရဲ့ကံကြမ္မာကို ဟောပြောဖို့စီရင်ရပါတယ်။
ဒါတွေပြီးရင်တော့ ဗေဒင်စဟောလို့ရပြီပေါ့။ဒီတော့ ဘယ်လိုမေးကြမလဲဆိုရင် အန်စာဗေဒင်မှာ မေးနိုင်တဲ့ မေးခွန်း ၁၆ မျိုးရှိပါတယ်။ဒါတွေကတော့-
၁ မိမိဆန္ဒတွေ ဘယ်တော့ပြည့်ဝမလဲ။

၂ ငွေကြေးကိစ္စအဆင်ပြေမလား။လိုနေတဲ့ငွေရနိုင်မလား

၃ ရာထူးတိုးဖို့ကိစ္စ အလုပ်အကိုင်အပြောင်းအရွေ့ကိစ္စတွေ အဆင်ပြေနိုင်မလား။ဘာဆက်ဖြစ်မလဲ။

၄ ဘဝအတွက်ကောင်းကျိုးပေးနိုင်တဲ့ ချစ်သူဘယ်တော့တွေ့မလဲ။အခုသံယောဇဉ်ဖြစ်နေတဲ့လူကရော။

၅ မိသားစုအမွေတွေရဖို့ရှိလား။

၆ အမှုအခင်းကိစ္စအဆင်ပြေမလား။

၇ မိသားစုထဲက ကျန်းမာရေးအခြေအနေဆိုးဝါးနေသူ အတွက် သိချင်ပါတယ်။ဘာဆက်လုပ်ရမလဲ။

၈ လိမ်ညာခံရတဲ့ငွေတွေ ပြန်ရနိုင်လား။

၉ အခုစိတ်ကူးထားတဲ့လူနဲ့လက်ထပ်ဖို့အဆင်ပြေပါ့မလား။

၁၀ နိုင်ငံခြားဘယ်တော့သွားရမလဲ။

၁၁ ချမ်းသာပြည့်စုံတဲ့ဘဝကိုရနိုင်မလား။

၁၂ အိမ်ထောင်ပြုရင် ဘဝအခြေအနေအဆင်ပြေပါ့မလား။ ဘယ်လိုအိမ်ထောင်ဖက်နဲ့ရမလဲ။

၁၃ ပျောက်ဆုံးနေတဲ့ငွေကြေးပစ္စည်းတွေ ပြန်ရနိုင်မလား။ဘာလုပ်သင့်လဲ။

၁၄ မျှော်နေတဲ့ သတင်းဘယ်တော့ကြားရမလဲ။သတင်းကောင်းဖြစ်ပါ့မလား။

၁၅ သံယောဇဉ်ဖြစ်မိနေတာကနှစ်ယောက်။ဘယ်သူ့ကိုရွေးသင့်လဲ။

၁၆ ဒီလမှာလုပ်ငန်းတိုးချဲ့ချင်တယ်။အဆင်ပြေပါ့မလား။

စသဖြင့် မေးမြန်းလိူ့ရပါတယ်။
ပညာကြေးအနေနဲ့ကတော့ မွေးခွန်းတစ်ခု ၁၅၀၀ ကျပ်ဖြစ်ပါတယ်။

ဖြိုးဟိန်းသီဟ
အန်စာဗေဒင်

19/01/2024

ကျွန်တော်ရဲ့ page လေးမှာဘဲ သေချာအလုပ်လုပ်တော့မှာမို့ ဒီနေ့ free reading လုပ်ပေးပါမယ်။

ကျွန်တော့်ရဲ့ page လေးကို follow လုပ်ပြီး မေးခွန်း ၃ခု မေးမြန်းနိုင်ပါတယ်။

Follow လုပ်ပြီးကြောင်း ssကို ကျွန်တော့် page cb မှာ ပြသပြီး မေးမြန်းလိုသောအကြောင်းအရာ ၃မျိုးမေးမြန်းထားပါ။

follow လုပ်ပြီးသားလူတွေလဲ မေးမြန်းနိုင်ပါတယ်။

ယခုpost လေးကိုလဲ react လေးပေးသွားပါအုံး။

18/01/2024

သင့်နာမည်ကောင်း မကောင်း???

လူတိုင်းတွင်နာမည်လိုအပ်သည်။နာမည်တစ်ခုချင်းဆီတိုင်းတွင် ဗျည်းသရတို့ဖြင့်တည်ဆောက်ထားသည်။ထိုဗျည်းသရတို့၏ ဖွဲ့စည်းပုံကို တွက်ချက်၍ မိမိတို့၏ နာမည်သည် ကောင်းသည်ဆိုးသည်ကို ခွဲခြားသိမြင်နိုင်သည်။

၁။အ ဉ ​ေ ါ ိ ီ ု ူ ဲ ံ ့ ် း = ၈
၂။က ခ ဂ ဃ င =၅
၃။စ ဆ ဇ စျ ည =၆
၄။ယ ရ လ ဝ ျ ​ြ ွ =၃
၅။ပ ဖ ဗ ဘ မ =၁
၆။သ ဟ ှ =၂
၇။တ ထ ဒ ဓ န =၇
၈။ဋ ဌ ဍ ဎ ဏ =၄

ထိုကဲ့သို့ နာမည် တစ်ခုချင်းဆီ၏ ဗျည်း သရ ဂဏန်းတန်ဖိုးများကို ပေါင်းလိုက်ခြင်းအားဖြင့် နာမည်တစ်ခု၏ စုစုပေါင်း ဂဏန်းတန်ဖိုးကိုရရှိလာမည်ဖြစ်သည်။ ရရှိလာသော တန်ဖိုးကို ၈ ဖြင့်စားရမည်။
ကြွင်းသော အကြွင်းတို့အပေါ်မူတည်၍ နာမည်အဟောများကွဲထွက်လာပါသည်။ဤတွက်နည်းသည် ကုန်းဘောင်ခေတ် ပေမူပုရပိုက်မှဆင်းသက်လာခြင်းဖြစ်သည်။

အကြွင်း( ၁ ) တံခွန်

ထိုနာမည်ပိုင်ရှင်များသည် ကျော်ကြားအောင်မြင်သူများဖြစ်မည်။အနုပညာဖြင့် အောင်မြင်လိမ့်မည်။လူအများနှင့်ဆက်နွယ်နေပြီး အများကို ကြီးကြပ်ကွပ်ကဲ အုပ်ချုပ်လုပ်ကိုင်ရသူဖြစ်မည်။တစ်ခုထက်မကသော အလုပ်များကို တစ်ပြိုင်နက် လုပ်ကိုင်ရမည်။လူသေသော်မှ နာမည်မသေသူများဖြစ်လိမ့်မည်။၄င်းနာမည်မျိုးများသည် အတိုက်အခံနှင့်ယှဉ်၍ ကျော်ကြားအောင်မြင်တတ်ကြသည်။

အကြွင်း( ၂ ) အခိုး

ထိုနာမည်ပိုင်ရှင်များသည် သြဇာအာဏာတည်တတ်သည်။ဘဝတစ်လျှောက်လုံး တိုးတက်သည်ထက်တိုးတက်အောင် စနစ်တကျလုပ်ကိုင်တတ်သည်။လူအများနှင့်စပ်ဆိုင်သော အလုပ်များကိုလုပ်တတ်မည်။လုပ်ချင်သည့်လုပ်ငန်းကိစ္စများကို မဖြစ်မနေလုပ်တတ်မည်။

အကြွင်း( ၃ )ခြင်္သေ့

ထိုနာမည်ပိုင်ရှင်များသည် လူသိများမည်။နေရာရအောင်ကြိုးစားမည်။ထင်ပေါ်ကျော်ကြားလူသိများမည်။သြဇာအာဏာတန်ခိုးကြီးမားမည်။သတိထားရမည်မှာ ထိပ်ကိုရောက်ပြီးပြန်ဆင်းတတ်သည်။

အကြွင်း ( ၄ ) ကျား

ထိုနာမည်ပိုင်ရှင်များသည် အတက်အကျမြန်မည်။ကံတရား၏ ဘီးကဲ့သို့ကောင်းတာလုပ်လျှင် ကောင်းကျိုးခံစားရမည်။ဆိုးတာလုပ်လျှင် ဆိုးကျိုးခံစားရမည်။အတိုက်အခံနှင့်ယှဉ်ပြိုင်အောင်မြင်မည်။စိတ်ကူးကိုအကောင်အထည်ဖော်ရင်း ကြီးပွားတိုးတက်နိုင်သည်။

အကြွင်း ( ၅ ) နွား

ထိုနာမည်ပိုင်ရှင်များသည် လူအများတို့၏ အသုံးချခြင်းကိုခံရမည်။အများအတွက်အနစ်နာခံရမည်။အခွင့်အလမ်းကောင်းများတွေ့မည်။ရန်သူ၏ အတိုက်အခိုက်ခံရမည်။

အကြွင်း ( ၆ )မြင်း

မြင်းနာမည်သည် အလုပ်အမျိုးမျိုးတို့ကိုလုပ်ရမည်။လှုပ်ရှားမှုများမည်။အတက်အကျအမြဲရှိတတ်သည်။သေးငယ်သော ပြဿနာကို ကြီးမားအောင်ပြုတတ်ကြသည်။

အကြွင်း ( ၇ )ဆင်

ထိုနာမည်ပိုင်ရှင်များသည် ရေရှည်စီမံကိန်းချပြီး လုပ်ရသည့် လုပ်ငန်းများတွင် အောင်မြင်အကျိုးပေးမည်။ဘဝကိုတည်ငြိမ်အေးချမ်းအောင်လျှောက်လှမ်းရမည်။ဖျော်ဖြေမှု အနုပညာများဖြင့် အကျိုးပေးမည်။

အကြွင်း( ၈ သို့မဟုတ် ၀ )လင်းတ

ထိုနာမည်ပိုင်ရှင်များသည် ငုပ်လိုက် ပေါ်လိုက်ဖြစ်နေတတ်သည်။မိမိအကြံအစည်ကို သူများကလုယူပြီး အသုံးချခြင်းခံရတတ်သည်။အရှက်တကွဲဖြစ်တတ်သည်။စိတ်မတည်ငြိမ်ဘဲ လုပ်သမျှတိုင်ပတ်တတ်သည်။ဆရာသမားလူကြီးမိဘများအတွက် အနစ်နာခံရတတ်သည်။

ဉပမာ တွက်ကြည့်ရသော်...

ကျော်ဟိန်း= ( ၈ ၅ ၃ ၈ ၈ )(၂ ၈ ၇ ၈ ၈ )
= ၃၂ + ၃၃
= ၆၅

ထို၆၅ ကို ၈ ဖြင့်စားသော် အကြွင်း ၁။
ထို့ကြောင့်ကျော်ဟိန်းသည် အကြွင်း ၁ တံခွန်နာမည်ပိုင်ရှင်ဖြစ်သည်။

ကျွန်တော့်ရဲ့နာမည်ကိုတွက်ကြည့်သော်...

ဖြိုးဟိန်းသီဟ = ( ၁ ၃ ၈ ၈ ၈ ) (၂ ၈ ၇ ၈ ၈ )(၂၈)(၂)
= ၂၈ + ၃၃ + ၁၀ + ၂
= ၇၃
ထို ၇၃ကို ၈ ဖြင့်စားသော် ၁ကြွင်း တံခွန်ဖြစ်ပါတယ်။
ဒါကြောင့်ကျွန်တော့်နာမည်ဟာလဲ တံခွန်နာမည်ဖြစ်ပါတယ်။

ဒီတော့ မိမိတို့ရဲ့နာမည်ဘယ်လောက်ကောင်းလဲဆိုတာယေဘုယျအားဖြင့်စစ်ဆေးကြည့်ပါ။

02/01/2024

post အားတွေ့သူမှန်သမျှတို့သည်

( ဧဟိလာဘံ ) ဟုစိတ်တည်ငြိမ်စွာ ၂၇ ခေါက် လေးလေးနက်နက်ရွတ်ခြင်းဖြင့် ငွေကြေးကံကောင်းလာစေပါလိမ့်မည်။

01/01/2024

Page ကို Like &Share လေးလုပ်ပေးကြပါ။

နောက်ပိုင်းမဲဖောက်တာတွေ အထူးအစီအရင်တွေ တင်ပြပေးသွားပါမယ်။

31/12/2023

ကျွန်တော်ဆီမှာရနိုင်တဲ့ အစီအရင် နဲ့ အဆောင်များ

-လာဘ်ပွင့်ဆေးအမျိုးမျိုး

https://m.facebook.com/story.php?story_fbid=648757487464444&id=100069905943618&mibextid=Nif5oz

-လာဘ်ပွင့် အဆောင်ကတ်အမျိုးမျိုး
-လာဘ်ပွင့် အဆောင်အင်းများနှင့် စမများ
-လာဘ်ပွင့်ရေမွှေးဆီ
-အာဏာတည်အဆောင်လက်ဖွဲ့
-
ပီယဆေးအမျိုးမျိုး

https://www.facebook.com/100069905943618/posts/635439992129527/

LGBT ပီယဆေး

https://m.facebook.com/story.php?story_fbid=122121448322061280&id=61551838412894&mibextid=Nif5oz

ဉမ္မာဒန္တီ ပီယဆေး

https://m.facebook.com/story.php?story_fbid=122145138974061280&id=61551838412894&mibextid=UyTHkb

ခပ်ဆေးတို့ဆေး အမျိုးမျိုး
-အထက်ပီယဆေး
-အောက်ပီယဆေး
-သူရဿတီမယ်တော်ဆီမန်း
-သူရဿတီမယ်တော်ဆေးဆီ
-သူရဿတီမယ်တော်အဆောင်များ
-ဒေဝီဆေးဆီများ
-အန္တရာယ်ကင်းအဆောင်များ
-အချစ်ရေးအစီအရင်များ
-အပေါင်းအစီအရင်များ(အခြေအနေပေါ်မူတည်၍)
-အကွဲအစီအရင်များ {လူတိုင်းမလုပ်ပေးပါ}
-တန်ပြန်အဆောင်လက်ဖွဲ့များ
-စန်းပွင့်လာဘ်ပွင့်အဆောင်များ
-လောင်းကစားဒိုင်များအတွက် အဘပုဏ္ဏက စားတော်ခ ပွဲများ
-လောင်းကစား အင်းများ အဆောင်များ
-လောင်းကစားဆေးဆီများ
-ဘုန်းမြင့်မီးတိုင်
-ပီယမီးတိုင်
-ရှင်သီဝလိမီးတိုင်

https://m.facebook.com/story.php?story_fbid=637221181951408&id=100069905943618&mibextid=Nif5oz

-ရှင်ဉပဂုတ္တမီးတိုင်
-စန်းပွင့်မီးတိုင်
-သူရဿတီမီးတိုင်
-တန်ပြန်မီးတိုင်
-အာဏာတည်မီးတိုင်
-အကြွေးတောင်းမီးတိုင်
-အနန်တသိဒ်ဓိဒီပံ

အဘအောင်မင်းခေါင်အား ပွဲလှူဒါန်းပေးခြင်း- ၅၀၀၀၀ကျပ်

အကြွေးကြေတာတွေ
https://www.facebook.com/100069905943618/posts/643853971288129/

ဆိုင်နေရာ အိမ်နေရာ မသန့်ခြင်း ဖြေရှင်းပေးခြင်း

နာမည်ရွေးပေးခြင်း

ပယောဂကုသခြင်း

ပဌာန်းဆက်သိုက်ဆက်စစ်ဆေးခြင်း

သေသူများနှင့်ပက်သတ်၍ မေးမြန်းခြင်း

https://m.facebook.com/story.php?story_fbid=122118984242061280&id=61551838412894&mibextid=Nif5oz

အတိုက်အစီအရင်များ

လိုအပ်တာတွေထပ်ဖြည့်ပါမည်။
ပိုစ့်ကိုpin ထောက်ထားမယ်။

30/11/2023

တစ်ချို့ပုဂ္ဂိုလ်တွေ လာဘ်ပိတ်နေတာတွေ ပီယပိတ်နေတာတွေရှိတယ်။
ကံနိမ့်နေတာ ကံညံ့နေတာရှိတယ်။

ပီယဆေး ပီယမီးတိုင် လာဘ်ပွင့်မီးတိုင် လာဘ်ပွင့်စေမဲ့ယတြာတွေ ဆေးတွေ
ဘယ်လောက်သုံးသုံး မထူးခြားတတ်ဖူး အစွမ်းမပြတတ်ဖူး။

ဒါဟာဘာလို့လဲ???

၁အချက် ခင်ပွန်းကြီးဆယ်ပါးလို့ခေါ်တဲ့ ကျေးဇူးရှင်ပုဂ္ဂိုလ်တွေကိုစော်ကားမိထားသူတွေ။

၂အချက် ဝဋ်ကြွေးပါသူတွေ

၃အချက် ပယောဂတစ်စုံတစ်ရာ အတိုက်မိနေသူတွေ စတဲ့သူတွေမှာ အစွမ်းမပြတတ်ဖူး။

အဲ့တော့ အစွမ်းပြအောင်လုပ်လို့မရတော့ဖူးလားရပါတယ်။ကံကြွေးတွေကိုလဲ အထိုက်အလျောက်ချေလို့ရပါသေးတယ်။

အရင်ဆုံးကိုယ့်ရဲ့ ပြင်ပခန္ဓာကိုယ်နဲ့ စိတ်ကိုသန့်စင်လိုက်ရမယ်။

ဆားရည်နဲ့ ရေချိုးတာတွေ တရော်ကင်ပွန်း နွားနို့ ဆန်ဆေးရည် နနွင်းစတာတွေရောပြီး ခေါင်းလျှော် လိုက်ရတာတွေ လုပ်ရမယ်။

ကောင်းမွန်တဲ့ Positive သီချင်းတွေနားထောင်ရမယ်။
အောင်ပါစေတို့ သူဌေးဝါဒတို့လို့ ဓာတ်မိနေတဲ့ သီချင်းတွေ အိမ်မှာဖွင့်ရမယ်။
အမွှေးနံ့သာတွေ လိမ်းကျံတာ အိမ်ခြံမြေကို ပက်ဖြန်းတာတွေလုပ်သင့်တယ်။ရှာလကာရည် ဆား ငရုတ်ကောင်းမှုန့် နဲ့ရေရောပြီး ခြံနဲ့အိမ်ကို ပက်သင့်တယ်။

ပြီးတော့ Deep relaxing ပြုလုပ်တာ တရားထိုင်တာတွေပြုပေးသင့်တယ်။

ခွေးစာကျွေးတာ ငှက်လွှတ်တာ ငါးလွှတ်တာစတဲ့ ကုသိုလ်တွေလုပ်ပေးသင့်တယ်။

ဒီလိုလုပ်တာတွေဟာဘယ်လိုဉပမာပြရမလဲဆို ရေစီးရေလာကောင်းဖို့ မြောင်းတစ်ခုကို အမှိုက်ဆယ်ရှင်းလင်းပေးရသလိုဘဲ။ပိတ်နေတာတွေရှင်း​ပေးရတယ်။

ခင်ပွန်းကြီး၁၀ပါးကန်တော့တာတွေ
နှင်းဆီပွင့်ကိုပြုတ်ပြီး ရေနဲ့ရောချိုးတာတွေလုပ်သင့်တယ်။

တစ်ခုအရေးကြီးတာကပယောဂဘဲ

ပယောဂဂမိနေရင် အရင်ဆုံး ပယောဂကိုကုသရတယ်။အဲ့တာပြီးမှလုပ်စရာရှိတာဆက်လုပ်ရမယ်။

နောက်ပိုင်းလာဘ်ပိတ်နေရင်တော့ ပယောဂ အတိုက်ရှင်းမီးတိုင်တွေ ပါထည့်ပေးဖို့တွေးထားတယ်။

ကြိုးစားဆဲပါ။

ဖြိုးဟိန်းသီဟ✨

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon

Other Astrologists & Psychics in Yangon (show all)
Burma Star Maps Burma Star Maps
Yangon

Your endless possibilities of astrology and palmistry.

A Sway A Sway
Yangon

Empress Elisa Tarot Empress Elisa Tarot
Yangon

You can't change your fortune but your action does

Myanmar Fengshui F Myanmar Fengshui F
YanGon
Yangon

Marvellous Marvellous
582 Kawalchan Street
Yangon, 11011

Your personal tarot

Mystic Astrology Mystic Astrology
Yangon

Luciferian Dragon Mystic

Veron’s Tavern of The Stars Veron’s Tavern of The Stars
Yangon

Tarot, Oracle and Rune Readings ⭐️

Tarot by Phoo Phoo Tarot by Phoo Phoo
Yangon

ဇာတာကိုစစ်ပြီးမှ တယောက်ချင်းစီအတွက် ဖယောင်းတိုင် အဆောင်ပစ္စည်းများကို စီရင်ပေးပါသည် ပြင်ပတွင် မဟောပါ

𝐽𝑢𝑠𝑡 𝐻𝑒𝑎𝑙𝑖𝑛𝑔 𝐽𝑢𝑠𝑡 𝐻𝑒𝑎𝑙𝑖𝑛𝑔
Yangon

We respect your privacy !!!

Tarot by lilac Tarot by lilac
Yangon

Tarot by lilac