T H A Company Online Registration Service & Consultancy
* New Company Registration (Myanmar)(DICA-MyCO Registration) & Related One Stop Services
***(12.12.2023,TUE) မှ (17.12.2023,SUN) အတွင်း ကျလာသော မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်မှ ကုမ္ပဏီ တစ်ခု၊ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှ ကုမ္ပဏီတစ်ခု၊ စမ်းချောင်းမြို့နယ်မှ ကုမ္ပဏီတစ်ခု၊ မရမ်းကုန်းမြို့နယ်မှ ကုမ္ပဏီတစ်ခု၊ ရန်ကင်းမြို့နယ်မှ ကုမ္ပဏီတစ်ခု၊ လမ်းမတော်မြို့နယ်မှ ကုမ္ပဏီ တစ်ခု၊ ကရင်ပြည်နယ် မြဝတီမြို့နယ်မှ ကုမ္ပဏီ တစ်ခု နှင့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်မှ ကုမ္ပဏီလေးတွေပါ။
✔ကုမ္ပဏီအသစ်တစ်ခုတည်ထောင်ဖို့ (2သိန်း 5 သောင်းကျပ်) သာ လိုတော့တယ်ဆိုတာ သင်သိပြီးပြီလား?
ဟုတ်ပါ့မလား???😳
အမှန်ပါပဲခင်ဗျာ!
✔ Mobile Banking ဖြင့်လည်းကောင်း၊ လူကိုယ်တိုင်ရုံးသို့လာရောက်၍လည်းကောင်း ကျသင့်ငွေများ ကြိုတင်ပေးချေ၍ လုပ်ငန်းများအပ်နှံခြင်းကို T H A မှ ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ။
***မိတ်ဆွေတို့ရဲ့ လုပ်ငန်းများ အောင်မြင်တိုးတက်စေဖို့ T H A မှ ဆုမွန်ကောင်းများ တောင်းဆိုပေးလိုက်ပါတယ် ခင်ဗျာ။
👉ကုမ္ပဏီ အသစ်တစ်ခု တည်ထောင်ဖို့ အရင်က(10)သိန်း ဝန်းကျင်ကုန်ကျပြီး အခု (2 သိန်း 5သောင်း ကျပ် ) ပဲ ကုန်ပါတော့မယ်။
✔(2 သိန်း 5သောင်း ကျပ်) ဆိုတာက အစိုးရသွင်းကြေးကော ဝန်ဆောင်ခပါ အပြီးအစီးပါ။
👉 ပိုအံ့ဩဖို့ ကောင်းတာက ကုမ္ပဏီအသစ်တည်ထောင်ဖို့ အချိန် (3) ရက်ခန့် ပဲကြာပါတော့တယ် 🤗
✔ ဒါ့ထက်ပိုပြီးအဆင်ပြေတာကတော့ရုံးခန်းလဲပြစရာမလိုတာ့တာပါပဲ။
ေးတွေဖတ်ပြီးမှ အလုပ်အပ်ပါနော်😊🤗🤗
💖 ဒီမှာ 👇 Review ပေါင်း 💯ကျော်ပါ ခင်ဗျာ!
https://www.facebook.com/tha.../reviews
"မိတ်ဆွေတို့၏ လုပ်ငန်းများ အောင်မြင်တိုးတက်စေဖို့ T H A မှ ဆုမွန်ကောင်းများ တောင်းဆိုပေးလိုက်ပါတယ် ခင်ဗျာ"💯💯💯
✔ကုမ္ပဏီ အသစ် တည်ထောင်မှတ်ပုံတင်ခြင်းကို အစိုးရသွင်း ကြေးနှင့် ၀န်ဆောင်ခအပြီးအစီး(2သိန်း 5 သောင်း ကျပ်) နှင့် အမြန်ဆောင်ရွက်ပေးနေပါပြီ။
✔ ကုမ္ပဏီလိုင်စင် ကျလာပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (MyCO-DICA) ရဲ့ official website မှာ ကုမ္ပဏီဆိုင်ရာအချက်အလက်တွေကို မိမိကိုယ်တိုင် ကြည့်ရှု့စစ်ဆေးနိုင်ဖို့ MyCo Account ကိုပါ အခမဲ့လုပ်ပေးမှာ ဖြစ်တဲ့အပြင် ကုမ္ပဏီ တည်ထောင် သူတွေလေ့လာထားသင့်တဲ့ အထွေထွေ ကုမ္ပဏီ ဥပဒေပိုင်းဆိုင်ရာ (PDF-FILE Soft Copy) များကိုလဲ လိုအပ်သူများ အတွက် အခမဲ့ပေး အပ်သွားပါမယ်။
(2 သိန်း 5 သောင်းကျပ်) သာကျသင့်မဲ့ AR Package မှာ အဓိက လုပ်ပေးမှာတွေကတော့
📥1/ New Company Registration (ကုမ္ပဏီ အသစ်တည်ထောင်ခြင်း-ကုမ္ပဏီ လိုင်စင်) Certificate (Soft Copy File)
📥2/Company Extract-(ယခင် Form6/26-ကုမ္ပဏီ၏ အသေးစိတ် အချက်အလက်များ(Soft Copy File)
📥 3/ ကုမ္ပဏီ အသစ်တစ်ခု (2)လ အတွင်း မဖြစ်မနေတင်ရတဲ့ AR ခေါ် Annual Return (နှစ်စဉ်အစီရင်ခံစာ) တစ်ကြိမ် တင်ပေးပါမယ်။
📥4/ ကိုယ့်ကုမ္ပဏီ ရဲ့ အချက်အလက်များကို မိမိကိုယ်တိုင် ၀င်ရောက် ကြည့်ရှုနိုင်မည့် MyCo Account တွေအပြင်
❓အခမဲ့ဘာတွေ ထပ်ရဦးမှာလဲ🤔
📥1/ EMAIL ACC မရှိသေးသူများအတွက် GMAIL ACC အသစ်တစ်ခု
📥2/မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ (MCL REGULATIONS MYANMAR) (2017)
📥3/ကုမ္ပဏီ ဒါရိုက်တာများလမ်းညွှန်(2017) (DIRECTOR GUIDE) (2017)
📥4/မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (2017) အရ သတ်မှတ်ဖော်ပြထားသည့် ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းပုံစံ(NOTICE-60)
📥5/မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ၂၀၁၆ (Soft Copy File)
📥6/အများနှင့်သက်ဆိုင်သော ကုမ္ပဏီများအတွက် သတ်မှတ်ချက်များ(2018) (NOTICE 59)
📥7/စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့များအတွက် သတ်မှတ်ချက်များ(2018) (NOTICE 58)
📥8/မြန်မာနိုင်ငံရင်းနှီးမှုဥပဒေ(2016) (MILPYIDAUNGSU HLUTTAW 2016)
📥9/ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ (1990) (COMMERCIAL TAX LAW UPDATED 2015)
📥10/ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းများ (2018) (CT REGULATION - 2018)
📥11/ဝင်ငွေခွန်ဥပဒေ (1974) (INCOME TAX LAW 1947)
📥12/ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ (6/2022) (UNION TAXATION LAW - 2022)
📥13/စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ(2019) (2-2019 INDUSTRY DESIGN LAW)
📥14/ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ(2019) (3-2019 TRADEMARK INTELLECTUAL PROPERTY RIGHTS LAW)
📥15/စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ (2019)(15-2019)
📥16/စားသုံးသူကာကွယ်ရေးဥပဒေ(2019) (CONSUMER PROTECTION LAW)
📥17/ပို့ကုန်သွင်းကုန်ဥပဒေ(2012) (THE EXPORT AND IMPORT LAW)
📥18//ယှဉ်ပြိုင်မှုဥပဒေ (2015)
(Pdf-File Soft Copy) များကိုပါ လိုအပ်သူများအတွက် အခမဲ့ ပေးအပ်ပါမယ် ခင်ဗျာ!
🚙 ကုမ္ပဏီ အသစ်လုပ်ဖို့ လူကိုယ်တိုင် လာဖို့ လိုပါသလား။?
✔ကိုယ်တိုင် လာဖို့ လုံး၀မလိုအပ် ပါ။ ဖုန်းလေး နဲ့သာ ဆက်သွယ်ပြီးထိုင်ရာ မထ(One Stop Service) ဖြင့် လုပ်ငန်းများကို စိတ်ချယုံကြည်စွာအပ်နှံနိုင်ပါတယ် ခင်ဗျာ။
?🚘ကုမ္ပဏီ အသစ်လုပ်မယ် ဆိုတော့ ရုံးခန်းကိုစစ်ဆေးရေးတွေများ လာစစ်မလား မသိဘူး🙄
✔မစိုးရိမ်ပါနဲ့ ခင်ဗျာ၊ ရုံးခန်း ပြစရာ လုံး၀(လုံး၀) မလိုအပ်ပါဘူး။ မိမိရဲ့ နေရပ်လိပ်စာ (လိပ်စာ-ရွာ၊ ရပ်ကွက်၊ မြို့နယ်၊ ပြည်နယ်/တိုင်း) ကိုသာ ဖြည့်သွင်းရမှာပါ။🤗✌
? ဒါဆို ဘာတွေလိုလဲ။😊
✔ အမည်၊ မှတ်ပုံတင် နဲ့ လိပ်စာ သာ လိုပါတယ်။
?😳
တစ်ယောက်တည်း နဲ့ကော ကုမ္ပဏီ အသစ်လျှောက်လို့ ရပါ့မလား။
✔တစ်ယောက်တည်းနဲ့လဲ ကုမ္ပဏီ အသစ်တည်ထာင်လို့ ရပါတယ်ခင်ဗျာ၊ နှစ်ယောက် သုံးယောက်လဲ ထည့်လို့ရပါတယ်၊
🚗မရဘူး တို့ကတော့ ရုံးမှာပဲ အလုပ်လာအပ်ချင်တာ။😚😁
ဆိုရင်လဲ ရပါတယ်။
🤗WELCOME🤗 လို့ဆိုပါရစေ။
🏠ရုံးခန်း လိပ်စာ ကတော့
အမှတ်(၁၀၇) ၊ အနော်ရထာလမ်း၊ (၃၇)လမ်းနှင့် (၃၈)လမ်းကြား၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်း။
Tel: 09 7730 654 26, 09 9755 5 8936 ကို ဖုန်းဆက်ပြီး မေးမြန်း၍ စုံစမ်းပြီးလုပ်ငန်းများ အပ်နှံနိုင်ပါတယ် ခင်ဗျာ။
🙄အလုပ်မအပ်ရင်ကောသိချင်တာ မေးလို့မရဘူးလား။?
✌ရပါတယ်ခင်ဗျာ။
? ကုမ္ပဏီ အသစ် တည်ထောင်ခြင်းနဲ့ ပက်သက်လို့ပဲ ဖြစ်ဖြစ်၊
? ANNUAL RETURN (နှစ်စဉ် အစီရင်ခံစာနဲ့ ပက်သက်လို့ပဲ ဖြစ်ဖြစ်
? အထွေထွ စုံစမ်းမေးမြန်းလိုတာဖြစ်ဖြစ် အချိန်မရွေး အခမဲ့ ရင်းနှီးပွင့်လင်းစွာ စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ!
✔ကိုယ့်ကုမ္ပဏီ ရဲ့နာမည်တူမရှိသေးခင်အမြန်လျှောက်မှကိုယ် လိုချင်တဲ့ အမည်ကို ရမှာဖြစ်လို့ကုမ္ပဏီ အသစ်အမြန်လျှောက်ဖို့ နှိုးဆော်ပါရစေ။
🌹အမည်တူ ရှိမရှိကိုလဲ အခမဲ့ စစ်ဆေး ပေးပါတယ် ခင်ဗျာ!
✔ မိမိလိုချင်တဲ့ကုမ္ပဏီအမည် ရတဲ့အထိ ဆောင်ရွက်ပေးပါတယ်။
🌲ကုမ္ပဏီအသစ် မှတ်ပုံတင်ပေးခြင်း(ကုမ္ပဏီအသစ်တည်ထောင်ခြင်း) (OnlineRegistration)
🌲နိုင်ငံသားပိုင်ကုမ္ပဏီ အသစ်မှတ်ပုံတင်ခြင်း။
🌲နိုင်ငံသား၊နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီ အသစ်မှတ်ပုံတင်ခြင်း။
🌲အများပိုင် ကုမ္ပဏီ အသစ်မှတ်ပုံတင်ပေးခြင်း။
🌲ကုမ္ပဏီအမည် နှင့် အသေးစိတ်အချက်အလက်များ ပြင်ဆင် ပြောင်းလဲခြင်း။
🌲ကုမ္ပဏီလိပ်စာ ပြောင်းလဲခြင်း။
🌲ဒါရိုက်တာ များပြောင်းလဲခြင်း။
🌲အစုရှယ်ယာများ တန်ဖိုးနှင့်အရေအတွက် ပြောင်းလဲခြင်း။
🌲အစုရှယ်ယာရှင်များ (Share Holder) ထည့်သွင်း/ထုတ်ပယ် ပြောင်းလဲခြင်း။
🌲ကုမ္ပဏီ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ရေးဆွဲပေးခြင်း။
🌲 ကုမ္ပဏီကို ဥပဒေနှင့်အညီဖျက်သိမ်းပေး ခြင်း။
🌲Annual Return နှစ်စဉ် အစီရင်ခံစာ တင်ပေးခြင်း။
🌲ကုန်အမှတ်တံဆိပ်၊လုပ်ငန်းအမှတ်တံဆိပ်(လိုဂို) နှင့်အမည်များ မှတ်ပုံတင်ပေးခြင်း။
🌲Certificate Of Exporter Importer Registration(EIR) (ထုတ်ကုန်/သွင်းကုန်) လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် (ပသက/ထသက လိုင်စင်) လျှောက်ပေးခြင်း။
🌲Travel and Tour (Inbound/Outbound) လိုင်စင်လျှောက်ပေးခြင်း။
🌲UMFCCI (မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း)သို့ အသင်း၀င် လျှောက်ပေးခြင်း။
🌲Money Changer (နိုင်ငံခြားငွေလဲလှယ်ရေး) လုပ်ငန်းလိုင်စင်လျှောက်ပေးခြင်း။
🌲ပြည်ပအလုပ်အကိုင်ရှာဖွေရေး လိုင်စင် (Over Sea Employment Agency)လျှောက်ပေးခြင်း။
🌲 စီးပွားရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ Export/Import လုပ်ငန်းများကို အကျိုးတူပူးပေါင်းဆောင်ရွက်ပေးခြင်း။
🌲နိုင်ငံခြားသို့ ကုန်ပစ္စည်းများတင်ပို့ပေးခြင်း၊ နိုင်ငံခြားမှ ကုန်ပစ္စည်းများ တင်သွင်းပေးခြင်း လုပ်ငန်းများကို
✔T H A- MYANMAR COMPANY ONLINE REGISTRATION SERVICE & CONSULTANCY CO.,LTD မှ မြန်ကောင်းသက်သာ နည်းစနစ်များဖြင့် ☀️(One Stop Service)☀️ဖြင့် အကောင်းဆုံး၀န်ဆောင်မှု များပေးနေပါပြီ။
📞ကုမ္ပဏီနှင့်ပက်သက်၍သိရှိမေးမြန်းလိုသည်များကိုလည်းရင်းနှီးပွင့်လင်းစွာအခမဲ့ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။📞
ဆက်သွယ်ရန်-
🏠 No . (107), Anawrahtar Road, (Between 37 and 38 Street), Kyauktada Township.
Tel: 09 7730 654 26, 09 9755 589 36
🔆 We Are Specialize in
🔆Company Registration and Related Services
🔆 Company Online Registration (MyCO Registration)
🔆 LOCAL
🔆 FORIENG Representative / Branch Office
🔆 Joint Venture
🔆 Social and Trade Association
🔆 Trade Mark Registration (Individual, Co-operate)
🔆 Exporter/ Importer Registration
🔆 Applying UMFCCI Membership
🔆 Share Transfer
🔆 Company’s Name Change
🔆 Company’s Address Change
🔆 Apply For Travel and Tour License (Inbound/ Outbound )
🔆 Manpower License (Oversea Employment Agency)
🔆 Money Changer License (CBM)
🔆 Legal Consultation
Contact Us📌
Office Address: 🏠
No . (107), Anawrahtar Road, (Between 37 and 38 Street), Kyauktada Township.
✅ TEL: 09 7730 654 26, 099 75558936
📧 Email: [email protected]
#ထသက #ပသက
အောင်မြင်ဖို့ ခက်ခဲကြသူများ
ခေတ်ကြီးက အလျင်အမြန်နဲ့ တိုးတက်နေပါတယ်။ ဒီလိုတိုးတက်နေတဲ့ခေတ်ကြီးမှာ ဘယ်လိုလူစားတွေက နှောက်ကျကျန်ရစ်ခဲ့နိုင်သလဲ၊ ခေတ်ရဲ့ အမြန်နူန်းနဲ့ အတူ တိုးတက်အောင် ဘာတွေပြင်ဆင်ထားသင့်သလဲ၊ ကြည့်ကြရအောင်..
၁။ အလုပ်ချိန်အပြင် မကြိုးစားသူ
အချိန်ကို ဖြုန်းနေရတဲ့လူဟာ၊
ဘ၀ကို ဖြုန်းတီးနေတာပါ။
အချိန်ကို ဖြုန်းနေရတဲ့လူများဟာ၊ မအောင်မြင်တတ်ပါ။
အချိန်ကို ညစ်ထုတ်နေရသူများသာ အောင်မြင်ကြသူများပါ။
၈ နာရီအတွင်း အလုပ်လုပ်တဲ့သူများဟာ ပစ္စုပန်အတွက်ပါ။
၈ နာရီအပြင် ကြိုးစားသူများဟာ အနာဂတ်အတွက်ပါ။
ဘယ်လိုစဉ်းစားမှုရှိရင်၊ ဘယ်လိုဘဝမျိုးကို ပိုင်ဆိုင်ပါတယ်။
ကြိုးစားတဲ့သူဟာ ရွေးချယ်ခွင့်ပိုများပါတယ်။
အမှန်တော့..ခေတ်ကြီးက မြန်လွန်းတာမဟုတ်ပါ။
ကိုယ့်တုံ့ပြန်မှုက နှေးကွေးလွန်းနေတာပါ။
ကြိုးစားလေ့လာတာ အားနည်းတော့၊ စဉ်းစားဉာဏ်အားနည်းတာပေါ့၊
ဘဝမှာ ဝမ်းနည်းခြင်း ၂ ပါးရှိတယ်လို့ ဆိုပါတယ်။
အိမ်ထောင်သည်ဘဝမှာ၊ ချစ်သူဘဝကို ပျောက်ဆုံးစေတာရယ်၊
ကျောင်းပြီးဘွဲ့ရလို့ ဆက်ပြီး မလေ့လာတော့တာရယ် ဖြစ်တယ်တဲ့၊
ပညာရှင်များရဲ့ အဆိုအရ၊ အောင်မြင်တဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်ဖို့
အတွေးအမြင်က ၄၀% ပါတယ်။
လူမှုဆက်ဆံရေး ကောင်းမွန်တာ ၄၀% ပါတယ်။
လုပ်ငန်းကျွမ်းကျင်မှု ၂၀% ပါတယ်လို့ ဆိုပါတယ်။
အဲဒီ အဆိုကို ကြည့်ပြီး ကျွန်တော်တို့ ကိုယ့်ကိုယ်ကို သေသေချာချာ ဆန်းစစ်သင့်ပါတယ်။ ငါဘယ်နေရာမှာ အားနည်းနေသလဲ၊ ဘယ်ဘက်ကို ပိုမုအားပြုပြီး ဖြည့်ဆီးပေးသင့်သလဲ။
၂။ အသစ်အဆန်းအပေါ် တုံ့ပြန်မှု နှေးကွေးလွန်းသူ
အသစ်အဆန်းပေါ်ထွက်မှု တော်တော်များများဟာ စီးပွားရေး အခွင့်အရေး တစ်ခုခုကို အမြဲလိုလို ဖြစ်ထွန်းစေတတ်ပါတယ်။ အသစ်အဆန်းဆိုတာ၊ သံသယသံနဲ့ ငြင်းဆိုသံများကြားထဲကနေ ပေါ်ထွက်လာရစမြဲပါ။
၂၁ ရာစုမှာ ပေါ်ထွက်လာတဲ့ အသစ်အဆန်းတိုင်းဟာ ခေတ်ရှေ့ရေစီးကြောင်းကို မီးမောင်းထိုးပြနေတတ်တယ်။ အဲဒီခေတ်ရေစီးကြောင်းကို မျက်စိအမြင်နဲ့ မဆုံးဖြတ်သင့်ပဲ၊ အမျော်အမြင်နဲ့ ကြည့်မြင် ဆုံးဖြတ်သင့်ပါတယ်။ ဥပမာ၊ online service + လုပ်ငန်းတစ်ခုခု၊ Artificial Intelligence လို့ခေါ်တဲ့ AI, 5G ၊ စသည်ဖြင့်…
ခေတ်ရေစီးကြောင်းရဲ့ လားရာကို ဖမ်းမိတဲ့လူဟာ အနာဂတ်ကို ဖမ်းမိကြပါတယ်။
လေ့လာဆည်းပူးမှု အားနည်းတဲ့သူများဟာ ဆင်ခြင်ပြီးကောက်ချက်ချသင့်တဲ့ အကြောင်းအရာကို မှတ်ချက်ပေးပြီး အဆုံးသတ်လေ့ရှိကြတယ်။ ကိုယ်မှာရှိနေတဲ့ ဗဟုသုတအနည်းအကျဉ်းနဲ့ အနာဂတ်ကို တွေးဆတတ်ကြတယ်။အသစ်အဆန်းကိုလွယ်လွယ်ကူကူနဲ့ ငြင်းဆိုတတ်ကြတယ်။
ဒီလိုလူတွေဟာ ခေတ်နောက်ကို ကျကျန်ရစ်ခဲ့ကြမှာပါ။
၃။ တစ်ယောက်တည်းအားနဲ့ အလုပ်လုပ်လိုသူ
၂၁ ရာစုခေတ်ကြီးဟာ တစ်ဉီးကောင်း တစ်ယောက်ကောင်း သူရဲကောင်းခေတ်ကြီး မဟုတ်တော့ပါဘူး၊ ပူးပေါင်းဆောင်ရွက်ရတဲ့ခေတ်၊ အသင်းအဖွဲ့ခေတ်ဖြစ်လာနေပါပြီ၊ အသင်းအဖွဲ့အားကောင်းတဲ့ အုပ်စုဟာ စျေးကွက်ပိုမိုပိုင်ဆိုင်တဲ့ ခေတ်ဖြစ်လာပါပြီ၊ တစ်ဉီးတစ်ယောက်တည်းရဲ့ အရည်အသွေးနဲ့ လုပ်ရှားနေသူများအဖို့ ခေတ်ရေစီးကြောင်းရဲ့ ပစ်ခွာခြင်းကို ခံရနိုင်ဘွယ်ရှိလာပါပြီ။
၁ + ၁ = ၂ ( သင်္ချာ ပညာ)
၁ + ၁ = ၁၁ ( စီးပွားရေး ပညာ) ဖြစ်ပါတယ်။
၄။ စိတ်နူးညံ့လွန်းသူ၊ ထိလွယ်ရှလွယ်သူ
မာနကြီးတယ်၊ လက်တွေ့မကျဘူး၊ ကိုယ့်ကိုယ်ကို အထင်ကြီးတယ်၊ အရည်အချင်းမရှိဘူး၊ အကုန်ဝေဖန်တတ်တယ်၊ ကိုယ်တိုင်ကျတော့ ကောင်းအောင်မလုပ်တတ်ဘူး၊ အပြင်အပမ်းက ကြည့်ရင် ခိုင်မာတယ်လို့ ထင်ရပေမဲ့ အတွင်းစိတ်က နူးညံ့ပြီး အလွန်ထိလွယ်ရှလွယ်တယ်။
ဒီလိုလူစားမျိုးဟာ ဝင်ဆန့်မှုအားနည်းတယ်။ စိတ်ဓါတ်ကြံ့ခိုင်မှု အားနည်းတယ်။ အောင်မြင်ဖို့ မလွယ်ကူဘူး၊
၅။ တွက်ကပ်တတ်သူ၊ အမြင်တိုလွန်းတဲ့သူများ
လက်ငင်းအကျိုးကို အလေးထားလွန်းရင်၊ ရေရှည်အကျိုးထိခိုက်တတ်ပါတယ်။ အသေးအမွှားကို ကြည့်လွန်းရင်၊ ရေရှည်အခွင့်အရေး ပျောက်ဆုံးသွားတတ်ပါတယ်။
ကြိုးစားလေ့လာခြင်းဟာ အနာဂတ်အတွက် အကောင်းဆုံးသော ရင်းနှီး မြုတ်နှံမှုဖြစ်တယ်။ ကြိုးစားလေ့လာခြင်းဟာ အသိတိုးစေတယ်။ အမျော်အမြင်ရှိစေတယ်။ စိတ်သဘောထားကြီးစေတယ်။ ခေတ်ရေစီးကြောင်းရဲ့လားရာ ကို သိရှိစေနိုင်ပါတယ်။
၆။ ဆက်ဆံရေး ညံ့ဖျင်းသူ
စိတ်ဆိုးလွယ်တယ်။ ဒေါသကြီးတယ်။ ထိကနှဲဆိုရင် တုံ့ပြန်လိုက်ပြီ၊ ဒီလိုလူတွေကို လူတွေက ဝေးဝေးရှောင်ကြပါတယ်။ ဒေါသကြီးတဲ့လူများဟာ အရည်အချင်းရှိခဲ့ရင်တောင်မှ အခွင့်အရေး နည်းပါးတတ်ပါတယ်။ ဆက်ဆံရေး ကောင်းမွန်းချင်ရင်တော့ မိမိရဲ့ စိတ်လုပ်ရှားခံစားမှုတွေကို ထိန်းကြောင်းတတ်ရပါမယ်။
# Credit to original uploader.
📣 ပျင်းရိခြင်းကို ကျော်လွှားနိုင်စေမယ့် နည်းစနစ် (၃) ချက်။ 🙇♂️🙇♂️🙇♂️
မိတ်ဆွေတို့လည်း ကိုယ်ပျင်းနေပြီလို့
ခံစားမိရင် ဒီအချက်လေးတွေကို
လုပ်ကြည့်ပါခင်ဗျ 👇💯
“ သာမန်မျက်လုံးတွေ မမြင်နိုင်တဲ့ အရာတွေကို သတိမူပြီး အသက်ရှင်နေထိုင်ပါ။”
ကျွန်တော်တို့ နေထိုင်နေတဲ့ကမ္ဘာကြီးဟာ
တကယ့် အခွင့်အလမ်းတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုပါ။ ဒေါက်တာမာတင်လူသာကင်း ၁၉၆၇ အောက်တိုဘာ ၂၆ ရက်နေ့က ကျောင်းသားလေးတွေကို ပြောခဲ့တဲ့ မိန့်ခွန်းတစ်ခုမှာဆို ကျွန်တော်တို့ ကမ္ဘာကြီးက ပိုပြီး အခွင့်အလမ်းတွေ များလာပြီလို့ ပြောခဲ့ပါတယ်။ ဒါက လွန်ခဲ့တဲ့ အနှစ် ၅၀ ခန့်ကပြောခဲ့တာဆိုတော့ ဒီနေ့ခေတ်ဟာ အရင်ကထက် အရမ်း အခွင့်အလမ်းတွေများလာပါတယ်။
ဒေါက်တာ မာတင်လူသာကင်းပြောခဲ့တဲ့ အချိန်ကထက်လည်း ပိုများနေပါပြီ။ ကျွန်တော်တို့တွေ သမိုင်းတစ်လျှောက ဘယ်လူသားမှ မစီးနိုင်ခဲ့တဲ့ ယာဉ်တွေနဲ့ခရီးသွားနေနိုင်ပြီ။ ဘယ်လူသားတွေမှ မဆက်သွယ်နိုင်ခဲ့တဲ့ နည်းလမ်းတွေနဲ့ ကျွန်တော်တို့ ဆက်သွယ်နိုင်နေပြီ။ ကျွန်တော်တို့တွေဟာ အရင်ကလူသားတွေထက် အဆပေါင်းများစွာ လုပ်နိုင်စွမ်းတွေ ရှိနေပါပြီ။
ဒါပေမဲ့ ဒီလောက် အခွင့်အလမ်းတွေ များနေတဲ့ အချိန်မှာတောင် ကျွန်တော်တို့မှာ အဓိက ပြဿနာ တစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ ပျင်းရိခြင်းပါ။ ကျွန်တော်တို့ အိမ်မှာ ထိုင်ပြီး ပျင်းရင် ပျင်းနေမယ်။အလုပ်မှာ လုပ်နေရင်း ပျင်းနေမယ်။ စာသင်ရင်း ပျင်းရင်းပျင်းနေပါလိမ်မယ်။
အဲ့ဒီအချိန်မှာ ကျွန်တော်တို့ လုပ်တတ်လေ့ရှိကြတာက ဒါကို လုံးဝရှောင်တာပဲ ဖြစ်ဖြစ်
တစ်အခြား လုပ်နေတာပဲ ဖြစ်ဖြစ် ဖြေရှင်းတတ်ပါတယ်။ ဥပမာ ဆရာက စာသင်တာ ပျင်းဖို့ကောင်းရင် ကျောင်းမသွားတာပဲ ဖြစ်ဖြစ် အိမ်မှာနေရတာ ပျင်းဖို့ကောင်းရင် အိပ်နေတာပဲ ဖြစ်ဖြစ် ဖြေရှင်းတတ်ကြပါတယ်။ ဒါပေမဲ့ ဒီလို ကိုယ်မကြိုက်တဲ့ အရာတစ်ခုကို ရှောင်ပုန်းရင်းရှောင်ပုန်းရင်းနဲ့ နောက်ပိုင်းမှာ အကျင့်ဖြစ်ပြီး ပျင်းသွားတတ်ပါတယ်။ အဲ့ဒါကို အပျင်းရောဂါ စွဲကပ်တယ်လို့ ခေါ်ပါတယ်။ ဒီတော့ ကိုယ်က ပျင်းတတ်တယ်လို့ ခံစားနေရရင် ကိုင်တွယ်ဖြေရှင်းသင့်တဲ့ စိတ်ပိုင်းဆိုင်ရာ နည်းလမ်းလေးတွေရှိပါတယ်။ အဲ့ဒါတွေကတော့
🔺 ၁။ ကိုယ့်ခံစားနေတာကို ခဏရပ်ပြီး ခံစားချက်ကို သေချာစစ်ဆေးပါ။။
ကိုယ်ဘာတွေ ဖြစ်နေလဲဆိုတာ သေချာသိအောင်လုပ်ပါ။ ဝေဖန်တာတွေ၊ ဆုံးဖြတ်တာတွေ မလုပ်သေးဘဲကိုယ့်ရဲ့ ခံစားချက် ဘာတွေ ဖြစ်နေလဲဆိုတာ သတိထားပြီး စောင့်ကြည့်ပါ။ စောင့်ကြည့်ဖို့အတွက် ပထမဆုံးလုပ်ဖို့လိုတာက အသက်ပြင်းပြင်းရှုပြီး ပျင်းတဲ့ခံစားချက်နဲ့ အတူရှိနေတဲ့ ခံစားချက်တွေကို လေ့လာပါ။ အဲ့လို ခံစားချက်ကို သေချာစစ်ဆေးကြည့်ရင် သင်ဟာ သင့်ရဲ့ လက်ရှိဖြစ်နေတဲ့ အရာနဲ့ ကြုံနေရလို့ စိတ်မသက်မသာဖြစ်ပြီး ၊ မနှစ်သက်တဲ့ အတွက် ပျင်းနေတာ ဖြစ်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ဒီတော့ ကိုယ့်စိတ်အခြေအနေက ပျင်းနေတယ်ဆိုရင် ကိုယ်ကြုံနေရတဲ့ အရာတွေကို ပြောင်းလဲရပါလိမ့်မယ်။ ဒါက ပထမဆုံး ပျင်းရိခြင်းကို ကျော်လွှားဖို့အတွက် ပထမဆုံး ခြေလှမ်းတစ်ခုပါပဲ။
🔺 ၂။ ကိုယ်လုပ်လို့ရနိုင်တဲ့ တစ်ခြား အရာတွေကို ရှာဖွေကြည့်ပါ။
ကျွန်တော်တို့ ခံစားချက်တွေရင်ထဲမှာ ဘာတွေ ဖြစ်နေတာလဲ သိရတာနဲ့ ကျွန်တော်တို့ ဒီခံစားချက် ဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို ရှာဖွေလို့ရပါတယ်။ တကယ်တမ်း ကျွန်တော်တို့ အခြေအနေတစ်ခုကို မနှစ်သက်ဘဲ ပျင်းသွားရခြင်းဟာ ကျွန်တော်တို့ အရင်က ယုံကြည်ခဲ့တဲ့ ယုံကြည်မှု အမှားတွေကြောင့်ဖြစ်ပါတယ်။ တကယ်တမ်း ကိုယ့်ပျင်းနေတဲ့ အရာထဲမှာတော့ လုပ်စရာတွေ ရှိပါသေးတယ်။ ဒီတော့ ကျွန်တော်တို့ လက်ရှိ ကြုံနေရတဲ့ အရာထဲမှာ ဘယ်လို ရွေးချယ်စရာတွေ ရှိဦးမလဲဆိုတာ ကိုယ့်ကိုကို ပြန်မေးပါ။ အိမ်မှာနေရတာ မကြိုက်လို့ ပျင်းနေတယ်ဆိုရင်လည်း တစ်ခြား စာဖတ်မလား၊ ရုပ်ရှင်ကြည့်မလား၊ ပန်းပင်လေးတွေ စိုက်မလားဆိုတာ ရွေးချယ်လို့ရပါတယ်။ ဒီတော့ ကျွန်တော်တို့ ကြုံနေရတဲ့ အခြေအနေကို ဖောက်ထွက်
တွေးတတ်မယ်ဆိုရင် အခွင်အလမ်းတွေက အများကြီး ဖြစ်နေမှာပါ။ ဥပမာ အိမ်မှာ နေရတာ ပျင်းတယ်ဆိုရင်လည်း ပျင်းလို့ အိပ်နေမယ်အစား သေချာ တွေးကြည့်ရင် ကိုယ်လုပ်လို့ရတဲ့ အရာတွေ အများကြီး ရှိနေတာကိုတွေ့ရမှာပါ။ ဒီတော့ ပျင်းလို့ ဘာမှ လုပ်စရာမရှိလို့ အိပ်နေတယ်ဆိုတာ လုပ်စရာတွေ တကယ်လုံးဝမရှိလို့ အိပ်နေတာ မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ စိတ်ကူးထဲမှာ လုပ်ချင်တဲ့ အရာတွေ ပေါ်မလာလို့ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်အတွက် အခွင့်အလမ်းတွေကို သေချာရှာဖွေနိုင်ပါတယ်။
🔺 ၃။ ကိုယ့်ရဲ့ စိတ်ကို ပြန်လေ့ကျင့်ပါ။
တစ်ခါတစ်ရံမှာ အပျင်းကြီးတဲ့ရောဂါရင့်သွားရင်တော့ ကိုယ်ဘာခံစားနေရလဲဆိုတာသိလဲ ဂရုမစိုက်တော့သလို တကယ်လက်တွေ့မှာ ကိုယ်လုပ်စရာတွေ အများကြီး ရှိနေတယ်ဆိုတာ သိလည်း ဂရုစိုက်တော့မှာ မဟုတ်ပါဘူး။ ပျင်းရိခြင်းဆိုတာ ဖျောက်ဖို့ခက်တဲ့ စိတ်ပိုင်းဆိုင်ရာ အကျင့်တစ်ခုပါ။ ပျင်းရိခြင်းကို သင်စိတ်ထဲမှ ဖျောက်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ကျေးဇူးတင်တတ်တဲ့ အလေ့အကျင့်ရှိခြင်းဟာ ပျင်းရိခြင်းကို ဖျောက်ပစ်နိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်ဒီတော့ ကိုယ်ကျေးဇူးတင်ရတဲ့ အရာ ၁၀ ခုကို စာရင်းထဲချရေးလိုက်ပါ။ ပြီးရင် အဲ့ဒီအဲ့ဒီအချက်တစ်ခုခြင်းစီ တိုင်းရဲ့ဘေးမှာ ဘာကြောင့် ဒီအချက်ကို ကျေးဇူးတင်ရတာလဲဆိုတဲ့ အကြောင်းရင်းလေး ဝါကျတစ်ကြောင်းလောက်ရေးထားလိုက်ပါ။ ကိုယ်ချစ်ရတဲ့ လူတွေကို ဒီစာရင်းလေးကို ပြလိုက်ပါ။ ကိုယ်မှာ ဒီအချက်တွေ ရှိနေတာတောင် ဘာလို့ ပျင်းပြီး အိပ်နေ
တော့မှာလဲ။ ပြီးရင် ပျင်းရိခြင်းကို ကျော်လွှားဖို့ အခက်အခဲလူတွေကို ကြင်နာမှု ပြုပြီး ကူညီလိုက်ပါ။ ကျေးဇူးတင်တတ်ခြင်း၊ ရက်ရောခြင်း၊ ကြင်နာတတ်ခြင်းတို့ဟာ ကျွန်တော်တို့ ဘာမှ မလုပ်နိုင်ဘူးလို့ ထင်တဲ့အခြေအနေကနေ အာရုံစိုက်မှု ပြောင်းသွားစေနိုင်ပါတယ်။
သေချာဂရုတစိုက်လေ့လာခြင်းဟာ လက်ရှိအချိန် ကိုယ်ဘာဖြစ်နေလဲဆိုတာကို သိရုံသာမကဘဲ ကိုယ့် အခြေအနေကို ပြောင်းလဲစေနိုင်ပါတယ်။ ဒီ အချက်လေး (၃) ချက်က ပျင်းရိနေတဲ့ လူတစ်ယောက် အဖြစ်ကနေ ကိုယ်ဘဝကို စိတ်ကျေနပ်မှု ရှိတဲ့ လူတစ်ယောက် အဖြစ် ပြောင်းလဲလာစေပါလိမ့်မယ်။
မိတ်ဆွေတို့ရော ဘယ်အချက်တွေ လုပ်ဆောင်ဖို့ လိုသေးလဲဆိုတာ
Comment မှာ ရေးပေးခဲ့ပါဦး။
အားလုံးအောင်မြင်ပျော်ရွှင်တဲ့ နေ့ရက်တွေ ပိုင်ဆိုင်နိုင်ပါစေ။
to original uploader.
ရောင်းအားတက်စေမယ့် အချက် (၅) ချက်
▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃
ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်း/ ဝန်ဆောင်မှုကို ရောင်းအားကောင်းချင်ကြတယ် … ဒါဟာ သဘာဝပါ၊ ပိုပြီးတော့ ရောင်းချင်ရင် ဝယ်သူတွေဟာ ဘယ်လိုအကြောင်းတွေကြောင့် ဝယ်လဲ ဆိုတာကို သိထားဖို့ပါတယ်၊ အကြောင်းတရားများစွာ ရှိတဲ့ အထဲက အသုံးအတည့်ဆုံး ၅ ချက်ကို မျှဝေပေးလိုက်ပါတယ်
နံပါတ် (၁) ဈေးနှုန်း
ဟုတ်ပါတယ်၊ လူတွေဟာ အများအားဖြင့် ဈေးသက်သာတာကို သဘောကျပါတယ်၊ မိတ်ဆွေကိုယ်တိုင် ပြန်စဉ်းစားကြည့်ပါ၊ ကိုယ်က ဝယ်သူအဖြစ်နဲ့ တစ်ခုခု ဝယ်တော့မယ်ဆိုရင် မဖြစ်မနေ ထည့်သွင်းစဉ်းစားတဲ့ အချက်ထဲမှာ ဈေးနှုန်းပါရဲ့လား … ? ကျွန်တော်ကတော့ ဈေးနှုန်းကို ကြည့်ပါတယ်၊ ဒါပေမယ့် သတိထားရမှာက ဈေးကွက်မှာ ဈေးနှုန်းလျှော့ပြီး ပြိုင်တော့မယ်ဆိုရင် ဦးနာအောက်ကို နမူနာယူပါ ဈေးနှုန်းနဲ့ ပြိုင်တဲ့သူတွေဟာ အဲဒီဈေးနှုန်းကြောင့်ပဲ သေတတ်ကြပါတယ်။
နံပါတ် (၂) ရွေးချယ်စရာများခြင်း
ဒါကလည်း လူတွေ ဝယ်ဖို့အတွက် အဓိက အချက်တစ်ချက် ဖြစ်ပါတယ်။ ကျွန်တော် အင်းကျီတစ်ထည် ဝယ်ချင်လို့ ဆိုင်တစ်ဆိုင်ကို ဝင်လိုက်တယ်၊ ကိုယ်ကြိုက်တဲ့ အင်းကျီက ဆိုဒ်ရှိရင် အရောင်မရှိ၊ အရောင်ရှိရင် ဆိုဒ်မရှိ အဲလိုမျိုးဖြစ်နေရင် သေချာပါတယ်၊ ကျွန်တော် မဝယ်ဖြစ်တော့ပါဘူး။ ဒါကြောင့်မို့လို့ City Mart, Ocean, Pro One တို့တွေဟာ ဈေးဝယ်သူတွေ အတွက် အဓိက နေရာဖြစ်နေတာပါ။
နံပါတ် (၃) အရည်အသွေး
ဒီအချက်ကတော့ လူတိုင်းလိုချင်တဲ့ အချက်ဖြစ်ပါတယ်၊ ကျွန်တော်တို့ ဘာပဲ ဝယ်ဝယ် အရည်အသွေးကောင်းတာ ကို လိုချင်ကြပါတယ်၊ ဝယ်သူတွေမှာလည်း ဈေးသက်သာတာကို ကြိုက်တဲ့သူနဲ့ အရည်အသွေးကောင်းတာ ကို ကြိုက်တဲ့သူ ဆိုပြီးတော့ ရှိပါတယ်၊ ကိုယ်က အရည်အသွေးကောင်းနေတယ် ဆိုရင် ဈေးသက်သာတာကို ကြိုက်တဲ့သူမျိုးကို မရောင်းပါနဲ့၊ ဆိုလိုတာက Price Buyer ကို Target မထားပါနဲ့ Quality Buyer ကိုပဲ Target ထားပါ၊ (ဒီနေရာမှာ ခက်တာတစ်ခုက ကျွန်တော်တို့ ကြုံရတာက ပစ္စည်းလည်း ကောင်းချင်တယ်၊ ဈေးလည်း သက်သာချင်တယ်ဆိုတဲ့ ဈေးဝယ်သူမျိုးပါ၊)
နံပါတ် (၄) လွယ်ကူခြင်း
ဒါကလည်း ဝယ်သူတွေ ကြိုက်တဲ့အချက်တစ်ခုပါ၊ ဆိုပါတော့ဗျာ ကျွန်တော် တနေရာရာကို ခရီးသွားတယ်၊ ဟော်တယ်မှာ တည်းမယ်၊ ညကလည်းနက်နေပြီ၊ တစ်ခုခုစားချင်တယ်၊ သောက်ချင်တယ်၊ အပြင်လည်း မထွက်ချင်တော့ဘူး၊ ဒါဆိုရင် Kitchen မပိတ်သေးရင် တစ်ခုခုမှာစားမယ်၊ Kitchen ပိတ်သွားရင် Mini Bar က တစ်ခုခု သောက်မယ်၊ အပြင်မှာထက် ပိုဈေးကြီးတာကို သိပေမယ့် ဘာလို့ ဟော်တယ်မှာပဲစားလဲ .. ? လွယ်လို့ပါ၊ သက်တောင့် သက်သာ ပိုဖြစ်လို့ပါ၊ ဆိုပါတော့ ကျွန်တော် အွန်လိုင်း က မှာစားရင် ပို့ခ ထပ်ပေါင်းတော့ ဆိုင်မှာစားတဲ့ ဈေးထက် များတယ်၊ ဒါပေမယ့် အလုပ်တွေ များတဲ့အခါ စားရမှာနဲ့ ကားပိတ်တဲ့ ဒုက္ခကို ခံပြီး သွားမစားချင်တဲ့အခါ မှာစားဖြစ်ကြတယ်၊ ဒါဘာဖြစ်လို့လဲ .. လွယ်လို့ပါ။ လူတွေဟာ လွယ်တာ ကို ကြိုက်ပါတယ်၊ ကိုယ့်ရဲ့ ကုန်ပစ္စည်း ဝန်ဆောင်မှုကို လွယ်အောင် လုပ်ပေးနိုင်လေလေ၊ ရောင်းအားက ပိုကောင်းလာလေလေ ဆိုတာ သေချာပါတယ်။
နံပါတ် (၅) စိတ်ကြိုက်ပြုလုပ်ပေးခြင်း
မြန်မာလိုပြောရတာ နည်းနည်းခက်တယ်ဗျ ဆိုလိုတာက ဝယ်သူကြိုက်တဲ့ ပုံစံနဲ့ Customize လုပ်ပေးတာပါ၊ ဒါကို မြင်သာတဲ့ ဥပမာအနေနဲ့ ပြောရရင် Coca Cola က ဗူးလေးတွေပေါ်မှာ နာမည်လေးတွေ ရေးပြီးရောင်းတာပါ၊ အရသာကတော့ မပြောင်းလဲပါဘူး၊ ဒါပေမယ့် ကိုယ့်နာမည်နဲ့ အအေးဘူးလေး ဆိုတာက ဝယ်သူကို ပိုပြီးတော့ ဆွဲဆောင်စေပါတယ်။
မိတ်ဆွေတို့ရော ကိုယ့်ရဲ့ လုပ်ငန်းမှာ ဒီအချက် (၅) ချက်ထဲက ဘယ်အချက်တွေ အားသာလဲ .. ဘာမှ မရှိသေးဘူးဆိုရင် တစ်ခုခု အားသာအောင် လုပ်ပါ၊ တကယ်လို့ အားသာတာရှိတယ်ဆိုရင်လည်း ရေရှည်ထိန်းထားပါ
ကျေးဇူးတင်ပါတယ်
to oroginal uploader.
▪️နေ့စဉ်ဘဝမှာ အကြည်ဓာတ်ရစေဖို့
မနက်ခင်းရဲ့အစကို မရှုပ်ထွေးပါစေနဲ့။
ဖြစ်နိုင်ရင် စိတ်ကိုတည်ငြိမ်စေမည့် အရာတွေ ဖန်တီးပါ ။
တစ်နေ့တာရဲ့လုပ်ငန်းဆောင်တာတွေကို Check လုပ်ပါ ။
အရေးကြီးတာကို အရင်ဦးစာပေးလုပ်ပါ ။
ဘယ်အရာမဆိုလက်ခံနိုင်အောင် ကြိုးစားပါ။
ပြသာနာမဟုတ်ဘူး ပုစ္ဆာလို့ သဘောထားပြီး ဖြေရှင်းပါ။
မတူညီတဲ့အမြင်တွေကို လက်ခံနိုင်အောင်ကြိုးစားပါ။
ဖန်တီးမှုအားကောင်းစေမဲ့ အမူအကျင့်တွေကိုမွေးမြူပါ။
အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေကို အလေးထားပါ။
သူ့တစ်ပါးအပေါ် အကောင်းမြင်နိုင်အောင် လေ့ကျင့်ပါ။
အချိန်တွေကို တန်ဖိုးရှိရှိသုံးတတ်ပါစေ ။
ကျန်းမားရေးအတွက် အချိန်ပေးဖို့လည်း မမေ့ပါနဲ့ ။
Creator တွေအတွက် အကြည်ဓာတ်က အရေးကြီးလို့
မဖြစ်မနေ ဒီအချက်တွေက အသုံးဝင်မှာပါ …။
to original uploader.
တန်ဖိုး
———————————————————————-
တစ်ခါက အလွန်ဆာလောင်နေတဲ့ သိမ်းငှက်တစ်ကောင်ဟာ အစာရလိုရငြား ကောင်းကင်မှာပျံသန်းရင်း လိုက်ရှာတယ်။
အဲ့လိုရှာရင်း တစ်နေရာလည်းရောက်ရော မြေပြင်မှာ နီနီရဲရဲနဲ့ အရာတစ်ခုကို တွေ့တော့ တဟုန်ထိုးပြေးဆင်းလာတယ်။
အနားရောက်တော့မှ အသားတုံးမဟုတ်ဘဲ၊ ပတ္တမြားခဲ ဖြစ်နေတာကို တွေ့လိုက်ရတယ်။
သိမ်းငှက်လည်းစိတ်ပျက်သွားပြီး
အသားတုံးမှတ်လို့ ဆင်းလာတာကို ဘာအတုံးကြီးမှန်းလည်းမသိဘူးဆိုပြီး ကျော်ခွကာ ကောင်းကင်ကို ပျံတက်သွားတော့တယ်။
ဒီပုံပြင်လေးက ပေးချင်တဲ့ သင်ခန်းစာကတော့
ဘယ်လောက်ပဲအဖိုးတန်နေနေ တန်ဖိုးမသိတဲ့လူအတွက်တော့ တန်ဖိုးမရှိပါဘူး ဆိုတာပါပဲ။
to original uploader.
*ကျောင်းသားဘဝကနေစပြီးကျနော်တို့ဟာလူတန်းစား ၄ မျိုးကွဲနေခဲ့တယ်
1.(ကျောင်းစာ တော်+မိဘစီးပွားဝိုင်းကူ) သောကျောင်းသားကလေးလူငယ်များ
2.(ကျောင်းစာ ညံ့+မိဘစီးပွားဝိုင်းကူ)
သောကျောင်းသားကလေးလူငယ်များ
3.(ကျောင်းစာ တော်) ကျောင်းစာသီးသန့်ဘဲလုပ်
4.(ကျောင်းစာညံ့)
ဘာမှမလုပ်ဘဲအပျော်အပါးမက်
-ဟုတ်ကဲ့ ကျောင်းဆိုတာ ကျောင်းစာဘဲသင်ပါတယ်
-ငွေရှာနည်းမသင်ပေးပါဘူး
အသက် ၂၀ ကျော်မှာ အုပ်စု ၄ စုလုံးဟာကွဲပြားခြားနားတဲ့ လူတန်းစားတွေစတင်ဖြစ်လာပါပြီ
အုပ်စု (၁) ကလေးတွေကချမ်းသာဖို့အခွင့်အရေးအများဆုံးပါ။များသောအားဖြင့် ကျနော်တို့ငယ်ပေါင်းကြီးဖော်မြန်မာပြည်ဖွားတရုတ်လူမျိုးအများစုဟာဒီပုံစံနဲ့ကြီးပြင်းလာတာပါ
သူတို့သည်စာတော်တဲ့အတွက်ကြောင့်ဆရာဝန် အင်ဂျင်နီယာ နဲ့ အခြား အဆင့်မြင့် professional တွေဖြစ်လာပြီး ပြည်တွင်း (သို့) ပြည်ပမှာHigh Income Job တွေရကြပါတယ်။ပညာရေးမှာအရမ်းမထူးချွန်တဲ့သူတွေကြတော့လဲ ငယ်ငယ်ထဲကမိဘဆီမှာငွေရှာနည်းသင်ထားတော့ အခက်အခဲမရှိဘဲလုပ်ငန်းကြီးတွေလုပ်နိုင်တဲ့သူဋ္ဌေးတွေဖြစ်လာပါတယ်
ဆရာဝန်ဘွဲ့ရပေမဲ့ရွှေဆိုင်ကြီးလဲပိုင်နေတတ်ပါတယ်
စာရင်းကိုင်ဘွဲ့ရပေမဲ့ဆောက်လုပ်ရေးလုပ်ငန်းရှင်ဖြစ်နေတတ်ပါတယ်
ကံအကောင်းဆုံးအုပ်စုပါ
အုပ်စု ၂ ကတော့ စာညံ့လို့ ဆယ်တန်းအောင်ချင်အောင် မအောင်လဲပြဿနာမရှိ
မိဘဆီက ငွေရှာနည်း စနစ်တကျသင်ယူထားတော့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါတယ်
လမ်းဘေးမုန့်ဟင်းခါးဆိုင်ဖွင့်ထားပြီး တိုက်ခန်း ၅ ခန်းလောက်ဝယ်ထားတဲ့လူတွေအများကြီးပါ။ ကွမ်းယာဆိုင်ဖွင့်ပြီးချမ်းသာသွားသူတွေဒုနဲ့ဒေး။ မိဘလက်ငုတ်လက်ရင်း အမဲသား ဆိတ်သား ကြက်သား ဆိုင်ရှင်တွေရဲ့ကြွယ်ဝမှုဟာအော်စီမှာအလုပ်လုပ်နေတဲ့အင်ဂျင်နီယာရဲ့ဝင်ငွေကိုစာမဖွဲ့ပါဘူး
အုပ်စု ၃ ကတော့ professional ဘွဲ့ရမှအဆင်ပြေမှာပါ ဝင်ငွေကောင်းတဲ့
ဆရာဝန် အင်/ယာ သင်္ဘောသား ကွန်ပျူတာ စာရင်းကိုင် အများကြီးရှိပါတယ်
သာမန်ဘွဲ့ပဲဆိုရင်တော့ ဝန်ထမ်းဘဝနဲ့ တော်တော်ရုန်းကန်ရပါတယ်
စီးပွားရေးလဲငယ်ငယ်ထဲကမလုပ်ဘူးတော့ တော်ရုံမလုပ်ရဲကြပါဘူး လုပ်ရင်ရှုံးမှာလဲကြောက်တတ်ကြပါတယ်
တစ်ချို့တစ်လေ အရည်အချင်း ( Talent ) ရှိတဲ့လူတွေတော့အောင်မြင်သွားကြပါတယ်
ရုန်းကန်ရတဲ့အုပ်စုလို့မြင်ပါတယ်
အုပ်စု ၄ ကတော့ အသက် ၂၀ ကျော်မှာလိမ္မာလာရင်တော့ အဆင်ပြေလာကြမှာပါ
အခွင့်အရေးအနဲဆုံး အုပ်စု ဆိုပေမဲ့ ကံတရားဆိုတာ သင်္ချာ ပုံသေနည်းမရှိပါဘူး
သူတို့ထဲမှာလဲအောင်မြင်တဲ့သူတွေရှိပါတယ်
ကျနော်ကတော့ အုပ်စု ၃ ပါ။
အုပ်စု ၁၊၂ ရဲ့ မိဘတွေကတော်လိုက်တာဆိုပြီး အုပ်စု ၃၊၄ က မိမိ မိဘတွေနဲ့ နိုှင်းယှဉ်ပြီးစိတ်မကောင်းမဖြစ်ပါနဲ့
မိဘတိုင်းက ဘယ်သားသမီးကိုမှအလုပ် မခိုင်းရက်တဲ့ special သံယောဇဉ်တွေရှိကြပါတယ် အဲဒီမိဘအချစ်ဆိုတာကြောင့် ခင်ဗျားတို့ ကျနော်တို့ကို အထုတ်လေး ၁ ထုတ်တောင်မ မခိုင်းတာပါ
တစ်ချို့မိဘတွေကအမြင်ကျယ်ပြီး တစ်ချို့ကတော့ သားသမီးကို ခိုင်းရကောင်းမှန်းမသိဘဲ အချစ်လွန်တာပါ
သူတို့အပြစ်မဟုတ်ပါဘူး
ကိုယ့်အလှည့်ကျရင်တော့ ကိုယ့်သားသမီးတွေကို အုပ်စု ၁ ထဲ ဝင်အောင်တော့ ကြိုးစား Train ရမှာပေါ့ဗျာ
to original uploader.
◾️ ကိုယ်ထိန်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာဘဲ အာရုံကို အပြည့်ထားပါ။ အရာရာတိုင်းကို ကျွန်တော်တို့ လိုက်ထိန်းချုပ်မရဘူး
#သင့်အတွက်အကျိုးရှိတယ်ဆိုရင်သင့်မိတ်ဆွေတွေအတွက်လဲShareခဲ့ဦးနော်
ဥပမာ ... အလုပ်ကိုသွားတဲ့လမ်းမှာ ကားပိတ်တယ်၊ ဒါက ကိုယ်ထိန်းချုပ်လို့ရတဲ့အရာမဟုတ်ဘူး။ ဒါပေမယ့် ဒီကားပိတ်တဲ့ဖြစ်စဉ်ကို ဘယ်လိုတုန့်ပြန်မလဲ? ဆိုတာကိုတော့ ထိန်းချုပ်လို့ရတယ်။
အလုပ်နောက်ကျတော့မယ်ကွာ၊ ဘာလို့ ရှေ့ကို မြန်မြန်မရောက်တာလဲကွာလို့ စိတ်ညစ်နေမလား?
ဒါမှမဟုတ် ငါတယောက်ထဲ ကားပိတ်တာမှ မဟုတ်တာ၊ ငါ့လိုလူတွေအများကြီးဘဲ၊ ကားပိတ်တာက တနေကုန်ပိတ်မှာ မဟုတ်ဘူး၊ သိပ်တွေးမနေတော့ဘူးဆိုပြီး စိတ်မွေးလိုက်မလား?
ကျွန်တော်ကတော့ ဒုတိယနည်းလမ်းကိုဘဲ သဘောကျလက်ခံပါတယ်
◾️ လက်ရှိကိုဘဲ အာရုံစိုက်ထားရမယ်။ အတိတ်ဆိုကလည်း ကျန်ခဲ့တယ်၊ ဘာမှ လုပ်လို့မရဘူး
အနာဂတ်ဆိုကလည်း မရောရာမသေချာဘူး။ ဒီတော့ ထိုင်တွေးပူနေလည်း ဘာမှထူးလာမှာ မဟုတ်ဘူး။ ဒီတော့ လက်ရှိကိုဘဲ သေချာအာရုံစိုက်ပြီး လုပ်စရာရှိတာကို အကောင်းဆုံးလုပ်နေဖို့လိုတယ်
◾️ အသေးအမွှားကိစ္စလေးတွေအတွက်နဲ့ စိတ်မညစ်နဲ့။ ကျွန်တော်တို့စိုးရိမ်ပူပန်နေတဲ့အရာတွေအများစုက တကယ်တမ်း လက်တွေ့မှာ ဘာမှ အရေးကြီးတာမဟုတ်ဘူး
◾️ကိုယ့်မှာရှိတဲ့အရာတွေအတွက် ကျေနပ်နေဖို့ ပျော်နေဖို့လည်း လိုတယ်။ လူတွေရဲ့သဘောတရားက ကိုယ့်မှာရှိတာထက် ကိုယ်လိုချင်တဲ့အရာတွေကိုဘဲ အာရုံစိုက်မိနေတတ်ကြတယ်။ ဘာဖြစ်လာလဲဆိုတော့ လူတွေက မပျော်ကြတော့ဘူး၊ ကိုယ့်ကိုကိုယ် အားမလိုအားမရတွေဖြစ်လာတယ်
ကိုယ်လိုချင်တာတွေအတွက် ကြိုးစားရင်း တဖက်မှာလည်း ကိုယ့်မှာရှိတဲ့အရာတွေနဲ့ ကျေနပ်နေဖို့ လိုမယ်
◾️ သတ္တိကောင်းဖို့ ဇွဲရှိဖို့လိုတယ်။ လူအများစုမအောင်မြင်ရတဲ့အကြောင်းအရင်းက ကောက်ရိုးမီးဖြစ်နေလို့ဘဲ။ ဆိုလိုတာက စစချင်းမှာ ဖြစ်ချင်တာ အောင်မြင်ချင်တာ နှယောက်မရှိဘူး။ ဒါပေမယ့် အချိန်တခုလည်းကြာလာကော မဖြစ်နိုင်တော့ပါဘူးကွာဆိုပြီး နောက်ဆုတ်ပြေးကြပြီ။
ဖြစ်ချင်တဲ့အိမ်မက်ကကြီးရင် အချိန်တခုယူပြီး အပြင်းအထန်ကြိုးစားရမယ်၊ ပေးဆပ်ရတာတွေရှိမယ်။
လူဆိုတာ ကိုယ်နဲ့ထိုက်တန်တာဘဲ ရတာဖြစ်တယ်။
to original uploader.
စီးပွားရေး/ လုပ်ငန်းများ အောင်မြင်မှုအတွက် ဒီအချက် (၆) ချက် လိုအပ်ပါတယ်။
(လျှို့ဝှက်ဖော်မြူလာ)
#သင့်အတွက်အကျိုးရှိတယ်ဆိုရင်သင့်မိတ်ဆွေတွေအတွက်လဲShareခဲ့ဦးနော်။
➡ ၁။ အလုပ်ကြိုးစား
ကံတရားကို ပုံမချပါနဲ့၊ ကြိုးစားမှုနဲ့ အရင်းတည်ပါ။
လုပ်ငန်းစဉ်ကို အလျင်စလိုကြိုးစားခြင်း သို့မဟုတ် ဖြတ်လမ်းတစ်ခုရှာဖွေခြင်းအား ရပ်လိုက်ပါ။
ဖြတ်လမ်းတစ်ခုမှ မရှိပါဘူး။ ☑
➡ 2. သည်းခံခြင်း။
စိတ်ရှည်သည်းခံမှု ဆုံးရှုံးရင် လုပ်ငန်းတွေဆုံးရှုံးမယ်။
ပထမတော့ ဘာမှမဖြစ်ဘူး၊ နောက်တော့ တဖြည်းဖြည်းနဲ့ ရုတ်တရက် ချက်ချင်းဆိုသလို ဖြစ်သွားတယ်။
လူအများစုကအဆင့် ၁ မှာ အရှုံးပေးတယ်☑
➡ ၃။အနစ်နာခံခြင်း။
ကိုယ်လိုချင်တာကို မစွန့်လွှတ်ရင် ကိုယ်လိုချင်တဲ့အရာက အနစ်နာခံမှု ဖြစ်သွားမယ်။
အရာရာတိုင်းမှာ သူ့စျေးနှုန်းရှိတယ်။
မေးချင်တာက မင်းလိုချင်တဲ့ဘဝအတွက်
ပေးဆပ်ဖို့ အဆင်သင့်ဖြစ်ပြီလား။☑
➡ 4. ညီညွတ်မှု
တစ်သမတ်တည်းရှိခြင်းသည် ပျမ်းမျှအား ထူးချွန်မှုအဖြစ် ပြောင်းလဲပေးသောအရာဖြစ်သည်။
ညီညွတ်မှုမရှိဘဲ၊ သင်သည် ကြီးကျယ်သော အောင်မြင်မှုကို ဘယ်တော့မှ ရရှိလိမ့်မည် မဟုတ်ပါ။☑
➡ 5. စည်းကမ်း
Motivation က သင့်ကို တက်ကြွစေတယ်၊ ဒါပေမယ့် စည်းကမ်းက သင့်ကို ကြီးထွားစေတယ်။
အဲဒါကို မင်းလုပ်သလို မခံစားရတဲ့နေ့တွေ ရှိလိမ့်မယ်။
မင်းဘယ်လိုပဲခံစားရပါစေ အဲဒီနေ့ရက်တွေကို ဖြတ်ကျော်ရမယ်။☑
➡ 6. ရောင့်ရဲ တင်းတိမ်မှုရှိခြင်း။
ရောင့်ရဲ တင်းတိမ်မှုက သူတို့ မကြိုက်ရင်လည်း ငါအဆင်ပြေမယ်။ ငါအဆင်ပြေတယ် ။ ဆိုတဲ့ စိတ်နဲ့ လုပ်စရာ အလုပ်ကို ဆက်လက်လုပ်ဆောင်နေမှာပါ ။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုကျေနပ်မှု ရှိရမယ်☑
to original uploader.
ကူညီရာမရောက်တဲ့ ကူညီမှု
———————————————————————-
#သင့်အတွက်အကျိုးရှိတယ်ဆိုရင်သင့်မိတ်ဆွေတွေအတွက်လဲShareခဲ့ဦးနော်။
တစ်ခါတုန်းက ကြောင််နဲ့ ဝက်ဟာ သူငယ်ချင်းတွေ ဖြစ်ကြတယ်။
တနေ့မှာတော့ ကြောင်ဟာ ဟိုဟိုဒီဒီလျှောက်သွားရင်း တွင်းတစ်တွင်းထဲကို ပြုတ်ကျတယ်။
ကြောင်လည်း ပြုတ်ကျကျခြင်းပဲ အော်ဟစ်အကူအညီတောင်းတော့ သူ့ရဲ့ မိတ်ဆွေဖြစ်တဲ့ ဝက်ရောက်လာတယ်။
ဝက်က ချက်ချင်းပဲ မိတ်ဆွေဖြစ်တဲ့ကြောင်ကို မင်းဘာမှမပူနဲ့ ငါမင်းကို ကယ်မယ်ဆိုပြီး ကြိုးတစ်ချောင်းကို ဆွဲလာတယ်။
ကြောင်က ကြိုးကို ပစ်ချပေးလို့ပြောရော ဝက်ဟာ ကြိုးခွေတစ်ခွေလုံး ပစ်ချပေးလိုက်တယ်။
ကြောင်ဟာ သူ့နဖူးသူ ပြန်ရိုက်ပြီး ကြိုးခွေတစ်ခွေလုံး ပစ်ချပေးမှတော့ မင်းငါ့ကို ဘယ်လိုဆွဲတင်ပေးနိုင်တော့မှလဲဆိုပြီး စိတ်ပျက်စွာပြောတယ်။
အဲ့လိုလည်းပြောရော ဝက်က ဒါဆိုရင် ငါကဘယ်လိုလုပ်မှ မင်းကိုဆွဲတင်နိုင်မှာလဲလို့ မေးတယ်။
ကြောင်က ကြိုးတစ်စကို မင်းကကိုင်ပြီး ငါ့ကိုကြိုးတစ်စပေးမှ ကယ်လို့ရမှာပေါ့ဆိုပြီး ပြောတယ်။
ကြောင်ရဲ့စကားလည်းဆုံးရော ဝက်ဟာ ချက်ချင်းပဲ တွင်းထဲကို ခုန်ချလိုက်ပြီး ကြိုးတစ်စကို ကောက်ကိုင်လိုက်တယ်။
ကြောင်ကလည်း သေပါလေရောဆိုပြီး စိတ်ပျက်စွာငြီးတွားလိုက်တော့တယ်။
ရယ်ရခက် ငိုရခက်ပါပဲ။
တစ်ခါတလေကျရင် ဘယ်လောက်ပဲ စေတနာပါပါနဲ့ ကူညီနေပါစေ။ အကူအညီမတတ်ရင်လည်း ကူညီရာ မရောက်ပြန်ပါဘူး။
to the original uploader.
ပထမခြေလှမ်းကို ဂရုစိုက်ပါ
▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃
အခုနောက်ပိုင်းမှာ Facebook မှာ အကြောင်းရာမျိုးစုံနဲ့ page တွေထောင်လာကြပါတယ် … တစ်ချို့တွေက လုပ်ငန်းအတွက် အသုံးပြုဖို့ … တစ်ချို့တွေက ကိုယ့်ရဲ့ စာပေ … ကဗျာ … သီချင်း စတဲ့ အနုပညာတွေကို ပရိတ်သတ်နဲ့ ထိတွေ့ဖို့ စသည်စသည်ဖြင့် ရည်ရွယ်ချက်မျိုးစုံတွေလည်း ရှိကြမှာပါ … ကိုယ်ကိုယ်တိုင် ထောင်ထားတဲ့ page ကိုပဲဖြစ်ဖြစ် … သူငယ်ချင်း အသိမိတ်ဆွေတွေရဲ့ Page ကိုပဲဖြစ်ဖြစ် သူများတွေလည်း Like လုပ်ချင်ရင် လုပ်လို့ရအောင် invite လုပ်လို့ရတာ သိပြီးသားပါ …. ဒါပေမယ့် အဲဒီ page ကို Like လုပ်ဖို့ invite လုပ်လာတာဟာ စီးပွားရေးသဘောနဲ့ ပြောရရင် Product ကို public ဆီကို စတင် မိတ်ဆက်ခြင်းပါ … အဲဒီအချိန်မှာ ကိုယ့် product ရဲ့ အရည်အသွေးဟာ customer ကြိုက်နေဖို့ … customer က စိတ်ကြိုက်စမ်းသပ်ခံနိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေရပါမယ် … ။
Facebook မှာ page ထောင်သူ တော်တော်များများ အား ကိုယ့်ရဲ့ friend list ထဲမှာ ရှိတဲ့သူတွေကို အနည်းနဲ့အများတော့ invite လုပ်ကြမှာပါ … ထို့အတူ facebook သုံးသူတော်တော်များများ လည်း page invite လုပ်တဲ့ noti တွေတွေ့ပါလိမ်မယ့် … အဲဒီအချိန်မှာ invite လုပ်ခံရသူတွေက ခေါင်းစဉ်ကြောင့်ဖြစ်ဖြစ် invite လုပ်တဲ့သူနဲ့ ကိုယ်နဲ့ ရင်းနှီးမှုကြောင့်ပဲ ဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် အဲဒီ page ကိုသွားကြည့်ပါမယ် … ။ အဲဒီအချိန်မှာ ကျွန်တော် ကြုံဖူးသလောက် တစ်ချို့ချို့တွေက ဘာမှ အဆင်သင့်မဖြစ်သေးပါဘူး … Profile picture နဲ့ Cover Photo လောက်ပဲ တင်ထားတာပါ။ အဲဒီတော့ ပထမဆုံး အကြိမ်ရောက်တဲ့ အချိန်မှာတင် … ဘာမှ သေသေချာချာ ရေရေရာရာ မတွေ့ရတဲ့ အခါ စိတ်ဝင်စားမှု အားနည်းသွားတတ်ပါတယ် … ။
တကယ်ဆိုရင် လုပ်ငန်းအတွက် ဖြစ်စေ … ဝါသနာအရ ဖြစ်စေ … ကိုယ်ထောင်ထားတဲ့ page ရဲ့ ရည်ရွယ်ချက်ကို ပေါ်လွင်စေမယ့် ပုံတွေ … စာတွေကို တင်ထားသင့်ပါတယ် …။ ပထမခြေလှမ်းကို သတိထားပါ … စပြီးတော့ မိတ်ဆက်ကတည်းက လူစိတ်ဝင်စား အောင် ဆွဲဆောင်မှု မရှိနိုင်လောက်သေးဘူးထင်ရင် … invite မလုပ်ပါနဲ့ဦး ကိုယ့် Page ကို ကိုယ်ကိုယ်တိုင် စိတ်ကြိုက်ပြင်ဆင်ပြီးမှ invite လုပ်စေချင်ပါတယ် … ဒါမှသာ customer ရဲ့ စိတ်ဝင်စားမှု တစ်ခုခု ကို ချက်ချင်း ဖမ်းဆုတ်နိုင်ကြမှာပါ … ။ လုပ်ငန်းအတွက် ထောင်တဲ့ page တွေဆို ပိုပြီးတောင် အဆင်သင့်ဖြစ်ဖို့ လိုပါတယ်၊ ဒီနေရာမှာလည်း Sale post တွေကြီးပဲ ထပ်မနေဘဲ လာတဲ့သူတွေအတွက် တခုခုရသွားစေမယ့် content တွေ ဖန်တီးထားဖို့လိုပါတယ်။
ကိုယ့်တစ်ခုခုလုပ်တဲ့ အခါ ကိုယ့်ဖက်က အဆင်သင့် မဖြစ်သေးခင် ပြောချင်တဲ့ဇောနဲ့ ထုတ်မပြပါနဲ့ … အဆင်သင့်ဖြစ်ပြီဆိုမှ ထုတ်ပြ မိတ်ဆက် တာ ပိုကောင်းပါတယ် … ဒါကြောင့် ဘာပဲလုပ်လုပ် ပထမခြေလှမ်းကို ဂရုစိုက်ကြပါလို့ စေတနာရှေ့ထား တိုက်တွန်း လိုက်ရပါတယ် …. ။
Credit to the original up loader.
Click here to claim your Sponsored Listing.
Myanmar Company Online Registration Service & Business Consultant
✔ We Are Specialize in
📌Company Registration and Related Services
🔆 Company Online Registration (MyCO Registration)
🏞 LOCAL
Videos (show all)
Contact the business
Telephone
Address
No. 107 (3RD Floor), Anawrahtar Road, Kyautada Township. Yangon. 11182
Yangon
Opening Hours
Monday | 10:00 - 16:00 |
Tuesday | 10:00 - 16:00 |
Wednesday | 10:00 - 16:00 |
Thursday | 10:00 - 16:00 |
Friday | 10:00 - 16:00 |
Saturday | 10:00 - 16:00 |