Dagon University English Students' Service-Learning Association
Serve to learn and learn to serve. This is the university based Service-Learning Organization
Speaking ကိုကြောက်သူများဖတ်ရန် 🫡
Language တစ်ခုလေ့လာတဲ့အခါ ယေဘုယျအားဖြင့် လေ့လာရတဲ့ 4 skills ထဲမှာ Speaking ကို ကြောက်တဲ့သူတွေရှိကြလား။ ကိုယ်က Pronunciation မှန်ပေမယ့် စကားမပြောရဲဖြစ်နေတာတွေ၊ ကိုယ်ရဲ့ Pronunciation ကမှန်ရော မှန်ရဲ့လား နားထောင်သူရဲ့ စိတ်ထဲမှာ လှောင်စရာဖြစ်နေမလား စသည်ဖြင့် Self-confidence အားနည်းနေတာတွေ ၊ Reading, Writing နဲ့ Listening ကိုပဲ ဦးစားပေးပိုလုပ်မိနေတဲ့သူတွေ ၊ အဲ့လိုလူတွေအတွက် Speaking ဟာ မလုပ်ဖြစ်လေ ပိုပြီးကြောက်စရာကောင်းလေ ဖြစ်နေမှာပါပဲ။ 🥴
များစွာသော သာဓကတွေရှိပါတယ်။ အတန်းပညာမရှိပေမယ့် ပုဂံက ကလေးတွေ ဘာလို့ အင်္ဂလိပ်လိုပြောတတ်ဆိုတတ်သလဲ။
- Listening ကြောင့်
- မကြောက်မရွံ့ပဲ ခပ်ရဲရဲ ပြောတတ်ဆိုတတ်တာကြောင့်
အဲဒီ အဓိက အချက် (၂) ချက်ကြောင့်ပဲ သူတို့က Foreigner နဲ့ပြောရဲဆိုရဲဖြစ်နေကြတာပေါ့။ ဆိုတော့ Speaking ဆိုတာကြောက်စရာမဟုတ်သလို ၊ ရှက်စရာလည်းဟုတ်မနေပါဘူး။ ကိုယ်လေ့လာနေတဲ့ Language နဲ့ပတ်သတ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ထားပြီး ရဲရဲတင်းတင်းပြောတတ်ဆိုတတ်ဖို့လိုပါတယ်။
Speaking လေ့ကျင့်ဖို့ အဖော်မရှိဘူးဆိုပြီး ဆင်ခြေပေးမယ့်သူတွေအတွက် DUESSLA ရဲ့ Free Speaking Club တွေရှိပါတယ်။ 💁
- DESC ( DUESSLA English Speaking Club )
- DKSC ( DUESSLA Korean Speaking Club )
- DTSC ( DUESSLA Thai Speaking Club )
- DJSC ( DUESSLA Japanese Speaking Club )
စသည်ဖြင့် ရှိတာကြောင့် Speaking လေ့ကျင့်ဖို့အဖော်မရှိသူများ Register လုပ်ပြီး Join နိုင်ပါတယ်။ ပြီးတော့ အဲဒီ Class တွေက လုံးဝ 100 % free နော်။ အပတ်တိုင်း ကျင်းပပေးနေတာဖြစ်လို့ ဘယ်နေ့တွေမှာရှိသလဲဆိုတာ သိနိုင်အောင် DUESSLA ကိုလည်း Like & follow လုပ်ထားဖို့မမေ့နဲ့နော်။
ထုခွန်းခရပ်🤓
ကျွန်တော်တို့ မြန်မာစာမှာ စကားလုံး နှစ်လုံးပေါင်းတဲ့အခါ အဓိပ္ပာယ်မတူတဲ့ ပေါင်းစပ်နာမ်လေးတွေ ဖြစ်သွားတတ်တာ သတိထားမိကြလား။ ထိုင်းစာမှာလည်း ဒီလို ပေါင်းစပ်နာမ်လေးတွေ ရှိတယ်ဆိုပဲ။ ဘယ်လိုစာလုံးလေးတွေရှိလဲဆိုတာ အတူလေ့လာကြည့်လိုက်ကြရအောင်နော်။🌛
သင့်ကို စိတ်မွန်းကျပ်စေတာ ဒါတွေလား ❓
🔺ပျောက်ဆုံးလာတဲ့ လူအခွင့်အရေးတွေ။
🔺အနာဂတ်အတွက် တွေးပူနေရတာတွေ။
🔺ပညာရေးအတွက် လမ်းပျောက်နေမှုတွေ။
🔺စားဝတ်နေရေးအတွက် တွေးပူနေရတာတွေ။
🔺လုပ်ငန်းခွင်က စိတ်ဖိစီးမှု အဖုံဖုံနဲ့
🔺Relationship ပြသာနာတွေကြား
အသက်ရှုရကျပ် မွန်းကျပ်နေသလိုခံစားနေရရင်
တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်တဲ့နည်းက
စိတ်ခံစားရ အသက်သာဆုံးမို့ DUESSLA ရဲ့ NGL Link ထဲဝင်ပြီး ကိုယ်ခံစားနေရတာကို
ရင်ဖွင့်လိုက်ပါ။
Link ထဲ ဝင်လိုက်တာနဲ့ ကိုယ်ရေးချင်တာရေးပြီး ပြန်ထွက်လာရုံပါပဲ။ရေးတဲ့သူ နာမည်လဲ
ရေးစရာမလို မသိနိုင်တာမို့ ကြိုက်သလိုရင်ဖွင့်ခဲ့လို့ရ (အလွန်ဆုံး) ဆဲခဲ့လဲ ရပါတယ်။
DUESSLA ကိုတော့ မဆဲခဲ့နဲ့နော်😅
ရင်ဖွင့်ရန် NGL Link
https://ngl.link/morii_doki
ရေးထားတဲ့ထဲကမှ တချို့ကို The Pens Facebook group မှာ တင်မှာဖြစ်ပြီး တခြားသူတွေရော ဘယ်လိုတွေ ခံစားနေရလဲ ကိုယ်နဲ့
ခံစားချက်ချင်း ဘယ်လောက်တိုက်ဆိုင်လဲ
ဆိုတာ ဒီထဲမှာ ရှာကြည့်ကြရအောင်နော်
The Pens Link
https://www.facebook.com/groups/141180298938127/?ref=share
Privacy case နဲ့ ဆိုင်တာမျိုးတွေကို လုံးဝပြန်တင်မှာ မဟုတ်လို့ ယုံယုံကြည်ကြည် နဲ့ စိတ်ကြိုက်ရေးခဲ့လို့ရပါတယ်ဗျ။
DUESSLAရဲ့ တောင်သူလယ်သမားနေ့ ဂုဏ်ပြုလွှာ
မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးနိုင်ငံအဖြစ် ပုဂံခေတ်မတိုင်မီကတည်းက နှစ်ပေါင်းထောင်ချီ ရပ်တည်လာခဲ့တဲ့ နိုင်ငံဖြစ်တာနှင့်အညီ မြန်မာနိုင်ငံသားအများစုမှာ တောင်သူလယ်သမား သိုမဟုတ် လယ်ယာကဏ္ဍ အမှီပြုပြီး အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေသူများ ဖြစ်ပါတယ်။ ဒါကြောင့် DUESSLAမှ မြန်မာနိုင်ငံသူ/သားများရဲ့ စားနပ်ရိက္ခာတွေအတွက် စိုက်ပျိုးထုတ်လုပ်ပေးနေကြတဲ့ တောင်သူလယ်သမားများအားလုံး သီးနှံများအထွက်တိုးပြီး စီးပွါးလာဘ်လာဘများ တိုးတက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
ကိုယ့် Mental Health အခြေအနေကိုစစ်ကြည့်ရအောင်
🧘♀️🌿
Hello ပါ DUESSLAers တို့ရေ
စိတ်ပင်ပန်းတာဟာ လူပင်ပန်းတာထက် ပိုဆိုးတာသိပေမယ့်လည်း ကိုယ့်ရဲ့ Mental health ကိုဂရုစိုက်ဖို့မေ့နေတတ်ကြတယ်နော်။
လူမကျန်းမာဘူးဆို တန်းသိပေမယ့် စိတ်မကျန်းမာရင် ချက်ချင်းသတိမထားမိကြဘဲ Physical health ကိုထိလာမှ သတိထားမိတတ်ကြပြီး အဲဒီကနေတစ်ဆင့် ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေအပေါ်ပါ ထိခိုက်လာနိုင်တဲ့အတွက် လူကျန်းမာရုံတင်မကပဲ စိတ်လည်းကျန်းမာဖို့ပါ အရေးကြီးပါတယ်။
Mental health အကြောင်းပြောလိုက်ရင် တော်တော်များများက Depression ပဲပြေးမြင်ကြတယ်ဟုတ်?
Mental health problem တွေရဲ့ symptom တွေက ဆင်နေတတ်တော့ တစ်ခါတစ်လေမှာ ကိုယ်က Depression တွေ Stress တွေပိနေတယ်ထင်ရ
ပေမယ့် တခြား Mental health problem တွေခံစားနေရတာလည်းဖြစ်နိုင်တာမို့ လူငယ်တွေမှာ ဖြစ်လေ့ရှိတဲ့ conditions တချို့ကို Sharing လုပ်ပေးသွားပါမယ်။
▪️ဒါနဲ့ ကိုယ့်ရဲ့ Mental health ကိုစစ်ကြည့်ချင်တဲ့ DUESSLAers တို့ကလည်း ဒီ linkလေးမှာဝင်စစ်ကြည့်
နော်။
https://screening.mhanational.org/screening-tools/
1.Depression
Depression ကတော့ ဝမ်းနည်းတာတွေ၊စိတ်ဝင်စားမှုတွေ ပျောက်ဆုံးလာတာနဲ့မျှော်လင့်ချက်မဲ့သလိုတွေခံစားရတတ်ပြီး ကိုယ်ကြုံနေရတဲ့ Depression ဘယ်လောက်ပြင်းထန်လဲ၊ဘယ်လောက်ကြာပြီလဲပေါ်မူတည်ပြီး Symptom တွေနဲ့ Daily life အပေါ်သူ့ရဲ့ သက်ရောက်မှုတွေကကွဲပြားနိုင်ပါတယ်။
လူတိုင်းမှာ Low mood ဖြစ်တဲ့ချိန်ဆိုတာရှိပေမယ့် ခံစားချက်တွေတအားမကောင်းပဲ Daily life ကိုထိခိုက်လာတာတို့၊1ပတ် 2ပတ်မဟုတ်ပဲ လနဲ့ချီဖြစ်နေတာဆိုရင်တော့ Low mood ကနေ Depression ဖြစ်လာနိုင်ပါတယ်။
2.Anxiety
Anxiety ကတော့ ဖြစ်လာမယ့်အရာတွေတွေးပြီး စိုးရိမ်စရာ၊ ထိတ်လန့်စရာတွေကြုံရင် ခံစားရတဲ့အရာပါ။ စိတ်ဖိစီးစရာဖြစ်ရပ်တွေအပြောင်းအလဲတွေ ရှိရင် Anxiety ရတာကတော့လူတိုင်းဖြစ်ဖူးတာပါပဲ။ဒါပေမယ့် အချိန်အကြာကြီးထိ Anxiety ကအခြေအနေနဲ့မကိုက်ပဲ ဖြစ်သင့်တာထပ်ပိုဖြစ်နေတာမျိုး၊တအားအစိုးရိမ်လွန်ပြီးထိန်းချုပ်ဖို့ခက်တာတို့ဆို Mental health problem ဖြစ်လာပြီး အိပ်မပျော်တာ၊ Panic attack ဖြစ်တာ၊နှလုံးခုန်အရမ်းမြန်တာ စတဲ့ Physical symptom တွေပါ ဖြစ်လာနိုင်ပါတယ်။
3.Obsessive-compulsive disorder (OCD)
OCD ကတော့ Anxiety disorder တစ်မျိုးပါပဲ။OCD မှာက အဓိက (2) မျိုးရှိပါတယ်။Obsessions (မလိုအပ်တဲ့အတွေးတွေ၊ပုံရိပ်တွေ၊စိတ်ရှုပ်စရာတွေက ဘာပဲလုပ်လုပ်စိတ်ထဲမှာစွဲနေတာမျိုး)နဲ့ Conpulsionကတော့ (Obsessions ကြောင့်ဖြစ်လာတဲ့ Anxiety လျော့ကျအောင် ထပ်တလဲလဲလုပ်မိနေလုပ်ရပ်)ဆိုပြီး 2ပိုင်းရှိပါတယ်။ Compulsions လုပ်လိုက်ရင်အစပြီးမှာ စိတ်သက်သာရာရသလိုဖြစိပေမယ့် ထပ်ထပ်လုပ်မိပြီး Anxiety ကပြန်ပေါ်လာလိုက် Compulsion လုပ်လိုက်နဲ့သံသရာတွေလည်နေတတ်ပါတယ်။
4.Bipolar Disorder
Bipolar မှာ Bi ဆိုတာ 2 ဖြစ်ပြီး Polar ဆိုတာ လုံးဝဆန့်ကျင်ဘက် လို့အဓိပ္ပာယ်ရတဲ့အတွက် ကိုယ့် Mood တွေက Mania နဲ့ Depression ဆိုတဲ့ မတူညီတဲ့ State 2ခုကိုပြောင်းနိုင်တာမျိုးပါ။
Bipolar ရှိတဲ့သူက စိတ်အတတ်အကျ အရမ်းကိုမြန်ပြီး Mood swingအရမ်းဖြစ်တဲ့အတွက် ကိုယ့် Life ကိုပါ Impact ဖြစ်နိုင်ပါတယ်။
ဒီ disorder မှာက Mood states တွေလို့ခေါ်တဲ့ Hypomanic အပိုင်းဆိုရင် (Feeling high)ဖြစ် Depressive ဖြစ်တဲ့အပိုင်းဆို (Feeling low) ဖြစ်ပြီး ဒီ 2 ခုကြား stable ဖြစ်နေတဲ့ချိန်ဆိုရင်တော့ စိတ်ငြိမ်ပြီးတချို့ Symptom တွေလောက်ပဲကြုံရမှာပါ။
5.Attention deficit hyperactivity disorder (ADHD)
ADHD ကတော့ တစ်သတ်တာ condition မျိုးဖြစ်နိုင်ပါတယ်။ကလေးဘဝထဲကစလို့ symptom တွေတွေ့ရနိုင်ပြီး ဆယ်ကျော်သက်ချိန် ကနေအသက်ကြီးတဲ့ထိကို ဆက်တွေ့ရနိုင်ပါတယ်။
ADHD ရှိပြီဆိုယောက်ယက်ခတ်နေတာ၊သတိမေ့တတ်တာ၊ဆုံးဖြတ်ချက်မြန်မြန်ချတတ်တာ၊အာရုံစူးစိုက်ဖို့ခက်တာတွေဖြစ်ပြီး တခြား Mental problem မှာအတွေ့များတဲ့ symptom တွေလိုပါကြုံရနိုင်တဲ့အတွက် Depression, Anxiety နဲ့ OCD ရှိတယ်လို့ အထင်မှားနိုင်ပါတယ်။အဓိက Symptom တွေအများစုကကိုယ့်အပြုအမူတွေ၊အတွေးတွေ၊ခံစားချက်တွေပါ Impact ဖြစ်နိုင်ပါတယ်။
6.Schizophrenia
ဒါကတော့ရှုပ်ထွေးပြီးအဖြစ်နည်းတဲ့စိတ်ရောဂါတစ်မျိုးပါ။ Symptom တွေကတော့ အရာရာမှာစိတ်ဝင်စားမှုနည်းလာတာ၊အာရုံစိုက်လို့မရတာ၊ကိုယ့် Emotion တွေနဲ့ အဆက်ပြတ်သွားသလိုခံစားရတာ၊ Hallucination(တကယ်မရှိတဲ့အရာတွေမြင်နေတာတို့၊ကြားနေတာတို့)၊ Delusions ဖြစ်တာမျိုးတွေပါပါတယ်။
Daily life မှာလုပ်ရတဲ့ကိစ္စတွေမလုပ်နိုင်တော့တာ၊ဝမ်းနည်းလာပြီးတခြားသူတွေကိုစိတ်ရှုပ်တာ၊သံသယဝင်တာ၊တစ်ခုခုမှားနေတယ်ထင်တဲ့သူတွေကိုလက်မခံတာ၊စိုးရိမ်စိတ်ဝင်ပြီး အကူအညီတောင်းရမှာကြောက်တာတွေလိုမျိုးတွေလည်းကြုံရနိုင်ပါတယ်။
DUESSLAers တို့လည်းကိုယ့်ကိုယ်ချစ်တယ်ဆိုရင် ကိုယ့်ရဲ့စိတ်ကလေးကျန်းမာအောင်ဂရုစိုက်ဖို့လည်းမမေ့နဲ့နော်။🤍
Speaking မတိုးတက်ချင်ရင် ဒီClubတွေလုံးဝ မjoinပါနဲ🙅♀️🙅♀️🙅♀️
ကဲ DUESSLA ရဲ့ အပတ်စဉ် ကျင်းပနေကြ Speaking
Conversation Clubs တွေကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ် ။
English,Thai,Korean,Japanese အစုံရှိတာမို့
တစ်ဝကြီး join ပါလေ့။
ဘယ်လို Topic တွေ ဆွေးနွေးကြမလဲဆိုတာ တချက်ကြည့် ကြည့်ရအောင်။
🇬🇧DESC ( DUESSLA English Speaking Club )
✨Date - 1.3.2024 (Friday)
✨Time - 7:00pm to 8:30pm
✨Platform - Zoom
ယနေ့ခေတ်မှာ ကိုယ်ရဲ့ Communityကို ပိုမိုချဲ့ထွင်ဖို့ဆို Good Communicator ဖြစ်ဖို့က လိုအပ်ပါတယ်။ ဒါကြောင့် DESC က How To Be A Great Communicator ဆိုတဲ့ Topic နဲ့အတူ Facts, Vocab နဲ့ Idiom အချို့ကို Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။
Registration Form👇
https://docs.google.com/forms/d/1FqmEVUeQb4fAti_JGjEwHDbj0f5J-fafQ2I4PfVQWq8/viewform?chromeless=1&edit_requested=true
🇹🇭DTSC ( DUESSLA Thai Speaking Club )
✨ Date - 2.3. 2024 (Saturday)
✨Time - 7:00pm to 8:30pm (MMT)
✨Platform - Zoom
သင်္ဘောသီးထောင်းမြေမှ သွားချင်တဲ့ ဘော်ဘော်တို့အတွက်
Thai စာလေ့လာရာမှာ အသုံးဝင်တဲ့ Compound Words အချို့ကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
Registration Form 👇
https://docs.google.com/forms/d/1HMBsL9dnuc6fvVXxY6mW-mcyd4D4RuETi50HGyo4oUo/edit?chromeless=1
🇰🇷 DKSC ( DUESSLA Korean Speaking Club )
✨Date - 2.3.2024 (Saturday)
✨Time - 7:00pm to 8:30pm (MMT)
✨Platform - Zoom
DKSC ကတော့ How To Survive In Korea ဆိုတဲ့ Topic နဲ့အတူ ကင်ချီမြေကို အလည်တစ်ခေါက်
သွားကြည့်ရအောင်။
Registration Form 👇
https://docs.google.com/forms/d/1C_wAopVXovcFG9kpNY0rxvPhO9qPkhGrI9uyeinL84Y/edit
🇯🇵 DJSC ( DUESSLA Japanese Speaking Club )
✨Date - 3.3.2024 (Sunday)
✨Time - 7:30pm to 9:00pm (MMT)
✨Platform - Zoom
Valentineပြီးသွားပေမဲ့ အချစ်တွေနဲ့ပြည့်နေတဲ့ DJSC Faci တွေကတော့ "Love and Valentine" ဆိုတဲ့ Topic နဲ့အတူ စိတ်ဝင်စားစရာ Valentine history အကြောင်းကို ဆွေးနွေးကြရင်း အချိုနဲ့အချစ် Idiom လေးတွေပါ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်🤭
Registration Form👇
https://docs.google.com/forms/u/4/d/1WNycokUxw_rTtpRD6cxZ261911h5ebj2_yzQfccYhv8/edit?usp=drivesdk&chromeless=1
DUESSLA ရဲ့ Speaking Club ကို Join ချင်တယ်ဆိုရင်တော့
(1)မိမိ Join လိုတဲ့ Speaking Club Post ရဲ့ အောက်မှာရှိတဲ့ Registration Form ထဲ ၀င်ပေးပါ။
(2)Form ဖြည့်ပြီးသွားရင်တော့Submit လုပ်ပြီးကြောင်းကို Screenshot ရိုက်ပြီး Page ရဲ့ Messenger မှာ လာပို့ပေးပါ။Screenshot ရိုက်ဖို့မမေ့ပါနဲ့နော်။
📌Google form ဖြည့်ဖို့ အခက်အခဲရှိသူများကတော့ - "Help me'' ဆိုတဲ့ စာလေးကို Messenger မှ တစ်ဆင့်လာပို့ပေးပါ။- Admin Team မှ မေးခွန်းလေးတွေ ပြန်ပို့ပေးမှာဖြစ်ပြီး ဖြေဆိုပြီးတာနဲ့ Zoom Link ရရှိပါပြီ။
(3) Speaking Club ကို လေးခါ Join ဖူးရုံနဲ့ ရရှိမယ့် အခွင့်အရေးကို လိုချင်တယ်ဆိုရင်တော့ အောက်ပါ Link မှာ ဖတ်လို့ရပါတယ်။
https://m.facebook.com/story.php?story_fbid=809286384333325&id=100057559115790&mibextid=Nif5oz
Basic Vs Advanced English ✨
Basic English နဲ့ Advanced English ရဲ့ အသုံးအနှုန်းတွေ ဘယ်လိုကွာခြားသလဲ။ ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ ရိုးရှင်းသော အခြေခံ စကားလုံးလေးတွေကို Advance English မှာဘယ်လိုအသုံးပြုသလဲဆိုတာကို အသံချိုချိုလေးနဲ့ ပြောပြပေးထားတာမို့ Video အတိုလေးကို အဆုံးထိကြည့်ရင်း လေ့လာလိုက်ရအောင်။ ❤️
Creator - J
Content - Cherry
💭 ကလေးတို့ရဲ့အတွေးများ မျှဝေရာ
💁♂️ အတွေးလေးတွေကို အပတ်စဥ် ပွင့်ပွင့်လင်းလင်း မျှဝေပေးသော ကလေးတွေကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။ လိုအပ်ချက်များကိုလည်း အကောင်းဆုံးပြင်ဆင်ပြီးတော့ ပိုမိုကောင်းမွန်အောင် ကြိုးစားသွားပါမယ်။ ထို့အပြင် DUESSLA ရဲ့ Speaking Club များအကြောင်းကို သိနိုင်အောင် Page လေးကို Follow လေး လုပ်ပေးကြပါဦးနော်။
Wake up. It’s the first of the week.🫵🏻
ကဲကဲ အလုပ်ခွင်ဝင်ကြတဲ့သူတွေ တော်တော်များများ မရောက်ချင်တဲ့ Monday ကတော့ စိတ်မကောင်းစွာနဲ့ ပြန်လည်ရောက်လာခဲ့ပါပြီ။ ဒီတပတ် Workweek ကိုတော့ Fresh ဖြစ်ဖြစ် Vibe အသစ်တွေနဲ့စချင်ရင်တော့ အခုပြောပြမယ့်အကြောင်းအရာတွေကို သိထားဖို့လိုမယ်နော် 🙄
လူတော်တော်များများဟာ အတိတ်ကအမှားတွေကို စိတ်ထဲစွဲနေတတ်ပါတယ်။ ဒါကြောင့် ပထမဦးဆုံးအနေနဲ့ကတော့ ပြီးခဲ့တဲ့အပတ်က လုပ်ငန်းခွင်မှ အလွဲအချော်တွေ ၊ အမှားတွေကို အခုအပတ်အထိ သယ်မလာဘဲ သင်ခန်းစာအနေနဲ့ ဒီအပတ်မှာ ပိုကောင်းအောင် လုပ်မယ်ဆိုတဲ့ အတွေးကို စိတ်ထဲ သွင်းပြီး Energy အပြည့်နဲ့ ဖြစ်နေအောင် လုပ်ထားရပါမယ်။
New Week ဖြစ်တဲ့အတွက်ကြောင့် ကိုယ်ရဲ့ Group Member, Colleague တွေနဲ့ အသစ်သစ်သော အရာတွေ အတူတူ လုပ်ဆောင်ရတဲ့အခါ စိတ်ကြည်လင်ပြီး အာရုံစူးစိုက်မှုရှိအောင် Personal နဲ့ Professional ကို ခွဲခြားထားဖို့ လိုပါမယ်။ ကိုယ်ရေးကိုယ်တာအရ စိတ်တိုစရာ ၊ စိတ်ရှုပ်စရာရှိရင်တောင် အတတ်နိုင်ဆုံး ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှေ့မှာ ထိန်းပြီး ပြောဆို ဆက်ဆံနိုင်အောင် ကြိုးစားသင့်ပါတယ် ။
နောက်တစ်ခု အနေနဲ့ အတတ်နိုင်ဆုံး Positive Mindset ဖြစ်အောင် စိတ်ကိုထားရပါမယ်။ပထမဆုံးရက်မှာတင် Positive စိတ်လေးသွင်းပြီး အလုပ်လုပ်သွားရင် ဒီအပတ်အတွက် ကိုယ်ရဲ့ Goal တွေ Target တွေကို ကောင်းကောင်းမွန်မွန်နဲ့ ပိုမို လုပ်ဆောင်နိုင်ပါတယ်။ “စေတနာရဲ့ အကျိုးပေး” လို့ဆိုတဲ့အတိုင်း ကိုယ့်ရဲ့ အလုပ်ကို စိတ်စေတနာ အပြည့်အဝနဲ့ လုပ်ဆောင်ပေးရင် ကိုယ့်အတွက်လဲ တိုးတတ်စေတဲ့ အခွင့်အလမ်းတွေ အများကြီး ပြန်ရတတ်ပါတယ်။
နောက်ဆုံးတစ်ခု အနေနဲ့ကတော့ ကျန်းမာရေး လိုက်စားတာ ဖြစ်ပါတယ်။ DUESSLAers တို့ အနေနဲ့ အလုပ်မသွားခင် Exerciseလုပ်ခြင်း ၊ လမ်းလျှောက်ခြင်း၊ Gym သွားခြင်း စတာတွေကို လုပ်သင့်ပါတယ် ။ Physical Health က ကျန်းမာကြံ့ခိုင်နေမှ အလုပ်မှာ ပင်းပန်းနွယ်နယ်နေတာမျိုး ၊ စိတ်မကြည်လင်တာမျိုးကို မဖြစ်စေမှာပါ ၊ ဒါ့အပြင် ကိုယ်ခန္ဓာအတွက် အာဟာရဖြစ်စေမယ့် အစားအစာတွေကို ပိုမို စာသုံးသင့်ပါသေးတယ်။ ဒါမှသာ ကိုယ်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို မြှင့်တင်နိုင်ပြီး တက်တက်ကြွကြွရှိမှာပါ။
အခုပြောပြသွားတဲ့ အချက်လေးတွေက လွယ်ကူပြီး လိုက်လုပ်ရတာအဆင်ပြေစေတဲ့ Tip လေးတွေမို့ DUESSLAers တို့အနေနဲ့ အရင်လို Mondayကို ကြောက်မနေတော့ဘဲ Positive စိတ်တွေအပြည့်နဲ့ နေ့ရက်တိုင်းကို လျှောက်လှမ်းကြပြီး လုပ်ငန်းခွင်မှာ အောင်မြင်မှုတွေ အများကြီး ရပါစေလို့ ဆုတောင်းလိုက်ရင်း နိဂုံးချုပ်လိုက်ပါတယ်။🥰
Socialမှာ ခေတ်နောက်မကျဖို့ သိထားသင့်တဲ့ စကားလုံးများ🤭🌟
Hi DUESSLAers!!
ဒီနေ့မှာတော့ အားလုံးအတွက် အသုံးဝင်တဲ့ Social media trending idioms လေးတွေ မျှဝေပေးချင်ပါတယ်၊ ပုံလေးတွေထောက်ပြီး လေ့လာကြည့်ကြရအောင်နော်၊၊💕
ဒီတစ်ပတ်ရဲ့ Recommendation အလှည့်မှာတော့ ဆရာမနုနုရည်အင်းဝရဲ့ နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့ မိန်းမတစ်ယောက် ဆိုတဲ့စာအုပ်လေးရဲ့အကြောင်းကို ပြောပြပေးချင်ပါတယ်။
ယောကျာ်းဖြစ်သူက ဒီစာအုပ်ထဲမှာတော့ အလုပ်ရှိတယ်၊ မိန်းမဖြစ်သူက အလုပ်မရှိဘူး
ဝင်ငွေက လခ ၄၀၀ ကျပ်ပဲရတယ်။ (အဲ့ဒီခေတ်က ငွေကြေးပါ) တစ်လတစ်လ ဆန်ဖိုးက ၅၀ ကျပ်နဲ့ ဟင်းဖိုးက ၃၀၀ ကျပ်, ရေဖိုးမီးဖိုး အထွေထွေစရိတ်တွေပါ တွက်လိုက်ရင် ၄၀၀ ထက် ပိုကုန်နေလို့စိတ်ညစ်ရတဲ့ အကြောင်းကိုရေးထားတာဖြစ်ပါတယ်။
ပုံမှန်ထွက်ငွေက ဝင်ငွေထက်များနေတဲ့အခါ သမီးရည်းစားဘဝက ကြည်နူးစရာတွေ လုပ်နိုင်လိမ့်ဦးမလား?
သားသားမီးမီးလေးရရင်ဆိုတဲ့ စိတ်ကူးအတွက် ကလေးယူဖို့ကို အချိန်ယူကြရတယ်မလား?
သမီးရည်းစားဘဝမှာတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေရရင်ကို ကြည်နူးစရာလက်ထပ်ပြီးရင် နှစ်ယောက်တည်းနေကြမယ်လို့ အစီအစဉ်တွေဆွဲကြ သားသားမီးမီးလေးတွေရရင်လို့ စိတ်ကူးယဉ်ကြပေမယ့် လက်တွေ့မှာတော့ အဲ့လောက်မလွယ်ကူပါဘူး၊
လက်ထပ်ဖြစ်ကြလို့ရှိရင်တောင် လက်ထပ်ပြီးခါစမှာတော့ စုဆောင်းထားတဲ့ ပိုက်ဆံလေးသုံးစွဲ
နှစ်ယောက်တည်း ခွဲနေကြတာဆိုတော့ အိုးအိမ်သစ်အတွက် ပရိဘောဂဝယ်ရခြမ်းရ ပြင်ဆင်မွမ်းမံကြရ
အဆင်ပြေသေးပေမယ့် ကြာလာတဲ့အခါမှာ စိတ်ပင်ပန်းမှုတွေဟာ ဖြစ်ပေါ်လာရအုံးမှာပါ။
အိမ်ထောင်တစ်ခုမှာ မိန်းမတာဝန်က စီးတဲ့ရေ ဆည်တဲ့ကန်သင်းဆိုသလို အိမ်ထောင်မှု ထိန်းသိမ်းနိုင်ရမယ့်အပြင် ယောက်ျားမသိသင့်တန် မသိစေဘဲ အိမ်မှုပြဿနာကို ဖြေရှင်းနိုင်ရမယ် ဒါမှ မိန်းမ ပီသတယ်တဲ့။ ရင့်ကျက်တဲ့မိန်းမဆိုတာ အခက်အခဲကြုံရင် စိတ်အားငယ်ရင်လည်း မိဘဆီ ပြန်မပြေးရဘူးလို့ လူကြီးတွေကပြောကြတာ ကြားဖူးကြတယ်မလားဟင်။
တချို့သမီးရည်းစားတွေက စိတ်ကူးထားတဲ့အတိုင်း တကယ်ဖြစ်လာမယ်လို့ ယုံကြည်နေကြတယ်
အခက်အခဲရှိတယ်ဆိုရင်တောင် သေးသေးမွှားမွှားလို့ ထင်နေကြတယ် အချစ်က အရာရာကို စွမ်းဆောင်နိုင်လိမ့်မယ်လို့ ထင်နေကြတယ်။
အိမ်ထောင်ရေးခရီးဆိုတာ စာအုပ်ထဲမှာ ဖတ်ရတာတောင် ရင်မောရပါတယ်။ အပြင်မှာ လက်တွေ့သာဆိုရင် ပြောမပြတတ်လောက်အောင်ပါပဲ။
စာမျက်နှာ - ၃၉၀ ပါ၀င်တဲ့ ဒီစာအုပ်မှာဆိုရင်တော့ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ ရင်မောစရာတွေကို လက်တွေ့မခံစားခင် စာတွေ့ခံစားနိုင်ပြီး သိရှိရအောင် ဆရာမက ပြောင်မြောက်အောင်ရေးဖွဲ့ထားတာဖြစ်ပါတယ်။
အိမ်ထောင်ရေးကို လက်တွေ့မခံစားရသေးတဲ့ DUESSLA ရဲ့ လူငယ်လေးတွေလည်း ဒီစာအုပ်လေးကိုဖတ်ပြီး အသိဥာဏ်တွေပိုမိုတိုးတက်လာပြီး ရင့်ကျက်လာစေဖို့အတွက် Recommendation ပေးလိုက်ပါတယ်။
ကိုယ့်ရဲ့ Speaking Skill ကို အားလပ်တဲ့အချိန်မှာ မြှင့်တင်ချင်တဲ့ လူတွေအတွက် DEESSLA ရဲ့ Speaking Clubs လေးတွေလာပါပြီ။
ကဲ... DUESSLAer လေးတို့ရေ ဒီနေ့ မင်္ဂလာရှိတဲ့ ကြာသပတေးနေ့လေးမှာ အားလုံးကို Speaking Club အတွက် Invite လုပ်လိုက်ပါရစေနော်✨
ဒါဆို ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ Topics တွေကို Faci တို့က ပြင်ဆင်ထားလဲ ကြည့်ကြရအောင်👀
📍 DESC ( DUESSLA English Speaking Club )
📍Date - 23.2.2024 (Friday)
📍Time - 7:00pm to 8:30pm
📍Platform - Zoom
ကိုယ်တွေက Brianwash ခံထားရတာလား၊ သဘာဝလွန်ဖြစ်ရပ်လား၊ တိုက်ဆိုင်သွားတာလား၊ ကိုယ်တိုင်တွေ့ကြုံဖူးလို့ ယုံကြည်နေမိတာလား ဆိုတဲ့ ဇဝေဖြစ်စရာအကြောင်းအရာတွေကို DESC မှာ "Superstitious Beliefs" ဆိုတဲ့ Topic လေးနဲ့ ဆွေးနွေးသွားကြမှာပါရှင်🤍
Registration Form⤵️
https://docs.google.com/forms/d/1FqmEVUeQb4fAti_JGjEwHDbj0f5J-fafQ2I4PfVQWq8/viewform?chromeless=1&edit_requested=true
📍 DTSC ( DUESSLA Thai Speaking Club )
📍 Date - 24.2. 2024 (Saturday)
📍 Time - 7:00pm to 8:30pm (MMT)
📍 Platform - Zoom
Super Power အကြောင်း စိတ်ဝင်စားတဲ့ DUESSLAer တို့နဲ့အတူ Faci တို့က ဒီအပတ်မှာ တန်ခိုးပါဝါတွေအကြောင်း ဆွေးနွေးသွားမှာဆိုတော့ လာခဲ့ကြတော့နော်။
Registration Form ⤵️
https://docs.google.com/forms/d/1HMBsL9dnuc6fvVXxY6mW-mcyd4D4RuETi50HGyo4oUo/edit?chromeless=1
📍DJSC ( DUESSLA Japanese Speaking Club )
📍Date - 25.2.2024 (Sunday)
📍Time - 7:30pm to 9:00pm (MMT)
📍 Platform - Zoom
အချစ်တွေနဲ့ပြည့်နေတဲ့ February လမကုန်ခင်မှာ DJSCကနေ "Love and Valentine" ဆိုတဲ့ Topic နဲ့အတူ စိတ်ဝင်စားစရာ Valentine history အကြောင်းကို ဆွေးနွေးကြရင်း အချိုနဲ့အချစ် Idiom လေးတွေပါ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်🤭
Registration Form⤵️
https://docs.google.com/forms/u/4/d/1WNycokUxw_rTtpRD6cxZ261911h5ebj2_yzQfccYhv8/edit?usp=drivesdk&chromeless=1
DUESSLA ရဲ့ Speaking Club ကို Join ဖို့ Ready ဖြစ်ပြီဆိုရင်တော့
✔️ ကိုယ် Join လိုတဲ့ Speaking Club Post ရဲ့ အောက်မှာရှိတဲ့ Registration Form ထဲ ၀င်ပေးပါ။
✔️ Form ဖြည့်ပြီးသွားရင်တော့ Submit လုပ်ပြီးကြောင်းကို Screenshot ရိုက်ပြီး Page ရဲ့ Messenger မှာ လာပိုပေးပါ။
❕Google form ဖြည့်ဖို အခက်အခဲရှိသူများကတော့ "Help me'' ဆိုတဲ့ စာလေးကို Messenger မှ တစ်ဆင့်လာပို့ပေးတာနဲ့ Admin Team မှ မေးခွန်းလေးတွေ ပြန်ပိုပေးမှာဖြစ်ပြီး ဖြေဆိုပြီးရင် Zoom Link ရရှိပါပြီရှင်။
Oh wait 🤚 သင်က DUESSLA ရဲ့ Speaking Club ကိုအနည်းဆုံး ၄ ခါ Join ဖူးတယ်ဆိုရင် လက်ဆောင်လေးတစ်ခု ပေးထားတာမို့ အောက်က Link မှာ ဝင်ဖတ်သွားကြည့်ပေးနော်။
https://m.facebook.com/story.php?story_fbid=809286384333325&id=100057559115790&mibextid=Nif5oz
ဒီတစ်ပတ် speaking clubs လေးတွေဟာလည်းပျော်ရွင်စွာနဲ့ပဲပြီးဆုံးခဲ့တဲ့အတွက် မှတ်မှတ်ရရဖြစ်အောင် club memory လေးတင်ပေးလိုက်ပါပြီ😉✌🏻
အမြဲတမ်းအဆက်မပြတ်လေ့လာနေတဲ့ "DUESSLAers" လေးတို့အတွက် နောက်တစ်ပတ်မှာလည်း စိတ်ဝင်စားစရာ Topic အသစ်တွေနဲ့ ဆွေးနွေးသွားအုန်းမှာမို့ လာ join ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်💌
DUESSLA က Green flag လား Red flag လား⁉️🤷♂️
ဟဲဟဲ ဒီအဖြေကိုတော့ DESC participant လေးရဲ့ Feedback ကနေ့ သိနိုင်ပါလိမ့်မယ်ဗျာ၊၊ အရင်အပတ် English speaking club မှာ join ခဲ့ပြီး ပျော်ဖို့ကောင်းခဲ့ကြောင်း၊ အချိန်မလောက်ပေမယ့်၊ သူငယ်ချင်းအသစ်တွေရခဲ့ကြောင်းပြောပြသွားပါတယ်၊၊(Green flag လေး DUESSLA ရယ်ပါ😞)
ကဲ ဒါကြောင့် ယူတို့လည်း သူ့လို ပျော်ချင်ရင် နောက်အပတ် Speaking clubs တွေမှာ လာjoin လိုက်တော့နော်၊၊ 😛💓
အရသာရှိသော 𝖎𝖉𝖎𝖔𝖒ဟင်းခပ်မှုန့်များကြောင့် သင့်စကားလုံးတိုင်းဟာ အနံ့အရသာ ကောင်းမွန်နေပါလိမ့်မယ်။
ဘာသာစကားဟာ သိပ်အရသာရှိတဲ့ ဟင်းပွဲဆိုရင် idiomsများဟာ အင်မတန် ထူးခြားသွားစေမဲ့ လျှို့ဝှက်ဟင်းခတ်အမွှေးအကြိုင်များဖြစ်ပါတယ်။ ပကတိအနက်ကို ဖီဆန်လေ့ရှိတဲ့ idiomဟာ နားလည်ရခက်သလောက် သဘောပေါက်သွားတဲ့အခါ အသုံးပြုရသိပ်ကောင်းတတ်ပါတယ်။ သင့်English skillကို မြှင့်တင်ပြီး သူငယ်ချင်းတွေကို အထင်ကြီးသွားစေဖို့ အဆင်သင့်ဖြစ်ပြီလား။ DUESSLAမှာဒီလိုမျိုး ဗဟုသုတရစရာလေးတွေကိုလည်း စဥ်ဆက်မပြတ် တင်ပေးနေတဲ့အတွက် pageလေးကို like&followလေး လုပ်ထားပါအုန်းနော်။ ဒါဆို အင်္ဂလိပ် ဘာသာစကား နှစ်သက်သူများ၊ သုံးလို့ကောင်းမဲ့ idiom လေးတွေကို မြည်းစမ်းကြည့်ရအောင်။
Hello Hello🤩
ဒီနေ့ကတော့ ထူးထူးခြားခြားအနေနဲ့ DUESSLA ကနေ ဂိမ်းဆော့တာကို ကြိုက်တဲ့ DUESSLAers တွေအတွက်ကော ၊ စာလုပ်တာကိုပဲကြိုက်တဲ့ DUESSLAers တို့အတွက်ပါ တချက်ခုတ် နှစ်
ချက်ပြတ် Quiz game အကြောင်းကို Knowledge Sharing လုပ်ပေးမှာပဲဖြစ်ပါတယ်။ဆော့လို့ကောင်းမဲ့ Quiz games တချို့ကို Recommend လုပ်သွားပေးမှာမို့ စာကို အဆုံးထိတော့ ဖတ်ရမယ်နော် 😉
Quiz Game တွေကို ဆော့သင့်တဲ့အကြောင်းအရင်းတွေကတော့
✅ဖြတ်ထိုးညဏ်ကောင်းလာမယ်
✅ဆုံးဖြတ်ချက်တွေမှန်ကန်လာမယ်
✅အရာရာကို ခေါင်းအေးအေးနဲ့ သေချာစဉ်းစားဆုံးဖြတ်နိုင်မယ်
✅အသစ်သစ်သောအရာတွေကို သိရှိနိုင်မယ်
Quiz games တွေကိုဆော့ခြင်းက ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို သိသိသာသာ တိုးတက်စေရုံသာမက မှတ်ဉာဏ်စွမ်းရည်ကိုလဲ မြှင့်တင်ပေးပါတယ် ။ အဲ့ဒါကြောင့် မေမေတွေက ကလေးငယ်လေးတွေကို Quiz တွေ Puzzle လေးတွေနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကောင်းအောင် လုပ်ပေးကြတာပဲ ဖြစ်ပါတယ် ။
တခါတရံ လူငယ်တွေ ပျင်းတဲ့ အခါ တခြားသော Addicted ဖြစ်စေတဲ့ Online Game တွေကို ဆော့မယ့်အစား Quiz Game တွေ ဆော့ခြင်းက မျက်လုံးအာရုံကြော အားနည်းမှုကို သက်သာစေပြီး ဗဟုသုတလဲ တိုးပွါးစေပါတယ်။
DUESSLAers တို့ သူများတွေထက် Quiz Game တွေကို ယဉ်ပါးလာပြီး သူများထက် ခေါင်းတစ်လုံးသာနေအောင် Mathematics Game တွေနဲ့ English Vocabulary Game တွေကို ဆော့သင့်ပါတယ်။ ဒါမှလည်း စာလုပ်တဲ့နေရာမှာ အထောက်အကူပြုစေမှာပါ။
Quiz Game တွေက ခက်တယ်ထင်ရပေမဲ့ ခေါင်းအေးအေးနဲ့ သေချာစဉ်းစားရင် စိတ်ဝင်စားစရာတွေတပုံကြီးမို့ DUESSLAers တို့ အကြိုက်တွေ့မယ်ထင်လို့ Recommend လုပ်လိုက်ပါတယ်။ ဒီ Post လေးမှာ Download ပြီး ဆော့လို့ကောင်းမည့် Game နဲ့ Game Website Link ကို ထည့်ထားပေးမှာမို့ Try ဖြစ်အောင် Try ကြည့်ကြနော် 🤭
For Mathematics:
https://www.mathplayground.com/
For English:
https://www.merriam-webster.com/games
နောက်အပတ်တွေမှာလည်း ဒီလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးတွေ တင်ပေးမှာမို့ စောင့်မျှော်နေကြဦးနော် အားလုံးပဲကျန်းမာရွှင်လန်းကြပါစေလို့ DUESSLA အဖွဲ့သားများက ဆုတောင်းပေးလိုက်ပါတယ်။
Reply မပြန်တဲ့ သူ့ကို စကားပြောနေမယ့်အစား DUESSLA ရဲ့ Speaking Clubs မှာ အကျိုးရှိရှိ အချိန်တွေအသုံးချလိုက်😉
Hello DUESSLAers လေးတို့ရေ။Speaking Clubs Session လေးမှ ပြန်လည်ကြိုဆိုလိုက်ပါတယ်နော်။ အပတ်စဉ် ကြာသပတေးနေ့တိုင်းမှာ Speaking Clubs တွေမှာ ပြောမဲ့ စိတ်ဝင်စားစရာကောင်းတဲ့ Topic တွေကို အမြဲ Update တင်ပေးတာကြောင့်မလို့ စောင့်ကြည့်ဖို့မမေ့ပါနဲ့နော်။ ဒီတစ်ပတ်မှာရော ဘာတွေပြောကြမလဲဆိုတော့။❓
⭐ DESC ( DUESSLA English Speaking Club )
🗓️ Date - 16.2.2024 (Friday)
🕰️ Time - 7:00pm to 8:30pm
🪧 Platform - Zoom
ဒီတစ်ပတ်ကတော့ Valentine Day ပြီးသွားပေမယ့်လည်း အချစ်တွေပေါနေတဲ့ Facilitator တွေက အချစ်အကြောင်း တော်ကီပစ်ကြမှာပဲဖြစ်ပါတယ်။ What is love? ဆိုတာကို မသိကြတဲ့ Single များလည်း လာပြီး Debate လုပ်လို့ရတယ်နော်။😜
🖇️ Registration Link
https://docs.google.com/forms/d/1FqmEVUeQb4fAti_JGjEwHDbj0f5J-fafQ2I4PfVQWq8/viewform?chromeless=1&edit_requested=true
⭐ DKSC ( DUESSLA Korean Speaking Club )
🗓️ Date - 17.2.2024 (Saturday)
🕰️ Time - 7:00pm to 8:30pm
🪧 Platform - Zoom
DKSC မှာတော့ Visa Prepaid Card, Credit Card, Master Card တွေကို ကိုရီးယားမသွားခင် တစ်ခါထဲ ဒီမှာပဲ လုပ်ရမလား၊ ဒါမှမဟုတ် ဟိုရောက်မှလုပ်မလား၊ ဘယ်လိုအကျိုးကျေးဇူးတွေရှိမလဲ စသဖြင့် Card လုပ်တဲ့ အကြောင်းအရာတွေနဲ့ပတ်သတ်ပြီး Sharing လုပ်ကြမှာပဲ ဖြစ်ပါတယ်။ဒါကြောင့် စိတ်ဝင်စားတယ်ဆိုရင် လာခဲ့ကြဖို့ဖိတ်ခေါ်ပါတယ်။🙋♀️
🖇️ Registration Link
https://docs.google.com/forms/d/1C_wAopVXovcFG9kpNY0rxvPhO9qPkhGrI9uyeinL84Y/edit
⭐ DTSC ( DUESSLA Thai Speaking Club )
🗓️ Date - 17.2. 2024 (Saturday)
🕰️ Time - 7:00pm to 8:30pm (MMT)
🪧 Platform - Zoom
ဆာဝါဒီခ။ DTSC မှာကတော့ အရင်တစ်ပတ်လိုပဲ စိတ်ဝင်စားစရာကောင်းတဲ့ Topic လေးတစ်ခု ပြင်ဆင်ထားတာမလို့ စိတ်ဝင်စားတယ်ဆိုရင် ခုပဲ Form ဖြည့်လိုက်တော့နော်။
🖇️ Registration Link
https://docs.google.com/forms/d/1HMBsL9dnuc6fvVXxY6mW-mcyd4D4RuETi50HGyo4oUo/edit?chromeless=1
⭐ DJSC ( DUESSLA Japanese Speaking Club )
🗓️ Date - 18.2.2024 (Sunday)
🕰️ Time - 7:30pm to 9:00pm (MMT)
🪧 Platform - Zoom
မီနစံတို့နဲ့ အတူ အရင်တစ်ပတ်ကလိုပဲ သီချင်းတွေနားထောင်ရင်း Vocabulary လေ့လာမှာဆိုတော့ ပျော်စရာကောင်းမှာ အသေအချာပါပဲ။🤭
🖇️ Registration Link
https://docs.google.com/forms/u/4/d/1WNycokUxw_rTtpRD6cxZ261911h5ebj2_yzQfccYhv8/edit?usp=drivesdk&chromeless=1
✔️ DUESSLA ရဲ့ Speaking Club ကို Join ချင်တယ်ဆိုရင်တော့
(1)မိမိ Join လိုတဲ့ Speaking Club Post ရဲ့ အောက်မှာရှိတဲ့ Registration Form ထဲ ၀င်ပေးပါ။
(2)Form ဖြည့်ပြီးသွားရင်တော့ Submit လုပ်ပြီးကြောင်းကို Screenshot ရိုက်ပြီး Page ရဲ့ Messenger မှာ လာပို့ပေးပါ။Screenshot ရိုက်ဖို့မမေ့ပါနဲ့နော်။
📍Google form ဖြည့်ဖို့ အခက်အခဲရှိသူများကတော့
- "Help me'' ဆိုတဲ့ စာလေးကို Messenger မှ တစ်ဆင့်လာပို့ပေးပါ။
- Admin Team မှ မေးခွန်းလေးတွေ ပြန်ပို့ပေးမှာဖြစ်ပြီး ဖြေဆိုပြီးတာနဲ့ Zoom Link ရရှိပါပြီ။
(3) Speaking Club ကို လေးခါ Join ဖူးရုံနဲ့ ရရှိမယ့် အခွင့်အရေးကို လိုချင်တယ်ဆိုရင်တော့ အောက်ပါ Link မှာ ဖတ်လို့ရပါတယ်။
https://m.facebook.com/story.php?story_fbid=809286384333325&id=100057559115790&mibextid=Nif5oz
သူတို့ပြောတဲ့DUESSLAအကြောင်း🔔
ကဲ DUESSLA မှာ ကျင်းပတဲ့ Speaking Club တွေက ထိရောက်မှု ရှိရဲ့လား ကိုယ့်နဲ့အဆင်ပြေပါ့မလား သိချင်ရင် သူတို့ပြောတဲ့ DUESSLA အကြောင်းသာ ဖတ်ကြည့်တော့ဗျို့။
DUESSLAမှာ အပတ်တိုင်း မတူတဲ့ Topicတွေနဲ့ လေ့ကျင့်နေတာဖြစ်လို့ Joinဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။
_by _chitchit
10th Batch က သူတို့ ချောရဲ့လား 🤔
10th Batch Orientation လေးကတေ့ာ အဆင်ပြေ
ချောမွေ့စွာ ပြီးသွားခဲ့ပါပြီ။
10th Batch Volunteer တွေ ဦးဆောင်မယ့်
Language Speaking Club တွေက ဘယ်လိုပုံစံ
အလန်းတွေနဲ့ လာမလဲ။
Content / Graphic Design / Video တွေ ကရော
ဘယ်လိုတွေ ထူးခြားမလဲ။
Host / Admin Team တွေကရော ဘယ်လိုတွေ
ပံပိုး လုပ်ဆောင်သွားမလဲဆိုတာ
DUESSLAers တို့က စောင့်မျှော်ပေးကြပါဦးနော်။
မြန်မာစကားပုံတွေဘယ်လောက်သိလဲ။🧐
လူကြီးတွေ စကားပြောပြီဆိုရင် စကားပုံတွေနဲ့ အမြဲနှိုင်းပြီး ပြောတတ်ကြတာကို သတိထားမိကြမယ်ထင်ပါတယ်။ ကိုယ်လည်း လူကြီးတွေလို စကားကြွယ်ကြွယ်ပြောတတ်အောင် စကားပုံလေးတွေသိထားသင့်တယ်နော်။ 😁
ဒီနေ့ စကားပုံ ပဟေဠိလေးတွေဖြေကြည့်ရအောင်။ 🤭 စကားပုံ(3)ခုကို အောက်မှာ သဲလွန်စပေးထားပါမယ်။😶🌫️
(1) စကားလုံး (8) လုံးပါပါတယ်။ (တ)နဲ့စတယ်။ 🙄
စကားပုံက "နာရေးကိစ္စနဲ့ ကြုံဖူးတဲ့အခါမှ ပျဉ်ဖိုးကို နားလည်တယ်တဲ့၊ အဲ့ဒီလိုပဲ ကိုယ်တစ်ခါ ဆုံးရှုံးဖူးမှ တန်ဖိုးကိုနားလည်ပါတယ်" လို့ အဓိပ္ပာယ်ရတယ်။
(2) ဒါကလဲ စကားလုံး (8) လုံးပါတယ်။ (လ)နဲ့စတယ်။ ဒါကတော့ တော်တော်များများသိကြမှာပါ🤣။
ပိုက်ဆံက ဘယ်သူနဲ့ တူတူမနေတာလဲ။❔
(3) နောက်ဆုံးတစ်ခုက စကားလုံး (10)လုံးပါတယ်။ (ဆ) နဲ့စတယ်။
ပြဿနာကြီးတစ်ခုလုပ်ပြီး မဖြစ်နိုင်တဲ့ ဆင်ခြေတစ်ခုပေးတယ်ဆိုရင် ဒီစကားပုံကိုသုံးလေ့ရှိပါတယ်။ Hint- (🐘🐐)
သိတယ်ဆိုရင် Comment မှာမန့်သွားနော်။ အကုန်မှန်တဲ့သူတွေကို ဂျူဂျူ့အချစ်တွေအကုန်ပေးပါမယ်။😜
#မြန်မာစကားပုံ
"မြန်မာလူမျိုးတိုင်း မြန်မာစာရေးတတ်စေရန်"
မယုံမရှိနဲ့ မြန်မာလူမျိုးတောင် မြန်မာစာကို မှားရေးတတ်ကြသူတွေ ရှိတယ်။ အများစုကတော့ အလွယ်ရေးလိုက်တာပါ။ အရှေ့က အသင်ကောင်းလို့ နောက်လူတွေပါ အမှားကို အမှန်လို့ ထင်မြင်ပြီး ရေးဖတ်သွားကြရင်တော့ ပြဿနာတက်ပြီပေါ့နော်။
"ကျ" နှင့် "ကြ"
သူကျ/ငါကျ/ သူ့ကျဘာလို့မပြောတာလဲ/ ငါကျလုပ်နေရတယ်/
လဲကျ/ ပစ်ကျ/ ကျရှုံး အကုန်လုံးက “ကျ”
စားကြပါစို့/ ကြိုးစားကြပါ/ လာကြ စတဲ့ဟာတွေက “ ကြ “
"ကိုယ့်ကိုယ်ကိုယ်" နှင့် "ကိုယ့်ကိုယ်ကို"
ကိုယ့်ကိုယ်ကိုယ် = ကိုယ့်ဘာသာကိုယ် (မိမိကိုယ်ကိုယ် / မိမိဘာသာ)
ကိုယ့်ကိုယ်ကို = ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို
"ထက်" နှင့် "ထပ်"
ထက် - နှိုင်းယှဉ်မှုတွေကို ဖော်ပြရင် ထက် ပါ
- သူ့ထက်သာအောင်ကြိုးစားမယ်
- အရင်ကထက်ပိုကောင်းအောင်….
- အရင်လူထက်သာအောင် ပိုချစ်ပေးမယ်
ထပ် - ပေါင်းထည့်တာကို ဆိုလိုရင် ထပ် ပါ
Layer ဆိုတဲ့ အထပ် တွေကိုပြောလည်း ထပ် ကိုသုံးပါတယ်
- ထမင်းထပ်ထည့်ပေးပါဦး
- ပထမထပ်ကို တက်ခဲ့ပါ
- အချစ်တွေ ထပ်ပေးပါဦး
"ပဲ" နှင့် "ဘဲ"
"ပဲ" က "ပင်"နဲ့ အနက်တူတယ်။
ဥပမာ - လူပဲ၊ နတ်ပဲ၊ ဗြဟ္မာပဲ
လူပင်၊ နတ်ပင်၊ ဗြဟ္မာပင်
စင်စစ် လို့လည်း အနက်ယူလို့ရတယ်။
လူစင်စစ်၊ နတ်စင်စစ်၊ ဗြဟ္မာစင်စစ်
စားပဲစားနိုင်လွန်းတယ် - စားပင်စားနိုင်လွန်းသည်
"ဘဲ" ကကျတော့ အငြင်းသဘောမှာ သုံးတယ်။
မသိဘဲ၊ မစားဘဲ၊ မလုပ်ဘဲ
"ဖူး" နှင့် "ဘူး"
"ဖူး" က ကြုံတွေ့သိမြင်ဖြစ်ပျက်ခဲ့ဖူးကြောင်း ထင်ရှားအောင်သုံးတဲ့ ပစ္စည်း။
"သွားဖူးတယ်" ဆိုရင် သွားခဲ့တာကိုထင်ရှားအောင် "ဖူး"ဆိုတဲ့ ပစ္စည်းကို သုံးထားတယ်။
"ဘူး" က အငြင်းသုံး
"မ" နဲ့တွဲသုံးတယ်။
ဥပမာ - မစားဘူး၊ မလုပ်ဘူး။
"လဲ" နှင့် "လည်း"
လဲ - အမေး ဝါကျ, ကြိယာ - လဲကျသည်
(ဘာလို့လဲ, ဘယ်သွားမလို့လဲ)
လည်း - အတူတူပဲ ဆိုတဲ့ အဓိပ္ပာယ်
(အစ်ကိုလည်း အစ်မလည်း)
- ဘာလို့ဒီလိုဖြစ်လာရတယ်လို့ ထင်လဲ?
- ဒီလိုလည်း မဟုတ်ပါဘူးလေ
မြန်မာ အဘိဓာန် google link
(၁) က - စ
https://drive.google.com/file/d/124WCHEQTKpWYWMRsPrdGAzRI454Xa8Z1/view?usp=drivesdk
(၂) ဆ - န
https://drive.google.com/file/d/1tCMEn7aK2fgX8asf-s2fPjhGvGJiPFWt/view?usp=drivesdk
(၃) ပ - ယ
https://drive.google.com/file/d/1O3YJvq8djclyTQhOOq5MNzYZqaHRckyZ/view?usp=drivesdk
(၄) ရ - ဠ
https://drive.google.com/file/d/1HXT0Jn39Tb5j2EXWoPhaNgy_GP75WZUl/view?usp=drivesdk
(၅) အ
https://drive.google.com/file/d/1u8LQLfy91tF15wvN1CA1KinAQsLhL7Z6/view?usp=drivesdk
မြန်မာစာအဖွဲ့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
https://drive.google.com/file/d/11gskrqCMUT4GZ8ca1jaT3SkJQxAtMcub/view?usp=drivesdk
မှားတတ်လွန်းတဲ့ စာလုံးလေးတွေကို တင်ပြထားပါတယ်။ အမှားနည်းနည်းနဲ့ နောက်လူများ ဆင်ခြင်နိုင်အောင် ပြန်ပြင်ကြပါစို့လေ။ 💁♂️
စကားပြောသော သီချင်းတစ်ပုဒ်အကြောင်း🎶
ဒီနှစ် GRAMMYမှာ Song Of the Year Award ရသွားတဲ့ Billie Ellish သီဆိုထားတဲ့" What Was I Made For" ကပေးတဲ့ Messageကဘာများလဲ။
Barbie Movie ရဲ့ Side Track Song ဖြစ်တဲ့
What Was I made For က Billie ရဲ့ Unique Voice နဲ့ သီဆိုထားပြီး Lyrics Meanings တွေက အရမ်း Deep ဖြစ်လွန်းလို့ စထွက်ထဲက အရမ်းလူကြိုက်များတဲ့ သီချင်းတစ်ပုဒ်ဆိုလည်း မမှားဖူးပေါ့။
တစ်ခါတလေ ကြုံဖူးကြတယ်မို့လား ။ဘဝမှာလေ အဆင်မပြေမှုတွေ ကံဆိုးမှုတွေ အခက်အခဲတွေက ကိုယ့်တစ်ယောက်တည်းဆီကိုဘဲ အငြိုးနဲ့များ လာနေသလားထင်မှတ်ရလောက်အောင် ဆက်တိုက်ကြီး ကြုံနေရတာမျိုးပေါ့။
ကိုယ်ဘယ်လောက်ကြီးပဲ အဆင်ပြေအောင် နေနေပါစေ ဘဝကြီးကအဓိပ္ပာယ်မဲ့နေတာမျိုး ကိုယ်ရဲ့အစစ်အမှန်က ပျောက်ဆုံးနေတာ မျိုးပေါ့။
ဒါပေမဲ့ Movieထဲက Barbie လေးကတော့ သူ့ဘဝကြီးကိုပိုအဓိပ္ပာယ်ရှိဖို့အတွက် လူတွေရဲ့ အခက်အခဲ ဒုက္ခ သဘောတွေကို ခံစားချင်ပြီး လူသားတစ်ယောက်ဖြစ်ချင်နေတဲ့ အမျိုးသမီးလေးပေါ့။
"Looked so alive, turns out I'm not real"
"ရှင်သန်နေရတယ်ထင်ခဲ့ပေမဲ့၊ ငါကအစစ်မှန်တောင်မဟုတ်ခဲ့ဘူး"
"ဒါကြောင့် လူတွေဟာလည်း ဘဝရဲ့ အစစ်အမှန်ကို တကယ်သိဖို့ဆိုရင် ဒီလိုအခက်အခဲတွေကို ရင်ဆိုင်ပြီး ဖြတ်သန်းရမှာဘဲ မဟုတ်လား ကိုယ့်ရဲ့အစစ်အမှန်ပုံစံနဲ့ လောကဓံကို တိုက်ပွဲဝင်ရမှာက မလွဲမသွေဘဲလေ"
ဒါကတော့ ကျွန်တော်ရလိုက်တဲ့ Messageလေးပေါ့။
သေချာတာကတော့ What was I made For နားထောင်ပြီးရင် ကိုယ့်ကို ပြန်မေးရမဲ့ မေးခွန်းကတော့
"ငါ့ရဲဲ့ဖြစ်တည်မှုကဘာလဲ.......
ငါ့ရဲ့ အစစ်အမှန်က ဘယ်မှာလဲ......."
Link👇
https://BillieEilish.lnk.to/WhatWasIM..
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the organization
Address
Yangon
Opening Hours
Monday | 08:00 - 00:00 |
Tuesday | 08:00 - 00:00 |
Wednesday | 08:00 - 00:00 |
Thursday | 08:00 - 00:00 |
Friday | 08:00 - 00:00 |
Saturday | 07:00 - 23:00 |
Sunday | 07:00 - 23:00 |
Yangon
Mental Health / Mindfulness Practitioners........ Focused on Mindfulness & Holistic Wellbeing........
Bochok Road
Yangon
Miphun a lianhngantertu cu dinnak a si (Phungthlukbia 14:34)
902 Migathi 17 Th Street, 12-District, S/Okkalapa
Yangon, 11091
ဂျပန်၊ဂျာမဏီသို့တရားဝင်အလုပ်ဖြင့်သွားနိုင်ရန် ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှုရယူနိုင်ပါသည်။
Yangon
This is the organization of CDM pediatricians around Myanmar and main functions are to raise health
Yangon
CAS_FDB group aims to support the Core Actions which is required to accelerate the cessation of dictatorship in Myanmar and its transformation to become a Federal Democratic Nation...
Gyo Phyu Street
Yangon, 11221
Magway Travel Guide is one of Community Service, aiming sharing the regional information, community development and to become Tourist attractions.