Health Digest Journal
Health Related Issues
ဒဂုံအထူးကုဆေးရုံကြီး စာနယ်ဇင်းမိတ်ဆက်
================================
ကိုဗစ်ရောဂါ တတိယလှိုင်းဖြစ်ခဲ့သည့် ၂၀၂၁ ခုနှစ်နှစ်လယ်ပိုင်းတွင် စတင်သန္ဓေတည်ခဲ့သော ဒဂုံအထူးကုဆေးရုံကြီးအား စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ၂. ၃. ၂၀၂၃ ရက်နေ့က အဆိုပါဆေးရုံကြီးတည်ရှိရာ ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၂၇) ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ်(2A/2B) ၌ ပြုလုပ်ခဲ့ပါတယ်။
"ဒဂုံဆေးရုံကြီးက ကိုဗစ်ကာလမှာ နိုင်ငံတော်ရဲ့လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ဆေးရုံကြီးဖြစ်ပါတယ်။ ကိုဗစ်တတိယလှိုင်းမှာ လူနာ (၈၇) ဦးကို ကုသပေးနိုင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ခရီးသွား နိုင်ငံခြားသားတွေကိုကုပေးခဲ့သလို ကိုဗစ်စမ်းသပ်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ကိုဗစ်ကာကွယ်ဆေးတွေကို တစ်နှစ်ကျော်ကြာ ထိုးပေးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့မှာ ပြင်ပလူနာဌာနဖွင့်ခဲ့ပါတယ်။၂၀၂၂ မတ်/ ဧပြီလမှာ အထွေထွေရောဂါတွေစကုခဲ့ပါတယ်။ ဒီဒဂုံဆေးရုံကြီးဟာ လူတိုင်းမျှော်လင့်နေတဲ့ အကောင်းဆုံးကျန်းမာရေးဝန်ဆောင်မှုတွေကို သင့်တင့်မျှတတဲ့စျေးနှုန်းနဲ့ ရရှိခံစားနိုင်ဖို့ ပြိုးစားဆောင်ရွက်နေတဲ့ဆေးရုံကြီးပါ။" ဟု ဒဂုံဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကြီးမြင့်က အဆိုပါအခမ်းအနား၌ ပြောကြားခဲ့ပါတယ်။
ဒဂုံအထူးကုဆေးရုံကြီးမှာ ကုတင် (၇၀) ဆံ့ဆေးရုံကြီးဖြစ်ပြီး ယခုလောလောဆယ်တွင် ကလေးရောဂါအထူးကုဆရာဝန်ကြီးများ၊ ဦးနှောက်နှင့် အာရုံကြောသမားတော်နှင့် ခွဲစိတ်ဆရာဝန်ကြိးများ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၊ အထွေထွေ နှင့် ဆီးချိုဟော်မုန်းဆိုင်ရာအထူးကုဆရာဝန်ကြီးများ၊ ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်ကြီးများ၊ အသည်းအထူးကုဆရာဝန်ကြီးများ၊ အရိုးအကြောအဆစ်နှင့် ထိခိုက်ဒဏ်ရာခွဲစိတ်အထူးကုဆရာဝန်ကြီးများ၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီးများ၊ မျက်နှာမေးရိုးနှင့်ခံတွင်းခွဲစိတ်အထူးကုဆရာဝန်ကြီးများ၊ နား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန်ကြီးများ၊က ကုသဝန်ဆောင်ပေးလျှက်ရှိကြောင်းသိရပါတယ်။
ထိုဆေးရုံ၌ အရေးပါ် ခွဲစိတ်ခန်း (၂ ) ခန်းနှင့် နိုင်ငံတကာအဆင့်မီခွဲစိတ်ခန်း ၄ ခန်း စုစုပေါင်း
ခွဲစိတ်ခန်း၆ ခန်းရှိကြောင်းလည်း သိရပါတယ်။
ထိုဆေးရုံတွင် မြန်မာနိုင်ငံတွင် တစ်ခုတည်းသာရှိသည့် ဦးနှောက်နှင့်အာရုံကြော အသံလှိုင်းလွန် ပုံရိပ်ဖော်စက် (Neuro Ultrasound) စက်ကြီးလည်း တပ်ဆင်ထားကြောင်းသိရပါတယ်။
ဒဂုံအထူးကုဆေးရုံကြီး၌ အတွင်းလူနာ အခန်းအမျိုးအစား (၄) မျိုးရှိပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့အထိ တက်ရောက်ကုသသောသူများအား အခန်းခများကို ၄၀ % လျှော့ပေးမှာဖြစ်ကြောင်းသိရပါတယ်။
Click here to claim your Sponsored Listing.
Health Digest
ကျန်းမာရေးနှင့်ဆေးပညာဂျာနယ်
Videos (show all)
Category
Contact the business
Telephone
Website
Address
Yangon
11171
Opening Hours
Monday | 09:30 - 17:30 |
Tuesday | 09:30 - 17:30 |
Wednesday | 09:30 - 17:30 |
Thursday | 09:30 - 17:30 |
Friday | 09:30 - 17:30 |
Saturday | 09:30 - 13:30 |