Youth Career University - Online Courses

YCU focuses on providing majors tailored for the career development of young individuals.

21/06/2024

Youth Career University - YCU မှာ တက်ရောက်နေကြတဲ့ ကျောင်းသား၊ကျောင်းသူများအတွက် 𝐂𝐎𝐅𝐅𝐄𝐄 𝐃𝐀𝐓𝐄 - 𝖘𝖎𝖓𝖈𝖊 𝟐𝟎𝟐𝟐 နဲ့ YCU တို့ပူးပေါင်းပြီး collaboration လေးတစ်ခုပြုလုပ်ထားပါတယ်။ 🤩🤩

YCU student ဖြစ်ကြောင်းပြရုံနဲ့ Coffee Date - Since 2022 ဆိုင်ရဲ့ Drink Menu တွေမှာ 10% discount ရယူနိုင်ပြီဖြစ်ပါတယ်။ 🙌🏻❤️
အခုချိန်ကမိုးတွင်းလည်းရောက်လာပြီဆိုတော့ မိုးအေးအေးလေးနဲ့ coffee date ချင်တယ်ဆိုရင် Coffee Date - Since 2022 ဆိုင်မှာ 10% discount လေးနဲ့အတူအေးဆေး chill လို့ရပါပြီခင်ဗျာ။ 🤫

18/06/2024

Eid al Adha Mubarak! ☪️

ဒီနေ့ဟာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ မင်္ဂလာရှိသော Eid‌ နေ့ဖြစ်ပါတယ်။ ယခုကဲ့သို့ နေ့ထူးနေ့မြတ်ကို ဆင်နွှဲကြသူအားလုံး ငြိမ်းချမ်းသာယာ၍ ကောင်းခြင်းမင်္ဂလာများနှင့်ပြည့်စုံကြပါစေကြောင်း Youth Career University - YCU team မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ မင်္ဂလာရှိသော အီးဒ်နေ့လေးဖြစ်ကြပါစေ။ 🙏🏻

16/06/2024

ချစ်တယ်ဆိုတာကို ပါးစပ်ကနေ ထုတ်မပြောပေမယ့် သူ့ရဲ့လုပ်ရပ်တွေ၊ အပြုအမူတွေတိုင်းက ချစ်တယ်ဆိုတာထက်ပိုတာ လောကမှာ အဖေတစ်ယောက်ပဲရှိပါတယ်။ 💞💞

ကျွန်တော်တို့တွေက အဖေ့ရဲ့မေတ္တာတွေကို ခံစားမိကြပေမယ့် အဖေ့ကိုချစ်တဲ့အကြောင်းတွေကိုတော့ ပြောဖို့မေ့နေတတ်ကြပါတယ်။ ဒီနေ့မှာတော့ အဖေနဲ့အတူ ကြည်နူးစရာအချိန်တွေ၊ အဖေ့ရဲ့ဂရုစိုက်နွေးထွေးမှုတွေကို ပြန်လည်အမှတ်ရရင်း ကျွန်တော်တို့ရဲ့အချစ်တွေကို အဖေသိအောင် ထုတ်ဖော်ပြသပြီး အဖေများနေ့ကို ဂုဏ်ပြုကြရအောင်ခင်ဗျာ။ 🎉🎉💌

အားလုံးအတွက် ပျော်ရွှင်ကြည်နူးစရာ အဖေများနေ့လေးဖြစ်ပါစေကြောင်း YCU အဖွဲ့သူ၊အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ ✨✨


#အဖေများနေ့

11/06/2024

📢 Partnership Announcement 📢

Youth Career University - YCU 🤝 MYEO

ဒီတစ်ခါမှာတော့ လူငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Digital Skills တွေကို သင်တန်းကြေးသက်သက်သာသာနဲ့သင်ယူနိုင်အောင် ဖန်တီးပေးနေတဲ့ Myanmar Youth Empowerment Opportunities - MYEO နဲ့ လူငယ်တွေအတွက်လိုအပ်နေတဲ့ Languages, digital skills တွေကို “Low cost , High quality education” ဆိုတဲ့‌ဆောင်ပုဒ်နဲ့အညီ သင်ကြားပေးနေတဲ့ Youth Career University - YCU တို့ပူးပေါင်းပြီး ပိုမိုကောင်းမွန်တဲ့အခွင့်အလမ်းတွေကို ဖန်တီးပေးသွားမှာဖြစ်ပါတယ်။ 🙋🙋

MYEO ဆိုတာကလည်း လူငယ်တွေအတွက် ယုံကြည်စိတ်ချရပြီး ခိုင်မာတဲ့ community တစ်ခု ဖြစ်တဲ့အပြင် ၂၁ ရာစုရဲ့ နည်းပညာတွေကိုအသုံပြုပြီး လိုအပ်နေတဲ့ Skills တွေ၊ သတင်းအချက်အလက်တွေကို မျှဝေထောက်ပံ့ပေးနေတဲ့ လူငယ်အခြေပြု “EduTech Social Enterprise” တစ်ခုဖြစ်ပါတယ်။ 🌟

ပထမဆုံး Collaboration အနေနဲ့ YCU ကျောင်းသူ၊ကျောင်းသားတွေအတွက် လိုအပ်တဲ့ survival skills တွေသင်ယူဖို့ MYEO ရဲ့ မည်သည့် workshop , boot camp မှာမဆို 10% discount နဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး MYEO မှာ တက်ရောက်ဖူးတဲ့ သင်တန်းသားတွေအနေနဲ့ YCU ရဲ့ မည်သည့် Courses တွေမှာမဆို 10% discount ရရှိမှာဖြစ်ပါတယ်။ 👀❤️

YCU နဲ့ MYEO မှာ တက်ရောက်ဖူးတယ်ဆိုရင်လည်း comment မှာ ကိုယ်တက်ခဲ့ဖူးတဲ့ အတန်းလေးတွေကို ပြောပြသွားလို့ရပါတယ်ဗျ။ 🙆

ဒါဆိုရင် လူငယ်တွေတတ်မြောက်ထားသင့်တဲ့ Skills တွေ၊ ဘာသာစကားတွေကို အထူးအခွင့်အရေးအနေနဲ့ 10% discount ရယူပြီး YCU နဲ့ MYEO ရဲ့ အတန်းတွေမှာ တက်ရောက်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။ 🙌🏻✨

နောက်ထပ်လည်း ပိုမိုကောင်းမွန်တဲ့ အစီအစဉ်လေးတွေ လုပ်ပေးဖို့ရှိတာကြောင့် ဆက်ပြီးစောင့်ကြည့်ပေးကြပါဦးနော်။ 🤗

05/06/2024

English Grammar မှာဆိုရင် Tenses ဆိုတာ ကျွန်တော်တို့နဲ့မစိမ်းတဲ့ grammar တစ်ခုပါပဲ။ ငယ်ငယ်လေးကတည်းကနေ အခုချိန်အထိ Tenses အကြောင်းတွေကို အကျဉ်းချုပ်အနေနဲ့ရော ကျယ်ကျယ်ပြန့်ပြန့်အ‌နေနဲ့လည်း သင်ခဲ့ရပါတယ်။ ဒီနေ့မှာတော့ သိပြီးသားဆိုပေမယ့်လည်း စာပြန်နွှေးချင်တဲ့သူတွေအတွက် Tenses အကြောင်းလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ ✨✨

Tenses တွေမှာဆိုရင် အဓိကအပိုင်းအနေနဲ့ Present Tense, Past Tense, Future Tense ဆိုပြီး အပိုင်း(၃)ပိုင်းခွဲလို့ရပါတယ်။

Present Tense မှာ -

📌 Simple Present Tense
📌 Present Continuous Tense
📌 Present Perfect Tense
📌 Present Perfect Continuous Tense ဆိုပြီး ကျွန်တော်တို့တွေငယ်ငယ်လေးကတည်းက သင်ခဲ့ကြပါတယ်။ Simple Present Tense ကို general truths တွေ၊ အလေ့အကျင့်‌နဲ့ daily routines တွေကိုပြောတဲ့နေရာမှာ အသုံးပြုရပါတယ်။ Present Continuous Tense မှာ အခုလက်ရှိ current situation ကို ပြောရာတွင်အသုံးပြုရတာဖြစ်ပြီး အတိတ်ကနေအခုချိန်အထိ ဆက်တိုက်ဖြစ်လာနေတာကိုပြောချင်ရင်တော့ Present Perfect Continuous Tense ကို သုံးရတယ်ဆိုပြီး တွဲမှတ်ထားလို့ရပါတယ်။ Present Perfect Tense ကိုတော့ အချိန်အတိအကျမသိနိုင်တဲ့ past ကနေ အခုလက်ရှိအထိသက်ဆိုင်နေတာကိုပြောချင်ရင် သုံးရတာပါ။

Past Tense မှာဆိုရင် -

📌 Simple Past Tense
📌 Past Continuous Tense
📌 Past Perfect Tense
📌 Past Perfect Continuous Tense ဆိုတာတွေက ကျွန်တော်တို့အတိတ်မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို ပြန်ပြောတဲ့အခါမှာ အသုံးပြုရပါတယ်။ ဒီမှာအထူးဂရုပြုသင့်တာကတော့ Past Perfect ဆိုရင် အတိတ်မှာဖြစ်ခဲ့တဲ့ action(၂)ခုကို‌ပြိုင်တူပြောရတဲ့အခါ နောက် action တစ်ခုမတိုင်ခင် အရင် action တစ်ခုကပြီးသွားပြီဆိုတဲ့သဘောမျိုးကိုပြောချင်တဲ့အခါမှာ အသုံးပြုရပါတယ်။ Past Perfect Continuous Tense လည်း ထိုနည်းအတိုင်းပါပဲ။ ဒါပေမယ့်မတူတာကတော့ Past Perfect Continuous Tense မှာ အတိတ်မှာဖြစ်လက်စအကြောင်းအရာကို ထည့်ပြောချင်တဲ့အခါမျိုးအတွက် အသုံးဝင်ပါတယ်။

Future Tense ကတော့ -

📌 Simple Future Tense
📌 Future Continuous Tense
📌 Future Perfect Tense
📌 Future Perfect Continuous Tense အစရှိတာတွေက ကျွန်တော်တို့အနာဂတ်က အကြောင်းအရာတွေကိုပြောချင်တဲ့အခါမှာ သုံးရပါတယ်။

“She will walk to school tomorrow.”
“ မနက်ဖြန်ကြရင် ကျောင်းကို သူမ‌လမ်းလျှောက်သွားလိမ့်မယ်။ “
✅ Simple Future Tense

"She will be walking to school at 8 AM tomorrow.”
“ မနက်ဖြန်နံနက်(၈)နာရီမှာ ကျောင်းကို သူမလမ်းလျှောက်သွားမယ်။ “
✅ Future Continuous Tense ကို အသုံးပြုမယ်ဆိုရင်တော့ နမူနာစာကြောင်းထဲကလိုပဲ အနာဂတ်မှာဖြစ်နေမယ့် specific time အတိအကျကိုပြောပေးဖို့လိုပါလိမ့်မယ်။

“She will have walked to school by 9 AM tomorrow.”
✅ အနာဂတ်ရဲ့ specific time တစ်ခုမတိုင်ခင်မှာ ပြီးသွားမယ့် action တစ်ခုအကြောင်းပြောချင်ရင် Future Perfect Tense ကို သုံးရပါတယ်။

‼️ ဒီအထိတောင်ဖတ်လာရတာ စာရှည်လို့ပျင်းနေပြီလား။ 👀 ကျွန်တော်ချည်းပဲ တောက်လျောက်ပြောလာခဲ့ရတာဆိုတော့ နောက်ဆုံးတစ်ချက်ကျန်တဲ့ Future Perfect Continuous Tense အကြောင်း YCUers လေးတို့ကို ပြန်ပြီးခေါင်းစားအောင်လုပ်ချင်ပါတယ်။ အောက်က comment မှာ Future Perfect Continuous Tense အကြောင်း ကိုယ်သိထားတဲ့ knowledge တွေကို example စာကြောင်းလေးတွေနဲ့ အပြန်အလှန် sharing လုပ်ရင်း ဝင်ပြောသွားကြပါဦးနော်။ 🙌🏻❤️

“Your Career, Your Choice” ✨

04/06/2024

Digital Art ဆွဲတတ်ရုံနဲ့ career opportunities တွေရှိပါ့မလားဆိုပြီး တချို့တွေကထင်ကြတယ်‌ပေါ့နော်။ ဒါပေမယ့် Digital Art က ကျွန်တော်တို့ထင်ထားတာထက်ပိုကျယ်ပြန့်ပြီး အခွင့်အလမ်းများတဲ့အကြောင်းတွေကို ကျွန်တော်ကဒီနေ့မှာပြောပြပေးသွားမှာဖြစ်ပါတယ်။ 🙌🏻

ပထမဆုံးအနေနဲ့ လူသိများတာပြောရမယ်ဆိုရင် ကျွန်တော်တို့ကြည့်နေကျ movies တွေ၊ TV shows တွေအပြင်တခြား commercial creating animation များကလည်း digital art နဲ့သက်ဆိုင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့လူငယ်တွေဆော့နေတဲ့ mobile games တွေထဲက character တွေ၊ hero တွေဆိုတာကလည်း digital art ရဲ့ entertainment industries တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဒါ့အပြင် ကြော်ငြာတွေမှာ graphics design ကောင်းကောင်းလိုအပ်သလို brand တစ်ခုမှာဆိုလည်း logo design တွေကအစ digital art အပေါ်အများကြီးမှီခိုနေပါတယ်။ ကိုယ်က freelance လုပ်ချင်တယ်ဆိုလည်း client ပေါ်မူတည်ပြီး custom artwork and design တွေလည်း ပြုလုပ်နိုင်ပါသေးတယ်။ နောက်ထပ်လူသိနည်းနေသေးတာတစ်ခုက Non-Fungible Tokens (NFTs) ပေါ့နော်။ NFTs ကကျွန်တော်တို့မြန်မာနိုင်ငံမှာသာ လူသိနည်းတယ်ဆိုပေမယ့် တကယ်တမ်းနိုင်ငံတကာမှာဆိုရင် NFTs ဈေးကွက်ဟာ တော်တေယ်လေးကျယ်ပြန့်နေတာကိုတွေ့ရပါလိမ့်မယ်။ Digital Art တွေကို ကိုယ်ပိုင်ဖန်တီးပြီး သူတို့သတ်မှတ်ထားတဲ့ platforms တွေမှာ အရောင်းအဝယ်တွေပြုလုပ်လို့ရပါတယ်။

ဒါကတော့ Digital Art နဲ့ပတ်သတ်ပြီးအလုပ်အကိုင်၊ အခွင့်အလမ်းတွေအကြောင်းပါခင်ဗျာ။ YCUers လေးတို့အနေနဲ့လည်း digital art အပေါ်ထားတဲ့ကိုယ့်ရဲ့ passion ကနေ professional အဖြစ်ပြောင်းလဲချင်တယ်ဆိုရင် YCU မှာဖွင့်ထားတဲ့ Digital Art Beginner Class လေးကို လူဦး‌ရေမပြည့်ခင် အချိန်မှီ join ထားလိုက်တော့နော်။ 🤩🤩

"Your Career, Your Choice"✨








Digital Art Class post link 🔗 - https://www.facebook.com/share/p/dwpWBzQrJ1mCvK8N/?mibextid=oFDknk

“Your Career, Your Choice” ✨

28/05/2024

Digital Artist ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင် Digital Tools တွေ၊ Digital Art အတွက် Software ကောင်းကောင်းလေးတွေ သိထားဖို့လိုပါတယ်။ ဒီနေ့မှာတော့ Digital Art ဆွဲရာမှာ အသုံးဝင်စေမယ့် Software and Apps တွေအပြင် တခြားသော Hardware အကြောင်းလေးတွေကိုပါ knowledge sharing လုပ်‌သွားမှာဖြစ်ပါတယ်။ 👀

အရင်ဦးဆုံးအနေနဲ့ပြောပြချင်တာကတော့ high-quality digital art တွေကိုဖန်တီးနိုင်ဖို့အတွက်ဆိုရင် PC ဒါမှမဟုတ် laptop ကောင်းကောင်းတော့ ရှိထားဖို့လိုပါမယ်ခင်ဗျာ။ အဲ့လိုမှမဟုတ်လည်း ကိုယ်ဘယ်ရောက်ရောက်ယူသွားပြီး လေ့ကျင့်နိုင်၊ ဆွဲနိုင်ဖို့ဆိုရင် drawing tablet ရှိမယ်ဆိုလည်း အဆင်ပြေပါတယ်။ အဓိက high-quality ပုံတွေဖန်တီးနိုင်ဖို့အတွက် high-performance ရှိတဲ့ PC or laptop or drawing tablet တွေက မဖြစ်မနေလိုအပ်ပါတယ်ဗျ။

Software ပိုင်းအရဆိုရင် Adobe Photoshop, Adobe Illustrator, ibis paint အစရှိတဲ့ Apps တွေက အခုမှစပြီးလေ့လာမယ့် beginners တွေအတွက်ပါ အထောက်အကူဖြစ်စေမယ့် Apps တွေဖြစ်ပါတယ်။ Adobe Photoshop ဆိုရင် digital painting, photo editing တွေအပြင် brushes နဲ့ tools စုံစုံလင်လင် တစ်နေရာတည်းမှာအသုံးပြုနိုင်မှာပါ။ Adobe Illustrator မှာတော့ vector-based artwork တွေအပြင် logos နဲ့ icons တွေဖန်တီး‌တဲ့နေရာမှာလည်းအသုံးဝင်တဲ့ application တစ်ခုဖြစ်ပါတယ်။ ibis paint ဆိုရင်တော့ tools အမျိုးအစားတွေ တော်တော်များများတွေ့နိုင်မှာဖြစ်ပြီး beginners တွေအတွက်လည်း try ကြည့်သင့်တဲ့ app တစ်ခုဖြစ်ပါတယ်ခင်ဗျာ။

အခုကျွန်တော်ပြောပြသွားတဲ့ software and tools တွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ပိုင်ပိုင်နိုင်နိုင်အသုံးပြုပြီး Digital Art ကို ကောင်းကောင်းဆွဲတတ်ချင်တယ်ဆိုရင်တော့ YCU မှ ဖွင့်ထားတဲ့ Digital Art Beginner Class လေးကို join ကြဖို့အတွက် ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ 🙌🏻❤️

Digital Art Class အကြောင်းကို အသေးစိတ်သိရှိလိုပါက ⬇️

https://www.facebook.com/share/p/usfMxmrFjhz8dc7N/?mibextid=oFDknk

“Your Career, Your Choice” ✨

27/05/2024

Digital Art ဆိုတဲ့အဓိပ္ပာယ်ကိုအရင် post မှာ ပြောပြခဲ့ပြီးပြီဆိုတော့ ဒီနေ့မှာ Digital Art ဆွဲရာမှာအသုံးဝင်စေမယ့် Basic Techniques တွေအကြောင်းကို knowledge sharing လုပ်‌ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

Digital Art ကောင်းကောင်းဆွဲတတ်ဖို့ဆိုရင် ဘာတွေသိထားဖို့လိုလဲ။ 🤔

ဘယ်လိုနည်းလမ်းမျိုးတွေက Digital Art ဆွဲရာမှာ အထောက်အကူဖြစ်စေနိုင်လဲ။ ❓❓❓

✍🏻 ပထမဆုံးပြောချင်တာကတော့ ပုံဆွဲရာမှာ အရေးကြီးဆုံးအချက်က line ကောင်းကောင်းဆွဲတတ်ဖို့ပါပဲ။ မျဉ်းကြောင်းတစ်ကြောင်းကို ဖြောင့်အောင်မဆွဲနိုင်ပဲနဲ့ ပုံဆွဲတတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပုံတွေဆိုတာက မျဉ်းကြောင်းတွေနဲ့ပဲတည်ဆောက်ထားတာကြောင့် ကိုယ်ဆွဲချင်တဲ့အတိုင်း ကိုယ့်လက်ကလိုက်ဆွဲနိုင်ဖို့လိုပါတယ်။ ပုံဆွဲရာမှာ မျဉ်းကြောင်းကောင်းကောင်းဆွဲတတ်ဖို့ဆိုတာ အဓိကကျတာကြောင့် ကိုယ်ဆွဲလိုက်တဲ့ line က ကောက်နေတာတို့၊ ဖြာထွက်နေတာတို့ဖြစ်လို့မရပါဘူး။ ဒါက ပုံဆွဲတတ်ချင်တယ်ဆိုရင် မဖြစ်မနေသိထားရမယ့် အခြေခံအကျဆုံး အချက်တစ်ချက်ဖြစ်ပါတယ်။

✍🏻 ဒုတိယတစ်ချက်ကတော့ ကျွန်တော်တို့အပြင်မှာမြင်နေကျအရာတွေကို shape တွေအနေနဲ့လည်း မြင်တတ်ဖို့လိုပါမယ်။ Shape တွေကဘယ်လောက်ထိအရေးပါလဲဆိုရင် ကျွန်တော်တို့ကြည့်နေကျ Disney ထဲက character တွေဆိုရင် အပြင်ပန်း shape ကိုကြည့်လိုက်ရုံနဲ့တင် ဘယ်ပုံစံက ဘယ် character ဆိုတာကို ချက်ချင်းတန်းသိနိုင်ပါတယ်။ ကိုယ်က shape ကောင်းကောင်းဆွဲတတ်မယ်ဆိုရင် ကိုယ်ဆွဲလိုက်တဲ့ပုံက ဘာမှ details မပါသေးရင်တောင် ဘာပုံဆိုတာကို ချက်ချင်းတန်းသိနိုင်တဲ့အထိ shape ဆွဲတတ်ဖို့ဆိုတာ အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

✍🏻 အခြေခံကျတဲ့အချက်တွေကိုသိပြီးပြီဆိုရင် Black and White (အဖြူ၊အမည်း) နဲ့ စပြီးဆွဲကြည့်ရမှာဖြစ်ပါတယ်။ ပြီးတော့မှ painting အတွက်ဆိုရင် ပုံတစ်ပုံကိုအရောင်အသွေးစုံလင်ဖို့အတွက် color tone တွေ၊ color theory တွေအကြောင်းကို လေ့လာရပါမယ်။ ဒါကတော့ Digital Art နဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့အခြေခံအချက်လေးတွေပေါ့နော်။ တကယ်လက်တွေ့မှာတော့ Digital Art အတွက် Tools and Software သုံးနည်းတွေအပြင် Color Theory တွေ၊ အခြေခံအကျဆုံး မျဉ်းကြောင်းဆွဲနည်းတွေကအစ အသေးစိတ်သင်ကြားပေးမယ့် YCU ရဲ့ Digital Art အတန်းလေးရှိပါတယ်။ Fundamental Shap, Perspective Basic, Anatomy Basic, Color Theory အစရှိတာတွေကို ဆက်စပ်တွေးခေါ်နိုင်အောင် သင်ပေးသွားမှာဖြစ်တဲ့အတွက် Digital Art ကို အခုမှစပြီးလေ့လာမယ့် Beginners လေးတွေ join သင့်တဲ့အတန်းလေးဖြစ်ပါတယ်ခင်ဗျာ။ 🥰🥰

Digital Art Class post link 🔗 - https://www.facebook.com/share/p/dwpWBzQrJ1mCvK8N/?mibextid=oFDknk

“Your Career, Your Choice” ✨

26/05/2024

ဒီဘက်ခေတ်တွေမှာ နည်းပညာတွေတိုးတက်လာတာနှင့်အမျှ Digital Art ရဲ့ အခန်းကဏ္ဌဟာလည်း အရေးပါသောအစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လာပါတယ်။ ကျွန်တော်ဒီနေ့ပြောပြပေးသွားမှာကတော့ Digital Art ဆိုတာဘာလဲ❓ Digital Art ဟာ ကျွန်တော်တို့တွေအတွက် ဘာ‌ကြောင့် အရေးပါလာရသလဲ❓

Digital Art ဆိုတာ ထင်သာမြင်သာရှိအောင်ပြောရမယ်ဆိုရင် ပန်းချီဆွဲသလိုပါပဲ။ ဒါပေမယ့် “Digital” ဆိုတဲ့စကားလုံးပါနေတာကြောင့် စာရွက်ပေါ်မှာချဆွဲရတဲ့ပန်းချီကိုပြောတာမဟုတ်တော့ဘဲနဲ့ digital tools တွေကိုအသုံးပြုပြီး ပုံဆွဲရတာဖြစ်ပါတယ်။ 🎨

ကျွန်တော်တို့ကြည့်နေကြတဲ့ ရုပ်ရှင်တွေ၊ ဆော့နေကြတဲ့ ဂိမ်းတွေထဲမှာပါတဲ့ Special effects, 3D modeling and character design အဲ့တာတွေအားလုံးက Digital Art နဲ့သက်ဆိုင်ပါတယ်။ အရင်ခေတ်တွေတုန်းကထက် အခုခေတ်ရုပ်ရှင်တွေ၊ ဂိမ်းတွေက ပိုကောင်းလာတယ်လို့ခံစားရတယ်ဆိုတာ Digital Art အခန်းကဏ္ဌရဲ့ တိုးတက်လာမှုတွေကိုလည်း ကျွန်တော်တို့မေ့ထားလို့မရပါဘူး။

နောက်ပြီး ကြော်ငြာတွေနဲ့တခြား marketing တွေမှာဆိုရင်လည်း audience တွေရဲ့ attention ကို အပြည့်အဝဖမ်းစားနိုင်ဖို့ဆိုရင် high-quality digital artwork တွေကို ဖန်တီးနိုင်ဖို့လိုပါတယ်။ အခုခေတ်အခြေအနေအရဆိုရင် ပိုပြီးတောင်မှ လိုအပ်လာပါသေးတယ်။ အပြိုင်အဆိုင်တွေပိုများလာတာနှင့်အမျှ ကိုယ့်ရဲ့ product တစ်ခုက ကိုယ်ကြိုးစားနေတဲ့နယ်ပယ်မှာ ပေါက်ပေါက်ရောက်ရောက်ဖြစ်ဖို့ဆိုတာ high-quality digital artwork တွေအပေါ် အများကြီးမှီခိုနေပါတယ်။

ဒီနေ့မှာတော့ Digital Art ဆိုတဲ့အဓိပ္ပာယ်နဲ့ Digital Art ဟာ ဘာကြောင့်အရေးပါလာရလဲဆိုတာတွေကို ပြောပြပေးသွားတာဖြစ်ပါတယ်။ နောက်နေ့တွေမှာ Digital Art အတွက် အသုံးဝင်စေမယ့် Tools နဲ့ Software တွေအပြင် တခြားစိတ်ဝင်စားဖို့ကောင်းမယ့် Techniques တွေကိုလည်း ပြောပြသွားမှာဖြစ်တဲ့အတွက် Stay Tuned နော်။ 😉❤️

YCU မှာဖွင့်ထားတဲ့ Digital Art Class လေးနဲ့ပတ်သတ်ပြီး အသေးစိတ်ကိုတော့ အောက်ပါ link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ✨

Digital Art Class post link 🔗 - https://www.facebook.com/share/p/2CbGg3VJB6goBzAw/?mibextid=oFDknk

“Your Career, Your Choice” ✨

26/05/2024

ဒီနေ့ Novotel Yangon Hotel Max မှာကျင်းပပြုလုပ်မယ့် Together For Community (TFC) Education Fair မှာ YCU ရှိနေမယ်နော်။📢

ပွဲမှာကိုယ်တိုင်ကိုယ်ကျ သင်တန်းလာအပ်သူတိုင်းကို 10% Discount ပေးမှာဖြစ်တဲ့အပြင် Fun activity အနေနှဲ့ Lucky Draw Up to 15% အစီအစဉ်လေးပါ ရှိနေမှာ ဖြစ်လို့ Novotel Yangon Max Hotel - 4th floor, Pyay Ballroom မှာ YCU နှင့်လာရောက် Join ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။🙌

✅ပုံမှန် 10% Discount အပြင် Lucky Draw မှာပေါက်တဲ့ Discount တွေကိုပါ ထပ်မံပေါင်းထပ်ပေးမှာဖြစ်တယ်နော်။

ဥပမာ - Lucky Draw မှာ 15% ပေါက်ခဲ့တယ်ဆိုရင် ပွဲကိုလာရောက် အပ်နှံတဲ့ 10% နှင့်အတူ 25% အထိရနိုင်မှာ ဖြစ်တယ်နော်။ ✨

📅 ကျင်းပမည့်နေရက် - May 26
⏰ ပွဲအချိန်လေးကတော့ - 11am - 5pm
🏢 ကျင်းပမည့်နေရာ - Novotel Yangon Max
📍 Booth နေရာ - Pyay ballroom, 4th floor

22/05/2024

(၂၀၂၄)ခုနှစ်၊ မေလ(၂၂)ရက်(ဗုဒ္ဓဟူးနေ့)သည် ကျွန်တော်တို့မြန်မာလူမျိုးတို့၏ အလေးအမြတ်ထားရာ ကဆုန်လပြည့်နေ့ဖြစ်တာကြောင့် YCU ရဲ့ အတန်းနှင့်ရုံးများအားလုံး တစ်ရက်ပိတ်မည်ဖြစ်ပြီး မေလ(၂၃)ရက်နေ့တွင် ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာပါရစေခင်ဗျာ။ 🥰🥰

ကဆုန်လပြည့်(ဗုဒ္ဓနေ့)ဆိုတဲ့ မြန်မာတွေရဲ့အခါကြီး၊ ရက်ကြီးနေ့မှာ မိမိချစ်ခင်ရတဲ့သူတွေနှင့်အတူ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေကြောင်း YCU မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🙏🏻

Photos from Youth Career University - Online Courses 's post 21/05/2024

YCU မှာ Digital Art သင်ကြားပေးနေတဲ့ Lushi ရဲ့ characters တွေနဲ့ မိတ်ဆက်ပေးပါရစေ✨

🔷Lushi ဆိုတာ သိမ်မွေ့တဲ့ tone တွေ၊ ထူးခြားတဲ့ အရောင်စပ်နည်းတွေနဲ့ အိပ်မက်ဆန်ဆန် character တွေရဲ့ ဖန်တီးရှင်တစ်ယောက်ပါ။ 🎨

🔷Lushi ရဲ့ ပြေပစ်တဲ့ Illustration တွေကို တင်ပြဖော်ပြလိုက်ပါတယ်နော်။😉

🔷Lushi နှင့်အတူ သင်ကြားချင်တယ်ဆိုရင်တော့ 𝐘𝐂𝐔 ရဲ့ 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐀𝐫𝐭 𝐁𝐚𝐭𝐜𝐡 (𝟕) ကို အခုပဲ လာခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင်။🚀

တစ်ယောက်ချင်းစီ အသေးစိတ်သင်ကြားပေးနိုင်အောင် တစ်တန်းကို (၁၅) ယောက်သာ လက်ခံမှာဖြစ်တဲ့အတွက် လူမပြည့်ခင် အမြန်ဆုံးလာအပ်လိုက်ကြတော့နော်။💁‍♀️🎨

“𝒀𝒐𝒖𝒓 𝑪𝒂𝒓𝒆𝒆𝒓, 𝒀𝒐𝒖𝒓 𝑪𝒉𝒐𝒊𝒄𝒆”✨

စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က Link ထဲကနေ အသေးစိတ် စုံစမ်းလို့ ရပါတယ်နော်။🙌

Digital Art Batch (7) - https://www.facebook.com/permalink.php?story_fbid=pfbid08qM5fuG2br3YQ6AQmcE4dk9nybWMp4LU6HyvRXhYhjdLrKG9eJsRwH641FZ31qtCl&id=61554155297092

16/05/2024

အရင် post မှာ GED ရဲ့အကြောင်းနဲ့ လူငယ်တွေ GED ကို ရွေးချယ်လာရခြင်းရဲ့အကြောင်းတွေကို အသေးစိတ်ပြောပြခဲ့ပြီးပြီဆိုတော့ အခုတစ်ခါ GED တက်မယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်တယ်ဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ✍🏻✍🏻

ဒီကြားထဲ Covid ကိစ္စတွေကြောင့် လူငယ်တွေပညာရေးနောက်ကျနေချိန်မှာ အထက်တန်းပညာရေး (၈ တန်း၊ ၉ တန်း၊ ၁၀ တန်း)တက်ရောက်နေသူများ၊ IGCSE မှ GED သို့ ပြန်ပြောင်းတက်ချင်သူများအနေနဲ့ GED အတန်းကိုတက်မယ်ဆိုရင် အချိန်ကာလတိုတို၊ school fees သက်သာစွာနဲ့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ အထက်တန်းကျောင်းမပြီးသေးလို့ တဖြည်းဖြည်းအသက်တွေကြီးလာပြီဆိုပြီး စိတ်ညစ်စရာမလိုပဲ (၄)လကနေ (၆)လဝန်းကျင်အထိသာ ကြာမြင့်နိုင်တဲ့ GED အတန်းကိုတက်ရောက်ပြီး အသက်(၁၆)နှစ်ပြည့်ထားရုံနဲ့တင် Americanရဲ့(၁၂)တန်းပညာရေးနှင့်ညီမျှတဲ့ အထက်တန်းအောင်လက်မှတ်ကို ရယူနိုင်မှာဖြစ်ပါတယ်။ 🌟

ဒါ့အပြင် GED ကို နိုင်ငံပေါင်း (85) နိုင်ငံကျော်၊ Asia မှာတင်မဟုတ်ဘဲ Europe ဘက်က University တွေအထိ အသိအမှတ်ပြု လက်ခံထားကြပါတယ်။ GEDက တခြားသော educational pathways တွေလောက် အချိန်တွေအကြာကြီးထပ်မပေးရတဲ့အပြင် U.S နိုင်ငံရဲ့ (၁၂) တန်းပညာရေးနှင့်ညီမျှတဲ့သင်ရိုးကို သင်ကြားပေးတာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံခြားတက္ကသိုလ်တွေ၊ college တွေရဲ့ သင်ပုံသင်နည်းတွေနဲ့ ရင်နှီးကျွမ်းဝင်စေမှာဖြစ်ပါတယ်ဗျ။

ဒီလိုမျိုး အကျိုးကျေးဇူးတွေအများကြီးရှိနေတဲ့ GED အတန်းကို YCUမှာတက်ရောက်ချင်တယ်ဆိုရင် GED အတန်းလေးတွေရှိပါတယ်။ သင်ကြားရေးနယ်ပယ်မှာ အတွေ့အကြုံကောင်းများစွာကို ပိုင်ဆိုင်ထားတဲ့ဆရာ၊ ဆရာမများနှင့်အတူ YCUရဲ့ Active Environment မှာ စာသင်ရမယ်ဆိုရင် ထိရောက်တဲ့တိုးတက်မှုရဖို့အတွက် (100%)အပြည့်အဝ အာမခံပါတယ်ခင်ဗျာ။ ✅💯

စာသင်ကြားရာတွင် ပိုမိုထိရောက်စေရန်အတွက် လူဦးရေကန့်သတ်ထားတာ‌ကြောင့် အတန်းမပြည့်ခင်လေး အမြန်ဆုံး စာရင်းပေးသွင်းထားကြတော့နော်။ 🤗

GED အတန်းကိစ္စနဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက GED post linkတွင်ဖြစ်စေ၊ Page Messenger တွင်ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

GED post link 🔗 - https://www.facebook.com/share/p/tY3Rmq17qJePUUio/?mibextid=oFDknk

“Your Career, Your Choice”✨

15/05/2024

📢 Education Fair Announcement 📢

လာမယ့်မေလ(၂၆)ရက်နေ့မှာကျင်းပသွားမယ့် “Together For Community Education Fair 2024”မှာ Youth Career University - YCUအနေနဲ့ education serviceတွေနဲ့ပတ်သတ်ပြီး ပါဝင်သွားမယ့်အကြောင်းလေးကို သတင်းကောင်းပါးချင်ပါတယ်ခင်ဗျာ။

YCUမှာဖွင့်ထားတဲ့အတန်းတွေထဲကမှ On Campus နဲ့ Online ဆိုပြီး ကိုယ်တိုင်လာတက်ချင်တဲ့သူတွေအတွက် campusအပြင်၊ အဝေးကနေလာတက်ဖို့အဆင်မပြေတဲ့သူတွေအတွက် online classတွေပါ စီစဉ်ပေးထားပါတယ်။

📚 On Campus တက်ချင်တဲ့သူတွေအတွက်

✅ General English 4 skills Class
✅ GED Courses

📚 Online Class တက်ချင်တဲ့သူတွေအတွက်

✅ General English 4 skills Class
✅ IELTS
✅ GED
✅ Digital Art
✅ Digital Marketing
✅ Thai, Japanese, Korean Coursesတွေအပြင် Together For Community Education Fair 2024 ပွဲကိုလာရောက်မယ့်သူတွေအတွက် YCUမှ စိတ်ဝင်စားစရာကောင်းတဲ့ Promotionတွေလည်းပေးသွားမှာဖြစ်လို့ ကျွန်တော်တို့နဲ့အတူလာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ 🥰🥰

📅 Date : 26.5.2024(Sunday)
⏰ Time : 11:00 AM to 5:00 PM
📌 Location : Novotel Yangon Max, Pyay Ballroom

“Your Career, Your Choice”

15/05/2024

အထက်တန်းမပြီးသေးတဲ့လူငယ်တွေကြားမှာ GED ဟာ ရွေးချယ်စရာအကောင်းဆုံးပညာရေးလမ်းကြောင်းတစ်ခုအဖြစ်ရှိနေပြီဆိုတာ အားလုံးလည်းသိကြမှာပါ။

ဒါဆိုရင် လူငယ်တွေက GED ကို ဘာလို့ရွေးချယ်လာကြတာလဲ။ ❓

GED ဆိုတာကရော ဘာလဲ။ ❓❓❓

GED လို့လူသိများကြတဲ့ General Education Developmentဟာဆိုရင် American Highschool Level (၁၂တန်း ပညာရေး) နှင့်ညီမျှပြီး နိုင်ငံအများစုကတက္ကသိုလ်တွေအသိအမှတ်ပြုလက်ခံကြတဲ့ အထက်တန်းအောင်လက်မှတ်တစ်ခုဖြစ်ပါတယ်။ GEDမှာဆိုရင် -

🌟 Mathematical Reasoning
🌟 Social Studies
🌟 Reasoning Through Language Arts (RLA)
🌟 Science အစရှိတဲ့ဘာသာရပ်တွေကို ဦးစားပေးသင်ကြားရမှာဖြစ်တဲ့အပြင် Critical Thinking, Problem Solving နဲ့ Analyzing တို့ကိုပါ လူငယ်တွေအလေ့အကျင့်ရသွားအောင် ထည့်သွင်းသင်ကြားပေးမှာဖြစ်ပါတယ်။

GED ရဲ့အဓိပ္ပာယ်ကိုလည်းသိပြီ၊ သင်ကြားရမယ့်ဘာသာရပ်တွေကိုလည်း သိပြီးပြီဆိုတော့ ဘာသာရပ်တစ်ခုချင်းစီရဲ့အောင်မှတ်တွေနဲ့ အမှတ်ပေးနည်းတွေအကြောင်းကို ပြောပြချင်ပါတယ်။

ဘာသာရပ်တစ်ခုချင်းစီရဲ့အမှတ်ပြည့်က‌ (200)ဖြစ်ပြီး ဘာသာရပ်တစ်ခုမှာအနည်းဆုံး အမှတ် (145) ကျော်မှာသာ စာမေးပွဲအောင်မှာဖြစ်ပါတယ်။ College တွေ၊ တက္ကသိုလ်တွေလျှောက်ဖို့အတွက်ဆိုရင်တော့ အမှတ် (160) နဲ့ (180) ဝန်းကျင်ရထားဖို့လိုအပ်ပါမယ်ခင်ဗျာ။ Scholarship try ချင်တဲ့သူတွေကတော့ 180 to 200 ကြား ရထားရင်ပိုအဆင်ပြေပါတယ်။

GEDရဲ့နောက်ထပ်အားသာချက်တစ်ခုဟာဆိုရင် ဒါမေးဒါဖြေပုံစံမျိုးမဟုတ်ဘဲနဲ့ thinking ပိုင်းကို ဦးစားပေးဖြေဆိုရတာဖြစ်ပြီး ကွက်လပ်ဖြည့်၊ မေးခွန်းတိုနဲ့ multiple choice questions မျိုးတွေသာ အဓိကဖြေဆိုရတာဖြစ်ပါတယ်။ အချိန်အားဖြင့်လည်း (၄) လကနေ (၆) လဝန်းကျင်အထိသာကြာမြင့်မှာဖြစ်ပြီး GED Official Test Center တွေမှာ online ကနေဖြင့်လည်း ဖြေဆိုနိုင်ပါတယ်။ ✍🏻

GED ဟာဆိုရင် အချိန်ကုန်သက်သာပြီး IGCSE တို့နဲ့ယှဉ်ရင် school fees အရလည်းသက်သာတာဖြစ်တဲ့အတွက် အသက်တွေအရမ်းကြီးပြီး အချိန်မကုန်ချင်တော့ဘူး၊ နိုင်ငံခြားတက္ကသိုလ်တွေမှာလည်း သွားတက်ချင်တယ်ဆိုရင်တော့ GED ကို ရွေးချယ်သင့်ပါတယ်ခင်ဗျာ။ ✅

ဒီနေ့ကတော့ GED ရဲ့အကြောင်းလေးတွေရယ်၊ လူငယ်တွေက GED ကို ရွေးချယ်လာကြတဲ့အကြောင်းတချို့ကို ပြောပြပေးသွားတာဖြစ်ပါတယ်။ အထက်တန်းမပြီးသေးတဲ့ YCUers လေးတို့လည်း GED တက်မယ်ဆိုရင် အဝေးကြီးလိုက်ရှာစရာမလိုပဲကျွန်တော်တို့ YCU မှာ တက်လို့ရပြီဖြစ်ကြောင်း တစ်ပါတည်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။ 🥰❤️ GED class အကြောင်းအ‌သေးစိတ်သိရှိလိုပါက post link တွင်ဖြစ်စေ၊ page messenger တွင်ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

GED post link 🔗 - https://www.facebook.com/share/p/9rjuv3rqH9vU2J1G/?mibextid=oFDknk

“Your Career, Your Choice”✨

12/05/2024

Here’s to all Mothers from YCU family, Happy Mothers Day!!💓
You make the world a better place!✨

အမေများနေ့မှာ အမေနှင့်အတူ YCU Campus မှာ ကျောင်းလာအပ်ရင် 20,000MMK off discount ရှိနေပါတယ်နော်။🙏

"Your Career, Your Choice"✨

Photos from Youth Career University - Online Courses 's post 11/05/2024

သင့်မှာ နိုင်ငံခြားထွက်ပြီးပညာသင်ယူဖို့အတွက်အိမ်မက်ရှိတယ်ဆိုရင် လက်လွတ်မခံသင့်တဲ့ 𝐆𝐄𝐃 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬 (𝐁𝐚𝐭𝐜𝐡 - 𝟐) လေး လာပါပြီခင်ဗျာ။ 🥳🥳

အထက်တန်းမပြီးသေးတဲ့လူငယ်တစ်ယောက်က ပညာရေးကိုရှေ့ဆက်ပြီးနိုင်ငံခြားမှာတက္ကသိုလ်သွားတက်ချင်တယ်ဆိုရင် Thailand, Singapore, US နိုင်ငံတွေအပြင် နိုင်ငံခြားတက္ကသိုလ်တွေတော်တော်များများက အသိအမှတ်ပြုလက်ခံကြတဲ့ GED ဆိုတဲ့ အထက်တန်းအောင်လက်မှတ်ရှိထားဖို့လိုပါတယ်။ ဒါကြောင့်ကိုယ်က GED အောင်မြင်ထားတယ်ဆိုရင် နိုင်ငံတကာအသိအမှတ်ပြုတဲ့ အထက်တန်းအောင်လက်မှတ်ကို ကိုင်ဆောင်ထားနိုင်မှာပါ။

YCU ရဲ့ GED Online Class မှာ ဘယ်ဘာသာရပ်တွေ သင်ကြားပေးမှာလဲ?? 🤔

📚 Mathematical reasoning
📚 Social Studies
📚 Reasoning Through Language Arts (RLA)
📚 Physical Science
📚 Life Science ဆိုတဲ့ဘာသာရပ်တွေစုံစုံလင်လင်ကို သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။

📌 Class Date and Time

📖 Subjects : Physical Science
🧑🏻‍🏫 Instructors : Tr. Zaw Hein
📅 Date : Monday
⏰ Time : 6:00 to 7:30 PM

📖 Subjects : Life Science
🧑🏻‍🏫 Instructors : Tr. Khine Lae Mg
📅 Date : Monday
⏰ Time : 8:00 to 9:30 PM

📖 Subject : Social Studies
🧑🏻‍🏫 Instructor : Tr. Aye Myat Thu
📅 Date : Tuesday
⏰ Time : 6:00 to 7:30 PM, 7:30 to 9:00 PM

📖 Subject : Mathematical reasoning
🧑🏻‍🏫 Instructor : Tr. Wyne
📅 Date : Wednesday
⏰ Time : 6:00 to 7:30 PM, 7:30 to 9:00 PM

📖 Subject : RLA
🧑🏻‍🏫 Instructor : Tr. Aung Thu Lwin
📅 Date : Thursday
⏰ Time : 6:00 to 7:30 PM, 7:30 to 9:00 PM

အတန်းတွေနဲ့ပတ်သတ်ပြီး အသေးစိတ်အချက်အလက်တွေသိရပြီဆိုတော့ (၁၆)နှစ်ပြည့်ပြီး အထက်တန်းမအောင်သေးတဲ့လူငယ်တွေအတွက် နိုင်ငံခြားတက္ကသိုလ်တွေမှာ ဝင်ခွင့်ရချင်တယ်ဆိုရင် YCU ရဲ့ GED အတန်း‌လေးဆီမှာ ဆရာ၊ ဆရာမတွေနဲ့ထိထိရောက်ရောက်ပညာသင်ယူပြီး လူငယ်ဘဝတွေရဲ့အိမ်မက်ကို အကောင်အထည်ဖော်လိုက်ကြရအောင်ခင်ဗျာ။ ✨❤️

“Your Career, Your Choice”✨

🏠 Address - No.258, 4th Floor, Bargayar Road, Myaynigone (South) Quarter, Sanchaung Township, Yangon, Myanmar

09/05/2024

𝗜𝗘𝗟𝗧𝗦 စာမေးပွဲကို 𝗕𝗔𝗡𝗗 𝗦𝗖𝗢𝗥𝗘 ကောင်းကောင်းနဲ့ အောင်ချင်တယ်။ 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 𝟏𝟎% နှင့်လည်း တက်ချင်တဲ့သူတွေအတွက် YCU ရဲ့ 𝗜𝗘𝗟𝗧𝗦 𝗕𝗔𝗧𝗖𝗛 (𝟭𝟯) 𝗢𝗡𝗟𝗜𝗡𝗘 𝗖𝗟𝗔𝗦𝗦 လေးလာပါပြီ🙌

🔴 IELTSဆိုတာဘာလဲ ?

IELTS ဆိုတာ International English Language Testing System ဖြစ်ပြီး 𝗥𝗲𝗮𝗱𝗶𝗻𝗴 , 𝗪𝗿𝗶𝘁𝗶𝗻𝗴 , 𝗦𝗽𝗲𝗮𝗸𝗶𝗻𝗴 , 𝗟𝗶𝘀𝘁𝗲𝗻𝗶𝗻𝗴 စတဲ့ skills တွေကို နိုင်ငံတကာစံချိန်နဲ့အညီ ဖြေဆိုရတဲ့ အရည်အချင်းစစ် စာမေးပွဲတစ်ခုဖြစ်ပါတယ်ခင်ဗျာ။

🔴𝗜𝗘𝗟𝗧𝗦 လက်မှတ်နဲ့ ဘာလုပ်လို့ရသလဲ ?

နိုင်ငံတကာ ကျောင်းတွေကိုလျှောက်တဲ့အခါပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားက အလုပ်တွေမှာ အင်တာဗျူး ဖြေတဲ့အခါပဲ ဖြစ်ဖြစ် 𝗜𝗘𝗟𝗧𝗦 လက်မှတ်က မရှိမဖြစ် လိုအပ်ပါတယ်။ 𝗜𝗘𝗟𝗧𝗦 𝗕𝗔𝗡𝗗 𝗦𝗖𝗢𝗥𝗘 ကောင်းရင်ကောင်းသလို သင့်ရဲ့ အခွင့်အလမ်းတွေလည်း ပိုကျယ်ပြန့်လာမှာဖြစ်ပါတယ်။

🔴𝗬𝗖𝗨 မှာရော IELTS ကိုဘယ်လို သင်ပေးသလဲ ?

𝗬𝗖𝗨 မှာကတော့ Teaching experience အပြည့်အဝရှိတဲ့ ဆရာ၊ဆရာမတွေက သေသေချာချာသင်ကြားပေးနေတဲ့အပြင် အတန်းတိုင်းမှာလည်း 𝗖𝗹𝗮𝘀𝘀 𝗳𝗮𝗰𝗶𝗹𝗶𝘁𝗮𝘁𝗼𝗿𝘀 တွေထားရှိပေးထားပြီး 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 ဆိုပေမယ့်လည်း ကျောင်းသားတစ်ယောက်ချင်းဆီရဲ့ တိုးတက်မှုကို အနီးကပ် ကူညီပေးနေပါတယ်။

🔴အတန်းချိန်တွေက ဘယ်လိုလဲ?

ယခု ဖွင့်မယ့် 𝗕𝗮𝘁𝗰𝗵 (𝟭𝟯) ကတော့
⌛Duration: 8 weeks
☀️Date: Wednesday, Thursday
⏲️Class time: 8:00PM - 10:00PM
💸Fees - 150,000 MMK
📌Half Payment Available,
1st instalment - 90,000,
2nd instalment - 60,000

ကျောင်းသား အရေတွေက် ကန့်သတ်ထားတာမို့ နောက်မကျခင် အမြန်အပ်လိုက်ပါတော့နော်။

𝒀𝒐𝒖𝒓 𝑪𝒂𝒓𝒆𝒆𝒓, 𝒀𝒐𝒖𝒓 𝑪𝒉𝒐𝒊𝒄𝒆✨

09/05/2024

ပြီးခဲ့တဲ့ရက်ပိုင်းက Part -(1) အနေနဲ့ IELTS မှာ ဘယ်နှပိုင်းပါတယ်ဆိုတာရယ်၊ တစ်ပိုင်းချင်းစီရဲ့အသေးစိတ်နဲ့ ဖြေပုံဖြေနည်းတွေကိုပြောပြခဲ့ပြီးပြီဆိုတော့ ဒီနေ့မှာ နောက်ထပ်သိကောင်းစရာလေးတွေကို ထပ်မံပြောပြပေးသွားမှာဖြစ်ပါတယ်။ 🔔

✴️ ပထမဆုံးပြောချင်တာက အချိန်ပေါ့နော်။ IELTS exam ဖြေတဲ့အခါမှာ Time Managementက တော်တော်လေးအရေးကြီးပါတယ်။ တချို့တွေဆိုရင် potential ရှိရဲ့သားနဲ့ အချိန်မမှီလိုက်လို့ Band Score ကောင်းကောင်း ရသင့်သလောက်မရလိုက်တဲ့သူတွေအများကြီးပါ။ အဲ့တာကြောင့် ပေးထားတဲ့အချိန်အတိုင်း ဝင်အောင်ဖြေနိုင်ဖို့ဆိုတာ အရေးကြီးပါတယ်။ အဲ့လိုဖြေနိုင်ဖို့ဆိုရင်လည်း IELTS exam မတိုင်ခင်ကတည်းက ကိုယ့်အနေနဲ့ practice ကောင်းကောင်းလုပ်ထားပြီး old questionsတွေ များများဖြေကြည့်ထားဖို့လိုပါမယ်။ ဒါမှကိုယ်က ဘယ်အပိုင်းမှာဘယ်လောက်ကြာတတ်တယ်၊ ဘယ်အပိုင်းဆိုရင် ဘယ်လောက်မိနစ်နဲ့ပြီးအောင်ဖြေမယ်ဆိုတာတွေကို Time Management လုပ်ထားနိုင်မှာဖြစ်ပါတယ်။

✴️ အဲ့လိုမျိုး Time Management ကောင်းကောင်းလုပ်ထားပြီးဖြေဆိုနိုင်ဖို့အတွက် IELTS old questionsတွေကိုလေ့ကျင့်ချင်တယ်ဆိုရင် ဘယ်မှာရှာလို့ရနိုင်မလဲ။ 🤔❓

ဒါကတော့လွယ်ပါတယ်။ ကျွန်တော်တို့ YouTube ထဲကိုဝင်ပြီး IELTS old questions လို့ရိုက်ရှာရုံနဲ့တင် 4 skillsလုံးအတွက် မေးနိုင်တဲ့‌မေးခွန်းတွေကို အလွယ်တကူရှာလို့ရနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် old questionsတွေရဲ့ ခုနှစ်တွေကိုပါ ထည့်ရှာမယ်ဆိုရင် ကိုယ်လေ့ကျင်ချင်တဲ့ old questions ရဲ့ Yearကိုပါ ရှာနိုင်မှာဖြစ်ပါတယ်။ ဖုန်းတွေ၊ laptopတွေနဲ့ဖြေရတာ အားမရဘူးဆိုရင်တော့ IELTS old questions စာအုပ်တွေကို စာအုပ်အရောင်းဆိုင်တွေ တော်တော်များများမှာ အလွယ်တကူဝယ်လို့ရနိုင်ပါတယ်ခင်ဗျာ။

✴️ နောက်တစ်ချက်‌အနေနဲ့ အထူးသဖြင့် writing နဲ့ speaking ဖြေတဲ့နေရာမှာ Vocabတွေ ထပ်ခါတလဲလဲ သုံးနေလို့မရပါဘူး။ အဲ့လိုမျိုး ကိုယ်အရှေ့မှာသုံးခဲ့တဲ့ Vocab‌တွေ၊ Wordsတွေကို ထပ်ခါထပ်ခါ ပြန်သုံးနေမယ်ဆိုရင် ကိုယ့်ကို synonymsတွေမသိဘူးဆိုပြီး Band Score လျှော့ခံရနိုင်ပါတယ်။ အဲ့တာကြောင့် IELTS ဖြေမယ့်သူတစ်ယောက်အနေနဲ့ Vocabulary ကြွယ်ကြွယ်ဝဝလေ့လာထားပြီး synonymsတွေလည်း များများလေ့လာထားဖို့လိုအပ်ပါတယ်။

✴️ Mock examsတွေဖြေရာမှာလည်း ကိုယ့်ရဲ့နီးစပ်ရာ ဆရာ၊ဆရာမဖြစ်ဖြစ်၊ ကိုယ်စာသင်နေတဲ့ instructorဆီကဖြစ်ဖြစ် ကိုယ့်ရဲ့အားနည်ချက်တွေကိုပြောပြပေးနိုင်ပြီး feedback ကောင်းကောင်းပြန်ရဖို့လိုပါလိမ့်မယ်။ Mock test ဖြေပြီး feedback ကောင်းကောင်းမရဘူးဆိုရင် ကိုယ့်ရဲ့ weak pointsတွေကို မသိရတဲ့အခါမှာ အမှားတွေထပ်ခါတလဲလဲဖြစ်နေနိုင်ပါတယ်။ အဲ့တာကြောင့် ဒီတိုင်းဖြေဆိုတာမျိုးမဟုတ်ပဲ Mock testတွေမှာ မှားတတ်တဲ့အမှားတွေကို feedback ပြန်ရမှ တကယ့် IELTS examမှာ ကောင်းမွန်စွာဖြေဆိုနိုင်မှာဖြစ်ပါတယ်။

✴️ နောက်ဆုံးပြောပြပေးချင်တဲ့အချက်ကတော့ consistency ရှိဖို့ပေါ့နော်။ IELTS ဆိုတာ အခုလေ့ကျင့် အခုရသွားတာမျိုးမဟုတ်ပါဘူး။ အချိန်သေချာယူပြီး ကိုယ်တိုင်ကလည်း consistency ကောင်းကောင်းနဲ့စာလုပ်သွားမှသာ ကိုယ်လိုချင်တဲ့ Band Scoreတစ်ခုကို ရရှိမှာပါ။

ဒီနေ့ပြောပြပေးသွားတာကတော့ IELTS ဖြေမယ့်သူတွေအတွက် သိသင့်သိထိုက်တာလေးတွေကို sharing လုပ်ပေးသွားတာဖြစ်ပါတယ်။ ကျွန်တော်တို့ YCUမှာလည်း IELTS online classလေး ဖွင့်ထားတာမို့လို့ ဒီရက်ပိုင်းအတွင်း လာအပ်မယ်ဆိုရင် 10% discountလေးပါ တစ်ခါတည်းရယူနိုင်မှာနော်။ 🤩🤩

IELTS အတန်းလေးအတွက် details post ပါ။

Post link 🔗 - https://www.facebook.com/share/p/tWEJFZL4m6gJcgcR/?mibextid=oFDknk

“Your Career, Your Choice”

🏠 Address - No.258, 4th Floor, Bargayar Road, Myaynigone (South) Quarter, Sanchaung Township, Yangon, Myanmar

08/05/2024

YCU ရဲ့ IELTS အတန်းလေးကို 10% discount လေးနှင့် တက်ရောက်လို့ရနေပြီနော်✨

ကျောင်းသား အရေအတွက် ကန့်သတ်ထားတာမို့ မနောက်ကျခင် အမြန်လာအပ်လိုက်တော့နော်။

"Your Career, Your Choice"✨

𝗜𝗘𝗟𝗧𝗦 စာမေးပွဲကို 𝗕𝗔𝗡𝗗 𝗦𝗖𝗢𝗥𝗘 ကောင်းကောင်းနဲ့ အောင်ချင်သူတိုင်းအတွက် 𝗬𝗖𝗨 ရဲ့ 𝗜𝗘𝗟𝗧𝗦 𝗕𝗔𝗧𝗖𝗛 (𝟭𝟯) 𝗢𝗡𝗟𝗜𝗡𝗘 𝗖𝗟𝗔𝗦𝗦 လေးလာပါပြီ🙌

🔴 𝗜𝗘𝗟𝗧𝗦 ဆိုတာဘာလဲ ?

𝗜𝗘𝗟𝗧𝗦 ဆိုတာ 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗧𝗲𝘀𝘁𝗶𝗻𝗴 𝗦𝘆𝘀𝘁𝗲𝗺 ဖြစ်ပြီး 𝗥𝗲𝗮𝗱𝗶𝗻𝗴 , 𝗪𝗿𝗶𝘁𝗶𝗻𝗴 , 𝗦𝗽𝗲𝗮𝗸𝗶𝗻𝗴 , 𝗟𝗶𝘀𝘁𝗲𝗻𝗶𝗻𝗴 စတဲ့ 𝗦𝗸𝗶𝗹𝗹𝘀 တွေကို နိုင်ငံတကာစံချိန်နဲ့အညီ ဖြေဆိုရတဲ့ အရည်အချင်းစစ် စာမေးပွဲတစ်ခုဖြစ်ပါတယ်ခင်ဗျာ။

🔴𝗜𝗘𝗟𝗧𝗦 လက်မှတ်နဲ့ ဘာလုပ်လို့ရသလဲ ?

နိုင်ငံတကာ ကျောင်းတွေကိုလျှောက်တဲ့အခါပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားက အလုပ်တွေမှာ အင်တာဗျူး ဖြေတဲ့အခါပဲ ဖြစ်ဖြစ် 𝗜𝗘𝗟𝗧𝗦 လက်မှတ်က မရှိမဖြစ် လိုအပ်ပါတယ်။ 𝗜𝗘𝗟𝗧𝗦 𝗕𝗔𝗡𝗗 𝗦𝗖𝗢𝗥𝗘 ကောင်းရင်ကောင်းသလို သင့်ရဲ့ အခွင့်အလမ်းတွေလည်း ပိုကျယ်ပြန့်လာမှာဖြစ်ပါတယ်။

🔴𝗬𝗖𝗨 မှာရော 𝗜𝗘𝗟𝗧𝗦 ကိုဘယ်လို သင်ပေးသလဲ ?

𝗬𝗖𝗨 မှာကတော့ 𝗧𝗲𝗮𝗰𝗵𝗶𝗻𝗴 𝗘𝘅𝗽𝗲𝗿𝗶𝗲𝗻𝗰𝗲 အပြည့်အဝရှိတဲ့ ဆရာ၊ဆရာမတွေက သေသေချာချာသင်ကြားပေးနေတဲ့အပြင် အတန်းတိုင်းမှာလည်း 𝗖𝗹𝗮𝘀𝘀 𝗳𝗮𝗰𝗶𝗹𝗶𝘁𝗮𝘁𝗼𝗿𝘀 တွေထားရှိပေးထားပြီး 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 ဆိုပေမယ့်လည်း ကျောင်းသားတစ်ယောက်ချင်းဆီရဲ့ တိုးတက်မှုကို အနီးကပ် ကူညီပေးနေပါတယ်။

🔴အတန်းချိန်တွေက ဘယ်လိုလဲ?

ယခု ဖွင့်မယ့် 𝗕𝗮𝘁𝗰𝗵 (𝟭𝟯) ကတော့

⌛Duration: 8 weeks
☀️Date: Wednesday, Thursday
⏲️Class time: 8:00PM - 10:00PM
💸Fees - 150,000 MMK

📌Half Payment Available,
1st instalment - 90,000,
2nd instalment - 60,000
ကျောင်းသား အရေတွေက် ကန့်သတ်ထားတာမို့ နောက်မကျခင် အမြန်အပ်လိုက်ပါတော့နော်။
𝒀𝒐𝒖𝒓 𝑪𝒂𝒓𝒆𝒆𝒓, 𝒀𝒐𝒖𝒓 𝑪𝒉𝒐𝒊𝒄𝒆✨

Photos from Youth Career University - Online Courses 's post 07/05/2024

ကျွန်တော်တို့ Youth Career University - YCU မှ International English Language Testing System ဆိုတဲ့ IELTS အတန်းတွေကိုတက်ရောက်ခဲ့ပြီး Band Score ကောင်းကောင်းနဲ့ထူးချွန်စွာဖြေဆိုနိုင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ results လေးတွေပါခင်ဗျာ။ 😍

IELTS ဖြေဆိုရာတွင် Band Score များများရဖို့အတွက်ဆိုတာ ကျောင်းသား၊ ကျောင်းသူတစ်ယောက်ချင်းစီတိုင်းရဲ့ကြိုးစားအားထုတ်မှုနှင့်လည်းအထူးသက်ဆိုင်သလို Instructor တွေရဲ့လေ့ကျင့်ပေးမှုနည်းလမ်းကောင်းတွေဟာဆိုရင်လည်း အရေးကြီးတဲ့အခန်းကဏ္ဌတစ်ခုအဖြစ်ပါဝင်နေပါတယ်။ 🌟🌟

အခုလိုမျိုး Band Score ကောင်းကောင်းရပြီး ထူးထူးချွန်ချွန်ဖြေဆိုနိုင်ခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားတွေအားလုံးကို ဂုဏ်ပြုသောအားဖြင့် postလေး တင်ပေးရခြင်းဖြစ်ပါတယ်ခင်ဗျာ။ အားလုံးပဲ Congratulationsပါ YCUers လေးတို့ရေ။ 🥰✨✨

နောက်လထဲမှာဆိုရင်လည်း IELTS နဲ့ပတ်သက်တဲ့အတန်းလေးတွေ ထပ်ဖွင့်ဖို့ရှိတာကြောင့် Page လေးကိုဆက်ပြီး စောင့်ကြည့်ပေးကြပါဦးနော်။ 🔊

Want your university to be the top-listed University in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 258, 4th Floor, Bargayar Road, Myaynigone (South) Quarter, Sanchaung Township
Yangon
11111

Other Colleges & Universities in Yangon (show all)
မလေးစကားပြောသင်တန်း မလေးစကားပြောသင်တန်း
Shwepyithar
Yangon, 01

မလေးစကားသင်တန်း မှကြိုဆိုပါတယ်

ThanLwin Institute Of Technology - သံလွင် သင်တန်းကျောင်း ThanLwin Institute Of Technology - သံလွင် သင်တန်းကျောင်း
No-12A , Dagon Center-2(Residence Tower)
Yangon, 11111

မြန်မာနိုင်ငံရဲ့ လူစွမ်းအားအရင်းအမြစ်နှင့် နည်းပညာသင်တန်း

GTS Institute GTS Institute
Shwe Kabar Housing, Mindhama Road
Yangon, 11061

Information and Technology Institute

Bio Dent Institute Of Professional Development Bio Dent Institute Of Professional Development
No 70, Min Ye Kyaw Swar Road , 9th Ward , East Dagon Township , (Near 7/8 Junction North Dagon)
Yangon, 11421

We offer hands-on training programs designed to prepare students for a successful career

Asia Open Education Institute Asia Open Education Institute
Yangon

AOEI is the Higher Education revolution. It is the first non-profit online Blockchain University in t

Your Tutor Your Tutor
Yangon

Tutoring service for students studying business subjects

Legacy International School Legacy International School
(Level 3, Taw Win Centre) 45, Pyay Road
Yangon

The best quality education at the most affordable price! ❤️Following the Cambridge curriculums❤️

AU MIT Myanmar University AU MIT Myanmar University
No 135(A), Thanlwin Road, 10 Ward, Kamayut Township
Yangon, 11041

AU MIT Myanmar University provides dynamic academic programs for undergraduate, postgraduate and prof

Withee Bible College Yangon, Myanmar. Estd:2000 Withee Bible College Yangon, Myanmar. Estd:2000
No. 34/303 C-Nguwa Street Yuzana Garden City
Yangon

Religious Organizations

ATBC International College - BBA Program ATBC International College - BBA Program
No. 1203, Kone Baung Street, 6 Quarter
Yangon, 11091

ဒီဂျစ်တယ်မားကစ်တင်းနှင့် စီးပွားရေး ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းများ တက်ရောက်နိုင်ပါသည်။

Trinity International College Myanmar Trinity International College Myanmar
No. 110, Yeik Thar Lane No. 4, Mi Chaung Kan (1st) Quarter, Wai Zan Yan Tar Garden Housing, Thingangyun Township
Yangon

Trinity International College is founded on the principles of offering a learner centric and outcomes

Speakeasy Institute Speakeasy Institute
Baho Road
Yangon, 11041

HAPPY LEARNING; GREAT RESULTS!