Impressive Gems

Artwork designed with high quality raw materials.

24/09/2024

Mogok Natural Ruby
0.50 cts
မျက်နှာရှင်းပြီး ပွင့်အားကောင်း
အပြင်မှာဒီထက်အရည်ပိုလှတယ်ဗျ
Page ပြန်အသက်သွင်းတဲ့အနေနဲ့
ဒီRuby ပွင့်စူလေးကို
ဈေးတန်တန်လေးနဲ့ ရောင်းပေးပါမယ်

Price - 18 l
Detail - plz cb or 09450035454
ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျ

23/09/2024
30/06/2024

အခုအချိန်မှာ

ကိုယ်လည်းအပူ

သူလည်းအပူ

အားလုံးက ပူနေရတဲ့သူတွေပါ….

ဘယ်မှာရောက်နေလို့

မပူရဘူးမရှိပါဘူး….

မြေပြင်မှာ

လက်တွေ့ရင်ဆိုင်နေရတဲ့သူတွေကို

ပူနေရသလို

လောလောဆယ်

ကိုယ့်နေရာလေး အေးချမ်းနေလို့လည်း

ပျော်မနေနိုင်ပါဘူး…

အဲ့အတွက်ကြောင့်

သူ့လိုအပ်ချက်

ကိုယ့်လိုအပ်ချက်တွေကို

လက်ညိုးထိုးမနေပဲ….

သူလည်းကိုယ့်လို

သောကတွေနဲ့ပဲဆိုတဲ့

ကိုယ်ချင်းစာစိတ်နဲ့ပဲ

တွေးပေးကြပါ…

မင်းတို့ဒုက္ခရောက်နေကြချိန်မှာ

ငါတို့လည်း ပျော်မနေကြပါဘူး….

ငါလည်း အဆင်ပြေမနေပါဘူး

ငါ့ကို မကူညီပေးနိုင်လို့

စိတ်မဆိုးသလို

မင်းကို ဘာမှမလုပ်ပေးနိုင်လို့လည်း

စိတ်မဆိုးပါနဲ့….

အပူရှိန်ခြင်းသာ မတူရင် မတူမယ်

ပူနေကြရတာကတော့

အားလုံးပါပဲ……

“ဆုံးရှုံးခြင်းတွေ အနည်းဆုံးဖြစ်ပါစေ Mogok ”

Photos from Impressive Gems's post 29/05/2024

1ပွင့် ချင်းရိုက်ပြီး

ပုံတင်မယ်ဆိုလို့ကတော့

ထမင်းငတ်သွားနိုင်တယ်

ပုံကောင်းတပုံဖြစ်ဖို့ထက်

အပြင် က ကျောက်ရဲ့အရည် အသွေး အရောင်

အားနည်းချက် အားသာချက် တွေလည်းမကျန်ရအောင်

ကိုယ်ရိုက်တဲ့ကျောက်ကိုလည်း

အပြင်နဲ့လည်း မကွာခြားပဲလှနေအောင်ရိုက်ဖို့ဆိုတာ

တော်တော်မလွယ်တဲ့ကိစ္စ

8:30 pm ကရိုက်နေတာ

တပုံပဲ စိတ်ကြိုက်ထွက်တယ်

အဲ့တော့ ဒီလိုပဲရိုက်လိုက်ပြီ

ဒါတောင် ပုံခြောက်ဆယ်လောက်ရိုက်ပြီး

အပြင်နဲ့ အနီးစပ်ဆုံးတူတဲ့ပုံ

ခြောက်ပုံတော်တော်ရွေးလိုက်ရတယ်

အဓိက ပြောချင်တာက

Mogok Natural Ruby ရောင်းပါတယ်

အရွယ် အရည် ဆိုဒ်စုံ ရပါမယ်

Cb မှာစုံစမ်းပေးပါလို့

ပြောချင်တာပါ …😁

13/03/2024

မနက်ဖြန် ဒီတစ်ပွင့်ပဲရောင်းမယ်ဗျ

3.76 cts ရှိပါတယ်

99% clear ဖြစ်ပါတယ်

အသေးစိတ်သိချင်ရင် cb…

Photos from Impressive Gems's post 13/03/2024

Today “Sold Out”

ထွက်စေချင်နေတဲ့

လက်စွပ်လေး

ထိုက်ထိုက်တန်တန်ထွက်သွားတဲ့အတွက်

ကျေးဇူးတင်ဝမ်းသာရပါတယ်..

(Ruby Ring ကျန်ပါသေးတယ်)

10/03/2024

#ဘဝမှာဆက်ပြီးဖက်တွယ်ထားမလား

#စွန့်ပစ်မလား

ကျွဲတစ်ကောင်ဟာ
သူအရမ်းမြတ်နိုးတန်ဖိုးထားတဲ့
သိပ်လှသောသူ့ရဲ့ဦးချိုလေးကို
ရေအိုင်မှာ ရေသောက်တိုင်း
ကြည့်ပြီး
ဝမ်းသာပီတိတွေနဲ့
သူ့ဘဝသူကျေနပ်နေရှာတယ်။

နှစ်အနည်းငယ်ကြာလာတာနဲ့မျှ
တဖြည်းဖြည်းရှည်လာတဲ့သူ့ရဲ့ဦးချိုက
ကျောပြင်နဲ့
ဗိုက်အနားတစ်ဝိုက်ကို
စတင်ထိုးစိုက်ဝင်လာခဲ့တယ်။

ဒီလိုနဲ့ပဲ
သွေးယိုစီးနေတဲ့ဒဏ်ရာက
နာကျင်နေရပေမယ့်
ဦးချိုကို ချိုးထုတ်လိုက်ရင်
လက်ရှိကျေနပ်ပြီးသာယာနေတဲ့စိတ်လေး
ပျောက်ပျက်သွားမှာရယ်
စိုက်နေတဲ့ဦးချိုကိုချိုးထုတ်လိုက်ရင်လည်း
ဒီထက်ပိုပြီးနာကျင်တဲ့ဒဏ်ကို
မခံစားနိုင်လောက်ဘူးဆိုတဲ့အတွေးနဲ့
မချိုးထုတ်ပဲ
နာကျင်မှုတွေနဲ့
နေ့ရက်တွေကိုရှေ့ဆက်နေခဲ့တယ်။

ဒါကို ကျီးတစ်ကောင်ကတွေ့တော့
ကျွဲကိုမေးတယ်
“ဒဏ်ရာတွေနဲ့ဘဝကိုရှေ့ဆက်နေတာ
မနာကျင်ဘူးလား သင့်ရဲ့ဦးချိုကို
ချိုးထုတ်လိုက်ပါလား” ဆိုတော့

ကျွဲပြန်ပြောတာက
“ချိုးထုတ်ချင်ပေမယ့် ဒီထက်ပိုနာကျင်ရမှာကြောက်လို့
ဒီအတိုင်းလေးထားထားတာပါ”

ကျီးကနောက်တစ်ခါ ထပ်ပြောတယ်
“နာကျင်မှုတွေနဲ့ အဓိပ္ပါယ်မဲ့
ရှေ့ဆက်နေရမှာထက်
တခါပဲကောင်းကောင်းနာကျင်ပြီး
ရှေ့ဆက်မယ့်ရက်တွေမှာ
ဝေဒနာတွေကင်းပြီး
လွှတ်လပ်ပေါ့ပါးစွာ
နေရမယ့်အချိန်တွေကို
သေချာတွေးကြည့်ပါ” ဆိုတော့မှ

ကျွဲလည်းသေချာစဉ်းစားပြီးဆုံးဖြတ်ချက်ချလိုက်တယ်

ကျွဲဟာ ချက်ချင်းဆိုသလိုပဲ
နာကျင်မှုကို ခဏတာသည်းခံပြီး
သူ့ဗိုက်ကိုထိုးစိုက်ဝင်နေတဲ့
သူ့စိတ်မှာ လှပတယ်ဆိုပြီး
သာယာနေခဲ့ရတဲ့ဦးချိုကို
ချိုးထုတ်လိုက်ပါတယ်

ချိုးထုတ်လိုက်ချိန်မှာ
မခံစားနိုင်လောက်အောင်နာကျင်တဲ့
ဝေဒနာနဲ့အတူ သူအရိပ်တကြည့်ကြည့်စွဲလန်းခဲ့ရတဲ့
သူ့ဦးချိုလေးကို
ဝမ်းနည်းစိတ် နှမြှောစိတ်
သူမျှော်လင့်ထားသလိုဖြစ်မလာရတဲ့အတွက်
ယူကျုံးမရစွာခံစားရင်း
မျက်ရည်တွေကြားက
ကြည့်နေမိတယ်

ဒီလိုနဲ့
ချိုးဖျက်လိုက်ရတဲ့အချိန်ကရခဲ့တဲ့
ဒဏ်ရာဟာလည်း
ရက်တွေကြာလာတာနဲ့အမျှ
တဖြည်းဖြည်း သက်သာသွားခဲ့တယ်။

နောက်ဆုံးတော့ ကျွဲဟာ ဦးချိုကို
စွန့်လွှတ်ဆုံးရှုံးလိုက်ရပေမယ့်

ဦးချိုကို
ပိုင်ဆိုင်ထားတဲ့အချိန်
အနည်းငယ်သောပျော်ရွှင်ကျေနပ်ရတယ်လို့ထင်နေရတဲ့
ပျော်ရွှင်သာယာမှုတွေထက်

ဦးချိုမရှိတော့ချိန်မှာ
အဆပေါင်းများစွာ
အဓိပ္ပါယ်ရှိရှိပျော်ရွှင် ချမ်းမြေ့မှုတွေကို
ပိုင်ဆိုင်လိုက်ရတယ်

အချိန်နဲ့အမျှရနေတဲ့
နာကျင်ဒဏ်ရာတွေမရှိတော့တဲ့ဘဝမှာ
အဆိပ်နဲ့တူတဲ့
အရင်အချိန်က
သူ့ရဲ့စွဲလန်းစိတ်ကို
နောင်တရသွားမိတော့တယ်

အဲ့အတွက် ကျွန်တော်တို့ ဘဝမှာ
ကိုယ်အရမ်းမြတ်နိုးတန်ဖိုးထားပြီး
မျှော်လင့်ထားတဲ့
အရာတွေက

တခါတရံမှာကိုယ့်အတွက်
နာကျင်စရာတွေ
ဖြစ်မှန်းမသိ ဖြစ်နေတတ်သလို
အဆိပ်အတောက်တွေလည်းဖြစ်နေတတ်ပါတယ်။

နာကျင်ရမှာကြောက်လို့
ဆုပ်ကိုင်ထားလေ ပိုနာကျင်ရလေပါပဲ
အစွဲအလမ်းကြီးလွန်းတဲ့စိတ်
တက်မက်လွန်းတဲ့
စိတ်ကိုပြင်ပြီး

နာကျင်စရာတွေကြားမှာ
စွန့်လွှတ်သင့်တာကို
ပြတ်ပြတ်သားသားစွန့်လွှတ်နိုင်မှ
ဘဝဟာ
ပျော်ရွှင်သာယာမှုတွေနဲ့အတူ
ပိုတန်ဖိုးရှိမှာပါ။

#စာသားတွေကိုပိုပြီးဖတ်လို့ကောင်းဖို့မူရင်းရေးသူရဲ့ဆိုလိုရင်းမပျက်အောင်ပြန်ပြင်ထားပါတယ်
#မူရင်းရေးသားသူအားCrdပေးပါတယ်

Photos from Impressive Gems's post 18/01/2024

ရှာနိုင်တုန်းရှာပြီး

စားနိုင်တုန်းစား

သွားနိုင်တုန်းသွားပြီး

ပျော်နိုင်တုန်းပျော်ပျော်နေကြပါ

ပျော်ရွှင်မှုမှာ Expire Date ရှိတယ်….

အသက် 18 နှစ်မှာ
ငယ်ငယ်က အရမ်းလိုချင်ခဲ့တဲ့
ရီမုဒ် ကားလေး ဝယ်နိုင်ပြီ
ဒါပေမဲ့ မလိုချင်တော့ဘူး။ 💥

အသက် 20 နှစ်မှာ
လူကြီးတွေမပါဘဲ
သူငယ်ချင်းတွေနဲ့
တိရစ္ဆာန်ရုံတို့
Happy World တို့
သွားခွင့်ရနေပြီ
ဒါပေမဲ့ မသွားချင်တော့ဘူး။ 💥

အသက် 25 နှစ်မှာ
ရည်စားကိုပေါ်တင်တွဲလို့ ရပြီ
ဒါပေမဲ့ အရင်လောက်
ရင်မခုန်တော့ဘူး။ 💥

အသက် 30 နှစ်မှာ
အရက်ကို စိတ်ကြိုက်သောက်လို့ ရနေပြီ
ဒါပေမဲ့ ဆယ်ကျော်သက် ဘဝတုန်းကလောက်
သောက်လို့ မကောင်းတော့ဘူး။ 💥

အသက် 45 နှစ်မှာ
ကိုယ်စားချင်တဲ့ အစားစာတွေကို
ဝယ်စားနိုင်နေပြီ
ဒါပေမယ့်
စိတ်ကြိုက်စားလို့ မရတော့ဘူး 💥

အသက် 55 မှာ
အကောင်းစားမိတ်ကပ်တွေ
ဝယ်သုံးနိုင်နေပြီ
ဒါပေမယ့် ပြင်သလောက်လှမလာတော့ဘူး
အသက် 65 နှစ်မှာ ခရီးသွားဖို့ အချိန်ရော ငွေရော ရှိနေပြီ
ဒါပေမဲ့ သွားချင်တဲ့ ခရီး သွားလို့မရတော့ဘူး။ 💥

အသက် 70 နှစ်မှာ ကြိုက်ခဲ့တဲ့ ပစ္စည်းတွေ ဝယ်နိုင်ပြီ။
ဒါပေမဲ့ မဝယ်ချင်တော့ဘူး။ 💥

ပျော်ရွှင်ခြင်းဆိုတာ ကိတ်မုန့်လိုပဲ Expire Date ရှိတယ် စားသင့်တဲ့ အချိန်မှာ စားမှ အရသာရှိတာ အချိန်မှီ မစားသုံးရင် နောက်ပိုင်းမှာ အရသာ မရှိတော့ဘူး။ 💥

လက်ရှိအချိန်မှာ လုပ်နိုင်သလောက်လုပ်ပြီး ပျော်နိုင်သလောက် ကိုယ့် ကိုယ်ကိုယ် ပျော်အောင်ထားပါ အရမ်းမတွေးပါနဲ့ စိတ်ဆင်းရဲမခံပါနဲ့ ဘဝကတိုတိုလေးပါ။💥

👌အဓိကကတော့ လိုချင်ရင်ဝယ်ပါ
👌သွားချင်ရင်သွားပါ
👌စားချင်ရင်စားပါ
👌လုပ်ချင်တာတွေလုပ်ထားပါ
👌ကိုယ်သွားချင်တဲ့သူနဲ့ သွားနိုင်တုန်းအချိန်မှာ
သွားချင်တဲ့ခရီးကို
သွားဖြစ်အောင်သွားထားပါ
👌မနက်ဖြန်ဆိုတာ ဒီနေ့လောက်
မသေချာပါဘူး

Credit

08/01/2024

လက်ဝတ်ရတနာ ( ကျောက်ပါတဲ့အထည်/ design ပါတဲ့ ရွှေထည်သီးသန့်) တွေမှာ
ပန်းထိမ်ကိုပေးရတဲ့ အလျော့တွက်/လက်ခ ဆိုတာ
ရှိပါတယ်..
ကိုယ်တိုင်ပန်းထိမ်မှာ အထည်ခတ်ဖူးသူတိုင်း
ဒီလိုပေးရတယ်ဆိုတာ နားလည်ပါတယ်…

ဥပမာ အနေနဲ့ပြောရရင်
ပွဲတက်ဝတ်စုံ အတွက်
ပိတ်စ ဝယ်ရပါတယ်
ပိတ်စကို ဒီအတိုင်းပတ်မဝတ်ကြပါဘူး
ကိုယ်ဝယ်တဲ့ပိတ်စတန်ဖိုးအလိုက်
ပုံမှန် အပ်ချုပ်ဆိုင်မှာ
ချုပ်တာရှိသလို
designer နဲ့ ချုပ်ကြတဲ့သူတွေလည်းရှိပါတယ်
designer မှာမှ
နာမည်ကြီးရင် ကြီးသလို
ချုပ်ခတွေက စျေးအဆပေါင်းများစွာ
ပေးကြရပါတယ်

အဲ့ဒီထက် design ဆန်းရင် ဆန်းသလို
လက်ဝင်ရင် ဝင်သလို
accessories တွေထည့်ရင်ထည့်သလို
ကုန်ကျစရိတ်တွေထပ်ပေါင်းပေးကြရတာ
ချုပ်ဖူးသူတိုင်းနားလည်ပါတယ်

designer လက်ရာလိုချင်လို့
designer နဲ့တော့ချုပ်ချင်ပြီး
ရပ်ကွက်ဆိုင်ကစျေးထက်များတယ်လို့
ဘယ်သူမှမပြောကြပါဘူး

အဲ့လိုပါပဲ
ကျောက်မျက်ရတနာအထည်တွေမှာလည်း
လက်ရာ design ပေါ်မှာ
အနုစိတ်ရင်စိတ်သလို
စိန် ကျောက် တွေများရင်များသလို
အလျော့တွက်တွေမတူနိုင်ပါဘူး
လက်ရာနဲ့ design ဆန်းရင်ဆန်းသလို
အနုစိတ်လက်ဝင်ရင် ဝင်သလို
ကျောက်တွေများရင်များသလို
အထည်ကို အရောင်တင်တာ
ကောင်းရင် ကောင်းသလို
စျေးတွေလည်းကွာသွားပါတယ်ခင်ဗျ

အဲ့ဒါကြောင့်
ပစ္စည်းကောင်းကောင်းလိုချင်ရင်
အလျော့တွက်လက်ခလည်း
ကောင်းကောင်းသုံးပေးဖို့လိုပါတယ်ခင်ဗျ

အလျော့တွက်ဆိုတာကတော့
ပန်းထိမ်က အထည်တစ်ခုကိုခတ်တော့မယ်ဆိုရင်
ထုတ်ထားဆဲ့ design ကိုကြည်ပြီး
ရွှေတစ်ကျပ်သားနဲ့မှိုလောင်းထားတဲ့အထည်ကို
ကျောက်တွေထည့်
အချောသပ် တံစဉ်းတိုက်ရာကထွက်သွားတဲ့
ရွှေမှုံလေးတွေကို ပန်းထိမ်ကယူတာကို
အလျော့တွက်လို့ခေါ်တာပါ
အထည်လက်စသတ်လို့ပြီးသွားတဲ့အခါမှာ
မူလ မှိုလောင်းစဉ်ကရှိတဲ့ရွှေတစ်ကျပ်သားဟာ
အပြည့်မရှိတော့ပါဘူး
စိန်တွေ ကျောက်တွေ ထည့်
အချောသပ် စဉ်က ကျသွားတဲ့
ရွှေမှုံ လေးတွေနဲ့ပေါင်းမှ တစ်ကျပ်သားပါ
အဲ့ဒါကြောင့်
Voucher ဖွင့်တဲ့အခါ
ရွှေအတင် ဘယ်လောက်
အလျော့တွက်ဘယ်လောက် ဆိုပြီး
ပေါင်းရေးထားတာပါ
အထည်တစ်ခုက ရွှေကိုတွက်တဲ့အခါမှာ
လက်ရှိရွှေချိန်အတိုင်း တွက်လို့မရပါဘူး
အထည်လုပ်စဉ်က
ပန်းထိမ်မှာ လျော့သွားတဲ့
အလျော့တွက်ရွှေချိန်ကိုပါ
ထည့်တွက်ရပါတယ်ခင်ဗျ

(ဒါကတော့ အလျော့တွက်မတွက်တဲ့
Customer ရဲ့ Columbia Emerald
ပွင့်လက်သန့်လေးတွေနဲ့ ခတ်ထားတဲ့
အော်ဒါထည်လေးပါ
အဲ့လို အော်ဒါမှာမယ်ဆိုရင်
မြအလွှတ်တွေရှိပါတယ်ခင်ဗျာ) 🫠🫠

Photos from Impressive Gems's post 08/12/2023

ကျောက်ဝယ်မယ်ဆိုရင်

ကျောက်ပဲဝယ်ဝယ် စိန်ပဲဝယ်ဝယ်
တန်ဖိုးဖြတ်ဖို့က 4 C ကို တိုင်းရပါတယ်
ကျောက်အတွက် အခြား factors တွေ လဲ
ထည့်သွင်းစဉ်းစားစရာတွေ များတာကြောင့်
5th C အနေနဲ့ country of origin ကိုပါ
ထည့်ပေးထားပါတယ်။

1. Clarity(သန့်ရှင်းမှု)

Clarity ကို သက်သေပြတာ ပွင့်အားပါ
ပွင့်အားဆိုတာ ကျောက်တစ်ပွင့်ဟာ
ကြည့်လိုက်တာနဲ့ အတွင်းထဲက သွေးကွက်ကလေးတွေ အလင်းပြန်ပြီး လက်နေတာမျိုးပါ နေရောင်ထဲမှာ မီးရောင်အောက်မှာ လှည့်ကြည့်ရင် တဖျပ်ဖျပ်လက်နေတာမျိုးပါ
အဲ့လို ပွင့်အားကောင်းတယ်ဆို အကြမ်းအားဖြင့် ဒီကျောက်ဟာ clear ဖြစ်တယ် သန့်စင်တယ်ပေါ့
တကယ့် သန့်စင်မှုကိုသိဖို့ မီးထိုးကြည့်ပါ မှန်ဘီလူးနဲ့ကြည့်ပါ အဲ့ဒီအခါ များသောအားဖြင့် တွေ့ရမှာက ရှပြစ် ဂေါ် စတဲ့ inclusion များပါ အဲ့ဒီထဲမှာ
- ရှပြစ်ဆိုတာ လက်ခံလို့ရပါတယ် သူကဒေါင်လိုက်ရှိနေမယ်ဆို ပွင့်အားကို မထိခိုက်ပါဘူး ရှိနေမှန်းတောင် ဆန့်ကျင်ဘက်မျက်နှာပြင်ကနေ မီးထိုးကြည့်မှ ထင်ရှားတာပါ သာမာန်မျက်စိနဲ့လဲ မြင်ရပါတယ် ကန့်လန့်ဖြစ်နေရင်တော့ ပွင့်အားကို အနှောက်အယှက်ပေးပါတယ် အထည်လုပ်မယ်ဆို စွန်ငုတ်ဖိမယ့်နေရာနားမှာ အပြစ်ရှိရင် သတိထားရပါတယ် ပန်းတိမ်ဆရာ မကျွမ်းကျင်ရင် ပဲ့သွားနိုင်လို့ပါ
- ဂေါ် ဆိုတာ star ဖြစ်စေတဲ့ rutile inclusion ပါ လုံးချောတွေမှာ star ruby star sapphire ပီပီပြင်ပြင် ဖြစ်စေတဲ့ ခြောက်ကြိုးထွက်တဲ့ ဂေါ်ကလွဲရင် တာပလာသွေးတဲ့ ကျောက်တွေမှာ ဂေါ်ပါတာ ကျွန်‌တော်
ကတော့ သိပ်မကြိုက်ပါဘူး (တာပလာဆိုတာ အကွက်ချသွေးတာပါ) ပွင့်အားကို အထိခိုက်ဆုံးက ဂေါ်ပါ ဂေါ်ရှိတဲ့ကျောက် ဂေါ်ရှိတဲ့ အခြမ်းလုံးဝမပွင့်ပါဘူး
ချွန်းမှာ ဂေါ်ရှိရင် တစ်ပွင့်လုံးမပွင့်တော့ပါဘူး
ဒါပေမယ့်လဲ Inclusion ဆိုတာ မရှိမကောင်း ရှိမကောင်းပါ တွင်းထွက်စစ်မှန်ကြောင်း ထွက်ရှိရာဒေသနဲ့ မီးဖုတ်ပြုပြင်ထားခြင်း ရှိမရှိတို့ကို inclusion ကြည့်ပြီးခွဲခြားနိုင်ပါတယ် ဒါပေမယ့် များနေရင်လဲ clarity နဲ့ တန်ဖိုးကိုလျော့ကျစေပါတယ်
precious stone ဖြစ်တဲ့ ပတ္တမြား နီလာ corundum တွေမှာ clarity ဟာ 50% နဲ့ အထက်လောက်ဆိုရင်ကို လက်ခံလို့ရပါတယ် ရှားပါးတာရော စျေးကြီးတာရောကြောင့်ပါ
Semi precious stone တွေမှာတော့ သန့်စင်နေမှသာ ပိုဝယ်သင့်ပါတယ်

2. Cutting(ကျောက်သွေးကွက်)

ကျောက်သွေးလက်ရာဟာ အင်မတန်အရေးကြီးပါတယ် ကျောက်ကောင်းတစ်ပွင့်ဟာ လက်ရာကြောင့် ပိုလှသွားနိုင်သလို လက်ရာကြောင့်ပဲ ပျက်စီးသွားနိုင်ပါတယ် ပွင့်အားပေါ်မှာလဲ သက်ရောက်မှုရှိပါတယ် လက်ရာလှမှ သွေးကွက်မှန်မှ ပွင့်ပွင့်လှလှလေးရမှာပါ
4C ထဲမှာ ကိုယ်ပြု ပြင်ပြောင်းလဲလို့ရတဲ့ တစ်ခုတည်းသော အရာလဲဖြစ်ပါတယ်
cutting အမျိုးအစားပေါင်းအများ ကြီးရှိပါတယ် အတွေ့ရများတာကတော့
- round /oval cut -ပတ္တမြား နီလာ အပါအဝင် အများဆုံးတွေ့ရတဲ့ cutting ပါ
- brilliant cut -စိန်လို ချွန်းကိုအချွန်လေးသွေးတာပါ weight အရမ်းလျော့စေတာကြောင့် ကျောက်အသေးလေးတွေမှာပဲ သွေးလေ့ရှိပါတယ် round cut ထက် ပွင့်အားပိုကောင်းပါတယ်
- cushion cut -လေးထောင့်ပုံလေးပါ အမာရောင်စုံတွေ spinel တွေသွေးတာများပါတယ်
- emerald cut မြကွက်- လေးထောင့်လေးကို ထောင့်အချွန်လေးတွေပါ ကူရှင်က ထောင့်လုံးပါတယ်
- Mixed cut - ကျောက်သွေးပုံ နှစ်မျိုးသုံးမျိုး ရောပြီးသွေးထားတာမျိုးပါ များသောအားဖြင့်တန်ဖိုးကြီး ကျောက်တွေမှာ ကျောက်အရိုင်းပုံအရ အလေးချိန် အများဆုံးတင်နိုင်မယ့် ပုံကို သွေးတာပါ
cutting ဟာ weight နဲ့ ပြောင်းပြန်အချိုးကျပါတယ် cutting ကို perfect ဖြစ်အောင်ယူလေ ကျောက်သေးလေပါပဲ ဒါကြောင့် တန်ဖိုးကြီးကျောက်တွေမှာ cutting လှလို့ ပိုသွားမယ့်စျေးနဲ့ weight လျော့သွားလို့ လျော့သွားမယ့်စျေး မကာမိရင် cutting perfect မဖြစ်တာလဲ လက်ခံလို့ရပါတယ်
semi precious stone တွေကတော့ cutting မလှဘူးထင်ရင် ပြင်သာသွေးလိုက်ပါ

3. Carat (အလေးချိန် ကာရက်)

ကာရက်ကတော့ ရှင်းပါတယ် အရည်အသွေးတူတဲ့ ကျောက်တွေမှာ carat များရင် တန်ဖိုးများမယ် carat နည်းရင် တန်ဖိုးနည်းမယ်ပေါ့ ဒါလဲ အရည်အသွေးတူမှပါ
အရည်အသွေးညံ့ရင်တော့ 3ct လဲ 1ct ထက်စျေးနည်းနိုင်ပါတယ်
1ct လှလှလေးတစ်ပွင့်ကို သိန်းငါးဆယ်ဆိုရင် ဒီအရည်အသွေးအတိုင်း 2 ct ကို သိန်းတစ်ရာပေါ့ ဆိုတာကတော့ တော်တော်လွဲမှားတဲ့ အတွေးအခေါ်ပါ
အဆများစွာ စျေးကွာပါတယ်

4. Colour (အရည်)

ကာလာက အရေးမကြီးဘူးလား ruby မှာဆို pigeon blood, sapphire မှာဆို valvet blue တို့က ကာလာနဲ့ခွဲတာ မဟုတ်လား ဘာကြောင့်နောက်ဆုံးမှာထားတာလဲ ??
အဲ့လိုမေးလာရင် အရေးကြီးတာပေါ့ အရေးကြီးလို့ကို နောက်ဆုံးမှာထားတာပါ ဘာလို့လဲဆို ကာလာရောပွင့်အားရော ကောင်းတဲ့ကျောက်မျိုးက‌ ဈေးတန်းကောင်းလို့ပါ
ကာလာနဲ့ပွင့်အားကို တစ်မျိုးပဲ ဦးစားပေးနိုင်တာကြောင့် ပွင့်အားကိုပဲ ရွေးပါတယ်
စျေးကွက်ထဲမှာလဲ ပွင့်အားကောင်းပြီး pink ဖြစ်နေတဲ့ ruby ဟာ red ဖြစ်ပြီး မပွင့်တဲ့ ruby ထက် စျေးပိုများလေ့ ရှိပါတယ်
အရှင်းဆုံးပြောရရင် fall in love at first sight ကိုပေးတာ စင်သန့်ပွင့်နေတဲ့ ကျောက်လေးတွေပါ ဒီထဲမှာမှ ကာလာလေးပါ ကောင်းလိုက်ရင် ဆိုဖွယ်ရာမရှိပေါ့
များသောအားဖြင့် နားမလည်တဲ့ သူတွေက #ပတ္တမြားဆိုနီမှ #နီလာဆိုပြာမှ ဆိုပြီး ကာလာတစ်ခုထဲ ကွက်ကြည့်ပြီး ပွင့်အားမရှိတဲ့ ကျောက်တွေ ဝယ်တတ်ကြပါတယ် မဝယ်နဲ့ မပြောပါဘူး ဒီကျောက်က ဟိုကျောက်လောက်မနီပဲ ဘာလို့စျေးပိုများတာလဲ ဆိုတာ ယှဉ်ပြတာပါ
ဒါကြောင့် ကာလာကို သိပ်ဦးစားမပေးပဲ pink ပဲဖြစ်ဖြစ် light blue ပဲဖြစ်ဖြစ် ပွင့်ပွင့်လေးတွေ ပိုကြိုက်ပါတယ်။

Additional အနေနဲ့
5. Country of origin (မည်သည့်နိုင်ငံ/ ဒေသ ထွက် ကျောက်ဖြစ်မလဲ)

ဒါဟာလဲ အရေးကြီးတဲ့ factor အနေနဲ့ မဖြစ်မနေ ထည့်သွင့် စဉ်းစားရမှာဖြစ်ပါတယ်။ အဓိက အနေနဲ့ ruby၊ sapphire၊ emerald နဲ့ ယခုဆိုရင် spinel များကိုပါ precious stones စာရင်းဝင် gems များဆိုရင် မဖြစ်မနေ စဉ်းစားရမှာ ဖြစ်ပါတယ်။
Gems quality ကျောက်မျက်တပွင့်ရဲ့ country of origin ဟာ ထွက်ရှိရာ ဒေသ/ နိုင်ငံ ပေါ် မူတည်ပြီး စျေးနှုန်း အဆပေါင်းများစွာ ကွာခြားသွားနိုင်လို့ပဲ ဖြစ်ပါတယ်။

အခုပို့စ်က ဘယ်လိုကျောက်ဆိုဝယ် ဘယ်လိုကျောက်ဆို မဝယ်နဲ့ ပြောတာမဟုတ်ပါဘူး စျေးနှုန်းယှဉ် ကြည့်ဖို့ပါ ကျောက်ဆိုတာ GIA စိန်လို website ထဲမှာ ပေါက်စျေးရှာလို့ မရတဲ့ အမျိုးမို့ compare လုပ်လို့ရအောင်ပါ
ပေါက်စျေးမရှိ ဖြစ်ချင်တိုင်းဖြစ်နေတာတော့ မဟုတ်ပါဘူး သူ့တန်ဖိုးနဲ့သူ compare လုပ်ပြီး စျေးနှုန်းမှန်းကြည့်လို့ရတယ်ဆိုလိုတာပါ + or - ရာခိုင်နှုန်း အနည်းငယ်တော့ စျေးသတ်မှတ်တာ ကွာနိုင်ပါတယ် အကြီးပိုင်းတွေဆို % အနည်းငယ်မကပါဘူး cos there is no identical stone, just similar ပါ

ဒါကြောင့် အကြံပေးချင်တာ များများကြည့်ပါ ပြီးမှ နည်းနည်းဝယ်ပါ
ကျွန်တော်လည်း လေ့လာဆဲပါ အမှားပါနိုင်ပါသေးတယ် များလားနည်းလား လာတိုင်ပင်ကြတာအတွက် အကြံပေးတာ မှားနိုင်ပါတယ် ဖုန်းထဲက ပုံပဲ ကြည့်ပြောရတော့ ပိုလို့တောင် မမှန်ပါဘူး အကြိုက်လဲ မတူနိုင်ပါဘူး ဒါကြောင့် ကိုယ်တိုင် စဉ်းစားဆုံးဖြတ်လို့ ရအောင် သိသလောက်လေး ရေးပေးလိုက်တာပါ
လူကိုယုံလို့ ကျောက်လေးအရမ်းကြိုက်လို့ စျေးကလဲ ကိုယ်နိုင်တဲ့ စျေးမို့ဆို မျက်စိမှိတ်ဝယ်ချင်တယ်ဆိုလဲ ဝယ်လိုက်ပါ ပြီးရင်မေ့ထားလိုက်ပါ တန်မတန်လိုက်မေးရင်တော့ ဆယ်ယောက်မေး ဆယ်မျိုး ကြားရမှာပါ

ဒါကြောင့် ဘယ်သူ့ဆီကပဲဝယ်ဝယ် ကျောက်ကို ကြိုက်ဖို့ပဲလိုပါတယ်

Credit: Owner #

burma

Photos from Impressive Gems's post 06/12/2023

ပတ္တမြားအကြောင်းတစေ့တစောင်း.....

ပတ္တမြားသည် တွင်းထွက်ကျောက် တစ်မျိုး

ဖြစ်ပြီး ပတ္တမြား၏အရောင်သည် အများအား

ဖြင့် အနီရောင်ဖြစ်သည်။ တန်ဖိုးကြီးသောတွင်း

ထွက်ကျောက်များကဲ့သို့ အရည်အသွေးကောင်း

လေ တန်ဖိုးကြီးလေ ဖြစ်သည်။ မြန်မာနိုင်ငံ

မိုးကုတ်ဒေသသည် ပတ္တမြားထွက်ရှိရာ အများ

ဆုံးဒေသဖြစ်သည်။ ထို့ကြောင့် မိုးကုတ်ဒေသကို

ပတ္တမြားမြေဟုလည်း တင်စားခေါ်ဝေါ်ကြခြင်း
ဖြစ်သည်။

ပြဒါးဓာတ်များကိန်းအောင်းရာမှဖြစ်လာသည်ဟု

ရှေးအယူရှိသောကြောင့် ပြဒါးများဟု ခေါ်ရာမှနေ

ပြီးနောင်တွင် ပတ္တမြားဟုအမည်တွင်လာပြော
သည်ဟုဆိုကြသည်။

ပတ္တမြားသည် ဇူလိုင်လဖွားများအတွက်

အဆောင်ကျောက်လဲဖြစ် ကာ မာခြင်းအဆင့် ၉

ရှိပြီး စိန်ပြီးပါက ဒုတိယအမာဆုံးဖြစ်သော်လည်း

စိန်ထက် လေးလံသော ကျောက်မျက်ရတနာ

ဖြစ်ပါသည်။ပတ္တမြားကျောက်တွင်အပြာရည်

စွက်သော အရောင်ကို ခိုသွေးရည် ဟုဆိုပြီး အဝါ

ရည်ဖက်သော အရောင်ကို ယုန်သွေးရည် ဟု မိုး

ကုတ်မြို့မှ ရှေးလူကြီးများက ဆိုခဲ့ကြပါသေးသည်

အနီရောင်စစ်စစ် ရဲရဲနီနေသော ပတ္တမြားကသာ

အရည်အသွေးအကောင်းဆုံး နှင့် တန်ဖိုးအကြီး

ဆုံး အဖြစ်သတ်မှတ်ကြပါသည်။

ပတ္တမြားသည် ဝတ်ဆင်သူအား-
၁) ပျော်ရွှင်ချမ်းမြေ့ခြင်းကို ယူဆောင်ပေးနိုင်ခြင်း
၂) ခွန်အားပြည့်ဝကာ ဆွဲဆောင်မှုကောင်းစေခြင်း
၃) မိတ်ဆွေတိုးပွားစေခြင်း
၄) ပစ္စည်းဥစ္စာ များကို စောင့်ရှောက်ပေးခြင်း
၅) အမျိုးသားများအား ကာယသုခရရှိစေ၍ ကျန်းမာသန်စွမ်းစေခြင်း
၆) မကောင်းသော ဘေး၊ မကောင်းသော လွှမ်းမိုးခံရခြင်းတို့မှ ကာကွယ်စောင့်ရှောက်ပေးခြင်း
၇) ဆိုးဝါးသော ရာသီဥတုဘေးဒဏ်ကျရောက်စေခြင်းမှ ကာကွယ်နိုင်ခြင်း
စသည့် အစွမ်းသတ္တိများ ရှိသည်ဟု သိရသည်။
ပုံထဲက pg ရည် ruby နဲ့ ယုန်သွေးရည် ruby
နှစ်ပွင့်လုံးရှိတယိနော်…

ထပ်ဆင့်ကူးယူဖော်ပြခြင်းဖြစ်ပါသည်

Photos from Impressive Gems's post 06/12/2023

တခါတလေ
ပြန်စဉ်းစားမိတယ်
သူတို့ကို
ငါက မွေးထားတာလား

သူတို့ကပဲ
ငါ့ကိုမွေးထားတာလားဆိုတာ

မြင်နေရတာကြီးက
ကိုယ်ကလှောင်အိမ်သံဇကာထဲမှာ
သူတို့ကျတော့
လှောင်အိမ်အပြင်ဘက်မှာ
လွှတ်လွှတ်လပ်လပ်ကြီးနဲ့
ပြီးရင်
ကြည့်နေပုံတွေက
သံဇကာထဲကိုပဲ
သူတို့ကထည့်ပြီးစောင့်ကြည့်နေသလိုလို

တခါတလေ
လောကကြီးက
နားလည်ရခက်တယ်

ကိုယ်တိုင်လှောင်အိမ်ထဲကို
ကျေကျေနပ်နပ်ကြီး
ဝင်နေကြလို့
ဝင်နေကြမှန်းမသိ
လှောင်အိမ်ထဲကိုယ်တိုင်
ရောက်လို့ရောက်နေကြမှန်းမသိတဲ့ဘဝတွေ

အတွေးလေးတခုမှ

Photos from Impressive Gems's post 29/11/2023

For sale
Mogok Natural Spinel

Gem variety - Natural spinel
Weight - 1.40 ct
Color - Purpleish pink
Clarity -98%
Origin -Burma (Mogok)

မိုးကုတ်သဘာဝ spinel ပန်းမရမ်းရည်
ဖန်သားမှန်သားအကြည်
ပွင့်အားကောင်းပြီး
အစင်အသန့် cuttinလှလှလေး😍

ဆက်သွယ်ဝယ်ယူလိုပါက
cb (or) 09 450035454ကို
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ

Photos from Impressive Gems's post 27/11/2023

“Impressive Gems“

ကျောက်မျက် page ကနေ

ဝင်တဲ့ဝင်ငွေလေးနဲ့

တတ်နိုင်သလောက်လေး

အမှန်တကယ်လိုအပ်နေသူများနဲ့

အယုတ်အလတ်အမြတ်မရွေး

မည်သူရပါစေ

မရည်ရွယ်တဲ့

မရည်စူးတဲ့အလှူ

ပံ့သကူငွေအလှူလေးပါ….

ဆေးပေါင်းခတဲ့ညဖြစ်လို့

ဆေးအလှူလေးအနည်းငယ်လည်း

လှူဖြစ်ပါတယ်

ဆေးပေါင်းခတဲ့ညမှာလှူဖြစ်တဲ့ဆေးဖြစ်လို့

လှူဖြစ်သလောက်ဆေးများမှာ ဆေးပေါင်းခပြီး

အနာ​ရောဂါများ

ပိန်းကြာရွက်ပေါ်ရေမတင်သကဲ့သို့

လျှင်မြန်စွာပျောက်ကင်းကြပါစေ

နောက်နှစ်မှာလည်း

ယုခုလှူတဲ့အလှူထက်

အဆပေါင်းများစွာလှူနိုင်အောင်

“Impressive Gems” page လေးကို

ချစ်ခင်စွာနဲ့

ကူညီပေးကြပါအုံးခင်ဗျာ …

ယခုအလှူလေးက Page မှာရှိတဲ့

မိတ်ဆွေများရဲ့

အများကောင်းမှုအလှူလေးပါ

ပြုရတဲ့ကောင်းမှုအစုစုကို

ကုသိုလ် အညီအမျှရကြပါစေ

အလုပ်အကိုင်များလည်း

ဆထက်တိုးပြီး

ဖြစ်ကြပါစေလို့ 🙏🙏🙏

#တန်ဆောင်မုန်းလပြည့်
#ဆေးပေါင်းခတဲ့ည

Photos from Impressive Gems's post 08/11/2023

#မွေးရက်

#မွေးလ

#နေ့နံ အလိုက်

အဆောင် ကျောက်များ အကြောင်း

------------------------

* ဇန်နဝါရီ - ဥဒေါင်(garnet)
* ဖေဖော်ဝါရီ - ခရမ်းစွဲ(amethyst)
* မတ် - မြပြာ(aquamarine)
* ဧပြီ - စိန်(diamond)
* မေ -မြ(emerald) ကျောက်စိမ်း(jade)
* ဇွန် - ပုလဲ(pearl)/မျော (moonstone)
* ဇူလိုင် - ပတ္တမြား (ruby)
* သြဂုတ် - ပြောင်ခေါင်းစိမ်း (peridot)
* စက်တင်ဘာ - နီလာ (sapphire)
* အောက်တိုဘာ - ရွဲ (opal)
* နိုဝင်ဘာ - ထပ်တရာ (topaz)
* ဒီဇင်ဘာ - ဂေါ်မိတ်(zircon)
*
* ~~~~~~~~~~~~~ ~~~~~~~~~~~~~~

* Date of gemstons (နေ့အလိုက်အဆောင်ကျောက်)
*
* တနင်္ဂနွေ - ပတ္တမြား
* တနင်္လာ - ပုလဲ
* အင်္ဂါ - သန္တာ
* ဗုဒ္ဓဟူး - မြ
* ကြာသပတေး - ဥဿဖရား
* သောကြာ - စိန်
* စနေ - နီလာ
* ရာဟု - ဂေါ်မိတ်
* ~~~~~~~~ ~~~~~~~~~~
* မွေးရက်ဂဏန်းအဆောင်ကျောက်
* (၁) ဂဏန်း - ဥဿဖရား/ ပယင်း
* (၂) ဂဏန်း- ကျောက်စိမ်း/ ပုလဲ
* (၃) ဂဏန်း- ဂေါ်မိတ်
* (၄) ဂဏန်း- နီလာ
* (၅) ဂဏန်း- စိန်/ ပလက်တီနမ်
* (၆) ဂဏန်း- မြ
* (၇) ဂဏန်း- ပုလဲ
* (၈) ဂဏန်း- ပုလဲနက်/ စိန်နက်/ မဟူရာ
* (၉) ဂဏန်း- ပတ္တမြား
*
* နဝရတ်ကိုးပါး
* ----------------
* " ပတ္တမြား ဘုန်းတောက်
* မြကျောက် အေးချမ်း
* စိန်စွမ်း ဂုဏ်ရောင်
* ကြောင်ကား သိဒ္ဓိ
* မဏိ နီလာ မေတ္တာလွန်စိတ်
* ဂေါ်မိတ် စွမ်းအား
* ဥဿဖရား ကျန်းမာ
* သန္တာ ကြီးကဲ
* ပုလဲ ကျက်သရေ
* မဟူရာ ဆိပ်ပြေ/ကျန်းမာ
* ကျောက်စိမ်း မင်္ဂလာ

Photos from Impressive Gems's post 27/10/2023

#ရွှေတွင်းဝါ
ရွှေတွင်းဝါ (Danburite)အကြောင်း

မိုးကုတ်မြို့တွင် တူးဖော်တွေ့ရှိသော ရွှေတွင်းဝါသည် ကမ္ဘာပေါ်တွင် သဘာဝအတိုင်းလှပနေသော အခြားမည်သည့်ဒေသတွင်မျှ မိုးကုတ်ရွှေတွင်းဝါလောက် လှပမှုမရှိဟု ကျောက်မျက်လုပ်ငန်းအတွေ့အကြုံအရ ဆိုချင်ပါသည်။

မြန်မာ့ ရွှေတွင်းဝါကို မိုးကုတ်ကျောက်တွင်းများတွင် အခြားကျောက်မျက်များနှင့် ရောနှောတူးဖော်တွေ့ရှိရပြီး အရောင်မှာ အဝါဖျော့ရောင်၊ ရွှေအိုရောင်၊ကောက်ရိုးခြောက်ဝါရောင်၊ ရွှေဝါစိမ်းရောင်၊ ငုဝါပန်းရောင်၊ အဖြူရောင် စသည်ဖြင့် အမျိုးမျိုးတွေ့ရှိရသည်။

Primary Color သည် ဘုန်းကျက်သရေအပေါင်း ခညောင်းသည့် အဝါရောင်ဖြစ်ပေသည်။

လွန်ခဲ့သော ဆယ်စုနှစ် တစ်ခု မတိုင်မီ မြန်မာ့ရွှေတွင်းဝါသည် ကြိုကြား ကြိုကြား ထွက်ရှိသော ရှားပါးတွင်းထွက်တစ်မျိုးအဖြစ် ရှိခဲ့ရာမှ မိုးကုတ်မြို့ အရှေ့ယွန်းယွန်း၅ မိုင်ဝေးသော နေရာရှိ ပိန်းပြစ်ရွာမှာ ရွှေတွင်းဝါကျောက်မျက်သိုက် တစ်ခု ကျောက်ကျောတစ်ကျောတွေ့ရှိခဲ့ရာမှ ကျောက်မျက်ဈေးကွက်အတွက် အထောက်အပံ့ကောင်းတစ်ခု ဖြစ်ခဲ့ပြီး မြန်မာ့ဈေးကွက်မှာ မြန်မာနိုင်ငံသား ရတနာချစ်သူအပေါင်းအတွက် အင်မတန်မှ နှစ်လိုဖွယ် မြန်မာ့ရွှေတွင်းဝါကို တစ်ကျော့ပြန် ဆင်မြန်းပိုင်ဆိုင်ဖို့ အခွင့်အရေး ရလာခဲ့ ပြန်သည်။

သို့သော် ယနေ့တော့ အဆိုပါ ကျောက်မျက်သိုက်သည် တူးဖော်ကုန်ခမ်းသလောက် ရှိနေပြီဖြစ်နေတော့ များများစားစား လှပသော အရောင်တို့တော့ ရှားပါးစပြုလာပြီ ဖြစ်သည်။ အော် သူသည်လည်း သဘာဝတွင်းတွက် သယံဇာတပေကိုး ကုန်ခမ်းနိုင်တာပဲ မဟုတ်ပေဘူးလား။

မာဆင့် မိုးစကေး 7-7.5 ရှိသော မိုးကုတ်တွင်းထွက်ရွှေတွင်းဝါသည် ထူးခြားထင်ရှားသော အောင်းဝင်သင်္ကေတများ ပါရှိသည်။

ဒေသမိုးကုတ်ရောင်းဝယ်ရေး နယ်ပယ်မှာ ဝက်မျှင်စင်းလို့ခေါ်တဲ့ ဖြောင့်တန်းနေသော အပ်ချောင်းပုံ သက်ငယ်စင်း အဆင်းကြောင်းများဟာ တစ်မျိုးတစ်ဖုံ သဘာဝအလှတရားကို ဖော်ဆောင်နေပြန်သည်။ Microscopic Examination အဆချဲ့ မှန်ဘီလူးဖြင့် ချဲ့ကြည့်ပါက အဆိုပါ Needles Like Inclusion များသည် ရှင်းလင်းပြတ်သားသော Hollow Tiny Tube Inclusion များအဖြစ် ထူးဆန်းစွာ တွေ့မြင်ရမည် ဖြစ်ပါသည်။

ရွှေတွင်းဝါ(Danburite) သည် ဘူမိဗေဒဖြစ်စဉ်တစ်လျောက် အပူချိန်နှင့် ဖိအားများအပြင် ဒြပ်ဆွဲအား အလွန်မြင့်မားခြင်း ကမ္ဘာမြေကြီးတုန်ခါမှု အလွန်မြင့်မားသောဖြစ်စဉ်နှင့် ဆက်စပ်ပေါ်ပေါက်လာသော ကျောက်တစ်မျိုးဖြစ်သည်။

အဲ့ဒီ ထူးခြားတဲ့ ဖြစ်စဉ်လမ်းကြောင်းက ရွှေတွင်းဝါ (Danburite)မှာ လူသားတို့အတွက် စိတ်ခံစားမှုကို ရှင်းရှင်းလင်းလင်းနဲ့ သတိရှိရှိ လုပ်ဆောင်နိုင်စွမ်းနဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းတွေကို မြှင့်တင်ပေးနိုင်စွမ်းရှိပါတယ် လို့ယုံကြည်မှုတစ်ခုရှိနေပြန်ပါသည်။

ရွှေတွင်းဝါသည် လူသားတို့
အတွက် ဝိညာဉ်ရေးရာ နှင့် အံ့သြဖွယ်ကောင်းသော တွင်းထွက်ဓါတ်သတ္ထု ကျောက်မျက်လို့လဲ တင်စားကြပါသည်။

ဝတ်ဆင်သုံးစွဲသူ၏ ဘဝကို ထွန်းလင်းတောက်ပစေရန် ကူညီနိုင်သည်ဟု ယူဆကြသလို ချစ်ခြင်းမေတ္တာကိုပါ သက်ဝင်စေသည့် မေတ္တာဓါတ်သဘောကြွယ်ဝသော မြန်မာ့ရွှေတွင်းဝါကျောက်မျက်၏ စွမ်းအင်သည် စိတ်နှလုံး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှု ရရှိစေနိုင်မည် ဖြစ်ပေသည်။

ရွှေတွင်းဝါ၏ အဓိကထူးခြားချက်မှာ ပြွန်ချောင်းပုံ အောင်းဝင် (tube like lnclusions) သို့မဟုတ် ဆံခြည်မျှင်များနှင့်တူသော အောင်းဝင် ( Hair like lnclusions) များကိုတွေ့မြင်ရခြင်းဖြစ်သည်။

အချို့မှာ ဖြောင့်တန်းနေပြီး အချို့မှာ သစ်ပင် အမြစ်များကဲ့သို့ မြင်တွေ့ရသည်။

အချို့ရွှေတွင်းဝါများတွင် အောင်းဝင်များ မတွေ့ရပဲ ကြည်လင်တောက်ပလျှက်ရှိသည်။

ရွှေတွင်းဝါ၏ ရောင်လက်မှာ တောက်ပသော မှန်ရောင်လက်ဖြစ်သည်။

ရွှေတွင်းဝါ၏ ပုံဆောင်ခဲအဖြစ် အသွင်ပြောင်းထုံးကျောက် မီးသင့်ကျောက် များတွင်တွေ့ရတတ်သည်။

ရွှေတွင်းဝါ အမည်ရှိသော ကျောက်မျက်သည် ကမ္ဘာပေါ်တွင် အလွန်ရှားပါး၍ USA Japan ဆွင်ဇာလန် နိုင်ငံများတွင်တွေ့ရသည်။

မြန်မာနိုင်ငံ မိုးကုတ်ဒေသတွင်လည်း တွေ့ရတတ်သည်။

နီလာဖြူ နီလာဝါများနှင့်လည်းကောင်း မှားတတ်ပါသည်။

ဒေသခံများက ရွှေတွင်းဝါများတွင် ပါလေ့ရှိသော မိုးကုတ် အခေါ် ဝက်မှင် နှင့် ဆင် ဆင်တူသည့် အဖြူတန်းလေးများကိုကြည့်ပြီး ရွှေတွင်းဝါ စစ်မစစ် ကိုခွဲခြားနိုင်သည်။

အသေအချာဆုံးကတော့ သိပ်သည်းဆ မာဆင့် အလင်းယိုင် ညွန်းကိန်းစသည့် သိပ္ပံအချက်အလက်များကို အခြေပြုပြုပြီး တိကျသောခွဲခြမ်းမူကို ပြုလုပ်နိုင်သည်။

အညံ့ပန်းကျောက်များကဲ့သို့ပင် နီလာ ပတ္တမြားတွင်းများ၌တစ်ခါတစ်ရံရောပါလာတတ်သည်ကို တွေ့ရတတ်သည်။

ရွှေတွင်းဝါနှင့် မှားယွင်းတတ်သည့် ကျောက်မျက်များမှာ အဝါရောင် ချက်ကျောက် အဝါရောင် ဂေါ်မိတ် နီလာဝါ အညံ့ပန်း သလင်းဝါ အဝါရောင်တော်မလင်း အဝါရောင် ဥသဖယားကျောက်များဖြစ်သည်။

အစိမ်းရောင် ရွှေတွင်းဝါလည်းရှိ၍ အလွန်ကို ရှားပါးလှသည်။

ရွေတွင်းဝါ သည် တန်ဖိုးကြီးသော ရတနာ တစ်ပါး ဖြစ်ပါသည်

Photos from Impressive Gems's post 06/10/2023

Thanks “October”

နေမကောင်းဖြစ်နေလို့

အလုပ်နဲ့အပြင်မထွက်နိုင်ဖြစ်နေတာကို

အိမ်ပေါ်အထိတက်ပြီး

Lucky ဖြစ်သွားသော

ရတာနာလေးများ

(အခုလိုအချိန်မှာ ဘေးကနေအားပေး ကူညီကြသော
သူငယ်ချင်းမိတ်ဆွေတွေအားလုံး ကျေးဇူးပါ
ရင်ထဲကနေမှတ်ထားပါတယ်ဗျ 😊)

Photos from Impressive Gems's post 18/03/2023

“Natural Mogok Red Spinel”🤩

Ruby တွေစျေးအရမ်းကြီးလို့ လိုက်မမှီနိုင်တဲ့အချိန်

Ruby လို နီရဲပြီး ဆွဲဆောင်နိုင်အားကြီးတဲ့

Spinel လေး အစားထိုးပြီးဝတ်ကြမယ်

Spinel ကိုကြိုက်လို့ပဲဖြစ်ဖြစ်

Ruby နေရာမှာ စျေးအများကြီးမသုံးချင်လို့

Ruby အစားထိုးအနေနဲ့

ဝတ်ချင်လို့ပဲဖြစ်ဖြစ်

လက်မလွှတ်သင့်တဲ့ spinel lot ပါ 🤩

😍1ct size 11P 11ct လေးက lot ပြတ်ရောင်းမှာပါ

😍1.5ct ကနေ 3ct size အထိ
10P ကို 25ct ရှိတဲ့
lot ကတော့
အထုပ်ပြတ်/1ပွင့်ချင်း
စိတ်ကြိုက်ရွေးပြီး
ပွင့်ကောက်စျေးနဲ့
ဝယ်ယူနိုင်ပါတယ်

(lot ထုပ်စျေးနဲ့ ပွင့်ကောက် ရွေးတဲ့စျေးကတော့
ကွာပါမယ်ခင်ဗျ)

🤩lab စစ်ချက်ထုတ်ပေးပါမယ်

😍 စိတ်ဝင်စားလို့အသေးစိတ်သိချင်တယ်ဆိုရင်


☎️ 09450035454
Or
✍️ messenger cb မှာ

မေးလို့ရပါတယ်ခင်ဗျ

Photos from Impressive Gems's post 09/03/2023

“Mogok Natural Sapphire”

“Emerald Cutting”

နားပန်စုံ ပြာပြာခဲခဲသန့်သန့်လေး

နှစ်ပွင့်ပေါင်း

2.65 ct

Cb or ph 09450035454

Photos from Impressive Gems's post 07/03/2023

“March 1st Week” ရဲ့

အဖွင့် “Lucky Sold Out “
~~~~~~~~~~~~~~~~~

အားပေးကြတဲ့

တစ်ယောက်ချင်းစီတိုင်းကို

ကျေးဇူးတင်ပါတယ်🙏

ဒီ့ထက်ပိုပြီးစီးပွါးတွေတိုးလို့

ရတနာတွေစုနိုင်ကြပါစေလို့ 🤩👌

Photos from Impressive Gems's post 01/03/2023

February “SOLD OUT”

ယုံယုံကြည်ကြည်အားပေးကြတဲ့

တစ်ယောက်ခြင်းစီတိုင်းကို

ကျေးဇူးအထူးတင်ပါတယ်ဗျ 🙏🙏

18/02/2023

🥹🥹

Photos from Impressive Gems's post 13/02/2023

“Diamond & Emerald Ring”
~~~~~~~~~~~~~~~~~~~

နေ နဲ့ လ

စိန် နဲ့ မြ

ဆိုသလို

မြနဲ့စိန် အတွဲဟာ

ဘယ်တော့မှ မဆန်းသလို

မရိုးတဲ့အတွဲလေးပါ

ရိုးရိုးလေးနဲ့နန်းဆန်ဖို့အတွက်

မြကိုစိန်ရံထားတဲ့လက်စွပ်

တစ်ကွင်းပဲလိုတာပါ…🫠

🤩Natural Zambia Emerald - 3.5 ct
🤩Diamond 40 စီး - 30P
🤩အလျော့တွက်ပါရွှေ - 7 ရွေး 2 ပဲ

Price… cb (or) 09450035454

👍 all banking accept
🌍 worldwide shipping
🎟️ lab certificate

Photos from Impressive Gems's post 10/02/2023

ကျောက်စိမ်း ပေါလိ
( မနိးလေးကေောက်ဝိုင်းအခေါ် ဘော်ဒီ )
လုံးချောအကြည်အသန့် လေးကို
အလည်ကျောက်ထားပြီး…

အလယ်ကျောက်ဘေးမှာ
အဖြူနဲ့အလိုက်ဖက်ဆုံး
အပေါ်လွင်ဆုံးအရောင်
မြင်တာနဲ့လူကိုစိတ်အေးချမ်းစေအောင်လှနေတဲ့
ဇမ်ဘီယာမြ 12 ပွင့် ကိုရံ…

အဲ့ဒီဘေးကမှ
အလယ်ကကျောက်စိမ်း နဲ့ မြရဲ့အလှကို
အကောင်းဆုံးပေါ်လာအောင်
စိန်အဖြူအသန့် 40 စီး
အပွင့် 20 ပတ်လိုက်တော့🤩😱

ဘယ်မှာမှမရှိတဲ့ design လေး
ထွက်လာရော…😍

မပြီးသေးဘူး😝
နောက်ထပ် အလှပေါ်အယဉ်ဆင့်
ဆိုသလို
လက်စွပ်အပေါ်ပိုင်းအလှကို
အောက်က ကွင်းရိုးနဲ့
ပဏာတင့်နေစေဖို့
60 စီးစိန်အပွင့် 20 ကို
ကွင်းရိုးမှာ
အောင်မြင်ခြင်း (Victory)
အတိတ်နိမိတ်ကိုယူပြီး
V ပုံလေးလုပ်ပေးထားပါတယ်…

ရွှေက အလျှော့တွက်အပါ
“7 ပဲ 8 ရွေး 1 ခြမ်း “ပါ
အဲ့ဒါကိုမှ ခေတ်မှီပြီး
အမြင်တမျိုးဆန်းအောင်
လက်စွပ်တကွင်းလုံးကို
All Platinum (ရွှေဖြူ) quality ကောင်းကောင်းနဲ့
အရောင်ပြောင်းထားလိုက်တော့
😎😊☺️

စိတ်ကူးထဲမှာသာဝတ်ကြည့်လိုက်တော့
ဘယ်လောက်ခေတ်ဆန်ပြီး
ကျက်သရေရှိရှိလှနေမလည်းဆိုတာ😘🥰

ပုံမှန်တွေ့နေကျ
ကျောက်တွေကိုပေါင်းစပ်ထားတာမဟုတ်ပဲ
ရိုးရိုးလေးနဲ့ ကြည့်မဝအောင်
တမျိုးလေးဆန်းနေတဲ့

Jade Diamond Ring ပဲခေါ်မလား

Emerald Diamond Ring ပဲခေါ်မလား

အဆင်ပြေသလိုသာနာမည်တပ်လိုက်တော့

~~~~~~~~~~~~~~~~~~

စိတ်ဝင်စားလို့ စျေးနှုန်းသိချင်ရင်

cb (or) ph 09450035454

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

မနက်ဖြန် ဒီတစ်ပွင့်ပဲရောင်းမယ်ဗျ3.76 cts ရှိပါတယ်99% clear ဖြစ်ပါတယ်အသေးစိတ်သိချင်ရင် cb…
Mogok Natural Sapphire
“Diamond Ring” for Gentle & Lady 👩‍❤️‍👨Unisex ဝတ်လို့ရတဲ့ design ပန်းထိမ်ရဲ့လှပသေသပ်မှုလက်ရာ စိန်ပွင့်အားရဲ့တောက်ပမှုအပြ...
Dinner အတွက်ဘာဝတ်ရမလည်းအများကြီးမစဉ်းစားနဲ့😊လက်ပါတ်တစ်ကြိုးထဲနဲ့ခန့် သန့် ခေတ်မှီနေမှာသေချာတယ်🤩Valentine အတွက်Surprise လ...
ပစ္စည်းအသစ်တွေထွက်ပါပြီရွှေစျေး စိန်စျေးတွေတက်လို့အခြေနေရ ခဏနားနေရတာဒီနေ့ကစပြီးစျေးသည်ကြီးပြန်လာပါပြီအားပေးကြပါအုံးခင်ဗျ...
"Light Cornflower" color မိုးကုတ်သဘာဝ နီလာ (natural sapphire)အစင်အသန့်  Bright Blue အထည်ခတ်လျှင် တရည်တက်သော်လည်းမည်းမသွာ...

Telephone

Address


Yangon
11161

Other Shopping & Retail in Yangon (show all)
Phyu Lay Onlineshop Phyu Lay Onlineshop
Yangon

လက်လီလက်ကား အားပေးနိုင်ပါတယ်

U KYAW GYI U KYAW GYI
23/146 Thandar Street
Yangon, 528638

Bram new. You may like this.

Eaint Collection Eaint Collection
No 469 , Yarzadrit Street, 7 Quarter , South Okkalapa
Yangon

Magic Jelly Magic Jelly
Yangon, HELLO

📱09427849878📱

Phue Phue Phue Phue
Yangon

Online Shop

Yone Online Shop Yone Online Shop
Yangon

ပစ္စည်းမှန် ဈေးနှုန်းမှန်ဖြင့် စိတ?

Double H Electric Accessories Double H Electric Accessories
Yangon, 11071

Box Mod, Mech Mod,Pod System,USA E-Juice, Malay E-Juice,Saltnic,Vape Accessories

Golden Pin Branded Collections Golden Pin Branded Collections
Yangon

100% Authentic

SH Bkk Cosmetic Online Shop SH Bkk Cosmetic Online Shop
AungThapyay Road; Thingangyun
Yangon, 11071;11072

Tgirl Tgirl
Tharkayta
Yangon