Hein Min ko ko

Tik Tok

24/01/2024

"လူချင်းတူသော်လည်း"
💥💥💥💥💥💥💥💥💥

ပညာတတ်ခြင်း မတတ်ခြင်း နှစ်ခုကြားမှာ
စာနာတတ်ခြင်း ရှိတဲ့သူက
ပိုပြီး လူသားဆန်တယ်


မြင့်မြတ်ခြင်းနဲ့ ယုတ်ညံ့ခြင်း နှစ်ခုကြားမှာ
လူကိုလူလို ဆက်ဆံ တတ်တဲ့သူက
ပိုပြီး လူသားဆန်တယ်


လက်ဖဝါးနဲ့ လက်ဖမိုး အုပ်စု နှစ်ခုကြားမှာ
အမှန်တရားကို ဆုပ်ကိုင်နိုင်တဲ့
ဘက်ခြမ်းက
ပိုပြီး လူသားဆန်တယ်


အနိုင်နဲ့ အရှုံး နှစ်ခုကြားမှာ
ကိုယ်ကျိုးအတွက် သိက္ခာကို
ချနင်းနေသူထက်
အများအကျိုး အတွက်
အသက်ကို စတေးရဲ သူတွေက
ပိုပြီး လူသားဆန်တယ်


ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်း နှစ်ခုကြားမှာ
စွန့်လွှတ်ရဲ ပေးဆပ်ရဲတဲ့သူက
ပိုပြီး လူသားဆန်တယ်


ခါးသီးခြင်းနဲ့ ချိုမြိန်ခြင်း နှစ်ခုကြားမှာ
ဘဝ ရေဆန်ကို အားမာန်နဲ့ ကူးနေသူက
ပိုပြီး လူသားဆန်တယ်


အရှက်တရား မရှိသူတွေက
ပြောချင်ရာပြောတတ်တယ်
လူသားမဆန်တဲ့သူတွေက
လုပ်ချင်ရာလုပ်တတ်တယ်

ဒါပေမယ့်....။


ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ နှစ်ခုကြားမှာ
ကိုယ့်အကျိုးအတွက်
တစ်ခြားသူတွေကို
ထိခိုက်နစ်နာအောင်
မလုပ်တတ်တဲ့ ကိုယ်ကျင့်တရား ရှိသူက
ပိုပြီး လူသားဆန်ပါတယ်... ။
💥💥💥💥💥💥💥💥💥💥💥💥💥💥💥
Credit by မူရင်းစာရေးသူ👉 Hein Min koko

11/01/2024

ချစ်ရတာတန်လိုက်တ မအိအိရယ်

လောကမှာ ကျွန်တော်ဘက်က အနစ်နာခံပြီး ချစ်တာ တစ်ခုတည်းဖြင့် လူတစ်ယောက်ကို ချစ်ခဲ့ဖူးပါသလား။
တစ်ဖက်သ,တ်အချစ်ကို ဆိုလိုခြင်းမဟုတ်။
နှစျဉျီးသဘောတူ တွဲနေကြသည့် ချစ်သူနှစ်ဦိးကို ဆိုလိုခြင်းဖြစ်သည်။ ကျွန်တော်က ပေးဆ,ပ်နိုင်တုန်းတော့ " လောကမှာအချစ်ရဆုံးသူဟာမင်း၊ မင်းမရှိရင်ကိုယ့်ဘဝကြီးကဘာထူးတော့မှာလဲ၊
ဒီကမ္ဘာပေါ်မှာအသက်ရှင်နေတာမင်းကြောင့်" ဆိုတာမျိုးကို နားထောင်ကောင်းအောင် ပြောတတ်ကြပါသည်။ ဒါ့အပြင် "ချစ်ကောချစ်သေးရဲ့လား" လို့မေးတိုင်း "ချစ်ပါတယ် ကိုယ်မအားလို့ပါ အချိန်မရလို့ပါ" ဆိုတဲ့ အဓိပ်ပါယျမရှိသညျ့ အကြောင်းပြချက်များနှင့်
သွေးတိတ်ပေးတတ်ကြပါသေး၏။

ဒီဝတ္ထုမှာလည်း အဝင်းဟာ မအိအိကို ကျွန်တော်
အသက်ထက်ပိုချစ်ပါသည်။ မအိအိပျော်ရွှင်ဖို့ထက်
ကျွန်တော်မပျော်ရွှင်ဖို့၊ မအိအိအဆင်ပြေဖို့ထက် မောင်အဆင်မပြေဖို့၊ နွလေယ်ကန္တာရထဲမှာ မအိအိရဲ့အရိပ်ကလေးရရန် နေပူထဲမှာရပ်ပေးမည့်သူမျိုးထဲမှာ၊မောင်၊အရှေ့ဆုံး။

ဒီလောက်ထိဖြည့်ဆည်းပေးသည့်ကြား ဒု,က္ခပင်လယ်ဝေနေချိန် သူမျှော်လင့်နေမိတာ အမိမဟုတ်၊ အဖမဟုတ်၊ ညီအစ်ကိုမောင်နှမမဟုတ်၊ သူအသက်တမျှချစ်လှသည့် မောင့်ကိုပါ....

သို့သော် ... မအိအိဟာကျွန်တော်အတွက် နည်းနည်းလေးမျှ မစဉ်းစားပေးသည့်အခါ တစ်လောကလုံးက အနစ်နာခံပြီး ချစ်နေကြသည့်သူတွေကြားအောင် သံကုန်ဟစ်၍ အော်ကြွေးလိုက်ပါတော့သည်။

"ချစ်ရတာမတန်လိုက်တာ..မအိအိရယ်
------------------------

#ချစ်ရတာ မအိအိရယ်
👉 Hein Min ko ko

09/01/2024

မေတ္တာပေးတိုင်း မေတ္တာပြန်မရဘူး ဆိုတာ မဟုတ်ပါဘူး။

မေတ္တာတရားက ကိုယ့်ဆီကို အမြဲ ပြန်လာပါတယ်။ ကိုယ် မျှော်လင့်ထားတဲ့ သူဆီကတော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။

ကျွန်မတို့ လူတွေမှာက မျှော်လင့်ချက်လေးတွေ ကိုယ်စီရှိကြတယ်။ လူတစ်ယောက်ကို ချစ်တယ်၊ ခင်တယ်။ အဲဒီတော့ ကောင်းကောင်းမွန်မွန်
ဆက်ဆံတယ်။ မေတ္တာတွေ ပေးကြတယ်။ ဒီလိုပဲ ကိုယ်ပေးလိုက်တဲ့ သူဆီကနေ ကိုယ့်ကို ပြန်ပေးတဲ့
အချစ်တွေ၊ မေတ္တာတွေကိုလဲ ပြန်လိုချင် ကြတယ်။

တစ်ခါတလေမှာ ဘယ်အရာမှ မျှော်လင့်ထားသလို အဆင့်သင့်လေး ဖြစ်မလာတတ်ပါဘူး။
ကိုယ် ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်ဘူး။
ကိုယ် မေတ္တာဘယ်လောက်ထားထား ကိုယ့်ကို မေတ္တာ ပြန်မပေးဘူး။ ကိုယ့်မေတ္တာစေတနာကို စော်ကားမယ် . . . ဒါမျိုးတွေ အများကြီး ကြုံနိုင်ပါတယ်။

အဲဒီအခါမှာ ကျွန်တော်တို့တွေက "သြော် လူတွေဟာ အလကားပဲ၊ စေတနာနဲ့ကို မတန်ဘူး၊ ငါ့မေတ္တာနဲ့ မတန်ဘူး။ မေတ္တာပေးတိုင်း မေတ္တာပြန်မရဘူး" ဆိုပြီး ကျွန်တော်တို့ တွေးလိုက်ကြရော။ မကောင်းတဲ့အတွေးတွေ၊ မကောင်းတဲ့စိတ်တွေပါ ၀င်လာရောပေါ့။

တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ မေတ္တာရောင်ပြန်ဟပ်တယ် ဆိုတာ ကိုယ် လိုချင်တဲ့ လူဆီကနေ ပြန်လာမှ မေတ္တာမဟုတ်ဘူး။ တခြားမထင်ထားတဲ့ နေရာတွေ၊ ထောင့်ပေါင်းစုံကနေ ပြန်လာနိုင်ပါတယ်။ တစ်ချို့ သေးသေးမွှားမွှားကိစ္စလေးတွေမှာကအစ မေတ္တာဆိုတာ ရှိပါတယ်။

ဥပမာ ကိုယ် အပြင်သွားတယ်၊ Bus ကား စီးတယ်၊ ထိုင်ခုံဖယ်ပေးတဲ့သူနဲ့ ကြုံတယ်၊ ဒါလဲ ကံ ကောင်းခြင်း မေတ္တာတွေပဲ။

ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေတွေ၊ ကူညီခဲ့ဖူးတဲ့သူတွေက ကိုယ့်ဖို့ မုန့်ကလေး သတိတရ လုပ် လာပေးတာ၊ လက်ဆောင်လေး သတိတရလာပေးတာ၊ သတိတရ ဖုန်းဆက်တာ ဒါတွေကလဲ မေတ္တာတွေပဲ။

ကိုယ်ဒုက္ခရောက်နေတဲ့အချိန်မှာ ကူညီဖေးမမဲ့သူ ပေါ်လာတယ်။ ကျောင်းမှာ အဆင်ပြေ တယ်။ အလုပ်မှာ အဆင်ပြေတယ်။ ရာထူးတိုးတယ်၊ ချီးကျူးခံရတယ်။ တစ်နည်းအားဖြင့် ဒါတွေ ဟာ ကိုယ့်မေတ္တာတွေရဲ့ အကျိုးပေးခြင်းဖြစ်ပါတယ်။
ဒါဟာ မေတ္တာရောင်ပြန်ဟပ်ခြင်းပါပဲ။

နေရာတိုင်းမှာ မေတ္တာတရားဆိုတာ ရှိတယ်။
ကျွန်မ တို့ မမြင်ခဲ့ကြလို့သာ။ ကျွန်မတို့ မျှော်လင့်ချက်တွေ လွဲမှားခဲ့ကြလို့သာ မတွေ့မမြင် မခံစားနိုင်ခဲ့ရ တာပါ။ တကယ်တော့ မေတ္တာဆိုတာ ကိုယ့်စီကို အမြဲတစ်ဖန် ပြန်လာပါတယ်။

ကျွန်တော်ကလဲ မေတ္တာနဲ့ ထိုက်တန်သလို သူတစ်ပါးလဲ ခံယူဖို့ ထိုက်တန်ပါတယ်။ လူတိုင်းမှာ ကျွန်တော်မသိသေးတဲ့ ဒဏ်ရာတွေကို ကုစားရင်း
ကျွန်တော် ဘ၀ကို ရင်ဆိုင်နေရတာမို့ အတတ်နိုင်ဆုံး မေတ္တာထားပြီး ကြင်ကြင်နာနာ ဆက်ဆံပေးနိုင်ရပါမယ်။

crd 👉 #နွေးထွေးသစ္စာထက်မြတ်
Hein Min ko ko

09/01/2024

"စကား နှင့် တန်ဖိုး''
*******************

* စကားဆိုတာ သာမန်ကြည့်ရင်
လူတစ်ယောက်ရဲ့တန်ဖိုးနှင့် မသက်ဆိုင်ဘူးလို့
ထင်ရပေမယ့် လူတစ်ယောက်ရဲ့အဆင့်အတန်း
ကိုတော့ စကားလုံးတွေကိုကြည့်ပြီး ပိုင်းဖြတ်လို့
ရတတ်တယ်။

* စကားဆိုတာ
"စကားစကားပြောပါများ စကားထဲကဇာတိပြ"
ဆိုသလို စကားလုံးကြမ်းတွေက လူ့တန်ဖိုးကို
နိမ့်ကျသွားစေတတ်ပါတယ် စိတ်ရင်းဘယ်လောက်
ကောင်းကောင်းအပြောမတတ်ရင်ဆဲသလိုဖြစ်တယ်
ဆိုတာကလည်းအမှန်ပါ။

* စကားဆိုတာ
ချစ်ခင်မှူကို ဖန်တီးပေးတတ်သလို
နာကျင်မုန်းတီးမှုကိုလည်း လက်ဆောင်ပေးတတ်
ပြန်ပါတယ် ပျော်ရွှင်မှူတွေ သယ်ဆောင်လာတတ်
သလိုအထီးကျန်မှူကိုလည်းတွဲခေါ်တတ်ပြန်ပါတယ်။

* စကားကြောင့် အားဖြစ်စေသလို
စကား ကြောင့်ပဲ စိတ်ဓာတ်ကျစေတတ်တယ်
အသွားမတော်တစ်လှမ်း
အစားမတော်ရင်တစ်လုတ်"ဆိုသလို
အပြောမတတ်ရင် စကားတစ်ခွန်းတည်းနဲ့ပဲ
အရမ်းချစ်ရသူတောင်
ရန်သူဖြစ်သွားစေတတ်ပါတယ်။

* စကားဆိုတာ
အောင်မြင်မှူတွေရဲ့ ပထမခြေလှမ်းဖြစ်သလို
ဆုံးရူံးမှူတွေရဲ့ အဓိကရန်သူဖြစ်နေတတ်ပြန်တယ်
ချစ်သူတွေပေါင်းစည်းခြင်းအတွက်မြှားနတ်မောင်
ဖြစ်နေတတ်သလို အရမ်းချစ်ခဲ့ပြီးမှ ကျောခိုင်းစေ
တတ်တဲ့ တရားခံသည်လည်းပဲ စကားဖြစ်နေတတ်
ပြန်ပါတယ်။

* စကားကြောင့် မိတ်ဆွေ ဖွဲ့ပြီး ရင်းနှီးခဲ့ကြရသလို
စကားကြောင့်ပဲ မိတ်ဆွေ ကေန သူစိမ်းတွေဖြစ်သွား
တတ်ကြပါတယ်

* စကားဆိုတာ .......
အပြောမတတ်ရင် နှစ်ပေါင်းများစွာထိမ်းသိမ်းလာတဲ့
ဂုဏ်သိက္ခာတွေတောင် စကားတစ်ခွန်းကြောင့်
ရေစုန်မျောသွားရတတ်ပြန်ပါသေးတယ်။

* မပြော မဖြစ်လို့ ပြောပြန်ရင်လည်း အမှားမပါစေပဲ
"ဓါး"တစ်လက်လို အကျိုးရှိစေတဲ့နေရာမှာ အသုံးခ်
တတ်နိုင်ဖို့ရာ

ကျွန်တော် နှင့် အခြားသူတွေကို ထိခိုက်စေတဲ့ လူသတ် လက်နက်"ဓါး"တစ်လက်တော့ မဖြစ်ကြပါစေနဲ့ ။
လို့ တိုက်တွန်း ဆန္ဒ ပြုလိုက်ပါရစေ

👉 #နွေးထွေးသစ္စာထက်မြတ်
Hein Min ko ko

09/01/2024

#မျက်နှာဖုံးကို ခွာကြည့်ပါ
============================

"စာ"
တတ်သည် မတတ်သည် အဓိကမဟုတ်ပါ ။
ဖတ်သည် မှတ်သည်သာအဓိကဖြစ်သည်....။

"စကား"
များသည် နည်းသည် အဓိကမဟုတ်ပါ ။
မှန်သည် မှားသည်သာ အဓိကဖြစ်သည်....။

"လူ"
ဖြူသည် မည်းသည် အဓိကမဟုတ်ပါ ။
စိတ်ဓာတ် ကောင်းသည် ညံ့သည်သာ အဓိကဖြစ်သည်...။

"ဘွဲ့စာရွက်ရ သူတယောက်ကလည်း စာတတ်ဆိုတဲ့ နာမည်တစ်လုံး
ခံယူနိုင်ပေမယ့် စာ,ဖတ်အား မှတ်အားနည်းလျှင် စာပေစိတ်ဝင်စားတဲ့
မူလတန်း ကျောင်းသားထက် စဉ်းစားဉာဏ်က ရှိချင်မှ ရှိလာပါလိမ့်မည်....

"အပြောကောင်းတဲ့ သူတယောက်လည်း
လူတွေယုံကြည်မှုများကို ရထားပေမယ့်
စကားနည်းတဲ့ သူတယောက်ထက် အမှန်တရား အမှန်စကားကို
ပြောတတ်ချင်မှ ပြောတတ်ပါလိမ့်မည်....

" ရုပ်ချော,လှ တဲ့သူတစ်ယောက်က ချစ်ခင်စရာ ကောင်းပေမယ့်
သူ့ရင်တွင်း စာရိတ္တက ရုပ်ဆိုးလွန်းတဲ့ သူတစ်ယောက်ထက်
ကောင်းချင်မှ ကောင်းနေပါလိမ့်မည်...

အပေါ်ယံမြင်နေသမျှဟာ
လူသားတို့ရဲ့ မျက်နှာဖုံးပါ
မခွာကြည့်နိုင်သေးပဲ ဆုံးဖြတ်ချက်များမပေးမိပါစေနဲ့။

👉 #နွေးထွေးသစ္စာထက်မြတ်
Hein Min ko ko

09/01/2024

"အပူမရှာတော့ပါဘူး"

ကျွန်တော် စိတ်ကအကူလိုချင်တဲ့စိတ်ဖြစ်ရင်
အပူဖြစ်တာပါပဲ ကိုယ့်စိတ်နဲ့ အယူလွဲသူတွေကို
ဆုပ်ကိုင်ဖို့ မကြိုးစားတော့ဘူး
ဆုပ်ကိုင်ထားလေလေ အပူတွေပြည့်လာလေလေမို့
ထပ်ပြီးအပူမရှာတော့ပါဘူး။

လောဘစိတ်နဲ့ရှင်သန်ရတာဟာ
အကုသိုလ်ဖြစ်မှန်းသိလာတဲ့အခါ
ဘယ်အရာကိုမှ စိတ်နှိပ်ကိုယ်နှိပ်
မဖန်တီးချင်တော့ပါ။

စွဲလန်းမှုဟာ လောင်မြိုက်ခြင်းဆိုတာ
သိလာပြီးတဲ့နောက် ဥပေက္ခာပြုခြင်းနဲ့ပဲ
စိတ်သက်သာရာသို့ နေရာရွေ့လိုက်တယ်။

တကယ်တော့ ဘဝရဲ့အငြိမ်းချမ်းဆုံးဟာ
မေတ္တာတရားပါလို့ စိတ်ရောကိုယ်ပါ
ပိုင်ပိုင်နိုင်နိုင် ဆင်ခြင်မိလာတဲ့အခါ
အနိုင်လိုချင်သူတွေကို အရှုံးပေးဖို့ ဝန်မလေးတော့ဘူး။

ဘဝကသူ့ဇယားနဲ့သူ
ကံတရားအလျောက် စီမံထားပြီးသားမို့
နားနားနေနေကိုယ့်စိတ်ကို သဟဇာတကျစေဖို့ကိုပဲ
ဦးစားပေးဖြစ်တယ်။

လူတစ်ယောက်ရဲ့ ဘဝနယ်ပယ်အပိုင်းအစဆိုတာ
ကိုယ်တိုင်ဖြတ်သန်းလုပ်ဆောင်ချက်တွေနဲ့သာ
စည်းဝါးကိုက်ညီမှုရှိတာပါ။

ကျွန်တော် စိတ်ကို ကိုယ်ကလွဲပြီး
ဘယ်သူမှပိုင်စိုးမှု မရှိပါဘူး
စိတ်ဆိုတာ လူတစ်ယောက်ရဲ့ဘဝအတွက်
ပါဝါအမြင့်ဆုံးအင်အားဖြစ်တယ်။

ဒါကြောင့်
ကျွန်တော် ကိုယ့်ကိုယ်ကိုယ်တောင်
မပိုင်တဲ့စိတ်ဓာတ်ရဲ့နယ်နိမိတ်ထဲမှာ
တစ်ခြားလူကိုကိုယ့်စိတ်ဓာတ်လို
ရှိနေနိုင်အောင်ဘယ်သောအခါမှ
လုပ်ဆောင်ဖန်တီးလို့မရနိုင်ပါဘူး
တစ်ခြားလူစိတ်ကို ကိုယ့်စိတ်လို
ဖြစ်စေချင်ခြင်းဟာ ကိုယ့်ဘဝကိုကိုယ်
အပူရှာနေတာနဲ့အတူတူပါပဲ။

ကျွန်တော်ကတော့ ဘယ်တော့မှ အပူမရှာတော့ပါဘူးအယူလွဲသူတွေကို အကူပေးချင်ရုံလေးပါပဲ...။

ရေးသူ #နွေးထွေးသစ္စာထက်မြတ် .(ရဲ့)..
ရေးခြစ်မိခဲ့သော အပိုင်းအစလေးတစ်ပုဒ်။

Hein Min ko ko

09/01/2024

မှတ်ချပ်
~~~~~
ခင်ဗျာတို့လှိုင်းတတ်ရင်လည်း၊ကျွန်တော်က...
Mobile legends ဆော့နေရင်း၊မည်သူဖုန်းခေါ်ခေါ်ကျွန်တော်ဖုန်းမက်ိုင်းဘူး..ဆိုတာက၊ကျွန်တော်
အကောင့်(black)(ထည့်ထား)(block)ထည့်ထားတာကျွန်တော်စိတ်မဆိုးဘူး၊ကျွန်တော်စိတ်နားသွားတယ်နော်။

အစထဲက..ကျွန်တော်နဲ့၊မခင်ချင်ရင်မခင်ကြနဲ့။
ကျွန်တော်၊ဘက်က၊လှိုင်းပေါ်ကလူတွေပြောတာရေးတာကျွန်တော်လုံးဝမယုံကြည်တာမို့။

ကျွန်တော်တင်ထားသမျှ(com)ထဲရေး၍ကျွန်တော်ပိစီဖြစ်တဲ့လူမျိုးထဲမှာကျွန်တော်မပါဘူးနော်။
ခင်ဗျာတို့အကောင့်ကတင်ထားသမျှကျွန်တော်ယူ၍မကြည့်ဘူး၊ယူ၍လည်း(com)မရေးဘူး။
ကျွန်တော်က၊စိတ်နားသွားရင်ပြန်လှည့်မကြည့်တတ်ဘူး(ဆိုတာတွေကျွန်တော်ရဲ့ညီမလေးအငယ်ရော၊ဝမ်းကွဲအစ်မတွေကျွန်တော်အကြောင်းသိတယ်လေ)/

ကြိုက်တဲ့လူနဲ့၊ခင်ဗျာတို့စာပို့ကြ။
ကြိုက်တဲ့လူနဲ့ခင်ဗျာတို့ရေးကြ။
ကျွန်တော်(မက်စင်ဂျာ)(ဘာမှပြန်လာမပို့နဲ့)

အပြင်မှာရောလှိုင်းပေါ်မှာရောကျွန်တော်ချစ်သူ
မထားတာ🙅ကျွန်တော်ဘဝမှာကျွန်တော်အမေလောက်၊ကောင်းတဲ့မိန်းမတွေလည်း)
(D)ကမ္ဘာမှာ မရှိဘူးဆိုတာကျွန်တော်သိတယ်။

ကျွန်တော်အပေါ်မှာစိတ်ဆိုးရင်ပြန်ချော့တာရတယ်
ကျွန်တော်အပေါ်မှာစိတ်နားသွားရင်ပြန်လှည့်
မကြည့်တော့ဘူးဆိုတာပါပဲ..

လှိုင်းပေါ်မှာလည်းကျွန်တော်ချစ်သူအသစ်မထားဘူး၊အဟောင်း၊ဆိုတာ၊ကျွန်တော်ဘဝမှာသေသွားပြီးမို့ပါ)/

ချစ်သူရှိရင်ကျွန်တော်ဆီလာ၍အကူညီမတောင်းနဲ့
အိမ်ထောင်သည်ဆိုရင်လည်းကျွန်တော်ဆီကအကူညီလာ၍မတောင်းနဲ့။

Dလောက်ပဲ၊ကျွန်တော်ရေး၍တင်မယ့်။

ကြိုက်မှ..အပေါင်းအသင်းလာ၍လုပ်ကြ။

Hein Min ko ko

ကျွန်တော်အပေါ်မှာလုပ်သလိုမျိုး၊နင်တို့အားလုံး၊ဝဋ်ဆိုတာ..ချက်ချင်းပြန်လာမယ်

09/01/2024

အောက်တန်းစားစိတ်ဓာတ်
==================
သူတစ်ပါး၏ ကိုယ်ကျင့်သိက္ခာကို..
ကျွန်တော်..
အပုပ်ချလိုသည့် သဘောဖြင့်
မမှန်စွပ်စွဲ ကဲ့ရဲ့ပြစ်တင်တတ်သော
စိတ်ဓာတ်။

သူတစ်ပါး မကောင်းကြောင်းကို
အဆမတန် ချဲ့ကား ပြောဆိုကာ
မိမိကောင်းကြောင်းကိုသာ
ထပ်တလဲလဲ ပြောဆိုတတ်သော
စိတ်ဓာတ်။

ကျွန်တော်..
နည်းနည်းလုပ်ပြပြီး
လုပ်ပြသည်နှင့် မတန်အောင်ပြန်ပြီး
အကျိုးထူး ခံစားခွင့်
ရချင် လိုချင်သော စိတ်ဓာတ်။

ကျွန်တော် ကိုယ့်ထက်သာ သူကို
မနာလို ဝန်တိုမှုအပြည့်နဲ့
တိုက်ခိုက်စော်ကားလိုသည့် စိတ်ဓာတ်။

ကျွန်တော်ရဲ့ အောက်နိမ့်ကျသူအား
ဖိနှိပ်စော်ကားပြီး ပါဝါပြကာ
ဂုဏ်မောက်နေတတ်သော စိတ်ဓာတ်။

တစ်ပါးသူ၏ ခံစားချက်ကို
နည်းနည်းလေးမှ ထည့်မတွက်ဘဲ
ကိုယ်ပြောချင်ရာ ပြောကာ
လုပ်ချင်ရာကို တဇွတ်ထိုး
လုပ်တတ်သော စိတ်ဓာတ်။

ရှေ့လျှင်တစ်မျိုး ကွယ်ရာတစ်ဖုံ
စကားကို ဗလောင်းဗလဲ ပြောကာ
ချွန်တုံးလုပ်တတ်
ကုန်းတိုက်တတ်သော စိတ်ဓာတ်။

မောက်မာရိုင်းစိုင်းပြီး
ဆဲဆိုအော်ဟစ်ဖို့ ဝန်မလေးဘဲ
အရှက်အကြောက်
ကင်းမဲ့နေတတ်သော စိတ်ဓာတ်။

အားနည်းသူအား ထုထောင်း၍
အားကြီးသူအား
ကပ်ဖားရပ်ဖားလုပ်ကာ
နေရာယူတတ်
ဂွင်ရိုက်တတ်သော စိတ်ဓာတ်။

အခွင့်အရေးဆို
လိုတာထက်ပိုပြီး ယူတတ်သလောက်
အနစ်နာခံဖို့ကြ
တွန့်ဆုတ် တွေဝေတတ်သော စိတ်ဓာတ်။

ကျွန်တော်..
ကိုယ်ကိုယ့်ကို အထင်ကြီးလွန်းပြီး
တစ်ပါးသူလုပ်သမျှ အကောင်းမမြင်
အကောင်းမထင်ဘဲ
ပုတ်ခတ်စော်ကားလိုသည့် စိတ်ဓာတ်။

Credit....Original writer #နွေးထွေးသစ္စာထက်မြတ် Hein Min ko ko

08/01/2024

"ကိုယ်ဟာ လူစစ်စစ်ဖြစ်တယ်ဆိုရင် "
"""""""""""""""""""""""""""""""""""""""""""""


သူတစ်ပါးရဲ့ နာကျင်မှုကို
ဘယ်တော့မှ ပျက်ရယ်မပြုနဲ့။


သူတစ်ပါးရဲ့ အားနည်းချက်ကို
ဘယ်တော့မှ မလှောင်ပြောင်နဲ့။


သူတစ်ပါးရဲ့ မျက်ရည်ကို
ဘယ်တော့မှ မပျော်ရွှင်နဲ့။


သူတစ်ပါးရဲ့ နွမ်းပါးမှုကို
ဘယ်တော့မှ အခွင့်အရေးမယူနဲ့။


သူတစ်ပါးရဲ့ရိုးသားမှုကို
ဘယ်တော့မှ မဖျက်ဆီးနဲ့။


သူတစ်ပါးရဲ့အောင်မြင်မှုကို
ဘယ်တော့မှ မနာလိုမဖြစ်နဲ့။


သူတစ်ပါးရဲ့ အားနာမှုကို
ဘယ်တော့မှ အခွင့်အရေးမယူနဲ့။


သူတစ်ပါးရဲ့ ချို့ယွသးင်းချက်ကို
ဘယ်တော့မှ မကဲ့ရဲ့မိစေနဲ့။

အစဥ်လေးစား ချစ်ခင်နေလျှက် .......
/- Original writer..... /
Hein Min ko ko

08/01/2024

ပူပင်သောကတွေကို ဖယ်ခွာချခဲ့ပြီး
ရေလို ကြည်လင်အေးချမ်းတဲ့ စိတ်အစဉ်
ရရှိစေမယ့် စာအုပ်လေးတစ်အုပ်....

#သောကရဲ့အဝေးတစ်ဖက်မှာမင်းနေပါ

သောကဖြစ်ပုံခြင်း မတူကြပေမယ့် သောကဖြစ်လို့ခံစားရတဲ့ ပူမှုကတော့ အတူတူပါပဲ။ ဒါကြောင့် မည်သို့မည်ပုံ သောကကို ဖယ်ရှားရှင်းလင်းသင့်တယ်ဆိုတာကို အကြံပြုတဲ့သဘော၊ သတိမထားမိတဲ့အပိုင်းလေးတွေကို သတိပေးတဲ့သဘောနဲ့ ရေးသားထားပါတယ်။ လူမှုဘဝတွေကို ကျင်လည်ရတဲ့အခါ နေ့စဥ်တွေ့ကြုံခံစားနေရမှုတွေ အခြေခံပြီး ပေါ့ပါးလွတ်လပ်စွာ ရေးသားတင်ပြထားပါတယ်။ စာပိုဒ်တိုပေမယ့် ဆိုလိုရင်းကို ခြုံငုံမိတဲ့အထိ ကျစ်လျစ်ထားတာဖြစ်တဲ့အတွက် သောကကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး ရှင်းလင်းဖယ်ရှားပေးပါလိမ့်မယ် ဆရာကောင်းပြည့်သော်-

ယခုစာအုပ်တွင် စိတ်ညစ်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေ၊ စိတ်သောကဖြစ်တာတွေကို အမြန်ဆုံးသက်သာမှုရရှိစေမယ့် အကြောင်းအရာတွေကို ဆရာကောင်းပြည့်သော်က ရေးသားတင်ပြထားပါတယ်။ လက်ရှိအချိန်၊ လက်ရှိအခြအနေမှာ တွေ့ကြုံခံစားနေရတဲ့ လူမှုဘဝတွေထဲက လက်တွေ့ကျကျ စနစ်တကျရေးသားတင်ပြထားပါတယ်။ ဒီစာအုပ်မှာ စိတ်ခွန်အားပြည့်စေမယ့် စာပိုဒ်(၇၅)ပုဒ်ပါဝင်ပါတယ်။ အပုဒ်တိုင်းမှာ ထိထိမိမိရေးဖွဲ့တင်ပြထားတဲ့အတွက် စာနည်းနည်းဖတ်ရုံနဲ့ စိတ်လက်ပေါ့ပါးမ တွေကို အများကြီးရရှိခံစားရပါမယ်။ စာဖတ်သူတိုင်းကို ကြည်လင်သော စိတ်ခွန်အားဖြစ်စေမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

စာအုပ်တန်ဖိုး=လူတန်ဖိုး

မူအရင်းရေးသူ👉 Hein Min ko ko

#သောကရဲ့အဝေးတစ်ဖက်မှာမင်းနေပါ

08/01/2024

အပေါ်ယံမျက်နှာထားကိုကြည့်ပြီး
အမြင်နဲ့ ယုံလို့မရဘူး။
လောကမှာအပြုံးတွေလှပေမဲ့
အတွင်းစိတ်နှလုံးသား
ကျိတ်ယုတ်နေတဲ့သူတွေရှိတယ်။
အတွင်းမှာကျိးအာသီးလို
ကျိတ်ပုတ်နေတဲ့သူတွေလည်း ရှိတယ်။

သူတစ်ပါးအထင်သေးလို့လည်း
ကိုယ့်ထမင်းလုပ်က သေးမသွားဘူး။
အထင်ကြီးလို့လည်း ကိုယ့်ထမင်းလုပ်
ကြီးမလာပါဘူး။
ကိုယ့်ပိုက်ဆံနဲ့ ကိုယ်စားနေတာပါ။

လူအများစုက ကိုယ်ချင်းစာတရားကို
သူတစ်ပါးဆီကပဲ လိုချင်တတ်ကြတာပါ။
ကိုယ့်ဆီကပေးဖို့ကျတော့ ဝန်လေးကြတယ်လေ။
လူဆိုတာ သန္ဓေပါလာတဲ့ဗီဇအတိုင်း နေကြတာပါဘဲ။
ဘယ်တရားကမှ သူတို့ဗီဇကို တားမရ ထိန်းမရပါဘူး။
ဒါကြောင့်မို့ မျက်ဖုံးလိုလူတွေကို သတိထားပါ။ ။

မူရင်းရေးသားသူ - Hein Min ko ko

08/01/2024

အဓိပ္ပာယ်ရှိဖို့ကြိုးစားနေတဲ့ အချိန်မှာ
အဓိပ္ပာယ်မဲ့တဲ့သူတွေရဲ့
အဓိပ္ပာယ်မရှိတဲ့ စကားတွေကို
အလေးမထားမိပါစေနဲ့ ။

အသိဥာဏ်ရှိဖို့ကြိုးစားနေတဲ့ အချိန်မှာ
အသိဥာဏ်မဲ့တဲ့သူတွေရဲ့
အသိဥာဏ်နည်းတဲ့ အပြုအမူတွေကို
ဂရုမစိုက်မိပါစေနဲ့ ။

သင်ခန်းစာယူဖို့ကြိုးစားနေတဲ့ အချိန်မှာ
သင်ခန်းစာမရတဲ့သူတွေရဲ့
သင်ခန်းစာမပေးတဲ့ အလုပ်တွေကို
အထင်မကြီးမိပါစေနဲ့ ။ ။


👉
👉 Hein Min ko ko

08/01/2024

"လင်ကောင်းရဖို့ တွေးပူတယ်ဆိုတာက သမီး
မကောင်းတဲ့ မိဘတွေ တွေးပူတဲ့ အချက်
ငါ့သမီးဟာ အရည်အချင်းရှိတဲ့ သမီးတစ်ယောက်ဆိုရင် လင်ကောင်းကို လိုက်ရှာနေစရာမလိုဘူး
မယားကောင်းကို လိုက်ရှာတဲ့သူက လာလိမ့်မယ်"
တဲ့.... ။
မမ စာအုပ်ထဲက တကယ့်ကိုမှတ်သားစရာ စကားတစ်ခွန်းပါပဲ။

(အမျိုးသမီးတွေသာမက အမျိုးသားတွေပါဖတ်
သင့်တဲ့ စာအုပ်တစ်အုပ်)
ယခုခေတ်မှာများပြားလာတဲ့ အိမ်ထောင်ရေး ဖော,က်ပြန်သူတွေ ယခုခေတ် လူငယ်စကားအရ
စနှိုက်ကြော်/ ခြံခုန်.....သူတို့ရဲ့ သွားရာလမ်းကို
ပါးပါးလေး ပညာပေးထားတဲ့စာအုပ်...။

ဇာတ်ရှိန်ကြောင့် တဟုန်ထိုးလော,င်ရတာမျိုးမဟုတ်ဘဲ ဖြေးဖြေးချင်းတနုံ့နုံ့လော,င်ရမယ့် စာအုပ်ဆိုလည်းမမှားပါဘူး။

(အထူးသဖြင့် အမျိုးသားများကို ပို၍လော,င်စေမယ့်စာအုပ်ပါ)

----------------

ချစ်တဲ့ စိတ် ငယ်ထိပ် ရောက်လို့ပဲဖြစ်ဖြစ် ချစ်တဲ့စိတ်က နှာထိပ်ရောက်လို့ပဲ ဖြစ်ဖြစ် "မ "စိတ် မွှ,န်သွားတဲ့အခါ မလုပ်သင့် အလုပ်တွေ
မလွန်,ကြူးသင့်တဲ့ အရာတွေ ...
ရှ,က် ကြော,က်တရား ရှိရမဲ့ အရာတွေ ဆိုတာ ဘာကိုမှ သတိမထားတော့သလိုပဲ ။

အသိတရား တွေ ရှိနေပေမယ့် သတိထား၍ ထိန်းချုပ်မှု မရှိလေတော့ စိတ်၏ငြိမ်းချမ်းမှုတွေ ပျောက်ဆုံးပြီး လူ့ဘောင် လူ့လောက ပတ်ဝန်းကျင်မှာ အရှ,က်မဲ့စွာဖြင့်
နေထိုင်သွားလာနေတဲ့ အဖြစ်မျိုး ရောက်ခဲ့ရတယ် ။

အဲဒီ့စာအုပ်ထဲ မှတ်သားစရာ စကားလေး...

"လင်ကောင်းရဖို့ တွေးပူတယ် ဆိုတာက သမီးမကောင်းတဲ့ မိဘတွေ တွေးပူတဲ့ အတက်။
ငါ့ သမီးဟာ အရည်အချင်း ရှိတဲ့ သမီးတစ်ယောက်ဆိုရင် လင်ကောင်း လိုက်ရှာ နေစရာမလိုဘူး။
မယားကောင်း ကို လိုက်ရှာ တဲ့လူက လာလိမ့်မယ် " တဲ့။

အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ်
အမျိုးသမီးကောင်းရဖို့ အမျိုးသားကောင်းရဖို့ ဆိုတာထက် မိမိကိုယ်ကိုယ် ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်တတ်ဖို့...
ရှိသင့် ရှိထိုက်တဲ့ အရည် အချင်း တွေတော့ ရှိထားသင့်တယ်။ ကြိုး စားသင့်တယ် မလား ။

ဦးသက်ထွန်း၊ မမ ၊ ကိုသက်ဆွေ တို့ရဲ့ သုံးပွင့်ဆိုင် အိမ်ထောင်ရေး ဇာတ်လမ်းကြီး...
မမ သည် ဦးသက်ထွန်း၏ တရားဝင် ဇနီးမယား
သား တစ်ယောက် မိခင် ။

မမဟာ အချစ် ဆိုတာ ဘာမှနားမလည်ဘဲ ဦးသက်ထွန်းကို ယူခဲ့တယ် ထင်ပါတယ် ။ ဦးသက်ထွန်းမှာ ဂုဏ်တွေ ရာထူး ပကာသန တွေရှိတယ် ။ ဂုဏ်တွေ ပကာသနတွေရှိတိုင်း ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခု ဖြစ်မယ်လို့ ထင်ခဲ့တယ် ထင်ပါတယ်... ။
သူ ထင်တဲ့အတိုင်း ဖြစ်မလာတော့တဲ့အခါ သူ့စိတ်ကို မထိန်းတော့ဘဲ
လုပ်ချင်ရာတွေ လျှောက်လုပ်မိကုန်တာပဲ ။

တကယ်တော့ ကိုသက်ဆွေ ဆိုတာကလည်း ပညာတက် အသိုင်းအဝိုင်းအကြီးထဲက လူပါပဲ ။
ဒါပေမဲ့ စိတ်ဓာတ် ပိုင်းဆိုင်ရာ... ပေါင်းသင်းဆက်ဆံရေး ဆိုရင်လဲ
ကောင်းမွန်တဲ့ လူတစ်ယောက် ။
မမ နဲ့တွေ့ပြီး မမ ရဲ့ အလှ တရားတွေကို ချစ်ခင် စုံမက်ပြီး
စိတ်အလို လိုက်ပြီး အမိုက်တရားတွေ များစွာ လွန်
ကြူးမိတော့တာပဲ ။
မမ ကို ရူ၊းရူ၊း မူ၊းမူ၊း စွဲလမ်းပြီး မမ ရဲ့ အချစ်ကို မရ ရအောင် ကြိုးစားတယ် ။
မမ နဲ့ ချစ်ခွန်း မြိုင်မြိုင် စကားတွေ လှိုင်လှိုင်ပြောဆိုကြရင်း
ဖြစ်သင့် မဖြစ်သင့်ဆိုတာတွေ မတွေး... ပတ်ဝန်းကျင်ရဲ့ ဝေဖန် ပြောဆိုကြမှာတွေကိုလည်း အရေး မထားတော့ဘဲ
သက်ဆုံး အတူတိုင် ချစ်ပွဲတွေ နွဲဖို့ စိတ်ဆန္ဒတွေ က အင်းအားတွေ အပြည့် ။

ကိုသက်ဆွေ ရဲ့ မဟာအမှားတွေက လင်ရှိ သားရှိ မိန်းမ တစ်ယောက် က သူ့နောက် ကောက်ကောက်ပါအောင် လိုက်လာနိုင်အောင် စွမ်းဆောင် နိုင်သူဟု ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့စိတ်တွေကလဲ ဒီလမ်းကို ဆက်လျှောက်ဖို့ ဖြစ်နေသလိုပဲ ။

ရှ,က်စရာ အလုပ်ဖြစ်ပါလျက် အရှ,က်မဲ့စွာ လုပ်ဆောင်နေကြတာ ။

ကို သက်ဆွေ က ဦးသက်ထွန်းအပေါ် မြင်တဲ့အမြင် က သေးသိမ်လွန်းတယ် ။ ဦးသက်ထွန်းသည် သနားစရာကောင်းတဲ့လူ ၊ သတ္တိကြောင်တဲ့သူ၊ ရယ်စရာကောင်းတဲ့လင် လို့ပဲ သဘောထားပြီး
သူ့ကိုယ်သူ ကျေနပ်ပီတိတွေ ဖြစ်နေခဲ့တာ ။

တကယ်တော့ ဦးသက်ထွန်း သည် မမ ၏
ခွင့်လွှတ်စရာ နားလည်ပေးလို့ရတဲ့ လုပ်ရပ်တွေမဟုတ်ဘူးဆိုတာ
သိနေတာတောင် မိမိနှင့် မမ တို့၏ နှစ်ဖက်အသိုင်းဝိုင်း၏ ဂုဏျသိက်ခါတှေ.. သား အတွက် စိတ်ဒဏ်ရာ ဖြစ်စရာတွေမို့ စိတ်ဒ,ဏ်ရာတွေ ကို သိုသိပ်စွာနဲ့ပဲ ဖြေရှင်းခဲ့ ။

သူနဲ့ မမ တို့၏ ယု,တ်ညံ့စွာ သစ္စာတွေပျ က်ယွင်းမှုတွေကို ဦးသက်ထွန်း က သဘောထား ကြီးစွာ ခွင့်လွတ်ပေးနေတာတွေ သိမြင်လာရတဲ့အချိန်မှာ ကိုယ့်လိပ်ပြာကို ရှ က်၍ လာခဲ့ ။

မမ တစ်ယောက် ေ-သမလို ဖြစ်သွားတဲ့ အချိန်မှာ သူ့အမှားတွေ ပဲ တကယ် သိပြီး နောင်တ ရ၍ သူ့အမှားတွေ အတွက် ခွင့်လွှတ်ပေးဖို့တောင်းပန်စကားပြောနေလိုက်တာ တကယ့်သနားစဖွယ် အဖြစ်....။
နေပြန်ကောင်းလာတော့ ကိုသက်ဆွေနဲ့ အရင်လိုပဲ ဖော,က်ပြန်မြဲ ပဲ။

ခွေ၊းမီးကောက် ကြည်တောက်စွပ် သလိုပဲ
မူရင်း ပုံစံအတိုင်းပဲ ပြန်နေထိုင်ခဲ့တာ...
ဦးသက်ထွန်း အနေနဲ့ ဘယ်လောက်တောင်
စိတ်သောကတွေ များနေလိမ့်မလဲ ။

"မင်း နေမကောင်းတဲ့ အချိန်ကဆိုရင် ကျုပ်ဟာ မင်းအိပ်ရာဘေးကို အရောက်ပြန်လာခဲ့ပြီး မင်းကို ခွင့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ တယ် ။
ဖြစ်ခဲ့ တာတွေ အားလုံးကို သင်ပုန်းချေလိုက်ပြီး ဘဝအသစ်ကို ထူထောင်မယ်လို့ ပိုင်းဖြတ်ခဲ့တယ် " တဲ့ ဒီစကားလေး ကြည့်ရင်တောင် ဦးသက်ထွန်း ရဲ့ သဘောထားကြီးမှု တွေ အထင်းသားပေါ်နေခဲ့တယ်။
ေ-သမလို ဖြစ်နေတဲ့လူနာအတွက် စိတ်ချမ်းသာပါစေ ဆိုတဲ့မျှော်လင့်ချက် တစ်ခုနဲ့ ဆုံးဖြတ်ခဲ့တာ တဲ့။

တကယ်တော့ မမ ဟာ ခွင့်လွှတ် နားလည်ပေးခြင်းတွေ လုံးဝ မထိုက်တန်တဲ့ အမျိုးသမီး တစ်ယောက်ပါပဲ ။

ခင်သီသီ စကားလေးကလဲ မှတ်သားစရာ
လူတွေဟာ အိမ်ထောင်ရေးမှာ မေတ္တာရဲ့ တန်ဖိုးကို ထည့်မစဉ်းစားကြတော့ဘဲ ပကာသနရဲ့တန်ဖိုးကို အလေးပေးလာကြတယ် ။
အိမ်ထောင်ရေးကို စဉ်းစားတိုင်း ကြေးညှိလာကြတယ် ။
နောက် အိမ်ထောင်ကြပြီး သူတို့ မျှော်လင့်တဲ့အတိုင်း မဖြစ်လာတော့ကြတော့ သူတို့အိမ်ထောင်ရေးဟာ ပြိုကွဲကြတာပဲ..

အိမ်ထောင်တစ်ခုတွင် ချစ်ခင်ကြင်နာမှုနှင့် စောင့်စည်းမှုတို့ဟာ
အိမ်ထောင်တစ်ခုရဲ့ အဓိက ဒေါက်တိုင်ကြီး တွေပဲ မလား ။
တကယ့်ကို စောင့်ထိန်းသင့်တဲ့ အရာတွေကို
လွယ်လွယ်ကူကူနဲ့ ဖော,က်ဖျတ်လိုက်ကြတော့
မဖြစ်သင့်တာတွေ ဖြစ်လာရတာပဲ ။

သူတစ်ပါး အိမ်ထောင်ကို ဖျ,တ်ဆီးပြီး မိမိအိမ်ထောင်ကို သာယာအောင် လုပ်ဖို့ကြိုးစားပေမယ့်လဲ ကိုသက်ဆွေနဲ့ မမ တို့ရဲ့ အိမ်ထောင်ရေးဟာ သမီးလေးတစ်ယောက်
ရရှိလာတဲ့အထိတောင် စိတ်သောက များစွာနဲ့ နေထိုင်းရင် နောက်ဆုံးမှာတော့ ပြိုကွဲသွားတာပါပဲ ။

တန်ပြန်ဝဋ်ဆင်းရဲ ခံစားတာလို့ပဲ ဆိုရမှာပေါ့ ။
နောင်တ ဆိုတာ နောင်မှ ရတာဆိုသလို
လူတို့သည် အချစ်နှင့် အမုန်းတွင် သံသရာ လည်နေကြသူများသာ ဖြစ်သည်ဟု ထင်မြင်လာသည် ။ အမု,န်းသစ်လျှင် အချစ်သို့ရောက်လာကြ၍ အချစ်ဆုံးလျှင်တော့ အမုန်းသို့ ရောက်လာကြသည်ကို မမ တစ်ယောကျခံစားမိလာရငျး......

မမ ဇာတ်သိမ်းဟာ ဘယ်လို ဖြစ်သွားမလဲဆိုတာ သိချင်ရင်တော့
စာဖတ်သူများ အနေဖြင့် ကိုယ်တိုင်သာ ဆက်လက်ဖတ်ရူ့ကြပါလို့ နိူးဆော်ရင်း....

လူတွေ သည် ရှ,က်စရာ အလုပ် လုပ်တုန်းကတော့
မရှ,က်ကြဘဲ လုပ်ပြီးမှ ရှ,က်တတ်ကြသည် ။
သည်အရှ,က်ကို ပြန်၍ မတွန်းလှန်နိုင်သော အခါတွင် ကြံမိရာ ကြံတက်ကြသည်... တဲ့

တကယ့်ကို စာအုပ်ကောင်းတစ်အုပ် ။
အိမ်ထောင်ရေး အတွက် တကယ့်ကို သင်ခန်းစာကောင်း တစ်ခုပါပဲ ။
လူကြီး လူငယ် ဖတ်သင့်သော စာအုပ်လေးပါလို့
ညွှန်းဆိုပါရစေ ။

Review by - Hein Min ko ko
----------------------------------------

စာအုပ္တန္ဖိုး-လူတန်ဖိုး

Hein Min ko ko


(Photo crd)

08/01/2024

တစ်ယောက်ယောက်ကို

၁။
မကျေနပ်တဲ့ အခါ
တစ်နေ့ကျရင် ခွဲရမှာပဲလို့ တွေးလိုက်ပါ။

ဒါဆိုရင်
ဒေါသ မဖြစ်တော့ဘူး။

၂။ တစ်ခုခုကို
ဆုံးရှုံးသွားတဲ့ အခါ
တစ်နေ့ကျရင် ပျက်ရမှာပဲလို့ တွေးလိုက်ပါ။

ဒါဆိုရင်
ရင်ဘတ်စည်တီး မဖြစ်တော့ဘူး။

၃။ ကိုယ်လိုချင်တာကို မရတဲ့ အခါ
လိုတရဘဝဆိုတာ မရှိဘူးလို့ တွေးလိုက်ပါ။

ဒါဆိုရင်
သောက မဖြစ်တော့ဘူး။

၄။ သူများရဲ့အမှားတွေကို တွေ့တဲ့အခါ
ငါလဲ မှားတတ်တာပဲလို့ တွေးလိုက်ပါ။

ဒါဆိုရင်
အပြစ် မမြင်တော့ဘူး။

၅။ အဆင်မပြေမှုတွေကို ကြုံရတဲ့အခါ
ဘဝဆိုတာ တိုက်ပွဲပဲလို့ တွေးလိုက်ပါ။

ဒါဆိုရင်
အပြုံး မပျက်တော့ဘူး။

အဲဒါကို
ငြိမ်းချမ်းသော သင့်မြတ်စွာ
နှလုံးသွင်းခြင်းလို့ ခေါ်ဆိုပါတယ်။

*
Hein Min ko ko

07/01/2024

မိဘ... နှစ်ပါး..ဆိုတာ..
အစားထိုး၍မရနိုင်ဘူး...
နှစ်ခါလည်း..မိဘ..ဆိုတာ..ပြန်မရနိုင်ဘူး...
မိဘနှစ်ပါး..ရှိရင်..
အင်မတန်..တန်ဖိုးရှိတယ်နော်...
မိဘနှစ်ပါးမရှိရင်..
အင်မတန်..တန်ဖိုး၊အားနည်းသွားတယ်နော်..
မိဘနှစ်ပါးက..အသပြားလောက်..တန်ဖိုးရှိဖူးတယ်
အသပြား..ဆိုတာ..ပြန်ရှာ၍ရတယ်နော်..
မိဘ..နှစ်ပါး..ဆိုတာ..ပြန်၍ရှာမရနိုင်ဘူး...
မိဘနှစ်ပါးရှိစင်...တန်ဖိုးထားပေးကြပါနော်..
မိဘနှစ်ပါးမရှိတော့မှသာ..
မိဘနှစ်ပါး တန်ဖိုး..မတောင့်တင်းတော့ဘူး...
မိဘနှစ်ပါး..တန်ဖိုး..ဆိုတာ..
ကျွန်တော်တို့..ကိုယ့်တိုင်..လုပ်ရတာမျိုးပါ..
မတောင့်တင်း..နဲ့..အချိန်နှောင်းတာမျိုး..
မိဘ..နှစ်ပါး..ပစ်မထားပါနဲ့နော်...
မိဘ နှစ်ပါး ...ဆိုတာ..နှစ်ခါပြန်မရနိုင်ဘူး..

ရေးသူ Hein Min ko ko

06/01/2024

ကိုယ့်ကိုယ်ကို ချစ်ဖို့ စတင်သင်ယူကြည့်ရအောင် ။

1. အရာရာတိုင်းကို အတည်ကြီး မခံစားပါနဲ့ ။
တချို့ကိစ္စတွေဟာ ပေါ့ပေါ့ပါးပါး တွေးတတ်ရပါတယ်။ တချို့ကိစ္စတွေဟာ လျစ်လျူရှုတတ်ရပါတယ်။ တချို့ကိစ္စတွေဟာ ခပ်မြန်မြန် ကျော်လွှားရပါတယ်။ အဲ့လိုမလုပ်ဘဲ အရာရာကို seriously လိုက်လံခံစားနေမယ်ဆိုရင် နေ့ရက်တိုင်းဟာ ဝန်ထုတ်ဝန်ပိုးကြီးထမ်းထားရသလို လေးလံနေမှာ ဖြစ်ပါတယ်။

2. ပန်းပင်တိုင်းကို ရေလောင်းစရာ မလိုပါဘူး ။
တချို့ပန်းပင်တွေဟာ ကိုယ့်အတွက် ကောင်းကျိုးမဖြစ်စေသလို တချို့ပန်းပင်တွေဟာ ကိုယ့်အတွက် လုံးလုံးအသုံးမဝင်နိုင်ပါဘူး။ တချို့ပန်းပင်တွေဟာ ကိုယ်ရေလောင်းလည်း သူတို့အတွက် မလိုအပ်ပါဘူး။ လူတွေဆိုရင်လည်း ဒီလိုပါပဲ။ လူတိုင်းကို ရေလိုအေးမြတဲ့ ချစ်ခြင်းမေတ္တာတွေ ပေးနိုင်စရာ မလိုပါဘူး။

3. သေးငယ်တဲ့ အောင်မြင်မှုတွေကို ပျော်ရွှင်ပါ ။
သိန်းတစ်ထောင် ထီဆုကြီးမပေါက်ပေမယ့် တစ်သိန်းထီဆုလေး ပေါက်တဲ့အခါလည်း ပျော်ရွှင်ပါ။ စာမေးပွဲမှာ အဆင့် A မဖြစ်ခဲ့ပေမယ့် အောင်ရုံအောင်ခဲ့တယ်ဆိုလည်း ပျော်ရွှင်ပါ။ တချို့အောင်မြင်မှုတွေဟာ အကြီးကြီးမဟုတ်ပေမယ့် အောင်မြင်မှုမည်ပါတယ်။ ဘယ်လောက်ပဲသေးငယ်နေပါစေ၊ အောင်မြင်မှုတိုင်းကို celebrate လုပ်ပါ။ ပြန်တွေးတိုင်း ကြည်နူးပျော်ရွှင်ပါ။

4. ကိုယ့်ကိုယ်ကို အဆိုးမမြင်ပါနဲ့ ။
ကိုယ့်ရဲ့ဖြစ်တည်မှု၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေအပေါ် ကိုယ်ကိုယ်တိုင်က အကောင်းမမြင်နိုင်ဘူးဆိုရင် ဘယ်လိုမှ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို အကောင်းဘက်မှာ ထားပါ။ အကောင်းဘက်က တွေးပါ။ အကောင်းဘက်က မြင်ပါ။ အကောင်းဘက်က ပြောပါ။ Negative တွေကို ဖယ်ထုတ်ပစ်ပါ။

5. ကိုယ့်ရဲ့ခံစားချက်တွေကို အသိအမှတ်ပြုပါ ။
ကိုယ် ဘာဖြစ်ချင်လဲဆိုတာကို သေသေချာချာ သိရှိပြီး တန်ဖိုးထားလေးစားကာ အကောင်အထည် ဖော်တတ်တဲ့သူတွေဟာ အောင်မြင်ကြပါတယ် ။ ပျော်ရွှင်ကြပါတယ် ။ ဒါကြောင့် ကိုယ် ဖြစ်ချင်တဲ့ ခံစားချက်တွေကို အကောင်အထည်ဖော်ပေးပါ ။

6. အဆိပ်ရှိတဲ့ သံယောစဉ်တွေကို ဖြတ်တောက်ပါ ။
ဘယ်လောက်ပဲ ချစ်ခဲ့ပါစေ၊ ခင်ခဲ့ပါစေ ၊ လူတစ်ဦးဟာ
ကိုယ့်အပေါ် မကောင်းတာ၊ ကိုယ့်ကို ဒုက္ခဖြစ်စေတာ သေချာနေပြီဆိုရင် အဲ့ဒီလူကို မဆိုင်းမတွ ဘဝထဲက ထုတ်ပစ်ပါ ။ ချစ်သူဖြစ်စေ၊ သူငယ်ချင်းဖြစ်စေ၊ ဘယ် toxic relationship ကိုမဆို ဖြတ်တောက်ပစ်ပါ။ ခက်ခဲနိုင်ပေမယ့် ကြိုးစားဖြတ်တောက်ပစ်ပါ။

ဒီအချက်လေးတွေ လိုက်နာနိုင်ပြီဆိုရင်
ကိုယ့်ကိုယ်ကို ချစ်တတ်တဲ့ ကိုယ့်ရဲ့ new version ကို
ခြေတစ်လှမ်း ချနိုင်သွားပြီဖြစ်ပါတယ်။

ဒီ ၆ ချက်နဲ့တင် ဘဝမှာ အခုထက် ပျော်စရာတွေ အခုထက် အေးချမ်းရာတွေ အများကြီး တိုးလာနိုင်ပါတယ် ။
MK Book Store & Yangon and Singpore
Hein Min ko ko

06/01/2024

ကျွန်တော် ရုပ်ရည်က သာမန်ပါပဲ။
လှလွန်းတယ်လို့ လည်ပြန်ငေးရတဲ့အထိ မပါခဲ့ဘူး။

ဒါပေမဲ့ ...
ကျွန်တော်ကိုယ်..
ကျွန်တော်...သိပ်သဘောကျတာပါပဲ။
မိတ်ကပ်လိမ်းတဲ့အခါ လှသွားတယ်လို့ ခံစားရတယ်။ မျက်နှာပဲ သစ်ပြီး တီရှပ်အပွကြီးဝတ်
မုန့်ပတ်စားနေတဲ့ ငါ့ကိုယ်ငါလည်း သဘောကျနေဆဲပဲ။

ကျွန်တော်ရဲ့ ပြင်ဆင်ထားတဲ့ ပုံရိပ်လေးကို မြတ်နိုးသလို .ကျွန်တော်ရဲ့ အမာရွ,တ်တွေကိုလည်း ကျွန်တော် ချစ်ပါတယ်။

ဖြူသည်ဖြစ်စေ ညိုသည်ဖြစ်စေ ငါ့အသားအရောင်လေးကို သဘောကျတယ်။

ကျွန်တော် ကို တကယ်စိတ်ရင်းနဲ့ ချစ်ပေးတဲ့သူတွေအတွက် ကျွန်တော်က သဘောကျစရာ လူတစ်ယောက်ပါပဲ။

ကျွန်တော်ကို မု,န်းနေတဲ့ သူတွေအတွက်
လိုက်မခံစားပေးနိုင်ပါဘူး။
ကျွန်တော်ဖြစ်တည်မှုကို.ကျွန်တော်ချစ်ပြီး
ကျွန်တော် ရဲ့ အေးချမ်းတဲ့ ရပ်ဝန်းလေးမှာ နေတယ်။

ကျွန်တော်ဟာ လွတ်လပ်စွာ ရှင်သန်တဲ့
သာမန် ယောက်ချာစာရေးတစ်ယောက်
ပဲ ဖြစ်ပါတယ်။

Hein Min ko ko

တန်ဖိုး-လူတန်ဖ်ိုး

06/01/2024

မိသားစု တစ်စုမှာ ကောင်းတဲ့ ၊
တော်တဲ့လူ တစ်ယောက်ပဲ ပါပါစေ ။

တစ်မိသားစုလုံးရဲ့ ဘဝတွေကို
ပြောင်းလဲပေးနိုင်သလို တစ်မိသားစုလုံးရဲ့
ဂုဏ်သိက္ခာကိုလည်း အကောင်းဆုံး
မြှင့်တင်ပေးနိုင်ပါတယ် ။

မိသားစု တစ်စုမှာ ဆိုးတဲ့ ၊ မိုက်တဲ့လူ
တစ်ယောက်ပဲ ပါပါစေ ။

တစ်မိသားစုလုံးရဲ့ ဘဝကို ဆုတ်ယုတ်ပျက်စီးအောင်
လုပ်နိုင်သလို တစ်မိသားစုလုံးရဲ့ ဂုဏ်သိက္ခာကိုလည်း
စုတ်ပြတ်သတ်သွားအောင် ပြုနိုင်ပါတယ် ။

ဒါကြောင့် ကောင်းတဲ့ ၊ တော်တဲ့လူဖြစ်အောင်
ကြိုးစားပမ်းစားနဲ့ ရပ်တည်ကြရလိမ့်မယ် ။

ဒါမှ မင်းကြောင့် မင်းမိသားစုဝင်တွေ
ပတ်ဝန်းကျင်မှာ မျက်နှာမငယ်ရမှာပါ ။

မင်းမိသားစုရဲ့ ဂုဏ်ကို မြှင့်တင်ပေးနိုင်တဲ့
ယောက်ျားကောင်း ၊ ယောက်ျားမြတ် ၊မိန်းမကောင်း
မိန်းမမြတ်အဖြစ်နဲ့ ရှင်သန်ရပ်တည်သွားနိုင်ရင်
မင်းထက် ကောင်းတဲ့ ၊ တော်တဲ့လူ မရှိနိုင်တော့ပါ ။

Hein Min ko ko

#အိမ်အပြန်_မျက်နှာပန်းလှပါစေ_စာအုပ်
MK Book Store & Singpore

06/01/2024

😊ပြုံးပြုံးလေးနေပါ"😊
**********************
ကျွန်တော်..
#ဘဝဆိုတာ~
အနိမ့်ရှိသလို အမြင့်လည်းရှိတယ်။

အတက်ရှိသလို အကျလည်းရှိတယ်။

ဖေးမ,မယ့်သူရှိသလို ဆွဲချမယ့်သူလည်းရှိမယ်။

အားပေးမယ့်သူရှိသလို ရှုပ်ချမယ့်သူလည်းရှိမှာပဲ။

ချီးမွမ်းမယ့်သူရှိသလို ကဲ့ရဲ့မယ့်သူလည်းရှိဦးမယ်။

မြှင့်တင်မယ့်သူရှိသလို ပုပ်ချမယ့်သူလည်းရှိနေမှာပါ။

လူဆိုတာ စရိုက်ခြင်းမတူညီလေတော့
အကြိုက်ခြင်းလည်း မတူနိုင်ဘူးရယ်။

#ဒါ့ကြောင့်~
ကျွန်တော်ကကိုယ့်လမ်းကိုယ်ထွင် စိတ်ရွှင်ရွှင်နဲ့
ကျွန်တော်က..ကိုယ့်လမ်းကိုယ့်ဆက် စိတ်မပျက်ဘဲ။ကျွန်တော် ဆက်လျှောက်တယ်
ကျွန်တော်..ရဲ့..ကိုယ့်လမ်းကိုယ်လျှောက်
စိတ်မနောက်လိုက်ပါနဲ့။

ရွေးချယ်ထားတဲ့ ကိုယ့်ရဲ့ဘဝမှာ
တွေ့ကြုံနေရတဲ့ အရာမှန်သမျှကို
ခပ်ပြုံးပြုံးနေပြီး ရင်ဆိုင်ကျော်လွှားပစ်လိုက်ပါ။

Cula Hein Min ko ko
cre

06/01/2024

#အကြောက်တရားမှလွတ်မြောက်ရေး

ဖေဖေအမြဲပဲ မှာခဲ့တယ်။

ကလေးတွေကို ဘာကိုမှ မကြောက်စေနဲ့။
သူတို့ကြောက်ဖို့ရာ နှစ်ခုပဲရှိတယ်။

"မတရားတဲ့ကိစ္စကိုလုပ်ဖို့ ကြောက်ရမယ်။
မမှန်တဲ့ကိစ္စကိုလုပ်ဖို့ ကြောက်ရမယ်။ "

လောကမှာ ကြောက်ဖို့ဆိုတာ ဒီနှစ်ခုပဲ ရှိပါတယ်တဲ့။

အဲဒီတော့ ကျမတို့ရဲ့ မိဘပြည်သူများလည်း
အဲဒီလိုပဲ နားလည်စေချင်ပါတယ်။"
-------------------------------------------

အခုကာလမှာ ဖတ်ဖို့ရွေးချယ်ရန်အကောင်းဆုံးစာအုပ်တစ်အုပ် (သို့မဟုတ်) FREEDOM FROM FEAR

လောကမှာမပြည့်စုံတဲ့လူတွေရဲ့အကြောက်တရားထက်
အရာရာပြည့်စုံနေတဲ့လူတွေရဲ့ အကြောက်တရားက ပိုကြောက်စရာကောင်းပါတယ်။သာမန်လူတွေနေ့စဉ် ခံစားနေရတဲ့အကြောက်တရားတွေကတော့ အသက် အိုးအိမ်စည်းစိမ် ပျောက်မှာကြောက်တာ၊ချစ်သောသူ တွေနဲ့ ခွဲရမှာကြောက်တာ၊မချစ်မနှစ်သက်သောသူတွေနဲ့နေရမှာကြောက်တာ၊ကူးစက်ရောဂါတွေဖြစ်ပြီးေ-သရမှာကြောက်တာ အစရှိသဖြင့်အကြောက်တရားများစွာ
ရှိပါတယ်။

အဲ့ဒီအကြောက်တရားတွေထက် ပိုမိုကြောက်စရာ
အကောင်းဆုံးကတော့ လက်နက်၊အာဏာ၊စည်းစိမ်
အရာရာပြည့်စုံနေသူတွေရဲ့အကြောက်တရားပါ။

ဒီလောက်ပြည့်စုံနေတဲ့သူတွေဘာကိုကြောက်တာလဲဆို
ရ ထားတဲ့ပြီးပြည့်စုံမှူတွေ ဆုံးရှုံးသွားမှာကြောက်ပါ
တယ်။

ထိုအကြောက်တရားကနေ တစ်ချိန်တည်းမှာပဲ သောက၊လောဘ၊ဒေါသ ၊မောဟ တို့ကိုဖြစ်စေတာကြောင့် ကြောက်စရာအကောင်းဆုံး အကြောက်တရားဖြစ်ပါတယ်။

ဥပမာတစ်ခုပြောရမယ်ဆို ရထားတဲ့ပြည့်စုံမှုတွေထက် ဒီ့ထက်ပိုကောင်း၊ပိုများတာလိုချင်တဲ့လောဘ၊ရထားတာ လေးတွေ တစ်စုံတစ်ယောက်ကြောင့် ပျက်စီးဆုံးရှုံးသွား
မှာကြောက်တဲ့ သောကတွေနဲ့ စိုးရိမ်ပူပန်နေရပါတယ်။

"ဖေဖေအမြဲပဲမှာခဲ့တယ်။ကလေးတွေကိုဘာကိုမှ
မကြောက်စေနဲ့။သူတို့ကြောက်ဖို့ရာနှစ်ခုပဲရှိတယ်။
မတရားတဲ့ကိစ္စကိုလုပ်ဖို့ကြောက်ရမယ်၊မမှန်တဲ့ကိစ္စကို လုပ်ဖို့ကြောက်ရမယ်။လောကမှာကြောက်ဖို့ဆိုတာ ဒီနှစ်ခုပဲရှိတယ်။ကျွန်မတို့ပြည်သူတွေကိုလဲ ဒီလို နားလည်စေချင်ပါတယ်" စသဖြင့် ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့သော ဒီစာအုပ်ထဲတွင် _

နိုင်ငံရေးအတွေ့အကြုံ၊အခက်အခဲတွေကိုဘယ်လိုကြံ့ကြံ့ခံကျော်ဖြတ်ခဲ့သလဲ?

မဆလ၊နဝတ အစိုးရဘယ်လောက်ထိအကျင့်ယု္တ်ခဲ့တာတွေ

ပြည်သူသန်း ၆၀ ကျော်နဲ့ မိသားစုဘဝကို ပြည်သူလူထု
ကိုရွေးချယ်ခဲ့ပုံတွေ အစရှိသဖြင့်ဒါတွေကိုသိချင်ရင်တော့ ကိုယ်တိုင်ပဲဖတ်ကြည့်ကြပါ။

ဒီစာအုပ်ဖတ်ပြီးရင်တော့ အမေဒေါ်အောင်ဆန်းစုကြည်အပေါ်ယုံကြည်မှူ၊လေးစားမှု ပိုပြီးဖြစ်စေပါလိမ့်မယ်။


(ခွင့်ပြုချက်ယူပြီး)



----------------------------
စာအုပ်တန်ဖိုး-လူတန်ဖိုး

06/01/2024

ချစ်မိမှာကို မကြောက်ပါနဲ့။
သံယောဇဉ် တွယ်မိမှာကိုသာ ဂရုစိုက်ပါ။

အချစ်က ပေါ့ပါးတယ်။ဂုဏ်ဒြပ်တွေ၊လှပမှုတွေ၊အထင်ကြီးစရာတွေကစတယ်။ကိုယ့်အပေါ်မကောင်းရင် စွန့်ခွာရလွယ်ပြီး၊ကိုယ့်အတွက် နှစ်သက်စရာဖြစ်ရင် တွယ်ငြိတတ်တာ အချစ်ပဲ။

သံယောဇဉ်ကတော့လေ အဲ့ဒီ့လူက ဘယ်လိုပင် ချို့ယွင်းနေနေ၊ဘယ်လောက်ပင် အကျည်းတန်နေနေ မငြိုငြင်ရက်တာပဲ။သူ့လုပ်ရပ်တွေ၊စကားလုံးတွေဟာ ကိုယ့်အပေါ်ဘယ်လောက်ပဲ ခက်ထန်နေပါစေ ဘေးလူတွေက အပြစ်တင်လောက်အောင်ကို ကိုယ်ကစွဲလမ်းနေတော့တာ။

ဆက်ဆံရေးတခုမှာ အချစ်နဲ့အစပြုရပြီး
သံယောဇဉ်နဲ့ ဆက်လက်တည်ဆောက်ကြရတာပဲ။

ဒါပေမဲ့ မကောင်းတဲ့ ဆက်ဆံရေးတခုအတွက်တော့ သံယောဇဉ်တွေ ဆက်ပြီးမကြီးထွားပါစေနဲ့။
ကိုယ်က မခွာနိုင်လေ၊ကိုယ့်ကို နှိပ်စက်လေ ဖြစ်နေတဲ့ လူတယောက်ဆီမှာတော့ သံယောဇဉ်ဆိုတာ
အဆိပ်တခုလိုပါပဲ။

သံယောဇဉ်ဟာ တည်မြဲမှုကိုဖြစ်စေပြီး သံယောဇဉ်ကပဲ နာကျည်းမှုတွေကို ဖြစ်စေတယ်။
အပင်တပင်ဟာ ရှင်သန်တဲ့နေရာသာမှန်ရင် အသီးအပွင့်တွေဝေဆာဖို့ မခဲယဉ်းသလိုပဲ သံယောဇဉ်နဲ့အချစ်ကလဲ တွယ်မိတဲ့လူအပေါ်ပဲ မူတည်တယ်။

လူရွေးမှန်ဖို့ မလိုဘူး။မကောင်းတဲ့လူမှန်းသိရင် စွန့်ပယ်နိုင်ဖို့ပဲလိုတာပါ။

Hein Min koko

06/01/2024

စိတ်ချမ်းသာဖို့သာ အဓိကပါ
***************************

လူမချမ်းသာရင် နေပါစေ ၊ စိတ်ချမ်းချမ်းသာသာနဲ့ပဲ နေချင်တယ် ။ မနာ,လို ဝ,န်တိုမှုတွေ ၊
ကောက်ကျ,စ် စဉ်းလဲမှုတွေ ၊ အပြိုင်အဆိုင် စိတ်တွေရဲ့ ခပ်ဝေးဝေးမှာပဲ နေမယ် ။ ဂုဏ်ပကာသနတွေ ၊ မောက်မာဝင့်ကြွားမှုတွေကို ဝေးဝေးရှောင်မယ် ။

အရိုးရှင်းဆုံး ပျော်ရွှင်မှုတွေနဲ့ နေထိုင်မယ် ။ ကော်ဖီတစ်ခွက် ထိုင်သောက်မယ် ။ သစ်ပင် စိုက်မယ် ။ စာဖတ်မယ် ။ ခွေးလေးတစ်ကောင် မွေးမယ် ။ ဂစ်တာတီး သီချင်းဆိုမယ် ကောင်းကောင်း အိပ်မယ်။ ကောင်းကောင်း စားမယ်။

ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ချစ်မယ်။ ကိုယ်က ချစ်တဲ့ ကိုယ့်ကို ချစ်တဲ့ လူတွေအနားမှာ နေမယ်။ ချစ်ခြင်းမေတ္တာတွေ မျှဝေမယ်။ အပြန်အလှန် ရို,င်းပင်းကူညီမယ်။ ပြည့်ပြည့်ဝဝ ချစ်မယ်။ နောင်တ မရှိတဲ့ ဆက်ဆံရေးတွေ တည်ဆောက်မယ်။

တချို့ ပျော်ရွှင်မှုတွေဟာ ငွေနဲ့ ပေးဝယ်ရတယ် ။ ငွေပေးပြီး ဝယ်မရတဲ့ ပျော်ရွှင်မှုတွေလည်း ရှိတယ်။ ပျော်ရွှင်မှုတွေဟာ ရိုးရှင်းပေမဲ့ စစ်မှန်ပါတယ်။

ကျွန်တော် ဘဝကို ရှုပ်ယှက်ခတ်နေအောင် မနေချင်ဘူး။ ရှုပ်ယှက်ခတ်နေတဲ့ လူတွေနဲ့ အပေါင်းအသင်း မလုပ်ချင်ဘူး။ ရှုပ်ယှက်ခတ်နေတဲ့ ဆက်ဆံရေးတွေ မတည်ဆောက်ချင်ဘူး။ ရိုးရိုးရှင်းရှင်းလေးပဲ နေမယ်။ တတ်နိုင်သလောက် ရိုးရိုးရှင်းရှင်းလေး.....

Hein Min koko
(လေးစားစွာဖြင့်crdပေးပါသည်)

တန်ဖိုး-လူတန်ဖိုး

06/01/2024

ကျွန်တော် တွေးတာဟာ ဝေဒနာအားလုံးရဲ့ တရားခံ ဖြစ်ပါတယ် ။ ကျွန်တော်တို့ တွေးတာကနေ
မကောင်းတဲ့စိတ် လှုပ်ရှားခံစားမှုတွေ ဖြစ်လာကြတော့ တွေးတာတွေကို နောက်ကြောင်း ပြန်လိုက်ရင် ဖြေရှင်းရ လွယ်သွားစေပါတယ် ။ အဲဒါကြောင့် တွေးတာဟာ အကြောင်းရင်း ဖြစ်တယ်ဆိုတာ သဘောပေါက်တာနဲ့ တွေးတာကို ထွက်သွားခွင့်ပြုလိုက်ပါ ။

မတွေးဘဲ နေတဲ့အချိန်ဟာ အပျော်ရွှင်ဆုံးအချိန် ဖြစ်ပါတယ် ။ တစ်နည်းအားဖြင့် Default State of Mind လို့သတ်မှတ်ထားတဲ့ မူလ စံသတ်မှတ်အနေအထား ဖြစ်ပါတယ် ။ တွေးတာ နဲ့ အတွေးတွေက မတူကြပါဘူး ။ Thinking နဲ့ Thoughts ဖြစ်ပါတယ် ။

ဒီစာအုပ်မှာ -

စိတ်ပိုင်းဆိုင်ရာ ၊ စိတ်လှုပ်ရှား ခံစားမှုပိုင်းဆိုင်ရာ ဝေဒနာတွေရဲ့ ဇာစ်မြစ်နဲ့ ဒါတွေကို ဘယ်လိုအဆုံးသတ်နိုင်တယ်ဆိုတဲ့ အကြောင်း

မကောင်းတဲ့အတွေးတွေ ၊ ခံစားချက်တွေရဲ့ဒဏ်ကို မခံရလေအောင် ဘယ်လိုလုပ်နိုင်တယ်ဆိုတဲ့အကြောင်း

ပြင်ပအခြေအနေတွေ ဘယ်လိုရှိနေပေမဲ့ ခြွင်းချက်မဲ့ ချစ်မေတ္တာ ၊ ငြိမ်းချမ်းမှု ၊ ပျော်ရွှင်မှုတွေကို ဘယ်လိုရရှိနိုင်တဲ့အကြောင်း

သင့်ရဲ့ လက်ရှိဘဝ အခြေအနေတွေကို မကြိုက်ဘူးဆိုရင် ဘဝ အတွေ့အကြုံသစ်တစ်ခု ချက်ချင်းရရှိစေဖို့ ဘယ်လိုလုပ်နိုင်တဲ့အကြောင်း

မကောင်းတဲ့ အတွေးတွေထဲမှာ ပိတ်မိရာကနေ ဘယ်လိုရုန်းထွက်လာနိုင်တဲ့အကြောင်း

စိုးရိမ်ပူပန်မှု ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်မြင်နေမှု ၊ ကိုယ့်ကိုယ်ကိုယ် ဖျက်လိုဖျက်ဆီး လုပ်နေတဲ့ အပြုအမူတွေကို ဘယ်လိုထွက်သွားအောင် လုပ်နိုင်တဲ့အကြောင်း

စဉ်းစားတွေးတောမှု အကန့်အသတ်တွေကို ကျော်လွန်ပြီး အလိုလိုသိစိတ် (Intuition) ၊ ကိုယ်တွင်းအသိပညာ (Inner Wisdom) တွေကို ဘယ်လိုရရှိစေနိုင်တဲ့အကြောင်းတွေ ဖတ်ရှုရမှာ ဖြစ်ပါတယ် ။

Hein Min ko ko

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Category

Art

Website

Address


Yangon
Other Art in Yangon (show all)
Shine Chit Aung Shine Chit Aung
ရန်ကုန်
Yangon, HI

A.L.W ဘဝကိုအရိုးသားဆုံးရှင်သန့်သည် TTဆော့သည်

De’ DUO De’ DUO
Yangon

We are representing the team of real artists. We only focus on the standard editorial art work here i

Aung.  Khant Zin Aung. Khant Zin
Maharsi Sasana Yeikthar Street, Bahan Tsp;
Yangon

Aung Onile Shop

Aung Aung Aung Aung
Yangon

4th Mr.Tourism Myanmar2020 4th Miss &5th Mrs. Beauty Empress Myanmar 2020 4th Mr.Tourism Myanmar2020 4th Miss &5th Mrs. Beauty Empress Myanmar 2020
Yangon

အသားဖြူထိုးဆေး သောက်ဆေး lotion instock

K's Crochet K's Crochet
Yangon

� K �

Black Giant Tattoo Studio Black Giant Tattoo Studio
သာကေတ Capital မှတ်တိုင်ဆင်းဆင်းချင်း တိုက်၂၄၉ ကွန်ဒိုပထမထပ်
Yangon, 11241

Welcome My Tattoo Studio

Kyaw thu Kyaw thu
Yangon

hellp

Wyne Fashion House Wyne Fashion House
Yangon

We would like to promote clothing fashion as a part of the industry, hence, we will try to provide t

Vương Tuệ Nhi Vương Tuệ Nhi
Yangon, 11081

Oo Wai Oo Wai
Yangon

K Lin Thaw K Lin Thaw
Yangon

My likr Feeling ❤🙆😍