Myanmar Pioneer Star

Myanmar Pioneer Star co.,Ltd. is an integrated industrial and trading company. Aqua&AgricultureMining

16/05/2024

Myanmar Pioneer Star
Company မှထုတ်ကုန်များ
နှင့်ငါး​ဆေးဝါးများစိုက်ပျိုး
ထုတ်ကုန်များလမ်းတံတား
ဆည်များအတွက်ထုတ်ကုန်
များအသုံးပြုကြသူများသိ​ရှိ
​စေရန်(ယခု​ကြေငြာကိုများသူ
ငါသိ​စေရန်နှင့်ငါး​တောင်သူဦး
ကြီးများ၊စိုက်ပျိုး​တောင်သူကြီး
များဝယ်မှား၊​ရောင်းမှားမဖြစ်​စေ
ရန် ယခုပါ​ကြောငြာစာတင်ပြ
ရချင်ဖြစ်ပါသည်။
ယခင် ​..အမှတ် ၃၄၅၊ကင်းဝန်မင်း
ကြီးလမ်းနှင့်မြ​တောင်ဝန်ကြီးဦးမှို
လမ်း​ထောင့် ၊​ရွှေလင်ပန်းစက်မှုဇုန်
လှိုင်သာယာမြို့နယ်၊ရန်ကုန်
တွင်တာဝန်ထမ်း​ဆောင်ဖူး​သော
ကိုလင်းလင်းဦးသည် Company
၏စည်းကမ်း၊​များမလိုက်နာသဖြင့်
MPS Companyထုတ်ပယ်ထား
သည်မှာကြာ​နေပါပြီ ။
MPSကုန်ပစ္စည်းများသုံးဆွဲ​နေသည်
​တောင်သူဦးကြီးများ၊လက်ရှိသုံးဆွဲ
​နေသည့်မိတ်​ဆွေများ ဝယ်မှား၊​ရောင်းမှားမရှိ​စေရန်အ​ကြောင်းကြား
အပ်ပါသည် MPS ​ဆေးဝါးပုံစံတူများ၊စိုက်ပျိုး​ရေး​ဆေးဝါးပုံစံတူများ
ရှိ​နေပါသဖြင့်သိ​စေရန်နှင့်ဝယ်ယူမှု
မမှား​စေရန်Postတင်ရချင်ဖြစ်ပါ
သည်။
MPS Company နှင့် လင်းလင်းဦး
ဘာမပတ်သက်ပါ၊ဘာမှလဲမသက်
ဆိုင်ပါ ၊ လင်းလင်းဦး အတွက်ဘာမှ
လဲတာဝန်မယူနိုင်ပါ။
​ကျေးဇူးပြု ယခု Post ကိုအများသူ
ငါသိ​စေရန် ဝိုင်း၍ Share ​ပေးကြ
ပါ ။ ။
MPS

Photos from Myanmar Pioneer Star's post 07/05/2024

တွံ​တေးဘုရားငုတ်တိုက
စိုက်ပျိုး​ရေးနဲ့​မွေးမြူ​ရေး
နဲ့တွဲပြုလုပ်ချင်တဲ့
ဦး​အောင်ထွန်းခြံသို့
​ဆွေး​နွေးတိုင်ပင်ရင်
​ရှေ့သို့ချီတက်ဖို့မိုင်ကုန်ဖွင့်
ဖို့ပဲလို့​တော့တယ်
ဦး​အောင်ထွန်းလိုချင်​သော
ဆန္ဒများပြည့်ပါ​စေ

Photos from Myanmar Pioneer Star's post 30/04/2024

ယခုကာလအချိန်တွင်ငါးကန်​တောင်သူဦးကြီးများ
Zeoliteငါး​ဆေးကိုအထူး​ဆောင်ထားသင့်ပါသည်
အကြံပြုပါသည်။ ။

Zeolite ဆိုတာမီးတောင်ချော်ခဲကထုတ်လုပ်ထားတဲ့ ဩဂဲနစ်ဆေးပါ...!!!

ရာသီကူးပြောင်းကာလများအထူး
သတိပြုဖို့တိုက်တွန်းပါတယ်
ဘာတွေအများဆုံးဖြစ်တက်လဲ
သိကြမှာပါ , မိုးတွင်းကာလ
တခုလုံးမှာကိုယ်ကျွေးခဲ့တက်တဲ့
အစာကြွင်းအစာကျန်တွေ, ရေနေ
ငါး/ပုစွန်တို့စွန့်ပစ်ထားတဲ့အညစ်
အကြေးတွေနဲ့ရာသီဥတုအကူးအပြောင်း
အပူရှိန်တွေကြောင့်ဖြစ်ပေါ်လာနိုင်တဲ့
Toxic Gases တွေကိုအမြန်ဆုံးစုပ်ယူ
ဖယ်ရှားပေးနိုင်တဲ့ Zeolite , မိမိကန်ထဲ
ရှိအောက်စီဂျင်ကိုအလွယ်တကူမဆုံးရှုံး
အောင်ထိမ်းထားနိုင်တဲ့Zeolite , မိမိကန်
ထဲမှာရေသြဇာများသေဆုံးသွားအခါ
အနံအသက်များနံနေသောအခါ ဒီ
ZEOLITE ကိုသုံးကြည့်လိုက်ပါ
သင့်ကြိုက်နှစ်သက်သွားမည်ကို
လုံးဝအာမခံပါသည် ။

Zeoliteကိုအသုံးပြုကြသောငါးတောင်သူများအထူးပြောပြလို့ပါသည်...!

Zeoliteကိုရေနှင့်ရောစပ်ဖျော်၍မိမိကန်ရေပြင်ပတ်ဖျန်းပေးပါ၊ဒါမှသာလျှင်....
မိမိကန်ရေသည်ခပ်မြန်မြန်ဓာတ်ပြုမြန်မည်ဖြစ်ပါသည်၊အမှုန့်လိုက်ပတ်ကြဲပေး
လျှင်မိမိဝယ်ယူလိုက်သောzeoliteသည်အလကားဆုံးရှုံးသွားနိုင်သည်။

ပတ်ဖျန်းသည့်အချိန်
မနက်ပိုင်း 6 နာရီ မှ မနက်ပိုင်း 10 နာရီအတွင်း
ပတ်ဖျန်းပေးပါ။တကယ်အိတ်များလို့မပြီးခဲ့ရင်
မနက်ဖြန်းအဲ့ဒီအချိန်ပဲပြုလုပါပါ။ဖြည်းဖြည်း
ချင်ထိရောက်‌အောင်ပတ်ဖျန်းပါ။

ZEOLITE [ဇီအိုလိုက် ]
-----------------------------------
Zeolite Powderသည် ငါး ၊ပုစွန်မွေးမြူကန်များ ၏ရေထု ၊ မြေထု ညစ်ညမ်းလာမှုကြောင့်ဖြစ်ပေါ်
နိုင်သည့် ငါး ၊ ပုစွန် များသေဆုံးမှုမရှိအောင်ကာကွယ်ရာ၌အသုံးပြုနိုင်သည်။

ငါး ၊ပုစွန်မွေးမြူ ရေး၌နေ့စဉ်ကျွေးသောအစာပမာဏမြင့်တက်လာသည်နှင့်အမျှလေလွင့်အစာ
ကျန်များ ၊ ငါး ၊ ပုစွန် များ၏စွန့်ထုတ်အညစ်ကြေးများ၊ ရေသြဇာအသက်ရှိ[Phytoplankton
& Zooplankton ]များ၏သေကြေပျက်စီးပြောင်းလဲမှုများကြောင့်ကန်အောက်ခြေ၌ညစ်
ညမ်းပုပ်ဆွေးလာပြီးအမိုးနီးယား [NH3] ၊
နိုက်ထြိက် [NO2] နှင့်ဟိုက်ဒရိုဂျင်ဆာလ်ဖိုက် [H2S] စသောအဆိပ်အတောက်ဖြစ်စေနိုင်သည့်
ဓါတ်ငွေ့များ၏ပြင်းအားတဖြည်းဖြည်းမြင့်တက်လာသည်။
၄င်းအခြေအနေမျိုးတွင်ဓါတ်ပြု ဖြစ်စဉ်များမြင့်မားကာကန်ရေထုနှင့်မြေထုအတွင်းပျော်ဝင်အောက်
စီဂျင်[D.O]လျော့နည်းနိမ့်ကျလာလေ့ရှိသည်။ပျော် ဝင်အောက်စီဂျင်အနိမ့်ဆုံးအခြေအနေဖြစ်သော
[1 ppm or 2 ppm ]တွင်ငါး၊ ပုစွန်များသည်ဖိစီးမှု
ဒဏ်ခံရပြီးအောက်စီဂျင်ပျော်ဝင်မှုအများဆုံးရှိသည့်ကန်ရေမျက်နှာပြင်အပေါ်လွှာသို့တက်ရောက်လာ
ကြရသည်။
ကန်ရေထုတွင်ပျော်ဝင်အောက်စီဂျင်သည်ငါး၊ပုစွန် ရေနေသတ္တဝါမျိုးစိတ်များ၏လိုအပ်သည့်ပမာဏ
ဘောင်တစ်ရပ်ထက်လျော့နည်းကျဆင်းလာပါလျှင်......???

★မွေးမြူ ကန်ရေထုအတွင်းရောဂါပိုးမွှားများပေါက်ပွားရန်အခွင့်အလမ်းသာစေသည်။

★ငါး ၊ ပုစွန် များကိုဖိစီးမှု [stress]ရရှိစေပြီးကျန်းမာသန်စွမ်းမှုကိုနိမ့်ကျ လျော့နည်းလာစေ
နိုင်ပါသည်။

★ငါး ၊ပုစွန် များ၏ကိုယ်ခံစွမ်းရည်ကိုနိမ့်ကျ လာစေနိုင်ပါသည်။

★အနာရောဂါဖြစ်ပွားလာစေနိုင်သည်။

★အစာစားနှုန်းကျ ဆင်းလာစေနိုင်သည်။

★အသားတိုးကြီးထွားနှုန်းထိခိုက်လာစေနိုင်သည်။

★အစုလိုက်အပြုံလိုက်သေကျေ မှုမျိုးရှိလာစေနိုင်ပါသည်......စသောဆိုးကျိုးများကိုတိုးမြှင့်ဖြစ်ပေါ်
လာစေနိုင်သည်။

ငါး ၊ ပုစွန်များကိုခေတ်မီသိပ္ပံနည်းကျမွေးမြူနေကြသောအရှေ့တောင်အာရှနှင့်အာရှဒေသရှိနိုင်ငံများ
တွင်ငါး၊ပုစွန်မွေးမြူကန်အတွင်းအစဉ်အမြဲဖြစ်ပေါ်နေသောအမိုးနီးယား၊နိုက်ထြိုက်နှင့်ဟိုက်ဒရိုဂျင်
ဆာလ်ဖိုက်စသည့်အဆိပ်တောက်ဖြစ်စေသည့်
ဓါတ်ငွေ့ များကိုစုပ်ယူဓါတ်ပြုပျတ်ပြယ်ဖယ်ရှားနိုင်ရန်အတွက် ဇီအိုလိုက် ကိုကျ ယ်ကျယ်ပြန့်ပြန့်
အသုံးပြုနေကြသည်။ထိရောက်ဆုံးနဲ့ ငါး ၊ ပုစွန် တို့၏ကြီးထွားဖွံဖြိုးမှုအပေါ်ကောင်းစွာအကျိုးဖြစ်
ထွန်းစေနိုင်ကြောင်းယုံကြည်စိတ်ချ စွာအသုံးပြု နိုင်သည်။

ဓါတ်တုဒြပ်ပေါင်းပါဝင်ဖွဲ့စည်းမှု
---------------------------------------------
Silica as SiO2 -------------62.64%
Iron Oxide as Fe2 O3 -------------4.49%
Aluminium Oxide as Al2O3 ----16.39%
Calcium Oxide as CaO ----------- 3.63%
Magnesium Oxide as MgO ------ 0.80%
Loss on Ignition ---------------------- 12.05%

ZEOLITE [ဇီအိုလိုက် ]၏အကျိုးသက်ရောက်နိုင်မှု

★မွေးမြူ ကန်အောက်ခြေကြမ်းပြင် မြေထု နှင့် မွေးမြူ ကန်အတွင်းရှိရေထုကိုသန့်စင်စေနိုင်ပါ
သည်။

★မွေးမြူကန်အတွင်းရှိမြေထု နှင့်ရေထုညစ်ညမ်းမှုကိုဟန့်တားကာကွယ်ပေးပါသည်။

★မွေးမြူကန်အတွင်းအောက်စီဂျင်အဝင်အထွက်မျှတအောင်ပြုလုပ်ထိမ်းသိမ်းနိုင်သည်။

★မွေးမြူ ကန်မြေထု နှင့်ရေထုအတွင်းပျော်ဝင်ပါရှိနေသော အမိုးနီးယား, ဟိုက်ဒရိုဂျင်,ဆာလ်ဖိုဒ်
နိုက်ထြိက် ...အစရှိသည့်အဆိပ်အတောက်များဖြစ်စေတက်သောအညစ်ကြေးများကိုစုပ်ယူဖယ်ရှားပေး
နိုင်သည်။

★ရောဂါဗီဇပိုးမွှားများ[Germs]၊ဗိုင်းရပ်စ်ပိုးမွှား [ Virus ] နှင့်အခြားအဆိပ်အတောက်ဓါတု
ပစ္စည်းများများစုပ်ယူဖယ်ရှားပေးနိုင်သည်။

★မွေးမြူ ထားသည့် ငါး ၊ ပုစွန် တို့၏စွန့်ပစ်အညစ်အကြေးများ၊ ကျွေးမွေးခဲ့သည့်အစာ
အကြွင်းအကျန်များနှင့်ရေဩဇာသက်ရှိတို့၏
သေကြေပျက်စီးမှုများကြောင့်ဖြစ်ပေါ်လာသည့်
ရေထုညစ်ညမ်းမှုကိုထိရောက်စွာကာကွယ်ပေးနိင်သည်။

★ရေဩဇာပေါက်ပွားမှုလွန်ကဲနေသောမွေးမြူ ကန်ရေထုတွင်ပုံမှန်လိုအပ်သောရေဩဇာအချိုး
အဆသို့ရောက်အောင်ထိန်းညှိပေးနိုင်သည်။

★ရောဂါဗီဇာပိုးမွှားများနှင့်ဗိုင်းရပ်စ်ပိုးမွှားများကြောင့်ငါး၊ပုစွန်များတွင်စွဲကပ်ကျရောက်စေနိုင်
သည့်အနာရောဂါများအတွက်ကြိုတင်ကာကွယ်မှုတရပ်ပြုလုပ်ထားနိုင်သည်။

★Zeolite သည်ရေဩဇာအပင်မျောလှေးများအလွန်အကျွံပေါက်ပွားလာနေသည့်မွေးမြူကန်
များတွင်အသုံးပြုရန်အထူးသင့်လျော်ပါသည်။

Zeolite [ဇီအိုလိုက် ]အသုံးပြု ပုံ
-----------------------------------------------
အမြန်ဆုံးဓါတ်ပြု နိုင်သောရေဖျော်၍နေရာအနှံပတ်ဖြန်းခြင်းသည်အထူးကောင်းမွန်သောလုပ်
ဆောင်ရပ်တရပ်ဖြစ်သည်။ရေဖျော်၍မနက်ပိုင်း ၆နာရီ မှ ၁၀ နာရီအတွင်းပတ်ဖြန်းပေးရန်ဖြစ်
သည်။သို့မှသာလျှင်ရေအောက်ကြမ်းပြင်သို့အမြန်ဆုံးပျော်ဝင်၍အမြန်ဆုံးဓါတ်ပြုနိုင်မည်ဖြစ်သည်။
မနက်ပိုင်း ၆ နာရီ မှ ၁၀ နာရီအထိအသုံးပြု ရမည်။

ပြည်တွင်းထုတ်
Zeolite (25kg)--5500 ကျပ်

Indonesia (made)
INDOZEO (25kg)-- 25000 ကျပ်

MPS.GROUP

E-mail : [email protected]

Website:www.myanmarpioneerstargroup.com

17/04/2024

မြန်မာပြည်သူပြည်သားအားလုံး
နှစ်သစ်မှာစိတ်၏ချမ်းသာချင်
ကိုယ်၏ကျန်းမာချင်
လိုအင်ဆန္ဒများပြည့်ဝကြပါ​စေ
ဆု​တောင်း​​ပေးလိုက်ပါတယ်။

09/04/2024

MPS ဆိုင်ခွဲများ၊ကိုယ်စလှယ့်ဆိုင်များ
တည်​နေရာနှင့်ဖုန်းနံပါတ်များ၊အထက်
မြန်မာပြည် ၊​အောက်မြန်မာပြည် စက်ရုံ
လိပ်စာနှင့်ဖုန်းနံပါတ်များ ။

Myanmar Pioneer Star ငါး/ပုစွန်ဆေး
များအလွယ်တကူရနိုင်​သောမြို့နယ်အသီးသီး
ရှိMPSဆိုင်ခွဲများ/ကိုယ့်စလှယ်ဆိုင်များ
MPSဆိုင်ခွဲများနှင့်စက်ရုံများ
ကိုယ်စလှယ်များနေရာနှင့်ph
နံပါတ်များရေးပေးထားသည်။
ငါးတောင်သူဦးကြီးများလွယ်ကူစွာ
ဝယ်ယူနိုင်ရန်အတွက်၊အထက်
မြန်မာပြည်၊အောက်မြန်မာပြည်
စက်ရုံများနှင့် MPS တိုက်ရိုက်လက်
အောက်ခံဆိုင်ခွဲများကို Post တင်ပေး
လိုက်ပါသည်။

ရန်ကုန် ရွှေလင်ပန်းစက်မှုဇုန် [ 2 ]
--------------------------------------.
ကိုညွှန့်ရှိန် (ရွှေလင်ပန်းစက်မှုဇုန်)
၀၉၇၈၀၆၅၀၉၁၆

အမှတ်[၃၄၅]ကင်းဝန်မင်းကြီးလမ်းနှင့် မြတောင်ဝန်ကြီး ဦးမှို လမ်းထောင့် ရွှေလင်းပန်းစက်မှုဇုန်
လှိုင်သာယာ မြို့နယ် ၊ ရန်ကုန်။

တံတားဦးလေဆိပ်အနီး [1 ]
----------------------------------
မန်းလေး [တံတားဦး မြို့နယ် ]

ကိုဗိုလ်ဝင်း [ ၀၉၇၇၆၈၀၃၀၉၆]
ကိုဇင်သူကျော်[၀၉၇၇၀၁၀၀၆၈၂]

ဖောက်သည်ဝန်ဆောင်မှူ့ဌာန
-~~~~~~~~~~~~~~~~~~~
မမေလဝန်း [၀၉၅၀၄၃၃၂၇]

Myanmar Pioneer Star Co.Ltd မှ Companyစက်ရုံစျေးနှုန်းဖြစ်ရောင်းချပေးနေသောMPSဆိုင်ခွဲ များကိုဖော်ပြပေးပါမည်။

၁) ထောက်ကြန့်ဆိုင်ခွဲ MPS တိုက်ရိုက်လက်ခွဲ
အရောင်းတာဝန်ခံ - ကိုတင်အောင်ကို
ဖုန်း - 09257378729

၂) တွံတေးဆိုင်ခွဲ MPS တိုက်ရိုက်လက်ခွဲ
အရောင်းတာဝန်ခံ - မရွှန်းပြည့်
ဖုန်း - 09769826938

၃) ပန်းတနော် ဆိုင်ခွဲ MPS တိုက်ရိုက်လက်ခွဲ
အရောင်းတာဝန်ခံ - ကို​ဝေယံမင်း
ဖုန်း - 09694916721

၄) ဆားမလောက်ဆိုင်
MPSတိုက်ရိုက်လက်ခွဲရန်ကုန်
ပုသိမ်အဝေးပြေးလမ်းကြီးပေါ်မိုင်
တိုင် 29/2 (29မိုင် 2ဖာလုံ)ရှေ့
ပြောင်းရွှေ့၍ဆိုင်ဖွင့်ထားပါတယ်
ယခင်နေရာမဟုတ်တော့ပါ

အရောင်းတာဝန်ခံ - ကိုအောင်အောင်
ဖုန်း - 09777485388

၅) ခရမ်း ပဲခူးလမ်းမကြီးဘေး
အမှတ်- ၇ ရပ်ကွက်ခရမ်းဘိုးဘွားရိပ်သာ
မျက်နှာချင်းဆိုင်းမှာMPSတိုက်ရိုက်လက်
ခွဲဆိုင်ဖွင့်ထားပါတယ်။
အရောင်းတာဝန်ခံ - ကိုလှမြင့်
ဖုန်း - 09795982361

၆)လက်ပံတန်းမြို့ ဆိုင်ခွဲ MPS တိုက်ရိုက်လက်ခွဲ
အမှတ် ၂၆ ,ကံကြီးလမ်း ,လက်ပံတန်း မြို့ ။
အရောင်းတာဝန်ခံ မ​မော်​မော်​အောင်
ဖုန်း 09796196934

၇)ပုသိမ်မြို့ဆိုင်ခွဲ MPS ခဏပိတ်ထား
ပါသည်။

၈)မတ္တရာ၊ဆိုင်ခွဲMPSယာယီပိတ်ထားသည်။

၉)ရွှေဘို မြို့ MPS ဆိုင်ခွဲ
အ​ခြေအ​နေတခု​ကြောင့်
ခဏပိတ်ထားပါသည်။


PS . ရွှေဘိုဆိုင် နှင့် ပုသိမ်ဆိုင် တို့သည်
စက်ရုံဈေးနှုန်း 500 ကျပ်ကွာဟမှုရှိပါသည်။
သယ်ယူပို့ဆောင်စရိတ်ကြောင့်နည်းငယ်ကွာဟ
ပါသည်။

ဤဆိုင်ခွဲ[ ၉ ]ခုတို့သည် Company မှချ မှတ်ထားသောစျေးနှုန်းများနှင်သာရောင်းချ ပေးနေပါသည်။ တကယ်လို့စျေးနှုန်းများသည် Company စျေးနှုန်းများနှင့်ကွာဟနေပါလျှင်ဤဖုန်းသို့ဆက်သွယ်၍မေးမြန်းတိုင်ကြားနိုင်ပါသည်။

ဖုန်း - 09793534259

E-mail : [email protected]

Website:www.myanmarpioneerstargroup.com
MPS.GROUP

Myanmar Pioneer Star Company မှဖြန့်ဖြူးရောင်းချသောဆေးဝါးများကိုပြည်နယ်နှင့်တိုင်း
အသီးသီးရှိအရောင်းကိုယ်စာလှယ်ဆိုင်များကို
ငါးတောင်သူဦးကြီးများသိရှိပြီလွယ်ကူစွာဝယ်ယူ
နိုင်ရန်အတွက်ဖော်ပြပေးလိုက်ပါသည်။

ကိုယ်စားလှယ်ဆိုင်များ
----------------------------
၁ ♥ ထန်းတပင်--------ကိုဇေယျာလွင် (နဲ့သမိန်ထန်းတပင်)
၀၉၂၅၄၇၃၈၂၄၁
၀၉၇၉၅၁၈၆၁၄၂

၂ ♥ ဒေးဒရဲ-------- ကိုဂျွန်ကြီး
၀၉၄၄၀၀၀၈၂၈၂

၃ ♥ မအူပင်-(ကိုယ့်စလှယ့်မရှိသေးပါ)ကိုယ့်စလှယ်ယူလိုသူများ
ရုံချုပ်သို့ဆက်သွယ်နိုင်သည်။
၀၉၇၉၃၅၃၄၂၅၉



၄♥ ဓနုဖြူ----------- ကိုနေအုပ်
၀၉၅၀၇၅၅၅၇

၅ ♥ ကျုံ ထနီး-----------ကိုအောင်ပိုင်
၀၉၇၉၆၆၄၈၅၁၇

၆ ♥ အင်းမ------------ ကိုမျိုးဦး
၀၉၄၂၃၆၉၂၆၆၅

၇ ♡ "ကမ္ဘာသစ်" ​ရောင်းဝယ်​ရေး
အမှတ်.H-223 က​နောင်မင်းသားကြီးလမ်း
52လမ်းနှင့်53လမ်းကြား|ပြည်ကြီးတံခွန်
မြို့နယ်၊စက်မှုဇုန်မန္တလေးမြို့
09 2013397,09772013397

E-mail:[email protected]
Websit:www.myanmarpioneerstargroup.com

ငါး/ပုစွန်အတွက်အခက်ခဲရှိခဲ့ရင်ဆက်သွယ်နိုင်
ပါသည်။
ငါးဆရာများ/ပုစွန်ဆရာများ
ကိုညီညီနိုင်-၀၉၇၈၉၁၃၈၁၈၃ (ပုစွန်ဆရာ)
ကို​ကျော်ထွန်း-၀၉၇၈၆၆၈၉၄၇၆(ငါးဆရာ)
ကိုလှမျိုး-၀၉၇၉၃၅၃၄၂၅၉ (ငါးဆရာ)

အောက်မြန်မာပြည် စက်ရုံ
----------------------------------
ကိုညွှန့်ရှိန်-လှိုင်သာယာရွှေလင်ပန်း
၀၉၇၈၀၆၅၀၉၁၆

အမှတ် , ၃၄၅ ,ကင်းဝန်မင်းကြီးလမ်း နှင့်မြတောင်ဝန်ကြီးဦးမှိုလမ်းထောင့်၊ရွှေလင်ပန်းစက်မှု
ဇုန်၊လှိုင်သာယာမြို့နယ် ၊ရန်ကုန် မြို့

အထက်မြန်မာပြည် စက်ရုံ
----------------------------------
ကိုဗိုလ်ဝင်း ၀၉၇၇၆၈၀၃၀၉၆
ကိုဇင်သူကျော် ၀၉၇၇၀၁၀၀၆၈၂

စကားအင်းအဝိုင်း ၊ တံတားဦး ကျေးရွာ ၊ မန္တလေးလေဆိပ်အနီး

ငါး/ ပုစွန် တောင်သူဦးကြီးများ လွယ်ကူစွာဝယ်ယူအားပေးနိုင်ရန်ဖော်ပြလိုက်ပါသည် ။

MPS.GROUP

03/04/2024

Envit - C
---------------
♥ ငါးသားပေါက်နှင့်ပုစွန်သားပေါက်ကဲ့သို့သော်
ရေနေသတ္တဝါတို့အတွက်Vit - Cကိုယ့်ခန္ဓှာစွမ်း
အားမြင့်မားစေရုံမကကျန်ခိုင်စေပြီသဘာဝအလျောက်
ဖန်တီးနိုင်ခြင်းမရှိသဖြင့်Envit-Cတွင်ပါဝင်​သော
L.ascorbyl - 2 - Polyphosphate ဖြင့်အစာ
အင်ဇိုင်းအကူအညီရယူကာVit - C အားပြည့်ဝစေသည် ။

♥ Vitamin - C အားတာရှည်တည်မြဲစွာရရှိစေရန် Envit -
C တွင်ပါဝင်သော အင်ဇိုင်းအကူအညီဖြင့်လွယ်လင့်
တကူအစာခြေခြင်းဖြင့်ရရှိနိုင်သည် ။

♥ အစာခြေစွမ်းရည်အားအင်ဇိုင်းအကူအညီဖြင့်လျှင်မြန်စေ
သဖြင့်ကြီးထွားနှုန်းနှင့်ရှင်သန်နှုန်းအားအရမ်းကိုတိုးမြင့်
စေသည့်အပြင်ကိုယ်ခံစွမ်းအားကိုမြင့်မားစေပါသည်။

အသုံးပြုပုံ
-------------
4 gm / 1kg အစာနှင့်ရောစပ်၍ကျွေးပေးပါ

Envit - C (500 gm ) -- 63000 ကျ ပ်

MPS.GROUP
E-mail:myanmarpioneerstargroup.com
Website:www.myanmarpioneerstargroup.com
စက်ရုံ-​ရွှေလင်ပန်းစက်မှုဇုံ၊ရန်ကုန်
အမှတ်၊၃၄၅၊ကင်းဝန်မင်းကြီးလမ်းနှင့်မြ​တောင်ဝန်ကြီးဦးမှို
လမ်း​ထောင့်၊​ရွှေလင်ပန်းစက်မှုဇုံ၊လှိုင်သာယာမြို့နယ်၊ရန်ကုန်
ဆက်သွယ်ရန်-09780650916
09258255083

Photos from Myanmar Pioneer Star's post 26/03/2024

More Weight အား​ဆေး
ပြတ်​နေတဲ့အချိန်ဒီ​ဆေးကို
သုံးကြည်​ပေးပါ
Probiozyme ​ဆေး​လေးကို
သုံးကြည့်​ပေးဖို့လို့လိမ်မယ်​နော်
More Weight အား​ဆေးက
၂ လ​လောက်​နေမှ​ရောက်မှာမို့လို့ပါ

Probiozymeဆိုတဲ့ငါး
ဆေးလေးကိုငါးတောင်သူ
ဦးကြီးများကိုမိတ်ဆက်ပေး
ချင်ပါတယ်။နောက်ထက်
အသစ်ထွက်လာသောဆေး
ကတော့( ငါးပုစွန်အစာစပ်
အင်ဇိုင်းအားဖြည့်ဆေး)လေး
ပါ။။

Probiozyme
ပရိုဘိုင်အိုဇိုင်းအင်ဇီမစ်
ငါး/ပုစွန်အစာစပ်အင်ဇိုင်း
အားဖြည့်ဆေး

ပါဝင်ထားမှုများ
---------
သဘာဝအခြေခံ ငါး/ပုစွန်
မွေးမြူရေးကုန်ထုတ်လုပ်
ငန်းများတွင်အသုံးပြုနိုင်ရန်
ခေတ်မှီသိပ္ပံနည်းကျပြုပြင်
ကာအချိုးကျရောစပ်ထားသည့်
အင်ဇိုင်းအမျိုးအစားဖြစ်ပြီးငါး/
ပုစွန်တို့၏အစာအိမ်နှင့်အူလမ်း
ကြောင်းအတွင်း၌မတူညီသော
အမျိုးမျိုးတို့တွင်တိကျသေချာ
စွာလုပ်ဆောင်မှုအမျိုးမျိုးပေး
နိုင်သော အင်ဇိုင်းအမျိုးအစား
ဖြစ်ပါသည်၊ငါးပုစွန်တို့၏ရှင်
သန်ကြီးထွားဖွံဖြိုးအသားတိုး
မှုတို့တွင်မရှိမဖြစ်လိုအပ်သည်
အမိုင်နိုအက်ဆစ်များ၊ဗီတာမင်
များ၊သတ္တုဓါတ်များ၊အသားဓါတ်
များနှင့်စနစ်တကျရွေးချယ်မွေးမြူ
ထားသည့်အကျိုးပြုအဏုဇီဝပိုး
(၅ မျိုး)ကိုဖြည့်စွက်ထုတ်လုပ်
ထားပါသည် ။
ပရိုဘိုင်အိုဇိုင်းသည်ဇီဝကမ္မဖြစ်စဉ်
အားဖြင့်ငါး/ပုစွန်တို့၏ခန္ဓာကိုယ်
အတွင်း၌အစာခြေအင်ဇိုင်းမျိုးစုံကို
ထုတ်ပေးကာအသားတိုးဇီဝကမ္မဖြစ်
စဉ်စွမ်းအင်ဇီဝကမ္မဖြစ်စဉ်ဗိုက်တာ
မင်နှင့်သတ္တုဓါတ်ဇီဝကမ္မဖြစ်စဉ်တို့
ကိုဖြစ်စေကာ ဘီဗိုက်တာမင်များ
အော်ဂဲနစ်အက်ဆစ်များပြုလုပ်ပေး
ပြီ ကြီးထွားဖွံဖြိုးစေသည်။အစာ၏
အကျိုးသက်ရောက်မှုကိုသိသာထင်
ရှားစွာမြှင့်တင်ပေးပါသည်။
ပရိုဘိုင်အိုဇိုင်းသည် ငါး/ပုစွန်တို့၏
အစာအိမ်နှင်အူလမ်းကြောင်းအတွင်း
အကျိုးပြုအဏုဇီဝပိုးများရှင်သန်ပွား
များစေပြီးအစာခြေအင်ဇိုင်းအမျိုးမျိုးတို့ဖြင့်ကိုယ်ခံအားတိုးမြှင့်ပေး
ကာ အသားတိုး၍ကြီးထွားမြန်စေ
ရန်ကူညီပေးပါသည်။
သဘာဝပတ်ကျင်နှင့်မွေးမြူထုတ်
ကုန်များတွင်ဘေးထွက်ဆိုးကျိုးဖြစ်
စေနိုင်သည့်အရာများကျွင်းကျန်နိုင်
ခြင်းလုံးဝ လုံးဝ မရှိပါ။

အကျိုးသက်ရောက်မှု
-------------
®ငါး/ပုစွန်တို့၏အစာချေဖျက်မှုနှင့်
အစာစားသုံးမှုစွမ်းရည်မြင့်မားစေ
ပြီကျန်းမာရေးကောင်းမွန်ကာအ
လေးချိန်တိုး၍ကြီးထွားနှုန်းမြန်စေ
ပါသည်။

®အစာကျေပျက်နိုင်မှုနည်းသည့်
အရာများကိုတိုးမြှင့်ချေဖျက်နိုင်
ခြင်းဖြင့်အစာခြေဖျက်နိုင်မှုစွမ်းရည်
ကိုပိုမိုမြင့်မားစေပြီးစွန်ထုတ်မှုလျော့
နည်းကာပတ်ဝန်းကျင်ညစ်ညမ်းမှု
ကိုလျော့နည်းကျဆင်းစေ၍အစာ
အမျိုးအစား၏အဟာရတန်ဖိုးကို
အမြင့်ဆုံးရရှိစေနိုင်ပါသည်။

®ပရိုဘိုင်အိုဇိုင်းသည်အညစ်ကြေး
ထုတ်မှုလျော့နည်းကျဆင်းစေ
သည်နှင့်အမျှပတ်ဝန်းကျင်ညစ်ညမ်း
မှုအခြေအနေလျော့နည်းစေပြီးမွေး
မြူထားသည့်ငါးများ၏ကိုယ်တွင်း
ကိုယ်ပတွင်အန္တရာယ်‌ဖြစ်စေနိုင်သည့်
အနာရောဂါပိုးမွှားများကပ်ငြိပေါက်
ပွားမှုများကိုကာကွယ်ဟန့်တားပေးနိုင်သည်။

®ပရိုဘိုင်အိုဇိုင်းသည်ငါး/ပုစွန်တို့
၏အစာအိမ်အတွင်း၌ရောဂါဖြစ်
စေသောဘက်တီးရီယားများကိုနှိမ်
နင်း၍အကျိုးပြုအဏုဇီဝပိုးမွှားများ
ကိုတိုးတက်ပွားများစေပါသည်။

®ပရိုဘိုင်အိုဇိုင်းသည်ဗိုက်တာမင်
ချို့တဲ့မှုကိုထိန်းညှိပေးခြင်းအစာ
၏အကျိုးသက်ရောက်မှုကိုမြှင့်တင်ပေးခြင်းအစာကုန်ကျစားရိတ်ကိုလျော့ချပေးနိုင်ခြင်းများအပြင်ပတ်
ဝန်းကျင်ညစ်ညမ်းမှုကိုပါလျော့ချပေး
နိုင်ပါသည်။

®ဖော့စဖရပ်စုပ်ယူမှုကိုကောင်းမွန်
စေခြင်းရေ၏အရည်အသွေးကို
မြှင့်တင်ပေးနိုင်ခြင်းငါး/ပုစွန်တို့၏
ခန္ဓာကိုယ်အရောင်အသွေးတောက်
ပစေပါသည်။

®သဘာဝဂေဟစနစ်ထိန်းသိမ်းမွေး
မြူခြင်းများတွင်ကျန်းမာရေးနှင့်
ညီညွတ်သောထုတ်ကုန်ထုတ်လုပ်ခြင်းအတွက်ညစ်ညမ်းမှုကင်းစင်ပြီး
ဘေးထွက်ဆိုးကျိုးကင်းစင်စွာဖြင့်
ဘေးကင်းလုံခြုံစိတ်ချစွာအသုံးပြု
နိုင်ပါသည်။

အသုံးပြုပုံ
-------

ငါးကြီး
အစာ 1တန်လျှင်=1-1.5kg

ငါးငယ်
အစာ1တန်လျှင်= 2kg

ရောစပ်၍အသုံးပြုရမည်။

ပုစွန်
အစာ1တန်လျှင်=2kg
အစာနဲ့ရောစပ်အသုံးပြုပါ

Rrobiozyme (1kg)-38000k

Photos from Myanmar Pioneer Star's post 12/03/2024

အပိုင်း(၂)

Basel မြေသြဇာ ၃ မျိုးကိုသုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

Fibrous Root (စပါး ၊ ဂျုံ ၊ ပြောင်း)

1.နီတို ရောဂါကို ကာကွယ်ပေးနိုင်ပါသည်
2.ပျိုးခင်းမှာ သုံးပါကပျိုးနုတ်ရလွယ်ကူပြီး ပျိုးချေးမကပ်ခြင်း နှင့် ပျိုးပင် အမြစ် ပွားလွယ်ပါသည်
3.အပင်များ ထောင်မတ်နေသဖြင့် ရိတ်သိမ်းရ
လွယ်ကူပြီး ရိတ်သိမ်းစရိတ် သက်သာ စေပါသည်
4.ရောဂါအနေဖြင့် မှည့်ပျောက်စွန်း၊ ဂုတ်ကျိုး အစရှိသည့် မှိုရောဂါများကို မဖြစ်အောင် ကာကွယ်ပေးနိုင်
ပါသည်

ဆီထွက်သီးနှံ (မြေပဲ ၊ နေကြာ၊ နှမ်း)

1. အစေ့အဆံ ပြည့်ဝစေခြင်း၊ မြေပဲအဆံချောင်ခြင်းတို့ကို ကာကွယ်ပေးသည်။
2. ဆီထွက်နှုန်းကို ပိုမိုကောင်းမွန်စေပါသည်။
3. အသီးအပွင့်အကြွေစောခြင်းမှလည်း
ကာကွယ်ပေးသည်။
4.ရောဂါအနေဖြင့်ခါးရိရောဂါ၊ ရွက်ခြောက်ရောဂါ၊ သံချေးတတ်ရောဂါ ၊ အညှာဆွေးတဲ့မျိုရောဂါများ၊ မြေအောင်းရောဂါတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်သည်။

ပဲမျိုးစုံ ( ပဲတီစိမ်း၊ ကုလားပဲ)

1. အမြစ်ဖုများ အားကောင်းစေပါသည်
2. အစေ့အဆံပြည့်ဝခြင်း ၊ အပင်ရေငတ်ခံနိုင်ခြင်း၊ အပွင့် ပွင့်၍ အသီးတင် များခြင်း၊ အသီးများ ပုပ်ရိမှု မရှိအောင်စွမ်းဆောင်ပေးနိုင်သည်
3.ရောဂါအနေဖြင့်Pigtiun, Fusariumအစရှိသည့် မှို ရောဂါများကို ထိရောက်စွာ ကာကွယ်ပေးနိုင်သည်။

ငြုပ်

1.အနံ့မွေးခြင်း ၊ အရောင်လှခြင်း၊အပင်သက်တမ်းကြာကြာခံ၍ ခူးချိန်ပိုရခြင်းအပြင်ငြုပ်အပုပ်နည်းခြင်းနှင့်ဖလံဖြူဖြစ်မှုကိုသက်သာစေပါသည်
2.ရောဂါအနေဖြင့်Die Back (ကိုင်းများခြောက်ရောဂါ) ကို ကာကွယ်ပေးသည်။

ကြက်သွန် (ဖြူ ၊နီ) ၊ မုန့်ညှင်း၊မုန်လာ

1.အနံ့မွေးခြင်း၊ ဥမပုပ်ခြင်း၊weight ချိန်စီးခြင်းနှင့်
ရုတ်တရက် မိုးရွာချလျှင် ရာသီဥတုဒဏ်ကိုခံနိုင်
စေပါသည်
2.ရောဂါအနေဖြင့်bacteria ကြောင့်အနံ့ထွက်ခြင်း
နှင့်မှိုရောဂါ များကို ကာကွယ်ပေးနိုင်သည်

ခရမ်းချဥ်

1. ခရမ်းချဥ်သီးဖင်မှာ ဂျွတ်တတ်သည့်ပြဿနာများကိုကာကွယ်ပေးနိုင်သည်
2.ရောဂါအနေဖြင့်Bacteria၊မှိုရောဂါများကို
ကာကွယ်ပေးနိုင်သည်

ဖရဲ၊သခွား

1.ပုံမှန်အားဖြင့်အသီးကို အကြီးတစ်လုံးနှင့်အသေးတစ်လုံးဖမ်းယူရာမှ မြေခံမြေဩဇာအစွမ်းကြောင့်
export quality မှီသည့်အကြီး၂လုံးဖမ်းယူနိုင်ပါ
သည်
2.ရောဂါအနေဖြင့်အစေးထွက်ရောဂါ၊ အရိုးကွဲတဲ့ရောဂါများကိုကာကွယ်ပေးနိုင်သည်

ကွမ်း

1. ရောဂါဖြစ်ပေါ်နှုံးနည်းသည့်အပြင် အရည်အသွေးကောင်းပြီးစျေးကွက်တွင်မျက်နှာပန်းလှသည့်
သန်သန်မာမာ ထွားထွားကြိုင်းကြိုင်း ကွမ်းညွှန့်များကိုရရှိနိုင်ပါသည်
2.ရောဂါအနေဖြင့်ဆီစွန်း၊ ဒေါင်းမြီးကွက်၊ သာလိကာမျက်စေ့၊ ရိုးမဲ ဆစ်ပြုတ် အစရှိသည့်
ရောဂါများကို ထိရောက်စွာ ကာကွယ်ပေးနိုင်သည်

ဝါ

​1.ရေအစိုဓာတ်ကိုကောင်းစွာထိန်းပေးထားနိုင်သည်
2.စုပ်ပိုး ဝါဂွမ်းပိုးနီ ရွက်လိပ်ရွက်စားပိုးတို့ကျ
ရောက်ခြင်းမှသက်သာစေပါသည်
3.မြေတွင်အပူအအေးမျှတစေပြီးလေဝင်လေထွက်ကောင်းစေသဖြင့်ဝါမြစ်မှအာဟာရကိုအလွယ်
တကူစုပ်ယူစားသောက်နိုင်သည်
4.ဝါချည်မျှင်အရည်အသွေးကိုတိုးတက်စေပြီး
ဝါဆီပါဝင်မှူ့မြင့်မားရေးကိုလည်းအထောက်
အကူပြုပါသည်

ဖော်ပြပါအကျိုးကျေးဇူးများကိုရရှိလိုပါကပိုင်အိုးနီးယားစတားမြေခံမြေဩဇာကိုမဖြစ်မနေသုံးစွဲကြပါ
လို့တိုက်တွန်းရင်း စိုက်ပျိုးသူများကြီးပွားချမ်းသာပြီး
သီးနှံများအထွက်တိုးစေရန်ဆုမွန်ကောင်းတောင်းအပ်ပါတယ်

နည်းပညာအကူအညီကိုရယူလိုပါက
ပညာရှင်ဦးမြင့်စိုး09421044916 သို့ဆက်သွယ်
မေး​ြမန်းနိုင်ပါတယ်
အရောင်းအဝယ်နှင့်ပတ်သက်ပြီးမေလဝန်း 095043327
သို့ဆက်သွယ်ဝယ်ယူနိုင်ပါတယ်

Photos from Myanmar Pioneer Star's post 09/03/2024

အပိုင်း(၁)

Soil Fertilization-မြေဆီလွှာဖွံ့ဖြိုးခြင်းဆိုသည်မှာ
အပင်ရှင်သန်ကြီးထွားစေရန်အတွက်မြေဆီလွှာ
ကောင်းမွန်အောင်ပြုလုပ်ခြင်း(သို့မဟုတ်)အပင်များရှင်သန်ကြီးထွားရေးအတွက်လိုအပ်သော အာဟာရ
ဓာတ်များအရေအတွက်နှင့်ပျော်ဝင်စားသုံးနိုင်မှူ့
အရည်အသွေးများဖြည့်တင်းပေးခြင်းကိုခေါ်ပါတယ်

မြေဆီလွှာဖွံ့ဖြိုးစေရန်ပြုလုပ်ပေးရာတွင်သီးနှံအပင်
များအတွက်လိုအပ်သောအာဟာရဓာတ်များချို့တဲ့
ခြင်းနှင့်လွန်ကဲခြင်း(excess)ကြောင့်အဆိပ်သင့်
ခြင်းမဖြစ်အောင်အဓိကထားဆောင်ရွက်ရပါတယ်
ဒါမှသာ သီးနှံပင်များအထွက်နူန်း(yield)နှင့်
အရည်အသွေး(quality)အပြည့်အဝရရှိမှာဖြစ်ပါ
တယ်

ယနေ့မြန်မာနိုင်ငံတွင်စိုက်ပျိုးထုတ်လုပ်နေတဲ့
သီးနှံအများစုသည်အာဟာရမျှတခြင်းမရှိပဲ
ဓာတ်မြေဩဇာတစ်မျိုးထဲသုံးစွဲနေတဲ့အတွက်
ထွက်ရှိတဲ့သီးနှံအရည်အတွက်နဲ့အရည်အသွေး
မှာမြင့်မားမှူ့မရှိကြောင်းတွေ့ရှိရပါတယ်
၎င်းအပြင်နောက်ဆက်တွဲပြဿနာအဖြစ်
ပိုးမွှားနှင့်မှိူရောဂါများများပြားလာရျ်စိုက်ပျိုးသူများ
အနေနဲ့ပိုးသတ်ဆေးနဲ့မှိူသတ်ဆေးများ
ဝယ်ယူသုံးစွဲရတဲ့အတွက်တစ်ဧကကုန်ကျစရိတ်
ပိုမိုများပြားလာတာစိုက်ပျိုးသူတွေအသိပဲဖြစ်ပါ
တယ်
မြေဆီလွှာများလည်းတစ်နှစ်ထက်တစ်နှစ်ပိုမိုညံ့ဖျင်းလာပြီးတော့မြေကြပ်ခြင်းထွန်ယက်ရန်
ခက်ခဲခြင်းအပင်ပေါက်များညံ့ဖျင်းခြင်းတို့ကို
မြင်တွေ့ခံစားနေရပြီဖြစ်လို့ ဓာတ်မြေဩဇာ
တစ်မျိုးတည်းသုံးစွဲတာထက် သဘာဝမြေဩဇာ
များကိုပါမဖြစ်မနေပူးတွဲသုံးသွဲပြီးမြေဆီလွှာ
ပြုပြင်ခြင်းကိုတပါတည်းပြုလုပ်ပေးရပါမယ်

သဘာဝမြေဩဇာ၂မျိုးရှိပါတယ်
၁-စွန့်ပစ်ပစ္စည်းများဖြစ်ကြသောသစ်ရွက်ဆွေး
မြေဆွေးနှင့်တိရိစ္ဆာန်အညစ်အကြေးမှရရှိသော
မြေဩဇာအမျိုးအစားဖြစ်ပါတယ် အသုံးပြုရန်
လွယ်ကူပါတယ် စိုက်ပျိုးသူများနှင့်အရင်းနှီး
အကျွမ်းဝင်ဆုံးမြေဩဇာဖြစ်သော်လည်းလက်ရှိ
တွင်ရရှိရန်မလွယ်ကူပါ
၂-သဘာဝတွင်းထွက်ကျောက်(သို့)သဘာဝအရင်းအမြစ်မှတိုက်ရိုက်ထုတ်လုပ်ပြီးဓာတုပစ္စည်း
များလုံးဝမပါဝင်သောမြေဩဇာများဖြစ်ပါတယ်
ရရှိရန်လွယ်ကူပါတယ်
ပိုင်အိုးနီးယားစတားမြေခံမြေဩဇာများဖြစ်တဲ့
ထုံး(calcium) ဆာလ်ဖာ(sulphur) မဂ္ဂနီစီယမ်(magnesium)နဲ့ဆီလီကိတ်(silicate)တို့သည်နံပါတ်၂ သဘာဝမြေဩဇာအုပ်စုတွင်ပါဝင်ပါသည်

ပိုင်အိုးနီးယားစတားမြေခံမြေဩဇာ၃မျိုးဖြစ်တဲ့
ထုံး(calcium) ဆာလ်ဖာ(sulphur)
မဂ္ဂနီစီယမ်(magnesium)နဲ့
ဆီလီကိတ်(silicate)တို့ကိုသုံးစွဲမယ်ဆိုရင်
မြေဆီလွှာကိုဖွံ့ဖြိုးစေရုံသာမကပဲ အပင်များအတွက်
အာဟာရတန်ဖိုးကိုပါလိုသလောက်ပြည့်ပြည့်ဝဝ
ရရှိမှာဖြစ်လို့ဖော်ပြပါအကျိုးကျေးဇူးတွေကိုရရှိစေမှာပါ

အပိုင်း(၂)ဆက်ပါမည်
မျှော်........ရန်

MPS.GROUP
Email: [email protected]
Website:www.myanmarpioneerstargroup.com

Photos from Myanmar Pioneer Star's post 04/03/2024

မိမိငါးကန်ထဲသို့ပေါင်းသတ်ဆေးများဖိတ်စင်ခဲ့
လို့စိတ်ညစ်နေလား..... ?
Zeoliteရှိတယ်ဒါကြောင့်မလို့Zeoliteဆောင်
ထားမမှားဘူးလို့ပြောချင်ပါတယ်။

♥တွေ့အကြုံ့လေးတခုပါမိမိအသုံးပြုနေတဲ့ငါးကန်ဟာနေလှန်းနေတဲ့အချိန်ပဲဖြစ်ဖြစ်|အခြားအချိန်ပဲ
ဖြစ်ဖြစ်မိမိမြေကြီးရဲ့မြေသြဇာကောင်းမွန်မှုကြောင့်မြက်ပင်,ပေါင်းပင်များ,အရမ်းပေါက်ရောက်နေရင် စိတ်လိုက်မာန်ပါပေါင်းသတ်ဆေးများကိုမသုံးစေချ ချင်ပါဘူး|အထူးသဖြင့်မိမိရဲ့ငါးကန်ထဲသို့ပေါင်း
သတ်ဆေးများဖိတ်စင်ခဲ့ရင်ငါးကန်ထဲသို့ကျရောက်ခဲ့ရင်လည်းအမြန်ဆုံးပြုပြင်သင့်ပါတယ်။

♥နေလှန်းနေတဲ့အချိန်မှာရေများမရှိပဲမိမိမြေကြီးရဲ့ကောင်းမွန်မှုကြောင့် မြက်ဖုတ်|မြက်ခင်း|မြက်ပင်များ|ပေါင်းပင်များပေါက်ရောက်နေခဲ့လိုပေါင်းသတ်ဆေးကိုအသုံးပြုခဲ့ရင်လည်းအရမ်းစိတ်မညစ်ပါနဲ့အဖြေရှိပါတယ်။ပေါင်းသတ်ဆေးကိုအသုံးမပြုခဲ့ ရင်ပိုကောင်းမွန်ပါတယ်။

မိမိ ငါးကန်ဟာနေလှန်းချိန်မဟုတ်ပဲမိမိငါးကန်ဘောင်ကမြက်ဖုတ်,မြက်ခင်း,မြက်ပင်,ပေါင်းပင်များကိုပေါင်းသတ်ဆေးသုံးလို့မတော်တဆမိမိငါးကန်ထည့်သို့ကျရောက်ခဲ့ရင်လဲစိတ်မညစ်ပါနဲ့နည်းနည်းတော့အလုပ်ရှုပ်တာ‌ပေါ့အရင်ဦးဆုံးမိမိကန်ရဲ့ရေအနက်၅ပေရှိခဲ့ရင်၂ပေလောက်ကိုရေထုတ်/ရေသွင်းလုပ်လိုက်ပါပြီရင် ACTIVATED ZEOLITE ကိုတဧကကို-25kg -၄အိတ်နှုန်းပတ်ကြဲလိုက်ပါ။မလိုလားတဲ့အဆိပ်အတောက်များဖယ်ရှားပေးပါတယ်။နောက်တခုပြောချင်ပါသေးတယ်....
တယောက်ယောက်ကမလိုလို့မိမိငါးကန်ကိုဆေးသုံးတာချက်ခြင်းသိခဲ့ရင်ပထမဦးဆုံးလုပ်ရမှာကရေထုတ်ရေသွင်းကိုအမြန်ဆုံး ၂ပေမှ ၃ပေ လုပ်လိုက်ပါ ရေထုတ်ပြီလို့ ရေသွင်းပြီခဲ့ရင် Zeolite ကို တဧက ရေအနက် ၃ပေ ကို ၄အိတ်နှုန်းအသုံးပြု ပြီ၅ရက်သိပ်ထားပြီမိမိကန်ရေ ၂ ပေခန့်အထုတ်အသွင်းလုပ်၍ရေ ၂ ပေပြန်သွင်းချိန် Zeolite ကိုတဧက ရေအနက် ၃ပေZeolite [25kg]၁အိတ်နှုန်းထည့်သွင်းပေးပါ။‌နောက်တနေ့မနက်ပိုင်းတွင်၁ဧကရေ
အနက်၃ပေ O2 Gen Tab (1kg)-၁ထုတ်နှုန်းကို
ငါးကန်ထဲသို့ထည့်သွင်းပေးပါ။အဆိပ်အတောက်များစုပ်ယူပြီနဂိုမူလရေကိုပြန်လည်ရရှိပါလိမ့်မည်။

E-mail: [email protected]

Website:www.myanmarpioneerstargroup.com

MPS. GROUP Write

Photos from Myanmar Pioneer Star's post 29/02/2024

ရေချိုပုစွန်များဖြစ်တက်သောရောဂါမှို/ပါးဟပ်မဲခြင်း Fusarium Sps မှိုရောဂါ

ရာသီဥတု အကူးအပြောင်းကာလဖြစ်သောယခုကဲ့သို့အချိန်များတွင်ပုစွန်မွေးမြူရေးကန်များ
၌ရေအရည်အသွေးမတည်ငြိမ်မှု၊ ရေထုဆိုင်ရာဂုဏ်သတ္တိများ ဓာတုဗေဒ အချ က်အလက်များ
အတက်ကျ မြန်မှုနေ့နှင့်ညကွာခြားချက်ကြီးမားတို့ဖြစ်ပေါ်စေတက်ပါသည် ။
ယင်းအခြေအနေသည်ရေထုသာမကမွေးမြူ ထားသောပုစွန်များအတွက်လည်းအနှောင့်အယှက်
ဖြစ်ပေါ်စေနိုင်သည့်အတွက်အစာစားနှုန်းကျဆင်းမှု ၊ပြင်ပရောဂါများလွယ်လင့်တကူဝင်ရောက်
နိုင်မှုတို့ကိုသတိတရပ်ဖြစ်ပေါ်စေပါသည် ။

အထူးသဖြင့်ပါးဟပ်မဲခြင်း ၊ ကပ်ပါးပိုးနှင့်ဘတ်တီးရီးယားပိုးများဝင်ရောက်သဖြင့်ပုစွန်၏ခန္ဓာကိုယ်
အမြီးပိုင်းများ ၊ ခြေဆစ်များပြတ်တောက်၍အချိန်ကြာလာပါကပုစွန်များသေဆုံးနိူင်သည်အထိပြင်း
ထန်ကာမိမိရည်မှန်းချ က်ထုတ်ကုန်ကိုထိခိုက်ကျ ဆင်းစေသည်အထိအန္တရာယ်ဖြစ်ပေါ်လာနိုင်ပါ
သည် ။
ပါးဟပ်မဲခြင်းသည်မွေးမြူသောကန်၏အောက်ခြေမသန့်ရှင်းမှု၊အစာအလွန်အကျွံကျွေးမှုမှအစာ
အကျ န်များအနယ်ထိုင်မှု၊မြေမဲ (Black Soil) ဖြစ်ပေါ်မှု ၊အနယ်ထနှုန်းများမှုတို့အပြင် Fusarium
Sps မှိုရောဂါစွဲကပ်လာနိုင်ပါသည်။

ပါးဟပ်မဲခြင်းရောဂါမှကာကွယ်ရန်မွေးမြူ ရေးကန်ရေကိုကောင်းမွန်စွာထားရှိရန်လိုအပ်ပြီ၊လိုအပ်
လာပါက Bottom - Lact နှင့် Indozeo (Indonesia)တို့နှင့်ကန်အောက်ခြေကိုသန့်ရှင်းနိုင်ပါသည် ။
Fusarium Sps မှိုကြောင့်ဖြစ်လာသောပါးဟပ်မဲခြင်းရောဂါအတွက် Gil Careကိုတဧကလျှင်
မိမိကန်မှရေလီတာ၆၀ခန့်ရောစပ်၍ပက်ဖြန်းကုသနိုင်ပါသည်။နောက်တနေ့တွင်O2 Gen Tab
ဆေးကိုထည့်သွင်းပေးပါ။

ကပ်ပါးပိုးနှင့်ဘက်တီးရီးယားပိုးများ ၊မြေမဲခြင်း Black Soil များ ၊ ဘက်တီးရီး ယားပိုးများ
ကြောင့်ဖြစ်ပေါ်စေသောခန္ဓာကိုယ်ပြင်ပထိခိုက်မှုများအတွက် Zeo - Probကိုတစ်ဧကလျှင်တစ်
အိတ်နှုန်းထည့်သွင်း၍ကာကွယ်ကုသနိုင်ပါသည် ။

အထူးမှတ်ချ က် ။ ။ ဆေးပတ်/ဆေးဖြန်း ၍ ၂ ရက်မှ ၃ရက်အတွင်းရေလဲလှယ်ခြင်းမပြုလုပ်ရပါ ၊။

ရေလုပ်ငန်းတောင်သူဦးကြီးများအနေနဲ့သိချင်တာများမေးမြန်းစုံစမ်းနိုင်ရန်အတွက်....
ပုစွန်ဆရာကိုညီညီနိုင်
09422497321ဆက်သွယ်ပေးပါ

Email: [email protected]
Website:www.myanmarpioneerstargroup.com
MPS.GROUP

26/02/2024

MPS ဆိုင်ခွဲများ၊ကိုယ်စလှယ့်ဆိုင်များ
တည်​နေရာနှင့်ဖုန်းနံပါတ်များ၊အထက်
မြန်မာပြည် ၊​အောက်မြန်မာပြည် စက်ရုံ
လိပ်စာနှင့်ဖုန်းနံပါတ်များ ။

Myanmar Pioneer Star ငါး/ပုစွန်ဆေး
များအလွယ်တကူရနိုင်​သောမြို့နယ်အသီးသီး
ရှိMPSဆိုင်ခွဲများ/ကိုယ့်စလှယ်ဆိုင်များ
MPSဆိုင်ခွဲများနှင့်စက်ရုံများ
ကိုယ်စလှယ်များနေရာနှင့်ph
နံပါတ်များရေးပေးထားသည်။
ငါးတောင်သူဦးကြီးများလွယ်ကူစွာ
ဝယ်ယူနိုင်ရန်အတွက်၊အထက်
မြန်မာပြည်၊အောက်မြန်မာပြည်
စက်ရုံများနှင့် MPS တိုက်ရိုက်လက်
အောက်ခံဆိုင်ခွဲများကို Post တင်ပေး
လိုက်ပါသည်။

ရန်ကုန် ရွှေလင်ပန်းစက်မှုဇုန် [ 2 ]
--------------------------------------.
ကိုညွှန့်ရှိန် (ရွှေလင်ပန်းစက်မှုဇုန်)
၀၉၇၈၀၆၅၀၉၁၆

အမှတ်[၃၄၅]ကင်းဝန်မင်းကြီးလမ်းနှင့် မြတောင်ဝန်ကြီး ဦးမှို လမ်းထောင့် ရွှေလင်းပန်းစက်မှုဇုန်
လှိုင်သာယာ မြို့နယ် ၊ ရန်ကုန်။

တံတားဦးလေဆိပ်အနီး [1 ]
----------------------------------
မန်းလေး [တံတားဦး မြို့နယ် ]

ကိုဗိုလ်ဝင်း [ ၀၉၇၇၆၈၀၃၀၉၆]
ကိုဇင်သူကျော်[၀၉၇၇၀၁၀၀၆၈၂]

ဖောက်သည်ဝန်ဆောင်မှူ့ဌာန
-~~~~~~~~~~~~~~~~~~~
မမေလဝန်း [၀၉၅၀၄၃၃၂၇]

Myanmar Pioneer Star Co.Ltd မှ Companyစက်ရုံစျေးနှုန်းဖြစ်ရောင်းချပေးနေသောMPSဆိုင်ခွဲ များကိုဖော်ပြပေးပါမည်။

၁) ထောက်ကြန့်ဆိုင်ခွဲ MPS တိုက်ရိုက်လက်ခွဲ
အရောင်းတာဝန်ခံ - ကိုတင်အောင်ကို
ဖုန်း - 09257378729

၂) တွံတေးဆိုင်ခွဲ MPS တိုက်ရိုက်လက်ခွဲ
အရောင်းတာဝန်ခံ - မရွှန်းပြည့်
ဖုန်း - 09769826938

၃) ပန်းတနော် ဆိုင်ခွဲ MPS တိုက်ရိုက်လက်ခွဲ
အရောင်းတာဝန်ခံ - ကို​ဝေယံမင်း
ဖုန်း - 09694916721

၄) ဆားမလောက်ဆိုင်
MPSတိုက်ရိုက်လက်ခွဲရန်ကုန်
ပုသိမ်အဝေးပြေးလမ်းကြီးပေါ်မိုင်
တိုင် 29/2 (29မိုင် 2ဖာလုံ)ရှေ့
ပြောင်းရွှေ့၍ဆိုင်ဖွင့်ထားပါတယ်
ယခင်နေရာမဟုတ်တော့ပါ

အရောင်းတာဝန်ခံ - ကိုအောင်အောင်
ဖုန်း - 09777485388

၅) ခရမ်း ပဲခူးလမ်းမကြီးဘေး
အမှတ်- ၇ ရပ်ကွက်ခရမ်းဘိုးဘွားရိပ်သာ
မျက်နှာချင်းဆိုင်းမှာMPSတိုက်ရိုက်လက်
ခွဲဆိုင်ဖွင့်ထားပါတယ်။
အရောင်းတာဝန်ခံ - ကိုလှမြင့်
ဖုန်း - 09795982361

၆)လက်ပံတန်းမြို့ ဆိုင်ခွဲ MPS တိုက်ရိုက်လက်ခွဲ
အမှတ် ၂၆ ,ကံကြီးလမ်း ,လက်ပံတန်း မြို့ ။
အရောင်းတာဝန်ခံ ကိုထွန်းထွန်း
ဖုန်း ၀၉၇၉၉၅၆၁၆၇၀

၇)ပုသိမ်မြို့ဆိုင်ခွဲ MPS ခဏပိတ်ထား
ပါသည်။

၈)မတ္တရာ၊ဆိုင်ခွဲMPSယာယီပိတ်ထားသည်။

၉)ရွှေဘို မြို့ MPS ဆိုင်ခွဲ
အရောင်းတာဝန်ခံ -
ဖုန်း - 09795768575

PS . ရွှေဘိုဆိုင် နှင့် ပုသိမ်ဆိုင် တို့သည်
စက်ရုံဈေးနှုန်း 500 ကျပ်ကွာဟမှုရှိပါသည်။
သယ်ယူပို့ဆောင်စရိတ်ကြောင့်နည်းငယ်ကွာဟ
ပါသည်။

ဤဆိုင်ခွဲ[ ၉ ]ခုတို့သည် Company မှချ မှတ်ထားသောစျေးနှုန်းများနှင်သာရောင်းချ ပေးနေပါသည်။ တကယ်လို့စျေးနှုန်းများသည် Company စျေးနှုန်းများနှင့်ကွာဟနေပါလျှင်ဤဖုန်းသို့ဆက်သွယ်၍မေးမြန်းတိုင်ကြားနိုင်ပါသည်။

ဖုန်း - 09793534259

E-mail : [email protected]

Website:www.myanmarpioneerstargroup.com
MPS.GROUP

Myanmar Pioneer Star Company မှဖြန့်ဖြူးရောင်းချသောဆေးဝါးများကိုပြည်နယ်နှင့်တိုင်း
အသီးသီးရှိအရောင်းကိုယ်စာလှယ်ဆိုင်များကို
ငါးတောင်သူဦးကြီးများသိရှိပြီလွယ်ကူစွာဝယ်ယူ
နိုင်ရန်အတွက်ဖော်ပြပေးလိုက်ပါသည်။

ကိုယ်စားလှယ်ဆိုင်များ
----------------------------
၁ ♥ ထန်းတပင်--------ကိုဇေယျာလွင် (နဲ့သမိန်ထန်းတပင်)
၀၉၂၅၄၇၃၈၂၄၁
၀၉၇၉၅၁၈၆၁၄၂

၂ ♥ ဒေးဒရဲ-------- ကိုဂျွန်ကြီး
၀၉၄၄၀၀၀၈၂၈၂

၃ ♥ မအူပင်-(ကိုယ့်စလှယ့်မရှိသေးပါ)ကိုယ့်စလှယ်ယူလိုသူများ
ရုံချုပ်သို့ဆက်သွယ်နိုင်သည်။
၀၉၇၉၃၅၃၄၂၅၉



၄♥ ဓနုဖြူ----------- ကိုနေအုပ်
၀၉၅၀၇၅၅၅၇

၅ ♥ ကျုံ ထနီး-----------ကိုအောင်ပိုင်
၀၉၇၉၆၆၄၈၅၁၇

၆ ♥ အင်းမ------------ ကိုမျိုးဦး
၀၉၄၂၃၆၉၂၆၆၅

၇ ♡ "ကမ္ဘာသစ်" ​ရောင်းဝယ်​ရေး
အမှတ်.H-223 က​နောင်မင်းသားကြီးလမ်း
52လမ်းနှင့်53လမ်းကြား|ပြည်ကြီးတံခွန်
မြို့နယ်၊စက်မှုဇုန်မန္တလေးမြို့
09 2013397,09772013397

E-mail:[email protected]
Websit:www.myanmarpioneerstargroup.com

ငါး/ပုစွန်အတွက်အခက်ခဲရှိခဲ့ရင်ဆက်သွယ်နိုင်
ပါသည်။
ငါးဆရာများ/ပုစွန်ဆရာများ
ကိုညီညီနိုင်-၀၉၇၈၉၁၃၈၁၈၃ (ပုစွန်ဆရာ)
ကို​ကျော်ထွန်း-၀၉၇၈၆၆၈၉၄၇၆(ငါးဆရာ)
ကိုလှမျိုး-၀၉၇၉၃၅၃၄၂၅၉ (ငါးဆရာ)

အောက်မြန်မာပြည် စက်ရုံ
----------------------------------
ကိုညွှန့်ရှိန်-လှိုင်သာယာရွှေလင်ပန်း
၀၉၇၈၀၆၅၀၉၁၆

အမှတ် , ၃၄၅ ,ကင်းဝန်မင်းကြီးလမ်း နှင့်မြတောင်ဝန်ကြီးဦးမှိုလမ်းထောင့်၊ရွှေလင်ပန်းစက်မှု
ဇုန်၊လှိုင်သာယာမြို့နယ် ၊ရန်ကုန် မြို့

အထက်မြန်မာပြည် စက်ရုံ
----------------------------------
ကိုဗိုလ်ဝင်း ၀၉၇၇၆၈၀၃၀၉၆
ကိုဇင်သူကျော် ၀၉၇၇၀၁၀၀၆၈၂

စကားအင်းအဝိုင်း ၊ တံတားဦး ကျေးရွာ ၊ မန္တလေးလေဆိပ်အနီး

ငါး/ ပုစွန် တောင်သူဦးကြီးများ လွယ်ကူစွာဝယ်ယူအားပေးနိုင်ရန်ဖော်ပြလိုက်ပါသည် ။

MPS.GROUP

Photos from Myanmar Pioneer Star's post 22/02/2024

Myanmar Pioneer Star
Companyမှဆရာကြီးဦးအောင်
ကြည်(မဟာသိပ္ပံ)ရေးသားခဲ့သော
ရေချိုငါးမွေးမြူရေးပညာစာအုပ်နှင့်
ရောစပ်စာဖော်စပ်စာအုပ်တို့ရောင်းချ
ပေးနေပါပြီဆရာကြီးစာအုပ်များကို
ငါးတောင်သူဦးကြီးများဖတ်ရှုလေ့လာ
ပြီဗဟုတုသရစေလိုငှာ.....
ဘယ်စာအုပ်ဆိုင်များမှာမတင်ပါ
ဝယ်ယူလို့ရနိုင်သောနေရာများမှာ
MPS ဆိုင်ခွဲများနှင့်ရုံးချုပ်တွင်ဝယ်
ယူနိုင်ပါသည်။

ရုံးချုပ်လိပ်စာ
အမှတ် 21,သီရိဟေမာလမ်း၊ဇဝနရပ်ကွက်၊သင်္ဃန်း
ကျွန်းမြို့နယ်၊ရန်ကုန်

ရေချိုငါးမွေးမြူရေး -- 15000 ကျပ်
လက်တွေ့ဖော်စပ်စာ -- 15000 ကျပ်

မှတ်ချက်
ရေချိုငါးမွေးမြူရေးစာအုပ်နှင့်လက်တွေ့ဖော်စပ်စာ
မရတဲ့တောင်သူများရှိသဖြင့်အနည်းငယ်သာထုတ်ဝေထားပါသည်။မကြာခင်ရေချိုပုစွန်ထုတ်ကြီး
မွေးမြူနည်းရေငန်ပုစွန်မွေးမြူနည်းစာအုပ်ထုတ်
ဝေပေးပါမည်အနည်းငယ်တော့စောင့်ပေးရပါမည်။။

MPS.GROUP

E-mail: [email protected]

Website:www.myanmarpioneerstargroup.com

Photos from Myanmar Pioneer Star's post 19/02/2024

နွေဦးကာလအတွင်းငါးသေဆုံးမှုလျော့နည်းရန်
-------------------------------------------------------------
အပူချိန်မြင့်မားသည်နွေရာသီကာလကိုရောက်ရှိနေပါသည်၊ ငါးမွေးမြူရေးလးလုပ်ငန်းများတွင်ငါးသေဆုံးမှုလျော့နည်းအောင်သတိပြုမိစေရန်(1)
ရေထုညစ်ညမ်းမှု (2)ရေသြဇာပွားများမှု(3)
pHLevelအတက်အကျမငြိမ်မှုတို့ကိုထိန်းသိမ်းတက်ရန်တို့ဖြစ်ကြသည်။
ယခုကာလသည်အရမ်းပူပြင်းသည်ကာလဖြစ်နေပါသည်ထို့ကြောင့်ရေအပူအချိန်သည်တဖြည်းဖြည်းမြင့်တက်လာသည့်အမျှငါးတို့သည့်လည်းငါး၏
ခန္ဓာကိုယ်ကိုရေအပူချိန်နဲ့လိုက်လျောညီထွေဖြစ်
အောင်ကျင့်သားရလုပ်ရသလိုနေအပူချိန်ကြောင့်မိမိpH Levelသည်တဖြည်းဖြည်းနဲ့မြင့်တက်လာ
ကာငါးတို့အတွက်စိတ်ဖိစီးမှုတို့ကိုရင်ဆိုင်နေရပါတော့သည်။ဤအချိန်တွင်ငါးတို့အတွက်မရှိမဖြစ်လိုအပ်သောOxygenပျော်ဝင်နှုန်းတို့သည်လည်း
တဖြည်းဖြည်းနှင့်လျော့နည်းလာပါတော့သည်။
တကယ်လို့များမိမိငါးကန်ရေထုကညစ်ညမ်းနေမယ်၊ကန်အောက်ခြေမှာအနည်အနှစ်တွေများပြီ
စုပုံနေမယ်ဆိုရင်ကပ်ပါးရောဂါတွေ၊ဘတ်တီးရီ
ယားပိုးမွှား၊တွေရဲ့တိုက်ခိုက်မှုကိုခံရတက်ပါတယ်။ကန်တိုင်းမှာကပ်ပါးပိုး​တွေအနည်းနဲ့အများရှိတက်
ပါတယ်။

မိမိကန်ဟာ Oxygen အရည်သွေးကျဆင်းနေရင်မိမိငါးဟာလှုပ်ရှားမှုများပြီြီအရမ်းကိုမောပမ်းနေပါလိမ့်မယ်ငါးများသေဆုံးသည်အခါငါးများ၏ကျော
ကုန်း,ဝမ်းဗိုက်,အမြီးတို့တွင်ကြေးခွံပွခြင်း၊မျက်လုံး
များပြူးထွက်နေခြင်း,အမြီးများတွင်ဒေါင့်လိုက်အစင်းကြေးခွံပွနေခြင်း၊ကျွတ်ထွက်​နေခြင်း၊ငါး၏
နုတ်ခမ်းများပုံမှန်မဟုတ်ပဲကြီးနေခြင်း၊ပါးစပ်နှင့်ပါးဟပ်တို့တွင်ရွှံ့ဝင်​နေခြင်း၊အချွဲ့များရှိ​နေခြင်းပါးဟပ်များပျက်စီးနေခြင်းတွေ့ရှိရတက်ပါတယ်။

pH level အတက်အကျမငြိမ်မှုတွင်ငါးများခန္ဓာကိုယ့်များနှေးကွေးလာပြီ ငါးများ၏ခန္ဓာကိုယ်တွင်​သွေးယိုစီးမှုများဖြစ်လာကာငါးခန္ဓာကိုယ့်တွင်အနီကွက်
များရှိခြင်း,သွေးရောင်လွှမ်းကာနီရဲနေချင်တို့တွေ့
ရတက်ပါသည်။
ဒီလိုရင်ဆိုင်နေချိန်မှာကုသခြင်းများမရှိခဲ့ပါလျှင်ကပ်ပါးပိုးသို့ကူးစက်၍ပိုပြီစိတ်ညစ်ရမည်ဖြစ်ပါသည်။
မိမိကန်ကိုရေသြဇာထိမ်းသိမ်းနိုင်ရပါမည်/မိမိကန်ရေထုသန့်စင်အောင်ထိမ်းသိမ်းရပါမည်/​နွေရာသီကာလမှာအစာချင့်ချိန်ကျွေးမွေးတက်ရပါမည်
/ pH level အတက်အကျကိုသိရှိနားလည်ရပါ
မည်။မိမိငါးကန်‌ငါးသေနေတာဘာဖြစ်လို့သေ
တာလဲဆိုတာသိရှိဖို့လိုပါသည်။
မလိုလားအပ်ပဲပိုးသတ်ဆေးများကိုမသုံးသင့်ပါ/မလိုလားအပ်ပဲမြေဆီများမသုံးသင့်ပါ ။
ထုံး/ဓာတ်ဆားများမလိုလားအပ်ပဲမသုံးသင့်ပါ ။

E-mail:[email protected]
Website:www.myanmarpioneerstargroup.com

MPS.GROUP

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ငါးမွေးမြူရေးကန်တကန်၏အလင်းရောင်သက်ဆိုင်မှုများ....!​မွေးမြူ​ရေးကန်တကန်၏အပူချိန်များ....!မွေးမြူရေးကန်တကန်တွင်အလင်းရောင်မ...
ငါးမွေးမြူရေးကန်တကန်၏အလင်းရောင်သက်ဆိုင်မှုများ....!​မွေးမြူ​ရေးကန်တကန်၏​ရေအပူချိန်များ....!မွေးမြူရေးကန်တကန်တွင်အလင်းရော...

Telephone

Address


No. 21, Thirihaymar Street, Zawana Block, Thingangyun Township
Yangon

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Saturday 09:30 - 15:00

Other Community Centers in Yangon (show all)
Grand OTTO Grand OTTO
Yangon, 11401

Connection is essential more than you think

Dr.AT Onlineshop Dr.AT Onlineshop
Bahan
Yangon

အတု အပ မရှိ Malegenix အမျိုးသားသောက်ဆေးအရောင်းဆိုင်

LiverHelp - သင့်ကျန်းမာရေးအတွက် LiverHelp - သင့်ကျန်းမာရေးအတွက်
Yangon
Yangon

LiverHelp - သင့်ကျန်းမာရေးအတွက်

Ftth Internet Service Ftth Internet Service
Yangon

☎️ 09697291029

Ambetflik0fficial Ambetflik0fficial
8/90 Hlaing
Yangon, 11181

ငွေကြေးတောင့်တင်းခိုင်မာပြီး နာမည်ပျက် မရှိတဲ့ အကောင်းဆုံးအော်တို ဂိမ်းဆိုက်

မင်းတုန်းမင်း ဆေးဆိုင် မင်းတုန်းမင်း ဆေးဆိုင်
Bahan
Yangon

Hammer Of Thor Oil Hammer Of Thor သောက်ဆေး

Prevent Yangon Prevent Yangon
အမှတ်၈၇၈၊ ၁၄စျေးဘေး၊ တောင်ငူလမ်း၊ရုံးရှေ့မှတ်တိုင် လှိုင်သာယာ။
Yangon, 11401

Prevent is a page where you can find useful information about all HIV prevention tools. You can also reach out experts anonymously to ask your questions. This page is created by Me...

ထိပ်စီး ဘုရင် Thai Stork Hot Top ထိပ်စီး ဘုရင် Thai Stork Hot Top
Yangon

စေတနာရှင် 09-754-247-042 မန်ဘာမခေါ် ပေါက်ပေးမခေါ်ဘူး စေတနာနဲ့တင်ပေးတာပါ

TVET Myanmar TVET Myanmar
Yangon
Yangon

To support community to establish a small business.

Abundant Life Center Abundant Life Center
No. 5/66, Chindwin 4th Street, 67 Ward, East Dagon Seikkan Township
Yangon, 11431

Building a better community with the love of Christ

MOCHI MOCHI
Yangon, YANGON

I live in a world where compassion and morals are broken 👽