ရတနာဗောဓိ Meditation Center Hlegu

ရတနာဗောဓိ Meditation Center Hlegu

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရတနာဗောဓိ Meditation Center Hlegu, Meditation Center, Yangon-Mandalay Highway Road, Hlegu, Yangon.

23/07/2023

🌺 ဝါတွင်းကာလ လပြည့်နေ့တိုင်းတစ်နေ့တာတရားစခန်းဖိတ်ကြားခြင်း 🌺

📢 🙏 ဓမ္မမိတ်ဆွေ ယောဂီသူတော်စင်အပေါင်းတို့ ..🙏🏻

🙏✨ရတနာဗောဓိသာသနာ့ရိပ်သာဆရာတော်ဘုရား ၏..✨🙏

⚜️ တစ်နေ့တာ ဝိပဿနာ တရားစခန်းကို

🌺 ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁) ရက် အင်္ဂါနေ့ ( ဒုတိယဝါဆိုလပြည့်နေ့ )

🇲🇲 မြန်မာစံတော်ချိန်

♦️ မနက် - ၇ နာရီ မှ ညနေ ၆:၃၀နာရီ အထိ

♦️နေရာ - ရတနာဗောဓိသာသနာ့ရိပ်သာကျောင်းတိုက် ၊အုန်းနှဲကုန်းကျေးရွာ ၊လှည်းကူးမြို့နယ်၊လှည်းကူးပညာရေးကောလိပ်အနီး
တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပါ၍

🌺 တရားနာတရားထိုင် ကုသိုလ်ယူနိုင်ပါရန် ဖိတ်ကြား အပ်ပါသည်🌺

☎️လိုအပ်သည်များကို မေးမြန်းနိုင်ရန်။

📲 ဦးဗာကုလ +95 9 450402652

ရတနာ ဗောဓိ Meditation Center (ရတနာဗောဓိသာသနာ့ရိပ်သာကျောင်း), ရန်ကုန် - မန္တလေးလမ်း, လှည်းကူး

Photos from ရတနာဗောဓိ Meditation Center Hlegu's post 12/07/2023

ဗုဒ္ဓခေါင်မြတ် တွေ့ကျိုးနပ်မည်.....................::::::..............
ရေချမ်းသစ်သီး ပန်းဆီမီးကို
ခိုင်မြဲသဒ္ဓါ လျှူပြီးကာမျှ
ငါ့မှာကောင်းကျိုး အလွန်တိုးဟု
ယုံကြည်အားကိုး မရောင့်ရဲ့နှင့်။

နေ့ညမစဲ ဘုရားရှေ့တွင်
ပျော်မွေ့မြတ်နိုး မြဲရှိခိုး၍
ကောင်းကျိုးပင်စည် ကြီးလှပြီဟု
ယုံကြည်အားရ မရောင့်ရဲနှင့်။

ဓာရဏနှင့် ဓမ္မစင်္ကြာ
မေတ္တာပဋ္ဌာန်း ရွက်နိုင်စွမ်းကြောင့်
ရွှင်လန်းပီတိ ကြီးဘိတေဇော်
များလှပြီဟု မအောက်မေ့နှင့်။

ဂုဏ်တော်ပတီး သက်စေ့ပြီးအောင်
ဇွဲကြီးခိုင်မာ ငြိမ်သက်စွာဖြင့်
သဒ္ဓါယုံကြည် စိပ်ပြီးရုံဖြင့်
လုံလောက်ပြီဟု မရပ်လေနှင့်။

ရေကြည်သစ်သီး ဆီမီးလှူပြီး
ရှိခိုးဝတ်ရွက် မေတ္တာပက်ဖြန်း
တစ်ရာ့ရှစ်သီး စိပ်ပုတီးကို
မငြီးဆင့်ကဲ စိပ်မြဲစိပ်ပါ။

ပုတီးစိပ်ကာ ထိုမှတစ်ဆင့်
ဆက်ကာတစ်မျိုး ရှေ့ကိုတိုး၍
အကျိုးနိဗ္ဗာန် မျှော်ရိုးမှန်က
ရုပ်နာမ်ခွဲခြား ကျင့်တရားသာ
သံသရာဝဋ် ထွက်မြောက်စေကြောင်း
လမ်းမှန်ကောင်းဟု ညွတ်ပျောင်းစိတ်ထဲ
ယုံကြည်စွဲလျှက် နေ့ညမပြတ်
ဝိပဿနာ ဘာဝနာကို
ခိုင်မာဆန္ဒ ကြီးလုံ့လနဲ့
ကြိုးစားအားထုတ် ပွားများနိုင်မှ
ဗုဒ္ဓခေါင်မြတ် တွေ့ကျိုးနပ်မည်။
သတိခိုင်မြဲ ရှိကြပါစေ။

12/07/2023

☘️"ကဆူန်လပြည့်နေ့"☘️
"တစ်ရက်တာ တရားစခန်း ''
၃.၅.၂၀၂၃ တစ်နေ့တာဆွမ်းနှင့်
တရားစခန်းတရားပွဲ အလှူရှင်"
ဦးနိုင်ဦး+ဒေါ်ဝင်းနီလာ မိသားစု
ရန်ကုန်မြ်ို့

29/06/2023

🌺 ဝါတွင်းကာလ လပြည့်နေ့တိုင်းတစ်နေ့တာတရားစခန်းဖိတ်ကြားခြင်း 🌺

📢 🙏 ဓမ္မမိတ်ဆွေ ယောဂီသူတော်စင်အပေါင်းတို့ ..🙏🏻

🙏✨ရတနာဗောဓိသာသနာ့ရိပ်သာဆရာတော်ဘုရား ၏..✨🙏

⚜️ တစ်နေ့တာ ဝိပဿနာ တရားစခန်းကို

🌺 ၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ (၂) ရက် တနင်္ဂနွေနေ့ ( ပထမဝါဆိုလပြည့်နေ့ )

🇲🇲 မြန်မာစံတော်ချိန်

♦️ မနက် - ၇ နာရီ မှ ညနေ ၆:၃၀နာရီ အထိ

♦️နေရာ - ရတနာဗောဓိသာသနာ့ရိပ်သာကျောင်းတိုက် ၊အုန်းနှဲကုန်းကျေးရွာ ၊လှည်းကူးမြို့နယ်၊လှည်းကူးပညာရေးကောလိပ်အနီး
တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပါ၍

🌺 တရားနာတရားထိုင် ကုသိုလ်ယူနိုင်ပါရန် ဖိတ်ကြား အပ်ပါသည်🌺

☎️လိုအပ်သည်များကို မေးမြန်းနိုင်ရန်။

📲 ဦးဗာကုလ +95 9 450402652

ရတနာ ဗောဓိ Meditation Center (ရတနာဗောဓိသာသနာ့ရိပ်သာကျောင်း), ရန်ကုန် - မန္တလေးလမ်း, လှည်းကူး

Photos from ရတနာဗောဓိ Meditation Center Hlegu's post 09/06/2023

🙏သစ္စာတရား 🙏

🙏 သစ္စာတရား နာရခဲလှတယ် သစ္စာသိပြီး
ကျင့်ကြံအားထုတ်သူကလည်း ရှိတော့ရှိတယ်
နည်းပါးနေကြပါသေးတယ် သစ္စာလည်းသိ
တရားအမှန်အားထုတ်ပြီ ဆိုရင်တော
အကျိုးကြီးမားကြမှာပါ
ဖြစ်ပျက်က ဒုက္ခသစ္စာ
သိတာက မဂ္ဂသစ္စာ
သတောက သမုဒယသစ်စာ
နောင်ခန္ဓာမလာဘဲငြိမ်းအေးတာက နိရောဓသစ္စာ သစ္စာလေးပါး မြတ်တရားမှာ
အဓိကပွားများရမှာက
ဒုက္ခသစ္စာနဲ့မဂ္ဂသစ္စာဒီနှစ်ပါးဘဲ
ပွားများနေရပါမယ်
ခန္ဓာအရှိတရားက ဖြစ်ပျက် ဒုက္ခသစ္စာကြီးပါ
ခန္ဓာမှာပေါ်နေတဲ့ ဖြစ်လိုက် ပျက်သွားလိုက်ကို
ဥာဏ်နဲ့ကြည့်ပြီးမြင်နေတာက မဂ္ဂသစ္စာပါ
ရှေက ဖြစ်ပျက် နောက်က မဂ်
ခန္ဓာအမှန်ပြနေတာ ပေါ်တိုင်းပေါ်တိုင်း
ကိုယ့်ဥာဏ်နဲ့မလွတ်တမ်းကြည့်တက်ဖို့လိုပါတယ် ခန္ဓာအမှန်တရားပြတာကို
မကြည့်ဘဲနေရင် ဘာဖြစ်မလဲ
ခန္ဓာတရား ပြတာ မကြည့်တော့ရင်
သံသရာစက်ဝိုင်းလည်နေတဲ့
ဒုက္ခသမုဒယ ဒီသစ္စာနှစ်ခုဘဲ ခေါင်းဆောင်နေ
ကြတော့မှာပါ သံသရာဒုက္ခငြိမ်းစေမည်
မဂ္ဂသစ္စာနိရောဓသစ္စာပါက မပါတော့
ပဋိစ္စသမုပ္ပါဒ်ဒုက္ခစက်ဝိုင်းလည်ပြီပေါ့
တရားအလုပ်ဝိပဿနာမလုပ်ရင်
ခန္ဓာအရှိတရားမသိဘဲ ပေါ့ဆစွာနေရင်
သံသရာဆင်းရဲခြင်းဖြစ်စေသည်
ဒုက္ခသစ္စာ သမုဒယသစ္စာ
ဒီသစ္စာနှစ်ပါးဘဲလည်နေကြတော့မှာပါ
ဗုဒ္ဓဘုရားရှင်က သစ္စာသိအောင်လုပ်ပါ သစ္စာတရားဟောတဲ့ဆရာတွေ့အောင်ရှာပါ သစ္စာတရားများနားကြားရမည့်ဆိုရင်
မနက်လှံအချက်သုံးရာ နေလည်လှံအချက်သုံးရာ ညနေလှံအချက်သုံးရာ အထိုးခံရပြီးမှ
သစ္စာတရားနာရမည့်ဆိုရင် ချက်ချင်း
အထိုးခံလိုက်ပါလို့ သစ္စာတရားအရေးကြီးလွန်းလို့ တရားမိန့်ဆိုခဲပါတယ်။
ခေါင်းမီးလောင်တာ နောက်မှငြိမ်းပါ
သစ္စာတရားအရင်နာပါ ရင်ဝမှာ လှံစူးဝင်နေတာ
နောက်မှနူတ်ပါ
သစ္စာတရားအရင်နာပါလို့
ကိုယ့်သံသရာဘဝအတွက်
သစ္စာတရားအရေးကြီးလွန်းလိုပါတယ်။
ကိုယ့်ဘဝမှာ သစ္စာတရားနဲ့တွေ့ပြီဆိုရင်
ဒုက္ခကင်းတော့မည်လို့ မှတ်ယူနိုင်ရမည့်သာ
သစ္စာတရားနာပြီး နှလုံးသွင်းမှန်ပြီဆိုရင်
ဒုက္ခငြိမ်းတော့မည်လို့ မှတ်ယူနိုင်ရတော့မည့်၊
သစ္စာတရားနာလည်းနာ
ကျင့်ကြံအားထုတ်ကြပြီဆိုရင်
သံသရာဒုက္ခဆင်းရဲခြင်းကင်းဝေးပြီး
နိဗ္ဗာန်မျက်မှောက်ပြုနိုင်ပြီလို့
ဧကန့်မုချဆုံးဖြတ်ချက် ချရတော့မည့်၊
တရားရှာ ခန္ဓာမှာတွေ့ ခန္ဓာဒုက္ခသစ္စာအမှန်
ဥာဏ်နဲ့တွေ့နေဖို့ အလွန်အရေးကြီးလှပါတယ်🙏

၂.၆.၂၀၂၃
နယုန်လပြည့်နေ့ တစ်ရက်တရားစခန်း

ရတနာ ဗောဓိ Meditation Center (ရတနာဗောဓိသာသနာ့ရိပ်သာကျောင်း), 4753+MG4, Yangon - Mandalay Hwy, Hlegu

24/06/2021

နယုန်လပြည့် (မဟာသမယ နေ့)24-6-21ကြာသပတေးနေ့တွင်
မဟာသမယသုတ်ရွတ်ဖတ်ပူဇော်ရန်နိုးဆော်ပါတယ်🙏

ရှေးအခါက အိန္ဒိယနိုင်ငံတွင် ကပိလ၀တ်ပြည်မှ လယ်သမားများနှင့် ကောလိယပြည်မှ လယ်သမားတို့ ရောဟိနီမြစ်မှ ရေကို အကြောင်းပြု၍ ရေလုပွဲကြီး ဆင်နွဲခဲ့ကြဖူး၏။ လယ်သမားများကို အကြောင်းပြု၍ နှစ်ဖက်နိုင်ငံမှ မင်းညီမင်းသားများနှင့် စစ်သည်တော်များသည်လည်း ရောဟိနီမြစ် ရှိရာသို့ ရောက်ရှိလာကြ၏၊ နှစ်ဖက်နိုင်ငံမှ လူအများတို့သည် တုတ် ဓား လက်နက် ကိုင်ဆောင်၍ ထိုးခုတ်တိုက်ခိုက်တော့မည့် အခြေအနေသို့ ရောက်ရှိနေကြ၏၊
ပဋိပက္ခဖြစ်သည့်နေရာသို့ မြတ်စွာဘုရား ရောက်ရှိလာပြီး ငြိမ်းချမ်းရေးကိုရှေးရှု၍ အောက်ပါ၀တ္ထုများကို သာဓကထုတ်၍ ငြိမ်းချမ်းရေးတရားကို ဟောကြားတော်မူလေသည်။

၁။ ၀က်ဝံနှင့် ရုက္ခစိုးနတ်တို့ ရန်ညိုးဖွဲ့မှား၍ နှစ်ဦးစလုံ ပျက်စီးကြပုံ ““ဖန္ဒနဇာတ်””။
၂။ မြေပြိုပါပြီ ဟု ထင်ကြေးဖြင့် ဟစ်အော်ထွက်ပြေးသော ယုန်တစ်ကောင်၏စကားကို ယုံမှား၍ တိရစ္ဆာန်များ အပြေးမှားပြီး ဆင်းရဲဒုက္ခရောက်ကြရပုံ ““ဒုဒ္ဒုဘဇာတ်၊ ပထဝီဥနြ္ဒိယဇာတ်””။
၃။ အားသေးသော နှံစုတ်ငှက်မ က အားကြီးသော ဆင်ပြောင်ကြီးကို အနိုင်ယူဖူး၍ ရန်သူကို အထင်မသေးသင့်ပုံ ““လဋုကိကဇာတ်””။
၄။ ငုံးငှက်များ ညီညွတ်စဉ်အခါက ရန်သူ၏လက်မှ လွတ်မြောက်သော်လည်း စိတ်၀မ်းကွဲ၍ အချင်းချင်း မညီမညွတ်ဖြစ်လာသောအခါ မုဆိုး၏ပိုက်ကွန်၌ အမိခံရပုံ ““သမ္မောဒမာနဇာတ်””။
၅။ သက်မဲ့ဖြစ်သော သစ်ပင်များပင် တစ်စုတစ်ဝေးတည်း တည်နေ၍ လေဘေးအန္တရာယ်မှ ကင်းဝေးနိုင်ပုံ ““ရုက္ခဓမ္မဇာတ်””
၆။ မိမိကိုယ်ကို ထိန်းသိမ်းဆုံးမရန် ““အတ္တဒန္တ””သုတ်ကို ထုတ်ဆောင်ဟောပြ ဆုးံမတော်မူပါသည်။
အထက်ပါသာဓက(၆)မျိုးကို နာကြားရသောအခါ နှစ်ဖက်တိုင်းပြည်မှ လယ်သမားများနှင့် မင်းညီမင်းသား စစ်သည်တော်များသည် ဒေါသမီးငြိမ်းစဲကာ လက်နက်များကို စွန့်ပယ်၍ မေတ္တာဓာတ်များ သက်၀င်လာကြကုန်၏။ တစ်ဖက်လျှင် ၂၅၀ စီ နှစ်ပြည်ထောင်မှ မင်းသားငါးရာတို့ သာသနာ့ဘောင်သို့၀င်၍ ရဟန်းပြုကြကုန်၏။

ထိုရဟန်းတော်များသည် ဇနီးမယားကို အောက်မေ့တမ်းတ သတိရပြီး သာသနာ့ဘောင်၌ မပျော်မွေ့နိုင်ဘဲရှိကြရာ မြတ်စွာဘုရားက ဟိမ၀န္တာတောအတွင်း ကုဏာလရေအိုင်သို့ တန်ခိုးတော်ဖြင့် ခေါ်ဆောင်၍ ကုဏာလငှက်မင်း၏ဇာတ်ကြောင်းကို ဟောပြတော်မူပါသည်။ တရားအဆုံး၌ ရဟန်းငါးရာလုံး သောတာပန်ဖြစ်တော်မူကြပါသည်။
မြတ်စွာဘုရားသည် ကုဏာလရေအိုင်မှ ကပိလ၀တ်ပြည်အနီး မဟာဝုန်တောကြီးသို့ ပြန်လည်ကြတော်မူရာ အပြန်ခရီးတွင် သောတာပန်ရဟန်း(၅၀၀)လုံး မိမိတို့၏ တန်ခိုးတော်ဖြင့် လိုက်ပါလာကြကုန်၏။ ထိုမဟာဝုန်တောကြီး၌ တရားတော်ကို ဆက်လက်အားထုတ်ရာ ရဟန်းတော် အားလုံး ရဟန္တာချည်းဖြစ်တော်မူကြပါသည်။

ရဟန္တာအပါးငါးရာတို့သည် မိမိတို့ရရှိပြီးသော တရားထူးကို လျောက်ထားရန်၏နှင့် မြတ်စွာဘုရားကို ဖူးမြော်ရန် နယုန်လပြည့်နေ့ ညချမ်းအချိန်တွင် မြတ်စွာဘုရားအထံသို့ စုရုံးရောက်ရှိလာကြကုန်၏။ ဤကဲ့သို့ ထူးခြားသော သံဃာ့အစည်းအဝေးကြီးကို တွေ့မြင်ကြည်ညို လိုကြကုန်သော နတ် ဗြဟ္မာ အသုရာနှင့် ဂဠုန် နဂါးတို့သည် မဟာဝုန်တောကြီးသို့ အုပ်စုလိုက် စုရုံးရောက် ရှိကြကုန်၏။

ဘုရားရှင်လက်ထက်တော်အခါက နယုန်လပြည့်နေ့တွင် ဤကဲ့သို့ နတ်ဗြဟ္မာများ စုရုံး စည်းဝေးမိသော အချိန်ကို မဟာသမယ ဟု ခေါ်ဆိုပါသည်။
ထိုနတ်သဘင်အစည်းအဝေး၌ အမည်နာမအမျိုးမျိုးကို ထုတ်ဖော်မြွှက်ကြား နုတ်ခွန်း ဆက်သောအားဖြင့် မိန့်ကြားသော စကားတော်များကို မဟာသမယသုတ်ဟု ခေါ်ဆိုရပါသည်။
မဟာသမယသုတ်တော်ကြီးကို ဟောကြားပြီးနောက် စရိုက်အားလျှော်စွာ အောက်ပါ သုတ်တော်များကို ဆက်လက် ဟောကြားတော်မူပါသည်။

၁။ ရာဂစရိုက်အားကြီးသူအတွက် သမ္မာပရိဗ္ဗာဇနိယသုတ်။
၂။ ဒေါသစရိုက်အားကြီးသူအတွက် ကလဟဝိဒါဒသုတ်။
၃။ မောဟစရိုက်အားကြီးသူအတွက် မဟာဗျူဟသုတ်။
၄။ ဝိတက်စရိုက်အားကြီးသူအတွက် စူဠဗျူဟသုတ်။
၅။ သဒ္ဓါစရိုက်အားကြီးသူအတွက် တု၀ဋကသုတ်။
၆။ ပညာစရိုက်အားကြီးသူအတွက် ပုရာဘေဒသုတ်တို့ကို ဟောကြားတော်မူရာ နတ်ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီ ကျွတ်တန်း၀င်ကြလေသည်။

ဤမဟာသမယသုတ်ကို အစဉ်အမြဲရွတ်ဘတ်နေပါက နတ်များ၏ချစ်ခင်မှုကို ခံရကြောင်း၊ အိမ်သစ်, တိုက်သစ်, နေရာသစ်တို့၌ မင်္ဂလာယူလိုသော ပုဂ္ဂိုလ်တို့သည် ဤမဟာသမယသုတ်ကို ရွတ်ဆိုဖတ်ကြားသင့်ကြောင်း
အဋ္ဌကထာဆရာက ပြဆိုထားပါသည်။
(ဣဒံ ပန မဟာသမယသုတ္တံ နာမ ဒေ၀တာနံ ပိယံ မနာပံ၊ တသ္မာ မင်္ဂလံ ၀ဒန္တေန အဘိန၀ဌာနေသု ဣဒမေ၀ သုတ္တံ ၀တ္တဗ္ဗံ။ ဒီ၊ ဌ၊ ၂၊ နှာ၊ ၂၈၇။)
မာဂဓီ(သာစည်)

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

☘️"ကဆူန်လပြည့်နေ့"☘️ "တစ်ရက်တာ တရားစခန်း ''၃.၅.၂၀၂၃ တစ်နေ့တာဆွမ်းနှင့်တရားစခန်းတရားပွဲ အလှူရှင်"ဦးနိုင်ဦး+ဒေါ်ဝင်းနီလာ မ...

Telephone

Website

Address


Yangon-Mandalay Highway Road, Hlegu
Yangon
4753+MG4

Opening Hours

Monday 06:00 - 20:00
Tuesday 06:00 - 20:00
Wednesday 06:00 - 20:00
Thursday 06:00 - 20:00
Friday 06:00 - 20:00
Saturday 06:00 - 20:00
Sunday 06:00 - 20:00