Coffee & Me

Coffee & Me

Myanmar နိုင်ငံတွင်ဂုဏ်ယူစွာထုတ်လုပ်ထားရှိတဲ့ Organic ပစ္စည်းအသုံးပြု Skin Care Product များ။

01/08/2023

အကြောပြတ်ရာနဲ့ အသားအရောင်မညီဘူးဆို
Coffee Scrub လေးသုံးနော် 🤎

Photos from Coffee & Me's post 30/07/2023

🤎 အကြောပြတ်ရှိသူလေးများအတွက် Coffee Body Scrub 🤎

29/07/2023

🥳 အများကြီးမပြောတော့ဘူးနော်
ဘာမှမတင်ဖြစ် မရောင်းဖြစ်တာကြာပြီ၊
အချစ်ကလေးတွေအရမ်းလာပူဆာကြလို့
ဒီနေ့နဲ့မနက်ဖြန် နှစ်ရက်တည်း
အရောင်းဖွင့်ပေးမယ်နော် ☺️

🥰 ဒီတစ်ခေါက်တော့ အရင်ဈေးအတိုင်းပဲ ရောင်းပေးဦးမယ်ရှင့်

☕️ နေလောင် အသားမညီ အကြောပြတ်ရာအတွက်ဆို Coffee Body Scrub ကိုယူနော်

❣️ 250ml - 15500

🤎 အသားလေး စိုပြည်ပြီး တစ်ဆင့်ဖြူဝင်း​စေဖို့ဆိုရင် ကင်ပွန်းသီး Scrub လေးကိုယူပါ

❣️250ml - 9900

🚚 ဒီနေ့နဲ့မနက်ဖြန် နှစ်ရက်တည်း အော်ဒါကောက်ပါမယ်ရှင်၊ ပြီးရင် ရှေ့တစ်ပတ်မှာ delivery စ ပို့ပါမယ်နော်

🥳 ဒီတစ်ခေါက်ပြီးရင် နောက်တစ်ခေါက် ဘယ်တော့ပြန်ရောင်းဖြစ်မလဲ မသေချာလို့ ၊ ဘယ်ဈေးဖြစ်မလဲလဲ မသေချာတာမို့ သုံးနေကျသူလေးတွေ ဝယ်သာသိမ်းထားလိုက်တော့နော်

ချစ်တဲ့
မစု

Photos from Coffee & Me's post 22/07/2023

Review ပေါင်းမြောက်မြားစွာတွေထဲက တချို့ 😍

09/11/2022

Pageနဲ့မဆိုင်ပေမယ့် တင်ပါရစေ
ငြိမ်းချမ်းစွာအနားယူပါတော့ ဦးကြည်ရယ် 💔😓

28/10/2022

ဝမ်းသာပျော်ရွှင်ရပါတယ် ချစ်ရတဲ့မမဝင်းရယ် 😍

13/03/2022

☀️ နွေနေပူပူမှာ အသားအရည်လေး မပျက်စီးစေဖို့ ☀️
Chic kalay တို့ရေ..
နွေရာသီက အခုမှ အစပျိုးရုံရှိသေး အပူချိန်ကြီးက ကြောက်ဖို့ကောင်းလိုက်တာ 😣😣
နေကပူ.. မီးတွေကပျက်နဲ့ လူလည်း ငရဲပြည်ကို နေ့ချင်းပြန်ပျော်ပွဲစားထွက်ရသလို ခံစားနေရပြီရှင် 😿😿
နွေရာသီမှာဆိုရင် အပူဒဏ်နဲ့ နေလောင်ဒဏ်တွေကြောင့် အသားအရည်တွေ ပုံမှန်ထက်ပိုပြီး ပျက်စီးတတ်တာမို့ အသားအရည်ကို ပိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် Admin က အချစ်တို့အတွက် နွေရာသီမှာ အသားအရည်မပျက်စီးအောင် ဘယ်လိုဂရုစိုက်ရမလဲဆိုတဲ့ tips လေးတွေပြောပြပေးသွားမယ်နော်😘😘
(၁) အသားအရည်ကို ရေဓာတ်ပြည့်နေအောင် ဂရုစိုက်ပါ
အသားအရည်ဆိုတာ ခန္ဓာကိုယ်ကျန်းမာရေးရဲ့ ကြေးမုံပြင် ဖြစ်တာမို့ ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေမှ အသားအရည်ကလည်း ကြည်လင်စိုပြေတင်းရင်းနေမှာပါ။ ဒါကြောင့် အသားအရည်ကို အပြင်ပန်းကပဲ cosmetics တွေ၊ skincare တွေဈေးကြီးပေးသုံးနေတာမျိုးမလုပ်ပဲ အတွင်းထဲကနေလည်း ရေဓာတ်ပြည့်နေအောင် ရေများများသောက်ပေးပြီး ရင်အေးစေတဲ့ အသီးဖျော်ရည်စစ်စစ်တွေ မကြာခဏ သောက်သုံးပေးသင့်ပါတယ်။
(၂) အသားအရည်အတွင်းထဲအထိ သန့်စင်ပေးပါ
နွေရာသီဟာ ပူလောင်လွန်းတာကြောင့် အလိုလိုနေရင်း ချွေးထွက်နေတဲ့ကာလပါ။ အဲဒီအခါ ပြင်ပကဖုန်တွေ၊ အသားအရည်ထဲက ထွက်တဲ့ အဆီတွေ၊ ချွေးတွေစုသွားပြီး ချွေးပေါက်လေးတွေကို ပိတ်သွားစေတာကြောင့် နွေရာသီမှာ အသားအရည်အတွက် cleasing steps က အသက်လောက် အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ့်အသားအရည်နဲ့ ကိုက်ညီပြီး အသားအရည်အတွင်းထဲအထိ သန့်စင်ပေးနိုင်တဲ့ cleanser မျိုးကိုအသုံးပြုပေးပြီး Double Cleansing လုပ်ပေးသင့်ပါတယ်နော်။
(၃) မိတ်ကပ်ခပ်ပါးပါးသာလူးပါ
နွေရာသီဟာ ပူအိုက်လွန်းတာကြောင့် ချွေးပေါက်ပိတ်စေနိုင်မယ့် Full Makeup တွေအစား Tinted Moisturizer လေးတွေကို သုံးပေးသင့်ပါတယ်။
(၄) Sunscreen လူးပါ
ဒါကတော့ အရေးအကြီးဆုံးအချက်ပါပဲ။ နွေရာသီမှာ အိမ်မှာနေတဲ့အချိန်တွေမှာလည်း နေရောင်ခြည်မှာပါတဲ့ အသားအရည်ကို ထိခိုက်စေနိုင်တဲ့ အနီအောက်ရောင်ခြည်တွေ၊ ခရမ်းလွန်ရောင်ခြည်တွေက ပြတင်းပေါက်တွေကနေ ကွေ့ပြီးဝင်လာနိုင်တာကြောင့် နေရောင်ကာခရင်မ်ကို သေချာပေါက် လူးပေးသင့်ပါတယ်။ အိမ်မှာနေချိန်မှာ SPF 30+ လောက်ကိုလူးပြီး အပြင်ထွက်တဲ့အချိန်တွေမှာတော့ SPF 50+ လောက် လူးပေးမယ်ဆိုရင် အဆင်ပြေမှာပါ။
(၅) လက်ရှည်ဝတ်ဆင်ပါ
နေပူပူထဲကိုသွားမယ်ဆိုရင် နေရောင်ကို ကိုယ့်အသားနဲ့ တိုက်ရိုက်မထိတွေ့စေပဲ ကြားခံအနေနဲ့ လက်ရှည်အင်္ကျီတွေ၊ ဘောင်းဘီတွေကို ဝတ်ဆင်ပေးသင့်ပါတယ်။
(၆) မျက်လုံး၊ နှုတ်ခမ်းနဲ့ ခြေထောက်တွေကို မမေ့ပါနဲ့
နေပူပူမှာ မျက်လုံးတွေမထိခိုက်စေဖို့ အပြင်သွားမယ်ဆိုရင်တတ်နိုင်သမျှ နေကာမျက်မှန်ဝတ်ဆင်ပေးသင့်ပါတယ်။ ဒါ့အပြင် တော်တော်များများက မျက်နှာကို Sunscreen လိမ်းပေမယ့် နှုတ်ခမ်းတွေကို မေ့နေတတ်ကြတာကြောင့် နှုတ်ခမ်းကိုလည်း SPF ပါတဲ့ Lip Balm လေးတွေဆိုးပေးဖို့ မမေ့ပါနဲ့နော်။ ခြေထောက်တွေလက်တွေကိုလည်း SPF ပါတဲ့ Lotion တွေ အမြဲမပြတ်လူးပေးပါ။ Admin ကတော့ မနက်ဆိုရင် SPF ပါတဲ့ Lotion လူးပြီး ညမအိပ်ခင်မှာ အားဖြည့်တဲ့အနေနဲ့ Nourishment ပေးတဲ့ Vaseline Deep Repair လို Lotion လေးတွေ လူးဖြစ်တယ်။
Admin ရဲ့ အချစ်လေးတွေလည်း နွေနေပူပူမှာ ကြည်ကြည်တောက်တောက်အသားအရည်လေးတွေနဲ့ Bling Bling နေ့ရက်တွေကို ဖြတ်ကျော်နိုင်ကြပါစေလို့ Admin က ဆုတောင်းပေးလိုက်ပါတယ်နော်။ အချစ်တို့လည်း နေရောင်ဒဏ်က ကာကွယ်ဖို့ ပုံမှန်လုပ်ဖြစ်တဲ့ Skincare Ritual လေးတွေရှိရင် Comment မှာ ပြောပြခဲ့ကြပါဦးရှင်။

13/02/2022

“ကိုကိုနဲ့ Date ဖို့ Skincare ကြစို့"

ကဲ.. Valentine’s Day လည်းရောက်တော့မယ်ဆိုတော့ ကိုကိုတွေ မောင်တွေနဲ့ ဒိတ်ဖို့ ရယ်ဒီပဲလား.. 👀

သိနေတယ်လေ 🤗 ဒါကြောင့် Admin က Chic kalay တို့ ချစ်သူတွေနဲ့ တွေ့တဲ့အခါ Glow Skin, Glass Skin လေးတွေနဲ့ Bling Bling ဖြစ်နေအောင် Skincare နည်းလေးတွေ ပြောပြပေးလိုက်မယ်နော် 😗💘

အကြည်ဓာတ်လေးနဲ့ သွားဒိတ်တော့မယ်ဆိုရင် ✨✨
(၁) မျက်နှာချေးချွတ်ပါ
အသားအရည်လေး စိုပြည်ကြည်လင်နေဖို့ မျက်နှာပေါ်မှာ ဆဲလ်အသေတွေ မရှိဖို့အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ်နဲ့ ကိုက်ညီတဲ့ Exfoliator Mask တစ်ခုခုနဲ့ အသားအရည်ကို ချေးချွတ်ပေးရပါမယ်နော်။ ဝင်းဖန့်နုညက်ပြီး နမ်းချင်စရာမျက်နှာလေးဖြစ်နေဖို့ Exfoliation step က အဓိကကျပါတယ်။

(၂) Body Scrub တိုက်ပါ
Admin ကတော့ ကောင်လေးနဲ့သွားမတွေ့ခင် နှစ်ရက်အလိုလောက်မှာ Body Scrub လေးတိုက်ထားဖို့ အကြံပေးချင်တယ်။ အသားအရည်ညစ်ထေးနေတယ်လို့ ခံစားရရင် Coffee & Me ရဲ့ Shikakai Scrub လေးတိုက်ပြီး အမာရွတ်တွေအမည်းစက်လေးတွေရှိနေရင် Coffee Scrub လေးတိုက်စေချင်တယ်။ Scrub တိုက်လိုက်ရင် အသားအရည် နုနုလေးဖြစ်သွားပြီး တကယ်ကြည်သန့်သွားရော✨💖

(၃) အမွှေးအမျှင်ရှင်းလင်းပါ
တောရှင်းလင်းရေး လာပါပြီ။ စတာနော်.. ခန္ဓာကိုယ်က အမွှေးအမျှင်တွေရှိနေရင် စိတ်က မကြည်လင်ဘူးမဟုတ်လား။ အဲဒါကြောင့် wax လုပ်ဖို့လိုတယ်။ (စိတ်ကြည်ဖို့ပြောတာနော် လျှောက်မတွေးနဲ့ 😛😛) Admin ကတော့ Private Area နဲ့ Underarm ကို Sugar Wax လေးနဲ့ ရှင်းတယ်။ ခြေထောက်တွေကိုတော့ Wax Strips လေးတွေနဲ့ ရှင်းလိုက်တယ်။ Wax Strips လေးတွေက အမွှေးတွေအကုန်ပါတဲ့အပြင် အောက်ခံအသားအရည်ကိုပါ လင်းသွားစေလို့ အရမ်းကြိုက်😍😍

အဓိက ဂရုစိုက်ရမယ့် အချက်က Scrub လုပ်တဲ့ရက်နဲ့ Wax လုပ်တဲ့ရက်ကို အနည်းဆုံး (၂) ရက်လောက်ခွာသင့်ပါတယ်နော်။

(၄) moisturize.. moisturize MOISTURIZE
အသားအရည်လေး ကြည်လင်ချောမွေ့နေမှ အပေါ်မှာ ဘာထပ်လိမ်းလိမ်းလှမှာပါ။ ဒါကြောင့် အသားအရည်ချောမွေ့နူးညံ့နေအောင် အဓိကအရေးကြီးတဲ့ ရေဓာတ်ဖြည့်ခြင်း လုပ်ပေးဖို့လိုပါတယ်။ အခုလို ဆောင်းတွင်းဆိုရင် အသားအရည်စိုပြေနေအောင် ရေဓာတ်ဖြည့်ပေးဖို့က ပိုလို့တောင်အရေးကြီးပါသေးတယ်။ ဒါကြောင့် Glow, Glass Skin လေးနဲ့ ချစ်သူကို ဖမ်းစားနိုင်ဖို့ ရေဓာတ်ဖြည့် cream လိမ်းပါ၊ ရေများများသောက်ပါ။

(၅) အိပ်ရေးဝအောင်အိပ်ပါ
အိပ်ရေးမဝတဲ့အခါ မျက်နှာက ပင်ပန်းနွမ်းနယ်နေပြီး ဘယ်လောက်မိတ်ကပ်ပြင်ပြင် လှသင့်သလောက်မလှပါဘူးနော်။ ဒါကြောင့် အိပ်ရေးဝဝအိပ်ဖို့လိုပါတယ်။

(၆) Mask ကပ်ပါ
Sheet Mask တွေက မျက်နှာကို instant glow ပေးနိုင်တဲ့အတွက် ကိုယ့်အသားအရည်နဲ့ ကိုက်ညီတဲ့ Sheet Mask လေးကို မအိပ်ခင်ကပ်ပြီးမှ အိပ်မယ်ဆိုရင် နောက်တစ်နေ့မနက်မှာ ဖူးသစ်နုရွတဲ့အလှနဲ့ လန်းဆန်းတဲ့ မျက်နှာလေး ပိုင်ဆိုင်နိုင်မှာပါ။

ကဲ.. Chic Kalay တို့လည်း အခု Admin ပြောပြသွားတဲ့ Skincare လေးတွေလုပ်ပြီး Valentine’s Day မှာ အပျော်ဆုံးကောင်မလေးတွေဖြစ်ကြပါစေနော်။ ချောကလက်ရရင် Admin ကို နည်းနည်းကျွေး 😛💖
Happy Valentine’s ပါ အချစ်တို့ ❣❣❣

30/01/2022

🥳🎁 🎊 ဒီလိုပြောင်နေအောင်သုံးဖူးရင် လက်ဆောင်ယူပါ 🎊🎁🥳

******************************************
ဒီ post လေးကတော့ Coffee & Me ရဲ့ Customer အရင်းကြီးတွေနဲ့ Chics ကလေးတွေကို လက်ဆောင်ပြန်ပေးဖို့ရည်ရွယ်ပါတယ်၊

👉🏻 လက်ဆောင် ဘယ်လိုယူမလဲ

✅ Coffee & Me က ဝယ်သုံးထားတဲ့ ဘယ်ဘူးခွံနဲ့မဆို ဓါတ်ပုံရိုက်ပါ (လှလှလေးရိုက်ပြီးပို့ရင်တော့ ပိုပျော်မှာပေါ့နော်)

✅ ရိုက်ထားတဲ့ ဓါတ်ပုံကို ဒီ post အောက်မှာ ပြန်လာပြပေးနော်

✅ ပြန်လာပြထားတဲ့ ဓါတ်ပုံပိုင်ရှင်တွေထဲက ၅ ယောက်ကို သိပ်သုံးလို့ကောင်းပြီး Review ကောင်းတွေအများကြီးရထားတဲ့ English Rose Foaming Bath Butter Scrub လေး ၅ ဘူး random comment picker နဲ့ရွေးပေးမယ်နော် (Deli Free ပါပေးဦးမှာ ☺️)

✅ ရွေးပေးမယ့်နေ့လေးကတော့ ၅.၂.၂၀၂၂ ပါရှင့်

ဘာမှမဟုတ်ဘူး၊ ကိုယ့်ရဲ့ ချစ် customer လေးတွေကို လက်ဆောင်မပေးရတာကြာလို့ Admin မစု အကြံအဖန်လုပ်တာပါ 😚 ဓါတ်ပုံလှလှလေးတွေမျှော်နေမယ်နော်

ချစ်တဲ့
မစု ❤️

27/01/2022

Skincare ရင်းနဲ့ အမှားတွေ လုပ်မိနေပြီလား ?

ကိုယ်ကတော့ အသားအရေပိုကောင်းစေချင်လို့ အကောင်းဆုံး ကြိုးစားနေပေမယ့် အသားအရေက ပိုဆိုးလာတာ (သို့) မတိုးတက်လာတာတွေဟာ ဒီ အကြောင်းအရင်း လေးတွေကြောင့်ဖြစ်ပါတယ်

⛔️ Exfoliate အရမ်းလုပ်နေမိတာ

တစ်ပတ်မှာ ၂ ခါ၊ ၃ ခါ အထက် Exfoliate လုပ်တာက ကိုယ့်အသားအရေကို ပိုပြီး အားနည်းလာစေပါတယ်၊ ဒီလို လုပ်ခြင်းက အပြင်က ဘတ်တီးရီးယား ပိုးမွှားတွေကို အသားအရေထဲ ဝင်ရောက်စေပြီး Breakout တွေ ဖြစ်စေပါတယ်

⛔️ Moisturiser မသုံးတာ

ကိုယ့်အသားအရေက Oily ဖြစ်တယ်ဆိုရင်တောင် Moisturiser က သုံးဖို့လိုအပ်ပါတယ်။ အဆီပြန်တယ်ဆိုတာက Sebum ထုတ်တာ များလို့ဖြစ်ပြီး အသားအရေက ရေဓာတ် ဆုံးရှုံးတဲ့ အခါမှာလဲ ဖြစ်တတ်ပါတယ်။ Moisturiser မသုံးရင် ပိုဆိုးလာဖို့ပဲ ရှိပါတယ်။

⛔️ Trend နောက်လိုက်တာ

Product တစ်ခု နာမည်ရှိလာတာက Packaging ကြောင့်လဲ ဖြစ်နိုင်သလို၊ သူ့ရဲ့ Quality ကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်သုံးမယ့် ပစ္စည်းကို မစမ်းသပ်ဘဲ၊ သူ့ပါဝင် ပစ္စည်းတွေအကြောင်း မလေ့လာရသေးဘဲ နာမည်ကြီးနေရုံနဲ့ လိုက်မသုံးသင့်ပါဘူး

⛔️ လုံလုံလောက်လောက် မလိမ်းတာ

ကိုယ်က ဈေးတစ်ခု ပေးပြီး ဝယ်ထားရတာကြောင့် သုံးစွဲရင်း ကုန်မှာစိုးလို့ အရမ်းချွေတာလိမ်းတဲ့အခါ ကိုယ့်အတွက် အကျိုးအာနိသင် မရှိဘဲ ငွေကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်

Skincare ခြင်းဆိုတာ အနုပညာ တစ်မျိုးပဲ ဖြစ်လို့ သေချာထိရောက်အောင် Skincare ချင်ရင် Skincare နဲ့ ပတ်သတ်တဲ့ အသိဟာလဲ လိုအပ်ပါတယ်။ Coffee & Me ကတော့ ကိုယ့် Customer လေးတွေ မမှားအောင်လို့ အမြဲတမ်း ချစ်တဲ့စိတ်နဲ့ မျှဝေပေးနေမှာပါရှင် ❤️

23/01/2022

“အသားအရည် ညိုမည်းခြောက်သွေ့တာ ဘာကြောင့်လဲ”

Chic kalay တို့ရေ.. ❣❣
ရေပုံမှန်ချိုးပြီး lotion တွေလိမ်း၊ peeling တွေ၊ body mask တွေ အစုံပလုံ သုံးပေမယ့် အသားအရည်က ကြည်မလာပဲ ကြည့်လိုက်တိုင်း မွဲမွဲထူထူကြီးဖြစ်နေလို့ စိတ်ညစ်နေတဲ့သူတွေရှိလား..👀

တစ်ခါတစ်လေတော့ Skincare တွေ ဘယ်လောက်သုံးသုံး အသားအရည်က ပြောင်းလဲမလာပဲ မိုးချုပ်မှောင်မည်းနေတာမျိုး ဖြစ်တတ်ပါတယ် 😞

ဒါကြောင့် Admin က chic kalay တို့အတွက် အသားအရည်ညိုမည်းခြောက်သွေ့ခြင်းနောက်ကွယ်က အကြောင်းရင်းလေးတွေကို လက်တို့ပြောပြပေးလိုက်ပြီနော်.. 🤗

(၁) ရေဓာတ်ခန်းခြောက်ခြင်း
အသားအရည်ကို ခြောက်သွေ့စေတဲ့ အကြောင်းရင်းတွေထဲမှာ ထိပ်ဆုံးကတော့ ရေဓာတ်လုံလောက်စွာမရခြင်းပါပဲနော်။ ဒါကြောင့် တစ်နေ့ကို ရေ (၂) လီတာလောက်တော့ သောက်ပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ရေချိုးပြီးတိုင်းမှာ အသားအရည်ကို အစိုဓာတ်ထိန်းပေးနိုင်အောင် Lotion ပုံမှန်လိမ်းပေးဖို့ လိုပါတယ်။ အစိုဓာတ်အပြည့်အဝရပြီး glow နေစေမယ့် lotion မျိုးရှာနေရင်တော့ Coffee & Me ရဲ့ Lavender Lotion လေးကို သတိရလိုက်နော်..❣

(၂) ဆဲလ်အသေတွေ စုပုံနေခြင်း
အသားအရည်ရဲ့ အပေါ်ယံအလွှာမှာ ဆဲလ်အသေတွေစုပုံနေမယ်ဆိုရင်လည်း ဘယ်လောက်ကောင်းတဲ့ lotion တွေ၊ skincare တွေလိမ်းလိမ်း အဲဒီအရာတွေက အသားအရည်အတွင်းထဲကို စိမ့်မဝင်နိုင်တာကြောင့် skin က အရင်လိုပဲ အရင်အတိုင်းပဲ မွဲခြောက်နေတတ်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို (၂) ကြိမ်လောက်တော့ scrub တိုက်ပေးပြီး ဆဲလ်အသေတွေကို ခွာချပေးဖို့လိုပါတယ်။ ဆဲလ်အသေတွေကို ခွာချပြီး အမာရွတ်လေးတွေပါးသွားအောင် admin ကတော့ Coffee & Me ရဲ့ coffee scrub လေး ပုံမှန်တိုက်ဖြစ်တယ်💖

(၃) နေပူထဲ မကြာခဏသွားရခြင်း
ဟုတ်ပါပြီ.. skincare တွေလည်း လုပ်တယ်၊ lotion တွေလည်းလူးတယ်၊ ဒါပေမယ့် အပြင်ကို မကြာခဏထွက်ရတယ်ဆိုရင်တော့ အသားအရည်လေးကို ဥထားသမျှတွေအလကားမဖြစ်အောင် အပြင်ထွက်တိုင်း SPF ပါတဲ့ lotion လေးတွေလူးပြီး လက်ရှည်အပေါ်ထပ်လေးတွေ ဝတ်သွားပေးနော်။ မိုးအုံ့နေတဲ့အချိန်ဖြစ်စေ၊ ဆောင်းတွင်းဖြစ်စေ SPF ပါတဲ့ lotion သေချာပေါက်လူးပေးဖို့ မမေ့ရဘူးနော်

(၄) ဆေးလိပ်သောက်ခြင်း
ဒီဘက်ခေတ်မှာ ယောက်ျားလေးတွေရော ကောင်မလေးတွေပါ စီးကရက်လေးတွေ ခဲလာတတ်ပါတယ်။ တကယ်တော့ စီးကရက်သောက်တာတွေ၊ အရက်သောက်တာတွေကလည်း အသားအရည်ကို အိုမင်းရင့်ရော်စေပြီး မွဲခြောက်စေနိုင်ပါတယ်နော်

(၅) ဟိုမုန်းအပြောင်းအလဲဖြစ်ခြင်း
ကောင်မလေးတွေမှာဆို တစ်လတစ်ခါ ဧည့်သည်မလာခင် အသားအရည်က ကြမ်းတမ်းနေတာ၊ မွဲခြောက်နေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် တစ်လတစ်ခါလာမယ့် ဧည့်သည်ကို မှန်မှန်လာအောင် သွေးဆေးလေးတွေ၊ eposoft လို vitamin E လေးတွေပုံမှန်သောက်ပြီး ထိန်းသိမ်းသင့်ပါတယ်

(၆) မိတ်ကပ်အလွန်အကျွံလူးခြင်း
မိတ်ကပ်လူးတာက ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် မိတ်ကပ်လိမ်းပြီး မိတ်ကပ်မဖျက်ပဲ အိပ်ပျော်သွားတာတွေ၊ မျက်နှာကို scrub ပုံမှန်မတိုက်တာတွေက အသားအရည်ကို ခြောက်သွေ့စေပြီး ကြမ်းတမ်းလာစေတတ်ပါတယ်

(၇) ပတ်ဝန်းကျင်အခြေအနေ
ပတ်ဝန်းကျင်က ဖုန်မှုန့်တွေ၊ လေထုညစ်ညမ်းမှုတွေကလည်း အသားအရည်ကို မွဲခြောက်စေပြီး ညိုမည်းလာစေနိုင်ပါတယ်။ ဒါကြောင့် သဘာဝကထုတ်ထားတဲ့ scrub မျိုးတွေတိုက်ပေးပြီး Lotionပုံမှန်လိမ်းပေးခြင်းနဲ့ အသားအရည်ကို ဂရုစိုက်ပေးပါနော်။ Admin တို့ Coffee & Me ရဲ့ Shikakai (Herbs of Love) scrub လေးဆိုရင် အသားအရည်ညိုမည်းတာတွေ၊ နှစ်ကာလကြာနေတဲ့ ချေးညှော်တွေနဲ့ ဆဲလ်အသေတွေကို ခွာချပေးပြီး ဝင်းမွတ်လှပတဲ့ အသားအရည်လေး ပေးစွမ်းနိုင်တယ်နော် 😍💜

ကဲ.. chic kalay တို့အတွက် အသားအရည် ညစ်နွမ်းမွဲခြောက်ရတဲ့ အဓိကအကြောင်းရင်းတွေကို ပြောပြပေးလိုက်ပြီးနော်..🎁
အသားအရည်ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာလည်း ပြောပြထားတာမို့ မပျင်းကြနဲ့တော့နော် 😏 chic kalay တွေအားလုံး Glow Skin, Glass skin လေးတွေပိုင်ဆိုင်နိုင်ပြီး အလှဆုံး ကောင်မလေးတွေဖြစ်နိုင်ကြပါစေလို့ admin က ဆုတောင်းပေးလိုက်ပါတယ်နော်… 😘💞


sharing

22/01/2022

" ဒူးမဲ တံတောင်မဲ ဂုတ်မဲတာနဲ့ အသားရောင်မညီတာအတွက် အကောင်းဆုံး Coffee Body Scrub "

အများကြီးမပြောတော့ဘူး၊ ခုချိန်ထိတော့ Coffee & Me ရဲ့ best seller ကနေ တစ်ပြားမှကိုမဆင်းဘူး ဆရာကြီးက 🤎

20/01/2022

မီအဲ့လိုမဟုတ်ဘူးနော် 😛

Photos from Coffee & Me's post 19/01/2022

☕️ မနက်ခင်းတိုင်းအတွက်မရှိမဖြစ်တဲ့ Coffee တစ်ခွက်လို
ယူတို့အသားအရေအတွက်မရှိမဖြစ်တဲ့ Coffee Scrub

14/01/2022

အဲ့လိုကြိတ်သုံးနေတဲ့ စိတ်ပုပ်လေးတွေရှိကြလားဗျို့ 😁

13/01/2022

~ အကြောပြတ်ရာအတွက် Coffee Scrub ~

Stretch Marks လို့ခေါ်တဲ့ စိတ်အနှောင့်ယှက်အရမ်းဖြစ်စေတဲ့ အကြောပြတ်ရာတွေက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပေါ်လာတတ်ပါတယ်၊ ဥပမာ အဝလွန်လာတာ၊ ကိုယ်ဝန်ရှိတာ၊ ဆေးတွေကနေတဆင့် ဘေးထွက်ဆိုးကျိုးရတာ၊ muscle gain အတွက် weight မ တာ စသဖြင့် အဲ့လိုအကြောင်းအရာတွေအမျိုးမျိုးကြောင့် အကြောပြတ်ရာတွေ ရလာတတ်ပါတယ်၊ အဲ့အခါမျိုးတွေမှာဆိုရင်

✅ ချေးချွတ်ပါ

ကိုယ့်မှာ အကြောပြတ်ရာတွေဖြစ်လာပြီဆိုရင် Exfoliation လို့ခေါ်တဲ့ ခန္ဓာကိုယ် ချေးချွတ်တာကို အမြန်ဆုံးနဲ့ မှန်မှန်လေး လုပ်ပေးသင့်ပြီနော်၊ ဥပမာ မစုတို့ Coffee Body Scrub လိုမျိုးလေးနဲ့ စက်ဝိုင်းပုံစံ ဖြေးဖြေးပုံမှန်လေးတိုက်ပေးမယ်ဆိုရင် ဆဲလ်အသေလေးတွေကိုဖယ်ရှားပေးပြီး အဲ့နေရာမှာ ဆဲလ်အသစ်လေးတွေအစားထိုးဝင်ရောက်လာလို့ ကိုယ့်မှာရှိနေတဲ့အကြောပြတ်ရာလေးတွေ တဖြည်းဖြည်းချင်းမှိန်လာမှာ အမှန်ပဲနော်၊ စိတ်ရှည်ရှည်လေး ပုံမှန်သုံးပေးဖို့တော့လိုတာပေါ့။

🤔 Why Coffee Scrub ?

ဒါဆိုရင် မစုက Scrub တွေအများကြီးထဲက အကြောပြတ်ရာအတွက် ဘာလို့ Coffee Scrub ကိုမှ recommend ပေးလဲဆိုရင် သူ့မှာပါတဲ့ ကဖင်းဓါတ်က အသားအရေအတွက် collagen ထုတ်လုပ်ပေးနိုင်တဲ့အပြင် အသားအရောင်ကို light ဖြစ်စေတဲ့အတွက် သေချာပေါက် အကြောပြတ်ရာတွေကိုမှေးမှိန်စေတာပေါ့၊ နောက်တစ်ချက်က Coffee Body Scrub က သွေးလည်ပတ်မှုကောင်းစေတာကြောင့် ဆဲလ်အသစ်လေးတွေ ဖြစ်ပေါ်စေတဲ့အပြင် အသားအရေကို သဘာဝအတိုင်း Glow စေတာ၊ ရှင်းသန့်နေစေတာ၊ အသားအရောင် ညီလာစေတာနဲ့ ချောမွေ့လာတာတွေကိုပါ ရရှိစေဦးမှာပါ။

ဒါကြောင့် အကြောပြတ်ရာတွေရှိနေလို့ အတိုအပြတ်လေးတွေမဝတ်ရဲလို့ စိတ်ညစ်နေတယ်ဆိုရင် Coffee & Me ရဲ့ အရောင်းရဆုံး Coffee Body Scrub က ကူညီပေးဖို့ အသင့်ရှိနေပါတယ်လို့၊၊

✅ Lotion လိမ်းပါ

Scrub တိုက်ပြီးရင် Moisturizer ပါတဲ့ Lotion လဲ မလိမ်းမဖြစ်လိမ်းရဦးမှာနော်၊ အဲ့အတွက်လဲ အဝေးကြီးတွေပြေးရှာနေစရာမလိုဘူး၊ အဆီအနှစ်တွေအများကြီးနဲ့ အသားကို အစိုဓါတ်ကောင်းကောင်းထိန်းပေးနိုင်တဲ့ Lavender Lotion လေးကလဲ Coffee & Me မှာ အဆင်သင့်ဝယ်လို့ရနေပါပြီလို့နော် ...

ချစ်တဲ့
မစု 🤎

12/01/2022

🍯 ပျားရည်ရဲ့ အသားအရေအတွက်ကောင်းတဲ့အချက် ၅ ချက် 🍯

Skincare နဲ့ ပတ်သက်လာရင်တော့ ပျားရည်က အသားအရေတိုင်းအတွက် မရှိမဖြစ်ပါဘဲ

၁။ ပျားရည်က ဝက်ခြံ ဖြစ်ခြင်းကနေ ကာကွယ်ပေးပြီး နောက်ဆက်တွဲ ပိုးဝင်ခြင်း၊ နီမြန်းခြင်း၊ ရောင်ရမ်းခြင်း မဖြစ်အောင်ပါ ကာကွယ်ပေးတယ်

၂။ ပျားရည်မှာ ပါတဲ့ သကြားက ပြင်ပက လေတွေကို အသားအရေမှာ ကြာရှည်စွာဆွဲထားပေးတာကြောင့် အသားအရေကို စိုပြေ၊ ကြည်လင် တောက်ပနေစေတယ်

၃။ ပျားရည်နဲ့ အသားအရေက အနွေးဓာတ်နဲ့ ထိတွေ့တဲ့အခါ ခရစ်စတယ် အခဲလေးတွေဖြစ်သွားပြီး Scrub အနေနဲ့ အသုံးပြုတဲ့ အခါ အရေပြားက ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်

၄။ အသားအရေ အပေါ်ယံအလွှာ ခြောက်သွေ့တာ၊ အရေးအကြောင်းတွေ ဖြစ်ပေါ်တာကို သက်သာစေတယ်

၅။ ပျက်စီးသွားတဲ့ အသားအရေနဲ့ အမာရွတ်တွေ၊ အကြောပြတ်ရာတွေကိုလဲ သိသိသာသာ လျော့ချပေးသေးတယ်

ဒါကြောင့်လဲ Skincare နဲ့ ပတ်သက်တဲ့ပစ္စည်းတွေမှာ ပျားရည်ကို တော်တော်များများထည့်သုံးလာကြတာကိုတွေ့ရပါတယ်၊ ဥပမာ- Scrub တော်တော်များများမှာပေါ့၊ ဒါပေမယ့် မှန်ကန်တဲ့အချိုးအစားပါဝင်မှုရှိတဲ့ Scrub ကို ရွေးချယ်သုံးတတ်ဖို့လဲလိုသေးတယ်နော်

Coffee & Me ကထုတ်တဲ့ Scrub တွေတိုင်းမှာ ဒီလို အာနိသင်တွေ နဲ့ အဖိုးတန်လှတဲ့ ပျားရည် စစ်စစ်ကို ပါဝင်ဖို့လိုအပ်တဲ့ပမာဏထိ ထည့်သွင်းအသုံးပြုထားတာဖြစ်လို့ စိတ်ချလက်ချမှာယူပြီး စိတ်တိုင်းကျလှလို့ ရပါပြီလို့

ချစ်တဲ့
မစု 🤎

11/01/2022

ညီမလေး အိ ရေးထားတာလေး တကယ့်ကိုကောင်းပြီး အကျိုးရှိမယ့်ဟာလေးမို့ ဖတ်ကြည့်စေချင်လို့ share ပါတယ်၊ ဖတ်ကြည့်ကြပါနော်

2021 မှာ ထားပစ်ခဲ့ရမယ့် skincare ideas အမှားတွေက ဘာတွေလဲ ?

(1) Detox, Toxin

အသားအရည်မှာ အဆိပ်အတောက်ဆိုတာမရှိပါဘူး။ ဒါကြောင့် အဆိပ်ထုတ်တယ် တို့၊ Skin detoxifying mask, scrub တို့ ဆိုတာတွေက wrong labelling တွေသာဖြစ်ပါတယ်။

(2) MLM ပေမယ့် Quality ကောင်းပါတယ်။

Pyramid system နဲ့ distribute လုပ်တဲ့ ပစ္စည်းကို သုံးစွဲနေပြီဆိုကတည်းက သေချာတဲ့အချက်က ~ သင်ဟာ မတန်တဆဈေးနဲ့ ပေးသုံးနေရပါပြီ။ မကောင်းတဲ့အဖွဲ့အစည်းကို support ပေးသလိုဖြစ်တဲ့အတွက် မကောင်းမှုကိုအားပေးအားမြှောက်ပြုတဲ့သူပါဖြစ်နေပါပြီ။ မလုပ်ပါနဲ့။

(3) Flower extract, Organic products တွေက Man-made ingredients တွေထက် ကောင်းတယ်။

• တကယ်တမ်း synthetic တွေထက် allergies ပိုဖြစ်စေနိုင်တာက flower extract တွေ၊ ရနံ့မွှေးတဲ့ Botanical extract တွေပါ ချစ်ချစ်တို့။

• Cancer ဖြစ်စေတယ်လို့ သတ်မှတ်ထားတဲ့ Carcinogens တွေကလည်း ခရမ်းချဉ်သီး၊ ငှက်ပျောသီး၊ ပန်းသီး၊ နာနတ်သီး၊ မုန်လာဥနီ၊ သရက်သီး၊ သစ်တော်သီး စတဲ့စတဲ့ အသီးအနှံတိုင်းမှာ ပါပါတယ်။ ဒါပေမယ့် very very low level ပဲပါတာမလို့ အန္တရာယ်ရှိမနေပါဘူး။ The dose makes the poison ပါ။

ဒါကြောင့် ကောင်းတယ် မကောင်းဘူးဆိုတာ Organic, Natural, Synthetic စတဲ့အချက်တွေပေါ်မှာ မူတည်မနေပါဘူး။

(4) Toner မသုံးလို့မရဘူး။ သုံးကိုသုံးရမယ်။

Toner မသုံးလည်း ရပါတယ်။ Cleansing, Sun Protecting, Moisturizing ကသာ အရေးအကြီးဆုံးပါပဲ။ Skincare ဆိုတာ selfcare ဖြစ်တဲ့အတွက်၊ ကိုယ့်အတွက် enjoyable ဖြစ်နေရပါမယ်။

(5) Toner ကို Cleansing လုပ်ပြီးနောက် ကျန်ခဲ့တဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးဖို့သုံးသင့်တာဖြစ်တယ်။

Toner ရဲ့အလုပ်က Cleansing မဟုတ်ပါဘူး။ အရင်ကဟုတ်ရင်ဟုတ်ခဲ့မှာပေါ့ Double Cleansing ခေါတ်မစားခင်က။ but အခုတော့မဟုတ်ဘူး။ ( Double Cleansing လုပ်ပြီးနောက် Toner ကို cotton pad နဲ့သုံးတာ ချေးတွေကပ်ပါလာသေးတယ်ဆိုရင် အဲ့ဒါ Cleansing လုပ်တာ မနှံ့စပ်လို့ပါ ) ဒါကြောင့် Toner ကို Cleansing အတွက် အားမကိုးပါနဲ့။

(6) Chemical Sunscreen တွေက Pregnancy safe မဖြစ်ဘူး။

ကိုယ်ဝန်ဆောင်တဲ့အခါမှာ အသားအရည်က နဂိုကထက်ပိုခြောက်တာ၊ sensitive ပိုဖြစ်တာ အပြင် pigmentation ပိုဖြစ်တာ၊ ဖြစ်ရင် ပျောက်ဖို့ပိုကြာတာ၊ irritation ဖြစ်လာနိုင်ခြေပိုများတာ စတဲ့ skin changes တွေရှိလာနိုင်တာမလို့ သုံးလက်စ skincare တွေနဲ့ မတည့်တာမျိုးကဖြစ်လေ့ဖြစ်ထရှိပါတယ်။

ဒါကြောင့် less irritating ဖြစ်တဲ့ Inorganic sunscreen ကိုသုံးခိုင်းတာဖြစ်ပြီး၊ Organic sunscreen တွေက သန္ဓေသားကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ တိကျသေချာတဲ့ research လည်းရှိမထားပါဘူး။ NO EVIDENCE !

အသားအရည်မညို၊ မမည်းတဲ့သူအတွက်က ပြဿနာမရှိပေမယ့်၊ people of color/ physical sunscreen လိမ်းမရလောက်အောင် dark ဖြစ်တဲ့ skin ပိုင်ရှင်တွေ ကိုယ်ဝန်ဆောင်ပြီဆို ဘယ်လိုလုပ်မလဲ စဉ်းစားကြည့်လေနော် 🥶

Face ပြီးတော့ Body ... body sunscreen ထဲက 100% inorganic ( physical ) sunscreen / ဝယ်ရလွယ်မယ်၊ SPF 50 PA++ ပါမယ်၊ ဈေးသက်သာမယ်။ အဲ့လိုအချက်တွေနဲ့ ပြည့်စုံ ကိုက်ညီတဲ့ sunscreen မြင်ဖူးလား။ အိ ရှာသလောက်ကတော့ မတွေ့ဘူးပဲ။ ဒီမှာ လက်လှမ်းမှီတဲ့ body sunscreen တိုင်းက chemical sunscreen တွေချည်းပါပဲ။

"can i use chemical sunscreen during pregnancy" လို့ Google မှာ ရှာပြီး ကြုံရာ website တွေက SS တွေ/ celebrities' skincare video link တော့လာမပြပါနဲ့နော်။ အဲ့လိုဆို နည်းနည်းရယ်ချင်လို့။ 🙏

So, စိတ်မသန့်ရင် မသုံးပါနဲ့။ ဒါပေမယ့် မဟုတ်တာကိုတော့ အဟုတ်လုပ်ပြီးမပြောပါနဲ့။

(7) Chemical Sunscreen vs Physical Sunscreen

အမှား - " Chemical Sunscreen က UV Rays တွေကို စုပ်ယူပြီး၊ Physical sunscreen က ဒိုင်းသဖွယ်ကာကွယ်ပေးထားတယ်၊ reflect လုပ်ပေးတယ် "

ရှင်းပြချက် - Physical Filters, Chemical Filters တွေရဲ့ လုပ်ဆောင်ပုံချင်းက အကုန်နီးပါး ဆင်တူပါတယ်။ Organic sunscreen, Inorganic sunscreen တွေက UV rays တွေကို စုပ်ယူခြင်းအားဖြင့် Protection ပေးတာချည်းပဲ။ ခြွင်းချက်အနေနဲ့ Physical ( inorganic ) filter မှာဆိုရင် Titanium Dioxide ရဲ့ ပုံစံနဲ့ particle size ပေါ်မူတည်ပြီး UVB rays ကိုဆို 95% absorb လုပ်ပြီး ( Chemical/ Organic sunscreen တွေအတိုင်းပဲ ) heat အဖြစ် release လုပ်ပေမယ့် UVA rays ကိုဆိုရင်တော့ wavelength 360nm အထက်ကစပြီး Wavelength ရှည်လေလေ Reflect ပိုဖြစ်လေလေ ဆိုတာမျိုးတော့ရှိတယ်။ Chemical/Organic filter မှာဆိုရင်လည်း UVR absorb ပေမယ့် Heat release မလုပ်ပဲ structure ပြောင်းသွားပြီး less protected ကနေ တဖြည်းဖြည်း no longer being protected ဖြစ်စေတဲ့ Avobenzone လို ingredient လည်းရှိတယ်။

အမှား - " Chemical sunscreen က အသားထဲစိမ့်ဝင်ပြီး Physical Sunscreen က အသားပေါ်တင်ကျန်နေတာ "

ရှင်းပြချက် - တကယ်က physical ရော chemical ရော အသားထဲစိမ့်ဝင်ပါတယ်။ ဘယ်လောက်စိမ့်ဝင်လဲဆိုတာကတော့ particle size, formulation စတာတွေပေါ်မူတည်ပါတယ်။ အဲ့လို အယူအဆတွေမှားကုန်တော့ " Chemical Sunscreen ကို moisturizer အောက်မှာခံလိမ်းရမယ် တို့၊ Physical Sunscreen ဆိုရင် moisturizer ပြီးမှ လိမ်းရမယ်" တွေ ဖြစ်ကုန်ရော။ တကယ်က moisturizer ရဲ့ formulation ပေါ်လည်းမူတည်သလို၊ ဘယ်လိုလိမ်းလိမ်း၊ အသားပေါ်မှာ EVEN, CONTINUOUS layer တခုအနေနဲ့ ရှိနေရမယ်၊ ဒါဆိုရပြီ၊ အဲ့ထက်ပိုတွေးဖို့မလိုပါ။

(8) Clean Ingredients, Dirty Ingredients.

Clean Beauty, Clean Brand, Clean Ingredients ဆိုတာတွေက Just marketing terms တွေပါ။ Clean မလို့ Better, Safer ဖြစ်တယ်၊ Dirty မလို့ harmful, dangerous, bad ဖြစ်တယ် စတဲ့ idea ကို သပ်သပ်မဲ့ ရိုက်သွင်းနေတာရယ်။

အန္တရာယ်ဖြစ်မဖြစ်ဆိုတာ ingredient ရဲ့ dosage, percentage, formulation, အသုံးပြုပုံနဲ့ပဲ ဆိုင်ပါတယ်။ ရေနစ်ရင်သေတတ်တယ်ဆိုတဲ့အကြောင်းပြချက်ကြောင့် ရေမသောက်ပဲနေမလို့လား ?

Again, Food Science Babe ပြောနေကျစကားအတိုင်း the dose makes the poison ပါ။

(9) Comedogenic.

စာအရှည်ကြီးလည်းရေးပြီးပြီနော့။ 100% ပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့ rating မလို့၊ ယုန်နားရွက်ပေါ်စမ်းထားတဲ့အဖြေမလို့၊ လူကျောကုန်းပေါ် ပလာစတာကပ်ပြီး ရလာတဲ့အဖြေမလို့၊ အကြမ်းဖျင်းလောက်ကလွဲရင် လူ့အသားအရည် မျက်နှာပေါ် ဘယ်လောက် ချွေးပေါက်ပိတ်စေမလဲဆိုတာ ပြောလို့မရပါဘူး။ လူတယောက်နဲ့တယောက်ကလည်း skin ချင်း မတူပါဘူး။ တလောကပဲ 100% မှာ Comedogenic rating 2 ပဲရှိတဲ့ ingredient/ allowance percentage က အမြင့်ဆုံးမှ 3% ရှိတဲ့ ingredient ပါတဲ့ wash off product ( leave on တောင်မဟုတ်ဘူးနော် ) ကိုသုံးပြီး သူ့ကြောင့် pore clog ဖြစ်တယ်လို့ကောက်ချက်ချထားတာမျိုးတွေ့လိုက်ရသေးတယ်။ 😬

(10) ဆံပင်ကျွတ်တာရပ်စေတယ်

ဆံပင်ကျွတ်တာက ရပ်အောင်လုပ်လို့မရပါဘူးနော် 😭 အကျွတ်နည်းအောင်ပဲလုပ်လို့ရပါတယ်။

(11) silicone မကောင်းဘူး၊ alcohol မကောင်းဘူး၊ Paraben မကောင်းဘူး၊ တာရှည်ခံဆေးပါတာမကောင်းဘူး၊ Chemical free မှ။

Allergic ဖြစ်လွယ်တဲ့သူ၊ super sensitive ဆိုရင်၊ Fragrance free, essential oil free ဖြစ်တာ၊ pe*******on enhancer နည်းတာတာကို ရွေးသင့်တာက ဟုတ်သင့်သလောက် ဟုတ်ပေမယ့် ingredient ကိုပဲကြည့်ပြီး criticize & blame လုပ်တာကတော့ မကောင်းပါဘူး။ နက်ဖြန်မှ အသေးစိတ်တင်ပေးမယ်ရှင်။

ဒီနေ့က စာရှည်လွန်းသွားပြီ။

ဒီ (11) ချက်ထဲမှာ ကိုယ်မှားသိထားတာ ဘယ်နှချက်ပါလဲ ? Comment မှာ ပြောခဲ့ပါဦးနော်။

Disclaimer : Content provided on this blog post is only for informational purposes and should not be substituted for advice from a healthcare professional.

ကူးယူဖော်ပြခြင်းမပြုပါနှင့်။

10/01/2022

💪

“Success is stumbling from failure to failure with no loss of enthusiasm”

"အောင်မြင်မှုဆိုတာ

အရှုံးပေါ်အရှုံးဆင့်ပြီး

ယိမ်းယိုင်နေသည့်တိုင်

စိတ်အားထက်သန်မှု

ပျောက်ဆုံးမသွားခြင်းကနေ

ဖြစ်ပေါ်လာတာပါ"

~ Winston S. Churchill

ဒီကာလလူတိုင်းမှာဖြစ်နေလေ့ရှိတဲ့ မချိတင်ကဲစိတ်၊ အရှုံးပေးလိုက်ချင်တဲ့စိတ်၊ စိတ်ဓါတ်တက်လိုက်ကျလိုက်ဖြစ်နေတဲ့ စိတ်တွေအတွက် ခွန်အားတစ်စုံတစ်ရာ ရမယ်လို့မျှော်လင့်ပါတယ်ရှင်။

ချစ်တဲ့
မစု

09/01/2022

ဆောင်းတွင်းအသားအရည်ပြဿနာ Coffee & Me နဲ့ အဖြေရှာ

ဆောင်းတွင်းမှာ အသားအရည်ကို ဂရုစိုက်ဖြစ်ကြရဲ့လားဟင် 👀
Admin ကတော့ အလုပ်တွေများလို့ မနည်းအချိန်လုပြီး ဂရုစိုက်နေရတယ်။
ဒီတစ်ပတ်တော့ admin က ယူတို့အတွက် ဆောင်းတွင်းမှာ ဖြစ်တတ်တဲ့ အသားအရည်ပြဿနာလေးတွေနဲ့ အဲဒါတွေကို ဘယ်လိုဂရုစိုက်ကုသရမလဲဆိုတာလေးတွေ သိသလောက်လေး sharing လုပ်ပေးမယ်နော် 😘😘

(၁) နီမြန်းယားနာ
ဆောင်းတွင်းရောက်ပြီဆိုရင် အသားအရည်တွေနီ၊ ခြောက်ပြီး အေးလေယားလေဖြစ်လာတော့တာပါပဲ။ အဲဒါကိုနီမြန်းယားနာလို့ ခေါ်ပါတယ်။ နီးမြန်းယားနာတွေရဲ့ အဓိက တရားခံက အသားခြောက်ခြင်းမို့ အစိုဓာတ်ဖြည့််ပေးတဲ့ Moisturizer ကောင်းကောင်းသုံးပေးဖို့လိုပါတယ်။ ဒါ့အပြင် အခန်းတွင်းမှာ အစိုဓာတ်ညီမျှအောင်ထိန်းပေးထားတဲ့ Humidifier လေးပါ သုံးပေးနိုင်ရင် ပိုကောင်းပါတယ်။ နီမြန်းယားနာက အရမ်းအခြေအနေဆိုးနေပြီဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့သာ အမြန်ဆုံး ဆေးကုသမှုခံယူပါ။

(၂) မှဲ့ခြောက်များ
ဆောင်းတွင်းမှာ အသားအရည်က ခြောက်သွေ့လာတဲ့အတွက် မှဲ့ခြောက်တွေ၊ အမည်းစက်တွေက ပိုပြီး ထင်ရှားလာနိုင်ပါတယ်။ အဲဒါတွေကို သက်သာစေဖို့အတွက်ဆိုရင် နေ့တိုင်း sunscreen ကို မပျက်မကွက် လိမ်းပေးဖို့လိုပါတယ်။

(၃) နေလောင်ခြင်း
နွေရာသီမှမဟုတ်ပါဘူး၊ ဆောင်းတွင်းမှာလည်း နေရဲ့ပြင်းအားက မလျော့ကျသွားတဲ့အတွက် နေပူထဲသွားရင် နေလောင်တာတွေဖြစ်နိုင်ပါတယ်။ နေလောင်ခြင်းကို သက်သာစေဖို့က ရေအေးအေးလေးနဲ့ မျက်နှာသစ်ပေးပြီး ရှားစောင်းလက်ပတ်Gel လိုမျိုးလေးကို လိမ်းပေးလို့ရပါတယ်။ ဒါ့အပြင် ပူစပ်ပူလောင်ဖြစ်နေတာတွေကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝနေအောင် ရေများများသောက်ပေးပါနော်။

(၄) ဦးရေပြားခြောက်သွေ့ဗောက်ထခြင်း
ကျန်တဲ့ရာသီတွေထက် ဆောင်းတွင်းမှာ ပိုပြီး ဗောက်ထလွယ်တာကို သတိထားမိကြတယ်ဟုတ်။ အဲဒါက ဆောင်းတွင်းရဲ့ အအေးဒဏ်ကြောင့် pH တွေမညီမျှတော့ပဲ ဦးရေပြားခြောက်သွေ့လာတာက one of the reason ပေါ့နော်။ အဲဒီလို ဗောက်တွေ အဖတ်လိုက်ထမယ်ဆိုရင်တော့ ခေါင်းကို အချိန်မှန်မှန်လျှော်ပေးပြီး ခေါင်းမလျှော်ခင်အဆီတစ်ခုခုနဲ့ နှပ်ပေးထားတာမျိုး၊ ဗောက်ထသက်သာအောင်ထုတ်ပေးထားတဲ့ scalp scrub လေးတွေသုံးပေးတာမျိုးလေးတွေ လုပ်ပေးပါနော်။

(၅) နှုတ်ခမ်း၊ တံတောင်၊ ခြေဖဝါး ကွဲခြင်း
ဆောင်းတွင်းရဲ့ စိတ်ညစ်စရာတွေထဲမှာ နှုတ်ခမ်းကွဲတာက ထိပ်ဆုံးကပါ။ သူ့နောက်မှာတော့ ခြေဖနောင့်တွေ၊ တံတောင်ဆစ်တွေခြောက်သွေ့အက်ကွဲတာတွေ ပါ။ အဲဒီလိုတွေဖြစ်ရင် ကွဲအက်တဲ့နေရာတွေကို Vaseline Jelly လေးလိမ်းထားပေးမယ်ဆိုရင် ရက်အနည်းငယ်နဲ့ အသားအရည်ပြန်လည်စိုပြေလာတာကို တွေ့ရမှာပါ။ နှုတ်ခမ်းအတွက်တော့ Lip Sugar Scrub, Lip Serum ကောင်းကောင်းလေးတွေ သုံးပေးလို့ရပါတယ်။ Coffee & Me ရဲ့ Lippy Love Lip Cream လေးဆိုရင် နှုတ်ခမ်းအပြင် တံတောင်ဆစ်၊ ခြေဖဝါးကွဲတာတွေပါ လိမ်းလို့ရလို့ တစ်မျိုးတည်းရှိရုံနဲ့ အားလုံးအိုကေ 🎁😻

ကဲ.. ဒီတစ်ပတ်တော့ Admin သိသမျှလေးတွေ အိတ်သွန်ဖာမှောက် sharing လုပ်ပေးလိုက်ပြီနော်😗😗
သိချင်တဲ့ အခြားအသားအရည်ပြဿနာလေးတွေရှိရင်လည်း အားမနာတမ်းမေးခဲ့လို့ရပါတယ်ရှင့်။ Admin အားတာနဲ့ အပြေးလေးလာဖြေပေးမှာမို့… 🎁❤

08/01/2022

💜 အသားအရည်ပါးပြီး texture နုနုလေးမှကြိုက်တဲ့သူတွေအတွက် အဆီအနှစ်တွေအပြည့်နဲ့ Lavender Oatmeal Scrub

💜 ဆောင်းတွင်းအတွက် must have အနေနဲ့ရှိကိုရှိသင့်တဲ့ Review ကောင်းတွေအများကြီးရထားတဲ့ Lavender Lotion

07/01/2022

အဇမ်းတွေ အဆင်ပြေနေတာပါဆို 🥲

06/01/2022

🤎တစ်ခါသုံးပြီးတာနဲ့ ရှိသမျှချေးတွေအကုန်ပြောင်ပြီး အသားကို နုအိသွားစေတဲ့ ကင်းပွန်သီး scrub 🤎




#ကင်ပွန်းသီးScrub
#ကင်းပွန်သီးScrub

01/01/2022

🥳 အားလုံးပဲ Happy New Year ပါရှင် 🥳
✨✨✨✨✨✨✨✨✨✨✨✨✨✨✨
အားလုံးအတွက် အခက်ခဲဆုံးဖြစ်ခဲ့တဲ့ ၂၀၂၁ မှာ ခုချိန်ထိ မိသားစုအချင်းချင်း၊ သူငယ်ချင်းမိတ်ဆွေအချင်းချင်း၊ ချစ်သူအချင်းချင်းလက်တွဲပြီး ကြံ့ကြံ့ခံ ရင်ဆိုင်လာခဲ့ကြပြီးပါပြီ။
ခုလာမယ့် ၂၀၂၂ မှာတော့ အချင်းချင်း နွေးထွေးချစ်ခင်စွာနဲ့ ဆက်လက်ကူညီဖေးမရင်း ပိုကောင်းလာမယ့်နှစ်သစ်ကို ပျော်ရွှင် ကျန်းမာစွာ လျှောက်လှမ်းနိုင်ပါစေလို့ Coffee & Me မိသားစုက ဆုတောင်းလိုက်ပါတယ်နော်။

ချစ်တဲ့
မစု 💛

Photos from Coffee & Me's post 31/12/2021

🌺 ပစ္စည်းတစ်ခု တကယ်ကောင်းမကောင်းဆိုတာ Marketing တွေအရမ်းဆင်းစရာတောင်မလိုပါဘူး၊ Honest Reviews တွေက သက်သေပါပဲ။
ဝယ်ဖို့ မဝယ်ဖို့အများကြီး စဉ်းစားနေရင် review လေးတွေသာဖတ်ကြည့်တော့နော်။
SALE ကလဲ ဒီနေ့နောက်ဆုံးမို့ ဒါလေးနောက်တစ်ခေါက် မရတော့ပါဘူးလို့ ~~~

ချစ်တဲ့
မစု 💓

Photos from Coffee & Me's post 31/12/2021

ရေခဲမုန့်လေးရေ ကယ်ပေးလိုက်ပါဦး 😁🥰

30/12/2021

ချစ်ရတဲ့ ညီမလေး အိ ဆီက New Year လက်ဆောင်တဲ့ ပြန်ရတာ၊ ပျော်ရတယ်ဆိုတာ ဒါမျိုးလေးတွေပါ 💖

Photos from Coffee & Me's post 29/12/2021

💞 Scrub သားနုနုလေးကို သုံးဖူးချင်ကြလား
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တစ်ခါတစ်လေ texture နည်းနည်းကြမ်းတဲ့ scrub တွေနဲ့ သတိမထားမိပဲ ပွတ်တိုက် မိတဲ့အခါ အသားပွန်းတာ နီရဲရောင်ယမ်းတာ လိုတာထက်ပို အသားခြောက်သွားတာတွေ ဖြစ်တတ်တယ်။ အဲ့လိုအခါမျိုးဆို ခု SALE ချနေတဲ့ limited item Foaming Bath Butter Body Scrub တစ်ဘူးလောက်တော့ try ကို try ကြည့်သင့်တယ်နော်

🌺 English Rose
Foamimg Bath Butter Scrub ထဲမှာ ပါတဲ့ နှင်းဆီပန်းအနံ့ကြောင့် scrub တိုက်နေရင်း နှင်းဆီပန်းခင်းကြီးထဲရောက်သွားသလို ခံစားရမယ့်အပြင် စိတ်နဲ့ ခန္ဓာ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေလျော့စေနိုင်ပါလိမ့်မယ်၊ Scrub တိုက်ပြီးတာနဲ့ စိတ်လေးက ကြည်လင်လန်းဆန်းလို့ပေါ့

🥥 SCI
ဒီ Scrub လေးထဲမှာပါတဲ့ဆပ်ပြာရဲ့ ပါဝင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ SCI က အုန်းဆီကနေအခြခံပြီးထုတ်ထားတဲ့ ၁၀၀ ရာခိုင်နှုန်း သဘာဝပစ္စည်းဖြစ်ပြီးတအားနူးညံ့ပါတယ်၊ သူ့ကနေထွက်လာတဲ့အမြှုပ်ကလဲ နူးညံ့လွန်းလို့ တကယ့် Luxury Feeling ကိုရမယ့်အပြင် သုံးပြီးရင် အသားကို ခြောက်မသွားစေပဲ ပိုးသားလေးလို နူးညံ့ပြီးကျန်နေခဲ့တာ၊ ပြီးတော့ Mild ဖြစ်လွန်းလို့ Baby လေးတွေသုံးတဲ့ပစ္စည်းလေးတွေမှာတောင် ထည့်သုံးကြတာပါ၊ ဘယ်လောက် safe ဖြစ်မလဲဆိုတာ စဉ်းစားကြည့်တော့နော်

✨ Glycerin
၁၀၀ ရာခိုင်နှုန်း သဘာဝပစ္စည်းကနေရတဲ့ Glycerin က အသားအရည်ကို နူးညံ့စေပြီး ရေဓါတ်ကိုပါဖြည့်ပေးထားတော့ သုံးပြီးရင် အသားမခြောက်တော့ဘူးပေါ့

🍇 Grapeseed Oil
စပျစ်သီးရဲ့ အစိလေးတွေကနေထုတ်ထားတဲ့ တကယ့်အဆီအနှစ် Grapeseed Oil က ခန္ဓာကိုယ်ပေါ်မှာ ထွက်တတ်တဲ့ဝက်ခြံလေးတွေကို မထွက်အောင်ကာကွယ်ပေးနိုင်တယ်။ နေလောင်ထားလို့ အသားကွက်တာနဲ့ ဝက်ခြံကြောင့်၊ခြင်ကိုက်ရာကြောင့်ဖြစ်တတ်တဲ့ အမာရွတ်လေးတွေကိုမှိန်စေတယ်၊ အသားကို စိုပြေစေပြီးတော့ skin tone balance ဖြစ်အောင်ညှိပေးနိုင်တယ်၊ Collagen ကို support ပေးတဲ့အတွက် အသားအရည် ပျော့တွဲလာတာတွေအတွက်လဲ အထောက်အကူဖြစ်စေတယ်။ ကဲ ဘာလိုသေးလဲနော်

🤎 Brown Sugar
Exfoliation အတွက် Admin မစုရဲ့ Favourite ဖြစ်တဲ့ သကြားညိုကတော့ အရေပြားအတွင်းပိုင်းအထိ ဝင်ရောက်သန့်စင်ပေးနိုင်ပြီး ဆဲလ်အသေလေးတွေဖယ်ပေးပြီးတာနဲ့ ဆဲလ်အသစ်လေးတွေကိုမြန်မြန်အစားထိုးပေးနိုင်သေးတယ်၊ အကောင်းဆုံးကတော့ သဘာဝအတိုင်း အသားအရည်ကို အစိုဓါတ်ဖြည့်ပေးနိုင်တာပါပဲ၊ ပြောရမယ်ဆိုရင် သဘာဝအတိုင်း Glow စေတာပေါ့

📣 ဒီလိုအရမ်းကောင်းတဲ့ ပစ္စည်းတွေချည်းပါတဲ့ Limited Item Foaming Bath Butter Scrub လေးက အမြဲတမ်းရောင်းတဲ့ပစ္စည်းမဟုတ်ပါဘူး၊ သုံးပြီးလို့ ကြိုက်တယ်ဆိုရင်တောင် နောက်တစ်ခါရဖို့ မသေချာပါဘူးနော်။ ခုလောလောဆယ် New Year Sale အနေနဲ့ ဒီပစ္စည်းလေးတစ်မျိုးထဲပဲ ရောင်းပေးနေတာမို့ ဒီ SALE လေးကို လက်မလွှတ်သင့်ကြောင်းပါလို့

❇️ SALE ကာလ > 28.12.2021 ~ 31.12.2021
Price ~ 100ML ~ 6000

နောက်မှနောင်တမရအောင် cb ကနေသာ နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်နဲ့ အော်ဒါတင်လိုက်တော့နော်

ချစ်တဲ့
မစု 💓

28/12/2021

🌟 NEW YEAR SALE 🌟
🌹 Scrub သားအနူးညံ့ဆုံးနဲ့ ဆပ်ပြာထပ်တိုက်စရာလဲမလိုပဲ အသားကို စိုအိကျန်နေစေခဲ့တဲ့ Coffee & Me ရဲ့ Limited Item > English Rose Foaming Bath Butter Body Scrub

Promotion ပေးတုန်းက ပေးထားတဲ့ပစ္စည်းလေးဖြစ်ပြီး မထင်ထားလောက်အောင် review တွေအများကြီးရပြီး ရောင်းပေးပါလို့ ပူဆာကြတာလဲ အများကြီးပေါ့

🌸 အနံ့ကတော့ scrub တိုက်တိုင်း နှင်းဆီပန်းခင်းကြီးထဲရောက်သွားသလိုခံစားရမယ်

💞 ဆပ်ပြာထပ်တိုက်စရာမလိုလို့ scrub တိုက်ပြီးတိုင်း ဆပ်ပြာထပ်မတိုက်ချင်တဲ့သူတွေအတွက်ကွက်တိ

💓 Texture လား၊ မေးမနေနဲ့၊ ရေခဲမုန့်သားလေးလို နုညံ့အိစက်

🍇 သူ့ထဲမှာပါတဲ့ Grapeseed Oil ရဲ့အစွမ်းကြောင့် Scrub တိုက်ပြီးရင် အသားခြောက်ပြီးမကျန်ခဲ့ပဲ အသားကိုစိုအိပြီး တုန်တုန်အိအိလေး ဖြစ်ကျန်နေခဲ့ရော

💝 ဒါကြောင့် ပုံမှန် 100ML ၈၀၀၀ လောက်ကျသင့်တဲ့ ဒီပစ္စည်းလေးကို ဒီ Sale ကာလမှာ ၆၀၀၀ အတိနဲ့ ရောင်းပေးပါမယ်၊ very limited item မို့ stock လဲအများကြီးမရှိတဲ့မတွက် ဦးသူပဲရပါမယ်

📣 အရင်တစ်ခါက မရလိုက်တဲ့သူတွေ ဒီတစ်ခါလဲ နောင်တမရအောင် ဒီအခွင့်အရေးနဲ့ ဒီဈေးနဲ့ကို ရအောင်ယူပါနော်

✳️ SALE ကာလ - 28.12.2021 ကနေ 31.12.2021 အတွင်းသာ

Scrub က ဘယ်လိုကောင်းတာလဲ၊ ဘယ်အသားအရေအတွက်သင့်တော်တာလဲသိချင်ရင် chat box မှာအားမနာတမ်း လာမေးနော်၊ သေသေချာချာလေးဖြေပေးပါမယ်ရှင့်

ချစ်တဲ့ 💖
မစု

Videos (show all)

အကြောပြတ်ရာနဲ့ အသားအရောင်မညီဘူးဆိုCoffee Scrub လေးသုံးနော် 🤎#coffeeandme#coffeeandmebodyscrub#coffeeandmelocalscrub#coff...
" ဒူးမဲ တံတောင်မဲ ဂုတ်မဲတာနဲ့ အသားရောင်မညီတာအတွက် အကောင်းဆုံး Coffee Body Scrub "အများကြီးမပြောတော့ဘူး၊ ခုချိန်ထိတော့ Co...
💜 အသားအရည်ပါးပြီး texture နုနုလေးမှကြိုက်တဲ့သူတွေအတွက် အဆီအနှစ်တွေအပြည့်နဲ့ Lavender Oatmeal Scrub💜 ဆောင်းတွင်းအတွက် mus...
🤎တစ်ခါသုံးပြီးတာနဲ့ ရှိသမျှချေးတွေအကုန်ပြောင်ပြီး အသားကို နုအိသွားစေတဲ့ ကင်းပွန်သီး scrub 🤎#CoffeeandMe#HerbsofLoveScrub...
ချစ်ရတဲ့ ညီမလေး အိ ဆီက New Year လက်ဆောင်တဲ့ ပြန်ရတာ၊ ပျော်ရတယ်ဆိုတာ ဒါမျိုးလေးတွေပါ 💖
သတင်းကောင်းလေးပြောမယ်နော် 🥰
❗️Last chance to get “Foaming Bath Butter Scrub ❗️ဒီနေ့ကတော့ Coffee & Me ရဲ့အထူးခြားဆုံး Promotion လက်ဆောင်လေးဖြစ်တဲ့ Fo...
Chics လေးများ > ပိတ်ရက်မှာ မင်မင် ဘာလုပ်နေလဲမင်မင် > 👇 ရေခဲမုန့်တွေလုပ်နေတယ်လေ 😅ပုံမှန် Promotion ကြောင့် လုပ်ရတာ လက်မလည...
ပျော်စရာလက်ဆောင်တွေအများကြီးပေးမယ့် Live လေး 🥰
💝 Review လေးတွေပေးရင် ဒီအရမ်းလှတဲ့ လက်ဆောင်ဘူးကြီးကို ရအောင်ယူနော် 💝ခုလာမယ့် Sunday ထိပဲပေးလို့ရတာမို့ မပေးသေးရင် နောက်မ...
Scrub တွေဖျော်နေရရင် ပျော်နေတဲ့သူပါ 💖Happiness is 💓 Scrub Making Day 💓#coffeeandme#scrubmakingday#freshscrub#lavenderoat...
မမဝင်းကိုရော သူဌေးနံ့တွေအပြည့်နဲ့ Coffee & Me ရဲ့ Lavender Lotion လေးကိုရော ဘယ်သူတွေလွမ်းကြလဲ 😔#coffeeandme#lavenderloti...

Website

Address


Bahan
Yangon

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00