Technology For You
Nearby advertising & marketing companies
Patna
Mawlamyine Main Road, Mawlamyine
05782
Mawilmada Road, Kandy
Brgy. San Francisco, Biñan City Laguna
Rua das Grevileas, Forquilhinha
Kings Street, Matale
Dorothea Homes 1 Halang Naic Cavite, Rajshahi Division
Makati
Mardan 23200
အသက်ရှူတိုင်း ငွေဝင်ချင်ရင်
သင့်လုပ်ငန်းကို ကြော်ငြာပါ
Live တွေ လွှင့်နေတာတော့ ဟုတ်ပါပြီ အမှန်တကယ်ရော ဝယ်သွားရဲ့လား ?
facebook ဆိုတာ tik tok လို Public Channel အမျိုးအစားတစ်ခုမဟုတ်တဲ့အတွက်
facebook မှာ Audience အစစ်ရရှိဖို့ဆိုတာ content creation ကောင်းယုံနဲ့တော့ စျေးကွတ်ထိုးဖောက်ဖို့ဆိုတာ မလွယ်လှပါဘူး.....😇
ဒါကြောင့် facebook ကို dollars ပေးပြီး ကျွန်တော်တို့က ကြော်ငြာမှု့ ပြုလုပ်နေမှသာ
ကျွန်တော်တို့ Products တွေ ၊ ဝန်ဆောင်မှု့ လုပ်ငန်းတွေကို အမှန်တကယ် စိတ်ဝင်စားပြီး
အမှန်တကယ် လိုအပ်နေသူတွေ ရောက်ရှိလာမှာ ဖြစ်ပြီး brand တစ်ခုအနေနဲ့ ကျွန်တော်တို့ စျေးကွတ်ကိုထိုးဖောက်နိုင်မှာပဲ ဖြစ်ပါတယ်
မိတ်ဆွေတို့ လုပ်ငန်းကို တစ်ဟုန်တိုး တိုးတက်ချင်တယ်ဆိုရင် ( media buying ) ကို လက်လွှတ်ထားလို့မရပါဘူးခင်ဗျာ.....
ဒါကြောင့် မိတ်ဆွေတို့ လုပ်ငန်း တိုးတက်အောင်မြင်ဖို့ အတွက် ကျွန်တော်တို့ Teams နဲ့သာ လက်တွဲလိုက်ပါ🤝
မိတ်ဆွေတို့ ကုန်ပစွည်းတွေရောင်းအား နှစ်ဆတိုးဖို့ ကျနော်နဲ့ ခုပဲ လက်တွဲလိုက်ပါစို့....။
https://m.me/Technology.For.You.page
☎ 09694983593
☎ 09664947272
လိုင်းဆွဲအားကောင်းပြီး လူအများသိပ်မသိကြသေးတဲ့
Premium Vpn account လေးတွေ လာဝယ်လို့ ရပါတယ်ခင်ဗျာ့......။
မိမိ ရဲ့အရောင်းပိုစ့်တွေ reach ကျလို့ စိတ်ညစ်နေပြီလား😓🤔
=============================================
ဒီအတွက် မပူပါနဲ့ Technology for you page ကနေ boost service ပေးနေပါပြီ ။✅ 10$ ကနေ စတင် အပ်လို့ရပြီး လူကြီးမင်တို့ စိတ်တိုင်းကျ ဝန်ဆောင်မှု ပေးနေပါပြီ တူဒီ နဲ့ gambling သမား များအတွက် $100 က စတင်ပြီး လူကြီးမင်းတို့ စိတ်တိုင်းကြ ထိရောက်တဲ့ Terget ကို အကောင်းဆုံး ရွေးချယ်ပီး services ပေးနေပါပီနော်........♨♨
ကဲ...ကဲ...♨
လူကြီးမင်း တိုရဲ့ products တွေ မြန်မြန်ဆန်ဆန် ရောင်းကောင်းချင်ရင်တော့ ကျနော် Technology for you နည်းပညာ page လေးမှာ ခုပဲ boost service အပ်လိုက်ကြစို့နော်..♨💯
နောက်ပီး ကျန်သေးတယ်ဗျ...........
ကျနော် တို့ မင်မင် တွေက service ပေးထားတဲ့ boost results လေးတွေ အချိန်နှင်အမျှ စောင့်ကြည့်ပေးနေတာနော်.........☺🤗🤗
အသေးစိတ်သိလိုပါက ကျနော်တို့ page chat box ကို လာရောက်မေးမြန်လို့ရပါတယ်နော်.........🤗🤗
☎09694983593
☎09664947272
Relationship သာမချိတ်ဖူးတာ
ရှိသမျှ VPN အကုန်လုံးနဲ့တော့
ချိတ်ဖူးသွားပြီ...😶
Facebook မှာ Budget သုံးပြီး Boost လုပ်တဲ့အခါ
Engagement နဲ့လုပ်သင့်လား ? Get More Message နဲ့လုပ်သင့်လား ? ဆိုတာ မသိသေးတဲ့သူတွေကို ရှင်းပြပေးသွားပါမယ်
======
ကိုယ်တင်လိုက်တဲ့ ကြော်ငြာပို့စ်တစ်ခုကို လူတွေက Like လုပ်တာ၊ Comment ရေးတာ၊ Share လုပ်တာ၊ ပုံကြည့်တာ၊ စာဖတ်တာ၊ Video ဆိုရင် Video ကိုဝင်ကြည့်တာစသဖြင့် ဒါကို Engagement ဖြစ်တယ်လို့ယူဆပါတယ်
Get More Message နဲ့ကြော်ငြာတာက ကိုယ့် Page ကိုဝယ်မယ့်သူတွေ Message ပို့တာပါ
======
Engagement နဲ့ကြော်ငြာတာက အပေါ်မှာပြောသွားသလိုပဲ Like, Share, Comment တွေရတဲ့အတွက် လူတွေရဲ့ ယုံကြည်မှုကိုပိုရစေပါတယ်
ကျွန်တော်တို့အပြင်မှာ တခုခုဝယ်တဲ့အခါ လူနည်းနည်းပဲရှိတဲ့ဆိုင်ထက် လူအများကြီးရှိတဲ့ဆိုင်ကို ပိုပြီးရွေးချယ်ဖြစ်ကြတယ်မလား ❗️
======
Facebook မှာပဲဒီလိုပါပဲ !
Like, Share, Comment များတဲ့ပို့စ်တွေဆို လူတွေကပိုပြီးစိတ်ဝင်စားကြပါတယ်
ဒါ့ကြောင့် Boost လုပ်တဲ့အခါ Engagement နဲ့ကြော်ငြာပြီးမှ Get More Message နဲ့ကြော်ငြာသင့်ပါတယ်
======
Like, Share, Comment မရှိရင် Result ကရသင့်သလောက်မရတာလဲဖြစ်တတ်ပါတယ်
မိတ်ဆွေတို့လဲ Boost လုပ်တဲ့အခါ သေချာစဥ်းစားပြီး စနစ်တကျလုပ်တတ်ဖို့လိုပါတယ် ✅
Marketing မှာအောင်မြင်ချင်ရင် Marketing Strategy အရင်ချမှတ်ထားဖို့လိုပါတယ် ☑️
Strategy ဆိုတာ ကြိုပြီးစဥ်းစားစီစဥ်ထားရတဲ့ အရာတစ်ခုပါ
ဥပမာ - ကိုယ်က ကုန်ခြောက်ဆိုင်တစ်ဆိုင်ဖွင့်မယ်ဆိုပါစို့ !
ဆိုင်ခန်းငှား ၊ ပစ္စည်းတွေဝယ်ပြီး ချက်ချင်းရောင်းတော့မှာလား ၊ မဟုတ်ပါဘူး ။ အဲ့ဒီလိုလုပ်ရင်အစီအစဥ်မကျပဲ ကမောက်ကမတွေဖြစ်ကုန်မှာပါ
လုပ်ငန်းလဲထင်ထားသလောက်အလွယ်တကူလည်ပတ်နိုင်မှာမဟုတ်ပါဘူး
အရင်ဆုံး ဆိုင်ခန်းငှားဖို့ နေရာရွေးချယ်မယ် ၊ ကုန်ခြောက်ဆိုင်ဖွင့်မယ်ဆိုတဲ့အတွက် စင်တွေဝယ်ဖို့စဥ်းစားရမယ် ၊ အရောင်းရဆုံးပစ္စည်းစာရင်းတွေ List လုပ်ရမယ် ၊ ဆိုင်အခြေအနေပေါ်မူတည်ပြီး ဝန်ထမ်းထပ်ငှားသင့်ရင်ငှားဖို့စီစဥ်ရမယ် ၊ ဒါတွေကို Strategy (မဟာဗျူဟာ) လို့ခေါ်ပါတယ်
Strategy ရှိပြီဆိုရင် ဆိုင်ခန်းငှားမယ် ၊ စင်တွေဝယ်မယ် ၊ စာရင်းလုပ်ထားတဲ့ပစ္စည်းတွေဝယ်မယ် စသဖြင့်လိုအပ်တာတွေကို ဆက်လုပ်နိုင်မှာပဲဖြစ်ပါတယ်
Strategy တွေချမှတ်ပြီး Marketing Plan ကိုသေချာလုပ်နိုင်မယ်ဆိုရင် လုပ်ငန်းတစ်ခုကသေချာပေါက်အောင်မြင်နိုင်ပါတယ် ✨
Facebook မှာကြော်ငြာတဲ့အခါ သိထားသင့်တဲ့အချက်များ ✨
Fb မှာစပြီးကြော်ငြာတဲ့အခါ အရေးအကြီးဆုံးက လူတွေရဲ့ယုံကြည်မှုကိုရရှိဖို့ပါ
လူတွေကိုယ့်ကိုယုံကြည်လာစေဖို့ဆိုရင် လူတွေကိုယ့်ကိုသိဖို့လိုသလို သဘောကျဖို့လဲလိုအပ်ပါတယ်
ဒါမှသာ ယုံကြည်မှုကိုရရှိပြီး Customer တွေရရှိလာမှာပါ
======
ကိုယ့် Page ကို Like လုပ်ထားတဲ့သူတိုင်းက ကိုယ့် Customer ဖြစ်မလာနိုင်ပါဘူး
ဘယ်လိုလူတွေကအဓိကအားပေးနေလဲ ၊ ကိုယ့်ရဲ့ပရိသတ်တွေကရောဘယ်သူတွေလဲ ဆိုတဲ့ Target Customer လိုပါတယ်
သူတို့ရဲ့ အသက်အရွယ်၊ ကျား/မ၊ နေရာ၊ ဝင်ငွေ၊ စိတ်ဝင်စားတဲ့အကြောင်းအရာ စတာတွေကိုလေ့လာရပါမယ်
======
အရမ်းကောင်းတဲ့ Quality Post တစ်ခုက Fb မှာ Engagement မရဘူးဆိုတာ Timing လွဲနေလို့ပါ
ပို့စ်တွေကို Timing အကိုက်တင်နိုင်ဖို့လဲလိုပါတယ်
======
Content တွေနဲ့ Customer ကိုချိတ်ဆက်တဲ့အခါမှာ ကြော်ငြာစာကောင်းကောင်းရေးတတ်ဖို့လိုပါတယ်
Content ကောင်းကောင်းဖန်တီးတတ်ဖို့လိုပါတယ်
Facebook မှာ ကိုယ့်လုပ်ငန်းကိုကြော်ငြာမယ်ဆိုရင် ဒီအချက်တွေကို မဖြစ်မနေသိထားသင့်ပါတယ်
မိတ်ဆွေတို့အတွက် အကျိုးရှိစေတယ်ဆိုရင် Share ပေးသွားဦးနော် ✅
အမြဲတမ်း Word Of Mouth Marketing ကိုပဲ အားမကိုးပါနဲ့ ‼️
Effective အဖြစ်ဆုံးနည်းလမ်းက Word Of Mouth Marketing ဆိုပေမယ့် လူတိုင်းကတော့ ကိုယ့် Product ကောင်းကြောင်းပြန်မညွှန်းပေးပါဘူး
WOM ကကိုယ်ထိန်းချုပ်လို့မရနိုင်တဲ့အရာဖြစ်တဲ့အတွက် အောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်ချင်တယ်ဆိုရင် နှစ်တွေအများကြီးကြာသွားမှာပဲဖြစ်ပါတယ်
ဒီနည်းလမ်းကိုပဲ အမြဲသုံးမယ်ဆိုရင် ကိုယ့်လုပ်ငန်းကို တခြားသူလက်ထဲထည့်ပေးလိုက်သလိုဖြစ်သွားမှာပါ
"ကိုယ့် Product ကိုဝယ်သုံးပြီး ကြိုက်ပါစေ ၊ အခြားသူတွေကိုလဲ ပြန်ညွှန်းပေးပါစေ" ဆိုပြီးမျှော်လင့်နေရုံနဲ့မရပါဘူး ၊ ကိုယ်ကိုယ်တိုင် ဝယ်သူတွေလာအောင်ကြိုးစားရမှာပဲဖြစ်ပါတယ်
ဒီနေရာမှာ လူတွေရဲ့စိတ်နေသဘောထားကို နားလည်သဘောပေါက်ဖို့လိုပါတယ်
ကိုယ်က ပစ္စည်းတစ်ခုကိုသုံးလို့ကြိုက်သွားပြီဆိုရင် ကိုယ့်အနီးအနားကသူတွေကို ပြန်ညွှန်းပေးလေ့ရှိပါတယ် ၊ ကိုယ်သုံးသလို သုံးစေချင်တယ် ၊ စားကောင်းတာလေးတွေ့ရင် သူလဲစားရပါစေပြီးပြန်ညွှန်းပေးတတ်ကြပါတယ်
ဒီအချက်တွေကိုကြည့်ပြီး သေချာပြန်အသုံးချတတ်ဖို့လိုပါတယ်
Customer အသစ်တွေ ကိုယ့်လုပ်ငန်းကိုသိလာပါစေလို့မျှော်လင့်နေမယ့်အစား ကိုယ်တိုင်သူတို့သိလာအောင် ကြိုးစားဖို့လိုအပ်ပါတယ်
ဝယ်သူတွေအမြဲတမ်းဝေဝေဆာဆာဖြစ်နေစေဖို့ 🎉
======
စျေးကွက်ထဲမှာ ကိုယ့်ရဲ့ပြိုင်ဘက်တွေက ကိုယ့် Product ကို လိုက်ပြီးတုပထုတ်ဖို့က လွယ်ကူပါတယ်
ဒါပေမယ့် ကိုယ်ပေးလိုက်တဲ့ ဝန်ဆောင်မှုကိုတော့ ကော်ပီလိုက်ကူးနိုင်ဖို့က ခက်ခဲပါတယ်
======
လေ့လာတွေ့ရှိချက်အရ လက်ရှိဝယ်သူကိုထိန်းသိမ်းတာက ဖောက်သည်အသစ်ရှာတာထက် ၅ဆပိုပြီးသက်သာစေပါတယ်❗️
ဝယ်သူတိုင်းကြွေလာစေမယ့် ဝန်ဆောင်မှုဖြစ်လာအောင် ကြိုးစားသင့်ပါတယ်
ဝန်ဆောင်မှုပိုကောင်းတဲ့ လုပ်ငန်းတွေက ပိုပြီးအောင်မြင်ကြပါတယ်
ကိုယ့်ဘက်က အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့လိုအပ်ပါတယ်
======
ဝယ်သူတွေနဲ့စကားပြောတဲ့အခါ သူတို့ဘာလိုချင်တာလဲသိနိုင်ဖို့ Listener ကောင်းဖြစ်ဖို့လဲလိုပါတယ်
မေးလာတဲ့မေးခွန်းတွေကို မြန်မြန်ဆန်ဆန် Response ပြန်နိုင်ဖို့လဲလိုပါတယ်
======
ကိုယ်က ဆိုင်ဖွင့်ထားတယ်ဆိုပါစို့ !
ဆိုင်ကို ဝယ်သူကရောက်လာပြီး Product တစ်ခုကိုမေးတဲ့အခါ ကိုယ့်ဆိုင်မှာရှိနေတယ်ဆိုရင် လက်ညှိုးညွှန်ပြပြီး ပြောပြတာထက် သေချာအချိန်တစ်ခုပေးပြီး ဂရုစိုက်ပေးနိုင်ဖို့လဲလိုပါတယ်
ကိုယ့်ရဲ့ဝန်ထမ်းတွေကို Product နဲ့ပတ်သက်တဲ့ Training တွေ၊ Service Training တွေကိုသင်ပေးထားရပါမယ်
စျေးရောင်းတယ်ဆိုတာထက် ကူညီချင်စိတ်ရှိတာကို Customer တွေခံစားမိအောင်လုပ်ရပါမယ်
======
ပစ္စည်းတစ်ခုမေးတဲ့အခါ ကိုယ့်ဆိုင်မှာမရှိပေမယ့် ရှိမယ့်နေရာကို ညွှန်ပေးခြင်းကလဲ ဝယ်သူတွေကိုစိတ်ကျေနပ်မှုပိုဖြစ်စေပါတယ်
ဒီအချက်တွေကိုသာ သေချာလိုက်လုပ်မယ်ဆိုရင် ဝယ်သူတွေအမြဲဝေဝေဆာဆာဖြစ်နေမှာအမှန်ပါပဲ ✅
Customer ကိုသေချာ Care လုပ်ခြင်းက လုပ်ငန်းအတွက် အများကြီးအထောက်အကူပြုစေနိုင်ပါတယ်
======
ကျွန်တော်အခုဆိုအိမ်ပြောင်းလာတာ တစ်လကျော် နှစ်လလောက်တော့ရှိပါပြီ
အိမ်နားမှာမနက်အိပ်ရာနိုးတိုင်း စားနေတဲ့ခေါက်ဆွဲသုပ်ဆိုင်လေးတစ်ဆိုင်ရှိတယ်၊ အိပ်ရာထနောက်ကျတဲ့ရက်တွေတော့ မစားဖြစ်ဘူး၊ ကျန်တဲ့ရက်တွေတော့ အမြဲလိုလိုစားဖြစ်ပါတယ်
ကျွန်တော်သွားစားတိုင်း ခေါက်ဆွဲသုပ်ကို ပဲမှုန့်များများ၊ ဆီချက်ဖတ်များများ ဆိုပြီး အမြဲမှာစားလေ့ရှိပါတယ်၊
တစ်နေ့ကျတော့ မနက်စာစားဖို့ အဲ့ဒီဆိုင်ကိုရောက်တော့ "အန်တီခေါက်ဆွဲသုပ်တစ်ပွဲ"လို့ မှာလိုက်တယ်
"ပဲမှုန့်များများ ၊ ဆီချက်ဖတ်များများနော်သား" တဲ့
ကျွန်တော့်အကြိုက်ကိုမှတ်ထားပြီး သေချာလုပ်ပေးတော့ကျွန်တော့်ရင်ထဲကြည်နူးမိသွားတယ်၊ ဂရုစိုက်ခံလိုက်ရသလို ခံစားရတယ်
နောက်ရက်တွေလဲ မနက်စာဆို ကျွန်တော်ဒီဆိုင်လေးမှာပဲစားနေဦးမှာပဲ
ဂရုစိုက်ခံရတာကို လူတိုင်းသဘောကျကြပါတယ်
ကိုယ့်ရဲ့ Customer တွေကိုသာ သေချာ Care လုပ်ပေးနိုင်မယ်ဆိုရင် ပုံမှန်ဝယ်သူကနေဖောက်သည်ဖြစ်လာနိုင်ပါတယ်
မိတ်ဆွေတို့လုပ်ငန်းမှာလဲ Customer တွေကို သေချာ Care လုပ်ပြီး ကောင်းမွန်တဲ့ Relationship ကိုတည်ဆောက်ကြည့်ပါ
ရောင်းအားတိုးတက်လာပါလိမ့်မယ် ✅
Page မှာ Engagement များအောင် ဘယ်လိုမျိုးပို့စ်တွေတင်သင့်လဲ ❓
အခုလိုခေတ်ကာလကြီးမှာ လူတွေကအခက်အခဲ၊ ပြဿနာတွေနဲ့ အမြဲကြုံတွေ့နေရတာမလို့ ဝမ်းနည်းနေရတဲ့အချိန်တွေက ပိုများတတ်ပါတယ်
Social Media ကိုစိတ်အပန်းပြေရာနေရာအနေနဲ့ လူတွေကအသုံးပြုကြပါတယ်
======
ကိုယ့် Page မှာ ပျော်ရွှင်စရာအကြောင်းအရာတွေ၊ ဟာသလေးတွေတင်ပေးမယ်ဆိုရင် Audience တွေသဘောကျပြီး Engagement လဲတက်စေပါတယ်
လုပ်ငန်းနဲ့ပတ်သက်တဲ့ Knowledge တွေကိုလဲ Sharing လုပ်ပေးသင့်ပါတယ်
ကိုယ့်ရဲ့ Audience တွေစိတ်ဝင်စားစေလောက်မယ့် အကြောင်းအရာတွေကိုလဲ ဖန်တီးသင့်ပါတယ်
Examples -
▪️ကိုယ့်ရဲ့ Daily Lifestyle လေးတွေ
▪️ဝန်ထမ်းတွေကို လက်ဆောင်ပေးတဲ့အစီအစဥ်မျိုးတွေ
▪️အမှတ်တရနေ့ရက်တွေမှာ Video ဖန်တီးတာလေးတွေ
▪️Vlog ပုံစံ ဖန်တီးတာမျိုးတွေတင်သင့်ပါတယ်
ကိုယ့်ရဲ့ Audience တွေကို Entertaining ဖြစ်စေမယ့် အကြောင်းအရာလေးတွေကို ဖန်တီးပေးနိုင်မယ်ဆိုရင် စိတ်ဝင်စားမှုမြင့်တက်စေပြီး Engagement တက်စေမှာအမှန်ပါပဲ ✅
သာ့သနာတော်နှစ်၂၅၆၈ခု ကောဇာသက္ကရာဇ်၁၃၈၆ခုနှစ်
ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့လေးမှာစပြီး ဘေးအန္တာရယ်အပေါင်းမှ ကင်းဝေးပါစေ ကိုစိတ်နှလုံး ရွင်ပြုံးကြပါစေ
မြန်မာပြည် ကြီးအမြန်အေးချမ်းပါစေ🙏🙏🇲🇲
Product တစ်ခုကိုရောင်းချတဲ့အခါ Customer တွေရဲ့ Needs & Wants တွေအပြင် Fear ကိုပါထည့်သွင်းစဥ်းစားသင့်ပါတယ် ✅
======
ဥပမာ - ကိုယ်က ဖုန်းဆိုင်တစ်ခုဖွင့်တယ်ဆိုပါစို့!
ကိုယ့်ဆိုင်မှာလာဝယ်တဲ့ Customer တွေကရော ဘယ်လိုအမျိုးအစားတွေပိုပြီးအသုံးများကြလဲ ?
ဒီ Phone ကိုသူတို့ကဘာအတွက်လာဝယ်ကြတာလဲ ?
သူတို့ရဲ့နေ့စဥ်ဘဝမှာ အချိန်ပြည့်နီးပါးအသုံးပြုရတဲ့ပစ္စည်းလဲဖြစ်တယ် ၊ ဆက်သွယ်တဲ့အခါမှာလိုအပ်တဲ့ Phone ကိုဝယ်တယ် ၊ ပြီးရင် Wants တွေပါလာပါမယ်
Camera ပိုကောင်းတဲ့ Phone ကိုပဲလိုချင်တယ် ၊ လိုင်းဆွဲအားပိုကောင်းတာကိုလိုချင်တယ် စသဖြင့် Needs & Wants တွေအပြင် ဘယ်လိုကြောက်ရွံ့မှုတွေပေါ်လာနိုင်ဦးမလဲဆိုတာ စဥ်းစားဖို့လိုအပ်ပါတယ်
======
ကိုယ်က ကော်ဖီဆိုင်တစ်ဆိုင်ဖွင့်တယ်ဆိုပါစို့ !
ကော်ဖီအရသာကောင်းဖို့အပြင် တခြား Customer တွေဘာတွေလိုချင်သေးလဲ ? ဘာတွေလိုအပ်သေးလဲ ?
ကော်ဖီလေးသောက်ပြီး အေးအေးဆေးဆေးအလုပ်လုပ်ချင်တဲ့သူတွေလား ?
ကော်ဖီသောက်ပြီး စာအုပ်ထိုင်ဖတ်ချင်တဲ့သူတွေလား ? စသဖြင့် ဒီလိုမျိုးတွေဆိုရင် ဆိုင်မှာ WiFi Free လုပ်ပေးလို့ရပါတယ်
ကော်ဖီလာသောက်ရင် သူတို့ရဲ့ Fear ကရောဘာတွေဖြစ်နိုင်မလဲ ၊ အခုလိုပူပြင်းတဲ့အချိန်ဆိုရင် လူတွေကအပူရှောင်တတ်ပါတယ် ၊ ဆိုင်မှာ Air Con တပ်ပေးထားမယ်ဆိုရင်လဲ Customer တွေရဲ့ Fear ကိုဖြေရှင်းပေးရာရောက်ပါတယ်
မိတ်ဆွေတို့ရော Customer တွေရဲ့ Needs & Wants တွေ Fear တွေကို ထည့်သွင်းစဥ်းစားကြရဲ့လား 🤗💖
Marketing နည်းစနစ်တွေကအမြဲပြောင်းလဲနေတာပါ
အရင်ကဆို ဘယ်လို Marketing နည်းလမ်းတွေလုပ်ကြလဲ ?
======
ကျွန်တော်တို့ငယ်ငယ်တုန်းကအိမ်ရှေ့ထိလာပြီး ဘယ်ကုမ္ပဏီကပါ ၊ ပစ္စည်းလေးတွေပြချင်လို့ပါ ၊ မဝယ်လဲရပါတယ် စသဖြင့် အရောင်းခံရဖူးတယ်မလား
ပထမတော့မကြည့်ချင်ပါဘူး ၊ နောက်တော့ပစ္စည်းတွေတဖြေးဖြေးပြရင်းနဲ့ အပြောလေးတွေကလဲကောင်း ၊ လိုချင်တာလေးတွေလဲတွေ့ရော ဝယ်မိကြပြန်တယ်မလား ၊ ဒါကို Direct Marketing လုပ်တယ်လို့ခေါ်ပါတယ်
======
ဟိုးအရင်ကဆို အပန်းပြေ TV ကြည့်ရင် မြဝတီနဲ့ မြန်မာ့အသံပဲရှိတော့ လာသမျှကြော်ငြာကအစထိုင်ကြည့်ကြရတယ်မလား ၊ ရွေးချယ်စရာလဲသိပ်မများတော့ ထပ်ခါတလဲလဲပြန်ကြည့်ရတဲ့ကြော်ငြာတွေဆို အခုထိမှတ်မိနေကြတုန်းပါပဲ
ဒါ့ကြောင့် လုပ်ငန်းရှင်တွေက TV မှာသူတို့လုပ်ငန်းကို လူအများမှတ်မိနေအောင်လို့ Marketing လုပ်ပြီး ကြော်ငြာတွေထည့်ကြပါတယ်
ကြော်ငြာစရိတ်များများသုံးနိုင်တဲ့လုပ်ငန်းတွေက ပိုပြီးလူသိများကြပါတယ်
======
အခုခေတ်ဆို ကိုယ့်လုပ်ငန်းကို လူတွေသိလာဖို့ မှတ်မိလာစေဖို့ Boost တွေလုပ်ကြတယ် ၊ Promote တွေလုပ်ကြပါတယ်
သူ့ခေတ် သူ့အခါကိုလိုက်ပြီး Marketing နည်းစနစ်တွေက အမြဲပြောင်းလဲနေပါတယ်
မိတ်ဆွေတို့အတွက် အကျိုးရှိစေမယ့်အကြောင်းအရာလေးတွေကို အမြဲမျှဝေပေးသွားမှာမလို့ Page ကိုအမြဲစောင့်ကြည့်နေပေးနော် 🤗
စိတ်ဓာတ် ယုတ်မာသူ အတွက်
ပညာတတ်ခြင်းဟာ အလကားပဲ။
မျော်လင့်ချက် မရှိသူအတွက်
မနက်ဖြန် ဆိုတာ အလကားပဲ။
သင်ခန်းစာ မယူတတ်သူအတွက်
အတွေ့ကြုံ ဆိုတာ အလကားပဲ။
ကျေးဇူးမသိ ကျေးဇူးကမ်းသူအတွက်
ကူညီပေးမှုဟာ အလကားပဲ။
အတ္တဆန်ပြီး တကိုယ်ကောင်းဆန်သူအတွက်
ခေါင်းဆောင် ဆိုတာ အလကားပဲ။
ခံစားချက် မရှိသူ အတွက်
နှလုံးသား တစ်စုံဟာ အလကားပဲ။
မကြိုးစားသူ အတွက်
အခွင့်အရေး ဆိုတာ အလကားပဲ။
နှမြောတွန့်တိုတတ်သူ အတွက်
ချမ်းသာခြင်းဟာ အလကားပဲ။
စိတ်ထားယုတ်သူ အတွက်
ရုပ်လှခြင်းဟာ အလကားပဲ။
မိုက်မဲပြီး ဆင်ခြင်တုံတရား မရှိတဲ့ တပည့်အတွက်
ဆရာကောင်းဟာ အလကားပဲ။
ပေးကမ်းစွန့်ကြဲမှု မရှိသူအတွက်
ပေါများခြင်းဟာ အလကားပဲ။
ကုသိုလ်မပြုသူ အတွက်
ဘဝဖြစ်တည်ခြင်းက အလကားပဲ။
ပိုင်ဆိုင်ခွင့် ရတိုင်း ပျော်ရွှင်ရမယ် မထင်နဲ့
လောဘနဲ့ အတ္တကြောင့် ပူလောင်နိူင်တယ်။
ဆုံးရှုံးသွားတိုင်း ဝမ်းနည်းပူဆွေး ရမယ်မထင်နဲ့
မေတ္တာထားတတ်ရင် ငြိမ်ချမ်းတယ်။
အရှုံးပေးတိုင်း အနိူင်ရတယ်မထင်နဲ့
တစ်ပါးသူရဲ့ စိတ်ခံစားမှု့ကို မြင်အောင်
မကြည်နိူင်ရင် ရှုံးတာပါပဲ။
အပိုင်ရသွားလို့ အလေးမထားတော့ဘူးလား
ဆုံးရှုံးသွားမှ တန်ဖိုးဆိုတာ နားလည်ရင်
အဲ့ဒီဆုံးရှုံးခြင်းဟာ နောင်တပဲဖြစ်လာမှာ။
စွန့်လွတ်တိုင်းလည်း ဆုံးရှူံးရတာ မဟုတ်ဘူး
ပိုင်ဆိုင်ရတိုင်းလည်း ဖမ်းဆုပ်ခွင့် ရှိချင်မှရှိမယ်။
နားလည်မှု့မရှိရင် နီးနေလည်း
အလကားပဲ။
တစ်ယောက်နဲ့တစ်ယောက်
စိတ်ခြင်းဝေးတဲ့ အခါ ပျော်ရွှင်မှုဆိုတာလည်း ရှိမလာနိူင်ဘူး။
ဘယ်လောက် ဝေးဝေး
စိတ်ခြင်းနီးနေမှ နားလည်မှုတွေ ယုံကြည်မှုတွေ အသက်ဝင်မှာ ပျော်ရွှင်ခြင်းတွေလည်း
အလိုလိုရောက်လာမှာလေ။
Customer Relationship Management ကောင်းမွန်တဲ့လုပ်ငန်းတိုင်းက ပိုပြီးအောင်မြင်တာတွေ့ရပါတယ်
Boost တွေလုပ်တယ်မရောင်းရဘူး ❌
ဘာလို့လဲ အမာခံပရိသတ်မရှိသေးလို့ပါ ✅
CRM စနစ်ကောင်းမွန်စွာ လည်ပတ်နေတဲ့လုပ်ငန်းတိုင်းမှာ အမာခံပရိသတ်ဆိုတာရှိပါတယ်
ဒါ့ကြောင့် ကိုယ့်ဆီမှာအားပေးဝယ်ယူမယ့် Customer တွေရဲ့အကြောင်းကိုလေ့လာပါ
သူတို့ဘာတွေလိုအပ်လဲ ၊ ဘာတွေလိုချင်နေလဲ ၊ သူတို့ရဲ့ပြဿနာတွေက ဘာတွေလဲဆိုတာ သိအောင်လုပ်ပါ
သူတို့ရဲ့ နေရပ်ဒေသ၊ ဘယ်လိုအသက်အရွယ်တွေက ဘာပစ္စည်းကိုဝယ်ယူတယ်၊ သူတို့ရဲ့ ဝင်ငွေကဘယ်လောက်ရှိတယ်စသဖြင့် Customer Data တွေကို လေ့လာပြီး စာရင်းပြုစုထားဖို့လိုပါတယ်
ဒီအချက်တွေကို Analysis ပြန်လုပ်ပြီး ကိုယ့်လုပ်ငန်းနဲ့ဘယ်လိုချိတ်ဆက်ရမလဲ၊ ဘယ်လိုဝန်ဆောင်မှုတွေပေးရမလဲ၊ အမြဲတမ်းဝယ်ယူမယ့် Customer ဖြစ်လာအောင် ဘယ်လိုကြိုးစားသင့်လဲဆိုတာ သိလာပါလိမ့်မယ်
ဝယ်သူတွေကို အဓိကထားပြီးလုပ်ရတဲ့လုပ်ငန်းမလို့ CRM စနစ်ညံ့ရင် Sales လဲကျလာပါလိမ့်မယ် 🌟
Marketing နည်းလမ်းတွေထဲမှာ Effective အဖြစ်ဆုံး Marketing က Word Of Mouth Marketing ပဲဖြစ်ပါတယ်
"တစ်ဆင့်စကား တစ်ဆင့်နား" နဲ့ ကိုယ့် Product ကိုလူများများသိသွားပြီး ဝယ်သူတွေတိုးလာစေပါတယ်
WOM ကကောင်းသတင်းလဲပျံ့နိုင်သလို ဆိုးသတင်းလဲပျံ့နိုင်တဲ့အတွက် သတိထားဖို့လဲလိုပါတယ်
======
ကိုယ့်ဆီမှာ Customer တစ်ယောက်က ပစ္စည်းတစ်ခုဝယ်သွားတယ်ဆိုပါစို့ !
ကိုယ့်ဘက်ကအကောင်းဆုံးဝန်ဆောင်မှုသာပေးလိုက်ပါ
ကိုယ်ရောင်းလိုက်တဲ့ Product က Quality လဲကောင်းတယ် ၊ သုံးရတာလဲအဆင်ပြေတယ် ၊ Customer Service ကလဲ ကောင်းနေတယ်ဆိုရင် Social Media မှာဖြစ်စေ ၊ ပတ်ဝန်းကျင်မှာဖြစ်စေ ၊ ဒီပစ္စည်းကကောင်းကြောင်း ပြန်ညွှန်းပေးတဲ့အခါ ကိုယ့် Product ကိုလူလဲပိုသိစေပြီး ဝယ်သူလဲတိုးလာစေပါတယ်
လူတွေက ဝယ်သုံးတဲ့သူအချင်းချင်းပြောတဲ့စကားတွေကို ပိုပြီးယုံကြည်လက်ခံတတ်ကြပါတယ်
ဒါ့ကြောင့်လဲ Online ပေါ်မှာ Food Blogger တွေညွှန်းတဲ့ဆိုင်တွေဆို အပြင်မှာလူတွေစည်နေတတ်ပါတယ်
======
လူတိုင်းကတော့ ကိုယ့်ပစ္စည်းကောင်းကြောင်း ပြန်မညွှန်းပေးပါဘူး
ညွှန်းပေးချင်လာအောင် ဘယ်လိုလုပ်လို့ရနိုင်မလဲဆိုတာ စဥ်းစားဖို့လိုပါတယ်
ဥပမာ - Page မှာ Review လေးရေးပေးရင် နောက်တစ်ခါဝယ်တဲ့အခါ ရာခိုင်နှုန်းဘယ်လောက်လျော့ပေးမယ်တို့၊ Cash Back ဘယ်လောက်ပြန်ပေးမယ်တို့နဲ့ ဝယ်သူတွေကို ဆွဲဆောင်နိုင်ပါတယ်
Marketing Budget အများကြီးမသုံးနိုင်တဲ့သူတွေအတွက် Word Of Mouth Marketing ကအသုံးဝင်ဆုံးနည်းလမ်းဖြစ်နေမှာပါ
ငယ်ငယ်က နားထောင်ခဲ့ရတဲ့ပုံပြင်တွေကို အခုချိန်ထိမှတ်မိနေကြသေးတယ်မလား ❓
လူတွေက ပုံပြင်တွေဆိုပိုပြီး မှတ်မိကြပါတယ် ✨
ကိုယ်က Brand တည်ဆောက်မယ်ဆိုရင် ကိုယ့် Brand ကိုမှတ်မိစေဖို့ ပုံပြင်တွေများများပြောဖို့လိုပါတယ်
ဘယ်လိုပုံစံနဲ့ ကိုယ့် Brand ကိုမှတ်မိစေချင်တာလဲ ?
မှတ်မိစေချင်တဲ့အတိုင်းပြောတတ်ဖို့တော့လိုပါတယ်
======
ငယ်ငယ်က TV မှာခနခနမြင်နေရတဲ့ကြော်ငြာလေးဆို အခုထိလူတိုင်းရဲ့ရင်ထဲမှာစွဲကျန်ရစ်နေပါတယ်
ဘဲလ်တီးတဲ့ အသံလေးကအစပြုလို့ "တီး...တောင်" "Mistine လာပါပြီရှင်"
ဒီကြော်ငြာလေးကို တော်တော်များများသိကြမှာပါ
ကျွန်တော်တို့ငယ်ငယ်တုန်းကဆို တစ်နေရာကနေ ဘဲလ်တီးသံကြားရရင်တောင် "Mistine လာပါပြီရှင်" ဆိုတဲ့အသံကို အလိုအလျောက်ပါးစပ်ကထွက်သွားမိတတ်တာမျိုးပါ
======
ပျော်စရာပဲဖြစ်ဖြစ်၊ ဝမ်းနည်းစရာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ မသိစိတ်ကနေစွဲမှတ်ထားမိတတ်ပါတယ်
ကိုယ့် Brand ကိုရော လူတွေရဲ့စိတ်ထဲမှာ ဘယ်လိုပုံစံမျိုးနဲ့ စွဲကျန်ရစ်နေအောင် လုပ်မလဲ ?
Brand Story ကိုသေချာစဥ်းစားဖို့လိုပါတယ် ‼️
လူတွေရဲ့စွဲလန်းစိတ်ထဲမှာ နေရာယူနိုင်အောင်လုပ်ပြီး Brand Story ကောင်းတစ်ပုဒ်တည်ဆောက်ပါ
Boost လုပ်နေတာတောင် ရောင်းအားတွေကျလို့စိတ်ညစ်နေရတဲ့သူတွေရှိလား ❓
ပြဿနာတိုင်းမှာတော့ အဖြေဆိုတာရှိပါတယ်
ဒီရက်ပိုင်းရာသီဥတုပူပြင်းတဲ့ဒဏ်ရော ၊ မီးပျက်တာရောကြောင့် ပုံမှန်ထက် ရောင်းအားတွေကျနေပါတယ်
ဟိုးအရင်တုန်းကဆို 1$လောက် Boost လုပ်ရင်တောင် Reach တွေအများကြီးတက်ပါတယ် ၊ အခု 10$ လုပ်ရင်တောင် ရောင်းရဖို့ဆိုတာ သိပ်မသေချာတော့ပါဘူး
Boost လုပ်တဲ့အခါလဲ နည်းမှန်လမ်းမှန်နဲ့ Boost လုပ်သင့်ပါတယ်
အမြဲတမ်း Get More Message နဲ့လုပ်နေမယ့်အစား Engagement နဲ့ပါတွဲလုပ်သင့်ပါတယ်
Customer တွေနဲ့ ကောင်းမွန်တဲ့ Relationship ကိုတည်ဆောက်ထားနိုင်မယ်ဆိုရင်လဲ ဖောက်သည်တွေတိုးလာနိုင်ပါတယ်
Customer အသစ်ရဖို့ထက် ရှိပြီးသား Customer တွေကို အမြဲတမ်းဖောက်သည်ဖြစ်လာအောင်ကြိုးစားပါ
သူစိမ်းကိုအသိ ၊ အသိကိုဝယ်သူ ၊ ဝယ်သူကိုဖောက်သည်အဖြစ်ပြောင်းနိုင်ပြီဆိုရင်တော့ ရောင်းအားကျနေတဲ့အခြေအနေကနေ ရုန်းထွက်နိုင်မှာပါ
ဘာလေးပဲရောင်းရောင်း ကိုယ့်ကိုအားပေးမယ့် Fan တွေရှိလာအောင် Customer တွေနဲ့ အမြဲချိတ်ဆက်ထားဖို့လိုပါတယ် ✅
အခုနောက်ပိုင်း Social Proof ပြနိုင်တဲ့လုပ်ငန်းတွေက ပိုပြီးအောင်မြင်လာတာတွေ့ရပါတယ်
ရောင်းကောင်းချင်တယ်ဆိုရင် သက်သေပြနိုင်ဖို့လဲလိုပါတယ် ✅
=======
မနေ့က ဒူးရင်းသီးစားချင်တာနဲ့ စျေးကိုထွက်လာခဲ့တယ်
ဒူးရင်းသီးရောင်းနေတဲ့ ဆိုင်၂ဆိုင်ကိုတွေ့တော့
ပထမတစ်ဆိုင်မှာ ဒူးရင်းသီးဝယ်ဖို့သွားမေးမိတယ်
ကိုယ်ကြိုက်တာကိုရွေးယူ၊ ခွဲပြီးရင်တော့ အရသာကောင်းကောင်း၊ မကောင်းကောင်းယူရမယ်ပေါ့၊ နုတာ၊ ချဥ်တာဆိုရင်လဲပေးပါတယ်ပေါ့
ကိုယ်လဲစဥ်းစားလိုက်တယ် ဒူးရင်းသီးဆို အရသာကချိုအီနေမှစားချင်တာကိုး၊ ခွဲပြီးမှအရသာမကောင်းရင်အဆင်မပြေမှာစိုးတာနဲ့ ဒုတိယဒူးရင်းသီးရောင်းတဲ့ဆိုင်ကို ထပ်လာလိုက်တယ်
ဒီဆိုင်မှာကျတော့ ခွဲပြီးမြည်းခိုင်းတယ် ၊ အရသာကြိုက်မှယူ ၊ မကြိုက်ရင်မယူလဲရတယ်ဆိုတာနဲ့ အဲ့ဒီဆိုင်မှာပဲ တစ်ခါထဲမြည်းကြည့်ပြီး ဝယ်ခဲ့လိုက်တယ်
ကျွန်တော့်လိုပဲ ဒူးရင်းသီးဝယ်တဲ့သူတွေလဲ ဒုတိယဆိုင်ကိုရွေးကြမယ်ထင်ပါတယ်
ဘာလို့လဲဆို လူတွေက ပစ္စည်းဝယ်တဲ့အခါ သက်သေပြပြီးရောင်းတာကို ပိုပြီးယုံကြည်တတ်ကြပါတယ်
=======
ကိုယ်က အဝတ်အထည်ရောင်းတဲ့သူဆိုပါစို့ !
ရေလျှော်ရင်ဆေးမကျတာကို စာနဲ့ရေးပြီးပြောမယ့်အစား Video ရိုက်ပြီးသက်သေပြလိုက်တော့ Customer တွေကယုံကြည်ပြီးပိုဝယ်ကြပါတယ်
ဒါ့ကြောင့် ဘာပဲရောင်းရောင်း သက်သေပြပြီးမှရောင်းပါ
၊ ရောင်းအားလဲအရင်ထက်တိုးတက်လာပါလိမ့်မယ်
မိတ်ဆွေတို့ရော ကိုယ့်ကုန်ပစ္စည်းကကောင်းကြောင်း သက်သေပြဖြစ်ရဲ့လား ❓
Brand တည်ဆောက်မယ်ဆိုရင် ဒီအချက်(၅)ချက်ကိုသိဖို့လိုပါတယ် ✨
(1) Brand Positioning
================
ကိုယ့်ရဲ့ Brand ကလူတွေရဲ့ရင်ထဲမှာဘယ်လိုပုံစံနဲ့နေရာယူမှာလဲ ?
▪️စျေးသက်သာတာလား ?
▪️Premium စျေးလား ?
▪️Quality ဦးစားပေးတာလား ?
▪️Quantity ဦးစားပေးတာလား ?
Brand တည်ဆောက်မယ်ဆိုရင် စျေးကွက်ထဲမှာ အရင်ဆုံးနေရာယူရပါတယ် ၊ ကိုယ်က ဘယ်လိုပုံစံနဲ့နေရာယူမှာလဲဆိုတာ စဥ်းစားဖို့လိုပါတယ်
(2) Brand Personality
================
ကိုယ့်ရဲ့ Brand သာလူတစ်ယောက်ဖြစ်မယ်ဆိုရင် ဘယ်လိုလူဖြစ်မလဲ ?
▪️Customer တွေကို ချစ်ခင်နှစ်သက်တဲ့ ခံစားချက်ကိုပေးမှာလား ?
▪️ကိုယ့် Brand ကိုမြင်လိုက်တာနဲ့ ပျော်ရွှင်စေတဲ့ခံစားချက်ကိုပေးမှာလား ?
▪️ကိုယ့်ရဲ့သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်တဲ့ခံစားချက်ကိုပေးမှာလား ?
▪️Luxury ဆန်တဲ့ခံစားချက်ကိုပေးမှာလား ?
▪️ကြမ်းကြမ်းတမ်းတမ်းခံစားချက်ကိုပေးမှာလား ?
ဥပမာ - Coca Cola ဆိုရင်ပျော်ရွှင်တဲ့ခံစားချက်ကိုပေးပါတယ် စသဖြင့်ပေါ့ ကိုယ်က Customer တွေကို ဘယ်လိုခံစားချက်ကိုပေးချင်လဲဆိုတာ အရင်ဆုံးဖြတ်ရပါမယ်
(3) Brand Philosophy
================
ကိုယ့် Brand ကဘာအတွက်ရပ်တည်တာလဲဆိုတာပြရပါတယ်
ဥပမာ - ကိုယ်က Boost Service ပေးတဲ့သူဆိုရင် Page Admin တွေကိုရောင်းအားတက်ဖို့ ကူညီပေးချင်တဲ့အတွက် Service ပေးနေတယ်ပေါ့
ကိုယ်က အဝတ်အထည်ရောင်းတဲ့သူဆိုရင် Customer တွေကိုလှစေချင်တဲ့ရည်ရွယ်ချက်နဲ့ ရောင်းပေးနေတယ်ပေါ့
Brand တစ်ခုနဲ့တစ်ခုက အတွေးအခေါ်တွေမတူညီကြပါဘူး
(4) Brand Story
============
ကိုယ့်ရဲ့ Brand Story ကရောဘာလဲ ?
လူတွေက ပုံပြင်တွေဆို မှတ်မိတတ်ကြပါတယ်
လူများများမှတ်မိဖို့အတွက်ဆိုရင် ပုံပြင်များများပြောပေးဖို့လိုပါတယ်
ကိုယ့်ကိုမှတ်မိစေချင်တယ်ဆိုရင် ကိုယ့်အကြောင်းများများပြောပြီး ကိုယ့် Brand ကိုမှတ်မိစေချင်တယ်ဆိုရင် Brand အကြောင်းများများပြောပေးရပါမယ်
(5) Association Symbol
==================
ကိုယ့် Brand ရဲ့ နာမည်က လူအများဖတ်လိုက်တာနဲ့ အလွယ်တကူမှတ်မိလွယ်စေမယ့်နာမည်မျိုးရွေးချယ်တတ်ဖို့လိုပါတယ်
နောက်တစ်ခုက Logo ပါ ၊ မြင်လိုက်တာနဲ့ ရှင်းရှင်းလင်းလင်းဖြစ်ပြီး ရင်ဘက်ထဲစွဲကျန်နေမယ့် Logo မျိုးဖန်တီးတတ်ဖို့လဲလိုပါတယ်
နောက်ဆုံးတစ်ခုကတော့ Color ပါ
အရောင်တစ်ခုစီတိုင်းမှာ အဓိပ္ပါယ်သတ်မှတ်ချက်တွေရှိပါတယ်
ကိုယ့် Brand ကိုရောဘယ်လိုအရောင်မျိုးသတ်မှတ်မှာလဲ ?
Brand တည်ဆောက်တဲ့အခါ ဒီအချက် (၅) ချက်ကမဖြစ်မနေလိုအပ်ပါတယ်
မိတ်ဆွေတို့ရော လုပ်ငန်းလုပ်တဲ့အခါ Branding သေချာတည်ဆောက်ဖြစ်ရဲ့လား ?
Marketing ရဲ့ ရန်သူကဘာတွေလဲ ❓
Marketing မှာအဓိကရန်သူ ၃မျိုးရှိပါတယ် ✅
======
(1) Boring - ပျင်းဖို့ကောင်းတာပါ
ကိုယ်တင်နေတဲ့ Content တွေ၊ ကြော်ငြာတွေကပျင်းဖို့ကောင်းနေရင် ဘယ်သူမှမကြည့်ချင်ပါဘူး
ပျင်းဖို့ကောင်းတဲ့ Page တွေဆိုလဲ လူတွေကစောင့်မကြည့်တတ်ပါဘူး
ဘယ်လိုအချိန်မှာလူတွေကပျင်းလဲဆိုရင် အလွယ်တကူခန့်မှန်းလို့ရနေရင် ပျင်းသွားတတ်ပါတယ်
ဥပမာ - မြန်မာဇာတ်ကားတွေဆို အခုနောက်ပိုင်းသိပ်မကြည့်ဖြစ်တော့ဘူး၊ ဇာတ်ကားအစပိုင်းလောက်ကြည့်လိုက်တာနဲ့ အဆုံးကခန့်မှန်းလို့ရနေတော့ လူတွေကပျင်းလာပြီး သိပ်မကြိုက်ကြတော့ဘူး
ဒါကြောင့်လဲ အခုနောက်ပိုင်း ဇာတ်အိမ်ကောင်းပြီး ခန့်မှန်းရခက်တဲ့ Korea Drama တွေကို ကြည့်တဲ့သူတွေကပိုများလာတာပါ
======
(2) နောက်တစ်ချက်က Procrastination - အချိန်ဆွဲတာပါ
အချိန်ဆွဲတာက ပျင်းတာပါပဲ
ပျင်းတာက Marketing ကိုအရှိန်ကျလာစေပါတယ်
Content တွေတင်မယ်ဆိုပြီးမတင်ဖြစ်သေးတာ၊ Idea တော့ရှိတယ် အကောင်အထည်တော့မဖော်ဖြစ်သေးဘူး၊ ဒါတွေက လုပ်စရာရှိတာကို မလုပ်ပဲ အချိန်ဆွဲနေတာပါပဲ
Procrastination ကဘယ်လိုအချိန်တွေမှာဖြစ်လဲဆိုရင် Motivation ကျတဲ့အခါမျိုးမှာဆိုရင် ဖြစ်တတ်ပါတယ်
======
(3) နောက်ဆုံးတစ်ချက်က သူများလုပ်သလို Copy ကူးနေမိတာပါ
သူများကြော်ငြာသလိုကိုယ်လဲလိုက်ကြော်ငြာတာ၊ သူများလုပ်သလိုလိုက်လုပ်နေမိတာပါ
သူများလုပ်တိုင်း လိုက်မလုပ်တာအကောင်းဆုံးပါပဲ
ကိုယ့်ရဲ့Competitors တွေကိုလိုက်ကြည့်ပြီး သူတို့ဘာတွေမလုပ်ရသေးဘူးလဲ ၊ ဘယ်လိုဟာကွက်တွေရှိနေလဲဆိုတာ စူးစမ်းလေ့လာပြီး သူတို့ထက်ပိုကောင်းတဲ့နည်းလမ်းတွေကိုအသုံးပြုလို့ရပါတယ်
သူများနဲ့မတူပဲ ဘယ်လိုထူးခြားအောင်လုပ်လို့ရနိုင်မလဲဆိုတာ အမြဲစဥ်းစားနေဖို့လိုပါတယ်
ဒီအချက်တွေကတော့ Marketing ကိုအရှိန်ကျလာစေတဲ့ Marketing ရဲ့အဓိကရန်သူတွေပါပဲ 🌟
စျေးရောင်းတဲ့အခါ Customer အမျိုးအစားတွေကို နားလည်ထားမှ ရောင်းအားလဲတက်နိုင်မှာပါ ✅
Customer တွေကိုလေ့လာမယ်ဆိုရင် အမျိုးအစား(၄)မျိုးရှိပါတယ် 🌟
Difficult Buyers
============
ဘယ်လိုရောင်းရောင်းဝယ်မှာမဟုတ်တဲ့သူတွေ။
ဒီလူတွေက ပစ္စည်းရှိလားအရင်လာမေးမယ်၊ စျေးလာမေးမယ် ၊ သိချင်တာတွေမေးမယ် ဝယ်လားဆိုတော့ မဝယ်ဘူး။
ကိုယ့်ဘက်ကဘယ်လိုမျိုး Promotion ပေးမယ်ပြောပြောလဲ ဝယ်မှာမဟုတ်ပါဘူး။ ဒီလိုလူအမျိုးအစားကို Difficult Buyers လို့ခေါ်ပါတယ်
Cheap Buyers
===========
စျေးသက်သာတာကိုပဲကြိုက်တဲ့သူတွေ။
ဒီလိုလူအမျိုးအစားတွေက အင်္ကျီတစ်ထည်ဝယ်တဲ့အခါ အသားမကောင်းရင်နေပါစေ ၊ စျေးသက်သာရင်ပြီးရော၊ စျေးအနည်းဆုံးကိုလိုချင်ကြတယ်၊ ဒီလိုလူတွေဆိုရင် Discount ချပေးတာဖြစ်ဖြစ် ၊ Promotion ပေးတာဖြစ်ဖြစ်လုပ်ပေးနိုင်ရင်တော့အကောင်းဆုံးပေါ့ ၊ ပြီးရင် ခွဲပြီးရောင်းပေးလို့ရတဲ့ပစ္စည်းဆိုရင် ခွဲရောင်းပေးတာပဲဖြစ်ဖြစ် လုပ်ပေးလို့ရပါတယ် ၊ ဒီလိုလူတွေက ကိုယ့်ထက်စျေးသက်သာတာတွေ့ရင်လဲ ကိုယ့်ဆီကနေခုန်ကူးသွားနိုင်ပါတယ်
Sophisticated Buyers
=================
ပစ္စည်းတစ်ခုမဝယ်ခင်မှာ အရင်ဆုံးစုံစမ်းမေးမြန်းမှုတွေလုပ်ပြီး အဆင်ပြေတယ်ဆိုမှ ဝယ်တဲ့သူအမျိုးအစားပါ။ တစ်နည်းအားဖြင့် ခေတ်မီကြတဲ့သူတွေပေါ့။
ဆိုင်တစ်ဆိုင်မှာ ပစ္စည်းတစ်ခုတွေ့လို့ဝယ်မယ်ဆိုရင် အရင်မဝယ်သေးပဲ တခြားဆိုင်တွေမှာလဲ အရင်စုံစမ်းပါတယ် ၊ နောက်ဆုံးအဆင်ပြေဆုံးဆိုင်ကိုရွေးဝယ်ကြပါတယ်
နောက်တစ်ခုက အာမခံပါတဲ့ပစ္စည်းနဲ့ မပါတဲ့ပစ္စည်းဆို အာမခံပါတဲ့ပစ္စည်းကိုပဲ ရွေးဝယ်ကြတာများပါတယ်
Affluent Buyers
============
ခံစားချက်အလိုက်စျေးဝယ်ကြတဲ့သူတွေပါ။
ဒီဆိုင်မှာဝယ်ရတာအဆင်ပြေတယ် ၊ ဆက်ဆံရေးကောင်းတယ် ၊ စိတ်ခံစားချက်အဆင်ပြေနေတယ်ဆိုရင် တခြားဆိုင်ကစျေးပိုသက်သာနေလဲ ဒီဆိုင်တစ်ဆိုင်တည်းကိုပဲ အားပေးပါတယ်
နောက်တစ်ချက်က ခင်တဲ့သူတွေဆို ပိုပြီးအားပေးတယ်၊
သိတဲ့သူနဲ့မသိတဲ့သူနဲ့ဆို သိတဲ့သူဆီကပဲ အားပေးကြတာများပါတယ်
Customer အမျိုးအစားတွေကိုသာ သေချာလေ့လာပြီး နားလည်ထားမယ်ဆိုရင် Customer တွေနဲ့ဆက်ဆံတဲ့အခါ Relationship ကောင်းမွန်ပြီး ရောင်းအားတွေလဲတက်လာနိုင်ပါတယ် ✅
ကျွန်တော့်အကြံပေးတဲ့အတိုင်း တစ်ထပ်ထဲလိုက်လုပ်ပေးတဲ့
clients အမတစ်ယောက်ရဲ့ page အသစ် results လေးတွေပါနော်
ရှယ်ဆိုမှ ရှယ်ပါဗျာ 😍
မင်မင်တို့ ကြည့်နေအုံးမှာလားနော် အခုပဲ services လာအပ်လိုက်တော့လေ😍🤗
လုပ်ငန်းတစ်ခုစီတိုင်းမှာ Tagline ဆိုတာရှိထားသင့်ပါတယ် ✨
Tagline ဆိုတာ လူအများမှတ်မိလွယ်စေမယ့် စာကြောင်းတစ်ခုပါ
Tagline ကို လုပ်ငန်းရဲ့ကြော်ငြာတွေ ၊ Content တွေဖန်တီးတဲ့အခါမှာ အမြဲထည့်သုံးလေ့ရှိကြပါတယ်
ငယ်ငယ်ထဲကနေ အခုချိန်ထိ ကျွန်တော်တို့ရင်ထဲမှာစွဲပြီးမှတ်မိနေတဲ့ Tagline တွေရှိပါတယ်
🌟 ကော်ဖီဆို "Java"
🌟 ဗိုက်ဆာနေလား "မာမား"ကိုစား
🌟 "Biogesic" နံပါတ်(1)
🌟 အအေးမိ၊ တုတ်ကွေး၊ ဖျားနာအထိရောက်ဆုံးနဲ့ အမြန်ဆုံးသက်သာပျောက်ကင်းစေမှာ "ဖလူဇာ"
ဒီလိုမျိုး Tagline စာသားတွေနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ
ဒီလိုစာကြောင်းတွေကို လူတွေမှတ်မိလာအောင် Promote လုပ်ပြီးခနခနကြော်ငြာကြပါတယ်
လူတွေခနခနမြင်တော့ မှတ်မိပြီး ကိုယ့် Brand ကိုပါ Tagline နဲ့တွဲမြင်လာကြပါတယ်
Tagline သုံးဖို့လိုလားဆို အမြဲမှတ်မိနေတဲ့အရာတွေနဲ့ မသိတဲ့အရာဆို ဘယ်ဟာကိုပိုပြီးအရွေးများကြမယ်ထင်လဲ ?
Tagline တစ်ခုကလဲ ကိုယ့်လုပ်ငန်းကိုအများကြီးအထောက်အပံ့ပေးနိုင်ပါတယ် ✅
အခုကစပြီး ကိုယ့်လုပ်ငန်းနဲ့လိုက်ဖက်မှုရှိပြီး လူတွေမှတ်မိလွယ်စေမယ့် Tagline တစ်ခုဖန်တီးကြည့်ပါ
ပုံမှန်ဝယ်သူကနေ ဖောက်သည်ဖြစ်လာဖို့ဆိုတာမလွယ်ကူပါဘူး ❌
Customer အသစ်ရဖို့ထပ် Customer အဟောင်းတွေထပ်ခါထပ်ခါပြန်လာဝယ်စေဖို့ဆိုရင် Customer တွေစိတ်ဝင်စားလောက်မယ့်အချက်တွေနဲ့ ဆွဲဆောင်ထားနိုင်ဖို့လိုပါတယ်
ကိုယ့်ဆီမှာ တစ်ကြိမ်ဝယ်ဖူးတဲ့ Customer ကို Member Card လေးတွေလုပ်ပေးထားပြီး ဘယ်လောက်ဖိုးပြည့်ရင်တော့ ဘယ်လောက် Discount ပေးမယ်ဆိုရင် Customer တွေ နောက်တစ်ကြိမ်ပြန်လာဝယ်စေဖို့ Chance ပိုများပါတယ်
ကိုယ်က အင်္ကျီရောင်းတဲ့ဆိုင်ဆိုရင် Member Card လေးတွေမှာ အကွက်လေးတွေလုပ်ထားပြီး တခါဝယ်တိုင်း တံဆိပ်တုံးတစ်ခုထုပေးပြီး အကွက် ၁၀ကွက်ပြည့်ရင် ဆိုင်မှာရှိတဲ့ပစ္စည်းထဲက ကြိုက်တာယူဘယ်လောက်ဖိုးဆိုပြီးတော့ လုပ်ပေးလို့လဲရပါတယ်
ကိုယ်က Milk Tea ဆိုင်ဖွင့်ထားတဲ့သူဆိုရင်လဲ ဘယ်နခွက်ပြည့်ရင် တစ်ခွက် Free တို့ဘာတို့လုပ်ပေးလို့ရပါတယ်
ကိုယ့်ရဲ့လုပ်ငန်းအခြေအနေနဲ့ Customer တွေကို နောက်တစ်ကြိမ်ထပ်လာဝယ်ချင်အောင် ဘယ်လိုနည်းလမ်းတွေနဲ့ ဆွဲဆောင်ရမလဲဆိုတာ အမြဲစဥ်းစားနေရပါမယ်
ရောင်းအားတက်ချင်တယ်ဆိုပြီး ထိုင်နေရုံနဲ့ ရောင်းအားတက်မလာပါဘူး
ရောင်းအားတက်ချင်တယ်ဆိုရင်တော့ အမြဲတမ်းဝယ်နေကျဖောက်သည်တွေများများရှိနေဖို့လိုပါတယ်
ရှိပြီးသားဖောက်သည်တွေကို ရေရှည်ဆက်ထိန်းထားနိုင်ဖို့ကလဲ အရည်အချင်းတစ်ခုပါပဲ 🤗
Marketing မှာအခြေခံသိထားရမယ့် 4P ✨
စျေးကွက်ကိုအလွယ်တကူချဲ့ထွင်လို့ရမယ့်နည်းလမ်းဆိုရင်လဲမမှားပါဘူး ❗️
======
Product ✅
ပထမဆုံး P ကတော့ Product ပါ၊ ဘယ်လိုကုန်ပစ္စည်းလဲ၊ ကိုယ်ရောင်းတဲ့ Product က လူတွေဝယ်သုံးချင်တဲ့ပစ္စည်းလား၊ ဒါမှမဟုတ် ဝန်ဆောင်မှုပေးရတဲ့ Service လားဆိုတာ အရင်ဆုံးခွဲခြားရပါမယ်
ကိုယ်က အင်္ကျီရောင်းတာဆိုရင် Product၊ အင်္ကျီရောင်းတာပဲဖြစ်ပါတယ်
ကိုယ်က Product ရောင်းတာမဟုတ်ပဲ Service ပေးရတဲ့လုပ်ငန်းဆိုရင် Customer တွေက ဝန်ဆောင်မှုကိုလာဝယ်တာပဲဖြစ်ပါတယ်
======
Price ✅
ဒုတိယ P ကတော့ Price ပါ၊ Quality ကနောက်မှ စျေးနှုန်းကိုအရင်ဆုံးကြည့်ပါတယ်၊ အမှန်တကယ်တော့ စျေးနည်းဖို့ကအဓိကမကျပါဘူး၊ ကိုယ်ရောင်းတဲ့စျေးနှုန်းက Customer တစ်ယောက်ပေးချင်တဲ့ စျေးနှုန်းဖြစ်ရဲ့လား၊ Competitor တွေရော ဘယ်စျေးတွေရောင်းချနေတာလဲ၊ ကိုယ်ရောဘယ်လိုစျေးနှုန်းတွေနဲ့ စျေးကွက်ထဲကို ဝင်ရမလဲဆိုတာအရင်လေ့လာသင့်ပါတယ်
=====
Place ✅
ဘယ်နေရာမှာရောင်းမှာလဲ၊ ဘယ်လိုပုံစံနဲ့ရောင်းမှာလဲ၊ စားသုံးသူလက်ထဲကိုတန်းထည့်ပေးမှာလား၊ ဒါမှမဟုတ် ကိုယ်က Distribution အပိုင်းဆိုရင် ဘယ်လိုဖြန့်ဝေမှာလဲ ဆိုတာထည့်သွင်းစဥ်းစားရပါမယ်
======
Promotion ✅
နောက်ဆုံး P ကတော့ Promotion ပါ၊ Promotion က Discount နဲ့မတူပါဘူး၊ ဘယ်လိုမျိုးပုံစံနဲ့ ကိုယ့်ကုန်ပစ္စည်းကို လူတွေသိအောင်၊ သတိထားမိလာအောင် Promotion လုပ်မလဲ၊ ဘယ်အချိန်မှာ လုပ်မှာလဲ၊ စားသုံးသူတွေနဲ့သက်ဆိုင်တဲ့ဘယ်လို Promotion တွေပေးရမလဲဆိုတာ စဥ်းစားနေဖို့လိုအပ်ပါတယ်
စျေးကွက်ချဲ့ထွင်ရာမှာလိုအပ်တဲ့ Marketing ရဲ့အခြေခံအချက်လေးတွေပဲဖြစ်ပါတယ်
အခုမျှဝေပေးနေတဲ့အကြောင်းအရာတွေကို သဘောကျတယ်ဆိုရင် Like & Share လုပ်သွားဖို့မမေ့နဲ့နော် 🤗💖
လူတွေကထူးခြားတဲ့အရာတွေဆိုပိုပြီး မှတ်မိတတ်ကြပါတယ်
လူတွေရဲ့ရင်ဘတ်ထဲမှာနေရာယူနိုင်ဖို့ အများနဲ့မတူတဲ့ ထူးခြားချက် (Unique Selling Point) ရှိနေဖို့လိုပါတယ်
လှည်းတန်းမှာရှိတဲ့ ဆုကော်ဖီဆိုရင် သူ့ဆိုင်ရှေ့ကဖြတ်သွားတာနဲ့ ကော်ဖီနံ့လေးသင်းပြီး လူတွေကိုဆွဲဆောင်နိုင်တယ်
အခုနာမည်ကြီးနေတဲ့ White Swan Tea House ဆိုရင် View အရမ်းလှပြီး Photoshot တွေရိုက်လို့ရတော့ လူတွေက တခြား Tea House တွေထက်ပိုပြီးသဘောကျကြတယ်
One Tea နို့ဆီဆိုရင် တခါစားနို့ဆီချောင်းလေးတွေထုတ်ထားလို့ လူတွေပိုစိတ်ဝင်စားကြတယ်
အကင်ရောင်းတဲ့ဆိုင်တွေဆို အကင်နဲ့တွဲစားတဲ့ ဆော့စ်ကအသက်ပါပဲ၊ ဆော့စ်အရမ်းကောင်းတဲ့ဆိုင်တွေက တခြားဆိုင်တွေထက်ပိုပြီးရောင်းရတတ်ပါတယ်
ဒါလဲ Unique Selling Point တစ်ခုပါပဲ
ကိုယ့်ဆီမှာ Unique ဖြစ်တဲ့ အချက်ကို လူတွေမှတ်မိလာအောင် ထင်ထင်ရှားရှားပြသနိုင်ဖို့လိုပါတယ်
Unique Selling Point(USP) ကိုသာ သေချာပြနိုင်မယ်ဆိုရင် Market ထဲမှာနေရာတစ်ခုရလာမှာအသေအချာပါပဲ ✅
မရောင်းပဲလာဝယ်စေချင်တယ်ဆိုရင် ဘယ်လိုအချက်တွေလုပ်သင့်လဲ ❓
ကိုယ့် Product or Service ကိုမရောင်းပဲနဲ့ လာဝယ်စေချင်တယ်ဆိုရင် Branding ကောင်းကောင်းတည်ဆောက်ထားဖို့လိုပါတယ်
Personal Branding နဲ့ Business Branding ဆိုပြီး (၂)မျိုးရှိပါတယ် ၊ Personal Branding ကတည်ဆောက်ရတာပိုပြီးလွယ်ကူပါတယ်
======
တချို့Online Shop တွေဆိုရင် ပစ္စည်းတစ်ခုရောင်းတဲ့အခါ ဒါလေးကတော့ ဘယ်သူသုံးတဲ့ပစ္စည်းလေးပါ ၊ ဘယ်သူလွယ်ထားတဲ့အိတ်လေးပါဆိုပြီး တစ်ယောက်ယောက်ကို mention ပြီးရောင်းနေတာတွေ့ဖူးကြမှာပါ
Personal Branding ကိုကောင်းကောင်းတည်ဆောက်ထားနိုင်တော့ ကိုယ်သုံးတဲ့ပစ္စည်းတွေကအစ လူတွေကယုံကြည်ပြီး လိုက်ဝယ်ကြပါတယ်
======
Blackpink အဖွဲ့က Lalisa ဆိုရင် သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ထိုင်းနိုင်ငံရောက်တုန်းက ဆိုင်တစ်ဆိုင်မှာစားနေတဲ့ပုံတွေတက်လာတဲ့နေ့ကစပြီး နောက်ရက်တွေလဲ အဲ့ဒီဆိုင်မှာလူတွေအရမ်းကျလို့ တန်းစီရတဲ့အထိဖြစ်သွားတယ်
Lalisaကတော့အရမ်းနာမည်ကြီးနေတဲ့ KPop အဆိုတော်ပေါ့နော် ၊ သူ့ရဲ့ Image ကတော့ အရမ်းကိုကြီးပါတယ်
======
ကိုယ်သာ Personal Branding ကောင်းကောင်းတည်ဆောက်ထားနိုင်မယ်ဆိုရင် ကိုယ်ကမရောင်းလဲ ကိုယ့်ဆီလာဝယ်ချင်နေမှာပါ
မိတ်ဆွေတို့ရော Personal Branding တည်ဆောက်ထားနိုင်ပြီလား 🤗🌟
အသက် 18 နှစ်လုံး သင်ခဲ့တဲ့ သင်ခန်းစာတွေထဲမှာ
ဒီစာအုပ်တွေထဲက knowledge တွေသာ ထည့်ထားပေးခဲ့ရင်....
ဘယ်စာအုတ်တွေ ဖက်ပြီးပြီးလည်း မင်မင်တို့☺
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Website
Address
Yangon
Yangon
Orionဆိုတာ စျေးနှုန်းသင့်ပြီး quality မြင့်တဲ့ diigital marketing ဝန်ဆောင်မှု agency တစ်ခုပါ
Yangon
စက်ဖိုး + ကြိုးဖိုး + တပ်ဆင်ကြေး အခမဲ့ဖြင့် တပ်ဆင်ဖို့ (09251238188)ကိုအခုပဲ ဆက်သွယ်လိုက်ပါနော်😘
Mandalay Street, Yangon , Minglartaungnyunt Township
Yangon, 11221
Sales Agent
Yangon, 11111
Facebook Marketing အတွက် အကောင်းဆုံး ဝန်ဆောင်မှု တွေကို တစ်နေရာတည်းမှာ ရယူလိုက်ပါ