Thanlwin Education Services Co., Ltd, Yangon Videos

Videos by Thanlwin Education Services Co., Ltd in Yangon. Think Ahead Do Reality Raise Dignity

🎓၂၀၁၈-၁၉ ပညာသင်နှစ်မှာ
သံလွင်ပုဂ္ဂလိကအထက်တန်းကျောင်းတွင်
တက်ရောက်နေကြသည့်
ကျောင်းသား/ကျောင်းသူ (၉၀၀) ခန့်ရဲ့
တစ်နေ့တာလှုပ်ရှားမှုအချို့ကို
မှတ်တမ်းတင်ထားတဲ့ Short movie clip လေးကို
တင်ထားပေးပါတယ်..

🔷ပညာသင်နှစ်အစဖြစ်တဲ့အချိန်ဖြစ်တဲ့
ဂျွန်လမှာတော့ ..
၁-ကျောင်းစည်းကမ်းများကို
ကျောင်းသားများက စုပေါင်းရေးဆွဲခြင်း၊
၂-နိုင်ငံတော်အလံတင်ခြင်းနှင့်အလေးပြုခြင်းများအတွက်
လေ့ကျင့်ခြင်း၊
၃-သတ်မှတ်ရက်အလိုက် ကျောင်းတန်းစီခြင်းနှင့်
ကျောင်းအုပ်ကြီးရဲ့ သြဝါဒနာခံခြင်း၊
၎-ပြည်သူ့နီတိများနှင့်တာဝန်ဆိုင်ရာဆွေးနွေးခြင်း၊
၅-ဆရာ/ဆရာမများအနေနဲ့ သင်ကြားလေ့ကျင့်ပေးကြမည့်
ဘာသာရပ်အလိုက် သင်ခန်းစာများမိတ်ဆက်ခြင်း၊
၆-Art appreciation အတွက်မိတ်ဆက်ခြင်း၊
၇-Music appreciation အတွက်မိတ်ဆက်ခြင်း၊
၈-Physical Development အတွက်မိတ်ဆက်ခြင်း၊
၉-Science မိတ်ဆက်ခြင်း..များကိုဆောင်ရွက်လျှ

Other Thanlwin Education Services Co., Ltd videos

🎓၂၀၁၈-၁၉ ပညာသင်နှစ်မှာ သံလွင်ပုဂ္ဂလိကအထက်တန်းကျောင်းတွင် တက်ရောက်နေကြသည့် ကျောင်းသား/ကျောင်းသူ (၉၀၀) ခန့်ရဲ့ တစ်နေ့တာလှုပ်ရှားမှုအချို့ကို မှတ်တမ်းတင်ထားတဲ့ Short movie clip လေးကို တင်ထားပေးပါတယ်.. 🔷ပညာသင်နှစ်အစဖြစ်တဲ့အချိန်ဖြစ်တဲ့ ဂျွန်လမှာတော့ .. ၁-ကျောင်းစည်းကမ်းများကို ကျောင်းသားများက စုပေါင်းရေးဆွဲခြင်း၊ ၂-နိုင်ငံတော်အလံတင်ခြင်းနှင့်အလေးပြုခြင်းများအတွက် လေ့ကျင့်ခြင်း၊ ၃-သတ်မှတ်ရက်အလိုက် ကျောင်းတန်းစီခြင်းနှင့် ကျောင်းအုပ်ကြီးရဲ့ သြဝါဒနာခံခြင်း၊ ၄-ပြည်သူ့နီတိများနှင့်တာဝန်ဆိုင်ရာဆွေးနွေးခြင်း၊ ၅-ဆရာ/ဆရာမများအနေနဲ့ သင်ကြားလေ့ကျင့်ပေးကြမည့် ဘာသာရပ်အလိုက် သင်ခန်းစာများမိတ်ဆက်ခြင်း၊ ၆-Art appreciation အတွက်မိတ်ဆက်ခြင်း၊ ၇-Music appreciation အတွက်မိတ်ဆက်ခြင်း၊ ၈-Physical Development အတွက်မိတ်ဆက်ခြင်း၊ ၉-Science မိတ်ဆက်ခြင်း..များကိုဆောင်ရွက်လျှ

ကျောင်းသားမိဘများသို့ပန်ကြားချက် Thanlwin Private School တွင် ပညာသင်ယူနေကြသော ကျောင်းသားများ၏မိဘများထံမှလည်းကောင်း စိတ်ပါဝင်စားကြသော မိဘများထံမှလည်းကောင်း နွေရာသီသင်တန်းအတွက်စုံစမ်းကြသော တယ်လီဖုန်း Call များ On line မှမေးမြန်းချက်များ နှင့် လူကိုယ်တိုင်လာရောက်မေးမြန်းချက် များစွာကို ကျေးဇူးတင်စွာဖြင့် လက်ခံရရှိခဲ့ပါသည်။ Thanlwin Private School ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကလေးသူငယ်များ လောကအလယ်တွင် အကောင်းဆုံးရှင်သန်ရပ်တည်နေထိုင်ရပ်တည်စေရေးအတွက် မြန်မာ့သင်ရိုးကို နိုင်ငံတကာသင်ကြားနည်းစနစ်များဖြင့် သင်ကြားလေ့ကျင့်ပေးရန်ဖြစ်သည့် အားလျှော်စွာ ယခင်နှစ်က ရရှိခဲ့သော အတွေ့အကြုံများကိုအခြေခံ၍ ၂၀၁၈/၂၀၁၉ ပညာသင်နှစ်၌ ပိုမိုကောင်းမွန်သော သင်ကြားရေးနည်းစနစ်များနှင့် သင်ကြားမှု သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးနိုင်စေရေးအတွက် နွေရာသီ ကေ

သံလွင်ပုဂ္ဂလိကအလယ်တန်းကျောင်း စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲကို ယနေ့ ၂၉-၁၁-၂၀၁၇ ရက်နေ့တွင် ကျောင်းရှိ Multifunction Hall ၌ကျင်းပရာ ဆရာကြီး ဒေါက်တာထွန်းလွင်က ရာသီ ၊ ဥတုနှင့် သဘာဝပတ်ဝန်းကျင် ခေါင်းစဉ်ဖြင့်လည်းကောင်း ဆရာကြီး ချစ်ဦးညိုက ကိုရင်လေးပဏ္ဍိတ(လူချွန်လူကောင်း) ခေါင်းစဉ်ဖြင့်လည်းကောင်း မြန်မာစာပေ ယဉ်ကျေးမှု ၊ဝိဇ္ဇာ နှင့်သိပ္ပံပညာရပ်များကို ဟောပြောပေးခဲ့ပါသည်။ နောက်နှောင်နှစ်များတွင်လည်း ယင်းသို့ အသိပညာတိုးတက်စေမည့် စာပေဟောပြောပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။

Thanlwin Private School ၏ ပထမအကြိမ်ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲကို (၁၁)ပါးမြောက် တိပိဋ္ဋကဓရဓမ္မဘဏ္ဍာဂါရိက ရမ္မာဝတီ ဆရာတော် ဘဒ္ဒန္တ ဦးဣန္ဒပါလအမှူးပြုသော ပုလဲမြို့သစ် တိပိဋကပုလဲရောင်ရှိန်စာသင်တိုက်ရှိ ဆရာတော် သံဃာတော်များအား ၃.၁၁.၂၀၁၇ ရက်နေ့ (တန်ဆောင်မုန်းလပြည့်နေ့)နံနက်ပိုင်းတွင် သံလွင်ကျောင်းသို့ပင့်ဖိတ်ပြီး ကပ်လှူပူဇော်ခဲ့ပါတယ်..... မြန်မာတို့အတွက်အဓိကကြသော (၃၈)ဖြာမင်္ဂလာတရားများကို သိရှိလိုက်နာကျင့်သုံးနိုင်ရေးအတွက် လေ့ကျင့်ပေးလျှက်ရှိပါတယ်....

၂၀၁၇-၁၈ ပညာသင်နှစ်တွင် စတင်ထူထောင်သည့် သံလွင်ပုဂ္ဂလိကအလယ်တန်းကျောင်းအနေနဲ့ ကလေးတွေရဲ့ ပင်ကိုအရည်အသွေးတွေကို ပိုမိုတောက်ပြောင်စေရေးအတွက် လေ့ကျင့်ပေးလျှက်ရှိနေပါတယ် ... ၃-၁၁-၂၀၁၇ ရက်နေ့တွင် ပထမအကြိမ်ဘုံကထိန်လှူဒါန်းဆပ်ကပ်ခြင်းနဲ့ တန်ဆောင်တိုင်ပဒေသာကပွဲကို ကျင်းပနိုင်ခဲ့ပါတယ် ...

Thanlwin Private School ၏ ၂၀၁၇ /၁၈ ပညာသင်နှစ် ကျောင်းကျန်းမာရေးရက်သတ္တပတ်ဟောပြောပွဲကို ယနေ့ ၂၃.၈.၂၀၁၇ ရက်နေ့တွင်ကျင်းပရာ ဒေါက်တာကျော်စွာဦးမှ "ယနေ့လူငယ်ရင်ဆိုင်နေရသောပြသနာများ" ခေါင်းစဉ်ဖြင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများဖြန့်ဝေပေးခဲ့ပါတယ် ဤသို့ဆွေးနွေးပေးခြင်းဖြင့် ကျောင်းသားလူငယ်များ ဘဝတွင်ရှင်သန်နေထိုင်ရေးနှင့်ဖွံဖြိုးရေးတွင် လိုအပ်သောအသိပညာများတိုးပွားစေခဲ့ပါတယ် ဆွေးနွေးပေးပါသော ဒေါက်တာကျော်စွာဦး (MRTV 4 Health Fix နှင့် ခေတ်သစ်ပျိုမေ စီစဉ်တင်ဆက်သူပင်တိုင်ဆရာဝန်) အားအထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဖေါ်ပြအပ်ပါတယ်

သံလွင်ပုဂ္ဂလိက အလယ်တန်းကျောင်းရှိ ကလေးအချို့ရဲ့ တစ်နေ့တာပျော်ရွှင်မှုလေးတွေပါ.. ကလေးတွေက သူတို့ပုံလေးတွေကို ဓါတ်ပုံရိုက်ပြီး Facebook ပေါ်တင်ပေးပါ ဖေဖေ/မေမေတွေကို တွေ့စေချင်လို့ဆိုပြီး တောင်းဆိုကြလို့ ..တင်ပေးလိုက်တာပါခင်ဗျာ ..

သံလွင်ကဆရာများကို လေ့ကျင့်ပေးနေတဲ့ လေ့ကျင့်ခန်းတစ်ခုထဲက AGENDA -21 ဆိုင်ရာနှင့်မြန်မာ့အရေးဆိုင်ရာ ဆွေးနွေးပွဲမှာ အဖွဲ့(၅)ဖွဲ့ စုဖွဲ့ပြီး.. ၁-ရှင်းလင်းတင်ပြမှုစွမ်းရည် ၂-အချက်အလက်စုဆောင်းမှုစွမ်းရည် ၃-သုံးသပ်မှုစွမ်းရည် ၄-ဖန်တီးမှုစွမ်းရည် ၅-အတွေးအမြင်ချဲ့ထွင်မှုစွမ်းရည်.. စတဲ့အချက်များကို လေ့ကျင့်ပေးလျှက်ရှိပါတယ်. သံလွင်ပုဂ္ဂလိကကျောင်းရဲ့ ဆရာများဟာ ကလေးသူငယ်တွေကို ပြုစုပျိုးထောင်ပေးဖို့အတွက် အသင့်ဖြစ်နေကြပါပြီ။ လေ့ကျင့်သင်ကြားမှုလုပ်ငန်းစဉ်တွေကို အင်ပြည့်အားပြည့်နဲ့ လိုက်ပါလုပ်ဆောင်ပေးကြတဲ့ ဆရာဆရာမများကို အထူးကျေးဇူးတင်ရှိပါတယ်။

8-5-2017 ရက်နေ့တွင် မြင်တွေ့ရသော သံလွင်ပုဂ္ဂလိကအလယ်တန်းကျောင်း တည်ဆောက်ရေးလုပ်ငန်းခွင် ကျောင်းအပ်လက်ခံခြင်းကို စတင်ဆောင်ရွက်နေပါပြီ

⚽️🏀🏐🏸🏓⛳️🏹🚴🏻‍♀️🎼🎻🍀🌱🌹🌸🌍⛈❄️📈📊🖇💱💃🏽🕺🏻🏅🎖🏆⚖️🔧⚒🔭🔬 🌈ကလေးတစ်ဦးရဲ့ ပင်ကိုယ်အရည်အသွေးတွေကို ..ပိုမိုတောက်ပစေမည့် သံလွင် 🏆 🥇၁-၅-၂၀၁၇ ရက်နေ့တွင် တွေ့မြင်ရသော သံလွင်ပုဂ္ဂလိကအလယ်တန်းကျောင်းရဲ့ တည်ဆောက်မှု အနေအထားများဖြစ်ပါတယ်... ၂၀၁၇-၁၈ ပညာသင်နှစ်မှာတော့ 🏫အလယ်တန်းကျောင်းကိုစတင်ဖွင့်လှစ်မှာဖြစ်ပြီး ၂၀၁၈-၁၉ ပညာသင်နှစ်မှာတော့ 🏫🔺အထက်တန်းကျောင်းအဖြစ် တိုးချဲ့ဖွင့်လှစ်သွားမှာဖြစ်ပါတယ်.. သံလွင်ပညာရေးဝန်ဆောင်မှုအနေနဲ့ 🔰ပုဂ္ဂလိကဆရာအတတ်သင်ကောလိပ်တစ်ခုကိုပါ ယခုနှစ်မှာစတင်ထူထောင်သွားမှာဖြစ်ပါတယ်... 📝ကျာင်းအပ်လက်ခံခြင်းကို ၄-၅-၂၀၁၇ -ကြာသာပတေးနေ့တွင် စတင်လက်ခံသွားမှာဖြစ်ပါတယ်.... ကျောင်းအပ်လက်ခံခြင်းကိုရုံးချိန်အပြင် ရုံးချိန်ပြင်ပဖြစ်သော ♦️ညနေ(၅)နာရီမှ (၇) နာရီအထိ♦️ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်... 🚩ကျောင်းဖွင့်ပ

ဆရာ ဆရာမများအား အရည်အသွေးမြှင့်ရန် လေ့ကျင့်ရာဝယ်

သံလွင်ပုဂ္ဂလိက အလယ်တန်းကျောင်းကပြုလုပ်တဲ့ ဝန်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက်ပြပွဲကို ၁၇-၃-၂၀၁၇ ရက်နေ့မှ စတင်ပြီး Pyay Garden - Residence & Office Towerတွင်ကျင်းပခဲ့ပါသည်။ ပြပွဲကာလမှာ ၁၇-၁၈-၁၉ (၃)ရက်တိုင်ပြုလုပ်သွားမည်ဖြစ်ပါသည်။ -ကျောင်းဖွဲ့စည်းမှု -တည်ဆောက်ထားသည့်ပုံစံ -ဆရာ/ဆရာမများရွေးချယ်သည့်စနစ် -လေ့ကျင့်မှုအစီအစဉ်များ -သင်ရိုးမာတိကာချိတ်ဆက်မှု -တွဲဖက်သင်ရိုးဝင်ဘာသာရပ်များ -အပိုဆောင်းဘာသာရပ်များ (ဂီတ/သဘင်/ပန်းချီ /စိုက်ပျိုးရေး/ဒီဇိုင်းနှင့်နည်းပညာ ) ကို ပြသထားပြီး သင်ကြားပေးမည့် ဆရာ/ဆရာမများ က ရှင်းပြပေးလျှက်ရှိပါတယ်။ ၂၁ ရာစု ပညာရေးစိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းနိုင်စေရန်အတွက်ပြင်ဆင်ထားမှုများကို လာရောက်လေ့လာ သုံးသပ်နိုင်ကြစေရန်အတွက် ယခုပြပွဲကို ကျင်းပ ရခြင်းဖြစ်ပါသည်။ ကျောင်းတည်ရှိရာလိပ်စာကတော့ အမှတ်(၂၀၃) (၅) လမ်း ကံကော်ရိ

မင်္ဂလာပါခင်ဗျား.. သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်းရဲ့ဆောင်ရွက်သွားမည့် လုပ်ငန်းများကို တင်ပြရှင်းလင်း လိုပါတယ်။ သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်းရဲ့စီမံခန့်ခွဲမှုအောက်မှာ- ၁။🏫သံလွင် ပုဂ္ဂလိကအထက်တန်းကျောင်း ၂။🏩သံလွင် သူနာပြုကောလိပ် ၃။🛰သံလွင် နည်းပညာကောလိပ် ၄။🥇စွမ်းဆောင်ရည်ဖွံဖြိုးတိုးတက်ရေး ကောလိပ် ၅။🏛တက္ကသိုလ် - ဆိုပြီး လုပ်ငန်းကြီး(၅)ခုပါဝင်ပါတယ်။ ပထမဦးဆုံးခြေလှမ်းအနေနဲ့ သံလွင်ပုဂ္ဂလိကအလယ်တန်ကျောင်းကို (၂၀၁၇-၁၈) ပညာသင်နှစ်မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ကျောင်းရဲ့တည်နေရာကတော့ အမှတ် (၂၀၃)၊ ၅လမ်းနှင့် ၆ လမ်းကြား၊ မင်္ဂလာဒုံဥယျာဉ်မြို့တော်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့ မှာဖြစ်ပြီး မြေဧရိယာ အကျယ်အဝန်း (၁၂)ဧကပေါ်မှာတည်ဆောက်ထားပါတယ်၊ တည်ဆောက်ရေးလုပ်ငန်းကို အပိုင်း(၃)ပိုင်းခွဲပြီး တည်ဆောက်ထားကာအပ

သင့်ရင်သွေးကို လောကမှာ ရှင်သန်ရပ်တည်ခွင့်ရရှိစေဖို့ လိုအပ်နေတဲ့ 🌿ကာယဖွံ့ ဖြိုးရေး အတွက်၊ 🌿စိတ်ဓါတ်ပိုင်းဖွံ့ ဖြိုးရေး အတွက်၊ 🌿ပညာရပ်ပိုင်းနားလည်မှုအမြင့်ဆုံးရဖို့အတွက်၊ 🌿မှတ်သားခြင်းဖော်ပြခြင်းဆိုင်ရာတွေမှာ လွယ်ကူဖို့အတွက်၊ 🌿တီထွင်ဆန်းသစ်မှုနှင့်ယုံကြည်မှုတွေရရှိဖို့အတွက်- စာသင်ရင်းလေ့ကျင့်သင်ကြားနိုင်မယ့် မြန်မာ့စာသင်ကျောင်းကို ...ရှာဖွေနေတယ်ဆိုရင် သံလွင်ပုဂ္ဂလိကကျောင်းကို လေ့လာစေလိုပါတယ်၊ ကျောင်းတည်ရှိရာ အမှတ်(၂၀၃) (၅)လမ်းနှင့်(၆)လမ်းကြား ကံကော် (၂) ရိပ်သာ ၊ မင်္ဂလာဒုံဥယာဉ်မြို့တော် မင်္ဂလာဒုံမြို့နယ် ယခုလ ၁၇-၁၈-၁၉ ရက်တွေမှာ ပြည်ဂါးဒင်းPyay Garden - Residence & Office Tower တွင် ...သံလွင်ပုဂ္ဂိလကအလယ်တန်းကျောင်းဆိုင်ရာ မိတ်ဆက်ပွဲနှင့် သတင်းအချက်အလက်များပြပွဲကို ပြုလုပ်သွားမှာဖြစ်ပါတယ်၊ ပြပွဲအချိန်ကတော့ နေ့စဉ် နံနက်(၁၁)နာ

သံလွင်ပုဂ္ဂလိကကျောင်းတွင် မြန်မာ့ဂီတနှင့်အကဆိုင်ရာများ အတီးနှင့်အဆိုတို့ကို အခြေခံပိုင်နိုင်စေရန်အတွက် သင်ကြားလေ့ကျင့်သွားမှာဖြစ်ပါတယ်၊