Thanlwin Education Services Co., Ltd

Think Ahead
Do Reality
Raise Dignity

22/03/2020

သတိပြုနိုင်ပါရန်

Photos from Thanlwin Education Services Co., Ltd's post 07/02/2020

သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်း၏
လုပ်ငန်းခွဲတစ်ခုဖြစ်သော
သံလွင်ပုဂ္ဂလိကအထက်တန်းကျောင်းတွင်
(၂၀၂၀-၂၀၂၁)ပညာသင်နှစ်တွင်
ကျောင်းသားအင်အား
ထပ်မံတိုးမြှင့်လက်ခံသွားမည်ဖြစ်သည့်အတွက်
လိုအပ်သော
သင်ကြားရေးဝန်ထမ်းဆရာ/ဆရာမများအား
ဒုတ်ယအကြိမ်(ထပ်မံ၍)
အောက်ဖေါ်ပြပါအတိုင်းခေါ်ယူအပ်ပါသည်။

လျှောက်ထားသူ၏ကိုယ်ရေးအချက်အလက်ပုံစံများအား
www.thanlwinprivateschool.com တွင်
download ရယူကာပြည့်စုံမှန်ကန်စွာဖြည့်စွက်ပြီး
လိုအပ်သောစာရွက်စာတမ်းများနှင့်အတူ
ဝန်ထမ်းရေးရာဌာနသို့ လူကိုယ်တိုင်သော်လည်းကောင်း
[email protected] သို့
email ပေးပို့၍သော်လည်းကောင်း
လျှောက်ထားနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက
သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်း(မင်္ဂလာဒုံ)
ဝန်ထမ်းရေးရာဌာန ၀၉-၉၅၂၂၄၂၄၂၂သို့
ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

08/01/2020

Thanlwin Education Services က
၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက်အသစ်ထပ်မံခေါ်ယူသော
အထက်တန်းဘာသာပြ(ဆရာ/ဆရာမ)
အလယ်တန်းဘာသာပြ(ဆရာ/ဆရာမ)
မူလတန်းပြ(ဆရာ/ဆရာမ)
သင်ကြားရေးအကူ နှင့်
ထပ်ဆောင်းသင်ရိုး(ဆရာ/ဆရာမ)ရာထူးများအတွက်
ပထမအဆင့် ရေးဖြေစစ်ဆေးခြင်းနှင့်
စိတ်အခြေအနေစစ်ဆေးခြင်း(ရေးဖြေ)ကို
ကျင်းပစစ်ဆေးခဲ့ရာ စိတ်ပါဝင်စားစွာဖြင့်
လာရောက်ဖြေဆိုပေးခဲ့သော
ဆရာ/ဆရာမများအားလုံးကို
အထူးပင်ကျေးဇူးတင်ရှိပါသည်။

ဒုတိယအဆင့် လက်တွေ့သရုပ်ပြမှုစစ်ဆေးခြင်း၊
လူတွေ့စစ်ဆေးခြင်းနှင့်စိတ်စစ်ဆေးခြင်း(လူတွေ့)ကို
ဆက်လက်ဖြေဆိုကြရမည့်စာရင်းအား
အောက်ဖော်ပြပါအတိုင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။

ဖြေဆိုမည့်ဆရာဆရာမများအနေဖြင့်
မိမိလျှောက်ထားသောဘာသာရပ်အလိုက်
သင်ခန်းစာပြင်ဆင်မှု Lesson Plan ကိုကြိုတင်ပြင်ဆင်ပြီး
တင်ပြပေးနိုင်ပါရန်နှင့်
လက်တွေ့သင်ကြားခြင်းမိနစ် ၄၀ စာ
အတွက်ပါပြင်ဆင်လာနိုင်ပါရန် ဖော်ပြအပ်ပါသည်။

သင်ကြားရေးအကူ လျှောက်ထားသူများအနေဖြင့်
Early Childhood Care and Development နှင့်
ပတ်သက်၍
ပညာသင်ကြားရန်အားယူနေဆဲ ကလေးသူငယ်များကို
ပြုစုပျိုးထောင်သည့်နည်းလမ်းများ
(physical, cognitive,
language, social and emotional development )
ကိုအသုံးပြုလျှက် မိနစ် ၃၀ စာ သင်ကြားမှုအတွက်
ကြိုတင်ပြင်ဆင်လာနိုင်ရန် ဖော်ပြအပ်ပါသည်။

လက်တွေ့သရုပ်ပြသမှုစစ်ဆေးခြင်း၊
လူတွေ့စစ်ဆေးခြင်းနှင့်
စိတ်စစ်ဆေးခြင်း (လူတွေ့)အတွက်
ရက်စွဲ၊ အချိန်နှင့်နေရာတို့ကို
Thanlwin Education Services, HR Department မှ
တယ်လီဖုန်းဖြင့်တစ်ဦးချင်းဆက်သွယ်
အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။

Photos from Thanlwin Education Services Co., Ltd's post 25/11/2019

သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်း၏
လုပ်ငန်းခွဲတစ်ခုဖြစ်သော
သံလွင်ပုဂ္ဂလိကအထက်တန်းကျောင်းတွင်
(၂၀၂၀-၂၀၂၁)ပညာသင်နှစ်အတွက်လိုအပ်သော
သင်ကြားရေးဝန်ထမ်းများအား
အောက်ဖေါ်ပြပါအတိုင်းခေါ်ယူအပ်ပါသည်။

(၂၄-၁၁-၂၀၁၉)ရက်နေ့
ကြေးမုံသတင်းစာနှင့်
(၂၅-၁၁-၂၀၁၉)ရက်နေ့
မြန်မာ့အလင်းသတင်းစာများတွင်လည်း
အလုပ်လျှောက်လွှာခေါ်ယူခြင်းကို
ထည့်သွင်းကြေငြာပေးသွားမည်ဖြစ်ပါသည်။

လျှောက်ထားသူ၏ကိုယ်ရေးအချက်အလက်ပုံစံများအား
www.thanlwinprivateschool.com တွင်
download ရယူကာပြည့်စုံမှန်ကန်စွာဖြည့်စွက်ပြီး
လိုအပ်သောစာရွက်စာတမ်းများနှင့်အတူ
ဝန်ထမ်းရေးရာဌာနသို့ လူကိုယ်တိုင်သော်လည်းကောင်း
[email protected] သို့
email ပေးပို့၍သော်လည်းကောင်း
လျှောက်ထားနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက
သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်း(မင်္ဂလာဒုံ)
ဝန်ထမ်းရေးရာဌာန ၀၉-၉၅၂၂၄၂၄၂၂သို့
ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

25/02/2019

Thanlwin Education Services က
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက်အသစ်ထပ်မံခေါ်ယူသော
အထက်တန်းဘာသာပြ(ဆရာ/ဆရာမ)
အလယ်တန်းဘာသာပြ(ဆရာ/ဆရာမ)
မူလတန်း(အငယ်တန်း) နှင့်
သင်ကြားရေးအကူရာထူးများအတွက်
ပထမအဆင့် ရေးဖြေစစ်ဆေးခြင်းနှင့်
စိတ်အခြေအနေစစ်ဆေးခြင်း(ရေးဖြေ)ကို
ကျင်းပစစ်ဆေးခဲ့ရာ စိတ်ပါဝင်စားစွာဖြင့်
လာရောက်ဖြေဆိုပေးခဲ့သော
ဆရာ/ဆရာမများအားလုံးကို
အထူးပင်ကျေးဇူးတင်ရှိပါသည်။

ဒုတိယအဆင့် လက်တွေ့သရုပ်ပြမှုစစ်ဆေးခြင်း၊
လူတွေ့စစ်ဆေးခြင်းနှင့်စိတ်စစ်ဆေးခြင်း(လူတွေ့)ကို
ဆက်လက်ဖြေဆိုကြရမည့်စာရင်းအား
အောက်ဖော်ပြပါအတိုင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။

ဖြေဆိုမည့်ဆရာဆရာမများအနေဖြင့်
မိမိလျှောက်ထားသောဘာသာရပ်အလိုက်
သင်ခန်းစာပြင်ဆင်မှု Lesson Plan ကိုကြိုတင်ပြင်ဆင်ပြီး
တင်ပြပေးနိုင်ပါရန်နှင့်
လက်တွေ့သင်ကြားခြင်းမိနစ် ၄၀ စာ
အတွက်ပါပြင်ဆင်လာနိုင်ပါရန် ဖော်ပြအပ်ပါသည်။

သင်ကြားရေးအကူ လျှောက်ထားသူများအနေဖြင့်
Early Childhood Care and Development နှင့်
ပတ်သက်၍
ပညာသင်ကြားရန်အားယူနေဆဲ ကလေးသူငယ်များကို
ပြုစုပျိုးထောင်သည့်နည်းလမ်းများ
(physical, cognitive,
language, social and emotional development )
ကိုအသုံးပြုလျှက် မိနစ် ၃၀ စာ သင်ကြားမှုအတွက်
ကြိုတင်ပြင်ဆင်လာနိုင်ရန် ဖော်ပြအပ်ပါသည်။

လက်တွေ့သရုပ်ပြသမှုစစ်ဆေးခြင်း၊
လူတွေ့စစ်ဆေးခြင်းနှင့်
စိတ်စစ်ဆေးခြင်း (လူတွေ့)အတွက်
ရက်စွဲ၊ အချိန်နှင့်နေရာတို့ကို
Thanlwin Education Services, HR Department မှ
တယ်လီဖုန်းဖြင့်တစ်ဦးချင်းဆက်သွယ်
အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။

Photos from Thanlwin Education Services Co., Ltd's post 14/02/2019

သံလွင်ပုဂ္ဂလိက အထက်တန်းကျောင်း
(၂၀၁၉-၂၀၂၀)ပညာသင်နှစ်အတွက်
အသစ်ထပ်မံခေါ်ယူသော သင်ကြားရေးဆရာဆရာမများ၏
ဝင်ခွင့်ရေးဖြေစာမေးပွဲများကို

၁၆-၂-၂၀၁၉
------------
နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ ၂၀ မိနစ်အထိ တွင်
မြန်မာစာ၊အင်္ဂလိပ်စာ၊သချာင်္ ရေးဖြေ
(ထက်ပြ၊လယ်ပြ၊မူပြ၊
သင်ကြားရေးအကူနှင့် ကွန်ပြူတာဆရာ အားလုံး)

နေ့လည် ၁နာရီ၃၀မိနစ်မှ ၃ နာရီ ၄၀ မိနစ်အထိ တွင်
သက်ဆိုင်ရာဘာသာအလိုက်
Lesson Plan ရေးဆွဲမှုစစ်ဆေးခြင်း
(ထက်ပြနှင့်လယ်ပြ ဆရာဆရာမများသာ)
ကိုယ်ဟန်အနေအထား၊လက်ရေးလက်သားနှင့်
အသံကြည်လင်ပြတ်သားမှု ပဏာမစစ်ဆေးခြင်း
(မူပြနှင့် သင်ကြားရေးလက်ထောက် ဆရာဆရာမများသာ)
ကွန်ပြူတာသင်ကြားမှုလက်တွေ့ဆန်းစစ်ခြင်း
(ကွန်ပြူတာလက်ထောက်ဆရာဆရာမများသာ)
ကိုစစ်ဆေးသွားမည်ဖြစ်ပါသည်။

၁၇-၂-၂၀၁၉
-----------
နံနက် ၉နာရီမှ နေ့လည် ၁၂ နာရီအထိ
စိတ်အခြေအနေစစ်ဆေးခြင်း (ရေးဖြေ)
ကိုစစ်ဆေးသွားမည်ဖြစ်ပါသည်။

ရေးဖြေဖြေဆိုသည့် နေ့ရက်များတွင်
-ပြည်လမ်း (အမှတ် ၂ လမ်းမကြီး)ခရေပင်လမ်းခွဲ
(လှသောင်းကျောင်းအနီး)နှင့်
- အမှတ် ၃ လမ်းဆုံ
(ဇေကမ္ဘာဝင်းထိပ်)နေရာများတွင်
Thanlwin Private School မှ Ferry များဖြင့်
ကြိုဆိုပေးသွားမည်ဖြစ်ပါသည်။

ဖြေဆိုခွင့်ကဒ်ပြားများကို
ယနေ့ (၁၄-၂-၂၀၁၉)ရက်နေ့မှစတင်ပြီး
သံလွင်ပုဂ္ဂလိကအထက်တန်းကျောင်း
ဝန်ထမ်းရေးရာဌာနတွင်ထုတ်ယူနိုင်ပါသည်။

18/01/2019

သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်း၏
လုပ်ငန်းခွဲတစ်ခုဖြစ်သော
သံလွင်ပုဂ္ဂလိကအထက်တန်းကျောင်းတွင်
(၂၀၁၉-၂၀၂၀ )ပညာသင်နှစ်အတွက်လိုအပ်လျှက်ရှိသော
သင်ကြားရေးဝန်ထမ်းများကို
အောက်ဖေါ်ပြပါအတိုင်းခေါ်ယူအပ်ပါသည်။

မနက်ဖြန်(၁၉-၁-၂၀၁၉)ရက်နေ့
မြန်မာ့အလင်းသတင်းစာနှင့်
နေ့စဉ်ထုတ်သတင်းစာများတွင်လည်း
အလုပ်လျှောက်လွှာခေါ်ယူခြင်းကို
ထည့်သွင်းကြေငြာပေးသွားမည်ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက
သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်း(မင်္ဂလာဒုံ)
ဝန်ထမ်းရေးရာဌာန ၀၉-၉၅၂၂၄၂၄၂၂သို့
ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

06/06/2018

🎓၂၀၁၈-၁၉ ပညာသင်နှစ်မှာ
သံလွင်ပုဂ္ဂလိကအထက်တန်းကျောင်းတွင်
တက်ရောက်နေကြသည့်
ကျောင်းသား/ကျောင်းသူ (၉၀၀) ခန့်ရဲ့
တစ်နေ့တာလှုပ်ရှားမှုအချို့ကို
မှတ်တမ်းတင်ထားတဲ့ Short movie clip လေးကို
တင်ထားပေးပါတယ်..

🔷ပညာသင်နှစ်အစဖြစ်တဲ့အချိန်ဖြစ်တဲ့
ဂျွန်လမှာတော့ ..
၁-ကျောင်းစည်းကမ်းများကို
ကျောင်းသားများက စုပေါင်းရေးဆွဲခြင်း၊
၂-နိုင်ငံတော်အလံတင်ခြင်းနှင့်အလေးပြုခြင်းများအတွက်
လေ့ကျင့်ခြင်း၊
၃-သတ်မှတ်ရက်အလိုက် ကျောင်းတန်းစီခြင်းနှင့်
ကျောင်းအုပ်ကြီးရဲ့ သြဝါဒနာခံခြင်း၊
၎-ပြည်သူ့နီတိများနှင့်တာဝန်ဆိုင်ရာဆွေးနွေးခြင်း၊
၅-ဆရာ/ဆရာမများအနေနဲ့ သင်ကြားလေ့ကျင့်ပေးကြမည့်
ဘာသာရပ်အလိုက် သင်ခန်းစာများမိတ်ဆက်ခြင်း၊
၆-Art appreciation အတွက်မိတ်ဆက်ခြင်း၊
၇-Music appreciation အတွက်မိတ်ဆက်ခြင်း၊
၈-Physical Development အတွက်မိတ်ဆက်ခြင်း၊
၉-Science မိတ်ဆက်ခြင်း..များကိုဆောင်ရွက်လျှက်ရှိပါတယ် ..

🔷ယခုလ(ဂျွန်လ)အတွင်းမှာ
၁-ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆွေးနွေးဟောပြောပွဲ
ဆောင်ရွက်ခြင်း၊(၇-၆-၂၀၁၈)

၂-ကျောင်းကျန်းမာရေး ရက်သတ္တပါတ်အဖြစ်
ကျောင်းသားတိုင်းကို သွားနှင့်ခံတွင်းစစ်ဆေးခြင်း၊
(ဂျွန်လ-တတိယရက်သတ္တပါတ်အတွင်း)
၃-ကျန်းမာရေးအခြေခံဖြစ်သော
ပြင်ပသွင်ပြင်လက္ခဏာများကိုစစ်ဆေးခြင်း
(သွေးဖောက်ခြင်း/သွားနူတ်ခြင်းများကို
ဆောင်ရွက်မည်မဟုတ်ပါ/အမြင်အာရုံအနေအထားအရ
အခန်းတွင်း ထိုင်ခုံနေရာချထားခြင်းနှင့်
လိုအပ်ပါက မိဘထံ အမြင်အာရုံအခြေအနေ
သတင်းပေးပို့ခြင်း)
(က) အရပ်/ကိုယ်အလေးချိန် တိုင်းတာမှတ်တမ်းယူခြင်း
(ခ) သွေးအားနည်းရောဂါ ခံစားနေရမှုရှိမရှိစစ်ဆေးခြင်း
(ဂ) အသည်းရောင်အသားဝါရောဂါရှိမရှိစစ်ဆေးခြင်း
(ဃ)အရေပြားကူးစက်ရောဂါရှိမရှိစစ်ဆေးခြင်း
(င) အသည်း/နှလုံး/အဆုတ် ပုံမှန်အနေအထားရှိမရှိစစ်ဆေးခြင်း
(စ) အမြင်အာရုံအခြေအနေ စစ်ဆေးခြင်း .
စတာတွေဆောင်ရွက်ပြီး ထူးခြားတွေ့ရှိချက်ပေါ်မူတည်ပြီး
အုပ်ထိန်းသူ/မိဘ များနှင့် ကျန်းမာရေးဆိုင်ရာ
ဆွေးနွေးတိုင်ပင်ခြင်း၊

၎-တစ်ကိုယ်ရည်သန့်ရှင်းမှု ပညာပေးဟောပြောခြင်းစသည့်
ကျောင်းတွင်းလှုပ်ရှားမှုများကို ဆောင်ရွက်မှာဖြစ်ပါတယ် ...

🔴မိမိကလေးရဲ့ ကျန်းမာရေးအနေအထားပေါ်မူတည်ပြီး
အထူးပြုစေလိုသောကိစ္စရပ်များကို ကျောင်းရုံးမှတစ်ဆင့်
ကျောင်းကျန်းမာရေးအရာရှိ(တာဝန်ခံဆရာဝန်)နှင့်
ကျောင်းဆေးခန်းဆရာဝန် တို့ထံဆက်သွယ်ပြီး
ဆွေးနွေးခြင်းပြုလုပ်နိုင်ပါတယ်..
လိုအပ်သည့် ဆေးကုသခြင်းမှတ်တမ်းမိတ္တူများအား
ကျောင်းဆေးခန်းသို့ပေးအပ်ခြင်း
(အထူးဂရုစိုက်ရမည့် ကလေးအတွက် လိုအပ်ပါတယ်.
ကုသမှုရာဇဝင်သိထားမှသာ
အရေးပေါ်အခြေအနေမှာ ဆိုင်ရာဆရာဝန်ကြီးများထံသို့
အချိန်တိုအတွင်း ပို့ဆောင်နိုင်စေရန် ဖြစ်ပါတယ်)

🚍ကျောင်းဖွင့်စဖြစ်တာကြောင့်
လမ်းများပေါ်တွင် မိဘကားများပိုမိုအသုံးပြုရခြင်း၊
တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းထုတ်ယူသည့်ကာလဖြစ်ခြင်းနှင့် ကျောင်းကားလမ်းကြောင်းများကို
ပြန်လည်ချိန်ညှိနေသည့်ကာလဖြစ်ခြင်းကြောင့်
School Bus service ရယူထားသော ကျောင်းသားများ အနေနဲ့ ယာဉ်စီးချိန် လိုအပ်သည့်အချိန်ထက်
ပိုမိုကြာမြင့်ခြင်းအချို့ဖြစ်ပေါ်နေတဲ့အပေါ်မှာ
ရက်တိုအတွင်း အဖြစ်နိုင်ဆုံးသော အနေအထားဖြစ်စေရေး
ဆောင်ရွက်လျှက်ရှိပြီး အဆင်မပြေမှု များရှိပါက
ကျောင်းရုံးသို့ ဆက်သွယ်ပေးစေလိုပါတယ် ..

17/03/2018

ကျောင်းသားမိဘများသို့ပန်ကြားချက်

Thanlwin Private School တွင်
ပညာသင်ယူနေကြသော
ကျောင်းသားများ၏မိဘများထံမှလည်းကောင်း
စိတ်ပါဝင်စားကြသော မိဘများထံမှလည်းကောင်း
နွေရာသီသင်တန်းအတွက်စုံစမ်းကြသော
တယ်လီဖုန်း Call များ
On line မှမေးမြန်းချက်များ နှင့်
လူကိုယ်တိုင်လာရောက်မေးမြန်းချက် များစွာကို
ကျေးဇူးတင်စွာဖြင့် လက်ခံရရှိခဲ့ပါသည်။

Thanlwin Private School ဖွင့်လှစ်ရခြင်း၏
ရည်ရွယ်ချက်မှာ ကလေးသူငယ်များ
လောကအလယ်တွင်
အကောင်းဆုံးရှင်သန်ရပ်တည်နေထိုင်ရပ်တည်စေရေးအတွက်
မြန်မာ့သင်ရိုးကို နိုင်ငံတကာသင်ကြားနည်းစနစ်များဖြင့်
သင်ကြားလေ့ကျင့်ပေးရန်ဖြစ်သည့်
အားလျှော်စွာ
ယခင်နှစ်က ရရှိခဲ့သော အတွေ့အကြုံများကိုအခြေခံ၍
၂၀၁၈/၂၀၁၉ ပညာသင်နှစ်၌
ပိုမိုကောင်းမွန်သော
သင်ကြားရေးနည်းစနစ်များနှင့်
သင်ကြားမှု သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးနိုင်စေရေးအတွက်
နွေရာသီ ကျောင်းပိတ်ရက်ကာလတွင်
သင်ကြားရေးဆရာ/ဆရာမများနှင့်
အထောက်အကူပြုဝန်ထမ်းများသည်

ဘာသာရပ်အလိုက် Subject Matter Review များဆောင်ရွက်ခြင်း
Lesson Plan များရေးဆွဲခြင်း
Achievement Report များအတွက်ပြင်ဆင်ခြင်း
Campus Calendar ရေးဆွဲခြင်း
အနုသုခုမ ၊ဂီတ နှင့် ပန်းချီသင်တန်းများပေးခြင်း
Physical Education သင်တန်းများပေးခြင်း
Teaching Aids နှင့် Handouts များပြင်ဆင်ခြင်း
Policy Review များဆောင်ရွက်ခြင်း
ကလေးသူငယ်စောင့်ရှောက်မှုဆိုင်ရာ သင်တန်းများပေးခြင်း
စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းများပေးခြင်းနှင့်
ကျောင်းပတ်ဝန်းကျင်(ပိုးသတ်)သန့်ရှင်းရေးများကို
ပြင်ဆင်ဆောင်ရွက်လျှက်ရှိပါသည်။

ယင်းသို့ ပြင်ဆင်ဆောင်ရွက်နေချိန်တွင်
ကလေးသူငယ်များအတွက်
နွေရာသီသင်တန်းများဖွင့်လှစ်နိုင်မှုမရှိခြင်းအပေါ်တွင်
နားလည်ပေးနိုင်မည်ဟု ယုံကြည်ယူဆပါသည်။

ကျေးဇူးတင်စွာဖြင့်

Photos from Thanlwin Education Services Co., Ltd's post 25/01/2018

၂၁ ရာစုအတွက်လိုအပ်သော
ကာယ ၊ဉာဏစွမ်းရည်တိုးတက်စေမည့်သင်ခန်းစာများ
သင်ကြားပေးမည့် သံလွင်။

သင်ယူဖန်တီးမှုစွမ်းရည်
ခွဲခြမ်းစိတ်ဖြာသင်ယူနိုင်မှုစွမ်းရည်
ခေါ်င်းဆောင်မှုစွမ်းရည်များကို
သင်ယူတတ်မြောက်စေမည့် သံလွင်။

သံလွင်ပုဂ္ဂလိကအလယ်တန်းကျောင်းကို
၂၀၁၈/၁၉ ပညာသင်နှစ်မှစတင်၍
သံလွင်ပုဂ္ဂလိကအထက်တန်းကျောင်းအဖြစ်
တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

လာမည့်ပညာသင်နှစ်တွင်
တက်ရောက်လိုသောကျောင်းသားကျောင်းသူများအတွက်
ကြိုတင်စာရင်းပေးသွင်းခြင်းကို
လက်ခံဆောင်ရွက်ပေးနေပြီဖြစ်ပါကြောင်း
သတင်းကောင်းပါးအပ်ပါသည်။
(၂၀၁၇-၁၈ ပညာသင်နှစ်မှာ
သံလွင်ကျောင်းကိုတက်ရောက်ကြသော
ကျောင်းသားများအတွက်က
မနှစ်က သတ်မှတ်ထားသော
ကျောင်းလခ အတိုင်းဖြစ်ပါသည်)

Photos from Thanlwin Education Services Co., Ltd's post 19/01/2018

အသိပေးချက် ၁/၂၀၁၈

သံလွင်ပုဂ္ဂလိကကျောင်းကို
၂၀၁၇/၁၈ ပညာသင်နှစ်တွင်စတင်ထူထောင်ခဲ့ပြီး
သူငယ်တန်းမှ အဌမတန်းအထိသင်ကြားတဲ့
အလယ်တန်းကျောင်းအနေနှင့်
စတင်ဖွင့်လှစ်ခဲ့ပါတယ်.

၂၀၁၈/၁၉ ပညာသင်နှစ်မှာတော့
အထက်တန်းကျောင်းအဖြစ်
တိုးမြှင့်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ် ...

ပညာရေးဝန်ကြီးဌာနအနေနဲ့သံလွင်ပုဂ္ဂလိကကျောင်းကို
အထက်တန်းကျောင်းအဖြစ်
တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုနိုင်ရေးအတွက်
ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ပြီးဖြစ်ပါတယ် ..

သတ်မှတ်ချိန်အတွင်း
ပုဂ္ဂလိကအထက်တန်းကျောင်းအဖြစ်
အသိအမှတ်ပြုသွားမှာဖြစ်ပါတယ် ..

ကျောင်းစတင်ထူထောင်တဲ့
၂၀၁၇/၁၈ ပညာသင်နှစ်မှာ
ကျောင်းသား (၆၀၀) ကျော်ကို လက်ခံသင်ကြား
လေ့ကျင့်ပေးလျှက်ရှိပါတယ် ..

၂၀၁၈/၁၉ ပညာသင်နှစ်အတွက်
ထပ်မံပြီးကျောင်းသား (၆၀၀) ကျော်ကို လက်ခံ
သင်ကြားလေ့ကျင့်ပေးသွားမှာဖြစ်ပါတယ် ..

ကျောင်းကိုမြေဧရိယာ(၁၂)ဧကကျော်ကျယ်ဝန်းတဲ့
ကိုယ်ပိုင်မြေပေါ်မှာတည်ဆောက်ထားပြီး
အခြေခံပညာရေးမှာအဓိကတည်ဆောက်ရမယ့်(သို့)
ဖြည့်ဆည်းပေးရမယ့် နယ်ပယ်(၃)ရပ်ဖြစ်သော
၁-Cognitive Domain
၂-Affective Domain
၃-Psychomotor Domain ..လို့ဆိုကြတဲ့

သင်ယူမှုဆိုင်ရာဆက်စပ်တွဲဆက်ခြင်း၊
အကျိုးအမြှင့်ဆုံးရရှိနိုင်စေရန်ပံ့ပိုးသင်ကြားခြင်း
(အနုပညာ/ဂီတ/အားကစား/သုတေသန/လက်တွေ့
ဘဝတစ်သက်တာ)
လူမှုဝန်းကျင်တွင်ရှင်သန်ရပ်တည်မှုအမြင့်ဆုံးအနေ
အထား ရရှိရေးအတွက်လေ့ကျင့်ပေးခြင်း
ဆိုတာတွေကို ...
၂၁ရာစုရဲ့ စိန်ခေါ်မှုများကို ရင်နိုင်စွမ်းရှိရန်အတွက်
ရည်ရွယ်ထူထောင်ထားတဲ့
ပုဂ္ဂလိကကျောင်းဖြစ်ပါတယ် ...

ကိုယ်ပိုင်ကျောင်းဥပဒေရဲ့ပြဌာန်းချက်တွေ
ပညာရေးဝန်ကြီးဌာနရဲ့ မှုဝါတွေကို
အတိအကျလိုက်နာပြီး ထူထောင်ထားသလို..
ထူထောင်သူကစလို့
လုံခြုံရေးအရာရှိအလယ် ဖယ်ရီအုပ်စုတာဝန်ခံအဆုံး
တာဝန်ယူထားသူများဟာ ကိုယ်ပိုင်ကျောင်းဆရာ
မှတ်ပုံတင်လက်မှတ်ရရှိထားပြီးကြသူများ
ဖြစ်ကြသလို ...

ကလေးသူငယ်စောင့်ရှောက်ရေးမှုဝါဒကို
အစိုးရကပြဌာန်းထားတဲ့
ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဥပဒေပါ
ပြဌာန်းချက်များမှ ရယူပြီး
ကာကွယ်စောင့်ရှောက်လျက်ရှိပါတယ် ....

ချုပ်ပြီးတင်ပြရရင်
စားရိတ်မျှပေး ပညာရေးအစီအစဉ်သဘောဖြင့်
ထူထောင်သည့်တိုင် ကျောင်းလခဟာ
အတော်အတန်များနေပါသေးတယ် ...
အလုပ်သမားဥပဒေ
လူမှုဖူလုံရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ
ထူထောင်ရတာဖြစ်လို့
ကျောင်းမှာတာဝန်ယူကြရတဲ့ဝန်ထမ်းများအားလုံးရဲ့
ရပိုင်ခွင့် အခွင့်အရေး ကျန်းမာရေးစောင့်ရှောက်မှု
စစ်ဆေးမှုများကို ဆောင်ရွက်တာဖြစ်လို့
အုပ်ချုပ်ရေးစားရိတ်ကြီးသလို
သင်ထောက်ကူ ပညာသည်အုပ်စုမှာ
ပညာသည် (၃၀) ကျော်ပါဝင်ပြီး
လစာစားရိတ်များပါတယ် ...
သင်ထောက်ကူနယ်ပါယ်တိုင်းမှာ ထိပ်သီးများ
ဖြစ်ကြသလို ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုတွေကို
သံသယ ဖြစ်စရာမလိုတဲ့ အနေအထားမှာရှိပါတယ် ..

ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ
ပညာရေးဝန်ဆောင်မှုတွေကို အခွန်ကျခံမှုမရှိစေတဲ့
အတွက်ကြောင့် ကျောင်းလခကို
ယခုနှုံးအတိုင်းဆောင်ရွက်နိုင်တာဖြစ်သလို
မြေငှားရမ်းခ ပေးချေရခြင်းမရှိလို့လည်း ယခုကျောင်းလခနှင့်
ကျောင်းသားများကို လက်ခံနိုင်ခြင်းဖြစ်ပါတယ် ...

အစိုးရကထုတ်ပြန်တဲ့ ငွေကြေးဖောင်းပွနှုံးနှင့်
စားသုံးကုန်စည်ဈေးနှုံးညွှန်းကိန်း (CPI index) ကို
အခြေခံပြီး ကျောင်းလခ အပြောင်းအလဲတော့
ရှိလာနိုင်ပါတယ် ...
အမြတ်အတွက် ပြောင်းလဲတာမဟုတ်ပဲ
ကျောင်းရေရှည်ရပ်တည်နိုင်ရေးအတွက်
ဆောင်ရွက်ရခြင်းသာဖြစ်ပြီး
ကျောင်းရဲ့ အရင်းကျေကာလကို
ကျောင်းသား (၁၇၅၀) တက်ရောက်ချိန်မှစပြီး
(၁၁) နှစ်တာအထိ ကာလရှည်တွက်ချက်ထားခြင်းဖြစ်ပါတယ်...
ခန့်မှန်းရင်းနှီးမြုပ်နှံ့မှုတန်ဖိုး ကျပ် (၂၀) ဘီလီယမ်ဖြစ်ပြီး
ယခုစာသင်နှစ်အထိ ကျပ် (၈) ဘီလီယမ် ရင်းနှီးမြုပ်နှံပြီးဖြစ်ကာ နောက်ထပ် ရင်းနှီးမြုပ်နှံ့မူများကို
(၄-၅) နှစ်အတွင်းဆောင်ရွက်သွားမှာဖြစ်ပြီး
မြန်မာ့ရင်းနှီးမြုပ်နှံ့မှုကော်မရှင်ရဲ့ခွင့်ပြုချက်ရရှိပြီးဖြစ်ပါတယ်...

ဆိုလိုချင်တာက ပိုင်ရှင်အပြောင်းအလဲ မှုဝါဒအပြောင်းအလဲ မရှိပဲ ကျောင်းအဖြစ် နှစ်ပေါင်းရာချီ ရပ်တည်နိုင်ရေး ဆောင်ရွက်ထားသလို
အခြေခံပညာသာမကပဲ
အဆင့်မြင့်ပညာသင် ကောလိပ်နှင့်တက္ကသိုလ်များ
သက်မွေးပညာသင် သိပ္ပံများလည်း ထူထောင်ရန်
ဆောင်ရွက်နေပြီး
သံလွင်သူနာပြုသိပ္ပံ နှင့် ဆရာအတတ်သင်သိပ္ပံတို့ကို
ကာလတိုအတွင်း ထူထောင်သွားရန်
စတင်လုပ်ဆောင်နေကြောင်းကိုပါ အသိပေးအပ်ပါတယ် ...

သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်း
ယခုလက်ရှိ သံလွင်ပုဂ္ဂလိကကျောင်းတည်ရှိရာနေရာနှင့်
တစ်ဆက်တစ်စပ်ထဲ မြေဧရိယာ ဧက (၂၀) ကို
ပညာရေးဆိုင်ရာအတွက်သာ အသုံးပြုရန်အတွက်
စီမံဆောင်ရွက်ပြီးဖြစ်ပါတယ် ...

လက်ရှိအနေအထားအရ မြို့တွင်းနှင့်အတော်အတန်
အလှမ်းဝေးသော်လည်း အများပြည်သူဆိုင်ရာ
ပို့ဆောင်ရေး ကောင်းမွန်တဲ့ ကာလကို ရောက်ရှိချိန်မှာတော့
အလှမ်းဝေးတဲ့နေရာတစ်ခုမဟုတ်ကြောင်းနှင့်
မျိုးဆက်သစ်များ လောကတွင် ရှင်သန်ရပ်တည်ခွင့်
အမြင့်ဆုံးရရှိစေရေးနှင့် ကိုယ်ပိုင်စွမ်းရည်များကို
အမြင့်ဆုံးအသုံးပြုနိုင်ရန်အတွက် ...

သံလွင်ပညာရေးဝန်ဆောင်မှုအဖွဲ့ကနေ
ဆာင်ရွက်နေပါကြောင်း အသိပေးအပ်ပါတယ် ...

ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေ ခင်ဗျား

Photos from Thanlwin Education Services Co., Ltd's post 13/01/2018

Thanlwin Education Services မှ
ထပ်မံခေါ်ယူသော
အထက်တန်းဘာသာပြဆရာ/ဆရာမ
အလယ်တန်းဘာသာပြဆရာ/ဆရာမ
မူလတန်း(အငယ်တန်း) နှင့်
သင်ကြားရေးအကူ ရာထူးများအတွက်
ပထမအဆင့် ရေးဖြေစစ်ဆေးခြင်းကို
ယနေ့ (၁၃-၁-၂၀၁၈)ရက်နေ့ နံနက် (၉) နာရီမှစတင်၍
Thanlwin Private School တွင်ကျင်းပစစ်ဆေးခဲ့သည်။

လျှောက်ထားသောဆရာ/ဆရာမများအနေဖြင့်
မြန်မာစာ ၊အင်္ဂလိပ်စာ ၊သင်္ချာ နှင့်
လျှောက်ထားသည့်ဘာသာ(အထက်တန်းပြများသာ)
များကို ရေးဖြေဖြေဆိုရခြင်းဖြစ်ပြီး
စိတ်စစ်ဆေးခြင်း(ရေးဖြေ)ကို
ဆက်လက်ဖြေဆိုကြရမည်ဖြစ်ပါသည်။

Thanlwin Education Services အနေဖြင့်
အရည်အချင်းပြည့်ဝပြီး
သင်ကြားရေးအတွေ့အကြုံရှိသော
ဆရာ/ဆရာမများခန့်ထားနိုင်ရေးအတွက်
ယခုကဲ့သို့သော Competition System ဖြင့်
စစ်ဆေးခြင်းစနစ်ကို
အလေးထားအာရုံစိုက်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

ရေးဖြေအောင်မြင်သောဆရာ/ဆရာမများအနေဖြင့်
လက်တွေ့သရုပ်ပြမှုစစ်ဆေးခြင်း၊
လူတွေ့စစ်ဆေးခြင်း နှင့်
စိတ်စစ်ဆေးခြင်း(လူတွေ့)ကို
ဆက်လက်ဖြေဆိုကြရမည်ဖြစ်ပါသည်။

Timeline photos 15/12/2017

Thanlwin Private School မှ ခေါ်ယူထားသော
သင်ကြားရေးဝန်ထမ်း ရာထူးများအတွက်
လျှောက်လွှာပိတ်ရက်ကို
ယနေ့ ၁၅/၁၂/၂၀၁၇ ဟုသတ်မှတ်ထားသော်လည်း
ရပ်ဝေးမှအလုပ်လျှောက်ထားသူများ
အဆင်ပြေစေရန်အတွက်လည်းကောင်း
Documentation များစုံလင်စွာ
တင်ပြနိုင်စေရေးအတွက်လည်းကောင်း
ရက်တိုးမြှင့်သတ်မှတ်ပေးပါရန်
မေတ္တာရပ်ခံချက်များအရလည်းကောင်း
လျှောက်လွှာပိတ်ရက်ကို
၁၇/၁၂/၂၀၁၇ ရက်နေ့ (တနင်္ဂနွေနေ့)အထိ
တိုးမြှင့်သတ်မှတ်ပါကြောင်းနှင့်
လျှောက်လွှာများကို
သံလွင် PMO ရုံး (ရန်ကင်း)နှင့်
Thanlwin Private School တည်နေရာတွင်
လာရောက်တင်နိုင်ပါကြောင်း
အသိပေးကြေငြာအပ်ပါသည်။

Thanlwin Education Services Co.,Ltd.
အလုပ်လျှောက်လွှာခေါ်ယူခြင်း

၁။ သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်း၏
လုပ်ငန်းခွဲတစ်ခုဖြစ်သော
သံလွင်ပုဂ္ဂလိကအလယ်တန်းကျောင်းကို
၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်၊
(၁-၆-၂ဝ၁၇)ရက်နေ့မှစတင်၍
ဖွင့်လှစ်သင်ကြားလျှက်ရှိပါသည်။
ယခုအခါ အထက်တန်းကျောင်းအဖြစ်
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင်
တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
၂။ ထိုသို့ ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမည့်
သံလွင်ပုဂ္ဂလိကအထက်တန်းကျောင်းအတွက်
လိုအပ်လျှက်ရှိသော သင်ကြားရေးဝန်ထမ်းများအား
ခန့်အပ်သွားမည်ဖြစ်ပါသည်။
လိုအပ်သောရာထူးနှင့် ပညာအရည်အချင်းများမှာ
အောက်ပါအတိုင်းဖြစ်ပါသည်-

(က)အထက်တန်းဘာသာရပ်ပြဆရာ/ဆရာမ
ကျား/မ (၁၄)ဦး အခြေခံလစာ(၅.၅)သိန်း
လျှောက်ထားနိုင်သည့်ဘာသာရပ်များ
(၁) မြန်မာစာ (၂) အင်္ဂလိပ်စာ (၃) သင်္ချာ
(၄) ပထဝီဝင် (၅) သမိုင်း (၆) ဘောဂဗေဒ
(၇) ဓါတုဗေဒ (၈) ရူပဗေဒ (၉) ဇီဝဗေဒ

အရည်အချင်းသတ်မှတ်ချက်
(၁) အသက်(၃ဝ)နှစ်မှ (၄၅)နှစ်ကြားဖြစ်ရမည်။
(၂) ပညာရေးဘွဲ့/သင်ကြားရမည့်
ဘာသာရပ်နှင့်ကိုက်ညီသော
သက်မွေးဝမ်းကျောင်းဆိုင်ရာ
ဘာသာရပ်ဘွဲ့/မဟာဘွဲ့နှင့်
အထက်ရရှိပြီးသူဖြစ်ရမည်။
(၃) အင်္ဂလိပ်စာကျွမ်းကျင်မှုအနေဖြင့်
IELTS (6.0) ရရှိသူများ (သို့မဟုတ်)
၎င်းအဆင့်နှင့် ညီမျှသော
ကျွမ်းကျင်မှုရှိသူဖြစ်ရမည်။

အင်္ဂလိပ်စာဘာသာပြလျှောက်ထားသူ
သည် IELTS (7.5)ရရှိရမည်။
(၄) သက်ဆိုင်ရာဘာသာပြလုပ်သက်
အနည်းဆုံး(၄)နှစ်ရှိရမည်။
(၅) ကိုယ်ပိုင်ကျောင်းဆရာလက်မှတ်
ထုတ်ပေးသော ကာလတွင်
သွားရောက်လျှောက်ထားနိုင်သူဖြစ်ရမည်။

(ခ) အလယ်တန်းဘာသာရပ်ပြဆရာ/ဆရာမ
ကျား/မ (၁ဝ)ဦး အခြေခံလစာ(၄.၅)သိန်း
လျှောက်ထားနိုင်သည့်ဘာသာရပ်များ
(၁) မြန်မာစာ (၂) အင်္ဂလိပ်စာ (၃) သင်္ချာ
(၄) ပထဝီဝင် (၅) သမိုင်း (၆) သိပ္ပံ

အရည်အချင်းသတ်မှတ်ချက်
(၁) အသက်(၃ဝ)နှစ်မှ (၄ဝ)နှစ်ကြားဖြစ်ရမည်။
(၂) ပညာရေးဘွဲ့/ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး
ဆရာအတတ်သင်ပညာ
ဒီပလိုမာ (သို့မဟုတ်)
လက်မှတ်ရရှိပြီးသူဖြစ်ရမည်။
(၃) အင်္ဂလိပ်စာကျွမ်းကျင်မှုအနေဖြင့်
IELTS (6.0)ရရှိသူများ (သို့မဟုတ်)
၎င်းအဆင့်နှင့် ညီမျှသော
ကျွမ်းကျင်မှုရှိသူဖြစ်ရမည်။
(၄) သက်ဆိုင်ရာဘာသာပြလုပ်သက်
အနည်း ဆုံး(၄)နှစ်ရှိရမည်။
(၅) ကိုယ်ပိုင်ကျောင်းဆရာလက်မှတ်
ထုတ်ပေးသော ကာလတွင်
သွားရောက်လျှောက်ထားနိုင်သူဖြစ်ရမည်။

(ဂ) မူလတန်းပြ(အငယ်တန်း)
ကျား/မ (၁ဝ)ဦး အခြေခံလစာ(၄)သိန်း
လျှောက်ထားနိုင်သည့်ဘာသာရပ်များ
(၁) မြန်မာစာ (၂) အင်္ဂလိပ်စာ (၃) သင်္ချာ
(၄) သိပ္ပံ (၅) လူမှုရေး(ပထဝီ၊ သမိုင်း)

အရည်အချင်းသတ်မှတ်ချက်
(၁) အသက်(၂၅)နှစ်မှ (၃၅)နှစ်ကြားဖြစ်ရမည်။
(၂) ဘွဲ့တစ်ခုခုရရှိပြီး တက္ကသိုလ်၊ ကောလိပ်၊
အခြေခံပညာကျောင်းများတွင်ဖြစ်စေ
နိုင်ငံတော်မှ ခွင့်ပြုထားသော
ဘာသာရပ်ဆရာအဖြစ်ဖြစ်စေ
အနည်းဆုံး(၅)နှစ်သင်ကြားရေး
အတွေ့အကြုံရှိသူဖြစ်ရမည်။
(၃) အင်္ဂလိပ်စာကျွမ်းကျင်မှုအနေဖြင့်
IELTS (5.0)ရရှိသူများ (သို့မဟုတ်)
၎င်းအဆင့်နှင့် ညီမျှသော
ကျွမ်းကျင်မှုရှိသူဖြစ်ရမည်။
(၄) ကိုယ်ပိုင်ကျောင်းဆရာလက်မှတ်
ထုတ်ပေးသော ကာလတွင်
သွားရောက်လျှောက်ထားနိုင်သူဖြစ်ရမည်။

(ဃ)သင်ကြားရေးအကူ
ကျား/မ (၂ဝ)ဦး အခြေခံလစာ(၂.၅)သိန်း
အရည်အချင်းသတ်မှတ်ချက်
(၁) အသက်(၃ဝ)နှစ်နှင့် အောက်ဖြစ်ရမည်။
(၂) ဘွဲ့တစ်ခုခုရရှိထားသူဖြစ်ရမည်။
(၃) English 4 Skillsအသင့်အတင့်ရှိရမည်။
(၄) လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ
ပေးအပ်ထားသော ECCD လက်မှတ်
ရရှိထားပြီး ကလေးသူငယ်စောင့်ရှောက် ရေး
လုပ်ငန်းခွင်အတွေ့အကြုံ
အနည်းဆုံး (၂)နှစ်ရှိရမည်။

၃။ လျှောက်ထားသူများအနေဖြင့်
အထက်ဖော်ပြပါ ရာထူး(၄)မျိုးအနက်
တစ်မျိုးတည်းသာ လျှောက်ထားခွင့်ရှိမည်။
တစ်မျိုးထက် ပိုမိုလျှောက်ထားပါက
ထည့်သွင်းစဉ်းစားသွားမည်မဟုတ်ပါ။

၎။ အဆိုပါရာထူးများအတွက်https://www.thanlwinprivateschool.com/wp-content/uploads/2017/12/AIF-2017-v1.pdf
မှ Applicant's Informations Form
(လျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်ပုံစံ) အား
ရယူပြီး အချက်အလက်များကို
ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်း၍
စတင်ကြေညာသည့်နေ့မှစပြီး
အောက်ဖေါ်ပြပါ စာရွက်စာတမ်းများနှင့်အတူ
ပူးတွဲတင်ပြလျှောက်ထားရမည်-
(က)ကိုယ်တိုင်ရေးလျှောက်လွှာ
(လျှောက်ထားသည့်ရာထူး၊
ဘာသာရပ်တို့အား
တိတိကျကျ ဖော်ပြပေးထားရမည်။)
(ခ) ကိုယ်ရေးအချက်အလက်
(CV Form)အပြည့်အစုံ (ဓါတ်ပုံကပ်ပြီး)။
(ဂ) ပတ်စပို့ဆိုဒ်ဓါတ်ပုံ(၃)ပုံ
(နောက်ခံအပြာရောင်)။
(ဃ)နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း/မိတ္တူ။
(င) ဘွဲ့လက်မှတ် မူရင်း/မိတ္တူ။
(စ) အခြားပညာအရည်အချင်းလက်မှတ်
မူရင်း/မိတ္တူ။
(ဆ)လွန်ခဲ့သော(၃)လအတွင်းက
ပြုလုပ်ထားသည့် ရဲစခန်းနှင့်
ရပ်ကွက်ထောက်ခံစာ မူရင်း။
(ဇ) အလုပ်သမားမှတ်ပုံတင်(လေဘာ) မိတ္တူ။
(ဈ) အိမ်ထောင်စုစာရင်း မိတ္တူ။
(ည)Recommendation Letter။

၅။ လျှောက်ထားသူများအနေဖြင့်
လျှောက်လွှာများအား (၁၅-၁၂-၂ဝ၁၇)ရက်နေ့
နောက်ဆုံးထား၍ Program Management Office၊
အမှတ် (၆/၁)၊
ရန်အောင်လမ်းသွယ် (၃) ၊ (၂) ရပ်ကွက်၊
ရန်ကင်းမြို့နယ် နှင့်
သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်း။
အမှတ်(၂ဝ၃)၊
(၅)လမ်းနှင့် (၆)လမ်းကြား၊
ကံကော်အိမ်ယာ(၂)၊ မင်္ဂလာဒုံဥယာဉ်မြို့တော်သို့
အထက်အပိုဒ်(၄)ပါ စာရွက်စာတမ်းများနှင့်အတူ
ရုံးချိန်အတွင်း လူကိုယ်တိုင်
လာရောက်လျှောက်ထားရမည်။

၆။ ပြည့်စုံမှုမရှိသော လျှောက်လွှာများနှင့်
သတ်မှတ်ရက်ထက်နောက်ကျပြီးမှ
ရောက်ရှိလာသော လျှောက်လွှာများအား
ထည့်သွင်းစဉ်းစားသွားမည်မဟုတ်ပါ။

၇။ လျှောက်ထားသူများသည်
ပထမအကြိမ်ရေးဖြေစစ်ဆေးခြင်းအတွက်
အောက်ဖော်ပြပါဘာသာရပ်များအား
(၁)နာရီမေးခွန်းဖြေဆိုသွားရမည်-
(က) မြန်မာစာ (ခ) အင်္ဂလိပ်စာ (ဂ) သင်္ချာ
(ဃ) လျှောက်ထားသည့်ဘာသာ (အထက်
တန်းပြများသာ)

၈။ အထက်ဖော်ပြပါဘာသာရပ်များအပြင်
မြန်မာနိုင်ငံစိတ်ပညာအသင်းမှ စစ်ဆေးသော
စိတ်ပညာ(ရေးဖြေ)ကို စစ်ဆေးခြင်းခံယူရမည်။

၉။ ရေးဖြေစာမေးပွဲကျင်းပမည့်ရက်အား
ထပ်မံအကြောင်းကြားပေးသွားမည်ဖြစ်ပြီး
ဖြေဆိုခွင့်ရရှိသူများအနေဖြင့်
စာမေးပွဲဖြေဆိုခွင့်ကတ်အား
လူကိုယ်တိုင် လာရောက်ထုတ်ယူရမည်။

၁ဝ။ ရေးဖြေအောင်မြင်ပြီးသူများ
ဒုတိယအကြိမ်စစ်ဆေးခြင်းအား
အောက်ဖော်ပြပါအတိုင်းပြုလုပ်သွားမည်-
(က)လက်တွေ့သင်ကြားပြသမှုစစ်ဆေးခြင်း
နှင့် လူတွေ့စစ်ဆေးခြင်း။
(ခ) မြန်မာနိုင်ငံစိတ်ပညာအသင်းမှ
စိတ်ပညာ(လူတွေ့) စစ်ဆေးခြင်း။

၁၁။ ဒုတိယအကြိမ်
စစ်ဆေးအောင်မြင်သူများအနေဖြင့်
သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်းက
ဖွင့်လှစ်သင်ကြားသွားမည့်
Professional Development Course for Teacher သင်တန်းတွင် သင်တန်းသား (Trainee)အဖြစ်
တက်ရောက်သွားရမည်ဖြစ်သည်။

၁၂။ အသေးစိတ်သိရှိလိုပါက
အောက်ဖေါ်ပြပါဖုန်းနံပါတ်များတွင်
ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်-
(က)Program Management Office(ရန်ကင်း)
ဝ၁-၅၅၈ဝ၈၄
(ခ) သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်း
(မင်္ဂလာဒုံ)
ဝ၁-၆၃၉၃၉၇၊ ဝ၁-၆၃၉၃၉၉၊ ဝ၉-၂၄၂၄၂၂၄

သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်း

Timeline photos 03/12/2017

Thanlwin Education Services Co.,Ltd.
အလုပ်လျှောက်လွှာခေါ်ယူခြင်း

၁။ သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်း၏
လုပ်ငန်းခွဲတစ်ခုဖြစ်သော
သံလွင်ပုဂ္ဂလိကအလယ်တန်းကျောင်းကို
၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်၊
(၁-၆-၂ဝ၁၇)ရက်နေ့မှစတင်၍
ဖွင့်လှစ်သင်ကြားလျှက်ရှိပါသည်။
ယခုအခါ အထက်တန်းကျောင်းအဖြစ်
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင်
တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
၂။ ထိုသို့ ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမည့်
သံလွင်ပုဂ္ဂလိကအထက်တန်းကျောင်းအတွက်
လိုအပ်လျှက်ရှိသော သင်ကြားရေးဝန်ထမ်းများအား
ခန့်အပ်သွားမည်ဖြစ်ပါသည်။
လိုအပ်သောရာထူးနှင့် ပညာအရည်အချင်းများမှာ
အောက်ပါအတိုင်းဖြစ်ပါသည်-

(က)အထက်တန်းဘာသာရပ်ပြဆရာ/ဆရာမ
ကျား/မ (၁၄)ဦး အခြေခံလစာ(၅.၅)သိန်း
လျှောက်ထားနိုင်သည့်ဘာသာရပ်များ
(၁) မြန်မာစာ (၂) အင်္ဂလိပ်စာ (၃) သင်္ချာ
(၄) ပထဝီဝင် (၅) သမိုင်း (၆) ဘောဂဗေဒ
(၇) ဓါတုဗေဒ (၈) ရူပဗေဒ (၉) ဇီဝဗေဒ

အရည်အချင်းသတ်မှတ်ချက်
(၁) အသက်(၃ဝ)နှစ်မှ (၄၅)နှစ်ကြားဖြစ်ရမည်။
(၂) ပညာရေးဘွဲ့/သင်ကြားရမည့်
ဘာသာရပ်နှင့်ကိုက်ညီသော
သက်မွေးဝမ်းကျောင်းဆိုင်ရာ
ဘာသာရပ်ဘွဲ့/မဟာဘွဲ့နှင့်
အထက်ရရှိပြီးသူဖြစ်ရမည်။
(၃) အင်္ဂလိပ်စာကျွမ်းကျင်မှုအနေဖြင့်
IELTS (6.0) ရရှိသူများ (သို့မဟုတ်)
၎င်းအဆင့်နှင့် ညီမျှသော
ကျွမ်းကျင်မှုရှိသူဖြစ်ရမည်။

အင်္ဂလိပ်စာဘာသာပြလျှောက်ထားသူ
သည် IELTS (7.5)ရရှိရမည်။
(၄) သက်ဆိုင်ရာဘာသာပြလုပ်သက်
အနည်းဆုံး(၄)နှစ်ရှိရမည်။
(၅) ကိုယ်ပိုင်ကျောင်းဆရာလက်မှတ်
ထုတ်ပေးသော ကာလတွင်
သွားရောက်လျှောက်ထားနိုင်သူဖြစ်ရမည်။

(ခ) အလယ်တန်းဘာသာရပ်ပြဆရာ/ဆရာမ
ကျား/မ (၁ဝ)ဦး အခြေခံလစာ(၄.၅)သိန်း
လျှောက်ထားနိုင်သည့်ဘာသာရပ်များ
(၁) မြန်မာစာ (၂) အင်္ဂလိပ်စာ (၃) သင်္ချာ
(၄) ပထဝီဝင် (၅) သမိုင်း (၆) သိပ္ပံ

အရည်အချင်းသတ်မှတ်ချက်
(၁) အသက်(၃ဝ)နှစ်မှ (၄ဝ)နှစ်ကြားဖြစ်ရမည်။
(၂) ပညာရေးဘွဲ့/ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး
ဆရာအတတ်သင်ပညာ
ဒီပလိုမာ (သို့မဟုတ်)
လက်မှတ်ရရှိပြီးသူဖြစ်ရမည်။
(၃) အင်္ဂလိပ်စာကျွမ်းကျင်မှုအနေဖြင့်
IELTS (6.0)ရရှိသူများ (သို့မဟုတ်)
၎င်းအဆင့်နှင့် ညီမျှသော
ကျွမ်းကျင်မှုရှိသူဖြစ်ရမည်။
(၄) သက်ဆိုင်ရာဘာသာပြလုပ်သက်
အနည်း ဆုံး(၄)နှစ်ရှိရမည်။
(၅) ကိုယ်ပိုင်ကျောင်းဆရာလက်မှတ်
ထုတ်ပေးသော ကာလတွင်
သွားရောက်လျှောက်ထားနိုင်သူဖြစ်ရမည်။

(ဂ) မူလတန်းပြ(အငယ်တန်း)
ကျား/မ (၁ဝ)ဦး အခြေခံလစာ(၄)သိန်း
လျှောက်ထားနိုင်သည့်ဘာသာရပ်များ
(၁) မြန်မာစာ (၂) အင်္ဂလိပ်စာ (၃) သင်္ချာ
(၄) သိပ္ပံ (၅) လူမှုရေး(ပထဝီ၊ သမိုင်း)

အရည်အချင်းသတ်မှတ်ချက်
(၁) အသက်(၂၅)နှစ်မှ (၃၅)နှစ်ကြားဖြစ်ရမည်။
(၂) ဘွဲ့တစ်ခုခုရရှိပြီး တက္ကသိုလ်၊ ကောလိပ်၊
အခြေခံပညာကျောင်းများတွင်ဖြစ်စေ
နိုင်ငံတော်မှ ခွင့်ပြုထားသော
ဘာသာရပ်ဆရာအဖြစ်ဖြစ်စေ
အနည်းဆုံး(၅)နှစ်သင်ကြားရေး
အတွေ့အကြုံရှိသူဖြစ်ရမည်။
(၃) အင်္ဂလိပ်စာကျွမ်းကျင်မှုအနေဖြင့်
IELTS (5.0)ရရှိသူများ (သို့မဟုတ်)
၎င်းအဆင့်နှင့် ညီမျှသော
ကျွမ်းကျင်မှုရှိသူဖြစ်ရမည်။
(၄) ကိုယ်ပိုင်ကျောင်းဆရာလက်မှတ်
ထုတ်ပေးသော ကာလတွင်
သွားရောက်လျှောက်ထားနိုင်သူဖြစ်ရမည်။

(ဃ)သင်ကြားရေးအကူ
ကျား/မ (၂ဝ)ဦး အခြေခံလစာ(၂.၅)သိန်း
အရည်အချင်းသတ်မှတ်ချက်
(၁) အသက်(၃ဝ)နှစ်နှင့် အောက်ဖြစ်ရမည်။
(၂) ဘွဲ့တစ်ခုခုရရှိထားသူဖြစ်ရမည်။
(၃) English 4 Skillsအသင့်အတင့်ရှိရမည်။
(၄) လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ
ပေးအပ်ထားသော ECCD လက်မှတ်
ရရှိထားပြီး ကလေးသူငယ်စောင့်ရှောက် ရေး
လုပ်ငန်းခွင်အတွေ့အကြုံ
အနည်းဆုံး (၂)နှစ်ရှိရမည်။

၃။ လျှောက်ထားသူများအနေဖြင့်
အထက်ဖော်ပြပါ ရာထူး(၄)မျိုးအနက်
တစ်မျိုးတည်းသာ လျှောက်ထားခွင့်ရှိမည်။
တစ်မျိုးထက် ပိုမိုလျှောက်ထားပါက
ထည့်သွင်းစဉ်းစားသွားမည်မဟုတ်ပါ။

၎။ အဆိုပါရာထူးများအတွက်https://www.thanlwinprivateschool.com/wp-content/uploads/2017/12/AIF-2017-v1.pdf
မှ Applicant's Informations Form
(လျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်ပုံစံ) အား
ရယူပြီး အချက်အလက်များကို
ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်း၍
စတင်ကြေညာသည့်နေ့မှစပြီး
အောက်ဖေါ်ပြပါ စာရွက်စာတမ်းများနှင့်အတူ
ပူးတွဲတင်ပြလျှောက်ထားရမည်-
(က)ကိုယ်တိုင်ရေးလျှောက်လွှာ
(လျှောက်ထားသည့်ရာထူး၊
ဘာသာရပ်တို့အား
တိတိကျကျ ဖော်ပြပေးထားရမည်။)
(ခ) ကိုယ်ရေးအချက်အလက်
(CV Form)အပြည့်အစုံ (ဓါတ်ပုံကပ်ပြီး)။
(ဂ) ပတ်စပို့ဆိုဒ်ဓါတ်ပုံ(၃)ပုံ
(နောက်ခံအပြာရောင်)။
(ဃ)နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း/မိတ္တူ။
(င) ဘွဲ့လက်မှတ် မူရင်း/မိတ္တူ။
(စ) အခြားပညာအရည်အချင်းလက်မှတ်
မူရင်း/မိတ္တူ။
(ဆ)လွန်ခဲ့သော(၃)လအတွင်းက
ပြုလုပ်ထားသည့် ရဲစခန်းနှင့်
ရပ်ကွက်ထောက်ခံစာ မူရင်း။
(ဇ) အလုပ်သမားမှတ်ပုံတင်(လေဘာ) မိတ္တူ။
(ဈ) အိမ်ထောင်စုစာရင်း မိတ္တူ။
(ည)Recommendation Letter။

၅။ လျှောက်ထားသူများအနေဖြင့်
လျှောက်လွှာများအား (၁၅-၁၂-၂ဝ၁၇)ရက်နေ့
နောက်ဆုံးထား၍ Program Management Office၊
အမှတ် (၆/၁)၊
ရန်အောင်လမ်းသွယ် (၃) ၊ (၂) ရပ်ကွက်၊
ရန်ကင်းမြို့နယ် နှင့်
သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်း။
အမှတ်(၂ဝ၃)၊
(၅)လမ်းနှင့် (၆)လမ်းကြား၊
ကံကော်အိမ်ယာ(၂)၊ မင်္ဂလာဒုံဥယာဉ်မြို့တော်သို့
အထက်အပိုဒ်(၄)ပါ စာရွက်စာတမ်းများနှင့်အတူ
ရုံးချိန်အတွင်း လူကိုယ်တိုင်
လာရောက်လျှောက်ထားရမည်။

၆။ ပြည့်စုံမှုမရှိသော လျှောက်လွှာများနှင့်
သတ်မှတ်ရက်ထက်နောက်ကျပြီးမှ
ရောက်ရှိလာသော လျှောက်လွှာများအား
ထည့်သွင်းစဉ်းစားသွားမည်မဟုတ်ပါ။

၇။ လျှောက်ထားသူများသည်
ပထမအကြိမ်ရေးဖြေစစ်ဆေးခြင်းအတွက်
အောက်ဖော်ပြပါဘာသာရပ်များအား
(၁)နာရီမေးခွန်းဖြေဆိုသွားရမည်-
(က) မြန်မာစာ (ခ) အင်္ဂလိပ်စာ (ဂ) သင်္ချာ
(ဃ) လျှောက်ထားသည့်ဘာသာ (အထက်
တန်းပြများသာ)

၈။ အထက်ဖော်ပြပါဘာသာရပ်များအပြင်
မြန်မာနိုင်ငံစိတ်ပညာအသင်းမှ စစ်ဆေးသော
စိတ်ပညာ(ရေးဖြေ)ကို စစ်ဆေးခြင်းခံယူရမည်။

၉။ ရေးဖြေစာမေးပွဲကျင်းပမည့်ရက်အား
ထပ်မံအကြောင်းကြားပေးသွားမည်ဖြစ်ပြီး
ဖြေဆိုခွင့်ရရှိသူများအနေဖြင့်
စာမေးပွဲဖြေဆိုခွင့်ကတ်အား
လူကိုယ်တိုင် လာရောက်ထုတ်ယူရမည်။

၁ဝ။ ရေးဖြေအောင်မြင်ပြီးသူများ
ဒုတိယအကြိမ်စစ်ဆေးခြင်းအား
အောက်ဖော်ပြပါအတိုင်းပြုလုပ်သွားမည်-
(က)လက်တွေ့သင်ကြားပြသမှုစစ်ဆေးခြင်း
နှင့် လူတွေ့စစ်ဆေးခြင်း။
(ခ) မြန်မာနိုင်ငံစိတ်ပညာအသင်းမှ
စိတ်ပညာ(လူတွေ့) စစ်ဆေးခြင်း။

၁၁။ ဒုတိယအကြိမ်
စစ်ဆေးအောင်မြင်သူများအနေဖြင့်
သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်းက
ဖွင့်လှစ်သင်ကြားသွားမည့်
Professional Development Course for Teacher သင်တန်းတွင် သင်တန်းသား (Trainee)အဖြစ်
တက်ရောက်သွားရမည်ဖြစ်သည်။

၁၂။ အသေးစိတ်သိရှိလိုပါက
အောက်ဖေါ်ပြပါဖုန်းနံပါတ်များတွင်
ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်-
(က)Program Management Office(ရန်ကင်း)
ဝ၁-၅၅၈ဝ၈၄
(ခ) သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်း
(မင်္ဂလာဒုံ)
ဝ၁-၆၃၉၃၉၇၊ ဝ၁-၆၃၉၃၉၉၊ ဝ၉-၂၄၂၄၂၂၄

သံလွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်း

29/11/2017

သံလွင်ပုဂ္ဂလိကအလယ်တန်းကျောင်း
စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲကို
ယနေ့ ၂၉-၁၁-၂၀၁၇ ရက်နေ့တွင်
ကျောင်းရှိ Multifunction Hall ၌ကျင်းပရာ

ဆရာကြီး ဒေါက်တာထွန်းလွင်က
ရာသီ ၊ ဥတုနှင့် သဘာဝပတ်ဝန်းကျင်
ခေါင်းစဉ်ဖြင့်လည်းကောင်း

ဆရာကြီး ချစ်ဦးညိုက
ကိုရင်လေးပဏ္ဍိတ(လူချွန်လူကောင်း)
ခေါင်းစဉ်ဖြင့်လည်းကောင်း

မြန်မာစာပေ ယဉ်ကျေးမှု ၊ဝိဇ္ဇာ နှင့်သိပ္ပံပညာရပ်များကို
ဟောပြောပေးခဲ့ပါသည်။

နောက်နှောင်နှစ်များတွင်လည်း
ယင်းသို့ အသိပညာတိုးတက်စေမည့်
စာပေဟောပြောပွဲများကို
ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။

Photos from Thanlwin Education Services Co., Ltd's post 24/11/2017

ကျောင်းကားတစ်စီးမှာ အရေးအကြီးဆုံးအချက်ဟာ
ဘေးကင်းလုံခြုံမှုလို့ ကျနော်တို့ ယုံကြည်ပါတယ်။

ကျနော်တို့ သံလွင်မှာ
ယာဉ်မောင်းလျှောက်ထားစဉ်ကတည်းက
ယာဉ်မောင်းအတွေ့အကြုံအနည်းဆုံး ၃ နှစ်ရှိသူတွေကိုသာ
ခေါ်ပြီး Psy Test လည်းစစ်ပါတယ်။
ခန့်ပြီးရင် ကျောင်းသားတွေကိုစောင့်ရှောက်ရမှာမိုလို့
Behavior Management တို့ Child Care တို့ လို
သင်တန်းတွေတက်ရပါတယ်။
ကျနော်တို့က ယာဉ်မောင်းတွေဆိုတော့
ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို
လိုက်နာရသလို ကျောင်းကနေပြဌာန်းထားတဲ့
ဘေးကင်းလုံခြုံရေးဆိုင်ရာ Policy တွေ၊
ယာဉ်မောင်းနှင်နေစဉ်မှာလိုက်နာရမဲ့စည်းကမ်းတွေ၊အရေးပေါ်အခြေအနေအတွက်ရေးထားတဲ့ SOP တွေကိုလည်း
လိုက်နာရပါတယ်။

စိတ်ချလုံခြုံရတဲ့ယာဉ်အမျိုးအစားတွေကို
ရွေးချယ်ထားပြီးတော့ကျောင်းကားရဲ့
ကြံခိုင်မှုနဲ့ ယာဉ်အတွင်းအပြင်သန့်ရှင်းရေးတွေကို
နေ့စဉ်ပုံမှန်စစ်ဆေးခံရပါတယ်။
ကျောင်းကားပေါ်မှာ ကလေးတွေကို
စောင့်ရှောက်နိုင်ဖို့ သင်တန်းပေးထားတဲ့
ယာဉ်ကြီးကြပ်တစ်ဦးစီ ပါပါသေးတယ်။

ဒါ့အပြင် မိဘတွေရဲ့စိတ်ပူပန်မှုမရှိရလေအောင်
ကျနော်တို့ ကျောင်းကားတွေမှာ
Vehicle Tracking System တွေတပ်ထားပါတယ်။
မိဘတွေက သူတို့ Phone ကတဆင့်
သူတို့ကလေးတွေရောက်ရှိနေတဲ့နေရာကို
စောင့်ကြည့်နိုင်ပါတယ်။
ဒီ Systemရယ် CCTV Systemရယ်
သုံးပြီးတော့ ပို့ဆောင်ရေးကဝန်ထမ်းတွေကလည်း Control Roomကနေ ခရီးစဉ်တွေပြီးဆုံးတဲ့အထိ ကျောင်းကားတွေ
ရောက်ရှိနေတဲ့တည်နေရာ
မောင်းနှင်နေတဲ့အမြန်နှုန်းတွေကို
စောင့်ကြည့်ပြီးတော့ လိုအပ်တဲ့လမ်းညွှန်မှုတွေ
လုပ်ပေးပါတယ်။

အခုနောက်ပိုင်းမှာ Traffic Jam တွေရှိလာတော့
ကျနော်တို့က ပိုသတိထားရပါတယ်။
အချိန်မီပို့ဆောင်နိုင်အောင်ကြိုးစားကြသလို
ဘေးကင်းလုံခြုံမှုကိုလည်းဦးစားပေးပါတယ်။

ကျနော်တို့က ကလေးတွေနဲ့
နိစ္စဓူဝတွေ့နေရတာဆိုတော့
သံယောဇဉ်တွယ်နေကြပါပြီ ။
သူတို့လေးတွေ ဘေးကင်းလုံခြုံဖို့ဆိုတာက
ကျနော်တို့ရဲ့အရေးကြီးဆုံးတာဝန်ပါပဲ။

ဦးကျော်
ယာဉ်မောင်း
သံလွင်ပုဂ္ဂလိကအလယ်တန်းကျောင်း

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

🎓၂၀၁၈-၁၉ ပညာသင်နှစ်မှာ သံလွင်ပုဂ္ဂလိကအထက်တန်းကျောင်းတွင် တက်ရောက်နေကြသည့် ကျောင်းသား/ကျောင်းသူ (၉၀၀) ခန့်ရဲ့ တစ်နေ့တာလှုပ်...
ကျောင်းသားမိဘများသို့ပန်ကြားချက်Thanlwin Private School တွင်ပညာသင်ယူနေကြသော ကျောင်းသားများ၏မိဘများထံမှလည်းကောင်းစိတ်ပါဝင...
သံလွင်ပုဂ္ဂလိကအလယ်တန်းကျောင်းစာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲကိုယနေ့ ၂၉-၁၁-၂၀၁၇ ရက်နေ့တွင်ကျောင်းရှိ Multifunction ...
Thanlwin Private School ၏ပထမအကြိမ်ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲကို(၁၁)ပါးမြောက်တိပိဋ္ဋကဓရဓမ္မဘဏ္ဍာဂါရိက ရမ္မာဝတီဆရာတော် ဘဒ္ဒန္တ ဦး...
၂၀၁၇-၁၈ ပညာသင်နှစ်တွင် စတင်ထူထောင်သည့် သံလွင်ပုဂ္ဂလိကအလယ်တန်းကျောင်းအနေနဲ့ကလေးတွေရဲ့ ပင်ကိုအရည်အသွေးတွေကို ပိုမိုတောက်ပြေ...
Thanlwin Private School ၏၂၀၁၇ /၁၈ ပညာသင်နှစ်ကျောင်းကျန်းမာရေးရက်သတ္တပတ်ဟောပြောပွဲကိုယနေ့ ၂၃.၈.၂၀၁၇ ရက်နေ့တွင်ကျင်းပရာဒေါက...
သံလွင်ပုဂ္ဂလိက အလယ်တန်းကျောင်းရှိ ကလေးအချို့ရဲ့ တစ်နေ့တာပျော်ရွှင်မှုလေးတွေပါ..ကလေးတွေက သူတို့ပုံလေးတွေကို ဓါတ်ပုံရိုက်ပြီး...
သံလွင်ကဆရာများကို လေ့ကျင့်ပေးနေတဲ့ လေ့ကျင့်ခန်းတစ်ခုထဲက AGENDA -21 ဆိုင်ရာနှင့်မြန်မာ့အရေးဆိုင်ရာ ဆွေးနွေးပွဲမှာ  အဖွဲ့(...
8-5-2017 ရက်နေ့တွင် မြင်တွေ့ရသော သံလွင်ပုဂ္ဂလိကအလယ်တန်းကျောင်း တည်ဆောက်ရေးလုပ်ငန်းခွင် ကျောင်းအပ်လက်ခံခြင်းကို စတင်ဆောင်ရ...
⚽️🏀🏐🏸🏓⛳️🏹🚴🏻‍♀️🎼🎻🍀🌱🌹🌸🌍⛈❄️📈📊🖇💱💃🏽🕺🏻🏅🎖🏆⚖️🔧⚒🔭🔬🌈ကလေးတစ်ဦးရဲ့ ပင်ကိုယ်အရည်အသွေးတွေကို ..ပိုမိုတောက်ပစေမည့်သံလွင် 🏆🥇၁-၅-၂၀၁၇ ရက...

Category

Telephone

Website

Address

No. (6/1) Yan Aung Street 3, Yankin Township
Yangon

Opening Hours

Monday 21:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00
Saturday 09:30 - 12:00

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education

Brilliant Education Center Brilliant Education Center
Yangon

We aim to teach subjects relating to the business world at affordable prices.