Islamic Religious Affairs Council Myanmar
Republic of The Union of Myanmar Islamic Religious Affair's Council.
Islamic Religious Affair’s Council’s goal is to be a perfect Muslim & a true and faithful National and citizen based on the dignity and glory of our forefathers as in the history of the past. Member Organization of RISEAP Objectives of the Organization To give ways and means to those who Profess Islam: religious ways of practice, the teachings and thoughts a bout Islam.
၂၀၂၄-ခုနှစ်
ရန်ကုန်တိုင်းဒေသကြီး
ကုရ်ဘာနီနှင့်စပ်လျဉ်း၍
အသိပေးကြေညာချက်
-*-*-*-*-*-
ရက်စွဲ -၂၀၂၄ ခုနှစ်၊ ဇွန်လ၁၁ရက်
၁။ ဟိဂ်ျရီ - ၁၄၄၅ ခုနှစ်၊
အီဒုလ်အဿွာဟာ
(ကုရ်ဘာနီအီးဒ်)နေ့သည်
၂၀၂၄-ခုနှစ်၊ ဇွန်လ ၁၈ ရက်၊
အင်္ဂါနေ့တွင် ကျရောက်ပါသည်။
-
၂။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အီဒုလ်အဿွာဟာ (ကုရ်ဘာနီအီးဒ်)နေ့တွင် သတ်မှတ် ထားသောနေရာများတွင်သာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကျွဲ / နွား / သိုး /ဆိတ်များကို ကုရ်ဘာနီ ပြုလုပ်ကြရမည်ဖြစ်ပါသည်။ (ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုရ်ဘာနီပြုလုပ်ရန်နေရာများကို နောက်ဆက်တွဲ - က ဖြင့်လည်းကောင်း၊ စည်းကမ်း သတ်မှတ်ချက်များကို နောက်ဆက်တွဲ - ခ ဖြင့် လည်းကောင်း ဖော်ပြထားပါသည်။)
၃။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အီဒုလ်အဿွာဟာ
(ကုရ်ဘာနီအီးဒ်)နေ့တွင် နောက်ဆက်တွဲ - က စာရင်းပါ နေရာများတွင်သာ နောက်ဆက်တွဲ - ခ ပါ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကုရ်ဘာနီ ပြုလုပ်ကြပါရန် အသိပေးကြေညာအပ်ပါသည်။
-
မြန်မာနိုင်ငံလုံးဆိုင်ရာ
အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး
ဟိဂ်ျရီ ၁၄၄၅ - ခုနှစ်၊
အီဒုလ်အဿွဟာ
(ကုရ်ဘာနီအီးဒ်)နေ့ရက်သည်
၂၀၂၄-ခုနှစ်၊ ဇွန်လ ၁၈ ရက်၊
အင်္ဂါနေ့တွင်
ကျရောက်သည်ဖြစ်ကြောင်း
အတည်ပြုကြေညာအပ်ပါသည်။
-
မြန်မာနိုင်ငံလုံးဆိုင်ရာ
အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး
❤ အလ်ဟမ်ဒုလိလ္လာဟ် ❤
┄┅═══❁❁═══┅┄
သာသနာရေးနှင့်
ယဉ်ကျေးမှု ဝန်ကြီးဌာန၊
၂၀၂၄-ခုနှစ် ဟဂ်ျ ဝတ်ပြု
သွားရောက်ခြင်းဆိုင်ရာ
စိစစ်ရေးအဖွဲ့၏အစီအစဉ်ဖြင့်
ဆော်ဒီအရေးဗီးယားနိုင်ငံသို့
ဟဂ်ျ ပြုရန်သွားရောက်ကြမည့်
မြန်မာ ဟာဂျီလောင်း
၃၅၀ဦးအနက် ၂၀၀ဦးသည်
ယနေ့ ၂-၆-၂၀၂၄ရက်နေ့တွင်
ရန်ကုန်လေဆိပ်မှထွက်ခွာ
သွားကြပြီဖြစ်ပါသည်။
-
❤ အင်ရှာအလ္လာဟ် ❤
┄┅═══❁❁═══┅┄
ကျန် ၁၅၀ ဦးသည်
၈-၆-၂၀၂၄ ရက်နေ့တွင်
ဟဂ်ျပြုရန် ထွက်ခွာကြမည်
ဖြစ်ပါသည်။
-
❤~❤~❤
-
လဗ္ဗိုင္က ၊
အလႅာဟြမၼ လဗ္ဗိုင္က္ ။
လဗ္ဗိုင္က ၊
လာ ရွ ရီ
ကလက ၊
လဗ္ဗိုင္က္ ။
အင်န္နလ် ဟမ်းဒ ၊
ဝလ်နိအ်မသ လက ၊
ဝလ်မုလ်က ၊
လာရှရီ ကလက ။
===>>>
ကျွန်တော်မျိုး
အသင့်ရောက်ရှိပါပြီ။
အို-“အလ္လာဟ်”အရှင်မြတ်၊
ကျွန်တော်မျိုး
အသင့်ရောက်ရှိပါပြီ။
ကျွန်တော်မျိုး
အသင့်ရောက်ရှိပါပြီ။
အရှင်မြတ်၌
ပြိုင်ဘက် ယှဉ်ဘက်ဟူ၍
တစ်ဦးတစ်ယောက်မျှပင် မရှိပါ။
ကျွန်တော်မျိုး
အသင့်ရောက်ရှိပါပြီ။
ချီးမွမ်းထောမနာခြင်း
အပေါင်းသည်လည်းကောင်း၊
ကျေးဇူးတော်အပေါင်းသည်
လည်းကောင်း၊
တန်ခိုးတေဇော် အာနုဘော်
အပေါင်းသည်လည်းကောင်း၊
အရှင်မြတ်အဖို့သာဖြစ်ပါသည်။
အရှင်မြတ်၌
ပြိုင်ဘက် ယှဉ်ဘက်ဟူ၍
တစ်ဦး တစ်ယောက်မျှပင် မရှိပါ။
( ဗုခါရီကျမ်း ၊
မွတ်စ်လင်မ်ကျမ်း )
----------------------------
Labbaik Allah humma labbaik
Labbaik la sharika laka labbaik
Innal hamda
Wan-ni'mata
Laka walmulk
Laa sharika lak.
O my Lord, here I am at Your service, here I am.
There is no partner with You,
here I am.
Truly the praise
and the provisions are Yours,
and so is the dominion and sovereignty.
There is no partner with You.
၂၀၂၄ ဟဂ်ျမဲပေါက်သူများ
သာသနာပညာရှင်/ဝန်ထမ်း(ငြိမ်း)
နေပြည်တော်/ကချင်/ကရင်/
ကယား/မွန်/ရှမ်း/မန္တလေး/စစ်ကိုင်း
ပဲခူး/တနင်္သာရီ/မကွေး/ဧရာဝတီ
၂၀၂၄ ဟဂ်ျမဲပေါက်သူများ
(ရန်ကုန်)
၂၀၂၄ ခုနှစ် ဟဂ်ျလျှောက်လွှာ
ခေါ်ယူခြင်း
၂၀၂၄ ဟဂ်ျလျှောက်လွှာ
ခေါ်ယူခြင်း
ဟဂ်ျခရီးစဉ်ဝန်ဆောင်မှု
တင်ဒါခေါ်ယူခြင်း
အတ်စ္စလာမုအလိုင်းကွန်းမ် -
ယနေ့(၉-၄-၂၀၂၄)ည"လ"မမြင်ပါ။
(၁၀-၄-၂၀၂၄) ဗုဒ္ဓဟူးနေ့သည်
ဟိဂ်ျရီ၁၄၄၅ ရမဒွါန်လ၃၀ရက်နေ့
ဖြစ်ပါသည်။
အစ္စလာမ်သာသနာရေးရာ
ကောင်စီဌာနချုပ်
အစ္စလာမ်ဒေသနာနှိုးဆော်လွှာ
၎ /၂၀၂၄
(ဖိသ်ွရဟ်-ရှောင်ဝါလ် ဆန်းဦးစလ)
┄┅════❁❁════┅┄
ရက်စွဲ - ဟိဂ်ျရီ ၁၄၄၅ ခုနှစ်၊
ရမဒွါန်လ ၂၃ ရက်
ခရစ်နှစ်၂၀၂၄ခုနှစ်၊ဧပြီလ၃ရက်
┄┅════❁❁════┅┄
၁။ "ဖိသ်ွရဟ်" ဟူသည်
အစ္စလာမ်ဘာသာဝင်တို့
ရမဒွါန်ဥပုသ်လကုန်ဆုံးသဖြင့်
ဆင်နွှဲသည့် အီဒုလ်ဖိသွိရ်
ဝါကျွတ်ပွဲတော်နေ့၌
အီးဒ်ဆွလာသ် ဝတ်မပြုမီ
မရှိဆင်းရဲသားများအား
ပေးလှူရသော ရိက္ခာဒါနဖြစ်သည်။
"ဖိသ်ွရဟ်"ပေးလှူခြင်းအားဖြင့်
ရမဒွါန် ဥပုသ်လ၌
စောင့်ထိန်းခဲ့သော
ဆွိယာမ် ဥပုသ်များ၏
ချို့ယွင်းလစ်ဟင်းမှုများကို
ဖြည့်ဆည်းရာရောက်၏။
အလ္လာဟ်အရှင်မြတ်က
မိမိတို့အပေါ်
ချီးမြှင့်တော်မူခဲ့သော
ဆွိယာမ် ဥပုသ်
စောင့်ထိန်းနိုင်စွမ်း၊
ရမဒွါန်လမြတ်၌
အခြားလများထက်
ကောင်းမှုများကို
ပိုမိုဆောင်ရွက်နိုင်စွမ်း
အစရှိသော နာမ်ပိုင်းဆိုင်ရာ
နိအ်မသ် ချမ်းသာ သုခများနှင့်
စားဖွယ်သောက်ဖွယ်ရာများ၊
ဥစ္စာပစ္စည်းများဖြစ်သော
ရုပ်ပိုင်းဆိုင်ရာ
နိအ်မသ်ချမ်းသာ
သုခများအပေါ်
အလ္လာဟ်အရှင်မြတ်ကို
ကျေးဇူးတင်ရာလည်း
ရောက်သည်။
ထို့ပြင် အီဒုလ်ဖိသွိရ်
ဝါကျွတ်ပွဲတော်နေ့၌
မရှိဆင်းရဲသားတို့သည်လည်း
အခြားသူများနှင့်အတူ
အီးဒ်နေ့တွင်
စားနိုင်၊ ဝတ်နိုင်၊
ပျော်နိုင်ကြစေရန်
တရားတော်က
"ဖိသ်ွရဟ်" ပေးလှူရန်
သတ်မှတ်ထားပေသည်။
-
(က) တမန်တော်မြတ်(ﷺ)က
အီးဒ်ဆွလာသ် မတိုင်မီ
"ဆွဒကဟ် ဖိသ်ွရဟ်" အဖြစ်
စားနပ်ရိက္ခာ ကောက်ပဲသီးနှံများ
ပေးလှူကြရန်
မိန့်ကြားတော်မူခဲ့ပါသည်။
(ကြည့် - ဗုခါရီကျမ်း၊
မွတ်စ်လင်မ်ကျမ်း၊
အဗူဒါဝူးဒ်ကျမ်း၊
သိရ်မီဇီကျမ်း)
-
(ခ) အစ္စလာမ့်ဓမ္မသတ်ခုံရုံးချုပ်က
----------------------------------
ယခုနှစ်အတွက် "ဖိသ်ွရဟ်" ကို
-----------------------------------
တာဝန်ရှိသူတစ်ဦးလျှင်
------------------------
ငွေကျပ် ၄၀၀ဝိ/-
------------------
(လေးထောင်)တိတိ
------------------------
ပေးလှူရမည် ဖြစ်ကြောင်း
----------------------------
သတ်မှတ်ပါသည်။
-------------------
-
၂။ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်၊
အင်္ဂါနေ့သည်
ရမဒွါန်လ ၂၉ ရက်
ဖြစ်သည့်အတွက်
ယင်းနေ့ နေဝင်ပြီးချိန်၌
ရှောင်ဝါလ်လ၏
ဆန်းဦးစ "လ" ကို
ကြည့်ရှုကြရမည်
ဖြစ်ပါသည်။
"လ" မြင်တွေ့ပါက
အောက်ဖော်ပြပါ
ဖုန်းနံပါတ်များသို့
ဆက်သွယ်
သတင်းပေးပို့ကြပါရန်
နှိုးဆော်အပ်ပါသည်။
-
ဆန်းဦးစ"လ" သတင်း
------------------------
ဆက်သွယ်ပေးပို့ရန် -
------------------------
☎️
018-252608
018-389786
09-252774646
09-420108081
09-566091
09-5177290
09-977373822
09-776774287
09-5137704
09-5016373
09-450012706
09-5002968
-
အစ္စလာမ့်ရေးရာ တို့ဝန်တာ
-
(အလ်ဟာဂ်ျ မောင်လာနာ
ရှိုက်ခ် အိုမရ် မြင့်နိုင်၊
မဒနီ ၊ အလ်အဇ်ဟရ်)
-
အာလင်မ်ရေးရာဌာနမှူးနှင့်
အစ္စလာမ့်ဓမ္မသတ်မှူး
အစ္စလာမ်သာသနာရေးရာ
ကောင်စီဌာနချုပ်
. အစ္စလာမ်ဒေသနာနှိုးဆော်လွှာ
၃ / ၂၀၂၄
(“ ရမဒွါန်“ နောက်ဆုံး ဆယ်ရက်၊
“အိသိကာဖ်“နှင့်“ကဒရ်“ ညမြတ်)
┄┅════❁❁════┅┄
ရက်စွဲ - ဟိဂ်ျရီ ၁၄၄၅ ခုနှစ်၊
ရမဒွါန်လ ၁၈ ရက်
ခရစ်နှစ် -
၂၀၂၄ခုနှစ်၊မတ်လ၂၉ရက်
┄┅════❁❁════┅┄
၁။ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်၊
တနင်္ဂနွေနေ့သည်
ဟိဂ်ျရီ ၁၄၄၅ ခုနှစ်၊
ရမဒွါန်လ ၂၀ ရက်နေ့
ဖြစ်ပါသည်။
ဧပြီလ ၆ ရက် စနေနေ့
နေဝင်ပြီး ညသည် ရမဒွါန်
၂၇ ရက်ညဖြစ်ပါသည်။
၂။ ကဒရ်ညမြတ်သည်
အလွန်ထူးခြား
မြင့်မြတ်လှသော
ညပင်ဖြစ်ပါသည်။
ကဒရ်ည၏ ထူးခြား
မြင့်မြတ်မှုများကို
ကုရ်အာန်ကျမ်းတော်မြတ်၌
ဤသို့ဖော်ပြထားပါသည်။
“ ဧကန်မလွဲ
ငါအရှင်မြတ်သည်
ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို
လိုင်းလသုလ်ကဒရ်
မြင့်မြတ်သောည၌
ချပေးသနားတော်မူခဲ့သည်။
စင်စစ် ထို လိုင်းလသုလ်ကဒရ်
မြင့်မြတ်သော ညဟူသည်
အဘယ်နည်းဟု
အသင်သိပါသလား။
လိုင်းလသုလ်ကဒရ်
မြင့်မြတ်သော ည ဟူသည်ကား
လပေါင်းတစ်ထောင်ထက်ပင်
ပိုမိုကောင်းမြတ်လှ၏။
ထိုည၌ ကောင်းကင်တမန်များသည်
လည်းကောင်း၊
ဂျိဗ်ရီလ်သည်လည်းကောင်း၊
မိမိတို့အား ဖန်ဆင်း
မွေးမြူတော်မူသော
အရှင်မြတ်၏အမိန့်တော်ဖြင့်
ကောင်းမြတ်သောအရေးကိစ္စ
အသီးသီးကို ယူဆောင်၍
ဆင်းသက် လာကြကုန်၏။
ထိုညသည်ကား
နံနက်မိုးသောက်ချိန်တိုင်
ငြိမ်းချမ်းသောညပင်
ဖြစ်ချေသတည်း။
(ငြိမ်းချမ်းမှုချည်းသာတည်း။)“
(ကုရ်အာန် ၉၇း ၁ - ၅)
“(ဆွိယာမ်ဥပုသ်
ဆောက်တည်ရန်အတွက်
သတ်မှတ်ထားသည့်
အနည်းငယ်မျှသော
နေ့ရက်များသည်)
ရမဒွါန်လပင်ဖြစ်သည်။
(ထိုလ၌ အလ္လာဟ်အရှင်မြတ်
အထံတော်မှ)
ကုရ်အာန်ကျမ်းတော်မြတ်သည်
ကျရောက်လာခဲ့လေသည်။
(ယင်း ကုရ်အာန်
ကျမ်းတော်မြတ်သည်)
လူသားခပ်သိမ်းတို့အဖို့
တရားလမ်းညွှန်အဖြစ်
လည်းကောင်း၊
တရားလမ်းမှန်ရစေသော
အမှားအမှန်ကို ခွဲခြားသိစေသော
ထင်ရှားလှသည့်သက်သေခံ
လက္ခဏာများအဖြစ်လည်းကောင်း
(ကျရောက်လာသော
ကျမ်းတော်မြတ်ပင်တည်း)။“
(ကုရ်အာန် - ၂း ၁၈၅)
၃။ အထက်ဖော်ပြပါ
အာယသ်တော်များအရ
ကဒရ်ည၏
ထူးခြားမြင့်မြတ်မှုများနှင့်
ကဒရ်ညသည်
ရမဒွါန်လတွင်ရှိကြောင်းမှာ
ထင်ရှား၏။
တမန်တော်မြတ် (ﷺ)သည်
ရမဒွါန်လမြတ်၏
နောက်ဆုံး ဆယ်ရက်တွင်
အခြားအချိန်များထက်
ပို၍ ကောင်းမှုများကို
ပွားများဆောက်တည်တော်
မူလေ့ရှိသည်။
တမန်တော်မြတ်(ﷺ)သည်
(ဝဖာသ်)
ကွယ်လွန်တော်မူသည်အထိ
ရမဒွါန်လမြတ်၏
နောက်ဆုံး ဆယ်ရက်တွင်
အိသိကာဖ်
ထိုင်တော်မူလေ့ရှိပါသည်။
တမန်တော်မြတ်(ﷺ)က
“ကဒရ်ညမြတ်ကို
ရမဒွါန်လမြတ်၏
နောက်ဆုံးဆယ်ရက် “မ“ညများ
(ရမဒွါန် ၂၁၊ ၂၃၊ ၂၅၊ ၂၇၊ ၂၉)၌
ရှာဖွေကြလော့“ဟူ၍
မိန့်ကြားတော်မူခဲ့ပါသည်။
(ကြည့်-ဗုခါရီကျမ်း၊
မွတ်စ်လင်မ်ကျမ်း)
၎။ ကဒရ်ညမြတ်တွင်
အထူးတောင်းခံအပ်သည့်
ဒု အာ ဆု မွ န် ကို
အောက်ပါ ဩဝါဒတော်တွင်
ဖော်ပြထားပါသည်။
အာအိရှာဟ်(رَضِيَ اللَّهُ عَنْهَا)သခင်မ
ထံမှတစ်ဆင့်ကြားသိရ၏။
ထိုသခင်မကြီး(رَضِيَ اللَّهُ عَنْهَا)
ပြောပြခဲ့သည်မှာ-
ကျွန်မက -
“အလ္လာဟ်အရှင်မြတ်၏
တမန်တော်(ﷺ)၊
အကယ်၍ အဘယ်ညသည်
ကဒရ် ည ဖြစ်သည်ကို
ကျွန်မသိရပါသော်
ထိုညမြတ်တွင် ကျွန်မ
မည်သို့ဆုပန်ရပါမည်နည်း“
ဟုလျှောက်ထားရာ
တမန်တော်မြတ်(ﷺ)က
အောက်ပါအတိုင်း
ဆုပန်ကြားရန်
မိန့်တော်မူပါသည်။
-
اللَّهُمَّ إِنَّكَ عَفُوٌّ تُحِبُّ الْعَفْوَ فَاعْفُ عَنِّي
-
“(အို - အလ္လာဟ် ၊
အရှင်မြတ်သည်
ခွင့်လွှတ်တော်မူသောအရှင်
အမှန်ပင်ဖြစ်တော်မူပါသည်။
အရှင်မြတ်သည်
ခွင့်လွှတ်မှုကိုလည်း
နှစ်သက်တော်မူပါသည်။
သို့ဖြစ်ရာ ကျွန်တော်မျိုးအား
ခွင့်လွှတ်တော်မူပါ။)“
(အဟ်မဒ်၊
အိဗ်နုမာဂျဟ်၊
သိရ်မိဇီ)
(အိဗ်နုကဆီရ်)
(ကုရ်အန်ကျမ်းတော်မြတ်၏
အလင်းပြကျမ်းမှ)
၅။ သို့ဖြစ်ပါ၍ ရမဒွါန်လမြတ်၏
နောက်ဆုံးဆယ်ရက် “မ“ညများ၊
ကဒရ်ညမြတ်တွင်
နဖိလ် ဆွလာသ်
ဆောက်တည်ခြင်း၊
ကုရ်အာန်ကျမ်းတော်မြတ်
ရွတ်ဖတ်ခြင်း၊
သောင်ဗဟ်-အိစ်သိဂ်ဖာရ်
များစွာပြုခြင်း၊
အလ္လာဟ်အရှင်မြတ်ကို
သတိရ တသ ဇိကိရ် ပြုခြင်း၊
ဒုအာဆုမွန်ပြုခြင်းများကို
အထူးတလည်
ဆောင်ရွက်ကြပါရန်
နှိုးဆော်အပ်ပါသည်။
အစ္စလာမ့်ရေးရာ တို့ဝန်တာ
(အလ်ဟာဂ်ျ မောင်လာနာ
ရှိုက်ခ် အိုမရ် မြင့်နိုင် -
မဒနီ၊ အလ်အဇ်ဟရ်)
အစ္စလာမ့်ဓမ္မသတ်မှူးနှင့်
အာလင်မ်ရေးရာဌာနမှူး
မေတ္တာရပ်ခံပန်ကြားခြင်း
┄┅══❁❁══┅┄
ရက်စွဲ-၂၀၂၄ခုနှစ်၊ မတ်လ၂၁ရက်
၁။ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်
မြို့နယ်၊သိမ်ဖြူလမ်း၊အမှတ်-၄၅၅ရှိ
ဟာဂျီမ ဆရာမကြီး
ဝဏ္ဏကျော်ထင် ဒေါ်စောရွှေ
ဦးဆောင် ထူထောင်ခဲ့သော
မွတ်စ်လင်မ်အမျိုးသမီး
သာသနာ့ရိပ်သာ
(ဇိနသ်အစ္စလာမ်
မိန်းကလေးများကျောင်း)သည်
မိဘမဲ့ / ခိုကိုးရာမဲ့နေရှာသည့်
မွတ်စ်လင်မ်မိန်းကလေးငယ်များကို
တာဝန်ယူ ကျွေးမွေး
စောင့်ရှောက်ကာ
သာသနာ့ပညာနှင့်
သက်မွေးဝမ်းကျောင်းပညာများကို
သင်ကြားပေးခြင်း၊
အစိုးရ အခြေခံပညာ မူလတန်း၊
အလယ်တန်း၊
အထက်တန်းကျောင်းများမှသည်
တက္ကသိုလ်အဆင့်
ဘွဲ့ရသည်အထိ တက်ရောက်
သင်ကြားစေခြင်း စသည်ဖြင့်
၎င်းတို့၏ ဘဝ လုံခြုံအေးချမ်း၍
ဂုဏ်သိက္ခာရှိစွာ
ရပ်တည်နိုင်ရေးအတွက်
ပြုစုပျိုးထောင်ပေးလျက်
ရှိပါသည်။
၂။ ၄င်းမွတ်စ်လင်မ်အမျိုးသမီး
သာသနာ့ရိပ်သာ
အဆောက်အအုံသည်
နှစ်ကာလကြာမြင့်
လာသည့်အတွက်
ယိုယွင်းကာ
အန္တရာယ်ရှိလာသဖြင့်
အဆောက်အအုံဟောင်းကို
ဖျက်သိမ်း၍
ခေတ်မီ ၈ ထပ်
အဆောက်အအုံသစ်
ဆောက်လုပ်လျက်ရှိပါသည်။
၃။ သို့ဖြစ်ပါ၍
မွတ်စ်လင်မ်အမျိုးသမီး
သာသနာ့ရိပ်သာ
အဆောက်အအုံသစ်
ဆောက်လုပ်ရာတွင်
မိမိတို့ တတ်စွမ်းသမျှ
အင်တိုက်အားတိုက်
ပါဝင်လှူဒါန်းခြင်းဖြင့်
အမြဲတစေတည်ရှိနေသော
အလှူ၏
ကုသိုလ်အကျိုးကို
ရယူကြပါရန်
လေးစားစွာ
မေတ္တာရပ်ခံ
ပန်ကြားအပ်ပါသည်။
ဆက်သွယ်လှူဒါန်းရန်-
မွတ်စ်လင်မ်အမျိုးသမီ
သာသနာ့ရိပ်သာ
အမှတ်-၆၅၊ ၉၂ လမ်း၊
မင်္ဂလာတောင်ညွန့်မြို့နယ်၊
ရန်ကုန်မြို့
ဝ၁-၃၇၃၈၇၈
ဝ၉-၅၀၄၇၀ဝ၎
ဝ၉-၇၆၅၁၆၄၉၈၀
့YOMA BANK - Account Name :
The Honey Secy Zenetul Islam Girls School
Account No : 005545438000439
Kpay Number -
Daw Soe Soe Swe :
09 5047004
မြန်မာနိုင်ငံလုံးဆိုင်ရာ
အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး
မေတ္တာရပ်ခံပန်ကြားခြင်း
ရက်စွဲ - ၂၀၂၄ ခုနှစ် ၊
မတ်လ ၁၄ ရက်။
၁။ ရန်ကုန်မြို့၊ ကျောက်တံတား
မြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်းရှိ
မွတ်စ်လင်မ်ကုသိုလ်ဖြစ် ဆေးရုံကို
၁၉၃၇ ခုနှစ်တွင် စတင်
တည်ထောင်ခဲ့ပြီး
လူမျိုးဘာသာမရွေး ဝေဒနာရှင်
လူနာများအား ဆေးကုသ
ပေးလျက်ရှိရာ အထူးသဖြင့်
မရှိနွမ်းပါးသူများ
မှီခိုအားထားရာ
ပရဟိတဆေးရုံကြီးအဖြစ် ယနေ့ကာလအထိနှစ်ပေါင်း
၈၇ နှစ်တိုင်တိုင်ရပ်တည်
ဆောင်ရွက်လျက်ရှိပါသည်။
၂။ ယခုအခါ ၄င်းဆေးရုံကြီး၏
ဆေးဝါးကုသမှုလုပ်ငန်းစဉ်များ
စဉ်ဆက်မပြတ်
ဆောင်ရွက်ရန်အတွက်
အလှူငွေများလိုအပ်လျက်ရှိကြောင်း
ဆေးရုံအုပ်ချုပ်ရေးအဖွဲ့၏
တင်ပြချက်အရသိရှိရပါသည်။
၃။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ
မွတ်စ်လင်မ်ကုသိုလ်ဖြစ်ဆေးရုံ
တာဝန်ရှိပုဂ္ဂိုလ်များထံသို့
ဆက်သွယ်၍
(ဇကားသ်/လိလ္လာဟ်/ဆွဒကဟ်)
အလှူငွေများ လှူဒါန်းကြပါရန်
လေးစားစွာ မေတ္တာရပ်ခံ
ပန်ကြားအပ်ပါသည်။
ဆက်သွယ်လှူဒါန်းရန်-
(၁) ဦးမူစာ အေ မဒါး
ဝ၉ ၅၀၉၉၅၀
ဥက္ကဋ္ဌ၊
မွတ်စ်လင်မ်ကုသိုလ်ဖြစ် ဆေးရုံ
(၂) ဦးဆာလေ အမ် မဒါး
ဝ၉ ၅၀ဝ၃၂၈၉
ဒု-ဥက္ကဋ္ဌ၊
မွတ်စ်လင်မ်ကုသိုလ်ဖြစ် ဆေးရုံ
(၃) ဦးဟာရွန်း
ဝ၉၂၅၀၃၅၄၃၁၂
ဘဏ္ဍာရေးမှူး၊
မွတ်စ်လင်မ်ကုသိုလ်ဖြစ် ဆေးရုံ
(၄) ဦးစလင်း
ဝ၉ ၅၀ဝ၅၄၁၃
အတွင်းရေးမှူး၊
မွတ်စ်လင်မ်ကုသိုလ်ဖြစ် ဆေးရုံ
(၅) ဒေါက်တာ အီဆပ်
ဝ၉ ၅၁၁၈၃၇၆
ဆေးရုံအုပ်၊
မွတ်စ်လင်မ်ကုသိုလ်ဖြစ် ဆေးရုံ
(၆) ဦးအာမက်
ဝ၉ ၅၁၇၄၈၁၈
အလုပ်အမှုဆောင်၊
မွတ်စ်လင်မ်ကုသိုလ်ဖြစ် ဆေးရုံ
(၇) ဦးအောင်ဇော်လတ် ဝ၉၂၅၈၉၁၇၃၇၉
အလုပ်အမှုဆောင်၊
မွတ်စ်လင်မ်ကုသိုလ်ဖြစ် ဆေးရုံ
-
မြန်မာနိုင်ငံလုံးဆိုင်ရာ
အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး
အစ္စလာမ်ဒေသနာနှိုးဆော်လွှာ
၂ /၂၀၂၄
(ရမဒွါန်-ကုရ်အာန်-
ဆွိယာမ်-ဇကာသ်)
┄┅═══❁❁═══┅┄
ရက်စွဲ - ဟိဂ်ျရီ ၁၄၄၅ ခုနှစ်၊
ရမဒွါန်လ ၁ ရက်
ခရစ်နှစ် ၂၀၂၄ ခုနှစ်၊
မတ်လ ၁၂ ရက်
┄┅═══❁❁═══┅┄
၁။(က) ၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့သည် ရမဒွါန်လ ၁ ရက်နေ့ဖြစ်ပါသည်။ ရမဒွါန်လမြတ်၌ လူသားခပ်သိမ်းတို့အတွက် တရားဓမ္မအဖြစ်လည်းကောင်း၊ အမှားအမှန်ကို ခွဲခြားသိစေသော သက်သေ လက္ခဏာများအဖြစ် လည်းကောင်း၊ ကုရ်အာန်ကျမ်းတော်မြတ် ကျရောက်လာခဲ့ကြောင်း၊ ရမဒွါန်လမြတ်၌ ဆွိယာမ် ဥပုသ်စောင့်ထိန်းရန် (အရွယ်ရောက်ပြီးသော) မွတ်စ်လင်မ်တိုင်းတွင် ဖရဒ်ွတာဝန်ရှိကြောင်း၊ ထိုသို့ ဆွိယာမ်ဥပုသ်စောင့်ထိန်းရခြင်း၏ ရည်ရွယ်ချက်သည် ပြစ်မှုဒုစရိုက်များမှ ရှောင်ကြဉ်သူများဖြစ်ကြရန်ဟူ၍ လည်းကောင်း၊ ကုရ်အာန်ကျမ်းတော်မြတ်၌ ဖော်ပြထားပါသည်။
(ကြည့်- ကုရ်အာန် ၂း ၁၈၃-၁၈၅)
(ခ) အရဗီစာပေ၌ ဥပုသ်စောင့်ထိန်းခြင်းကို ဆွောင်မ် သို့မဟုတ် ဆွိယာမ်ဟုခေါ်ပါသည်။ ယင်းပုဒ်များ၏ မူရင်း စာပေအဓိပ္ပာယ်မှာ ရပ်ဆိုင်းခြင်း၊ တားဆီးခြင်း ဖြစ်ပါသည်။
(ဂ) ဆွိယာမ်၏ ရှရီအသ် တရားတော်လာ ဝေါဟာရ အဓိပ္ပာယ်မှာ ဆွောင်မ် ဥပုသ်စောင့်ထိန်းမည်ဟူသော နီယသ် စိတ်ပြဋ္ဌာန်းချက်ဖြင့် နေ့အချိန်၌ စားခြင်း၊ သောက်ခြင်း၊ ကာမဆက်ဆံ ခြင်းများကို ဆိုင်းငံ့ထားခြင်းကို ဆိုလိုပါသည်။
(ဃ) တမန်တော်မြတ်(ﷺ)က ဆွိယာမ် ဥပုသ်စောင့်ထိန်းခြင်းသည် ပြစ်မှုဒုစရိုက်များမှ ရှောင်ကြဉ်ရန် ဒိုင်းလွှားသဖွယ်ဖြစ်သည်ဟူ၍လည်းကောင်း၊ ဆွိယာမ်ဥပုသ်စောင့်ထိန်းကြ၊ ကျန်းမာကြလတ္တံဟူ၍လည်းကောင်း မိန့်ကြားတော်မူခဲ့ပါသည်။
(မိရှ်ကာသ်ကျမ်း)
၂။(က) အစ္စလာမ်သာသနာ၏ ပထမအဓိကကျင့်ဝတ်ဖြစ်သော ဆွလာသ် ပြီးနောက် ဒုတိယအဓိက ကျင့်ဝတ်မှာ ဇကာသ် ဖြစ်ပါသည်။ ဇကာသ်ဟူသော အရဗီစကားလုံး၏ အဘိဓာန် အဓိပ္ပာယ်မှာ တိုးပွားခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်း ဖြစ်ပါသည်။
(ခ) ဇကာသ်၏ ရှရီအသ်တရားတော်လာ ဝေါဟာရအဓိပ္ပာယ်မှာ ခြေလေးချောင်း တိရစ္ဆာန်များ၊ မြေထွက်ပစ္စည်းများ၊ ရောင်းကုန်ပစ္စည်းများ၊ ဓနဥစ္စာများ အစရှိသော သီးခြားသတ်မှတ်ထား သောပစ္စည်းများမှ ကုရ်အာန်ကျမ်းတော်မြတ်တွင် ဖော်ပြထားသော လူပုဂ္ဂိုလ်အမျိုးအစား(၈) မျိုးအား သတ်မှတ်ချိန်၌ သတ်မှတ်အချိုးအစားအတိုင်း ခွဲဝေ ပေးဆောင်ခြင်းဖြစ်သည်။
-
မုချဧကန် ဇကာသ်သည် -
✅ ဆင်းရဲနွမ်းပါးသူတို့အဖို့ လည်းကောင်း၊
✅ ပစ္စည်းမဲ့များအဖို့ လည်းကောင်း၊
✅ ဇကာသ်နှင့်စပ်လျဉ်းသောကိစ္စအဝ၀ကို ဆောင်ရွက်သည့် အမှုထမ်း များအဖို့လည်းကောင်း၊
✅ အစ္စလာမ်သာသနာတော်၏ တရားများကိုနှစ်သက်၍ သာသနာ ဘောင်တွင်ဝင်လိုသူများ၏ စိတ်ကို နှစ်သိမ့်စေရန်အလို့ငှာလည်းကောင်း၊
✅ ကျေးကျွန်များကို ကျွန်ဘဝမှ လွတ်မြောက်စေရန် လည်းကောင်း၊
✅ အကြွေးတင်နေသူများအဖို့ လည်းကောင်း၊
✅ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ လည်းကောင်း၊
✅ (ဒုက္ခရောက် နေသော) ခရီးသည်များအဖို့ လည်းကောင်း ဖြစ်သည်။
(ကုရ်အာန် - ၉း ၆၀)
(ဂ) ကုရ်အာန်ကျမ်းမြတ်တွင် ဆွလာသ်နှင့် ပူးတွဲ၍ ဇကာသ် ပေးလှူရန်ကို ၃၂ ကြိမ်မျှဖော်ပြ ထားပါသည်။ နိဆွာဗ် သတ်မှတ်အချိုးအစား ပိုင်ဆိုင်မှုရှိသူ မွတ်စ်လင်မ်တိုင်းအပေါ်၌ မလွဲမသွေ ဇကာသ်ပေးလှူရန် ဖရဒ်ွတာဝန်ဖြစ်ပါသည်။
(ဃ) နိဆွာဗ်သတ်မှတ်ချက်မှာ
ရွှေ - ဒီနာရ် ၂၀ =
(87.48 grams)=
၅ကျပ် ၄ပဲ ၁.၅ရွေး
(သို့မဟုတ်)
ငွေ - ဒိရ်ဟမ် ၂၀ဝ =
(612.36 grams)=
၃၆ကျပ် ၁၃ပဲ ၃.၅ရွေး (သို့မဟုတ်)
ယင်းတန်ဖိုးနှင့် ညီသော
ငွေကြေးဥစ္စာများသည်
ကြွေးမြီကင်း၍
မိမိလက်ဝယ် တစ်နှစ်လုံးရှိနေပါလျှင်
ကာလ တန်ဖိုး၏ ၄၀ပုံ ၁ပုံ၊
(တစ်နည်း)
၂.၅%
(တစ်နည်း)
ကျပ်တစ်ရာလျှင်
နှစ်ကျပ်ပြားငါးဆယ်နှုန်း
ဇကာသ်ပေးလှူရမည်ဖြစ်သည်။
(ကြည့်- ဗုခါရီကျမ်း၊ အဗူဒါဝူးဒ်ကျမ်း)
၃။ သို့ဖြစ်ပါ၍ အထက်ပါ နိဆွာဗ်သတ်မှတ်အချိုးအစားပိုင်ဆိုင်မှုရှိသူတိုင်း ဇကာသ်}ပေးလှူကြ ပါရန်နှင့် ဆွိယာမ်ဥပုသ်စောင့်ထိန်းရန် ဖရဒ်ွတာဝန်ရှိသူ မွတ်စ်လင်မ် အမျိုးသား၊ အမျိုးသမီးတိုင်း လမြတ်ရမဒွါန်တွင် ဆွိယာမ်ဥပုသ်စောင့်ထိန်းကြကာ ဆွလာသ် ဆောက်တည်ခြင်း၊ အလ္လာဟ်အရှင်မြတ်အား သတိရ တသ ဇိကိရ် ပြုခြင်း၊ ကုရ်အာန် ကျမ်းတော်မြတ်(သိလာဝသ်)ဖတ်ရွတ်ခြင်း၊ ကုရ်အာန်ကျမ်းတော်မြတ်ကို အဓိပ္ပာယ်နှင့်တကွ ဖတ်ရှုလေ့လာဆည်းပူးခြင်း၊ ဒုအာဆုမွန်ပြုခြင်း၊ အလှူဒါနပြုခြင်းများကို ဆောင်ရွက်ကြပါရန် နှိုးဆော်အပ်ပါသည်။
အစ္စလာမ့်ရေးရာ တို့ဝန်တာ
(အလ်ဟာဂ်ျ မောင်လာနာ
အိုမရ် မြင့်နိုင် - မဒနီ၊ အလ်အဇ်ဟရ်)
အစ္စလာမ့်ဓမ္မသတ်မှူးနှင့်
အာလင်မ်ရေးရာဌာနမှူး
အစ္စလာမ်သာသနာရေးရာ
ကောင်စီဌာနချုပ်
အတ်စ္စလာမုအလိုင်းကွန်းမ် -
''ရမဒွါန်''ဆန်းဦးစ''လ''
မြင်တွေ့ပါသဖြင့်
နက်ဖြန်(၁၂-၃-၂၀၂၄)၊
အင်္ဂါနေ့သည်
''ရမဒွါန်''လမြတ်
တစ်ရက်နေ့ဖြစ်ပါသည်။
-
''ရမဒွါန် မုဗာရက်''
-
အစ္စလာမ်သာသနာရေးရာ
ကောင်စီဌာနချုပ်
"မေတ္တာရပ်ခံပန်ကြားလွှာ"
-
မွတ်စလင်မ် အမျိုးသမီး
သာသနာ့ရိပ်သာ
(ကြီးကြပ်ရေးကော်မတီ)
အို - ကျွန်တော်မျိုး၏ အရှင်မြတ်၊
အရှင်သည် ကျွန်တော်မျိုးအဖို့
ကျွန်တော်မျိုး၏ ရင်ကို ကျယ်ဝန်း
ကြည်လင်စေတော်မူပါ။
၎င်းပြင် အရှင်သည်
ကျွန်တော်မျိုး၏ အရေးကိစ္စကို
လွယ်ကူစေတော်မူပါ။
ထို့ပြင် အရှင်မြတ်သည်
ကျွန်တော်မျိုး၏ လျှာမှ အထုံးကို
ဖြေ၍ ပေးတော်မူပါ။
သို့မှသာ လူတို့သည်
ကျွန်တော်မျိုး၏ စကားကို
နားလည်နိုင်ကြမည်ဖြစ်ပါသည်။
(ကုရ်အာန်-၂၀း ၂၅၊ ၂၆၊ ၂၇၊ ၂၈)
[တမန်တော် မူစာ (အ)
တောင်းခံခဲ့သော ဒုအာ]
အလ္လာဟ်အရှင်မြတ်
အမိန့်တော်ခံယူခြင်း
*-*-*-*-*
အစ္စလာမ်သာသနာရေးရာကောင်စီ
ဌာနချုပ်၊ ဗဟိုအမှုဆောင်၊
အလ်ဟာဂ်ျ ဦးညီပု(ဘားအံ)သည်
၆-၃-၂၀၂၄ ရက်နေ့တွင်
အလ္လာဟ်အရှင်မြတ်
အမိန့်တော်ခံယူ
ကွယ်လွန်သွားကြောင်း
သိရှိရပါသဖြင့်
မိသားစုနှင့်ထပ်တူ
ဝမ်းနည်းရပါသည်။
ကွယ်လွန်သူအတွက်
မဂ်ဖိရသ် ဒုအာပြုအပ်ပါသည်။
-
ဗဟိုအမှုဆောင်အဖွဲ့
အစ္စလာမ်သာသနာရေးရာ
ကောင်စီဌာနချုပ်
အသင် မစိုးရိမ်နှင့်။
မုချဧကန်
အလ္လာဟ်အရှင်မြတ်သည်
ငါတို့နှင့်အတူရှိတော်မူသည်။
(ကုရ်အာန် ၉း ၄၀)
စွန်ပလွံသီး
တစ်ခြမ်းနှင့်ပင်ဖြစ်စေ၊
စွန်ပလွံသီးတစ်ခြမ်းကိုမျှ
မတတ်နိုင်လျှင်
ကောင်းမွန်သော
စကားတစ်ခွန်းနှင့်ပင်ဖြစ်စေ
ဂျဟန္နမ် ငရဲမီးကို
ရှောင်ကြဉ်ကြကုန်၊၊
(တမန်တော်မြတ်)
၎င်းပြင် အသင်သည် မိမိအား
အလ္လာဟ်အရှင်မြတ်က
ချီးမြှင့်ပေးသနားတော်မူခဲ့သည့်
(ဥစ္စာပစ္စည်းတို့)တွင်
တမလွန်ဘဝကိုလည်း
ရှာဖွေလော့။
ထို့ပြင် အသင်သည်
လောကီဘဝမှ မိမိ၏ ဝေစုဝေပုံ၊
(နောင်တမလွန်ဘဝသို့
ယူဆောင်သွားရန်)
မမေ့မလျော့နှင့်။
ထို့ပြင် အသင့်အား
အလ္လာဟ်အရှင်မြတ်က
ကျေးဇူးပြုတော်မူဘိသကဲ့သို့
အသင်သည်လည်း
(သူတစ်ပါးတို့အား)
ကျေးဇူးပြုလော့။
အသင်သည် တိုင်းပြည်တွင်
ဖျက်ဆီးမှုကို မလိုလားလေနှင့်။
မချွတ်ဧကန်
အလ္လာဟ်အရှင်မြတ်သည်
ဖျက်ဆီးသူတို့အား
နှစ်သက်တော်မူသည်
မဟုတ်ပေတကား။
(ကုရ်အာန်ကျမ်းတော်မြတ် -
၂၈း ၇၇)
အသင်တို့အနက် မည်သူမဆို
စက်ဆုပ် ရွံရှာဖွယ် မကောင်းမှု
ပြုသည်ကို မြင်ရပါလျှင် ထိုအမှုကို
မိမိ၏ လက်ဖြင့် ပြုပြင်လော့။
ထိုသို့ လက်ဖြင့် မပြုပြင်နိုင်လျှင်
မိမိ၏ နှုတ်လျှာဖြင့် ပြုပြင်လော့။
ထိုသို့ နှုတ်လျှာဖြင့်မပြုပြင်နိုင်လျှင်
နှလုံးသားဖြင့် ပြုပြင်လော့။
ဤသည် ယုံကြည်မှု၏
အားအနည်းဆုံး
အချက်ပင်ဖြစ်သည်။
-
🖤 တမန်တော်မြတ် 🖤
အကယ်၍
အသင်တို့သည်
(မိမိတို့ပေးကမ်း
စွန့်ကြဲကြကုန်သော)
အလှူဝတ္ထုများကို
ထင်ရှားစွာ
(လှူဒါန်းပေးကမ်းကြပါမူ)
ယင်းသို့
ထင်ရှားစေခြင်းသည်လည်း
ကောင်းမြတ်၏။
သို့ရာတွင်
အကယ်၍
အသင်တို့သည်
ယင်း(ပေးကမ်း
လှူဒါန်းကြကုန်သော)
အလှူဝတ္ထုများကို
လျှို့ဝှက်စွာ
သူဆင်းရဲတို့အား
ပေးကမ်းစွန့်ကြဲကြပါမူ၊
ယင်းသို့
လျှို့ဝှက်ခြင်းသည်ကား
အသင်တို့အဖို့ရာ
သာ၍ပင်ကောင်းမြတ်ပေသည်။
ထို့ပြင် (အလ္လာဟ်အရှင်မြတ်သည်)
အသင်တို့၏
ဒုစရိုက်မှုအချို့တို့ကို
ဖယ်ရှားတော်မူအံ့။
အကြောင်းမူကား -
အလ္လာဟ်အရှင်မြတ်သည်
အသင်တို့ပြုလုပ်ကြကုန်သော
ကိစ္စရပ်တို့ကို
အကြွင်းမဲ့
ကြားသိတော်မူသော
အရှင်တည်း။
( ကုရ်အာန် - ၂း ၂၇၁ )
တမန်တော်မြတ်မုဟမ္မဒ်(ﷺ)က
မိမိ၏ ကြင်ရာတော်
အာအိရှဟ်(رضي الله عنها)
သခင်မအား ဤသို့
မှာကြားတော်မူခဲ့၏။
“အို - အာအိရှဟ်၊
အသင်မသည် မိမိတံခါးမှ
မည်သည့်ဆင်းရဲသား
တစ်ဦးတစ်ယောက်ကိုမျှ
တစ်စုံတစ်ရာ မပေးကမ်းဘဲ
မလွှတ်ပါနှင့်။
စွန်ပလွံသီးတစ်ခြမ်းပင်ဖြစ်စေ၊
ပေးကမ်းလိုက်ပါ။”
“အို - အာအိရှဟ်၊
ဆင်းရဲသားတွေကို
ချစ်ခင်သနားပါ။
သူတို့အား မိမိနှင့်
နီးနီးကပ်ကပ်ထားပါ။
အလ္လာဟ်အရှင်မြတ်သည်လည်း
အသင်မအား မိမိထံတော်၌
နီးနီးကပ်ကပ်ထားတော်
မူပါလိမ့်မည်။”
-=-=-=-=-=-=-=-=-=-
သီရိပျံချီ အလ္လာမဟ်
ဃာဇီ မုဟမ္မဒ် ဟာရှင်မ်
ပြန်ဆိုရေးသားသော
တမန်တော်မြတ် ၊
ပဉ္စမတွဲမှ ကူးယူ
ဖော်ပြပါသည်။
Inna Lillahi Wahinna illahi Rajioon...
Innalillahiwainnailaihirojiun.
This matter was confirmed by the Private Secretary to the RISEAP Vice President & Deputy Minister of Economy Dato Hajjah Hanifah Hajar Taib.
"The return of YB Dato Hajjah Hanifah Hajar Taib's beloved father, Tun Pehin Sri Haji Abdul Taib Mahmud to HIS creator, approximately 4.40 am, 21 February 2024 corresponding to 11 Syaaban 1445 Hijrah."
The jenazah will be handled at the National Mosque, Kuala Lumpur before being brought back to Kuching, Sarawak.
Condolences to all the family members.
May he granted the highest rank in paradise.
Amin ya Rabbal Alamin.
အသင်သည်
ဂုဏ်မမောက်လေနှင့်၊
အမှန်စင်စစ်
အလ္လာဟ်အရှင်မြတ်သည်
ဂုဏ်မောက်သူတို့အား
နှစ်သက်တော်မူသည် မဟုတ်။
(ကုရ်အာန် - ၂၈း ၇၆)
အသင်တို့
(သာသနာရေးရာများတွင်)
လွယ်ကူစေကြ။
မခဲယဉ်းစေကြနှင့်။
ဝမ်းသာဖွယ်ရာ
စကားပြောကြ။
(ခြောက်လှန့်ပြီး)
ငြီးငွေ့သွားအောင်
မပြုလုပ်ကြနှင့်။
(တမန်တော်မြတ်)
ထို့ပြင် ထိုအရှင်မြတ်၏သက်သေ
လက္ခဏာတော်များထဲတွင်
မိုးကောင်းကင်နှင့်
မြေပထဝီကို ဖန်ဆင်းခြင်း၊
ထို့ပြင် အသင်တို့၏
ဘာသာစကားများနှင့်
အသွေးအရောင်များ
ကွဲပြားခြားနားနေခြင်း
(လည်းပါဝင်ပေသည်။)
အမှန်စင်စစ် ထိုအထဲတွင်
ပညာရှင်များအတွက်
သက်သေလက္ခဏာများ
အမှန်ပင်ရှိသည်။
( ကုရ်အာန် - ၃၀း ၂၂ )
"Among His signs is the creation of the heavens and the earth and the diversity of your languages and your colors. Verily, in that are signs for those with knowledge."
Al-Qur'an, Surat Ar-Rum 30:22
ထိုသူတို့သည် မိမိတို့အား
ဖန်ဆင်းမွေးမြူတော်မူသော
အရှင်မြတ်(၏ ဖိတ်ခေါ်ချက်၊
အမိန့်တော်)ကို နာယူကြကုန်၏။
ထို့ပြင် ၄င်းတို့သည်
ဆွလာသ် ဝတ်ပြုမှုကို
ဆောက်တည်ကြကုန်၏။
ထိုမှတစ်ပါး ၄င်းတို့၏
(အရေးကြီးသော)အမှုကိစ္စတို့မှာ
မိမိတို့အချင်းချင်းညှိနှိုင်းတိုင်ပင်၍
ဆောင်ရွက်ကြကုန်၏။
ထိုမှတစ်ပါး ၄င်းတို့သည်
ငါအရှင်မြတ် ၄င်းတို့အား
ချီးမြှင့်ပေးသနားတော်မူသော
ဥစ္စာပစ္စည်းများမှ
သုံးစွဲလှူဒါန်းကြကုန်၏။
(ကုရ်အာန် - ၄၂း ၃၈)
သာဝကကြီးအဗူဟုရိုင်ရဟ်(ရ)က
တမန်တော်မြတ်(ﷺ)အား -
"မြောက်မြားစွာသော
လူသားများကို
ဂျန္နသ် သုခဘုံသို့
ဝင်ရောက်
စံမြန်းစေမည့်အရာ
အဘယ်အရာ
ဖြစ်ပါသနည်း"ဟု
မေးလျှောက်ရာ
တမန်တော်မြတ်(ﷺ)က -
"အလ္လာဟ်အရှင်မြတ်အား
ချစ်ကြောက်ရိုသေ
ခန့်ညားခြင်းနှင့်
ကောင်းမြတ်သော
အကျင့်စာရိတ္တဖြစ်သည်"ဟု
မိန့်တော်မူသည်။
ထို့နောက် -
"မြောက်မြားစွာသော
လူသားများကို
ဂျဟန္နမ်ငရဲမီးသို့
ဝင်ရောက်
ခံစားစေမည့်အရာ
အဘယ်အရာ
ဖြစ်ပါသနည်း"ဟု
မေးလျှောက်ရာ
တမန်တော်မြတ်(ﷺ)က -
"နှုတ်မစောင့်စည်းမှုနှင့်
အကျင့်စာရိတ္တ
ပျက်ပြားမှု"ဟု
ဖြေကြားတော်မူခဲ့ပါသည်။
(သိရ်မိဇီကျမ်း)
Click here to claim your Sponsored Listing.
Contact the school
Website
Address
Yangon
11143
Opening Hours
Monday | 09:00 - 17:00 |
Tuesday | 09:00 - 17:00 |
Wednesday | 09:00 - 17:00 |
Thursday | 09:00 - 17:00 |
Saturday | 09:00 - 17:00 |
Sunday | 09:00 - 17:00 |
No 275, Pyay Road, Red Hill Tower, 3rd Floor
Yangon, 11111
First Myanmar Education Consultancy awarded British Council Education UK Agents Training Certificate (Distinction). Most trusted overseas Education Consultancy for providing the ri...
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon
Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3
No. 5 (B/3), 2nd Floor, U Tun Lin Chan Street. Hledan , Kamaryut Township
Yangon, 11041
English Language School (Online Classes & In-Person Classes)
Room 409/410 Corner Of Halden Road & Bayint Naung Rd Kamaryut Tsp
Yangon
The Warmest Second Home For Your Beloved Child...!! Preschool Age 3 to 5 years Mon to Fri 9:00 am t
Hlaing Campus
Yangon
Ever since its foundation in 1992, ACE Data Systems has been the most successful IT Services company
No. 9 Kan Street, Hlaing Township
Yangon, 11012
Enhancing educational and career opportunities for Myanmar youth since 2009.
Thilawa, Thanlyin, Yangon, Syriam
Yangon, 95
Myanmar Maritime University (MMU) ( မြန်မာနိုင်ငံရေကြောင်?
No. 59, Wardan Street, Lanmadaw Tsp
Yangon, 951
ကျောင်းနေပျော်၍ ဘက်စုံတော်ရမည် မာကျူရီ
Yangon
တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ
33Steet,13Block
Yangon, 11091
We'll distribute books for everyone who want to improve your skill , ways to invest , trading & financial education . We mainly focus on teenagers who want to start their career l...