BioMed Myanmar
BioMed Myanmar distributes the world renown molecular and clinical analyzers and reagents in Myanmar.
🌧️30% off နဲ့ စက်အသစ်ကြီးများပိုင်ဆိုင်နိုင်မယ့်အထူးအခွင့်အရေး ကြီး !!
✨BioMed Myanmarမှ တင်သွင်း ရောင်းချသည့် Boule M51 Haematology Analyzer နှင့် Zybio EXC 220 Clinical Analyzer (fully Auto) စက်အသစ် ကြီး များကို မိုးဦးရာသီ အထူး promotion Limited Stockအနေဖြင့် 30% discounted ဖြင့် AYA bank loan နှင့် ချိတ်ဆက်ပြီး ဝယ်ယူရရှိနိုင်ပါပြီဖြစ်ပါကြောင်း။
✨Promotion ကာလ June 1ရက်နေ့ မှ June 30ရက်နေ့အတွင်း Limited Stock ဖြင့်သာရောင်းချပေးမှာဖြစ်လို့ စိတ်ပါဝင်စားသူများအနေဖြင့် လက်လွှတ်မခံသင့်ပဲ BioMed Myanmar Company ဖုန်းနံပါတ်များနှင့် page messenger မှတဆင့်ဆက်သွယ်မေးမြန်းဝယ်ယူ နိုင်ပြီဖြစ်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။
BioMed Myanmar Co.,Ltd တွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါဝန်ထမ်းများ အမြန်အလိုရှိပါသည်။
1. Assistant Sales Manager
• ရန်ကုန် (၂) ဦး
• M.B.,B.S / B.Med.Tech
• Freshly graduates are also welcome
• Laboratory, Medical, Clinical analyzer ပိုင်းနှင့် ပတ်သက်သည့် Sales & Marketing အတွေ့အကြုံရှိသူဦးစားပေးမည်။
2. Application Specialist
• M.B.B.S / B.Med.Tech/ B.S (Biotech)
• ရန်ကုန် (၂) ဦး
3. Purchasing Officer
• ရန်ကုန် (၂) ဦး
• ဘွဲ့ရ
• ကွန်ပျုတာ, Email, internet and MS Office Applications (Words, Excel,etc...) ကျွမ်းကျင်ရမည်။
• အင်္ဂလိပ်စာ အရေး၊ အဖတ် ကောင်းမွန်ရမည်။
• သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။
4. Sales & Marketing Staff
• ရန်ကုန် (၂) ဦး၊ မန္တလေး (၂)ဦး
• ဘွဲ့ရ (သို့) ဘွဲ့ကြို
• သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။
လစာ - ညှိနှိုင်း
CV Form နှင့် အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါ Email / Viber များသို့ လျှောက်ထားနိုင်ပါသည်။
ဖုန်း/ Viber – 09-421168376 (ရုံးချိန်အတွင်းသာဆက်သွယ်ရန်)
Email - [email protected]
BioMed Myanmar Co.,Ltd တွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါဝန်ထမ်းများ အမြန်အလိုရှိပါသည်။
1. Application Specialist
• M.B.,B.S / B.Med.Tech/ B.S (Biotech)
• ရန်ကုန် (၁) ဦး
• Freshly graduates are also welcome
• Laboratory, Medical, Clinical analyzer ပိုင်းနှင့် ပတ်သက်သည့် Application အတွေ့အကြုံရှိသူဦးစားပေးမည်။
2. Assistant Sales Manager
• ရန်ကုန် (၁) ဦး ၊ မန္တလေး (၁) ဦး
• M.B.,B.S / B.D.S / B.Med.Tech/ B.S (Biotech)
• Freshly graduates are also welcome
• Laboratory, Medical, Clinical analyzer ပိုင်းနှင့် ပတ်သက်သည့် Sales & Marketing အတွေ့အကြုံရှိသူဦးစားပေးမည်။
3. Service Engineer
• ရန်ကုန် (၁) ဦး
• B.E (Mechanical) / (Electrical)
• Freshly graduates are also welcome
• Laboratory, Medical, Clinical analyzer ပိုင်းနှင့် ပတ်သက်သည့် Engineering အတွေ့အကြုံရှိသူဦးစားပေးမည်။
4. Sales & Marketing Staff
• ရန်ကုန် (၃) ဦး၊ မန္တလေး (၂) ဦး
• ဘွဲ့ရ (သို့) ဘွဲ့ကြို
• သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။
ရာထူးအားလုံးအတွက်လစာ - ညှိနှိုင်း
CV Form နှင့် အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါလိပ်စာမှတဆင့် လူကိုယ်တိုင်ဖြစ်စေ၊ အောက်ပါ Email / Viber မှဖြစ်စေ လျှောက်ထားနိုင်ပါသည်။
ဖုန်း/ Viber – 09421168376 (ရုံးချိန်အတွင်းသာဆက်သွယ်ရန်)
Email - [email protected]
BioMed Myanmar Co.,Ltd တွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါဝန်ထမ်းများ အမြန်အလိုရှိပါသည်။
1. Application Specialist
• M.B.,B.S / B.Med.Tech/ B.S (Biotech)
• ရန်ကုန် (၁) ဦး
• Freshly graduates are also welcome
• Laboratory, Medical, Clinical analyzer ပိုင်းနှင့် ပတ်သက်သည့် Application အတွေ့အကြုံရှိသူဦးစားပေးမည်။
2. Assistant Sales Manager
• မန္တလေး (၁) ဦး
• M.B.,B.S / B.D.S / B.Med.Tech/ B.S (Biotech)
• Freshly graduates are also welcome
• Laboratory, Medical, Clinical analyzer ပိုင်းနှင့် ပတ်သက်သည့် Sales & Marketing အတွေ့အကြုံရှိသူဦးစားပေးမည်။
3. Service Engineer
• ရန်ကုန် (၁) ဦး
• B.E (Mechanical) / (Electrical)
• Freshly graduates are also welcome
• Laboratory, Medical, Clinical analyzer ပိုင်းနှင့် ပတ်သက်သည့် Engineering အတွေ့အကြုံရှိသူဦးစားပေးမည်။
4. Sales & Marketing Staff
• ရန်ကုန် (၁) ဦး၊ မန္တလေး (၁) ဦး
• ဘွဲ့ရ (သို့) ဘွဲ့ကြို
• သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။
ရာထူးအားလုံးအတွက်လစာ - ညှိနှိုင်း
CV Form နှင့် အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါလိပ်စာမှတဆင့် လူကိုယ်တိုင်ဖြစ်စေ၊ အောက်ပါ Email / Viber မှဖြစ်စေ လျှောက်ထားနိုင်ပါသည်။
ဖုန်း/ Viber – 09421168376 (ရုံးချိန်အတွင်းသာဆက်သွယ်ရန်)
Email - [email protected]
ပျော်ရွှင်ဖွယ်နှစ်သစ်! လာမယ့်နှစ်မှာ ပျော်ရွှင်မှုတွေ၊ အောင်မြင်မှုတွေ၊ အခွင့်အလမ်းသစ်တွေ သယ်ဆောင်လာပါစေကြောင်း၂၀၂၄နှစ်နှစ်သစ်မှာဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ကျွန်ုပ်တို့၏ တန်ဖိုးရှိသော Customer များအား ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်ဖြစ်ပါစေ နွေးထွေးရွှင်လန်း ရွှင်လန်းချမ်းမြေ့ကြပါစေ။အားလပ်ရက်ရာသီတွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။"
🌟တစ်လကိုreagentသိန်း၃၀ဖိုးဝယ်ယူရုံနဲ့ကမ္ဘာ့အကောင်းဆုံးBrandတွေထဲကတစ်ခုဖြစ်တဲ့Randox Daytona Plus Clinical Chemistry Analyzerကို 50%offနဲ့ရရှိနိုင်မယ့်အခွင့်အရေးကြီး!!!
BioMed Myanmar Co., Ltd.ကနေရောင်းချတဲ့ မည် သည့်reagentမဆို တစ်လကိုသိန်း၃၀ဖိုးဝယ်ယူအသုံးပြုပေးတဲ့သူတိုင်းကို UKထုတ်Randoxရဲ့ Daytona Plus Clinical Chemistry Analyzerကို 50%off discounted priceနဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်ရှင့်။
Daytona Plus Clinical Chemistry Analyzerက Fully-automated analyzerတလုံးဖြစ်ပြီး တစ်နာရီကိုup to 450testsအထိ runနိုင်ပါတယ်။
အသေးစိတ်လေးမိတ်ဆက်ပေးချင်ပါတယ်ရှင့်
✅UKကထုတ်လုပ်တဲ့Randoxရဲ့ Daytona plus စက်မှာ sampleနှင့် reagent အတွက် အသုံးပြုနိုင်တဲ့ position အခု၅၀စီ၊ စုစုပေါင်း position ၁၀၀ ပါဝင်ပါတယ်။
✅တစ်နာရီကို tests ပေါင်း ၂၇၀ ဝန်းကျင်ကို စစ်ပေးနိုင်ပါတယ်။ ISE ပါဝင်သောDaytona plus စက်တွင် ၄၅၀ ဝန်းကျင် စစ်ပေးနိုင်မှာဖြစ်တဲ့အတွက် အချိန်ကုန် လူပင်ပန်း သက်သာစေပါတယ်။
✅Sample volumeလည်း အနည်းငယ် (15-35microlitre)ပဲ လိုတဲ့အတွက် အသုံးပြုသူကို ပိုပြီး လွယ်ကူစေပါတယ်။
✅Serum, plasma, whole blood, CSF, urine အစရှိသော sample အမျိုးမျိုးကိုလည်း အသုံးပြုနိုင်ပါတယ်။
✅Semi permanent cuvette ကို အသုံးပြုပေးထားတဲ့အတွက် cuvette မကြာခဏလဲရတဲ့ ငွေကြေးကုန်ကျမှုကိုသက်သာစေပါတယ်။
✅Built-in inventory management ကြောင့်လည်း reagent ပမာဏဘယ်လောက်ကျန်သေးကြောင်းနှင့် test ဘယ်လောက်စစ်နိုင်သေးကြောင်းကို Auto သိနိုင်မှာပါ။
✅Mixing system မှာလည်း ပုံမှန်ထက် ၅ ဆ မြန်တဲ့ teflon coated stirrer က အကောင်းဆုံးနှင့် အမြန်ဆုံး mix လုပ်ပေးနိုင်တဲ့အတွက် အချိန်ကုန်သက်သာစေပါတယ်။
✅Daily maintenance အတွက် ကြာချိန် ၅ မိနစ်အောက်ပဲ ဆိုတော့ အသုံးပြုသူကို စိတ်ကျေနပ်စေမှာအမှန်ပဲ ဖြစ်ပါတယ်။
✅Daytona plus စက်ရဲ့ လူကြိုက်အများဆုံး အချက်ကတော့ water consumption 5Lပဲ လိုအပ်တာဖြစ်ပါတယ်ရှင်။
✅Basic tests များအပြင် အောက်ဖော်ပြပါ special tests များလည်း စစ်နိုင်ပါတယ်ရှင်။
✅ Cardiology & Lipids
Adiponectin
Lipoprotein (a)
H-FABP
sLDL
TxBCardio TM
HDL 2/3
Homocysteine
Apolipoprotein C-II
Apolipoprotein E
✅ Diabetes
Fructosamime
NEFA
D-3-Hydroxybutyrate
✅ Renal function
Cystine C
Liquid enzymatic Creatinine
Microalbumin
✅ Antioxidants
Total Antioxidant Status
Glutathione Peroxidase
Glutathione Reductase
Superoxide Dismutase
✅Clinical Chemistry
Aldolase
Vanadate Oxidation Bilirubin
5th Generation Bile Acids
G-6-PDH
IgE
Copper
Zinc
BioMed Myanmar Co.,Ltd မှ စက်ဝယ်ယူမယ်ဆိုလျှင်
✔️စက်ဝယ်ယူပြီး တစ်နှစ်အတွင်း free service maintenance support ပေးထားပါတယ်ရှင့်။
✔️After sales service အတွက်လည်း နားလည်တတ်ကျွမ်းတဲ့ engineers များ နှင့် application specialist များက အကောင်းဆုံးနှင့် အမြန်ဆုံး ဝန်ဆောင်မှုပေးနေပါတယ်။
🏆Direct from UK🏆
အသေးစိတ်ထပ်မံသိရှိလိုပါက BioMed Myanmar Co., Ltd.ရဲ့ ရန်ကုန်နဲ့မန္တလေး ဖုန်းနံပါတ်၊Emailနဲ့ Facebook messenger မှာတဆင့်ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင့်။
📱Yangon-09-977908760
📱Mandalay-09-259180052
📧Yangon-
[email protected]
📧Mandalay-
[email protected]
BioMed Myanmar Company မှ ယခုတစ်ခါ မိတ်ဆက်ပေးမှာကတော့ ဓာတ်ခွဲခန်းတစ်ခုမှာ မရှိမဖြစ်လိုအပ်သော General Equipment တွေဖြစ်တဲ့ Centrifuge၊ Pipette၊ Refrigerator and Freezer တွေပဲဖြစ်ပါတယ်ရှင်။
လူကြီးမင်းတို့ရဲ့ဆေးရုံ၊ဆေးခန်း၊ဓာတ်ခွဲခန်းများအတွက် လိုအပ်သော Laboratory Essential Productများအကြောင်းကို ပိုမိုသိရှိလိုရင်တော့ အောက်ပါဖုန်းနံပါတ်များ၊Emailများနဲ့ facebook messenger မှတဆင့် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။
Yangon ☎ 09-977908760
Mandalay☎ 09-259180052
📧Yangon E-mail Address : [email protected]
[email protected]
📧Mandalay E-mail Address : [email protected]
လူကြီးမင်းများအားလုံး ဘေးဘယာဝေးကွာပြီး ကျန်းမာရွှင်လန်းကြပါစေကြောင်း BioMed Myanmar Co.,Ltd မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ 🙏🙏
ကျေးဇူးတင်ပါတယ်ရှင့်။
ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့(World AIDS Day)ကို နှစ်စဉ် ဒီဇင်ဘာလ (၁)ရက်နေ့မှာ ကျင်းပလေ့ရှိပါတယ်။ ထိုနေ့မှာHIV/AIDSရောဂါအကြောင်းအသိပညာပေးခြင်း၊ ထိုရောဂါဖြင့် အသက်ဆုံးရှုံးခဲ့ရသူများနဲ့လက်ရှိHIVပိုးကူးစက်ခံနေရတဲ့ဝေဒနာရှင်များအတွက်ရည်ရွယ်ပြီးထောက်ပံ့ကူညီမှုများပြုလုပ်ခြင်းတို့လည်း စီစဥ်ပြုလုပ်ကြပါတယ်။ HIV/AIDS တိုက်ဖျက်ရေးအတွက် ပညာရေးအစီအစဥ်တွေကို ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာနဲ့ အသိပညာ မြှင့်တင်တဲ့နေ့လည်းဖြစ်ပါတယ်။
World AIDS Dayကိုကျင်းပရာမှာယခုဆက်လက်ဖော်ပြသွားမယ့် ရည်ရွယ်ချက်တွေကိုအဓိကထားပြီးဆောင်ရွက်ကြပါတယ်။
1) အသိပညာမြှင့်တင်ခြင်း- HIV/AIDSရောဂါအကြောင်းကိုလူတဦးတယောာက်စီတိုင်းနဲ့ရပ်ရွာပြည်သူလူထုအားလုံးကိုအသိပညာပေးပြီး AIDSရောဂါကြိုတင်ကာကွယ်ရေးနဲ့ ကုသရေး၏ အရေးပါမှုတို့ကို အသိပညာမြှင့်တင်ပေးပါတယ်။
2) လူသားချင်းစာနာထောက်ထားခြင်း- တကမ္ဘာလုံးအတိုင်းအတာAIDSရောဂါကြောင့် ဆုံးပါးသွားခဲ့သူများကိုစာနာထောက်ထားပြီး HIV ဝေဒနာရှင်များသည်လည်း မိမိတို့တန်းတူ လူသားများဖြစ်ကြောင်း စာနာမှုကိုထုတ်ဖော်ပြသကြပါတယ်။
3) ခွဲခြားဆက်ဆံမှုပပျောက်စေခြင်း- World AIDS Dayသည် HIV နှင့် AIDS ဝေဒနာသည်များကို ခွဲခြားဆက်ဆံမှုများကို လျှော့ချရန်လည်းလည်းရည်ရွယ်ပါတယ်။ HIV AIDSဝေဒနာသည်များကို လူမှုရေးဆိုင်ရာဖယ်ကျဥ်မှုများပပျောက်စေပြီး ထိုသူများရင်ဆိုင်နေရတဲ့လူမှုရေးပြသနာများမရှိစေရအောင် လူထုကိုပညာပေးမှုများပြုလုပ်ပြီး ကူညီဆောင်ရွက်ပေးကြပါတယ်။
4) ပံ့ပိုးကူညီမှုများ- WorldAIDS Dayမှာအစိုးရများ၊ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများနှင့် လူတစ်ဦးချင်းစီတိုင်းက HIV/AIDS တိုက်ဖျက်ရေးတွင် ကူညီလုပ်ဆောင်ပေးကြပြီး လိုအပ်သောကုသခြင်းဆိုင်ရာရန်ပုံငွေများကိုလည်း ကူညီထောက်ပံ့ပေးကြပါတယ်။
5) ပညာရေးမြှင့်တင်ခြင်း- World AIDS Dayမှာ HIV ပိုးကူးစက်မှုကာကွယ်ရေးနည်းလမ်းများနှင့် ရောဂါရှာဖွေရေးအတွက်ဆေးစစ်ချက်များအကြောင်းကိုလည်း အင်တိုက်အားတိုက်ပြုလုပ်ဆောင်ရွက်ကြပါတယ်။ ကာကွယ်ခြင်းသည်ကုသခင်းထက်ပိုမိုထိရောက်တတ်ကြောင်းကိုလည်း အသိပေးလှုံ့ဆော်ပေးကြပါတယ်။
6) စည်းလုံးညီညွတ်မှုကို မြှင့်တင်ပြသခြင်း- HIV/AIDS ဝေဒနာရှင်များနှင့် အခြားပြည်သူလူထုရဲ့စည်းလုံးညီညွတ်မှုကို campaign များပြုလုပ်ကာ ဖဲကြိုးနီများဝတ်ဆင်ပြသကြပါတယ်။
World AIDS Day ကို 1988 ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး နောက်ပိုင်းမှာ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးဆိုင်ရာလှုပ်ရှားမှုတစ်ခုအနေနဲ့ နိုင်ငံတိုင်းကတညီတညွတ်ပါဝင်ကြပါတယ်။ HIV/AIDS သည် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ် လူတိုင်းကသဘောပေါက်နားလည်လာကြကာ AIDSရောဂါကိုကိုင်တွယ်ဖြေရှင်းရန်HIVရောဂါပိုးကူးစက်ခြင်းမရှိစေရန်လည်းဦးတည်လုပ်ဆောင်ကြပါတယ်။
HIV/AIDS ဝေဒနာရှင်များအနေနဲ့လည်း အောက်ပါအချက်များကို လိုက်နာကျင့်သုံးသင့်ပါတယ်။
1)ဆေးဘက်ဆိုင်ရာပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုပုံမှန်ရယူခြင်း
2)အာဟာရမျှတသော အစားအသောက်ကို စားသုံးခြင်း
3)ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း
4)အနားယူခြင်းနှင့် စိတ်ဖိစီးမှုကိုတတ်နိုင်သမျှလျှော့ချနေထိုင်ခြင်း
5)အိပ်ရေးဝအောင်အိပ်ခြင်း
6)တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းများပြုလုပ်ခြင်း
7)ဆေးလိပ်သောက်ခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကို ရှောင်ကြဉ်ခြင်း
8) မိမိအဖော်နှင့်လိင်ဆက်ဆံသောအခါကွန်ဒုံးအသုံးပြုခြင်း
9) မိမိကျန်းမာရေးကိုပုံမှန်စစ်ဆေးခြင်း-အထူးသဖြင့် လိင်မှကူးစက်သော ကူးစက်ရောဂါများ (STIs) ကို ပုံမှန်စစ်ဆေးစေခြင်း
10) စိတ်ပိုင်းဆိုင်ရာပြင်ဆင်နေထိုင်တတ်ခြင်း-လိုအပ်ပါကစိတ်ကျန်းမာရေးပညာရှင်များ၏ အကူအညီရယူပြီး မိမိနေ့စဥ်ဘဝကို စိတ်ခွန်အားအပြည့်ဖြင့်ဖြတ်သန်းခြင်း စသည်တို့ လုပ်ဆောင်နေထိုင်သင့်ပါတယ်။
HIV/AIDS ဝေဒနာရှင်များကို လူသားခြင်းစာနာနားလည်စွာဖြင့်လက်တွဲနေထိုင်ကြရင်း မိမိတို့မျိုးဆက်များကိုလည်း သိသင့်စေသောsex education(safe sex)များသင်ကြားခြင်းဖြင့် အနာဂတ်ကာလကိုကောင်းမွန်စွာဖြတ်သန်းသွားစေလိုပါကြောင်းဆန္ဒပြုအပ်ပါတယ်။
💵💵Down-payment 10%ရှိရုံဖြင့် ဓါတ်ခွဲခန်းလုပ်ငန်းတစ်ခုစတင်လုပ်နိုင်မည့်အခွင့်အရေး📣
ကျွန်မတို့BioMed Myanmar Company မှ မိတ်ဟောင်းမိတ်သစ် Customer များအားလုံးကို ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် 10% down-payment ပေးထားရုံဖြင့် ဓါတ်ခွဲခန်းတစ်ခု စတင်ဖွင့်လှစ်နိုင်အောင်ကူညီပေးမှာမလို့ လုံးဝလက်လွှတ်မခံသင့်တဲ့ အခွင့်အရေးတစ်ခု...
🚨🚨🚨Promotion date 1.12.2023 to 25.12.2023
Promotion Item 1
10% down-payment & 10% Discount-5part Differential Haematology Analyzer
Promotion Item 2
10% down-payment & 20% Discount Fully-auto Clinical Chemistry Analyzer
Promotion Item 3
10% down-payment & 30% Discount Electrolyte Analyzer
👉 စုံစမ်းမေးမြန်းလိုပါက BioMed Myanmar Co., Ltd ရဲ့အောက်ပါဖုန်းနံပါတ်များနဲ့ Email လိပ်စာများကို ဆက်သွယ်နိုင်ပါတယ်။
Yangon ☎ 09-977908760
Mandalay☎ 09-259180052
📧Yangon E-mail Address : [email protected]
[email protected]
📧Mandalay E-mail Address : [email protected]
လူကြီးမင်းများအားလုံး ဘေးဘယာဝေးကွာပြီး ကျန်းမာရွှင်လန်းကြပါစေကြောင်း BioMed Myanmar Co.,Ltd မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏🙏
ကျေးဇူးတင်ပါတယ်ရှင့်။
Importance of Internal Quality Control in a Laboratory (ဓာတ်ခွဲခန်းတခု၏ အရည်အသွေးထိန်းသိမ်းမှုလုပ်ငန်းစဉ် အရေးပါမှုများ)
🧪ဓာတ်ခွဲခန်းတခုရဲ့ Internal quality control(IQC)ဆိုတာ စနစ်တကျစီစဉ်ဆောင်ရွက်ထားတဲ့ လုပ်ငန်းစဉ်တခုဖြစ်ပြီး ဆေးဘက်ဆိုင်ရာ၊သုတေသနနဲ့စက်မှုဓာတ်ခွဲခန်းများရဲ့ အရည်အသွေးစီမှန်ခန့်ခွဲမှုမှာ မရှိမဖြစ် အစိတ်အပိုင်းတခုဖြစ်ပါတယ်။
ဆေးဘက်ဆိုင်ရာဓာတ်ခွဲခန်းများမှာတော့ လူနာဦ်းတယောက်စီတိုင်းရဲ့ ဆေးစစ်ချက်အဖြေများတိကျမှန်ကန်မှုနဲ့ယုံကြည်စိတ်ချရမှုတို့ကို အမြဲစောင့်ကြည့်စစ်ဆေးတဲ့ လုပ်ဆောင်ချက်တွေပါဝင်ပါတယ်။
🧪ဓာတ်ခွဲခန်းတခုမှာ IQCကိုအသုံးပြုခြင်းကြောင့် စက်ပစ္စည်းများ၊စက်နဲ့တွဲဖက်အသုံးပြုရသောreagentများ၊စက်ရဲ့လုပ်ဆောင်မှုဆိုင်ရာအစီအစဉ်များနဲ့ စက်ကထုတ်ပေးတဲ့အဖြေ ကွဲလွဲမှုပြသနာများ၊စက်အသုံးပြုသူရဲ့ လုပ်ဆောင်ချက်ကြောင့်ဖြစ် ပေါ်လာသောမှားယွင်းမှုများကိုစစ်ဆေးနိုင်ပြီး လူနာကိုတိကျမှန်ကန်တဲ့အဖြေတခုပေးနိုင်ခြင်းအတွက် အဓိကထားရည်ရွယ်လုပ်ဆာင်ကြတာဖြစ်ပါတယ်
✅ပုံမှန်အားဖြင့် IQCက စက်ပစ္စည်းထုတ်လုပ်ရာcompanyက ထုတ်လုပ်ပေးတဲ့ control material ဒါမှမဟုတ် known reference sampleများကို အသုံးပြုပြီး မိမိတို့အသုံးပြုမယ့်စက်မှာစစ်ဆေးတတ်ကြပါတယ်။ထိုသို့စစ်ဆေးခြင်းအားဖြင့် ဓာတ်ခွဲခန်းသုံးစက်တခုရဲ့ တိကျမှုနဲ့ ထိုစက်ရဲ့ လုပ်ငန်းစဉ်တွေတိကျမှန်ကန်ရဲ့လားဆိုတာကို သေချာစွာ သိရှိနိုင်မှာဖြစ်ပါတယ်။အကယ်၍ စက်ကထုတ် ပေးလိုက်တဲ့အဖြတခုက သတ်မှတ်ထားတဲ့ acceptable control limitထဲ မဝင်ခဲ့ရင် ထိုပြသနာကိုဖြေရှင်းဖို့ corrective actionတခုကို အမြန်ဆုံး စီစဉ် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ထိုမှသာ မိမိအသုံးပြု နေတဲ့စက်ရဲ့ performance တခုက မှန်ကန်ပြီး ထိုစက်ကထုတ်ပေးတဲ့အဖြေများကလည်း လူနာအတွက်စိတ်ချယုံကြည်ရမှာဖြစ်ပါတယ်။
✅နောက်တခုက တော့ documentation အပိုင်းဖြစ်ပါတယ်။မိမိတို့ရဲ့ IQC dataများကို အမြဲတမ်း recordလုပ်ထားသင့်ပါတယ်။ ဘယ်နေ့ ဘယ်ရက်မှာ IQCဝင်ခဲ့တယ်၊ထိုQC resultအ ဖြေများနဲ့ လုပ်ဆောင်ခဲ့တဲ့ corrective actionများကို အသေးစိတ်recordတခုထားပေးသင့်ပါတယ်။ဒါမှသာ မိမိတို့အသုံးပြုနေတဲ့စက်နဲ့reagentများရဲ့performanceကို သေချာစွာ သိရှိနိုင်မှာဖြစ်ပါတယ်
✅IQCများကို အသုံးပြုခြင်းဟာ တကြိမ်တခါတည်းလုပ်ဆောင်မှုမဟုတ်ပဲ နေ့စဉ်လုပ် ဆောင်သင့်တဲ့ လုပ်ငန်းစဉ်တခုဖြစ်ပါတယ်။ဓာတ်ခွဲခန်းများရဲ့လုပ်ထုံးလုပ်နည်းများ၊စက်ကိရိယာများနဲ့ ဝန်ထမ်းများရဲ့စဉ်ဆက်မပြတ်တိုးတက်ကာင်းမွန်တဲ့အရည်အသွေးများ၊ ဓာတ်ခွဲခန်းအတွင်းမှာလုပ်ကိုင်နေတဲ့လူများအတွက် safety environment ဖြစ်စေရေးအတွက်လည်းရည်ရွယ်ပါတယ်။
🏆IQCအသုံးပြုခြင်းဖြင့်ရရှိ နိုင်မည့် အကျိုးကျေးဇူးများ
1.Precise and Accurate result
IQCကိုစနစ်တကျအသုံးပြုထားတဲ့ဓာတ်ခွဲခန်းတခုကထုတ်ပေးတဲ့ အဖြေများက တိကျမှန်ကန်ကြပါတယ်။ထိုသို့တိကျစေအောင်လည်း စက်နဲ့reagentများရဲ့ ဖြစ်ပေါ်လာနိုင်တဲ့errorများကို QC resultကိုအမြဲစောင့်ကြည့်ကာ corrective actionအလျှင်အမြန်လုပ်ဆောင်နိုင်ကြလို့ဖြစ်ပါတယ်။
2.Customer trust
လူနာများရဲ့ယုံကြည်မှုကလည်းဓာတ်ခွဲခန်းရဲ့Quality assurance ပေါ်မူတည်ပါတယ်။ယနေ့ခေတ်မှာဓာတ်ခွဲခန်းများရဲ့ နေ့စဉ်ဆောင်ရွက်ပြုမူနေတဲ့ Qualityထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း လူတိုင်းကစိတ်ဝင်စားကြပါတယ်။မိမိတို့လိုချင်တဲ့သွေးစစ်ချက်ကို စိတ်ချရတဲ့ဓာတ်ခွဲခန်းမှာသာစစ်ချင်ကြပါတယ်။ ဓာတ်ခွဲခန်းတခုက မိမိတို့qualityကိုထိန်းထားနိုင်လေလေ customer များရဲ့ယုံကြည်မှုကို ပိုပြီးရလေလေဖြစ်ပါတယ်။
3.Safety
IQCများရဲ့အခန်းကဏ္ဍက ဓာတ်ခွဲခန်းကထုတ်ပေးတဲ့အဖြေ တခုရဲ့တိကျမှုတင်မဟုတ်ပဲ ထိုဓာတ်ခွဲခန်းမှာလုပ်ဆာင်နေသူများရဲ့ working environment safeဖြစ်ခြင်းကိုလည်း အထောက်အကူပြုပါတယ်။ အကယ်၍မိမိတို့ဓာတ်ခွဲခန်းက ဓာတုပစ္စည်းများနဲ့ လူကိုဘေးဥပါဒ်ဖြစ်စေနိုင်တဲ့အရာများကိုအသုံးပြုနေခဲ့ရင် IQCကိုမဖြစ်မနေအသုံးပြုရမှာဖြစ်ပါတယ်။ဒါမှသာ မိမိတို့working environmentမှာစိတ်ချစွာနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
🖥️How to give quality patient results
1.စက်ရဲ့အသုံးပြုခြင်းprocedureများကို တိကျစွာလုပ်ဆောင်ရပါမယ်။
2.စက်အသုံးပြုမည့်သူရဲ့
တာဝန်များကိုတိကျစွာခွဲဝေသတ်မှတ်ထားသင့်ပါတယ်။
3.IQCများကိုနေ့စဉ်သတ်မှတ်ထားသောprocedureများအတိုင်းrunပြီး errorတခုခုရှိလာပါက corrective actionများကို လုပ်ဆောင်ရပါမယ်။
4.ဝန်ထမ်းများကိုစနစ်တကျ လေ့ကျင့်သင်ကြားပေးပြီး Standard qualityသတ်မှတ်ချက်များအတိုင်းလုပ်ဆာင်စေရမှာဖြစ်ပါတယ်။
သို့မှသာPatient resultများက တိကျမှန်ကန်ပြီး မိမိဓာတ်ခွဲခန်းရဲ့ ဂုဏ်သတင်းလည်းတိုးတက်လာမှာဖြစ်ပါတယ်။
🏆ကျွန်မတို့BioMed Myanmar Co., Ltd.အနေနဲ့လည်း စက်ပစ္စည်းများအပြင် Internal Quality Materials များ၊ External Quality Control Programများလည်း ရောင်းချ ပေးလျက်ရှိပါတယ်။
လူကြီးမင်းများအနေနဲ့ ဆက်သွယ်စုံစမ်းမေးမြန်းချင်ပါက ကျွန်မတို့BioMed Myanmar Co., Ltd.ရဲ့ ရန်ကုန်ရုံး၊မန္တလေးရုံးများရဲ့ ဖုန်းနံပါတ်များ၊Emailများထံသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။
☎️Yangon-09-977908760 , 09-940888101
☎️Mandalay-09-259180052
📧Yangon-
[email protected]
📧[email protected]
📧Mandalay-
[email protected]
လူကြီးမင်းများအတွက် သာယာပျော်ရွှင်ဖွယ်ကာင်းသောနေ့ရက်တရက်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်🙏
‼️ Tuberculosis ဆိုရင် မေ့ထားလို့မရတဲ့ TB PCR test 🧬
🧬 Tuberculosis/ TB (ခေါ်) တီဘီရောဂါဟာ Mycobacterium tuberculosis ဘက်တီးရီးယားကြောင့် အဓိကဖြစ်ပွါးသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်ခုဖြစ်ပါတယ်။
🧬 ကမ္ဘာတဝှမ်းတွင် တီဘီရောဂါ ကူးစက်ပျံ့နှံ့မှု တိုးပွါးလာပြီး First-line anti-tuberculous drugs များကို resistant ဖြစ်သော Multi Drug-resistant TB (MDR-TB)၊ Second-line anti-tuberculous drugs များကိုပါ resistant ဖြစ်သော Extensively Drug-resistant (XDR-TB) အစရှိသည့် ဆေးယဉ်ပါးတီဘီများ ပေါ်ပေါက်လာခြင်းကြောင့် major public health concern တစ်ခုဖြစ်လာပြီး ကမ္ဘာ့တီဘီရောဂါထိန်းချုပ်မှုအစီအစဉ်များ ကို ခြိမ်းခြောက်လျက်ရှိပါတယ်။
🧬 ထို့ကြောင့် TB suspect patient တစ်ယောက်စီတိုင်းတွင် TB diagnosis ရရန် အရေးကြီးသလို ကူးစက်ခံထားရသော Mycobacterium tuberculosis strain သည် first-line and second-line antitubercular drugs များကို ဆေးတိုး/ မတိုး drug resistant profile ကိုပါ မဖြစ်မနေ စမ်းသပ်ရန်အရေးကြီးပါတယ်။
🧬 ဒါကြောင့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးက Mantoux test or Tuberculin skin test, Chest X-ray, Ziehl-Neelsen staining, Fluorescence microscopy, Culture အစရှိသည့် conventional methods များအပြင် drug resistance or drug sensitivity ကိုပါထုတ်ဖော်နိုင်သည့် Molecular diagnostic methods များကို သုံးစွဲရန် အကြုံပြုထားပါတယ်။
🧬 ထို့ကြောင့် TB PCR (polymerase chain reaction for Mycobacterium tuberculosis) ကဲ့သို့ Molecular Dignostic Methods များ၏ အခန်းကဏ္ဍမှာ အရေးပါလာပါတယ်။
🧬 Polymerase Chain Reaction ဆိုသည်မှာ မိမိလေ့လာလိုသော Cells, Bacteria, Viruses အစရှိသည်တို့၏ DNA/ RNA genome မှ target DNA တစ်ခုကို ခန္ဓာကိုယ်ပြင်ပတွင် ပမာဏအမြောက်အမြား ရလာအောင် လျင်မြန်စွာ ပုံတူကူးပွါးထုတ်လုပ်ပြီးနောက် အသေးစိတ်လေ့လာသော နည်းပညာတစ်ခုဖြစ်ပါတယ်။
🧬 TB PCR (polymerase chain reaction for Mycobacterium tuberculosis) တွင် target DNA မှာ 123bp fragment of insertion element IS6110 ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် IS6110 insertion element မှာ Mycobacterium tuberculosis တွင်သာ သီးသန့်ပါဝင်သောကြောင့် ဖြစ်ပါတယ်။
🧬 TB PCR ဟာ conventional methods များထက် sensitivity and specificity ပိုမိုကောင်းမွန်ပြီး Turnaround Time (TAT) မှာလည်း ပိုမိုမြန်ဆန်
ပါတယ်။ ထို့အပြင် sputum အပြင် body fluids၊ tissues အစရှိသည့် sample type အမျိုးမျိုးကိုပါ စမ်းသပ်နိုင်သောကြောင့် ရောဂါရှာဖွေရ ခက်ခဲသော Extrapulmonary Tuberculosis အဆုတ်ပြင်ပတီဘီရောဂါများကို ရောဂါရှာဖွေရာတွင် အထူးအသုံးဝင်ပါတယ်။
🧬 TB PCR သည် Pulmonary Tuberculosis/ အဆုတ်တီဘီ နှင့် အခြား အဆုတ်ရောဂါများကိုလည်း ခွဲခြားပေးနိုင်ပါတယ်။
🧬 TB PCR အပြင် အခြား tests များစွာကို စစ်ဆေးနိုင်သော Sansure iPonatic III စက်လေးနဲ့ မိတ်ဆက်ပေးပါရစေရှင်။
🧬 iPonatic III ဟာ Point-of-Care-Testing (POCT) စက်ဖြစ်ပါတယ်။ Fully automated “sample-in-result-out” system ဖြစ်ပြီး အဖြေကို အချိန်တိုအတွင်းမှာ ရရှိမှာဖြစ်ပါတယ်။
✅ Reference site အနေနဲ့ အခုလက်ရှိ International Hospital များတွင် တပ်ဆင်ထားရှိပြီးဖြစ်ပါတယ်။
🧬 iPonatic III တွင် စစ်ဆေးနိုင်သောtests များမှာ-
👉 RTI:
✅ SARS-CoV-2
✅ Flu A/ Flu B/ HRV�✅ Acinetobacter baumannii and Candida albican (AB/ CA)�✅ Mycoplasma Pneumoniae (MP)�✅ Mycobacterium Tuberculosis (TB)�✅ Bordetella Pertussis (BP)
✅ Respiratory Syncytial Virus (RSV)�✅ Streptococcus Pneumoniae (SP)�✅ Carbapenemase Gene (KPC)�✅ MERS�✅ Legionella pneumophila (Lp)�✅ Adenovirus (AdV)
👉 STI & HPV:
✅ HPV 13+2�✅ HPV 15 HR �✅ HPV 16&18�✅ HPV 6&11�✅ HSV-1&2�✅ Mycoplasma Genitalium/Mycoplasma Hominis/Trichomonas Vaginalis (MG/ MH/ TV)�✅ Neisseria Gonorrhoeae (NG)�✅ Ureaplasma Urealyticum (UU)�✅ Mycoplasma Genitalium (MG)
👉 Other infections:
✅ Epstein-Barr Virus (EBV)�✅ Group B Streptococcus (GBS)�✅ Toxigenic Clostridium difficile (CD) �✅ Monkeypox Virus (MPXV) တို့ဖြစ်ပါသည်။
👉 စုံစမ်းမေးမြန်းလိုပါက BioMed Myanmar Co., Ltd ရဲ့အောက်ပါဖုန်းနံပါတ်များနဲ့ Email လိပ်စာများကို ဆက်သွယ်နိုင်ပါတယ်။
Yangon ☎ 09-977908760
Mandalay☎ 09-259180052
📧Yangon E-mail Address : [email protected]
[email protected]
📧Mandalay E-mail Address : [email protected]
လူကြီးမင်းများအားလုံး ဘေးဘယာဝေးကွာပြီး ကျန်းမာရွှင်လန်းကြပါစေကြောင်း BioMed Myanmar Co.,Ltd မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏🙏
ကျေးဇူးတင်ပါတယ်ရှင့်။
BioMed Myanmar Co.,Ltd တွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါဝန်ထမ်းများ အမြန်အလိုရှိပါသည်။
1. Assistant Sales Manager
• ရန်ကုန် (၂) ဦး
• M.B.,B.S / B.Med-tech
• Freshly graduates are also welcome
• Laboratory, Medical, Clinical analyzer ပိုင်းနှင့် ပတ်သက်သည့် Sales & Marketing အတွေ့အကြုံရှိသူဦးစားပေးမည်။
2. Sales & Marketing Staff
• ရန်ကုန် (၂) ဦး / မန္တလေး (၂) ဦး
• ဘွဲ့ရ (သို့) ဘွဲ့ကြို
• Laboratory, Medical Marketing ပိုင်း နှင့် ပတ်သက်သည့်လုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။
လစာ - ညှိနှိုင်း
CV Form နှင့် အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါ Email / Viber များသို့ လျှောက်ထားနိုင်ပါသည်။
ဖုန်း/ Viber – 09421168376 (ရုံးချိန်အတွင်းသာဆက်သွယ်ရန်)
Email - [email protected]
❓ အသည်းရောင်အသားဝါ (ဘီ)ပိုး/ (စီ)ပိုး ကူးစက်ခံထားရတဲ့လူနာတွေမှာ Viral Load Test စစ်ဆေးခြင်းဟာ ဘယ်လောက်အရေးပါလဲ?
👉 အသည်းရောင်အသားဝါ(ဘီ)ပိုး/ (စီ)ပိုး ကူးစက်မှုဟာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်စိန်ခေါ်နေတဲ့ ကျန်းမာရေးပြသနာကြီးတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံကြီးများမှာလည်း အဓိကရင်ဆိုင်နေရတဲ့ ပြည်သူ့ကျန်းမားရေးပြသနာကြီးတစ်ခုဖြစ်ပါတယ်။
👉 HBVဟာ DNA(Deoxyribonucleic Acid) ပါဝင်သော virusတစ်မျိုးဖြစ်ပါတယ်။ လူတစ်ယောက်မှာ HBsAg Serology Testသည် (Rapid Diagnostic Test (RDT) ဖြင့်ဖြစ်စေ၊ Laboratory-based Immunoassay ဖြင့်ဖြစ်စေ) (၆)လခြား (၂)ကြိမ် Reactive/Positive ဖြစ်လျှင် Persistent Chronic Hepatitis B Infection/ နာတာရှည် အသည်းရောင်ဘီပိုးကူးစက်ခံထားရတယ်လို့ diagnosis သတ်မှတ်ပါတယ်။
👉 ထိုChronic Hepatitis B patientတွေမှာ ကုသမှုလို/မလို ဆုံးဖြတ်ရန်အတွက် Clinical featuresများအပါအဝင် CBC, LFT, Fibroscan, Ultrasound, ALT, Quantitative HBV DNA Testအစရှိသော အခြားလိုအပ်တဲ့ စစ်ဆေးချက်များကို စမ်းသပ်လုပ်ဆောင်ရပါတယ်။
🧬 Quantitative HBV DNA Testဆိုတာ Nucleic Acid Amplification Tests (NAATs) နည်းပညာဖြင့် DNA sequenceများကို detect and amplify(ပုံတူကူးပွါး)လုပ်ပြီး လူနာရဲ့ခန္ဓာကိုယ်ထဲမှာ အခုလက်ရှိ Hepatitis B Virusတွေ ဘယ်လောက်ပွါးများ(replicate) နေလဲဆိုတာကို တိကျစွာတိုင်းတာပေးတဲ့ testဖြစ်ပါတယ်။ ဒါကြောင့် HBV DNA Viral Load Test လို့လည်းခေါ်ကြပါတယ်။ HBV Markersများထဲမှ အရေးပါတဲ့ markerတစ်ခုဖြစ်ပါတယ်။
⚪️ Sample type- Plasma or Serum
⚪️ Unit- IU/ml
🧬 Baseline Viral Load ရလဒ်သည် 2000 IU/ml နှင့် အထက်ဆိုရင် ကုသမှုစတင်ခံယူရမှာဖြစ်ပြီး 2000 IU/ml အောက်လျော့နည်းတယ်ဆိုရင်တော့ ကုသမှုခံယူရန်မလိုအပ်သေးပဲ monitor(စောင့်ကြည့်) လုပ်နေဖို့လိုအပ်ပါတယ်။
🧬 HBV DNA Testဟာ လူတစ်ယောက် HBVကူးစက်ခံရပြီးနောက် ပထမဆုံးစစ်ဆေးနိုင်တဲ့ HBV marker တစ်ခုလည်းဖြစ်ပါတယ်။ Serological marker တစ်မျိုးဖြစ်တဲ့ HBsAgရဲ့ Window periodဟာ (၃၈)ရက်ကြာမြင့်ပါတယ်။ ဒါကြောင့် HBV exposure ရသွားလို့ Early diagnosis သိချင်တဲ့အခါမျိုးမှာလည်း HBV DNA Testကို စစ်ဆေးနိုင်ပါတယ်။
🧬 အကယ်၍ လူနာတစ်ယောက်ဟာ (Window period ကာလအတွင်းမဟုတ်ဘဲ) HBsAg Non-reactive/Negative ဖြစ်သော်လည်း Occult HBV Infection ရှိနေတယ်လို့သံသယရှိပါက HBV DNA Test ကို စစ်ဆေးခြင်းအားဖြင့် တိကျသောအဖြေကိုသိရှိနိုင်ပါတယ်။
🧬 Antiviral therapy ယူနေရတဲ့ လူနာတွေအနေနဲ့ လည်း Drug efficacy(ဆေးထိရောက်မှု)ကို သိရှိနိုင်ဖို့အတွက် HBV DNA Viral Load Test စစ်ဆေးဖို့လိုအပ်ပါတယ်။ Viral loadများနေရင် treatment effective မဖြစ်တာ၊ လူနာရဲ့ adherence/compliance မကောင်းတာကို ဆရာဝန်များအနေနဲ့ သတိချပ်နိုင်ပါတယ်။
🧬 လူတစ်ယောက်ဟာ HCVကူးစက်ခံရပြီးဆိုရင် ခန္ဓာကိုယ်က HCVပိုးကိုတိုက်ထုတ်ရန်အတွက် Anti-HCV Antibodies များကို ထုတ်လုပ်ပါတယ်။ အလိုအလျောက်ဖြစ်စေ၊ ဆေးကုသမှုခံယူသောကြောင့်ဖြစ်စေ ခန္ဓာကိုယ်မှာ HCV ပိုးမရှိတော့သည့်တိုင်အောင် Anti-HCV Antibodiesများဟာ သွေးထဲမှာတစ်သက်လုံးရှိနေတော့မှာဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ RDT ဖြင့်ဖြစ်စေ၊ Immuno Analyzer ဖြင့်ဖြစ်စေ Anti-HCV Serology Test ကိုစစ်ဆေးကြည့်တဲ့အခါ Reactive/Positive ဖြစ်တယ်ဆိုရင် Current Active/ Chronic HCV Infectionကို diagnoseလုပ်ရန်အတွက် Confirmatory Test အနေနဲ့ Quantitative HCV RNA Test ကို စစ်ဆေးရပါတယ်။
❓ Chronic HCV Infection ကို diagnosisရဖို့ ဘယ်ကြောင့်အရေးကြီးလဲ? ဘယ်လောက်အရေးကြီးလဲ?
‼️ Chronic Viral Hepatitis C patient/ နာတာရှည် အသည်းရောင်စီပိုးကူးစက်ခံထားရတဲ့လူနာတစ်ယောက်ဟာ သင့်လျော်တဲ့ဆေးကုသမှုကို အချိန်မှီမခံယူခဲ့ဘူးဆိုရင် Cirrhosis (အသည်းခြောက်ခြင်း)၊ Liver failure (အသည်းအလုပ်မလုပ်တော့ခြင်း)၊ Hepatocellular Carcinoma/ HCC (အသည်းကင်ဆာ) အစရှိတဲ့ ရောဂါများကိုဆင့်ပွါးခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့် Quantitative HCV RNA Testကို စစ်ဆေးဖို့အလွန်အရေးကြီးပါတယ်။
❓ HCV RNA Quantitative Test ဆိုတာ ဘာလဲ?
🧬 HCVဟာ RNA(Ribonucleic Acid) virus ဖြစ်ပါတယ်။ HCV RNA Quantitative Test ဆိုတာ Nucleic Acid Amplification Tests (NAATs) နည်းပညာဖြင့် RNA sequenceများကို detect and amplify(ပုံတူကူးပွါး)လုပ်ပြီး လူနာရဲ့ခန္ဓာကိုယ်ထဲမှာ အခုလက်ရှိ Hepatitis C Virusတွေ ဘယ်လောက်ပွါးများ (Replicate) နေလဲဆိုတာကို တိကျစွာ တိုင်းတာပေးတဲ့ testဖြစ်ပါတယ်။ Quantitative Test ဖြစ်တဲ့အတွက် တစ်နည်းအားဖြင့် HCV RNA Viral Load Test လို့လည်း ခေါ်ကြပါတယ်။
⚪️ Sample type- Plasma or Serum
⚪️ Unit- IU/ml
👉 အကယ်၍ HCV RNA Test result က detected ဆိုရင် Chronic Infection ဖြစ်တဲ့အတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပြီး သင့်တော်တဲ့ဆေးကုသမှု ခံယူရမှာဖြစ်ပါတယ်။ Antiviral therapy ယူပြီးတဲ့နောက် Treatment response assessment အနေနဲ့ Substained Virological Response(SVR) ရ/မရ ကို သိရှိနိုင်ရန်အတွက် treatmentအပြီး (၁၂)ပါတ်အကြာမှာ HCV RNA Test ကို ပြန်စစ်ဆေး(Recheck) ရပါတယ်။ HCV RNA not detectable ဆိုရင် SVR positive ဖြစ်ပြီး HCV Infection Cleared/Cured ရတယ်လို့သတ်မှတ်ပါတယ်။
✅ ဒါကြောင့် Quantitative HCV RNA Testဟာ HCV chronic infectionမှာ Confirmatory Test တစ်ခုဖြစ်ရုံသာမက တစ်ခုတည်းသော Test of cure လည်းဖြစ်ပါတယ်။
✅✅ ဒါကြောင့် HBV/ HCV Infectionတွေမှာ Viral Load Testရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါတယ်ဆိုတာ ထင်ရှားလှပါတယ်။
👉 Nucleic Acid Detection and Quantification အတွက် NAATs (Nucleic Acid Amplification Tests) အမျိုးမျိုးရှိတဲ့အနက် Polymerase Chain Reaction (PCR) နဲ့ Real-time PCR or Quantitative PCR (qPCR)တို့ဟာ အသုံးများတဲ့နည်းပညာများဖြစ်ပါတယ်။ Molecular diagnostics laboratoryများတွင် စစ်ဆေးနိုင်သလို PCR and Real-time PCR kitsများနဲ့လည်း စစ်ဆေးနိုင်ပါတယ်။ Test kits များဟာ sensitivity ကောင်းမွန်ပြီး စစ်ဆေးချိန်ဟာလည်း Molecular laboratory များတွင် စစ်ဆေးသလို ရက်ပေါင်းများစွာ စောင့်ဆိုင်းစရာ မလိုအပ်ဘဲ အချိန်တိုအတွင်းမှာ လွယ်ကူလျင်မြန်စွာနဲ့ အဖြေကို သိရှိနိုင်မှာဖြစ်ပါတယ်။
BioMed Myanmar Co., Ltd မှလည်း ဆရာ/ဆရာမတို့ လွယ်ကူစွာစစ်ဆေးနိုင်ရန်အတွက် အောက်ပါ HBV DNA Test kits များ၊ HCV RNA Test Kits များကို ရောင်းချပေးလျက်ရှိပါတယ်။
👉 စုံစမ်းမေးမြန်းလိုပါက BioMed Myanmar Co., Ltd ရဲ့အောက်ပါဖုန်းနံပါတ်များနဲ့ Email လိပ်စာများကို ဆက်သွယ်နိုင်ပါတယ်။
Yangon ☎ 09-977908760
Mandalay☎ 09-259180052
📧Yangon E-mail Address : [email protected]
[email protected]
📧Mandalay E-mail Address : [email protected]
လူကြီးမင်းများအားလုံး ဘေးဘယာဝေးကွာပြီး ကျန်းမာရွှင်လန်းကြပါစေကြောင်း BioMed Myanmar Co.,Ltd မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏🙏
ကျေးဇူးတင်ပါတယ်ရှင့်။
BioMed Myanmar Co.,Ltd တွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါဝန်ထမ်းများ အမြန်အလိုရှိပါသည်။
1. Purchasing Officer
• ရန်ကုန် (၂) ဦး
• ဘွဲ့ရ
• ကွန်ပျုတာ, Email, internet and MS Office Applications (Words, Excel,etc...) ကျွမ်းကျင်ရမည်။
• အင်္ဂလိပ်စာ အရေး၊ အဖတ် ကောင်းမွန်ရမည်။
• ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ရမည်။
• သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။
2. Sales & Marketing Staff
• ရန်ကုန် (၂) ဦး
• ဘွဲ့ရ (သို့) ဘွဲ့ကြို
• သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။
လစာ - ညှိနှိုင်း
CV Form နှင့် အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါ Email / Viber များသို့ လျှောက်ထားနိုင်ပါသည်။
ဖုန်း/ Viber – 09421168376 (ရုံးချိန်အတွင်းသာဆက်သွယ်ရန်)
Email - [email protected]
📣 Zybio EXS2600 Mass Spectrometry System နဲ့ဆို ပိုးမွေးရင် အဖြေရဖို့ အကြာကြီးစောင့်စရာ မလိုတော့ဘူး‼️‼️
❓ ပိုးမွေးရင် အဖြေရဖို့ ဘာကြောင့် ကြာတာလဲ?
👉 Blood cultureလုပ်ဖို့အတွက် Sample collectionလုပ်ရာတွင် Bloodကို Microbial mediaပါဝင်သော Blood culture bottleထဲသို့ထည့်ရပါတယ်။ ထို့နောက် Blood culture bottleကို Automated blood culture system ထဲတွင် (၅) ရက်အကြာ ပိုးမွေး (incubate) ရပြီး bottleအောက်ခြေတွင် အရောင်ပြောင်းလဲခြင်းရှိ/မရှိကို နေ့စဉ်နေ့တိုင်း ကြည့်ရှုစစ်ဆေးရပါတယ်။ အရောင်ပြောင်းလဲခြင်းရှိရင် Bacteria positive ဖြစ်ပြီး အရောင်ပြောင်းလဲခြင်းမရှိရင် Bacteria negative ဖြစ်ပါတယ်။ Bacteria positive ဆိုရင် Bacteria identification ဆက်လုပ်ရပါမယ်။
👉 IDခွဲရန်အတွက် နည်းလမ်း (၄) မျိုးရှိပါတယ်။ 1) Rapid Ag-Ab Reaction, 2) Sequence Analysis, 3) Biochemical Test, 4) Mass Spectrometry တို့ဖြစ်ပါတယ်။
👉 Rapid Ag-Ab reactionဟာ Bacteriaများတွင်ပါဝင်သော Proteinကို detectလုပ်ခြင်းအားဖြင့် Bacteria identification လုပ်ခြင်းဖြစ်ပါတယ်။
👉 Sequence analysisဆိုတာ 16s rRNA sequenceကို analysisလုပ်ခြင်းဖြစ်ပါတယ်။ 16s rRNAဟာ Bacteriaများတွင် နေရာအနှံ့ပါရှိပြီး Bacteriaတစ်မျိုးနှင့်တစ်မျိုးတွင် မတူညီဘဲကွဲပြားခြားနားသွားသောကြောင့် analysisလုပ်ခြင်းအားဖြင့် Bacteriaများကို အမျိုးအစားခွဲခြားနိုင်ပါတယ်။ Sequence analysis methodဟာ Bacterial identification method များအနက် Gold standard method ဖြစ်သော်လည်း စစ်ဆေးချိန်ကြာမြင့်ပြီး စျေးနှုန်းလည်းကြီးမြင့်ပါတယ်။
👉 Diagnostic laboratoryများတွင် Bacterial identificationကို Biochemical testsများစမ်းသပ်ပြီး ပြုလုပ်ကြပါတယ်။ Bacteriaများတွင် Enzyme(အင်ဇိုင်း)အမျိုးမျိုးပါရှိကြပြီး Bacteriaတစ်မျိုးနှင့်တစ်မျိုးပါဝင်သော Enzymeမတူညီသောကြောင့် ထိုEnzymeများကို Chemical reactionဖြစ်စေခြင်းအားဖြင့် Bacterial identificationပြုလုပ်လို့ရပါတယ်. Biochemical testsများကို Glass tubeများထဲတွင် manuallyစမ်းသပ်နိုင်သလို Automated biochemical systemများလည်းရှိပါတယ်။ နည်းလမ်း (၂)မျိုးလုံး စမ်းသပ်ချိန် နာရီပေါင်းများစွာကြာမြင့်ပါတယ်။
👉 Bacterial identification methodများအနက် Rapid methodမှာ Mass Spectrometry ဖြစ်ပါတယ်။ Mass spectrometry အမျိုးမျိုးရှိသည့်အနက် Bacterial identificationအတွက် အသုံးပြုသော Mass spectrometry အမျိုးအစားမှာ MALDI-TOF MS (ခေါ်) Matrix Assisted Laser Desorption Ionization Time-of-Flight Mass Spectrometry ဖြစ်ပါတယ်။ Bacteriaများကို charged moleculesများအဖြစ်သို့ ionizedလုပ်လိုက်ပြီးနောက် mass-to-charge ratio (m/z)ကိုတိုင်းတာကာ PMF (ခေါ်) Peptide Mass Fingerprinting ကိုရယူပြီး Databaseထဲမှာ စာရင်းပြုစုထားတဲ့ Microbes များရဲ့ PMFများနဲ့တိုက်ဆိုင်စစ်ဆေးခြင်းအားဖြင့် Bacteria identification လုပ်ခြင်းဖြစ်ပါတယ်။
👉 Chemical tests method နဲ့ Mass Spectrometry methodတို့က Bacterial colonyကိုစမ်းသပ်ရတာကြောင့် Bloodကို Blood culture bottleထဲမှတဆင့် Agar plateပေါ်မှာ (၁၄) နာရီခန့် ကြာမြင့်အောင် အရင် ပိုးမွေး (culture) ရပါတယ်။
👉 BioMed Myanmar Co., Ltd. မှလည်း Mass Spectrometry System တစ်မျိုးဖြစ်တဲ့ Zybio EXS2600 Mass Spectrometry System ကိုတင်သွင်းရောင်းချပေးလျက်ရှိပါတယ်။
👉 Zybio EXS2600 MS မှာဆိုရင် Bloodအပြင် urine, pus, sputumအစရှိတဲ့ sample type အမျိုးမျိုးကို စစ်ဆေးနိုင်ပြီး 96 samples ကို (၁၂) မိနစ်အတွင်း စစ်ဆေးအဖြေထုတ်ပေးနိုင်ပါတယ်။ ဒါဟာ Traditional microbes identification methodများနဲ့ နှိုင်းယှဉ်ရင် Turn-around-time အရမ်းမြန်ဆန်ပြီး များစွာtime-saving ဖြစ်ပါတယ်။ ဒါကြောင့် Culture and sensitivity test resultကို အမြန်ဆုံးလိုအပ်နေတဲ့ Sepsis patient (သွေးဆိပ်သင့်လူနာ)၊ အထူးကြပ်မတ်ကုသဆောင်(ICU)မှ Crucial patient (အရေးကြီးလူနာ)များကိုအချိန်မှီ Treatmentကိုပေးနိုင်သောကြောင့် life-savingဖြစ်ပြီး Antibiotics abuse, Antiobitics resistenceတို့ကို လျှော့နည်းစေပါတယ်။
👉 Zybio EXS2600 MSရဲ့ Databaseမှာဆိုရင် Mycobacteriaအပါအဝင် Microbesအမျိုးမျိုး၊ Fungiအမျိုးမျိုး အစရှိတဲ့ Species 4000ကျော်၊ Strains 20000 ကျော်ပါရှိပြီး အချိန်နှင့်အမျှလည်း updateလုပ်နေသောကြောင့် ပြီးပြည့်စုံသော Database systemတစ်ခုဖြစ်ပြီး Databaseကို မိမိlabအလိုက် စိတ်ကြိုက်customizeလုပ်လို့ရနိုင်ပါတယ်။
👉 Zybio EXS2600 MSကို Laboratoryများ၊ Hospitalများတွင်သာမက Research Institute, CDC, Food & Drug Factory အစရှိတဲ့ နေရာများတွင်လည်းအသုံးပြုနိုင်ပါတယ်။
👉 အသေးစိတ်သိရှိလိုပါက ကျွန်မတို့ BioMed Myanmar Co., Ltd ရဲ့အောက်ပါဖုန်းနံပါတ်များနဲ့ Email လိပ်စာများကို ဆက်သွယ်မေးမြန်းနိုင်သလို Page Messenger မှတဆင့်လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
Yangon ☎ 09-977908760
Mandalay☎ 09-259180052
📧Yangon E-mail Address : [email protected]
[email protected]
📧Mandalay E-mail Address : [email protected]
လူကြီးမင်းများအားလုံး ဘေးဘယာဝေးကွာပြီး ကျန်းမာရွှင်လန်းကြပါစေကြောင်း ကျွန်မတို့ BioMed Myanmar Co.,Ltd မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🙏🙏
ကျေးဇူးတင်ပါတယ်ရှင့်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
MAC Tower Ll, Corner Of Bogyoke Aung San Road And Wardan St, Lanmataw Township
Yangon
Opening Hours
Monday | 09:00 - 17:00 |
Tuesday | 09:00 - 17:00 |
Wednesday | 09:00 - 17:00 |
Thursday | 09:00 - 17:00 |
Friday | 09:00 - 17:00 |
165 Aung Zay Ya (1) Street, Japan Road, Level 1, Insein Township
Yangon, 11011
Compact Dry™ - Simple, Rapid, Reliable and Ready-to-Use Media Plate for Food Microbiology.
D (901), Yadanar Condo, Yadarnar Road, South Okkalapa Township
Yangon
We care about your beauty & healthy
No. 11, 2nd FL, Hledan 1st Street, Kamayut Township
Yangon
Also look at Belpearl Myanmar
NO. 51133 B SHWE TAUNG KYAR Street
Yangon, 11181
MicrobeBio is committed to improving the productivity and profit for farmers, while keeping our prod
No. 45/46 , Min Ye Kyaw Swar Street , 8th Quarter , East Dagon Tsp
Yangon
Yangon
- အရွယ်အစားကို 5-10cm တိုးစေခြင်း - စွမ်းအင်ကို တိုးစေခြင်း - လိင်ဆက်ဆံချိန်ကို မိနစ် 60 အထိကြာမြင့်စ
No. 810, Room 5, 1st Floor, Sein Gayhar2, Bogyoke Aung San Road, Lanmadaw Township
Yangon, 11131
Bridging state-of-the-art laboratory products to the scientific community is our aim and providing service excellence is our goal.
165 Aung Zay Ya (1) Street, Thirimingalar Road (Japan Road), Level 1, Insein Township
Yangon, 11012
We are the official distributor of Microbiologics, Inc. in Myanmar, the leading provider of ready-to