Precious time with Khin Pa Pa Aye
Service Available
ကဲ အခက်အခဲ တွေ အကြပ်အတည်းတွေ အဆင်မပြေရခြင်းတွေ
စိတ်မချမ်းသာရခြင်းတွေ အမျိုးမျိုး ကြားကနေ
ကျမတို့ရဲ့ Gratitude Blessings လေးဟာ ဆိုရင်အောင်ပွဲခံလာခဲ့တာ
Batch 7 ကို ရောက်ရှိလာခဲ့ပါပြီ
ကျမရဲ့ ရည်ရွယ်ထားတဲ့ အတိုင်း တက်မဲ့သူ မရှိလဲ
အင်တာနက်တွေ ကောင်းနေသေးရင်
တယောက်ထဲရှိလဲ ကျမတို့ မျှဝေနေပါမယ်
Gratitude ကျင့်စဉ်လေးကို လိုက်ကျင့်ပေးနေတဲ့ လူ တွေရဲ့ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့
အဆင်မပြေခြင်းတွေ အပေါ်မှာ ဘယ်လိုတွေခံစားနေရတယ်
ဘာတွေ လုပ်နေတယ် ကိုယ့်ရဲ့ စိတ် အခြေအနေလေး တွေ
သိချင်ပါတယ် အဆင်မပြေခြင်းတွေကြားထဲ ရှင်သန်ရပ်တည်နေကြတဲ့ လူချင်း အတူတူ
ကျမတို့ gratitude ဝိုင်းတော်သားတွေရဲ့ စိတ်အခြေအနေလေးတွေ သိချင်ရုံလေးပါ
အဆင်မပြေခြင်း စိတ်မချမ်းသာတာ တွေကြားထဲ ရပ်တည် နေနိုင်အောင်
ကျမတို့ အဖွဲ့က စိတ်ထားလေးတွေပါ ထားတတ်အောင် တခါထဲ လုပ်ပေးနေပါတယ်
ဒီအချိန် ဒီကာလ မှာ ဒါမျိုးတွေ ကြုံရမယ် ဆိုတာ သိလို့
ကျမတို့ ဒီ Gratitude ကို လုပ်ပေးနေရခြင်း ဖြစ်ပါတယ်
နာမည်ကြီးချင်လို့လဲ မဟုတ်သလို အောင်မြင်ချင်လို့လဲ မဟုတ်သလို
ငွေကြေး ပိုင်း နဲ့လဲ မသက်ဆိုင်ခဲ့ပါဘူး
ဒီလို free လုပ်ပေးနေတာ သည်လဲ ကျမတို့မှာ ငွေကြေးနဲ့ ပတ်သက်ပြီး
ကျိန်စာရှိနေလို့တို့ ဘလော့ဖြစ်နေလို့တို့ ဆိုတာထက်
မေတ္တာ ကိုယ်ချင်းစာတရား ဆိုတဲ့ ဗြဟ္မာစိုရ် တရားတွေ နဲ့ ဖွဲ့စည်းထားတဲ့ ရပ်ဝန်းလေး ဖြစ်စေချင်တာပါ
ဒီရပ်ဝန်းလေးကိုလဲ ဖြေးဖြေးချင်း ချဲ့ယူသွားစေချင်တာပါ
အခုချိန် လူ တွေ လိုချင်လို့ အမောတကော ရှာနေတဲ့ စိတ်ချမ်းသာမှု့လေးကို
တခဏတာလေးပဲ ခံစားရ ခံစားရ ခံစားစေချင်တာပါ
ကျမချဲ့ယူနေတဲ့ ရပ်ဝန်းလေးထဲ လာရတာ ပျင်းစရာကြီး မို့ မလာချင်လဲ
ကျမ ချဲ့နေတဲ့ အဝန်းအဝိုင်းလေးကတော့ တဖြေးဖြေး ကျယ်လာမှာပါပဲ
လူ တွေ အားလုံးရဲ့ ဒီ energy နဲ့ထိတွေ့စေချင်တယ်
ထိတွေ့ခံစားနေရပါပြီ ဖြစ်လို့လဲ ကျေးဇူးတင်ပေးနေပါတယ်
ကျေးဇူးတရား ကျင့်စဉ် တွေက ပျင်းဖို့ကောင်းတယ်
တခါလာလဲ ဒါပဲ တခါလာလဲ ဒါပဲ လို့ပြောကြလိမ့်မယ်
ကျမ ကို မေးရင် ပျင်းလားဆို မပျင်းပါဘူး
ဘာလို့လဲ ဆို ဒီ ကျင့်စဉ်တွေချည်း ထပ်တလဲလဲ လိုက် လုပ်လုပ် မလုပ်လုပ်
ကျမ ပြောပေးနေတာ ဖြစ်တဲ့ အတွက် ကျေးဇူးတရားက ကျမ ရင်ထဲ အသဲထဲ cell ထဲထိအောင် ရောက်နေပါပြီ
ဒါကြောင့် ကျမ အတွက် ငွေမလိုဘူး
ကျမ ပြောင်းလဲနေတာ ကျမ ပဲသိတယ် တခြားလူ သိစရာ မလိုပါဘူး
ထပ်ခါ ထပ်ခါ ဆိုတာကို ကျမ ကျင့်ယူလာတာကြာပြီပဲ
ထပ်ခါ ထပ်ခါ ဘယ်အရာကိုပဲ ကျင့်ကျင့် အသွေးထဲ အသားထဲထိ ဒါဟာ စီးဝင်နေတယ် ဆိုတာ ယုံပါတယ်
မေတ္တာနဲ့ မျှဝေ ခြင်း ကို မေတ္တာ နဲ့ လူ တွေ ကို ကယ်နေတဲ့ ပုဂ္ဂိုလ်တွေက သိတယ်
မေတ္တာနဲ့ မျှဝေနေတာမို့ ပညာပိုင်းဆိုင်ရာ တဆင့်ထက်တဆင့် မြှင့်ပေးနေကြတာလဲ သိနေတယ်
Gratitude ကြောင့် လူ တွေရဲ့ စိတ် တွေ ပြောင်းလဲ လာလေလေ
ကျမ ဆုတွေချခံရလေလေပဲ
အစကတော့ လူ တွေ ကျေနပ်အောင် အောင်မြင်ပါစေ ဆိုတဲ့ စိတ် နဲ့ လုပ်ခဲ့တယ်
အခုတော့ လူ တွေ က သတ်မှတ်တဲ့ အောင်မြင်ခြင်းဟာ တခဏတာပါလား ဆိုတာ သိလာတယ်
လူ တွေက သတ်မှတ်တဲ့ အောင်မြင်ခြင်း ဆိုတာ သူတို့ပါးစပ်ဖျားမှာပဲ လမ်းဆုံးတာ
ကျမ ကတသံသရာလုံးမှာ ကောင်းချီးပေးခံရတဲ့ သူပဲ ဖြစ်ချင်တော့တာ
ကဲ ဒါဆို စိတ် တွေရဲ့ ပြောင်းလဲ ခြင်းတွေ အကောင်မြင်တဲ့ဘက် များများ ရောက်လာအောင်
ဆွဲခေါ်ချင်တဲ့ သူတွေ
(၃.၇.၂၀၂၄) မှာ စမဲ့ Gratitude Blessings မှာ လိုက်ပါဖို့
ကျမ Batch 7 ကို မျှဝေပေးပါမယ်
ပြီးမှ group link လေးချပေးပါမယ်
တကယ် လိုက်လုပ်ပါမယ် ဆိုတဲ့ သူ တွေသာ join ပေးပါ
အလကား ပေးတယ် ဆိုပေမဲ့ တန်ဖိုး တခုတော့ ရှိတယ်
စကြာဝဠာကြီး ကပေးတဲ့ လောကဓာတ်ပညာဟာ
တန်ဖိုး မမဲ့ပါဘူး
စျေး မသတ်မှတ်ထားပေမဲ့ သူ နဲ့ ထိုက်တန်တဲ့ စည်းကမ်းလေးတွေတော့ ရှိပါတယ်
လောကကြီးက ပေးတဲ့ ပညာမို့ မလေးမစား မလုပ်စေချင်ပါဘူး
ရည်ရွယ်ချက်ကောင်း Intention ကောင်းနဲ့မှ မရှိရင် အစထဲက မjoin ပါနဲ့နော်
အရင်က ဒီစကား ကျမ မပြောခဲ့ပါဘူးနော်
အခုတော့ ပြောပါတယ် ကိုယ့်စိတ်စေတနာ ကိုယ်သာလျှင် အသိဆုံးမို့
လောကကြီး အပေါ် လိမ်လည်လှည့်ဖျားတာ မလုပ်ပါနဲ့
ဒီပညာက ကျမ နဲ့ မသက်ဆိုင်ပါ လောကကြီးရဲ့ အာရတခုသာပါ
အဲ့အတွက် ကြိုတင်တောင်းပန်ထားတာပါ
Free ပေးပေမဲ့ တန်ကြေးက စျေးပေါမနေပါဘူး
တန်ဖိုး မဖြတ်နိုင်တဲ့ ပညာပါ
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
မနေ့က ကျမ ရဲ့ gratitude အတန်းထဲ က report လေး ပြောပြချင်လို့ 😁
မနေ့က report ပေးသွားတဲ့ အမ နာမည်တော့ မပြောတော့ပါဘူး privacy အရမို့ပါ
အမက gratitude ကို batch 2 ထဲက တရက်မပျက် လိုက်ခဲ့တဲ့သူပါ တဲ့
ရေးတာလဲ မပျက်ခဲ့သလို ခုဆိုရင် သူ့ရဲ့ အချိန်တိုင်းဟာ စိတ်ထဲမှာ ကျေးဇူးတရားကို ဘာဝနာ တခုလိုကို ပွါးများနေဖြစ်တာပါ တဲ့
အရဟံသိဒ္ဓိ ဆိုတဲ့ ဂုဏ်တော်လေး နဲ့ ကျေးဇူးတရားပေါင်းစပ်ပြီး
သတိရတဲ့ အချိန်တိုင်း မှာ ပွါးများနေတဲ့သူပါတဲ့
ဘယ်လောက်တော်လိုက်လဲနော် စိတ် တွေက အမြဲ ကောင်းတဲ့ အတွေး အာရုံပေါ်မှာ ဘယ်လောက်နေနေ နိုင်မလဲ တွေးကြည့်တာနဲ့ တင် သိနိုင်ပါတယ်
သူ့အတွက် မထင်မှတ်ထားတဲ့ အဖြစ်အပျက်တခု အသက်အန္တာရာယ် နဲ့ ရင်ဆိုင်ရတဲ့ အဖြစ်အပျက် တခု ဖြစ်ခဲ့တယ် တဲ့
ကံကောင်းလို့ သူမသေ သွားခဲ့ပေမဲ့ သူ့တကိုယ်လုံး နာကျင်ခဲ့ရတယ် တဲ့ ကံကောင်း လို့ သာ ကားတိုက်မခံခဲ့ရတာပါ တဲ့
ကျမလေ နားထောင်ရင်း ပါးစပ်အဟောင်းသား အံ့အားသင့်ရတာ
သူ ဘာဆက်ပြောမလဲ ရင်ခုန်စွာနဲ့ နားထောင်ခဲ့ရတာ
အခု ပြန်ရေးပြနေတာတောင် ရင်တွေ ခုန်နေတာ
သူ မနည်းအားတင်းပြီး အိမ်အရောက်ပြန်ခဲ့ရတာတဲ့
အိမ်ရောက်တော့ တကိုယ်လုံး နာလွန်းလို့ ဆေးတွေ လိမ်းခဲ့ရတာတဲ့
တချိန်ထဲမှာလဲ ကျေးဇူးတရားသာ ဆက်တိုက် ပါးစပ်ကလဲ ပြော
စိတ်ထဲကလဲ ဒီလောက်ပဲ ဖြစ်သွားတာ ငါ့အတွက်ကံကောင်းလိုက်တာ ကျေးဇူးတင်လိုက်တာ ဆိုပြီး
တတွတ်တွတ် ရွတ်နေခဲ့တာ တဲ့ အဆိုးတခုထဲမှာ အကောင်း လေးက အသက်သေမသွားတာ အကြီးမားဆုံးပဲ တဲ့
အဆိုးပြီးရင် ငါ့အတွက် အကောင်းဆိုတာ လာတော့မှာမို့ ကျေးဇူးတွေ တင်လိုက်တာ ဆိုပြီး ရွတ်နေတာတဲ့
သာမာန်လိုဆိုရင်တော့ ဒီလောက်နာနေတာ တောင် ဘာတွေ ကျေးဇူးတင်ရမှာလဲ တွေးမိမှာပဲ
ဒါပေမဲ့ အသက်တချောင်းမဆုံးရှူံးသွားတာ ကျေးဇူးတင်စရာ ဆိုတဲ့ နေရာထိ ရောက်မှာ မဟုတ်
ဘူလေနော်
ဒါပေမဲ့ အမ ကတော်တယ် စဉ်ဆက်မပြတ်လဲ ကျေးဇူးတရား ကို ပွါးနေတဲ့သူမို့ သတိ အပြည့်ရှိ
တယ် ဆိုရမယ်
သတိကပ်ပြီး ထားရမဲ့ စိတ် အခြေအနေ ကို ရွေးချယ်တည်ဆောက်နိုင်ခဲ့တယ်
သူ့အတွက် အကောင်းဆိုတာ လာတော့မယ် လို့တွေးပြီး ဆေးလိမ်းနေတုံး
သူ့ဆီ ဖုံးဝင်လာခဲ့တယ် တဲ့ အလုပ်လျှောက်ထားတဲ့
Interview ခေါ်တာပါတဲ့
ကျမ လေ ပျော်လိုက်တာတဲ့ တကိုယ်လုံးနာနေလို့ မသွားတော့ဘူး လို့ဆုံးဖြတ်လိုက်တယ် တဲ့
နောက်တော့ ငါသွားကြည့်ပါမယ်လေ ဆိုပြီး သွားခဲ့တော့ result က ချက်ချင်းထွက်ပါတယ် တဲ့
အလုပ်ခန့်ပါတယ် တဲ့ ဒါပေမဲ့ အလုပ်ရဲ့ အခြေအနေက ကိုယ့်အိမ်ကအနေအထားနဲ့ အဆင်မပြေလို့ ငြင်းခဲ့
ရတယ် တဲ့
စိတ်တော့မလျှော့ပဲ ပိုကောင်းတဲ့ အလုပ်ရမယ် ဆိုတဲ့
အတွေးကတော့ ရှိနေပြီး တချိန်လုံး ကျေးဇူးတရားပဲ
ပွါးများနေခဲ့တယ် တဲ့
ဒါပေမဲ့ လျှောက်ထားတဲ့ အလုပ်က ခုနက ခေါ်တဲ့ အလုပ်တခုပဲ ရှိပါသေးတယ် တဲ့
အဲ့လိုတွေးနေတုံး ဖုံးဝင်လာပြန်ပါတယ် တဲ့ interview လာလျှောက်ဖို့ပါ တဲ့
သူ အံ့အားသင့်ရတယ် တဲ့ သူ အလုပ်မလျှောက်ထားဘူးတဲ့
ဒါပေမဲ့ သူ လာဖြေပါမယ် ပြောလိုက်တယ် တဲ့
ညနေကျတော့ အသိအမတယောက်က ဖုံးဆက်လာပြီး ညီမ နဲ့ အဆင်ပြေမဲ့ အလုပ် ညီမ မပြောပေမဲ့ အမ
လျှောက်ပေးထားတယ် တဲ့
သူ အရမ်းဝမ်းသာသွားသလို သူတောင် အကူအညီ မတောင်းပဲ သူ့ကို ကူညီမဲ့ သူရှိနေတာ
သူ့အတွက် အံ့ဩစရာပါ တဲ့ အမပြောနေတဲ့ အချိန် နားထောင်နေတဲ့ ကျမ ပျော်တာလေ
နောက်တော့ အဲ့အလုပ်ကလေးက အိမ်နဲ့လဲ အဆင်ပြေ လို့ သူ အခု အလုပ်ရသွားပါပြီ တဲ့
ကျေးဇူးတရားကို တရက်မပျက် အချိန်တိုင်း သူ ပွါးများနေပါတယ် တဲ့
နားထောင်ရတဲ့ ကျမ ပီတိ ဘယ်လောက်ဖြာလိုပ်မလဲ
ပြောပြနေတဲ့ အမ ကလဲ ဆရာမ လုပ်ခဲ့တဲ့သူ
ကျမ လဲ ဆရာမ လုပ်ခဲ့တဲ့ သူ
ဘယ်လို ပီတိ ကျမ ခံစားရတယ် ဆိုတာ သူရော ကိုယ်ရော အပြန်အလှန် ခံစားမိတယ်
မျက်ရည်တောင်ဝဲရပါတယ် မျှဝေသူ ကျမ ပျော်တာပေါ့
အောင်မြင်သွားတဲ့ အမလဲ သူ့အောင်မြင်မှု့ အတွက် ပျော်တာပေါ့
အမှန်တကယ်တော့ ဒီအတန်းထဲလာလို့ အောင်မြင်မှု့တွေ ရသွားခဲ့ရင်
ကျမရဲ့ အောင်မြင်မှု့မဟုတ်ပါဘူး လိုက်လုပ်ပေးတဲ့ လူ တွေရဲ့ အောင်မြင်မှု့ပါ
ကျမ ရဲ့ အတန်းလေးက ရွှေဖြစ် ငွေဖြစ် ကျင့်စဉ်တွေ ပေးတဲ့ အတန်းလေးမဟုတ်ပါဘူး
ပျောက်စေ သိစေ မြင်စေ ရွှေဖြစ် ငွေဖြစ် ကျမ မပေးပါဘူး
ဒါပေမဲ့ ကျမ ပေးလိုက်တဲ့ အရာက ကိုယ့်ရဲ့ အတွင်းစိတ်လေးကို ကိုယ်ပြန်ကြည့်တတ်အောင် ကြည့်နိုင်
အောင် နည်းလမ်းပြပေးလိုက်တာပါ
ဒါဆို အမက အဲ့လိုနည်းလမ်းတွေ ပေးနေရအောင် အမက ဘာလား ဆိုပြီးတော့တော့ လာမပြောပါနဲ့
ကျမ ဘာမှမဟုတ်ပါဘူး ဒါတွေအားလုံးဟာ ကျမ ဆရာတွေ သင်ပေးထား လမ်းညွှန်ပေးထားတဲ့
ပညာတွေပါပဲ
ကိုယ့်ရဲ့ အောင်မြင်မှု့ဟာ ကိုယ့်အတွင်းစိတ်လေးဘယ်လောက် ဖြူနေတယ် သန့်နေတယ်
ကိုယ့်ရဲ့ အာရုံစူးစိုက်မှု့ ဘယ်လောက်ကောင်းနေတယ်
Manifestation တွေ ဘယ်လောက်ကောင်းကောင်းလုပ်နိုင်တယ်
Quantum level မှာ ကိုယ် ဘယ်လောက်ထိနေနိုင်တယ် ကိုယ့် intension ကိုယ် ဘယ်လောက် ယုံတယ်
ကိုယ်ဖြစ်ချင် ကိုယ် လိုချင်တဲ့ ဘဝ ကို ဘယ်လောက်ထိ ကိုယ်ချစ်မြတ်နိုးတယ် ဆိုတဲ့ အပေါ်
မှာပဲ မူတည်ပါတယ်
အမ ဒီလို အောင်မြင်သွားတယ် ဆိုတာ အမရဲ့ စိတ် ဘယ်လောက် အာရုံစူးစိုက်မှု့ ကောင်းပြီး သန့်နေတယ်
ဆိုတဲ့ အပေါ်ပဲ မူတည်ပါတယ်
ကျမရဲ့ အောင်မြင်မှု့ မဟုတ်ပါဘူး အမရဲ့ အောင်မြင်မှု့ပါ
ဟာာ ဒီလောက်လေး နဲ့ အောင်မြင်မှု့လို့ မပြောပါနဲ့
လို့ ပြောစရာ ရှိမယ်
ကိုယ့်အတိုင်းအတာက အဲ့လောက်က အောင်မြင်မှု့ လို့
မဆို နိုင်ပေမဲ့
သူများအတွက်က တော့ သူ့ဘဝ နဲ့ သက်ဆိုင်လို့ အောင်မြင်မှု့ လို့ ကျမ သုံးနှူန်းပေးတာပါ
ကျမ ရဲ့ အောင်မြင်မှု့ လို့ ပြောရင်တော့ ပြောရင်တော့ ကျမရဲ့ အောင်မြင်မှု့ဟာ
ကျမ ဆရာတွေရဲ့ အောင်မြင်မှု့ နဲ့ တိုက်ရိုက်အချိုးကျပါတယ်
ကျမ ကိုဒီပညာ သင်ကြားပေးခဲ့တဲ့ ဆရာဂျော်နီ ကျော်မိုး ဆရာရွှေမိုး energy နဲ့ ချိတ်ဆက်နိုင်ဖို့ သင်ကြားပေးတာ
ဆရာဦးခင်မောင်သန်း ပါ
ကျမ ဘယ်အချိန် ဘယ်နေရာမှာမေးမေး ကျမ ပြောနိုင်ပါတယ် ပြောရဲပါတယ်
ကျမဆရာတွေက သင်ကြားပေးခဲ့တဲ့ လမ်းညွှန်ပေးခဲ့တဲ့ အတိုင်း အားလုံး ကို ပြန်မျှဝေပေးတာပါပဲ
ဒီတော့ Gratitude ကို ကျမ နဲ့ ရသ မတူအောင် နောက်တမျိုးလေးခံစားကြည့်ချင်ရင်
ကျမ ဆရာ ဆရာရွှေမိုးလဲ အတန်းပြန်ဖွင့်ပါတော့မယ်
ဆရာ့ဆီ join လို့ရပါတယ်
ဒီကမှ တဆင့်ထပ်တက်လို့ energy နဲ့ ချိတ်ဆက် ကြည့်ချင်တယ် ဆိုရင်တော့
ဆရာ ဦးခင်မောင်သန်းဆီသွားပါ ဘဝနေနည်းတွေ
ဘဝ ကိုရှူမြင်သုံးသပ်နိုင်တာတွေ ကိုယ်လိုချင်တဲ့ ငွေကြေး ကို gratitude ကို အသုံးချပြီး
Energy နဲ့ ဘယ်လိုချိတ်ဆက်သွားတာတွေ သိချင်ရင်တော့
ဆရာ့ဆီ သွားဖို့ တိုက်တွန်းပါတယ်
အကျိုးမယုတ်စေရပါဘူး ထိုက်တန်တဲ့ အကျိုးကျေးဇူးတွေ ပြန်လည်ရရှိမှာပါ
ကျမကတော့ gratitude ကို စိတ်ရဲ့ အတွင်းထဲထိ deeply down ဆင်းပြီး ဘယ်လို ကျေးဇူးတင်ရမလဲ
ဆိုတာတော့ ပြောပြပေးတတ်ပါတယ်
ကျမ ဘယ်လောက်ပြောပြပေးပေး လိုက်မလုပ်နိုင်ရင်
အကျိုးကျေးဇူး မခံစားရပါဘူး
အောင်မြင်ခြင်း မအောင်မြင်ခြင်း ဆိုတဲဘ အကျိုးကျေးဇူးကတော့ မိမိ အပေါ်ပဲ မူတည်ပါတယ်
အတ္တာဟိ အတ္တနော နာထော တဲ့ ဘုရားဟောတောင်ရှိပါတယ်
ကိုယ့်ကိုကိုယ်ပဲ ပြုပြင်ရမှာပါ မပြုပြင်နိုင်ပဲ ထိုင် နားထောင်ရုံ သက်သက်နဲ့တော့
မလာခဲ့ပါနဲ့နော် ဘာတွေ ပြောနေမှန်းမသိဘူး ဆိုတာတွေ ဖြစ်သွားပါမယ်
နောက်ထပ် နောက်ထပ် report တွေ လာပါအုံးမယ်
Gratitude နဲ့ ပတ်သက်ပြီး မတူညီ တဲ့ ရသ တခု ခံစားချင်တယ် ဆိုရင်
ကျမ ဆရာ ဆရာရွှေမိုး ဆီ သွားကြည့်ပါလို့ ပြောပါရစေနော်
အားလုံးကို
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
Gratitude blessings batch 6 ကို (3.6.2024) မှာ စပါမယ်ရှင်
၃ ရက်နေ့မှာ Day 1 စပါမယ်
Group ထဲ အဝင်ကို Day 3 ထိပဲ လက်ခံပါမယ်
အဲ့နောက်ပိုင်း request လာလုပ်ရင် လက်မခံတော့ပါရှင်
အဲ့အတွက် group ထဲ ဝင်ချင်သူများ ဝင်ထားကြပါလို့ ပြောတာပါရှင်
Telegram group ကိုလဲ join ထားပါနော်
စာအုပ်စာရင်းလေးဖြည့်လို့ရအောင်ပါ
စာအုပ်စာရင်းကလဲ Day 4 မှာ ပိတ်ပါမယ်ရှင်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ် ❤️❤️❤️
Gratitude အတန်း အတွက် ချက်လက်မှတ် စာအုပ်လေး ထုတ်ပေးထားပါတယ်
တအုပ်မှာ အရွက် ၂၀ ပါပါမယ်
တအုပ်ကို ၃၅၀၀ ကျပ်ပါရှင်
ယူချင်တဲ့သူ telegram group မှာ စာရင်း လာပေးလို့ရပါတယ်
Telegram Link 👇
https://t.me/+-MpLttK_W7M5NGZl
စာရင်း ကို Day 4 မှာ စာရင်းပိတ်ပါမယ်ရှင်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
https://t.me/+-MpLttK_W7M5NGZl
ဒါလေးက Gratitude blessings batch 6 ရဲ့ telegram group လေးပါ
Internet Line အခက်အခဲ ကြောင့် ကျမတို့ရဲ့ Gratitude Orentation လေးကို
(3.6.2024) မှာ Day 1 နဲ့ အတူတွဲပြီး ကျမ ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်
ကျမ တို့ (3.6.2024) ည 10:00 မှာ Day 1 စပါမယ်နော်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ဒီနေ့ည လိုင်းအခက်အခဲကြောင့် orentation ကို မနက်ဖန်ရွှေ့ထားလိုက်ပါတယ်ရှင်
မင်္ဂလာပါရှင်
ကျမ ကို မှတ်မိကြအုံးမယ် ထင်ပါတယ်
ဒီနေ့ က gratitude blessings batch 5 နောက်ဆုံးနေ့လေး ဖြစ်ပါတယ်နော်
လိုက်ရော ရေးကြရဲ့လားရှင်
လိုက်ရေးတဲ့သူတွေရော လိုက်မရေးဖြစ်တဲ့သူတွေရော
အားလုံးကို ကျေးဇူးတင်ပါတယ် ရှင် 🙏🏿
ရာသီဥတု ပူလွန်းတာရယ် မီးတွေပျက်လွန်းတာရယ်ကြောင့်
ကျမ batch 5 ကို အသွင်တမျိုးလေးနဲ့ မရိုးရအောင် သွားပေးခဲ့ပါတယ်
ကျေနပ်ကြရဲ့လားရှင်
အခုတော့ အရင်လို zoom လေး နဲ့ batch 6 ကို ပြန်စပါတော့မယ်နော်
(၁.၆.၂၀၂၄) ည ၁၀:၀၀ အချိန် မှာ ပုံမှန် အတိုင်း ကျမ အတန်းလေး ပြန်စပါမယ်
ကောင်းတဲ့ အမူအကျင့်လေးတွေ ကို ၂၁ စွဲလုပ်ရင် ဘဝထဲ မှာ ကောင်းသော ပြောင်းလဲခြင်းတွေ နဲ့ကြုံရတယိ တဲ့
ရက်ပေါင်း ၁၀၀ စွဲလုပ်ရင်တော့ ကိုယ့်ရဲ့ အသွေးအသား ထဲ ကလပ်စည်းတွေထဲထိ အောင် စွဲမြဲ
သွားပါမယ် တဲ့
ကျမ တို့ Gratitude အတန်းလေးက batch တခုကို ၂၈ ရက် လုပ်ရတဲ့ ကျင့်စဥိလေးပါရှင့်
ကျင့်စဉ် လို့ ပြောလိုက်ရင် ကျမ ကို အငြင်းပွါးစရာတွေ လာလာပြောကြတယ်ရှင်
ကောင်းတဲ့အရာတွေကို စွဲမြဲစွား အဓိဌာန်နဲ့ လုပ်ဆောင်ရင် ကျင့်စဉ် လို့ပဲ ခေါ်ကြပါတယ်
ကျေးဇူးတရားသည်လဲ ကောင်းသောအရာ မို့ ၂၈ ရက်ကို တရက်မပျက်ဘူး ဆိုတဲ့ အဓိဌာန်လေး တွေ ချပြီး လုပ်တာမို့ ကျင့်စဉ် လို့ခေါင်းစဉ်တပ်ပေးထားတာပါ
Batch 6 လေး ပြန်စပြီမို့ ကျမ တို့နဲ့ ပျော်ပျော်ရွှင်ရွှင် နဲ့ ပြန်ဆုံကြရအောင်
ကံစမ်းမဲ အစီအစဉ် လေးတွေလဲပါတာမို့ ရင်ခုန်စရာတော့ ကောင်းနေမှာပါ
Batch 6 မစခင် (၃၁.၆.၂၀၂၄) ည ၉ :၀၀ မှာ ထုံးစံ အတိုင်း
Orientation လေး လာပါမယ် မနက်ဖန် batch 6 group ထဲမှာ zoom link လေး ချပေးထားပါမယ်
ဒီ page ထဲလဲ ချပေးထားပါမယ်
Batch 6 group က လူ လက်ခံတာ (၃.၆.၂၀၂၄) ထိပဲ လူ လက်ခံပါမယ်
အဲ့နောက်ပိုင်း join လာရင် လက်မခံတော့ပါဘူးရှင်
Group ထဲတော့ ဝင်နေပြီး zoom လဲမဝင် လိုက်လဲမလုပ်သူများကို စီစစ်ပြီး ထုတ်ပယ်သွားမှာဖြစ်ပါတယ်ရှင်
အခု group link လေးလဲ ချပေးမှာပါ
တရက်မပျက် လိုက်ပါ လုပ်ဆောင်မယ်ဆိုတဲ့ အဓိဌာန်လေး နဲ့ ကျင့်စဉ် ဂရုထဲ ဝင်လာခဲ့ပါ
အကျိုးမယုတ်စေရပါဘူးနော်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
Post လေးကို share ပေးလို့ရပါတယ်
https://www.facebook.com/groups/2309666185893497/
Day 28
Magic ကို နှလုံးသွင်းပါလေ
ကျေးဇူးတရားကို အောင့်မေတသ နှလုံးသွင်းရမယ် လို့ ဆိုလိုတာပါ
မှော်အကြောင်း အရေးတကြီး သိစရာရှိပါတယ် တဲ့
ကိုယ်ကမမြင်ရဘူး ဆိုပေမဲ့ ကိုယ့်အနားမှာ မှော်ဓာတ်တွေ ရှိနေတာ ကို သိထားရမယ် တဲ့
တကယ်လို့များ ကျေးဇူးတရားကို နေ့တိုင်းနှလုံးသွင်းနေမယ်ဆို နေ့ရက်တိုင်းက ထူးခြားပါတယ် တဲ့
နေ့စဉ်ဖြစ်နေတဲ့ အကောင်းတွေဟာ အမြဲထူး၍ အမြဲပြောင်းလဲနေကြသဖြင့်
မက်ဂျစ် ကို နှလုံးသွင်းသည့်အခါ နှလုံးသွင်းတိုင်းထူးခြားနေလိမ့်မည်
ကံကောင်းခြင်းများကို နှလုံးသွင်းဖို့ရာ အလွယ်ဆုံးလမ်းမှာ ယနေ့ အိပ်ရာနိုးသည်နှင့်
မိမိစိတ်ဝယ် ပြီးခဲ့သောနေ့ သို့ ပြန်သွားကာ နံနက် နေ့လည် ညနေမှစ၍ အိပ်ရာဝင်ချိန် တိုင်အောင်
အဓိက ဖြစ်ရပ်များကို ပြန်လည်အောက်မေ့ပါလေ
ဆိုလိုချင်တာက ဒီနေ့ မနက် နိုးထလာချိန်မှာ မနေ့က တနေ့လုံးရဲ့ ကံကောင်းခြင်းတွေကို
ပြန်တွေးရင်း ကျေးဇူးတင်ပေးပါ
ဤမှော်ကျင့်စဉ် ကို အစပြုနိုင်ပုံကား
ယမန်နေ့က ဖြစ်ခဲ့သော အကောင်းများသည် အဘယ်သို့ ရှိမည်နည်း
မေးခွန်းမေး သည့်အခါ မေးမြန်းသည့်အခါ မိမိစိတ်ကအဖြေ ကို ချက်ချင်း ရှာကြံလိမ့်မည်
မိမိမှာ သတင်းထူးတွေ ရခဲ့လား
မိမိ အလိုဆန္ဒတခု မှော်ဆန်ဆန် ပြည့်ဝခဲ့သလား
မိမိမှာ မမျှော်လင့်ပဲ ပိုက်ဆံရရှိခဲ့လား
ပြန်မေးပြီး တွေးရင်း ကျေးဇူးတင်ပေးပါ
၁။ မိမိကိုယ်ကို ကံကောင်းတယ် လို့မှတ်ယူပြီး အတိတ်ပစ္စုပ္ပာန် ကံကောင်းခြင်း အချက် ၁၀ ချက်
ရေးပါ
တချက်ပြီးတိုင်း ကျေးဇူးတင်ပါတယ် ၃ ကြိမ်ရေးပါ
၁ ကနေ ၁၀ ထိ ရေးပြီးရင် တချက်ချင်းစီ အသံထွက်ဖတ်ပေးပါ
တချက်ပြီးတိုင်း ကျေးဇူးတင်ပါတယ် ကို ၃ ကြိမ်ရွတ်ဖတ်ပေးပါ
၂။ မနေ့က ကံကောင်းခြင်းများကို ချရေးပါ။ ပြီးရင် အပေါ်မှာ ရေးခဲ့တဲ့ မေးခွန်း တွေကို ကိုယ့်ဟာကိုယ် ပြန်မေးပါ။
မနေ့က ကံကောင်းခြင်းတွေချရေးပြီး ကျေးဇူးတရားကို နှလုံးသွင်းပေးပါ။
ကံကောင်းခြင်းတခု ရေးပြီးတိုင်း ကျေးဇူးတင်ပါတယ် ၃ ကြိမ်ရေးပါ။ ၃ ကြ်မ်အသံထွက်ဖတ်ပါ။
၃။ မိမိ စာရင်းက တိုတို ရှည်ရှည် အရေးမကြီးပါ။
ကျေးဇူးတင်ပေးဖို့သာ အရေးကြီးတာပါ။
၄။ ညအိပ်ရာမဝင်ခင် မှော်ကျောက်ခဲလေးကိုင်ပြီးတနေ့တာ ကံကောင်းခြင်းတွေက်ု ပြောပြ ကျေးဇူးတင်ပေးပြီး ညအိပ်ရာဝင်ပေးပါ။
မနက်ဖန် အတွက် ကျင့်စဉ်လေး ပါ
Day 27 မှော်ကြေးမုံ
ဒီ ကျင့်စဉ် လေးကို personality ကောင်းချင်တဲ့သူတွေ ကျင့်ရမဲ့ ကျင့်စဉ်လေးပါ
သက်ရှိ သက်မဲ့တွေရဲ့ ပုံပန်းဟာ စိတ်ခံစားချက်အလိုက် ပြောင်းလဲကြတယ်
ဒါကြောင့် မှော်ဓာတ် နဲ့ အလှတရား ကိုယ့်မှာရှိတာ မှန်ရင် သူတို့မှာရှိတဲ့ မှော်ဓာတ် နဲ့ အလှတရားကိုလည်း မြင်ရပါတယ် တဲ့
KAHLILGIBRAN(1883-1931)
ဒီကျင့်စဉ်လေး က တော့ self love နဲ့ သက်ဆိုင်ပါမယ်
ကြေးမုံပြင်ထဲက လူကို ပြောင်းလဲနိုင်ရင် မိမိဘဝ ပြောင်းလဲလာလိမ့်မယ် တဲ့
ဒီတော့ ကြေးမုံပြင်ထဲ က ကိုယ့်ကိုကိုယ် အပြစ်မမြင်ပဲ ချစ်ခင်ပေးရမယ် ဆိုတာပါပဲ
ကိုယ့်ကိုကိုယ် အဆိုးမြင်ခြင်းဟာ ကိုယ့်ဘဝ ကို အကြီးအကျယ် ထိခိုက်စေပါတယ် တဲ့
ဘာလို့လဲဆို သူတပါးကို အဆိုးမြင်ခြင်းထက် ကိုယ့်ကို ကိုယ်အဆိုးမြင်တာက ပိုဆိုးလို့ပါပဲ
မိမိက မိမိ ဖြစ်ရခြင်းကို ကျေးဇူးတင်သည့်အခါ မိမိကိုယ် မိမိ ကျေနပ်အားရစေ တဲ့ အခြေအနေ များကိုသာ ဖြစ်စေပါတယ်
မိမိ အဖို့ လောကစည်းစိမ် ပြည့်စုံဖို့ရာ မိမိကိုယ်မိမိ ကျေနပ်အားရနေရမည်သာ
မိမိကိုယ်မိမိ ကျေးဇူးတင်ခြင်းက မိမိအားကြွယ်ဝပြည့်စုံစေပါတယ်
ကြေးမုံပြင်ထဲက ကိုယ့်ကိုကိုယ် ကျေးဇူးတင်ခြင်းက မကျေနပ်ချက်တွေ အလိုမကျမှု့တွေ စိတ်ပျကိဖွယ်ရာတွေ ငါ ပြောလောက်အောင် ကြည့်ကောင်းမနေပါဘူး
ဆိုတဲ့ စိတ် တွေ ကွယ်ပျောက် သွားပါလိမ့်မယ်
ကြေးမုံပြင်ထဲက လူ ကို စေ့စေ့ကြည့်ပြီး ကျေးဇူးတင်ပါတယိ ဆိုတဲ့ မှော်ဂါထာလေးကို နှစ်နှစ်
ကာကာ အသံထွက်ပြီး ရွတ်ဆိုပေးပါ
မင်းဖြစ်ရတာကို ကျေးဇူးတင်ပါတယ် မင်းမှာဖြစ်တည်နေတဲ့အရာရာ ကို ကျေးဇူးတင်ပါတယ် လို့
ပြောပေးပါ
မှော်ကြေးမုံ ကျင့်စဉ် လေးကို အချိန်ရသရွေ့ မှန်ကြည့်တဲ့ အခါတိုင်း ကျေးဇူးတင်ပါတယ် လို့ပြောပေးပါ
အကယ်၍များ တကယ် သတ္တိရှိခဲ့ရင် မှော်ကြေးမုံ ကို ကြည့်ပြီး
မိမိကိုယ်မိမိ ကျေးဇူးတင်ရသော အရာ ၃ ခု ကို ပြောပေးပါ
မိမိ၏ကျေးဇူးတရား ကို သူတကာထက်ထိုက်တန်တဲ့သူဟာ မိမိတစ်ဦးတည်းသာ ဖြစ်ကြောင်း သိလာပါလိမ့်မယ်
မိမိက မိမိ ဖြစ်ရခြင်း ကိုကျေးဇူးတင်တဲ့အခါ ကျေနပ်နေသဖြင့်
ကျေနပ်ဖွယ်ကောင်းတဲ့ လူ တွေ ကျေနပ်ဖွယ်ကောင်းတဲ့ ပတ်ဝန်းကျင် မှော်ဆနိသော ဖြစ်ရပ်များကို ကြုံတွေ့ရကာ
မိမိသွားလေရာရာ လုပ်လေရာရာ မိမိအားဝန်းရံထားပါလိမ့်မည်
ကြေးမုံထဲက လူရဲ့ မှော်ဓာတ်ကို မြင်တဲ့အခါ မိမိဘဝ တခုလုံး ပြောင်းလဲဖို့ရာ ဖြစ်လာပါလိမ့်မည်
တခုတော့ရှိပါတယ် ကြေးမုံပြင် က ကိုယ့်ကိုကိုယ် ပြန်ကြည့်တဲ့အခါ
တချို့ အစပထမ မှာကြည့်လို့မရပါဘူး ဒေါသထွက်တာ ငိုချင်လာတာ
စိတ်တွေ အဆင်မပြေတာတွေ ဖြစ်တတ်ပါတယ်
ဖြေးဖြေးချင်း ကြည့်ပေးပါ ဒီကျင့်စဉ် တွေ အကုန်လုံးက နေ့စဉ် ကိုယ့်ဘဝထဲမှာ နေ့တိုင်း လုပ်နိုင်ရင်
အကျိုးတကယ်ရှိတဲ့ ကျင့်စဉ်တွေပါ
မနက်ဖန် လုပ်ရမှာတွေက
၁။ မိမိကိုယ်ကို ကံကောင်းတယ် လို့မှတ်ယူပြီး အတိတ်ပစ္စုပ္ပာန် ကံကောင်းခြင်း အချက် ၁၀ ချက်ကို
ရေးပါ
တချက်ပြီးတိုင်း ကျေးဇူးတင်ပါတယ် ၃ ကြိမ်ရေးပါ
၁ ကနေ ၁၀ ထိ ရေးပြီးရင် တချက်ချင်းစီ ကို အသံထွက်ဖတ်ပေးပါ
တချက်ပြီးတိုင်း ကျေးဇူးတင်ပါတယ် ကို ၃ ကြိမ် အသံထွက်ဖတ်ပေးပါ
၂။ မနက်ဖန်မှာ မိမိကိုယ်မိမိ မှန်ကြည့်သည့်အချိန်တိုင်း ကျေးဇူးတင်ပါတယ် ကို ရွတ်ဆိုပေးပါ။ ယခင့် ယခင်ကထက် ပိုပြီး လေးလေးနက်နက် ပြောဆိုပေးပါ
၃။ မိမိမှာ အဟုတ်တကယ် သတ္တိရှိလျှင် ကြေးမုံပြင်မှာ မြင်နေရစဉ် မိမိကိုယ်မိမိ ကျေးဇူးတင်ရသော
အရာ ၃ ခုကို ပြောဆိုပါ။
၄။ ညအိပ်ရာ မဝင်ခင်မှာ မှော်ကျောက်ခဲလေး ကိုင်ပြီး တနေ့တာကံကောင်းခြင်းတွေ ပြောပြပြီး
ကျေးဇူးတင်ကြောင်း ပြောပြီး ညအိပ်ရာဝင်ပေးပါ။
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
မနက်ဖန် အတွက် ကျင့်စဉ်လေးပါ
Day 26 အဆိုးထဲက အကောင်း မှော်ထဲက အပြောင်း
အမှားမြင်မှ အမှန်သိ တယ် ဆိုတဲ့ စကားလေးရှိပါတယ်
အမှားဟူသမျှ အဆိုးထဲက အကောင်း ဖြစ်ပါတယ်
အမှားတွေထဲမှာ တိမ်မြှပ်နေတဲ့ အမှန်တရား များ မရေမတွက်နိုင်အောင် ရှိပါတယ်
ကလေး တယောက် စက်ဘီးစီးသင်ခါစ စာရေးသင်ခ့စ မှာ အမှားများစွာ ပြုလုပ်မိပါတယ်
ဒီအမှားတွေကို ပဲ သင်ခန်းစာယူပြီး ဒီကလေးဟာ အမှန်တရား တွေကို ရရှိသွားတတ်ပါတယ်
မိမိတို့အားလုံး အမှားပြုလုပ်မိတတ်ကြပါတယ် အမှားကို မှ မလုပ်ခဲ့ရင် အမှန် ဆိုတာ ဘာလဲ သိကြမှာမဟုတ်ပါဘူး
ဒါပေမဲ့ မှားတဲ့ အမှားထဲကနေ သင်ခန်းစာယူပြီး ထပ်ခါ
ထပ်ခါ မမှားဖို့တော့ အရေးကြီးပါတယ်
ဒါဆိုရင် အမှားထဲကနေ သင်ခန်းစာ ထုတ်ယူပြီး ဘာလုပ်ပေးရမလဲ ဆို
ကျေးဇူးတင်ပေးရမှာဖြစ်ပါတယ်
အခြေအနေ တွေ ဘယ်လောက်ဆိုးရွားစွာ မှားမှား အရေးမကြီးပါဘူး
ကျေးဇူးတင်စရာတွေကတော့ ဒီအမှားတွေကြားထဲမှာ ရှိနေမှာပါ ပဲ
ဆွဲထုတ်ယူတတ်ဖို့သာ လိုတာပါ
အကောင်း ဘက်ကို မှော်ဆန်ဆန် ပြောင်းလဲဖို့ဆိုရင် အမှားတခုကို ရွေးထုတ် ပြီးတာနဲ့တပြိုင်နက်
ကျေးဇူးတင်ဖွယ်ရာ တွေကို ရှာကြံပါတော့ တဲ့
ရှာဖို့လွယ်အောင် ကိုယ့်ကိုကိုယ် မေးခွန်း ၂ ခွန်းအရင်မေးရပါမယ်
ငါသည် အမှားထဲက ဘာကို သင်ခန်းစာ ထုတ်ယူခဲ့သလဲ
အဆိုးထဲက အကောင်းတွေက ဘာတွေလဲ
ပြန်မေးကြည့်ပါ အဆိုးထဲက အကောင်းတွေ ထွက်လာမှာပါ
တကယ်လို့များ ကိုယ်မှားခဲ့ဖူးတဲ့ အမှားကြောင့် နောင်တ တဖန်ပူပန်နေရအုံးမယ် ဆိုရင်
ဒီ မှော်ကျင့်စဉ် လေးကို ကျင့်ကြံကြည့်ပါ လို့ ဆိုချင်ပါတယ်
မနက်ဖန် လုပ်ရမှာတွေက
၁။ မိမိကိုယ်ကို ကံကောင်းတယ် လို့မှတ်ယူပြီး အတိတ်ပစ္စုပ္ပာန် ကံကောင်းခြင်း အချက် ၁၀ ချက်
ရေးပါ
တချက်ပြီးတိုင်း ကျေးဇူးတင်ပါတယ် ကို ၃ ကြိမ် ရေးပါ
၁ ကနေ ၁၀ ထိ ပြီးရင် တချက်ချင်းစီ ကို အသံထွက်ဖတ်ပါ
တချက်ပြီး တိုင်း ကျေးဇူးတင်ပါတယ် ကို ၃ ခါ အသံထွက်ဖတ်ပေးပါ
၂။ မိမိဘဝမှာ ပြုခဲ့ဖူးတဲ့ အမှားတခုကို ရွေးထုတ်ပါ
၃။ ထိုသို့ အမှားပြုရသည့်အတွက် မိမိကျေးဇူးတင်ရသော ကောင်းကွက် ၁၀ ကွက်ကို ရှာကြံ၍ ချရေးပါ။
၄။ ကောင်းကွက် ၁၀ ကွက် လွယ်လွယ်ကူကူထွက်လာဖို့ မိမိကိုယ်ကို မေးခွန်း ၂ ခုမေးပေးပါ
ငါသည် အမှားထဲက ဘာကို သင်ခန်းစာ ထုတ်ယူခဲ့သလဲ
အဆိုးထဲက အကောင်းတွေ ကဘာတွေလဲ ဆိုပြီးမေးပေးပါ
၅ ။ ညအိပ်ရာမဝင်ခင် မှော်ကျောက်ခဲလေး ကိုင်ပြီးတနေ့တာ ကြုံတွေ့ရသမျှ ကံကောင်းခြင်းတွေကို
ပြောပြပြီး ကျေးဇူးတင်ကြောင်းပြောပြီး ညအိပ်ရာဝင်ပေးပါ ။
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
မနက်ဖန် အတွက် ကျင့်စဉ်လေးပါ
Day 25 မှော်အရိပ် တဲ့
မှော်အရိပ် လို့ ဆိုလိုက်ထဲက မြင်လာသမျှ အာရုံတွေ ထဲမှာ ကိုယ့်အတွက် ကောင်းတဲ့အရိပ် ကောင်းတဲ့ အတိတ် လေးတွေ
ဖမ်းယူပြီး ကျေးဇူးတင်ပေးရမှာ ဖြစ်ပါတယ်
ဒီကျင့်စဉ်လေးကတော့ လောကကြီး နဲ့ ကစားရတယ် လို့ဆိုရမယ်
လောကကြီးက ပေးလာတဲ့ အရိပ်တွေ
သူကတော့မသိဘူးပေါ့ ကောင်းတာတွေ ဆိုးတာတွေ
ဒါပေမဲ့ အရိပ်ကတော့ သူ့ထုံးစံအတိုင်း ပေးနေတာပါပဲ
ဒါကို ကိုယ်က ကိုယ့်အတွက် ကောင်းတဲ့ဘက်က လှည့်တွေး ကျေးဇူးတင်ပြီး
ကိုယ်လိုချင်တဲ့ မှော်အရိပ်အဖြစ် ဆွဲယူပြီး ကျေးဇူးတင်ပေးရမှာ ဖြစ်ပါတယ်
ဆရာမကြီးကတော့ သူ့အတွက် ဒီကျင့်စဉ်က အကြိုက်ဆုံး ကျင့်စဉ်ပါပဲ တဲ့
ဥပမာ လောကကြီးက ပေးတဲ့ မှော်အရိပ်က လူနာတင်ယာဉ်ရဲ့ ဥဩသံ
ဒါပေမဲ့ ဒီအသံကို ကြားတာနဲ့ ကိုယ်က ချက်ချင်း ခုချိန်ထိ ကောင်းနေသေးတဲ့
ကိုယ့်ကျန်းမာရေး ကို ကျေးဇူးတင်ပေးရမှာ ဖြစ်ပါတယ်
ရဲကားသံ ကြားမယိ ကိုယ့်ရဲ့ ဘေးကင်းလုံခြုံနေတာကို ကျေးဇူးတင်ပေးမယ်
မနက်မိုးလင်း အိပ်ရာထတယ် မင်္ဂလာပါ လို့ တယောက်က နှုတ်ဆက်ရင်
ဒီနေ့တော့ မင်္ဂလာရှိတဲ့ နေ့လေး ဖြစ်တော့မယ် ဆိုပြီး မှော်အရိပ်ဖမ်းပြီး ကျေးဇူးတင်ပေးရပါမယ်
ဆရာမကြီးကတော့ သူ့အတွက် ဒါဟာ နေ့စဉ် ကစားပွဲတခုလိုပါပဲတဲ့
အလေ့အကျင့်ရလာတဲ့အခါ လောကကြီးကာသူ့ကို ပြတဲ့ မှော်အရိပ်မှန်သမျှ ကို သူ့အလိုလို မြင်နေတာ ဖြစ်တဲ့ အတွက်
အရိပ်တိုင်း ကို ကျေးဇူးတင်နေပါတယ် တဲ့
နံနက်ခင်း လိုက်ကာဖွင့်လို့ နေရောင်ခြည် မြင်ရတဲ့အခါ ကံကောင်းတဲ့ တစ်နေ့လုံးကို ကျေးဇူးတင်ပေးဖို့
မှော်အရိပ် ဖြစ်ပါတယ်
ညအခါ လိုက်ကာပိတ်တဲ့အခါ မိမိကံကောင်ူခဲ့သောနေ့ အဖို့ ကျေးဇူးတင်ဖို့ မှော်အရိပ် ဖြစ်ပါတယ်
မနက်ဖန်မှာ လုပ်ရမှာတွေက
၁။ မိမိကိုယ်ကို ကံကောင်းတယ် လို့မှတ်ယူပြီးအတိတ် ပစ္စုပ္ပာန် ကံကောင်းခြင်း ၁၀ ချက်ရေးပါမယ်
တချက်ပြီးတိုင်း ကျေးဇူးတင်ပါတယ် ၃ ကြိမ် ရေးပါ
၁ ကနေ ၁၀ ထိ ရေးပြီးရင် တချက်ချင်းစီအသံထွက်ဖတ်ပါ
တချက်ပြီးတိုင်း ကျေးဇူးတင်ပါတယ် ကို ၃ ကြိမ် အသံထွက် ရွတ်ဖတ်ပေးပါ
၂။ မနက်ဖန်မှာ ကိုယ့်အနီးအနား ပတ်ဝန်းကျင်က အဖြစ်အပျက်တွေကို သတိထားကြည့်ပြီး ကျေးဇူးတရား ပွါးများဖို့ မှော်အရိပ်ဖမ်းပါမယ်
အနည်းဆုံး ၇ ခု ရအောင် ဖမ်းယူပါမယ်
၃။ ညအိပ်ရာဝင်တဲ့ အခါ တနေ့တာ ရဲ့ ကံကောင်းခြင်းတွေကို မှော်ကျောက်ခဲလေးကို ပြောပြီး ကျေးဇူးတင်ပြီး ညအိပ်ရာဝင်ပါမယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
မနက်ဖန်အတွက် ကျင့်စဉ်လေးပါ
Day 24 ကြိမ်စကြာ တဲ့
ဒီ ကျင့်စဉ် လေးကတော့ သူတပါးအတွက် ကိုယ်က ပြုလုပ်ပေးရတဲ့ ကျင့်စဉ်လေးပါ
ကိုယ့်မှာသာ Wand လေး တချောင်းရှိရင် သိပ်ကောင်းမှာပဲလို့ တွေးမိဖူးကြလား
Wand လေးရှိရင် သူတပါးရဲ့ အခက်အခဲ တွေ ဆဖြရှင်းပေးလို့ရတယ်လေ
Cinderella လေးကို သူ့ရဲ့ fairy god mother က ကူညီ သလိုပေါ့
လိုချင်တာ ဖြစ်ချင်တာ ဖန်ဆင်းပေးနိုင်သလို အခက်အခဲ တွေလဲ ဝိုင်းပြီး ဖြေရှင်းပေးလို့ရတာပေါ့
အခုကတော့ Wand လေး နဲ့ တင်စားထားတာပါ
တကယ်က သူအဆင်ပြေပါစေ ဆိုတဲ့ စိတ်လေးနဲ့ သူ့ကို မေတ္တာပို့သလို
သူ ဖြစ်ချင်တာ ဖြစ်သွားလို့ ပျော်ရွှင်နေတဲ့ ပုံလေး အာရုံယူပြီး ကျေးဇူးတင်ပေးဖို့ပါ
သူတပါး အတွက်တောင် ကျေးဇူးတင်ပေးရတဲ့ အဆင့်ရောက်နေပြီ ဆိုတော့
ကိုယ်လဲ ကျေးဇူးတရားတွေ ကိုယ့်ရဲ့ အတွင်းအဇ္စျတထဲ ဘယ်လောက်တောင် ရောက်နေပြီလဲ ဆိုတာ ခန့်မှန်းလို့ရနေပါပြီ
ကိုယ့်အတွက် ကိုယ်တောင် မဟုတ်တော့ဘူး
သူတပါးအတွက် တောင် ကျေးဇူးတရားဘာဝနာ သုံးပေးလို့ရနေရင်
ကိုယ်လဲ ကျေးဇူးတရား မှော်အောင်နေပြီ လို့သာမှတ်လို့ရပါပြီ
တကယ်လိုက်လုပ်နေသူတွေကိုသာ ရည်ညွှန်းတာပါနော်
သူတပါးကို ကျန်းမာ ချမ်းသာ အောင် စိတ်ထားနိုင်ရင် ကိုယ်လဲ ကျန်းမာ ချမ်းသာရပါတယ်
တူသောအကျိုး ကိုခံစားရပါတယ်
မနက်ဖန်မှာ လုပ်ရမှာတွေက
၁။ မိမိကိုယ်ကို ကံကောင်းတယ် လို့မှတ်ယူပြီး အတိတ် ပစ္စုပ္ပာန် ကံကောင်းခြင်း အချက် ၁၀ ချက်
ရေးပါမယ်
တချက်ရေးပြီးတိုင်း ကျေးဇူးတင်ပါတယ် ကို ၃ ကြိမ်ရေးပါမယါ
၁ ကနေ ၁၀ ထိ ရေးပြီးရင် တချက်ချင်းစီ အသံထွကါဖတ်ပါမယ်
တချက်ပြီးတိုင်း ကျေးဇူးတင်ပါတယ် ကို ၃ ကြိမ် အသံထွက် ရွတ်ဖတ်ပေးပါ
၂။ မိမိ ကျန်းမာ ချမ်းသာ ဝမ်းသာ စေလိုတဲ့ ကိုယ်ချစ်ရတဲ့ သူ ၃ ယောက်ကိုရွေးပါ
၃။ ရွေးချယ်ပြီး တစ်ဦးစီ ရဲ့ ဓာတ်ပုံရလျှင် ကြိမ်စကြာကျင့်စဉ် ကို ကျင့်နေစဉ် မိမိရှေမှာ ထားပါ
၄။ တစ်ကြိမ်လျှင် တစ်ဦး ဓာတ်ပုံကိုင်ပါ။ မျက်စိမှိတ်၍ သူ ပကတိအတိုင်း ကျန်းမာ ချမ်းသာ ဝမ်းသာ
သည့်အတွက် မိမိကို ပြောပြနေသည့်ပုံကို တစ်မိနစ်
တိုင် စိတ်ကူးပုံဖော်ပါ။
၅။ မျက်စိဖွင့်၍ မိမိလက်ထဲရှိသော ဓာတ်ပုံ နှင့်တကွ
သူ့နာမည် ကို ခေါ်ပြီး ကျန်းမာ ချမ်းသာ ဝမ်းသာနေလို့ ကျေးဇူးတင်ပါတယ် ၃ ကြိမ် ရွတ်ပေးပါ။
၆။ တစ်ဦး ပြီး တစ်ဦး ဖြင့် ၃ ဦး ကို ဒီကျင့်စဉ်လေး ကျင့်ပေးပါ။
၇။ ညအိပ်ရာမဝင်ခင် မှော်ကျောက်ခဲလေးကိုင်ပြီး တနေ့တာ ကြုံတွေ့ရသမျှ ကံကောင်းခြင်းတွေ သူ့ကို ပြောပြီး ကျေးဇူးတင်ကြောင်း ပြောပြီး ညအိပ်ရာဝင်ပေးပါ
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
မနက်ဖန် အတွက် ကျင့်စဉ်လေးပါ
Day 23 ဝင်လေ ထွက်လေ မှော်လေ တဲ့
မနက်စောစော အိမ်အပြင်ထွက် လမ်းလျှောက်ပြီး လေရှူရှိူက် နိုင်လို့ ထူးခြားတဲ့ လူ တစ်ယောက်အဖြစ် ပြန်လာတဲ့အခါ ဝမ်းသာကြည်နှူးရတယ် မှော်အစွမ်းတွေ ရတယ်
ဆရာမကြီး Rhonda Byrne က ဒီလို ပြောပါတယ်
လွန်ခဲ့တဲ့ သုံးလေးနှစ် လောက်ကသာ လူတစ်ယောက်က သူ့လာပြီး မိမိ ရှူရှိူက်နေတဲ့ လေ ကို ကျေးဇူးတင်ရမယ်ဆိုရင် တဲ့ သူက အဲ့လူ ရူးနေပြီ လို့ပဲ သတ်မှတ်မှာ တဲ့
ဘာကြောင့် ဒီလေ ကို ကျေးဇူးတင်ရမှာလဲ အဓိပ္ပာယ်မရှိလိုက်တာ လို့ တွေးမိမှာ တဲ့
ဒါပေမဲ့ ကျေးဇူးတရားကို ကျင့်သုံးရာကနေ ပြီး ကိုယ်တန်ဖို့းမထားခဲ့တဲ့ အရာတွေက
ကိုယ့်အတွက် အံ့ဖွယ်အတိ ဖြစ်နေတာကို တွေ့ရပါတော့တယ် တဲ့
ဒီတော့ ကိုယ်ရှူရှိုက်ရတဲ့ မှော်လေ ဆိုတာ မတော်တဆ ရှူရှိုက်ရတာမဟုတ်ဘူး တဲ့ ကံ ချည်းသက်သက် ကြောင့်လဲ မဟုတ်ဘူး တဲ့
ဒီ လေ ကိုရဖို့ လောကကြီး အကြောင်း လေးလေးနက်နက် စဉ်းစားပြီး တချက် ရှူရှိူက်လိုက်ပါတဲ့
မိမိ ခန္ဓာကိုယ်ထဲ ကို လေဝင်လေထွက်ခြင်း သည် အမှန်ပင် ရင်သပ်ရှူမောစရာ ကောင်းတယ် ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်
ရှူလိုက်တဲ့ လေ ထဲပါတဲ့ အောက်ဆီဂျင်တွေဟာ ခန္ဓာကိုယ်ထဲ မှာရှ်တဲ့ ကလပ်စည်းတွေထဲထိ စိမ့်ဝင်
သွားတာ တွေ့ရပါမယ် တဲ့
ဒါကြောင့်လဲ ကိုယ်တွေ အသက်ရှင်နေရတာ ဖြစ်ပါတယ်
လေ ဆိုတာ မိမိတို့ဘဝ မှာ တန်ဖိုး အကြီးမားဆုံး လက်ဆောင်ပဲ ဖြစ်ပါတယ်
ယနေ့အဖို့ ကိုယ်ရှူလိုက်တဲ့လေဟာ ကောင်းမြတ်တဲ့ လေ ဖြစ်ကြောင်း စဉ်းစားကြည့်ပါတဲ့
ဝင်လေ ငါးချက် ကိုဖြေးဖြေးမှန်မှန် ရှူသွင်းပြီး ခန္ဓာကိုယ်ထဲ လေ တွေ ဖြတ်သန်းဝင်ရောက်သွားတာ
ကို ခံစားပါ
ပြီးရင် ဝမ်းမြောက်ဝမ်းသာ ရှူထုတ်လိုက်ပါတဲ့
မနက်ဖန်မှာ ငါးကြိမ်ခွဲ၍ ဝင်လေ ထွက်လေ ငါးချက် အပြည့်ရှူရှိုက်ပါ
ငါးချက် တကြိမ် ပြီးတိုင်း
ငါရှူရှိူက် လိုက်သော မှော်လေ ကို ကျေးဇူးတင်ပါတယ်
ဆိုပြီး မှော်ဂါထာလေး ရွတ်ဆိုပြီး တကယ်ကို ကျေးဇူးတရား ပွါးများ ပေးပါ
ဒီကျင့်စဉ် ကိုတော့ လေကောင်းလေသန့်လေး ရအောင် အိမ်အပြင်မှာ
ထွက်လုပ်စေချင်ပေမဲ့ မထွက်နိုင်သူတွေ အတွက်ကတော့ အိမ်ထဲကနေ ပဲ လုပ်ဖို့ အကြံပြုပါတယ်
အမှန်ကတော့ ဒီကျင့်စဉ်ဟာ လေ ကို ရှူရှိူက်တာက အဓိက မဟုတ်ပါဘူး
ရှူရှိူက်လိုက်တဲ့ လေ ကို ကျေးဇူးတင်ဖို့က အဓိကပါ
ရှူသွင်း ပြီး ရှူထုတ်ချိန်မှာ ကျေးဇူးတင်ပါတယ် လို့ စိတ်ထဲကဖြစ်စေ အသံထွက်ပြီး ဖြစ်စေ ပြောပေးရမှာပါ
ဒီကျင့်စဉ်က အမြဲထာဝရ ကျင့်ကြံသွားလို့ရပါတယ်
ရှူသွင်း/ ထုတ် ကို အာရုံယူ ကျေးဇူးတင်နေမှတော့ သမထဘာဝနာ တမျိုးလို့တောင် ပြောလို့ရပါတယ်
ဒါကို တင်စားပြီး ထွက်ရပ်ပေါက် ကျင့်စဉ်လို့ ပြောလို့ရပါတယ်
ရှူရှိူက်လိုက်တဲ့ အခါတိုင်း ကျေးဇူးတရားနဲ့ ရှူသွင်း/ထုတ် လုပ်နေတာမို့
မိမိ မှာကျေးဇူးတရားတွေ နဲ့ ခန္ဓာကိုယ် cells တွေထဲထိ ပျံနှံ နေပြီ လို့ဆိုလို့ရပါတယ်
ကိုယ် ရှူရှိုက် လိုက်တဲ့လေ ကို နက်နက်နဲနဲ ကျေးဇူးတရား ပွါးတဲ့ အဆင့်သို့ ရောက်ရှိသောအခါ သူသည် ကျေးဇူးတရားဖြင့် သိဒ္ဓိတမျိုး ရလေပြီ ဖြစ်ရာ
ထွက်ရပ်ပေါက်သဖြင့် လောကမှာ ရွှေ ငွေ ဖြစ်စေနိုင်ပါတော့တယ်
မနက်ဖန် အတွက် လုပ်ရမှာတွေက
၁။ မိမိကိုယ်ကို ကံကောင်းတယ် လို့မှတ်ယူပြီး အတိတ်ပစ္စုပ္ပာန် ကံကောင်းခြင်း ၁၀ ချက်ရေးပါ
တချက်ပြီးတိုင်း ကျေးဇူးတင်ပါတယ် ၃ ကြိမ်ရေးပါ
၁ ကနေ ၁၀ ပြီးရင် တချက်ချင်းစီကို အသံထွက်ဖတ်ပါ
တချက်ပြီးတိုင်း ကျေးဇူးတင်ပါတယ် ၃ ကြိမ် အသံထွက် ဖတ်ပေးပါ
၂။ မနက်ဖန်မှာ ငါးကြိမ် ရတဲ့ အချိန်တိုင်းမှာ ဝင်လေ ထွက်လေ ၅ ကြိမ် ဖြည်းဖြည်း မှန်မှန် ရှူသွင်း / ထုတ်လုပ်ပေးပါ
ကိုယ့်ခန္ဓာကိုယ် ထဲ ဖြတ်သန်းသွားတဲ့လေ ရဲ့ အထိအတွေ့ ကိုခံစားကာ ဝမ်းမြောက်ဝမ်းသာ ရှူထုတ်
ပေးပါ
၃။ ဝင်လေ ထွက်လေ ၅ ချက် ရှူထုတ်ပြီး
ငါရှူရှိူက်လိုက်တဲ့ မှော် လေ ကို ကျေးဇူးတင်ပါတယ် ဟူသော မှော်ဂါထာလေးကို ရွတ်ဆိုပေးပါ။
၄။ ညအိပ်ရာမဝင်ခင် မှော်ကျောက်ခဲလေးကိုင်ပြီးတနေ့တာ ကြုံတွေ့ရသမျှ ကံကောင်းခြင်းတွေပြောပြီး ကျေးဇူးတင်ကြောင်း ပြောပြီး ညအိပ်ရာဝင်ပေးပါ
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
Day 22 မှော်ကျင့်စဉ်
မနက်ဖန် အတွက် လုပ်ရမှာလေး တွေကတော့
၁။ မိမိကိုယ်ကို ကံကောင်းတယ်လို့ မှတ်ယူပြီး အတိတ်
ပစ္စုပ္ပာန် ကံကောင်းခြင်း အချက် ၁၀ ချက်ရေးပါ။
တချက် ပြီးတိုင်း ကျေးဇူးတင်ပါတယ် ၃ ကြိမ်ရေးပါ
၁ ကနေ ၁၀ ထိ ရေးပြီးရင် တချက်ချင်းစီ အသံထွက် ဖတ်ပေးပါ
တချက်ဆုံးတိုင်း ကျေးဇူးတင်ပါတယ် ကို ၃ ကြိမ် အသံထွက် ရွတ်ဖတ်ပေးပါ
၂။ မနက်ဖန်မှာ မိမိ အဖြစ်ချင်ဆုံးဆန္ဒ ၁၀ခု ကိုရေးပါ
၃။ ထိုဆန္ဒ ၁၀ ခုမှ တခုစီကို ဖတ်ရှုကာ မိမိ အလိုဆန္ဒ
ပြည့်ဝပြီးသကဲ့သို့ စိတ်ကူးပုံဖော်၍
ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ဟု ကျေးဇူးတရားပွါးများပါ ။ ယနေ့အဖို့ အနည်းဆုံး ၂ ကြိမ် ဖတ်ရှုပေးပါ
၄။ ညအိပ်ရာမဝင်ခင် မှော်ကျောက်ခဲလေးကို ကိုင်ပြီး
တနေ့တာ ကြုံတွေ့ရသမျှ ကံကောင်းခြင်းတွေကို ပြောပြီး ကျေးဇူးတင်ကြောင်း ပြောပြီး ညအိပ်ရာဝင်ပေးပါ
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
မနက်ဖန် အတွက် ကျင့်စဉ် လေးပါ
Day 21 ကောင်းကျိုးချမ်းသာ တဲ့
ကိုယ် လုပ်ဆောင်မဲ့ ကိစ္စ တွေမှာ ကောင်းကျိုးချမ်းသာ နဲ့ ပြည့်စုံ ဖို့ဆိုရင်
ဘာပဲလုပ်လုပ် မလုပ်ခင် ကျေးဇူးတင်ပေးပါတဲ့
ထမင်းမစားခင်လဲ ကျေးဇူးတင်တယ်
အဆိုပွဲ အော်ပရာ ပွဲတွေ မကခင် မဆိုခင်လဲ ကျေးဇူးတင်တယ်
ဆေးမခြယ်ခင် ရေမကူးခင် လက်ဝှေ့မထိုးခင် ကျေးဇူးတင်တယ်
ဒါတင်ပဲလား ဆို စာရေးဖို့ ကလောင်ပြင်တာလဲ ကျေးဇူးတင်ရတာပဲ
မိမိတို့တွေဟာ မိမိပြုသမျှ ကောင်းကျိုးချမ်းသာ ကို ရချင်ကြတယ်
အမှု့ကိစ္စ တခုပြုခင် ကျေးဇူးတင်ပေးရင် မိမိအလိုရှိရာ မလွဲမသွေ ရရှိစိမ့်သောငှါ ကျေးဇူးတရားရဲ့ မှော်အစွမ်းကို ကျင့်သုံးခဲ့တာပဲ ဖြစ်ပါတယ်
ဒါလေး ကောင်းသွားဖို့ ငါမျှော်လင့်တယ်
ဒါလေး အဆင်ပြေလာဖို့ ငါမျှော်လင့်တယ်
ငါကံကောင်းမှ ဖြစ်မယ် ဆိုပြီး မိမိ တွေးထင်ခဲ့တဲ့ အချိန်ကာလ တွေ ရှိမှာပဲနော်
ဒါဟာလဲ ကောင်းကျိုးချမ်းသာ ကို မျှော်လင့်ခြင်းပါပဲ
ဒါဆို ကိုယ်ပြုသမျှ ကောင်းကျိုးချမ်းသာ ရချင်ရင် Law of attraction ကိုလဲ အားကိုးရမှာပါပဲ
မိမိ အဖို့ ကောင်းကျိုးချမ်းသာရဖို့ဆိုရင် မိမိရဲ့ မနောကံ နဲ့ ကျေးဇူးတရား ဘာဝနာ ကို ပေါင်းစပ်ပြီး
ကျေးဇူးတရား ပွါးများခြင်းသည်သာ အရိုးရှင်းဆုံး လမ်းများအနက် တစ်လမ်း ဖြစ်ပါတယ်
ကောင်းကျိုးချမ်းသာ ကျင့်စဉ် ဆိုတာ မိမိကောင်းစေလိုရာ တခုခုကို မပြုမီ ကျေးဇူးတင်ပေးခြင်းဖြစ်တယ်
ဥပမာ အလုပ်သွားရတဲ့ ကောင်းကျိုးချမ်းသာ
အင်တာဗျူးသွားရသည့် ကောင်းကျိုးချမ်းသာ
အစည်းအဝေးထိုင်ရတဲ့ ကောင်းကျိုးချမ်းသာ
ဒီအလုပ်တွေ အပေါ် ကောင်းကျိုးချမ်းသာရဖို့ဆိုရင်
မိမိက ကျေးဇူးတရားရဲ့ မှော်အစွမ်းကို ယုံကြည်ရင် မိမိလက်ချောင်းလေးတွေကို လေထဲဝှေ့ယမ်းပြီး
ကောင်းကျိုးချမ်းသာရလို့တဲ့ ကိစ္စ ကို စိတ်ကူးပုံဖော်ပြီး ရနေပြီ ဆိုပြီး
ကျေးဇူးတင်ရင်း မှော်အမှုန်လေးတွေ ဖြန်းပေးရမှာဖြစ်ပါတယ်
ကိုယ်က ကိစ္စတခုခု ကြားရတိုင်း ဆိုးလိုက်တာ အဆင်မှပြေပါ့မလား တွေးနေမဲ့အစား
ဒီကိစ္စ နဲ့ ပတ်သက်ပြီး ကောင်းကျိုးချမ်းသာ ရနေပြီ ဆိုပြီး ကျေးဇူးတင်ပေးပါ
ကျေးဇူးတရား ဆိုတာ ဆိုးကျိုးဆိုတဲ့ ကိုယ်အလိုမရှိရာကို မဖြစ်အောင် ကာကွယ်ပေးပါတယ်
ကောင်းကျိုးချမ်းသာ ကို နေ့စဉ် ကျင့်ကြံ၍ နေ့စဉ် အလေ့အကျင့် ဖြစ်လာလေလေ
ကိုယ့်ဘဝ အတွက် ကောင်းကျိုးချမ်းသာရလေပါပဲ
မနက်ဖန် အတွက် လုပ်ရမှာလေး တွေကတော့
၁။ မိမိကိုယ်ကို ကံကောင်းတယ်လို့ မှတ်ယူပြီး အတိတ်ပစ္စုပ္ပာန် ကံကောင်းခြင်း အချက် ၁၀ ချက်
ရေးပါ
တချက် ပြီးတိုင်း ကျေးဇူးတင်ပါတယ် ၃ ကြိမ်ရေးပါ
၁ ကနေ ၁၀ ထိ ရေးပြီးရင် တချက်ချင်းစီ အသံထွက် ဖတ်ပေးပါ
တချက်ဆုံးတိုင်း ကျေးဇူးတင်ပါတယ် ကို ၃ ကြိမ် အသံထွက် ရွတ်ဖတ်ပေးပါ
၂။ မနက်ဖန်မှာ မိမိ အလိုရှိရာ အကြောင်းအရာ အတွက် ကောင်းကျိုးချမ်းသာရစေဖို့
အရေးကြီးတဲ့ အရာ ၃ ခု ရွေးပါ
၃။ အရေးကြီးတဲ့အရာ ၃ ခု စာရင်းပြုစု၍ ဖြစ်ပြီး မှ ရေးသားနေသည့် ဟန် ဖြင့် တခု စီ တခုစီ ကို ရေးသားပါ
——————— ကောင်းကျိုးချမ်းသာရလို့ ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ကျေးဇူး
တင်ပါတယ်
၄။ ညအိပ်ရာမဝင်ခင် မှော်ကျောက်ခဲလေးကို ကိုင်ပြီး
တနေ့တာ ကြုံတွေ့ရသမျှ ကံကောင်းခြင်းတွေကို ပြောပြီး ကျေးဇူးတင်ကြောင်း ပြောပြီး ညအိပ်ရာဝင်ပေးပါ
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Kaya 11 Street, Mingaladon
Yangon, 11021
Life Attains only by Maha Satipatthana Vipassana Meditation!
Yangon, W5CG+GMYANGON
Helping the people control their mind and do good action
Queen Palace, No(53/A) 89 Street Kandawlay, Township, Myanmar (Burma)
Yangon
We are Myanmar’s 1st meditation and life coaching app. Myanmar’s destination for a healthier m
Ahlone Road
Yangon
This is the home of Pranic Healing in Yangon and Myanmar. All details about events and workshops on Pranic Healing will be available here.
Yangon
၇ရက်သားသမီးအပေါင်းအားကယ်တင်နိုင်ရပါလို၏ လမ်းတံတားသိမ်ဇရပ်များကိုတတ်နိုင်တဲ့ဘက်က ပါဝင်ခွင့်ရရပါလို၏