The Banner Preschool and Edu Centre

Nurturing Young Minds with Nature

Photos from The Banner Preschool and Edu Centre's post 28/06/2024

Today, they tried out Myanmar traditional snack, Hta-Ma-Nae.
Some students take notes the recipes.
They did all the tasks together.
It's so delicious.

Well done, kids.

27/06/2024

A wondrous thing!! ☺️

Photos from The Banner Preschool and Edu Centre's post 27/06/2024

Open-ended toys arise kids' creation. They can imagine whatever they build.

🍀🍀🍀

Photos from The Banner Preschool and Edu Centre's post 25/06/2024

🌻🌻🌻
Our 2nd Grade students walked in the street and found out the living things.

Especially, they enjoyed the nature with some flowers.

Photos from The Banner Preschool and Edu Centre's post 25/06/2024

🍀🍀🍀 မြန်မာ့ရိုးရာ ကစားနည်းများ ကစားခြင်း🍀🍀🍀

အတူစုပေါင်း ကစားနည်းများအဖြစ်
🌻ရွှေစွန်ညို
🌻ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ
🌻 တင်းတင်းတောင် ကစားနည်းတွေကို ပျော်ရွှင်စွာ ကစားကြပါတယ်။

25/06/2024

An important reminder. 🌲❤️

Photos from The Banner Preschool and Edu Centre's post 24/06/2024

🍀🍀🍀
Last Friday, Our 3rd Grade and 2nd Grade students did crocheting to build the capacity to concentrate and focus.

Handwork is so good for the children to learn how to make beautiful and useful things with their hands.

24/06/2024

ကလေးလိမ္မာရေးခြားရှိရန်
မိဘတို့လုပ်ဆောင်ရမည့်အရာများ
=•=•=•=•=•=•=•=•=•=•=•=•=•=

ကလေးလိမ္မာရေးခြားရှိတယ်ဆိုတာ မိဘနဲ့ကလေးရဲ့
ကောင်းမွန်တဲ့ ဆက်ဆံရေးပတ်ဝန်းကျင်ကနေ
ဖြစ်ပေါ်လာတာပါ။ အဲလိုပတ်ဝန်းကျင်မှာ ကြီးပြင်း
ရတဲ့ကလေးတွေဟာ တာဝန်ယူလိုစိတ်ရှိခြင်း၊ စိတ်
တည်ငြိမ်မှုရှိခြင်း၊ ဥပဒေကိုလေးစားလိုက်နာခြင်း၊
စိတ်ချမ်းမြေ့ပျော်ရွှင်သော လူကြီးတစ်ယောက်အ
ဖြစ်ကြီးပြင်းလာခြင်းစတဲ့ အကျိုးကျေးဇူးများရရှိ
စေပါလိမ့်မယ်။ ထိုအကျိုးကျေးဇူးများရဖို့ မိဘတို့
လုပ်ဆောင်ပေးရမယ့်အရာများကတော့

၁။ ကလေးရဲ့အပြုအမူကောင်းကလေးများကို သတိ
ပြုပါ။ ထိုအပြုအမူကောင်းများအပေါ် ထောက်ခံ၊
ချီးမွမ်း၊ ဂရုစိုက် အားပေးပါ။

၂။ ကလေးပြောတာကို အရုံစိုက်နားထောင်ပါ။ အလုပ်
ရှုပ်နေ၍ဆိုပြီးလှစ်လျှူရှု မပစ်ပါနဲ့။ မအားသေး
လျှင် ကလေးနဲ့ဆွေးနွေးရန် အချိန်တစ်ခုပေးပါ။
ပေးထားသည့်အချိန်ကို မေ့မထားဘဲလိုက်နာပါ။

၃။ ကလေးရဲ့ခံစားမှုများကို ထုတ်ဖော်ခွင့်ပေးပါ။
ကလေးမှန်ကန်စွာစိတ်လှုပ်ရှားတတ်ရန် သူ့ခံစား
မှုကို(သူဒေါသထွက်နေချိန်မှာပင်) နှုတ်မှ ဖော်ပြ
ခိုင်းပါ။ ဒေါသထွက်တဲ့ခံစားမှုကို နှုတ်နဲ့ပြောလို့
ရသည်၊ ဆူပူပေါက်ကွဲ၍မရကြောင်း​ပြောပေးပါ။

၄။ ကလေးကိုဆုံးမသည်အခါ အရိုးရှင်းဆုံး၊
တိုက်ရိုက်အကျဆုံးစကားလုံးများကို လိုတိုရှင်း
ပြောပါ။ ကလေးနားမလည်နိုင်သော မပြီးနိုင်မစီး
နိုင်သော လက်ချာများ မပေးပါနဲ့။ မိမိကိုယ်ကို
ကိုယ်ရည်သွေးသော၊ ကျေးဇူးရှင်ကြီးအဖြစ်
ဂုဏ်ဖော်သောစကားများ မသုံးပါနဲ့။

၅။ ကလေးကိုတစ်ခုခု ညွှန်ကြားသောအခါ အေးဆေး
တည်ငြိမ် ရှင်းလင်းပြတ်သားသော အသံဖြင့်ပြော
ပါ။ ဒေါသသံမပါအောင်ထိန်းပါ။ ကလေးနဲ့ မျက်
လုံးခြင်းဆုံအောင်ကြည့်ပါ။

၆။ ခွင့်ပြုမည့်အရာ-ခွင့်မပြုသည့်အရာများကို တစ်
သမတ်တည်းဖြစ်ပါစေ။ ဥပမာ-တစ်နေ့က
သကြားလုံး ၅လုံးစာရန် ခွင့်ပြုပြီး နောက်နေ့ တွင်
မစားရ တားမြစ်ခြင်းသည် ကလေးအတွက်စည်း
ကမ်းဘောင်ကို နားလည် လိုက်နာဖို့ အခက်အခဲ
ဖြစ်စေပါတယ်။

၇။ ဆုံးဖြတ်ချက်ချဖို့လိုတဲ့အခါ ဘာကြောင့်ဆုံးဖြတ်
ရကြောင်း ကျိုး-ကြောင်းဆီလျှော်သော
အကြောင်းပြချက်ပေး၍ ရှင်းပြပါ။ ကလေးတို့
ဟာ ကျိုး-ကြောင်းဆီလျှော်သော နားလည်နိုင်
သော အကြောင်းပြချက်များကို လက်ခံတုံ့ပြန်
ပါလိမ့်မယ်။

၈။ ကလေးရဲ့ အသက်အဆင့်နဲ့ လျှော်ညီသောမျှော်
လင့်သတ်မှတ်ချက်ထားပါ။ ဥပမာ-၂နှစ်သား
အရွယ်ကလေးငယ်အပေါ် ဒေါသူပုန်မထဖို့ မျှော်
လင့်ထား၍မရ။ သို့သော် ၇နှစ်သားအရွယ်ကလေး
ငယ်ကိုမူ စိတ်လှုပ်ရှားမှုထိန်းသိမ်းဖို့မျှော်လင့်နိုင်
ပါတယ်။

၉။ သင်ပြောတဲ့အတိုင်း သင်လုပ်ပါ။ ကျင့်သုံးပြပါ။
စောင့်ထိန်းကတိတည်ပါ။ စံနမူနာပြပါ။ ကလေး
ရုတ်ရင်းကြမ်းတမ်းသော အသုံးအနှုန်းများမသုံး
စေလိုလျှင် သင်ကိုယ်တိုင်လည်း မသုံးမိအောင်
စောင့်ထိန်းပါ။

၁၀။ မှားသွားပါက မှားကြောင်းဝန်ခံတတ်ပါ။ ကလေး
အပေါ်မှာယွင်းအပြစ်တင်မိလျှင် “မေမေ မှားသွား
တယ်” စသဖြင့် ပြောဖို့ကြိုးစားပါ။ ကလေးက
လည်း သူမှားသွားလျှင် အမှားကို ဝန်ခံတတ်ဖို့
နားလည်လာပါလိမ့်မယ်။

၁၁။ အော်ဟစ်ခြိမ်းခြောက်ပြီး ကလေးကိုထိန်းချုပ်
ခြင်းကို ရှောင်ပါ။ ခြိမ်းခြောက်သောနည်းဟာ
ကလေးကို ထိန်းချုပ်ရန် အကောင်းဆုံးနည်း
မဟုတ်ပါ။

၁၂။ ကလေးကမလျှော်မကန် ပြုမူလျှင် ကလေးကို
အရှက်ခွဲခြင်း၊ ပစ်ထားခြင်း၊ မကောင်းအညွှန်း
တတ်ခြင်း၊ မချစ်တော့ဘူးပြောခြင်းတို့ရှောင်ပါ။
ကလေးစိတ်တွင် စွဲသွားပြီး သိမ်ငယ်ခံစားသွား
စေနိုင်ပါတယ်။

၁၃။ ကလေးတစ်ခုခုလုပ်၍မှားသွားလျှင် အမှားဆိုတာ
လုပ်မိတတ်ကြောင်း၊ မမှားအောင်ပြန်ပြင်၍ရ
ကြောင်း ပြောဆို ပြုပြင်ပြပါ။

၁၄။ ကလေးနှင့်ဆွေးနွေးရာတွင် ကလေးအကြောင်း
ပြပြောဆိုပြီးသည်အထိ၊ စိတ်ကြည်သာသွားသည်
အထိစောင့်ပါ။

၁၅။ ပြန်လည်စေ့စပ်ညှိနှိုင်းရန် အသင့်ရှိနေပါ။ တချို့
အရာများဟာ ရှိစေတော့ဟု ထားနိုင်သောအရာ
များဖြစ်နေတတ်ပါတယ်။ အခြားအပြုအမူများနဲ့
အစားထိုးရန် လိုကောင်းလိမ့်မယ်။

၁၆။ ညံဖျင်းသောအပြုအမူများအပေါ်အကြီးအကျယ်
အာရုံစိုက်ထားခြင်းကိုရှောင်ပါ။ အကျယ်ချဲ့
အပြစ်တင်မနေပါနဲ့။ မိမိ မကြိုက်ကြောင်း၊ ပြုပြင်
စေလိုကြောင်းသာပြောပါ။

-သင်တစ်ယောက်တည်း ပြဿနာရှိတာမဟုတ်။
ကလေးပြုစုပျိုးထောင်ရာမှာ မိဘတိုင်း စိန်ခေါ်
မှုများကြုံရတတ်ပါတယ်။ ဒါဟာ မိဘဘဝရဲ့
အစိတ်အပိုင်းတစ်ရပ်သာဖြစ်ပါတယ်။

ဒေါက်တာမြင့်လွင်(စိတ်ပညာ)

24/06/2024

Thanks for being a top engager and making it on to my weekly engagement list! 🎉 Emily Lay, Ei Lay, Nora Jon, May Lay

Photos from The Banner Preschool and Edu Centre's post 19/06/2024

🍀🍀🍀
Today, we did hand crocheting to build the capacity to concentrate and focus.

Handwork is so good for the children to learn how to make beautiful and useful things with their hands.

Photos from The Banner Preschool and Edu Centre's post 17/06/2024

🍀🍀🍀🍀
Homeschooling has gifted us with slow mornings and hearty meals on Fridays.

Learning life skills like cooking and cleaning are just as important as the bookwork we do. These girls will all know their way around a kitchen & how to pitch in with chores .

They seem to really enjoy being in the kitchen and learning to be more independent...

Photos from The Banner Preschool and Edu Centre's post 17/06/2024

ဒီနေ့ Happy Father's Day ပါ။

ဖခင်တို့ရဲ့ နက်ရှိုင်းသော ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးလုံခြုံမှုကို ကလေးတိုင်းရရှိကြပါစေ။

ကျွန်မတို့ကျောင်းက ကလေးလေးတွေရဲ့ ဖေဖေတွေ အတော်များများကလည်း အဝေးရောက်နေကြသူတွေပါ။

ဖေဖေတို့အတွက် သူတို့ ပြောချင်ရေးချင်တာလေးတွေကို စာစီခဲ့ကြပါတယ်။

Photos from The Banner Preschool and Edu Centre's post 12/06/2024

Fun Painting

ဆေးရောင်တွေနဲ့ ကစားရတာ ပျော်စရာပါ။
Hand Printing လုပ်နေတဲ့ အချိန် ခဏလေးအတွင်းမှာပဲ ပျော်ရွှင်မှု အတိုင်းအဆက များပြားလှပါတယ်။

12/06/2024

ကျွန်မတို့ The Banner ရဲ့ Logo အသစ်ကို စတင် မိတ်ဆက်ပါရစေ။

ခုချိန်မှာတော့ Facebook မှာ ပြောင်းလဲ သုံးစွဲထားခြင်းမရှိသေးပေမယ့် Telegram channel မှာတော့ စတင် အသုံးပြုနေပါပြီ။

ကလေးတို့ရဲ့ ကစားပျော်ရွှင်ကြတဲ့ ပုံရိပ်လေးတွေအပြင် မိဘများအတွက် ကလေးငယ်များအတွက် ပြုစုစောင့်ရှောက်‌ရေးဆိုင်ရာ နည်းဖြာဖြာနဲ့ စာအုပ်၊ စာဖတ်ညွှန်းများကိုလည်း မျှဝေသွားမှာ ဖြစ်ပါတယ်။

Telegram Channel လေးကိုလည်း join ထားနိုင်ပါတယ်ရှင်။

https://t.me/thebannerhomeschool

11/06/2024

An explorer from The Banner...

မိုးတွင်းက ပိုပျော်စရာကောင်းတယ်။
တီကောင်လေး ဘယ်လိုနေလဲ။
သူဘာတွေ စားလဲ။
အိပ်နေတာလား။

I wonder how they live in the ground...

Photos from The Banner Preschool and Edu Centre's post 11/06/2024

A day trip to People's Park and National Museum.

Photos from The Banner Preschool and Edu Centre's post 30/05/2024

ကလေးတို့ကို Homeschooling လုပ်ရခြင်း ရည်ရွယ်ချက်မှာ life skills တွေကို လက်တွေ့ လုပ်ဆောင်စေဖို့ အချက်လဲ ပါပါတယ်။

အတူတူ ချက်ပြုတ်စားသောက်ခြင်းကနေ တာဝန်ခွဲဝေယူတတ်မှု၊ ညှိနှိုင်းဆောင်ရွက်မှု၊ စီမံခန့်ခွဲတတ်မှုနဲ့ ကြိုတင်တွက်ဆ တွေးခေါ်တတ်မှုလေးတွေ ရနိုင်ပါတယ်။

Photos from The Banner Preschool and Edu Centre's post 30/05/2024

The Banner Preschool and Edu Centre က ကစားပျော်ရွှင်ကျောင်း အနေနဲ့ စခဲ့တာပါ။

ကလေးတို့အတွက် သဘာဝအတိုင်းသင်ယူနိုင်မယ့် ပတ်ဝန်းကျင်လေးတစ်ခုဖြစ်အောင် ဖော်ဆောင်နေပါတယ်။

အာရုံငါးပါးကို အခြေခံတဲ့ စူးစမ်းစရာ ပတ်ဝန်းကျင်လေး ဖြစ်စေရပါမယ်။

(တစ်ပုံချင်းစီမှာ caption လေးတွေနဲ့ပါ)

Photos from The Banner Preschool and Edu Centre's post 20/05/2024

🍀 Play is in the child, not in the toy🍀

ကလေးတို့ရဲ့ မီးဖိုချောင်လည်းဖြစ်၊ စားသောက်ဆိုင်လည်း ဟုတ်တဲ့နေရာ။

ရောင်းကြ ဝယ်ကြ။ အတူစားကြ။ ညှိနှိုင်းကြတဲ့နေရာ။

ဘာဂါ၊ ပီဇာ၊ ကြက်ကြော်၊ ရေခဲမုန့်၊ အအေး အကုန်ရတဲ့နေရာ....

19/05/2024

ကျွန်မတို့ ကျောင်းရဲ့ ပုံပြင် ဇာတ်ကောင်လေးပါ။

အိန်ဂျလာဖြစ်လိုက်၊ မကြည်ပြာဖြစ်လိုက်။

တောင်ပေါ်မှာ နေလိုက်၊ ကမ်းခြေသွားလိုက်နဲ့ ကျရာ ဇာတ်ရုပ်မှာ ကလေးလေးတွေ သဘောကျ နှစ်သက်ဖို့အတွက် ပါဝင်နေသူလေး...

Photos from The Banner Preschool and Edu Centre's post 17/05/2024

🍀💚 The benefits are endless.💚🍀

The benefits of scissors skills extend far beyond cutting paper.
They promote fine motor development, hand-eye coordination, spatial awareness, confidence, independence and especially pre- writing skills.

So, encourage your child to grab a pair of scissors and start snipping away- the benefits are endless.

Photos from The Banner Preschool and Edu Centre's post 17/05/2024

🍀🍉 A fun Science Lesson for Homeschoolers🍉🍀

They gather around and enjoy some freshly cut watermelon and tomato slices together.

As we savor the sweetness of the watermelon and the tanginess of the tomato, they think about the science they've learned today.

From photosynthesis to fruit anatomy and life cycle of a tomato, there's so much to discover in every bite.

Photos from The Banner Preschool and Edu Centre's post 16/05/2024

🍀 Scissors time and Learning the letters🍀

In our school, we nurture the children to learn through play.
We create enriching experience s that lay the foundation for future academic success and personal fulfillment.

Photos from The Banner Preschool and Edu Centre's post 16/05/2024

🍀🌞Playing sand in the mud kitchen🌞🍀

There was only the present moment and filled with laughter and friendship.
They played with sand and found joy in the simplest of moments.

02/05/2024

2024-2025 ပညာသင်နှစ်အတွက် The Banner Nature-based Homeschool ရဲ့ အတန်းများကို မေလ (၆) ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

မိဘများ ယနေ့ မေလ (၂) ရက်နေ့မှစ၍ လာရောက် ဆွေးနွေး အပ်နှံနိုင်ပါပြီ။

Photos from The Banner Preschool and Edu Centre's post 15/04/2024

The Banner Preschool and Edu Centre ရဲ့ နှစ်သစ်ကူး ကျောင်းပိတ်ရက်များမှာ ၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက်(သောကြာနေ့) မှ ၂၂ ရက် (တနလ်ာနေ့) ထိဖြစ်ပါတယ်။

နှစ်သစ်မှာ မိသားစုများအားလုံး လိုရာပန်းတိုင် ရောက်နိုင်ကြပါစေ၊ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်တောင်းအပ်ပါတယ်ရှင်။

25/03/2024

The Banner Preschool and Edu Centre ရဲ့ Year End Ceremony ကို ယခု ၂၀၂၄ ခုနှစ် မတ်လ (၃၁) ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်ရှင်။

၂၀၂၃-၂၀၂၄ စာသင်နှစ်မှာ ကလေးငယ်များကို အကောင်းဆုံး သင်ကြား စောင့်ရှောက်ပေးခဲ့ကြရလို့ ကျွန်မတို့ The Banner မှ ဆရာ၊ ဆရာမများက ကျေနပ်မိပါတယ်။ သဘာဝကို ချစ်မြတ်နိုးတတ်သော၊ resilience ရှိသော လူငယ်လေးများ ဖြစ်လာစေဖို့ဉာဏ်ပညာနှင့်ယှဉ်သော ချစ်ခြင်းမေတ္တာပြည့်၀တဲ့ ပတ်ဝန်းကျင်လေးတစ်ခုကိုကျွန်မတို့ ကြိုးစားဖော်ဆောင်နေပါတယ်။ ရည်ရွယ်ရင်းကတော့ လူသားဆန်သော စိတ်ဓာတ်အရည်အချင်းပြည့်၀သော အတ္တ ပရ မျှတသော၊ လူတော်လူကောင်း လူကြီးလေးတွေ ဖြစ်လာဖို့ပါပဲ။

ခုလို စာသင်နှစ်တစ်နှစ်ရဲ့ အဆုံးသတ်မှာ ကောင်းသော ငယ်ဘ၀ အမှတ်တရသာ ကျန်စေခြင်း ရည်ရွယ်သောကြောင့် မိမိတို့ကလေးငယ်လေးများ၏ ချစ်စဖွယ်လှုပ်ရှားမှုလေးတွေကို လာရောက်ကြည့်ရှုအားပေးဖို့ ဖိတ်ကြားအပ်ပါတယ်ရှင်။

Photos from The Banner Preschool and Edu Centre's post 05/02/2024

Gardening Lesson အကြောင်း တစ်စေ့တစောင်း

ဒီနေ့မှာတော့
Gardening Lesson ဆိုတာဘာလဲ။

ဒီသင်ခန်းစာလေးတွေ ပြီးတဲ့နောက်မှာကလေးတို့အတွက် ဘာအကျိုးကျေးဇူးတွေ ရသွားလဲ။

အိမ်မှာလည်း စိုက်လို့ရနေတာပဲ ဒါမျိုးထပ်လိုအပ်သေးလို့လား ဆိုတဲ့ မေးခွန်းအကြောင်းအရာလေးတွေကို မျှဝေပေးချင်ပါတယ်။

Gardening Lesson ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကိုယ်နေထိုင်ရာ ကမ္ဘာကြီးကို ချစ်မြတ်နိုးတတ်စောင့်ရှောက် တန်ဖိုးထားတတ်သူလေးတွေ ဖြစ်လာဖို့ အစပျိုးပေးလိုက်ခြင်းပါပဲ။

ဘာတွေဆွေးနွေးကြလဲ ဆိုတော့ အပင်ရဲ့အခြေခံလိုအပ်ချက်တွေ၊ အပင်အုပ်စုတွေအကြောင်း၊ မြေဆီလွှာနဲ့ သဘာဝမြေဩဇာတွေအကြောင်း၊ ဥယျာဉ်ခြံစိုက်ပျိုးရာမှာ အသုံးပြုတဲ့ Gardening tools တွေအကြောင်း စသဖြင့် ဆွေးနွေးကြပါတယ်။

Lesson လို့ပြောပေမယ့် ကျွန်မတို့ဟာ follow the child ဆိုတဲ့အတိုင်း ကလေးတွေကိုသာ ဦးဆောင်ဆွေးနွေးစေပြီး သူတို့ အချင်းချင်းပူးပေါင်းဆောင်ရွက်မှု၊ အမြင်မတူတဲ့ဆွေးနွေးမှု အားလုံးကို လက်ခံကြိုဆို သူတို့ရဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်တတ်စေခဲ့ပါတယ်။

လက်တွေ့စိုက်ပျိုးတာ၊ ဂရုစိုက်ပြုစုစေတာ၊ စောင့်ဆိုင်းတတ်စေတာကိုလည်း လုပ်ဆောင်စေခဲ့လို့ သူတို့ရဲ့ တာဝန်ယူတတ်မှုအပိုင်းလေးတွေကိုလည်း ဖွံ့ဖြိုးလာစေပါတယ်။

ကျောင်းသားလေး တစ်ယောက်ဆို အမေနဲ့အတူ ဈေးရောက်တဲ့အခါ မျိုးစေ့လေးတွေဝယ်လာပြီး သူစိုက်ချင်တယ်ဆိုတဲ့အကြောင်း ပြောလာပါတယ်။ ဘယ်လောက် အကျိုးကျေးဇူးများလဲနော်။

အပင်လေးတွေစိုက်ပျိုးလို့ ရှင်သန်လာတာကို ကြည့်ပြီး သူတို့လေးတွေရဲ့ self-esteem ကလည်း တစ်နည်းတစ်လမ်း မြင့်တက်လာပါတယ်။

အိမ်မှာ စိုက်ချင်လာဖို့အတွက် ကျွန်မတို့ကလေးတွေ စိတ်ကူးရလာတာ၊ လက်တွေလုပ်လာတာ၊ အပင် တစ်ပင်မြင်တာနဲ့ Creeper လား Climber လားဆိုပြီး ဆွေးနွေးပြောဆိုသံတွေက ကျွန်မတို့ရလာတဲ့ ကောင်းကျိုးတွေပါပဲ။

Screentime တွေအစား အပင်လေးတွေစိုက်ရင်း ပြုစုရင်းမှာ စိတ်အာရုံစူးစိုက်တတ်တဲ့အခါ Academic ပိုင်းမှာလည်း အထောက်အကူပြုလာပါတယ်။
Tools တွေသုံးရင်း risk taking ယူတတ်လာတယ်။ tools တွေကို ဘယ်လိုအန္တရာယ်မရှိအောင် ကိုင်တွယ်ရမလဲဆိုတဲ့ ကြိုတင်တွေးဆတဲ့ အလေ့အကျင့် ရလာပါတယ်။

ဒါကြောင့် ခုလာမယ့် ၂၀၂၄ စာသင်နှစ်မှာ သဘာဝပတ်ဝန်းကျင်ကို အခြေခံတဲ့ ပြုစုပျိုးထောင်မှုတွေနဲ့ အစီအစဉ် အသစ်အသစ်တွေကို ကျွမ်းကျင်ပညာရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါတယ်။

ကျွန်မတို့အားလုံးဟာ ငယ်ရွယ်နုနယ်တဲ့ သူတို့လေးတွေကို ပြုစုပျိုးထောင်ပေးဖို့ တာဝန်ရှိရဲ့ မဟုတ်လား။
နောင်အနာဂတ်မှာ ကိုယ့်ပတ်ဝန်းကျင် အတွက် အမှန်တကယ် အကျိုးပြုမယ့် လူကောင်းလူမွန်လေးတွေ ဖြစ်လာဖို့ နေရာသေးသေးလေးကနေ အစပြုပါရစေ...

(ဆရာ ဦးလှနိုင်အား ကျေးဇူးတင်စွာဖြင့်...)

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Spooning Playtime of our banners#thebannerhomeschool #NurturingYoungMinds
The Banner Preschool and Edu Centre မှာ ကလေးငယ်များကို စာဘယ်လိုသင်သလဲ။ကစားရင်းသင်ယူတဲ့ နည်းလမ်းနဲ့ သင်ပါတယ်။ တစ်ဦးတစ်ယော...
KG online classဇန်နဝါရီလ တွင် စတင်ဖွင့်လှစ်မည့် အတန်းသစ်အတွက် ကျောင်းသား များလက်ခံနေပါပြီ။ (လေးယောက်ကျန်နေသေးပါသည်။)အချိ...
Happy Teacher's Day
Montessori Base Learning
Experiments for kids

Category

Telephone

Website

Address


No(44), Baydar Street, (50)quarter, North Dagon
Yangon

Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 15:00

Other Schools in Yangon (show all)
CROWN Education CROWN Education
No 275, Pyay Road, Red Hill Tower, 3rd Floor
Yangon, 11111

First Myanmar Education Consultancy awarded British Council Education UK Agents Training Certificate (Distinction). Most trusted overseas Education Consultancy for providing the ri...

Smile Excel Learning Smile Excel Learning
Yangon

Excel Learning & Data Analysis Service

BA Class Myanmar BA Class Myanmar
Yangon

မီဒီယာ၊ နည်းပညာနှင့် အင်ဂျင်နီယာ အတတ်ပညာများ သင်ယူရာ စာမျက်နှာတစ်ခု။

WHEC - IGCSE WHEC - IGCSE
No. 411, Balika ( Zaya 10th )Street, 10th Qtr, South Okkalapa Tsp
Yangon, 11091

We will unlock your capabilities.

G - 7 Academy G - 7 Academy
Yangon

Decent It and Technical School Decent It and Technical School
U Chit Maung Road Bahan Township
Yangon

To Promote Our Knowledge,

SN-Art Class SN-Art Class
Jewellry Mall, Level/3 , No-301 , Times City
Yangon

Art of Drawing & Painting Class

G Y O - Grab Your Opportunity G Y O - Grab Your Opportunity
Kamayut Township
Yangon

If there’s a will, there’s a way

MFX Trades Myanmar MFX Trades Myanmar
No. 62, Room(704-B), Maharbandula Road, Ocean East Point, Pazuntaung Township
Yangon, 11171

To unlock the potential of the world’s financial markets for everyone. Everyone with an interest i

Shourai 将来Japanese Language School Shourai 将来Japanese Language School
Yangon

Japanese Language School

Polaris Maritime Training Center Polaris Maritime Training Center
အမှတ်၈၉ သုတ ၃လမ်း ၄ရပ်ကွက်, တောင်ဥက္ကလာ
Yangon