Blankfaceart
Myanmar Modern & Contemporary Art
၈ ရက် - ၁၃၆၀ ဦး
ဆရာမ Kyu Kyu ရဲ့
Strong ပြပွဲကို
စတင်ပြသခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့ကနေ
ဒီဇင်ဘာ ၁၆ ရက်နေ့ထိ ပြခန်းကို
လာရောက်လည်ပတ်ကြည့်ရှုသူ ဦးရေမှာ
၁၃၆၀ ဦး ရှိခဲ့ပါတယ်။
စိတ်ဝင်တစား လာရောက်အားပေးကြသူတိုင်းကို
အထူးကျေးဇူးတင်ပါတယ်။
ဒီဇင်ဘာ ၁၇ ရက်နေ့ဟာ
Strong ပြပွဲရဲ့ နောက်ဆုံးနေ့ဖြစ်ပါတယ်။
အနုပညာ ချစ်မြတ်နိုးသူတိုင်းကို
အထူးကျေးဇူးတင်ပါတယ်။
Strong ပြပွဲဟာ
ဒီနေ့နဲ့ မနက်ဖြန် နှစ်ရက်ပဲ ကျန်ပါတော့တယ်။
ပြပွဲကြီး ပြီးသွားရင်တော့
ပန်းချီကားများနဲ့ ပန်းပုရုပ်များဟာ
စုဆောင်းသူ အသီးသီးထံကို
ရောက်သွားတော့မှာ ဖြစ်ပါတယ်။
နောက်တစ်ကြိမ်အခုလို စုစုစည်းစည်း
မြင်တွေ့ခံစားဖို့ဆိုတာ
ဖြစ်နိုင်တော့မှာ မဟုတ်ပါဘူး။
✅Strong by Kyu Kyu
✅Date - 9 to 17 DEC
✅Myanmar Alha Gallery
35th Street , Lower Block between Merchant Road & Bank Street , 11182
🎈Curated by BlankFace Art
🎈Presented by Myanmar Ahla Gallery
Strong ပန်းချီပြပွဲကို
ခံစားကြည့်ရှုကြတဲ့ ကလေးများ🥰
Strong ပြပွဲက
ပန်းချီကားများကို လာရောက်ခံစားသွားကြတဲ့
သားသား မီးမီးများနဲ့
စီစဉ်ပို့ဆောင်ပေးတဲ့ private school တို့ကို
ကျေးဇူး အထူးတင်ပါတယ်။
ပန်းချီကားများကို ကြည့်ရှုရင်း
ဆင့်ပွါး တွေးခေါ်ခြင်း၊
ကူးယူခံစားခြင်း၊
လွတ်လပ်စွာ ဝေဖန်ခြင်းများကို
ပြပွဲစီစဉ်သူနဲ့ အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။
မှတ်ချက် ။ ။ ပန်းချီဆွဲနည်း သင်ကြားတာ
မဟုတ်ပါ။ ပန်းချီကားပေါ်ခံစားရတဲ့
ကလေးတွေရဲ့ အမြင်တွေ အပြန်အလှန်
ဝေမျှကြတာပါ။ တစ်နည်း ကလေးတွေရဲ့
လွတ်လပ်တဲ့ စိတ်ကူးစိတ်သန်းတွေကို
ဖွင့်ထုတ်စေရုံပါပဲ။
ထိုကဲ့သို့
ကလေးများကို စေလွှတ်ကာ
ကြည့်ရှုခံစားလိုခြင်း၊
ပြပွဲ စီစဉ်သူနဲ့ အပြန်အလှန်ဆွေးနွေးခြင်းများကို
ပြုလုပ်ဖို့ စိတ်ဝင်စားပါက
ဖုန်း 09795500133 ကို ဆက်သွယ်ပြီးဖြစ်စေ
ပေ့ချ်မက်ဆင်ဂျာကနေ တစ်ဆင့်
ဆက်သွယ်ပြီးဖြစ်စေ
ရက်ချိန်း ရယူနိုင်ပါတယ်။
(အခကြေးငွေ ပေးရန်မလိုပါ)
ဆရာမကြူကြူရဲ့
Strong ပြပွဲကို ဒီဇင်ဘာ ၁၇ ဆန်းဒေးထိ
နေ့စဉ် မနက်ကိုးနာရီကနေ
ညနေ ငါးနာရီထိ
ခင်းကျင်းပြသလျက်ရှိပါတယ်။
လိပ်စာကတော့…
📍 𝑴𝒚𝒂𝒏𝒎𝒂𝒓 𝑨𝒉𝒍𝒂 𝑮𝒂𝒍𝒍𝒆𝒓𝒚
၃၅လမ်း အောက်ဘလောက် (ကုန်သည်လမ်း နဲ့ ဘဏ်လမ်းကြား) မှာဖြစ်ပါတယ်။
Gallery Date လုပ်ဖူးလား
တိတ်ဆိတ်ပြီး ရှင်းလင်းနေတဲ့
ခန်းမကျယ်ကြီးတစ်ခုရှိမယ်။
တိုးတိုးညှင်းညှင်းဖွင့်ထားတဲ့
ဂီတသံတွေရှိမယ်။
ပတ်ပတ်လည်းမှာ လှပပြီး
နှစ်သက်ဖွယ်ပန်းချီကားတွေလည်း
ချိတ်ဆွဲထားမယ်။
အဲ့ဒီလိုနေရာမျိုးမှာ
ကိုယ်မြတ်နိုးရတဲ့ သူတစ်ယောက်နဲ့
တွဲပြီး အနုပညာတွေစီးမျောခံစားရတာ
ဘယ်လောက်တောင် ရသမြောက်လိုက်မလဲနော်…
အနုပညာကို
နှစ်ယောက်သား အတူတူ
နွေးထွေးနူးညံစွာ ခံစားကြည့်လိုက်ပါ….
(FA တွေလည်း စိတ်ဓာတ်မကျပါနဲ့၊
ပြခန်းတွေလည်ပတ်ရင်း ဝါသနာတူ
ဖူးစာရှင်လည်း တွေ့နိုင်တာပါပဲ😂)
ဆရာမကြူကြူရဲ့
Strong ပြပွဲလာ စုံတွဲရဲ့ပုံလေးကို ခွင့်ပြုချက်ရယူပြီး
အမှတ်တရ တင်လိုက်ပါတယ်။
✅Strong by Kyu Kyu
✅Date - 9 to 17 DEC
✅Myanmar Alha Gallery
35th Street , Lower Block between Merchant Road & Bank Street , 11182
🎈Curated by BlankFace Art
🎈Presented by Myanmar Ahla Gallery
Strong ပြပွဲကို
ကြည့်ဖြစ်ကြလားရှင့်….
အကြိုက်ဆုံး ပန်းပု တစ်ခုနဲ့
အကြိုက်ဆုံး ပန်းချီကား တစ်ချပ်ဆိုရင်
ဘာများဖြစ်မလဲ
မကြည့်ရသေးရင်လည်း
လာမယ့် တနင်္ဂနွေထိ ကျင်းပနေမှာ ဖြစ်တဲ့အတွက်
လာရောက်ကြည့်ရှုခံစားဖို့
ဖိတ်ခေါ်ပါရစေ
✅Strong by Kyu Kyi
✅Date - 9 to 17 DEC
✅Myanmar Alha Gallery
35th Street , Lower Block between Merchant Road & Bank Street , 11182
🎈Curated by BlankFace Art
🎈Presented by Myanmar Ahla Gallery
💗ရက်ရှည်ကျင်းပရတဲ့ အကြောင်းအရင်း
Strong ပြပွဲကို ကျင်းပဖို့အတွက် ၆ လကျော် အချိန်ယူ ပြင်ဆင်ခဲ့ပါတယ်။ ပန်းပုများပါ ပါဝင်တဲ့အတွက် အချိန်ယူပြင်ဆင်ခဲ့ရပါတယ်။
ပြခန်းနဲ့ ကိုက်ညီမယ့် ပန်းချီကားကြီးများကို ကြိုတင်ပြင်ဆင်ရေးဖွဲ့ခဲ့ပါတယ်။
ခေတ်ပြိုင် ပန်းချီအနုပညာကို ခံစားကြည့်ရှု့ချင်သူများအတွက် အဓိကထား ပြင်ဆင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ပြပွဲကျင်းပတဲ့ ရက်ကို ဒီဇင်ဘာ ၁၇ ရက်ထိ ရက်ရှည်ပြသလျက်ရှိပါတယ်။
မကြည့်ရသေးသူတွေ စိတ်အေးလက်အေး လာခဲ့ပါ။
တစ်ခါကြည့်ပြီးလို့ မဝသေးသူတွေအတွက်လည်း နောက်တစ်ကြိမ် ထပ်မံလာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါရစေ။
✅Strong by Kyu Kyu
✅Date - 9 to 17 DEC
✅Myanmar Alha Gallery
35th Street , Lower Block between Merchant Road & Bank Street , 11182
🎈Curated by BlankFace Art
🎈Presented by Myanmar Ahla Gallery
၅ စက္ကန့်လား၊ ၁ မိနစ်လား ၊ ၁ နာရီလား
ပန်းချီကားတစ်ချပ်ကို ခံစားနိုင်ဖို့ အချိန်ဘယ်လောက် အသုံးပြုဖူးပါသလဲ။
ဆရာမကြူကြူရဲ့ ပန်းချီကားတွေဟာ
အနုစိတ်လက်ရာများဖြစ်ပြီး
ပန်းချီကားဆိုဒ်ကြီးများဟာလည်း
၆ ပေ - ၈ ပေ ဆိုဒ်ရှိ ကားကြီးများ ဖြစ်ပါတယ်။
ဒါ့အပြင် ပန်းချီပြပွဲမှာ ခင်းကျင်းထားတဲ့
ပန်းပုရုပ်များဟာလည်း
ပန်းချီကားထဲကပါဝင်ထားတဲ့
သဏ္ဍန်များကို ထုတ်နှုတ်ထားတာပဲ
ဖြစ်ပါတယ်။
ဒါကြောင့် Strong ပြပွဲကို
ရောက်ခဲ့ရင် အချိန်တစ်စုံတစ်ခုပေးပြီး
ပန်းချီကားများကို ခံစားကြည့်ရှုပါ။
ခံစားပါ။
နောက်ပြီး ပန်းချီကားကြီးထဲကို
ကိုယ်ရောစိတ်ပါ မြုပ်ဝင်ကြည့်လိုက်ပါ။
✅Strong by Kyu Kyi
✅Date - 9 to 17 DEC
✅Myanmar Alha Gallery
35th Street , Lower Block between Merchant Road & Bank Street , 11182
🎈Curated by BlankFace Art
🎈Presented by Myanmar Ahla Gallery
ယနေ့ပြပြီ
✅Strong by Kyu Kyu
✅Date - 9 to 17 DEC
✅Myanmar Alha Gallery
35th Street , Lower Block between Merchant Road & Bank Street , 1118
Strong by Kyu Kyu
လောကမှာ သန်မာမှု
အရှိဆုံးက ဘာများဖြစ်နိုင်သလဲ။
အလေးမချန်ပီယံ တစ်ယောက်လား။ သံမဏိချောင်းကြီးတွေလား။ တွင်းထွက်စိန်တွေလား။
တကယ်တော့ သန်မာမှုအရှိဆုံးက ညီညွတ်မှုပါပဲ။ ဟန်ချက်ပါပဲ။ လှေတစ်စီးရဲ့ သန်မှာမှုအရှိဆုံးဟာ သစ်သားပြားတွေရဲ့ ဟန်ချက်ညီညွတ်မှုပါ။ ပင်လယ်ကူးတံတားကြီးတစ်စီးရဲ့ သန်မာမှုဟာ သံတွေကြိုးတွေနည်းပညာတွေရဲ့ ဟန်ချက်ညီညွတ်မှုပါပဲ။ ကမ္ဘာကြီးရဲ့ သန်မာမှုဟာ လူသားတွေ၊ သစ်ပင်တွေ မြစ်ချောင်းအင်းအိုင်တွေ၊တိရစ္ဆာန်တွေနဲ့ပိုးမွှားတို့ရဲ့ ဟန်ချက်ညီညွတ်မှုများပါပဲ။
ကြူကြူ့ အနုပညာလက်ရာများရဲ့ သန်မာမှုဟာလည်း အရောင်တွေအကွက်တွေ သဏ္ဌာန်တွေရဲ့ ဟန်ချက်ညီညွတ်မှုပါပဲ။ ပန်းချီကားထဲက မျဉ်းကြောင်းလေးတစ်ကြောင်းဖြစ်ဖြစ်၊ အစက်ကလေး တစ်စက်ဖြစ်ဖြစ်၊ အကွက်လေးတစ်ကွက်ဖြစ်ဖြစ်၊ အရောင်လေး တစ်ရောင်ဖြစ်ဖြစ် အားလုံးဟာ ကိုယ်စီ အရေးပါမှု တာဝန်တွေ ထမ်းရွက်ထားပါတယ်။ တစ်ခု၊ တစ်ရောင်၊ တစ်ကွက်ကိုမှ ဖယ်နှုတ်ဖို့ရာ မဖြစ်နိုင်ပါဘူး။ ကမ္ဘာလောကကြီးမှာ ရှိသမျှ ရေမြေတောတောင် သတ္တဝါတွေရဲ့ ဟန်ချက်ညီ အရေးပါမှုများကဲ့သို့ ကြူကြူရဲ့ ပန်းချီကားထဲက ဆေးစက်တိုင်းဟာ ကိုယ်စီအရေးပါတဲ့ တာဝန်များကို ထမ်းရွက်နေရပါတယ်။ တစ်ခုလေး ဖဲ့လိုက်ရုံနဲ့၊ အစက်ကလေး တစ်စက်ဖယ်လိုက်ရုံနဲ့ ပန်းချီကားကြီး တစ်ချပ်လုံးရဲ့ ဟန်ချက်တွေလည်း ပျက်စီးသွားနိုင်ပါတယ်။ ပန်းချီရဲ့ ရသ၊ အလှတွေလည်း လျှော့ပါးသွားနိုင်ပါတယ်။
Strong - သန်မာခြင်း ဆိုတဲ့ အခုပြပွဲမှာ ကြူကြူရဲ့ ဟန်ချက်များကို မြင်တွေ့ရပါလိမ့်မယ်။ ပန်းချီကားကြီးများနဲ့ အဆိုပါ ပန်းချီကားကြီးများထဲက ခုန်ထွက်လာတဲ့ ပန်းပုလက်ရာများကို စုစည်းပြသထားပါတယ်။ ပန်းချီကားများထဲမှာ subject ပေါင်းများစွာကို ဟန်ချက်ညီညီထည့်သွင်းထားတာဖြစ်တဲ့ ကြည့်ရှုသူများကလည်း အချိန်တစ်စုံတစ်ခုရယူပြီး ကြည့်ရှုဖို့ တိုက်တွန်းပါရစေ။
Strong ပြပွဲက်ို BlankFaceArt က တာဝန်ယူစီစဉ်ပြီး Myanmar Alha Gallery မှာ ကျင်းပသွားမှာပါ။
✅Strong by Kyu Kyi
✅Date - 9 to 17 DEC
✅Myanmar Alha Gallery
35th Street , Lower Block between Merchant Road & Bank Street , 11182
🎈Curated by BlankFace Art
🎈Presented by Myanmar Ahla Gallery
ပန်းချီကားထဲက ခုန်ထွက်လာတဲ့ ပန်းပုများ
ခေတ်ပြိုင် အနုပညာလက်ရာတွေမှာ
ပန်းချီဆိုင်ရာ သဘောတရားတွေရဲ့
အရေးပါမှုတွေဟာ မှေးမိန်သွားပါပြီ။ ပန်းချီဆရာများရဲ့ လွတ်လပ်တဲ့ စိတ်ကူးစိတ်သန်းများနဲ့ တီထွင်ဆန်းသစ်မှုများကသာ ပိုမိုအရေးပါလာပါတော့တယ်။ ပန်းချီဆရာများဟာ သူတို့ရဲ့ အနုပညာလက်ရာကို ထုတ်ဖော်လှစ်ဟတဲ့ အခါမှာလည်း ကြားခံပစ္စည်းများကို အဆုံးအစမဲ့ ချဲ့ထွင် အသုံးပြုလာပါတော့တယ်။ ပန်းချီနဲ့ ပန်းပု၊ ပန်းပုနဲ့ performance ၊ performance နဲ့ installation အစရှိသဖြင့် အနုပညာသဏ္ဍန်များကြားမှာရှိတဲ့ နယ်နိမိတ်များမှာလည်း မှေးမိန်ပျောက်ကွယ်သွားပါတော့တယ်။
ကြူကြူကလည်း သူ့စိတ်ကူးစိတ်သန်းများကို အနုပညာအဖြစ် ပြောင်းလဲတဲ့အခါ ပန်းချီတင်သာမက ပန်းပုများနဲ့ပါ အတူတကွ တင်ဆက်လှစ်ဟပါတယ်။ သို့သော် Strong ပြပွဲက ပန်းပုရုပ်တုများဟာ သီးသန့် တည်ရှိနေတာမျိုးတော့ မဟုတ်ပါ။ ပန်းချီကားထဲမှာ ပါဝင်တဲ့ ရုပ်သဏ္ဍန်များကို ဆွဲယူကာ ပန်းပုအဖြစ် ဆင့်ပွါးဖန်တီးထားခြင်း ဖြစ်ပါတယ်။
ပန်းချီကားများကို အချိန်ပေးကာ ဂရုတစိုက်ကြည့်ရှုလေ့လာပါက ပန်းချီကားထဲမှာ ပန်းပုရုပ်တုများကို တွေ့ရပါလိမ့်မယ်။ ပန်းပုရုပ်တွေချည်း သီးသန့် ကြည့်ရှုခံစားပါကလည်း အရုပ်များရဲ့ ညီညွတ်တဲ့ ဟန်ချက်များ၊ ပြေပြစ်တဲ့ အချိုးအဆစ်များ၊ ထုထည် အတိမ်အနက်များကို ခံစားနိုင်ပါလိမ့်မယ်။ ပန်းပုရုပ်တုများရဲ့ အားသာချက်ကတော့ ၃၆၀ ဒီကရီလှည့်ပတ်ခံစားကြည့်ရှုနိုင်ပါတယ်။ ကြည့်ရှုသူရဲ့ ရှုထောင်ပေါ်မှာ မူတည်ပြီး ရသတွေကွာခြားနိုင်ပါလိမ့်မယ်။
ပန်းပုရုပ်တုများအားလုံးရဲ့ နာမည်ဟာ Strong ဖြစ်ပြီး ပန်းပုရုပ်တုများကို မည်သည့်ရှုထောင့်က ကြည့်သည်ဖြစ်စေ ဟန်ချက်ပျက်ယွင်းမှု မရှိခြင်း၊ ညီညွတ်ပြေပြစ်ခြင်းတို့ဟာ Strong ရဲ့ အနှစ်သာရများပဲ ဖြစ်ပါတော့တယ်။
ပန်းပုရုပ်တုများအားလုံးကို ကြူကြူရဲ့ စိတ်ကူးများပေါ်အခြေခံပြီး ဆရာမင်းသူက ပန်းပုအဖြစ် ထုလုပ်ပေးထားပါတယ်။
✅Strong by Kyu Kyi
✅Date - 9 to 17 DEC
✅Myanmar Alha Gallery
35th Street , Lower Block between Merchant Road & Bank Street , 11182
🎈Curated by BlankFace Art
🎈Presented by Myanmar Ahla Gallery
ကြူကြူ (B - 1965)
မြန်မာ့ပန်းချီလောကဟာ အမျိုးသားများ အုပ်စိုးထားတဲ့ ပန်းချီလောကဖြစ်ပြီး အမျိုးသားပန်းချီဆရာဦးရေနဲ့ အမျိုးသမီးပန်းချီဆရာဦးရေ အဆပေါင်းများစွာကွာခြားပါတယ်။ နည်းပါးလှတဲ့ အမျိုးသမီးပန်းချီဆရာများထဲမှာမှ ခေတ်ပြိုင်လက်ရာများကို တစိုက်မတ်မတ်ဖန်တီးတဲ့ အမျိုးသမီးပန်းချီဆရာဦးရေမှာ ပိုလို့တောင်နည်းပါးလှပါတယ်။
ကြူကြူကတော့ သူယုံကြည်ရာ အနုပညာကို ယုံကြည်တဲ့အတိုင်း ပုံဖော်နိုင်စွမ်းရှိသူ တစ်ယောက်ဖြစ်ပါတယ်။ အနုပညာဖန်တီးဖို့အတွက် မည်သည့်ကြားခံပစ္စည်းကိုမဆို ထည့်သွင်းအသုံးပြုဖို့ ဝန်မလေးသူပါ။
ပန်းချီရေးဆွဲခြင်းကို ဆရာကျော်လင်း၊ ဆရာရှေ့သို့ရဲမြင့်၊ ဆရာသိန်းမြင့်သိန်းတို့ထံ သင်ယူခဲ့ပြီး ပန်းချီ၊ ပန်းပုနဲ့ Performance Art များကို လွတ်လပ်စွာဖန်တီးခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ 13th NIPAF Asia Performance Art Series 2008 မှာ ပါဝင်ကာ Performance အနုပညာတင်ဆက်ပြသခဲ့ပါတယ်။ ယူကေနိုင်ငံမှာ ထုတ်ဝေတဲ့ Bone Will Crow (15 Contemporary Burmese Poets) စာအုပ်ဟာလည်း ကြူကြူပန်းချီကားကို မျက်နှာဖုံးအဖြစ် အသုံးပြုကာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။
Strong ပြပွဲဟာ ကြူကြူရဲ့ ခုနှစ်ကြိမ်မြောက် တစ်ကိုယ်တော် အနုပညာပြပွဲဖြစ်ပါတယ်။ Strong ပြပွဲမှာ ပန်းချီကားများနဲ့ ပန်းချီကားများထဲက ခုန်ထွက်လာတဲ့ ပန်းပုရုပ်တုများကို အတူယှဉ်တွဲကြည့်ရှုရမှာပါ။
ကြူကြူရဲ့ သန်မာမှုဟာ သူ့ပန်းချီများဖြစ်ပြီး သူ့ပန်းချီများရဲ့သန်မာမှုကတော့ အရောင်၊အရုပ်များရဲ့ ညီညွတ်မှုများဖြစ်ပါတော့တယ်။
Strong by Kyu Kyu
9 to 17 DEC , 2023
Curated by BlankFace Art
Presented by Myanmar Ahla Gallery
35th Street , Lower Block between Merchant Road & Bank Street , 11182
Strong ပြပွဲမှာ
ဆရာမကြူကြူရဲ့ ပန်းချီကားများနဲ့
ပန်းချီကားထဲက ခုန်ထွက်လာတဲ့ ပန်းပုရုပ်များကိုပါ
ပြသသွားမှာ ဖြစ်ပါတယ်။
လပေါင်းများစွာ အချိန်ယူဖန်တီးထားတဲ့
၆ ပေ ၈ ပေ ဆိုဒ်ရှိတဲ့
ပန်းချီကားကြီးများကို
တစ်ဝကြီး ကြည့်လို့ရမယ့် ပွဲတစ်ပွဲဖြစ်ပါတယ်။
ပန်းချီချစ်သူများ
တစ်စုံတစ်ရာ ကျေနပ်နှစ်သက်စေဖို့
ပြင်ဆင်ထားပါတယ်။
လာရောက်ခံစားဖို့ ဖိတ်ခေါ်ပါရစေ
✅Strong by Kyu Kyi
✅Date - 9 to 17 DEC
✅Myanmar Alha Gallery
35th Street , Lower Block between Merchant Road & Bank Street , 11182
✅STRONG
✅Kyu Kyu
9 to 17 DEC , 2023
10AM to 5 PM
Curated by BlankFace Art
Presented by Myanmar Ahla Gallery
35th Street , Lower Block between Merchant Road & Bank Street , 11182
Ph: 09795500133
🎥 by Tun Lynn
ပြပွဲနာမည်က
Strong တဲ့….
မကြာမီ ကြည့်ခွင့်ရတော့မယ့်
Solo Exhibition တစ်ခုပါ။
သေသေသပ်သပ်စီစဉ်ထားပါတယ်။
ပန်းချီ ကားတွေနဲ့
ပန်းချီကားတွေထဲက
ခုန်ထွက်လာတဲ့ ပန်းပုတွေကိုပါ
ပြသသွားမယ့်ပွဲပါ။
အသေးစိတ်
မကြာမီ
မျှော်🥰
မြတ်ကျော့ရဲ့ အနုပညာလက်ရာများ ဆင့်ကဲခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်း
စင်ကာပူနိုင်ငံမှာ ပြသလျက်ရှိတဲ့
ဆရာမြတ်ကျော့ရဲ့
Magnificent Humor ပြပွဲတင်
ပန်းချီကားများကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြတဲ့
ပွဲဖြစ်ပါတယ်။
မြတ်ကျော့ရဲ့ ပန်းချီကားတိုင်းမှာ
ဘာလို့ ဆေးလိပ်တွေ ထည့်သွင်းရေးဆွဲခဲ့တာလဲ။
နန်းတွင်းပန်းချီကားတွေကို
ဘာလို့ အသစ်ပြန်လည်ဖန်တီးခဲ့တာလဲ။
Kaleidoscope ပုံစံမျိုးနဲ့ဘာလို့
Self Portrait တွေ ဖန်တီးခဲ့တာလဲ။
အစရှိတဲ့ အတွေးအမြင် ဝေဖန်သုံးသပ်ချက်များကို
ပန်းချီသမိုင်းသုတေသီ
Theresa Tan ကနေ ဟောပြောခဲ့တာ ဖြစ်ပါတယ်။
Magnificent Humor ပြပွဲကို
စင်ကာပူအခြေစိုက် Art Season နဲ့
မြန်မာပြည်က BlankFace Art တို့
ပူးပေါင်းတင်ဆက်ပါတယ်။
Live Now
https://www.facebook.com/share/v/rVjgHbvUgHq5KNRX/?mibextid=CYgPv5
၁၈နှစ်သူလေးရဲ့ ဖန်တီးမှုအနုပညာ
ဒီပန်းချီကားကိုရေးဆွဲသူက
Ángeles Santos Torroella ဖြစ်ပါတယ်။
၁၉၁၁ ခုနှစ် စပိန်နိုင်ငံမှာ မွေးပါတယ်။
အခုပန်းချီကားကို သူ့အသက် ၁၈ နှစ်အရွယ်
၁၉၂၉ ခုနှစ်မှာ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စပိန်နိုင်ငံ မက်ဒရစ်မြို့က
Reina Sofia ပြတိုက်ကြီးမှာ
ချိတ်ဆွဲပြသထားပါတယ်။
၁၉၂၉ ဆိုတဲ့ ခေတ်ကာလနဲ့ ချိန်ထိုးကြည့်ရင်
အလွန်တရာ ခေတ်ရှေ့ပြီး
ရဲရင့်တဲ့ ဖန်တီးမှုဖြစ်ပါတယ်။
ပန်းချီကားနာမည်က A World ဖြစ်ပြီး
ကမ္ဘာ့ကြီးကို ပြင်ပကနေ မြင်နေရပုံ ရေးဖွဲ့ပါတယ်။
တစ်ဖက်ကနေ့ဖြစ်ပြီး တစ်ဖက်ကညဖြစ်နေပါတယ်။
စပိန်နိုင်ငံရဲ့ Surrealist Movement မှာ
အရေးပါခဲ့တဲ့ ပန်းချီကားတစ်ချပ်ပါပဲ။
အသက် ၁၈ နှစ်အရွယ်မှာ
ထိုးဖောက်ဖန်တီးနိုင်စွမ်းကတော့
တစ်ကမ္ဘာလုံးက အနုပညာရှင်တွေအတွက်
အတုယူအားကျစရာပါ။
လတ်တလော ပြည်တွင်းမှာလည်း
ပြခန်းသစ်များစွာ ပေါ်ထွက်လာသလို
ပန်းချီကို စိတ်ဝင်စားတဲ့
မျိုးဆက်သစ်များစွာ ပေါ်ထွက်လာတာ
ဝမ်းသာဖို့ကောင်းပါတယ်။
ဒါပေမယ့် မျိုးဆက်သစ်ပန်းချီဆရာများအနေနဲ့
အခုထက်ပိုပြီး လမ်းကြောင်းသစ်တွေ
ရှာဖွေဖို့နဲ့ ဖန်တီးမှု အသစ်တွေ
တီထွင်နိုင်ဖို့လည်း အရေးကြီးပါတယ်။
ပန်းချီအနုပညာမှာ Drawing Skill ဟာ
တစ်စိတ်တစ်ပိုင်းလောက်ပဲ အရေးပါပြီး
Concept သည်သာ အဓိကဖြစ်ပါတယ်။
ကိုယ်ရှေ့မျိုးဆက်က ဖန်တီးပြီးသား
အနုပညာများကို ထပ်တလဲလဲ
ထပ်ဆင့်ဖန်တီးတာထက်
အသစ်များကို တီထွင်ဖို့ကလည်း
အလွန်အရေးကြီးပါတယ်။
အသစ်များကို ရှာဖွေတွေ့ရှိပြီး
အနုပညာလက်ရာကောင်းများ
ဖန်တီးနိုင်ကြပါစေ။
ယနေ့ကတော့
မြန်မာ့ခေတ်သစ် ပန်းချီအရွေ့မှာ
အလွန်အရေးပါတဲ့ ပန်းချီဆရာကြီး အောင်မြင့်ရဲ့
မွေးနေ့ဖြစ်ပါတယ်။
မွေ့နေ့မှာပျော်ရွှင်ကျန်းမာစေဖို့နဲ့
သက်တော်ရာကျော်ရှည်ပါစေကြောင်း
BlankFace Art မိသားစုကနေ
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ဆရာအောင်မြင့်ဟာ Inya Art Gallery ကို
တည်ထောင်ခဲ့သူဖြစ်ပြီး
Performance Art ကိုလည်း ပြည်တွင်းမှာ
အစောဆုံးပြုလုပ်သူများထဲက
တစ်ဦးဖြစ်ပါတယ်။
ဆရာရဲ့ Mother & Child စီးရီးဟာ
ပြည်ပထိပါ ထင်ရှားကျော်ကြားတဲ့
စီးရီးဖြစ်ပါတယ်။
ဆရာရဲ့ White Stupa Doesn’t need gold
ပန်းချီကားကို
နယူးယောက်ခ်မြို့က
အထင်ကရ Museum ကြီးဖြစ်တဲ့
Guggenheim ပြတိုက်ကနေ
စုဆောင်းခြင်းကို ခံခဲ့ရပါတယ်။
Decoding the Iconography in Myay Kyawt’s painting
ဆရာမြတ်ကျော့ရဲ့ Magnificent Humors ပြပွဲက ပန်းချီကားများမှာ ထူးခြားတဲ့
ရောင်စဉ်အတွဲအစပ်များ၊ ပန်းချီဆရာ မြုပ်နှံထားတဲ့
အဓိပ္ပာယ်များ၊ ဆိုလိုချက်များ များစွာ ပါဝင်ပါတယ်။
အဆိုပါပြပွဲတင် ပန်းချီကားများရဲ့
လှို့ဝှက်နက်နဲမှုများကို ဖော်ထုတ်လှစ်ဟမယ့်
ဟောပြောပွဲလေး တစ်ပွဲရှိပါတယ်။
ဟောပြောမယ့်သူက Theresa Tanဖြစ်ပါတယ်။
Theresa Tan ဟာ Master of Arts (Asian Art Histories ) ကို Goldsmith, University of London ကနေ ရရှိထားသူ ဖြစ်ပါတယ်။ မြန်မာ့အနုပညာလက်ရာများကို ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ပြီး
မြတ်ကျော့ရဲ့ လက်ရာများကို ဝေဖန်ရေးရှုထောင်က
ချည်းကပ်တင်ပြမယ့်ပွဲဖြစ်တာကြောင့်
လက်မလွတ်တမ်း ပါဝင်ဖို့ ဖိတ်ကြားပါရစေ။
စင်ကာပူပွဲမှာ လူကိုယ်တိုင် တက်ရောက်လိုပါက
50 Genting Lane, Cideco Industrial Complex,
#03-02, S349558 ကို လာရောက်နားထောင်နိုင်ပါတယ်။ ကြိုတင်စာရင်းပေးသွင်းဖို့ လိုအပ်တာကြောင့်
ဖုန်းဆက်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
အွန်လိုင်းကနေ ပါဝင်လိုသူများအတွက်
https://facebook.com/events/s/decoding-the-iconography-in-my/6811934215532733/
အထက်ပါလင့်ခ်ကနေ တဆင့် ပါဝင်နားထောင် ဆွေးနွေးနိုင်မှာပါ။
အဆိုပါဟောပြောပွဲကို
၂၀၂၃ , နိုဝင်ဘာ ၄ ရက်နေ့(စနေနေ့)ညနေ ၃ နာရီကနေ ၄ နာရီထိကျင်းပသွားမှာ ဖြစ်ပါတယ်။
Myat Kyawt ရဲ့ Magnificent Humor ပွဲကို
စင်ကာပူအခြေစိုက် Art Seasons နဲ့ BlankFace Art
တို့ ပူးပေါင်းတင်ဆက်ပါတယ်။
စင်ကာပူ အခြေစိုက်
အထင်ကရ သတင်းစာ တစ်စောင်ဖြစ်တဲ့
The Straits Times မှာ
မြန်မာပန်းချီဆရာ Myat Kyawt ရဲ့
Magnificent Humors ပြပွဲ သတင်းအကြောင်း
ပါဝင်ခဲ့ပါတယ်။
Magnificent Humors ကို
ယနေ့မှ အောင်တိုဘာ ၂၈ ရက်နေ့ထိ
စင်ကာပူ နိုင်ငံရှိ Art Seasons မှာ ပြသလျက်ရှိပါတယ်။
ပြပွဲကို သွားရောက်ကြည့်ရှု့ခံစားလိုသူများအနေနဲ့
+6591293128 သို့ကြိုတင်ဖုန်းဆက်ကာ
သွားရောက်ကြည့်ရှုနိုင်ပါတယ်။
Magnificent Humor ပွဲကို
အောက်တိုဘာ ၂၈ ရက်နေ့ထိ
စင်ကာပူနိုင်ငံက Art Seasons Gallery မှာ
ပြသလျက်ရှိပါတယ်။
စိတ်ပါဝင်စားသူများသွားရောက်ကြည့်ရှုနိုင်ပါတယ်။
မသွားခင်မှာတော့ Gallery ကို
ဖုန်းဆက်ပြီး Appointment လုပ်သွားဖို့
တိုက်တွန်းလိုပါတယ်။
Gallery Phone +6591293128
Magnificent Humor ဆိုတဲ့ ဆရာမြတ်ကျော့ရဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲရဲ့ ဖွင့်ပွဲည reception လေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါပြီ။
လာရောက်အားပေးကြသူတိုင်းကို
အထူးကျေးဇူးတင်ပါတယ်။
Magnificent Humor ပွဲကို
အောက်တိုဘာ ၂၈ ရက်နေ့ထိ
စင်ကာပူနိုင်ငံက Art Seasons Gallery မှာ
ပြသလျက်ရှိပါတယ်။
စိတ်ပါဝင်စားသူများသွားရောက်ကြည့်ရှုနိုင်ပါတယ်။
မသွားခင်မှာတော့ Gallery ကို
ဖုန်းဆက်ပြီး Appointment လုပ်သွားဖို့
တိုက်တွန်းလိုပါတယ်။
Gallery Phone +6591293128
Magnificent Humor ပြပွဲမှာပြသနေတဲ့ ပန်းချီကားများရဲ့ဆိုဒ်ဟာ အနည်းဆုံး ၄ ပေ x ၃ ပေ ဆိုဒ်ဖြစ်ပြီး တော်တော်များများဟာ ၅ ပေ x ၄ ပေ ဆိုဒ်ကြီးတွေ ဖြစ်ပါတယ်။
ပန်းချီကားတွေကို အွန်လိုင်းပေါ်မှာကြည့်တာနဲ့ အပြင်မှာကြည့်တာနဲ့ ရရှိမယ့် ရသတွေ မတူပါဘူး။ အထူးသဖြင့် ပြခန်းတွေမှာဆိုရင် ဆလိုက်မီးအထောက်အပံ့၊ ကျယ်ဝန်းပြီး ရှင်းလင်းတဲ့ အပြင်အဆင်တွေကြောင့် ကြည့်ရှုခံစားနိုင်စွမ်းကို ပိုမိုကောင်းမွန်စေပါတယ်။ ပန်းချီဆရာရဲ့ လက်စွမ်းပြ အသေးစိတ်စုတ်ချက်တွေကို ပြပွဲတွေမှာကြည့်ရှု ခံစားနိုင်ပါလိမ့်မယ်။
Magnificent Humor ဟာ ဆရာမြတ်ကျော့ရဲ့ နောက်ဆုံးပေါ်လက်ရာများဖြစ်ပြီး ပြည်တွင်းမှာတောင် တစ်ကြိမ်တစ်ခါမှ ပြသဖူးခြင်းမရှိသေးတဲ့ လက်ရာများပါ။
စင်ကာပူမှာရှိတဲ့ မိတ်ဆွေများကို အဆိုပါပြပွဲကြီးရဲ့ ဖွင့်ပွဲအခမ်းအနားကို ဖိတ်ကြားလိုပါတယ်။ ဖွင့်ပွဲကို အောက်ပါအတိုင်းကျင်းပသွားမှာပါ။
Date - 6 Oct 2023
Time - 6PM to 9PM
Location - Art Seasons Gallery , Singapore,
349558
https://maps.app.goo.gl/Vx7mfUFRrDCFZAfe9?g_st=ic
🙏စင်ကာပူက မိတ်ဆွေများနဲ့ဆုံကြပါစို့…
Magnificent Humor ပွဲကို Art Seasons Gallery နဲ့ BlankFace Art တို့ ပူးပေါင်းပြသပါတယ်။
ဟာသသည်ရရန်လွယ်ကူသည်၊ ရင်းနှီးရန်လွယ်ကူသည်၊ သို့သော်၎င်းသည်အမြဲတမ်းပြက်လုံးကဲ့သို့ရိုးရှင်းသည်ဟုမဆိုလိုပါ။ ဟာသသည် လက်တွေ့ဘဝ၏ နက်နဲသော အဓိပ္ပါယ်များကို ဖော်ပြသည်၊ ၎င်းသည် ခေတ်သစ်လူ့အဖွဲ့အစည်း၏ ပြဿနာအမျိုးမျိုးကို ထောက်ပြသည်။ ဟာသသည် ကြွယ်ဝပြီး အနုပညာရှင်များကို ထုတ်ဖော်ပြောဆိုနိုင်သည့် အလားအလာများစွာကို ပေးဆောင်သည်။ အဲဒါက ရယ်အောင်လုပ်ပြီး ခင်ဗျားကိုတွေးစေတယ်။ ဟာသက အနုပညာကို ခွဲခြမ်းစိတ်ဖြာပြီး သုံးသပ်စေတယ်။
မြတ်ကျော့
Humor: It is easy to get and friendly. But, it does not mean that it is as simple as a joke. The humor represents the in-depth meaning of the real life. It points out the various issues of the modern society. The humor is rich in arts and supports the artists to enable comprehensive expressions. Humor makes you laugh and pushes you think. And it stimulates you to do critical analysis on art.
Myat Kyawt
စင်ကာပူမှာ ပြသနေတဲ့
Myat Kyawt ရဲ့ Magnificent Humor စီးရီးက
ပန်းချီကားများကို အောက်ပါလင့်ခ်ကနေတစ်ဆင့်
ကြည့်ရှုနိုင်ပါပြီ။
ခေတ်ပြိုင်အနုပညာလက်ရာများကို နှစ်သက်သူများအတွက် ယနေ့မှ အောက်တိုဘာ ၂၈ ရက်နေ့ထိ
စင်ကာပူရှိ Art Seasons Gallery မှာ
ပြသလျက်ရှိပါတယ်။
ပန်းချီကားများကြည့်ရှုရန်လင့်ခ်
https://blankfaceart.com/artist/myat-kyawt
ပန်းချီကားနဲ့ပတ်သက်ပြီး အသေးစိတ်
စုံစမ်းလိုပါက [email protected] သို့
ဆက်သွယ်ပြီးဖြစ်စေ
မက်ဆင်ဂျာကဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🥰Free Catalogue For All
စင်ကာပူမှာ ပြသနေတဲ့
ဆရာမြတ်ကျော့ရဲ့ Magnificent Humor ပြပွဲမှာ
ဖြန့်ချိတဲ့ Digital Catalogue လေးကို
အောက်ပါလင့်ခ်ကနေပြီး မည်သူမဆို
အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါပြီ။
https://l.facebook.com/l.php?u=https%3A%2F%2Fblankfaceart.com%2Fdata%2Ffiles%2FMyat_Kyawt_Magnificent_Humour.pdf%3Ffbclid%3DIwAR0FnFJ9lO67XrwW9jxJ_eZtAk4ZxfzYPsI4agnjK9hwhDx8RQfi6srlOMM&h=AT1jIUgaNTvC6g2h-SvUqJyzzGvLxxgdJIVF1K5zxF4hR0mv0WW22wqBb9LUg3WYki7Z4zBSxAuX-1ZxT5243shym1T0AJYC0eJ0Wd0Vj51pbw54IWL1Ap2nJPJX_Wjqh-HIneA5njQ
Magnificent Humorကို
စင်ကာပူ အခြေစိုက် Art Seasons ပြခန်းနဲ့
ရန်ကုန်အခြေစိုက် BlankFace Art တို့က
ပူးပေါင်းတင်ဆက်ပါတယ်။
ပန်းချီကားတွေရဲ့ နောက်ကွယ်မှာ
သမိုင်းဝင်အဖြစ်အပျက်တွေ
ကြေကွဲဖွယ် ဇာတ်လမ်းတွေ
ကြည်နူးဖွယ် ရသတွေ
အဆွေး အသော အလှ အပ
အစုံရှိနေပါလိမ့်မယ်။
ဒီလိုပန်းချီကားတွေကို ဆိုဒ်အကြီးကြီးတွေနဲ့
ခန်းလုံးပြည့် ခင်းကျင်းပြီး
ပန်းချီကားတွေထဲကို ဝင်ခွင့်ရနေပါပြီ။
ဒီဂျစ်တယ်ခေတ်ရဲ့ နည်းပညာအကူအညီနဲ့အတူ
ပန်းချီကားကြီးတွေကို ဘက်စုံထောင့်စုံကနေ
ခံစာရနိုင်ပြီပေါ့။
မကြာသေးခင်က ဗင်ဂိုးရဲ့ လက်ရာတွေကို
အခုလိုပဲ ခင်ကျင်းခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။
အခုတစ်ခေါက်ကတော့
မိုးနေးရဲ့ လက်ရာများကို ခံစားရမှာဖြစ်ပါတယ်။
ဘန်ကောက်မှာ စတင်ပြသနေပြီး
၂၀၂၄ ဇန်နဝါရီထိပြသနေမှာဖြစ်တာကြောင့်
ပန်းချီမြတ်နိုးသူများအတွက်
ထူးခြားတဲ့ပွဲတစ်ပွဲပါပဲ။
📍Location: Attraction Hall, 6th floor, ICONSIAM.BKK
🗓️Period: 22 September 2023 – 7 January 2024
Photo Credit to Flying Whale
Singapore 🇸🇬 မှာ ကြည့်ရမယ့်
မြန်မာ့ခေတ်ပြိုင်ပန်းချီဆရာ မြတ်ကျော့ရဲ့
လက်ရာများ…
Magnificent Humors လို့ အမည်ပေးထားတဲ့
မြတ်ကျော့ရဲ့ အသစ်စက်စက် ဖန်တီးမှုတွေကို
စင်ကာပူမှာ စတင်ပြသနေပြီဖြစ်ပါတယ်။
ပြပွဲကာလကတော့
စက်တင်ဘာ ၂၂ ရက်နေ့က အောက်တိုဘာ
၂၈ ရက်နေ့ထိဖြစ်ပါတယ်။
Singapore Art Gallery Weekend လို့ခေါ်တဲ့
စင်ကာပူက ပန်းချီပြခန်းများစုပေါင်းကာ
ပန်းချီပြပွဲများ ခြိမ့်ခြိမ့်သည်းသည်း
တစ်ပြိုင်တည်းကျင်းပနေတဲ့
ကာလအတွင်းမှာ အဆိုပါပွဲတော်ကြီးရဲ့
တစ်စိတ်တစ်ပိုင်းအဖြစ် မြတ်ကျော့ရဲ့ ပြပွဲကိုပါ
ထည့်သွင်းပြသခဲ့တာဖြစ်ပါတယ်။
ခမ်းနားသော ဟာသများလို့ မြန်မာလို
နာမည်ပြန်ဆိုနိုင်မယ့် အခုပြပွဲနဲ့ပတ်သက်ပြီး
ဒဿနိက ပညာရှင် ဆရာဆန်းထွန်းသောင်က
အခုလို မှတ်ချက်ပြုပါတယ်။
“ဖြစ်ရပ်တိုင်းမှာ အကြောင်းတရားရှိပါတယ်။
Every Phenomenon is conditional ။
ယေဓမ္မာ ဟေတုပ္ပဘဝါ ဖြစ်ပါတယ်။
ပန်းချီမြတ်ကျော့က သူမြင်တွေ့ခံစားရတဲ့
ဖြစ်ရပ်တွေကို သူ့ရဲ့ ဉာဏ်စွမ်းရည်နဲ့ မေတ္တာစွမ်းအင်
ပေါင်းစည်း စဉ်းစား ပျိုးထောင်ပွါးများတဲ့
အလုပ်ကို လုပ်ပါတယ်။
ဖြစ်နိုင်တာတွေ ဖြစ်မလာတာတွေ
မဖြစ်နိုင်တာတွေ ဖြစ်လာတာတွေကို
ထပ်ကာထပ်ကာ စိတ်ကူးဉာဏ်ကွန့်မြူးပါတယ်။
သူ့ရဲ့ အနုပညာဉာဏ်နဲ့ ယှဉ်တွဲပြီး
သူ့ရဲ့ သိမှု၊ သူ့ရဲ့ ကျွမ်းကျင်မှုနဲ့ ထွင်းဖောက်ပြီး
ဉာဏ်မြင်သိမှု ပန်းချီကားကို ဖန်တီးပါတယ်။
ဉာဏ်မြင်သိမှု ဟာသကို ဖန်တီးပါတယ်။”
Magnificent Humors ပြပွဲကို
စင်ကာပူအခြေစိုက်
Art Seasons Gallery နဲ့
အခြေစိုက်
BlankFace Art တို့ ပူးပေါင်း စီစဉ်ပါတယ်။
ပြပွဲလိပ်စာကတော့
50 Genting Lane, #03-02
Cideco Industrial Complex ,
Singapore, 349558
ကိုလံဘီယာဖွား
အထင်ကရ ပန်းချီဆရာ
Fernando Botero ကွယ်လွန်
ဘိုတယ်ရိုကို ၁၉၃၂ ခုနှစ်မှာ ကိုလံဘီယာနိုင်ငံမှာ
မွေးဖွားခဲ့ပါတယ်။
ပန်းချီကို အရူးအမူးဝါသနာပါခဲ့ပြီး
ငယ်ဘဝမှာ သတင်းစာတွေမှာ
သရုပ်ဖော်ရေးဆွဲရင်းကျောင်းတတ်ခဲ့ပါတယ်။
၁၉၅၂ ခုနှစ်မှာ စပိန်နိုင်ငံကို
သွားရောက်ပြီး ပန်းချီပညာကို ဆည်းပူးခဲ့ပါတယ်။
၁၉၆၀ ဝန်းကျင်မှာပဲ လူဝကြီးပန်းချီကားတွေ
ဖန်တီးခဲ့ပြီး အောင်မြင်မှုများစွာရခဲ့ပါတယ်။
သူ့ပန်းချီကားတွေဟာ ဒေါ်လာသန်းချီတန်ကြေးရှိခဲ့ပါတယ်။ လူဝကြီးပန်းချီကားတွေသာမက
ပန်းပုရုပ်တုများလည်း ဖန်တီးခဲ့ပါတယ်။
နိုင်ငံရေးနဲ့ နွယ်တဲ့ ပန်းချီကားများစွာလည်း
ဖန်တီးခဲ့သူပါ။ ဘိုတယ်ရိုနဲ့ ပတ်သက်ပြီး
မှတ်သားစရာတွေကတော့ အများအပြားရှိပါတယ်။
အဲ့ဒီထဲကမှ ဘိုတယ်ရိုဟာ သူ့ပန်းချီdealer
ဖြစ်သူFelipe Grimberg ကိုပြောခဲ့တဲ့
စကားလေးကလည်း မှတ်သားဖို့ကောင်းပါတယ်။
သူပန်းချီဆွဲနေတာဟာ
သူဌေးတွေရဲ့ ဂိုထောင်ထဲမှာ
သိမ်းထားဖို့ဆွဲနေတာ မဟုတ်ဘူး။ ဒါကြောင့်
သူ့ပန်းချီကားတွေကို အများပြည်သူကြည့်လို့ရတဲ့
ပြပွဲတွေမှာ မတင်ခင် ဘယ်သူဌေးကိုမှ
လက်သိပ်ထိုးရောင်းမှာ မဟုတ်ဘူး လို့
ပြောခဲ့ဖူးပါတယ်။
ဘိုတယ်ရိုဟာ ၂၀၂၃စက်တင်ဘာ ၁၅ ရက်နေ့
အသက် ၉၁ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။
ပန်းချီကို နှစ်ရှည်လများ
အရေးအဆွဲများလာတဲ့အခါ Experience တွေကိုက
Skillful ဖြစ်လာပြီပေါ့။
အဲ့ဒါကို Mind Eye အဇ္ဈတ္တ စိတ်မျက်လုံး(တတိယမျက်လုံးလို့ပဲခေါ်ခေါ်) နဲ့
ပေါင်းစပ်ပေးလိုက်ရင်
Creation ဖြစ်လာပြီပေါ့။ အဲ့ဒါကို Creative Art လို့
ခေါ်ဆိုပြီး ကိုယ့်ရဲ့ မူပိုင်အနုပညာ
ဖြစ်လာဖို့ လိုပါတယ်။
အဲ့ဒါ ကျွန်တော်စေတနာကောင်းနဲ့ပြောတာဗျ။
တောင်ကကူးချ၊ မြောက်ကကူးချ လုပ်မနေဖို့ပါပဲ။
Creative Art ဆိုတာ သိလာရင်
အလွယ်လေးပါပဲ။ ကူးချနေစရာ မလိုပါဘူး။
ကိုယ့်မှာ လူတိုင်းမှာ ရှိပြီးသားတွေပါ။
အဲ့ဒါကို မမြင်ကြလို့ Modern Art ဟာ ကျဆုံးခဲ့ရပါတယ်။ ပြန်လုပ်ကြည့်စမ်းပါဦး။
ဗဂျီအောင်စိုး
(၂၀ ရာစုနောက်ပိုင်း မြန်မာ့ပန်းချီဟန်သစ်)
(ဗဂျီအောင်စိုးကွယ်လွန်ခြင်း နှစ် ၂၀ ပြည့်
အမှတ်တရ စာအုပ်မှ)
ပုံများကတော့ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ
Pompidou မှာ ပြသခဲ့ Bagyi Aung Soe
ပြပွဲမှ ပုံများဖြစ်ပါတယ်။
ဆြာကျော့ရဲ့
မျက်နှာများ
Magnificent Humor by Myat Kyawt
23 SEP to 28 OCT
in Singapore 🇸🇬
Brought to you by Art Season and Blankfaceart
❗️ပွဲချိန်သတိပြု❗️
နှစ်ရက်တည်းသာ
SEP 9-10
စနေ- တနင်္ဂနွေ
မနက်ကိုးနာရီမှ ညနေ ငါးနာရီထိ
The inner Reflection
လို့အမည်ပေးထားတဲ့ မာဏရဲ့
ပန်းချီပြပွဲနဲ့ စာအုပ်သစ်မိတ်ဆက်ပွဲကို
စနေ တနင်္ဂနွေ နှစ်ရက်ကျင်းပမှာ ဖြစ်ပါတယ်။
စနေ မနက်ကိုးနာရီကနေ ၁ နာရီ မီးလာမှာဖြစ်ပြီး
တနင်္ဂနွေ နေ့လယ် တစ်နာရီကနေ ငါးနာရီ မီးလာမှာ
ဖြစ်ပါတယ်။
ဓာတ်လှေကားနဲ့ တက်ချင်တဲ့သူတွေအနေနဲ့
မီးလာမယ့် အချိန်လေးကို
ရွေးလာရင် ပိုအဆင်ပြေပါတယ်။
လိပ်စာကတော့
ငါးလွှာ ၊ သံစျေး၊ လမ်းမတော်
ရန်ကုန်။
(၁၇ လမ်းသံစျေး ဝင်ပေါက်မှာ သီးသန့်ဓာတ်လှေကား
ရှိပါတယ်)
Magnificent Humor by Myat Kyawt
23 SEP to 28 OCT
in Singapore 🇸🇬
Brought to you by Art Season and Blankfaceart
Directed by Tun Lynn
Disclaimer:
No copyright infringement intended. We do not own the background music in this video and we give fully credit to the rightful owners.
အခုစစ်တမ်းကတော့
ပူပူနွေးနွေးထုတ်ပြန်ထားတဲ့
စစ်တမ်းတစ်ခုဖြစ်ပါတယ်။
ပန်းချီစျေးကွက်ကို သုတေသနပြုလုပ်ထားတာပါ။
နိုင်ငံတကာမှာ မျိုးဆက်သစ်
ပန်းချီဆရာတွေ နေ့စဉ်နဲ့အမျှ ပေါ်ထွက်နေသလို
မျိုးဆက်သစ် စုဆောင်းသူတွေလည်း
ပေါ်ထွက်နေပါတယ်။
ပန်းချီစျေးကွက်ရဲ့ ပင်မ
အရင်းအမြစ်ဟာ စုဆောင်းသူတွေဖြစ်ပါတယ်။
မျိုးဆက်သစ်စုဆောင်းသူတွေဟာ
ဒီဂျစ်တယ်ခေတ်မှာ မွေးဖွားလာသူတွေ
ဖြစ်တာနဲ့အညီ
ဒီဂျစ်တယ် အနုပညာ စုဆောင်းမှုတွေဖြစ်တဲ့
NFT တို့ Digital Coin တို့နဲ့
ဆက်စပ်တဲ့ အနုပညာလက်ရာတွေကို
စုဆောင်းကြပါတယ်။
မျိုးဆက်သစ် စုဆောင်းသူတွေနဲ့
ရှေးရိုးစွဲစုဆောင်းသူတွေးရဲ့ကြားမှာ
စိတ်ဝင်စားဖွယ်ကောင်းတဲ့
အကွာအဟတစ်ခုရှိနေပြီး
နောင်အနာဂတ်မှာ ဘယ်လိုပြောင်းလဲလာမလဲဆိုတာကလည်း စောင့်ကြည့်ရမှာပါပဲ။
ဒီလိုမျိုးစျေးကွက်သုတေသနတွေကို
Christie’s တို့ Sotheby’s တို့လို
လေလံလုပ်ငန်းကြီးတွေ၊
Art Basel တို့လို့ ပန်းချီပွဲတော်ကြီးတွေကလည်း
ထုတ်ပြန်လေ့ရှိပါတယ်။
တစ်ခုသတိချပ်ရမှာက
အဲ့ဒီလိုစစ်တမ်းတွေဟာ
စျေးကွက်ကို သုတေသနပြုလုပ်တာဖြစ်တာကြောင့်
အနုပညာဖန်တီးမှုတွေနဲ့
လားလားမှ သက်ဆိုင်မှုမရှိပါ။
ထို့အတူပါပဲ
မြန်မာပြည်ပန်းချီလောကဟာ
ကမ္ဘာ့အနုပညာလောက မြေပုံထဲမှာ
မရှိတဲ့အတွက် အခုသုတေသနတွေဟာ
မြန်မာ့အနုပညာလောကနဲ့
ဆက်စပ်မှု (လုံးဝ) မရှိပါဘူး။
နိုင်ငံတကာရဲ့ စျေးကွက်ကို
စိတ်ဝင်စားသူများသာ
ဖတ်သင့်ပါတယ်။
အပြည့်အစုံလင့်ခ်ကို မန့်မှာတင်ထားပါတယ်။
ယခုစာတမ်းကို
Artsy ကနေ တင်ဆက်ထားတာ
ဖြစ်ပါတယ်။
Edited
🔴
Views by Kyu Kyu
Size - 48 x 48 inches
Acrylic on Canvas
Artsit Sign on left top corner
Authentic Certificate included
Our Best Weapon for Fighting all the Pain and trouble in the world isn’t Logic or violence. It’s humour.
(Sosuke Natsukawa)
Coming 🔜
Myat Kyawt’s Magnificent Humour!!
Presented by Art Season 🇸🇬 and blankfaccArt 🇲🇲
22 SEP to 28 OCT in Singapore
Magnificent Humor by Myat Kyawt
Coming Soon in Singapore 🇸🇬
တိုးတက်တဲ့ အနုပညာတွေရဲ့ သဘောတရားမှာ စာပေမှာပဲ ဖြစ်ဖြစ်၊ ပန်းချီ ပန်းပုမှာပဲ ဖြစ်ဖြစ်၊ ဂီတမှာပဲ ဖြစ်ဖြစ် သူတို့ရဲ့ အမြင့်မားဆုံး အရည်အသွေးက ဘာလဲဆိုတော့ ကြည့်ရှုခံစားသူရဲ့ ဥာဏ်ကွန်ရက်ကို ဖြန့်ကျက်စေတယ်။ လှုံ့ဆွပေးတယ်။ အဲ့ဒီလို လုပ်နိုင်တဲ့ လုပ်ရပ်တွေဟာ အရည်အသွေးပဲ။ ဒီကောင်ဟာ အမြင့်မားဆုံးပဲ။
ပန်းချီကားတစ်ကားကိုကြည့်တယ်။ ကြည့်တဲ့သူက သူ့မှာ ကြည်ကြည်နူးနူးနဲ့ ဒါမှမဟုတ် အထိတ်တလန့်နဲ့ သူ့ရဲ့ဥာဏ်ကွန်ယက်တွေကို အများကြီးပျံ့သွားစေတယ်။ ဒီပန်းချီကားကို ကြည့်ရတာ စဉ်းစားစရာတွေ အများကြီး ဖြစ်သွားစေတယ်ဆိုရင် အဲ့ဒီပန်းချီကားဟာ သိပ်ကို အဆင့်မြင့်တဲ့ တန်ဖိုးရှိတဲ့ အရည်အသွေးရှိတဲ့ ပန်းချီကားဖြစ်သွားပြီ။ လှလိုက်တာနော်၊ တူလိုက်တာနော်ဆိုတဲ့ ကောင်းလိုက်တာနော်ဆိုတဲ့ ပန်းချီကားမျိုးထက်အများကြီး မြင့်သွားပြီ။
MPP Yei Myint ရေး ခေတ်ပေါ်ပန်းချီနှင့် လူသား၏ မွေးရာပါ အရည်အသွေး ဆောင်းပါးမှ ကောက်နှုတ်ချက်
(ပန်းချီကားများကတော့ ဆရာ MPP Yei Myint ရဲ့ ထင်ရှားတဲ့ Van Gogh Visit Bagan စီးရီးမှ ပန်းချီကားများဖြစ်ပါတယ်)
အေးချမ်းတဲ့ အရိပ်အောက်က
နွေးထွေးတဲ့ မိသားစုတွေ
တစ်ပုံခြင်း သေချာကြည့်ပါက
မတူညီတဲ့ ဘဝတွေ
မတူညီတဲ့ ဇာတ်လမ်းတွေ
မတူညီတဲ့ ရှင်သန်နေထိုင်မှုတွေကို
ပန်းချီကားတစ်ကားထဲမှာ
တွေ့နိုင်မြင်နိုင်ပါလိမ့်မယ်။
Artwork by Myat Kyawt
Click here to claim your Sponsored Listing.
WE Craetion Gallery
WE Creation Gallery is the showcase of Myanmar Contemporary Art. We collected best Local Arts and curated the Exhibitions. WE have our own essence and you can see what WE are different. WE are unique. We are Create.
Ph - 09767019926
Videos (show all)
Category
Contact the museum
Website
Address
Lanmadaw
Yangon
11
No. 199(top-right Room), 28th Street, Panbedan T/S
Yangon, 11141
Tin Maung Oo passed away in July 2022 by Covid. This page is to remember and respect him.
Yangon
All digital art from Yawl_Curio is 100% guaranteed to be Yawl_Curio's own digital creations.
Yangon
Art by Naing Original Water colour paintings .. mounted framed Digital image available
Bomma(3) Streets, North Okkalapa
Yangon
Art Gallerys, Art Frames & Art Paints