Aung Kabar Diagnostic Centre and Specialist Clinic
Nearby health & beauty businesses
အမှတ်-၁၄၄၅၊မင်းရဲကျော်စွာလမ်း၊ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်မြို့။
You may also like
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Kabar Diagnostic Centre and Specialist Clinic, Medical and health, No 1441, Corner of U Wisara Road & Min Ye Kyaw Swar Street, 42 Ward, North Dagon Township, .
ကျောက်ကပ်ကို ဘာကြောင့် စစ်ဆေးသင့်ပါသလဲ?
ကျောက်ကပ်သည် လူ့ ခန္ဓာကိုယ်အတွင်း အင်္ဂါအစိတ်အပိုင်းများထဲမှ သွေးတွင်းမလိုအပ်သော စွန့်ပစ်ပစ္စည်းများအား စစ်ထုတ်ပြီး ဆီးအဖြစ်စွန့်ပစ်သော လုပ်ငန်းစဉ်ကို လုပ်ဆောင်လျက်ရှိပြီး သွေးလှည့်ပတ်မှု၊ သွေးခုန်နှုန်း၊ သွေးနီဥများထုတ်လုပ်မှုအတွက်
လည်း အရေးပါသော အင်္ဂါဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ကျောက်ကပ်ပျက်စီးတတ်ပြီး ခန္ဓာကိုယ်အတွင်းမှ စွန့်ထုတ်ရမည့် အညစ်အကြေးပမာဏ လွန်စွာများပြားလာသောအချိန်တွင် လိုအပ်သည်ထက် ပိုမိုအလုပ်လုပ်ရသောအခါတွင် ကျောက်ကပ်ပျက်စီးထိခိုက်ခြင်းဖြစ်နိုင်ပါတယ်။
ကျောက်ကပ်ပျက်စီးခြင်း ရောဂါလက္ခဏာများ.....
- အားနည်းပြီး မောပန်းနွမ်းနယ်ခြင်း
- အသက်ရှူမဝြခင်း
- လေးလံထိုင်းမှိုင်းပြီး အာရုံစိုက်မရခြင်း
- ဖောရောင်ခြင်း
- ခံတွင်းပျက်ခြင်း
- မျက်လုံးတစ်ဝိုက်တွင် လိုသည်ထက် ပိုညိုနေခြင်း
(မျက်ကွင်း)
- အသားအရေခြောက်ခြင်း၊ ယားယံခြင်း
- ညအိပ်မပျော်ခြင်း
စသည့် လက္ခဏာများသည် ကျောက်ကပ်ပျက်စီးနေကြောင်းပြသသည့် လက္ခဏာများဖြစ်ပါတယ်။
ခန္ဓာကိုယ်အတွင်းမှ ပိုတက်ဆီယမ်ဓါတ်များမစွန့် ထုတ်နိုင်တော့တဲ့အတွက် ပိုတက်ဆီယံမ်များ များပြားလာကာ နောက်ဆက်တွဲအနေဖြင့် နှလုံးစည်းချက်မမှန်တော့ဘဲ ရုတ်တရက် အသက်ဆုံးရှုံးမှု ဖြစ်ပေါ်တတ်ပါတယ်။
ကနဦးကျောက်ကပ်ပျက်စီးမှု ဖြစ်စဉ်များတွင် သိသာထင်ရှားသောလက္ခဏာပြသခြင်းမရှိသဖြင့် သာမန်အားဖြင့် သိရှိနိုင်ခြင်းမရှိပါ။
ကျောက်ကပ်ပျက်စီးသည့် ဝေဒနာကို ခံစားရပါက မည်သည့် နောက်ခံအကြောင်းတရား ဆက်စပ်ရောဂါကြောင့် ဖြစ်စေကာမူ ပထမဆုံးအဆင့် ကျောက်ကပ်ကိုသာ အဓိကထားကုသရပါတယ်။
အချို့ သောကျောက်ကပ်ပျက်စီးမှုများသည် ကုသခြင်းဖြင့် ကျောက်ကပ်လုပ်ဆောင်ချက် ပြန်လည်မှန်ကန်ကောင်းမွန်လာစေပြီး အချို့ ကျောက်ကပ်ပျက်စီးမှုများသည် ရောဂါရင့်သောအဆင့်သို့ရောက်ကာ ကုသရန်အချိန်မှီခြင်း မရှိတော့တာမျိုးဖြစ်တတ်ပါတယ်။
ကျောက်ကပ်၏ အခြေအနေကို အမြဲစစ်ဆေး သိရှိနိုင်သော နည်းလမ်းမှာ သွေးဖောက်စစ်ခြင်းနည်းလမ်းဖြင့် တိုင်းတာသိရှိနိုင်ပါတယ်။
Creatinine ခေါ် သွေးတွင်းဓာတ်တစ်မျိုးအား စစ်ဆေးခြင်း၊ BUN ဟုခေါ်သော Blood Urea Nitrogen
စစ်ဆေးခြင်း၊ GFR ဟုခေါ်သော ကျောက်ကပ်၏စစ်ထုတ်နိုင်စွမ်းအားကို စစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိပြီး အခြားသော စစ်ဆေးမှုများလည်း လိုအပ်သလို ပြုလုပ်ကြပါတယ်။
သွေးပေါင်ချိန်ထိန်းသိမ်းခြင်း၊ ဆီးချိုသွေးချို မဖြစ်အောင် ထိန်းသိမ်းနေထိုင်ခြင်း သည် ကျောက်ကပ်ပျက်စီးမှုကို ကာကွယ်သော အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ အသက်အရွယ်ကြီးမြင့်လာသည်နှင့်အမျှ ကျောက်ကပ်၏ စွမ်းဆောင်ရည် ကျဆင်းလာသည်ကို တွေ့ရတတ်ပါတယ်။
ကျောက်ကပ် လုံး၀ ပျက်စီးခြင်း အဆင့်သို့ရောက်ရှိသွားသောအခါတွင် တစ်ခုတည်းသောရွေးချယ်စရာနည်းလမ်းမှာ ကျောက်ကပ်ဆေးခြင်းဟု လူသိများသည့် ကျောက်ကပ်အတွင်းမှ အညစ်အကြေးများကို စက်ဖြင့်သန့်စင်ခြင်း သို့မဟုတ် ကျောက်ကပ်အစားထိုးကုသခြင်းတို့သာ နောက်ဆုံးသော နည်းလမ်းဖြစ်ပါတယ်။
အထက်ပါအချက်များကြောင့် သင့်ကျောက်ကပ်၏ အခြေအနေကို ပုံမှန်စစ်ဆေးခြင်းသည် မလိုလားအပ်သော အချိန်ကုန်၊ငွေကုန်၊ လူ့အသက်အန္တရာယ် နီးသော အချက်များမှ ကြိုတင်ကာကွယ်ထားခြင်းပင် ဖြစ်ပါတယ်။
အောင်ကမ္ဘာအထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာတွင်လည်း လူကြီးမင်းတို့၏ ကျောက်ကပ်ဆိုင်ရှာ စစ်ဆေးမှုများက်ုလည်း စျေးနှုန်းချိုသာစွာဖြင့် စစ်ဆေးနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
ဒါ့အပြင် ဒီpageလေးကနေ ကျန်းမာရေးဗဟုသုတများကို အခါအားလျော်စွာတင်ပေးသွားမှာဖြစ်တဲ့အတွက် page ကို Like & Follow လုပ်ထားနိုင်ပါတယ်ရှင့်။
အောင်ကမ္ဘာအထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ
လိပ်စာ - အမှတ် ၁၄၄၁၊ ဦးဝိစာရလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံ။
ဖုန်းနံပါတ်များ
၀၉ ၄၄၄ ၄၄၉ ၄၅၅
၀၉ ၇၇၄၀ ၇၇၇ ၃၆
၀၉ ၃၁ ၄၅၆ ၇၇၅
Aung Kabar Diagnostic Centre and Specialist Clinic Medical & health
ရာသီတုပ်ကွေးအန္တရာယ်မှ ကာကွယ်ကြပါစို့…
အခုလို နေ့စဉ်နဲ့အမျှ မိုးရွာသွန်းနေတဲ့ရာသီအပြောင်းအလဲကာလလေးမှာ အထူးဂရုစိုက်သင့်တာကတော့ လူတိုင်းနီးပါးဖြစ်နေကြတဲ့ ရာသီတုပ်ကွေးပါပဲ။
ရာသီတုပ်ကွေးဖြစ်တဲ့ လူအများစုကတော့ ဆေးကုသမှု မလိုအပ်ဘဲ တစ်ပတ်အတွင်း အဖျားနှင့် အခြားရောဂါလက္ခဏာများမှ ပြန်လည်ကောင်းမွန်နိုင်ကြပေမယ့် အသက်ငယ်သူများ (ကလေးငယ်များ)၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နာတာရှည်ရောဂါခံစားနေရသူများသည် အန္တရာယ်များသောအုပ်စုများကြားတွင်ပါဝင်ပြီး ပြင်းထန်သောဖျားနာခြင်း သို့မဟုတ် သေဆုံးစေနိုင်တဲ့အထိဖြစ်စေတတ်ပါတယ်။
တုပ်ကွေးလက္ခဏာများသည် များသောအားဖြင့်
👉 အအေးမိခြင်းကဲ့သို့ နှာရည်ယိုခြင်း
👉 နှာချေခြင်း
👉 လည်ချောင်းနာခြင်း
👉 ခေါင်းကိုက်ခြင်း
👉 အဖျား သို့မဟုတ် ချမ်းတုန်ခြင်း
👉 ကြွက်သားများနှင့် အဆစ်အမြစ်များ နာကျင်ခြင်း
👉 ချောင်းဆိုးခြင်း
👉 အသက်ရှုကြပ်ခြင်း
👉 ပင်ပန်းနွမ်းနယ်ခြင်းနှင့် အားနည်းခြင်း
👉 အချို့သောအခြေအနေများတွင် ကလေးများ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ကိုလည်း ဖြစ်ပွါးနိုင်ပါတယ်။
ယခုလို အချိန်အခါတွင် အဖြစ်များလာသော ရာသီတုကွေးရောဂါအား ကာကွယ်ဆေးကြိုတင်ထိုးနှံထားခြင်းဖြင့် ထိရောက်စွာကာကွယ်နိုင်မှာ ဖြစ်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
👉 အောင်ကမ္ဘာအထူးကုဆေးခန်းတွင် ထိုးနှံပေးလျက်ရှိသော Flu Vaccine များမှာ မြန်မာနိုင်ငံ FDA မှ တရားဝင် အသိအမှတ်ပြုလက်မှတ်ရရှိထားပြီး ပြင်သစ်နိုင်ငံ SANOFI PASTEUR INSTITUTE မှထုတ်လုပ်ထားသော flu vaccine များဖြစ်ပါတယ်။
ဆက်သွယ်ရန်
လိပ်စာ - အမှတ် ၁၄၄၁၊ ဦးဝိစာရလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံ။
ဖုန်းနံပါတ်များ
၀၉ ၄၄၄ ၄၄၉ ၄၅၅
၀၉ ၇၇၄၀ ၇၇၇ ၃၆
၀၉ ၃၁ ၄၅၆ ၇၇၅
Cholesterol များခြင်းကြောင့် ဘာတွေဖြစ်လာနိုင်သလဲ?
ရောဂါအများစု ဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းအရင်းဟာ သွေးတွင်းအဆီဓာတ်(ကိုလက်စထရော)များခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။
လူကြီးမင်းတို့နေ့စဉ် စားသုံးနေတဲ့အစားအစားတွေဖြစ်တဲ့ အသား ၊ ကလီစာ ၊ နို့ ၊ ဥ ( အနှစ် ) အမျိုးမျိုး နှင့် ပင်လယ်စာများ စတဲ့အသားတွေဟာCholesterol ဓာတ်တွေအများအပြားပါဝင်နေပါတယ်။
အထူးသဖြင့်ယနေ့ခေတ်ရဲ့ စားအုန်းဆီဟာ လူသားတော်တော်များများကို ဒုက္ခပေးနေပါတယ်။ထပ်ခါတလဲလဲကြော်ထားတဲ့အကြော်ခံဆီဟာ ဝက်ဆီိထက်တောင်အန္တရာယ်များပါတယ်။လုံးဝထပ်ပြီးအသုံးမပြုသင့်ပါဘူး။ ပြည်ကြီးငါးဥဟာအလွန်အရသာရှိပေမယ့် cholesterol အမြင့်ဆုံးမို့ရှောင်စားသင့်ပါတယ်။
မြေပဲဆီ၊ နှမ်းဆီ၊ နေကြာစေ့ဆီ၊ ပြောင်းဆီ၊ သံလွင်ဆီ၊ ဟင်းရွက်ဆီ အမျိုးမျိုးဟာ နှစ်ကျပ်ခွဲသားစားပါမှCholesterol 0.4 မီလီဂရမ်သာ ရရှိနိုင်သဖြင့် အပင်မှထွက်သော အဆီအမျိုးမျိုးတွင် Cholesterol ဓာတ် မပါ၀င်သလောက်ပဲလို့ မှတ်သားထားနိုင်ပါတယ်။ ငါးများများစားပေးခြင်းဖြင့်လည်း Cholesterol ဓာတ်ကိုထိန်းနိုင် ပါတယ်။တခြားသော တိရိစ္ဆာန်များရဲ့အဆီဟာမကောင်းပေမယ့် ငါးဆီဟာဖြင့်ကျန်းမာရေးအထောက်အကူပြုဆီ(Omega3)ဖြစ်လို့ များများစားသင့်ပါတယ်။
အဲဒီတော့ ကိုယ်တစ်နေ့ တစ်နေ့ စားသောက်နေတယ့်အစားအစာတွေထဲမှာCholesterol ဓာတ်ကိုဘယ်လောက်တောင်စားသုံးပြီးပြီလဲဆိုတာ ခန့်မှန်းစစ်ဆေးလို့ရပါတယ်…
Cholesterol အရမ်းများရင် ဘာတွေဖြစ်နိုင်လဲ ?
Cholesterol အရမ်းများရင် ဖြစ်လာနိုင်တဲ့ရောဂါတွေက
- နှလုံးရောဂါ
- လေဖြတ်ခြင်း
- သွေးကြောကျဉ်းရောဂါများ အဓိကဖြစ်တတ်ပါတယ်….
Cholesterol တွေ ဘာကြောင့်အရမ်းများနေတာလဲဆိုတော့
- မျိုးရိုးဗီဇ
- အလွန်အမင်း ဝြခင်း( သို့)အဝလွန်ခြင်း
- အရက်၊ဆေးလိပ်အလွန်အကျွံသောက်သုံးခြင်း
- ကိုယ်လက်လေ့ကျင့်ခန်းနည်းပါးခြင်းကြောင့်ဖြစ်ပြီး ဆီးချိုရောဂါသည်၊ ကျောက်ကပ်ရောဂါသည်နဲ့ လည်ပင်းကြီးရောဂါသည်တွေမှာတွေ့ရလေ့ရှိပါတယ်။
Cholesterol ကိုစစ်ဆေးတိုင်းတာခြင်းကို Lipid profile test လို့ခေါ်ပြီး ဘယ်လိုအဖြေမျိုးတွေက ကိုယ့်အတွက်အကောင်းဆုံးဖြစ်မလဲ ?
- LDL လို့ခေါ်တဲ့ မကောင်းတဲ့ Cholesterolဟာ 70 to 130 mg/dLကြားသာရှိသင့်ပါတယ်(နည်းလေကောင်းလေ)
- HDL လို့ခေါ်တဲ့ ကောင်းတဲ့Cholesterolဟာ 40 to 60 mg/dLကြားမှာရှိသင့်ပေမယ့်60mg တဲ့များရင်ပိုကောင်းပါတယ် (များလေကောင်းလေ)
- Triglycerides ဟာ 10 to 150 mg/dL ကြားမှာသာရှိသင့်ပါတယ်(နည်းလေကောင်းလေ)
- စုစုပေါင်း Cholesterol ဟာ 200 mg/dL ထက်နည်းနေမယ်ဆို ကောင်းပါတယ်။
အကယ်လို့ ကိုယ်ဆေးစစ်လို့ရလာတဲ့အဖြေမှာ Cholesterol မြင့်တက်နေမယ်ဆိုရင်တောင် စိတ်မပူပါနဲ့ ။ လျော့သွားအောင်လုပ်နိုင်မယ့်နည်းလမ်းတွေရှိပါတယ်။မိမိကို စစ်ဆေးမှုပြုလုပ်ပေးတဲ့ဆရာဝန်ရဲ့ကုသမှုအကြံဉာဏ်များတောင်းခံပြီးလျော့ကျသွားအောင်လုပ်နိုင်ပါတယ်။ဆေးသောက်ခြင်း၊စားသောက်မှုပုံစံ၊ သွားလာလှုပ်ရှားမှုစတဲ့ ဘဝရဲ့နေ့စဉ်ဖြတ်သန်းမှုနေထိုင်ပုံကိုပြောင်းလဲပစ်မည်ဆိုပါက Cholesterol လျော့ကျပြီး ကျန်းမာသန်စွမ်းတဲ့ဘဝကိုပိုင်ဆိုင်မည်မှာမလွဲမသွေပါပဲရှင်။
ဒီpageလေးကနေ ကျန်းမာရေးဗဟုသုတများကို အခါအားလျော်စွာတင်ပေးသွားမှာဖြစ်တဲ့အတွက် page ကို Like & Follow လုပ်ထားနိုင်ပါတယ်ရှင့်။
အောင်ကမ္ဘာအထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ
လိပ်စာ - အမှတ် ၁၄၄၁၊ ဦးဝိစာရလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံ။
ဖုန်းနံပါတ်များ
၀၉ ၄၄၄ ၄၄၉ ၄၅၅
၀၉ ၇၇၄၀ ၇၇၇ ၃၆
၀၉ ၃၁ ၄၅၆ ၇၇၅
Aung Kabar Diagnostic Centre and Specialist Clinic Medical & health
အောင်ကမ္ဘာအထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးင်တာမှ အထူးပရိုမိုးရှင်းအနေဖြင့် ၁သိန်းခွဲကျပ်မှ စတင်၍ စစ်ဆေးမှုပေါင်း (၃၀)မျိုးပါဝင်တဲ့ Regular Checkup အမျိုးအစားလေးနဲ့ မိတ်ဆက်ပေးပါရစေရှင့်
Regular Checkup ကို ကျား/မ မရွေး စစ်ဆေးနိုင်ပြီး အသက်အရွယ်အားဖြင့်လဲ ၃၀ နှစ်မှစတင် စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ နှစ်စဉ် သို့မဟုတ် ၆ လတစ်ကြိမ် စစ်ဆေးနိုင်မှာဖြစ်ပြီး ခန္ဓာကိုယ်အတွက် မဖြစ်မနေ လိုအပ်တဲ့စစ်ဆေးမှုများကို ပါဝင်ထည့်သွင်းထားရှိပါတယ်။
ပါဝင်တဲ့ စစ်ဆေးမှုများအသေးစိတ်ကတော့
☑️ ကနဦးကျန်းမာရေး စစ်ဆေးခြင်း - Initial Assessment
☑️ အရေးကြီးလက္ခဏာများ စမ်းသပ်စစ်ဆေးခြင်း - Blood Pressure & Vital Signs
☑️ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း တိုင်းတာစစ်ဆေးခြင်း - Body Mass Index (BMI)
☑️ ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း - Physical Examination
☑️ နှလုံးကျန်းမာရေး စစ်ဆေးခြင်း - Cardiac Screening
☑️ ECG နှလုံးလျှပ်စီးလှိုင်း စစ်ဆေးခြင်း- Electrocardiogram
☑️ ပုံရိပ်ဖော်စစ်ဆေးခြင်း - Imaging Investigation
☑️ ရင်ဘတ်ဓါတ်မှန်ရိုက်ကူးခြင်း - Chest X-ray
☑️ ဓါတ်ခွဲစမ်းသပ် စစ်ဆေးခြင်းများ- Laboratory Tests
☑️ သွေးဖြူဥ၊ သွေးနီဥ၊ သွေးဥမွှားများ စစ်ဆေးခြင်း (၂၆မျိုး) -CP Auto (26 parameters)
☑️ သွေးနီဥအနည်ထိုင်နှုန်း စစ်ဆေးခြင်း - ESR
☑️ သွေးအုပ်စုအမျိုးအစားခွဲခြားခြင်း - ABO & Rh Blood Grouping
☑️ ဆီးချိုရောဂါစစ်ဆေးခြင်း - Blood Sugar Profile
RBS/FBS
☑️ သွေးတွင်း အဆီဓါတ်ပမာဏများ တိုင်းတာစစ်ဆေးခြင်း Lipid Profile
Total Cholesterol
Triglyceride
HDL
LDL
TC : HDL
☑️ အသည်းလုပ်ဆောင်ချက်များ စစ်ဆေးခြင်း Liver Function Test
Total Bilirubin
ALT (SGPT)
AST (SGOT)
☑️ ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးခြင်း Kidney Function Test
Urea
Creatinine
BUN (Blood Urea Nitrogen)
eGFR
☑️ အရိုးအဆစ်ယောင်ဂေါက်ရောဂါ စစ်ဆေးခြင်း - Uric Acid
☑️ လေးဘက်နာပိုး ရှိ/မရှိ စစ်ဆေးခြင်း - A*O
☑️ အရိုးအဆစ်လေးဘက်နာ ရှိ/မရှိ စစ်ဆေးခြင်း - Rheumatoid Factor (RF)
☑️ ဆီးစစ်ဆေးခြင်း (၁၅မျိုး) - Urine REME (15 parameters)
☑️ အခြားဝန်ဆောင်မှုများ - Other services
☑️ ဆရာဝန်ကြီးနှင့် တိုင်ပင်ဆွေးနွေးခြင်း - Consultation by doctor
☑️ အစားအသောက်ဖြင့် ဧည့်ခံခြင်း - Meal & Drinks
☑️ ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်း - Medical Record
တို့ပဲ ဖြစ်ပါတယ်။
လူကြီးမင်းတို့စစ်ဆေးလိုသည့် ကျန်းမာရေးစစ်ဆေးမှုများကို တစ်နေရာထဲမှာ စုံစုံလင်လင်ဖြင့် စစ်ဆေးနိုင်မှာဖြစ်ပြီး ထပ်တိုးစစ်ဆေးလိုသည်များကိုလည်း သက်သာသော အထူးဈေးနှုန်းများဖြင့် စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ အသက်အရွယ်အလိုက် စစ်ဆေးနိုင်သော အခြား package များလဲရှိပါတယ်။ ကျန်းမာရေးစစ်ဆေးမှုတွေ့ရှိချက်များအပေါ်မူတည်၍ လိုအပ်ပါက အထူးကု ဆရာဝန်ကြီးများနှင့် ဆက်လက်ပြသနိုင်ရန် စီစဉ်ထားရှိပါတယ်။
ကျန်းမာရေးစစ်ဆေးမှုများကို ကြိုတင်ရက်ချိန်းရယူ၍ နေ့စဉ် နံနက် ၇နာရီ မှ - ည ၉နာရီအထိ ပိတ်ရက်မရှိ လာရောက် စစ်ဆေးနိုင်မှာဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်
အောင်ကမ္ဘာအထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ
လိပ်စာ - အမှတ် ၁၄၄၁၊ ဦးဝိစာရလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံ။
ရက်ချိန်းရယူရန် ဖုန်းနံပါတ်များ
၀၉ ၄၄၄ ၄၄၉ ၄၅၅
၀၉ ၇၇၄၀ ၇၇၇ ၃၆
၀၉ ၃၁ ၄၅၆ ၇၇၅
Aung Kabar Diagnostic Centre and Specialist Clinic Medical & health
မင်္ဂလာပါ
အောင်ကမ္ဘာ အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာတွင် ရရှိနိုင်သော ဝန်ဆောင်မှုများအနေဖြင့်
- အထူးကုဆရာဝန်ကြီးများဖြင့်ပြသခြင်း
- ရောဂါရှာဖွေစမ်းသပ်စစ်ဆေးခြင်း
- ECGဖြင့် နှလုံးစမ်းသပ်စစ်ဆေးခြင်း
- နှလုံးတယ်လီဗွီးရှင်းဓါတ်မှန်(Echocardiogram)ရိုက်ကူးခြင်း
- နောက်ဆုံးပေါ် Digital X-ray စက်ကြီးဖြင့် ဓါတ်မှန်ရိုက်ကူးခြင်း
- ခေတ်မှီ Ultrasound စက်ကြီးဖြင့် တယ်လီဗွီးရှင်းဓါတ်မှန်ရိုက်ကူးခြင်း
- အဆင့်မြင့် Flexible OGD Scope ဖြင့် နာကျင်မှုမခံစားရပဲ အစာအိမ်၊အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှု့ခြင်း
- ဓါတ်ခွဲစမ်းသပ်စစ်ဆေးခြင်း
ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခြင်း
- တစ်ဦးချင်းကျန်မာရေးစစ်ဆေးခြင်း
- ကုမ္ပဏီအစုအဖွဲ့အလိုက် ကျန်မာရေးစစ်ဆေးခြင်း
- နိုင်ငံခြားသို့သွားရောက် အလုပ်လုပ်ကိုင်မည့်သူများအတွက် ကျန်မာရေးစစ်ဆေးခြင်း
ကာကွယ်ဆေးအမျိုးမျိုးထိုးနှံပေးခြင်း
အိမ်တိုင်ရာရောက် ကာကွယ်ဆေးထိုးနှံပေးခြင်း
အိမ်တိုင်ရာရောက် သွေးဖောက်စစ်ဆေးခြင်းတို့အပြင် နိုင်ငံခြားဆေးမျိုးစုံကို စျေးနှုန်းချိုသာစွာရရှိနိုင်ပါတယ်
အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများရယူနိုင်ရန်အတွက် ဖုန်းနံပါတ် (Hotline - ၀၉ ၄၄၄ ၄၄၉ ၄၅၅
၀၉ ၇၇၄၀ ၇၇၇ ၃၆၊ ၀၉ ၃၁ ၄၅၆ ၇၇၅) တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
လိပ်စာ - အမှတ် ၁၄၄၁၊ ဦးဝိစာရလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံ။
Aung Kabar Diagnostic Centre and Specialist Clinic Medical & health
ဆီးချိုဝေဒနာရှင်များအတွက် အချိန်(၁၀)မိနစ်
ဒီတစ်ခါကတော့ ဆီးချိုသမားများအတွက် အကျိုးရှိစေမယ့် အကြောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ ထွေထွေထူးထူး သီးသန့်အချိန်ပေးပြီးလုပ်စရာမလိုဘဲ Life Style လေးထဲကနေ အချိန်(၁၀) မိနစ်ခန့်သာ ပေးပြီး ဆီးချိုရောဂါကိုအကောင်းဆုံး ထိန်းသိမ်းနိုင်တဲ့နည်းလမ်းလေးများ၊ အလေ့အထလေးများကိုမျှဝေပေးလိုက်ပါတယ်။
၁- ခန္ဓာကိုယ်မှာထိခိုက်ဒဏ်ရာရှိမရှိ အမြဲစစ်ဆေးပါ
နေ့စဉ်ရေချိုးတဲ့အခါတိုင်း ခန္ဓာကိုယ်မှာ ပွန်းပဲ့ ဒဏ်ရာများရှိမရှိ ခေါင်းအစခြေဆုံး(Head to Toe) စစ်ဆေးပါ။များသောအားဖြင့် စိုထိုင်းစများတဲ့နေရာတွေက ပိုးတွေပိုပေါက်စေတာကိုမမေ့ပါနဲ့(ဥပမာ-ချိုင်းကြားတို့၊ပေါင်ခြံတို့လိုနေရာမျိုးပေါ့)။ အထူးသဖြင့် သင့်ရဲ့ခြေထောက်၊ခြေချောင်းလေးတွေကိုဂရုစိုက်ပါ။ ဖြစ်နိုင်ရင် ကိုယ်လုံးပေါ်မှန်သုံးပြီး ကြည့်ရှုစစ်ဆေးပါ။ အကယ်၍ ထိခိုက်ဒဏ်ရာရှိပါက ချက်ချင်းကုသပါ။ အသားရေကို အထူးဂရုစိုက်ပါ။
၂-ဖိနပ်အမြဲစီးပါ။
ဘယ်တော့မှ ခြေဗလာနဲ့အပြင်မထွက်ပါနဲ့။ အိမ်ထဲမှာ နေစဉ်မှာတောင် အိမ်တွင်းစီး ဖိနပ်အမြဲစီးပါ။ ဖိနပ်စီးဖို့ပြင်တိုင်းလည်း သတိလက်လွတ်မစီးဘဲ အခြားခြေထောက်ကို ထိခိုက်စေနိုင်မယ့် အရာဝတ္ထုလေးတွေ ရှိ/မရှိအမြဲစစ်ဆေးပြီးမှ စီးပါ။ အထူးသဖြင့်တော့ မိမိရဲ့ခြေထောက်ကို Pressure Effect သက်ရောက်မှု မရှိတဲ့ ဖိနပ်မျိုးကို စီးပါ။
၃-အရေးပေါ်စားနိုင်သောအစာများ ဆောင်ထားပါ
အိတ်ထဲတွင် အလွယ်တကူ သကြားဓာတ်ဖြည့်တင်းပေးနိုင်သော သကြားလုံး သို့မဟုတ် glucose ဆေးပြားများ ဆောင်ထားပါ။ အစာလွန်ခြင်း၊ ဆီးချိုဆေးများပိုမိုသောက်သုံးထားမိခြင်းနှင့် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းများပြုလုပ်ခြင်းကHypoglycemia ဖြစ်စေနိုင်ပါတယ်။ Hypoglycaemiaလို့ခေါ်တဲ့သွေးတွင်းသကြားဓာတ်ပမာဏသည် 70 mg/dl အောက်သို့ကျသောအခါ မူးဝေခြင်း၊ ဆာလောင်ခြင်း၊ ခြေလက်များ တုန်လာခြင်းတို့ဖြစ်တတ်သောကြောင့် glucose ဓာတ် အမြန်ပြန်ဖြည့်ပေးနိုင်သော သကြားလုံးနှင့်အခြား အချိုဓာတ် ပြန်ဖြည့်တင်းပေးနိုင်တဲ့ အစားအသောက်လေးတွေကို ကိုယ်နှင့်တပါတည်းယူဆောင်ထားပါ။
၄-သွေးတွင်းသကြားဓာတ်ပုံမှန်စစ်ဆေးပါ
ဆီးချိုရောဂါအခြေအနေပေါ်မူတည်ပြီး ဆရာဝန်၏ညွှန်ကြားချက်အတိုင်း သွေးတွင်းသကြားဓာတ်ကို အမြဲစစ်ဆေးတိုင်းတာပါ။ မနက်စောစောအိပ်ယာထထချင်း အစာမစားမီ စစ်ဆေးလျှင် သွေးတွင်း သကြားဓာတ်ပမာဏသည် 80mg/dl မှ 130mg/dl အတွင်းရှိသင့်ပါတယ်။ နောက် အစာစားပြီး တစ်နာရီ နှစ်နာရီ အတွင်း စစ်သောအခါ180mg/dl အောက်သာရှိသင့်ပါတယ်။
၅- လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ရဲ့သွေးတွင်းသကြားဓာတ်ကို ဘယ်လိုသက်ရောက်မှုရှိလဲ သိရှိဖို့ မှတ်တမ်းလေးထားပါ။
လေ့ကျင့်ခန်းမလုပ်မီနှင့် လေ့ကျင့်ခန်းလုပ်ပြီး သွေးတွင်းသကြားပမာဏကို မှတ်တမ်းယူပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဆီးချိုရောဂါဝေဒနာရှင်များသည် လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် အန္တရာယ်ရှိမရှိ သိရှိပါမည်။
၆- အင်ဆူလင်ကို လိုအပ်လျှင်ဖြည့်ပါ
သင်သည် အလုပ်များသူ၊ အမြဲခရီးသွားနေရသူ၊ အစားစားချိန် မမှန်သူဖြစ်ပါက သင်၏ဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးထားသင့်ပါသည်။ သင်၏ အခြေနေပေါ်မူတည်ပြီး လိုအပ်ရင် သင်၏ဆရာဝန်မှ အာနိသင်လျှင်မြန်စွာပေးနိုင်တဲ့ Insulin အမျိုးအစား တစ်ခုခုကို အစားမစားမီအသုံးပြုဖို့ ညွှန်ကြားကောင်းညွှန်ကြားပါလိမ့်မယ်။
၇- အစာအာဟာရသေချာစွာ စားပါ။
အစားအစာ အနေဖြင့် Glycemic Index နိမ့်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးသင့်ပါသည်။ Glycemic Index(GI)ဆိုတာ အစားအစာတို့၏ သွေးချိုမြင့်တက်အားကို ပြောခြင်းဖြစ်ပါသည်။ ဆီးချိုလူနာတိုင်း အစာမစားမီ၎င်းအစားအစာ၏
(GI)ကိုသိထားသင့်ပါသည်။
၈-ရေများများသောက်ပါ
သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်းက ရေဓာတ်ခမ်းခြောက်နိုင်သောကြောင့် ရေများများသောက်ပေးပါ။
၉- ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ
တစ်နေ့ကို အနည်းဆုံး နာရီဝက်(30 mins)ခန့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။ သင်သည် အရမ်း အလုပ်များသူုဖြစ်ပြီး ကိုယ်လက်လှုပ်ရှားမှု အတွက်တစ်ခါထဲ အချိန်မပေးနိုင်ပါက မနက်၊ နေ့လယ်၊ ညနေ ခွဲပြီး လုပ်ပေးပါ။
၁၀- ဆေးသေတ္တာဗူးဆောင်ထားပါ
ဆီးချိုဝေဒနာရှင်များသည် ဒဏ်ရာသေးသေးလေးထိခိုက်မိသော်ငြားလည်း အနာမကြတ်ခြင်းစသော နောက်ဆက်တွဲဆိုးကျိုးများကြောင့် ရောဂါကြီးသွားတတ်ပါတယ်။ ဒါကြောင့်မို့လို့ Hydrogen Peroxideဆေးရည်၊ အရက်ပျံ၊ Antibiotic Cream၊ ဂွမ်းစ၊ ပတ်တီးလိပ် စတာလေးတွေကို ဆောင်ထားသင့်ပါတယ်။
၁၁-ဆီးချိုဝေဒနာရှင်ဖြစ်ကြောင်းပတ်ဝန်းကျင်မှ သိရှိနိုင်ဖို့ အမှတ်အသားတစ်ခုခု ဆွဲထားပါ/ ဆောင်ထားပါ။
ဆီးချိုဝေဒနာရှင်ဖြစ်ကြောင်း ဆွဲကြိုး သို့ လက်ကောက် အဖြစ် ဆောင်ထားခြင်းအားဖြင့် ရုတ်တရက် ဆီးချို ကျန်းမာရေးပြဿနာ တစ်ခုခု ဖြစ်ပေါ်ခဲ့ပါက ပတ်ဝန်းကျင်မှ လိုအပ်သော အကူအညီပေးနိုင်မည်ဖြစ်သည်။
ထိုကြောင့် ဖော်ပြပါအချက်လေးများကို သတိမူ၍နေ့စဉ်ကျင့်ကြံပါက ဆီးချိုရောဂါရှင်များအတွက် များစွာ အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။
ဒီpageလေးကနေ ကျန်းမာရေးဗဟုသုတများကို အခါအားလျော်စွာတင်ပေးသွားမှာဖြစ်တဲ့အတွက် page ကို Like & Follow လုပ်ထားနိုင်ပါတယ်ရှင့်။
အောင်ကမ္ဘာအထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ
လိပ်စာ - အမှတ် ၁၄၄၁၊ ဦးဝိစာရလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံ။
ဖုန်းနံပါတ်များ
၀၉ ၄၄၄ ၄၄၉ ၄၅၅
၀၉ ၇၇၄၀ ၇၇၇ ၃၆
၀၉ ၃၁ ၄၅၆ ၇၇၅
ကျန်းမာပျော်ရွှင်သော လူနေမှုဘဝများကို ပိုင်ဆိုင်နိုင်ဖို့ ရာသီတုပ်ကွေးကာကွယ်ဆေး ပုံမှန်ထိုးကြစို့
ရာသီအကူးအပြောင်းကာလတွင် ဗိုင်းရပ်စ်ကြောင့် အဖြစ်များလေ့ရှိပြီး နှာခေါင်း၊ လည်ချောင်း နှင့် အဆုတ်တို့မှ တဆင့် အဓိက ကူးစက်တတ်သော ပျံ့နှံ့လွယ်သည့် ရောဂါအမျိုးအစားမှာ ရာသီတုပ်ကွေးရောဂါပင် ဖြစ်ပါသည်။ အဖြစ်များလေ့ရှိသော ရာသီတုပ်ကွေးရောဂါကို အသက်အရွယ်ကြီးသူများ၊ ကလေးသူငယ်များ၊ နှလုံးရောဂါခံစားနေရသူများနှင့် အခြားသောဆေးကုသမှုခံယူနေရသော နာတာရှည်ရောဂါဖြစ်နေသူများအနေဖြင့် ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးထားခြင်းဖြင့် ကြိုတင်ကာကွယ်မှု ပြုထားသင့်ပါသည်။
ကာကွယ်ဆေးထိုးထားခြင်းဖြင့် ရာသီတုပ်ကွေးကြောင့် ဖျားနာခြင်းဒဏ်မှ လျော့ချပေးနိုင်သကဲ့သို့ အခြားသော ကျန်းမာရေးနောက်ဆက်တွဲခံစားရမှုများကိုပါ သက်သာသွားစေပါသည်။
တုပ်ကွေးကာကွယ်ဆေးထိုးပြီးလျှင် ဖြစ်တတ်သည့် ယေဘုယျလက္ခဏာများမှာ
-ကိုယ်လက်ကိုက်ခဲခြင်း ၊ဖျားနာခြင်း၊ ကြွက်သားနာကျင်ခြင်း၊ဆေးထိုးထားသည့်နေရာတွင် နီရဲယောင်ရမ်းခြင်းများ ဖြစ်တတ်ပါသည်။
ကလေးငယ်များသည် အသက် ၆ လမှ စတင်၍ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း တုပ်ကွေးရာသီတိုင်း ကာကွယ်ဆေးကို ထိုးသင့်ပါသည်။ ထို့အပြင် ကင်ဆာရောဂါ ခံစားနေရသူများ၊ နှလုံးရောဂါ၊ နာတာရှည်ကျောက်ကပ်ရောဂါ၊ သက်ကြီးရွယ်အိုများ၊ဆီးချိုရောဂါသည်များ၊နာတာရှည်ရောဂါခံစားနေရသူများ နှင့် ခုခံအား/ကိုယ်ခံအား ကျဆင်းနေသောသူများသည် ဆရာဝန်ညွှန်ချက်ဖြင့်သာ တုပ်ကွေးကာကွယ်ဆေးကို ထိုးသင့်ကြောင်း အောင်ကမ္ဘာမှ အသိပေးတိုက်တွန်းအပ်ပါသည်။
ယခုအချိန်အခါ၏ ရာသီတုပ်ကွေးကာကွယ်ဆေးဖြစ်သည့် FDA အသိအမှတ်ပြုပြီး Cold Chain စနစ်တကျဖြင့် သိမ်းဆည်းထားသော ၄ မျိုးစပ် တုတ်ကွေးကာကွယ်ဆေးအား Vaccine stock အကန့်အသတ်ရှိပါသဖြင့် လုံခြုံစိတ်ချရသည့် Vaccine များကို အောင်ကမ္ဘာတွင် လာရောက်ထိုးနိုင်ပြီ ဖြစ်ကြောင်း သတင်းစကားပါးအပ်ပါသည်။
အောင်ကမ္ဘာဆေးခန်းတွင်ရုပ်ရှင်လာရောက်ရိုက်ကူးသောသရုပ်ဆောင်များနှင့်အမှတ်တရ
လေဖြတ်ခြင်းဆိုသည်မှာ . . .
လေဖြတ်တယ်ဆိုတာ"ဦးနှောက် သွေးကြောပိတ်ဆို့ခြင်း၊ ဦးနှောက်သွေးကြောပြတ်၍ သွေးယိုခြင်း" တို့ကြောင့် ဖြစ်ရတာပါ။
လေဖြတ် ခြင်းရဲ့ အကြမ်းဖျင်း လက္ခဏာတွေကတော့ ရုတ်တရက် ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ထုံကျင်ခြင်း၊ အားနည်းပျော့ခွေခြင်း၊ အမြင်အာရုံ ဝေဝါးခြင်း၊ စိတ်အာရုံ ထွေပြားခြင်း၊ မူးဝေခြင်း၊ စကားပြော မပီသဘဲ ဗလုံးဗထွေးဖြစ်ခြင်း၊ လမ်းလျှောက်လျှင် တရွတ်ဆွဲခြင်း စတာတွေ ပဲ ဖြစ်ပါတယ်။
သွေးပေါင်ချိန်အဆမတန် တက်ခြင်း၊ သွေးတွင်းအဆီဓါတ်များလွန်းခြင်းများသည် လေဖြတ်၊ လေဖြန်းခြင်းကို ဖြစ်စေနိုင်သောအချက်များဖြစ်ပါတယ်။
🔺ရောဂါလက္ခဏာများ🔺
သတိထားရမယ့် ရှေ့ပြေးနိမိတ် လက္ခဏာတွေရှိပြီး အောက်ပါအချက်တွေဖြစ်ပြီဆိုတာနဲ့ သင့်ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
✳️ ခန္ဓာကိုယ် အစိတ်အပိုင်းများ ရုတ်တရက် ပျော့ခွေအားနည်းသွားခြင်း (သို့) ထုံကျင်ခြင်း ( ဥပမာ...မျက်နှာ၊ လက်မောင်း၊ ခြေထောက် (သို့) ကိုယ်တစ်ခြမ်း)
✳️ အမြင်အာရုံ၊ အတွေ့အထိအာရုံ စသည်တို့ ရုတ်တရက် ဆုံးရှုံးပျောက်ကွယ်သွားခြင်း၊
✳️ တဒင်္ဂ အတွင်း Coordination(လှုပ်ရှားမှု အသီးသီးဟန်ချက်ညီအောင် ကောင်းစွာထိန်းချုပ်နိုင်မှု) မရှိတော့ခြင်း၊ အားအင် မရှိသလို ခံစားရခြင်း
✳️ စကား ရုတ်တရက် မပီတော့ခြင်း၊ ပြောစကားများကို နားလည်နိုင်စွမ်း မရှိတော့ခြင်း
✳️ အမြင်အာရုံ ရုတ်တရက် မှုန်ဝါးသွားခြင်း (အထူးသဖြင့် မျက်လုံး တစ်ဘက်ထဲတွင် ဖြစ်တတ်ပါတယ်)
✳️ ရုတ်တရက် ဟန်ချက်ပျက်၍ ယိုင်ထိုးနေခြင်း (ပျို့အန်ခြင်း၊ ဖျားခြင်း၊ ကြို့ထိုးခြင်း၊ အစာအသောက် မျို ရခက်ခြင်း စတာတွေနဲ့ တွဲ ပြီး ဖြစ်တတ်ပါတယ်)
✳️ အကြောင်းအရင်း မရှိဘဲ ရုတ်တရက် ဆိုးဝါးစွာ ခေါင်းကိုက်ပြီးနောက် သတိလစ်မေ့မျောသွားခြင်း (ဦးနှောက် သွေးကြော ပြတ်ပြီး သွေးယိုနေပြီဆိုတဲ့ လက္ခဏာပြခြင်းဖြစ်ပါတယ်)
✳️ ခဏတာမျှ အသိအာရုံ လွတ်သွားခြင်း
✳️ အကြောင်းအရင်း ရေရေရာရာ မရှိဘဲ မူးလဲ ခြင်း
🔺Silent Stroke ဆိုတာ ဘာလဲ? 🔺
လေဖြတ်ပြီဆိုရင် တချို့ လူတွေမှာ ရောဂါ လက္ခဏာမပြတာ ၊ သတ်ိမထားမိတာ မျိုး ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေမျိုးကို Silent Stroke လို့ ခေါ်ပါတယ်။
သင်သတိမပြု မိပေမယ့် နောက်ကွယ်မှာ သင့်ဦးနှောက် အစိတ်အပိုင်းကို ပြန်ကုစားလို့မရအောင်ထိခိုက် ပျက်စီးစေတဲ့ အတွက် အလွန် အန္တာရယ် ကြီးပါတယ်။
Silent Stroke တစ်ကြိမ်ထက် ပိုဖြစ်ခဲ့မယ်ဆိုရင် အတွေးအခေါ် နဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြသနာ တွေကြုံရနိုင်ပါတယ်။
Silent Stroke ကနေလည်း ပိုပြင်းထန်တဲ့ လေဖြတ်ခြင်း အခြေအနေမျိုးတွေကို ဦးတည်နိုင်ပါတယ်။
🔺Silent Stroke ဖြစ်နေမှန်း ဘယ်လိုသိနိုင်မလဲ?🔺
✳️ မှတ်ဉာဏ်ပိုင်း ဆိုင်ရာ ပြသနာလေးတွေ ကြုံနေရပြီဆို Silent Stroke ဖြစ်နိုင်မလား စဉ်းစားသင့်ပါတယ်။
✳️ သင့် ဆရာဝန်ကSilent Stroke ရဲ့ လက္ခဏာ တွေကို စမ်းသပ်စစ်ဆေးသိရှိနိုင်ပါတယ်။ ဦးနှောက်တယ်လီဗီးရှင်း ဓာတ်မှန်( Brain CT Scan)၊ ဦးနှောက်သံလိုက်ဓာတ်မှန် (Brain MRI)စတာတွေ ရိုက်ခြင်းအားဖြင့်လည်း ထောက်လှမ်းသိရှိနိုင်ပါတယ်။
✳️ Silent Stroke ဟာ ထင်ထားတာထက် ပိုအဖြစ်များပါတယ်။ အပြင်ပန်းကြည့်ရင် သိသာထင်ရှားသော လေဖြတ်လက္ခဏာ မရှိတဲ့လူလတ်ပိုင်း အရွယ်တွေကို လေ့လာချက် တစ်ခုအရ ၁၀ ရာခိုင်နှုန်း သော လူတွေမှာ Silent Stoke ဖြစ်ကာ ဦးနှောက် ထိခိုက်ပျက်စီး နေတာ ကို တွေ့ရပါတယ်။
✳️ ဒီလို ဦးနှောက်အစိတ်အပိုင်း ထိခိုက်ယိုယွင်းတာဟာ ပြန်ကုစားလို့ မရနိုင်ပေမယ့် တခြားသော ဦးနှောက်အစိတ်အပိုင်းများကို ကုထုံးဖြင့် နှိုးဆွခြင်းဖြင့် ဆုတ်ယုတ်နေတဲ့ ဦးနှောက် စွမ်းဆောင်ရည် အချို့ကို ပြန်လည် ရရှိနိုင်ပါတယ်။
🔺လေဖြတ် ခြင်းကို ကာကွယ် နိုင်သော အလေ့အထ ကောင်းများ🔺
❗️သွေးတိုးကြောင့် သွေးပေါင်ချိန် အရမ်းတက် နေရင် (ဒါမှမဟုတ်) နှလုံးခုန်နှုံး မူမမှန်ဘူးဆိုရင် လေဖြတ်နိုင်ခြေ တော်တော်လေးရှိပါတယ်။
❗️အောက်ပါ အလေ့အထကောင်းတွေကို လိုက်နာ ကျင့်ကြံ ခြင်းအားဖြင့် လေဖြတ်ခြင်းကိုကာကွယ်လျော့ချ နိုင်ပါတယ်။
✳️ သွေးပေါင် ချိန် ပုံမှန် ချိန်ပါ၊ သွေးပေါင်ကို ပုံမှန်ဖြစ်အောင် ထိန်းပါ
✳️ သွေးတွင်း ကိုလက်စထော ပမာဏကို ပုံမှန် စစ်ဆေးပါ
✳️ ဆီးချို မဖြစ်စေရန် သွေးတွင်း သကြားဓာတ်ပမာဏကို ပုံမှန် ဖြစ်အောင် ထိန်းပါ
✳️ ဆေးလိပ် ဖြတ်ပါ၊ ဆေးလိပ်သောက်တဲ့ အကျင့် မလုပ်ပါနဲ့
✳️ မကောင်းသော အဆီ ၊ ပြည့်ဝ ဆီ များ ( ဝက်၊ အမဲ၊ ဆိတ် စတဲ့ အနီရောင်အသား များတွင် တွေ့ရပါတယ်) ၊ ဆား အငံ၊ သကြား စတာတွေ လျော့ စားပါ၊ ကျန်းမာ ရေးနဲ့ ညီညွတ်မျှတဲ့ လတ်လတ်ဆတ်ဆတ် အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်၊တွေ၊ အစေ့အဆံ တွေ များများစားပေးပါ
✳️ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ
✳️ ကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင် ဂရုစိုက်ပါ၊
✳️ အဝမလွန်အောင် ထိန်းပါ
✅ လေဖြတ်ခြင်းအတွက် အရေးပေါ်ကုသရန်
လူနာ၏ အခြေအနေပေါ်မှုတည်ပြီး အရေးပေါ်ကုသမှုခံယူနိုင်ရန် နီးစပ်ရာဆေးရုံဆေးခန်းသို့အချိန်မှီပို့ဆောင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါတယ်။
ဒီpageလေးကနေ ကျန်းမာရေးဗဟုသုတများကို အခါအားလျော်စွာတင်ပေးသွားမှာဖြစ်တဲ့အတွက် page ကို Like & Follow လုပ်ထားနိုင်ပါတယ်ရှင့်။
အောင်ကမ္ဘာအထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ
လိပ်စာ - အမှတ် ၁၄၄၁၊ ဦးဝိစာရလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံ။
ဖုန်းနံပါတ်များ
၀၉ ၄၄၄ ၄၄၉ ၄၅၅
၀၉ ၇၇၄၀ ၇၇၇ ၃၆
၀၉ ၃၁ ၄၅၆ ၇၇၅
မင်္ဂလာပါရှင့်
မြန်မာနိုင်ငံတွင် ဖြစ်ပွါးမှုအများဆုံးကင်ဆာများထဲက တစ်ခုဖြစ်တဲ့ အစာအိမ်အူလမ်းကြောင်းဆိုင်ရာကင်ဆာရောဂါများကို ဘယ်လိုကြိုတင် စစ်ဆေးသိရှိနိုင်သလဲဆိုတဲ့အကြောင်းလေး မျှဝေပေးချင်ပါတယ်ရှင့်။
ကင်ဆာရှိ/မရှိ ဘယ်လိုစစ်ဆေးနိုင်သလဲ?
************************************
ဝမ်းတွင်းသွေးစပါ/မပါစစ်ဆေးခြင်း (FOB or FIT Blood Test)၊ ကင်ဆာရှေ့ပြေးလက္ခဏာများစစ်ဆေးခြင်း (Tumor Markers)၊ အစာအိမ်အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှူစစ်ဆေးခြင်း (Endoscopy)တို့ ပြုလုပ်နိုင်ပြီး ၎င်းတို့အထဲမှ အစာအိမ်အူလမ်း ကြောင်းမှန်ပြောင်းကြည့်ရှုခြင်းက ထိရောက်မှု အရှိဆုံးနည်းလမ်းလည်း ဖြစ်ပါတယ်။
မှန်ပြောင်းကြည့်ခြင်းကြောင့် ဘာတွေသိနိုင်မလဲ?
******************************************
အစာအိမ် အူလမ်းကြောင်းနဲ့ပတ်သက်တဲ့ရောဂါများ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊စအိုကင်ဆာနှင့် အခြားသော အစာအိမ်အူလမ်းကြောင်းတလျောက် ဖြစ်ပွါးတတ်သော အသားလုံး၊အကျိတ်များကို အစာအိမ်အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်းဖြင့် စောလျင်စွာ သိရှိနိုင်ပါတယ်။ ဒါအပြင် အစာအိမ်အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုနေစဉ်အတွင်း လိုအပ်ပါက အသားစယူခြင်း၊ အသားလုံးများဖြတ်တောက်ခြင်းအစရှိသည်တို့ကိုပါ တပါတည်းပြုလုပ်နိုင်မှာဖြစ်ပါတယ်။
မှန်ပြောင်းကြည့်ရှုစစ်ဆေးမယ်ဆိုရင် ဘာတွေကိုထည့်သွင်းစဉ်းစားသင့်သလဲ?
*********************************************
- နာကျင်မှုရှိနိုင်လား ?
- ကြာမြင့်ချိန်ဘယ်လောက်ရှိနိုင်မလဲ?
- ငွေကြေးအမြောက်အများကုန်ကျမလား?
- အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါများကိုရော စစ်ဆေးနိုင်မလား?
တကယ့်တော့ အစာအိမ်မှန်ပြောင်းကြည့်ရှုစစ်ဆေးမယ်ဆိုရင် -
- မေ့ဆေးအသုံးပြုပြီး ကြည့်ရှုနိုင်တာမို့ နာကျင်မှုဆိုတာမခံစားရပါဘူး။
- ကြည့်ရှု့ချိန် မိနစ်ပိုင်းသာ ကြာမြင့်တတ်ပြီး Procedure အစအဆုံးအနေနဲ့ ၂-၃ နာရီခန့်သာ ကြာမြင့်ပါမယ်။
- သေးငယ်တဲ့အသားလုံး(ကင်ဆာဖြစ်နိုင်ဖွယ်ရာအဖုအလုံးများ)များကို တွေ့ရှိရလျှင် မှန်ပြောင်းနဲ့ ကြည့်နေ စဉ် တစ်ခါတည်း ဖြတ်ထုတ်ကုသပေးပြီး အသားစနမူနာစစ်ဆေး(Biopsy)နိုင်ရန်လည်း အသားစကို တစ်ခါတည်းထုတ်ယူလို့ရပါတယ်။
- အသားစနမူနာကို ဓါတ်ခွဲစစ်ဆေးခြင်းဖြင့် ကင်ဆာရောဂါရှိ/မရှိ စောလျင်စွာသိရှိနိုင်မှာဖြစ်ပါတယ်။
အောင်ကမ္ဘာ အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာတွင်လည်း အစာအိမ်အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်းကို ကျွမ်းကျင်သော အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ဆရာဝန်ကြီးများဖြင့် ကုသမှုပေးနေကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။
အစာအိမ်အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း (အပေါ်ပိုင်း) Upper GI Scopy with anaesthesia - ၃၆၀,၀၀၀ ဝန်းကျင်
အစာအိမ်အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း (အောက်ပိုင်း) Lower GI Scopy with anaesthesia - ၄၅၀,၀၀၀ ဝန်းကျင်
အစာအိမ်အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း (အပေါ်ပိုင်း+ အောက်ပိုင်း) Upper + Lower GI Scopy with anaesthesia - ၆၅၀,၀၀၀ ဝန်းကျင်
******************************************
အစာအိမ်အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း (အပေါ်ပိုင်း) Upper GI Scopy without anaesthesia - ၂၆၀,၀၀၀ ဝန်းကျင်
အစာအိမ်အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း (အောက်ပိုင်း) Lower GI Scopy without anaesthesia - ၃၅၀,၀၀၀ ဝန်းကျင်
အစာအိမ်အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း (အပေါ်ပိုင်း+ အောက်ပိုင်း) Upper + Lower GI Scopy without anaesthesia - ၆၀၀,၀၀၀ ဝန်းကျင်
ဆက်သွယ်ရန်ဖုန်း- ၀၉ ၄၄၄ ၄၄၉ ၄၅၅၊ ၀၉ ၇၇၄၀ ၇၇၇၃၆ ၀၉ ၃၁ ၄၅၆ ၇၁၅၊
ဆေးခန်းလိပ်စာ - အမှတ် ၁၄၄၁၊ ဦးဝိစာရလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံ
🔷🔸🔹ဆီးချို၊ သွေးချိုရောဂါကြောင့် အာရုံကြောထိခိုက်ခြင်း ( Diabetic Neuropathy)🔹🔸🔷
ဆီးချို၊ သွေးချိုရောဂါသည် သင့်ရဲ့ အာရုံကြောများကို လည်း ဖျက်ဆီးလေ့ရှိပါတယ်။ အကြောင်းအရင်းကတော့ သင့်ရဲ့ခန္ဓာကိုယ်အတွင်း သကြားဓါတ် မြင့်တက်မှု ကာလကြာနေတဲ့အတွက် ဖြစ်ပါတယ်။ ဆီးချို၊ သွေးချိုရောဂါရဲ့နောက်ဆက်တွဲ အာရုံကြောထိခိုက်မှု ပုံစံ (၄) မျိုးရှိပါတယ်။
◼️ခြေဖဝါး၊ ခြေချောင်းများ၊ ၀မ်းဗိုက်နှင့် နောက်ကျောဘက်များမှာ
☑️ ယားယံသလို၊ တရွရွဖြစ်နေခြင်း
☑️ ထုံခြင်း၊ ကျင်ခြင်း
☑️ ပူလောင်ခြင်း
☑️ နာကျင်ခြင်းတို့ကို ခံစားရတတ်ပါတယ်။
ထိုကဲ့သို့ခံစားရပါက သင့်ခြေချောင်းများ၊ ခြေဖဝါးများအခြေအနေကို နေ့စဉ်စောင့်ကြည့်ရန် လိုအပ်ပါတယ်။ ခြောက်သွေ့နေပါက အရေပြားနှင့်သင့်လျော်သောလိမ်းဆေးအဆီ တစ်မျိုးကို အမြဲလိမ်းပေးရပါမယ်။ခြေသည်းများကိုအထူး ဂရုပြုရပါမယ်။ သင့်ခြေထောက်နှင့်သင့်လျော်သော ဖိနပ်များကို စီးပါ၊ ခြေထောက်အား ခလုတ်တိုက်ခြင်း ၊ ထိခိုက်ဒဏ်ရာရ စေနိုင်သောအချက်များကို သတိထားရပါမယ်။
◼️ဆီးချို၊သွေးချို ရောဂါနောက်ဆက်တွဲ ဝေဒနာများထဲမှ သင့်အစာခြေအင်္ဂါအစိတ်အပိုင်းနှင့်၊ ဆီးလမ်းကြောင်း၊လိင်အင်္ဂါများပါ ဆက်စပ်ထိသောကြောင့် ခံစားရသည့် လက္ခဏာများမှာ -
☑️ ဖောရောင်ခြင်း
☑️ ၀မ်းပျက်၀မ်းလျှောဖြစ်ခြင်း
☑️ ရင်ပူခြင်း
☑️ မအီမသာ ဖြစ်ခြင်း၊ ပျို့အန်ချင်သလိုခံစားရခြင်း
☑️ အော့အန်ခြင်း
☑️ အစာအနည်းငယ်စားပြီး ရင်ပြည့်သလိုခံစားရခြင်းတို့ဖြစ်ပါတယ်။
◼️Proximal Neuropathy
နာကျင်နေခြင်း၊ နေရာတစ်ခုတည်းတွင် နာကျင်နေခြင်း၊ ခြေထောက်များ ခြေလှမ်း လှမ်းရာတွင် အားအင် မရှိသကဲ့သို့ခံစားရခြင်းတို့ဖြစ်စေနိုင်ပါတယ်။
◼️Focal Neuropathy
ဦးနှောက်တွင်းအာရုံကြောတစ်ခုထိခိုက်ခြင်းကြောင့် ခံစားရသောလက္ခဏာများမှာ-
☑️ အမြင်အာရုံတွင် ပုံရိပ် တစ်ခုတည်းကို နှစ်ခု မြင်ရခြင်း
☑️ မျက်လုံး နာကျင်နေခြင်း
☑️ မျက်နှာတစ်ခြင်းစောင်းရွဲ့နေခြင်း
☑️ နောက်ကျောဘက်နှင့် ခြေထောက်တွင် ဆိုးရွားစွာ နာကျင်ခြင်း
☑️ ရင်အုပ် နှင့် ၀မ်ဗိုက်ကြွက်သားများ နာကျင်ခြင်း ၊ နှလုံးအောင့်ခြင်းနှင့် အူအတက်ရောင်ယမ်းသကဲ့သို့ နာကျင်နေခြင်းတို့ ခံစားရနိုင်ပါတယ်။
- ကာလကြာရှည်စွာ ကုသခြင်း ထိန်းသိမ်းခြင်းမရှိပါက မလိုလားအပ်သော ဆိုးကျိုးများစွာ နောက်ဆက်တွဲခံစားရမှာ ဖြစ်ပါတယ်။
- ဒီအချက်တွေကြောင့် ဆီးချိုသွေးချိုဝေဒနာကို မပေါ့ဆသင့်ပဲ ကျွမ်းကျင်သော သမားတော်များနှင့်တိုင်ပိုင်ဆွေးနွေး ခြင်းဟာ အချိန်လွန်မှ ကုသခြင်းထက်များစွာထိရောက်မှုရှိပါတယ်။
အားလုံးပဲ ဒီစာစုလေးကို Shareပေးခြင်းဖြင့် ကျန်းမာရေးကုသိုလ်လေးတစ်ခု ယူလိုက်ကြပါစို့လားရှင်။
ဒီpageလေးကနေ ကျန်းမာရေးဗဟုသုတများကို အခါအားလျော်စွာတင်ပေးသွားမှာဖြစ်တဲ့အတွက် page ကို Like & Follow လုပ်ထားနိုင်ပါတယ်ရှင့်။
အောင်ကမ္ဘာအထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ
လိပ်စာ - အမှတ် ၁၄၄၁၊ ဦးဝိစာရလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံ။
ဖုန်းနံပါတ်များ
၀၉ ၄၄၄ ၄၄၉ ၄၅၅
၀၉ ၇၇၄၀ ၇၇၇ ၃၆
၀၉ ၃၁ ၄၅၆ ၇၇၅
ဆေးစစ်ခြင်းအကြောင်းသိကောင်းစရာ
************************************
နိုင်ငံခြားကိုစရိတ်ကုန်ကျခံပြီးဆေးစစ်မှုများကိုယခုအခါပြည်တွင်းမှာလည်းနိုင်ငံတကာအဆင့်မီစက်ပစ္စည်းများနှင့်လည်းဆေးစစ်မှုပြုလုပ်နိုင်ပါပြီ။
သင့်ခန္ဓာကိုယ် အတွင်းရှိ ဇီဝဓာတု ပစ္စည်း ပမာဏ မူမမှန်ခြင်းကို သွေး နှင့် ဆီး နမူနာ ဓာတ်ခွဲစစ် ဆေးခြင်းအားဖြင့် ဖော်ထုတ်နိူင်ပါတယ်။ ယင်းသို့ စစ်ဆေးခြင်း အမျိုးအစား များစွာရှိပြီး တစ်ခုချင်းဆီတွင် တိကျသော ရည်ရွယ်ချက်ရှိပါတယ်။
- Echocardiogram/ Echo ရိုက်ကူးစစ်ဆေးခြင်း၊ နှလုံးရောဂါနှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကို စစ်ဆေးခြင်းဖြစ်ပါတယ်။
- (ECG)အီးစီဂျီ နှလုံး စမ်းသပ်စက်ဖြင့် စစ်ဆေးခြင်းနှလုံး၏ လျှပ်စီးကူးမှု နှင့် နှလုံးကြွက်သား လုပ်ဆောင်ချက်များကို ဤ စက်ဖြင့် မှတ်တမ်းတင်နိုင်ပါတယ်။ နှလုံးရောဂါ များကိုလည်း သိရှိနိုင်ပါတယ်။
- Haemogram( သွေးဆဲလ် အဖွဲ့အစည်း၏ အရေးပါသော ဆဲလ်များ(သွေးဖြူဥ၊ သွေးနီဥ၊ သွေးမွှားဆဲလ်၊ စသည်)ကို အဏုစိတ် စစ်ဆေးရာတွင် သုံးခြင်း)
- Blood Group သွေးအမျိုးအစား စစ်ဆေးခြင်း( အရေးပေါ် ကိစ္စရပ်များတွင် သွေးသွင်းခြင်း၊ သွေးအလှူခံခြင်းတို့ အတွက် မုချလိုအပ်ပါတယ်)
- Urine test ဆီးနမူနာ စစ်ဆေးခြင်း ( သမားရိုးကျ စစ်ဆေးခြင်းနှင့် မိုက်ခရိုစကုပ် ကိရိယာဖြင့် အဏုစိတ်စစ်ဆေးခြင်း) ကျောက်ကပ် နှင့် ဆီးလမ်းကြောင်းတလျှောက် ပိုးဝင်ခြင်း၊ မူမမှန်ခြင်းတို့ကို သိရှိနိုင်ပါတယ်)
- HbA1cစစ်ဆေးခြင်းဆိုသည်မှာ ဆီးချိုရောဂါထိန်းသိမ်းမှုအတွက်အဓိကကျသောစစ်ဆေးမှုဖြစ်ပါတယ်။
- Blood Sugar သွေးတွင်း သကြားဓာတ်ပမာဏ စစ်ဆေးခြင်း( ဆီးချို ရောဂါ ဖော်ထုတ်ရာတွင် ပဓာနကျပါတယ်)
- Blood urea and serum creatinine သွေးတွင်းရှိ ယူရီးယားဓာတ်၊ ခရီယေတနင်း ဓာတ်များစစ်ဆေးခြင်းဖြစ်ကာ ကျောက်ကပ်၏ စွမ်းဆောင်ရည်ကို အကဲဖြတ်နိုင်ပါတယ်။
- SGOT,SGPT, Serum Bilirubin အသည်း၏ စွမ်းဆောင်ရည်ကို အသည်း အင်ဇိုင်းပမာဏ နှင့် သွေးတွင်း ဘီလီယူဘင် (အသားဝါစေသော ဓာတ်)ကို ကြည့်၍ အကဲဖြတ်နိုင်ပါတယ်)
- Lipid Profile သွေးတွင်း အဆီဓာတ်ပမာဏ စစ်ဆေးခြင်း ( ကောင်းကျိုး ပေးသော အဆီ နှင့် ဆိုးကျိုးပေးသော အဆီ များကို ခွဲခြမ်းစိတ်ဖြာ၍ နှလုံးကျန်းမာရေး အခြေအနေကို အကဲဖြတ်နိုင်ပါတယ်)
- Thyriod stimulating hormone(လည်ပင်းကြီး ဟော်မုန်း) သိုင်းရွိက် ဂလင်း စွမ်းဆောင်ရည်ကို ဤ ဟော်မုန်းပမာဏ စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါတယ်
- အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ရှိမရှိကို ဤ ဓာတု ပစ္စည်း ရှာဖွေခြင်းဖြင့် သိနိုင်ပါတယ်။
- CA 125,ကိုစစ်ဆေးခြင်းဖြင့်သားဥအိမ်ကင်ဆာ၊CEA တို့ကိုစစ်ဆေးခြင်းဖြင့် အူမကြီးကင်ဆာ၊PSA စစ်ဆေးခြင်းဖြင့် အမျိုးသားများအတွက်ဆီးကြိတ်ကင်ဆာတို့ကိုစစ်ဆေးခြင်းဖြစ်ပါတယ်။
- ရင်ဘတ် ဓာတ်မှန် ရိုက်ခြင်း (Chest X-Ray)ရိုးစင်း၍ မြန်ဆန်သော နည်းပညာ ဖြစ်ပြီး ရင်ခေါင်းအတွင်းရှိ အဆုတ်နှင့် နှလုံးတို့ကို ပုံမှန်ဟုတ် မဟုတ် ရောဂါရှိ မရှိ စစ်ဆေးခြင်း ဖြစ်ပါတယ်။
- ဝမ်းဗိုက် နှင့် တင်ပဆုံ တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်ခြင်း(USG of Abdomen and pelvis)ဝမ်းတွင်း အင်္ဂါရောဂါများ ကို ရှာဖွေရာတွင် များစွာအထောက်အကူပြု ပါတယ်။ဥပမာ...အသည်း၊ သည်းခြေအိတ်၊ မုန့်ချိုအိတ်၊ သရက်ရွက်၊ ကျောက်ကပ် စသည်တို့ ရောင်ရမ်းခြင်း၊ ဆီးကျောက် တည်ခြင်း၊ သည်းခြေကျောက်တည်ခြင်းတို့ကိုစစ်ဆေးနိုင်ပါတယ်။
- သားအိမ်ခေါင်း အသားစ စစ်ဆေးခြင်း(Pap smear)အမျိုးသမီးများ တွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်နှုန်း သိသာစွာ မြင့်တက်လျက်ရှိပြီး ရောဂါ နုစဉ် စောစီးစွာသိရှိပါက ကုသပျောက်ကင်းနိူင်ပါတယ်။ ထိုသို့ သိရှိနိူင်ရန် Pap Smear ခေါ် သားအိမ်ခေါင်းအသားစ စစ်ဆေးခြင်းက အခရာ ကျပါတယ်။
- ကျွမ်းကျင် ဆရာဝန်က ဆွေးနွေးလမ်းညွှန်ခြင်း Expert Consultation by Doctor သင့်ထံမှ ရောဂါ ရှာဖွေစမ်းသပ်ချက်အဖြေ အားလုံးကို ဝါရင့်ဆရာဝန်တစ်ဦးမှ ချင့်ချိန်သုံးသပ်၍ ဆွေးနွေးခြင်းကို Expert Counsellingဟုခေါ်ဆိုပါတယ်။ ဆရာဝန်ကစမ်းသပ်မှုရလာဒ်များ၏ အသေးစိတ်လေ့လာတွေ့ရှိချက်ကို ရှင်းပြပြီး လိုအပ်တဲ့ကုသမှုများကို အကြံပေးပါလိမ့်မယ်။သင့်အနေနဲ့ မိသားစုဆရာဝန်နှင့်ပုံမှန် ပြသ၍ အကြံပေးထားသည့်အတိုင်း ကုသမှု ပြုလုပ်သင့်ပါတယ်။
ကာကွယ်ခြင်းသည်ကုသခြင်းထက်အကျိုးရှိသောကြောင့်ကြိုတင်ကာကွယ်နိုင်ပြီးကျန်းမာပျော်ရွှင်ကြပါစေ။
သက်တောင့်သက်သာဆေးစစ်နိုင်ဖို့ အောင်ကမ္ဘာအထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာသို့ ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင့်
ဆက်သွယ်ရန်
လိပ်စာ - အမှတ် ၁၄၄၁၊ ဦးဝိစာရလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံ။
ဖုန်းနံပါတ်များ
၀၉ ၄၄၄ ၄၄၉ ၄၅၅
၀၉ ၇၇၄၀ ၇၇၇ ၃၆
၀၉ ၃၁ ၄၅၆ ၇၇၅
Aung Kabar Diagnostic Centre and Specialist Clinic Medical & health
Videos (show all)
Contact the business
Telephone
Website
Address
No 1441, Corner Of U Wisara Road & Min Ye Kyaw Swar Street, 42 Ward, North Dagon Township
Yangon
11421
Opening Hours
Monday | 07:00 - 21:00 |
Tuesday | 07:00 - 21:00 |
Wednesday | 07:00 - 21:00 |
Thursday | 07:00 - 21:00 |
Friday | 07:00 - 21:00 |
Saturday | 07:00 - 21:00 |
Sunday | 07:00 - 21:00 |