WittyMind Education Center

We equip students with the necessary competencies to thrive in ever-changing global landscape.

04/04/2024

❗𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔𝒉𝒊𝒑 𝑨𝒏𝒏𝒐𝒖𝒏𝒄𝒆𝒎𝒆𝒏𝒕 𝒘𝒊𝒕𝒉 𝑭𝑶𝑬𝑷 𝑶𝒓𝒈𝒂𝒏𝒊𝒛𝒂𝒕𝒊𝒐𝒏❗

🌞ယနေ့ကစပြီး ကျွန်မတို့ WittyMind Education Center နဲ့ FOEP Organization တို့ Partnership အဖြစ် ပူးပေါင်း‌လိုက်ပြီ ဖြစ်ကြောင်း ကြေညာချင်ပါတယ်။🌞
ပထမဦးစွာ Group လေးကနေ စတင်ခဲ့တဲ့FOEP Organization ရဲ့ အကြောင်းလေးကို မိတ်ဆက်ပေးပါစေ💁

💫 2020 June (28) ရက်နေ့ကနေစပြီး ဖြစ်တည်လာတဲ့ FOEP ဆိုတဲ့ Group လေးဟာ အခုဆိုရင်ဖြင့် လူငယ်တွေအတွက် အကျိုးပြုစေမယ့် Page လေးအဖြစ် ရပ်တည်နိုင်ခဲ့တာ 3 နှစ်ကျော် 4 နှစ်နီးပါးရှိပြီဖြစ်ပါတယ်ရှင့်🧑‍🏫

♦️ FOEP ဆိုတာဘာလဲ❓🤔

- Free Online Education Platform လို့ အမည်ရတဲ့ FOEP ဟာ လူငယ်တွေအတွက် Free Class တွေ ဖွင့်ပေးတာ၊ Knowledge Sharing တွေ မျှဝေပေးတာ၊ ဒါတွေအပြင် လူငယ်တွေအတွက် အကျိုးရှိစေမယ့် Webinar တွေ လုပ်ပေးတာ စတာတွေကို ပြုလုပ်ဖန်တီးပေးနေတဲ့ Non-Profit Organization တစ်ခုပဲ ဖြစ်ပါတယ်ရှင့်💗

♦️ ဒါဆိုရင် FOEP ဘယ်လို စဖြစ်ခဲ့တာလဲ❓

- 2020/2021 COVID ကာလမှာ FOEP Founder ကနေ Group တစ်ခုဖွဲ့ခဲ့ပါတယ်ရှင့်✨ အဲ့ Group လေးမှာ Online‌ ပေါ်က ဖွင့်လှစ်သင်ကြားပေးနေတဲ့ Free Class တွေ၊ အထူးသဖြင့် Certificate ရနိုင်မယ့် Class တွေကို Group ထဲမှာ Sharing လုပ်ပေးနေရာကနေ Page လေး တစ်ခုအဖြစ် စတင်ဖြစ်ခဲ့ပါတယ်🍀

♦️ FOEP ကို ဘယ်လို Run နေတာလဲ❓

- Organization တွေမှာ တခုနဲ့ တစ်ခု Structureချင်း၊ Run နေပုံချင်း မတူကြပါဘူးရှင့်👀၊ မင်မင်တို့ရဲ့ FOEP ကို ဒီလိုတွေ Run နေပါတယ်💁
ပထမဆုံးအနေနဲ့ FOEPရဲ့ တည်ထောင်သူ Founder ပါရှင့်✨
Founder ရဲ့ အောက်မှာတော့ -
📌Marketing Head
📌 Academic Manager
📌 Project Manager နဲ့
📌 HR ဆိုပြီး Group (4) ခုရှိပါတယ်🍀
လတ်တလောမှာတော့ အခြေနေအမျိုးမျိုးကြောင့် HR နေရာကို FOEP ရဲ့ Founder ကနေပဲ တာဝန်ယူထားပါတယ်✨
Marketing Head ရဲ့ အောက်မှာတော့ ခုလို Content လှလှလေးတွေ ဖန်တီးပေးတဲ့ Content writer ချောချောလေးတွေနဲ့ Content တွေနဲ့အတူ လူအများရဲ့ အမြင်အာရုံကို ဖမ်းစားရတဲ့ Graphic Design လှလှတွေကို ရေးဆွဲပေးတဲ့ Graphic Designer ချောချောလေးတွေရှိပါတယ်💗
Academic Manager ရဲ့ အောက်မှာတော့ FOEP မှာ Free Class တွေ ဖွင့်နိုင်အောင် လာရောက်ကူညီပံ့ပိုးပေးကြတဲ့ Teacher ချောချောလေးတွေနဲ့ Staff ချောချောလေးတွေရှိပါတယ်ရှင့်😉
Project Manager ကတော့ FOEP မှာ လူငယ်တွေအတွက် အကျိုးရှိမယ့် Webinar တွေကို ဖန်တီးပေးရပါတယ်ရှင့်၊ လတ်တလောမှာတော့ အခြေနေအမျိုးမျိုးကြောင့် Project Manager တစ်ယောက်ပဲရှိသေးတာမို့ နောက်ခါ Volunteer Calling ခေါ်ရင် လာရောက်အားဖြည့်ကြဖို့ ဖိတ်ခေါ်ပါတယ်နော်🤗

♦️ FOEP မှာ ဘယ်လို Free Class တွေ၊ ဘယ်လို Webinar တွေ လုပ်ခဲ့ဖူးတာလဲ❓

- Language အနေနဲ့ကတော့ လက်ရှိမှာ လူငယ်တွေကြား ရေပန်းစားနေတဲ့ Japanese ဘာသာစကား Basic Class လေးကို 2022 December (22) နေ့လေးမှာ ဖွင့်လှစ်ခဲ့ပါတယ်✨၊ ဒါ့အပြင် 21 ရာစုမှာ လူငယ်တိုင်းတတ်ထားသင့်တဲ့ English Pre-Intermediate Class ကို 2023 June (17) ရက် နေ့မှာ ဖွင့်ခဲ့ပါသေးတယ်၊ ဒါတွေတင်ပဲလား❔ Languages အပြင် Business ဘက်မှာ အရေးပါတဲ့ Computer Basic Class, Marketing Class, HR Class, Economic in Modern Business World Class နဲ့ Business Project Management Class တွေကိုလည်း အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်ရှင့် 🎊
- Webinar အနေနဲ့ဆိုရင်ဖြင့် "How To Shine Your First Professional Encounter" Topic လေးနဲ့ Knowledge Sharing Free Webinar လေးကို 2023, August လ (5) ရက်နေ့ မှာ အောင်မြင်စွာ ‌ကျင်းပနိုင်ခဲ့ပါတယ်🥳

♦️ အခုလက်ရှိမှာရော FOEP အနေနဲ့ ဘာတွေကို လုပ်ဆောင်နေလဲ❓💁

FOEP အနေနဲ့ လက်ရှိမှာ လူငယ်တွေအတွက် အကျိုးရှိစေမယ့် Knowledge Sharing တွေ လုပ်ဆောင်နေတဲ့ အပြင် Free Class တွေအနေနဲ့ Japanese N5, Japanese Basic + N5, English Basic Grammar Classနဲ့ Computer Basic Class လေးဖွင့်လှစ်သင်ကြားပေးနေပါတယ်ရှင့်

♦️ Future Life မှာ ရော FOEP အနေနဲ့ ဘာတွေဘယ်လို လုပ်ဆောင်သွားဖို့ရှိလဲ❓

Future Life မှာတော့ FOEP အနေနဲ့ Knowledge Sharing တွေ ဆက်လက်လုပ်ဆောင်သွားမယ့်အပြင် Quiz Time လေးတွေ၊ Webinar လေးတွေနဲ့ Free Class လေးတွေ ဆက်လက်လုပ်ဆောင်သွားဖို့ရှိပါတယ်ရှင့်😉
(နောက်လာမယ့် အချိန်လေးမှာလည်း FOEP အနေနဲ့ Japanese နဲ့ ပက်သတ်တဲ့ Class လေးရှိတာမို့ ဆက်ဆက် စောင့်မျှော်ပေးကြပါဦးနော်👀)

💟 FOEP ရဲ့ အကြောင်းလေးကတော့ ဒီလောက်ပါပဲရှင့်၊ နောက်လာမယ့် FOEP ရဲ့ Activity လေးတွေကို စောင့်မျှော်ပေးကြပါဦးနော်🤗

🌟လူငယ်တိုင်းအတွက် အကျိုးရှိစေမယ့် Free Online Education Platform (FOEP)🌟

အခုလို အဓိပ္ပါယ်ပြီးပြည့်စုံတဲ့ Logo‌ လေးနဲ့အတူ၊ ကောင်းသောရည်ရွယ်ချက်‌တွေနဲ့ ဖွင့်လှစ်ထားတဲ့ FOEP Organization နဲ့ Partnership အဖြစ် ပူးပေါင်းခွင့်ရရှိတဲ့အတွက် ကျွန်မတို့ရဲ့ WittyMind Education Center ကနေ ဂုဏ်ယူဝမ်းမြောက်မိပါတယ်🥰

♣️ နောင်လာမဲ့ အနာဂတ်မှာ ကျွန်မတို့ရဲ့ WittyMind Education Center နဲ့ FOEP တို့ လက်တွဲပြီး လူငယ်တွေအတွက်အဖက်ဖက်ကအကျိုးပြုစေမဲ့ ဘယ်လို Event တွေ၊ ဘယ်လို အခွင့်အလမ်း တွေ ဖန်တီးပေးသွားမလဲဆိုတာ စောင့်မျှော်ပေးကြပါဦးနော်🙈

📌 လူငယ်တွေအတွက် အကျိုးပြုစေမဲ့ အခွင့်လမ်းတွေ၊ ဗဟုသုတရစေမဲ့ အကြောင်းအရာတွေကို မလွတ်တမ်း သိချင်ရင်တော့ ကျွန်မတို့ရဲ့ WittyMind Education Center page နဲ့ FOEP- Free Online Education Platform page ‌တို့ကို Like & Follow လေးလုပ်ထားဖို့ လိုမယ်နော်😉

04/04/2024

🥰Proudly Partnership🥰

‼️ Media Partnership Announcement ‼️

ဒီနေ့ကနေ စတင်ပြီး ကျွန်တော်တို့ရဲ့ FOEP - Free Online Education Platform နဲ့ Witty Mind Education Center တို့နှစ်ခု Media Partnership အဖြစ် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါတယ်🥳

🎗️ Witty Mind Education Center ဆိုတာ မြန်မာနိုင်ငံမှာ အခြေ‌အနေ‌အရပ်ရပ်ကြောင့် အထက်တန်းမပြီးဆုံးသေးတဲ့ ကျောင်းသား/သူတွေအတွက် ထိရောက်မှုရှိတဲ့ သင်ကြားရေးစွမ်းရည်တွေနဲ့အတူ၊ နိုင်ငံတကာအဆင့်မီသင်ရိုးညွှန်းတန်းတွေကို ဈေးအသက်သာဆုံးနှုန်းထားနဲ့ သင်ကြားပြသပေးနိုင်ဖို့အတွက် ဖွင့်လှစ်ထားခြင်းပဲ ဖြစ်ပါတယ်✨

🎗️ Witty Mind Logo ရဲ့ အဓိပ္ပာယ်လေးကတော့ တီထွင်ဆန်းသစ်ပြီး ဉာဏ်ရည်ထက်မြက်စွာ ထိုးထွင်းသိမြင်တဲ့စိတ် လို့ အဓိပ္ပာယ်ရပါတယ်💖

အခုလို Meaningful ဖြစ်တဲ့ Logo‌ လေးနဲ့အတူ၊ ကောင်းသောရည်ရွယ်ချက်‌တွေနဲ့ ဖွင့်လှစ်ထားတဲ့ Witty Mind Education Center နဲ့ Media Partnership ပူးပေါင်းခွင့်ရရှိတဲ့အတွက် ကျွန်တော်တို့ရဲ့ FOEP - Free Online Education Platform ကနေ ဂုဏ်ယူဝမ်းမြောက်မိတယ်🥰

♣️ နောင်လာမဲ့ အနာဂတ်မှာ ကျွန်တော်တို့ရဲ့ FOEP နဲ့ Witty Mind Education Center တို့ လက်တွဲပြီး လူငယ်တွေအတွက်အကျိုးပြုစေမဲ့ ဘယ်လို Event တွေ၊ ဘယ်လို အခွင့်အလမ်း တွေ ဖန်တီးပေးသွားမလဲဆိုတာ စောင့်မျှော်ပေးကြပါဦးနော်🙈

📌 လူငယ်တွေအတွက် အကျိုးပြုစေမဲ့ အခွင့်လမ်းတွေ၊ ဗဟုသုတရစေမဲ့ အကြောင်းအရာတွေကို မလွတ်တမ်း သိချင်ရင်တော့ ကျွန်တော်တို့ရဲ့ FOEP - Free Online Education Platform page ကို Like & Follow လုပ်ထားဖို့တော့ လိုမယ်နော်😉

Learn Together & Develop Together ✨
FOEP - Free Online Education Platform ✅

03/04/2024

💦သင်္ကြန် 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 နဲ့အတူ နိုင်ငံတကာအဆင့်မှီ အမေရိကန်အထက်တန်းပညာ‌ရေးကို အောင်မြင်လိုသူများအတွက် ရုံးချိန်လွတ် ဖွင့်မယ် 𝐆𝐄𝐃 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬💦

ပထမဆုံး အပ်နှံတဲ့ ၁၀ ယောက်အတွက် Registration Fees အခမဲ့ကင်းလွတ်ခွင့်နဲ့အတူ WittyMind Education Center ကနေ GED Preparation Class နဲ့ Pre GED(GED Foundation) Class တွေအတွက် ကျောင်းအပ်လက်ခံနေပါပြီ🎉

📌အထက်တန်းပညာ မပြီးဆုံးသေးသူများ၊GED ဖြေဆိုအောင်မြင်ပြီးနိုင်ငံတကာတက္ကသိုလ်တွေမှာ တက်ရောက်လိုသူများအတွက် GED Preparation Class

📌GED preparation တက်ဖို့အဆင်သင့်မဖြစ်သေးသူများ၊အခြေခံပညာအလယ်တန်း(၇၊၈၊၉)တန်းပြီးမြောက်ထားပြီး GEDပညာရေး စိတ်ပါဝင်စားသူများ တက်ရောက်သင့်တဲ့ GED Foundation Class

👩‍🏫 သင်ကြားပေးမယ့် teachersတွေ ကတော့ GED Programတွေမှာ teaching experience များစွာရှိပြီး သက်ဆိုင်ရာဘာသာရပ်တွေမှာ PhD/Master ဘွဲ့ရ teachersများက သင်ကြားပို့ပေးသွားမှာပဲဖြစ်ပါတယ်။

သင်ကြားပေးမည့်ပုံစံ👇
အလုပ်လုပ်ရင်း တက်ရောက်လိုသူများ အဆင်ပြေစေရန် ရုံးချိန်လွတ် Online classဖြစ်ပြီး Zoom platform ဖြင့် face to faceသင်ကြားရပါမယ်။နားမလည်သည့်အကြောင်းအရာများကိုလည်း teachersများ မေးမြန်းဆွေးနွေးနိုင်ပါတယ်။လစဥ် testများ စစ်ပေးပြီး အားနည်းတဲ့ ဘာသာရပ်များကို ပြန်လည်သင်ကြားပေးခြင်း၊practice testsများ လေ့ကျင့်သင်ကြားပေးခြင်းအပြင် GED Examကို အမှတ်ကောင်းရရှိစေရန် Ready tests/GED flash cards တွေကိုလည်း လေ့ကျင့်ဖြေဆိုပေးသွားမှာပဲဖြစ်ပါတယ်။

⏳သင်တန်းကာလကတော့ GED preparation ကို ၆ လ နဲ့
GED Foundation ကတော့ ၄လ ကြာမြင့်မှာပဲ ဖြစ်ပါတယ်။

💸သင်တန်းကြေး‌လေးအနေနဲ့
Registration Fees - 20000MMK (2သောင်းကျပ်)
Pre GED - 80000MMK (8သောင်းကျပ်)
GED Preparation -100000MMK (1သိန်းကျပ်)
လေးပဲ ဖြစ်ပါတယ်။

💠GED နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို pageမှာ တင်ထားပေးလို့ ဝင်ရောက်ဖတ်ရှူလေ့လာနိုင်ပါတယ်။
သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက page messenger ကနေ ဆက်သွယ်နိုင်သလို
(+95)9 885 491 220
(+95)9 423 034 447
(+95)9 950 174 627
(+95)9 795 642 059 စတဲ့ Phone Numbersများကိုလည်းစုံစမ်းမေးမြန်းနိုင်ပါတယ်။

အားလုံးပဲ အနာရောဂါကင်းဝေးပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ နှစ်သစ်ကူး အချိန်လေး ဖြစ်ပါစေ လို့ WittyMind Education Center မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 🙏

23/03/2024

📌𝐆𝐄𝐃 𝐒𝐜𝐢𝐞𝐧𝐜𝐞 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞 𝐑𝐞𝐬𝐨𝐮𝐫𝐜𝐞𝐬

GED ရဲ့ ဘာသာရပ်တစ်ခုဖြစ်တဲ့ science ကိုအခမဲ့ လေ့ကျင့်ဖြေဆိုနိုင်မယ့် websites တွေကို မျှဝေပေးသွားမှာပါ။👏
GED science ဘာသာရပ်အကြောင်းကို အရင်ဆုံးမိတ်ဆက်ပေးပါရစေ။
1. Life Science 🌳 (Biology)
2. Physical Science ⏳ (Physics & Chemistry)
3. Earth and space🌏 ဆိုပြီး အပိုင်း ၃ ပိုင်း ခွဲခြားထားပါတယ်။
အပေါ်မှာ ပြောခဲ့တဲ့ အပိုင်း ၃ပိုင်းအပြင် GED Examမှာ အမေးများတဲ့ Science practice အပိုင်းလည်း ပါဝင်ပါတယ်။
Science practiceအပိုင်းမှာတော့ Science ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ Experiments အကြောင်းအရာတွေ ၊ Experiment လုပ်တဲ့အခါမှာ ဘယ်လို errors တွေ ရှိမလဲ ၊ Experiments တစ်ခုမှာ ပါဝင်တဲ့ Dependent variable and independent variable ကို ခွဲခြားသတ်မှတ်ခိုင်းတဲ့ မေးခွန်း တွေ အပြင် ပေးထားတဲ့ စာပိုဒ် ရဲ့ main idea နဲ့ conclusion ဆုံးဖြတ်ခိုင်းတာတွေ စတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။
⏰ဖြေဆိုချိန် အနေနဲ့ကတော့ အပုဒ်ရေ (36-38) ကို (88-90) minutes ဝန်းကျင် ဖြေဆိုရပါတယ်။ Science အတွက် အမှတ်ပေါင်း 200 မှာ 145 မှတ်ရရင် pass ဖြစ်ပါတယ်။
https://www.gedpracticequestions.com/
https://www.varsitytutors.com/ged-practice-tests
https://study.com/ged/ged-practice-tests.html
https://uniontestprep.com/ged-test/practice-test
https://www.studyguidezone.com/gedtest.htm
https://gedpracticetest.net/quizzes/ged-science-practice-test/
https://www.varsitytutors.com/ged_science-practice-tests
https://www.test-guide.com
https://www.test-guide.com/ged-science-practice-test.html
https://gedpracticetest.net/

ကျွန်တော်တို့ WittyMind Education Center မှာလည်း GED Foundation(Pre-GED) class နဲ့ GED Preparation class သာမက တစ်ဘာသာချင်းစီ တက်ရောက်လိုသူများ၊စာမေးပွဲဖြေဆိုရန် အနီးကပ် ဘာသာရပ်အလိုက် intensive တက်လိုသူများအတွက်လည်း သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပါတယ်။
GED ရဲ့ တခြား ဘာသာရပ်အကြောင်းအရာများကို ဆက်လက်ပြောပြပေးသွားမို့ page လေးကို like & followလုပ်ဖို့ မမေ့ကြနဲ့နော်🎊

14/03/2024

📌အားလုံးစောင့်မျှော်နေကြတဲ့
WittyMind Education Center ရဲ့ Free 1Month Trial GED Class တက်ရောက်ခွင့်ရသူများကိုကြေညာလိုက်ပါပြီဗျာ🤗

✨Free Trial Classရဲ့ Duration ကတော့ 1Month ဖြစ်ပြီး အပါတ်စဉ် Saturday and Sunday ညနေ 6:30pm မှ 9:15pm အထိဖြစ်ပါတယ် ခင်‌ဗျာ။

✨လာရောက် စာရင်းပေးသူ များပြားလှသည့်အတွက် လက်ခံနိုင်သည့် ပမာဏ 40ဦးကို သာ ဝင်ခွင့်ပြုရသည့်အတွက် နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်ခင်ဗျာ

✨ယခု အကြိမ် ဝင်ရောက်ခွင့်မရရှိသူများအ‌နေဖြင့်လည်း နောက်ထပ် WittyMind မှ ဖွင့်လှစ်ပေးမဲ့ class လေးတွေကိုလည်း ဆက်လက်စောင့်မျှော်ကြည့်ရှုပေးဖို့ သတင်းကောင်းပါလိုက်ပါတယ်ခင်ဗျာ.....

13/03/2024

💁𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁❗

🎉 1 Month Free Classတက်ရောက်ရန် comment မန့်ထားသူများchat boxမှာအကြောင်းပြန်ထားပေးပါတယ်ရှင့်။Registration Formမဖြည့်ရသေးသူများ မနက်ဖြန်(14-3-2024)နောက်ဆုံးထား ဖြည့်ပေးပါရန် ပန်ကြားအပ်ပါသည်။
Reply ပြန်ဖို့ကျန်နေသူများရှိပါက page messenger ကို ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

05/03/2024

🎉Free Online Class For GED💯
WittyMind Education Center ကနေ page လေး စဖွင့်တဲ့ အထိမ်းအမှတ်အနေနဲ့ GED class လေးကို ပညာဒါန အနေနဲ့ ဖွင့်လှစ်ပေးသွားတော့မှာပဲ ဖြစ်ပါတယ်။👏

Free Online(Trial) classမှာ ကျွန်မတို့ရဲ့Education Centerမှ အရည်အချင်းပြည့်ဝပြီး သင်ကြားရေး အတွေ့အကြုံရင့်ကျက်တဲ့ teachers များက တစ်လကြာ သင်ကြားပို့ချပေးမှာပဲ ဖြစ်ပါတယ်။👩‍🏫
ဒီ ပညာဒါနအတန်းလေးကနေ ရရှိလာမယ့်အကျိုးကျေးဇူးတွေကတော့✍

✅GED program အကြောင်းနှင့်ပတ်သက်ပြီး မိမိသိရှိလိုသည့် အရာများကို သင်ကြားရေး အတွေ့အကြုံရှိteachersများနှင့် တိုက်ရိုက်ပွင့်လင်းစွာ မေးမြန်းဆွေးနွေးနိုင်ခြင်း၊

✅GED ဖြေဆိုအောင်မြင်ပြီးနောက် တက္ကသိုလ်၊‌ ကောလိပ်များ လျှောက်ရန် လမ်းညွှန်မှုများ ရရှိနိုင်ခြင်း၊

✅GED programမှာ ပါဝင်တဲ့ ဘာသာရပ်များကို free လေ့လာသင်ကြားခွင့်ရခြင်း
စတာတွေ အပြင် ပညာဒါနအတန်းကို ပြီးဆုံးအောင်တက်ရောက်သူများထဲက 2 ဦးကိုလည်း WittyMind Education Center ကနေ ဖွင့်လှစ်တဲ့ ​GED preparation class ကို အခမဲ့တက်ရောက်ခွင့် Scholarship ပေးသွားမှာ ဖြစ်တဲ့အတွက် classလေးကို သတ်မှတ်ထားတဲ့ လူဦးရေမပြည့်ခင် အခုပဲ အမြန်ဆုံး joinလိုက်တော့နော်👏

📅သင်တန်းစမည့်ရက် - March 16,2024

သင်ကြားမည့်နေ့ - Saturday & Sunday

သင်တန်းကာလ - တစ်လ

သင်ကြားမည့်ပုံစံ - Zoom platform ဖြင့် face to face သင်ကြားရပါမည်။

စည်းကမ်းချက်တွေကတော့👇
ပညာဒါနသင်တန်းကို တက်ရောက်ခွင့်ရသူများအနေနှင့် အတန်းကို 3 ရက်ထက် ခွင့်မတိုင်ဘဲ ပျက်ခွင့်မရှိပါ။ စာသင်ကြားရာတွင် တက်ကြွစွာ ပါဝင်ပြောဆိုဆွေးနွေးရရုံသာမက သင်တန်းကာလမှာ စစ်ဆေးတဲ့ testတွေကို ဝင်ရောက်ဖြေဆိုပေးရမှာပဲ ဖြစ်ပါတယ်။

Free GED Online(trial) Classကို တက်ရောက်လိုသူများအနေနဲ့ ယခု postကို like and share လုပ်ပေးပြီး post အောက်မှာ ဆိုပြီး comment မန့်ပေးရပါမယ်ရှင်
Summer GED foundation နဲ့ GED preparation classတွေလည်း မကြာမီ ဖွင့်လှစ်ပေးမှာဖြစ်လို့ သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်သိလိုသည်များကို page messenger တွင် စုံစမ်းမေးမြန်းနိုင်ပါတယ်။🫶

01/03/2024

WittyMind Education Center မှ ပြန်လည်ကြိုဆိုပါတယ်ရှင်💜
ဒီနေ့မှာတော့ ကျွန်မတို့ရဲ့ page ကနေ GED Exam နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာအချို့ကို ဝေမျှပေးသွားမှာမို့ အဆုံးထိဖတ်ကြည့်ပေးကြပါအုံးနော်🤗

🔰GED ကို ဘယ်လိုသူတွေ ဖြေဆိုခွင့်ရနိုင်မလဲ
အသက် ၁၈ နှစ်ပြည့်ပြီးသူ မည်သူမဆို ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။
အသက် ၁၈ နှစ်မပြည့်သေးပါက ၁၆ နှစ်အထက်ဆို မိဘခွင့်ပြုချက်ဖောင်( Parent's Consent Form) ဖြည့်ပြီး ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။

🔰GED ဖြေဆိုနိုင်မယ့် Exam Center တွေကတော့

(1) Institute of Management Consultant Myanmar Co.Ltd
Room 6, Building 7, First Floor
Myanmar Info-Tech, Hlaing Tsp, Yangon

(2) Royal Academic Institute
No.275, 3rd Floor, Red Hill Tower,
Pyay Road, San Chaung Tsp, Yangon

(3) KMD Computer Center
174-182, Pansodan Road (Middle Block),
Kyauktada Tsp, Yangon

(4) KMD Computer Center
103/1, 77th St, Between 27th & 28th,
Chanayetharzan Tsp, Mandalay

မိမိနှစ်သက်ရာ Exam Center မှာ ဖြေဆိုနိုင်ပါတယ်

📋 GED အောင်လက်မှတ်ရပြီးသွားရင်ရော ဘာဆက်လုပ်နိုင်မလဲ🤔
GED Diplomaကို အမေရိကန် နဲ့ အခြားနိုင်ငံအများစုက အသိအမှတ်ပြုလက်ခံထားတဲ့ အထက်တန်းအောင်လက်မှတ် ဖြစ်တာကြောင့်
US, Thailand, Singapore, Canada, Malaysia, Australia စတဲ့ နိုင်ငံတွေမှာရှိတဲ့ Universities တွေမှာ ဆက်လက်ပညာသင်ယူနိုင်မှာပဲ ဖြစ်ပါတယ်။GED အောင်​မြင်ထားပြီး ပြည်ပတက္ကသိုလ်သို့ မသွားရောက်နိုင်ပါကလည်း ပြည်တွင်းမှာရှိတဲ့ Private Universities တွေမှာ ဆက်လက်ပညာသင်ယူနိုင်ပါတယ်။
ပြည်တွင်း၊ပြည်ပမှာရှိတဲ့ GED လက်ခံတဲ့ Universities တွေကို နောက် post တွေမှာ ပြောပြပေးသွားမှာဖြစ်တဲ့အတွက် page ကို like & follow လေးလုပ်ပေးဖို့ မမေ့နဲ့နော်🤙
GED ပတ်သက်တဲ့အကြောင်းအရာတွေကို page မှာဖော်ပြပေးထားတာမို့ ဝင်ရောက်ဖတ်ရှူနိုင်ပါတယ်ရှင်🤗
#စာကြွင်းအနေနဲ့ WittyMind Education Centerမှ GED Examကို အလွယ်တကူ အောင်မြင်စွာ ဖြေဆိုနိုင်ဖို့အတွက် GED preparation class, Pre-GED(Foundational GED) class, English 4 skills class နဲ့ တခြားသော ပညာဒါန အတန်းတွေကို မကြာမီ ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်💯🎊

28/02/2024

အားလုံးပဲမင်္ဂလာပါ😊
ယနေ့အတွက် WittyMind Education Centerမှ GED program နဲ့ ပတ်သက် ပြီး မိတ်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ 🤷

✅GED ဆိုတာ ဘာလဲ

✅GED မှာဘာတွေဖြေဆိုရမှာလဲ

✅GED ကို ဘယ်လိုလူတွေ တက်ရောက်သင်ယူသင့်သလဲ

✅GEDဖြေဖို့ ဘယ်လောက်ကုန်ကျမှာလဲ

စတဲ့ အကြောင်းအရာတွေကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။🧑‍💻

✨ပထမဆုံး အနေနဲ့ GED(General Educational Diploma) ဆိုတာကတော့ အထက်တန်းပညာမပြီးဆုံးသေးတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ကျင်းပတဲ့ စာမေးပွဲ ဖြစ်ပါတယ်

✨GED မှာ ဖြေဆိုရမယ့် ဘာသာရပ်တွေကတော့
1. Mathematical Reasoning (115 minutes)
2. Reasoning through Language Arts (150 minutes)
3. Science (90 minutes)
4. Social Studies (70 minutes)
စတဲ့ ဘာသာရပ် 4ခုကို ဖြေဆိုရမှာ ဖြစ်ပါတယ် ။

✨GED ကို ဘယ်လိုသူတွေ တက်ရောက်သင်ယူသင့်သလဲ

👉အထက်တန်းပညာရေး (8/9/10/11 တန်း) တက်ရောက်ထားသူ မည်သူမဆို GED Preparationကို သင်ယူနိုင်ပါတယ်။

👉အလယ်တန်းပညာ ပြီးစီးတတ်မြောက်ထားသူများအတွက်လည်း Pre-GED (foundation course)ကို တက်ရောက်သင်ယူနိုင်ပါတယ်။

💵 GED ဖြေဖို့ ကုန်ကျစရိတ်အနေနဲ့ကတော့ တစ်ဘာသာချင်းစီ အတွက် $ 80 ကုန်ကျမှာပဲ ဖြစ်ပါတယ်။

GEDနဲ့ပတ်သက်တဲ့ အခြားအချက်အလက်တွေကို ဆက်လက်ဝေမျှပေးသွားမှာ​​​ဖြစ်တဲ့အတွက်pageလေးကို like & follow လေး လုပ်ထားပေးကြပါနော်။ 😍

27/02/2024

Hello အားလုံးပဲ မင်္ဂလာပါ...😊

ကျွန်မတို့ရဲ့ WittyMind Education Center မှကြိုဆိုပါတယ်ရှင့်🤗

👏ကျွန်မတို့ WittyMind Education Centerမှာတော့👇👇👇

📚အကြောင်းအမျိုးမျိုးကြောင့် အထက်တန်းပညာမပြီးဆုံးသေးတဲ့ ကျောင်းသားလူငယ်တွေ

📚လက်ရှိမှာ အလယ်တန်းထိ တက်ရောက်နေပြီး နိုင်ငံတကာပညာရေးကို ကူးပြောင်းလိုသော ကျောင်းသားလူငယ်များနဲ့

📚နိုင်ငံတကာတက္ကသိုလ်တွေမှာ တက်ရောက်သင်ကြားလိုတဲ့ ကျောင်းသားလူငယ်များအတွက်
မရှိမဖြစ်လိုအပ်တဲ့ နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းအောင်လက်မှတ်တစ်ခုဖြစ်တဲ့
GED (General Educational Diploma)နဲ့ General English Grammar ကို သင်ကြားပြသ‌ပေးရန် ရည်ရွယ်ပြီး ဖွင့်လှစ်ထားခြင်းပဲ ဖြစ်ပါတယ်။

📣 GEDနဲ့ ပတ်သက်သည့် အကြောင်းအရာများကိုလည်း ဆက်လက်ဝေမျှသွားမှာ ဖြစ်လို့ ကျွန်မတို့ရဲ့ Pageကို like & follow လေးလုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင့်🙏

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon
11181

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education

Brilliant Education Center Brilliant Education Center
Yangon

We aim to teach subjects relating to the business world at affordable prices.