U san win
INKYINSAN
Electronic. Service
LED. LCD. Microwave. Android Smart TV
Voice Recording မှာ လေသံ၊ ဆူညံသံ မပါပဲ အသုံးပြုချင်လား။
Zoom Meeting မှာ အသံထွက် ကောင်းကောင်းနဲ့ ပြောမလား။
HYUNDAI HY-K300 Microphone
ရမ်းကောင်းလွန်းလို့ဖတ်စေချင်ပါတယ် ညီမလေးတို့
ရွာတစ်ရွာမှာ ထူးဆန်းတဲ့အဘိုးအိုတစ်ယောက်ရှိတယ် ။သူ့မှာ သိပ်လှတဲ့မြေးမလေးတစ်ယောက်ရှိတယ် ။
အဘိုးအိုးဟာ သိပ်ကျွမ်းကျင်၊သိပ်တော်၊သိပ်ထက်မြတ်လွန်းလှတဲ့ မျက်လှည့်ပညာကိုပိုင်ဆိုင်ထားတယ် ။အဲ့ဒီ ပညာရပ်နဲ့ပဲ အသက်မွေးဝမ်းပြုခဲ့တယ် ။
သူ့မြေးမလေးကိုလည်း အဲ့ဒီပညာသင်ပေးထားတယ် ။တစ်နေ့တော့ လူစီကားတဲ့ နေရာမှာ မျက်လှည့်ပြတာပေါ့ ။
ပန်းပွင့်ကနေ ငွေစက္ကူဖြစ်တာတွေ ၊ကြိုးကနေ မှေဖွဈသှားတာတှစေတဲ့ ပြကွက်မျိုးစုံကို ပြနေတာပေါ့ ။
အားလုံးပြီးသွားရင်လည်း ပရိတ်သတ်ပေးတဲ့ငွေကိုပဲ ယူတယ် ။အခုပြတဲ့ပွဲမှာ အဘိုးအိုက ထူးဆန်းတဲ့စကားတစ်ခွန်း ပြောတယ် ။မျက်လှည့်ပညာဆိုတာ မှော်ပညာမဟုတ်သလို တန်းခိုးစွမ်းအားတွေမရှိပါဘူး ။
လိမ်တာလည်း မဟုတ်ပါဘူး ။မျက်လှည့်ပညာမှာလျို့ဝှက်ချက်တွေ ရှိပါတယ် ။အဲ့ဒီလျို့ဝှက်ချက်တွေ မသိလို့သာ ခင်ဗျားတို့ လာကြည့်ကြတာပါ ။
လျို့ဝှက်ချက်တွေ ပြောပြတော့မယ်ဆိုတော့ ပရိတ်သတ်တွေဟာ အင်မတန်မှ စိတ်ဝင်စားသွားတယ် ။
ကွိုးကနေ မြွေဘယ်လိုဖြစ်သွားသလဲ ၊ပန်းကနေ ဘယ်လို ငွေစက္ကူဖြစ်သွားသလဲ စသည်ဖြစ်ပေါ့....။
ခဏကြာတော့ အဘိုးအိုက လျို့ဝှက်ချက်တွေ အကုန်ရှင်းပြခဲ့တယ် ။ပရိတ်သတ်တွေလည်း ပြောတုန်းခဏတော့ စိတ်ဝင်စားကြတာပေါ့ ။
သိလည်းသွားရော အော်ဒီလိုလုပ်တာလား ဒါလေးများဆိုပြီးဟုဆိုပြီ မျက်လှည့်ပညာကို စိတ်မဝင်စားတော့ဘူးပေါ့ ။
နောက်တစ်နေ့မြေးလေးကို ခေါ်ပြီးမျက်လှည့်သွားပြတာပေါ့ ။ပရိတ်သတ်တစ်ယောက်မှ မလာကြတော့ဘူး ။
မြေးလေးရေ ပရိတ်သတ်တစ်ယောက်မှမလာကြပါလား? ဘာကြောင့်လည်း? မြေးလေးကပြန်ပြောတယ် အဘိုးက မနေ့ကပွဲမှာ လျို့ဝှက်ချက်တွေ အကုန်ပြောလိုက်တာကိုး ဘယ်သူစိတ်ဝင်စားမလဲ ။
"အေးဟုတ်တယ် မြေးလေး"
အဘိုးတဈသကျလုံး အသက်မွေးဝမ်းကြောင်းပြုပြီး ကျွေးမွေးခဲ့တဲ့ပညာ အခုတော့လျို့ဝှက်ချက်လည်းပြလိုက်ရော ဘယ်သူမှ စိတ်မဝင်စားတော့ဘူး ။တန်ဖိုးလည်း မရှိတော့ဘူး ။
မြေးလေးမှတ်ထားပါ လျို့ဝှက်ချက်ဖြစ်တဲ့ မြေးလေးရဲ့ ကိုယ်ခန္ဓာအလှကိုလည်း ဘယ္သူမွ မပြရဘူးကွဲ့ ။
ဒူးဖော် ၊ပေါင်ဖော် ၊ရင်သားတွေပေါ်နေရင် ဘယ်သူမှ စိတ်မဝင်စားတော့ဘဲ တန်ဖိုးမရှိဖြစ်သွားလိမ့်မယ် ။
ပြတုန်းခနပဲ သူတို့တန်ဖိုးထားကြတာ ။ဒါကြောင့် အဝတ်အစားကို လုံလုံခြုံခြုံဝတ်ပါ ။အဘိုးအိုဟာ သူ့ပညာနဲ့ရင်ပြီးတော့ မြေးလေးကိုဆုံးမခဲ့တယ် ။
ညီမငယ်လေးတွေလည်း အဘိုးအိုရဲ့ဆုံးမစကားကို နာလည်းနိုင်ကြပါစေ ။
Computer စက်ရှင်းနည်း
(1)windows key+R ကိုတွဲနှိပ်ပါ။
Box ထဲသို့အောက်က စာများရိုက်ထည့်ပေးပါ။
1-temp
2-%temp%
3-prefetch
4-recent
ပေါ်လာသမျှ folder and file များကို Shift delete ပေးဖျက်ပြစ်ပါ။
အပေါ်က ၄ခုလုံးလုပ်ပါ ပြီးရင် desktop ပေါ်က recycle bin ကို
rightclick ထောက်empty recycle bin ကိုနှိပ်>>>>>yes နှိပ်
(2) disk cleanupလုပ်ခြင်း
ကွန်ပြူတာကို နှေးစေသောအကြောင်းရာများထဲမှာ
disk cleanup မလုပ်ခြင်းလည်းပါပါတယ်။
disk ကိုနေရာများများရအောင် လုပ်ခြင်းဖြစ်ပါတယ်။
အောက်ကအတိုင်းအဆင့်ဆင့်သွားလိုက်ပါ။
>> start>>all programs>> accessories>> system tools>>
disk cleanup နှိပ် ။
Run Box ( Window + R) >> cleanmgr >> ok >> Disk Clean Tab ထဲတွင် အောက်သုံးမျိုးကို အမှန်ခြစ်ပေးပါ။
•Download program files, Temporary Internet files, Thumbnails okပေး delete files
(3)disk defragmenter လုပ်ခြင်း
programs ကိုသွင်းလိုက် ထုတ်လိုက် လုပ်ဖန်များလာရင်
ဖိုင်တွေက ဟိုနားတခု ဒီနားတခုနဲ့ ပြန့်ကျဲနေမယ်ဆိုရင်
စက်ဖွင့်ရင် ဖိုင်ကိုလိုက်ရှာနေရတာကြောင့်စက်က
လေးနေမယ် တော်တော်လေးကြာမှာပွင့်လာတတ်တယ်
ဒါကြောင့် ဖိုင်တွေကို ပြန်စီပေးလိုက်ခြင်းဖြင့်
စက်ကပိုပြီးမြန်ဆန်သွက်လက်လာပါလိမ့်မယ်။
start>> all programs>> accessories>> system tools>>
disk defragmenter ကိုနှိပ် ပီးရင် Ok . Deleted ။
>>> ၁လကို ၁ကြိမ် defragment လုပ်ပေးပါ Check now > Yes > Automatically .
ကို အမှန်ခြစ်ဖြုပါ > Scan for and . . . အမှန်ခြစ်ပေးပြီး
Start ပေါ့ဗျာ ပီးတဲ့ထိ Wait ပေးလိုက်ပါ။
ပြီးရင် Defragment now ကိုလဲ ပြောခဲ့သလိုပဲ လုပ်ပေးပါ။
>>> programs များကိုပိတ်ထားမယ် > msconfig Ok. Restart ချပေးလိုက်ပါ။
Service ထဲကတော့ ကိုအသုံးမလိုတဲ့ Software များကို
အမှန်ခြစ်ဖြုတ်ပီး ပိတ်ချင်လဲ ပိတ်ထားလိုက်လို့ရပါတယ်။
နောက်တစ်နည်း
-------------------------
(1) start menu မှ run ထဲမှာ regedit ဆိုပြီး ရိုက်လိုက်ပါ။
(2)registry editor window ပေါ်လာရင် HKEY LOCALMACHINE\
SYSTEM\ Current Control Set\ Control\ Session Manager\Memory Management ဆိုပြီး
အဆင့်ဆင့်သွားလိုက်ပါ။
(3)Memory Management ကို Click လိုက်ပါ။ ညာဘက်မှာ Disable
Paging Executive ဆိုတာကို ရှာလိုက်ပါ။ တွေ့ရင် Double Click လုပ်ပြီး decimal value ကို
ပြောင်းပေးလိုက်ပါ။ 1 ရိုက်ထည့်ပြီး Ok နှိပ်ပါ။
(4)နောက်ထပ် Large System Cache ကိုရှာပြီး double click
လုပ်လိုက်ပါ။ ပြီးရင်း decimal value ကို ပြောင်းပေးလိုက်ပါ။ 1 ရိုက်ထည့်ပြီး Ok နှိပ်ပါ။
(5) PC Desktop ပေါ်မှာ software များအကုန်လုံးပျောက်ဆုံးနေရင်
screen မျက်နှာပြင်မှာ ပဲ Mouse ကို right click နှိပ်ပြီး View က show desktop icons နှိပ်လိုက်လျှင် ပြန်ပေါ်လာပါလိမ့်မယ်။
Credit..._to_owner
-Tech
💥 5pcs Auto Soldering Iron Set
၅မျိုးပါ အလိုအလျောက် ခဲဆော်ဂေါက် အစုံလိုက်
🔴 သာမာန်မြင်တွေ့နေကျ ခဲဂေါက်တွေနဲ့ မတူဘဲ ခဲဂေါက်ရဲ့ ကျောဘက်မှာ ခဲခွေတပ်ဆင်ရန် နေရာလေးပါရှိပါတယ်။
✅ ခဲဂေါက်ခလုတ်ကို ဖိနှိပ်လိုက်ရုံဖြင့် ခဲခွေမှ ခဲသားလေးကို အလိုအလျောက် ရှေ့သို့တိုးပြီး အသင့်ခဲဆော်
လို့ရပါတယ်။
💢 ပါဝင်ပစ္စည်းတွေက👇👇👇
👉 80W Auto Solder Iron ခဲဆော်ဂေါက် (1ခု)
👉 50g Solder Wire ခဲခွေ (1ခု)
👉 Solder Sucker ခဲစုပ်ဂေါက် (1ခု)
👉 Straight Tweezer ဇာဂနာဖြောင့် (1ခု)
👉 Curve Tweezer ဇာဂနာကောက် (1ခု)
စျေးနှုန်း = 29500 ကျပ်
____________________________________
➡️ဆိုင်ဖွင့်ချိန် မနက် 🕘9:00 မှ ညနေ 🕕6:00 ထိ
လာရောက်ဝယ်ယူနိုင်ပါတယ်ဗျ။
✅️ ဆိုင်ပိတ်ရက်မရှိပါ။
_____________________________________
🚚📦 ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ တနသ်ာရီတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ အစရှိတဲ့ တိုင်းနဲ့ပြည်နယ်တို့မှ သတ်မှတ်ထားသော မြို့များသို့
အိမ်အရောက် ငွေချေစနစ်(Delivery)ဖြင့်
ပို့ဆောင်ပေးပါတယ်။
🛎 (မြို့အလိုက် Delivery ပို့ဆောင်ခပေးရပါမယ်။)
🚏📦အိမ်အရောက်ငွေချေစနစ်ဖြင့် မရရှိနိုင်သောမြို့များကိုလည်း ကားဂိတ်မှတစ်ဆင့် ငွေကြိုလွှဲစနစ်ဖြင့် ပို့ဆောင်ပေးနေပါပြီ။
_____________________________________
📦မှာယူလိုပါက......
☎️ 09421151083
☎️ 09448006422
☎️ 09791184677
📩 Chat box သို့ဆက်သွယ်မှာယူနိုင်ပါတယ်။
🤝ဆိုင်သို့လာရောက်ဝယ်ယူလိုပါက🛒......
🧰SYNC Hand Tools & Power Tools 🧰
🏠အမှတ်(185) ၊ဆိပ်ကမ်းသာလမ်း(အလယ်)၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
မှာဝယ်ယူရရှိနိုင်ပါပြီ။
Windows Install လုပ်ရာတွင်
မဖြစ်မနေသိရှိရမည့် လိုအပ်ချက်များ
=========================
Windows ကွန်ပျူတာအသုံးပြုသူများမှာ အကြောင်းကြောင်းကြောင့် မိမိကိုယ်တိုင် Windows Install ပြုလုပ်ဖို့ ဖြစ်လာတဲ့အခါ
အမှားများစွာကြုံတွေ့ရပါတယ်။
Windows Install ကို မြန်မာနိုင်ငံက Computer User အများစုဟာ လွန်ခဲ့သော 1995 ခုနှစ်မှစတင်ပြီး ယနေ့အထိ မိမိဘာသာ ပြုလုပ်နေခဲ့ကြပြီး ယခင်ခေတ်မှာ Floppy Disk လို့ ခေါ်တဲ့ Disk များ မှတစ်ဆင့်၊ CD/DVD များမှတစ်ဆင့် Install လုပ်ကြရပါတယ်။
ယခင်က Windows Installation CD/DVD များကို ကွန်ပျုတာဆော့ဝဲရောင်းချသော ဆိုင်များမှ ဝယ်ယူပြီး မိမိကိုယ်ပိုင် CD/DVD အလွတ် ဖြင့် ကူးယူကြသလို အချင်းချင်းလက်ဆင့်ကမ်းမျှဝေကြပြီး ယနေ့ခေတ်တွင်တော့ Windows နှင့် Software Installation File (Installer) များကို အင်တာနက်မှတစ်ဆင့် ဒေါင်းလုပ်ယူကြပါတယ်။ လွန်ခဲ့သော နှစ် ၃၀ မှ ယနေ့အထိ Windows အမှတ်စဉ် Version များ ကွဲပြားစွားသောလည်း ထည့်သွင်း Install လုပ်သော နည်းလမ်းနဲ့လိုအပ်ချက်များမှာ အခြေခံအားဖြင့်အတူတူပင်ဖြစ်ကြပါတယ်။
ဒါပေမယ့် အဲဒီအခြေခံအချက်တွေအားလုံးဟာ Android/IOS စနစ်သုံး ဖုန်းတွေ Tablet တွေနဲ့ များစွာကွဲပြားခြားနားတဲ့အတွက် အဲဒီစနစ်တွေနဲ့အသားကျနေတဲ့ ပုံမှန်အသုံးပြုသူတွေအနေနဲ့ ကွန်ပျုတာရဲ့ Windows ကို Install လုပ်ရာမှာ လွယ်ကူခြင်းမရှိပါဘူး။
အဲဒါကြောင့် အဲဒီအခြေခံအချက်တွေကို အမှတ်စဉ်နဲ့ ဖော်ပြပါ့မယ်။
-
(၁) Hardware လိုအပ်ချက်။
မိမိ ကွန်ပျူတာအတွင်းကို Windows ထည့်သွင်းဖို့အတွက် မိမိကွန်ပျူတာမှာ ထည့်သွင်းမယ့် Windows နဲ့ ကိုက်ညီတဲ့ Hardware လိုအပ်ချက်ရှိရပါမယ်။ CPU က ဘာအမျိုးအစား၊ RAM ကဘယ်လောက်၊ Hard Disk/SSD ကဆိုဒ်ဘယ်လောက်စသဖြင့် လိုအပ်တယ်ဆိုတာကို ကိုယ်ကိုယ်တိုင်က သိရှိနားလည်ပြီးသားဖြစ်ရပါမယ်။ အဲဒီလိုနားလည်မှ Install လုပ်မယ့် Windows ကို မထည့်သွင်းခင်မှာ ထည့်သင့်မထည့်သင့် ဆုံးဖြတ်နိုင်ရပါမယ်။
-
(၂) နည်းပညာဆိုင်ရာလိုအပ်ချက်
Hardware လိုအပ်ချက်ပြီးရင် နည်းပညာဆိုင်ရာလိုအပ်ချက်က အရေးကြီးပါတယ်။ မိမိကွန်ပျူတာရဲ့ BIOS စနစ်က မိမိထည့်သွင်းမယ့် Windows Version ကို ပံ့ပိုးမှုရှိမရှိ၊ UEFI/Legacy စသည့် Boot Method ပိုင်း ပံ့ပိုးမှုရှိမရှိ၊ TPM ကဲ့သို့သော CPU နဲ့ ချိတ်ဆက်ထားသည့် Module စနစ်များလိုအပ် ခြင်းရှိမရှိ၊ Secure Boot လုပ်လို့ရမရ စသဖြင့်ပါ။
နောက်ပိုင်း Windows အမြင့်တွေမှာ အဲဒီလို နည်းပညာတဆိုင်ရာ လိုအပ်ချက်တွေများလာပါတယ်။ အထူးသဖြင့် Windows 10 Latest Version တွေနဲ့ Windows 11 တို့ပါ။
ဒါတွေကို သတိမမူမိပဲ Install/Upgrade လုပ်မိရင် Windows မတက်နိုင်တဲ့ ပြဿနာဖြစ်လာပါလိမ့်မယ်။
-
(၃) Windows Installation Media
မိမိထည့်သွင်းမယ့် Windows ကို DVD နဲ့ Install လုပ်မှာလား USB ကနေတစ်ဆင့် Boot လုပ်မှာလားဆိုတာကလည်းအရေးကြီးပါတယ်။ DVD ဟာ Standard ပုံမှန်စံနှုန်း နဲ့ Install လုပ်ရတဲ့ Media တစ်ခုသာဖြစ်ပြီး USB Drive ကတစ်ဆင့် Install လုပ်မယ်ဆိုရင် UEFI/Legacy စနစ် နဲ့ MBR/GPT အစရှိတဲ့ System Boot တက်ခြင်းလုပ်ငန်းစဉ်အမျိုးမျိုးကို ကိုက်ညီအောင် BIOS က တစ်ဆင့် ရွေးချယ်နိုင်ပါတယ်။
-
(၄) Install လုပ်ခြင်းနည်းလမ်းများ။
Windows ကို Install လုပ်ရာမှာ ပုံမှန်အားဖြင့် နည်းလမ်း ၂ မျိုးနဲ့ ပြုလုပ်နိုင်ပါတယ်။
ပထမနည်းလမ်းက ပုံမှန် Clean Install ဖြစ်ပြီး ကွန်ပျူတာကို USB/DVD ကနေ စတင် Boot တက်စေပြီး ယခင် Windows ရှိနေတဲ့ HDD/SSD Drive ထဲက Data တွေ ကို တိုက်ရိုက် ဖျက်ချပြီး Partition ခွဲ Format ပြုလုပ်တင်တဲ့နည်းပါ။
ဒုတိယနည်းကတော့ မိမိရဲ့ ရှိပြီးသား Windows ရဲ့ File Explorer ကနေ USB/DVD ထဲက install/Setup File ကို ဖွင့်ပြီး Windows Upgrade လုပ်ခြင်းပါ။ Windows Upgrade ကတော့ လက်ရှိ Windows ထက် Version မြင့်ရမှာဖြစ်ပါတယ်။ Upgrade လုပ်ငန်းစဉ်ဟာ ပုံမှန် Clean Install ထက် အချိန်ပိုကြာပြီး ပြဿနာများနိုင်တာကြောင့် Windows ပြန်ထည့်မယ်ဆိုရင် သုံးနေတဲ့ ဖိုင်တွေ အချက်အလက် တွေကို ကြိုတင်ကူးယူထားပြီး Windows Drive ကို Partition ခွဲ Format ရိုက်ကာ Windows ပြန်ထည့်ကြပါတယ်။
-
(၅) Driver File များ။
ကွန်ပျူတာတစ်လုံးကို Windows ထည့်သွင်းမယ်ဆိုရင် မရှိမဖြစ် လိုအပ်ချက်ကတော့ Driver file များဖြစ်ပါတယ်။ အဲဒီအချက်ဟာ ဖုန်းနဲ့လုံးဝကွဲပြားတဲ့အချက်ပါ။ ကွန်ပျုတာဟာ Extendable Module အဆင့်မြှင့်တင်လို့ရတဲ့ စက်ပစ္စည်းအစိတ်ပိုင်းတွေနဲ့ တည်ဆောက်ထားတာဖြစ်လို့ ဖုန်းတွေနဲ့ ကွာခြားသွားတဲ့အတွက် ဖုန်းတွေလို Online ကနေ Update တင်ရုံ၊ Install လုပ်ရုံ နဲ့ System က တည်ငြိမ်စွာပြောင်းလဲသွားခြင်းမရှိပါဘူး။ ကွန်ပျုတာအတွင်းမှာထည့်သွင်းထားတဲ့ Hardware စက်ပစ္စည်းအစိတ်အပိုင်းတွေဟာ ကုမ္ပဏီပေါင်းစုံက ထုတ်လုပ်ထားတာဖြစ်လို့ အဲဒီစက်ပစ္စည်းအစိတ်အပိုင်းတစ်ခုချင်းကို ထိန်းချုပ်ဖို့အတွက် သက်ဆိုင်ရာ အမျိုးအစားနဲ့ မော်ဒယ်အလိုက် Driver file တွေလိုအပ်ပါတယ်။ Windows ကို Install လုပ်တဲ့အခါ အဲဒီစက်ပစ္စည်းအစိတ်အပိုင်းတွေအားလုံးကို Windows က အလိုလျောကိသိရှိပြီး အလုပ်လုပ်ခိုင်းစေနိူင်ခြင်းမရှိပါဘူး။ သူ့အမျိုးအစားအလိုက် အတိအကျဖြန့်ချိထားတဲ့ Driver File တွေကို ထပ်ပြီး Install လုပ်ပေးမှသာ Webcam/Wi-fi/Bluetooth/Sound/Graphic အစရှိတဲ့ Hardware အစိတ်အပိုင်းတွေက အတိအကျအလုပ်လုပ်မှာပါ။ Windows ကို Install လုပ်ပေမယ့်လည်း Driver File တွေထည့်ဖို့လိုအပ်ရင် အသံမထွက်ခြင်း ရုပ်ပုံ Display မမှန်ခြင်းနဲ့ Wifi ချိတ်မရခြင်း/Bluetooth မရခြင်း အစရှိတဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။
#အထူးသတိပြုရမှာက Driver Files တွေဟာ မိမိရဲ့ ကွန်ပျူတာ (Laptop) အမျိုးအအစား/Motherboard/Chipset မော်ဒယ် အတိအကျအတိုင်း Install လုပ်ရမှာဖြစ်ပြီး CPU(Processor)/RAM/ အနည်းအများနဲ့ လုံးဝမဆိုင်ဘူးဆိုတာပါပဲ။
-
(၆)Windows Activation
လက်ရှိ မြန်မာတစ်နိုင်ငံလုံးက အသုံးပြုနေတဲ့ Windows တွေဟာ Genuine Windows အစစ်တွေဖြစ်ပေမယ့် တရားဝင် လိုင်စင်နဲ့ဝယ်ပြီးအသုံးပြုတာမဟုတ်တဲ့အတွက် အဲဒီ Windows တွေကို အပြည့်အဝအသုံးပြုနိုင်ဖို့ အသက်ဝင်အောင်ပြုလုပ်ပေးရပါတယ်။ အဲဒီလိုမလုပ်ခဲ့ရင် Internet သုံးတဲ့အခါ သို့မဟုတ် မသင့်တော်တဲ့ Software တစ်ခုတည့်သွင်းတဲ့အခါ သို့မဟုတ် အချိန် အတိုင်းအတာတစ်ခုကြာတဲ့အခါ Windows အသုံးပြုမှုသက်တမ်းကုန်သွားတတ်ပါတယ်။ သက်တမ်းကုန်လို့ သက်တမ်းတိုးပေးရတာကို Activate (Activation) လုပ်တယ်လို့ ခေါ်ကြပါတယ်။ Activation လုပ်တဲ့နည်းတွေထဲမှာ တရားဝင် လိုင်စင် နံပတ် License Key ကို ငွေနဲ့ဝယ်ပြီးထည့်သွင်းရတာရှိသလို သက်ဆိုင်ရာ Laptop ကုမ္ပဏီက တခါတည်း ရောင်းချတဲ့ Windows တွေအတွက်က Digital လိုင်စင် နဲ့ Activate လုပ်လို့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ Windows ကိုအလကားသုံးသူများတဲ့အတွက် Activate ကို KMS Pico/KMS Auto အစရှိတဲ့ ပြင်ပပညာရှင်တွေဖြန့်ချီထားတဲ့ Activation Software လေးတွေကတစ်ဆင့် #တရားမဝင် ပြုလုပ်ကြရပါတယ်။
တရားမဝင်ဖြစ်တဲ့အတွက် မိမိအသုံးပြုနေတဲ့ Windows ဟာ စိတ်ချရစွာအမြဲသုံးနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်မျိုး လုံးဝမထားမိဖို့တော့ လိုပါတယ်။
အဲဒီလိုပြုလုပ်ရာမှာလည်း ဆောင်ရန်ရှောင်ရန်တွေရှိတဲ့အတွက် မိမိကိုယ်တိုင်လုပ်တဲ့အခါ အတွေ့အကြုံမရှိသေးရင် သေချာ စနစ်တကျ ပြုလုပ်ရမှာဖြစ်ပါတယ်။
-
(၇)Third Party App
Windows ထဲမှာ တခါတည်းထည့်သွင်းမထားပဲ ပြင်ပကနေ ထပ်မံထည့်သွင်းရတဲ့ Software တွေကို Third Party Application လို့ခေါိပါတယ်။ ဥပမာ Microsoft Office(Word/Excel/PowerPoint) ၊ Adobe Photoshop အစရှိတဲ့ မိမိလုပ်ဆောင်ချင်တဲ့အလုပ်တွေကိုလုပ်ဆောင်ပေးတဲ့ Software App တွေကို ခေါ်ဆိုတာပါ။ Windows ကို Install လုပ်ပြီးတဲ့အခါ အဲဒီ Software တွေဟာ တပါတည်းပါမလာပါဘူး။ မိမိအသုံးပြုဖို့လိုအပ်တဲ့ Third Party App တွေကို ထပ်ထည့်ရမှာဖြစ်ပြီး အဲဒီ App တွေအတွက် Installer ဖိုင်တွေ အဆင်သင့်ရှိထားဖို့လည်းလိုအပ်ပါတယ်။ အဲဒီအတွက် မိမိရဲ့ USB Drive သို့မဟုတ် External HDD ထဲကို App Installer ဖိုင်တွေ အင်တာနက်က ဒေါင်းပြီး ကြိုတင်ထည့်ထားဖို့လိုအပ်ပါတယ်။
မြန်မာနိုင်ငံက Computer User တွေဟာ App တွေကို တရားဝင် ဝယ်မသုံးနိုင်တာကြောင့် App တွေ Install လုပ်တဲ့အခါမှာလည်း အဲဒီ App တွေ အပြည့်အဝအသုံးပြုနိုင်ဖို့အတွက် တစ်ခုချင်းစီကို အသုံးပြုရအောင် Crack လုပ်တာတွေ Activate တွေ လုပ်ပေးရပြန်ပါတယ်။ လုပ်နည်းတွေဟာလည်း တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။
ဒါ့ကြောင့် နည်းလမ်းတစ်ခုချင်းစီကို သေချာလေ့လာပြီးမှ Install လုပ်သင့်ပါတယ်။
-
(၈) အသိသညာ ဗဟုသုတ (Knowledge and Concept)
လက်ရှိ ကွန်ပျူတာအသုံးပြုသူလောကမှာ မိမိအသုံးပြုတဲ့ ကွန်ပျူတာ (အထူးသဖြင့် Laptop) မော်ဒယ်နဲ့အမျိုးအစားကို အတိအကျသိသူနည်းပါတယ်။ ကွန်ပျူတာဘာမော်ဒယ်လဲလို့ မေးလိုက်ရင် (ဥပမာ) Dell I3CPU ၊ RAM ဘယ်လောက် အစရှိသဖြင့်ပဲ သိကြပြီး မိမိ Laptop တွေရဲ့ မော်ဒယ်နံပတ်နဲ့ Hardware တွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကို အတိအကျ မသိကြတာများပါတယ်။ အဲဒီလောက်အသိနဲ့ Windows ကို မိမိကိုယ်တိုင် Install/Update လုပ်ဖို့ဆိုတာအများကြီးအလှမ်းဝေးပါသေးတယ်။ မိမိအသုံးပြုတဲ့ ကွန်ပျူတာနဲ့ပတ်သက်တဲ့ ဗဟုသုတ ကို သိရှိထားမှ Windows ကို Install လုပ်ရာမှာ လွယ်ကူချောမွေ့ပါမယ်။
နောက်တစ်ချက်က Concept ပါ။ ကျတော်တို့နိုင်ငံဟာ ပညာရေးအဆင့် နိမ့်ကျခဲ့တဲ့အတွက် ပညာရပ်ဆိုင်ရာ Concept (အသိသညာသေဘာတရား) ကို သင်ကြားပေးမှုအားနည်းပါတယ်။ Concept သိအောင် ဆက်စပ် တွေးခေါ်ခိုင်းမှုအားနည်းခဲ့ပါတယ်။
ကိုယ်ပိုင်အတွေးအခေါ်ကို အသားမပေးတဲ့ ပညာရေးစနစ်ဖြစ်ခဲ့တာကြောင့် ကြီးပြင်းလာတဲ့အထိ နည်းပညာဆိုင်ရာ အသိသညာ သဘောတရားတွေ ကို တခြားနိုင်ငံသားေတွထက် တွေးခေါ်ဆင်ခြင်နိုင်စွမ်း အားနည်းကြပါတယ်။ ဥပမာ ကွန်ပျူတာတစ်လုံးရဲ့အစိတ်အပိုင်းတွေ ဘယ်လိုအလုပ်လုပ်သလဲ ဆိုတဲ့ အသိသညာကို တခြားနိုင်ငံက သာမန် User တွေထက် ကိုယ်ပိုင်လေ့လာတွေးခေါ်မှု နဲ့ ဆင်ခြင်သိရှိနိုင်စွမ်းအားနည်းကြပါတယ်။ ဒါလုပ်ရင် ဒါဖြစ်တယ် ဆိုတဲ့အဆင့်ပဲ သိကြပြီး ဘာ့ကြောင့် လုပ်တယ် ဘာ့ကြောင့် ဖြစ်တယ်ဆိုတဲ့ Concept ကို မသိကြပါဘူး။ အဲဒါကြောင့် Windows ကို Install လုပ်တော့မယ်ဆိုရင် Windows ရဲ့ အလုပ်လုပ်ပုံ Concept အသိသညာကို အရင်လေ့လာပြီးမှ Install လုပ်ရပါမယ်။
လက်ရှိ ကွန်ပျူတာအသုံးပြုမှုတွင်ကျယ်လာချိန်မှာ အခက်အခဲတွေကို မိမိဘာသာဖြေရှင်းဖို့အတွက် Concept တွေက အရေးပါလာပါတယ်။
Windows File System တွေရဲ့ Concept, Hardware တွေရဲ့ Concept နဲ့ ကွန်ပျူတာတစ်လုံးရဲ့ Software Hardware တွေချိတ်ဆက်အလုပ်လုပ်မှု Concept တွေကို သိရှိထားရင် Windows Install လုပ်တဲ့အခါ ပြဿနာကင်းပြီး ချောမွေ့နိုင်မှာပါ။
-
နည်းလမ်းတွေကြည့်ပြီး
ဒါ နှိပ်ရင် ဒါဖြစ်တယ်ဆိုတာကတော့ လူတိုင်း လိုက်လုပ်ရတာ လွယ်ပါတယ်။
ဒါပေမယ့်
ဒါနှိပ်လို့ ဒါမဖြစ်ခဲ့ရင် ပြဿနာဖြစ်လာပြီ။
Concept မသိရင် အဲဒီ Error ကို
ရုတ်တရက် မိမိဘာသာ ဖြေရှင်းနိုင်ဖို့မလွယ်ပါဘူး။
-
ဒါကြောင့် အပေါ်ကလိုအပ်ချက်အားလုံးကို ယေဘုယျ သိရှိနားလည်ထားမှ Windows ကို မိမိကိုယ်တိုင် Install ပြုလုပ်သင့်ပါကြောင်း။
-
Credit.. #ဆရာကိုရန်နိုင်
Yan Naing Computech
"မာနက လိပ်ပြာလုံစေတယ် "
သင့်တို့ရဲ့တစ်ခဏ အချိန်ပေးခြင်းက
များစွာသော အသိပညာ တိုးလာစေမှာ
မလွဲဧကန်ပါ ။။။
တစ်ခါတုန်းက မြို့ဈေးတစ်ခုရဲ့ဘေးမှာ
ထီးကို ဝါးလုံးနဲ့ထောက်ထားပြီး
ထီးတွေ ဖိနပ်တွေ မီးခြစ် ဂက်စ် ထည့်တာတွေလုပ်တဲ့
လူကြီးတစ်ဦးရှိတယ်..
ဒါပေမယ့် သူ့မှာ ခြေထောက်တစ်ချောင်း
ဒူးဆစ်ကနေ ဖြတ်ထားရတယ်
သူကို အားလုံးက ပေါင်တို လို့ခေါ်ကြတယ်
ဒါပေမယ့် သူကိုအဲ့လိုခေါ်လို့လည်းအပြုံးမပျက်ဘူး
သူပြောနေကြစကားတစ်ခွန်းရှိတယ်..
" မာနက ဆာလောင်နေသော ဝမ်းကို မပြည့်စေဘူး...။
မာနက လိပ်ပြာလုံစေတယ်တဲ့."..။
အပေါ်စာကြောင်းကို လူတိုင်းနားလည်တယ်..
ဒုတိယ စာကြောင်းကို တော့ ဘယ်သူမှမသိကြဘူး..
ပေါင်တိုကြီးမေးလည်း ဒီလိုပါပဲကွာလို့သာဖြေတယ်..
အဲဒီပေါင်တိုကြီးမှာ ရှစ်တန်းအရွယ်တက် နေတဲ့
သားတစ်ယောက်ရှိတယ်
သူ့ သားက ကျောင်းပိတ်ရက်တွေဆို သူ့အဖေဆိုင်ကို
သူဖွင့်ရတယ် ရတဲ့ ပိုက်ဆံကို လိုအပ်တာဝယ်ဖြည့်ပြီး
ပိုတာကို တစ်ပါတ်စာ မုန့်ဖိုးအဖြစ်သုံးရတယ် ..။
တစ်နေ့ ကျောင်းမုန့်စားဆင်းချိန်မှာ
အမြဲတမ်း ထမင်းချိုင့် ကလွဲပြီးမုန့်တွေဘာတွေ
မပါလာတတ်တဲ့ ပေါင်တိုရဲ့သားကို
ဘေးက သူငယ်ချင်းတွေကစတယ်
ဟေ့ကောင် ပေါင်တိုလေး
မင်းကွာ မုန့်လေး ဘာလေးဝယ်စားပါဦးတစ်ခါတလေ
မင်း မဝယ်ချင်လည်းပြော ငါ့တို့အညောင်းခံ ဝယ်ပေးပါ့မယ်ကွ
ငါကျောင်းလာတတ်တာပါ
မုန့်စားဖို့လာတာမှ မဟုတ်တာ
မင်းတို့ စားချင်ရင်ပြောလေ ငါဝယ်ကျွေးပါ့မယ်
ဒီမှာ ပိုက်ဆံ ရော့
ဟေ့ကောင် များလှပါလားကွ
အင်း ငါစုထားတာမို့ပါ
မင်းကွာ အတော် ကပ်စီးနည်းတာပဲကွ
မင်းမှာ ပိုက်ဆံတွေ ရှိရက်သားနဲ့
တစ်ခါမှ အဲ့လိုဝယ်မစားဘူး
ငါ့ ပိုက်ဆံက သန့်ပါတယ် အဲ့ကြောင့်မသုံးရက်တာ
ဒါ မင်းတို့လို အိမ်က လက်ဖြန့်ထောင်းထားတာ မဟုတ်ဘူးကွာ
မင်းတို့သိချင်ရင် ကျောင်းပိတ်ရက် ငါ့ဆိုင်လာခဲ့လေ
ငါ မုန့်ကျွေးပါ့မယ် ဈေးထိပ်နားမှာ ပေါင်တိုဆိုင်လို့မေးလာခဲ့..
ဟေ့ကောင် ပေါင်တိုလေး ငါ့တို့ရောက်ပြီ
သားငယ် မင်း သူငယ်ချင်းတွေကို တစ်ခုခုဧည့်ခံလိုက်လေ
ဟုတ်ကဲ့ အဖေ
ဦးကျင်နွမ်း ကျွန်တော်ကို ဆီချက်လေးပွဲ
လက်ဘက်ရည် လေးခွက်ပေးပါဦး
သူငယ်ချင်းတွေလာလို့
ဟေ့ကောင်တွေစားကြ
မောင်လေး ဖိနပ်ချုပ်ချင်လို့
အော် ဟုတ်ကဲ့
အစ်မ သဲကြိုးပါ လဲဦးမလား
ဘယ်လောက်ကျမလဲ
၇၀၀ ပါ
လဲပေးပါမောင်လေး ကန်တော့နော်
ရပါတယ်ဗျာ ကန်တော့လုပ်မနေနဲ့
ကောင်လေး အန်တီထီး ဘာဖြစ်တယ်မသိဘူး
ဒီကအချောင်းလေးထွက်လာပြီ ပြန်ထည့်မရလို့
၅၀၀ ကျမယ် အန်တီ ခဏစောင့်ရမယ်
ဟေ့ကောင်တွေစားလေ
ဘာလို့လဲ
မင်းငါတို့ကိုကျွေးတာ ဒီအလုပ် လုပ်ပြီးရတာနဲ့လား
ဘာဖြစ်လို့လဲကွ
မဟုတ်ပါဘူးကွာ
မင်းလုပ်နေတာကြည့်ပြီး မစားရက်လို့
သူများတွေ ခြေမှာနင်းတဲ့ဖိနပ်လည်းမရွံ့မရှာမင်းလက်နဲ့
ကိုင်ပြီးလုပ်ရ သူများတွေကို အရိပ်ပေးတဲ့ အရာတွေကို
ချုပ်ရ ရိုက်ရနဲ့ ကွာ..
ဒီလိုပါပဲကြာ
ဒါပေမယ့် ငါလိပ်ပြာသန့်တယ်လေ
ကိုယ့်ရဲ့လုပ်အား ကိုယ့်ရဲ့အတတ်ပညာနဲ့
ငါ အလုပ်လုပ်တယ် ကျောင်းတတ်တယ်
ငါအဖေက ခြေထောက်တစ်ချောင်းမရှိဘူး
ငါ့ကို ဖိနပ်ချုပ်ပြီးကျောင်းထားပေးတယ်
ဒီလိုနားလည်စေဖို့ အတွေးမမှားစေဖို့
အမေဆိုတာ ငါမှာရှိတယ်
ငါ့အဖေ က ငါဘဝကိုအားငယ်မှာစို့လို့
အမြဲပြောပြတာရှိတယ်..
သား လောကကြီးမှာ ခြေတွေလက်တွေသန်မာဖို့ထက်
စိတ်ဓာတ်တွေကြံ့ခိုင်ဖို့ ပိုအရေးကြီးတယ်..
လူဆိုတာ နှစ်မျိုးရှိတယ်
မှန်တာလုပ်တဲ့သူရယ်
အမှားကို လုပ်နေတဲ့သူရယ်
ငါမှန်တယ်လို့ ငါ့ကိုယ်ငါခံစားရတယ်
ငါရဲ့ ရိုးသားစွာရှာဖွေရရှိမှု့အတွက် လက္မထောင်နိုင်တဲ့ မာန ငါ့မှာရှိတယ်
မာန ဆိုတာ မကောင်းဘူးလို့ပြောကြတယ်
ငါ့အဖေရဲ့ မာန က ရှင်းရှင်းလေးပဲ
ငါ ရိုးသားစွာရှာဖွေပြီးရတဲ့ ငွေကြေးအပေါ်မှာ
လိပ်ပြာသန့်သန့်နဲ့ လက္မ ရဲရဲထောင်ပြီး
ပျော်အောင် အိပ်မယ်ဆိုတာမျိုးပဲ
မင်းတို့ပြောသလို ငါကပ်စီးနည်းတယ်ပေါ့ကွာ
ငါ ကပ်စီးနည်းတာမဟုတ်ပါဘူး
သုံးစရာ မလိုသေးလို့ပါ
ငါ့အဖေက ငါ့ ကျောင်းပိတ်ရက်တွေဆိုင်မှာ
အလုပ် လုပ်ခိုင်းပြီး ရသမျှကို တစ်ပါတ်စာမုန့်ဖို့အဖြစ်ပေးတာကွ
ငါအိမ်ကို ပိုက်ဆံပြန်ပေးတိုင်းအဖေကပြောတယ်..
ငါ့သား မာန က ဆာလောင်နေသော ဝမ်းကိုမပြည့်စေဘူး
မာန က လိပ်ပြာလုံစေတယ်တဲ့..
ငါ အလုပ်မှာ မာနဆိုတာမရှိဘူး
အတတ်ပညာနဲ့ ပြောဆိုဆက်ဆံမှု့ပဲလိုတယ်
မာနက လိပ်ပြာလုံစေတယ်
ရိုးသားစွာ လုပ်ကိုင်ပြီးရတဲ့ အရာမှန်သမျှ
ကိုယ့်ဘာသာ ဖြုန်းသည်ဖြစ်စေ သုံးသည်ဖြစ်စေ
လိပ်ပြာလုံစွာ သုံးပစ်နိုင်တယ် စွန့်ကြဲနိုင်တယ်ဆိုတာ..။
အတွေး တစ်ခုခုရကြပါစေ။
Credit:
ကောင်းကင်ထက်က ကြယ်စင် {ကလေး}
Laptop, Desktop ဘယ်ဟာက ပိုကောင်းပြီး ဘယ်လိုမျိုး ဝယ်သင့်လဲ။ (လူသုံးများတဲ့ i series အကြောင်း ပြောသွားမှာပါ။)
1. CPU Model
CPU Model ကြည့်ရင် Core i3, i5, i7 ရှိပြီး
Core i3 - အနိမ့်
Core i5 - အလယ်
Core i7 - အမြင့် ဆိုပြီး ရှိပါမယ်။
2. CPU Series
CPU Series မှာ Laptop အတွက် Desktop အတွက် Series တွေ မတူပါ။
Laptop မှာဆိုရင် U Series, M Series ရှိပြီး
Desktop မှာဆိုရင် T Series နဲ့ Seriesless ဆိုပြီး ရှိပါတယ်။
U series နဲ့ T Series ဟာဆိုရင် စွမ်းဆောင်ရည်နိမ့် CPU အမျိုးအစား ဖြစ်ပြီး M Series နဲ့ Seriesless က အလယ်အလက် စွမ်းဆောင်ရည်တွေ ဖြစ်ပါတယ်။
3. Cores
2 Cores နဲ့ 4 Cores မှာ 4 Cores က ပိုမြန်ပါတယ်။
4. Threads
4Threads နဲ့ 8 Theads မှာ 8 Threads က ပိုမြန်ပါတယ်။
5. Speed (Base Speed)
ကွန်ပြုတာ မြန်နှုန်းကို Speed နဲ့ တိုင်းတာလို့ Speed မြင့်တာက ပိုမြန်ပါတယ်။
Speed ခြင်း တူလျှင် Core များတာက မြန်ပါတယ်။
Speed များပြီး Threads နည်းရင်တော့ Threads နည်းတာက နှေးပါမယ်။
6. Turbo Speed
Core i3 7th Gen အထိကို Turbo Speed မပါဝင်ပါ။
Core i5, Core i7 မှာ Turbo Speed ပါပြီး Core i7 Turbo Speed က Core i5 Turbo Speed ထက် ပိုမြင့်ပါတယ်။
ဥပမာ -
Core i3 4005U 1.7GHz
Core i5 4210U 1.7GHz upto 2.7GHz
Core i7 4650U 1.7GHz upto 3.3GHz
Turbo Speed ခြင်းတူရင် Base Speed များတာ ပိုမြန်ပါတယ်။
7. Battery
Desktop ဆိုရင် Battery မပါလို့ မီးပျက်ရင် သုံးရမှာ မဟုတ်ပါဘူး။
အသေးစိတ်ကို ပုံကို ကြည့်ပြီး လေ့လာနိုင်ပါတယ်။
RCCB တလုံး ရဲ့အတွင်းပိုင်း အလုပ်လုပ်ပုံ
===============================
RCCB (Residual Current Circuit Breaker)သည် လျှပ်စစ်ဓါတ်လိုက်ခြင်းမှ ကာကွယ်ရန် အထူးထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။အိမ်တိုင်းမှာတက်ထားသင့်ပါတယ်။
ပုံတွင် RCCB တလုံး အတွင်း၌
magnetic core တခုကို coil 3ခု မှ ပါတ်ထားပါသည်။ L မှ လာသော coil ကို coil A ၊ Natural မှ ပြန်ဝင်လာသော coil ကို coil B ၊ ကျန် coil ကို coil C ဟု လည်းကောင်း သတ်မှတ် ပါစို့။
သာမာန် အခြေအနေတွင် Line မှ ဝင်လာသော current သည် Coil A ကို ဖြတ်စီးပီး Load ဆီသို့ ရောက်သွားသည်။ ထို အချိန်တွင် Fleming Left hand rule အရ magnetic field များသည် Direction တဖက် သို့ စီးဆင်းပေမည် ။ ထို Current သည် Load မှတဆင့် ပြန်ထွက်ပီး Natrual လိုင်းသို့ Coil B ကို ဖြတ်သန်း၍ စီးဆင်းပြီး ပြန်လည် ထွက်သွားပီး 1circuit တပါတ် ပြည့် လည်ပတ်သည်။ coil B မှ ဖြတ်စီးသော အချိန်တွင်လည်း magnetic field များ ထွက်လာသည်။ Coil A မှ ထွက်သော Magnetic Field (သံလိုက်စက်ကွင်း) ၏ Direction နှင့် Coil B မှ ထွက်သောသံလိုက်စက်ကွင်း ၏ Direction သည် ဆန့် ကျင်ဖက်စီ ဖြစ်၍ ကျေပျက်သွား၍ Coil C အပေါ် အားသက် မရောက်တော့ပေ။
စာကိုသေချာဖတ်စေချင်တယ်။
အကယ်၍ Line မှ လာသော Current သည် Load ဆီသို့ ဖြတ်စီးရာ ၌ earth leakage ဖြစ်ပီး လျော့နည်း သွားပါက Nutral ၌ ရှိသော current သည်လည်း လျော့နည်းသွားပီး Coil B ၌ လည်း သံလိုက် စက်ကွင်း အားလျော့သွားမည်။
ထိုအခါ Coil A ၏ စက်ကွင်းကို Coil B ၏ စက်ကွင်းမှ အပြည့် မချေနိုင်ပဲ ပိုလျံသော သံလိုက်စက်ကွင်း သည် Coil C ကို သွားရောက် ညို့ပီး Coil C သည် သံလိုက် အဖြစ်ပြောင်းသွားပေမည်။
ထိုအခါ Coil C သည် amplifier မှ တဆင့် Trip Coil ကို အသက်ဝင်စေပီး Current လျှပ်စီးကို ဖြတ်ချ လိုက်ပေမည်။
ဤ အခြေခံ အချက်ကို ကြည့်၍ အောက်ပါ အခြေအနေများတွင် RCCB သည် အလုပ်လုပ်မည် လား ကို ဖြေကြည့်ပေးပါ
၁- Current သည် Line မှ စီး၍ Earth သို့ ထိ၍ တိုက်ရိုက် စီးဆင်းသော အခြေအနေ
၂- Current သည် Load မှ ပြန်ထွက်လာပီး Natural လိုင်း မှတဆင့် Earth သို့ ထိပီး စီးဆင်းသော အခြေအနေ
၃- Current သည် Load တွင် earth leakage ဖြစ်ပေါ်နေသော အခြေအနေ။
၄- Line နှင့် Natural တိုက်ရိုက် ထိသော အခြေအနေ
၅- RCCB ၏ သတ်မှတ်ထားသော Load ထက် လွန်နေသော Overload or Overcurrent စီးဆင်းသော အခြေအနေ
၆- သာမာန် ပုံပါအတိုင်း လည်ပါတ်သော အခြေအနေ
၇- Test Buttom ကို နှိပ်လိုက်သော အခြေအနေ
အဖြေများ
မေးခွန်း ၁၊၂၊၃နှင့် ၇ တို့ ၏ အခြေအနေတွင် RCCB သည် အလုပ်လုပ်ပါမည်။
တနည်း Current ကို ဖြတ်ချပါမည်။
မေးခွန်း ၄၊၅၊၆ အခြေအနေတွင် RCCB သည် အလုပ် မလုပ်ပါ။ တနည်း Current ဆက်လက် စီးဆင်းနေပါမည်။
RCCB သည် Lနှင့် N Short Circuit ဖြစ်ခြင်း ၊ဝန်ပို သုံးစွဲခြင်းတို့ကြောင့် ဖြစ်စေနိုင်သော ဝါယာလောင်ကျွမ်းခြင်း၊ သုံးစွဲ လျပ်စစ်ပစ္စည်းများ လောင်ကျွမ်းခြင်း များ မှ ကာကွယ်မှု မလုပ်ပေးနိုင်ပါ။
မီးသမားတွေအတွက်အထောက်အကူဖြစ်စေပါတယ်။
RCCB သည် ဓါတ်လိုက်မှုများမှ ကာကွယ်ရန်သာ အထူး ထုတ်ထား ခြင်း ဖြစ်ပေသည်။
အနရာယ်ကင်းဝေးဖို့တက်ဆင်ထားပါ။
ဝါယာနှင့် လျှပ်စစ်ပစ္စည်း များ လောင်ကျွမ်းခြင်း အတွက်ကိုမူ MCB, MCCBများ ဖြင့် ကာကွယ်တပ်ဆင်၍ အသုံးပြုရပါမည်။
RCCB ကို 100mA , 300mA ,500mA
အစရှိသဖြင့် current differential value လျှပ်စီး ကွာခြားမှုတန်ဖိုး သတ်မှတ်ပီး ခွဲခြား အသုံးပြုကြသည်။
ဆရာ ဦးကျော်ဦး ရေးသားဖူးသော RCCB ၏ သဘော တရား ဥပမာ ကို လည်း အမှတ်ရမိပါသည်။
RCCB သည် လင်ယောကျ်ားကို ပိုက်ဆံထုတ်ပေးသော အိမ်ထောင်ရှင် မိန်းမနှင့် တူသည်တဲ့။ အပြင်ထွက်လျှင် အိပ်ဆောင် အဖြစ် ငွေထည့်ပေးလိုက်ပေမဲ့ အိပ်ပြန်လာလို့ အပြည့်ပြန်မပါလာလျှင် ပိုက်ဆံ ဖြတ်တတ်တဲ့ အိမ်ရှင်မ နဲ့ တူသတဲ့။
ကျေးဇူးတင်ပါတယ်။
Thank you.
Credit:
Click here to claim your Sponsored Listing.
Videos (show all)
Category
Telephone
Website
Address
Yangon