ToeTet - တိုးတက်
လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
Meet Our Master Your Flow (MYF) Student
အခုလို ကိုယ့်ရဲ့ Transformation Journey အတွက် ToeTet ရဲ့ Master Your Flow Program မှာ invest လုပ်တဲ့အတွက် ဂုဏ်ယူပါတယ်။
ToeTet
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
ဘဝမှာ ကြီးကြီးမားမား
အပြောင်းအလဲတစ်ခု လုပ်ချင်သူတိုင်း
အခုကိုယ်ကျော်ဖြတ်နေရတဲ့ အချိန်တွေကို
ဖြတ်ကျော်ရဖူးတယ်။
အရင်မိတ်ဆွေဟောင်းတွေကြားမှာ
ဘောင်မဝင်တော့သလို၊
မိတ်ဆွေအသစ်တွေကြားထဲ ဝင်ဆံ့ဖို့လည်း
လုံလောက်အောင် မပြည့်ဝသေးတဲ့အချိန်။
ကိုယ့်ကို Next Level ရောက်စေမယ့်
စာအုပ်တွေ၊ အသိပညာတွေမှန်သမျှ
လိုက်လေ့လာပြီး
စမ်းသပ်အသုံးချနေတဲ့အချိန်။
တခါတလေ ပင်ပန်းလွန်းတဲ့ကြားက
အောင်မြင်မှုအရိပ်အယောင်
မမြင်ရသေးတဲ့အတွက်
ကျော်ဖြတ်နေရတာ တန်ရဲ့လား
မေးခွန်းထုတ်မိတဲ့အချိန်။
ဒီအချိန်မှာ သတိရဖို့လိုတာက
အောင်မြင်မှုက အဆုံးသတ်ပန်းတိုင်
ဖြစ်ကောင်းဖြစ်မယ်။
ဒါပေမယ့် နေ့စဉ် တိုးတက်လာမှုတွေ
မြင်သာတယ်၊
လွန်ခဲ့တဲ့ သုံး၊ လေးနှစ်ကနဲ့
လုံးလုံးမတူတော့အောင်
ပြောင်းလဲလာနိုင်တယ်ဆို
ဒါအနိုင်ရနေပြီလို့ ကျေနပ်နိုင်ဖို့လိုတယ်။
လက်လျှော့ချင်တိုင်း
အတိတ်ကို ခဏလောက်ပြန်တွေးကြည့်။
ကိုယ်လုံးဝ ပြန်မသွားချင်တဲ့
အရင်က ကိုယ့်ပုံစံကို မြင်ရလိမ့်မယ်။
နောက်ပြန်လှည့်ဖို့
မဖြစ်နိုင်မှန်း သေချာလာတဲ့အခါ
တုံးတိုက်တိုက် ကျားကိုက်ကိုက်
အဆုံးထိ ဆက်လျှောက်ဖို့ကို
အာရုံစိုက်တတ်လာပါလိမ့်မယ်။
ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
သစ်ပင်ကြီးတစ်ပင်ကို
တစ်ချက်ခုတ်ရုံနဲ့ ပြိုလဲအောင်
လုပ်လို့မရဘူး။
ဘဝအပြောင်းအလဲကလည်း ဒီလိုပဲ။
တခါတလေ အချက်ပေါင်း
၃၆၅ ချက် လိုကောင်းလိုနိုင်တယ်။
ဒါပေမယ့် အများစုရဲ့ ပြဿနာက
ပထမတစ်ချက် စခုတ်ဖို့ကို
နှစ်နဲ့ချီပြီး အရှိန်ယူနေကြတာပဲ။
နေ့စဉ် လေ့လာမှုတွေလုပ်ရင်း
လက်သွေးရာက
ရလာမယ့် ပင်ပန်းမှုတွေ၊
အခန့်မသင့်ရင် ကြုံရမယ့်
ကျရှုံးမှုတွေ၊ စွန့်လွှတ်ရမှုတွေကို
သည်းမခံနိုင်တဲ့အတွက်
ပထမခြေလှမ်းစဖို့ တွေဝေနေကြတယ်။
သာမန်လူတွေက
အနာခံရမှာ၊ အပင်ပန်းခံရမှာ
ကြောက်နေချိန်မှာ
Winner တွေက သာမန်လူဖြစ်ရမှာကို
ကြောက်တဲ့အတွက်
အခုတည်းက
အပင်ပန်းခံ ကြိုးစားကြတယ်။
အခုစထားတဲ့သူမှာ
အားလုံးမှားသွားရင်တောင်
အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေကျန်တယ်။
လဲကျမှုက နောက်တစ်ကြိမ်ပြန်ထတိုင်း
ပိုမာလာတဲ့ စိတ်ဓာတ်တစ်ခု
အဖက်တင်တယ်။
စတင်ဖို့ ကြောက်နေတဲ့သူရဲ့ ဘဝမှာ
ဒုံရင်းအတိုင်းနေခဲ့မိတဲ့အတွက်
နောင်တနဲ့ ပျော့ညံ့မှုတွေပဲ
အကြွေးတင်နေလိမ့်မယ်ဆိုတာ
မမေ့ဖို့လိုပါလိမ့်မယ်။
ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
လူတိုင်းက Confidence ရှိချင်ကြတယ်။
ဒါပေမယ့် Confidence ရှိဖို့အတွက်
လုပ်ရမယ့် အလုပ်တွေကျ
မလုပ်ချင်ကြဘူး။
ဒါကြောင့် လောကကြီးက
သူများချီးကျူးမှ ပျော်ရတဲ့သူ၊
သူများမကောင်းပြောရင်
ထိရှလွယ်တဲ့သူတွေနဲ့
ပြည့်နေတတ်တယ်။
ကိုယ့်ကိုယ်ကို ယုံကြည်ချက်ဆိုတာ
အလကားမရဘူး။
ခက်ခဲတဲ့ အချိန်တွေကို
ကျော်ဖြတ်ရတယ်။
ကိုယ်မလေးစားတဲ့ အလုပ်တွေကို
စွန့်လွှတ်ရတယ်။
အပြောနဲ့ အလုပ်ညီရတယ်။
ကိုယ့်အစွမ်းအစနဲ့ ပတ်သက်ပြီး
လှည့်ကြည့်စရာမလိုအောင်
အမြဲလေ့လာနေရတယ်။
အရေးကြုံလာတဲ့အခါ
ကိုယ်ကြိုးစားထားတဲ့
သက်သေတွေ ခိုင်မာနေတယ်၊
လုပ်ရပ်တွေ မှန်နေတယ်ဆိုရင်
ဘာပဲလုပ်လုပ် ခေါင်းမော့ရင်ဆိုင်ရဲတဲ့
ယုံကြည်ချက်
ကိုယ့်မှာ ရှိလာပါလိမ့်မယ်။
ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
မမှတ်မိလောက်အောင်ပြောင်းလဲဖို့
လွယ်မလားမေးရင်
တန်ဖိုးရှိတဲ့အရာတိုင်းက
လွယ်လွယ်ရမှာ မဟုတ်ဘူး။
ဒီမလွယ်တဲ့ကြားကပဲ
နည်းတွေရှာရတယ်။
ပေးဆပ်ရတဲ့
တန်ရာတန်ကြေးတွေရှိတယ်။
လူတိုင်းကတော့ ပင်ပန်းတာပဲ။
တစ်နေ့တာ အလုပ်တွေကြောင့်
ခေါင်းရှုပ်ရတာပဲ။
ဒါပေမယ့် ဒီပင်ပန်းတဲ့ကြားက
တစ်နာရီ၊ နှစ်နာရီလောက်
ကိုယ့်ရဲ့ တိုးတက်မှုအတွက်
ဆက်လေ့လာတဲ့လူ၊
သူများတွေ နားနေချိန်မှာ
ဝင်ငွေတိုးဖို့အတွက်
ကျွမ်းကျင်မှုတွေရှိအောင်
လက်သွေးနေတဲ့လူ၊
ဒီလူတွေပဲ
လက်ရှိအခြေအနေကနေ
ရုန်းထွက်နိုင်သွားကြတယ်။
တခြားဖြတ်လမ်းမရှိဘူး။
ကိုယ့်ကို တန်ဖိုးမြင့်စေမယ့်
အလုပ်တိုင်းကတော့
အချိန်တစ်ခုထိ အပင်ပန်းခံရတဲ့အတွက်
ခက်ခဲလိမ့်မယ်။
ဒါပေမယ့် မကြိုးစားတဲ့ဘဝက
ပိုပင်ပန်းရတယ်ဆိုတာ
နားလည်လာရင်
ရှေ့ဆက်ဖို့အတွက်
သိပ်ဝန်လေးတော့မှာမဟုတ်ဘူး။
ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
ကိုယ့်ရဲ့ အတိတ်ကဖြစ်တည်မှုကို
မမုန်းနဲ့။
သူသာ အမှားတွေ မလုပ်ခဲ့ရင်၊
ဘဝကို ဖြစ်သလို မနေခဲ့ရင်
ကိုယ့်အနေနဲ့
ဒီလောက်အထိ ပြောင်းလဲဖို့
ဆုံးဖြတ်ခဲ့မှာမဟုတ်ဘူး။
သွေးနဲ့ချွေးတွေရင်းပြီး
ဒီနေရာအထိ မရောက်လာနိုင်ဘူး။
လိပ်ပြာတစ်ကောင်က
အတောင်မဖြန့်နိုင်ခင်
ပိုးတုံးလုံးဘဝကို ကျော်ဖြတ်ရတာပဲ။
"ငါဒီထက် ပိုလုပ်ခဲ့ရမှာ၊
ငါအသုံးမကျခဲ့တာ၊
နုံအခဲ့တာ" စသဖြင့်
အတိတ်ကို ပြန်တွေးပြီး
နာကျည်း၊ နောင်တရနေမယ့်အစား
ဒါတိုးတက်မှုရဲ့ ဖြစ်စဉ်ပဲဆိုတာ
သိဖို့လိုတယ်။
ဒီနွံထဲက ပြန်ထနိုင်ခဲ့တဲ့ကိုယ်၊
ရုန်းထွက်ပြီး မမှတ်မိလောက်အောင်
ပြောင်းလဲလာနိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကို
ဂုဏ်ယူပြီး အကောင်းဆုံး
ရှေ့ဆက်လျှောက်ဖို့ကို
အာရုံစိုက်ထားဖို့လိုပါလိမ့်မယ်။
ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
ဘယ်လောက်ပဲ ချမ်းသာသာ
တစ်ရက် ၂၄ နာရီပဲ။
ဒါကို ဘယ်လို အကောင်းဆုံး သုံးပြီး
ပျော်အောင်၊ တော်အောင်၊
တိုးပွားအောင် ဘယ်လိုလုပ်မလဲ
ဒါက အဓိက ပါပဲ။
မဟုတ်လဲ လူတိုင်း တစ်နေ့သေရင်
အကုန်ထားခဲ့ရမှာပဲ။
မသေခင် ကိုယ်သွားချင်တဲ့နေရာတွေသွား၊
ကိုယ်တွေ့ချင်တဲ့ လူတွေနဲ့တွေ့၊
ချစ်ကျွမ်းဝင်၊ သင်ယူချင်တာတွေသင်ယူ၊
အရေးကြီးတယ်လို့ခံယူထားတဲ့အလုပ်တွေလုပ်၊
ဒီဘဝမှာ လုပ်ချင်တာတွေကို လုပ်ခဲ့၊
ပြီးရင် သံသရာထဲက လွတ်မြောက်အောင်ပါရမီဖြည့်။
ဘဝဆိုတာ ဒီလောက်ပါပဲ။
ကိုယ်စဥ်းစားတာ ပြောပါတယ်။
Toe Tet
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
ဘဝမှာ ကိုယ်ရောက်မယ့်အမြင့်ကို
ဆုံးဖြတ်ပေးမယ့် အရာက
ကိုယ်ဘယ်လောက်ထိ
အပူဒဏ်၊ ဖိအားဒဏ်တွေ
ခံနိုင်လဲဆိုတဲ့ စံနှုန်းပဲ။
ဘယ်လောက်ထိ
အကောင်းမြင်သလဲ မဟုတ်ဘူး။
ဘယ်လောက်ထိ
လူအထင်ကြီးခံရသလဲဆိုတာတွေနဲ့
မဆိုင်ဘူး။
အခုချိန်မှာ ကိုယ့်ထက်
ပိုတော်တဲ့ ပြိုင်ဘက်တွေ၊
ပါရမီပါလာတဲ့သူတွေ၊
ကံကောင်းလို့ ရှေ့ရောက်နေသူတွေ
ရှိကောင်းရှိမယ်။
ဒါပေမယ့် ဒီလူတွေ
ကိုယ့်လောက်
အပင်ပန်းခံနိုင်စွမ်းမရှိရင်၊
စိတ်ပျက်စရာတွေကြားမှာ
အသက်အောင့်ပြီး ရှေ့ဆက်နိုင်စွမ်းမရှိရင်
ကိုယ်ရောက်မယ့်အမြင့်ကို
ဒီလူတွေလိုက်မှီမှာ မဟုတ်ဘူး။
စင်ပေါ်ရောက်ဖို့
ဘယ်လောက်ပဲ အပင်ပန်းခံရ ခံရ၊
ဘယ်လောက်လေးတဲ့
ဝန်တွေ ထမ်းရ ထမ်းရ၊
ရှေ့ဆက်မယ်ဆိုတဲ့ သူပဲ
အဆုံးမှာ လိုချင်တဲ့အမြင့်
ရောက်သွားကြတယ်။
မမှတ်မိလောက်အောင်
ပြောင်းလဲချင်တဲ့ သူတွေအနေနဲ့လည်း
ဒီစကားလုံးရဲ့နောက်က
- လေ့လာရမယ့် ပညာတွေ
- စွန့်လွှတ်ရမယ့် အလေ့အကျင့်တွေ
- ကြိုးစားရမယ့် စံနှုန်းတွေ
ဒါတွေကို လက်ခံရဲပြီလားဆိုတာ
ကိုယ့်ကိုယ်ကို ပြန်မေးဖို့လိုပါလိမ့်မယ်။
ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
ကိုယ့်ကိုယ်ကို
တိုးတက်အောင် လုပ်ဖို့ပြောရင်
အများစုက အချိန်ကြာလို့ဆိုတဲ့
ဆင်ခြေပေးကြတယ်။
ဒါပေမယ့် ကိုယ်ကြိုက်သည်ဖြစ်စေ၊
မကြိုက်သည်ဖြစ်စေ၊
ဒီအချိန်တွေက
ကုန်သွားမှာပဲ။
ဒီအခါ အချိန်ကြာလို့ဆိုတဲ့
Complaint ထိုင်တက်နေသူက
ဒုံရင်းအတိုင်းပဲ ဆက်ရှိနေလိမ့်မယ်။
တဖက်မှာ အချိန်ကြာမှန်း သိလျက်နဲ့
စိတ်ရှည်ဇွဲသန်ပြီး
ဖြစ်ချင်တဲ့ အိပ်မက်တွေအတွက်
အချိန်ပေးခဲ့တဲ့လူ၊
စိတ်ပါပါ၊ မပါပါ
လေ့လာမှုတွေ ဆက်တိုက်လုပ်ခဲ့တဲ့လူ၊
၅ နှစ်၊ ၁၀ နှစ် ကြာပါစေ
ပေးဆပ်ရတာ တန်တယ်ဆိုတဲ့
ခံယူချက်နဲ့ ရှေ့ဆက်ခဲ့တဲ့လူကတော့
စင်ပေါ်မှာ နေရာတစ်ခုရောက်သွားလိမ့်မယ်။
အရမ်းရိုးရှင်းပါတယ်။
အခုချိန်မှာ လက်ကြောမတင်းသူရဲ့ ဘဝက
နောင်တစ်ချိန် ဒုက္ခများတတ်တယ်။
အခုကစပြီး အပင်ပန်းခံထားသူကတော့
နောက် လေး၊ ငါးနှစ်ကြာရင်
အေးဆေးဖြစ်နေလိမ့်မယ်ဆိုတာ
သိဖို့လိုပါတယ်။
ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
Master Your Flow (Previously PPC)
ကိုယ်လုပ်နေတဲ့ အလုပ်က ကိုယ့်ရဲ့ စူပါပါဝါနဲ့မကိုက်တဲ့အခါလိုက်လေ ဝေးလေ ဖြစ်နေတတ်ပါတယ်။
အောင်မြင်မှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ခုကတော့
DEAL ပါ။
နေ့စဥ်ပျော်တဲ့ အလုပ်တွေ လုပ်နေရင်း
ရေရှည်ဆွတ်ခူးမှုတွေရရှိလာတာပါ။
Daily Enjoyable Activities for
Long-term achievement ပါ။
ဒီလို နေ့စဥ် လုပ်ဆောင်နေတဲ့အလုပ်တွေက
ပျော်စေရမယ်။
တော်စေရမယ်။
ဝင်ငွေတိုးတက်စေရမယ်။
ဒီလို နေ့စဥ် Earn + Learn + Fun ဖြစ်မှ
အောင်မြင်မှုဆိုတဲ့ အရာက
အဓိပ္ပာယ်ရှိမှာဖြစ်တယ်လို့ခံယူထားတယ်။
နှစ်ပေါင်း များစွာ ကြိတ်မှိတ်သည်းခံပြီးမှ
အောင်မြင်မှုကို တစ်ရက်၊ တစ်ပတ်လောက်ခံရတာထက်နေ့စဥ် ပျော်၊ တော်၊ ဝင်ငွေ တိုးတက်စေပြီး
အောင်မြင်မှုက ကိုယ့်ဆီရောက်လာတယ်ဆို
ဘဝက ပို အဓိပ္ပာယ်ရှိမှာဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်က ဘယ်လို အလုပ်တွေမှာ ပျော်သလဲသိဖို့
ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေဖို့လိုပါတယ်။
ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊
နောက် ကိုယ်ချစ်တဲ့ အလုပ်၊
ကိုယ့်ရဲ့ အားသာချက်၊
ကိုယ့်ဘဝရဲ့ ရည်ရွယ်ချက်၊
ကိုယ်အပေါင်းအသင်းလုပ်ချင်တဲ့သူတွေ၊
ကိုယ်လုပ်ချင်တဲ့ အလုပ်အကိုင်။
ဒါတွေသိရှိတဲ့အချိန်မှ ကိုယ့်ရဲ့ စွမ်းဆောင်ရည်မြင့်အောင်လုပ်ဆောင်တဲ့ နေရာမှာ ရေရှည်ခံမှာဖြစ်ပါတယ်။
ဒါကြောင့် လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲရေး ခရီးစဥ်ကို စတင်ဖို့
Master Your Flow (MYF) Program လေးကို စီစဥ်ထားပါတယ်။
ဒီ Program မှာ
၁။ DEAL model
၂။ 6-steps to discover internal flow
၃။ 4-steps to discover external flow
၄။ Designing a day (TWR framework with 6 empowering beliefs)
၅။ Toe Tet - 3 logical steps to create the best version
၆။ Tools for master your flow
၇။ AI tools for creating your best version
၈။ Master Your Flow journaling techniques
၉။ Identity by Design
၁၀။ Applied Psychology
အစရှိတဲ့ အကြောင်းအရာများမျှဝေသွားမှာဖြစ်ပါတယ်။
ဒီ Program ကတော့ Toe Tet ရဲ့ Personal Development Learning Community ကို
ပေးထားတဲ့ အမည်လေးဖြစ်ပါတယ်။ အရင် PPC Program ကို update လုပ်ထားခြင်းဖြစ်ပါတယ်။ PPC သင်တန်းသားအားလုံး ယခု Batch ကို Free ပြန် Join နိုင်ပါတယ်။
Instructor and Coach -> Dr. Phyo Paing
သင်တန်းစမည့်ရက် - 2 May 2024 to 20 June 2024
အချိန် - 6:00 PM to 9:00 PM
ပိုပြီးထိရောက်ပြီး recording ပြန်ကြည့်နိုင်အောင်
Zoom မှ မျှဝေပေးသွားပါမယ်။
Fee - 690,000 MMK
ပထမဆုံးသင်တန်းသား အယောက် ၃၀ အတွက် - 590,000 MMK
သင်တန်းသင်ကြားမည့်ပုံစံ
၁။ သင်တန်း Facebook Group ထဲ join ရမည့် link ပို့ပေးပါမယ်။
၂။ Zoom Link ပို့ထားပေးပါမယ်။
၃။ လေ့လာပြီး အိမ်စာလုပ်ကြပါမယ်။
၄။ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲရေးကိုပုံဖော်မယ်။
အမေးများသည့် မေးခွန်းများ
၁။ သင်တန်းပျက်ရင် video ပြန်ကြည့်လို့ရမှာလား။
Yes. Video recording ပြန်ပေးပါမယ်။
၂။ ဘာကြောင့် တစ်ရက်၊ နှစ်ရက်သင်တန်းမလုပ်သလဲ?
အပြောင်းအလဲဖြစ်စဥ်အတွက် အချိန်ယူပါတယ်။ ဒါကြောင့် 8-weeks program ဒီဇိုင်းဆွဲထားခြင်းဖြစ်ပါတယ်။ နောက်ပြီး နေရာမရွေးမှ လေ့လာလို့ရနိုင်အောင်နဲ့ Recording တွေ ပြန်နားထောင်လို့ရအောင် 8-weeks program စီစဥ်ထားခြင်းဖြစ်ပါတယ်။
၃။ သင်တန်းအပ်ချင်ပါတယ်။
www.m.me/ToeTet.mm ကို MYF လို့ပို့ပေးပါ။ Banking information details နဲ့ invoice ပြန်ပို့ပေးပါ့မယ်။
အိပ်မက်တွေနဲ့ ညှိနှိုင်းမှုမလုပ်နဲ့
အိပ်မက်တွေကို
ကိုယ့်အရည်အချင်းနဲ့
ဘယ်တော့မှ လိုက်ညှိပြီးမထားနဲ့။
ကိုယ့်အရည်အချင်းကိုပဲ
ပိုမြင့်တဲ့ အိပ်မက်တွေနဲ့
ညီလာအောင် ဖြည့်ဖို့ကြိုးစားမယ်ဆိုတဲ့
စိတ်ဓာတ် မွေးပါ။
ကိုယ့်လက်ရှိပုံစံနဲ့
အိပ်မက်တွေ မဖြစ်နိုင်သေးတာသေချာရင်
လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ
ရှိလာတဲ့အထိ လေ့ကျင့်ယူပါ။
Next Level မှာ ကြုံရမယ့်
စိန်ခေါ်မှုအသစ်၊
ပြိုင်ဘက်အသစ်တွေအတွက်
အသင့်ဖြစ်အောင်
လေ့လာမှုတွေ ဆက်တိုက်လုပ်ပြီး
လက်သွေးထားပါ။
စိတ်ဓာတ်မာကြောမှု၊
ဒူပေနာပေခံနိုင်စွမ်းတွေ တည်ဆောက်ထားပါ။
ဘယ်လိုကြိုးစားမှုမျိုးမဆို
ပင်ပန်းရတာပါပဲ။
ဒါကြောင့် ပင်ပန်းရတာချင်းအတူတူ
ကိုယ်နိုင်တာထက်
အိပ်မက်တွေကို မြင့်မြင့်မှန်းပြီး
ကြိုးစားလိုက်တာက
လိုချင်တဲ့ ရလဒ်တွေအပြင်
တိုးတက်မှုတွေပါ
အဖက်တင်စေပါလိမ့်မယ်။
ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
ထိုင်တွေးနေရုံနဲ့ ရှေ့မရောက်နိုင်ဘူး
အတွေးလွန်တယ်ဆိုတာ
ဘာမှမလုပ်ဘဲ ထိုင်တွေးနေလို့ဖြစ်နိုင်တယ်။
ဒီအစားကိုယ်လုပ်စရာရှိတာကို
ထလုပ်လိုက်ရင်
လိုအပ်နေတဲ့ အဖြေရှာတွေ့လာလိမ့်မယ်။
အရွေ့တစ်ခုစတင်လိုက်တဲ့အတွက်
ရှေ့ဆက်တိုးဖို့ အရှိန်စရလာလိမ့်မယ်။
တကယ်လို့ လက်ရှိအခြေအနေက ရုန်းထွက်ဖို့
ဘယ်ကစရမှန်းမသိ ဖြစ်နေရင်
ကိုယ်အကောင်းဆုံး စဉ်းစားနိုင်တာကို
အရင်စလုပ်ကြည့်။
တစ်နေ့တာမှာ ဗျာများပြီး
အချိန်ဖြုန်းနေသလို ခံစားရရင်
အချိန်စီမံခန့်ခွဲမှုစလုပ်ကြည့်၊
သူများထက် နောက်ကျနေတဲ့
ဘဝကို အားမရရင်
တခြားသူ အကြိမ်တစ်ရာလုပ်တဲ့ အလုပ်ကို
ကိုယ်က အကြိမ်နှစ်ရာ စလုပ်ကြည့်၊
ကြိုးစားမှုတိုင်းက အလကားဖြစ်ရိုးထုံးစံမရှိဘူး။
ဒါပေမယ့် ထိုင်တွေးပူနေတာကတော့
ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်၊ Energy တွေ
အလဟဿဖြုန်းတီးဖြစ်နေသလိုပဲဆိုတာ
သိဖို့လိုပါလိမ့်မယ်။
ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
စာအုပ်ပေါင်း ၉၀၀ ကျော်ထဲက အိုင်ဒီယာတွေနဲ့ တိုးတက်မှုတွေ အရှိန်မြှင့်ပါ
ကိုယ်က နေ့စဉ်တိုးတက်ဖို့အတွက် အချိန်ပြည့် လေ့လာနေရတယ်။ အသက်မွေးဝမ်းကြောင်းအတွက်လည်း ကြိုးစားနေရတယ်။
ဒါကြောင့် စာဖတ်ဖို့ အချိန်မပေးဖြစ်တာမျိုး ဖြစ်တတ်တယ်။
စာတစ်အုပ်ပြီးအောင် ဖတ်ဖို့ဆိုတာလည်း အားလုံးသိတဲ့အတိုင်း အချိန်အင်မတန်ပေးရတယ်။
ကိုယ်မရင်းနှီးတဲ့ နယ်ပယ်က အကြောင်းအရာတွေ၊ ဥပမာတွေပါလာရင် နားလည်အောင် အချိန်ပေးဖတ်ရတယ်။
တချို့စာအုပ်တွေမှာ မလိုအပ်ဘဲ စာပိုဒ်တွေ ချဲ့ရေးထားတဲ့အတွက် လိုရင်းမရောက်တာမျိုး ဖြစ်တတ်တယ်။
ဒါကြောင့် တစ်ရက်ကို မိနစ် ၃၀ လောက် အချိန်ပေးရုံနဲ့ စာအုပ်ထဲက အဓိကအသိပညာ၊ အိုင်ဒီယာတွေကို လေ့လာချင်တယ်။ လက်တွေ့အဆင်သင့် ပြန်အသုံးချနိုင်အောင် ရှင်းပြပေးတာကို နားထောင်ချင်တယ်ဆိုရင် "ToeTet Insider Note" ရှိပါတယ်။
ToeTet အနေနဲ့ ရည်မှန်းချက်ကြီးသူတွေအတွက် Personal, Professional နဲ့ Business development လုပ်နိုင်အောင် ရည်ရွယ်ပြီး
တည်ထောင်သူ Dr. Phyo Paing ကိုယ်တိုင် စာတစ်ရက်တစ်အုပ်ဖတ်ပြီး ပြန်လည်ရှင်းပြပေးတဲ့ Insider Note ကို 14 Oct 2021 မှာ စတင်ခဲ့ပါတယ်။
ယနေ့အထိ နေ့စဉ် Video Book များ တင်ပေးခဲ့တာ၊ လက်ရှိမှာဆိုရင် စာအုပ်ပေါင်း 900 ကျော်ရှိနေပါပြီ။
Insider Note မှာဆိုရင် စိတ်ပညာ၊ စီးပွားရေး၊ တိုးတက်ရေး၊ မားကတ်တင်း၊ ကျန်းမာရေး၊ စီမံခန့်ခွဲမှု၊ Productivity နဲ့ ဆိုင်တဲ့ စာအုပ်တွေကို
အနှစ်ချုပ်အပြင်၊ တစ်အုပ်လုံးအပေါ် အထင်အမြင်၊ အသုံးပြုနည်းတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။
ဒါကြောင့် စာအုပ်ထဲက Idea တွေကို နေ့စဉ်ရယူပြီး တိုးတက်မှုတွေ အရှိန်မြှင့်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင်
https://toetet.com/insidernote/ မှာ တစ်နှစ်စာ 390,000 MMK နဲ့ Subscribe ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။
ToeTet
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ
အပင်ပန်းခံနေရသမျှက သာမန်ပါပဲ
နယ်ပယ်အသီးသီးက စင်ပေါ်ရောက်နေတဲ့သူတိုင်းမှာ သူတို့ချမပြရသေးတဲ့ နောက်ကွယ်က အားထုတ်မှုတွေ၊
လူမသိ၊ သူမသိ ပေးဆပ်ခဲ့ရတာတွေ၊
ရှုံးရမှာကိုမုန်းတဲ့အတွက် ရအောင်ပြန်ထခဲ့ရတဲ့ နေ့ရက်တွေရှိတယ်။
ဒါကြောင့် ကိုယ့်ဘဝကို သနားမိတိုင်း အခုကိုယ်အပင်ပန်းခံနေရသမျှက သာမန်ပဲ၊
အမြင့်ဆုံးရောက်ဖို့ ရင်းရမယ့် သွေးနဲ့ချွေးတွေက ပုံမှန်ပဲဆိုတာ သတိရပါ။
စိတ်ဓာတ်ကျတဲ့အချိန်၊ ပြိုလဲတဲ့အချိန်တွေကို တတ်နိုင်သမျှ ခဏပဲထားပါ။
လူမြင်ရာမှာ လုပ်နေတဲ့ အလုပ်တွေထက်၊
ကွယ်ရာမှာ ဘယ်လောက်အထိ အပင်ပန်းခံနေလဲ၊ အပြောနဲ့အလုပ်ညီလဲ၊ ဒူပေနာပေခံနိုင်လဲဆိုတာတွေက
ကိုယ်ရောက်မယ့် အမြင့်ကို အဆုံးဖြတ်ပေးမယ့် စံနှုန်းတွေ ဖြစ်ပါလိမ့်မယ်။
ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
ခံစားချက်တွေပေါ်မှာ အိပ်မက်တွေကို မတည်ဆောက်နဲ့
ဒီနေ့ကိုယ့်ကို တက်ကြွစေတဲ့ စိတ်ခံစားချက်တွေက
မနက်ဖြန်ကိုယ့်ရဲ့ ပျင်းရိမှုအတွက် တွန်းအားပေးတဲ့ တရားခံတွေ ဖြစ်လာနိုင်တယ်။
အခြေမခိုင်တဲ့ အုတ်မြစ်ပေါ်မှာ အိမ်မဆောက်သင့်သလို၊
အတက်အကျမြန်တဲ့ စိတ်ခံစားချက်တွေပေါ်မှာလည်း ကိုယ့်ရဲ့ အိပ်မက်တွေကို မတည်ဆောက်ဖို့လိုတယ်။
စိတ်အဆင်မပြေတဲ့အချိန် လူအထင်ကြီးလောက်အောင် မလုပ်ပြနိုင်တာမှန်တယ်။
ဒါပေမယ့် အရေးကြီးတာ ဆင်ခြေပေးမနေဘဲ အချိန်မှန်မှန်ပေါ်လာဖို့၊
ပင်ပန်းနေရင်တောင်၊ စိတ်ပျက်နေရင်တောင် နေ့စဉ် လုပ်စရာရှိတာကို မပျက်မကွက် အားစိုက်ထုတ်နိုင်ဖို့ လိုတယ်။
ခိုင်မာတဲ့ အုတ်မြစ်ချပြီးရင် အမြင့်ဆုံးရောက်ဖို့ အရမ်းလွယ်တယ်။ တစ်ခုခုကို စတင်လိုက်ရင် ရှေ့ဆက်တိုးဖို့ အရှိန်စရလာတယ်ဆိုတာ မမေ့ဖို့လိုပါလိမ့်မယ်။
ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
စံနှုန်းတွေကို အပျက်မခံနဲ့
ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ ခက်နေတယ်ဆိုတာ၊
ကိုယ်သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့
အပြင်မှာ တကယ်ဖြစ်နေတဲ့ ကိုယ့်ပုံစံက လုံးဝကွာနေလို့ပဲ။
မှန်ထဲ ပြန်ကြည့်တိုင်း သွေးနဲ့ ချွေးတွေရင်းပြီး ကြိုးစားနေတဲ့ ကိုယ့်ကိုမြင်ရမယ်။
စိတ်ပါပါ၊ မပါပါ နေ့စဉ်ရှေ့ဆက်နေတဲ့ ခြေလှမ်းတွေကို ပြန်မြင်ရမယ်ဆိုရင်
ကိုယ့်ကိုယ်ကို လေးစားမှုပေးဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။
လိပ်ပြာလုံတဲ့အထိ အလုပ်လုပ်ပြီးတဲ့သူက ကိုယ့်တန်ဖိုးကိုယ် မေးခွန်းပြန်ထုတ်မနေဘူး။
ဘယ်လောက်ပဲ ကိုယ်ရဲ့ အကောင်းဆုံး Version အတွက် အိပ်မက်တွေ မက်နေပါစေ၊
ဒီအတွက် အရေးကြုံလာရင် ပေးဆပ်မှုတွေလုပ်ဖို့ ပျက်ကွက်နေဦးမယ်၊
ဖြစ်သင့်တာထက် ဖြစ်ချင်တာကို ဦးစားပေးနေဦးမယ်ဆိုရင်
ပဲ့ကြွေလွယ်တဲ့ ယုံကြည်မှုနဲ့ပဲ ခရီးဆက်နေရလိမ့်မယ်။
ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
သံသယတွေက လမ်းမှန်ပေါ်ရောက်နေတဲ့ သက်သေပဲ
ကိုယ့်ကိုယ်ကို ယုံကြည်မှုအမြဲအပြည့်ရှိနေတဲ့သူဆိုတာ
လုပ်နေကျ အလုပ်တွေ ထပ်လုပ်နေတဲ့သူပဲရှိတယ်။
တကယ်လို့ မလုပ်ဖူးသေးတာတွေ စမ်းလုပ်ကြည့်တဲ့အတွက် မှားမှာကြောက်နေတယ်၊
ဖိအားတွေကြောင့် ကိုယ့်ကိုယ်ကို သံသယဝင်နေတယ်၊
ကိုယ့်အစွမ်းအစကို ဘေးလူတွေ မေးခွန်းထုတ်နေတယ်ဆိုရင် ဂုဏ်ယူလိုက်ပါ။
ဒါကြီးမားတဲ့ အလုပ်တွေ စလုပ်နေပြီဆိုတဲ့ သက်သေပဲ။
ပိုမြင့်တဲ့ စံနှုန်းတွေနဲ့ ကိုယ့်ကိုယ်ကို စိန်ခေါ်နေပြီဆိုတဲ့ လက္ခဏာပဲ။
ကိုယ့်ရဲ့ဖြစ်နေကျ အခြေအနေကနေ ရုန်းထွက်ချင်တဲ့ ခံယူချက်ခိုင်မာတယ်ဆိုရင်၊
ဒီသံသယတွေနဲ့ပဲ ရှေ့ဆက်တိုးရဲတဲ့ သတ္တိရှိအောင် ကိုယ့်ကိုယ်ကို လေ့ကျင့်ထားဖို့ လိုပါလိမ့်မယ်။
ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
ပျင်းစရာကောင်းတဲ့ ဘဝကို
မဖြတ်သန်းချင်ဘူး။
ပုံတူပွားတဲ့ ကော်ပီဘဝကြီးမနေချင်ဘူး။
ပိုက်ဆံရရင် ပြီးရော ဘဝကြီးမဖြစ်ချင်ဘူး။
ဘဝကို ထူးထူးခြားခြားဖြတ်သန်းချင်တယ်။
ထူးခြားတာကို unique လို့ခေါ်ပြီး၊
ဒီ unique ဖြစ်တာကို
အများက သြချရလောက်အောင်
ထူးခြား အသုံးဝင်တာကို remarkable လို့ခေါ်တယ်။
ဒီနေ့ ပြောပြချင်တဲ့ စာအုပ်က
Canva ရဲ့ Brand Evangelist လဲဖြစ်၊
အရင် Steve Jobs တို့ MacInTouch ခေတ်က
မားကတ်တင်းတွေလုပ်
စျေးကွက်ဖောက်ပေးခဲ့တဲ့
Chief Evangelist လို့ခေါ်တဲ့
Startup တွေကို မားကတ်တင်းအကြောင်း
စွန့်ဦးတီထွင်အကြောင်း သင်ကြားပေးနေတဲ့
mentor တစ်ယောက်ဖြစ်တဲ့
Guy Kawasaki ပဲဖြစ်ပါတယ်။
ဒီအယူအဆကို မားကတ်တင်း ဂရုကြီးက
Purple Cow နွားပြာကြီး အယူအဆနဲ့
ရေးသားခဲ့ဖူးပါတယ်။
ဒီစာအုပ်ကတော့ Startup founder တွေ၊
နောက် remarkable ဖြစ်တဲ့သူတွေအကြောင်းတွေပါဝင်တဲ့
Think remarkable ဆိုတဲ့ စာအုပ်ပဲဖြစ်ပါတယ်။
စာအုပ်ကို သုံးပိုင်းပိုင်းထားပါတယ်။
Growth, Grit နဲ့ Grace ပါ။
အမှတ်တော့ ဒီစာအုပ်ထဲက အယူအဆတွေက
ကမ္ဘာကျော်အယူအဆနဲ့ သုတွေသနတွေလုပ်ပြီး
ရေးထားတဲ့ စာအုပ်တွေဖြစ်တဲ့
Professor Carol Dweck ရဲ့ Growth Mindset
နောက် Angela Duckworth ရဲ့ Grit
တို့နဲ့ နောက်တစ်ခုကတော့
တခြားသူတွေကို ပြန်လည်ပေးဆပ်တဲ့
Grace ကျက်သရေရှိရှိပြန်လည်ပေးဆပ်တာကို
ဂန္ဒီရဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေဖို့
အကောင်းဆုံးနည်းလမ်းက
တခြားသူတွေအတွက် အကျိုးပြုပေးတာပဲတဲ့။
The best way to find yourself is to lose yourself in the service of others.
ဒါကတော့ Enneagram type 1 personality တွေဖြစ်တဲ့
အမေစုတို့၊ လီကွမ်းယူတို့၊ နယ်ဆန်မန်ဒရဲလားတို့၊
ဂန္ဓီတို့အတွက် မှန်လိမ့်မယ်။
ဒီစာအုပ်မှာ ထူးခြားတဲ့အတွေးအခေါ်ထက်
သူ remind ပြန်လုပ်လို့ရတဲ့
အချက်တချို့ ပြန်မျှဝေပေးပါမယ်။
၁။ Subcategory ဖန်တီးပါ။
ကားဆိုတဲ့ အကန့်မှာ၊
Electric car ဆိုတဲ့ အကန့်သစ်ဖန်တီးတယ်။
Tesla ဖြစ်လာတယ်။
Tablet အကန့်မှာ
e-reader ဆိုတဲ့ အကန့်ဖန်တီးတယ်။
Amazon ဖြစ်လာတယ်။
Camera ဆိုတဲ့ အကန့်မှာ
Action ဆိုတဲ့ အကန့်ဖန်တီးတယ်။
GoPro ဆိုတာ ဖြစ်လာတယ်။
၂။ ပြဿနာကို ဖြေရှင်းပေးနိုင်ရမယ်။
ဒီဇိုင်းနဲ့ ပတ်သက်လို့ လွယ်လွယ်ကူကူ
ဖန်တီးဖို့ ပြဿနာဖြစ်နေတယ်။
Canva ဖြစ်လာတယ်။
ကိုယ့်လုပ်ငန်းက ဘာပြဿနာဖြေရှင်းမှာလဲ
သေချာ clear ဖြစ်ရှင်းလင်းဖို့လိုတယ်။
၃။ Proof of Concept
အိုင်ဒီယာတစ်ခုဖြစ်တဲ့အခါ
စမ်းသပ်ဖို့လိုတယ်။
ဆေးဝါးအတွက်ဆိုရင်
အစောပိုင်းစမ်းသပ်မှု
early clinical trial ဖြစ်မယ်။
ကားအတွက်ဆိုရင်
concept ကားဖြစ်မယ်။
၄။ Unique ဖြစ်အောင်လုပ်
သီချင်းပေါင်း ၁၀၀၀ ကျော်ကို
အသက်ရှိတဲ့လူတိုင်း
အလွယ်တကူအသုံးပြုလို့ရတဲ့
interface နဲ့။
iPod
၄။ Unintended use case/ Actual use case
မထင်မှတ်ထားတဲ့ အသုံးပြုဖြစ်သွားနိုင်တယ်။
မန္တလေးမှာဆို ibar လိုပေါ့။
Bar ဖွင့်တယ်။
မနက်ပိုင်းမှာ Dim Sum နဲ့ ပေါက်သွားခဲ့သလို။
အခုတော့ မသိဘူး။
Vi**ra ယောကျာ်းတွေအတွက် ကာမအားတိုးဆေးဆိုလဲ
နှလုံးရောဂါ angina နဲ့
သွေးတိုးကုဖို့လုပ်ရင်း
ပန်းသေပန်းညှိုး electile dysfunction ကုတာဖြစ်သွားတယ်။
တချို့ product တွေက
ကိုယ်ထင်ထားတဲ့ ပုံစံမဟုတ်ပဲ
အသုံးပြုတဲ့ ပုံပြောင်းသွားတာမျိုးဖြစ်တတ်တယ်။
Wallpaper လုပ်ဖို့
Bubble wrap ဆိုလဲ ပစ္စည်းတွေ ပါကင်လုပ်တဲ့အခါ
သုံးသလို နဲ့ duct tape တို့ဆိုလဲ အလားတူပဲ
နေရာတကာမှာပါ အသုံးပြုလာတယ်။
၅။ Hero လိုတယ်။
ကိုယ်က ဘယ်လိုပုံစံဖြစ်ချင်သလဲ။
ဒီဖြစ်ချင်တဲ့ ပုံစံမျိုး၊
ကျော်လွှားရမည့်အရာမျိုးကို
ကျော်လွှားခဲ့တဲ့သူကို လေ့လာရမယ်။
နောက် mentor ကောင်း ဆရာသမားကောင်းတွေလိုတယ်လို့
ဆိုတယ်။
၆။ မှန်ကန်တဲ့အလုပ်လုပ်ဖို့လိုတယ်။
ဒါကို Theranos ရဲ့ Elizabeth Holmes နဲ့
ဥပမာပေးထားတယ်။
လက်ထိပ်က သွေးစက်လေးဖောက်ပြီး
ရောဂါတွေ စမ်းသပ်လို့ရတဲ့ နည်းပညာက
အလုပ်မဖြစ်တာ သိရဲ့နဲ့
ဆက်ပြီး promote လုပ်နေခဲ့တာ။
နောက်ဆုံး ကုမ္ပဏီဒေဝါလီခံ၊
ထောင်ကျ။
အဲ့လိုမလုပ်ဖို့ မှန်ကန်တဲ့အလုပ်တွေလုပ်ဖို့လိုတယ်။
၇။ အိမ်မက်တွေကို ရောင်းပါတဲ့။
Sell your dream မှာဆို
Derek Silvers ရဲ့ Tedtalk မှာ ပြတဲ့
video ကိုပဲ ပုံနဲ့ ပြန်ပြထားတယ်။
Movement လှုပ်ရှားမှုတစ်ခုစတိုင်းမှာ
စတင်တဲ့ သူတစ်ယောက်ရှိဖို့လိုတယ်။
အိမ်မက်တွေကို တစ်ယောက်တည်းမမက်နဲ့တဲ့။
အိမ်မက်တွေကို ရောင်းပါတဲ့။
Communication လုပ်တဲ့ tips တွေကိုလဲပေးထားတယ်။
Email ရေးတဲ့အခါ Subject ကို
အများဆုံး ငါခုပဲရေးတဲ့။
၈။ ကျောင်းပညာရေး အရေးကြီးတယ်။
အောင်မြင်တဲ့ စွန့်ဦးတီထွင်လို့ပြောလိုက်ရင်
Steve Jobs, Bill Gates နဲ့ Mark Zuckberg တို့
ကျောင်းမရတာပဲ မြင်ကြတယ်။
What's missing? မေးတဲ့အခါ
Unicorn ဒေါ်လာ သန်း ၁၀၀၀ ကျော်ကုမ္ပဏီကို
တည်ထောင်ထားတဲ့ CEO တွေက
ဘွဲ့ရပြီးတဲ့သူတွေပိုများတယ်ဆိုတာ
CEO 253 ကို သုတေသနလုပ်ထားတာတွေ့ရပါတယ်။
နောက်ပြီး ကျောင်းပညာရေးဆိုတာ
စာတစ်ခုတည်းသင်တာမဟုတ်ပဲ၊
စဥ်းစားနည်း၊ နောက် networking
လူမှုပေါင်းသင်းမှု အများကြီး သင်ယူတဲ့နေရာဖြစ်သလို
အလုပ်ရှာရာမှာလဲ အများကြီး
အထောက်အကူဖြစ်တယ်တဲ့။
ဘွဲ့မရပဲ အလုပ်ရတဲ့သူတွေအနေနဲ့ဆိုရင်တော့
သူ့မှာ ကျွမ်းကျင်မှု skill တွေရှိတယ်လို့ဆိုပါတယ်။
၉။ တခြားသူတွေရဲ့ အထင်အမြင်
ကိုယ်နဲ့မတူ ကိုယ့်ရန်သူဆိုပြီးလုပ်တဲ့အစား
ask how? တဲ့။
ဒါကတော့ ဒီ Think remarkable က
မှတ်စုတချို့ပဲ။
ဒါကတော့ မနက်ဖြန်
Toe Tet Insidernote မှာ
တင်ပေးမည့် အမှတ် 892 မြောက်
စာအုပ် Video ဖြစ်ပါတယ်။
www.toetet.com/insidernote
နေ့စဉ် စာတစ်အုပ် လေ့လာပါ။
အားလုံးသိကြတဲ့အတိုင်း စာတစ်အုပ်ဖတ်ရတာ အချိန်အင်မတန်ကုန်ပါတယ်။ နောက်ပြီး အနှစ်ချုပ်စာအုပ်အများစုကလဲ ကိုယ်နဲ့သက်ဆိုင်တဲ့နယ်ပယ်ကသူတွေ ရေးထားတာမဟုတ်တဲ့အတွက် တခါတရံမှာ လိုရင်းမရောက် အရသာပေါ့ဖြစ်နေတတ်ပါတယ်။
ကျွန်တော်လုပ်ဆောင်နေတဲ့ project လေးတစ်ခု မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ နေ့စဉ်တစ်ရက်တစ်အုပ် စာဖတ်ပြီး အဆီအနှစ်တွေကို video နဲ့ စာမှတ်စုအနေနဲ့ထုတ်ထားပြီး ကျွန်တော်နဲ့ အတူလေ့လာလို့ရမည့် အစီအစဉ်လေးပဲဖြစ်ပါတယ်။
စာတစ်အုပ်ထဲက တကယ့်အဆီအနှစ်ထုတ်ဖို့ဆိုတာ အချိန်တော်တော်ပေးရပါတယ်။ တစ်ရက်တစ်ရက်ကို အနည်းဆုံး သုံးနာရီကနေ ရှစ်နာရီအထက်ပေးရတတ်ပါတယ်။ ဒီစာအုပ်တွေရဲ့ အဓိက အိုင်ဒီယာနဲ့ အသိပညာ၊ အထောက်အကူပြုမည့်အတတ်ပညာကို တစ်ရက် မိနစ် ၃၀ လောက် အချိန်ပေးပြီး လေ့လာမယ်ဆို Toe Tet InsiderNote မှ ကြိုဆိုပါတယ်။
လေ့လာရမည့်ပုံစံ
၁။ မှတ်စုစာအုပ်တစ်အုပ်ယူပါ။
၂။ Video ကိုဖွင့်ထားပြီး မှတ်စုထုတ်ပါ။
၃။ စာအုပ်ကလေ့လာရပြီး ဒီနေ့ စတင်မည့် လုပ်ရပ် action plan တစ်ခုကို ချရေးပြီး စတင်လုပ်ဆောင်ပါ။
နေ့စဉ် လေ့လာဖို့ သတ်သတ်မှတ်မှတ်အချိန်တစ်ခုပေးပါ။
ဖြစ်နိုင်ရင် တစ်ရက်ကို တစ်အုပ်ပဲလေ့လာပါ။
နေ့စဉ်မပျက်မကွက်လုပ်ပြီး
လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲမှုခရီးစဉ်စတင်ပါ။
ကိုယ်ကြိုက်တဲ့စာအုပ်ကို လွတ်လပ်စွာရှာဖွေပြီး လေ့လာပါ။
တကယ်လို့ လေ့လာဖို့ ready ဖြစ်ပါက
www.toetet.com/insidernote မှာ subscribe လုပ်နိုင်ပါတယ်။
ToeTet - တိုးတက် လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
တချို့ဘယ်နေရာရောက်ရောက် အောင်မြင်တဲ့သူတွေ၊
ကိုယ်လုပ်နေတဲ့အလုပ်တိုင်းမှာ အတော်ဆုံးဖြစ်အောင် အားထုတ်နိုင်တဲ့သူတွေ မြင်ဖူးလိမ့်မယ်။
ဒါက ဒီလူတွေ ကိုယ့်မှာမရှိသေးတဲ့ အဆက်အသွယ်တွေ၊ ပါရမီတွေ ရှိလို့မဟုတ်ဘူး။
တကယ်တမ်း ကိုယ့်မှာ မရှိသေးတဲ့ ခံယူချက်တွေ ပိုင်ဆိုင်ထားလို့ဖြစ်တယ်။
သူတို့မှာ ပင်ပန်းမှုတွေကို အံကြိတ်ပြီး ဒူပေနာပေခံနိုင်တဲ့ စိတ်ဓာတ်ရှိတယ်။
အများစု အကြိမ်တစ်ရာလုပ်ရင်၊ အကြိမ်နှစ်ရာပိုလုပ်ရဲတယ်။
ဘယ်တော့မှ ဆင်ခြေမပေးဘူး။ အမြဲဖြေရှင်းဖို့အတွက် နည်းလမ်းရှာတယ်။
အတွေ့အကြုံတိုင်းကနေ သင်ခန်းစာယူပြီး ရှေ့ဆက်မယ့် လမ်းမှာ ပြန်အသုံးချသွားတယ်။
လူတိုင်းကတော့ ဒီအရည်အချင်းတွေနဲ့ မွေးလာတာမဟုတ်ဘူး။
နေ့စဉ် မှန်မှန်လေ့ကျင့်ယူရတယ်။ တာဝန်ယူမှုတွေ၊ စိတ်ရှည်သည်းခံမှုတွေ လိုတယ်။
ဒီခံယူချက်တွေခိုင်မာလာအောင် တည်ဆောက်နိုင်လေ၊ ကိုယ့်ရဲ့ ဖြစ်နိုင်ခြေတွေ ဝေးဝေးရောက်လေဆိုတာ သိဖို့လိုပါတယ်။
ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
Platform အဖြစ် upgrade နေတဲ့အတွက်
အခု Website သို့
App သို့ InsiderNote က
ခဏနေ့လာပေးနော်။
April လထဲကို Launch 🚀 လုပ်ဖို့
လာပါမယ်။
Learning Management System (LMS) ကိုလဲ
အကောင်းဆုံးစီစဉ်နေပါတယ်။
ဘဝမှာ ရောက်ချင်တဲ့အမြင့်တွေ မတူရင် အပင်ပန်းခံရမှုခြင်းလည်း မတူပါဘူး။
ဒါကြောင့် အခုချိန်မှာ သူများထက် နှစ်ဆပေးဆပ်နေရတဲ့ ကိုယ့်ဘဝကို စိတ်မပျက်နဲ့။
ပင်ပန်းတာချင်းအတူတူ သူများတွေ နားနေချိန် လေ့လာမှုတွေ ဆက်လုပ်နေရတဲ့ ကိုယ့်ဘဝကို မမုန်းပါနဲ့။
မကြိုးစားဘဲ အဆင်ပြေနေသူတွေ၊ အပျော်အပါးကို ရှေ့တန်းတင်ထားသူတွေကို မြင်ပြီး
ကိုယ့်ဘဝကို သနားမိတိုင်း ပြန်စဉ်းစားကြည့်ပါ။
ဒီလူတွေရောက်နေတဲ့ အမြင့်လောက်နဲ့ ကိုယ်ကျေနပ်နိုင်မှာ သေချာပြီလားဆိုတာ။
သာမန်မဟုတ်တဲ့ ရလဒ်တွေလိုချင်ရင်တော့ သာမန်ထက်ပိုတဲ့ စံနှုန်းတွေ၊ သည်းညဉ်းခံရမှုတွေ၊ ကြိုးစားမှုတွေ လိုတာကို နှလုံးသွင်းထားဖို့လိုပါလိမ့်မယ်။
ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
မပြည့်စုံမှုတွေရှိရင် ဖြေသိမ့်ဖို့မကြိုးစားနဲ့
အခုချိန်မှာ ကိုယ့်ဘဝကိုယ် စိတ်ပျက်နေရင် ဖြေသိမ့်ဖို့ မကြိုးစားပါနဲ့။
ကိုယ့်ရဲ့ ပြစ်ချက်တွေ၊ ပျက်ကွက်ခဲ့မှုတွေကို အရိုးသားဆုံး ပြန်ကြည့်ပါ။
ကိုယ်လုံလောက်အောင် မပြည့်စုံသေးတာ၊
လွန်ခဲ့တဲ့ သုံး၊ လေးနှစ်ကနဲ့ အခုနဲ့ ဘာမှထူးမလာသေးတာကို ရဲရဲဝန်ခံပါ။
ဒါမှ ကိုယ်ပိုကောင်းအောင် လေ့လာရမယ့် နေရာတွေ မြင်လာမယ်။
လက်ကြောမတင်းခဲ့မိတာတွေကို ပြန်ပြင်ဖို့ ခံယူချက်ခိုင်မာလာမယ်။
ဘဝမှာ အမှားတွေက ကိုယ်ဘယ်သူလဲ မဆုံးဖြတ်ပေးဘူး။ အဓိက ဒီအမှားတွေရဲ့နောက်မှာ ဘာဆက်လုပ်မလဲက ပိုအရေးကြီးပါတယ်။
ကိုယ်ရဲ့ မပြည့်စုံမှုတွေကို ဆက်ပြီးသည်းမခံနိုင်တော့တဲ့အချိန်၊
ရှေ့ဆက်ရတာထက် ဒုံရင်းအတိုင်းရပ်နေတာက နှစ်ဆပိုနာကျင်ရမှန်း ရိပ်မိလာတဲ့အချိန်မှာ၊
အပြောင်းအလဲလုပ်ဖို့ ဆာလောင်မှုတွေ စတင်တယ်ဆိုတာ သိဖို့လိုပါတယ်။
ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
ငြင်းမရလောက်တဲ့ ကြိုးစားမှုတွေနဲ့ သက်သေပြပါ
ယုံကြည်မှုကို မတည်ဆောက်ပါနဲ့။ သက်သေတွေကို တည်ဆောက်ပါ။
ကိုယ့်အစွမ်းအစကို သံသယဝင်နေသေးရင် လိပ်ပြာလုံနိုင်တဲ့အထိ ပိုကြိုးစားပြပါ။
လောကမှာ ကိုယ့်ရဲ့ ပြစ်ချက်၊ ကောင်းချက်တွေကို အသိဆုံးက ကိုယ်ကိုယ်တိုင်ပါပဲ။
အဆင်မပြေမှုတွေ ကြုံတိုင်းလက်လျှော့နေတဲ့သူက ကိုယ့်ကိုယ်ကို မလေးစားနိုင်တာ မထူးဆန်းဘူး။
ဒီလိုပဲ အနာဂတ်အတွက် ငြင်းမရလောက်အောင် အလုပ်လုပ်ပြထားတဲ့ သက်သေတွေ ရှိနေတဲ့သူကလည်း
ဘေးလူတွေရဲ့ စကားသံကြောင့် သိမ်ငယ်စိတ်မဝင်တာ၊ အမှားတချို့ကြောင့်နဲ့ ကိုယ့်ကိုယ်ကို အထင်မသေးတာ အံ့ဩစရာမဟုတ်ဘူး။
နေ့စဉ် ကိုယ်လုပ်နိုင်တာထက် ဘယ်တော့မှ လျှော့မလုပ်တဲ့အခါ၊
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို အမြဲဦးစားပေးတဲ့အခါ၊
ဘယ်လိုအခက်အခဲကြောင့်နဲ့မှ မပြိုလဲသွားတဲ့ ယုံကြည်မှုတစ်ခု မွေးဖွားလာပါတယ်။
ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
ဘာကြောင့်စတင်ခဲ့သလဲဆိုတာ ပြန်သတိရပါ
ခဏတာ အဆင်မပြေမှုတွေ၊ သက်တောင့်သက်သာ မဖြစ်မှုတွေကြောင့်
ကိုယ့်ရဲ့ ဦးတည်ချက် မပျောက်ပါစေနဲ့။
ဒီအချိန်မှာ ကိုယ်ဘာကြောင့် ဒီလမ်းကို ရွေးခဲ့လဲဆိုတာ ပြန်သတိရပါ။
လူတွေရဲ့ စကားလုံးတွေအောက် ကျရှုံးနေရတာ စိတ်ကုန်လာလို့ဖြစ်စေ၊ မပြောင်းလဲရင် ဒီထက်ပိုနာကျင်စရာတွေ ဖြစ်လာမယ်မှန်း ရိပ်မိလို့ဖြစ်စေ၊
ဘာကြောင့်ဖြစ်ဖြစ် သွေးနဲ့ချွေးတွေ ရင်းပြီး အပင်ပန်းခံရဲလောက်အောင် ကိုယ့်မှာ ဆာလောင်မှုရှိခဲ့ပြီးပြီပဲ။
လက်လျှော့ချင်တိုင်း အဲ့ဒီနေ့က ခံစားခဲ့ရတဲ့ နာကျင်မှု၊ ခံပြင်းမှုတွေကို ပြန်တွေးပါ။
ကိုယ့်ရင်ထဲမှာ တောက်လောင်ခဲ့တဲ့ ဆာလောင်မှုကို ပြန်နှိုးဆွပါ။
အိပ်မက်တွေဆီရောက်ဖို့ ရှေ့ဆက်ရတာ ပင်ပန်းလွန်းတယ်ထင်နိုင်တယ်။
ဒါဆို အခုချိန်ရပ်လိုက်ရင် နှစ်ဆပိုပင်ပန်းရတဲ့ ဘဝနဲ့ နေသွားရမှာကို မမေ့ဖို့လိုပါလိမ့်မယ်။
ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
ရုန်းထွက်ချင်ရင် ဆင်ခြေမပေးပါနဲ့
သာမန်ဘဝက ရုန်းထွက်ဖို့ဆိုရင် အချိန်မရှိလို့၊ ပင်ပန်းလို့ စသဖြင့် ဆင်ခြေပေးနေလို့ မရဘူး။
အလုပ်လုပ်နေတဲ့ လူတိုင်းကတော့ ပင်ပန်းမှာပဲ။ တနေ့တာ ပြဿနာတွေကြောင့် ခေါင်းရှုပ်ရတာပဲ။
ဒါပေမယ့် ဒီပင်ပန်းနေတဲ့ကြားကပဲ ကိုယ့်ရဲ့ ဖြစ်ချင်ပြီး မဖြစ်သေးတဲ့ အိပ်မက်တွေအတွက် အချိန်ပေးတဲ့သူ၊
သူများတွေ နားနေချိန်မှာ လေ့လာမှုတွေ တစ်နာရီ၊ နှစ်နာရီလောက် ဆက်လုပ်နေတဲ့သူက တစ်နေ့စင်ပေါ်ရောက်သွားတာပါပဲ။
လောကမှာ ဘယ်အရာမှ အလကားမရပါဘူး။ နာကျင်မှုတွေကို အံကြိတ်ပြီး အားစိုက်မထုတ်နိုင်ရင် ရလဒ်ဆိုတာ ရှိလာမှာ မဟုတ်ဘူး။
သာမန်လူနဲ့ စင်ပေါ်ကလူကြား ကွာခြားချက်တစ်ခုပဲ ရှိတယ်။ အဲ့ဒါ နေ့တိုင်း အနာခံရဲတဲ့ သတ္တိဆိုတာ သိဖို့လိုပါတယ်။
ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
ဦးနှောက်သုံးပြီး အာရုံစူးစိုက် အလုပ်လုပ်ရသူများအတွက် "ToeTet Timer"
အချိန်ကို နာရီဝက်၊ တစ်နာရီ Time Block လုပ်ပြီး အလုပ်လုပ်ချင်တယ်။
Deep Work တွေ လုပ်တဲ့အခါ Focus ကောင်းချင်တယ်။
ဒီအတွက် ပုံမှန် Alarm Clock လည်း မသုံးချင်ဘူး။
အချိန်တစ်ခါတည်း သတ်မှတ်ပေးထားပြီး၊ သုံးရလွယ်တဲ့ Timer နဲ့ အလုပ်လုပ်ချင်တယ်ဆိုရင်၊
ToeTet Timer က မိတ်ဆွေအတွက် ဖြစ်နိုင်ပါတယ်။
Timer မှာဆိုရင် ၁၅ မိနစ်၊ ၂၀ မိနစ်၊ ၃၀ မိနစ်၊ မိနစ် ၆၀ လေးခုပါဝင်ပြီး အံစာတုန်းကို ကိုယ် timer လုပ်ချင်တဲ့ဖက်လှည့်ထားရုံပါပဲ။
1.5 V AAA ဓာတ်ခဲနှစ်လုံး ထည့်ပြီး စတင်အသုံးချလို့ရပါပြီ။
Productivity မြင့်ချင်သူတွေ၊ အာရုံစူးစိုက်ရတာ များတဲ့သူတွေ၊ Time pressure ပေးပြီး တစ်ခုခု ဖန်တီးလိုသူတွေအတွက် အဓိက ရည်ရွယ်ပါတယ်။
စျေးနှုန်း - 28500 MMK
ဓာတ်ခဲပါပြီးသား ဖြစ်ပါတယ်။
မှာယူလိုပါက
m.me/toetet.mm မှာ
နာမည်၊ ဖုန်းနံပါတ်၊ ပို့ပေးရမည့်လိပ်စာ
ပို့ပေးထားပါ။
Delivery fee ကိုတော့ နေရာပေါ်မူတည်ပြီး
ကုန်ကျနိုင်ပါတယ်။
ToeTet
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ
Click here to claim your Sponsored Listing.
Toe Tet
ကျွန်တော် Dr. ဖြိုးပိုင်ပါ။ ToeTet ရဲ့ Founder ဖြစ်ပါတယ်။ ကျွန်တော်ဟာ စွန့်ဦးတီထွင်နဲ့ Business & Marketing Trainer & Consultant တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော့် Academic Education 100% ကို MBA ရသည်အထိ မြန်မာပြည်မှာသင်ယူခဲ့ပါတယ်။
ကျောင်းတဖက်နဲ့ ဂိုက်သင် အလုပ်တွေလုပ်ခဲ့ပြီး၊ လစဉ်သောကြာနေ့တိုင်း မူဆယ်သွား၊
တရုတ်နယ်စပ်မြို့ ရွှေလီမှာ Online Courses
တွေကို သွား download လုပ်ပြီး ပြန်လည်လေ့လာခဲ့ပါတယ်။ ရုံးမှာအလုပ်လုပ်တုန်းကလဲ အင်တာနက်မြန်တဲ့ ရုံးကို ၇ နာရီအရောက်သွားပြီး Online Courses တွေတက်နေခဲ့ပါတယ်။ ကျွန်တော့်ဘဝကို ပြောင်းလဲစေခဲ့တာ Online Course တွေပါ။
Videos (show all)
Category
Contact the school
Telephone
Website
Address
Yangon
100124
Opening Hours
Monday | 09:00 - 20:00 |
Tuesday | 09:00 - 20:00 |
Wednesday | 09:00 - 20:00 |
Thursday | 09:00 - 20:00 |
Friday | 09:00 - 20:00 |
Saturday | 09:00 - 20:00 |
Sunday | 09:00 - 20:00 |
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon
Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3
No. 9 Kan Street, Hlaing Township
Yangon, 11012
Enhancing educational and career opportunities for Myanmar youth since 2009.
Yangon
တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon
Education
Yangon
We aim to teach subjects relating to the business world at affordable prices.