Pyone Pan Wai Car Rental Service ပြုံးပန်းဝေ ကားစင်းလုံးငှားဝန်ဆောင်မှု

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyone Pan Wai Car Rental Service ပြုံးပန်းဝေ ကားစင်းလုံးငှားဝန်ဆောင်မှု, Janitorial Service, Yangon.

28/10/2019

သူပြောတာပါ...😁

24/10/2019

"ငွေ ၃၀၀၀၀ ကျပ်ထဲနဲ့ မိသားစု (၅)ယောက်
ဆယ်နှစ် အနည်းဆုံး ထိုင်စားနိုင်မဲ့ အခွင့်ရေးတွေ"...ဆိုပီး hand speaker နဲ့ အိမ်ရှေ့မှာ
လာအော်နေတော့... 🙄🙄

ကိုယ့်မှာ အိမ်ထဲကနေ
အပြေးလွှား ထွက်ကြည့်လိုက်မိတာ..
"ဂျင်း"လား...ဘာလားပေါ့လေ.. 🤔🤔
သူအော်တာလည်း...ဟုတ်တယ်ဗျ..
ထမင်းစား စားပွဲခုံတွေ
အော်ရောင်းနေတာ 😖😖

17/10/2019

မိဘဟူသည်.......
အခန်းထဲက မိသားစုဓာတ်ပုံလေးရယ်
ကုတင်ပေါ်က ခွဲထားတဲ့ စုဗူးလေးရယ်
လာကန်တော့ရင် မုန့်ဖိုးပေးဖို့ လက်ထဲမှာ
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ပိုက်ဆံလေးတွေရယ် မီးစာကုန်တော့မယ့် ဖယောင်းတိုင်လေးတွေရယ်
ကြွေကျလာတဲ့ သစ်ရွက်ခြောက်လေးရယ်
သားသမီးအလာကို မျှော်နေတဲ့ အမယ်အိုရယ်
သူ့နောက်က စွန့်ပစ်ခံဆိုတဲ့ ဆိုင်းဘုတ်လေး
ရယ် . . . 😭😭😭

#မိဘတိုင်းဟာမျှော်နေတယ်ဆိုတာမမေ့ပါနဲ့


Credit to original uploader

11/10/2019

gyi
ဒီလိုနေ့ရက်လေးတွေသာ နေ့တိုင်းဆို ဒီစိတ်ကူးအိမ်မက်လေးတွေ အကောင်ထည်ဖော်နိုင်ပြီဗျာ😁😁
ပိတ်ရက်တွေများတော့ ဒီရက်ပိုင်း Mood😊😊

မိတ်ဟောင်း မိတ်သစ်များအား ပြုံးပန်းဝေမိသားစုမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ.......

Photos from Pyone Pan Wai Car Rental Service ပြုံးပန်းဝေ ကားစင်းလုံးငှားဝန်ဆောင်မှု's post 06/10/2019

ဦးတော်🙏🙏

05/10/2019

ကျောင်းသား/ကျောင်းသူအပေါင်းတို့ဗျာ.....

photo

04/10/2019

ခရီး​​တွေထွက်ဖို့ အဆင်သင့်ပဲလားဗျ....

Photos from Pyone Pan Wai Car Rental Service ပြုံးပန်းဝေ ကားစင်းလုံးငှားဝန်ဆောင်မှု's post 28/09/2019

ရှေ့ရက်​က ပြင်​ဦးလွင်​ order ​လေး​လိုက်​​တော့ ကားငှားရမ်းသူမိသားစုထဲမှာ ဒီလို​လေးပါလာ​တော့ သတိရမိလို့ save လာတယ်​ဗျာ..မိမိအိမ်မှာ အ​မွှေစိန်​​လေး​တွေရှိရင်​လဲ ရှာ​နေရမယ်​ လိုအပ်​ရင်​ save သွား share သွား​ပေါ့ဗျာ😉photo credit

27/09/2019

😐စားသုံးရန်မသင့်ကြောင်း FDA မှ ထုတ်ပြန်လိုက်သည့် အစားအသောက် အမှတ်တံဆိပ် ( ၂၃ ) မျိုး😖

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ၂၀၁၉ ခုနှစ် ဧပြီလမှ ဇွန်လအထိ စားသုံးရန်မသင့်ဟု စစ်ဆေးတွေ့ရှိခဲ့သည့် အစားအသောက် အမှတ်တံဆိပ် စာရင်းများကို ဖော်ပြပေးလိုက်ပါသည်။ FDA မှ ဈေးကွက်၌ ရောင်းချလျက်ရှိသော အစားအသောက်များကို စစ်ဆေးရာတွင် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ပါဝင်ပစ္စည်းများ အသုံးပြုထားသောကြောင့် စားသုံးရန်မသင့်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အချိုရည် ( ၉ ) မျိုး ၁။ Queen အမှတ်တံဆိပ်ပါ စတော်ဘယ်ရီအချိုရည် 750ml ပုလင်း၊ ၂။ Aung အမှတ်တံဆိပ်ပါ Juice (သံပုရာဖျော်ရည်) ၃။ Lime Q အမှတ်တံဆိပ်ပါ Instant Lime Drink Mix ၄။ Power Bull အမှတ်တံဆိပ်ပါ Energy Drink ၅။ Fruity အမှတ်တံဆိပ်ပါ အချိုရည် ၆။ Bull အမှတ်တံဆိပ်ပါ အချိုရည် ၇။ Lion အမှတ်တံဆိပ်ပါ (Lion Juice) အချိုရည် ၈။ Super Frozen အမှတ်တံဆိပ်ပါ အချိုရည် ၉။ NSS C-Plus အမှတ်တံဆိပ်ပါ အချိုရည်။

ခေါက်ဆွဲ ( ၅ ) မျိုး ၁။ စတားလိုက် အမှတ်တံဆိပ်ပါ အဆင့်မြင့် ခေါက်ဆွဲ ၂။ ချမ်းမြေ့အောင် အမှတ်တံဆိပ်ပါ စပါယ်ရှယ် ဂျုံခေါက်ဆွဲ
၃။ စိန်တံဆိပ် အမှတ်တံဆိပ်ပါ ကြက်ဥခေါက်ဆွဲ ၄။ ဝမ်းစတား အမှတ်တံဆိပ်ပါ အဆင့်မြင့် ခေါက်ဆွဲ ၅။ ဂန္ဓမာပန်း အမှတ်တံဆိပ်ပါ ခေါက်ဆွဲ ပဲပြား ( ၃ ) မျိုး ၁။ အဝိုင်းတံဆိပ် (ပဲပြား) ၂။ တြိဂံတံဆိပ် (ပဲပြား) ၃။ စကြာင်္တံဆိပ် (ပဲပြား) ငရုတ်ဆီ ( ၂ ) မျိုး ၁။ ကြက်ဖ အမှတ်တံဆိပ်ပါ ငရုတ်ဆီ၊ ၂။ အောင်သိဒ္ဓိ အမှတ်တံဆိပ်ပါ ငရုတ်ဆီ၊ အခြားစားသောက်ကုန် ( ၄ ) မျိုး ၁။ အောင်ထက်ဖြိုး အမှတ်တံဆိပ်ပါ တုတ်ထိုးချိုချဉ် ၂။ နှင်းပုလဲ အမှတ်တံဆိပ်ပါ ငရုတ်အရောင်တင်မှုန့် ၃။ Mi Ki Ko အမှတ်တံဆိပ်ပါ ချယ်ရီသီး၊
၎။ ရွှေပိတောက် အမှတ်တံဆိပ်ပါ ဆန်ကြာဇံ။

အထက်ဖော်ပြပါ အစားအသောက်များသည် ခွင့်မပြုတာရှည်ခံ ဓာတုပစ္စည်းများ၊ ခွင့်မပြုဆိုးဆေးများ ပါဝင်ပြီး ခွင့်ပြုအစားအသောက် ထပ်ဖြည့်ပစ္စည်းများကို သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန် သုံးစွဲထားခြင်းကြောင့် ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးနိုင်ခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ပါသည်။

ကြက်ကြော်ကို တစ်ပတ်တစ်ကြိမ်ထက် ပိုစားပါက အရွယ်မတိုင်ခင် သေဆုံးနိုင် အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၂၈(က) အရ အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ၊ ခွင့်မပြု တာရှည်ခံဓာတုပစ္စည်းများကို အသုံးပြုပြီး၊ ခွင့်ပြုအစားအသောက် ထပ်ဖြည့်ဓာတုပစ္စည်းများကို သတ်မှတ်ပမာဏအတွင်း အသုံးမပြုပါက အရေးယူခံရမည် ဖြစ်သည်။

Credit to original uploader
Credit photo

21/09/2019

ကဲ ​စာ​မေးပွဲတွင်း ပြုံးပန်း​ဝေမိသားစုမှ ​တောင်​ဒဂုံမှ အ​နောက်​ပိုင်းတက္ကသိုလ်​သို့ ​ပြေးဆွဲ​ပေးမယ့်​ ​​ကျောင်းကား​ပေါ်မှာ လိုက်​ပါမယ့်​ ကိုကို မမ တို့အတွက်​ အထူးယတြာ​လေး မျှ​ပေးလိုက်​​တယ်​​နော်​😁😁😁😁

20/09/2019

မိတ်​ဆွေမျာအားလုံး Happy Weekend ပါဗျ...🙂

18/09/2019

ဒီဆိုင်းဘုတ်​​လေးသ​ဘောကျလို့ မ လာတာ😁😁
အစက ဘာသာပြန်တာတစ်​မျိုးပဲ​ပေါ့ ပြီးမှ​ ​အော်​ Tourist ​တွေတွက်​က​ဈေးတစ်​မျိုးပါလား​ပေါ့😁😁 credit

06/09/2019

ဟုတ်​တယ်​​တော့လုပ်​လိုက်​​​တော့😅😅 credit

Photos from Pyone Pan Wai Car Rental Service ပြုံးပန်းဝေ ကားစင်းလုံးငှားဝန်ဆောင်မှု's post 23/08/2019

ရိုးမသွားတဲ့ဟာသ​လေး​တွေ..

20/08/2019

🤗 credit

17/08/2019

ဗဟုသုတ ဖြစ်​ဖွယ်​ opposite words ​လေး​တွေ ..ခရီး​တွေထွက်​ရင်​ ခရီးသွား​တွေနဲ့​တွေ့ရင်​ E skills ​လေးအစွမ်းပြရ​အောင်​ ဖြည်းဖြည်းချင်း​လေ့လာသွားကြရ​အောင်​​လေ😉😉

14/08/2019

😂😂

13/08/2019

ရှင်းမှာပါဗျာ😅😅

13/08/2019

ကားရေမြုပ်သွားရင် လုပ်ဆောင်ရမယ့် အချက် ၆ကိုမျှ​ဝေ​ပေးလိုက်​ပါတယ်​ဗျာ...

💧⚡ပြည်​နယ်​နဲ့ တိုင်း​ဒေသကြီးလိုလို အရင်​နှစ်​​တွေထက်​ မိုးပိုများပြီး မုန်​တိုင်းသိတိ​ပေးချက်​​လေး​တွေလဲရှိ​နေ​တော့ ခုချိန်​မလိုအပ်​​သေးရင်​​တောင်​ သဘာဝ​ဘေးက အစိုးမရဘူးဗျ😣
ဒါ​ကြောင့်​ခရီး​တွေထွက်​ရင်​ဖြစ်​ဖြစ်​ ဒီလိုအ​ခြေ​အ​နေ​လေး​တွေနဲ့ကြုံလာရင်​ လုပ်​​ဆောင်​ဖွယ်​အဆင့်​ဆင့်​ကို ​ဝေမျှ​ပေးလိုက်​ပါတယ်​ဗျာ🤗

☔မိမိကားကို ပါကင်ထိုးထားပြီး တစ်နေရာရာကို သွားနေချိန် မိုးရွာပြီး လမ်းရေကြီးလို့ ကားရေမြုပ်သွားရင် ဘာဆက်လုပ်မလဲ။ မိုးရေထဲ ကားမောင်းနေရင်းနဲ့ မထင်မှတ်ပဲ ကားစက်ရပ်သွားရင် ဘယ်လိုဆက်လုပ်မလဲ။ လမ်းကျပ်နေလို့ ကားကို စက်နှိုးပြီးရပ်ထားတုန်း လမ်းပေါ်ရေတွေတက်ပြီး ရုတ်တရက်ရေကြီးလာရင် ဘယ်လိုလုပ်မလဲ။

🚙၁။ မိမိကားဘယ်လောက်ထိရေမြုပ်နေသလဲဆိုတာကို စစ်ဆေးပါ။ တကယ်လို့များ ကားတံခါး အောက်ခြေထက်မပိုပဲ ရေမြုပ်နေတယ်ဆိုရင်တော့ နံပါတ် ၄ ကိုသွားပါ။
☆ တကယ်လို့ ကားရှေ့ဘောနက်ဖုံး ထိရေမြုပ်နေရင်တော့ ရေကျသွားတဲ့အထိခဏစောင့်ပါ။
☆ ပြီးရင်လေစစ်ကို စစ်ဆေးပါ။
✔ လေစစ်မှာ ရေစိုနေရင်တော့ နီးစပ်ရာ ကားဝပ်ရှော့ဆီ ကားကိုဆွဲသွားပါ။

❌၂။ ကားစက်နှိုးဖို့ မကြိုးစားပါနဲ့
☆ မတော်တဆ ကားအင်ဂျင်ထဲ ရေ၀င်နေရင် မိမိက ကားစက်နှိုးလိုက်တဲ့ အခါ ပြုပြင်လို့မရလောက်အောင် ကားအင်ဂျင်ပျက်စီးသွားပါလိမ့်မယ်။
☆ အောက်ပါအချက်တွေကို စစ်ဆေးပြီး အိုကေတယ်ဆိုမှ စက်နှိုးဖို့စဉ်းစားပါ။

✔ အကောင်းဆုံးကတော့ ကျွမ်းကျင်စက်ပြင်တစ်ယောက်ယောက်ကို ခေါ်ပြီး စစ်ဆေးခိုင်းပါ။

⚠၃။ အင်ဂျင်ဝိုင်ကို စစ်ဆေးပါ
☆ အင်ဂျင်ဝိုင်တိုင်းတဲ့ တုတ်တံမှာ ရေစက်တွေတွေ့နေရင် (သို့မဟုတ်) အင်ဂျင်ဝိုင်ပမာဏများလာရင် ဒါဟာ အင်ဂျင်ဝိုင်ခွက်ထဲ ရေ၀င်တဲ့လက္ခဏာပါ။
☆ လုံးဝလုံးဝ စက်မနှိုးပါနဲ့။
☆ နီးစပ်ရာ ကားဝပ်ရှော့ဆီ ကားကိုဆွဲသွားပြီး အင်ဂျင်ဝိုင်တွေအကုန်ဖောက်ထုတ်ပါ။
☆ ပြီးရင် အင်ဂျင်ဝိုင်ခွက်၊ ပလပ်၊ စတာတွေကို သန့်ရှင်းပြီး အင်ဂျင်ထဲမှာ ရေမကျန်အောင်လုပ်ရပါမယ်။

🌂၄။ ဂီယာဝိုင်ကိုစစ်ဆေးပါ
☆ အင်ဂျင်ဝိုင်ကိုစစ်ဆေးသလိုပဲ ဂီယာဝိုင်တိုင်းတဲ့ တုတ်တံ ကို ရေရှိမရှိစစ်ဆေးပါ။
☆ တချို့ ဂီယာဘောက်စ်တွေမှာ ဂီယာဝိုင်တိုင်းတဲ့ တုတ်တံမထည့်ထားဘူး။
☆ တကယ်လို့များမိမိကားက အဲ့လိုဂီယာဘောက်စ်ပါရင် လုံးဝလုံးဝ ဂီယာထိုးခြင်း စက်နှိုးခြင်းမလုပ်ပဲ နီးစပ်ရာ ကားဝပ်ရှော့ကို ကားဆွဲသွားလိုက်ပါ။

🌂၅။ စတီယာရင်ကို စစ်ဆေးပါ
☆ EPS (electronic power steering) ပါတဲ့ ကားတွေပြဿနာအဖြစ်များပါတယ်။ လျှပ်စစ်မော်တာသုံးပြီး ပါဝါစတီယာရင်ဖြစ်အောင်လုပ်ထားတဲ့အတွက် စတီယာရင်အုံကို (အရပ်ခေါ် စတီယာရင်ဂန်း) ရေ၀ပ်ရင်ပျက်ပါတယ်။
☆ ရိုးရိုး ဟိုက်ဒရောလစ်ဆီသုံးတဲ့ ပါဝါစတီယာရင်ဆိုရင်လည်း စတီယာရင်ဂန်းထဲ ရေစိမ့်သွားရင် အထဲက ဗားတွေ ပျက်စီးတတ်ပါတယ်။
☆ ဒါကြောင့် မိမိကားစတီယာရင်လေးလာရင် မပေါ့ပါနဲ့။

💡၆။ လျှပ်စစ်စနစ်ကို စစ်ဆေးပါ
¤ ကားမောင်းသူတစ်ယောက်အနေနဲ့ လျှပ်စစ်ပစ္စည်းတွေအကြောင်းအသေးစိတ်မသိနိုင်ဘူး။
¤ ဒါပေမဲ့ ကြိုးပြတ်တာတွေ၊ ကြိုးလွတ်နေတာတွေ ရှိမရှိကိုတော့ စစ်ဆေးရမယ်။
¤ ရှေ့မီးကြီး၊ ကားအဲ့ယားကွန်း၊ တံခါးဂျက်၊ အတွင်းခန်းမီး စတာတွေ ကို စစ်ဆေးပါ။
¤¤¤ တစ်ခုခု မသင်္ခါရင် ပြနေကျ ကားဝပ်ရှော့ကို သွားပြီးစစ်ဆေးခိုင်းပါ။

🚫ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ အောက်ပါအချက်တွေကို ပြုလုပ်ပါ။
♧ မိမိပြနေကျ ကားဝပ်ရှော့ရဲ့ ဖုန်းနံပါတ်ကို မိမိလက်ကိုင်ဖုန်း နဲ့ ကားထဲမှာ မှတ်ထားပါ။
♧ အခုဖော်ပြထားတဲ့ Infographic အသေးစားကို ကားထဲမှာဖြစ်စေ၊ လက်ကိုင်ဖုန်းထဲမှာ ဖြစ်စေမှတ်သားထားပါ။
♧ ကားဆွဲတဲ့ ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီဖုန်းနံပါတ်တွေကို မှတ်သားထားပါ။
♧ ဖြစ်နိုင်မယ်ဆိုရင် မိမိသွားမယ့် နေရာရဲ့ အခြေအနေကို ကြိုတင်စုံစမ်းပါ။ အခုဆို ရေဒီယိုကနေ တခါတလေ ယာဉ်ကြောအခြေအနေတွေဖော်ပြပေးတတ်ပါတယ်။

❌ကားရေမြုပ်သွားရင် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကမနည်းဘူး။ ကားဘေးတံခါးအောက်ခြေလောက်အထိ မြုပ်သွားရင်တောင် အန္တရာယ်များတယ်။
💰 ပြန်လည်ပြုပြင်ရတဲ့ စရိတ်၊ ၀ပ်ရှော့ထိုးထားရတဲ့ အချိန်၊ စတဲ့ ဆုံးရှူံးမှုတွေက တော်တော်လေးကြီးမားတယ်။

✅✅ ဒါကြောင့် ကားအသုံးပြုသူတွေအနေနဲ့ မလိုအပ်ပဲ ကားကို ရေထဲဖြတ်မမောင်းပါနဲ့။
✔✔ ရေကြီးလေ့ကြီးထ ရှိတဲ့ လမ်းပေါ်မှာ မိုးရွာနေစဉ် ကားရပ်မထားခဲ့ပါနဲ့။

ကားချစ်သူ

Autoworks
to original uploader

12/08/2019

ဒန့် သလွန်ရွက်၏ ကျန်းမာရေးအကျိုးကျေးဇူးများကို ဗဟုသုတအ​နေနဲ့ မျှ​ဝေ​ပေးလိုက်​ပါတယ်​ဗျာ🙂

ဒန့်သလွန်ရွက်ဟာ ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်တဲ့ အစားအသောက်တစ်မျိုးဖြစ်ပါတယ်။

ဒန့်သလွန်ရွက်ကို ဟင်းချိုအဖြစ်၎င်း၊ တို့စရာအဖြစ်၎င်း၊ သုပ်စားခြင်းဖြင့်၎င်း ဟင်းအဖြစ် စားသုံးနိုင်ပြီး အရည်ကိုညစ်၍ ဆေးအဖြစ် သောက်သုံးနိုင်ပါတယ်။

ဒန့်သလွန်ရွက်မှ အောက်ပါ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါတယ်။

၁။ သွေးတိုး၊ သွေးတက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၂။ နှာစေးခြင်း၊ နှာမွန်ခြင်းတို့ကို ပျောက်ကင်းစေပါတယ်။

၃။ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို ပျောက်ကင်းစေပါတယ်။

၎။ ဒန့်သလွန်ရွက်ကို ထန်းလျက်နှင့်အတူ ပြုတ်သောက်ပါက အမျိုးသမီးများအတွက် သွေးသားကို မှန်စေပါတယ်။

၅။ သွေးထဲ ကိုလက်စထရောများခြင်း၊ သွေးခဲခြင်းများကို ကာကွယ်ပေးပါတယ်။

၆။ ၀မ်းမီးအားကို ကောင်းစေပါတယ်။

၇။ ဆီးချိုသွေးချို၊ နှလုံးရောဂါ၊ လေငန်းရောဂါတို့မှလည်း ကာကွယ်ပေးပါတယ်။

ထို့အပြင် ဒန့်သလွန်သီးကို စားပေးပါက အာဟာရပြည့်ဝစေသလို ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပေးနိုင်ပါတယ်။ ဒန့်သလွန်ပင်၏ အခေါက်၊ အမြှစ်၊ အပွင့်တို့သည်လည်း ဆေးအတွက် အလွန်အသုံးဝင်ပါတယ်။

ဒန့်သလွန်ပင်ဟာ တစ်ပင်လုံး ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါတယ်။

သတိပြုရန် - သွေးအားနည်းနေသူများ အလွန်အကျွံ စားရန်မသင့်ပါ။
HealthyLife 🌻မှ ကူးယူ​ဖော်​ပြပါသည်​။
Credit
ဦးစောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား - မြန်မာ့ဆေးဖက်ဝင်အပင်များ

==========

စောနွဲ့ နေဆိုင်- ပူတာအို

10/08/2019

ဘာကြည့်​​နေတာလဲ ​မောင်းကူဦး​လေ😅

to original uploader

10/08/2019

🕺🕺🕺
ဒန်​တန့်​တန်​.......

09/08/2019

ရောက်​လာပြန်​​ပေါ့ Friday ​ကို​ရောက်​လာပြန်​​တော့..မနက်​ဖြန်​ပိတ်​ရက်​​လေးမှာ ​လျှောက်​သွားမှာလား🌴 နားမှာလား💤 ​လျှော်​ဖွတ်​ရမှာလား💦 ​ဆေး​ကြောရမှာလား😁😁

နေဦး တနလာ်​​နေ့ပိတ်​​သေးတယ်​​နော်​ ​မေ့​နေမှာစိုးလို့😁

Photos from Pyone Pan Wai Car Rental Service ပြုံးပန်းဝေ ကားစင်းလုံးငှားဝန်ဆောင်မှု's post 09/08/2019

အသီးအရွက်​စား​ပေးခြင်းရဲ့အကျိုး​ကျေးဇူး​လေး​တွေမျှ​ဝေလိုက်​ပါတယ်​..
ဗဟုသုတအ​နေနဲ့ ပြန်​လည်​မျှ​ဝေ​ပေးခြင်းဖြစ်​ပါတယ်​ဗျာ.....

လိုအပ်​ရင်​ ရှာရလွယ်​​အောင်​ Share ထား save ထား​နော်​..😉credit to original uploader

Photos from Pyone Pan Wai Car Rental Service ပြုံးပန်းဝေ ကားစင်းလုံးငှားဝန်ဆောင်မှု's post 07/08/2019

ကျန်းမာ​ရေး​ဗဟုသုတ အ​နေနဲ့ အ​ကြော​လျှော့နည်း​လေး​တွေ မျှ​ဝေလိုက်​ပါတယ်...ပုံ​လေး​တွေကြည့်​ရင်း English စာလဲ​လေ့လာလို့ရတယ်​​နော်​👍

Photos from Pyone Pan Wai Car Rental Service ပြုံးပန်းဝေ ကားစင်းလုံးငှားဝန်ဆောင်မှု's post 03/06/2019

ဒါ​တွေမြင်​​တော့ဘယ်​သူ့သတိအရဆုံးလဲ မန့်​ခဲ့ကြည့်​​နော်​😉😉..
credit

19/05/2019

🙏🙏ဇလွန်​ဘုရားဖူးခရီးစဉ်​..

14/05/2019

အလုပ်​သစ်​အလိုရှိသည်​😅😅

13/05/2019

ကား​လေး​တွေအား​နေတယ်​ဗျာ..​😅
credit

11/05/2019

မိုး​အေး​အေး​လေးနဲ့​ကွေးမလားမှတ်​တယ်​ ​နေပြည်​​တော်​ order သွားပါပြီခည😁😁

Want your business to be the top-listed Cleaning Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11181

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Other Caretakers in Yangon (show all)
Call2Clean Call2Clean
No-224/226, Rm-602, Boaungkyaw Street
Yangon

We have been providing cleaning service in Myanmar since 2009.