Cookingjoy T.Z

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cookingjoy T.Z, Kitchen/Cooking, Yangon.

Photos from Cookingjoy T.Z's post 07/09/2024

ရေစိမ်ခေါက်ဆွဲ😋

Photos from Cookingjoy T.Z's post 12/08/2024

မုန့်ဟင်းခါးချက်နည်း 👩‍🍳

မုန့်ဖတ်ကိုနာရီဝက်ရေစိမ်ပြီး ပြူတ်ထားပါမယ် တွဲဖက်စားဖို့ နံနံပင် ပဲပင်ပေါက် ပဲသီး သံပုရာသီးတို့ကိုရေဆေးထားပါမယ် ငါးဖယ်က်ို ဂျင်း စပါးလင် ဆနွင်း ဆားအနည်းငယ်တို့နဲ့ရောထောင်းပြီး ကြော်ထားပါမယ် အရည်ချက်ဖို့ ငါးကိုငံပြာရည်နဲ့ပြုတ်ပြီး အရိုးနွံထားပါမယ် ကြက်သွန်ဖြူ စပါးလင် ငါး ဆနွင်း ဆီသတ်ပြီး ရေထည့်ပါမယ် ရေဆူလာရင် မုန့်ဟင်းခါး ဆန်လှော်မှုန့်ရေနဲ့ဖျော်ပြီးထည့်ပါမယ် ပဲသွေး ကြက်ဥ ဌက်ပျောအူ ထည့်ပြီး နာရီဝက်နေရင် ချလို့ရပါပြီ😋🌶️

Photos from Cookingjoy T.Z's post 24/07/2024

သရက်သီးသုပ်🥭🌶️😋

Photos from Cookingjoy T.Z's post 15/07/2024

ဝက်သားမျှစ်ချဉ်အာလူးအစပ်ချက်🌶️👩‍🍳

ဝက်သားကိုအနေတော်တုံးထားပါမယ် မျှစ်ချဉ်လိုသလောက်ဆေးထားပါမယ် အားလူးအတုံးလေးတွေလှီးထားပါမယ် ကြက်သွန်ဖြူ နီ ဂျင်း ငရုပ်သီး ဆနွင်း ဆား ချိူ ရောထောင်းပြီး ဆီသတ်ပါမယ် ဝက်သား မျှစ်ချဉ် လုံးချက်ပါမယ် ရေထည့်ပြီး နာရီဝက်အကြာ အာလူးထည့်ပါမယ် ကျက်ခါနီး ပင်စိမ်းအုပ်ပြီး ရပါပြီ😉

Photos from Cookingjoy T.Z's post 10/07/2024

ရခိုင်မုန့်တီချက်👩‍🍳🌶️😋

မုန့်ဖတ်ပြုတ်ပြီးရေစစ်ထားပါမယ် မုန့်တီနဲ့တွဲစားဖို့ ပဲပင်ပေါက် ပဲသီး နံနံ ပါးပါးလှီးထားပါမယ် မန်းကျည်းမည့်ရေနွေးလေးနဲ့စိမ်ပါမယ် ငရုပ်သီးပြူတ်ပြီး ကြိတ်ထားပါမယ် ငါးဖယ်ကို ကြက်သွန်ဖြူ ဂျင်း ဆားထည့်ပြီး ထောင်းပြီး တစ်ဝက်ကြော်ထားပါမယ်

ဟင်းရည်အတွက် အိုးထဲရေထည့်ပြီးတည်ပါမယ် ကြက်သွန်ဖြူ ငရုပ်ကောင်း ဆား ချိူ ရောထောင်းပြီးထည့်ပါမယ် ရေဆူလာရင် ငပိ ငါဖယ်သေးသေးလေးတွေလုံးထည့်ပါမယ် ပဲသွေးထည့်ပါမယ် ကြက်ဥပြုတ် ပါးပါးလှီးထည့်ပါမယ် နာရီဝက်လောက်တည်ပြီး အရသာ အပေါ့အငန်မြည်းပြီး စားလို့ရပါပြီ😉🌶️🌧️

Photos from Cookingjoy T.Z's post 04/07/2024

မိုးအေးအေးနဲ့ကြာဇံချက်ပူပူလေး လွယ်လွယ်ကူကူချက်စားကြမယ်👩‍🍳

ကြာဇံ အသားတု မှို ပဲလိပ် ကြက်တောင်ပံတု ရေစိမ်ထားပါမယ် ကြက်သားပြုတ်ပြီး အသားနွင်ထားပါမယ် ကြက်သွန်ဖြူ နီ အရောင်တင် ဆနွင်းထောင်းပြီး ဆီသတ်ပြီး ကြက်သားနွင်ထားတာ ထည့်ပြီး ငံပြာရည် ဆား ချိူ ထည့်ပါမယ် ကြာဇံ မှိုက နည်းနည်းကြာကြာ ပြုတ်ရလို့ ကြက်သားဆီသတ်ထားတာနဲ့ရောမွှေပြီး ရေထည့်ပါမယ် ရေဆူလာရင် အရသာအပေါ့အငန်မြည်းပြီး ကျက်ခါနီး အသားတု ပဲလိပ် ကြက်တောင်ပံတု ထည့်ပြီး ၅မိနစ်ဆို ကျက်ပါပြီ🌶️ ငရုပ်သီးမှုန့် နံနံပင် သံပုရာသီးတို့နဲ့ ချဉ်ချဉ်စပ်စပ် စားလို့ရပြီနော်😉

Photos from Cookingjoy T.Z's post 26/06/2024

ကြက်သားစွတ်ပြုတ်ကို ဒီလိုလေးလုပ်စားကြည့်နော်😋👩‍🍳

ကြက်သားရေဆေးပြီး အိုးထဲထည့် ရေထဲ ကြက်သွန်ဖြူ နီ ဂျင်း ဓားပြားရိုက်ထည့် ဆား ချိူ ထည့်ပြီး နူးတဲ့ထိပြူတ်ပြီးရင် ရပြီနော်

အချဉ်ရည်က ငရုပ်သီးနီ နံနံ ကြက်သွန်ဖြူရော ကြိတ်ပြီး ဆား ချိူ ငံပြာရည် သကြား သံပုရာ ထည့်ပြီးရပြီနော်
ဆလပ်ရွက်လေးနဲ့မြုတ်စား မအီတော့ဘူး 🌶️

Photos from Cookingjoy T.Z's post 23/06/2024

ဇရစ်ချက်😋🌶️

ဇရစ်ကို ဆေးပြီးအိုးထဲထည့်ပါ ကြက်သွန်ဖြူ နီ ငရုပ်သီးစ်ိမ်းနီ ဆား ချိူ ဆနွင်း ငပိ ရော​ထောင်းပြီး ဆီထည့်ပြီး လုံးချက်လို့ရပြီ👩‍🍳

Photos from Cookingjoy T.Z's post 15/06/2024

မိုးအေးအေးနဲ့မုန့်တီချက် 👩‍🍳😋🌶️

ငါးပြူတ်ပြီး အရိုးနွံ ငရုပ်သီးစိမ်း ကြက်သွန်းဖြူ ငရုပ်ကောင်း ဆား အချိူ ငပိ ရောထောင်းပြီး ရေနွေးဆူတဲ့ထဲထည့်ပြီး နာရီဝက်လောက်ချက်ပြီး စားလို့ရပါပြီ👩‍🍳

Photos from Cookingjoy T.Z's post 14/06/2024

ကြက်သားမာစလာချက်🍗

Photos from Cookingjoy T.Z's post 03/06/2024

ကြက်ဥချက် /အမဲသားနှပ် /ချဉ်ပေါင်နဲ့မျှစ် ဟင်းရည်/ငပိရည် တို့စရာ အစုံ မိုးအေးအေးနဲ့🌧️😋👩‍🍳

Photos from Cookingjoy T.Z's post 30/05/2024

ကြက်ကချင်ချက်ချက်နည်း။ ကြက်သားကိုသန့်စင်အောင် ရေဆေးပြီးရင် ဆား အချို ဆနွင်း ဆီ ထည့်ပါမယ် ငရုပ်သီး ကြက်သွန်ဖြူ နီ ဂျင်း ထောင်းထည့်ပါမယ် ဖက်ဖယ် ပင်စိမ်း နံနံ မက်လိမ်ခြောက် ပါးပါးလီးပြီး ထည့်ပါမယ် နံ့အောင်မွှေပြီး လုံးချက်လို့ရပါပြီ စားကောင်းလွန်းလို့ ဟင်းကျက်တဲ့ချိန် ပုံရိုက်ဖို့မေ့😆👩‍🍳

ငါးဖယ် မုန့်ညှင်းဖြူ ဟင်းရည်ချက်နည်း။ အိုးထဲရေထည့်ပါမယ် ကြက်သွန်ဖြူ နီ ဂျင်း ဓားပြားရိုက်ထည့်ပါမယ် ဆီ ဆား အချိူ ထည့်ပြီး ရေဆူလာရင် ငါးဖယ်ထောင်းထားတာ လုံးထည့်ပါမယ် ကျက်ခါနီး မုန့်ညှင်းဖြူထည့်ပြီး စားလို့ရပါပြီ😋👩‍🍳 နေမကောင်းတဲ့သူတွေတောင် စားရင်အားဖြစ်မဲ့ ဟင်းရည်လေးပါ😉

Photos from Cookingjoy T.Z's post 15/05/2024

ငါးချက်တစ်မျိူးထဲနဲ့ထမင်းမြိန်တဲ့နေ့🐟😋🌶️

Photos from Cookingjoy T.Z's post 14/05/2024

ဟင်းပြင်းသီး 😋

Photos from Cookingjoy T.Z's post 12/05/2024

ရခိုင်မုန့်တီချက်😋🌶️

👩‍🍳မုန့်တီခြောက်ပြုတ်ပါမယ် ကြက်ဥပြူတ်ထားပါမယ်
ဟင်းရည်ချက်ဖို့အတွက် ရေဆူအောင်တည်ပြီးကြက်သွန်ဖြူ ငရုပ်ကောင်းထောင်းထည့်ပါမယ် ငံပြာရည် ငပိ ဆား အချိူ ပုဇွန်ခြောက် ခနကပြုတ်ထားတဲ့ကြက်ဥထည့်ပါမယ် မိနစ် ၄၀ဆို ဟင်းရည်ကျက်ပြီနော် 😉မန်းကျဉ်းမည့်စိမ်ထားပါမယ် ငရုပ်သီးပြုတ်ပြီး ကြိတ်ထားပါမယ် ငါးဖယ်ကြော်ထားပါမယ် နံနံ ပဲပင်ပေါက်ရေဆေး ထားပါမယ် ပန်းကန်ထဲ မုန့်ဖတ်ထည့်ပြီး စားလို့ရပြီနော် 🤍

Photos from Cookingjoy T.Z's post 10/05/2024

ပုဇွန် အစိမ်းသုပ်🦐🌶️😋

ပုဇွန်ကို သန့်စင်အောင် အညစ်အကြေးတွေထုတ်ဆေးကြော ပြီး ရှာလကာရည် ဆားတို့နဲ့ညီနံ့ပျောက်အောင်ဆေးပါမယ် သန့်စင်သွားပြီဆို ရေခဲရည်နဲ့၅မိနစ်စိမ်ထားပါမယ် အချဉ်လုပ်ဖို့အတွက် ငရုပ်သီးစိမ်း/နီ ကြက်သွန်ဖြူ နံနံပင် သကြား ဆား ငံပြာရည် အချိူ ထည့်ကြိတ်ပါမယ် သံပုရာသီးညစ်ပြီး ခနကရေခဲစိမ်ထားတဲ့ ပုဇွန်လေးတွေကို ပန်းကန်ထဲစီစီရီရီ ထည့်ပြီး အပေါ်ကနေအချဉ်ရည်လောင်းထည့်ပြီး စားလို့ရပါပြီရှင့်👩‍🍳

Photos from Cookingjoy T.Z's post 08/05/2024

အရမ်းကြိူက်လို့ ခနခနလုပ်စားဖြစ်တဲ့ သင်္ဘောသီး
အစုံသုပ်😋🌶️

Photos from Cookingjoy T.Z's post 05/05/2024

ခေါပုတ်ကြော်😋

Photos from Cookingjoy T.Z's post 03/05/2024

မြစ်ကြီးနားသူတွေကြိူက်တဲ့ ဟင်းပြင်းသီး😋

Photos from Cookingjoy T.Z's post 01/05/2024

အာလူးထောင်းကြော်🥔🍟😋

အာလူးပြုတ်ထားတာကို ကြက်သွန်ဖြူ ဂျင်း ဆား အချိူ ဆနွင်းတို့နဲ့ရောထောင်းပြီး အကြော်မှုန့်နဲ့ နန့်အောင်နယ်ပြီး ကြော်လို့ရပါပြီနော် 🥔

အချဉ်အရည်အတွက်က ဆော့စ် ငရုပ်သီးအလှော်မှုန့် မာလာမှုန့်တို့ထည့်ပြီး ရင်စားလို့ရပါပြီ🌶️🍟

Photos from Cookingjoy T.Z's post 30/04/2024

ငါးချဉ်သုပ်🌶️😋

Photos from Cookingjoy T.Z's post 29/04/2024

ဆန်တိုဖူး🌶️😋

လိုအပ်သောပစ္စည်း👩‍🍳
ဆန်တိုဖူး
ဆီတိုဖူး
ကြက်သွန်ဖြူအချဉ်ရည်
ခရမ်းချဉ်သီးပြုတ်ပြီးကြိတ်ရမှာပါ
နံနံပင် ငရုပ်သီးမှုန့်

Photos from Cookingjoy T.Z's post 25/04/2024

ဂျံူခေါက်ဆွဲပြုတ်😋🌶️
မာလာအနှစ်နဲ့ချက်ထားတာလေး

Photos from Cookingjoy T.Z's post 25/04/2024

ရိုးရိုးရှင်းရှင်း နေ့လည်စာ 😋
မန်းကျည်းသီးကြော်နဲ့ ကြက်ကြော်👩‍🍳

Photos from Cookingjoy T.Z's post 23/04/2024

သင်္ဘော သီးထောင်းကို အမဲသားကြော် မုန့်ဖတ် သခွါး ဆလပ် ရွက်လေးနဲ့ မြုပ်စား အရမ်းကောင်း😋🌶️

Photos from Cookingjoy T.Z's post 23/04/2024

မြီးရှည်ခေါက်ဆွဲ😋🌶️

Photos from Cookingjoy T.Z's post 23/04/2024

သင်္ဘော သီးအစုံသုပ်😋🌶️

လိုအပ်သောပစ္စည်း👩‍🍳
သင်္ဘော သီး
ပဲသီး အာလူး ခေါက်ဆွဲ
ဆီချက် ငရုပ်သီးမှုန့်
မန်းကျဉ်းမည့်
ဆား /ချိူ

Photos from Cookingjoy T.Z's post 21/04/2024

ဗိုက်လဲအရမ်းဆာနေပြီ ဟင်းချက်ရမှာလဲပျင်းတဲ့သူတွေ ဒီလိုလေးလုပ်စားကြည့်နော် ဟင်းအနှစ်ထုတ်ဘဲလိုတယ်နော်😉😋🌶️

Photos from Cookingjoy T.Z's post 21/04/2024

မုန့်လုံးရေပေါ်😋

Photos from Cookingjoy T.Z's post 18/04/2024

အုန်းနို့ခေါက်ဆွဲ🌶️😋

လိုအပ်သောပစ္စည်း👩‍🍳
ကြက်သား
ဂျံုခေါက်ဆွဲ
အုန်းနို့
ကြက်သွန်ဖြူ/နီ
ဆနွင်း
နံနံ/ကြက်သွန်မိတ်/သံပုရာသီး
ငရုပ်သီးမှုန့်

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
Other Kitchen supplies in Yangon (show all)
အောင်စုမွန် အောင်စုမွန်
No. 852(B), Shu Khinn Thar Road, 4/South Ward, Thakayta Township
Yangon, 11231

- မီးဖိုချောင်သုံး ကြွေထည်၊ ဖန်ထည်ပစ္စည်းများ - Tableswares and Glasswares

Pearl White - Rice & Oil Trading Pearl White - Rice & Oil Trading
Kyaung Kone 2
Yangon

High Quality , Fair Price , Customer Satisfaction

The A-Z Shop The A-Z Shop
Yangon

Everything is beautiful with best quality.

THE HUNDRED - Grilled Chicken THE HUNDRED - Grilled Chicken
No. 1158, Bo Tun Zan Street, Min Ye Kyaw Swar Road, North Dagon Township
Yangon, 11211

Take-Away Shop Address: Gamone Pwint Shopping Mall San Yeik Nyein Bus Stop, Insein Road, Kamaryut Tsp

Sauce Chef Sauce Chef
Yangon

သံလွင် - Japan Domestic Kitchenware သံလွင် - Japan Domestic Kitchenware
Yangon

ဂျပန် ပြည်တွင်း သုံး မီးဖိုချောင်သုံး နှင့် အိမ်သုံးပစ္စည်း များ လက်လီ/လက်ကား အရောင်း

Mi Moe Mi Moe
Yangon

Thu Ta Car Accessories Thu Ta Car Accessories
South Dagon
Yangon

အိမ်သုံး ပစ္စည်း လက်လီလက်ကားရောင်းဝယ်ရေး

Papilla Non-Stick Made By Turkey Papilla Non-Stick Made By Turkey
Yangon

တူရကီ မီးဖိုချောင်သုံးပစ္စည်းများ

Shwe Yinn Kitchen Shwe Yinn Kitchen
669 , Myakanthar Lane 2 , Kamayut Township, , Near Inyakanbaung
Yangon