Kembangan UHC Hospital

Where Medical and Aesthetic Services are Provided at International Level!

10/12/2023

❄️☃️𝑺𝒘𝒆𝒆𝒕 𝑫𝒆𝒄𝒆𝒎𝒃𝒆𝒓 နဲ့အတူ ကျပ်သိန်း (၂၀) တန် 𝐆𝐢𝐯𝐞𝐰𝐚𝐲 ကြီးလာပါပြီ....🥳🥳

Hello Sweet December ရောက်ပြီဆိုတော့ ချစ်ရတဲ့ Customers တို့အတွက် နှစ်သစ်မှာ အလှဆုံးဖြစ်စေမယ့် ရှယ် Giveaway ကြီးတစ်ခုစီစဥ်ထားပါတယ် ...🥳🥳

☃️ ဘယ်လို 𝐆𝐢𝐯𝐞𝐰𝐚𝐲 ကြီးလဲဆိုတော့.....

✅ အမွှေးအမျှင်များကို မကြိုက်သူများအတွက် (Hair Removal Laser Treatment)

✅ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ် ချိုင့်ခွက်တွေအတွက် (CO2 Fractional Laser Treatment)

✅ မျက်နှာ နှင့် လည်ပင်း အသားအရေ ပြန်လည် တင်းရင်းစေဖို့ အတွက်(Harmony XL Pro Laser Treatment)

✅ အမဲစက်၊ဝက်ခြံ နှင့် ဆဲလ်သေများကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မယ့်
(Chemical Peeling Treatment)

✅ လေဆာစက်ဖြင့် ဆံသားသန်စွမ်းစေရန်နှင့် ဆံပင်ကျွတ်ခြင်းကို ကုသဖို့ အတွက်
(Hair Laser Treatment)

စတဲ့ (၂၀)သိန်းနီးပါးတန်တဲ့ ကုထုံးတွေကို December Giveaway Present အနေနဲ့ ချစ်ရတဲ့ Customer စုစုပေါင်း (၁၀) ယောက်ကို မဲဖောက်ပေးသွားမှာဆိုတော့ Woww လုံးဝ Amazingg ပဲနော်....😱😱

ဒါဆို Giveaway မှာဘယ်လိုပါဝင်ရမလဲ...?

Giveaway ကံထူးရှင်ဖြစ်ဖို့ဆိုရင်တော့ စည်းကမ်းချက်လေး အနည်းငယ်တော့ ရှိပါမယ်ခင်ဗျာ....

Giveaway ရယူရန်အတွက်

❄️(1) Kembangan UHC Hospital page ကို Like & Follow လုပ်ပါ

❄️(2) ဒီ Post ကို သူငယ်ချင်း (၃) ယောက်ကို tag ပြီး Public နဲ့ share ပေးပါ

❄️(3)Share ထားကြောင်း screenshot ကို ဒီ post အောက်က comment မှာ မန့်ပေးပါ

✅ကဲ...ဒီအချက်လေး (3) ချက်လုပ်လိုက်တာနဲ့ Giveaway ကံထူးရှင်အဖြစ်ပါဝင်နိုင်ပါပြီနော်....

ပါဝင် ကံစမ်းထား‌ကြတဲ့သူများထဲမှ ကံထူးရှင်(၁၀) ယောက်ကို 1.1.2024(တနင်္လာ)နေ့ မှာ Comment Picker ဖြင့် ရွေးချယ်ပေးသွားမှာဖြစ်လို့ ဘယ်သူတွေကံထူးရှင်ဖြစ်မလဲဆိုတာ အရမ်းကိုရင်ခုန်နေပါပြီ လို့....😍😍

🚫Note: အငြင်းပွါးဖွယ်ရာတစ်စုံတစ်ရာရှိပါက ကမ်ဘမ်ဂန်ဆေးရုံမှ Admin များ၏ဆုံးဖြတ်ချက်သာအမှန်ဖြစ်သည်။

ဒါဆို ကျပ်(၂)သိန်းတန်တဲ့ ကုထုံးတွေနဲ့ အလှဆုံးဖြစ်ဖို့ ခုပဲ GIVEAWAY ကြီးမှာ ပါဝင်ကံစမ်းလိုက်တော့နော်.....🥰🥰

အသေးစိတ်သိရိလိုသည်များကို Chat Box မှ တဆင့် စုံစမ်း မေးမြန်း နိုင်သလို ၊
☎️☎️☎️
09 448 026 197 / 09-795 899 634 / 09 772458611 သို့ မနက် 9 နာရီမှ ညနေ 5 နာရီအတွင်း ဆက်သွယ်ပြီးတော့လည်း စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ...
‬‬‬💠💠💠💠💠‬
🏥🏥Kembangan UHC Hospital🏥🏥
ကမ်ဘန်ဂန် - ယူအိတ်(ချ်) စီ ဆေးရုံ
အမှတ်(439/441) ၊ တက္ကသိုလ်ရိပ်သာ လမ်းသစ် ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
☎️Tel- ‪01 540661,01‬ 549167
📩Email: [email protected]
🌐Website: www.kembangangrpmm.com

09/12/2023

👀 မျက်ရစ်တိပ်တွေ လုံးဝမလိုတော့ဘူး…..🤩

ဟိတ်…ယူတို့ 2024 တောင်ရောက်တော့မယ်
အချိန်ကုန်ခံပြီးမျက်ရစ်တိပ်တွေ သုံးနေတုန်းလားနော်…..🙄

𝐄𝐲𝐞𝐥𝐢𝐝,𝐄𝐲𝐞 𝐁𝐚𝐠 𝐒𝐮𝐫𝐠𝐞𝐫𝐲 𝟏𝟓% 𝐎𝐟𝐟 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧

Kembangan ဆေးရုံကြီးမှာ
✅ မျက်အိတ်ဖောင်းလို့ မျက်လုံးအလှမပေါ်တဲ့သူတွေ
✅ မျက်ရစ်မပေါ်သူနဲ့၊ မျက်ရစ်လိုင်းများတဲ့သူတွေ
✅ မျက်ရစ်တစ်ဖက်နဲ့ တစ်ဖက်မညီတဲ့သူတွေ
✅ အဆီကြောင့်မျက်ရစ်မရှိသူ၊ မျက်ရစ်တွဲသူတွေ အတွက်
လှပသေသပ်ပြီးဆွဲဆောင်မှုရှိတဲ့မျက်ဝန်းလှလှလေးပိုင်ဆိုင်နိုင်မယ့်အခွင့်အရေးကြီးရှိနေပြီလေ…..🥰

🎄ဘာအတွက်ကြောင့်အချိန်ကုန်ခံပြီးမျက်ရစ်တိပ်တွေ သုံးနေတော့မလဲ…..😌

Eye Lid, Eye Bag Surgery (မျက်ရစ်ဖော်ခြင်း၊ မျက်အိတ်ဖောင်းပြုပြင်ခြင်း) များအတွက်
December (9️⃣) မှ December (2️⃣0️⃣) ရက်နေ့အထိ 𝟏𝟓% 𝐎𝐟𝐟 နဲ့ မျက်ဝန်းလှလှလေးပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးလေးရှိတုန်း အကြည့်တစ်ချက်တိုင်းမှာ လှပပြီးဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းလှလှလေးပိုင်ဆိုင်ရစေဖို့အတွက် ကမ်ဘမ်ဂန်မှ ကျွမ်းကျင်သော လှပမှုဆိုင်ရာ ခွဲစိတ်မှုဆရာဝန်ကြီးများကိုယ်တိုင် တာဝန်ယူပြုလုပ်ပေးနေတဲ့ ကမ်ဘန်ဂန်ဆေးရုံကြီးကို အမြန်ဆုံးလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင့်..

အသေးစိတ် သိရှိလိုပါက ☎️𝟬𝟵 𝟳𝟵𝟱 𝟴𝟵𝟵 𝟲𝟯𝟰 / 𝟬𝟵 𝟳𝟳𝟮 𝟰𝟱𝟴 𝟲𝟭𝟭ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင်..
🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄
Kembangan UHC Hospital
ကမ်ဘန်ဂန် - ယူအိတ်(ချ်) စီ ဆေးရုံကြီး
အမှတ် (439/441) / တက္ကသိုလ် ရိပ်သာ လမ်းသစ် / ဗဟန်းမြို့နယ်/ရန်ကုန်မြို့
Tel : ‪01 540661‬/ ‪01 549167‬
Hotline ‪09 772458611‬
Email : [email protected]
Website : kembangangrpmm.com

07/12/2023

" အမျိုးသားနေ့ ဒို့မမေ့"

တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့သည် အမျိုးသားနေ့ ဖြစ်သောကြောင့် ကမ်ဘန်ဂန် မိသားစု မှ (၁၀၃) နှစ်ပြည့် အမျိုးသားနေ့အား ဂုဏ်ပြု ကြိုဆိုလိုက်ပါတယ်...🥰🥰

02/12/2023

အွန်လိုင်းမှ ဆရာဝန်နှင့် တိုက်ရိုက် ဆွေးနွေးတိုင်ပင်ခြင်း (𝑶𝒏𝒍𝒊𝒏𝒆 𝑪𝒐𝒏𝒔𝒖𝒍𝒕𝒂𝒕𝒊𝒐𝒏)

🌏နိုင်ငံခြားမှာ နေနေရလို့ ဆရာဝန်နဲ အွန်လိုင်းကနေ ဆွေးနွေးချင်သူများ
🤔 နယ်ကဖြစ်နေ့လို့ ဆေးခန်း လာပြရန် အခက်အခဲ ရှိနေသူများ
🤔 အလုပ်တွေ မအားလို့ အွန်လိုင်းကနေပဲ ပြသချင်သူများ
အစရှိတဲ့ အခက်အခဲများကို ဖြေရှင်းချင်တယ်ဆိုရင်တော့ ကမ်ဘန်ဂန် ဆေးရုံရှိ
ဆရာဝန်များနှင့် အွန်လိုင်းမှ တိုက်ရိုက် ဆွေးနွေးတိုင်ပင်(Online Consultation) ခြင်းကို ပြုလုပ် နိုင်ပါတယ် ခင်ဗျာ..🧑‍⚕️👩‍⚕️👨‍⚕️💬💬

💮မိမိရဲ့ နေအိမ်ကနေ 𝙋𝙝𝙤𝙣𝙚 , 𝙁𝙖𝙘𝙚𝙗𝙤𝙤𝙠 𝙈𝙚𝙨𝙨𝙖𝙣𝙜𝙚𝙧 & 𝙑𝙞𝙗𝙚𝙧 မှတဆင့် အထူးကု ဆရာဝန်များမှ ဆွေးနွေး တိုင်ပင် ကုသပေးသွားမှာ ဖြစ်ပါတယ်.🧑‍⚕️👩‍⚕️👨‍⚕️💬💬

☑အလှအပရေးရာ ဆွေးနွေးမှုများ ၊ အထွေထွေခွဲစိတ်ကုသမှုများ နှင့် အမျိုးသား ကျန်းမာရေးအတွက် ဆိုလျှင် အလှအပရေးရာနှင့် ခွဲစိတ် အထူးကု ဆရာဝန် 𝐃𝐫.𝐒𝐚𝐰 𝐎𝐨 𝐓𝐚𝐧 ဖြင့် ဆွေးနွေးမှုများ ကို ပြုလုပ်နိုင်သလို ၊

☑အလှအပ နှင့် အထွေထွေ အရေပြားရောဂါ အမျိုးမျိုး ကုသမှု အတွက် ဆွေးနွေးချင်တယ် ဆိုရင်တော့ အရေပြားနှင့် အလှအပရေးရာ အထူးကု ဆရာဝန် များဖြစ်တဲ့ 𝐃𝐫.𝐒𝐚𝐛𝐚𝐢 𝐂𝐡𝐚𝐢𝐧 & 𝐃𝐫.𝐖𝐚𝐢 𝐘𝐚𝐧 𝐏𝐡𝐲𝐨 မှ ဆွေးနွေးပေးသွားမှာဖြစ်လို့ … ကြိုတင်Booking လုပ်ဖို့တော့ လိုအပ်ပါတယ်ခင်ဗျာ...

☑အခြားသော အထူးကု ဆရာဝန်ကြီးများနှင့် ပြသချင်တယ် ဆိုရင်လည်း ☎️09448026197 သို့ ဆက်သွယ်ပီး ကြိုတင် ရက်ချိန်းယူထားဖို့ လိုအပ်ပါတယ် ။
✨✨✨

💮ဒါအပြင့် ဆရာဝန် ညွှန်ကြားထားတဲ့ လိုအပ်သော သောက်ဆေး ၊လိမ်းဆေးများကိုလည်း အိမ်အရောက် ပို့ဆောင်မှု ပြုလုပ်ပေးနေတာ ဖြစ်လို့ မိမိ နေအိမ်ကနေပဲ အဆင်ပြေပြေ ကုသမှု ခံယူလို့ ရနေပါပီ✨✨✨

📣𝟑𝟎,𝟎𝟎𝟎𝐤𝐬 𝐩𝐚𝐲𝐦𝐞𝐧𝐭 𝐟𝐨𝐫 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 (𝟏𝟓𝐦𝐢𝐧𝐬 (𝟏𝐓𝐢𝐦𝐞)) 📣

💮အခုပဲ Phone နဲ့ဖြစ်စေ ၊ page Messenger မှ ဖြစ်စေ၊ Viber မှ ဖြစ်စေ ဆက်သွယ် စုံစမ်းနိုင်ပါပီ…..
အသေးစိတ်သိရိလိုသည်များကို Chat Box မှ တဆင့် စုံစမ်း မေးမြန်း နိုင်သလို ၊
☎️☎️☎️
09 448 026 197 / 09-795 899 634 / 09 772458611 သို့ မနက် 9 နာရီမှ ညနေ 5 နာရီအတွင်း ဆက်သွယ်ပြီးတော့လည်း စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ...
‬‬‬💠💠💠💠💠‬
🏥🏥Kembangan UHC Hospital🏥🏥
ကမ်ဘန်ဂန် - ယူအိတ်(ချ်) စီ ဆေးရုံ
အမှတ်(439/441) ၊ တက္ကသိုလ်ရိပ်သာ လမ်းသစ် ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
☎️Tel- ‪01 540661,01‬ 549167
📩Email: [email protected]
🌐Website: www.kembangangrpmm.com

30/11/2023

သင့် အလှကိုဖျက်နေတဲ့ လည်ပင်းအရေးအကြောင်းတွေ ဘာလို့ဖြစ်တာလဲ..❓

မျက်နှာလေးလှနေပေမယ့် လည်ပင်းအရေးအကြောင်းတွေရှိရင် ကိုယ့်အလှကို မပြည့်စုံစေပါဘူးနော်။လူတွေ တော်တော်များများက မျက်နှာ (Face) အလှ အတွက်သာ Skin care တွေကို အလေးထား ဂရုတစိုက် သုံးကြပေမယ့် မိမိရဲ့ လည်ပင်းတဝိုက် အတွက်တော့ မေ့ထားတတ်တာကြောင့် မိမိရဲ့ လှပတဲ့ ရွှေလည်တိုင်လေးကို မြန်မြန် ပျက်စီးအိုမင်း သွားစေနိုင်ပါတယ်။

ဒါပေမဲ့ လူနေမှုပုံစံတွေ ပြောင်းလဲလိုက်ရုံနဲ့ လည်ပင်းအရေးအကြောင်းတွေကို ကာကွယ်နိုင်တယ်ဆိုတာ သင်သိပါသလား..❓
Vitamin C၊ Retinol Vitamin A၊ AHA စတဲ့ ပါဝင်ပစ္စည်းတွေပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကလည်း အရေးအကြောင်းတွေကို သက်သာစေနိုင်ပါတယ်။ ရှိပြီးသား အရေးအကြောင်းတွေကိုလည်း ခေတ်သစ်နည်းပညာတွေနဲ့ နာတာ၊ ကျင်တာမရှိဘဲ သက်သာအောင် ပြုလုပ်နိုင်လာပါပြီ။

ဒါဆိုရင် လည်ပင်းအရေးအကြောင်းတွေ ဘာကြောင့်ဖြစ်တာလဲ❓

(၁). အသက်အရွယ်ကြောင့်
လည်ပင်းအရေးအကြောင်းတွေဟာ သဘာဝအရ အသက်ကြီးလာတာကြောင့် အသက်ကြီးလာတာနဲ့အမျှ အသားအရေကို တင်းရင်းစေတဲ့ ကော်လဂျင်ဓာတ် ထုတ်လုပ်မှုကျဆင်းလာပါတယ်။ ဒါကြောင့်လည်း တင်းတင်းရင်းရင်း မရှိတော့ဘဲ အရေးအကြောင်းတွေ ပေါ်လာတာဖြစ်ပါတယ်။၊

(၂). နေရောင်ထိတွေ့မှုများလို့

နေရောင်နဲ့ထိတွေ့တဲ့အခါ ခရမ်းလွန်ရောင်ခြည်တွေဟာ အရေပြားကို ထိုးဖောက်လာပြီး အရေပြားဆဲလ်တွေကို ထိခိုက်စေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အသားအရည်ဟာ အရွယ်မတိုင်မီမှာပဲ အိုမင်းရင့်ရော်လာတာပေါ့။

(၃) ကိုယ်နေဟန်ထား

ကိုယ်နေဟန်ထားဟာ လည်ပင်းအရေးအကြောင်းပေါ်စေရာမှာ အရေးပါတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ ခေါင်းကို တောက်လျှောက် အကြာကြီးငုံ့ထားခြင်းဟာ အရေပြားကို ခွေခေါက်စေနိုင်ပါတယ်။ ဖုန်းအသုံးများတဲ့အခါဖြစ်ဖြစ်၊ အိပ်တဲ့အခါမျိုးမှာဖြစ်ဖြစ် တွေ့ရတတ်ပါတယ်။ဒါ့အပြင် ဆေးလိပ်နဲ့အရက်တွေ သုံးစွဲခြင်းစတဲ့အချက်တွေကြောင့် ပေါ်လာတတ်ပါတယ်။

✅လည်ပင်းအရေးအကြောင်းတွေအတွက် ဘာတွေနဲ့ကုသနိုင်လဲ..❓

အရေပြားအိုမင်းရင့်ရော်ခြင်းကို တားဆီးနိုင်တဲ့ပါဝင်တဲ့ ပစ္စည်းတွေဖြစ်တဲ့ Coenzyme Q10, niacinamide, AHA စတဲ့ ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ ခရင်မ်တွေ အတော်များများဟာ အရေပြားအိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်ကြောင်း သိရပါတယ်။

● Niacinamide

Niacinamide ဓာတ်ဟာ ရေဓာတ်ထိန်းသိမ်းပေးပြီး ပရိုတင်းတည်ဆောက်မှုကို အားပေးတာမို့ အရေးကြောင်းမဖြစ်ရအောင် ကာကွယ်ပေးနိုင်ပါတယ်။

● AHA

AHA ကတော့ ဆဲလ်အသေတွေကို ဖြိုခွဲပေးပြီး ဆဲလ်အသစ်သစ်တွေ ထွက်ပေါ်လာအောင် အားပေးပါတယ်။

●CoenzymeQ CoQ10

နောက်ဆုံးအနေနဲ့ CoenzymeQ CoQ10 ဆိုတာဟာ အရေပြားပေါ် ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုတွေကနေ ကာကွယ်ပေးမယ့် ဓာတ်တိုးဆန့်ကျင် အင်တီအောက်စီဒန့်တစ်မျိုးပါ။

● Vitamin C

အရေးအကြောင်းတွေကို ပျောက်ကင်းစေဖို့ ဗီတာမင်စီကို ခရင်မ်တွေ၊ နို့ရည်တွေထဲ ထည့်သွင်းထုတ်လုပ်လေ့ ရှိကြပါတယ်။ ဗီတာမင်စီဟာ ကော်လဂျင်ထုတ်လုပ်မှုကို အားပေးတဲ့အပြင် ခရမ်းလွန်ရောင်ခြည်ဓာတ်ကလည်း ကာကွယ်ပေးနိုင်ပါတယ်။နေ့တိုင်းသာ လိမ်းပေးမယ်ဆိုရင် အရေပြားမှာ သိသိသာသာ ပြောင်းလဲလာတာကို တွေ့ရပါလိမ့်မယ်။

● Retinol

အရေပြားအတွက်ကောင်းတဲ့ နောက်ဗီတာမင်တစ်ခုက retinol လို့ခေါ်တဲ့ ဗီတာမင်အေ ဖြစ်ပါတယ်။ သူဟာလည်း ဗီတာမင်စီလို အလှကုန်မျိုးစုံမှာ ထည့်သွင်းထားသလို ဆဲလ်အသစ် တည်ဆောက်ဖို့ကိုလည်း အားပေးပါသေးတယ်။

✅ဘယ်လို ကာကွယ်မလဲ….❓

လည်ပင်းအရေးကြောင်းတွေကို အိမ်မှာပဲဖြစ်ဖြစ်၊ ဆေးခန်းမှာပဲဖြစ်ဖြစ် ကုသနည်းတွေအများကြီး ရှိပါတယ်။ လည်ပင်းအရေးအကြောင်းတွေ မဖြစ်စေဖို့ လူနေမှုပုံစံပြောင်းလဲမှုတွေ ကာကွယ်မှုတွေ ပြုလုပ်ဖို့လိုပါတယ်။

၁။ နေရောင်ကာခရင်မ် အသုံးပြုပါ။

SPF 30+ ရှိတဲ့ နေရောင်ကာခရင်မ်ကို ရွေးချယ်အသုံးပြုပေးဖို့ လိုပါတယ်။ တစ်နေကုန် နေရောင်ကာကွယ်နိုင်ဖို့ဆိုရင် နှစ်နာရီခြားတစ်ခါလောက် လိမ်းပေးဖို့လိုပါတယ်တဲ့။

၂။ စောစောစီးစီး ကာကွယ်ပါ။

နေရောင်ခံခြင်း၊ အိပ်တဲ့အနေအထား၊ စားသောက်ပုံ၊ အလှကုန်ပစ္စည်း အသုံးပြုပုံတွေက အရေပြား အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုရဲ့ ၈၀% လောက်အထိကို အရေးပါတယ်လို့ သိရပါတယ်။ ဘယ်အချိန်ကနေစပြီးပဲ ကာကွယ်ကာကွယ် နောက်မကျဘူးလို့ ထင်ရပေမယ့် စောစောစီးစီး ကာကွယ်တာကတော့ အကောင်းဆုံးပေါ့။

၃။ နေ့စဉ် အသားအရေထိန်းသိမ်းမှု

အလှကုန်ပစ္စည်းတွေကို အသုံးပြုတဲ့အခါ အကောင်းဆုံးရလဒ်ကိုရရှိစေဖို့ ပုံမှန်လုပ်ရိုးလုပ်စဉ် မှန်မှန်လိမ်းပေးဖို့ လိုပါတယ်။ ဒါ့အပြင် ပိုကောင်းတဲ့ရလဒ်ကိုရရှိစေဖို့ ဗီတာမင်စီနဲ့ Retinol Vitamin A ခရင်မ်တွေကိုလည်း ထည့်သွင်းလိမ်းပေးနိုင်ပါတယ်။

ဒါ့အပြင် လည်ပင်းလေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်း ဆေးလိပ်သောက်ခြင်း၊ အရက်ကို အလွန်အကျွံသောက်တာတွေကို ရှောင်ကြဉ်ခြင်းနဲ့ ရေဓာတ်ပြည့်ဝအောင်နေပြီး ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ပေးခြင်းတို့ဖြင့် အရေးအကြောင်းတွေကို ကာကွယ်ပေးနိုင်မှာပါနော်။

ဒီနည်းလမ်းတွေကတော့ အရေးအကြောင်းတွေမဖြစ်အောင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေဖြစ်ပြီး ရှိပြီးသား အရေးအကြောင်းတွေအတွက်ကတော့ အရေးအကြောင်း ပျောက်စေတဲ့ကုထုံးတွေနဲ့ အလှအပရေးရာဆေးခန်းတွေမှာ ကုစားနိုင်ပါတယ်။ အရေပြားဖြည့်တင်းကုထုံး၊ အာထရာစောင်းကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံး စတာတွေ ပြုလုပ်နိုင်ပါတယ်။ခွဲစိတ်နည်းကလည်း ကုသနည်းတွေထဲ တစ်ခုအပါအဝင်ဖြစ်ပြီး ခွဲစိတ်တယ်ဆိုရာမှာ အရေးအကြောင်းတွေ ထင်ရှားနေတဲ့နေရာမှာ အရေပြားကို ဆွဲတင်ပေးတဲ့ ကုသနည်းမျိုးတွေဖြစ်ပါတယ်ရှင့်…..

ကျွန်မတို့ ကမ်ဘမ်ဂန်ဆေးရုံကြီးမှာလည်း ဒီလို လည်ပင်အရေးအကြောင်းဆိုင်ရာ ကုသမှုတွေကို အထူးကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေကိုယ်တိုင်အာမခံချက်အပြည့်နဲ့ ပြုလုပ်ပေးနေတာဖြစ်လို့ ယုံကြည်စိတ်ချစွာနဲ့ လာရောက်ကုသနိုင်ပါတယ်ရှင့်…..🥰

နောက်ထပ်ဗဟုသုတရစရာအကြောင်းအရာလေးတွေလည်းထပ်မံဝေမျှပေးသွားမှာဖြစ်လို့ Kembangan ဆေးရုံ Page လေးကို Like and See First လေးလုပ်ထားပေးပါဦးနော်…..🤗
🔻🔻🔻
🏥🏥Kembangan UHC Hospital🏥🏥
ကမ်ဘန်ဂန် - ယူအိတ်(ချ်) စီ ဆေးရုံ
အမှတ်(439/441) ၊ တက္ကသိုလ်ရိပ်သာ လမ်းသစ် ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
☎️Tel- ‪01 540661,01‬ 549167
📩Email : [email protected]
🌐Website: www.kembangangrpmm.com

25/11/2023

💉အရေးအကြောင်းကင်း ပြေပြစ်လှပစေမယ့် Filler ထိုးတယ်ဆိုတာ…..

အသက်ကြီးလာတာနဲ့အမျှ ငယ်ရွယ်နုပျိူစေတဲ့ ဓာတ်တွေဖြစ်တဲ့ ကော်လဂျင်နဲ့ အလစတင်ဓာတ်တွေ လျော့နည်းလာပါတယ်။ ယေဘုယျအားဖြင့် အသက်နှစ်ဆယ့်ငါးနှစ်ဝန်းကျင်လောက်ကစပြီး ကော်လဂျင်တွေစ ဆုံးရှုံးတတ်ပါတယ်။ တစ်နှစ်ကိုနှစ်ရာခိုင်နှုန်းလောက် ဆုံးရှုံးလေ့ရှိပြီး သုံးဆယ်မတိုင်မီမှာ ထုတ်လုပ်မှုလုံးဝရပ်သွားတတ်ကြပါတယ် ။ ဒါကြောင့်အရေးကြောင်းတွေ၊ အသားအရေ၊ ပါးရေတွန့်တာတွေ၊ မျက်နှာမညီညာတာတွေအပြင် တခြားသောအသက်အရွယ်အရဖြစ်တဲ့ လက္ခဏာကိုပြုပြင်ဖို့ filler ကိုအဓိကသုံးလာကြပါတယ်။အလှအပပိုင်းဆိုင်ရာ ပြုပြင်မှုတွေထဲက Filler ထိုးတယ်ဆိုတာလဲ အင်မတန်နာမည်ကြီးတဲ့ ပြုပြင်မှုတစ်ခုပါ။ဒါဆို Filler ထိုးတယ်ဆိုတာဘယ်လိုလဲဆိုတာလေးကို ပြောပြပေးသွားမှာဖြစ်လို့ဆက်ဖတ်ကြည့်လိုက်ရအောင်…

💉Filler ဆိုတာကတော့ မျက်နှာသွင်ပြင်ပုံသဏ္ဍာန်ကလေးထောင့်ကျနေလို့၊ မျက်နှာဝိုင်းနေလို့ မလှဘူးထင်သူတွေ၊ နှုတ်ခမ်းက ပါးပါးလျလျနဲ့မို့ နှင်းဆီငုံ နှုတ်ခမ်းလို ဖူးဖူးအိအိလိုချင်သူတွေ၊ ဇရာအစပြုလို့ မျက်နှာမှာ အရေး အကြောင်း ပေါ်လာလို့ စိတ်သောက ရောက်နေသူတွေ၊ မေးလေးသွယ် ချင်သူတွေ၊ နှာတံမပေါ်လို့ ပြု ပြင်ချင်သူတွေအတွက် မျက်နှာခွဲစိတ် ပြုပြင်တဲ့နည်း Plastic Surgery နဲ့ မလုပ်ရဲရင် ကိုယ်လိုချင်တဲ အလှအပကို ပုံဖော်ပေးနိုင်မယ့် နည်းကတော့ ဖြည့်ဆေး (Filler) ထိုးခြင်းပါပဲ။
အခုနောက်ပိုင်းအလှအပပြုပြင်ရေးမှာ Filler ဖြည့်ဆေးထိုးတာက အချိန်သိပ် မကုန်သလို လိုချင်တဲ့ရလဒ်လည်း မြန်မြန်ရတာကြောင့် Filler ထိုးခြင်းကို ပိုပြီးအာရုံထားလုပ်လာကြပါတယ်။ ဒါ့ကြောင့် Filler ကို စိတ်ဝင်စားလို့ ထိုးတော့မယ်ဆိုရင် Filler နဲ့ ပတ်သက်ပြီး သိထားသင့်ပါတယ်။

💉Filler ထိုးတယ်ဆိုတာ ဘာလဲ❓
Filler လို့ ခေါ်ရတဲ့ အကြောင်းအရင်းက မျက်နှာပြင်အသားအရေ မညီညာတာ၊ အရေးအကြောင်းတွေ ပေါ်နေတာ၊ ဝက်ခြံကြောင့် အမာရွတ်ချိုင့်ခွက်တွေ ဖြစ်နေတာ၊ အသက်ကြီးလို့ ပါးရေ၊ နားရေတွေ တွန့်လာတာကြောင့် နုပျိုတဲ့ အသားအရေကို ဆုံးရှုံးမသွားရအောင် မျက်နှာ၊ မျက်လုံးတစ်ဝိုက်၊ ပါး၊ မေးရိုး၊ နှာတံ၊ နှုတ်ခမ်း စတဲ့ နေရာတစ်ဝိုက်က အရေပြားအောက်ကို ဂျယ်လီလို အရည်တစ်မျိုး ထိုးပြီး တင်းရင်းညီညာချောမွတ်တဲ့ အသားအရေနဲ့အတူ နုပျိုမှုတွေ ပြန်ရလာလို့ filler ကိုထိုးကြတာ ဖြစ်ပါတယ်။

💉Filler အမျိုးအစားတွေက ဘယ်နှစ်မျိုးရှိတာလဲ❓
Filler ကို ထုတ်တဲ့နေရာမှာ သဘာဝကုန်ကြမ်းတွေကနေ ထုတ်တာနဲ့ ဓာတ်ခွဲခန်းကထုတ်တာဆိိုပြီး ထုတ်တဲ့ အခြေခံ ပစ္စည်းပေါ်မူတည်ပြီး
💜Hyaluronic Acid Filler
💜Collagen Filler
💜Synthetic Filler
💜Autologous Filler ဆိုပြီးအမျိုးအစား (၄) မျိုးလောက်ရှိပါတယ်။

💉Filler အတော်များများမှာ အဓိကပါဝင်ပစ္စည်းကတော့ hyaluronic acid ဖြစ်ပြီး သဘာဝအလျောက်ဆိုရင် မျက်လုံး၊ အရေပြားနဲ့ အဆစ်တွေမှာတွေ့ရပြီး မျက်နှာရဲ့ ပုံပန်းကိုပေါ်စေတဲ့အပြင် ရေဓာတ်ကိုဖြည့်ဆည်းပေးပါတယ်။ နောက်လူသိများတဲ့ filler အမျိုးအစားတစ်ခုကတော့ PCI or Ellanse ပါပဲ။ PCI ကိုမျက်နှာမှာထိုးလိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ သဘာဝ ကော်လဂျင်ထုတ်လုပ်မှုကို အားပေးပြီး ကော်လဂျင်ထွက်လာတဲ့အခါမှာလဲ တာရှည်ခံစေပါတယ်။

💉Filler ကို မျက်နှာမှာ အထိုးအများဆုံးဖြစ်ပြီး နဖူးအရေးအကြောင်းပေါ်ရင်၊ နှာတံချိုင့်ရင်၊ မျက်ခွံတွဲကျရင်၊ မျက်နှာ အရေးအကြောင်းပေါ်ရင်၊ ပါး ချိုင့် ရင်၊ မေးချွန်ပြီး V Shape ဖြစ်ချင်ရင်၊ နှုတ်ခမ်းလေးပြည့်ဖောင်း တင်းရင်းချင်ရင် ထိုးလို့ရပါတယ်။

ဒါ့အပြင် နားထင်ချိုင့်ရင်၊ ဝက်ခြံအမာရွတ်အချိုင့်တွေနဲ့ ရင်သား၊ တင်ပါးကြီးချင်ရင်လည်း ထိုးနိုင်ပါသေးတယ်။ ဖြည့်ဆေးထိုးလိုက်တဲ့အခါ လိုတဲ့နေရာတွေ တင်းရင်းပြည့်ဖောင်း ညီညာကာ ပိုကြည့်ကောင်းသွားစေပါတယ်။

💉Filler ထိုးတဲ့နေရာရွေးချယ်ရာမှာလည်းအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့မျက်နှာမှာအာရုံကြောတွေ၊ သွေးကြောတွေစတဲ့အရေးကြီးတဲ့အစိတ်အပိုင်းတွေ အများကြီးရှိပါတယ်။ ထိုးပေးတဲ့သူက သေချာဂရုမစိုက်ရင် ဒါမှမဟုတ်စနစ်တကျလေ့ကျင့်ထားသူမဟုတ်ရင်မျက်နှာထိခိုက်နိုင်တာ၊ပိုးဝင်တာ၊သွေးကြောပိတ်ပြီး အနီးတစ်ဝိုက်တစ်ရှူးပုပ်တာ၊အနာရွတ်ထင်တာတွေဖြစ်နိုင်လို့ပါပဲ။ဒါကြောင့်မို့ကောင်းကောင်းလေ့ကျင့်သင်ကြားထားတဲ့လိုင်စင်ရဆရာဝန်ဆီမှာအထိုးခံတာကမှစိတ်အချရဆုံးပါပဲနော်။🥰

ကျွန်မတို့ ကမ်ဘမ်ဂန် ဆေးရုံကြီးမှာတော့ အထူးကျွမ်းကျင်တဲ့ဆရာဝန်ကြီးတွေကိုယ်တိုင် အာမခံချက်အပြည့်နဲ့ ပြုလုပ်ပေးနေတာဖြစ်လို့ ရာနူန်းပြည့်စိတ်ချရနိုင်ပါတယ်ရှင်….🥰

ဒါဆိုရင် အမျိုးသမီးကြား ရေပန်းစား ပြုပြင်မှု များလာတဲ့ အချိုးအစား ပြေပြေပြစ်ပြစ်နဲ့ လှပတဲ့ မျက်နှာ အသွင်အပြင်ကိုရစေမယ့် Filler Treatment အကြောင်းလေးသိပြီး စိတ်ဝင်စားလို့ပြုလုပ်ချင်တယ်ဆိုရင်တော့ ကမ်ဘန်ဂမ် ဆေးရုံကြီးကို အရောက်လာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါရစေရှင့်….

ဗဟုသုတတွေတိုးသွားတယ်ဆိုရင် မသိသေးတဲ့သူလေးတွေပါ သိသွားစေဖို့ Post လေးကို Like And Share လေးလုပ်ပေးခဲ့ပါဦးနော်…
သိလိုတာလေးတွေလည်း Comment မှာမေးထားခဲ့လို့ရပါတယ်ရှင်….
နောက်ထပ် ဗဟုသုတရစရာတွေအများကြီးထပ်ပြီး ဝေ မျှပေးသွားဦးမှာဖြစ်လို့ Page လေးကို See first လုပ်ထားဖို့မမေ့နဲ့ဦးနော် ….
✨✨✨✨✨✨✨✨✨✨✨✨✨✨
Kembangan UHC Hospital
ကမ်ဘန်ဂန် - ယူအိတ်(ချ်) စီ ဆေးရုံ
အမှတ်(439/441) ၊ တက္ကသိုလ်ရိပ်သာ လမ်းသစ် ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
Tel- ‪01 540661,01 549167
Email: [email protected]
Website: www.kembangangrpmm.com

24/11/2023

♂️သင့် စွမ်းဆောင်ရည်ကို မြှင့်တင်လိုက်ပါ♂️

♂️အရေပြားဖြတ်ခြင်း(𝘾𝙞𝙧𝙘𝙪𝙢𝙘𝙞𝙨𝙞𝙤𝙣) + 𝙋𝙨𝙝𝙤𝙩 𝙏𝙧𝙚𝙖𝙩𝙢𝙚𝙣𝙩 ♂️

𝟭𝟬𝟬,𝟬𝟬𝟬 𝐌𝐌𝐊 (Save)

(𝟐𝟒 𝐍𝐨𝐯 ~ 𝟏𝟎 𝐃𝐞𝐜 𝟐𝟑 )

♂️အမျိုးသား စွမ်းဆောင်ရည် အထူးကောင်းမွန်ခြင်း နှင့် ကူးစက်ရောဂါ ဖြစ်နိုင်ချေ လျော့ကျစေတဲ့ လိင်တံထိပ်အရေပြားဖြတ်ခြင်း (Circumcision) ကို ပိုမိုသက်သာသည့် ဈေးနှုန်းဖြင့် ပြုလုပ်လိုပါသလား ❓

♂️နဂို မူလထက်ပိုပြီး ယုံကြည်မှု ပိုမိုတိုးစေတဲ့ Pshot Treatment ကို ဈေးနှုန်းသက်သာစွာနဲ့ ကုသမှု ခံယူလိုပါသလား ❓

♂️♂️ကုသမှု နှစ်ခုလုံးကို တစ်ပြိုင်ထဲ ပြုလုပ်လိုက်ခြင်းအားဖြင့် ဆဲလ်များအား ပြန်လည် ကောင်းမွန်စေသော Rejuvenation အကျိုးကျေးဇူးကို ရရှိစေမယ့် အပြင် ၊ ထိပ်အရေပြား ဖြတ်ခြင်းဖြင့် အမျိုးသား စွမ်းဆောင်ရည် ကို မြင့်တက်စေခြင်း ၊ ကူးစက်ရောဂါ ဖြစ်ပွားမှုကို စတဲ့ အကျိုးကျေးဇူးများကို သိသိသာသာ ပိုမို ရရှိနိုင်မည် ဖြစ်ပါတယ်….

♂️♂️ကုထုံးနှစ်မျိုး ပေါင်းစပ်မှု၏ အကျိုးရလဒ်ကတော့ လိင်အင်္ဂါ အရွယ်အစား သိသိသာသာ တိုးတက်ကြီးမားလာသည့် အပြင် ကောင်းမွန်တဲ့ အကျိုးကျေးဇူးကို သိသာစွာ ခံစားလာရမည် ဖြစ်ပါတယ်..

🙍‍♂️🙍‍♂️ သတင်းကောင်းကတော့
Kembangan ရဲ့ customer များကို ကျေးဇူးတုံ့ပြန်သော အားဖြင့် Treatment နှစ်မျိုးလုံးကို တစ်ပြိုင်ထဲ ပြုလုပ်မည် ဆိုပါက ပုံမှန် ကျသင့်ငွေရဲ့ 𝟏𝟎𝟎,𝟎𝟎𝟎 𝙈𝙈𝙆 လျော့ဈေးဖြင့် ပရိုမိုးရှင်း ကာလ အတွင်း ပြုလုပ်ပေးသွားမှာ ဖြစ်တဲ့ အကြောင်း သတင်းကောင်းပါးအပ်ပါတယ်…

ပရိုမိုရှင်း ကာလကတော့ (𝟐𝟒 𝐍𝐨𝐯 𝟐𝟎𝟐𝟑) မှ (𝟏𝟎 𝐃𝐞𝐜 𝟐𝟎𝟐𝟑) နေ့အထိ ပေးသွားမှာ ဖြစ်ပါတယ် ။

🙍‍♂️🙍‍♂️ အမျိုးသားများအတွက် အမျိုးသားကျန်းမာရေး ပြဿနာများကို အသေးစိတ်ဆွေးနွေးတိုင်ပင်ပြီး Men Wellness ဝန်ဆောင်မှုများပေးနေတဲ့ ""ကမ်ဘန်ဂန်"" က သင့်အနားမှာ ရှိနေပါပြီ ....

ဒီ ကုထုံးတွေနဲ့ ပတ်သက်ပီးတော့ အသေးစိတ်သိလိုတာတွေကို Chat Box မှ တဆင့် စုံစမ်း မေးမြန်း နိုင်သလို ၊☎️☎️☎️ 09-448 026 197 / 09 772458611 သို့ မနက် 9 နာရီမှ ညနေ 5 နာရီအတွင်း ဆက်သွယ်ပြီးတော့လည်း စုံစမ်းမေးမြန်းနိုင်ပါတယ် ..
✨✨✨✨✨✨✨✨✨✨✨✨✨✨
ကျွန်တော်တို့ရဲ့ အမျိုးသား ကျန်းမာရေးနဲ့ဆိုင်တဲ့ 𝙥𝙖𝙜𝙚 အသစ်လေး ကို လည်း 𝑳𝒊𝒌𝒆 & 𝑭𝒐𝒍𝒍𝒐𝒘 လုပ်ထား ပေးကြပါအုံးနော်..☺
https://www.facebook.com/profile.php?id=61550126342692
(Kembangan UHC Hospital-Men Wellness Clinic & Urology) page
✨✨✨✨✨✨✨✨✨✨✨✨✨✨
🏥🏥Kembangan UHC Hospital🏥🏥
ကမ်ဘန်ဂန် - ယူအိတ်(ချ်) စီ ဆေးရုံ
အမှတ်(439/441) ၊ တက္ကသိုလ်ရိပ်သာ လမ်းသစ် ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
☎️Tel- ‪01 540661,01‬ 549167
📩Email: [email protected]
🌐Website: www.kembangangrpmm.com

18/11/2023

💁‍♀️ သဘာဝအတိုင်း Natural ဆန်တဲ့အလှပိုင်ရှင်လေးဖြစ်စေဖို့….👧

💥𝐓𝐡𝐫𝐞𝐚𝐝 𝐋𝐢𝐟𝐭𝐢𝐧𝐠 𝟏𝟎% 𝐎𝐟𝐟 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧💥

မျက်နှာလေးကို သဘာဝဆန်ဆန် ပုံစံကျကျလေးလှနေဖို့ဆိုတာ မိန်းကလေးတိုင်းရဲ့ အိပ်မက်တစ်ခုလိုပါပဲနော်…..

ဒီလိုအိပ်မက်လေးကို ဖြည့်ဆည်းပေးနိုင်မယ့် Thread Lifting ကုထုံး Promotion လေးရှိတာရောသိပြီးပြီလား…❓

မသိသေးရင်ပြောပြမယ်နော်…🤗
ကမ်ဘန်ဂန်ဆေးရုံကြီးမှာ နိုဝင်ဘာလ (1️⃣8️⃣) ရက်ကနေ (3️⃣0️⃣) ရက်နေ့အထိ
𝙏𝙝𝙧𝙚𝙖𝙙 𝙇𝙞𝙛𝙩𝙞𝙣𝙜 ကို 𝟭𝟬% 𝗢𝗳𝗳 Promotion နဲ့ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်..

Thread Lifting နဲ့ဘာတွေလုပ်လို့ရလဲဆိုတော့…

✅ နှာခေါင်းပုံဖော်ခြင်း
✅ V Shape ပုံဖော်ခြင်း / မေးစေ့ချွန်ခြင်း
✅ သေးငယ်ပါးလွှာသော Collagen ကြိုးငယ်လေးများအသုံးပြုပြီး မျက်နှာအရေပြားကို ပြန်လည်တင်းရင်းစေခြင်း
✅ လည်ပင်းမှ လျော့တွဲနေသော အရေပြားများကို တင်းရင်းအောင် ပြုလုပ်ပေးခြင်း
✅ တွဲကျနေသောရင်သားများ ပြန်လည်ပင့်တင်ပေးခြင်း
စတာတွေကို လုပ်လို့ရမှာဆိုတော့ အရမ်းတန်နေပြီနော်…

Thread Lifting ရဲ့ ထူးခြားချက်တွေကတော့ ခွဲစိတ်စရာမလို ၊ ဆေးရုံတက်ရန်မလို ၊ နေ့စဉ်လုပ်ငန်းဆောင်တာများ မပျက်ဘဲ အချိန်တိုအတွင်း သိသာကောင်းမွန်သော ရလဒ်ကို ရရှိစေခြင်း၊ဘေးထွက်ဆိုးကျိုးမရှိဘဲ ရိုးရှင်းသောကုသမှုဖြင့် ရလဒ်ကောင်းများ ရရှိနိုင်ပြီး တစ်ကြိမ်ကုသမှု ခံယူရုံဖြင့် ကြာရှည်ခံသောရလဒ်များ ပေးစွမ်းနိုင်တာပဲဖြစ်ပါတယ်❤️

ဒါကြောင့် သဘာဝအတိုင်း Natural ဆန်တဲ့အလှပိုင်ရှင်လေးဖြစ်စေဖို့ဆိုရင် Thread Lifting ကို Promotion ရတုန်းလေး Kembangan ဆေးရုံကြီးကို အရောက်လာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါရစေရှင့်…..

အလှအပချစ်သူ အမျိုးသား/ အမျိုးသမီးတိုင်း လက်မလွှတ်သင့်တဲ့ အခွင့်အရေးပါနော် . . .
အသေးစိတ် သိရှိလိုသည်များကို ‪09 772 458 611‬ / ‪09 795 899 634‬ သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်... ☎️☎️☎️☎️☎️‬
▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🏥Kembangan UHC Hospital🏥
ကမ်ဘန်ဂန် - ယူအိတ်(ချ်) စီ ဆေးရုံ
အမှတ်(439/441) ၊ တက္ကသိုလ်ရိပ်သာလမ်းသစ် ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️Tel- ‪01 540 661, 01‬ 549167, 09 795 899 634
📩Email: [email protected]
🌐Website: www.kembangangrpmm.com

17/11/2023

🚹🍌လိင်တံထိပ် အရေပြားဖြတ်ခြင်း 🍌🚹

🍌အမျိုးသားတိုင်းမှာ မွေးကင်းစကတည်းကပင် လိင်တံထိပ် ဖုံးအရေပြား ( Fo****in) ပါလာတယ်။ အများအားဖြင့် (၉၀%)သော သူတွေမှာ အသက် (၃)နှစ်အရွယ်လောက် ရောက်ပြီးဆိုရင် (Fo****in)ဟာ ချောင်ပြီးနောက်သို့ ဆွဲလှန်လို့ရလာပါတယ်။ သို့သော် အချို့သူတွေမှာ အကြောင်းအမျိုးမျိုးကြောင့် လိင်တံထိပ်အရေပြားမှာ တင်းပြီး နောက်သို့လှန်လို့ မရဘဲ ငုံနေတတ်ပါတယ်။ထိုအခြေအနေကို Phimosis လို့လဲခေါ်ပါတယ်။ ထိုအခါမျိုးတွင် လိင်တံထိပ်အရေပြားဖြတ်ခြင်းကို ဆေးပညာအရ မဖြစ်မနေ ပြုလုပ်သင့်ပါတယ်။

🍌တချို့ကလည်းအရေပြား နောက်သို့ ဆွဲလှန်လို့ရသော်ငြားလည်း မကြာခဏပိုးဝင်ခြင်း ၊လိင်တံထိပ်ဖူးနှင့် အရေပြား ရောင်ရမ်းခြင်း (Recurrent balanitis) တို့ ဖြစ်ပွားမှုလျော့နည်းစေရန် လိင်တံထိပ်အရေပြားဖြတ်ခြင်း(Circumcision) ကို ပြုလုပ်လေ့ရှိပါတယ်။

🍌ထိုအပြင်အချို့သော လိင်တံထိပ်တွင်ဖြစ်တတ်သော နာတာရှည်အရေပြားရောဂါများ (e.g Lichen scleroses) သည် Fo****in ကိုရောင်ရမ်းစေပြီး အနာရွတ်ဖြစ်ပေါ်စေတတ်သလို ကင်ဆာ (cancer) အဖြစ်သို့ ပြောင်းလဲနိုင်တတ်သဖြင့် လိုအပ်လျှင် Circumcision လုပ်ခြင်းဖြင့် ကာကွယ်ကုသနိုင်ပါသည်။

🍌အချို့သူတွေအနေနဲ့ အရှေ့မှပြောပြထားတဲ့ Fo****inအကြောင်းအရာ မှ ဖြစ်ပွားမှုမရှိသော်လည်း တစ်ကိုယ်ရေ သန့်ရှင်းရေး အရ သော်လည်းကောင်း ၊ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများကို အတိုင်းအတာတခုအထိ လျော့ကျစေရန်သော်လည်းကောင်း ၊ အချို့သောဘာသာရေးထုံးတမ်းစဉ်လာ အရသော်လည်းကောင်း လိင်တံထိပ် အရေပြားဖြတ်ခြင်း (Circumcision) ပြုလုပ်တာတွေ ရှိနေ ပါတယ်။

🍌လိင်တံထိပ်အရေပြားမဖြတ်ခင် ဆရာဝန်နဲ့အရင်ဆုံးပြသရန်လိုပါသည်။

🚹လိင်တံထိပ်ပိုးဝင်းခြင်းရှိ/မရှိ စစ်ဆေးရပါမည်
🚹ခွဲစိတ်ဖို့လိုအပ်သည် သွေးစစ်ဆေးမှုအနည်းငယ် ပြုလုပ်ရပါမည်
🚹ခွဲစိတ်သည့်အခါတွင်အများအားဖြင့် ထုံဆေးနှင့် ပြုလုပ်ပါသည်
🚹ခွဲစိတ်ချိန်မှာ ၁၅ မိနစ် မှာ မိနစ် ၃၀ခန့်ကြာမြင့်ပါသည်။
🚹ခွဲစိတ်ပြီးသွားလျှင် လိင်အင်္ဂါထိပ်မှာ (၃)ရက်ခန့်ရောင်ရမ်းမှုရှိနိုင်ပါမည်။

🍌သို့သော်လိုအပ်သည့် အရောင်ကျဆေးနှင့် ပိုးသတ်ဆေးများ ပေးထားသည့်အတွက် ရောင်ရမ်းမှုကိုသက်သာစေပါသည်။

ချုပ်ရိုးဖြေစရာမလိုအပ်ပါ ။ ခွဲပြီးသည့်အခါ အနာကျက်ရန် ၅ရက်(သို့မဟုတ်) ၇ ရက် (တစ်ပတ်)ခန့် ကြာမြင့်နိုင်ပါသည်။

🍌လိင်မှုကိစ္စများကို ဆက်ဆံရန်အတွက် (၁၄)ရက်ခန့်ရှောင်ကြဉ်ဖို့လိုအပ်ပါတယ် ။ ခွဲစိတ်ပြီးနောက်ပိုင်းတွင် ချောင်သော အဝတ် အစားများကို ဝတ်ဆင်ရန်လိုအပ်ပါသည်။ ထိုအဝတ်အစားများကို ဝတ်ဆင် ခြင်းအားဖြင့် သက်တောင့် သက်သာရှိစေပြီး အနာမြန်မြန် ကျက်အောင်လည်း အထောက်အကူဖြစ်စေပါတယ်။ ခွဲစိတ်ပြီးနောက် တစ်ခါတစ်ရံ သွေးထွက်ခြင်း ၊ ပိုးဝင်ခြင်း ၊ ထုံဆေးနှင့် ဓါတ်မတည့်ခြင်း မှလွဲ၍ ကြီးမားသောဆိုးကျိုးများ ဖြစ်ပေါ်လေ့မရှိပါ။

🍌လိင်တံ အရေပြား ဖြတ်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ🍌
👌 ဆီးလမ်းကြောင်း ပိုးဝင်မှု နည်းသွာခြင်း
👌 လိင်တံကင်ဆာဖြစ်နိုင်မှု လျော့နည်းသွားခြင်း
👌 သန့်ရှင်းရေးလုပ်ဖို့ လွယ်ကူစေခြင်း
👌 လိင်တံထိပ် ပိုးမွှားများ အမျိုးသမီးသို့ ကူးစက်မှုလျော့နည်းခြင်း
👌 လိင်မှ တစ်ဆင့်ရောဂါကူးစက်နှုန်းကို လျော့ချပေးခြင်း
👌 အနံ့ဆိုးများ နည်းသွားခြင်း
စသည့် ကောင်းကျိုးများ ရရှိနိုင်ပါတယ်ခင်ဗျာ..
✨✨✨✨✨✨✨✨✨✨✨✨✨✨✨
📣ထပ်မံပီး အသိပေး ကြေငြာ ချင်တာ တစ်ခုကတော့ .....📣
ကျွန်တော်တို့ ကမ်ဘန်ဂန်ဆေးရုံမှာ အမျိုးသားကျန်းမာရေး ၊ ဆီးနှင့် ကျောက်ကပ် ကျန်းမာရေး နဲ့ ဆိုင်သော ပရိုမိုရှင်းပိုစ့်များ ၊ အသိပညာပေးပိုစ့်များအား နောက်ပိုင်းတွင်Kembangan UHC Hospital Page တွင် မကြော်ငြာတော့ ပါ၊ မတင်တော့ပါ။နောက် page အသစ်တစ်ခုဖြစ်သော

https://www.facebook.com/profile.php?id=61550126342692
(Kembangan UHC Hospital-Men Wellness Clinic & Urology) page

အသစ်တွင်သာ အမျိုးသားကျန်းမာရေး ၊ ဆီးနှင့် ကျောက်ကပ် နှင့် ဆိုင်သော ကျန်းမာရေးဆိုင်ရာ ပိုစ့်များအတွက် တင်ပေးမည် ဖြစ်ပါသောကြောင့် ကျွန်တော်တို့ရဲ 𝙥𝙖𝙜𝙚 အသစ်ကို 𝑳𝒊𝒌𝒆 & 𝑭𝒐𝒍𝒍𝒐𝒘 လုပ်ထားဖို့ အသိပေးအပ်ပါတယ် ခင်ဗျာ။
✨✨✨✨✨✨✨✨✨✨✨✨✨✨
Men Wellness ဆိုင်ရာ ဝန်ဆောင်မှုများ ယူရန် အောက်ပါလိပ်စာ၊ ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်စုံစမ်း Appointment ရယူနိုင်ပါသည်✨
☎️☎️☎️☎️☎️
အမျိုးသား ကျန်းမာရေး အထူးကုဌာန ‪‪09772458611‬ သို့လည်း ဆက်သွယ်ပြီး ရက်ချိန်းယူနိုင်ပါတယ်....
🏥Kembangan UHC Hospital🏥
ကမ်ဘန်ဂန် - ယူအိတ်(ချ်) စီ ဆေးရုံကြီး
အမှတ် (439441) / တက္ကသိုလ်ရိပ်သာလမ်းသစ် / ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊
☎️ Tel : ‪01 540661‬/ ‪01 549167‬
📲Hotline : 09 772458611‬
📩Email: [email protected]
🌐Website: kembangangrpmm.com

14/11/2023

အသားဖြူဆေး (Glutathione) ထိုးခြင်း" ဆိုတာဘာလဲ…❓🤔

အသားအရည်လေးဖြူဝင်းနေခြင်းဟာလည်း ကောင်းခြင်းတစ်မျိုးပါပဲနော်…..

ဒါပေမယ့် ခုခေတ်ကြီးမှာ အသားမဖြူလည်း စိတ်ညစ်နေစရာ လုံးဝမလိုတော့ဘူးနော် ဘာလို့လည်းဆိုတော့ အချိန်တိုအတွင်းမှာ ဖြူဝင်းကြည်လင်တဲ့အသားအရည်လေးကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးတွေရှိနေပါပြီရှင်….☺️

ဒါကြောင့် အခုနောက်ပိုင်း အရမ်းကိုခေတ်စားနေတဲ့ အသားဖြူဆေးထိုးခြင်း အကြောင်းကိုရှင်းပြရင်း Kembangan ဆေးရုံကြီးမှာ ပြုလုပ်ပေးနေတဲ့ အသားဖြူဆေးအကြောင်းကို မိတ်ဆက်ပေးပါရစေ…

အသားဖြူဆေးလို့ဆိုလိုက်တာနဲ့ Chemical တွေကြောင့် အန္တရာယ်ရှိမလား ကင်ဆာဖြစ်မလားလို့ စိုးရိမ်တတ်ကြပါတယ်....

အသားဖြူစေဖို့အတွက် ဘေးကင်းစိတ်ချရတဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်တဲ့ Glutathione (အသားဖြူဆေး)ဟာ အသည်းမှာတွေ့ရှိရပြီး ခန္ဓာကိုယ်ထဲမှာ ဓာတ်တိုးစေတဲ့ အဆိပ်အတောက်များကိုချေဖျက်ပေးတဲ့ ခန္ဓာကိုယ်အကျိုးပြု ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ထောပတ်သီးတို့လိုမျိုးစားစရာတွေမှာလည်း တွေ့ရနိုင်ပါတယ်။

ကင်ဆာနဲ့ အသည်းရောဂါ၊ အာရုံကြောရောဂါတွေကို ကုသဖို့အတွက် Glutathione ကိုအသုံးပြုကြပါတယ်။ သူ့ရဲ့ နောက်ထပ်အားသာချက်တစ်ခုက အသားဖြူစေတာပါပဲ။ Glutathione ကို ဗီတာမင် C နဲ့ ရောစပ်ပြီး အသားဖြူစေဖို့အတွက် အလှအပကုသမှုတစ်ရပ်အနေနဲ့ အသုံးပြုကြပါသေးတယ်။ Glutathione က အသားဖြူစေနိုင်တဲ့အပြင် အသားအရောင်ကိုညစ်ညမ်းစေတဲ့ ဓာတ်ပစ္စည်းတွေထုတ်လုပ်မှုကို လျှော့ချပေးတာကြောင့်လည်း အသက်ကြီးလို့ဖြစ်လာတဲ့ အရေပြားပြဿနာတွေဖြစ်ကြတဲ့ အရေပြားမှာ အစက်အပျောက်တွေ၊ အရေးအကြောင်းတွေဖြစ်တာကိုပါ သက်သာစေနိုင်ပါတယ်။

ဒါ့အပြင် ကိုယ်ခံစွမ်းအားစနစ်ကို မြှင့်တင်ပေးပြီး အသည်းရဲ့ လုပ်ဆောင်မှုများကိုပါ တိုးမြှင့်ပေးပြီး အသားကိုညိုမည်းစေတဲ့ Melanin မထွက်နိုင်အောင်ဟန့်တားပေးခြင်းဖြင့် အသားအရည်ကိုဖြူစင်၀င်းပလာစေပါတယ်။

Collagen များပျက်စီးမှုကိုတားဆီးပေးခြင်းဖြင့် အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးပြီး အသားအရည်ကို တင်းရင်းနုပျိုစေတဲ့ သတ္တိပါပေးစွမ်းပါတယ်။

ကျွန်မတို့ Kembangan ဆေးရုံကြီး မှာတော့ အသားဖြူ၀င်းဖို့အတွက် Glutathione အပြင် Vitamin C နဲ့ Thioctic Acid သုံးမျိုးကို အကြောထဲ ထိုးသွင်ခြင်းဖြင့် ကုသပေးခြင်းဖြင့် Thioctic Acid ကလည်း Antioxidant အားဖြည့်ပေးတာမို့ နှစ်ဆပိုမို ဖြူ၀င်းစေပါတယ်ရှင်…

Vitamin C ပါ၀င်တဲ့အတွက် အသားဖြူစေရုံသာမက ၀က်ခြံနဲ့ အမဲစက်များပျောက်ကင်းစေပြီး ခန္ဓာကိုယ်ခုခံစွမ်းအား ပါမြှင့်တင်ပြီးသားဖြစ်သွားပါတယ်

(၁)ပတ်(၁)ကြိမ် ဆက်တိုက် သွင်းပေးရမှာဖြစ်ပြီး (၃) ကြိမ်မှ (၆) ကြိမ်လောက်ဆို စသိသာပါပြီ။နောက်ပိုင်းမိမိလိုချင်တဲ့ Skin Tone အထိ ရောက်အောင်ထိုးပေးရမှာဖြစ်ပြီး အနည်းဆုံး (၁၀)ကြိမ်ထိုးဖို့ ဆရာဝန် များက တိုက်တွန်းထားပါတယ်

ကဲ…အသားဖြူဆေး (Glutathione) အကြောင်းကို သိသွားပြီဆိုတော့ ကျွန်မတို့ Kembangan ဆေးရုံကြီးမှာ Whitening Injection (အသားဖြူဆေးထိုးခြင်း) ကုထုံးကို အကျွမ်းကျင်ဆုံးဆရာဝန်ကြီးတွေက အသက်သာဆုံးစျေးနှုန်းတွေနဲ့ ပြုလုပ်ပေးနေတဲ့အကြောင်းလေး သတင်းကောင်းပါးလိုက်ရပါစေရှင်.

ဒါကြောင့် ကိုရီးယားမလေးတွေလို ဖြူစင်ဝင်းပပြီးကြည်လင်တဲ့ အသားအရည်လေးပိုင်ဆိုင်နိုင်ဖို့ ခုပဲ Kembangan ဆေးရုံကြီးကိုအရောက်လာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါရစေရှင့်..

နောက်ထပ်ဗဟုသုတရစရာအကြောင်းအရာလေးတွေလည်းထပ်မံဝေမျှပေးသွားမှာဖြစ်လို့ Kembangan ဆေးရုံ Page လေးကို Like and See First လေးလုပ်ထားပေးပါဦးနော်…..🥰🥰

ဒါကြောင့် ဘယ်မှာမှမရနိုင်တဲ့ အသက်သာဆုံးစျေးနဲ ကိုရီးယားမလေးတွေလို ဖြူစင်ဝင်းပပြီးကြည်လင်တဲ့ အသားအရည်လေးပိုင်ဆိုင်နိုင်ဖို့ အခွင့်အလမ်းက ယူတို့ဆီကိုရောက်လာပြီဆိုတော့
စဥ်းစားမနေပဲ Kembangan ဆေးရုံကြီးမှာ အကျွမ်းကျင်ဆုံးဆရာဝန်ကြီးတွေနဲ့ ခုပဲလာရောက်တိုင်ပင်ဆွေးနွေးလိုက်တော့နော်…….🥰🥰
အလှအပချစ်သူ အမျိုးသား/ အမျိုးသမီးတိုင်း လက်မလွှတ်သင့်တဲ့ အခွင့်အရေးပါနော် . . .
အသေးစိတ် သိရှိလိုသည်များကို ‪09 772 458 611‬ / ‪09 795 899 634‬ သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်...
‪☎️☎️☎️☎️☎️‬
▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🏥Kembangan UHC Hospital🏥
ကမ်ဘန်ဂန် - ယူအိတ်(ချ်) စီ ဆေးရုံ
အမှတ်(439/441) ၊ တက္ကသိုလ်ရိပ်သာလမ်းသစ် ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️Tel- ‪01 540 661, 01‬ 549167, 09 795 899 634
📩Email: [email protected]
🌐Website: www.kembangangrpmm.com

12/11/2023

ဘယ်အသက်အရွယ်ကစပြီး Skin care သုံးလို့ရလဲ…❓ 🤔🤔

Glow Skin , Glass Skin ပိုင်ဆိုင်ဖို့ အသက်ငယ်ရွယ်သူတွေမှာ ဘယ်အရွယ်ကစပြီး Skin care သုံးလို့ရမလဲဆိုတဲ့ မေးခွန်းလေးကို မေးလေ့ရှိကြပါတယ်။အလွယ်ဆုံးပြောရရင်တော့ ဟော်မုန်းအပြောင်းအလဲများတဲ့ လူပျိုဝင်စ၊ အပျိုဝင်စ အသက်အရွယ်တွေမှာ စတင်သုံးစွဲနိုင်ပါတယ်။

မိန်းကလေးတစ်ယောက်ဟာ အသက် ၁၃-၁၄ အရွယ်မှာ ဟော်မုန်းစတင်ပြောင်းလဲပြီး၊ ယောကျာ်းလေးတစ်ယောက်ဟာ အသက် ၁၅-၁၆ အရွယ်တွေမှာ ဟော်မုန်းစတင်ပြောင်းလဲပါတယ်။ ဟော်မုန်းနဲ့အတူ အရေပြားလည်း စတင်ပြောင်းလဲလာပါတယ်။ ဒါပေမယ့် အတိအကျပြောရရင်တော့ Skincare တွေကို အသက်(၂၀)ကျော်မှသာ စတင်လိုအပ်ပါတယ်။ ။ဘာ့ကြောင့်လဲဆိုတော့ အရေပြားရဲ့ ရုန်းဆန့်နိုင်စွမ်း၊ အသားအရေ၊ ဟော်မုန်းအပြောင်းအလဲတွေကြောင့်ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် အသက်ကြီးလာလေ အရေပြားလိမ်းဆေးတွေ ပိုလိုအပ်လေဖြစ်လို့ဖြစ်ပါတယ်။ ဒါ့ကြောင့် ဝက်ခြံပေါက်တတ်သူဆိုရင် အသက်(၂၀)မတိုင်ခင် စတင်သုံးစွဲနိုင်ပြီး အသားအရေက ပုံမှန်အတိုင်းသာ ဖြစ်မယ်ဆိုရင် အသက်(၂၀)ကျော်မှသာ စတင်သုံးစွဲသင့်ပါတယ်။

ဒီလို သုံးတဲ့အခါမှာလည်း Skin Care Step တွေကိုနည်းလမ်းမှန်အောင်သုံးမှသာ ထိရောက်မှုရရှိမှာဖြစ်ပါတယ်။

✅ဒါဆိုရင် Skin Care တွေကို နည်းစနစ်ကျကျ ဘယ်လိုသုံးရမလဲဆိုရင်တော့

▪️Step (1) Cleansing
Skin Care စလုပ်ပြီဆိုရင်တော့ ပထမဆုံးအနေနဲ့ မိတ်ကပ်ဖျက်ဆေး ဒါမှမဟုတ် cleansing oilတွေ သုံးပြီး မျက်နှာပေါ်က အညစ်အကြေးတွေကို အရင်ဖယ်ရှားလိုက်ပါ။ နောက်ပြီးရင်တော့ ရေဓာတ်များများ ပါဝင်တဲ့ Cleanser သုံးပေးဖို့ လိုပါတယ်။ ဒါက အညစ်အကြေးတွေကို နှစ်ဆ သန့်စင်စေပါတယ်။

▪️Step (2) Toner
တိုနာကို ဂွမ်းစလေးနဲ့ ယူပြီး မျက်နှာမှာ ပွတ်တာမျိုး လုပ်နိုင်ပါတယ်။
တိုနာကတော့ ရေဓာတ်ကိုလည်း ဖြည့်တင်းပေးပြီး ချွေးပေါက်တွေ ကျယ်တာကိုလည်း သက်သာစေပါတယ်။

▪️Step (3) Essence or Serum
တိုနာ အဆင့်ပြီးပြီဆိုရင်တော့ Essence လိမ်းလို့ ရပါပြီ။ Essence ဟာလည်း Toner ၊ Serum နဲ့ သဘောတရားတူညီပါတယ်။ သူကတော့ ရေဓာတ်လည်း ဖြည့်ပေးသလို ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်သစ်ပြန်လည် ဖြစ်ပေါ်ဖို့ အထောက်အကူပြုပါတယ်။

▪️Step (4) Mask
Mask ကတော့ ပျိုပျိုမေလေးတွေ တစ်ပတ်ကို တစ်ခါ၊ နှစ်ခါလောက် ကပ်ကြတဲ့ ပစ္စည်းပါ။ Mask တွေဟာ အသားအရေထိန်းသိမ်းဖို့အတွက် အကောင်းဆုံး ဖြစ်ပြီး ကိုယ့်အသားအရေ အမျိုးအစားအလိုက် ရွေးချယ်လို့ ရနိုင်ပါတယ်။

▪️Step (5) Eye Cream
မျက်လုံးလေးတွေအတွက်လည်း Eye Cream လေး လိုအပ်တာပေါ့နော်။လက်ချောင်းလေးတွေနဲ့ ညင်သာစွာ လိမ်းပါခြင်းဖြင့် မျက်လုံးနားတဝိုက်မှာ မျက်ကွင်းညိုခြင်း၊ အရေးအကြောင်း ဖြစ်ခြင်းနဲ့ ရေဓာတ်လိုအပ်တာတွေကို ကောင်းမွန်စေပါတယ်။

▪️Step (6) Moisturizer
ရေဓာတ်အားဖြည့်ခရင်မ် (moisture) ကတော့ အသားအရေ ကြည်လင်တောက်ပစေပြီး စိုစိုလေး ဖြစ်နေစေမှာပါ။ Emulsion၊ Gel ပုံစံ အမျိုးမျိုး ရှိပါတယ်။ နေ့တိုင်းသုံးလို့ ရပါတယ်။

▪️Step (7) Sunscreen
နေလောင်ကာခရင်မ်(sunscreen)ကလည်း မရှိမဖြစ် လိုအပ်ပါတယ်နော်။ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကဲ…ဒါဆို Skin Care Step လေးတွေသေချာသိသွားပြီဆိုတော့ အပြင်ထွက်ဖို့ မိတ်ကပ်လိမ်းချင်မယ်ဆိုရင်လည်း ဘယ်အရာတွေ အရင်လိမ်းမလဲ သိဖို့လိုပါတယ်။

မနက်ခင်း မိတ်ကပ်မလိမ်းခင်မှာ Cleanser သုံးပါ။ ပြီးရင်Toner လေး ထပ်သုံးပါ။ နောက်တော့ Moisturizer နဲ့ Sunscreen လိမ်းပြီးမှ မိတ်ကပ်လိမ်းပါ။ ကိုယ်က Moisturizer မလိမ်းဘူးဆိုရင် Essence ဒါမှမဟုတ် Emulsion လေး လိမ်းလို့ ရပါတယ်။

ညဘက်ရောက်ပြီဆိုရင်တော့ မနက်က လိမ်းသမျှ မိတ်ကပ်တွေ ဖျက်ပြီး အပေါ်မှာပြောပြထားတဲ့ Skincare Step လေးတွေအတိုင်း အသားအရည်ကို ပြန်လည်ထိန်းသိမ်းနိုင်ပြီး နောက်ဆုံးတော့ Night Cream လေး လိမ်းလိုက်ပါ။ တစ်ပတ် တစ်ခါ၊ နှစ်ခါတော့ Mask တွေ သုံးနိုင်ပါတယ်။

ကျွန်မတို့ Kembangan ဆေးရုံကြီးမှာလည်း အသားအရည်အမျိုးမျိုးအတွက် အရည်အသွေးကောင်းမွန်ပြီး FDA ရရှိထားတဲ့ ကိုယ်ပိုင် Skincare အထူးထုတ်ကုန်တွေကို ရရှိနိုင်တဲ့အကြောင်းလေးလည်း သတင်းကောင်းပါးလိုက်ပါရစေရှင့်...🥰

ဒါဆိုရင်တော့ ဘယ်အသက်အရွယ်ကစပြီး skin care သုံးလို့ရလဲဆိုတာလေးနဲ့ Skincare Step လေးတွေအကြောင်းကိုသေချာသိသွားပြီဆိုတော့ ကြည်လင်လှပတဲ့ အသားအရည်လေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်….😘

ဗဟုသုတတွေတိုးသွားတယ်ဆိုရင် မသိသေးတဲ့သူလေးတွေပါ သိသွားစေဖို့ Post လေးကို Like And Share လေးလုပ်ပေးခဲ့ပါဦးနော်…
သိလိုတာလေးတွေလည်း Comment မှာမေးထားခဲ့လို့ရပါတယ်ရှင်….
နောက်ထပ် ဗဟုသုတရစရာတွေအများကြီးထပ်ပြီး ဝေ မျှပေးသွားဦးမှာဖြစ်လို့ Page လေးကို See first လုပ်ထားဖို့မမေ့နဲ့ဦးနော် ….🥰🥰

✨✨✨✨✨✨✨✨✨✨✨✨✨✨
Kembangan UHC Hospital
ကမ်ဘန်ဂန် - ယူအိတ်(ချ်) စီ ဆေးရုံ
အမှတ်(439/441) ၊ တက္ကသိုလ်ရိပ်သာ လမ်းသစ် ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
Tel- ‪01 540661,01 549167
Email: [email protected]
Website: www.kembangangrpmm.com

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Laser Tattoo Removal
Psoriasis/ဂျွတ်ပွေးနာ
PRP Treatment(Platelet Rich Plasma)
" လိင်အင်္ဂါ ကြွက်နို့ အကြောင်း "  ခေါင်းစဉ်ဖြင့် ▶️ ကြွက်နို့  ပုံသဏ္ဍာန် အမျိုးမျိုး▶️ ကြွက်နို့ ကုသပုံ နည်းလမ်းများ အ...
World Vitiligo Day 2022
World Vitiligo Day 2022
"လိင်ဆက်ဆံရာမှ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါများ " အကြောင်းကို ကမ်ဘန်ဂန် ယူအိတ်(ချ်)စီ ဆေးရုံမှ အရေပြားနှင့် ကာလသားရောဂါဆို...
❣️တက်တူးထိုးပြီးမှ မကြိုက်သောသူများ/ နိုင်ငံခြားသွားပြီး အလုပ်လုပ်ချင်ပေမယ့် တက်တူးထိုးထား၍ မသွားရသေးသော သူများအတွက် တက်...
KEMBANGAN - UHC HOSPITAL - Liposuction TreatmentLaser Assisted Liposuction( လေဆာ စက်ဖြင့် မလိုအပ်သော အဆီပိုများကို နာရီပ...
KEMBANGAN - UHC HOSPITAL - Liposuction Treatment

Category

Telephone

Address


No. 439-441. New University Avenue Road . Bahan Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Other Dermatologists in Yangon (show all)
Burma Beauty Aesthetic, Anti-Aging & Beauty Medical Center Burma Beauty Aesthetic, Anti-Aging & Beauty Medical Center
No. 212, U Wisara Road
Yangon, 11201

Beauty for your Life �

Happy skin Happy skin
No566, Thida Aye Main Road, Hlegu Township
Yangon

InstaSkin Aesthetic - အလှအပဆိုင်ရာဆေးခန်း InstaSkin Aesthetic - အလှအပဆိုင်ရာဆေးခန်း
No. 40(A), Mingalar Road, 13 Ward, South Oakkalapa Township
Yangon, 11091

Making you beautiful is our responsibility.

Ultra Care - Facial Aesthetics Clinic Ultra Care - Facial Aesthetics Clinic
No. 18, Waizayanta Road, 6th Ward, South Okkalapa Township
Yangon, 11091

Beyond Your Expectations

Ethicskin Dermatology & Aesthetic Clinic Ethicskin Dermatology & Aesthetic Clinic
No. 190/1 (B), Myinthar 11th Street, South Okkalapa Township
Yangon

Skin Diseases & Problems, Skin care, Aesthetic care

Moc Moc Medical Aesthetic Center - အရေပြားနှင့်အလှအပဆိုင်ရာစင်တာ Moc Moc Medical Aesthetic Center - အရေပြားနှင့်အလှအပဆိုင်ရာစင်တာ
Moc Moc Beauty Paradise, Times City Complex, Building 401, Hanthawaddy Road, Kamayut Township
Yangon, 11041

Moc Moc Medical Aesthetic Center opened under the same roof of moc moc beauty paradise in Times City

Ethicskin Derma Studio Ethicskin Derma Studio
No. 11, Shwe Ohn Pin Housing (2), Yanshin Road, Yankin Township
Yangon

Escape your everyday worries about skin and discover world of relaxation and experience skin and aest

Skin Loft Skin Loft
No. 26, Inya Road, Bahan Township
Yangon, 11201

We are a unisex Aesthetics and Dermatology Clinic that provides medical grade and customized treatmen

DSC Plastic Surgery, Aesthetic & Dermatology Clinic DSC Plastic Surgery, Aesthetic & Dermatology Clinic
G1/05, 1st Floor, Building C, Pearl Condo Corner Of Kabar Aye Pagoda Road And Sayar San Road, Bahan Township Yangon 11201
Yangon

Providing Plastic Surgery Treatment, Aesthetic Treatment & Dermatology Treatment with “Best Quality,

The Skin Studio Aesthetic Clinic & Wellness Center The Skin Studio Aesthetic Clinic & Wellness Center
No (15/B-1), Thit Sar Road, (13) Ward, Yankin Township
Yangon

Cozy skin care clinic for urban people in Yangon with modernized techniques • Medical Grade Facia

Cutie Lady Skin Care & Cosmetics Cutie Lady Skin Care & Cosmetics
အမှတ် ၁၂ ၊ ဦးဘဟန်လမ်း ၊ ဘီအိုစီမှတ်တိုင် ၊ သင်္ဃန်းကျွန်းမြို့နယ် ၊ ရန်ကုန်မြို့ ။
Yangon, 11211

Glass Skin Aesthetics Glass Skin Aesthetics
Glass Skin Aesthetics, 22F, Sein Lae Yeik Thar Street, New University Avenue Road
Yangon, 11201

Trust us for a luxe experience as we help you discover your true beauty …