GTTP - Art & Craft
Art supplies , craft and DIY , Party supplies
ပန်းချီ နှင့် craft သုံး
ပန်းချီနဲ့ပက်သက်လို့ ဘာပဲလိုလို GTTP-Art&Craft မှာရနိုင်တယ်ဆိုတာ သိပြီးကျပြီလား ⁉️⁉️
ရေဆေးပန်းချီကို စတင်လေ့လာဖို့အတွက်ပဲဖြစ်ဖြစ် Professional အတွက်ပဲဖြစ်ဖြစ်
လိုအပ်တဲ့ ပန်းချီဆေး၊ စုတ်တံ နဲ့ ရေဆေးပန်းချီစာရွက်/စာအုပ် အမျိုးမျိုး စိတ်ကြိုက်ဝယ်ယူနိုင်တဲ့အပြင် လတ်တလောပစ္စည်းအသစ်ရောက်ထားတာလေးကတော့
🖌️ပိုကြီးတဲ့ ဖန်တီးမှု
🖌️ပိုမိုကောင်းမွန်တဲ့ အသေးစိတ်မှု
🖌️ပိုမိုနက်ရှိုင်းတဲ့ ခံစားသက်ဝင်မှုတွေကို ပြသနိုင်ဖို့ ရေဆေးစက္ကူ 560*760 mm (၂၂လက်မ * ၃၀လက်မ) ကို Canson တံဆိပ် 190gsm နဲ့ Renaissance တံဆိပ် 200gsm ၂မျိုး ရရှိနိုင်ပါပြီ ခင်ဗျာ
#ရေဆေးစာရွက်
လက်မှုပညာအမျိုးမျိုးအတွက် All in one Sealer, Glue, Finisher ဆိုပြီး လူကြိုက်များတဲ့ Mod Podge ကို 4Oz (118ml) ဘူးလေးတွေ GTTP မှာ ရနိုင်ပါပြီ
သစ်သား၊ ဖန်၊ ကြွေထည်၊ သတ္တုနှင့် အထည်များအပါအဝင် အမျိုးမျိုးသော မျက်နှာပြင်များတွင် အသုံးပြုနိုင်တာကြောင့် DIY Project တွေမှာ လူကြိုက်များတဲ့ပစ္စည်းလေးပဲဖြစ်ပါတယ်။
ပရိဘောဂပစ္စည်းများအလှဆင်ခြင်း၊ Decoupage၊ Photo Transfer နဲ့ Texture Surface များဖန်တီးခြင်း အပြင် Sealing ၊ Gluing အနေနဲ့လဲအသုံးပြုနိုင်တာကြောင့် စွယ်စုံရ Craft Supply လေးဆိုလည်း မမှားပါဘူး ခင်ဗျ
Diorama, Miniature နဲ့ Terrarium တွေ ဖန်တီးတဲ့ အခါမှာ မြစ်/ချောင်း၊ ရေတံခွန် နဲ့ ရေကန် စတဲ့ ရေပြင်လေးတွေပြုလုပ်ဖို့အတွက် ရေအတုလေးကို GTTP မှာ Still water texture sheet နဲ့ Gel Type အထုပ်တွေ ရရှိနိုင်ပါပြီ ခင်ဗျ 🌊 🌊 🌊
Diorama Artist တွေအတွက် အခြားလိုအပ်တဲ့ပစ္စည်းလေးတွေလည်း ရရှိနိုင်တာကြောင့် လာရောက်ဝယ်ယူလိုပါက အမှတ်(၂၀၄) ၊ ဗိုလ်အောင်ကျော်လမ်း(မဟာဗန္ဓုလ နှင့် ကုန်သည်လမ်းကြား ဘလောက်) ၊ ဗိုလ်တထောင်။ မှာလာရောက်ဝယ်နိုင်သလို Page Messenger, Viber, Telegram တို့ကနေလဲ မှာယူနိုင်ပါတယ် ခင်ဗျာ 🖼️🖼️🖼️
Touch Marker ဆိုတာ ပုံဆွဲခြင်းနှင့် ဆေးရောင်ခြယ်ရန်အတွက် အထူးဒီဇိုင်းထုတ်ထားသည့် Marker Pen အမျိုးအစားဖြစ်ပြီး ထူးခြားသောအသွင်အပြင်နှင့် ဘက်စုံသုံးနိုင်တာကြောင့် အနုပညာရှင်များ၊ ဒီဇိုင်နာများနှင့် ဝါသနာရှင်များအကြားမှာ ရေပန်းစားပါတယ်
အရောင်စုံလင်(အရောင်မထပ်)ခြင်း၊ ကြာရှည်ခံခြင်းနဲ့ အသုံးပြုရလွယ်ကူပြီး နယ်ပယ်စုံအသုံးပြုကျတာကြောင့် Touch Marker လေးတွေကို အနည်းဆုံး အရောင်၃၀ ကနေ Doodler , illustrator, designer, architecturer တွေအကြိုက် ၂၆၂ရောင်ထိ အရောင်စုံစုံလင်လင်နဲ့ GTTP မှာ ရနိုင်ပါပြီ ခင်ဗျာ
မြန်မာ့ ဂီတတူရိယာထဲမှာ အခြေခံအကျဆုံးနဲ့ အလိုအပ်ဆုံးကတော့ စည်းနဲ့ဝါး ပါပဲ
မြန်မာ့ဂီတသီဆိုရာတွင်လည်းကောင်း၊တီးမှုတ်ရာ တွင်လည်းကောင်း၊ တေးသွား(နာရီချိန်)လှုပ်ရှားမှုအနှေးအမြန်၊ အဖြတ်အတောက်မှန်စေရန်၊ အဆိုနှင့်အတီး ကိုက်ညီမှုရှိစေရန်အတွက် ချိန်ညှိပေးသည့်တူရိယာအဖြစ် စည်းနှင့်ဝါးကိုအသုံးပြုကြပါတယ်...
အိမ်မှာ / ကျောင်းမှာ ဗဟုသုတအတွက်ပဲဖြစ်ဖြစ် ဝါသနာအရပဲဖြစ်ဖြစ် မြန်မာ့ဂီတအကြောင်းအရာတွေကို သားသား မီးမီးတို့လည်း သိရှိသင့်တာကြောင့် GTTP မှာ ပုံစံအသစ်နဲ့ စည်းနဲ့ဝါး ရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ
#စည်းနဲ့ဝါး #မြန်မာ
စာပဲရေးရေး၊ ပန်းချီပဲဆွဲဆွဲ ပရီမီယံခံစားမှုနဲ့ တာရှည်ခံမှုကိုပေးစွမ်းနိုင်တဲ့ သတ္တုကိုယ်ထည်ကို အသေးစိတ်အချက်အလက်တွေနဲ့ဖန်တီးထားတဲ့ Staedtler ရဲ့ Mechanical Pencil 925-35 လေး ပစ္စည်းရောက်ထားပါတယ် ခင်ဗျ
သက်တောင့်သက်သာဖြစ်စေတဲ့ ဒီဇိုင်းပုံစံကြောင့် ကြာရှည်အသုံးပြုနိုင်ပြီး ချောမွေ့တဲ့အရေးအသား တွေကိုပေးစွမ်းနိုင်တာကြောင့် အရည်အသွေးနဲ့အဆင်ပြေမှုကို တန်ဖိုးထားတဲ့လူတိုင်းအတွက် အထူးသင့်လျော်ပါတယ်။
အရည်အတွက်နည်းနည်းနဲ့ ရှားရှားပါးပါး Night Blue Series လေးရောက်ထားတာမို့ ကျောင်းသား၊ အနုပညာရှင် ဆရာများအတွက် ပြီးပြည့်စုံတဲ့ရွေးချယ်မှုဖြစ်စေတဲ့ Staedtler 925-35 လေးကို အခုပဲစမ်းသုံးကြည့်ပြီး တခြား Mechanical Pencil တွေနဲ့ကွာခြားချက်ကို ကိုယ်တိုင်ခံစားကြည့်လိုက်ပါ
#925-35
ပုံစံငယ်ပြုလုပ်ဖို့အတွက် လိုအပ်တာတွေထဲကတခုဖြစ်တဲ့ လူအရုပ်လေးတွေကို GTTP မှာ ရနိုင်ပါပြီ ခင်ဗျ
ဝါသနာအရပဲဖြစ်ဖြစ်၊ အလုပ်အတွက်ပဲဖြစ်ဖြစ် ကျယ်ပြန့်ပြီး လူသိများလာတဲ့ ပုံစံငယ်တည်ဆောက်ခြင်းမှာ ကိုယ့်ရဲ့လက်ရာလေးတွေကို ပိုမိုအသက်ဝင်စေချင်တယ်ဆိုရင်တော့ လူအရုပ်လေးတွေနဲ့မှအဆင်ပြေပါမယ်နော်။ 7.8cm, 4cm, 2cm ဆိုပြီး Size ၃မျိုး ရရှိနိုင်တာကြောင့် မိမိ Project ရဲ့လိုအပ်တဲ့အရွယ်အစားကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ် ခင်ဗျ
ပုံစံငယ်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ တခြားပစ္စည်းတွေကိုလဲ GTTP မှာ ရနိုင်တာကြောင့် Page Messenger ကနေမှာယူလို့ရသလို ဆိုင်မှာကိုယ်တိုင်လာရောက်ရွေးချယ်ချင်သူတွေအနေနဲ့
အမှတ်(၂၀၄) ၊ ဗိုလ်အောင်ကျော်လမ်း(မဟာဗန္ဓုလ နှင့် ကုန်သည်လမ်းကြား ဘလောက်) ၊ ဗိုလ်တထောင်မြို့နယ်မှာ လာရောက်ဝယ်ယူနိုင်ပါတယ် ခင်ဗျာ
William Winsor နဲ့ Henry Newton တို့မှ 1832 ခုနှစ်တွင် စတင်တည်ထောင်ခဲ့တဲ့ Winsor&Newton ဆိုတာ နှစ်ပေါင်း 180 ကျော် ကြွယ်ဝသော အမွေအနှစ်များနှင့်အတူ အနုပညာလောကမှာ ယုံကြည်ရတဲ့ နာမည်တစ်ခု ဖြစ်ပါတယ်။
ဆီဆေးပန်းချီနဲ့ပတ်သက်လာရင် Winton Oil Color ဟာလည်း အနုပညာရှင်များစွာအတွက် ထိပ်တန်းရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ အနုပညာလက်ရာတွေကို ပိုမိုအသက်ဝင်တောက်ပစေပြီး ကိုယ့်စိတ်ကြိုက်အရောင်တွေကို အလွယ်တကူရောစပ်ဖန်တီးနိုင်ပါတယ်။ ချောမွေ့တဲ့ဆေးသားက Glaze အတွက်ပဲဖြစ်ဖြစ်၊ Impasto အတွက်ပဲဖြစ်ဖြစ် သင့်လျော်ပြီး ပန်းချီဆေးအများစုဖြစ်တတ်တဲ့ အလင်းနဲ့ထိတွေတဲ့အခါမှာအရောင်မှိန်ခြင်းကိုလဲ ကာကွယ်နိုင်တာကြောင့် Winton ဆီဆေးနဲ့ဖန်တီးထားတဲ့ အနုပညာလက်ရာတွေက နှစ်ပေါင်းများစွာအထိ ထိန်းသိမ်းထားနိုင်မှာလဲ ဖြစ်ပါတယ် ခင်ဗျာ
လတ်တလော GTTP မှာရောက်ရှိထားတဲ့ 37ml Tube ရဲ့ အရောင်လေးတွေဆိုရင်လဲ ပိုမိုစုံလင်ပြီး အဓိကလိုအပ်တဲ့အရောင်တွေပဲဖြစ်တာကြောင့် Artist တို့အကြိုက် အစုံအလင်ရွေးလို့ရအောင် အမြန်ဆုံးလာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ
ရေဆေးပန်းချီကို အဆင့်မြှင့်တင်လိုသူ Artist တိုင်းအတွက် နဂိုမူလအရောင်ကို မပျောက်ပျက်စေဘဲ ကြာရှည်ခံတဲ့ အရည်အသွေးကြောင့် လူကြိုက်များကျတဲ့ Winsor & Newton Cotman Watercolor လေးတွေကို 21ml Tube နဲ့ အရောင်စုံကို GTTP မှာ ရရှိနိုင်ပါပြီ ခင်ဗျ 🤗🤗🤗
လိုက်လျောညီထွေမှုရှိပြီး ချောမွေ့တဲ့ဆေးသားကြောင့် ရှုခင်း၊ ပုံတူ နဲ့ စိတ်ကူးယဥ်အနုပညာ စတဲ့ဘယ်အရာတွက်မဆို အဆင်ပြေစေပါတယ်
ကိုယ့်ပန်းချီကားလေးတွေကို ကြာရှည်ခံပြီး အမြဲတမ်းအရောင်တောက်ပစေချင်တာက Artist တိုင်းရဲ့အိမ်မက်ဖြစ်တာကြောင့် ကိုယ့်ရဲ့အနုပညာလက်ရာတွေကို မြှင့်တင်လိုတယ်ဆိုရင်တော့ ဒီ Winsor & Newton Cotman Watercolor လေးက အထူးအသင့်တော်ဆုံးဖြစ်စေပါလိမ့်မယ် ခင်ဗျ 🎨🎨🎨
(ရနိုင်တဲ့အရောင်လေးတွေကို တပုံချင်းစီမှာသေချာဖော်ပြထားတာမို့လို့ ပုံလေးတွေကိုထောက်ကြည့်ပြီး ကိုယ်လိုချင်တဲ့အရောင် သေချာရွေးဝယ်လို့ရပါတယ် ခင်ဗျာ)
ခဲပန်းချီအတွက် Highlight နဲ့ အလင်းအမှောင်အတွက် မရှိမဖြစ် အရေးပါတဲ့ White Charcoal Pencil လေးကို Mont Marte တံဆိပ် ၃ချောင်းတွဲလေး GTTP မှာ ရနိုင်ပါပြီ ခင်ဗျာ
အလင်းနှင့်အမှောင်အကျိုးသက်ရောက်မှုများကို ကျယ်ပြန့်စွာဖန်တီးနိုင်ခြင်းက Mont Marte White Charcol Pencil တွေရဲ့ ထူးခြားတဲ့အရည်အသွေးတရပ်ပဲဖြစ်ပါတယ်
အရည်အသွေးမြင့်ပစ္စည်းတွေကို အသုံးပြုထုတ်လုပ်ထားပြီး တာရှည်ခံစေတာကြောင့် ဝါသနာရှင်ပဲဖြစ်ဖြစ်၊ ပညာရှင်ပဲဖြစ်ဖြစ် ဒီ Mont Marte White Charcoal Pencil လေးက သင့်ရဲ့အနုပညာလက်ရာတွေကို အဆင့်မြှင့်တင်ပေးနိုင်မှာ သေချာပါတယ်
Styrofoam တွေကို လိုချင်တဲ့အနေအထားရဖို့ ပုံသွင်းဖြတ်တောက်ရတာတွေမှာ အခက်အခဲရှိနေပြီလား? 🤔🤔
အနုစိတ်တဲ့ဒီဇိုင်းများနဲ့တိကျသောဖြတ်တောက်မှုတွေကို Styrofoam နဲ့လဲအလွယ်တကူပြုလုပ်နိုင်ဖို့အတွက် Styrofoam Cutter လေးပဲ လိုပါတယ် 🙆🏼🙆🏼
Styrofoam တွေကို ပုံဖော်တဲ့အခါမှာ အမှိုက်ပွတာနဲ့လိုတဲ့အတိုင်းအလွယ်တကူဖြတ်မရတာတွေက အခက်အခဲဖြစ်စေပါတယ်
အပူပေးထားတဲ့ ဝါယာအပူချောင်းလေးက ဖော့ကို ချောချောမွေ့မွေ့နဲ့တိကျသေချာစွာဖြတ်တောက်ပြီး ဖော့ကွဲထွက်ခြင်းကို မဖြစ်စေနိုင်တာကြောင့် ကျောင်းပရောဂျက်၊ အနုစိတ်အလှဆင်ခြင်း နဲ့ ပုံစံငယ်ပြုလုပ်ခြင်း စတဲ့နေရာတွေမှာ အသုံးဝင်လွန်းတဲ့ ပစ္စည်းလေးတခုပဲ ဖြစ်ပါတယ် 👍🏼👍🏼👍🏼
GTTP - Art & Craft
Art supplies , craft and DIY , Party supplies
ပန်းချီ နှင့် craft သုံး
page Messenger ကနေ ဆက်သွယ်ဖို့ အခက်အခဲရှိလာပြီဆိုရင် 🤔🤔
GTTP ရဲ့ Viber, Telegram, TikTok တို့ကနေလည်း ဆက်သွယ်လို့ရပါတယ် ခင်ဗျ
အိမ်ကနေ ကိုယ်တိုင်ရွေးချယ်ဝယ်ယူချင်တယ်ဆိုရင်တော့ shop•com•mm မှာလဲ GTTP ရှိနေပါတယ်ခင်ဗျာ
ကာကာတို့လိုအပ်တာတွေကို အမြဲမျက်ခြေမပြတ်သိရှိနိုင်ဖို့ Viber, Telegram တို့မှာ Channel တွေလဲ ရှ်ိသလို အခုလဲ TikTok Account လေးဖွင့်ထားပါတယ် ခင်ဗျ 😉😉
ဆိုင်မှာ လာရောက်ဝယ်ယူချင်ရင်လဲ 👇🏼👇🏼👇🏼
အမှတ်(၂၀၄) ၊ ဗိုလ်အောင်ကျော်လမ်း(မဟာဗန္ဓုလ နှင့် ကုန်သည်လမ်းကြား ဘလောက်) ၊ ဗိုလ်တထောင်။ မှာလာရောက်ဝယ်နိုင်ပါတယ် ခင်ဗျာ
📌 Google Maps Link - https://maps.app.goo.gl/cHLUSmmNtVtNUHmm7
📲 Viber Channel - https://invite.viber.com/?g2=AQBalq1tyKvNvFBvgIWcGmHgPA1lsje1n%2FZ5tMw0CdBKeRS%2BTlDYU6B5YHpAtflF
📲 Telegram Channel - https://t.me/goldentigertheinphyu
📲 Tik Tok - https://www.tiktok.com/.morethanstationery
🛒 shop•com - shop.com.mm/shop/golden-tiger-thein-phyu
May the divine light of Allah shine upon you and guide you on the path of righteousness. Eid Mubarak! 🌙✨"
တမေးတည်းမေးနေကျတဲ့ Brass Fastener လေးတွေ ပြန်ရောက်ထားပါတယ် ☺️
Crafter တွေ အတွက် မရှိမဖြစ်လိုအပ်ပြီးတော့ ရုံးသုံး၊ ကျောင်းသုံး လည်း အသုံးဝင်ပါတယ်။👌
Journaling သမားတွေ အတွက် ကိုယ်တိုင်ချုပ်စာအုပ်လေးတွေ၊ သားသားမီးမီးတွေအတွက် စက္ကူအရုပ်လေးတွေ စတဲ့ နေရာတော်တော်များများမှာ အသုံးဝင်တာကြောင့် တော်တော်များများကြိုက်ကျတဲ့ပစ္စည်းလေးပဲဖြစ်ပါတယ် ခင်ဗျ🫶
ပစ္စည်းကုန်တာမြန်တတ်ပြီး တခါတခါပစ္စည်းကုန်သွားရင်လဲ ရောက်ဖို့ကြာတတ်တာကြောင့် လိုအပ်တယ်ဆို မြန်မြန်လေးဝယ်ထားလိုက်တော့နော်👋👋👋
Watercolor ကို အခုမှစဆွဲမယ့်သူတွေအတွက်ကော ပန်းချီဝါသနာပါတဲ့ သားသားမီးမီးတို့အတွက်ကော အဆင်ပြေစေတဲ့ ဈေးသင့်ပြီး အရောင်ထွက်အားကောင်းတဲ့ Watercolor Cakes Palette လေးတွေ GTTP မှာ ရနိုင်ပါပြီ ခင်ဗျာ
လက်တကိုင်စာ Size နဲ့ Palette သီးသန့်လဲ ထပ်မလို်တဲ့အပြင် အမျိုးအစားတိုင်းစီမှာ Brush တချောင်းစီပါဝင်ပါတယ် ခင်ဗျာ
တကိုယ်ရည်သုံးဖို့ / လက်ဆောင်ပေးဖို့ အတွက်ပဲဖြစ်ဖြစ်၊ သင်တန်း နဲ့ ကျောင်းတွေအတွက်ပဲ ဖြစ်ဖြစ် Beginner ကနေစပြီး Professional အထိ ပန်းချီပစ္စည်းနဲ့ပက်သက်လို့ ဘာပဲလိုလို GTTP မှာ ရရှိနိုင်ပါတယ်နော်
GTTP-More Than Stationery တွင်
တာဝန်ထမ်းဆောင်ရန်
Cashier ဝန်ထမ်း (မ - ၁)ဦးအလိုရှိသည်။
📌အသက် - (18နှစ် မှ 26နှစ်)အတွင်း
📌ပညာအရည်အချင်း အထက်တန်းအောင်(သို့)ဘွဲ့ရ
📌ကျန်းမာရေးကောင်းမွန်သူ ၊ ကျောင်းကိစ္စကင်းရှင်းသူ
📌အခြေခံသင်္ချာနှင့် ကွန်ပျူတာကျွမ်းကျင်မှုရှိရပါမည်။
📌Cashierပိုင်းနှင့်ဈေးရောင်းSoftware(POS) ပိုင်းဆိုင်ရာ အတွေ့အကြုံအနည်းဆုံး (၁)နှစ်
📌Income, Expenses, Cash Transaction များနှင့်ပက်သက်၍ ပိုင်နိုင်စွာလုပ်ကိုင်နိုင်ရမည်။
(ဆိုင်၏ငွေကြေးလည်ပတ်မှုပုံစံများကို နားလည်အောင် ဆိုင်ဘက်မှသင်ကြားပေးမည်။)
အလုပ်ချိန် - (မနက် ၉း၀၀ မှ ညနေ ၆း၀၀)
တပတ်လျှင် စနေ(သို့)တနင်္ဂနွေ ပိတ်ရက် (၁)ရက် ရပါမည်။
လစာ+ အချိန်မှန်ကြေး+ ရက်မှန်ကြေး = ၂၄၀၀၀၀/-ကျပ် (၆လ ပြည့်ပြီးပါက ၃၀၀၀၀/- ကျပ် ထပ်တိုးပါမည်)
(မှတ်ချက်။ ။ ဗိုလ်တထောင်မြို့နယ် တွင် အလုပ်ဆင်းရမည်ဖြစ်သောကြောင့် လိပ်စာအဆင်ပြေသူများသာ လျှောက်ထားကြပါရန်)
စာရွက်စာတမ်းအပြည့်အစုံနှင့်အတူ အမှတ်(၂၀၄) ၊ ဗိုလ်အောင်ကျော်လမ်း(မဟာဗန္ဓုလ နှင့် ကုန်သည်လမ်းကြား ဘလောက်) ၊ ဗိုလ်တထောင်မြို့နယ် သို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။
ဖုန်း၊ ၀၉-၅၀၃၈၈၃၉၊ ၀၉-၉၅၆၇၁၅၂၇၆၊၀၉-၉၆၇၂၁၈၉၇၃။
GTTP တွင် တာဝန်ထမ်းဆောင်ရန်
Sale staff ကျား(၁)ဦး၊ မ(၁)ဦး အလိုရှိသည်။
အသက် 18နှစ် မှ 26နှစ် ကြား
ပညာအရည်ချင်း အနည်းဆုံး အခြေခံပညာအထက်တန်းအဆင့်
အခြေခံလစာ + ရက်မှန်ကြေး + အချိန်မှန်ကြေး = 200,000 Ks
ပိတ်ရက် တပတ်လျှင် စနေ (သို့) တနင်္ဂနွေ နားရက် ၁ရက်
ဗိုလ်တထောင်မြို့နယ်တွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး အလုပ်ခန့်ဖြစ်ပါက ၃ရက်အတွင်း အလုပ်ဆင်းနိုင်သူဖြစ်ရပါမည်။
လျှောက်ထားလိုပါက CV Form(ဓာတ်ပုံတပုံနှင့်အတူ) ၊ မှတ်ပုံတင်မိတ္ထူ၊ သန်းခေါင်းစာရင်းမိတ္တူ၊ ရပ်ကွက်အတွင်းနေထိုင်ကြောင်းထောက်ခံစာ တို့နှင့်
အမှတ်(၂၀၄) ၊ ဗိုလ်အောင်ကျော်လမ်း(မဟာဗန္ဓုလ နှင့် ကုန်သည်လမ်းကြား ဘလောက်) ၊ ဗိုလ်တထောင်မြို့နယ်။
သို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါတယ် ခင်ဗျာ
Styrofoam Ball တွေက လက်မှုပညာဆိုင်ရာ ပရောဂျက်များစွာအတွက် စွယ်စုံသုံးနိုင်သော ပစ္စည်းတစ်ခုဖြစ်ပြီး သင်ယူမှုနှင့် တီထွင်ဖန်တီးမှုများအတွက် အကောင်းဆုံးကိရိယာတခုဖြစ်ပါတယ်။ အလွယ်တကူ ဆေးခြယ်နိုင်/ ဖြတ်တောက်နိုင်ခြင်း အပြင် ကော်နှင့် အလှဆင်နိုင်ပြီး ကလေးများအတွက် ပစ္စည်းများအား ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ဒီဇိုင်းအမျိုးမျိုးကို စိတ်ကြိုက်ဖန်တီးနိုင်တာကြောင့် Fine Motor Skill ကို တိုးတက်စေဖို့ကူညီပေးနိုင်ပါတယ်။ Solar System၊ ဆဲလ်ဖွဲ့စည်းပုံများ စတဲ့ ပညာရေးဆိုင်ရာ ပရောဂျက်များတွင် အသုံးပြုနိုင်သလို အခန်းတွင်းအလှဆင်မှုတွေမှာလည်း အသုံးပြုနိုင်တာကြောင့် Styrofoam Ball တွေကို စာသင်ခန်းများ နှင့် အိမ်တွေမှာပါ ပျော်ရွှင်စရာကောင်းပြီး ဆွဲဆောင်မှုရှိသောနည်းလမ်းဖြင့် သင်ယူမှုကို အားပေးစေတာကြောင့် လူကြိုက်များတဲ့ ပစ္စည်းလေးလဲဖြစ်ပါတယ် ခင်ဗျာ
GTTP - Art & Craft
Art supplies , craft and DIY , Party supplies
ပန်းချီ နှင့် craft သုံး
သားသားမီးမီးတို့အတွက် Messy Play ဆိုတာ Sensory Development , Creativity နဲ့ Fine Motor Skill ကို အထူးကောင်းမွန်စေတာကြောင့် မဟန့်တားသင့်ပါဘူးနော်
Messy Play ဆိုတဲ့အတိုင်း ရှုပ်ပွနိုင်ပေမယ့် ဖေဖေ၊မေမေတို့အနေနဲ့ တတ်နိုင်တဲ့ဘက်က ကူညီပေးနိုင်ဖို့လိုအပ်ပါတယ်
Messy Play ဆိုပြီး အများစုသိကျတဲ့ Finger Painting, Playing with sand & clay အတွက် ရှုပ်ပွမှုအနည်းဆုံးဖြစ်စေဖို့ သားသား၊မီးမီးတို့အတွက် Apron လေးတွေရောက်ပါပြီ ခင်ဗျာ
ချစ်စရာကာတွန်းရုပ်လေးတွေနဲ့ Apron အပြင် လက်အစွပ်လေးတွေပါ ပါဝင်တာကြောင့် Messy Play ကို less Messy ဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ် ခင်ဗျာ
စာရွက်တွေ စာအုပ်တွေထဲမှာ လွတ်လွတ်လပ်လပ် မဆွဲရလို့ နံရံ နဲ့ ကြမ်းခင်းတွေပေါ်ကို ဟိုဆွဲ ဒီဆွဲ၊ ဟိုခြစ် ဒီခြစ် လုပ်ပြီး စိတ်ကြိုက်အနုပညာတွေကို ထုတ်ဖော်တတ်တဲ့ သားသားမီးမီးတို့ရှိနေပြီလား?
Graffiti scroll for children ဆိုတဲ့ အလိပ်လေးကတော့ သားသားမီးမီးတို့အကြိုက် ဆွဲချင်သလောက်ဆွဲ၊ ရောင်စုံခြယ်ဖို့ပုံလေးတွေလဲ ပါပြီးသားမို့ ခြယ်ချင်သလောက်ခြယ်နိုင်ဖို့ အတွက် အရှည် ၃မီတာ(၁၀ပေ)ထိ ရှိပြီး ကျောဖက်မှာ Sticker ပါတာကြောင့် နံရံပေါ်မှာကပ်မလား၊ ကြမ်းပြင်ပေါ်ကပ်မလား ကြိုက်တဲ့နေရာမှာ ကြိုက်သလို အနုပညာတွေဖန်တီးချင်တဲ့ ကလေးလေးတို့အတွက်သင့်တော်ပါတယ်။ အိမ်မှာပဲဖြစ်ဖြစ်၊ KG / Preschool တွေရဲ့ Art Activity တွေအတွက်ပဲဖြစ်ဖြစ် အဆင်ပြေတာကြောင့် ဖေဖေ၊မေမေတို့အပြင် တီချယ်တို့အတွက်လည်း အသုံးဝင်စေမှာ အသေချာပါပဲ ခင်ဗျ
GTTP - Art & Craft
Art supplies , craft and DIY , Party supplies
ပန်းချီ နှင့် craft သုံး
ပုံတွေရဲ့အရောင်တွေကို ဖယောင်းသားနဲ့ပဲ ပြင်ဆင်ခြယ်သချင်တယ်ဆိုရင်တော့ အသစ်ရောက်ရှိထားတဲ့
Staedtler Oil Pastels လေးကို
အထူးညွှန်းပေးချင်ပါတယ် ခင်ဗျ
ဆေးသားချောမွေ့ပြီး ရေစိုခံတယ် အရောင်ထွက်မှန်တဲ့အပြင် အလွယ်တကူမကျိုးစေဘူး ဆိုတော့ Artist လေးတို့ သိပ်ကြိုက်ကြမှာ အသေအချာပါပဲ
Fibre Tip Pen လေးနဲ့ ခြယ်ချင်တယ်ဆိုရင်တော့
Staedtler Luna Fibre Tip Pen လေးက Water based ink နဲ့ အရောင်ထွက်အားကောင်းပြီး၊ ကလေးတွေအသုံးပြုရင်လည်း အဆိပ်အတောက်လုံးဝမပါဝင်လို့ စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။ Washable ဖြစ်တာကြောင့် အဝတ်တွေမှာ မတော်တဆစွန်းသွားရင်လဲ အလွယ်တကူပြန်လျှော်နိုင်ပါတယ်။
Oil Pastel လေးကိုတော့ ၁၂ရောင်၊ ၂၅ရောင် (၂)မျိုးရနိုင်ပြီး Fibre Tip Pen လေးကတော့ ၁၂ရောင်ပါဘူးလေး နဲ့ ရနိုင်ပါပြီ ခင်ဗျာ
Doodle , illustration, design နဲ့ architecturers တွေရဲ့အကြိုက် Broad နဲ့ fine tip ၂ ဖက်ပါတဲ့ ODEMEI Touch markers လေးတွေ Instock ရောက်ပါတယ်ခင်ဗျ။
၁၂ရောင်၊ ၁၈ရောင်၊ ၂၄ရောင်၊ ၄၈ရောင် ၄မျိုးရှိပြီး Plastic Box လေးတွေနဲမို့ အသုံးပြုပြီးရင်လည်း ဟိုချဒီချမဖြစ်တော့ပဲ အဖုံးလေးပိတ် ဘူးထဲပြန်ထည့်ရုံပဲနော်
သယ်ဆောင်ရလွယ်ကူတဲ့ ဒီဇိုင်းကြောင့် ဘယ်နေရာမဆို အလွယ်တကူသယ်ဆောင်သွားနိုင်ပြီး ကိုယ့်ရဲ့အနုပညာလက်ရာတွေ ဖော်ထုတ်ဖို့ မခက်ခဲတော့ဘူးပေါ့
Classroom Decoration အတွက်ပဲဖြစ်ဖြစ်၊ Art & Craft , DIY Project တွေ အတွက်ပဲဖြစ်ဖြစ် ဘယ် Activities အတွက်မဆို အသုံးဝင်တဲ့ Felt Sheet နဲ့ Eva Foam Sheet လေးတွေကို Sizeစုံ အရောင်စုံ ရနိုင်ပါပြီ
ပျော်ရွင်စရာ ကျောင်းတွင်း Activity တွေနဲ့ အကန့်အသတ်မရှိတဲ့ စိတ်ကူးတွေကို စိတ်ကြိုက်ပုံဖော်နိုင်ချင်ရင်တော့ Art & Craft အတွက် လိုအပ်တဲ့ပစ္စည်းအစုံကို GTTP မှာ လာရောက်ဝယ်ယူဖို့ဖိတ်ခေါ်လိုက်ရပါတယ် ခင်ဗျာ
နှစ်သစ်ကူးအခါသမယမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများပြည့်ဝပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ခင်ဗျာ
Eid Mubarak ☪️ To You All
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No:204, Bo Aung Kyaw St (Between Mahar Bandula Road & Merchant Rd), Botahtaung Township
Yangon
Q4XG+6CYANGON
Opening Hours
Monday | 09:30 - 17:30 |
Tuesday | 09:30 - 17:30 |
Wednesday | 09:30 - 17:30 |
Thursday | 09:30 - 17:30 |
Friday | 09:30 - 17:30 |
Saturday | 09:30 - 17:30 |
Yangon, 11012
သိုးမွှေးလက်မှုပစ္စည်းများကိုလက်လီလက်ကားပြည်တွင်းပြည်ပအထိရောင်းချပေးနေပါတယ်သင်တန်းလည်းဖွင့်ထားပါတယ်❤️
Latha
Yangon
Dreamland of Art provide anime glass painting, acrylic and other art supplies.