ေရာင္စံုၿမန္မာခရီးသြား
Nearby travel agencies
11211
Botahtaung
မြင်သာ ၉ လမ်း၊ တောင်ဥက္ကလာပ မြို့နယ်။
Sayar San Road
South Oakkalarpa
Shwe Phi Khaing Nyar Street
Mahar Bandoola Garden Street
11
North Dagon Myothit
2017424
11121
11050
ဗုဒ္ဓဂယာ နှင်. ပြည်တွင်း ပြည်ပ ဘုရား?
ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာအခါတော်နေ့)
***********
ဗုဒ္ဓဘာသာ၀င်များအတွက် #ဝါဆိုလပြည့်နေ့သည် နေ့ထူးနေ့မြတ် ဖြစ်သည်။
( သန္ဓေ, တောထွက်, ဓမ္မစက်, ဟောမြွက်သံချို လ-ဝါဆို)
#ဝါဆိုလပြည့်နေ့၏ထူးခြားချက်များ
မြန်မာ့ရိုးရာ ၁၂ လ ရှိသည်အနက် ဝါဆိုလပြည့်နေ့သည် -
၁။ ဂေါတမ ဘုရားလောင်း #ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၂။ ဂေါတမဘုရားလောင်း #တောထွက်တော်မူသောနေ့ဖြစ်၍ထူးခြားခြင်း၊
၃။ ဂေါတမ ဘုရားလောင်း #ဓမ္မစင်္ကြာတရားဦးစတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၄။ ရေမီး အစုံစုံတို့ဖြင့် #တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၅။ #ဘုရားအဖြစ်ကို၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၆။ #တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၇။ #သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၈။ #ဧဟိဘိက္ခု ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။
ဓမ္မစင်္ကြာဟောသောနေ့မှာ သံဃာရတနာအစဦးစွာ ပေါ်ပေါက်လာသည်ဖြစ်ခြင်းကြောင့်
ဝါဆိုလပြည့် ဓမ္မစင်္ကြာနေ့ ဝါဆိုလပြည့် #သံဃာရတနာနေ့လို့ ဆိုရမှာဖြစ်ပါတယ်။
ထိုထိုအကြောင်းများကြောင့် ဝါဆိုလပြည့်နေ့ကို ဗုဒ္ဓဘာသာ၀င်တို့က နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ဤနေ့ထူးနေ့မြတ်တွင် ပါ၀င်သော ဓမ္မစကြာတရား ဟောတော်မူသည့် ဝါဆိုလပြည့်နေ့ကို #ဓမ္မစင်္ကြာအခါတော်နေ့ဟူ၍ သတ်မှတ်ထားသည်။
🙏ဘုရားရှင်သည် ဓမ္မစင်္ကြာတရားတော်ကို မိဂဒါဝုန်တောရှိ ပဉ္စ၀ဂ္ဂီ ၅-ဦးကို ဟောပြောတော်မူခဲ့သည်။
🙏ယင်းသို့ဟောပြောရာတွင် ပဉ္စ၀ဂ္ဂီ ၅-ဦးနှင့်အတူ နတ်ဗြဟ္မာ ၁၈-ကုဋေတို့ နာယူကြသည်ဟူ၍ ကျမ်းဂန်၌ ဆိုထားသည်။
🙏ဓမ္မစကြာတရားခေါ် ဓမ္မစင်္ကြာသုတ္တန်သည် အလွန်ထူးမြတ်သည်။ ဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ဦးဦးဖြားဖြား ဟောကြားတော်မူသော တရားဒေသနာတော် ဖြစ်သည်။ ဤဓမ္မစကြာသုတ္တန်ကို ပိဋကတ်ကျမ်းဂန်များ၌ ဓမ္မစက္က ပ၀တ္တန သုတ္တန်ဟူ၍ ခေါ်ဆိုထားသည်။
ဓမ္မစင်္ကြာတရားတော်တွင် ရှေးဦးစွာ ဝဲယာ #အစွန်းနှစ်ပါးကိုရှောင်ကြဉ်ရန် ဟောပြောထားသည်။
ဝဲယာအစွန်းနှစ်ပါး ဟူသည် #ကာမသုခလ္လိကာနုယောဂ တည်းဟူသော ကာမဂုဏ်ချမ်းသာတို့ကို ခံစားပျော်ပါးခြင်း၊
#အတ္တကိလမထာနုယောဂ တည်းဟူသော မိမိကိုယ်ကို ဒုက္ခပေး၍ ကျင့်ကြံအားထုတ်ခြင်း၊
ယင်း ၂-ပါးတို့ကို ရှောင်ကြဉ်၍ နိဗ္ဗာန်ချမ်းသာ ရရှိရေးအတွက်ကို #မဇ္ဈိမာပဋိပဒါ အလယ်လမ်းစဉ် ဖြစ်သော #မဂ္ဂင်ရှစ်ပါးကို ကျင့်ကြံအားထုတ်ရန် ညွှန်ပြတော်မူသည်။
#မဂ္ဂင်ရှစ်ပါး ဟူသည်-
(၁) #သမ္မာဒိဋ္ဌိ=ကောင်းမြတ်စင်ကြယ်သော သိမြင်မှု။
(၂) #သမ္မာသင်္ကပ္ပ=ကောင်းမြတ်စင်ကြယ်သော ကြံစည်မှု။
(၃) #သမ္မာဝါစာ=ကောင်းမြတ်စင်ကြယ်သော ၀စီကံမှု။
(၄) #သမ္မာကမ္မန္တ=ကောင်းမြတ်စင်ကြယ်သော ကာယကံမှု။
(၅) #သမ္မာအာဇီ၀=ကောင်းမြတ်စင်ကြယ်သော အသက်မွေးမှု။
(၆) #သမ္မာဝါယာမ=ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု။
(၇) #သမ္မာသတိ=ကောင်းမြတ်စင်ကြယ်သော အောက်မေ့မှု။
(၈) #သမ္မာသမာဓိ=ကောင်းမြတ်စင်ကြယ်သော တည်ကြည်မှု-တို့ ဖြစ်သည်။
ထို့နောက် ဆက်လက်၍ သစ္စာလေးပါးကို ဟောတော်မူသည်။
#သစ္စာလေးပါးကား-
(၁) ဆင်းရဲအမှန်ဟူသော #ဒုက္ခသစ္စာ။
(၂) ဆင်းရဲဖြစ်ကြောင်းအမှန်ဟူသော #သမုဒယသစ္စာ။
(၃) ဆင်းရဲချုပ်ငြိမ်းရာအမှန်ဟူသော #နိရောဓသစ္စာ။
(၄) ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအမှန်ဟူသော #မဂ္ဂသစ္စာ-ဟူ၍ ဖြစ်ပါသည်။
ဘုရားရှင်က ဤတရားတို့ကို ပူဇော်မှု၊ ယုံကြည်မှု သက်သက်မျိုး မဟုတ်ဘဲ ကိုယ်တိုင် ကျင့်ကြံပွားများ အားထုတ်ရမည်ဟူ၍လည်း ညွှန်ပြထားတော်မူသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤနေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် ဓမ္မစကြာတရားတော်ကို ဆင်ခြင်သုံးသပ်၍ ကိုယ်တိုင် တတ်စွမ်းသမျှ ကျင့်ကြံပွားများ အားထုတ်သင့်ပေသည်။ အထူးသဖြင့် သစ္စာလေးပါးတွင်
🙏 #ဒုက္ခသစ္စာကိုပိုင်းခြား၍သိရမည်။
🙏 #သမုဒယသစ္စာကိုပယ်ရမည်။
🙏 #နိရောဓသစ္စာကိုမျက်မှောက်ပြု(ဆိုက်ရောက်)ရမည်။
🙏 #မဂ္ဂသစ္စာကိုပွားများရမည်-ဟူသော အချက် ၄-ချက်ကို ခန္ဓာဉာဏ်ရောက် နှလုံးသွင်း၍ လေ့လာမှတ်သား ပြုကျင့်သင့်ပေသည်။
တရားချစ်ခင် သူတော်စင် အပေါင်းတို့သည် အယူမှား ယုံမှား အကျင့်မှားတို့မှ လုံး၀ကင်းစင်ပြီး
မြတ်ဗုဒ္ဓ ရဲ့ တရားတော် အတိုင်း ကျင့်ကြံပွါးများနိုင်တဲ့
သူတော်ကောင်းသူတော်မြတ်များ ဖြစ်ကြပါစေ။
ဓါတ်ပုံ🙏 အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့အနီးရှိ မိဂဒါဝုန်တောအုပ်နေရာ
(မြတ်စွာဘုရားရှင်က ဓမ္မစင်္ကြာတရားဦးဟောကြားခဲ့ရာ နေရာ)
Click here to claim your Sponsored Listing.
ရောင်စုံမြန်မာ
ရောင်စုံမြန်မာခရီးသွားသည် အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသရှိ ဗုဒ္ဓဂယာနှင်. နီပေါနိုင်ငံ လုမ္မီနီဒေသများသို.ဘုရားဖူးခရီးစဉ်များ အပါအ၀င် ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များကို စီစဉ် ပို.ဆောင်ပေးလျက်ရှိပါတယ်။ “စစ်မှန်သော သဘာ၀တရားတွေကို ထိတွေ.ခံစားရင်း ၊ အမှတ်ရဖွယ်ကောင်းသော ခရီးများဖြစ်စေဖို. ရောင်စုံမြန်မာနှင်.ခရီးသွားကြပါစို.”
Videos (show all)
Category
Contact the business
Telephone
Address
Yangon
Opening Hours
Monday | 09:30 - 17:00 |
Tuesday | 09:30 - 17:00 |
Wednesday | 09:30 - 17:00 |
Thursday | 09:30 - 17:00 |
Friday | 09:30 - 17:00 |
Room 4-B, Kan Road Condominium, No. 90 , Kan Road, Ward ( 10) , Hlaing Township 11051
Yangon
Explore the nature & enjoy the culture with Seven Star Tours
No. 57 Room (4) Min Din (7)Street Thuwanna Thingangyun Township
Yangon, 11071
⬆️24 / 7 အချိန်မရွေး လေယာဥ်လက်မှတ်ရောင်းချပေးနေတဲ့ Go & Sky Travels Find The Adventure With Us.⬆️
No. 180, 49th Street (Upper Block), Pazundaung Township
Yangon
Travel with us. Our team will assist you with your travel queries.
Building B, Room 106 (Ground Floor), Yadanar Street, Yadanar Housing, South Okkalapa Township
Yangon
Inbound License : T/I - 2958 Outbound License : T/O - 0834
18, Second Floor, Bo Sein Hman Street, Bo Sein Hman Quarter, Bahan Township
Yangon, 11241
✈ Worldwide Visa Services, International Tour Packages Arrangement, Guide & Car Rental Services
Thayettaw Street
Yangon
Visa Application Air Ticket and Apartment available in UAE.
No. 10, 5F (5B), Oo Yin Street, Kyauk Myaung, Tamwe
Yangon, 11211
ချမ်းမြေ့ပျော်ရွှင် Yuko ခရီးစဉ်
No. 52-B, 2nd Floor, Myaynigone Zay Street
Yangon, 11111
Let's Travel Together