Nature Living Floors Co.Ltd
Nearby home improvement businesses
Kha Yay Myaing Street
Thu Dhamar Road
J-20 Thiri Yadanar Wholesale Market
North Oakalapa
North Okkalapa Township
Thudhamma Road
Best in Singapore Wood Flooring Brand selling Laminate, Vinyl, SPC and Teak Parquet for supply and installation for one-stop service.
Why choose Nature Living Floors? Focus on innovation
The integral part of Nature Living Floors brand is innovation. Targeting the new innovation can help not only on tracing the new trend of the product but also on developing our partnerships and production efficiency. Obtain advice from experienced designers and specialists
The specialists at Nature living Department have many experiences in th
သီတင်းကျွတ် မင်္ဂလာအခါသမယတွင်
.,Ltdမှ Parquet များကို
ယုံကြည်စိတ်ချစွာ အစဉ်အားပေးကြသော Customer
များနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ကျန်းမာ
ရွှင်လန်းကြပါစေကြောင်း ကျွန်တော်များ Nature Living
Floors Co ,Ltd မိသားစုမှ ဆုတောင်း မေတ္တာ ပို့သအပ်
ပါတယ်ခင်ဗျာ🙏🙏🙏
အားလုံးသော မိတ်ဟောင်းမိတ်ဆွေ ကာစတန်မာ
များအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ကပ်ဆိုး
ဘေးဆိုးအခက်အခဲများအားလုံးကင်းဝေးကြပါစေ
လို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ
🙏🙏🙏
အခု site လေးကတော့ အပေါ်ကခင်းထားတဲ့
အိမ်လေးပါအပေါ်ထပ်ခင်းပြီးတော့သဘောကျ
အဆင်ပြေလို့ဆိုပြီးအောက်ထပ်ပါထပ်ခင်းပြီး
အားပေးသွားတာပါ
အဆင်ပြေသဘောကျတယ်ဆိုလို့ကျေးဇူးအများ
ကြီးတင်ပါတယ်ခင်ဗျာ🙏
ကြမ်းခင်းနှင့်ပတ်သက်လို့
#ကျွန်းပါကေး
#ကိုရီးယားပါကေးLaminateFloor
အစရှိတဲ့ကြမ်းခင်းအတွက်ဆိုတစ်နေရာထဲမှာ
one stop service နှင့် အစုံရရှိနိုင်တဲ့ ကျနော်တို့
မှာ ဝယ်ယူသည်ဖြစ်စေ
မဝယ်ယူသည်ဖြစ်စေ လာရောက်ဆက်သွယ်
ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ခင်ဗျာ
အခမဲ့ကျင်းတိုင်းပေးခြင်း⚒️📏📐၊ ကုန်ကျစရိတ်
တွက်ချက်ပေးခြင်း💵🧮နှင့် ကြမ်းခင်း Topping
စစ်ဆေးခြင်း 🔨🔧စတဲ့ဝန်ဆောင်မှုများက်ိုလည်း
အခမဲ့✅ရယူနိုင်ပါတယ်ခင်ဗျာ
လိုအပ်လိုဆက်သွယ်လိုလျင်တောါအောက်ပါဖုန်းနံ
ပါတ်များကိုအချိန်မရွေးဆက်သွယ်နိုင်ပါတယ်
ခင်ဗျာ
🚘🚘🏢🏢D-25 သီရိရတနာလက္ကားစျေး
သုဓမ္မာလမ်းမကြီးမြောက်ဥက္ကလာပမြို့နယ် ရန်ကုန်မြို့
📱📱 09421017636/09257455540/09257455560
နံပါတ်များသို့လည်းအချိန်မရွေးဆက်သွယ်နိုင်ပါ
တယ်ခင်ဗျာ
Nature Living Floors ကိုစဉ်ဆက်မပြတ် အားပေးကြသော မိတ်ဟောင်းမိတ်သစ် customers များအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ကျွန်တော်တို့ Nature Living Floors မိသားစုမှဦးစွာပထမ ဆုတောင်းအပ်ပါတယ်ခင်ဗျာ
🙏🙏🙏
ပိတ်ရက်လေးအတွင်းလွန်ခဲ့သောလေးနှစ်လောကိကခင်းပေးထားဖူးသောဟိုတယ်ပိုင်ရှင်အကိုနှင့်အမတို့မှဆက်သွယ်လာပြီးမြောက်ဥက္ကလာပမြို့နယ်မှာရှိသောအိမ်တစ်လုံးကိုခင်းပေးထားသောSPC5.5mmအခင်းလေးပါကြမ်းခင်းအပြင်လှေကားလးလေပါအထူးသပ်ရပ်လှပအောင်အကောင်းဆုံးကာစတန်မာစိတ်ကြိုကိဖြစ်အောင်ခင်းပေးခဲ့တာလေးပါခင်ဗျာ
အခြေအနေအရပ်ရပ်ကြောင့် post လေးတွေ ခပ်စိပ်စိပ်လေးမတင်ဖြစ်တာကြောင့်ချစ်လှစွာသောကာစတန်မာမိတ်ဟောင်းမိတ်သစ်များနှင့်ဝေးကွာသလိုဖြစ်နေရပါတယ်
Post လေးတွေတင်တဲ့အခါကြရင်ကျေးဇူးပြု့ပြီး Like & Share လေးတွေနှင့်ကူညီအားပေးကြပါအုံးနော်
🙏🙏🙏
D-25 သီရိရတနာလက္ကားစျေးသုဓမ္မာလမ်းမကြီး
မြောက်ဥက္ကလာပမြို့နယ်
09421017636/09257455540/09257455560
ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ
……………………………………………………
ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ
သန္ဓေ တောထွက် ဓမ္မစက်
မိန့်မြွက်သံချို လဝါဆို တဲ့
ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော
ဝါဆိုလပြည့်နေ့
( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား
ပဋိသန္ဓေ နေသောနေ့
( ၂ ) ဘုရားလောင်း တောထွက်
တော်မူသောနေ့
( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ
စတင်ဟောတော်မူသောနေ့
( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့
( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့
( ၆ ) တရားရတနာ စတင်ပေါ်သောနေ့
( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့
( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်
ကူးပြောင်းခွင့်ကြုံသောနေ့
( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို
စတင်ကြားရသောနေ့
ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်
~~~~~~~~~~~~~~~~~~~~~
ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့
စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်း
တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခု
ကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတ
ဥာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်တော်
မူလေသည်။ ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏
လျှောက်ထားတောင်းပန် ချက်အရ အဘယ်သူ့ကို
တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။
ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဥာဏ် ဣနြ္ဒိယပ
ရောပရိယဥာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။
ပထမဦးစွာစျာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့
ဆရာကိုမြင်၏ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီး
ဖြစ်သည် ထိုမှတစ်ဆင့် ဥဒကရသေ့ဆရာကို
မြင်တော်မူလေသည် ဥဒကရသေ့လည်း ကွယ်
လွန်ခဲ့ပြီဖြစ်၏။
ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား
တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။
ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည်
သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ
သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။
ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့
ခရီးဆက်တော်မူလေသည်။
အစားနည်းသောအကျင့်မှ များသောအကျင့်သို့
ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု
ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်း
အား စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့
ရောက်ခဲ့ ကြလေသည်။
မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏
ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင်
အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်းဝတ်ရုံလျက်
ပင်ဝင်လာတော်မူ၏။
ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ်
ကြည်ညိုဖွယ်ရှိ၏ သို့ဖြစ်ရာ ပဉ္စဂ္ဂီတို့သည် ခရီး
ဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။
အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏
ဆည်းဆာညချမ်း ဖြစ်သည်။
သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။
မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်
ပြီးလျက်ရှိ၏ ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည်
ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်
ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်
တော်မူုလိုက်၏။ ဤကား တရားဦးဟောရန်ဖိတ်ခေါ်
သံ အစတည်း။
ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်
ထို့ပြင် သဒ္ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများ
ဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏
နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။
ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူ
ကြောင်းမိန့်ကြား၏ တရားနာယူကြရန်လည်း တစ်ဆက်
တည်းတိုက်တွန်း၏ သို့သော်မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏ မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။
ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကို
ဟောကြားတော်မူလေသည် ထိုတရားတော်၏
အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ
အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌
တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။
ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌
အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ
တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။
ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက်
ကြလေသည်။ ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင်
မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကို
ဟောကြားတော်မူခဲ့သည်။
ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်
ထိုနေ့ကို လည်း '' ရဟန္တာ '' ဟု ဗုဒ္ဓဘာသာဝင်တို့
သတ်မှတ်ယူကြကုန်သည်။
သောနေ့ဖြစ်၍ '' ဓမ္မစကြာနေ '' ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌာတု
Ref:original
( ၇၇ ) နှစ်မြောက် အာဇာနည်နေ့ကို
လေးစားစွာဂုဏ်ပြုအပ်ပါသည်
Nature Living Floors ကိုစဉ်ဆက်မပြတ် အားပေးကြသော မိတ်ဟောင်းမိတ်သစ် customers များအားလုံး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ကျွန်တော်တို့ Nature Living Floors မိသားစုမှဦးစွာပထမ ဆုတောင်းအပ်ပါတယ်ခင်ဗျာ🙏🙏🙏
🛎️ 🛎️ အခြေအနေအကြောင်းအရာလေးတွေတစ်ချို့ကြောင့် post တင်တာလေးတွေ လျော့ထားခဲ့တာကြာတော့ ချစ်တဲ့ ❤️customers တွေနဲ့ အနေဝေးပြီးသွေးအေးသလိုဖြစ်သွားမှာစိုးလို့ 😍 post လေးတွေတင်ခွင့်ပြု့ပါနော်
🏠🏠
အခုခင်းနေတာလေးကတော ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် Ayar Chanthar Condo မှာ ခင်းနေတဲ့ floor 5.5mm project လေးဖြစ်ပါတယ်
📎📎📎
ဒီ design လေးရဲ့အားသာချက်ကတော့ခင်းပြီးသွားရင် ကျွန်းလျှာထိုးပါကေးခင်းထားသလို မျိုးခံစားရမှာဖြစ်ပါတယ်
SPC floor ကြမ်းခင်းပါကေးများဟာဆိုရင်တော့ ရေစိုရေစိမ်အကြမ်းခံပြီး တော်တန်ရုံ အဆင်းရာအခြစ်ရာများကိုလည်းခံနိုင်ရည်ရှိပါတယ်။ အစိုဓါတ်များပြီး
ခြကဲ့သို့သော အင်းဆက်ပိုးမွှားများရဲ့ အန္တရာယ်ကိုလည်းစိုးရိမ်စရာမရှိပါဘူး
ဒါကြောင့်မိမိတို့အိမ်မှာ ကြမ်းခင်းအသုံးပြုရန်အတွက်စဉ်းစားမယ်ဆိုရင် Nature Living Floors ကိုသတိတရဆက်သွယ်လိုက်ပါနော်
🛠️🪚⚙️ အိမ်အရောက်အခမဲ့
ကျင်းတိုင်းပေးခြင်း
အောက်ခံကြမ်းခင်းစစ်ဆေးပေးခြင်း
ကုန်ကျစရိတ်တွက်ပေးခြင်း
အစရှိတဲ့ဝန်ဆောင်မှုများကိုအခမဲ့ရယူလိုက်ပါနော်
🗣️ ဆက်သွယ်စုံစမ်းရန်အတွက်
📱09421017636/09257455540/09257455560
သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ
ကိုယ်တိုင်လာရောက်လေ့လာမယ်ဆိုလျင်တော့
🏢 D-25 သီရိရတနာလက္ကားစျေး သုဓမ္မာလမ်းမကြီးအောင်မင်္ဂလာအဝေးပြေးအနီး မြောက်ဥက္ကလာပမြို့
Hello 🤚
ကဲ ကဲ ကဲ ဒီတစ်ခါတော့ admin တို့အကြွား post
လေးတင်မယ်နော် 😍😍
လှိုင်သာယာစက်မှုဇုန်မှာရှိ တဲ့ office ကို ကျွန်တော်တို့ site visit သွားလေ့လာပြီး အစစအရာရာညှိနှိုင်းပြီးသဘောတူလက်ခံခဲ့တာက ရှိပြီးသားကြမ်းခင်းအဟောင်းကြီးကို စက်စားဆေးပြန်ဆွဲ လုပ်ပေးဖိုပါအလုပ်စဝင်ပြီး နောက်ပိုင်းအဆင်ပြေတယ်ဆိုတာနဲ့အပေါ်ထပ်အောက်ထပ် ရှိသမျှပြတင်းပေါက် တစ်အိမ်လုံးရှိသမျှတံခါးမကြီးတွေ လှေကားအပါအဝင်လှေကားအိမ်အဆုံး အားလုံးအပ်လာတဲ့အတွက်ကျေးဇူးအထူးတင်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်🙏
* ၏ vision အတိုင်း ကာစတန်မာစိတ်တိုင်းကျစေရန် ပစ္စည်းအရည်းအသွေး လက်ရာကောင်းမွန်သေသပ်စေရန် * စတဲ့အခက်တွေအတိုင်းပြီးမြောက်အောင်မြင်ခဲ့တဲ့အတွက် ဝမ်းသာပျော်ရွှင်ရပါတယ်ခင်ဗျာ
လုပ်ငန်းလိုအပ်ချက်အရ လိုအပ်လျင်ရင်လိုအပ်သလို မညည်းမညူ ကူညီလုပ်ကိုင်ပေးသောကျွန်တော်တို့အဖွဲ့သားအားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်
အလုပ်တွေအမြဲတမ်းပေးသော companyမှ တာဝန်ရှိလူကြီးမင်းများအားလုံးကိုလည်းအထူးအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ
အလုပ်အကိုင်အခွင်အလမ်းများလည်း ဆထက်တိုးပွါးအောင်မြင်ပါစေ🙏🙏🙏
#ကျွန်းပါကေး
D-25 သီရိရတနာလက္ကားစျေး သုဓမ္မာလမ်းမကြီး
အောင်မင်္ဂလာအဝေးပြေးအနီး မြောက်ဥက္ကလာပမြို့နယ်ရန်ကုန်မြို့
📲 09421017636
📲09257455540
📲09257455560
ဝ
Good Morning ☀️ to you all
ကျွန်တော်တို့ Nature Living Floors ရဲ့ မင်္ဂလာရှိသော
နှစ်သစ်အစ project လေးဖြစ်ပါတယ်
ဝေဇယန္တာလမ်းမကြီးနှင့် မေတ္တာလမ်းထောင့်မှာတည်ရှိ
သော project လေးပါ
ကျွန်းပါကေး 💯 % ပေါင်းသားစစ်စစ် ၉” x ၃” x ၁” ထု
ကိုအသုံးပြု့ထားပါတယ်
ကော်ကိုတော့ Singapore 🇸🇬 မှသွင်းထားတဲ့ 7009
ကိုအသုံးပြု့ထားပါတယ်
Coating ဆေးကိုလည်း Singapore 🇸🇬 Brand
Sparco အမျိုးအစားကိုအသုံးပြု့ မှာဖြစ်ပါတယ်
ယုံကြည့်မှု့အပြည့်နှင့်လက်တွဲ လုပ်ကိုင်ပေးတဲ့ ID အမ
ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ🙏🙏
#ကျွန်းပါကေး
တစ်နှစ်တာပတ်လုံး အားလုံးချမ်းမြေ့သာယာ ပျော်ရွှင်
ကြပါစေ 🙏🙏🙏
Photo: Credit
Floor အမျိုးအစားတွေအများကြီးရှိတဲ့အထဲမှာကိုမှ
ခေတ်ရဲ့ရေပန်းစားမှု့နဲ့အတူမခင်းရတာအတော်ကြာပြီ
ဖြစ်တဲ့ တစ်ချိန်က ကြမ်းခင်းလောကမှာ ဒိတ်ဒိတ်ကြဲ
လူတိုင်းကြိုက်ခဲ့ကြတဲ့ Laminate 8mm floor
ကိုတစ်ကြော့ပြန် သာကေတမြို့မှာခင်းခဲ့ရတာလေးပါ
ဝယ်ယူအားပေးတဲ့အကို ကျေးဇူးအများကြီးတင်ပါတယ်
ခင်ဗျာ
စီးပွါးလာဘ်လာဘတွေလည်းဆထက်တိုးပွါး
အောင်မြင်ပါစေ🙏🙏🙏
သာကေတမြို့နယ်မှာ laminate 8mm Floor ခင်းဖြစ်ခဲ့
တာလေးပါ
ကြမ်းခင်းနှင့်ပတ်သက်လာလျင် ၁၀နှစ်ကျော်တိုင်အောင်
တည်ရှိနေတဲ့ Nature Living Floors မှာလူကြီးမင်းတို့
သိလိုသမျှ အားလုံးကို ဝယ်ယူသည်ဖြစ်စေ မဝယ်ယူ
သည်ဖြစ်စေ အခမဲ့ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ခင်ဗျာ
#ကျွန်းပါကေး
D-25 သီရိရတနာလက္ကားစျေးသုဓမ္မာလမ်းကြီး
အောင်မင်္ဂလာအဝေးပြေးအနီး မြောက်ဥက္ကလာပ
09421017636/09257455540/09257455560
လှိုင်သာယာ စက်မှု့ဇုန်က renovation ပြန်လုပ်တဲ့
Site လေး လျှာထိုးပုံစံ ခင်းထားတဲ့ ပါကေးကို
အသစ်လို ပြန်လည်တောက်ပ လှပဖို့ စက်စား
ဆေးဆွဲ ပြန်လုပ်နေတာပါ
လိုအပ်တဲ့နေရာတွေကြတော့ပါကေးပါ အသစ်လဲ
ရတာပေါ့ လုပ်ကွက်လေးတွေသဘောကြလို့
နောက်ထပ် လှေကားတွေ တံခါးကျည်းဘောင်တွေ
ပါထပ်အပ်မယ်ဆိုတော့ ကျေနပ်ပီတိဖြစ်ရပါတယ်
ပါကေးပါတဲ့ project တိုင်းအမြဲတမ်း အလုပ်ပေး
တဲ့ ID company ကိုကျေးဇူးတင်ပါတယ်🙏
သီတင်းကျွတ်လပြည့်နေ့ဟာ
အဘိဓမ္မာစဟောတဲ့နေ့ မဟုတ်ဘူး။
ဝါတွင်းသုံးလ ဟောကြားတော်မူခဲ့တဲ့ အဘိဓမ္မာတရားတော်ကို ပြီးဆုံး၍ နိဂုံးချုပ်နိုင်ခဲ့တဲ့နေ့..အဘိဓမ္မာ အခါတော်နေ့ဖြစ်တယ်...။
မြန်မာပြက္ခဒိန်အရ သီတင်းကျွတ်လပြည့်နေ့ဟာ ဗုဒ္ဓသာသနာတော်မှာ ထူးခြားတဲ့ လပြည့် နေ့တစ်နေ့ ဖြစ်တယ်။
ဒီလပြည့်နေ့မှာ ထူးခြားတဲ့ အကြောင်းတွေများစွာဖြစ်ခဲ့မည် ဖြစ်သော်လည်း မှတ်တမ်းတင်ထားတာလေးကို ဘုန်းကြီးတို့ မှတ်သားကြရမယ်။
အားလုံးသိတဲ့အတိုင်း ဒီကနေ့က အဘိဓမ္မာတရားပွဲကြီးပြီးဆုံးတဲ့နေ့ဖြစ်တယ်။ဒါကြောင့် အဘိဓမ္မာအခါတော်နေ့ လို့ သတ်မှတ်ကြတယ်။
အဘိဓမ္မာစဟောတဲ့နေ့ မဟုတ်ဘူး၊ ဝါတွင်းသုံးလ ဟောကြားတော်မူခဲ့တဲ့ အဘိဓမ္မာတရားတော်ကြီးဟာ ဒီကနေ့မှာဘဲ ပြီးဆုံး၍ နိဂုံးချုပ်နိုင်ခဲ့တယ်။
ဗုဒ္ဓမြတ်စွာက တာဝတိံသာနတ်ပြည်တက်ပြီး
အင်မတန်လေးနက်တဲ့ ဓမ္မသဘာဝတွေကို အသေးစိတ် ဟောခဲ့တယ်။
အဘိဓမ္မာ(၇)ကျမ်းကို ချဲ့ဖွင့်ပြီးနတ်တွေနဲ့ ထိုက်တန်အောင် လေးနက်မှုရှိတဲ့အဘိဓမ္မာ တရားတော်ကြီးကို သုံးလပတ်လုံး ဟောကြားခဲ့တယ်ဆိုတာ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအားလုံး သိကြတယ်။
ဒီကနေ့ မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ အဘိဓမ္မာတရားတော်ကြီးဟာ တာဝတိံသာနတ်ပြည်မှာ ပြီးဆုံးလို့ နိဂုံးချုပ်တဲ့နေ့လို့ ပြောရမှာဖြစ်တယ်။ဒါလည်း ထူးခြားချက်တစ်ခုလို့ ဆိုရမယ်။ ။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ
ဝါတွင်းသုံးလ ဆွမ်းစားချိန်ကျတိုင်း လူ့ပြည်သို့
ကြွရောက်ပြီး ဆွမ်းဘုန်းပေးတယ်။
နေ့စဉ်လာရောက်တွေ့ဆုံတဲ့ ရှင်သာရိပုတ္တရာမထေရ်မြတ်အား အဘိဓမ္မာရဲ့ အနှစ်ချုပ်တွေကို ဟောကြားပေးခဲ့တယ်။
ရှင်သာရိပုတ္တရာ အရှင်မြတ်ကလည်း ဥာဏ်ပညာ အလွန်ကြီးမားတယ်။
မြတ်စွာဘုရားအကျဉ်းချုပ်ဟောကြားခဲ့တဲ့ အဘိဓမ္မာတရားကိုမိမိရဲ့ ဉာဏ်ဖြင့် စီစဉ်ပြီး တပည့် ရဟန်းငါးရာကိုထပ်ဆင့်ဟောကြားခဲ့တာ။
အဲဒီ အဘိဓမ္မာတရားတွေရဲ့ အဆုံးသတ်နေ့ကလည်း ဒီနေ့ပဲ။
ဆိုလိုတာကအဘိဓမ္မာတရားတော်သည်နတ်ပြည် မှာဟောတဲ့အဘိဓမ္မာတရား။လူ့ပြည်မှာ ရှင်သာရိပုတ္တရာ၊ဟောကြားတဲ့ အဘိဓမ္မာတရားလို့ နှစ်မျိုးရှိတယ်။
အဲဒီ အဘိဓမ္မာဒေသနာ နှစ်ရပ်စလုံးဟာ ဒီကနေ့ မှာတပြိုင်နက် နိဂုံးချုပ်နိုင်ခဲ့တယ်။
စတင်ပြီးဟောတဲ့နေ့ကို အဘိဓမ္မာအခါတော်
နေ့လို့ မသတ်မှတ်ဘဲ ပြီးဆုံးတဲ့နေ့ကို အဘိဓမ္မာအခါတော်နေ့လို့ ဘာလို့ သတ်မှတ်ရသလဲဆိုရင်စဟောတဲ့နေ့က အဘိဓမ္မာတရား ပြည့်ပြည့်စုံစုံဟောရခဲ့သေးတာ မဟုတ်သေးဘူး။
အခုလိုနောက်ဆုံး အဘိဓမ္မာ (၇)ကျမ်းဟောလို့ နိဂုံးအုပ်နိုင်တဲ့နေ့ကို အဘိဓမ္မာအခါတော်နေ့လို့ သတ်မှတ်တာက ပိုပြီးသဘာဝကျတယ်။
များသောအားဖြင့် မှတ်တမ်းတွေထဲမှာမြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရား ဟောတဲ့အခါမှာရပ်ဆိုင်းခြင်းမရှိဘဲနဲ့ ဟောတယ်။အသံမစဲဟောတယ်ပေါ့လေ။
အဘိဓမ္မာတရားတော်ကိုပဲဟောတယ်လို့ အများက သိနေကြသော်လည်းရံခါရံခါ တရားနာတဲ့ နတ်တွေအတွက် လိုအပ်တဲ့အချက်တွေကို ထည့်သွင်းဟောသွားတာတွေလည်းရှိတယ်ဆိုတာ ပိဋကတ်စာပေ သဲလွန်စအရသိရှိရတယ်။
အဘိဓမ္မာဟောရင်း ဟောပြောသွားတဲ့တရားတွေ ရှိတယ်ဆို တာ လောမသကယဘဒ္ဒေကရတ္တ သုတ္တန်ဆိုတာ ရှိတယ်။
အဲဒီဘဒ္ဒေကရတ္တသုတ်အရ အဘိဓမ္မာတရား ဟောတုန်းက ကိုယ် တိုင် နာခဲ့တဲ့ စန္ဒီနနတ် သားကရှင်လောမသကဂိယနဲ့ တွေ့တဲ့အခါမှာ ဘဒ္ဒေကရတ္တသုတ် အနှစ်ချုပ်ဂါထာကို နာခဲ့ရတဲ့အကြောင်းကိုလျှောက်ထားဖူးတယ်။
အဲဒီသဲလွန်စ စကားအရ သုံးလပတ်လုံး
အဘိဓမ္မတရားဟောတယ်လို့ ယေဘုယျအားဖြင့်
ဆိုနိုင်သော်လည်း နတ်တွေရဲ့ စရိုက်ဝါသနာတွေကိုကြည့်ပြီး တရားထူးတရားမြတ် ရစေဖို့အတွက်သုတ္တန် တရားများကိုလည်း ထည့်သွင်းဟောကြားတယ်လို့ ဒီလိုမှတ်သားသင့်တယ်။
အဘိဓမ္မာဒေသနာတော်ဆိုတာဟာ ပရမတ္ထ
တရားလေးပါးကို အခြေပြုတယ်။
သို့သော် အခြေပြုတဲ့ ပရမတ္ထတရားလေးပါးကိုပဲ ရှုထောင့်ပေါင်းမြောက်များစွာကနေ ချဲ့ထွင်ပြီးတော့ ဟောတာ။
အားလုံးသိကြတဲ့အတိုင်း အဘိဓမ္မာ (၇)ကျမ်းမှာ
အကျယ်ဆုံးကျမ်းဟာ အနန္တနယသမန္တ ပဌာန
လို့ခေါ်တဲ့ ပဋ္ဌာန်းကျမ်းကြီးပေါ့။
မြန်မာပြည်မှာ ပဋ္ဌာန်းစာအုပ်ကို ပေယျာလ
မြှုပ်ပြီး ပုံနှိပ်ထားတာဖြစ်လို့(၅)အုပ်ပဲရှိတာ။
တကယ်ကတော့ ပေယျာလမမြှုပ်ဘဲ မေးခွန်းနဲ့ အဖြေတွေအားလုံး ထုတ်ဖော်ပြီးစာအုပ်အဖြစ် ပုံနှိပ်မယ်ဆိုရင် အခု ရတနဃရဗိမာန်ကြီးပင် စာအုပ်တွေနဲ့ ပြည့်လျှံသွားနိုင်တယ်။
အဲဒီလောက်ထိ ထုထည်ကြီးမားတယ်လို့ မှတ်သားကြရတယ်။
လောကမှာ ရှိသမျှအကြောင်းတရားတွေကို
ပြည့်ပြည့်စုံစုံ ဟောကြားခဲ့တာ ဒီအဘိဓမ္မာပဲ။
အဘိဓမ္မာ ဆိုတာ အဘိဝိသိဌဓမ္မ ထူးခြားတဲ့ဓမ္မတွေပါဝင်တဲ့ ဒေသနာ၊ သို့မဟုတ် အတိရေကဓမ္မ ပိုပြီးပြည့်ပြည့်စုံစုံ ဟောထားတဲ့ ဒေသနာဖြစ်တယ်။
တနည်းအားဖြင့် ပြောရမယ်ဆိုရင် အဘိ
ဆိုတာအလွန်လေးနက်တဲ့။ဓမ္မဆိုတာ သဘာဝတရားဓမ္မများလို့ ဆိုလိုတယ်။
သာမန်ပုဂ္ဂိုလ်တွေကငါ၊သူတစ်ပါး၊ ယောက်ျား
၊ မိန်းမဆိုတဲ့ လောကဝေါဟာရအရသာ သိနေကြသော်လည်း မြတ်စွာဘုရားက အဘိဓမ္မာတရားတော်ကို သမ္မုတိသစ္စာပိုင်းက စကားလုံးတွေ များများမသုံးဘဲနဲ့ ပရမတ္ထဆိုက်ထိတဲ့ စကားလုံးတွေ သုံးနှုံးဟောပြသွားတာဖြစ်တယ်။
အဘိဓမ္မာတရားတော်ဟာ သုတ္တန်တွေထက် ပိုပြီးလေးနက်တယ်၊ပိုပြီးပြည့်စုံတယ်။
သုတ္တန်ပါဠိဆိုတာ လူတွေရဲ့ စရိုက် ဝါသနာ
အခြေနေကိုကြည့်ပြီး ဆုံးမသွန်သင်ခဲ့တဲ့ တရား
ဒေသနာတော်များ ဖြစ်တယ်။
အဘိဓမ္မာကတော့စရိုက်ဝါသနာများကို ရှုင့်ခြင်းမပြုဘဲဘယ်လိုသဘာဝတရားတွေ အချင်းချင်း အမှီပြုဆက်သွယ်ပြီး ဖြစ်ကြသလဲဆိုတာကို ရှင်းပြတယ်။
သဘာဝတရားသက်သက် အကျယ်ချဲ့ ဟောထားတာဖြစ်လို့အင်မတန်မှ ထူးခြားတဲ့ ဒေသနာတော်တစ်ရပ်လို့ဗုဒ္ဓဘာသာဝင်တွေအားလုံး တညီတည်း လက်ခံထားကြတယ်။
အဲဒီ အဘိဓမ္မာဒေသနာတော်ကို အကျယ်ချဲ့
ပြီး တာဝတိံသာနတ်ပြည်မှာ မြတ်စွာဘုရား
ဟောတာက တစ်ပွဲ၊ လူ့ပြည်မှာ မြတ်စွာဘုရားဆီကနည်းခံပြီးတော့ ရှင်သာရိပုတ္တရာ ဟောတာက တစ်ပွဲလို့ အဘိဓမ္မာတရားပွဲကြီး နှစ်ပွဲဟာတစ်ပြိုက်နက်ပြီးဆုံးတယ်လို့ ပြောရမယ်။
ဒီကနေ့ လူ့ပြည်ရောက်လာတဲ့ အဘိဓမ္မာတရားတော်ဟာ ရှင်သာရိပုတ္တရာကိုဟောတဲ့ အဘိဓမ္မာတရားလို့ မှတ်ယူရမှာ ဖြစ်တယ်။
အဘိဓမ်မ ပါစနာမါ နာမ သာရိပုတ်တထရေပ်ပဘ
ဝေါ အဘိဓမ္မာမှာ အခုလို အစီစဉ်တကျ
ဝါစနာမဂ္ဂ ပို့ချတဲ့အစဉ်(သို့မဟုတ်) အဘိဓမ္မာ
လက်ချာဟာ ရှင်သာရိပုတ္တရာ ပေးသွားတဲ့အတိုင်းမှတ်တမ်းတင်ထားတာ ဖြစ်တယ်။
လူသားတွေနဲ့သင့်လျော်ရုံ မကျဉ်းမကျယ် စီစဉ်ထားတဲ့ အဘိဓမ္မာတရား ဖြစ်တယ်။နတ်ပြည်မှာဟောတဲ့ အဘိဓမ္မာတရားကတော့ ဒီထက်ပိုပြီး ကျယ်ဝန်းတယ်။အဲဒီ အဘိဓမ္မာကို မြတ်စွာဘုရား ပြည့်ပြည့်စုံစုံဟောကြားပြီး ဒီကနေ့ပဲ နိဂုံးချုပ်နိုင်ခဲ့တာပါ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
#ပါချုပ်ဆရာတော် #တရားမှတ်စု
Credit
စမ်းချောင်း ဗဟိုလမ်းမှာ ခင်းထားတဲ့လုပ်ကွက်လေးတွေ
ပါကေးခင်းပေးတာကြိုက်သွားလို့ လှေကားတွေရော
တံခါးတွေပါ ထပ်အပ်သောအခါ
ကျေးဇူးအများကြီိးတင်ပါတယ်ခင်ဗျာ🙏🙏🙏
ဒီနေ့ ကုန်းမြင့်ရိပ်သာ site 9 x 3 x 1 ကျွန်းပါကေး
ခင်းတာလေး လက်စသတ်
ခုတစ်လော admin မအားတာနဲ့ ကျွန်းပါကေးsiteပုံလေးတွေတောင်မတင်ဖြစ်ဘူး လောလောဆယ်
ဒီနေ့ခင်းနေတဲ့ပြည်သာယာUBC condo
5.5mm
လက်စသတ်
လွန်ခဲ့သော ၅နှစ်လောက်က ခင်းပေးခဲ့ဖူးသော
မြောက်ဒဂုံက အမ
ပါကေးကြမ်းခင်းလိုတိုင်း သတိတရဆက်သွယ်
အားပေးလို့ကျေးဇူးပါ 🙏🙏🙏❤️❤️❤️
5.5mm
D25 သီရိရတနာ လက္ကားစျေး မြောက်ဥက္ကလာပ
09421017636/09257455540/09257455560
တော်သလင်းလပြည့်နေ့ (သို့)
ဂရုဓမ္မအခါတော်နေ့"
🙏🙏🙏🙏🙏
"တော်" ဆိုသည်မှာ မြင့်မြတ်သည်၊ အထွတ်အထိပ် ဖြစ်သည်၊ အထက်ကောင်းကင် ဖြစ်သည်ဟူ၍ လည်းကောင်း...၊ "သလင်း" ဆိုသည်မှာ သာလင်းမှ လာ၍ သာယာထွန်းလင်းဟူသော အဓိပ္ပာယ်ရှိသည်ဟူ၍လည်းကောင်း ယူဆကြပါတယ် ။
"တော်သလင်းလပြည့်နေ့" ကို ရှေးအစဉ်အလာ ဘာသာရေးဆိုင်ရာ အထူးသတ်မှတ်ချက် အနေဖြင့် "ဂရုဓမ္မအခါတော်နေ့" အဖြစ် သတ်မှတ်ကာ ကုသိုလ်အထူး ဆည်းပူးလေ့ရှိပါတယ်။ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ငါးရာငါးဆယ် ဇာတ်နိပါတ်တော်တွေထဲက "ကုရုဓမ္မဇာတက" ကို အကြောင်းပြုပြီး "တော်သလင်းလပြည့်နေ့" ကို "ဂရုဓမ္မအခါတော်နေ့" လို့ သတ်မှတ်ကြခြင်းဖြစ်ပါတယ်။ မူရင်းစကားမှာ "ကုရုဓမ္မ" ဖြစ်ပြီး နောက်ပိုင်းဝေါဟာရ အပြောင်းအလဲတစ်ခု အနေနဲ့ "ဂရုဓမ္မ" လို့ ပြောဆိုကြခြင်း ဖြစ်ပါတယ်။
🙏🙏🙏🙏🙏🙏🙏
Crd; ....
#တော်သလင်းလပြည့်နေ့
#ဂရုဓမ္မအခါတော်နေ့
တစ်ဦးကစေတနာ တစ်ဦးကမေတ္တာဆိုသလို
ကိုယ့် flooring နဲ့ပတ်သက်တဲ့လုပ်ငန်းဆို ဟိုးးး
ဘားအံကနေအမြဲလှမ်းခေါ်အားပေးတယ်
ကိုယ်ကလဲလုပ်ကွက်နဲနဲများများ အမြဲသွားလုပ်ပေး
တယ်
မှတ်မှတ်ရရပြောရရင် တံခါးလေး ၄ချပ်ကို
ပေါလစ်တင်ချင်တယ်ဆိုလည်း သွားလုပ်ပေးခဲ့တယ်
ခုလည်း တောင်ငူက သူ့မိတ်ဆွေတွေဆီက
ပရိဘောဂ ပစ္စည်းတွေမှာတယ် ဆေးဖိုးလက်ခ
အပြီးအစီးအပ်လို့ရရဲ့သားနဲ့ ကိုရဲတို့ဆေးလက်ရာ
ကြိုက်တယ်ဆိုပြီး အကြမ်းထည်ပဲမှာပြီး ရနိကုန်ရုံး
ကိုရောက်အောင်ပို့ခိုင်းပြီး ဆေးပေါ်လစ်အပ်လာတယ်
ပုံမှန်ဆိုဒါမျိုးတွေမလုပ်ပါဘူး ပါကေးပဲလုပ်တာပါ
အရမ်းသဘောကောင်းတဲ့ ဆရာတို့မိသားစုက
ကိုယ့်တွေရဲ့ဆေးလက်ရာကြိုက်တယ်ဆိုတော့
လည်းလုပ်ပေးရပြန်ပြီပေါ့
ဒီမှာပြောချင်တာက ဆေးလက်ရာဘာကွာလဲဆို
ကျွန်နော်တို့ သုံးတဲ့ဆေးအမျိုး အစားကွာသလို
ပေါ်လစ်တင်တဲ့နေရာမှာလည်း ဒီမှာသုံးနေကြရှေး
ထုံးနည်းလမ်းတွေမသုံးတဲ့အတွက်ကြောင့်
ရုပ်ထွက်သိသိသာသာကွာခြားတာပါ
သစ်နဲ့ဆေး တစ်သားတည်း ဖြစ်နေတာပါ
မြင်နေကြ ဆနွင်းအရည်ကျဲလောင်းထားတာမျိုး
တွေနဲ့တော့ ကွဲပြားခြားနားတာပေါ့
Hello Hello Hello 👋
ဒီနေ့မှာတော့ဖြင့် အရင်ရက်က တင်ထားတဲ့
ရေဝင်ပြီးပျက်စီးသွားတဲ့ အခန်းက ပါကေးတွေကို
Final ဆေးစတင်ဆွဲနေပါပြီလို့
အရမ်းတွေလှနေမှာ အသေအချာပေါ့😍
ရန်ကုန်တိုင်း စမ်းချောင်း မြတ်မင်္ဂလာ ကွန်ဒို
တစ်နေ့သ၌ ကျွန်ုပ် ရုံးမှာ ထိုင်နေတုန်း ဖုန်းသံမြည်လို့ ကိုင်လိုက်ရာ
ဟယ်လို Nature Living Floors ကလားရှင့် မေးတော့
ဟုတ်ပါတယ်ခင်ဗျာ လို့ပြန်ဖြေပြီးတာနဲ့ အဲ့ဒီညီမက ကျမတို့အခန်းမှာရေတွဝင်ပြီး ကျွန်းပါကေးတွေ
ကြွတက်လာလို့ဘယ်လိုလုပ်ရမလဲမေးပါတယ်
ဒါနဲ့ကျနော်က ကိုယ်တိုင်လာကြည့်ပြီးမျက်မြင်တွေ့မှ ဘယ်လိုလမ်းစဉ်နဲ့လုပ်ရမယ်ဆိုတာကို အတိအကျပြောလို့ရမှာပါလို့ ပြန်ဖြေပေးလိုက်ပါတယ်
အဲ့ဒါဆိုလာကြည့်ပေးပါဆိုပြီး လိပ်စာပေးဖုန်းချသွားရော
နောက်တစ်နေ့ ကျနော်စောစောလေးသွားပြီးကြည့်တော့ အကုန်ခွါမှရမှာလို့ပြောလိုက်တယ်
ဟုတ်ကဲ့ပါကောင်းသလိုလုပ်ပါ အရင် site တွေတုန်းကလဲအကိုတို့နဲ့လုပ်ဖူးတော့အဆင်ပြေတယ်လေ
ကျနော် ဟုတ်ကဲ့ကျေးဇူးပါပြန်ပြောလိုက်တယ်
အဲ့ဒီစကားလုံးတွေကအမောပြေအားဆေးလေးတွေပါ
ပါကေးတွေကတော့သူ့ဝန်ထမ်းနဲ့သူခွါပေးထားတာပေါ့
ကျန်တဲ့ကပ်နေတဲ့ကော်တွေကတော့ ကိုယ့်အဖွဲ့ပဲ service ပေးတဲ့အနေနဲ့ ၂ ရက်သွားပြီးခွါပေးလိုက်တာပေါ့
ပြောချင်တာကတော့ ပါကေးတွေဟောင်းပြီး ကျဲနေတာ ကွာနေတာတွေ
မတော်တဆ ရေဝင်ပျက်စီးသွားတာဖြစ်လဲ စိတ်မပူပါနဲ့လို့
အားလုံကိုပြန်ကောင်သွားအောင်လုပ်ပေးလို့ရပါတယ်လို့
အဲ့ဒါလာပြောတာ 😂😂
ကျွန်းပါကေး T&G
17mm x 95mm x 1’ ~ 4’
ကော် MG 7009 🇹🇼
ဆေး Sparco 🇸🇬
အချောပုံလေးတွေကတွေကတော့ final ဆေးဆွဲပြီးမှထပ်တင်ပေးပါမယ်
Hello
အားလုံးပဲမင်္ဂလာပါခင်ဗျာ
ကျွန်းပါကေးမှကျွန်းပါကေးပဲခင်းချင်တယ်
စျေးနှုန်းတွေquality တွေကအမျိုးမျိုးမို့ရွေးရခက်နေမယ်
ခင်းပြီးမှ ကွဲအက်လာတာတွေ ကျဲကုန်တာတွေဖြစ်မှာလဲစိုးရိမ်တယ်
ဒါတွေအတွက်မစိုးရိမ်ပါနဲ့
ကျွန်တော်တို့ Nature Living Floors Companyကအကောင်းဆုးဖြေရှင်းပေးနိုင်ပါတယ်
အခု့ခင်းပေးထားတာကတော့ ရမည်းသင်းမြို့
CVလိုင်းထဲက အိမ်မှာ 9”x3”x3/4” ကိုခင်းထားပေးတာပါ
ကျွန်းပါကေးကိုပေါင်းသားအစစ် Moisture level 12~18ကို တစ်တုံးချင်းအသေးစိတ် Moisture Test Machine နဲ့စစ်ဆေးထားတဲ့ Export quality ကိုသုံးပေးပါတယ်
ကော်အတွက်ဆို Taiwan နိုင်ငံထုတ် MG-7009 glueကိုအသုံးပြု့ပေးထားလို့ ၂ နှစ်အတွင်း ပါကေးကျဲတာ ကြွတက်တာ ကွဲအက်တာတွေကိုအာမခံပေးပါတယ်
Coating အတွက်ဆို
Singapore နိုင်ငံထုတ် Sparco Brand ကိုအသုံးပြု့ပေးထားတဲ့အတွက် ကာလတိုအတွင်း
ဆေးရောင်မှိန်ခြင်းအရောင်ကျခြင်းများကိုလဲကင်းဝေးစေပါတယ်
Quality ကောင်းကောင်းကြိုက်သူများအတွက်
အမှန်အကန် 💯%အာမခံပေးပါတယ်
D-25 သီရိရတနာလက္ကားစျေး မြောက်ဥက္ကလာပါမြို့နယ်ရန်ကုန်မြို့
၀၉၄၂၁၀၁၇၆၃၆
၀၉၂၅၇၄၅၅၅၅၄၀
၀၉၂၅၇၄၅၅၅၆၀
သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ
Nature Living Floors Team မှကျွန်တော့် ညီငယ်လေးတွေ ပိတ်ရက်ကြီးတောင်မှ ကာစတန်မာ
ရဲ့အဆင်ပြေမှုအတွက် night job ကိုကြိုးစားပေးနေကြတာပါ
ညီငယ်လေးတွေ ကိုအထူးကျေးဇူးတင်ပါတယ်ကွာ😍
ကာစတန်မာများစိတ်ချမ်းသာအဆင်ပြေဖို့ အမြဲကြိုးစားလျက်
#ကျွန်းပါကေး
D-25 သီရိရတနာလက္ကားစျေး သုဓမ္မာလမ်းမကြီး
အောင်မင်္ဂလာအဝေးပြေးအနီး မြောက်ဥက္ကလာပမြို့
0925745560/09257455540/09421017636
Market ထဲမှာ စျေးနှုန်းအမျိုးမျိုး quality အမျိုး
မျိုးနဲ့ floor ခင်းဖို့အတွက် သင်ရွေးခြယ်ရခက်ပြီး
စိတ်ရှုပ်နေပြီလား⁉️
စျေးနှုန်းစိတ်မဝင်စားဘူး 💯%quality ကောင်း
ကောင်းserviceကောင်းကောင်းနဲ့ ရေရှည်ခံတဲ့
product ကိုသင်လိုက်ရှာနေပြီဆိုရင်တော့ ဒီpost ကို
ဆုံးအောင်ဖတ်သွားပါ
ဒါလေးက တော့ ရွှေဟင်္သသာကွန်ဒို မှာခင်းထားတဲ့
SPC 5.5mm လေးပါ
သူ့ရဲ့ဒီဇိုင်းလေးကတော့ တကယ့်ကျွန်းပါကေး
လျှာထိုးကိုခင်းထားတဲ့အတိုင်းလေးပါပဲ
ကျွန်းလဲကြိုက်တယ် ကျွန်းပါကေးတွေကစျေးတွေ
မတအားမြောက်နေလို့ မခင်းချင်ဘူး ကျွန်းအရသာ
လေးလဲလိုချင်တယ် အကြမ်းလဲခံမယ် ရေစိုတာလဖဲ
ခံချင်တယ် ခြစားမှာလဲကြောက်တယ်ဆိုရင်တော့
SPC floor တွေထဲမှာရွေးစရာအများကြီးရှိတဲ့အထဲ
မှာမှာ ဒီအရောင်းလေးကိုခင်းဖို့ တိုက်တွန်းပါတယ်
အပေါ်မှာပြောခဲ့တဲ့ အချက်တွေအားလုံးနဲ့ လုံးဝကို
ကိုက်ညီတယ်
အင်းတကော် ဓမ္မာရုံ site ကစပြီး တစ် site ပြီး
တစ် site ဝယ်ယူ အလုပ်ပေးတဲ့ အန်ကယ်ကိုကျေးဇူး
အများကြီးတင်ပါတယ်ခင်ဗျာ🙏
ဆိုတာ
ဝယ်ယူတဲ့ ကာစတန်မာတွေ စိတ်ချမ်းသာဖို့အဓိကပါ
Quality ကောင်းဖို့ကကျွန်တော်တို့ရဲ့အဓိကပါ
#ကျွန်းပါကေး
website👇
www.naturelivingfloorsmm.com
D-25 သီရိရတနာလက္ကားစျေးသုဓမ္မာလမ်းမကြီးမြောက်ဥက္ကလာပမြို့နယ်
09421017636/09257455560/09257455540
တန်ဖိုးကြီးကြီးပေးပြီးခင်းခဲ့တဲ့သင့်အိမ်ကကျွန်းပါ
ကေးတွေဟောင်းနေပြီး
အရောင်တွေမှိန်နေပြီလား⁉️
အဆင်းရာအခြစ်ရာတွေပေါ်နေပြီလား⁉️
အရည်းအသွေးနိမ့်တဲ့ကော်သုံးခဲ့မိလို့ပါကေးတွေကွာနေပြီလား⁉️
ပေါင်းသားစစ်စစ်ကိုမသုံးခဲ့မိလို့ပါကေးတွေကျဲနေပြီလား⁉️
ဒါတွေဖြစ်လို့စိတ်ညစ်မနေပါနဲ့လို့ ဦးစွာပထမ
ပြောချင်ပါတယ်
ကျွန်တော်တို့ က အပေါ်မှာ
ပြောခဲ့တဲ့ ပြသနာတွေကို အချိန်တိုအတွင်း quality
ကောင်းတဲ့ products တွေအသုံးပြု့ပြီး သင့်အိမ်က
တန်ဖိုးကြီးပေးထားရတဲ့ ကျွန်းပါကေးတွေကို မူလ
ပကတိ💯%အသစ်အတိုင်းပြန်ဖြစ်အောင်
ကုန်ကျစရိတ်သက်သာစွာနဲ့ ပြန်လည်ပြု့ပြင်ပေးလို့
ရနေပြီဆိုတဲ့အကြောင်း လူကြီးမင်းတို့ကိုအသိပေးပါရစေ🚨🚨✅
ဒါလေးကတော့ ဘားအံမြို့က
သမားတော်ဆရာဝန်ကြီးတစ်ဦး၏အိမ်မှာ ခင်းထား
ပြီးသားဟောင်းနွမ်းပြီးကြွတက် ကျဲနေသောပါကေး
တွေကို မူလပကတိအတိုင်းလှပသွားအောင်
ပြန်လည်ပြု့ပြင်ပေးထားတာပါ
အားလုံးပြီးသွားတဲ့အခါမှာ စိတ်တိုင်းကျကျေနပ်မှုရှိ
တယ်ဆိုလို့ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရပါတယ်
ကျေးဇူးလဲအများကြီးတင်ပါတယ်ခင်ဗျာ🙏
ပါကေးလိုအပ်တိုင်း အမြဲတမ်းခေါ်ယူအသုံးပြု့
ပေးတဲ့ဆရာတို့မိသားစုလဲ စီးပွါးလာဘ်လာဘများ
ဆထက်တိုးတက်ပါစေလို့ ဆုတောင်းပေးပါတယ်
ခင်ဗျာ🙏
#ကျွန်းပါကေး
ဒုတိယမြောက် EV car showroom လေး
Work in progress
.5mm လေးခင်းထားတာပါ
D-25 သီရိရတနာလက္ကားစျေး မြောက်ဥက္ကလာပမြို့နယ်
09421017636
Happy Eid Mubarak to all
အစ္စလမ်ဘာသာဝင် မိတ်ဆွေများအားလုံး
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Address
D-25, Thiri Yadanar Retail/Wholesale Market Compound, No. (3) Highway Rd
Yangon
NATURELIVINGFLOORSCO.LTDYANGONHTTPS://MAPS.APP.GOO.GL/76C7WRD2RPOUFN4N9
No. 507 A ၊ Warso Oo Monastery Street , Infront Of University Of Dental Medicine , Thuwana , Thingangyun
Yangon
အိမ်လေးလှပတင့်တယ်ဖို့ ကြမ်းခင်းမျိုးစုံ ရွေးချယ်စို့
No. 1043, Pyi Htaung Su Main Road, 38 Ward, North Dagon Township
Yangon, 11421
ကိုရီးယားပါကေးအမျိုးမျိုး၊ SPCရေစိုခံ ပါကေး၊ Laminate floor၊ကျွန်းပါကေး အမျိုးမျိုးရောင်းဝယ်ရေး
Mya Taung Nyo 1 Street
Yangon, 11021
Established in 2018,The Floor Depot Myanmar is to furnish flooring of the highest standards to all living and working spaces and to be the one stop flooring solutions for all the c...
No 20, 87th Street ( ဒေါ်သိန်းတင်လမ်းမှဝင်ရန်), ကန်တော်လေး, မင်္ဂလာတောင်ညွှန့် , ရန်ကုန်
Yangon
ကော်ဇော်၊ စားပွဲခင်းနှင့် ခြေသုတ်အမျိုးအမျိုးတို့ကို လက်လီ၊လက္ကားရောင်းချပေးနေပါသည်။
No. (418), Bohmu Ba Htoo Road, 48-Ward, North Dagon Tonship
Yangon
The Best Quality Flooring Centre
No. 10, 141 Street, Tamwe Township
Yangon, 11211
ကိုရီးယားပါကေးအမျိုးမျိုး၊ SPCရေစိုခံပါကေး
တိုက်(B-2), အခန်းအမှတ်(006), ယုဇနအိမ်ယာ, ဗညားဒလလမ်း, တာမွေမြို့နယ်, ရန်ကုန်မြို့
Yangon, 11221
ကျွန်းပါကေး, ပျဉ်းကတိုးပါကေး, လျှာထိုး (T&G), ကျွန်းတံခါးနှင့်ကျည်းဘောင်,ကိုးရီးယားပါကေးအရောင်းပြခန်း
No. 327, Upper Pazundaung Road, Sat San, Mingalar Taung Nyunt Township
Yangon
Export Quality Parquet Distribution (Teak/Burmese Ironwood) ကျွန်း/ ပျဥ်းကတိုးပေါင်းသားပါကေး သီးသန့်