Zaw Myanmar Online

Zaw Myanmar Online

Please Like & Share Our Page For Men $$$

Photos from Zaw Myanmar Online's post 10/05/2023

အားလုံးမေးနေကြတဲ့
ဆေးလိပ်ဖြတ်တာလေးတွေပြန်ရောင်းပေးမယ်နော်

တစ်ဗူးကို အခုရေ 100 ပါတယ်နော် (တစ်ခါသုံးမဟုတ်ဘူးနော် တစ်ခုကို အကြိမ်ရေ ငါးကြိမ်လောက်အသုံးပြုနိုင်တယ်)

ဆေးလိပ်ဖြတ်တာသုံးရင် ဘာတွေကောင်းလည်း

ဆေးလိပ်ဖြတ်တာသုံးကြည့်ပါ
အနံ့မစွဲဘူး
ချောင်းမဆိုးဘူး
အသဲ ခြောက်ခြင်းကို ကာကွယ်ပေးမယ်
သွားခြေးတက်ခြင်းမှလည်း ကင်းဝေးမယ်

ကဲ မြန်မြန် ကြိုတင်ဝယ်ယူထားမှ စိတ်ချရမယ်နော်

လိုချင်တယ် ဘာလိုမှာရမလည်း

ဘာမှစဉ်းစားမနေနဲ့ ဖုန်းနံပါတ်လေးကိုသာ ဆက်ပေး အိမ်အရောက်လာပို့ပေးမယ်

ဖုန်းနံပါတ်-09954440994

ဖုန်းဆက်ဖို့ ဘေလ်မရှိဘူး လိုချင်တယ် ဘယ်လိုလုပ်ရမလည်း

ဒါလည်းစိတ်မပူနဲ့ message box ကနေ ဖုန်းနံပါတ်ချန်ထားခဲ့ပေး***Zaw Myanmar Online*** ကနေ ချက်ချင်းဆက်ပေးမယ်နော်

ပြောဖို့မေ့သွားတယ် အခု ၁၀၀ပါ တစ်ဗူးကို

***စျေးနှုန်း-9500 ပဲနော်***

***ဆက်သွယ်မေးမြန်းမှာယူလိုပါ*** 09954440994
09255411679

***နယ်မြို့ (၁၀၀)ကျော်ကိုလဲ ဒီ​နေ့မှာ မနက်ဖြန် အရောက် ငွေကြိုလွှဲ စနစ်နဲ့ ဝန်ဆောင်မူ့ပေးနေပါပြီး။***

*** ရန်ကုန်မြို့တွင် ပစ္စည်း ရောက်ငွေချေ စနစ်မဲ့ ပို့ဆောင်ပေးနေပါပြီးခင်ဗျာ။***

***စုံစမ်းမေးမြန်လိုပါက-09954440994***
***viber- 09954440994***

31/01/2023

***အမျိုးသားများအတွက် (Black Gorilla)*** (ကြီး ရှည် ကြား) ဆေး 09954440994

*** ၁၀ လုံး တစ်ဗူးကို = (၃၅၀၀၀)ကျပ်***
*** ထုတ်လုပ်သည့်နိုင်ငံ = ဂျာမနီ***

အမျိုးသားရောဂါတစ်ခုဖြစ်တဲ့
ပန်းမလန်းခြင်း၊
လုံးဝပန်းသေခြင်း
ပျော့ကျခြင်း၊အားနည်းခြင်း၊
စိတ်မရှိခြင်း၊စိတ်ရှိလည်း မထ ကြွ ခြင်း၊
အရမ်းမြန်ခြင်း ၊ဘာဆေးသောက်သောက်
ဘယ်ဆရာဝန်ပဲပြပြ မထူးခြားဘူး
မပျောက်ဘူးဆိုသူတွေ အတွက်
အထူးအာမခံနဲ့ ရောင်းချပေးပါတယ်။

လူစဉ်မမှီဘူးဆိုပြီး အားမငယ်နဲ့၊
တက်/ထွက် ခေါ်ခံရတာ အားမငယ်နဲ့တော့

ဆေးစသောက်တဲ့ ပထမ ၁ ရက်အတွင်း
အားပြည့်ခြင်း၊ တင်းမာခြင်း၊ စိတ်ရွှင်လန်းခြင်း၊
ငယ်မူငယ်သွေးကြွခြင်း၊ စတဲ့လက္ခဏာများကို ထူးခြားစွာ ခံစားရပြီး ညီတော်မောင်ရဲ့ ကိုယ်လုံး ကိုယ်ထည်
တုတ်ခိုင်ကျန်းမာလာစေပါမည်။

"လျှင်မြန်စွာကြီးထွား၊ ရှည်လျား၊ သန်မာ ၊ကျန်းမာ"

အမျိုးသားအားဆေးသီးသန့်ဖြစ်ပြီး
အိမ်ထောင်ရှင်များ နှင့် လူပျိုလူလွတ်များပါသုံးစွဲနိုင်ပါတယ်။

ဂျင်စင်း အဓိကပါဝင်ပြီး သဘာဝသစ်သီးသစ်ဥသစ်ဖုများဖြင့်သာ ဖော်စပ်ထားလို့ 100% စွမ်းအားပြည့် အားဆေးဖြစ်ပါတယ်။
ထိရောက်မှုရှိလို့ ပေးဝယ်သောက်ရသော စျေးနှုန်းနဲ့
ထိုက်တန်ပါတယ်။

ဆေးအာနိသင် ကို 100% အာမခံ ပါတယ်

*****ရင်တုန် ခေါင်းမူးခြင်းလုံးဝမရှိသလို သွေးတိုး/ ဆီချို ရှိတဲ့ လူတွေ အတွက်လဲ ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်တဲ့ဆေးပါ။*****

*** မဆက်ဆံခင် နာရီဝက် /တစ်နာရီ ကြိုသောက်ပေးပါ။***

*****ဘေးထွက် ဆိုးကျိုးလုံးဝ မရှိပါ။*****

"တစ်ပွဲတိုးမှာဆို! ရောင်းအားအကောင်းဆုံးလို့တောင်ပြောလို့ရတဲ့ဆေးပေါ့။ ခဏခဏကို ပစ္စည်းပြတ်တက်လို့ ခုပဲ ph ဆက် မှာယူလိုက်တော့ ညီ အကို တို့ရေ

***ရန်ကုန်မြို့တွင်း အိမ်တိုင်ရာရောက် နေ့ချင်း ပို့ဆောင်ပေးပါသည်။

***ပို့ဆောင်ခ ၂၅၀၀ ကျပ်။***

***နယ်မြို့ ၂၀၀ ကျော်ကိုလဲ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးနေပါပြီနော်....

***** K Pay/Wave Money - 09954440994 *****

***ဆက်သွယ်ရန်ဖုန်း*** 09954440994 (Viber)
09255411679 ကို မေးမြန်မှာယူနိုင်ပါတယ် ခင်ဗျာ။😊

*** အသေးစိတ်သိရှိလိုပါက*** 09954440994
09255411679 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ် ခင်ဗျာ။😊

Photos from Zaw Myanmar Online's post 26/01/2023
16/08/2022

⛔ကျောက်ကပ်ကိုထိခိုက်စေသော အမူအကျင့်များ⛔
👉 (၁) နံနက်စာ မစားခြင်း။
👉(၂) ဆား စားသုံးမှု များနေခြင်း။
👉(၃) ဆေးလိပ်သောက်ခြင်း။
👉(၄) ရေသောက်နည်းခြင်း။
👉(၅) ဆေးဝါများ အလွန်အကျွံ မှီဝဲနေခြင်း။
👉(၆) လုံလောက်သော အနားယူခြင်း မရှိခြင်း။
👉(၇) တစ်ခါတစ်လေ အလွန်အကျွံ စားခြင်း။
👉(၈) အသားများကို အလွန်အကျွံစားခြင်း။
👉(၉) အရက်အလွန်အကျွံသောက်ခြင်း။
👉(၁၀) မနက်အိပ်ယာထ ဆီးသွားချင်သည်ကို
မသွားပဲ ချုပ်တည်းထားခြင်း။

_______________________________________
ပိုမိုလေ့လာရန်

ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်တာကြောင့်ဆင်ခြင်သင့်တဲ့အမူအကျင့်(၁၀)မျိုး

ကျောက်ကပ်က သွေးကြောထဲမှာ လှည့်ပတ်နေတဲ့သွေးတွေကို သန့်စင်အောင်စစ်ထုတ်ပေးပြီး အစားအစာတွေကနေဗီတာမင်၊ သတ္တုဓာတ်တွေကို စုပ်ယူကာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဟော်မုန်းထုတ်လုပ်မှုမှာလည်း ကူညီပေးပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာရေးက ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးတယ်လို့ပြောလို့ရပါတယ်။ ဒါကြောင့် သင့်ရဲ့နေ့စဉ်အမူအကျင့်တွေထဲကနေ ကျောက်ကပ်ကျန်းမာရေး ပျက်စီးစေမယ့် အပြုအမူတွေကို ဆင်ခြင်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

(၁) ရေအလုံအလောက်မသောက်ဘူး

ခန္ဓာကိုယ်မှာရေဓာတ်အလုံအလောက်ရရှိမှ ကိုယ်တွင်းကလီစာတွေကောင်းကောင်းအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် ကျောက်ကပ်ပေါ့။ ရေက ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေဖယ်ရှားပေးတဲ့နေရာမှာ အရမ်းအကူအညီဖြစ်တာကြောင့် ကျောက်ကပ်မှာကျောက်မတည်အောင်တားဆီးပေးနိုင်ပါတယ်။ ဒါပေမယ့် လိုအပ်တာထက်အလွန်အကျွံသောက်တာလည်းမကောင်းပါဘူး။ တစ်ရက်မှာ ရေနှစ်လီတာလောက်သောက်ရင်အတော်ပါပဲ။

(၂) ဆေးတွေကိုအညွှန်းအတိုင်းမသောက်ဘူး

နေမကောင်းဖြစ်တဲ့အခါ၊ တစ်ခုခုဖြစ်တဲ့အခါတွေမှာ ဆေးတွေကိုသောက်ချင်သလိုသောက်တဲ့အကျင့်ကလည်း ကျောက်ကပ်ပျက်စီးရတဲ့အကြောင်းရင်းထဲကတစ်ချက်ပါပဲ။ ဆေးမြီးတိုတွေအရမ်းသောက်ရင် ပိုဆိုးပါတယ်။ ဒါကြောင့် အကြောင်းတစ်ခုခုကြောင့်ဆေးသောက်တော့မယ်ဆို ကိုယ့်သဘောနဲ့ကိုယ်သောက်ချင်သလိုမသောက်ပါနဲ့၊ ဆရာ၀န်ညွှန်ကြားချက်နဲ့ သေချာလိုက်နာပြီးသောက်ပါ။

(၃) အငန်တွေအရမ်းစားတယ်

အရွယ်ရောက်ပြီးတဲ့သူတစ်ယောက်က ဆိုဒီယမ် ၂၃၀၀မီလီဂရမ်လောက်ပဲစားသုံးသင့်တယ်လို့ ကျန်းမာရေးဌာနထုတ်ပြန်ထားခဲ့ပေမယ့် လူတိုင်းကအဲ့ဒီပမာဏထက်ပိုအောင်စားသောက်နေကြပါတယ်။ အခုနောက်ပိုင်းအစားအစာတွေမှာ ဆိုဒီယမ်ပမာဏများများထည့်ပြီးအရသာပိုရှိအောင်ထုတ်လုပ်တာကို လူတွေကအရမ်းကြိုက်ကြပါတယ်။ဆိုဒီယမ်စားသုံးမှုများတဲ့အခါ ခန္ဓာကိုယ်ထဲမှာအငန်ဓာတ်တွေအရမ်းများလာပြီး ကျောက်ကပ်ကသန့်စင်နိုင်စွမ်းမရှိတော့ ကျောက်ကပ်ထိခိုက်လာပါတယ်။ ဒါကြောင့် အငန်ဓာတ်များတဲ့အစားအစာတွေကိုလျှော့စားပြီး အသီးအနှံနဲ့အရွက်စိမ်းတွေကိုလည်းသင့်တင့်သလောက်စားပေးပါ။

(၄) သွေးဖိအားနဲ့ပတ်သက်လို့ဂရုမစိုက်ဘူး

ကျန်းမာရေးလိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ သွေးဖိအားတိုင်းတာကိုမကြာခဏလုပ်ပေးသင့်ပါတယ်။ သွေးဖိအားများတယ်ဆိုတာ နှလုံးသွေးကြောနဲ့ပတ်သက်လို့ ပြဿနာရှိနေတာဖြစ်ပြီး သွေးတိုးရောဂါဖြစ်လာရင်သွေးလွှတ်ကြောတွေကျဉ်းမြောင်းလာပါတယ်။ အဲ့ဒီအခါ သွေးထဲမှာ ကိုလက်စထရောနဲ့အဆိပ်အတောက်တွေစုပုံလာပြီး ဒါကို ကျောက်ကပ်ကသန့်စင်နိုင်စွမ်းနည်းလာပါတယ်။ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေဖြစ်နေတဲ့အခါ ကျောက်ကပ်တစ်သျှူးတွေက လိုအပ်တဲ့အာဟာရတွေကို ကောင်းကောင်းမစုပ်ယူနိုင်တော့ဘဲ ကျောက်ကပ်မှာထိခိုက်လာပါတယ်။

(၅) ဆီးသွားချင်တာကိုအချိန်အကြာကြီးအောင့်ထားတတ်တယ်

ဆီးအိတ်က အရည်နှစ်ခွက်စာပမာဏကို သုံးနာရီကနေ၊လေးနာရီအထိထိန်းပေးထားနိုင်ပါတယ်။ တခါတလေ သန့်စင်ခန်းမရှိတဲ့နေရာတွေမှာ ဆီးသွားချင်လာတာကို အချိန်တွေအကြာကြီးအောင့်ထားလိုက်တဲ့အခါ ကျောက်ကပ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်လာနိုင်ပြီး မကြာခဏဆီးသွားချင်တာမျိုးဖြစ်လာနိုင်ပါတယ်။ အဲ့ဒီလိုဖြစ်လာရင် တင်ပါးဆုံရိုးနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးတွေလုပ်ပေးဖို့လိုပါတယ်။

(၆) အချိုနဲ့သရေစာတွေအလွန်အကျွံစားသုံးတယ်

အငန်တွေအရမ်းစားတဲ့အခါ ကျောက်ကပ်ကအဆိပ်အတောက်တွေဖယ်ရှားနိုင်စွမ်းနည်းလာသလိုပဲ ၊ အချိုနဲ့သရေစာတွေအလွန်အကျွံစားတာကလည်း အဲ့ဒီအတိုင်းဖြစ်စေတာကြောင့် ကျောက်ကပ်ကိုပျက်စီးစေနိုင်ပါတယ်။

(၇) အရက်နဲ့ဆေးလိပ်သုံးစွဲတယ်

သင်ဟာ အရက်နဲ့ဆေးလိပ်သောက်တဲ့သူဆိုရင် အဲ့ဒီအရာတွေကနေခန္ဓာကိုယ်ကိုဒုက္ခပေးတဲ့ ကယ်မီကယ်တွေထုတ်လွှတ်နိုင်ပြီး ကျောက်ကပ်က အဲ့ဒါတွေကို ချေဖျက်သန့်စင်ဖို့ မတတ်နိုင်တော့တဲ့အခါ ထိခိုက်ပျက်စီးလာပါတယ်။

(၈) အနီရောင်အသားတွေအလွန်အကျွံစားတယ်

အနီရောင်အသားတွေက သံဓာတ်နဲ့ပရိုတင်းဓာတ်ကို အပြည့်အဝြဖည့်ဆည်းပေးနိုင်တယ်ဆိုပေမယ့် အမိုးနီးယားနဲ့နိုက်ထရိုဂျင်ဓာတ်တွေလည်းပါနေတာကြောင့် နေ့တိုင်းစားရင် ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။

(၉) အထိုင်များပြီးလေ့ကျင့်ခန်းမလုပ်ဘူး

အထိုင်များပြီးလေ့ကျင့်ခန်းမလုပ်တာက ဆီးချိုရောဂါ၊ ကင်ဆာရောဂါ နဲ့ Heart attack တွေဖြစ်စေနိုင်ပါတယ်။ပြီးတော့ တစ်ရက်မှာ ၈နာရီနဲ့အထက်ထိုင်တဲ့သူတွေဟာ တခြားသူတွေထက်ကျောက်ကပ်ရောဂါဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်းပိုများပါတယ်။

(၁၀) ကောင်းကောင်းမအိပ်ဘူး

ညဘက်မှာကောင်းကောင်းအိပ်မှ နောက်နေ့အတွက်ခန္ဓာကိုယ်က အားအင်ပြည့်၀မှာပါ။ တကယ်လို့ အိပ်ချိန်မလုံလောက်ဘူးဆိုရင် သွေးလှည့်ပတ်မှုမကောင်းတော့ဘဲ၊ သွေးဖိအားများလာမယ်၊ အဲ့ဒါက ကျောက်ကပ်ကိုသွားထိခိုက်စေပါတယ်။ ဒါကြောင့် ပုံမှန်အိပ်ချိန်အတိုင်းကောင်းကောင်းအိပ်ဖို့လိုပါတယ်။

crd......

30/06/2022

👉🏻သုက်ပိုးစွမ်းရည် မြင့်တက်စေသော အထူး အစားအစာများ✅

💥သုက်ပိုးစွမ်းရည် မြင့်တက်စေသော အထူး အစားအစာများ
သင်နဲ့ သင့်ချစ်သူဟာ ဆက်ဆံမှုရဲ့ နောက်တစ်ဆင့်ကို တက်ပြီး ကလေးယူချင်လာနိုင်ပါတယ်။ သူမဟာ သင့်အတွက် ချစ်စရာကောင်းတဲ့ကလေးလေးကို ဗိုက်ထဲမှာ ကိုးလလွယ်ထားပါလိမ့်မယ်။ ဒါဆို အရိုးရှင်းဆုံး သင်လုပ်ရမှာကတော့ ဒီဖြစ်စဉ်ကို အစပြုဖို့အတွက် မျိုးစေ့ချ ရမှာပါပဲ။ သင့်အကြံအစည် အထမြောက်ဖို့အတွက် သုက်ပိုးအရေအတွက်နဲ့ အရည်အသွေးကို တိုးမြှင့်ဖို့လိုပါတယ်။ မှန်ကန်တဲ့ အစားအသောက်တွေဟာ သင့်ရဲ့ ဖခင် ဖြစ်ပွားနိုင်ခြေကို မြှင့်တင်ပေးပါလိမ့်မယ်။

✅ကွကျဥ

💥ကြက်ဥတွေဟာ ဗီတာမင် အီးနဲ့ ပရိုတင်းဓါတ်တွေ ပါဝင်တာမို့ ကျန်းမာပြီး သန်စွမ်းတဲ့ သုက်ပိုးတွေ ပိုင်ဆိုင်ချင်တယ်ဆိုရင် သင့်အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။ ဒီအာဟာရတွေဟာ သုက်ပိုးတွေကို ဓါတ်တိုးပစ္စည်း တွေကနေ ကာကွယ်ပေးပြီး သုက်ပိုး အရေအတွက်ကို တိုးမြှင့်ပေးပါလိမ့်မယ်။

✅ဟင်းနုနွယ်

💥ဟင်းနုနွယ်နဲ့ အခြားအစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ပါတဲ့ ဖောလစ်အက်စစ် ဟာ သုက်ပိုးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ လှုပ်ရှားမှုအတွက် အရေးကြီးပါတယ်။ ဖောလစ်အက်စစ် အများအပြား ပါဝင်ခြင်းဟာ သန်စွမ်းတဲ့ သုက်ပိုးထုတ်လုပ်မှုကို မြင့်တက်စေပါတယ်။ ဖောလစ်အက်စစ် နည်းပါးခြင်းကတော့ မျိုးဥအိမ်ကို သုက်ပိုး ရောက်နိုင်ခြေကို ကန့်သတ်ပါတယ်။

✅ငှက်ပျောသီး

💥ငှက်ပျောသီးတွေမှာ ရှားပါးတဲ့ အရောင်ကျ အင်ဇိုင်းတစ်မျိုး ဖြစ်တဲ့ ဘရိုမီလ်ိမ်း (bromelain) နဲ့ အခြားဗီတာမင် တွေ ဖြစ်တဲ့ ဗီတာမင် အေ၊ ဘီဝမ်းနဲ့ စီ တို့ ပါဝင်ပါတယ်။ ဒါကြောင့် ငှက်ပျောသီးဟာ ကိုယ်ခန္ဓာကို ပိုမိုကျန်းမာ သန်စွမ်းတဲ့ သုက်ပိုးတွေ ထုတ်ပေးအောင် အကူအညီပေးနိုင်ပြီးတော့ သုက်ပိုးရဲ့ စွမ်းဆောင်ရည်ကိုလည်း မြင့်တက်စေပါလိမ့်မယ်။

✅ချောကလက် အမဲ

💥သင်နဲ့ သင့်ချစ်သူ ဟန်းနီးမွန်းသွားနေချိန်မှာ ခုတင်ဘေးမှာ ရှန်ပိန်တစ်ခွက်နဲ့အတူ ချောကလက်ထဲနှစ်ထားတဲ့ စတော်ဘယ်ရီတွေနဲ့ ပြင်ဆင်ကျွေးမွေးတာမျိုး ကြုံတွေ့ရနိုင်ပါတယ်။ ဒါဟာ ဘာလို့လဲဆိုတော့ ချောကလက်အမဲမှာ သုက်ရည်နဲ့ သုက်ပိုးပမာဏကို မြင့်တက်စေတဲ့ L-Arginine HCL လို့ ခေါ်တဲ့ ဓါတ်တွေ ပါဝင်လို့ပဲဖြစ်ပါတယ်။

✅ကညွတ်

💥သုက်ပိုးတွေ အရေအတွက်များစေဖို့နဲ့ သူတို့ရဲ့ လှုပ်ရှားမှုကို မြှင့်တင်ပေးဖို့အတွက် ကညွတ်ကို စားသုံးနိုင်ပါတယ်။ ကညွတ်မှာ ဗီတာမင်စီပါဝင်ပြီး သူဟာ ဝှေးစေ့ရဲ့ ဆဲလ်တွေကို ကာကွယ်ပေးပြီး ဓါတ်တိုးပစ္စည်း တွေကို တိုက်ထုတ်ပေးမှာ ဖြစ်ပါတယ်။

✅ပန်းဂေါ်ဖီစိမ်း

💥ပန်းဂေါ်ဖီစိမ်းမှာ folic acid နဲ့ ဗီတာမင် B9 ပါဝင်တာမို့ ကလေးရရှိခြင်းအတွက် အရေးကြီးပါတယ်။ လေ့လာမှုတစ်ခုမှာ အမျိုးသားတွေဟာ ပန်းဂေါ်ဖီစိမ်းကို နေ့တိုင်းစားရင် သူတို့ရဲ့ သုက်ပိုးအရေအတွက်ကို ၇၀% မြှင့်တင်ပေးနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။

✅တလည်းသီး

💥တလည်းသီးဟာ အါကရသာ ရှိပြီး အရည်ရွှမ်းရုံသာမက သူ့ကို သုက်ပိုး အရေအတွက်ရော အရည်အသွေးရော တိုးတက်ဖို့အတွက် အသုံးပြုကြပါတယ်။ တလည်းသီးဟာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ ရှိတာမို့ ကိုယ်ဝန် ရရှိမှုကို အားပေးပါတယ်။ ဒီအသီးဟာ သုက်ပိုးအရေအတွက်ကို တိုးတက်စေဖို့နဲ့ သုက်ရည်ရဲ့ အရည်အသွေးကို ကောင်းမွန်စေဖို့အတွက် စွမ်းအားရှိတဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။

✅သစ်ကြားသီး

💥သစ်ကြားသီးမှာ အိုမီဂါ ၃ ပါဝင်ပြီး ဝှေးစေ့ကို သွေးရောက်ရှိမှု တက်စေတာကြောင့် သုက်ပိုးတွေရဲ့ ပမာဏရော ထုတ်လုပ်မှုကိုပါ များစေပါတယ်။ သစ်ကြားသီးမှာ ပါဝင်တဲ့ Arginine ဟာ တစ်မျိုးဖြစ်ပြီး သုက်ရည်ပမာဏကို တက်စေပါတယ်။ သစ်ကြားသီးမှာ အခြားအသီးတွေထက် ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ နှစ်ဆ ပိုမိုပါဝင်ပြီးတော့ သွေးထဲက ဓါတ်တိုးပစ္စည်း တွေကို တိုက်ထုတ်ပေးပါတယ်။

✅ကြက်သွန်ဖြူ

💥ကြက်သွန်ဖြူဟာ ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပြီး ကျန်းမာတဲ့ သုက်ပိုးထုတ်လုပ်မှုကိုလည်း အားပေးပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဗီတာမင်ဘီ ၆ နဲ့ ဆီလီနီယမ် ဟာ သွေးကို သန့်စင်ပေးပြီး ဝှေးစေ့သွေးရောက်ရှိမှုကို အားပေးကာ ကိုယ်ခံအား ကောင်းမွန်စေပါတယ်။

✅ဇင့်ပါဝင်မှု များတဲ့ အစားအစာများ

💥ဇင့်ဓါတ် ပြည့်ဝဖို့အတွက် မုယောစပါး၊ အနီရောင် ရှိတဲ့ အသားနဲ့ ပဲတွေကို စားသုံးသင့်ပါတယ်။ သူဟာ သုက်ပိုးတွေကို ပိုမို သန်စွမ်းစေပြီး လှုပ်ရှားမှု မြင့်တက်စေပါတယ်။ ဒါပေမယ့် ဇင့်ပမာဏ နည်းလွန်းခြင်း (သို) များလွန်းခြင်းဟာ ဆိုးကျိုးတွေကို သယ်ဆောင်လာတတ်ပါတယ်။ သင့်လျော်တဲ့ ဇင့်ပမာဏကတော့ တစ်နေ့ကို ၁၅ မီလီဂရမ် ဖြစ်ပါတယ်။

💥ဒီအစားအစာတွေအပြင် မုန်လာဥနီ၊ တူနာငါး၊ အစေ့၊ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ ရွှေဖရုံသီး၊ ဂျင်ဆင်း နဲ့ ထောပတ်သီးတို့ကို စားသုံးခြင်းဟာလည်း သုက်ပိုးထုတ်လုပ်နှုန်းကို မြင့်တက်စေပါတယ်။ အလယ်အလတ် ပမာဏလောက် စားသောက်ခြင်းဟာ သင်ရဲ့ မကြာခင်မှာ ရောက်လာမယ့် ဖခင်ဘဝအတွက် အကောင်းဆုံး ပြင်ဆင်မှုပဲ ဖြစ်ပါတယ်💯💯

✍crd

23/06/2022

ကျောက်ကပ်ပျက်ဆီးကြောင်း လက္ခဏာ( ၁၄ )ချက်

အကြောင်းအမျိုးမျိုးကြောင့် ကျောက်ကပ်ပျက်ဆီးနိုင်ပါတယ်
ရောဂါအခြေမနေဆိုးလာရင်တောင် သိသာထင်ရှားတဲ့လက္ခဏာမပြတဲ့အတွက်
ထိုရောဂါကိုတိတ်တဆိတ်လူသတ်သမားလို့ခေါ်ပါတယ်

၁) ဆီးအခြေအနေပြောင်းလဲခြင်း
၂) ခက်ခက်ခဲခဲဆီးသွားရခြင်း( သို့ )ဆီးသွားနေစဉ်နာကျင်စွာခံစားရခြင်း
၃) ဆီးထဲမှာသွေးပါခြင်း
၄) ဆီးအမြုပ်ထခြင်း
၅) ခန္ဓာကိုယ်ဖောသွပ်ခြင်း
၆) အလွန်အမင်းမောပန်း၍ ဖြူရော်ရော်ဖြစ်ခြင်း
၇) မူးနှောက်၍အာရုံ မစူးစိုက်နိုင်တော့ခြင်း
၈) ချမ်းစိမ့်စိမ့်ဖြစ်ခြင်း
၉) အရေပြားယားယံ၍ အနီစင်းကြောင်းတွေပေါ်ခြင်း
၁၀) အသက်ရူလိုက်တိုင်းအမိုးနီးယား ဓာတ်ငွေ့နံ့ခံစားရခြင်း
၁၁) အော်ဂလီဆန်၍ ပျို့အန်ခြင်
၁၂) အစာစားချင် စိတ်မရှိခြင်း
၁၃) အသက်ရူ မဝခြင်း
၁၄) ခါးဘေးတွေ နာခြင်း

၁) ဆီးအခြေအနေပြောင်းလဲခြင်း

ဆီးအခြေအနေပြောင်းလဲခြင်းအစ ကျောက်ကပ်ရောဂါကလို့မှတ်ပါ ပုံမှန်မဟုတ်
ဆီးနည်းလာခြင်း ဆီးများလာခြင်း မကြာခဏဆီးသွားခြင်း အားစိုက်ဆီးညှစ်ထုတ်ရခြင်း ယခင်ထက်ဆီးအရောင်ရင့်လာခြင်း အထူးသဖြင့်ညပိုင်းမှာဆီးသွားချိန်မျာလာခြင်း
ကျောပ်ကပ်ပျက်ခြင်း အစလက္ခဏာများကြောင့် အချိန်မှီကုသမူခံယူပါ။

၂) ခက်ခက်ခဲခဲဆီးသွားရခြင်း ( သို့) ဆီးသွားနေစဉ်နာကျင်စွာခံစားရခြင်း

ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ခက်ခဲနာကျင်စွာဆီးသွားရ / ဆီးပူပြီး လိင်အဂါင်္မှာ
ပူစပ်ပူလောင်ခံစားရ - ဆီးလမ်းကြောင်းထဲမှာရှိတဲ့ပိုးက ကျောက်ကပ်အတိ ကူးစက်
ပျံ့နှံသွားပါက အဖျားတက်ပြီးခါးနာလာပါတယ်။

၃ ) - ဆီးထဲမှာသွေးပါခြင်း

ဆီးထဲမှာသွေးပါခြင်းက ကျောက်ကပ်ပြဿနာရှိကြောင်းကို ထင်သာမြင်သာစွာ သိနိုင်
ပါတယ် ထိုအခြေအနေမျိုးကြုံပါက ဆရာဝန်နင့်အမြန်ကုသမူခံယူပါ ။
( အမျိုးသမီးများ ဓမ္မတာလာစဉ် ဆီးထဲမှာသွေးပါခြင်းကို မဆိုလိုပါ)

၄ ) - ဆီးအမြုပ်ထခြင်း

ဆီးသွားနေစဉ်အတွင်း ဆီးထဲမှာ အမြုပ်ထနေခြင်းကို အလွယ်တကူတွေ့နိုင်ပါတယ်
ထိုအခြေအနေမျိုးက ခန္ဓာကိုယ်ထဲမှာ ပရိုတင်းဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်နိုင်သလို
ကျောက်ကပ်ပျက်စီးတဲ့ လက္ခဏာလည်းဖြစ်နိုင်တယ်။

မပေါ့ဆပဲဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်တယ်လို့ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရှိ ကျောက်
ကပ်ရောဂါဆိုင်ရာ သုတေသီတစ်ဦးဖြစ်သူ ဒေါက်တာ Deepa Jayaram က
သတိပေးထားပါတယ်။

၅ ) - ခန္ဓာကိုယ်ဖောသွပ်ခြင်း

ကျောက်ကပ်ပျက်စီးနေသူတိုင်း ကြုံတွေ့ရမည့် လက္ခဏာပါ ကျောက်ကပ်ရဲ့တာဝန်က
ခန္ဓာကိုယ်ထဲရှိ မလိုအပ်ပဲ ပိုလျှံနေတဲ့အရည်တွေကို ဆီးအဖြစ်ထုတ်ပေးရပါတယ်။
မကျန်းမာတဲ့ကျောက်ကပ်က အဒီလုပ်ငန်းစဉ်တွေကို မလုပ်နိုင်တော့ပါဘူး။

ထိုအခါ ပိုလျှံနေတဲ့ဆီနဲ့အငံ ဓာတ်တွေဟာ ယူရစ်အက်ဆစ်အဖြစ် ဖောက်ပြန်လာကာ
ခြေဖမိုး. အဆစ်အမြစ်. မျက်နှာနှင့် လက်ချောင်း လက်ဖျံတွေကို ရောင်ကိုင်းဖောသွပ်
စေကာ ကွေးဆန့်နိုင်ဖို့ ခက်ခဲသွားပါပြီ။

၆ ) - အလွန်အမင်းမောပန်းနွမ်းနယ်၍ ဖြူရော်ရော်ဖြစ်ခြင်း

ကျောက်ကပ်တွေကErythropoietin ခေါ် ဟိုမုန်းတစ်မျိုးကိုထုတ်လုပ်ပေးပါတယ်
၄င်းဟိုမုန်းက သွေးနီဆဲလ်တွေထံသို့ အောက်ဆီဂျင်ထောက်ပံ့ပေးတာဖြစ်ပါတယ်။

အကယ်၍ ကျောက်ကပ်မှာပြဿနာရှိ၍ ဟိုမုန်း မထုတ်လုပ်ပေးနိုင်တော့ပါက သွေးနီဆဲလ်တွေလည်း လျော့ကျလာပြီး သွေးအားနည်းရောဂါ ခံစားရသကဲ့သို့ အလွန်
အမင်းမောပမ်း နွမ်နယ်၏ဖျောတော့လာပါသည်။

၇ ) - မူးနောက်၍အာရုံမစူးစိုက်နိုင်တော့ခြင်း

အထက်ဖော်ပြပါ ဖြူရော်နွမ်းနယ်ခြင်းကလဲ ဦးနှောက်ထံသို့အောက်ဆီဂျင် ရောက်ရှိမူ
လျော့နည်းခြင်း တိုက်ရိုက်ပတ်သက်နေတာကြောင့် မူးနောက်နောက်ဖြစ်ကာ အာရုံ
စူးစိုက်နိုင်ခြင်း မရှိတော့ပါ။

၈ ) - ချမ်းစိမ့်စိမ့်ဖြစ်ခြင်း

ကျောက်ကပ်ပျက်စီးတဲ့အခါ သွေးနီဆဲလ်များယုတ်လျော့သွားတာကြောင့် ပူနွေးတဲ့
ပုံမှန်အခန်းအပူချိန်မှာတောင် ခြေ လက်တွေ အမြဲလိုလိုအေးစက်နေတတ်ပါတယ်။

ချမ်းအေးတဲ့ ရာသီဥတုမဟုတ်ပဲ အလွန်အမင်းမောပမ်းနွမ်းနယ်၍ ခြေလက်တွေ ရေခဲ
တုံးတမျှအေးခြင်းက ကျောက်ကပ်ပျက်ဆီးနေပြီဖြစ်ကြောင်းကို ဖော်ပြတဲ့ လက္ခဏာ
ဖြစ်တာမို့ လုံးဝမပေါ့ဆသင့်ပါ ။

၉ ) - အရေပြားယားယံ၍အနီစင်းကြောင်းများပေါ်ခြင်း

ဤဖြစ်စဉ်က သာမန်ဓာတ်မတည့်မူ အရေပြား allergy ရောဂါနဲ့ခပ်ဆင်ဆင်တူပါ
တယ် - မပေါ့ဆပါနဲ့ ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်နိုင်တော့ပါက ခန္ဓာကိုယ်
ထဲက အဆိပ်အတောက်တွေ စုပြုံကျလာတာကြောင့် အရေပြားမသန့်ဘဲ ယားယံခြင်း
တွေဖြစ်လာပါတယ်။

ဒါကြောင့် အရေပြား allergy ရောဂါခံစားရပါက အစားအသောက်မှား၍ဓာတ်မတည့်
တာလား ( သို့ ) ကျောက်ကပ်ကြောင့်ဖြစ်လားဆိုတဲ့အဖြေကိုတိတိကျကျဖော်ထုတ်ပါ။

၁၀) - အသက်ရူလိုက်တိုင်းအမိုးနီးယားဓာတ်ငွေ့ခံစားရခြင်း

မိမိဖာသာအလွယ်တကူသိနိုင်တဲ့လက္ခဏာပါ စွန့်ပစ်ဆီးထဲမှာurea ခေါ် နိုက်ထရိုဂျင်
ဓာတ်ပေါင်းတစ်မျိုး ပျော်ဝင်နေပါတယ်.။

ကျောက်ကပ်ပျက်စီးလာလေလေ urea ပျော်ဝင်မူ များလေလေဖြစ်တာကြောင့်
ထို ဓာတ်ပေါင်းတွေက အမိုးနီးယား ဓာတ်ငွေ့နံ့ အဖြစ် တံထွေးနဲ့ခံတွင်းမှာ ပျံ့နှံပြီး
အသက်ရူလိုက်တဲ့အခါတိုင်း အမိုးနီးယားနံ့ကို ခံစားရခြင်း ဖြစ်ပါတယ်။
( အမိုးနီးယားအနံ့က ဇဝက်သာအနံ့နဲ့ ဆင်တူပါတယ်)

၁၁) - အော်ဂလီဆန်၍ပျို့အန်ခြင်း

ကျောက်ကပ်ပျက်စီးလာတဲ့အခါ သွေးထဲမှာ စွန့်ပစ်ပစ္စည်းတွေ စုပြုံလာတာကြောင့်
သွေးဆိပ်တက်လာပြီး အော်ဂလီဆန် ပျို့အန်တာတွေ ခံစားရပါတယ်။

၁၂) - အစားစားချင်စိတ်မရှိခြင်း

တချို့ဝေဒနာသည်တော်တော်များများမှာ ရောဂါအခြေအနေ ဆိုးဝါးနေတာတောင်
ကျောက်ကပ်ပျက်စီးကြောင်းကို သိသာထင်ရှားတဲ့ လက္ခဏာတွေမတွေ့ရတတ်ပါဘူး

ခန္ဓာကိုယ်ထဲမှာ ဆီးဆိပ်တက်နေတဲ့အခါ ဘာစားစား အရသာခံအာရုံမကောင်းတော့ပဲ
အစာစားချင်စိတ်မရှိနိုင်တော့ဘူးလို့ ဒေါက်တာ Deepa Jayaram ကအကြံပြု
ထားပါတယ်။

၁၃) - အသက်ရူမဝခြင်း

ကျောက်ကပ်အခြေအနေဆိုးဝါးလာတဲ့အခါ အဆုတ်ထဲမှာ အရည်တွေပြည့်လာတဲ့
အတွက် အသက်ကောင်းကောင်း မရူနိုင်တော့ပါဘူး- အသက်ရူမဝသလို ခံစားရပြီး
ခန္ဓာကိုယ်မှာလည်း အောက်ဆီဂျင်ငတ်လာပါတယ်။

၁၄ ) - ခါးဘေးတွေနာခြင်း

အလွယ်တကူသိနိုင်တဲ့လက္ခဏာဖြစ်ပေမယ့်လူတော်တော်များများကသတိမထားတတ်
ကြပြန်ဘူး ခါး၏အနောက်ဖက် အလည်ခေါင်တည့်တည့်က နာတာမျိုး မဟုတ်ပါ။

ဘယ် ( သို့ ) ညာ ကျောက်ကပ်ရှိတဲ့ခါးဘေး၏အနောက်နားက နာခြင်းမျိုးပါ
ခါးဘေး၏အနောက်ဖက်နားမှစ၍ ပေါင်ချန်အထိနာတတ်ပါတယ်။

ဥပမာ ..ကျောက်ကပ်မှဆီးအိတ်သို့ဆီးကိုသည်ဆောင်ပေးသည့် ဆီးပြွန်ရောင်ရမ်းခြင်း
ဆီးထဲမှာ အနယ်အနစ်များခြင်း. ဆီးကျောက်တည်ခြင်း. အထူးသဖြစ် အမျိုးသမီးတွေ
ဆီးမကြာခဏသွား၍ ဆီးအိမ်ရောင်ခြင်းတို့ကြောင့် အဲဒီလိုခါးနားလာရပါတယ်

crd........

21/06/2022

Please Like & Share Our Page For Men

16/06/2022

အရွယ်တင်နုပျိုနေစေဖို့ အသက်၄၀ဝန်းကျင်ရှိတဲ့သူတွေ လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းလေးတချို့
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

အားလုံးပဲမင်္ဂလာပါနော်။ အသက်အရွယ်ဆိုတာ တကယ်တော့ ကိန်းဂဏန်းတစ်ခုပါပဲ။ ငယ်ရွယ်နုပျိုခြင်းရဲ့ လျှို့ဝှက်ချက်ဆိုတာ ကိုယ့်ကိုကိုယ် လှပအောင်ထိန်းသိမ်းခြင်း ကျန်းမာအောင်နေထိုင်ခြင်းပဲဆိုတာ ငြင်းစရာရှိမယ် မထင်ပါဘူးနော်။

ဒီလို ခန္ဓာကိုယ်ကျန်းမာလှပနေဖို့ဆိုတာ ထိုင်နေရုံနဲ့မရပါဘူးနော်။ ကိုယ့်အသက်အရွယ်ကလည်း အသက်၄၀နားရှိနေပြီး ပင်ပန်းတဲ့လေ့ကျင့်ခန်းတွေလည်း မလုပ်နိုင်ဘူးဆိုရင်တော့ ဒီလိုလွယ်ကူပြီး သိပ်မပင်ပန်းတဲ့လေ့ကျင့်ခန်းလေးတွေ လုပ်ပေးကြည့်ပါနော်။

၁။ ညောင်းညာကိုက်ခဲနေတာတွေသက်သာအောင်

အခုပုံမှာပြထားသလိုမျိုးနေတာက ကြွက်သားနာကျင်ကိုက်ခဲတာကို သက်သာစေသလို သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီးတော့ သင့်ခန္ဓာကိုယ်အတွက်လည်း အောက်စီဂျင် ပိုပြီးရအောင် ကူညီပေးနိုင်ပါတယ်။

အခုပုံမှာပြထားတဲ့အတိုင်း ၁၀ စက္ကန့်နေပါ။ ၁၀ စက္ကန့်နားပါ။ အဲဒီလို ၁၀ ကြိမ် လုပ်ပေးရပါမယ်။

၂။ နှလုံးကျန်းမာအောင်

နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်အောင် ကြိုးလေးခုန်ကြရအောင်ပါ။ တစ်ခါခုန်ရင် ၁၅ ကြိမ်ခုန်ပြီးတော့ ၁၀ စက္ကန့်လောက် နားပါ။ ၁၅ ကြိမ် ၅ ခါ ထပ်ခုန်ပါနော်။

၃။ စူပါမန်းလိုနေမယ်

သင့်ရဲ့ အဆစ်အမြစ်တွေကို ပိုပြီးသန်မာစေပြီး ဒီလိုလုပ်ပေးခြင်းအားဖြင့် အဆစ်အမြစ်တွေ နာကျင်ခိုက်ခဲမှုတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

အခုပုံမှာပြထားသလို ၁၀ စက္ကန့်လောက်နေပေးပြီး ၁၀ စက္ကန့်နားပါ။ အဲဒီအတိုင်း ၁၀ ကြိမ်‌လုပ်ပေးပါ။

၄။ အလေး မ မယ်

ကျောလှဲနေပြီး အလေးတုံးတွေ မ ပေးတာက နောက်ကျောညောင်းတာကို သက်သာစေသလို သင့်လက်မောင်းက အဆီတွေကိုလည်း လျှော့ချပေးပြီး လက်မောင်းသားကို တင်းရစ်နေစေပါတယ်။ ဒါကြောင့် အလေးတုံးလေးကို ၁၀ ကြိမ် ၅ ခါ မပေးပါ။ ၁၀ ကြိမ်ပြည့်တိုင်း တစ်ခါနားနိုင်ပါတယ်။

၅။ Squat ထိုင်မယ်

အသက်အရွယ်ရလာရင် ဒူးလေးတွေက သိပ်မခိုင်ချင်တော့ဘူးနော်။ ဒါ့ကြောင့် ဒူးလေးကို ပိုပြီးသန်မာစေအောင် ဒီလို Squat ထိုင်တဲ့လေ့ကျင့်ခန်းကိုလုပ်နိုင်ပါတယ်။

ထိုင်ခုံတစ်လုံးကို အနောက်မှာ ထားပြီးတော့လည်း ထိုင်ထလုပ်ပေးနိုင်ပါတယ်။

တခါလုပ်ရင် အခါ ၂၀ လုပ်ပေးပြီး ၃ ကြော့ လုပ်ပါ။

crd.....

11/06/2022

ဆီးထဲတွင်သွေးပါခြင်း (haematuria)

ဆီးထဲသွေးပါတယ်ဆိုတာဘာလဲ??

ဆီးထဲသွေးပါတယ်ဆိုတာ ခန္ဒာကိုယ်ထဲက သွေးနီဥတွေ ဆီးထဲပါလာတာကိုပြောတာပါ။ ဆီးထဲသွေးပါတယ်လို့ပြောလိုက်ရင် သာမန်မျက်စိနဲ့မြင်နိုင်တာရှိသလို မမြင်နိုင်တာလည်းဖြစ်နိုင်ပါတယ်။

ဘယ်လိုလူတွေမှာဆီးထဲသွေးပါနိုင်ချေ များသလဲ??

အသက်ကြီးတဲ့သူတွေနဲ့ ဆေးလိပ်သောက်တဲ့လူတွေမှာ ဆီးထဲသွေးပါနိုင်ချေ သာမန်လူတွေထက်များတယ်လို့ လေ့လာချက်များကဖော်ပြနေပါတယ်။

ဘယ်လိုအကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်သလဲ??

တကယ်တော့ ဆီးထဲသွေးပါတယ်ဆိုတာ အကြောင်းရင်းများစွာကြောင့်ဖြစ်နိုင်ပေမယ့် အဖြစ်များတဲ့ အကြောင်းရင်းတွေကိုဦးစားပေး ဖော်ပြသွားပါမယ်။

၁။ ကျောက်တည်ခြင်း

ဆီးကျောက်တည်ပြီဆိုရင်တော့ သင်ဟာ ဆီးထဲသွေးပါတာအပြင် ခါးဆိုးဆိုးဝါးဝါးနာကျင်တာ အဲနာကျင်တာက ခါးကနေ ပေါင်ခြံအထိ ပျံနေတာ အပြင် ဆီးသွားတဲ့အခါ နာကျင်တာ ဖျားတာတို့ပါ ဖြစ်တတ်ပါတယ်။

၂။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုရင်တော့ ဆီးပူတာ ဆီးကျင်တာ ဆီးအောင့်တာအပြင် ဆီးအရောင်နောက်နေတာ အနံတအားနံတာ ဗိုက်အောင့်တာ အဖျားကြီးဖျားတာ တို့တွေလည်း ဖြစ်တတ်ပါတယ်။

၃။ ဆီးကျိတ်ကြီးခြင်း

အမျိုးသားတွေအနေနဲ့ အသက် ၅၀ကျော်လာတဲ့အခါ ဆီးကျိတ်ကြီးချင်းနဲ့ ကြုံတွေ့လာနိုင်တယ်။ ဆီးကျိတ်ကြီးတာကြောင့်ဆိုရင်တော့ ဆီးစသွားရခက်တာ ဆီးခဏခဏသွားချင်တာ ဆီးမထိန်းနိုင်တာ ညဘက်ကြီး ဆီး ထထ သွားရတာတွေ ဖြစ်တတ်ပါတယ်။

၄။ကင်ဆာ

ကင်ဆာကြောင့်ဆိုရင်တော့ ဗိုက်မှာအလုံးအကျိတ်တွေ စမ်းမိတာ လူကသိသိသာသာပိန်သွားတာ ခံတွင်းပျက်တာတွေ အပြင် တစ်ကိုယ်လုံးဖြူဖျော့နေတာ နှုံးချိနေတာတွေဖြစ်တတ်ပါတယ်။

၅။ Exercise

Exercise တွေတအား လုပ်လိုက်လို့လည်း ဆီးထဲမှာသွေးပါလာနိုင်တယ်လို့ သိရပါတယ်။ အဲဒါကြောင့်ဆ်ုရင်တော့ ရက်အနည်းငယ်နေရင် အလိုလို ပြန်ပျေက်သွားမှာပါ။

ဒီ့အပြင် သွေးရောဂါရှိတဲ့လူတွေ မတော်တဆ ထိခိုက်မှုတွေကြောင့်လည်း ဆီးထဲသွေးပါတတ်ပါတယ်။

ဆီးထဲသွေးပါလာရင်ဘယ်လိုလုပ်မလဲ??

ဆရာဝန်ဆီ အမြန်ဆုံးသွားတာကောင်းပါတယ်။ တချို့က ပထမဆုံးအကြိမ်မို့လို့ တခြားဘာလက္ခဏာမှမရှိလို့ နဲနဲဘဲပါလို့ သွေးပါမပါမသေချာလို့စတဲ့ အကြောင်းပြချက်မျိုးဆုံနဲ့ ဆရာဝန်နဲ့ပြဖို့ နောက်ဆုတ်နေတတ်ပါတယ်။ အဲလိုမျိုးတွေ တွေဝေမနေဘဲ ဆီးထဲသွေးပါလာပြီ ဆိုတာနဲ့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

crd.......

10/05/2022

လိင်အင်္ဂါ ကြွက်နို့ 👇👇( HPV )

👉 လိင်အင်္ဂါ ကြွက်နို့ပေါက်တယ်ဆိုတာ STD လို့ခေါ်တဲ့ လိင်ကတစ်ဆင့်ကူးစက်တက်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။

👉 ဘာ virus အမျိုးအစားလဲဆိုရင်HPV(human papillomavirus) လို့ခေါ်ပါတယ်။

👉 ဒီ virus ကြောင့်ပဲ ကြွက်နို့ပေါက်တာဖြစ်ပါတယ်။ ကြွက်နို့တွေက ဘယ်နေရာတွေမှာ အဓိက ပေါက်တက်လဲဆိုရင် စိုစွတ်တဲ့ လိင်အဂ်ါ ပတ်ချာလည်တစ်နေရာရာမှာ ကြွက်နို့ပေါက်တက်ပါတယ်။ ကြွက်နို့လေးတွေက သေးငယ်တယ် အသားလုံးလေးတွေလိူဖြစ်တက်တယ်တခါတစ်လေကြရင် ဂေါ်ဖီပန်းပွင့်လို ပုံသဏ္ဋာန် ဖြစ်တက်ပါတယ် ။ ဘာလို့ ဒီလိူဖြစ်သွားလဲဆိုရင် အသားလုံးလေးတွေများလာပြီး ပွားလာ တာပါ.. အရမ်းကြောက်ဖို့ကောင်းပါတယ်..

👉 👱 လိင်အဂ်ါနားမှာကြွက်နို့ပေါက်တာက ဘယ်လိုမျိုးလက္ခဏာတွေလဲ ကြွက်နို့လား ကြွက်နို့ မဟုတ်ဘူးလား? ဘယ်နေရာတွေမှာပေါက်တက်လဲ ?

👧 အမျိုးသမီးတွေအနေနဲ့ အဓိက ကြွက်နို့ပေါက်တက်တဲ့နေရာတွေကတော့ မိန်းမကိုယ်အဝ ၊ မိန်းမကိုယ် ၊သားအိမ်၊ သားအိမ်ခေါင်း၊ စအို၊ စအို ဝတွေမှာ အများအားဖြင့်ပေါက်တက်ကြပါတယ်။

👨 အမျိုးသားတွေမှာကြွက်နို့ပေါက်တက်တဲ့နေရာတွေကတော့ လိင်တံ ၊ လိင်တံရဲ့ထိပ်၊ ကပ်ပယ်အိတ်၊ စအိုနှင့် စအိုဝများတွင်ကြွက် နို့ဖြစ်တက်ပါတယ်။

▪ လိင်အဂ်ါကနေကူးစက်တက်တဲ့ကြွက်နို့တွေဟာ တချို့ဆိုလို့ရှိရင် ပါးစပ် လည်ချောင်းတွေမှာလည်းပေါက်တက်ပါတယ်။

👉👨👩 ကြွက်နို့ပေါက်တဲ့ပူံစံလေးတွေကအသားလုံးလိုမျိုးဖြစ်တက်တယ် အရောင်က အညိုရောင် (သို့) ပန်းရောင်သန်းတက်တယ်။ တစ်ခါတစ်လေဂေါ်ဖီထုတ်လိုမျိုး အဖွာဖွာ တွေနဲ့ဖြစ်တက် ပါတယ်။ ဘာကြောင့်လည်းဆိုရင် အလုံးလေးတွေများလာပြီးဂေါ်ဖီပန်းပွင့်လိုဖြစ်တက်ပါတယ်။ ကြွက်နို့တွေက များသောအားဖြင့်ယားတက်တယ် တခါတလေကျရင် အရေခွံတွေကွာတက်တယ် ဒါမှမဟုတ် အမျိုးသမီးတွေမှာဆိုရင် သွေးတွေဆင်းတက်ပါတယ်။ ဒါလေးတွေက တော့ကြွက်နို့ပေါက်တက်တဲ့နေရာတွေနဲ့ လက္ခဏာတွေကိုမျှဝေပေးတာဖြစ်ပါတယ်။😇😇

👨‍⚕️ လိင်အဂ်ါမှာကြွက်နို့ပေါက်ရင် ဘယ်အချိန်ဆရာဝန်ဆီပြသရမလဲ။

ကိုယ်လိင်အဂ်ါကြွက်နို့ပေါက်တာ ကိုယ့်ရဲ့ဆက်ဆံဖော်မှာ ကြွက်နို့ပေါက်တာဆိုရင် ဆရာဝန်နဲ့အမြန်ဆုံးပြပါလို့အကြံပေးချင်ပါတယ်.....

👩👨 ဘယ်သူတွေဟာ လိင်အဂ်ါမှာကြွက်နို့ပေါက်ဖို့ ဖြစ်နိုင်ချေအများဆုံးအုပ်စုထဲမှာပါလဲ.👇👇

(1). လိင်ဆက်ဆံတဲ့လူ လူဦးရေများတာ။
(2). အရင်တည်းက လိင်နဲ့ပတ်သက်တဲ့ရောဂါခံစားဖူးခြင်း။
(3). လိင်ဆက်ဆံမိသူရဲ့ရာဇဝင် ကိုသေချာမသိခြင်း။
အသက်ငယ်ရွယ်စဉ်လိင်ဆက်ဆံမိခြင်း ၊ကိုယ်ခံအားစနစ်ကျဆင်းနေခြင်း။

▪▪ နောက်ဆက်တွဲရောဂါတွေ လက္ခဏာတွေ▪▪

လိင်အဂ်ါမှာကြွက်နို့ပေါက်ရင်နောက်ဆက်တွဲ ဖြစ်နိုင်တဲ့ရောဂါတွေ......

👩 ကင်ဆာ ၊ သားအိမ်ခေါင်းကင်ဆာ ၊ အမျိုးသမီးတွေဟာ လိင်အဂ်ါနားမှာကြွက်နို့ပေါက်တာဆိုရင်သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေပိုများပါတယ်။ကလေးမီးဖွားရန်ခက်ခဲခြင်း မွေးလမ်းကြောင်းမှာကြွက်နို့ပေါက်ခြင်း ​ဖြစ်လာနိုင်ပါတယ်။

👨 အမျိုးသားတွေမှာလိင်အဂါမှာ ကြွက်နို့ပေါက်တယ်ဆိုရင် ရှက်ပြီးမကုသပဲထားတက်ကြတယ်။ ဒါဟာဘယ်လိူဆိုးကျိုးတွေဖြစ်လာနိုင်လဲဆိုရင် လိင်တံ ကင်ဆာဖြစ်နိုင်ပါတယ်။

💊💊 သောက်ဆေးနဲ့မပီးတဲ့တဲ့အတွက်ဆရာဝန်နဲ့သေချာပြသ သင့်ပါတယ်။ ကုသ လိုက်ရင်တော့ပျောက်ကင်းတဲ့အမျိုးအစားထဲမှာပါပါတယ်......

crd....

07/05/2022

✌ ကာလသားရောဂါများ နှင့် HIV ရောဂါပိုးသည် ပိုးရှိသူနှင့်အကာကွယ်မဲ့လိင်ဆက်ဆံရာမှ ကူးစက်နိုင်သည့်အခြေအနေခြင်းတူညီကြသော်လည်း...👇👇👇👇

▪ ကာလသားရောဂါများကူးစက်ခံရသည့်အခါ သက်ဆိုင်ရာရောဂါအလိုက် လက္ခဏာများပြတတ်ပြီး HIV ပိုးစတင် ကူးစက်ခံရသည့်အခါတွင် မည်သည့်လက္ခဏာမှပြလေ့မရှိပါ။👤

▪ ကျားမအသက်အရွယ်မရွေး (ပါးစပ် ၊ စအို ၊ လိင်အဂ်ါ ) ဆက်ခဲ့မှူ ရှိခဲ့ လျှင် ကာလသားရောဂါများကူးစက်ခံရနိုင်ပါတယ်..👤

▪ အဖြစ်များတဲ့ ကာလသားရောဂါ လက္ခဏာတွေကတော့ လိင်အဂ်ါတစ်ဝိုက် ( ယားယံ / အဖြူဆင်း / ဂနိုကျ / အနာပေါက် / ကြွက်နို့ / ရေယုန် / ဆီးပူဆီးကျင် ) အစရှိတဲ့လက္ခဏာတွေဖြစ်တက်ပါတယ်။👤

▪ တစ်ချို့ ကာလသားရောဂါတွေက လက္ခဏာ မပြတက်ပါဘူး...👤

▪လက္ခဏာမ ပြတဲ့ ကာလသားရောဂါတွေဆိုရင် သွေးစစ်ခြင်းဖြင့်လျင်မြန် စောစီးစွာသိနိုင်ပါတယ်..👤

▪ ကာလသားရောဂါများထဲမှ ဆစ်ဖလစ်သည် လက္ခဏာမပြပဲရှိနေနိုင်သည့်အတွက် ဆက်ဆံပြီး ၄၅ရက်နောက်ပိုင်း သွေးစစ်ခြင်းဖြင့်သိနိုင်ပါတယ်.👤

▪ ကာလသားရောဂါများကို စနစ်တကျ ကုသပါက ပျောက်ကင်းနိုင်ပြီး HIV ပိုးကိုတော့ ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသေးပါ။🙅‍♂️🙅‍♂️

📍 ထို့ကြောင့် ကာလသားရောဂါများနှင့် HIV ပိုး သည် မတူညီကြောင်းကို သေချာဂရုပြုသင့်ပါသည်။

📍 ကာလသားရောဂါများမှလည်း HIV ပိုး အဖြစ်သို့ မည်သည့်အကြောင်းနှင့်မျှ ပြောင်းလဲသွားနိုင်ခြင်းမရှိပါ။

HIV ပိုးသည် မည်သည့်ရောဂါများမှ ကူးပြောင်းဖြစ်လာခြင်းမဟုတ်ပဲ HIV ပိုး ရှိသူဆီမှ မရှိသူဆီသို့ ကူးစက်နိုင်သည့်နည်းလမ်းများမှတဆင့် ကူးစက်ခံရခြင်းသာဖြစ်ပါသည်။🤞🤞
crd......

04/05/2022

💉💉ဆေးထိုးမှားခြင်းရဲ့ဆိုးကျိူးများ💉💉

လိင်တံ ဆေးထိုးမှားထားတယ်ဆိုရင်တော့
အမြန်ဆုံးနဲ့အမှန်ကန်ဆုံး နည်းလမ်းတွေနဲ့ကုသဖို့ ပထမဆုံး အကြံပေးချင်ပါတယ်

လိင်တံကြီးထွားဆေး မဟုတ်ပဲ
💁‍♂️ဓာတုချောဆီ 💁‍♂️အနှိပ်ဆီ

💁‍♂️စမ်းသပ်မူ့မရှိသော ဆီလီကွန် အရည်

စတဲ့ အဆီတွေ ထိုးမိရင်တော့ သင်ဟာ လိင်တံကင်ဆာကို ကြိုဆိုနေတာလို့ ယူစလို့ရပါတယ် 😪😪😪

ဆိုးကျိူးရှိတဲ့အဆီတွေက လိင်တံကိုထိုးမိရင်
သွေးနဲ့ဓာတ်မတည့်ပဲ ခဲလာစေပြီး လိင်တံရဲ့ ဖွံ့ဖြိုးစေပြီးဆန့်ထွက်မယ်အကြောတွေကို အချိန်တိုအတွင်းထုံးသွားစေပါတယ် 🥵🥵🥵

လိင်တံဖွံ့ဖြိုးမူ့လုံးဝ ရက်တန်သွားတဲ့အပြင် ထောင်မက်မူ့ကိုလည်း အားနည်းလာစေပါတယ် 🥴🥴🥴

ထိုးတဲ့အဆီတွေဟာ လိင်တံထဲများသွားဖြစ်ဖြစ် နည်းစနစ်မကျ ထိုးမိတာဖြစ်ဖြစ် တစ်ခုခုမှားယွန်းရင်တော့ လိင်တံဟာ မူလပုံပျက်ပြီး လုံးဝပျက်စီးသွားတက်ပါတယ် 😳😳😳

ခဲနေတဲ့ဆေးတွေဟာလိင်တံရဲ့အတွင်းပိုင်းကို အနာဖြစ်ဖို့အားပေးရာရောက်ပါတယ် အတွင်းပိုင်းအရည်ပြားတွေ ပျက်စီးပြီး လိင်တံပေါ်မှာ အဖြူကွက်ပေါ်လာတက်ပါတယ် 🙅‍♂️🙅‍♂️🙅‍♂️

ထိုးထားတဲ့အဆီတွေဟာ နေရာရွေ့ပြီး ဆီးခုံထဲတို့ ကပ်ပယ်အိပ်(ဘော)ထဲသို့လည်းရွေ့သွားပြီး ပြင်းစွာ အောင့်တာနာဖြစ်တက်ပါတယ် 🥵🥵🥵

ဆေးထိုးမှာထားတဲ့လိင်တံတွေဟာ အသက်အရွယ်ရလာတာနဲ့အမျှ ပန်းသေးပန်ညိုးဖြစ်တက်ကြပါတယ်🥺🥺🥺

တစ်ချိူ့တွေ ပြောတာရှိပါတယ် ဆေးထိုးထားတာပဲ လေးငါးနှစ်ရှိပြီး ဘာမှမဖြစ်ဘူးတို့ဘာတို့ပေါ့ 😂😂😂
အဲ့လူတွေထိုးတဲ့အဆီက dateမကုန်သေးလို့ပါ dateကုန်တာနဲ့ ဆေးရဲ့ဆိုးကျိူးအစွမ်းတွေက စောင့်နေပါတယ် 😰😰😰
ဆေးထိုးမှားထားတဲ့လိင်တံကို ဆေးမီတိုနဲ့ကုသနိုင်တယ်ဆိူတာဟာလည်း ယနေ့လို့ ခေတ်မှာရယ်စရာကောင်းလွန်းပါတယ် 😁😁 သူများမြှောက်ပေးတိုင်းမလုပ်ဖို့အကြံပြုစေချင်ပါတယ်
လိင်တံကင်ဆာဆိုတာလူတိုင်းမဖြစ်ကြပါဘူး
အဖြစ်များတဲ့သူတွေဟာ လည်းလိင်တံဆေးထိုး မှားထားသူများ သာ အများဆုံး တွေ့ရပါတယ်🥺🥺

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ

crd......

01/05/2022

အလေးမ လေ့ကျင့်ခန်းလုပ်တဲ့ အမျိုးသားတွေ လက်နဲ့အာသာမဖြေသင့်ဘူးဆိုတာ ဟုတ်သလား?

အမျိုးသားတွေအတွက် လိင်အာသာဖြေတယ်ဆိုတာ ထူးဆန်းတဲ့ ကိစ္စမျိုးမဟုတ်ပေမဲ့ Gym ဆော့သူတွေ အထူးသဖြင့် အလေးမ လေ့ကျင့်ခန်းလုပ်နေသူများ လက်နဲ့ အာသာဖြေတာမျိုး မလုပ်သင့်ဘူးဆိုတဲ့ စကားတွေ ထွက်နေဆဲပါပဲ။

ဒီကိစ္စဟာ လုံးဝမှားယွင်းတာမျိုး မဟုတ်ပေမဲ့လည်း တချို့သော အခြေအနေမျိုးတွေမှာတော့ အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။ ဥပမာအားဖြင့် ကြည့်မယ်ဆိုရင်
• လိင်အာသာဖြေခြင်းဟာ အမျိုးသားတွေရဲ့ စိတ်အားထက်သန်မှု၊ တက်ကြွမှုကို အနည်းငယ်လျော့သွားစေနိုင်တယ်။ ဒီအတွက် လေ့ကျင့်ခန်းမလုပ်ခင် ၂ နာရီအတွင်း သုက်လွှတ်တာမျိုး မလုပ်သင့်ပါဘူး။
• တစ်ကြိမ်သုက်လွှတ်ပြီးလည်း နောက်တစ်ကြိမ် ပြန်စဖို့ အမြဲ ရယ်ဒီဖြစ်နေတတ်တဲ့ ဒေါင်ဒေါင်မြည်ဘီးကျဲတွေအတွက်ကတော့ သုက်လွှတ်ခြင်း၊ မလွှတ်ခြင်းဟာ လေ့ကျင့်ခန်းအပေါ် သက်ရောက်ခြင်း မရှိပါဘူး။
• အမျိုးသားများ လိင်စိတ်အထွတ်အထိပ်ပြီးမြောက်တဲ့အခါ ကျားဟော်မုန်းပမာဏ အနည်းငယ်ကျဆင်းသွားပါတယ်။ ကျားဟော်မုန်းတွေဟာ အမျိုးသားတွေရဲ့ လိင်စွမ်းဆောင်ရည်ကိုသာမက ပြင်ပအားသက်ရောက်မှု၊ လေ့ကျင့်ခန်းတွေရဲ့ ဒဏ်ခံနိုင်စွမ်းကို မြှင့်တင်ပေးတာကြောင့် ဒီဟော်မုန်းတွေ ယာယီကျဆင်းသွားခြင်းက အလေးမတဲ့သူတွေအတွက်တော့ သိပ်အဆင်မပြေစေနိုင်ပါဘူး။
• လိင်ဆက်ဆံနေစဉ်၊ အာသာဖြေနေစဉ် အမျိုးသားတွေဟာ နှလုံးခုန်နှုန်းမြန်နေပြီး သွေးစီးဆင်းမှုအလွန်အားကောင်းပါတယ်။ ဒီလိုမျိုး နှလုံးကို အလုပ်လုပ်ခိုင်းပြီးနောက် အလေးမခြင်းလိုမျိုး အားအင်အလွန်စိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းမျိုး လုပ်တဲ့အခါ ပိုပြီးအမောဖောက်တာ၊ အာရုံမစူးစိုက်နိုင်တာ၊ သတိလစ်တာတွေ ဖြစ်နိုင်ပါတယ်။

ခုပြောပြခဲ့တဲ့ အချက်တွေဟာ ယေဘုယျသုံးသပ်ချက်များသာဖြစ်ပြီး ယောက်ျားလေးတိုင်းကို သက်ရောက်မှုရှိမယ်လို့တော့ အတိအကျ သတ်မှတ်လို့ မရပါဘူး။

အကောင်းဆုံးကတော့ လက်နဲ့ အာသာဖြေခြင်းကို လေ့ကျင့်ခန်းလုပ်ပြီးမှသာ ပြုလုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းဟာ အမျိုးသားတွေရဲ့ သွေးလည်ပတ်စီးဆင်းနှုန်းကို မြန်စေပြီး ကျားဟော်မုန်းပမာဏကို မြှင့်တင်ပေးတဲ့အတွက် Gym ကစားပြီးမှ လက်နဲ့အာသာဖြေခြင်း သို့မဟုတ် လိင်ဆက်ဆံခြင်းဟာ လိင်စိတ်ပြီးမြောက်ချိန်မှာ ပိုပြီးကောင်းမွန်တဲ့ ခံစားမှုကို ရရှိစေနိုင်ပါတယ်။

အကယ်လို့ လေ့ကျင့်ခန်းမစတင်ခင်မှာ လိင်စိတ်ကြွလာလို့ အာသာဖြေဖို့ ရည်ရွယ်တယ်ဆိုရင်တော့
• လေ့ကျင့်ခန်းလုပ်ချိန်ကို သုက်လွှတ်ပြီးချိန်မှ အနည်းဆုံး ၂ နာရီခြားပါ။
• ရေများများသောက်ပေးပါ။
• အဆာပြေ မုန့်တစ်ခုခု စားပေးပါ။
• အလွန်အကျွံ အားစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းမျိုးကို နောက်ဆုံးမှ လုပ်ပါ။
• စိတ်ဓာတ်တက်ကြွစေမယ့် Zumba လို လေ့ကျင့်ခန်းမျိုးတွေ၊ အကြောလျှော့လေ့ကျင့်ခန်းတွေကို အရင်လုပ်ပေးပါ။
• ရေအေးအေး အရင်ချိုးပေးပါ။

crd......

26/04/2022

လိင်အင်္ဂါထောင်မတ်နိုင်စွမ်း ကျလာတာ အိပ်ရေးမဝတာကြောင့်လည်း ဆိုင်တယ်နော်!

အမျိုးသားတွေမှာ အိပ်ရေးမဝခြင်းကြောင့် ရုပ်ခန္ဓာနဲ့ စိတ်ကျန်းမာရေးပြဿနာများအပြင် လိင်ပိုင်းဆိုင်ရာ ပြဿနာတွေပါ ပိုဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဒီဘက်ခေတ် ၂၁ ရာစုမှာ အမျိုးသားများ အထူးသဖြင့် ဆယ်ကျော်သက်နဲ့ လူငယ်ပိုင်းတွေမှာ အိပ်ချိန်နည်းခြင်း၊ အိပ်ချိန်မမှန်ခြင်းကြောင့် လိင်တံထောင်မတ်နိုင်စွမ်း ကျဆင်းတာ၊ လိင်စိတ်နည်းလာတာ၊ ကာမစွမ်းဆောင်ရည် ကျဆင်းတာမျိုး ဖြစ်နိုင်ပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုရင်

၁။ အိပ်ချိန်နည်းတဲ့အခါ ဦးနှောက်က အပြည့်အဝအနားမရတဲ့အတွက် အာရုံကြောစနစ်က ပင်ပန်းပြီး လေးလံထိုင်းမှိုင်းလာပါတယ်။ ဒီအခါ မနက်နိုးလာရင် စိတ်မကြည်မလင်ဖြစ်ပြီး အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းကာ လိင်ပိုင်းဆိုင်ရာအတွက် တွေးဖို့၊ လုပ်ဖို့ကို စိတ်မပါတော့ပါဘူး။

၂။ အိပ်ချိန်မပြည့်ဝခြင်းဟာ ခန္ဓာကိုယ်ရဲ့ ပျော်ရွှင်မှုဟော်မုန်းများကို လျော့နည်းစေပြီး စိတ်ဖိစီးမှုဟော်မုန်းများကို ပိုမိုထုတ်လုပ်တာကြောင့် ကိုယ်တွင်းအင်္ဂါများ လုပ်ဆောင်ရည်ကျလာမယ်။ စိတ်မကြည်လင်၊ လန်းဆန်းမှုမရှိတော့ဘဲ စိတ်ကျန်းမာရေးပြဿနာများ ပိုဝင်လာခြင်းကြောင့် နောက်ဆက်တွဲ လိင်တံထောင်မတ်ခြင်းကို ထိခိုက်စေပါတယ်။

၃။ အိပ်ချိန်နည်းတဲ့ အမျိုးသားတွေမှာ နှလုံးအားနည်းလာပြီး သွေးစုပ်ထုတ်မှုအားလျော့ပါတယ်။ ဒီအခါ နှလုံးခုန်မမှန်တော့ဘဲ သက်လုံကျဆင်းလာတဲ့အတွက် အချိန်ကြာမြင့်စွာ လိင်စွမ်းဆောင်နိုင်မှုမရှိဘဲ အမောဖောက်လာမယ်။

၄။ ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှု နှေးကွေးလာတဲ့အတွက် လိင်အင်္ဂါအတွင်း သွေးသိပ်မရောက်တော့တဲ့အခါ ထောင်မတ်မှုအားလျော့ပါတယ်။

၅။ သတ်မှတ်ထားတဲ့ ညအိပ်ချိန်ကို အပြည့်အဝမရတာကြောင့် အမျိုးသားတွေရဲ့ လိင်စွမ်းဆောင်ရည်နဲ့ မျိုးအောင်နိုင်ရည်ကို ကောင်းကျိုးများစွာ ပေးနိုင်တဲ့ ကျားဟော်မုန်းများ လျော့နည်းလာပါတယ်။ ဒီဟော်မုန်းတွေ နည်းလာတာနဲ့အမျှ လိင်အင်္ဂါ ကောင်းစွာမထောင်မတ်နိုင်တော့ခြင်း၊ လိင်စိတ်ဆန္ဒလျော့ပါးလာခြင်း၊ စိတ်ဖိစီးမှုကို ပိုခံစားရခြင်း၊ လိင်မှုကိစ္စအပေါ် စိတ်အားထက်သန်မှု နည်းသွားနိုင်ပါတယ်။

ပုံမှန်အားဖြင့် အမျိုးသားတွေဟာ အသက် ၄၀ မတိုင်ခင်အထိ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုအားကောင်းလေ့ရှိပြီး နေထိုင်စားသောက်မှုပုံစံနဲ့ ကျန်းမာရေးပြဿနာများကြောင့်သာ ပြဿနာအနည်းငယ် ကြုံတွေ့ရတတ်တာဖြစ်ပါတယ်။

crd.........

Videos (show all)

Please Like & Share Our Page For Men

Telephone

Website

Address


Yangon
11091