JAGAIMĂś

Let's share japan culture & traditional with each other 🤝

22/12/2023

မလာနဲ့ မလာနဲ့ Go Go (ဆရာခြိမ့်လေသံဖြင့်ဖတ်ရန်)🙂

Take it away🤣🤣🤣
Credit to the original owner of this image

Photos from JAGAIMĂś's post 21/12/2023

Kyoto မှာ လည်ဖို့အကောင်းဆုံးနေရာ (၁၀)ခု
😍😍

Photos from Japan Moments's post 20/12/2023

Winter☃️❄️

18/12/2023

ဂျပန်က အလယ်တန်း ကျောင်းသူကျောင်းသား ၄၀၀,၀၀၀ ကျော်မှာ ကျောင်းမတက်လိုတဲ့ လက္ခဏာ တွေ့ရ

လတ်တလော ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ဂျပန်က အလယ်တန်း ကျောင်းသူကျောင်းသား ၄၀၀,၀၀၀ ကျော်လောက်မှာ ကျောင်းမတက်ချင်တဲ့ လက္ခဏာတွေ တွေ့ခဲ့ရပါတယ်။

အမြတ်အစွန်း ပဓာန မထားတဲ့ အဖွဲ့အစည်း Katariba က အဲဒီစစ်တမ်းကို အခုနှစ် အောက်တိုဘာလကနေ နိုဝင်ဘာလအတွင်း ကောက်ယူခဲ့ပါတယ်။
စစ်တမ်းကို အွန်လိုင်းကနေ ကောက်ယူခဲ့တာဖြစ်ပြီး နိုင်ငံတစ်ဝန်းက အလယ်တန်းကျောင်းသူကျောင်းသား ၅,၉၅၃ ဦးက ဖြေဆိုခဲ့ပါတယ်။
နေမကောင်းဖြစ်တာမျိုး ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ တစ်နှစ်မှာ ရက်ပေါင်း ၃၀ နဲ့အထက် ကျောင်းမတက်ဘူးဆိုရင် ရေရှည်ကျောင်းပျက်ခြင်း ဖြစ်တယ်လို့ ဂျပန်အစိုးရက သတ်မှတ်ပါတယ်။
ကျောင်းသူကျောင်းသား ၂၇၇ ဦး တစ်နည်းအားဖြင့် စုစုပေါင်းအရေအတွက်ရဲ့ ၄.၇ ရာခိုင်နှုန်းဟာ ရေရှည်ကျောင်းပျက်ကြကြောင်း စစ်တမ်းမှာ တွေ့ရှိခဲ့ပါတယ်။
တခြားကျောင်းသူကျောင်းသားတွေမှာလည်း အလားတူ ဖြစ်လာနိုင်တဲ့ လက္ခဏာတွေ တွေ့ရပြီး အထူး သတိထားရမယ့် အခြေအနေမှာ ရှိနေကြောင်း အဲဒီစစ်တမ်းက သတိပေးထားပါတယ်။
တချို့က တစ်ပတ်ကျော် ကျောင်းမတက်ဖို့ ငြင်းဆန်တာမျိုးတွေ ရှိခဲ့ပေမဲ့ စုစုပေါင်း ကျောင်းပျက်တဲ့ရက်က ရက် ၃၀ ထက် နည်းပါတယ်။
တချို့က ကျောင်းသွားပေမဲ့လည်း ဆေးရုံဆေးခန်း ဒါမှမဟုတ် ကျောင်းအုပ်ကြီးရုံးခန်းထဲမှာပဲ အချိန်အများစုကို ကုန်လွန်ခဲ့ကြပါတယ်။
တချို့က နေ့တိုင်း ကျောင်းတက်နေမယ့်အစား တခြား တစ်နေရာရာမှာ နေချင်တယ်လို့ စိတ်ထဲမှာ လေးလေးနက်နက် ခံစားရကြောင်း သိရပါတယ်။
အဲဒီအခြေအနေတွေကို စစ်တမ်းဖြေကြားသူတွေရဲ့ ၁၃.၂ ရာခိုင်နှုန်း တစ်နည်းအားဖြင့် ၇၈၅ ဦးမှာ တွေ့ခဲ့ရပါတယ်။ တစ်နိုင်လုံးမှာဆိုရင် အဲဒီလို အလယ်တန်း ကျောင်းသူကျောင်းသား အရေအတွက်ဟာ ၄၁၀,၀၀၀ လောက် ရှိမယ်လို့ စစ်တမ်းအဖွဲ့က ခန့်မှန်းထားပါတယ်။
ဒါဟာ လွန်ခဲ့တဲ့ ၅နှစ်တုန်းက တခြား အဖွဲ့အစည်းတစ်ခုက အလားတူ နည်းလမ်းနဲ့ ကောက်ယူခဲ့တဲ့ စစ်တမ်းထဲက ရလဒ်ထက် ၈၀,၀၀၀ တိုးလာတာ ဖြစ်ပါတယ်။
Katariba အဖွဲ့ရဲ့ အကြီးအကဲ Imamura Kumi က အဲဒီလို ရေရှည်ကျောင်းပျက်မှုတွေကို မဖြစ်ခင်ကတည်းက ဖြေရှင်းရင် ကျော်လွှားနိုင်ဖို့ ပိုလွယ်မှာ ဖြစ်ကြောင်း ပြောပါတယ်။ ရေရှည်ကျောင်းပျက်မှုကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ထိခိုက်လွယ်တဲ့ ကလေးတွေကို ကူညီထောက်ပံ့ပေးဖို့က အရေးကြီးတယ်ဆိုတာကို လူအများ ပိုသိလာအောင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

NHK

14/12/2023

Today at the Universal Studio Japan (USJ) in Osaka, the roller coaster "The Flying Dinosaur" had to make an emergency stop while at its highest point, about 40 meters above the ground, leaving passengers stranded for over 40 minutes in the air.

Today at the Universal Studio Japan (USJ) in Osaka, the roller coaster "The Flying Dinosaur" had to make an emergency stop while at its highest point, about 40 meters above the ground, leaving passengers stranded for over 40 minutes in the air.

Around 11 AM, a sensor on the "The Flying Dinosaur" coaster detected "an unusual object," triggering the ride's automatic stop system. At that time, there were 32 passengers on board. It took until about 11:40 for the park's rescue staff to safely bring all passengers down to the ground. The ride then resumed normal operation at 12:30, and there were no injuries reported.

It is noted that this is not the first time the "The Flying Dinosaur" roller coaster has encountered this issue. Similar emergency stops also occurred in 2018 and 2022.

13/12/2023

အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်နေတဲ့ အစိုးရအဖွဲ့ဝင် ၄ ဦးရဲ့ နေရာမှာ အစားထိုးဖို့ ဂျပန်ဝန်ကြီးချုပ် လုပ်ဆောင်

ဂျပန်ဝန်ကြီးချုပ် Kishida Fumio က သူ့ရဲ့ အဓိက အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီရဲ့ ပါတီတွင်း အင်အားအကြီးဆုံးအုပ်စုရဲ့ ရန်ပုံငွေ အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်နေတဲ့ အစိုးရအဖွဲ့ဝင် ၄ ဦးရဲ့ နေရာမှာ အစားထိုးဖို့ စီစဉ်နေပါတယ်။

လက်ရှိပြုလုပ်နေတဲ့ လွှတ်တော်အစည်းအဝေး ဗုဒ္ဓဟူးနေ့မှာ ပြီးစီးသွားတဲ့နောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က ကြာသပတေးနေ့မှာ အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းမယ်လို့ ပြောပါတယ်။
အဲဒီအဖွဲ့ဝင် ၄ ဦးကတော့ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် Matsuno Hirokazu ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး Nishimura Yasutoshi ၊ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီး Suzuki Junji နဲ့ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်း ဝန်ကြီး Miyash*ta Ichiro တို့ ဖြစ်ပါတယ်။
မစ္စတာ Kishida က ဝန်ကြီးချုပ်ဟောင်း Abe Shinzo ဦးဆောင်ခဲ့တဲ့ အဲဒီ ပါတီတွင်း အကြီးဆုံးအုပ်စုမှာ ပါဝင်ပတ်သက်နေတဲ့ ငွေကြေးအရှုပ်တော်ပုံ ကြီးထွားလာမှုကို တုံ့ပြန်ကိုင်တွယ်တဲ့အနေနဲ့ အဲဒီ ၄ ဦးကို ရာထူးကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ မစ္စတာ Abe အုပ်စုလို့ အသိအမှတ်ပြုထားဆဲ ဖြစ်တဲ့ အဲဒီအုပ်စုရဲ့ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
သူတို့နေရာ ဆက်ခံမယ့်သူတွေကို မစ္စတာ Abe အုပ်စုက မဟုတ်တဲ့ အရင်က ဝန်ကြီးတာဝန်ထမ်းဆောင်ဖူးသူထဲကနေ ရွေးချယ်မှာ ဖြစ်ပါတယ်။

NHK

12/12/2023

Hikone ရဲတိုက်မှာ နှစ်စဉ်ကျင်းပနေကျ ကောက်ညှင်းထောင်းပွဲကို ဒေသကိုယ်စားပြု လာဘ်ကောင်အရုပ်နဲ့ အတူ ကျင်းပ

ဂျပန် အနောက်ပိုင်း ရှီဂါ ခရိုင်က Hikone ရဲတိုက်မှာ နှစ်စဉ်ကျင်းပနေကျ မိုချိလို့ခေါ်တဲ့ ကောက်ညှင်းထောင်းပွဲကို လူကြိုက်များတဲ့ ဒေသကိုယ်စားပြု လာဘ်ကောင်အရုပ်တစ်ခုနဲ့ အတူ ကျင်းပခဲ့ပါတယ်။

နိုင်ငံရတနာအဖြစ် သတ်မှတ်ထားတဲ့ အဲဒီရဲတိုက်မှာ စိုက်ပျိုးထုတ်လုပ်တဲ့ ကောက်ညှင်းဆန်ကို နှစ်သစ်အတွက်ပြင်ဆင်မှု တစ်စိတ်တစ်ဒေသဖြစ်တဲ့ မိုချိ ကောင်းညှင်းထောင်းပြုလုပ်ရာမှာ အသုံးပြုခဲ့ပါတယ်။
တနင်္လာနေ့မှာ ရဲတိုက် စီမံခန့်ခွဲရေးစင်တာက အရာရှိ ၂၀ လောက်ဟာ နာမည်ကျော် လာဘ်ကောင်အရုပ် Hikonyan နဲ့အတူ 'မိုချိဆုကီ' လို့ ခေါ်တဲ့ ကောက်ညှင်းထောင်းတာမှာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
ကြောင်အသွင်ရှိတဲ့ Hikonyan က ပေါင်းထားတဲ့ကောက်ညှင်းတွေကို ကျည်ပွေ့မောင်းတံနဲ့ ထောင်းလိုက်တိုင်း ခရီးသွားဧည့်သည်တွေနဲ့ တခြားလာရောက်ကြည့်ရှုသူတွေက ဟစ်ကြွေးအားပေးခဲ့ကြပြီး သူ့ရဲ့ လှုပ်ရှားမှုကို ဓာတ်ပုံတွေရိုက်ယူခဲ့ကြပါတယ်။
သူတို့ဟာ အခမဲ့ဝေပေးတဲ့ ပူပူနွေးနွေး ထောင်းထားတဲ့ မိုချိတွေကို မြည်းစမ်းခွင့်လည်း ရခဲ့ကြပါတယ်။
အဲဒီလိုထောင်းပြီး ပြုလုပ်ခဲ့တဲ့ ကောက်ညှင်းထောင်း အခဲတွေကို ‘ခါဂါမိ မိုချိ’ လို့ခေါ်တဲ့ နှစ်သစ်ကူး အဆင်တန်ဆာအဖြစ် အဲဒီရဲတိုက်ရဲ့ မျှော်စင်အဆောက်အအုံနဲ့ တခြားနေရာတွေမှာ ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ဇန်နဝါရီလ ၃ ရက်နေ့အထိ ပြသထားမှာ ဖြစ်ပါတယ်။

NHK

11/12/2023

ငွေကြေးအရှုပ်တော်ပုံကြား အစိုးရထဲက အကြီးတန်းအရာရှိတွေကို အစားထိုးဖို့ ဂျပန်ဝန်ကြီးချုပ် စီစဉ်

ဂျပန်ဝန်ကြီးချုပ် Kishida Fumio ဟာ သူ့ရဲ့ အဓိကအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ထဲက အကြီးဆုံးအုပ်စု ပါဝင်ပတ်သက်နေတဲ့ ငွေကြေးအရှုပ်တော်ပုံ ကြီးထွားလာနေတာကို တုံ့ပြန်တဲ့အနေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးတွေကို အစားထိုးဖို့ စီစဉ်နေပါတယ်။

ဝန်ကြီးချုပ် Kishida ဟာ ဗုဒ္ဓဟူးနေ့ကျရင် ပြီးဆုံးမယ့် လွှတ်တော်ရဲ့လက်ရှိအစည်းအဝေး ပြီးပြီးချင်း အပြောင်းအရွှေ့တွေ လုပ်ဖို့ စီစဉ်ညှိနှိုင်းနေပါတယ်။
ဒီအရှုပ်တော်ပုံမှာ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း Abe Shinzo ဦးဆောင်ခဲ့တဲ့ LDP ထဲက အုပ်စု အဓိကပါဝင်ပတ်သက်နေပါတယ်။ အဲဒီအုပ်စုကို အခုထိ "Abe အုပ်စု" လို့ ရည်ညွှန်းသုံးစွဲနေတုန်းပါပဲ။
အဲဒီအုပ်စုရဲ့ ရန်ပုံငွေရှာဖွေပွဲတွေအတွက် ခွဲတမ်းသတ်မှတ်ထားတဲ့ လက်မှတ်အရေအတွက်ထက် ကျော်လွန်ပြီး ရောင်းချနိုင်တဲ့ အုပ်စုဝင်တွေကို လာဘ်ပေးတယ်ဆိုပြီး သံသယရှိခံနေရတယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။
အစိုးရအဖွဲ့အတွင်းဝန်ချုပ် Matsuno Hirokazu ၊ LDP လွှတ်တော်ရေးရာ အကြီးအကဲ Takagi Tsuyoshi ၊ LDP အထက်လွှတ်တော်အထွေထွေအတွင်းရေးမှူး Seko Hiroshige ၊ LDP မူဝါဒရေးရာ အကြီးအကဲ Hagiuda Koichi ၊ စီးပွားရေး ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းဝန်ကြီး Nishimura Yasutoshi တို့အပါအဝင် အကြီးတန်းအရာရှိတွေဟာ မေးခွန်းတွေ မေးမြန်းခံနေရပါတယ်။
ဝန်ကြီးချုပ် Kishida Fumio ဟာ အခုဆိုရင် မစ္စတာ Matsuno နဲ့ မစ္စတာ Takagi တို့အပါအဝင် အစိုးရအဖွဲ့ဝန်ကြီးတွေ၊ LDP အမှုဆောင်တွေကို အစားထိုးဖို့ စီစဉ်ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါပြီ။
ဒါပေမဲ့ အစိုးရနဲ့ LDP ပါတီတွင်းမှာ ထိပ်တိုက်တွေ့နေတဲ့ အမြင်တွေရှိနေတဲ့အတွက် မစ္စတာ Kishida ဟာ အပြောင်းအလဲလုပ်မယ့် လူအရေအတွက်နဲ့ အချိန်ကာလကို ဂရုတစိုက်နဲ့ ထည့်သွင်းစဉ်းစားလိမ့်မယ်လို့ တွက်ဆရပါတယ်။
Abe အုပ်စုထဲမှာ ပါတဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ အငယ်တန်းဝန်ကြီးတွေ အားလုံးကို အစားထိုးသင့်တယ်လို့ တချို့က ပြောပါတယ်။ ဒါပေမဲ့ တခြားသူတွေက ဒီအရှုပ်တော်ပုံတွင်း ပါဝင်ပတ်သက်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးဆိုရင် ဝန်ကြီးချုပ်အနေနဲ့ အဲဒီအရာရှိတွေကို အစားထိုးဖို့ မလိုဘူးလို့ ပြောကြပါတယ်။

NHK

08/12/2023

ဟော့ကိုင်းဒိုးက ယာဉ် ၃ စင်း မတော်တဆမှုမှာ နိုင်ငံခြားသား ၉ ဦးနဲ့ ဘတ်စကားမောင်းသူ ဒဏ်ရာရ

ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးမှာ ယာဉ် ၃ စင်းမတော်တဆတိုက်မှုမှာ ရှုခင်းကြည့်ဘတ်စ်ကား တစ်စင်းပေါ် လိုက်ပါလာတဲ့ နိုင်ငံခြားသားခရီးသွား ၉ ဦးနဲ့ ယာဉ်မောင်းတို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရမှုနဲ့ပတ်သက်ပြီး အသေးစိတ် မသိရသေးပေမဲ့လည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားရောက်သူ တစ်ဦးတစ်ယောက်မှ မရှိဘူးလို့ သိရပါတယ်။
ဒီနေ့မနက် ၈ နာရီ မိနစ် ၄၀ လောက်မှာ Furano မြို့က အဝေးပြေးလမ်းမပေါ် မောင်းလာတဲ့ နောက်တွဲပါ ထွန်စက်ယာဉ်ဟာ ဆန့်ကျင်ဘက်လမ်းကြောကို ဝင်ရောက်ခဲ့ပြီး အဲဒီ ဘတ်စကားနဲ့ ခေါင်းချင်းဆိုင် တိုက်ခဲ့ပါတယ်။ အဲဒီယာဉ်တိုက်မှုမှာ လူစီးကား တစ်စင်းလည်း ပါဝင်ခဲ့ပါတယ်။

08/12/2023

Japanese Ads 😅😅

08/12/2023

Kanji logic🤣🤣

Some time Kanji has its logic🤣🤣🤣
Source: Internet

06/12/2023

နှစ်ကုန်အားလပ်ရက် ခရီးသွားလာမှု COVID မတိုင်မီ ကာလက အခြေအနေ နီးပါး ပြန်လည်ရောက်ရှိမယ်လို့ ခန့်မှန်း

အခုနှစ်ကုန် အားလပ်ရက်အတွင်း ခရီးသွားဦးရေဟာ ကပ်ရောဂါမတိုင်မီအဆင့်ရဲ့ ၉၅ ရာခိုင်နှုန်းအထိ ရောက်ရှိလိမ့်မယ်လို့ ဂျပန့် အဓိက ခရီးသွားအေဂျင်စီ (JTB) က မျှော်လင့်ထားပါတယ်။

လေကြောင်းလိုင်းလက်မှတ် ကြိုတင်မှာယူမှုတွေနဲ့ စစ်တမ်းတစ်ခုရဲ့ ရလဒ်တွေအပေါ် အခြေခံပြီး JTB က အဲဒီလို ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ကနေ ဇန်နဝါရီလ ၃ ရက်အတွင်း လူပေါင်း ၂၈.၅ သန်းကျော်ဟာ အနည်းဆုံး တစ်ညအိပ်ခရီးစဉ် ပါဝင်တဲ့ ခရီးတွေ သွားကြလိမ့်မယ်လို့ အဲဒီအေဂျင်စီက ခန့်မှန်းထားပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၁နှစ် ကထက် ၅ ရာခိုင်နှုန်း များလာတာဖြစ်ပြီး ပြီးခဲ့တဲ့ ၄နှစ် တုန်းက အဆင့်ရဲ့ ၉၅ ရာခိုင်နှုန်း အထိ မြင့်တက်လာပါတယ်။
ပြည်တွင်းခရီး သွားလာသူဦးရေဟာ ပြီးခဲ့တဲ့နှစ်ကထက် ၃.၇ ရာခိုင်နှုန်း တိုးလာပြီး ၂၈ သန်း တစ်နည်းအားဖြင့် ကိုဗစ်မတိုင်မီတုန်းက အဆင့်နီးပါး ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ပြည်ပခရီးစဉ်တွေ စီစဉ်ထားသူဦးရေဟာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ၂.၆ ဆ တိုးလာပြီး ၅၈၀,၀၀၀ ရှိလာလိမ့်မယ်လို့ JTB က ခန့်မှန်းထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၄နှစ် က အရေအတွက်ရဲ့ ၇၀.၁ ရာခိုင်နှုန်းလောက် ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ COVID ကူးစက်ရောဂါကန့်သတ်ချက်တွေကို ဖြေလျှော့ပေးပြီးနောက် ပြည်တွင်းခရီးသွားလာမှု ပြန်နလန်ထူလာတယ်လို့ JTB က ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ ခရီးသွားလာမှုဟာ စျေးနှုန်းတွေ မြင့်မားလာခြင်းနဲ့ ယန်းငွေ အားနည်းခြင်းတို့ကြောင့် ပြန်နာလန်ထူလာမှု နှေးကွေးနေပါတယ်။

NHK

05/12/2023

သစ္စာရှိ ခွေးလိမ္မာ Hachiko မွေးဖွားခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် Shibuya က လမ်းပေါ်မှာ Akita ခွေးတွေ လမ်းလျှောက်

သခင်အပေါ် သစ္စာစောင့်သိမှုနဲ့ နာမည်ကျော်တဲ့ Akita အမျိုးအစား ခွေးအထီးတစ်ကောင်ဖြစ်တဲ့ Hachiko မွေးဖွားခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် တိုကျိုမြို့ Shibuya မြို့နယ်က လမ်းမတစ်လျှောက်မှာ Akita Inu အမျိုးအစား ခွေးအကောင်ရေ ဒါဇင်နဲ့ ချီပြီး စီတန်းလမ်းလျှောက်ခဲ့ကြပါတယ်။

Hachiko ဟာ ၁၉၂၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး Shibuya မှာ သူ့ သခင်နဲ့အတူ နေထိုင်ခဲ့ပါတယ်။ သူဟာ သူ့သခင် သေဆုံးပြီးတဲ့တိုင် Shibuya ဘူတာမှာ နေ့တိုင်း သခင် အလုပ်က ပြန်လာမှာကို စောင့်ဆိုင်းနေခဲ့ပါတယ်။
Akita ခရိုင် Odate မြို့အခြေစိုက် Akita Inu ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က စီစဉ်တဲ့ ပွဲတစ်ခုအတွက် နိုင်ငံတစ်ဝန်းက Akita ခွေးအကောင် ၄၀ နဲ့ ပိုင်ရှင်တွေဟာ Shibuya မှာ စနေနေ့က စုဝေးခဲ့ကြပါတယ်။ အဲဒီမြို့ဟာ Hachiko ရဲ့ မွေးရပ်မြေ ဖြစ်ပါတယ်။
အခမ်းအနားမှာ ခွေးတွေနဲ့ ပိုင်ရှင်တွေဟာ Shibuya မြို့နယ်ရုံးနဲ့ Shibuya ဘူတာကြားက တစ်ကီလိုမီတာ ရှည်တဲ့ လမ်းကြောင်းတစ်လျှောက် နေ့လည် ၂ နာရီလောက်မှာ လမ်းလျှောက်ခဲ့ကြပါတယ်။
သူတို့ဟာ တစ်နာရီလောက် လမ်းလျှောက်ခဲ့ပြီး ခွေးချစ်သူတွေနဲ့ ဓာတ်ပုံရိုက်ချင်ကြသူတွေ အာရုံစိုက် စုဝေးလာအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။

NHK

29/11/2023

Wakayama ခရိုင်က ဒိုင်ဗင်ထိုးတဲ့ နေရာမှာ ရေအောက် ခရစ္စမတ်ပင် ထားရှိ

ဂျပန်က ရေအောက်ဒိုင်ဗင်ထိုးတဲ့ အဓိက နေရာတစ်ခုမှာ ခရစ္စမတ်ကို ကြိုဆိုဖို့ ပြင်ဆင်နေကြပါတယ်။

ခရစ္စမတ်ရာသီမရောက်ခင် နိုင်ငံအနောက်ပိုင်း Wakayama ခရိုင် Kushimoto မြို့မှာ ဒိုင်ဗင်ထိုးသူတွေဟာ ရေအောက်ထဲမှာ ခရစ္စမတ်ပင်တစ်ပင်ကို ထားရှိခဲ့ပါတယ်။
ဒိုင်ဗင်ထိုးခြင်း ဝန်ဆောင်မှုကုမ္ပဏီတွေ ပါဝင်တဲ့ အသင်းအဖွဲ့တစ်ခုဟာ ဒေသတွင်းလုပ်ငန်း ပြန်လည် အသက်သွင်းရေး ကြိုးပမ်းမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ နှစ်စဉ် ရေအောက်ထဲမှာ ခရစ္စမတ်ပင်ကို သွားရောက်ထားရှိလေ့ရှိပါတယ်။
ဒိုင်ဗင်ထိုးသူ ၈ ဦးထဲမှာ တချို့က ခရစ္စမတ်ဘိုးဘိုးဝတ်စုံ ဝတ်ဆင်ထားပြီး သူတို့ဟာ အင်္ဂါနေ့က ဂျပန်ရဲ့ အဓိကကျွန်းဖြစ်တဲ့ Honshu ကျွန်းရဲ့ တောင်ဘက်အကျဆုံး Shionomisaki အငူကနေ မီတာ ၂၀၀ လောက် အကွာက ဒိုင်ဗင်ထိုးတဲ့ နေရာကို သွားရောက်ခဲ့ပါတယ်။
သူတို့ဟာ သဲအိတ်တွေနဲ့ ကြိုးတွေကို အသုံးပြုပြီး ဖဲကြိုးတွေ၊ ခေါင်းလောင်းတွေနဲ့ အလှဆင်ထားပြီး ၃ မီတာ ရှည်တဲ့ အဲဒီသစ်ပင်ကို ရေမျက်နှာပြင်အောက် ၁၈ မီတာမှာ ရှိတဲ့ ပင်လယ်ကြမ်းပြင်မှာ ချထားခဲ့ကြပါတယ်။
အသင်းအဖွဲ့ရဲ့ အဖွဲ့ဝင် Michii Hiroyuki က ဒိုင်ဗင်ထိုးသူတွေအနေနဲ့ နှစ်တစ်နှစ်ရဲ့ အခုလို အချိန်မှာသာ ထားရှိထားတဲ့ ရေအောက် ခရစ္စမတ်ပင်ကို တွေ့ကြုံခံစားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
အဲဒီသစ်ပင်ကို ဒီဇင်ဘာလ ၂၅ ရက်နေ့အထိ ထားရှိထားမှာ ဖြစ်ပါတယ်။

NHK

Photos from Japan Moments's post 28/11/2023

Winter illumination event at Osaka castle, Japan

26/11/2023

Kuma Hot Pot 🐻

24/11/2023

🍁မနေ့က နိုဝင်ဘာလ ၂၃ရက်နေ့သည် ဂျပန်နိုင်ငံမှာ ရုံးပိတ်ရက်ဖြစ်ပါတယ်။ ရုံးပိတ်ရက်နာမည်ကတော့ " Labor Thanksgiving Day" (勤労感謝の日, Kinrō Kansha no Hi) ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဂျပန်နိုင်ငံမှာရှိတဲ့ အစိုးရဝန်ထမ်းတွေကို သူတို့ရဲ့ တာဝန်ထမ်းဆောင်မှုအတွက် ကျေးဇူးတုန့်ပြန်တဲ့နေဖြစ်ပါတယ်။
🍁ဒီနေ့လေးမှာ ဂျပန်နိုင်ငံမှာရှိတဲ့ ကျောင်းသား/ကျောင်းသူများက အစိုးရဝန်ထမ်းများကို ကဒ်လေးတွေ လက်ဆောင်လေးတွေ ပေးလေ့ရှိပါတယ်။ အများအားဖြင့် ရဲတပ်ဖွဲ့များ၊ မီးသတ်သမားများ၊ ဆေးရုံဝန်ထမ်းများ၊ Japan Self-Defense Force အဖွဲ့ဝင်များ ၊ Japan Coast Guard အဖွဲ့ဝင်များမှင့် နိုင်ငံ့ဝန်ထမ်များ စတဲ့ ဝန်ထမ်းများကို ဂုဏ်ပြုလက်ဆောင်များပေးလေ့ရှိတဲ့နေ့ဖြစ်ပါတယ်။

22/11/2023

WOW Oita 🌄
Photo Credit

Photos from Japan Moments's post 21/11/2023

Japan 🇯🇵😍

17/11/2023

ကိုယ်ဝန်တားဆေးတွေကို ဂျပန်ကဆေးဆိုင်တွေမှာ အခုလထဲ စမ်းသပ်ရောင်းချမယ်

အခုလနှောင်းပိုင်းမှာ စမ်းသပ်တဲ့အနေနဲ့ အရေးပေါ် ကိုယ်ဝန်တားဆေး တွေကို ဂျပန်က ဆေးဆိုင်တွေမှာ ရောင်းချမှာ ဖြစ်ပါတယ်။ အခုလောလောဆယ်တော့ အဲဒီဆေးတွေဝယ်ယူဖို့အတွက် ဆရာဝန်ရဲ့ ဆေးစာ လိုအပ်ပါတယ်။

Morning-after pill လို့ခေါ်တဲ့ အဲဒီကိုယ်ဝန်တားဆေးတွေဟာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမှုပြုပြီး ၇၂နာရီအတွင်း ကိုယ်ဝန်မရအောင် တားနိုင်ပါတယ်။
ဒီစမ်းသပ်ရောင်းချမှုကို ဂျပန်ဆေးစပ်ဆရာအသင်းက ပြုလုပ်မှာဖြစ်ပါတယ်။ ဝယ်ယူသူတွေဟာ မေးခွန်းတွေ မေးတာကို ဖြေကြားဖို့ လိုမှာ ဖြစ်ပါတယ်။
အဲဒီအသင်းက အသက် ၁၆ နှစ်နဲ့ အထက် အမျိုးသမီးတွေဟာ ဒီလိုပူးပေါင်းပါဝင်မယ်ဆိုရင် ဝယ်ယူနိုင်မှာ ဖြစ်တယ်ဆိုပေမဲ့ ၁၆ နှစ်နဲ့ ၁၇ နှစ်တွေကတော့ သူတို့မိဘအုပ်ထိန်းသူတွေရဲ့ သဘောတူညီချက် လိုအပ်ပါတယ်။
အသင်းအရာရှိတွေက ဈေးနှုန်းဟာ ယန်း ၇,၀၀၀ ကနေ ၉,၀၀၀ ကြား အမေရိကန်ဒေါ်လာနဲ့ဆိုရင် ၄၆ ဒေါ်လာကနေ ၆၀ ဒေါ်လာကြား ရှိမယ်လို့ ပြောပါတယ်။ စမ်းသပ်မှုထဲမှာ အကြုံးဝင်တဲ့ နိုင်ငံတစ်ဝန်းက ရွေးချယ်ထားတဲ့ ဆေးဆိုင် စုစုပေါင်း ၁၅၀ မှာ ဝယ်နိုင်မှာဖြစ်ပါတယ်။
အဲဒီအထဲမှာ ဒီစမ်းသပ်မှုအတွက် လေ့ကျင့်ထားတဲ့ ဆေးစပ်သူတွေ၊ ညဘက်နဲ့ စနေ တနင်္ဂနွေ ပိတ်ရက်တွေမှာ ဝန်ဆောင်မှု ပေးတာတွေ ပါဝင်ပါတယ်။ အမျိုးသမီးတွေ အဲဒီဆေးသောက်ပြီးတဲ့နောက် ဆေးစပ်သူတွေဟာ အမျိုးသမီးရောဂါအထူးကုဆရာဝန်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုပါတယ်။

16/11/2023

Nagano မှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာ ကလေးတွေအတွက် ရိုးရာဆုတောင်းပွဲပြုလုပ်

ဂျပန်နိုင်ငံအလယ်ပိုင်း Nagano မြို့မှာရှိတဲ့ Zenko-ji ဘုန်းကြီးကျောင်းမှာ "Shichi-go-san" လို့ခေါ်တဲ့ က‌လေးတွေအတွက် ရိုးရာဆုတောင်းပွဲကို ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပါတယ်။

ဒီဓလေ့ထုံးစံဟာ နိုဝင်ဘာ ၁၅ ရက်နေ့မှာ နတ်ကွန်း ဒါမှမဟုတ် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေကို အသက် ၃ နှစ်နဲ့ ၅ နှစ်အရွယ် ယောက်ကျားလေးတွေနဲ့ အသက် ၃ နှစ်နဲ့ ၇ နှစ်အရွယ် မိန်းကလေးတွေ သွားရောက်ပြီး သူတို့တတွေ ကောင်းကောင်းမွန်မွန် အရွယ်ရောက်ကြီးပြင်းလာစေဖို့ ဆုတောင်းကြပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ကီမိုနိုဝတ်ဆင်ထားတဲ့ မိန်းကလေးတွေ အပါအဝင် ကလေးတွေနဲ့ မိသားစုတွေဟာ Zenko-ji ဘုန်းကြီးကျောင်း အုပ်စုထဲက Daikanjin ဘုန်းကြီး‌ကျောင်းရဲ့ အထူးဆုတောင်းပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ကလေးတွေဟာ အတောင့်ရှည်ရှည် ရိုးရာ သကြားချောင်းကို လက်ခံရရှိခဲ့ကြပြီး ပုံမှန်အားဖြင့် ဧည့်သည်တွေ ဝင်လို့မရတဲ့ ခန်းမဆောင်နဲ့ ဥယျာဉ်ထဲမှာ ဓာတ်ပုံရိုက်ယူကြပါတယ်။
ကောင်းခြင်းမင်္ဂလာတွေကို ဖိတ်ခေါ်ဖို့ အထွဋ်အမြတ်ထား ထွန်းညှိတဲ့ အမွှေးတိုင်တွေကထွက်လာတဲ့ မီးခိုးငွေ့တွေကို ရှူရှိုက်ခဲ့ကြပါတယ်။
၃ နှစ်အရွယ် မိန်းကလေးတစ်ဦးက ကီမိုနိုဝတ်ပြီး ဓာတ်ပုံရိုက်ခံရတာ ပျော်တယ်လို့ ပြောပါတယ်။
မိခင်တစ်ဦးက မိသားစု ပျော်ရွှင်စေဖို့နဲ့ ရင်သွေးကျန်းမာစေဖို့ ဆုတောင်းခဲ့တယ်လို့ ပြောပါတယ်။
ဖခင်တစ်ဦးက သူ့ရင်သွေးလေး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေဖို့၊ တခြားသူတွေကို ဒုက္ခမပေးတဲ့ ကြင်နာတတ်တဲ့သူ ဖြစ်လာစေဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

NHK

14/11/2023

အိုစာကာကုန်စည်ပြပွဲကျင်းပရေး စီစဉ်သူတွေနဲ့ နိုင်ငံတကာက ပါဝင်ပြသမယ့်သူတွေ တွေ့ဆုံ

အိုစာကာမှာ ပြုလုပ်မယ့် ၂၀၂၅ ကမ္ဘာ့ကုန်စည်ပြပွဲ ကျင်းပရေး စီစဉ်သူတွေဟာ အဲဒီမှာ ပါဝင်ပြသမယ့် နိုင်ငံတွေ၊ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ပါဝင်မယ့်နိုင်ငံတချို့ရဲ့ ပြခန်းတွေ တည်ဆောက်ရေးဟာ စီစဉ်ထားတာထက် နောက်ကျနေတဲ့အတွက် ပြင်ဆင်မှုတွေ အရှိန်မြှင့်လုပ်ဆောင်ဖို့အတွက် ပံ့ပိုးလုပ်ဆောင်ပေးမှာတွေကို ရှင်းပြရေး ကျင်းပရေးစီစဉ်သူတွေက ရည်ရွယ်ပါတယ်။
နိုင်ငံနဲ့ ဒေသ ၁၅၀ ဝန်းကျင်လောက်နဲ့ နိုင်ငံတကာအဖွဲ့အစည်း ၈ ခုတို့ဟာ အဲဒီကမ္ဘာ့ကုန်စည်ပြပွဲမှာ ပါဝင်ဖို့ စီစဉ်ထားပါတယ်။ သူတို့ရဲ့ ကိုယ်စားလှယ်တွေဟာ အင်္ဂါနေ့မှာ အိုစာကာမှာ စတင်တဲ့ ၂ ရက်ကြာ ဆွေးနွေးပွဲကို တက်ရောက်နေပါတယ်။
ပြပွဲကျင်းပရေးနိုင်ငံတကာဗျူရိုရဲ့ အတွင်းရေးမှူးချုပ် Dmitir Kerkentzes က ဆွေးနွေးပွဲအစမှာ မိန့်ခွန်းပြောခဲ့ပါတယ်။ သူက ဒီပြပွဲရဲ့ အောင်မြင်မှုဟာ ပါဝင်မယ့်သူတွေရဲ့ တက်ကြွမှုနဲ့ စဉ်ဆက်မပြတ်လုပ်ဆောင်တွေအပေါ် မူတည်တယ်လို့ ပြောပါတယ်။
၂၀၂၅ ကမ္ဘာ့ကုန်စည်ပြပွဲဆိုင်ရာ Japan Association က ဆောက်လုပ်ရေးအခြေအနေတွေနဲ့ ပြခန်းပြကွက်အတွင်းပိုင်း အပြင်အဆင်တွေကို ဘယ်လို ဆက်လက်လုပ်ဆောင်မလဲဆိုတာ ရှင်းပြဖို့ စီစဉ်ထားပါတယ်။
ကိုယ့်ဖာသာကိုယ် တည်ဆောက်မယ်ဆိုတဲ့ A အမျိုးအစား ပြခန်းတွေ တည်ဆောက်ဖို့စီစဉ်ထားတဲ့နိုင်ငံတွေထဲမှာ ဆောက်လုပ်ရေး ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ထားတဲ့ နိုင်ငံတွေဟာ ထက်ဝက်တောင်မရှိသေးပါဘူး။

NHK

13/11/2023

အခွန်ပေးဖို့ ပျက်ကွက်မှုနဲ့ ဂျပန်ဒုတိယဘဏ္ဍာရေးဝန်ကြီး ရာထူးက နုတ်ထွက်

ဂျပန်ဒုတိယဘဏ္ဍာရေးဝန်ကြီး Kanda Kenji ဟာ သူ့ကုမ္ပဏီက ပေးဆောင်ရမယ့်အခွန်ပေးဖို့ အကြိမ်ကြိမ်ပျက်ကွက်ခဲ့မှုအတွက် ရာထူးကနေ နုတ်ထွက်လိုက်တာကို အစိုးရက အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

မစ္စတာ Kanda က သူ့ရဲ့နုတ်ထွက်လွှာကို တင်ခဲ့ပြီးနောက် အစိုးရအဖွဲ့က တနင်္လာနေ့မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စကြောင့် လွှတ်တော်တွင်း ဆွေးနွေးမှုတွေ အဟန့်အတားမဖြစ်စေဖို့ဆိုတဲ့ အကြောင်းရင်းနဲ့ မစ္စတာ Kanda ကို အစားထိုးဖို့ ဝန်ကြီးချုပ် Kishida Fumio က ဆုံးဖြတ်ခဲ့ပါတယ်။
အောက်လွှတ်တော်အမတ်လည်းဖြစ် လက်မှတ်ရ အခွန်စာရင်းကိုင်လည်း ဖြစ်တဲ့ မစ္စတာ Kanda က သူ့ကုမ္ပဏီဟာ ပိုင်ဆိုင်မှုခွန်တွေ ပေးဆောင်ဖို့ အကြိမ်ကြိမ် ပျက်ကွက်ခဲ့တယ်ဆိုတာကို ပြီးခဲ့တဲ့ သီတင်းပတ်က လွှတ်တော်အစည်းအဝေးတစ်ခုမှာ ဝန်ခံခဲ့ပါတယ်။
အခွန်အာဏာပိုင်တွေဟာ အဲဒီကုမ္ပဏီရဲ့ မြေနဲ့ အဆောက်အဦတွေကို ၄ ကြိမ်တိုင်တိုင် သိမ်းယူခဲ့ပါတယ်။ မစ္စတာ Kanda က တောင်းပန်ခဲ့ပါတယ်။
အပတ်စဉ်ထုတ် မဂ္ဂဇင်းတစ်စောင်က အဲဒီအခွန်ချိုးဖောက်မှုကို အစီရင်ခံဖော်ပြခဲ့ပြီးတဲ့နောက် မစ္စတာ Kanda ရဲ့ ဝန်ခံချက် ထွက်ပေါ်လာခဲ့တာပါ။
Kishida အစိုးရရဲ့ တရားရေးဒုတိယဝန်ကြီးနဲ့ လွှတ်တော်ဆိုင်ရာ ပညာရေးဒုတိယဝန်ကြီးတို့ ပြီးခဲ့တဲ့လမှာ ရာထူးကနေ နုတ်ထွက်ခဲ့ရပြီးတဲ့နောက် အခုလို နုတ်ထွက်မှု ဖြစ်လာခဲ့ပြန်တာ ဖြစ်ပါတယ်။

NHK

13/11/2023

Nani😬

10/11/2023

နှစ်တရာပြည့်ခဲ့ပြီဖြစ်တဲ့ ဟာချီကို
ဟာချီကိုလို့ပြောလိုက်တာနဲ့ ဂျပန်နိုင်ငံက သစ္စာရှိခွေးလေးဟာချီကို အကြောင်းဆိုတာကို လူတိုင်းသိပြီးသားဖြစ်မှာပါ။ လူတိုင်းသိရအောင်လဲ သူ့ရဲ့သစ္စာတရားက နာမည်ကျော်ခဲ့ပါတယ်။🥰🥰
ဟာချီကိုလေးကို ၁၉၂၃ခုနှစ် နိုဝင်ဘာ(၁၀)ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ဒီနေ့ကတော့ သူ့ရဲ့ အသက် (၁၀၀)ပြည့် မွေးနေ့ဖြစ်ပါတယ်။ မွေးဖွားခဲ့တဲ့ နေရာကတော့ ဂျပန်နိုင်ငံတောင်ပိုင်း အာကိတခရိုင်၊အိုဒါတဲမြို့မှာဖြစ်ပါတယ်။ ၁၉၂၄ ခုနှစ်မှာတော့ သူတသက်လုံး သစ္စာစောင့်သိသွားတဲ့ သူ့ရဲ့သခင် ဟီဒဲဆဘူရို အူအဲနို(Hidesaburō Ueno) က မွေးစားခဲ့ပါတယ်။😍😍
ဟီဒဲဆဘူရို အူအဲနို(Hidesaburō Ueno)က Tokyo Imperial University ရဲ့ ပရောဖက်ဆာ တစ်ဦးဖြစ်ပြီး ဟာချီကိုလေးကို သူနေထိုင်တဲ့ တိုကျိုမြို့မှာရှိတဲ့ ရှီဘုယ ရပ်ကွက်ကိုခေါ်ဆောင်လာခဲ့ပါတယ်။ သခင်ဖြစ်သူကို ချစ်ခင်တွယ်တာတဲ့ ဟာချီကိုလေးက အမြဲတမ်း သူ့ရဲ့သခင်ကို ရှီဘုယ ဘူတာမှာ နေစဉ် လာရောက် စောင့်ဆိုင်းလေ့ ရှိပါတယ်။😔😔
ညနေတိုင်း သခင်ဖြစ်သူကို ကြိုဆိုပြီး အတူပြေးလွှား ဆော့ကစားရင် အိမ်ကိုပြန် ညစာအတူစားနဲ့ ဟာချီကိုလေးက အရမ်းကို ပျော်ရွှင်စရာ ကောင်းတဲ့ အချိန််တွေကို ဖြတ်သန်းခဲ့ပါတယ်။ ဒီလိုအပူပင်ကင်းစွာ ပျော်ရွှင်နေတဲ့ ဟာချီကိုလေးရဲ့ ဘဝထဲကို ကံဆိုးမိုးမှောင် ကျတဲ့နေ့ရက်က မမျှော်လင့်ဘဲ ရောက်ရှိလို့လာခဲ့ပါတယ်။😭😭
၁၉၂၅ခုနှစ် မေလ (၂၁)ရက်နေ့ ဆိုတဲ့ နေ့လေးကို ဟာချီကို လေးက လူသာဆိုရင် တသက်လုံး စွဲထင်ကျန်နေမယ့် နေ့လေးဖြစ်မှာပါ။ ဟာချီကို သိပ်ချစ်ခင်တွယ်တာရတဲ့ သူ့ရဲ့သခင် ဟီဒဲဆဘူရို အူအဲနို(Hidesaburō Ueno) က စာသင်နေရင်နဲ့ဘဲ ဦးနှောက်သွေးယိုစီးမှု ကြောင့် သေဆုံးခဲ့ရပါတယ်။အဲ့ဒါကို မသိခဲ့တဲ့ ဟာချီကိုလေးကတော့ တစ်ချိန်မှာ သူ့ခင်ပြန်လာနိုး နဲ့ နေ့စဉ်ရက်ဆက် ရှီဘုယဘူတာမှာ စောင့်ဆိုင်းနေခဲ့ပါတယ်။ 😢😢
တစ်ရက်မှာတော့ ပရော်ဖက်ဆာ အူအဲနို ရဲ့ကျောင်းသားတစ်ရောက်က ရှီဘုယကို လာရောက်ရင်း ဟာချီကိုလေးနောက်ကို လိုက်ကြည့်ခဲ့ရာမှာ ပရော်ဖက်ဆာအူအဲနို ရဲ့ဥယျာဉ်မှုးကြီးနဲ့ အတွေ့မှာ ဟာချီကိုလေးရဲ့ သမိုင်းကြောင်းအပြင် ဟာချီကိုလေးတို့မျိုးနွယ်ဖြစ်တဲ့ အာကီတခွေးမျိုးနွယ်တွေ ပျက်သုံးရမယ့် အခြေအနေကို ကြုံတွေနေရပြီး ဟာချီကိုလေး အပါအဝင်မှ ကောင်ရေ(၃၀)ခန့်သာကျန်ရှိကြောင်း သိခဲ့ရပြီး နာမည်ကြီး သတင်းစာမှာ ဆောင်းပါးရေးခဲ့ပါတယ်။😌😌
ဆောင်းပါးကြောင့် ဟာချီကိုလေး အကြောင်းကိုသိရှိခဲ့ရတဲ့ သူတွေက ဟာချီကိုလေးကို ကျွေးမွေးဖို့ မုန့်တွေယူလာကြပါတယ်။ဒါပေမယ့် ဟာချီကိုလေးကတော့ လူအများကြီး ကြားမှာ သူ့သခင်ရဲ့အရိပ်အယောင်တွေ အနံအသက်တွေကိုဘဲ ရှာဖွေနေခဲ့ပါတယ်။ ဒီလိုကမ္ဘာကျော် သစ္စာတရားကို ပြသခဲ့လို့ ဟာချီကိုလေးက ဂျပန်တစ်နိုင်ငံလုံးရဲ့ သစ္စာတရားရဲ့ ပြယုဂ် ဖြစ်လာပြီး ကျောင်းတွေမှာ မိသားစုတွေမှာ နိုင်းယှဉ်ပြစရာတစ်ခုဖြစ်လာခဲ့ပါတယ်။🧐🧐
၁၉၃၅ခုနှစ် မတ်လ (၈)ရက်နေ့ ဟာချီကိုလေး အသက် (၁၁)နှစ်ကျော်မှာဘဲ သစ္စာတရာကြီးမားတဲ့ ဟာချီကိုလေးက သူ့သခင်ကို(၁၀)နှစ်ကြာစောင့်ဆိုင်းခဲ့ပြီး ပြန်မလာနိုင်တာသေခြာတဲ့ အခါမှာတော့ သူ့သခင်ရှိတဲ့ ကောင်းကင်ဘုံကို လိုက်သွားခဲ့ပါတော့တယ်။ 😭😭
ဟာချီကိုလေးကို မီးသဂြိုလ် ပြီး ပြာတွေကိုတော့ သူသိပ်ချစ်ရတဲ့ သူ့သခင်ကို မြုပ်နှံထားတဲ့ နေရာရဲ့ဘေးမှာ မြေမြုပ်ခဲ့ပါတယ်။ ဒီလိုသစ္စာတရားကိုနောက်လူတွေသိရှိစေဖို့ ဟာချီကိုလေးရဲ့ အမွှေးတွေကို ရုပ်ထုပြုလုပ်ပြီး တိုကျိုမြို့ အူအဲနိုပန်းခြံမှာရှိတဲ့ National Science ပြတိုက်မှာ ပြသထားပါတယ်။🐶🐶
နှစ်စဉ် မတ်လ (၈)ရက်နေ့ရောက်တိုင်းဟာချီကိုရဲ့ အောက်မေ့ဖွယ် အခန်းအနားကို ကျင်းပလေ့ရှိပြီး ခွေးချစ်သူ ရာပေါင်းများစွာက ဟာချီကိုလေးရဲ့ သစ္စာတရားကို လာရောက်ဂါရဝပြုဖို့ အတွက် ဟာချီကိုလေးရဲ့ အမှတ်တရ ရုပ်ထုတွေရှိတဲ့ ရှီဘုယဘူတာ နဲ့ ဟာချီကိုလေးရဲ့ မွေးရပ်မြေ အိုဒါတဲမြို့က ဘူတာတွေကို လာရောက်ကြပါတယ်။🐶🐶

09/11/2023

ကျိုတိုမှာ ရိုးရာ ဆောင်းရာသီ စားကောင်းသောက်ဖွယ်တွေ ပြင်ဆင်နေကြ

ကျိုတိုမြို့မှာ ရိုးရာ ဆောင်းရာသီ စားကောင်းသောက်ဖွယ်တစ်မျိုး ပြုလုပ်မှုတွေ အပြည့်အဝ စတင်နေကြပြီ ဖြစ်ပါတယ်။ ကျိုတိုမြို့မှာ စိုက်ပျိုးတဲ့ မုန်လာဥအကြီးစားတွေနဲ့ ပြုလုပ်တဲ့ "senmaizuke" လို့အမည်ရတဲ့ မုန်လာချဉ်ဖတ်တွေပြုလုပ်ဖို့ ပြင်ဆင်ရင်း ကုမ္ပဏီတွေ အလုပ်များနေကြပါတယ်။

နှစ်စဉ် အခုလို အချိန်ကာလအတွင်း မနက်နဲ့ညနေပိုင်းတွေမှာ အပူချိန်ကျဆင်းလာတဲ့အတွက် မုန်လာဥတွေဟာ ပိုပြီး ချိုလာပါတယ်။
လက်လုပ်ချဉ် ကျွမ်းကျင်သူတွေဟာ ရိုးရာနည်းစနစ်ကို အသုံးပြုပြီး မုန်လာဥချဉ်ဖတ်တွေကို ပြုလုပ်ကြပါတယ်။ အလုပ်သမားတွေဟာ မုန်လာဥတွေကို အခွံခွာပြီး အထူ ၃ မီလီမီတာအောက်ရှိတဲ့ အပြားပါးပါးလေးတွေဖြစ်အောင် လှီးဖြတ်ပါတယ်။
အဲဒီမုန်လာဥတွေကို သစ်သားစည်ထဲ တစ်လွှာချင်းအပေါ်ကနေ ဆားနဲ့ဖြန်းရင်း ထည့်ပါတယ်။
အဲဒီနောက်အပေါ်က ၃၀ ကီလိုဂရမ် အလေးတွေနဲ့ ဖိပြီး ၃ရက် ကြာထားပါတယ်။ ပြီးတဲ့အခါ ကွန်းဘု ရေမှော်ပင်နဲ့လုပ်ထားတဲ့ ချိုချဉ်အရသာအရည်နဲ့ နောက်ထပ် ၂ ရက် နှပ်ပါတယ်။
ဒီမုန်လာချဉ်ဖတ်တွေကို ကျိုတိုမြို့မှာ ထုတ်လုပ်လာခဲ့တာ နှစ်ပေါင်း ၂၀၀ လောက် ရှိပြီဖြစ်ပါတယ်။ ဒါတွေကို နှစ်ကုန်နဲ့ နှစ်သစ်ကူးလက်ဆောင်တွေအဖြစ်ရောင်းချဖို့ နိုင်ငံအနှံ့ကို တင်ပို့ကြပါတယ်။

NHK

08/11/2023

ငွေကြေးဖောင်းပွမှု ဆက်ဖြစ်နေလို့ ဂျပန်ရဲ့ အမှန်တကယ်လုပ်ခ ၁၈ လ ဆက်တိုက် ကျဆင်း

ငွေကြေးဖောင်းပွမှုနှုန်းနဲ့ ညှိနှိုင်းထားတဲ့ ဂျပန်ရဲ့ လုပ်ခလစာဟာ စက်တင်ဘာလမှာလည်း ကျဆင်းခဲ့ပြန်ပါတယ်။

ဈေးနှုန်းတွေတက်တဲ့နှုန်းက လုပ်ခလစာတက်နှုန်းထက် ပိုမြန်တဲ့အတွက် အခုလိုကျဆင်းတာဟာ ၁၈ လဆက်တိုက် ဖြစ်ပါတယ်။
အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကနဦးကိန်းဂဏန်းတွေက အမှန်တကယ် လုပ်ခလစာဟာ မနှစ်က အလားတူလထက် ၂.၄ ရာခိုင်နှုန်း ကျဆင်းတာကို ပြသနေပါတယ်။ ဒါဟာ အလုပ်သမား အနည်းဆုံး ၅ ဦးရှိတဲ့ နိုင်ငံအနှံ့ကဆေ ကုမ္ပဏီ ၃၀,၀၀၀ ကျော်ကို လစဉ်ကောက်ယူတဲ့ စစ်တမ်းအပေါ် အခြေခံထားတဲ့ရလဒ် ဖြစ်ပါတယ်။
ပျမ်းမျှဝင်ငွေဟာ အချိန်ပိုလုပ်ခ အပါအဝင် ယန်း ၂၈၀,၀၀၀ နီးပါး ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၁,၉၀၀ ဝန်းကျင်လောက် ရှိပါတယ်။ ယန်းငွေနဲ့ ကြည့်မယ်ဆိုရင် ဒါဟာ မနှစ်က စက်တင်ဘာလကထက် ၁.၂ ရာခိုင်နှုန်း များလာခဲ့တာဖြစ်ပြီး ၂၁ လဆက်တိုက် မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ငွေကြေးဖောင်းပွမှုဟာ လုပ်ခလစာတိုးနှုန်းကို ကျော်လွန်နေတဲ့အတွက် သုံးစွဲမှုစွမ်းအားကတော့ အကျဘက်မှာ ရှိနေဆဲပါပဲ။
နွေဦးရာသီ နှစ်စဉ်လုပ်ခလစာ စေ့စပ်ညှိနှိုင်းမှုတွေရဲ့ တစိတ်တစ်ပိုင်းအဖြစ် ကုမ္ပဏီအများအပြားဟာ လုပ်ခလစာတိုးမြှင့်ပေးနေခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။
အနိမ့်ဆုံးလုပ်ခလစာဟာ အောက်တိုဘာလမှာ တစ်နိုင်ငံလုံးအနှံ့ တိုးမြင့်လာတဲ့အတွက် ငွေကြေးဖောင်းပွမှုက အဲဒီအပေါ် ဘယ်လို သက်ရောက်မှုတွေ ဖြစ်သလဲဆိုတာကို ဆက်လက် စောင့်ကြည့်နေမှာဖြစ်တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

NHK

07/11/2023

ဒုံးကျည်တိုက်ခိုက်မှုတွေအတွက် သတ်မှတ်အရေးပေါ်ခိုလှုံရေး နေရာ အသုံးပြုတဲ့ လေ့ကျင့်မှု တိုကျိုမှာ ပထမဦးဆုံးပြုလုပ်

ဒုံးကျည်နဲ့ တိုက်ခိုက်ခံရတဲ့အခါမျိုးမှာ အရေးပေါ် တိမ်းရှောင်နေရာအဖြစ် သတ်မှတ်ထားတဲ့ နေရာတွေကို အသုံးပြုတဲ့ ပထမဦးဆုံးလေ့ကျင့်မှုကို တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြုလုပ်ခဲ့ပါတယ်။

တနင်္လာနေ့က Toei Subway Nerima ဘူတာ အပါအဝင် တိုကျိုရဲ့ Nerima မြို့နယ်တွင်းရှိ နေရာ သုံးနေရာမှာပြုလုပ်တဲ့ အဲဒီလေ့ကျင့်မှုမှာ လူ ၆၀ လောက် ပါဝင်ခဲ့ပါတယ်။
ဂျပန်အစိုးရရဲ့ နိုင်ငံလုံးအနှံ့ သတိပေးစနစ် J-Alert က ဒုံးကျည်တစ်စင်းပစ်လွှတ်လိုက်ပြီဆိုတဲ့ သတိပေးချက် ထုတ်တဲ့အချိန်မှာ ပါဝင်တဲ့သူတွေဟာ အဲဒီမြေအောက်ဘူတာရုံမှာ တိမ်းရှောင်မှု စတင်ခဲ့ပါတယ်။
ရဲအရာရှိတွေနဲ့ တခြားသူတွေက လူတွေကို မြေအောက်ရှိ လက်မှတ်ရောင်းဂိတ်ရှိရာသို့ လှေခါးကတဆင့် ခေါ်ဆောင်ခဲ့ပါတယ်။
ဝင်လာနေတဲ့ ဒုံးကျည်တစ်စင်းရဲ့ဒဏ် ခံရမှု လျော့ပါးစေဖို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့ဟာ နေရာ ၄,၂၅၈ နေရာကို ယာယီခိုလှုံဖို့ သတ်မှတ်ထားပါတယ်။ အဲဒီနေရာအများစုဟာ အများပြည်သူဆိုင်ရာ အဆောက်အဦတွေနဲ့ မြေအောက်နေရာတွေ ဖြစ်ကြပါတယ်။
တိုကျိုမြို့တော် အရာရှိတစ်ဦးက J-Alert စနစ်ရဲ့ သတိပေးချက်အသံ ထွက်ပေါ်လာရင် ခိုင်ခန့်တဲ့ အဆောက်အဦတွေ ဒါမှမဟုတ် မြေအောက် အဆောက်အဦနေရာတွေထဲ အမြန်ဆုံးပြေးဝင်ကြဖို့ ပြည်သူတွေကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ဒီလို အရေးပေါ်ဖြစ်လာလို့ရှိရင် ဘာတွေ လုပ်သင့်သလဲဆိုတာ ပြည်သူတွေကို အသိပေးဖို့ လေ့ကျင့်မှုတွေ ပိုပြီးလုပ်ဖို့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ထားတယ်လို့ အဲဒီအရာရှိက ပြောပါတယ်။

NHK

02/11/2023

Anime Tokyo Station ကို တိုကျိုမှာ ဖွင့်လှစ်

ဂျပန်အာနီမဲကို ကမ္ဘာတစ်ဝန်း ပိုပြီး လူသိများလာအောင်နဲ့ ခရီးသွားလုပ်ငန်းအတွက် တိုးမြှင့်ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ဆောက်လုပ်ထားတဲ့ စင်တာတစ်ခုကို တိုကျိုမြို့လယ်က Ikebukuro မှာ ဖွင့်လှစ်ခဲ့ပါတယ်။

Anime Tokyo Station ကို တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့နဲ့ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်က အဖွဲ့အစည်းဖြစ်တဲ့ Association of Japanese Animations က ပူးတွဲစီမံခန့်ခွဲပါတယ်။
အဲဒီစင်တာဟာ Ikebukuro ဘူတာအနီးက အဆောက်အအုံတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းကို နေရာယူထားပါတယ်။
အဲဒီမှာ နာမည်ကျော်အာနီမဲတွေရဲ့ ရုပ်ရှင်ဖလင်နဲ့ ဇာတ်ညွှန်းအပါအဝင် ပစ္စည်းအမျိုးအစားပေါင်း ၅၀,၀၀၀ လောက် ရှိပါတယ်။ အထူးပြပွဲတွေကို သတ်မှတ်ထားတဲ့ နေရာမှာ ပုံမှန်ကျင်းပမှာ ဖြစ်ပါတယ်။ အခုလက်ရှိ နာမည်ကျော် Naruto ဇာတ်လမ်းတွဲအတွက် ခင်းကျင်းပြသထားပါတယ်။
ဖွင့်ပွဲနေ့မှာ အဲဒီကို ရောက်လာတဲ့ ပြင်သစ်က ဝါသနာရှင်တစ်ဦးက ဂျပန်အာနီမဲဟာ အလွန်ကောင်းပြီး အာနီမဲကြောင့် လူတွေဟာ ဂျပန်ကို ချစ်မြတ်နိုးကြတယ်လို့ ပြောပါတယ်။
တိုကျိုမြို့အရာရှိတစ်ဦးက နောက်ဆုံးမှာတော့ ဒီစင်တာကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် ဝမ်းသာပျော်ရွှင်ကြောင်း ပြောပါတယ်။ လူတွေအနေနဲ့ အာနီမဲက ဘာကြောင့် ဒီလောက်ထိ စိတ်ဝင်စားဖို့ကောင်းသလဲဆိုတာကို အဲဒီစင်တာမှာ လာရောက်လေ့လာကြမယ်လို့ မျှော်လင့်ကြောင်းလည်း သူက ဆိုပါတယ်။
Anime Tokyo Station ကို မနက် ၁၁ နာရီကနေ ညနေ ၇ နာရီအထိ ဖွင့်လှစ်ထားပြီး တနင်္လာနေ့တွေမှာတော့ ပိတ်ပါတယ်။

NHK

31/10/2023

😍😍

28/10/2023

Narita လေဆိပ်မှာ အကြီးအကျယ် အလုပ်သမား မလုံလောက်မှု ရင်ဆိုင်နေရ

ဂျပန်နိုင်ငံ Narita လေဆိပ်က ဆိုင်ခန်းနဲ့ဝန်ထမ်း အရေအတွက်ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ စတင်ပြီးနောက်ပိုင်း အကြီးအကျယ် လျော့ကျသွားခဲ့ပါတယ်။ အခုအခါ ဂျပန်ကို လာရောက်လည်ပတ်သူတွေနဲ့ တခြားခရီးသွားတွေ ပြန်လည်များပြားလာတဲ့အတွက် Narita လေဆိပ်ဟာ အခက်ခဲတွေ့နေရပါတယ်။

ဖေဖော်ဝါရီလအတွင်း Narita လေဆိပ်ကို စီမံခန့်ခွဲတဲ့ကုမ္ပဏီက ပြုလုပ်တဲ့ စစ်တမ်းတစ်ခုအရ အဲဒီလေဆိပ်မှာ ဆိုင်ခန်းတွေ၊ စားသောက်ဆိုင်တွေနဲ့ တခြားစီးပွားရေးလုပ်ငန်းပေါင်း ၆၁၉ ခုရှိကြောင်း သိရပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ်ကထက် ၈ ရာခိုင်နှုန်း ကျဆင်းနေတာ ဖြစ်ပါတယ်။
အလုပ်သမားအရေအတွက်ဟာ ၇,၀၀၀ လောက် လျော့နည်းသွားပြီး ၃၆,၃၀၀ လောက်အထိ ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ၁၆ ရာခိုင်နှုန်း ကျဆင်းခဲ့တာ ဖြစ်ပါတယ်။
ခရီးသွားအရေအတွက် ပုံမှန်ပြန်များလာနေတဲ့အကြား အခုလို အလုပ်သမားဦးရေ လျော့နည်းမှုဟာ အဲဒီကုမ္ပဏီအတွက် ကြီးမားတဲ့ အခက်အခဲ ဖြစ်နေပါတယ်။
Narita လေဆိပ်ရဲ့ တတိယမြောက် ပြေးလမ်းကို ၆နှစ် အတွင်း အပြီးသတ်ဖို့ စီစဉ်ထားတဲ့အတွက် လေဆိပ်ကို လာရောက်သူတွေ တိုးလာမှာကလည်း ဒီပြဿနာကို ပိုကြီးလာစေမယ့် အကြောင်းရင်းတစ်ခုဖြစ်နေပါတယ်။
အဲဒီပြေးလမ်း ပြီးစီးချိန်မှာ လေဆိပ်မှာရှိတဲ့ လုပ်ငန်းတွေအတွက် အကြမ်းဖျင်းအားဖြင့် လူ ၇၀,၀၀၀ လောက်ရှိဖို့ လိုအပ်လိမ့်မယ်လို့ အဲဒီကုမ္ပဏီက ခန့်မှန်းထားပါတယ်။
NHK

27/10/2023

NO EVENTS FOR HALLOWEEN ON SHIBUYA STREETS

24/10/2023

ဂျပန် အနောက်ပိုင်း၊ အရှေ့ပိုင်းတွေမှာ အင်္ဂါနေ့ ညကစပြီး မိုးလေဝသအခြေအနေ မတည်မငြိမ် ဖြစ်မယ်လို့ ခန့်မှန်း

ဂျပန် မိုးလေဝသ အရာရှိတွေက အဓိကအားဖြင့် နိုင်ငံ အနောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ အင်္ဂါနေ့ညနှောင်းပိုင်းကနေ ဗုဒ္ဓဟူးနေ့အထိ လေထုအနေအထား အကြီးအကျယ် မတည်မငြိမ်ဖြစ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဖြစ်လာနိုင်ခြေရှိတဲ့ မိုးကြိုးပစ်မှု၊ လေဆင်နှာမောင်းတိုက်ခတ်မှု၊ ရုတ်တရက် လေပြင်းကျရောက်မှု၊ မိုးသီးကြွေမှုနဲ့ ရုတ်တရက် မိုးသည်းထန်မှုတွေကို သတိထားကြဖို့ သူတို့က သတိပေးနေပါတယ်။
ဂျပန် မိုးလေဝသ အေဂျင်စီက ဂျပန် အနောက်ပိုင်းကနေ မြောက်ပိုင်းအထိ ကျယ်ပြန့်တဲ့ ဧရိယာတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားမြင့်ရပ်ဝန်းကြောင့် အင်္ဂါနေ့မှာ နေသာခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကောင်းကင်အမြင့် မီတာ ၅,၅၀၀ လောက်မှာ အချိန်အခါမဟုတ် လေအေးထုတစ်ခု စီးဝင်လာဖွယ်ရှိတယ်လို့ အရာရှိတွေက ဆိုပါတယ်။ အဲဒီလေထုရဲ့ အပူချိန်ဟာ အနုတ် ၂၁ ဒီဂရီ ဆဲလ်စီးယပ်နဲ့အောက်မှာ ရှိမယ်လို့ သူတို့က ပြောပါတယ်။
မိုးကြိုးတိမ်တိုက်တွေ ချဉ်းကပ်လာနေတဲ့ လက္ခဏာတွေဖြစ်နိုင်တဲ့ ရုတ်တရက် ကောင်းကင်မည်းမှောင်လာတာ ဒါမှမဟုတ် လေအေးတွေ စပြီးတိုက်လာတာနဲ့ ကြုံရမယ်ဆိုရင် ခိုင်ခန့်တဲ့ အဆောက်အအုံတွေမှာ ခိုလှုံကြဖို့ မိုးလေဝသ အရာရှိတွေက အကြံပြုနေပါတယ်။

NHK

23/10/2023

အခွန်ဝင်ငွေတွေကို ပြည်သူတွေဆီ ပြန်ပေးရေးနည်းလမ်းတွေ အစိုးရစဉ်းစားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ပြောဆို

ဂျပန်ဝန်ကြီးချုပ် Kishida Fumio က ကုန်ဈေးနှုန်း တက်လာနေတာကို ကြုံနေရတဲ့ အိမ်ထောင်စုတွေကို ကူညီဖို့ ယာယီဆောင်ရွက်ချက်အဖြစ် အစိုးရရဲ့ မြင့်တက်လာနေတဲ့ အခွန်ဝင်ငွေတွေကို ပြည်သူတွေဆီ ပြန်ပေးနိုင်ဖို့အတွက် ဝင်ငွေခွန်လျှော့ချရေး လေ့လာဖို့ သူ့ရဲ့ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တနင်္လာနေ့ကပြုလုပ်တဲ့ အောက်လွှတ်တော် မျက်နှာစုံညီအစည်းအဝေးမှာ ပြောကြားတဲ့ သူ့ရဲ့ မူဝါဒဆိုင်ရာ မိန့်ခွန်းထဲမှာ အဲဒီလို ထည့်သွင်းပြောဆိုသွားတာ ဖြစ်ပါတယ်။
မစ္စတာ Kishida က သူ့အစိုးရအဖွဲ့ဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်လုပ်ဆောင်နေတယ်ဆိုတာနဲ့ ရလဒ်တွေ ဖြစ်ထွန်းလာခဲ့တယ်လို့ ပြောပါတယ်။ အဲဒီကိစ္စရပ်တွေထဲမှာ ကာကွယ်ရေးဆိုင်ရာစွမ်းရည်တွေ မြှင့်တင်ရေး၊ ဂျပန်ရဲ့ ကျဆင်းလာနေတဲ့ ကလေးမွေးဖွားနှုန်း ပြုပြင်ပြောင်းလဲရေးတွေ ပါဝင်ပါတယ်။
နိုင်ငံအနေနဲ့ ဆယ်စုနှစ် ၃ ခု ကြာ ဆက်လက်တည်ရှိနေခဲ့တဲ့ ကုန်ကျစရိတ်ဖြတ်တောက်လျှော့ချရေး စီးပွားရေးပုံစံကနေ အပြောင်းအလဲတစ်ခုကို ရင်ဆိုင်နေရပြီလို့ ဝန်ကြီးချုပ် Kishida က ပြောပါတယ်။ ဒီအပြောင်းအလဲရဲ့ စီးဆင်းမှုကို အမိအရဆုပ်ကိုင်နိုင်ဖို့အတွက် စီးပွားရေးကို တခြားအရာတွေထက် ပိုပြီး ဦးစားပေးသင့်တယ်လို့ သူက ဆိုပါတယ်။
ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိမှု အားကောင်းစေရေးနဲ့ ပြည်သူလူထုထံ ပြန်လည်မျှဝေပေးရေးဟာ ပြုစုမယ့်စီးပွားရေးလှုံ့ဆော်မှုအစီအစဉ်ရဲ့ ဘီးနှစ်ဘီး ဖြစ်လိမ့်မယ်လို့ မစ္စတာ Kishida က ဆက်လက်ပြောဆိုပါတယ်။
လာမယ့် သုံးနှစ်ကို အပြောင်းအလဲကာလအဖြစ် သတ်မှတ်မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဝန်ထမ်းတွေကို လုပ်ခလစာတိုးပေးရေးနဲ့ ပုံသေရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ရေး ခြေလှမ်းတွေ လှမ်းနိုင်ဖို့ ကုမ္ပဏီတွေရဲ့ အခွန်တွေကို အစိုးရက လျှော့ချမှာဖြစ်ပါတယ်။
သံတမန်ရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး မစ္စတာ Kishida က ယူကရိန်းက အခြေအနေတွေနဲ့ အစ္စရေးနဲ့ Hamas အစ္စလာမစ်အုပ်စု တို့အကြား တိုက်ခိုက်မှုတွေကို ထောက်ပြပြီး ဂျပန်ရဲ့ လုံခြုံရေးဆိုင်ရာ ပတ်ဝန်းကျင်အခြေအနေဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံး ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
ခွဲခြားမှုတွေနဲ့ ပဋိပက္ခတွေပေါ်အမှီပြုမယ့်အစား ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဦးတည်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ လုပ်ဆောင်ဖို့လိုတယ်ဆိုတာ သူက အလေးပေး ပြောဆိုသွားခဲ့ပါတယ်။
တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး မစ္စတာ Kishida က ထိခိုက်ပျက်စီးသွားတဲ့ ဖူကူရှီမ အမှတ် (၁) နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံက ပြုပြင်ပြီး ရေရောထားတဲ့ရေတွေ ပင်လယ်တွင်းစွန့်ထုတ်ခဲ့ပြီးတဲ့နောက် တရုတ်က ကျင့်သုံးခဲ့တဲ့ ဂျပန်ရဲ့ ရေထွက်ပစ္စည်းတွေတင်သွင်းမှု ပိတ်ပင်ချက်ကို အမြန်ဆုံးရုပ်သိမ်းဖို့ ဂျပန်ဟာ တရုတ်ကို တိုက်တွန်းသွားမှာ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။
သမ္မတ Yoon Suk-yeol နဲ့ သူ တည်ဆောက်ထားတဲ့ ပုဂ္ဂိုလ်ရေးအရ ယုံကြည်မှုဆက်ဆံရေးအပေါ် အခြေခံပြီး ဂျပန်ဟာ တောင်ကိုရီးယားနဲ့ ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် Kishida က ပြောဆိုသွားပါတယ်။

NHK

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Jagaimo ဆိုတာဘာလဲ?


Jagaimo ဆိုတာက organization တစ်ခုရဲ့ နာမည်လေးပါ
အာလူးကို Japan လိုရေးထားတာပါ
အာလူးဆိုတဲ့ အတိုင်းပဲ ရောက်တတ်ရာရာပြောမယ် အကြောင်းအရာလေးတွေ ပျော်ပျော်ပါးပါး
မျှဝေကြမယ်😉
ဖွဲ့စည်းရချင်းရည်ရွယ်ချက်ကတော့ Japan နိုင်ငံ ကို အလုပ်နဲ့ သွားတာပဲဖြစ်ဖြစ်၊ ကျောင်းတက်တာပဲဖြစ်ဖြစ်၊ အလည်အပတ်ပဲဖြစ်ဖြစ် ဘာကြောင့် သွားသွား ပြင်ဆင်သင့်တာတွေကို မပြင်ဆင်လိုက်ရလေခြင်းမဖြစ်ရလေအောင် ပြောပြမယ်၊ သိချင်တာလေးတွေမေးကြမယ်၊ သတိထားပြီး ဆောင်ရန်ရှောင်ရန် လေးတွေပြောပြမယ် 😜
ဘယ်လိုလူတွေနဲ့ ဖွဲ့စည်းထားလဲဆိုရင် ရည်ရွယ်ချက်တစ်ခုအတွက် ပန်းတိုင်ကို လျှောက်လှမ်းနေကြတဲ့ လူတွေနဲ့ ဖွဲ့စည်းထားမယ်
ငါဘယ်သူလဲ ဆိုတာတွေထားခဲ့ ပြီး သိချင်တဲ့ မေးခွန်းတွေ ပြောပြချင်တဲ့အကြောင်းအရာတွေ ရင်ဖွင့်ချင်တဲ့ကိစ္စတွေ ကို ယူဆောင်လာပြီး အားလုံးနဲ့ မျှဝေခံစားလို့ရပါတယ်🤗
Jagaimo မှာ ပါဝင်ရင်းနဲ့ သူငယ်ချင်းအသစ်တွေ ရရှိနိုင်မယ် အခွင့်အလမ်းအသစ်တွေရရှိနိုင်မယ် အများကြီးရနိုင်တာကတော့မေးခွန်းတွေပါ ကိုယ်တိုင်တွေးထားတဲ့ Japan နဲ့ ကိုယ်တိုင်ကြုံတွေ့တဲ့ Japan မတူတော့တဲ့ အဖြစ်ပျက်မျိုးမရှိရလေအောင် Jagaimo မှာ ရင်ဖွင့်ပြီး သိရှိနိုင်ပါတယ် ဒါတွေဟာ Confidence တိုးလာနိုင်စေမယ့် အကြောင်းအရင်းတစ်ခုဖြစ်စေမယ်လို့လဲမျှော်လင့်ထားတယ်။ အဲ့နေ့ မှာ ပြောသွားမယ့်sample titleလေးတွေကိုဖော်ပြပေးထားပါတယ်
ဟင်းချက်ပျင်းတဲ့ လူ Japan ရောက်သွားတဲ့ အခါ
Japan ကို ရောက်ရင် ဘယ်နေရာကို အသွားချင်ဆုံးလဲ
Japan ရောက်ပြီး ကိုယ်မတွေ့ကြုံချင်တဲ့ ကိစ္စကဘယ်လိုမျိုးလဲ
Japan လူမျိုးသူငယ်ချင်းတစ်ယောက်အကြောင်း
ဘာတွေပြင်ဆင်ပြီးပြီလဲ
Japan မှာကြုံတွေ့မဲ့ လူနေမှုဘဝကို ဘယ်လိုစိတ်ကူးယဉ်ထားလဲ
Japan မှာ Ninja တကယ် ရှိလားစတဲ့ ခေါင်းစဉ် တွေနဲ့ ပျော်ပျော်ပါးပါး ပြောသွားကြမှာဖြစ်ပါတယ်

Videos (show all)

Kuma Hot Pot 🐻
Around Japan
ဂျပန်မှာ အင်တာနက်လိုင်း ဘယ်လောက်ကောင်းလဲ?Credit OP#Jagaimo #japan
ဘာတွေဈေးတက်သွားလဲ?😅Video Credit
Choto ခဏစောင့်
Must Try Food In Japan 😍
The Best Service 🖐️😅Video Credit
The Best Japanese Food I love 😍
Halloween in Japan 👻
Japan 😍
Family Mart မှာ ရနိုင်တဲ့ Summer Festival အတွက် အထူးထုတ် မုန့် (၄)မျိုး 🤤🤤
Summer Hanabi Festival 🎆🎇🎎

Telephone

Website

Address


Insein Road
Yangon

Other Community Organizations in Yangon (show all)
Chan Myae Foundation Chan Myae Foundation
Hle Dan , Kamayut Tsp
Yangon, 95-1

Do right, More Emphasize , Keep Faith!

Barcamp Yangon Barcamp Yangon
MICT Park, Hlaing Universities' Campus
Yangon, 11052

BarCamp is an international network of user-generated conferences (or unconferences) primarily focused around technology and the Web.

Shwe Pyi Thar FA Association-SPFA Shwe Pyi Thar FA Association-SPFA
Yangon

မင်္ဂလာပါ Fa များအမြန် Rs ရပါစေသား

MCC-North Dagon MCC-North Dagon
Building (10), Room(16), Saung Hayman Housing, (30)Ward, North Dagon
Yangon

Computer and Business Training Centre

Novel Furniture Novel Furniture
Mingalartaungnyunt
Yangon, 1111

စပရိန်မွေ့ယာ၊ ကုတင်များကို စျေးနှုန်းသက်သာစွာဖြင့် အိမ်အရောက်ဝန်ဆောင်မှုပေးသည်

Local Raider Club Local Raider Club
13/B
Yangon, 11031

Car Crazy ��

Hearts Of HEC Hearts Of HEC
Hlegu Township
Yangon

" အားပေးကူညီ ကွက်လပ်ဖြည့်မည် Hearts of HEC "

Ashro Group Of Companies Ashro Group Of Companies
Shwe Gone Dine Road Bahan Township
Yangon, 11181

Import/marketing and distribution of pharmaceutical products and is the sole distributor of 3 leading

Three Sister - Singapore Product -by Ym Three Sister - Singapore Product -by Ym
Sein Pann Myaing
Yangon

Online shopping, Soap Making , Advertising

Arkar Min Arkar Min
West Bahol Street
Yangon, 251202

LGBT Adviser & Supporting

Astrio Astrio
Yangon

'ASTRIO' is a tech-based community organization which intends to help Myanmar youths. It involves in