Genius Shan Highlands Coffee

Fresh Coffee from Shan Highlands. Plantation in Ywar Ngan Tsp. Roasted & Packed in Yangon.

Genius Coffee plantations grow in the mountains of Shan State at an average altitude of 4,000 feet (1,220 m). The year round cool temperature and sloping hills provide the ideal conditions in which to grow our Arabica beans. Our traditional farming practices help to preserve local biodiversity; we grow our trees among the indigenous shade trees of the forest. We follow artisanal practices, handpic

11/12/2023

ဝယ်လာတုန်းက ကော်ဖီမှုန့်ရဲ့အနံ့က မွှေးမှမွှေး၊ သိပ်မကြာဘူး အနံ့ပြယ်သွားပြီ။ ဒီလိုဖြစ်နေတယ်ဆိုရင် အခုကစပြီး ကော်ဖီကို ဒီလိုလေး သိမ်းဆည်းပေးနော်။

1️⃣ လေလုံတဲ့ ဘူးထဲမှာ သေသေချာချာ ပိတ်သိမ်းပေးပါ။ ကော်ဖီမှုန့်တွေက လေနဲ့ထိရင် အမှုန့်အနေအထား၊ အနံ့အရသာအနေအထား ပြောင်းသွားတတ်တာမို့ ဝယ်လာတုန်းကအတိုင်း ကော်ဖီအိတ်ထဲမှာပဲ မထားဘဲ ဘူးထဲကို ပြောင်းထည့်သိုလှောင်ပါ။ လေလုံအောင် ပိတ်ဖို့လည်း မမေ့နဲ့နော်။

2️⃣ အလင်းရောင် တိုက်ရိုက်မကျရောက်တဲ့ နေရာမှာ ထားပါ။ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေသင့်တာတွေထဲမှာ ကော်ဖီကလည်း ထိပ်ဆုံးကပါပဲ။ အပူက ကော်ဖီရဲ့အရည်အသွေးကို ကျဆင်းစေနိုင်တဲ့အတွက် နေရောင် တိုက်ရိုက်ဝင်တဲ့ ပြတင်းပေါက်လို နေရာမျိုးနဲ့ မီးဖိုလို နေရာမျိုးတွေကို ရှောင်သင့်ပါတယ်။

3️⃣ ရေခဲသေတ္တာထဲလည်း လုံးဝမထည့်သင့်ပါဘူး။ ရေခဲသေတ္တာမှာ သိမ်းရင် ကော်ဖီမှုန့်ကို အေးစေမှာ မှန်ပေမဲ့ ကော်ဖီက အနံ့ဆိုးတွေကို စုပ်ယူနိုင်စွမ်း ရှိတာကြောင့် ရေခဲသေတ္တာထဲက အသားနံ့၊ အရွက်နံ့တွေကို စုပ်ယူပြီး ကော်ဖီရဲ့ မူရင်းအနံ့ ပျောက်သွားနိုင်ပါတယ်။

4️⃣ အခန်းအပူချိန် ငြိမ်တဲ့ နေရာမျိုးမှာ ထားပါ။ အပူချိန်က မငြိမ်ဘဲ ပူလိုက်အေးလိုက် ဖြစ်မယ်ဆိုရင် ကော်ဖီဘူးထဲမှာ ငွေ့ရည်ဖွဲ့ပြီး ကော်ဖီရဲ့အရည်အသွေး ကျဆင်းစေနိုင်တာကြောင့်ပါပဲ။ ဒါကြောင့် ပူလွန်း၊ အေးလွန်းတဲ့ နေရာမျိုးထက် အပူချိန်အပြောင်းအလဲ သိပ်မသိသာတဲ့ နေရာမျိုးကို ရွေးသင့်ပါတယ်။

5️⃣ နောက်ဆုံးအချက်ကတော့ ကော်ဖီကို ပမာဏများများ ဝယ်တတ်တဲ့သူတွေအတွက်ပါပဲ။ ကိုယ်က ကော်ဖီကို ပမာဏများများ ဝယ်လေ့ရှိရင် ကော်ဖီတွေအကုန်လုံးကို ဘူးတစ်ဘူးထဲမှာ အကုန်မထည့်လိုက်ပါနဲ့။ ဘူးလေးတွေ ၂ ဘူး၊ ၃ ဘူး ခွဲပြီး ထည့်ပေးပါ။ ဒါမှ ကော်ဖီဘူး ဖွင့်လို့ လေအဝင်အထွက်ကြောင့် ဖြစ်တဲ့ အရည်အသွေးကျဆင်းတာက အနည်းအများ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ဒီအချက် ၅ ချက်ကို ဂရုစိုက်ပြီး ကော်ဖီအရည်အသွေး မကျဆင်းနိုင်အောင် သိုလှောင်သိမ်းဆည်းနိုင်ပါတယ်။ Genius ကတော့ ဒီအချက်တွေကို နားလည်တာကြောင့် ကော်ဖီထုပ်ကို လေဝင်လေထွက်နည်းပြီး ကော်ဖီကုန်ရင်တောင် ပြန်အသုံးပြုနိုင်တဲ့အထိ အသုံးဝင်တဲ့ ကော်ဖီအိတ်မျိုးကို သုံးပေးထားပါတယ်။

08/12/2023

အဆင်သင့်လေးမှ တကယ့်ကို အဆင်သင့်လေးပဲ။ အခု ဖျော်၊ အခု နှပ်၊ အခု သောက်။ 😮

ရွာငံဒေသက အရိပ်ရအပင်တွေအောက်မှာ စနစ်တကျ စိုက်ပျိုးထားတဲ့ Genius အာရေးဘီးကားနှပ်ကော်ဖီစစ်စစ်ကို သောက်ရဖို့ ဒီလောက် လွယ်တယ်။

မမြည်းစမ်းကြည့်ရသေးရင် ခရစ္စမတ်အတွက် စျေးဝယ်တဲ့အခါ တစ်ခါတည်း ဝယ်ခဲ့ဖို့ စာရင်းတို့ထားလိုက်ပါဦး။ ✍️

05/12/2023

လုပ်ငန်းတစ်ခု စတည်ဖို့ စိတ်ကူးလည်း ရှိတယ်၊ အဲ့ဒီစိတ်ကူးကလည်း အမှိုက်ကို ရွှေဖြစ်အောင်အထိ ပြောင်းလဲပစ်နိုင်တဲ့ စွန့်ပစ်ပစ္စည်းအခြေခံ စိတ်ကူးမျိုး ဖြစ်မယ်ဆိုရင် ဘာလိုဦးမလဲ။

""စွန့်ပစ်ပစ္စည်းမှသည် ဓနဥစ္စာဆီသို့"" ဆိုတဲ့ ဒီအစီအစဉ်မှာ ပါဝင်ဖို့ပဲ လိုတော့မယ်လေ။ အစီအစဉ်ကို Aung Nay Lin Htun Co.,Ltd နဲ့ Prevent Plastics Myanmar တို့ ပူးပေါင်းစီစဉ်ပြီး လစဉ် စွန့်ပစ်ပစ္စည်းကို အခြေခံတဲ့ ထုတ်ကုန်လုပ်ငန်း(၂)ခုကို မြေတောင်မြှောက်ပံ့ပိုးပေးနေတာပဲ ဖြစ်ပါတယ်။

စိတ်ကူးကောင်းတစ်ခု ရှိရုံနဲ့ -

♻️ လုပ်ငန်းအတွက် လိုအပ်တဲ့ နည်းပညာအထောက်အပံ့
♻️ လုပ်ငန်းကို အကောင်အထည်ဖော်ဖို့ ငွေကြေးရင်းနှီးမြှုပ်နှံမှု
♻️ ထုတ်ကုန်တစ်ခု ဖြစ်လာတဲ့အထိ ဆောင်ရွက်ဖို့ လုပ်ငန်းခွင်နေရာ
♻️ ထုတ်ကုန်ကို စျေးကွက်အတွင်း နေရာရအောင် ပုံဖော်ပေးမှုနဲ့
♻️ စျေးကွက်အတွင်းရှိ မိတ်ဖက်လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပေးမှု

စတာတွေကို ပံ့ပိုးပေးမှာ ဖြစ်တဲ့အတွက် မီးခဲ ပြာဖုံး ဖြစ်နေတဲ့ စိတ်ကူးတွေ လက်တွေ့ဖြစ်လာခွင့်က လက်တစ်ကမ်းအကွာမှာပဲနော်။

စည်းကမ်းချက်တွေကတော့ -

✔️ ယှဉ်ပြိုင်မယ့် ထုတ်ကုန်က ကိုယ် (ဒါမှမဟုတ်) ကိုယ့်အဖွဲ့အစည်းရဲ့ ကိုယ်ပိုင်စိတ်ကူးအတွေးအခေါ် ဖြစ်ရပါမယ်။
✔️ Startups ၊ SMEs အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး စွန့်ပစ်ပစ္စည်းကို ပြန်လည်အသုံးချထုတ်လုပ်တဲ့ လုပ်ငန်းဆီ ဦးတည်ရပါမယ်။
✔️ ပြိုင်ပွဲမှာ ရွေးချယ်ခံရရင် လုပ်ငန်းရှင်က နမူနာစိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်ပြနိုင်ရပါမယ်။

၂ဝ၂၃ ခုနှစ်ရဲ့ နောက်ဆုံးလ၊ နောက်ဆုံးအခွင့်အရေး ဖြစ်တာမို့ လုံးဝလက်လွှတ်မခံဘဲ ကိုယ့်စိတ်ကူးကို လုပ်ငန်းတစ်ခုအဖြစ် လက်တွေ့အကောင်အထည်ဖော်လိုက်ပါတယ်။ အသေးစိတ် မေးမြန်းလိုတယ်ဆိုရင်တော့ ဖုန်း +95 (9) 421723203 နဲ့ [email protected] ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

30/11/2023

အာရေးဘီးကားကော်ဖီစေ့နဲ့ ဖျော်ထားတဲ့ နှပ်ကော်ဖီကောင်းတစ်ခွက်ကို ၇၆ဝ ကျပ်တည်းနဲ့ သောက်နိုင်မယ်ဆို ယုံမလား။

ယုံတဲ့သူတွေကတော့ Genius coffee capsule ရဲ့ တမူထူးတဲ့ အနံ့အရသာကို မြည်းစမ်းပြီးလို့ ကော်ဖီကောင်းတစ်ခွက်ကို ဒီလိုသင့်တင့်တဲ့ နှုန်းထားနဲ့ သောက်လို့ရပါလားဆိုတာ သိသွားကြပြီ။

ဒါကြောင့် လုပ်ငန်းခွင်က ဝန်ထမ်းတွေအတွက်ပဲ ထားမလား၊ ပွဲအခမ်းအနားတွေမှာ တည်ခင်းဧည့်ခံမလား အဆင်ပြေမှပြေပဲပေါ့။ ဒါ့အပြင် Genius coffee capsule အခု ၂၅ဝ မှာယူရုံနဲ့ ကော်ဖီဖျော်စက်ကို အခမဲ့ ငှားရမ်းအသုံးပြုနိုင်ဦးမှာဆိုတော့ ဟန်ကျချက်က အတိုင်းထက်အလွန်ပဲနော်။

Photos from Genius Shan Highlands Coffee's post 30/11/2023

ကော်ဖီကောင်းကောင်းကိုမှ သောက်သုံးလိုသော
ပြင်ဦးလွင်ကကော်ဖီချစ်သူများရှင့်

မြတ်-ပြင်ဦးလွင်ထွက်ကုန်မျိုးစုံရောင်းဝယ်ရေးတွင်
☕️Genius Arabica Pure Coffee အမျိုးမျိုး
☕️ဟော်နန်းအသင့်ဖျော်ကော်ဖီအမျိုးမျိုး
☕️အိုးစည်ကော်ဖီ
☕️Cascara Tea အပြင် ကော်ဖီစစ်စစ်ဖြင့်သာထုတ်လုပ်ထားတဲ့ ကိန္ဒရီ ကော်ဖီ soap & scrub အမျိုးမျိုးအား လက်လီ၊လက်ကား ဝယ်ယူအားပေးနိုင်ပါကြောင်း သတင်းစကားပါးလိုက်ပါရစေရှင့် 😍

📞 ဖုန်းနံပါတ် -09-969851853

🏠 လိပ်စာ -လမ်းသွယ် ၁၊ ရေခြံစုရွာ ၊အနီးစခန်း၊ပြင်ဦးလွင်မြို့။

https://www.facebook.com/myatsw10?mibextid=JRoKGi

#မြတ်

#တကယ်လန်းတဲ့ဟော်နန်း

29/11/2023

Genius နဲ့ ဟော်နန်းကော်ဖီကို သောက်ချင်လို့ အရင်လို ဘန်ကောက်ကနေ မြန်မာပြည်ဆီ လူကြုံနဲ့ လှမ်းမှာနေစရာ မလိုတော့ဘူးနော်☝️

ကော်ဖီကောင်းကြိုက်သူတို့ရဲ့လက်စွဲ မွှေးပျံ့ထူးကဲတဲ့ Genius ကော်ဖီ၊ အသင့်ဖျော်ကော်ဖီဆို ဟော်နန်းမှ ဆိုသူတွေအတွက် ဘန်ကောက်က May Myanmar-BKK , Zawgyi Bar & Bistro Bangkok နဲ့ BKK Zaycho - ဘန်ကောက်ဈေးချို တို့မှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီလေ။

ကိုယ်တိုင်ကိုယ်ကျ သွားဝယ်မလား၊ အွန်လိုင်းကနေပဲ မှာမလား၊ အမျိုးအစားအစုံအလင် ရနိုင်တာမို့ စိတ်ကြိုက် ရွေးချယ်ဝယ်ယူရုံပါပဲ👌

29/11/2023

COFFEE (SEED TO CUP) TRAINING

⛔️“ကော်ဖီကောင်းတခွက်ဖြစ်ပေါ်လာစေရန်အတွက်အထူးတန်းဝင် ကော်ဖီလို့ ပြောလိုက်တာနဲ့ ကော်ဖီစပြီးစိုက်ပျိုးချိန်မှစ၍ ခွက်ထဲရောက်သည်အထိ မည်သို့သောလုပ်ဆောင်ချက်များ၊ထုတ်လုပ်မှုနည်းလမ်းအဆင့်ဆင့် စသည်တို့ကို သိရှိနားလည်နိုင်ဖို့အတွက် ကျွန်တော်တို့ `Genius Coffee ‘မှ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ၊ ၃ရက်မှစ၍ ၁၀ရက်နေ့အထိ ကော်ဖီကို မိမိကိုယ်တိုင်လက်တွေ့ထုတ်လုပ်ရင်းသင်ယူရမည့် ခရီးစဉ်လေးတခုကိုစီစဉ်ထားပါတယ်။

⛔️ဒီခရီးစဉ်လေးမှာ - ကော်ဖီရဲ့ ကွင်းဆက်အားလုံးကို လေ့လာသွားမှာမို့ ကော်ဖီနဲ့ ပတ်သက်ပြီး မည်သည့်အစိတ်အပိုင်းမှာပဲ သက်ဆိုင်နေသူဖြစ်ပါစေ အတူတူ ကော်ဖီခရီးစဉ်လေးမှာ စီးမျောလိုက်ပါကြလို့ရအောင် ဖိတ်ခေါ်လိုက်ပါတယ်နော်။

⛔️“ကော်ဖီစေ့ရဲ့ ခရီးစဉ်က ရှုပ်ထွေးဆန်းပြားလွန်းလှပြီး တခုနှင့်တခု မတူညီတဲ့အပြင်အမျိုးမျိုးသောအကြောင်းအရာများကြောင့် အလွန်ပင်နက်ရှိုင်းလွန်းပါတယ်”

သင်ကြားမည့် လက်တွေ့လုပ်ငန်းများ
✅ကော်ဖီ မျိုးစေ့ရွေးချယ်နည်း၊ ပျိုးထောင်နည်း
✅ကော်ဖီ ခူးဆွတ်သယ်ဆောင်နည်း
✅ကော်ဖီ ကျိတ်ခွဲနည်းအမျိုးမျိုး
✅ကော်ဖီရနံ့များ ကောင်းမွန်အောင် အချဉ်ဖောက်နည်း
✅ကော်ဖီ နေလှမ်းနည်းပေါင်းစုံနှင့် အကျိုးအပြစ်များ
✅ကော်ဖီ ကျိတ်ခွဲစဉ်အတွင်း အသုံးပြုရသည့် စက်ပစ္စည်း တိုင်းတာမှုပေါင်းစုံ (Temp, pH, Moisture Meter, Brix)
✅ကော်ဖီ ထားသိုမှုနှင့် သိုလှောင်မှု စနစ်များ
✅ကော်ဖီ ကျိတ်ခွဲစဉ် အပိုထွက်လာသည့် ထုတ်ကုန်များ
✅ကော်ဖီ အပါယ်များရွေးဖယ်မှုနှင့် သန့်စင်ခြင်း
✅ကော်ဖီ လှော်ခြင်းပုံစံကွဲများ
✅ကော်ဖီ မြည်းစမ်းခြင်း
✅ကော်ဖီ‌မှုန့်ကျိတ်ခြင်းနှင့် ထုတ်ပိုးမှုနည်းစနစ်
✅အခြေခံ ကော်ဖီ ဘောဂဗေဒ
✅ကော်ဖီ နိုင်ငံတကာတင်ပို့မှု့ အတွက် ပြင်ဆင်ခြင်း
✅ကော်ဖီ ဖျော်စပ်ခြင်း အနုပညာ စသည့် အချက်လက်တွေပါ တစုတစည်းထဲ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
🚨သင်တန်းမှာတော့ လက်တွေ့ ၈၀% နှင့် စာတွေ့ ၂၀% တို့ဖြင့် ၁၀၀%အပြည့်ဝ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

💁🏻‍♂️ သင်ကြားပေးမည့် ဆရာကတော့

SCA Roasting professional certificate
(2018 April)
Q Arabica Grader. (2017 Nov)
Q Procesing Level 2 professional (2019 Feb)
Q Robusta Grader (2022 Nov ) စသည့်တို့ကို နိုင်ငံတကာတွင် ကျွမ်းကျင်တက်မြောက်အောင်မြင်ထားသော ဆရာ ကြိုင်ကိုကိုဦး
ကိုယ်တိုင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။

📌ဒီကော်ဖီသင်တန်းလေးကို ရှမ်းပြည်တောင်ပိုင်း၊
ရွာငံမြို့နယ်၊ကျောက္ကူပြင်ကျေးရွာ၊ ဉာဏ်ကြီးရှင်ကော်ဖီစက်ရုံ(Genius Coffee Factory)တွင်ပြုလုပ်သွားမှာဖြစ်ပါတယ်။

♻️သင်တန်းကြေးလေးကတော့
တဦးကို 500,000 ကျပ်ဖြစ်ပါတယ်။

ကော်ဖီသင်တန်းလေးမှာ ပါဝင်ချင်တယ်ဆိုရင် ကျွန်တော်တို့ Page Messenger မှာ သို့မဟုတ် 09-421072893, မှာလဲ ဆက်သွယ် စာရင်းပေးနိုင်ပါတယ်။လူဦးရေကန့်သတ်ထားတာမလို့ အမြန်ဆုံးစာရင်းပေးသွင်းဖို့လဲ ဖိတ်ခေါ်လိုက်ပါတယ်နော်။

27/11/2023

ရာသီဥတု ပွင့်လင်းကြည်လင်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ မိသားစု၊ မိတ်ဆွေ စုံစုံညီညီနဲ့ ကထိန်ခင်းအလှူလုပ်ပြီး ကုသိုလ်ဘာဝနာ ပွားများနိုင်ကြပါစေလို့ Genius မိသားစုကနေ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

25/11/2023

ငွေအရင်းအနှီးအခက်အခဲကြောင့်တော့ ကိုယ်ပိုင်ကော်ဖီဆိုင် ဖွင့်ချင်တဲ့ စိတ်ကူးလေးကို မနှောင့်နှေးစေလိုက်နဲ့နော်။ Genius နဲ့ လက်တွဲပြီး စိတ်ကူးထဲက ကော်ဖီဆိုင်လေးကို အရင်းအနှီးနည်းနည်းနဲ့ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပြီ။

Genius ရဲ့ mobile coffee shop franchise အစီအစဉ်လေးမှာဆိုရင် Micro SME နဲ့ MSME package (၂)မျိုး ရှိပြီး -

👍 ကော်ဖီဆိုင်အတွက် ကုန်ကြမ်းပစ္စည်းနဲ့ စက်ပစ္စည်းတွေကို စီစဉ်ပေးခြင်း
👍 Mobile (သို့) takeaway ကော်ဖီဆိုင် (booth)များ စီစဉ်ပေးခြင်း
👍 လစဉ်ကြော်ငြာကဏ္ဍတွေမှာ ထည့်သွင်းကြော်ငြာပေးခြင်း
👍 ကော်ဖီအကြောင်း နားလည်တတ်ကျွမ်းအောင် သင်တန်းများ စီစဉ်ပေးခြင်း
👍 ကော်ဖီတစ်ခွက်ရဲ့ အရင်းစျေးနှုန်းများ တွက်ပေးခြင်း (cost calculation)
👍 ကော်ဖီအရသာပိုင်းကို စစ်ဆေးပေးခြင်း (coffee quality audit)နဲ့
👍 ကိုယ်ပိုင်ကော်ဖီအရသာ menu တွေကို ဖန်တီးပေးခြင်းတွေ ပါဝင်လို့

Genius နဲ့ လက်တွဲဖို့အရေး အခုပဲ စတင်စိုင်းပြင်းလိုက်ရအောင်လေ။ အသေးစိတ် မေးမြန်းချင်ရင်တော့ -

📞 ရန်ကုန်ရုံး - 09970200702
☎️ မန္တလေးရုံး - 09954000702 နဲ့
📲 Genius page ရဲ့ messenger မှာ သိလိုသမျှ လာရောက်မေးမြန်းလိုက်ရုံပါပဲ။

24/11/2023

နှပ်ကော်ဖီကောင်းကောင်းလေးလည်း သောက်ချင်တယ်၊ အချိန်ပေး နှပ်ရမှာလည်း ပျင်းတယ် 🤔

ချက်ချင်း နှပ်၊ ချက်ချင်း သောက်လို့ရတဲ့ နှပ်ကော်ဖီများ မရှိဘူးလားဆိုရင် သိပ်ရှိတာပေါ့။ Genius ရဲ့ ရေစစ်ကော်ဖီ (drip coffee)လေ။ ဖျော်ရတာလည်း လွယ်မှလွယ်၊ ကော်ဖီမှုန့် စစ်ဖို့ တစ်ခါတည်း ထည့်ပေးလိုက်တဲ့ drip bag လေးကို ဖန်ခွက်ပေါ် တင်ပြီး ရေနွေးပူပူကို စက်ဝိုင်းပုံစံ ဖြည်းဖြည်းချင်း လောင်းချလိုက်ရုံပဲ။

အချိန် ၁ မိနစ်အတွင်းမှာ ရွာငံဒေသမှာ စိုက်ပျိုးတဲ့ အာရေးဘီးကားကော်ဖီစစ်စစ်ရဲ့အရသာကို တစိမ့်စိမ့် ခံစားနိုင်ပြီနော် 🤩

23/11/2023

🤩 တချို့က ကော်ဖီဆို အခါးကဲမှ
😇 တချို့က အချဉ်ဓာတ်လေး ပါမှ

ဒီလို ကိုယ် သောက်ချင်တဲ့ အရသာအတိုင်း ဖျော်နိုင်အောင် ကော်ဖီလှော်တဲ့ အဆင့်(၃)ဆင့်ထဲက ဘယ်အဆင့်ကို ရွေးချယ်သင့်လဲဆိုတာ Genius က ပြောပြပေးမယ်နော်။ ကော်ဖီက လှော်တဲ့အဆင့်ပေါ် မူတည်ပြီး အနံ့နဲ့အရသာ ပြောင်းသွားတတ်တယ်လေ။

☕ Light Roast (အနု)
သောက်ဖူးတဲ့ ကော်ဖီတွေထဲမှာ အချဉ်ဓာတ်လေး ပါနေတာမျိုး ကြုံဖူးကြမယ် ဟုတ်။ အဲ့ဒီကော်ဖီက light roast အဆင့်နဲ့ လှော်ထားတဲ့ ကော်ဖီစေ့ကို အသုံးပြုဖျော်ထားလို့ပါပဲ။ Light roast အဆင့်က အချိန်တိုတိုနဲ့ လှော်တဲ့အဆင့် ဖြစ်တဲ့အတွက် ကော်ဖီစေ့ရဲ့မူလအရသာ အသီးနံ့နဲ့ အချဉ်ဓာတ်တွေ ကျန်ရှိနေပါသေးတယ်။ ဒါကြောင့် ကိုယ်က ကော်ဖီရဲ့မူလအရသာစစ်စစ်ကို ခံစားချင်တယ်၊ အချဉ်ဓာတ်လေး ပါတဲ့ ကော်ဖီမျိုးကိုမှ သောက်ချင်တယ်ဆိုရင် ကော်ဖီစေ့ကို လှော်ခိုင်းတဲ့အခါ light roast လို့ ပြောပြီး လှော်ခိုင်းနိုင်ပါတယ်။

☕ Medium Roast (အလတ်)
ကော်ဖီက အချဉ်လည်း မစူး၊ အခါးလည်း မကဲဘဲ အချဉ်နဲ့အခါး အချိုးကျကျ မျှတနေရင်တော့ သေချာပြီ၊ အဲ့ဒီကော်ဖီက medium roast အဆင့်နဲ့ ဖျော်ထားတဲ့ ကော်ဖီပါပဲ။ Medium roast အဆင့်က အချိန်တစ်ခုကြာ လှော်ထားတာ ဖြစ်တဲ့အတွက် ကော်ဖီအရသာက အချဉ်ဓာတ် သိသိသာသာ လျော့သွားပြီး သောက်လို့ကောင်းတဲ့ အနေအထား ဖြစ်လာတယ်လေ။ ကော်ဖီချစ်သူတိုင်း သဘောကျကြတဲ့ အရသာပဲပေါ့။ ဒါကြောင့် ကိုယ်က ကော်ဖီကို အချဉ်ဓာတ် ခပ်ပါးပါးလေးနဲ့ အခါးဓာတ်မျှတတဲ့ ကော်ဖီမျိုး သောက်ချင်တယ်ဆိုရင်တော့ medium roast level နဲ့ လှော်ထားတဲ့ ကော်ဖီကို ရွေးချယ်သင့်ပါတယ်။

☕ Dark Roast (အရင့်)
""ကော်ဖီဆိုရင် ခါးခါး သောက်မိတယ်"" ဆိုရင်တော့ အချိန်ကြာကြာ လှော်ထားတဲ့ dark roast အဆင့် ကော်ဖီမျိုးကိုပဲ ရွေးချယ်ရမှာပေါ့။ ကော်ဖီရဲ့အချဉ်ဓာတ်တွေ လုံးဝပျောက်သွားပြီး တစ်ငုံသောက်ရုံနဲ့ ပါးစပ်ဖျားမှာ အခါးဓာတ်ချည်း စွဲကျန်နေခဲ့မယ့် ကော်ဖီမျိုး။ မူလအရသာ အချဉ်ဓာတ် ပျောက်သွားပေမဲ့ ချောကလက်၊ အစေ့အဆံနဲ့ သကြားမီးသင်းတဲ့ အရသာကောင်းမျိုးကတော့ ဘာနဲ့မှ မလဲနိုင်ဘူးလေ။ ကော်ဖီခါးခါး ကြိုက်သူတွေ အရွေးများဆုံး လှော်သင်းအဆင့်ပါပဲ။ ဒါကြောင့် ကော်ဖီဆို အခါးမှ သောက်ချင်သူတွေက dark roast level နဲ့ လှော်ထားတဲ့ ကော်ဖီကိုသာ ရဲရဲကြီး ရွေးချယ်လိုက်နော်။

Light roast ၊ medium roast ၊ dark roast အဆင့်အလိုက် လှော်သင်းထားတဲ့ Genius ကော်ဖီစေ့တွေကိုတော့ Genius ကြိတ်ခွဲကောင်တာတွေမှာ စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ပြီနော်။ ဒါ့အပြင် fine ground (အမှုန့်ညက်)၊ coarse ground (အမှုန့်ကြမ်း)၊ whole bean (အလှော်စေ့) ၃ မျိုး ရွေးချယ်နိုင်သေးလို့ ကော်ဖီချစ်သူတို့အတွက် အဆင်ပြေမှပြေပါပဲ။

22/11/2023

ပွင့်လန်းတဲ့ ရာသီဥတုမှာ ခါးစိမ့်စိမ့် Genius နှပ်ကော်ဖီလေးနဲ့ ငြိမ့်နေလိုက်ရရင် တစ်နေ့တာက ဘယ်လောက်တောင် ပြည့်စုံသွားမလဲ 🤩

ဘာလို့ Genius ကော်ဖီနဲ့မှလဲ 🤔 သိချင်ရင် ဆက်ဖတ်ကြည့်ပြီး အဖြေရှာကြည့်လိုက်ရအောင်လေ။

1️⃣ Genius ကော်ဖီက ပိုကောင်းမွန်တဲ့ အရည်အသွေးရအောင် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄ဝဝဝ ကျော် မြင်တဲ့ ကုန်းမြင့်ဒေသတွေမှာ စိုက်ပျိုးထားတယ်။

2️⃣ ရင့်မှည့်ချိန် သဘာဝကော်ဖီအရသာကို ပိုတိုးစေအောင်လည်း အရိပ်ရအပင်တွေအောက်မှာ စနစ်တကျ စိုက်ပျိုးထားတယ်။

3️⃣ ဆွတ်ခူးချိန်မှာလည်း အရည်အသွေးကောင်းတဲ့ ကော်ဖီစေ့တွေ ရရှိဖို့ ကော်ဖီစေ့တွေကို လက်နဲ့ စနစ်တကျ ရွေးချယ်ခူးဆွတ်တယ်။

4️⃣ ကော်ဖီစေ့တွေကို မလှော်ခင်မှာရော လှော်ပြီးချိန်မှာပါ အစိုပြန်မှုမရှိအောင် အထူးကြပ်မတ်ပြီး စနစ်တကျ ထိန်းသိမ်းထားတယ်။

5️⃣ စိုက်ပျိုးချိန်ကစလို့ ကော်ဖီကောင်းတစ်ခွက် ဖြစ်လာဖို့ ထုတ်လုပ်တဲ့ အဆင့်ဆင့်တိုင်းကို နိုင်ငံတကာ စံချိန်စံချိန်အတိုင်း ထုတ်လုပ်ထားတယ်လေ။

ဒီလိုကော်ဖီမျိုးမှ ကိုယ့်တစ်နေ့တာကို မပြည့်စုံစေရင် ဘယ်လိုကော်ဖီမျိုးက ပြည့်စုံစေမလဲနော်။ ကဲ လာပါ ... အခုပဲ ဖျော်သောက်ပြီး ကိုယ့်တစ်နေ့တာကို အကြည်ဓာတ်လေးတွေ ဖြည့်လိုက်ကြမယ်။

18/11/2023

မချမ်းသာချင်နေပါစေ၊ ကော်ဖီကောင်းကောင်းတစ်ခွက်ကိုတော့ နေ့တိုင်း ဖျော်သောက်ချင်တာပါဆိုရင် ☝️

ကော်ဖီချစ်သူတွေမှာ ဒီအရာ(၃)ခုက မရှိမဖြစ် ရှိနေမှ ဖြစ်မှာ။ ဘာတွေများပါလိမ့်။ 🤔

🕰️ တစ်ငုံ သောက်လိုက်ရုံနဲ့ အချိန်နာရီတွေကို ရပ်တန့်သွားစေမယ့် Genius ကော်ဖီ
🍶 ကော်ဖီမှုန့်လေးတွေကို အလွယ်တကူ စစ်ထုတ်ပေးမယ့် Genius French press နဲ့
☕ စိတ်ကြိုက်ကော်ဖီပမာဏကို ထည့်သောက်နိုင်တဲ့ ကော်ဖီလှလှလေးတစ်ခွက်ပဲပေါ့

ဒီ ၃ ခုသာ လက်ဝယ်ပိုင်ဆိုင်ထားရင် ဘယ်အချိန်မဆို ကော်ဖီကောင်းတစ်ခွက်နဲ့ ငြိမ့်နိုင်ပြီပေါ့။ ကော်ဖီချစ်သူ မှန်ရင် ဒီ(၃)ခုတော့ ရှိထားဖို့ လိုမယ်နော်။

16/11/2023

ကထိန်အလှူကို ဒါနလည်း မြောက်၊ မျက်နှာပန်းလည်း လှချင်တော့ သောက်စရာက အစ အရည်အသွေးကောင်းတာလေးကိုမှ စဉ်းစားရပြီ။

များများစားစား ခေါင်းမခဲလိုက်ရပါဘူး။ လှူဖွယ်ပစ္စည်းအနေနဲ့ရော၊ တည်ခင်းဧည့်ခံစရာအနေနဲ့ပါ အဆင်ပြေတဲ့ Genius ကော်ဖီ ရှိနေမှတော့ ဒီနှစ်ကထိန်အလှူအတွက် စိတ်တိုင်းကျရပြီပေါ့။

Photos from Genius Shan Highlands Coffee's post 14/11/2023

စွန့်ပစ်ပစ္စည်းကို ရွှေအဖြစ် ပြောင်းလဲနိုင်တဲ့ ဉာဏ်ကြီးရှင်တွေ လုပ်ငန်းတစ်ခု ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေး 😮

ဒီအခွင့်အရေးကို ဖမ်းဆုပ်နိုင်ဖို့ စိတ်ကူးကောင်းတစ်ခု ရှိဖို့သာ လိုတယ်နော်။ အဲ့ဒီစိတ်ကူးအတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာအထောက်အပံ့နဲ့ စျေးကွက်ချိတ်ဆက်မှုတွေကိုတော့ ဒီ "စွန့်ပစ်ပစ္စည်းမှ ဓနဥစ္စာဆီသို့" ဆိုတဲ့ အစီအစဉ်က ပံ့ပိုးပေးသွားမှာလေ။

ဘယ်လိုအစီအစဉ်မျိုး ဖြစ်မလဲ သိရဖို့ တစ်ပုံချင်း ထောက်ကြည့်လိုက်ပါဦး 👇 ထောက်ကြည့်ပြီးလို့ ဒီအစီအစဉ်မှာ ပါဝင်ဖို့ စိတ်ကူးရသွားရင်တော့ ကောမန့်က လင့်ခ်မှာ ကြိုတင်စာရင်းပေးသွင်းလိုက်နော်။

အသေးစိတ် သိရှိလိုပါက ဖုန်း +95 (9) 421723203 (သို့မဟုတ်) [email protected] သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

12/11/2023

ကော်ဖီနတ်သမီးလေး ရှင်းပြထားတဲ့ "Genius ကော်ဖီ" အကြောင်း သိပြီးပြီလား။
နိုင်ငံတကာ အသိအမှတ်ပြု ဆုတံဆိပ်တွေရရှိထားတဲ့ "Genius ရှမ်းတောင်မြင့်ကော်ဖီ"က ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ရင်း တစ်ဖက်တစ်လမ်းက ဝင်ငွေတိုးချင်တဲ့ လုပ်ငန်းရှင်တွေအတွက်လည်း အထူးအစီအစဉ်တစ်ခု ရှိနေပါတယ်။ ဒါကတော့ ကော်ဖီကြိတ်စက်၊ ကော်ဖီဖျော်စက်၊ ကော်ဖီဖျော်နည်းနဲ့ ‌ကုန်ကြမ်းတွေအပြင် ဝင်ငွေ/ထွက်ငွေ အမြတ်စာရင်းတွက်ချက်တာတွေအထိ ပါဝင်တဲ့ Coffee Franchise အစီအစဉ်ပါပဲ။

ကိုမင်းညီရဲ့ ဆံပင်ညှပ်ဆိုင်လိုပဲ အလှပြုပြင်ရေးစင်တာ၊ ကားရေဆေးစင်တာနဲ့ တခြားဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း ကော်ဖီလုပ်ငန်းတိုးချဲ့ဖို့ စိတ်ဝင်စားရင်တော့ အခုပဲ ဒီဖုန်းနံပါတ်တွေကို ဆက်သွယ်လိုက်တော့နော်။

"စီးပွားငွေတိုး
အကျိုးဝေစည်
Genius ရှမ်းတောင်မြင့်ကော်ဖီ"

ရန်ကုန် ရုံးချုပ်
အမှတ် (၂၉၆၄)၊ စက်မှုလမ်း၊ ၆၃ ရပ်ကွက်၊ တောင်ဒဂုံ စက်မှုဇုန် (၂)၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
09 4217 23203
09 970 200 702

မန္တလေး ရုံးခွဲ
အမှတ် (ဆ) ၉/၆၁၊ ၇၃ လမ်း၊ မနော်ဟရီလမ်းနှင့် ခိုင်ရွှေဝါလမ်းကြား၊ မန္တလေးမြို့။
09 954000 702
09 4270 44813

#တကယ်လန်းတဲ့ဟော်နန်း

10/11/2023

ကော်ဖီမှာဆို Genius 😍

ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေအထိပါ တင်ပို့ရောင်းချလျက်ရှိတဲ့ Genius က များပြားလှတဲ့ ကော်ဖီချစ်သူတွေရဲ့ တောင်းဆိုမှုကြောင့် ကော်ဖီဆိုင်လေးကို ပြန်လည်ဖွင့်လှစ်လိုက်ပြီနော် 🥰

တောင်ဥက္ကလာအနီးတစ်ဝိုက်မှာ ကော်ဖီဆိုင်လေး ထိုင်ပြီး စာဖတ်ချင်တာပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စ ချိန်းဆိုတွေ့ဆုံချင်တာပဲဖြစ်ဖြစ် ဆိတ်ငြိမ်အေးချမ်းစွာ ကော်ဖီသောက်ချင်တယ်ဆိုရင်တော့ Genius ကော်ဖီဆိုင်ကိုသာ လှမ်းလာခဲ့လေ ☕️

ဆိုင်လေးကို ရိုးရိုးရှင်းရှင်းလေးနဲ့ ပြင်ဆင်ခင်းကျင်းထားပြီး ဓာတ်ပုံရိုက်ဖို့အတွက်တင် မဟုတ်ဘဲ ကော်ဖီကောင်းတစ်ခွက်ကို အေးအေးဆေးဆေးလေး သောက်ချင်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမှာ အသေအချာပဲပေါ့။

ဆိုင်လိပ်စာကတော့ အမှတ် ၁၆၈၊ မြင်သာ (၁၀)လမ်း၊ ၁၄ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်မှာ တည်ရှိပြီး ဆိုင်ဖွင့်ချိန်က နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိမို့ အရောက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်တယ်နော်။

Photos from Genius Shan Highlands Coffee's post 09/11/2023

ဘားအံမြို့မှာ Genius နဲ့ ဟော်နန်းကော်ဖီကိုမှ သောက်သုံးချင်ပါတယ်ဆိုတဲ့ ကော်ဖီချစ်သူများအတွက် လာပါပြီ ☕️

ဘားအံမြို့ရှိ Mingalarwin Mart ၊ Good one Mart ၊K-mart Hpa An ၊Phoe La Min Shopping Mall နှင့်
သွန်းကလျာ စတိုးတို့မှာ ဝယ်ယူရရှိနိုင်သည့်အပြင် Genius and Haw Nan Coffee Hpa-An Page တွင်လည်း မှာယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေနော် 😍

https://www.facebook.com/profile.php?id=100064048654516&mibextid=ZbWKwL

07/11/2023

ဦးစိုင်းအောင်တင့်ရဲ့ အလွမ်းတွေကို နှစ်သိမ့်ပေးနိုင်ဖို့ ကိုမင်းညီဖျော်ပေးလိုက်တဲ့ ကော်ဖီက ဘာတံဆိပ်များဖြစ်မလဲ။ ဆံပင်ညှပ်ရင်း၊ ဆေးဆိုးရင်းနဲ့ ထိုင်စောင့်ရတဲ့အချိန်တွေမှာ မပျင်းရအောင် နောက်ထပ်ဝန်ဆောင်မှုပေးနေတဲ့ ကိုမင်းညီရဲ့ ကော်ဖီအကြောင်းကို သိချင်ရင် ဗီဒီယိုထဲမှာ ဆက်ကြည့်လိုက်နော်။

နောက်လာမယ့် တနင်္ဂနွေညရဲ့ အပိုင်း (၄)မှာတော့ ကော်ဖီနတ်သမီးလေးနဲ့ပါ မိတ်ဆက်ပေးသွားမှာမို့ ဆက်ဆက်ကြည့်ရှူဖို့ မမေ့ပါနဲ့လို့။

31/10/2023

"ပြီးပြည့်စုံတဲ့ ကော်ဖီကောင်းတစ်ခွက်" ရယ်လို့ ဖြစ်လာဖို့ ဘယ်အချက်တွေက အဓိကကျမလဲ

ဒီမေးခွန်းအတွက်အဖြေကို ‌ဝေးဝေးရှာစရာမလိုဘူးနော်၊ ဘာလို့လဲဆိုတော့ Genius ရဲ့ သူမတူအောင် စနစ်ကျတဲ့ ကော်ဖီထုပ်လုပ်ပုံ အဆင့်ဆင့်က ဖြေပေးနိုင်လို့လေ။ Genius ကော်ဖီကို ထိပ်တန်းအရည်အသွေးရရှိအောင်

☑️ ကော်ဖီရဲ့ သဘာဝက ပိုမြင့်တဲ့ အမြင့်ပေမှာ စိုက်လေ၊ ပိုကောင်းတဲ့ အရည်အသွေးကို ရရှိလေဖြစ်လို့ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ ကျော် ကုန်းမြင့်ဒေသတွေမှာ စိုက်ပျိုးထားပါတယ်။

☑️ အရိပ်ရအပင်အောက်မှာစိုက်တာက ကော်ဖီသီးတွေရဲ့ ရင့်မှည့်ချိန်ကို နှေးစေပြီး သဘာဝအချိုအရသာကို ပိုတိုးစေလို့ အရိပ်ရအပင်အောက်မှာ စိုက်ပျိုးထားပါတယ်။

☑️ ရင့်မှည့်ချိန်ညီတဲ့ ကော်ဖီသီးတွေကိုပဲ သေချာရွေးချယ်နိုင်ဖို့အတွက် ကော်ဖီသီးတွေကို လက်နဲ့ စနစ်တကျရွေးချယ် ခူးဆွတ်ထားပါတယ်။

☑️ ကော်ဖီစေ့တွေကို သိုလှောင်တဲ့အခါမှာလည်း မှိုမတက်ဖို့နဲ့ လေမဝင်ဖို့ကို အထူးကြပ်မတ်ပြီး စနစ်တကျထိန်းသိမ်းထားပါတယ်။

☑️ ဒါ့အပြင် ကော်ဖီပျိုးပင်ကို စိုက်ပျိုးတာကနေ ကော်ဖီတစ်ခွက်အဖြစ် စားပွဲပေါ် ရောက်တဲ့အထိ အဆင့်တိုင်းကို သေသေချာချာ စနစ်တကျ ထုတ်လုပ်ထားပါတယ်။

☑️ ထုပ်ပိုးမှုပုံစံမှာလည်း စားသောက်ကုန်ထုပ်ပိုးမှုအတွက် သင့်တော်တဲ့ အရည်အသွေးမြင့် ထုပ်ပိုးမှုပုံစံဖြစ်လို့ ဘေးကင်းပြီး သိမ်းဆည်းဖို့ အဆင်ပြေဆုံးပါပဲ။

ကဲ.. ဒီလောက်ဆိုရင် ဘာဖြစ်လို့ "Genius" ကော်ဖီက အမြဲတမ်း နံပါတ် ၁ ဖြစ်နေရလဲဆိုတာ သိသွားပြီဟုတ်။

29/10/2023

အဘိဓမ္မာနေ့လို့လည်း ခေါ်ဝေါ်ကြတဲ့ သီတင်းကျွတ်လပြည့်နေ့ဟာ

🙇‍♂️ ရဟန်းသံဃာတော်များအတွက် ဝါလကင်းလွတ်သောနေ့
🙇‍♂️ ဓမ္မဒေသနာအဆီအနှစ် အဘိဓမ္မာတရား စတင်နာကြားရသည့်နေ့
🙇‍♂️ ဝေနေယျ သတ္တဝါများအတွက် မြတ်စွာဘုရားရှင်ကိုရည်မှန်းပြီး မိခင်ကျေးဇူးဆပ်သောနေ့ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တိုင်းအတွက် အထွတ်အမြတ်ထားရာ နေ့မြတ်တစ်ရက်ပါပဲ။

ဒီလို နေ့မြတ်မှာ မြတ်ဗုဒ္ဓကို ရည်စူးပြီး ဆီမီး ကပ်လှူပူဇော်ရင်း၊ အလှူအတန်းပြုရင်း ကုသိုလ်ယူလို့ စိတ်နှလုံးကြည်သာချမ်းမြရှိကြပါစေ။

27/10/2023

ကော်ဖီတံဆိပ်တွေ မျိုးစုံရှိတဲ့အထဲကမှ Genius ကို ရွေးချယ်ကြတာက ကော်ဖီအရည်အသွေးကောင်းလို့တင် မဟုတ်ဘူးတဲ့။ Genius ကော်ဖီအိတ်တွေမှာတင်

👉 ​လှော်ထားတဲ့အဆင့် (Roast level)ကို အနု (Light)၊ အလတ် (Medium)၊ အရင့် (Dark) ရွေးမလား၊
👉 ကော်ဖီမှုန့် အကြမ်း (Coarse Ground) လား၊ အညက် (Fine Ground) လား၊ ကော်ဖီစေ့ (Whole Bean)ကိုပဲ ရွေးမလား

ဒါတွေအားလုံးကို အိတ်ခွံပေါ်မှာတင် ရှင်းရှင်းလင်းလင်း ဖော်ပြထားလို့ မှား‌ဝယ်မိမှာ လုံးဝစိတ်ပူစရာမလိုဘူးလေ။ ဒါပဲလားဆိုတော့ ဘယ်ဟုတ်ပါ့မလဲ။

🥡 ​ရေ၊ ဆီလုံတဲ့အပြင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးတဲ့ စက္ကူအိတ်
🥡 မဝယ်ခင်ကတည်းက ကော်ဖီအနံ့ကို ခံစားကြည့်နိုင်ဖို့ လေထွက်ပေါက် (one way valve) နဲ့
🥡 ရေ၊ လေနဲ့ အမှုန်အမွှားတွေ လုံးဝမဝင်နိုင်အောင် စီမံထားတဲ့ လေလုံဇစ်‌

ကော်ဖီအိတ်ကို သေသေချာချာ ပြင်ဆင်ပေးထားတာမို့ ကော်ဖီချစ်သူတိုင်း မဝယ်ခင်ကတည်းက စိတ်တိုင်းကျ ရွေးချယ်နိုင်မှာ အသေအချာပဲပေါ့။

25/10/2023

"ရေစစ်ကော်ဖီက ဖျော်ရတာ အလုပ်ရှုပ်တယ်ဆို ဟုတ်လား" တဲ့။ အဲ့ဒါ Genius Drip coffeeကို တကယ်မသောက်ဖူးသေးလို့ ပြောတာနော်။ တစ်ထုပ်တည်းမှာ အဆင်သင့်သောက်နိုင်အောင် ဖန်တီးပေးထားတဲ့ Geniusမှာတော့ ဖျော်ဖို့ Drip Bagနဲ့ ဖျော်နည်းအဆင့်ဆင့်ပါဝင်လို့ ဒါတွေပူစရာမလိုတော့ဘူးနော်။ Genius Drip coffee ဖျော်မယ်ဆိုရင်

၁။ ကော်ဖီထုပ်ကို ဖွင့်ပါ။
၂။ ခွက်ပေါ်မှာ Drip bagကို ချိတ်ပြီး တင်ထားပါ။
၃။ ရေနွေးကို စက္ကူအိတ် (Drip bag) ပေါ် စက်ဝိုင်းပုံစံ ဖြည်းဖြည်းချင်းလောင်းချပြီး ၁ မိနစ်ခန့် နှပ်ထားပါ။
၄။ ပြီးရင်တော့ ပြိုင်စံရှားတဲ့ ကော်ဖီအရသာကို တစိမ့်စိမ့် အရသာခံကြည့်လိုက်ရုံပါပဲ။

ဖျော်နည်းကို သေချာသိချင်ရင်တော့ ပုံမှာ ဆက်ကြည့်လိုက်တော့နော်။

Photos from Genius Shan Highlands Coffee's post 25/10/2023

Genius ကော်ဖီ၊ ဟော်နန်းကော်ဖီတွေကို လားရှိုးဘယ်မှာဝယ်လို့ရလဲ မေးနေတဲ့ ကော်ဖီချစ်သူများရေ

Genius ကော်ဖီ၊ ဟော်နန်းကော်ဖီတွေသာမက အိုးစည်ကော်ဖီ၊ ကိန္ဒရီကော်ဖီနှင့် ကိန္ဒရီကော်ဖီဆပ်ပြာ၊ Scrubများကို လားရှိုးမြို့ UP စျေးဝယ်စင်တာမှာ ဝယ်ယူရရှိနိုင်ပါပြီဆိုတဲ့အကြောင်း လက်တို့လိုက်ပါရစေနော် ☺️

Photos from Genius Shan Highlands Coffee's post 24/10/2023

ကော်ဖီလုပ်ငန်း လုပ်ဖို့ စိတ်ကူးရှိတဲ့ လူငယ်တွေအတွက် လမ်းစတစ်ခုကို Genius က ယူဆောင်လာပြီနော်။ ကော်ဖီစိုက်ပျိုးရေးကနေ ကော်ဖီတစ်ခွက် ဖြစ်လာတဲ့အထိ အဆင့်ဆင့် သင်ကြားပေးမယ့် ကော်ဖီသင်တန်းတစ်ခုကို မကြာခင်မှာ ဖွင့်လှစ်ပေးသွားတော့မှာလေ။

သင်တန်းအကြောင်းအသေးစိတ်ကို တစ်ပုံချင်း ထောက်ကြည့်နိုင်ပါတယ်။

သင်တန်းကိစ္စအတွက် စုံစမ်းမေးမြန်းရန်
Thinzar Aung – 09421072893

23/10/2023

လူကြီးသူမတွေကို လက်ဆောင်ပေး ဂါရဝ‌ပြုဖို့လား
ဒါမှမဟုတ် သီတင်းကျွတ်ချိန်ခါမှာ ဧည့်သည်တွေကို မျက်နှာပန်းလှလှ ဧည့်ခံဖို့လား

ဘယ်အချိန်ပဲဖြစ်ဖြစ် Genius ရှမ်းတောင်မြင့်ကော်ဖီကို ချန်ထားခဲ့လို့တော့ မရဘူး‌နော်။ ကော်ဖီစစ်စစ်ရဲ့ မွှေးပျံ့တဲ့ သင်းရနံ့၊ စစ်မှန်ထူးကဲတဲ့ အရသာ၊ သာလွန်ခေတ်မီတဲ့ ထုပ်ပိုးမှုပုံစံတွေကြောင့် Genius ကော်ဖီက နေရာတိုင်းမှာ ပွဲလည်တင့်နေမှာ အဟုတ်ပဲလေ။

20/10/2023

"Genius ခရီး ဘယ်က စ"

Kopi Luwak လို့ ခေါ်တဲ့ ကြောင်ချေးကော်ဖီကနေ အစပြုခဲ့တဲ့ စိတ်ကူးတစ်ခုဟာ ဒီနေ့ ဒီအချိန်မှာတော့ အောင်နေလင်းထွန်းကုမ္ပဏီဆိုတဲ့ နာမည်အောက်မှာ ကုန်အမှတ်တံဆိပ်များစွာနဲ့ လည်ပတ်နေခဲ့ပြီဖြစ်ပါတယ်။

၂ဝ၁၂ ခုနှစ်ကနေ စတင်ဖြစ်တည်လာခဲ့တဲ့ Genius ကော်ဖီဟာဆိုရင် လက်ရှိ ရွာငံ‌ဒေသမှာ အဓိက စိုက်ပျိုးနေပြီး မြန်မာတစ်ပြည်လုံးမှာသာမက အာရှနဲ့ဥရောပနိုင်ငံတွေအထိပါ တင်ပို့ရောင်းချနေပါတယ်။

ဩဂဲနစ်လက်မှတ်၊ အစားအသောက်ဘေးကင်းလုံခြုံရေးလက်မှတ်တို့ကို နိုင်ငံတကာအဆင့် ရရှိထားပြီး ပြည်တွင်း၊ ပြည်ပ ဆုတံဆိပ် အများအပြားရရှိထားတဲ့ Genius ရဲ့ ခရီးလမ်းအစက ဘယ်က ဖြစ်မလဲ၊ ဘယ်လို ခရီးလမ်းကို ဖြတ်သန်းပြီး အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရလဲဆိုတာကိုတော့ အောင်နေလင်းထွန်းရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ ဦး‌ငွေထွန်း ကိုယ်တိုင်ရေးသားဖော်ပြနေတဲ့ Telegram channel မှာ အသေးစိတ် ဖတ်ရှုနိုင်ပါပြီ။

Telegram link -->> https://t.me/+PA-0WQoLPQxlOTNl (ကောမန့်မှာလည်း လင့်ခ်ချပေးထားပါတယ်)

အောင်မြင်သူတို့ရဲ့ လျှောက်သောလမ်းကို တစေ့တစောင်းလေ့လာနိုင်ဖို့ အခုပဲ Join ထားလိုက်တော့နော်။

18/10/2023

နေ့တစ်နေ့ရဲ့ အကောင်းဆုံး အခိုက်အတန့်တွေက Genius ကြောင့် ပိုလို့တောင် လေးနက်ခဲ့ပြီလေ။

☕ မိသားစုနဲ့ အတူရှိနေချိန်မှာပဲဖြစ်ဖြစ်၊
☕ ချစ်သူလေးနဲ့ အတူရှိနေချိန်မှာပဲဖြစ်ဖြစ်၊
☕ ယုတ်စွအဆုံး တစ်ယောက်တည်း ရှိနေပါစေဦး၊

Genius ရဲ့ စွဲမက်ဖွယ် ကော်ဖီအရသာက မျှဝေခြင်းကို ပိုအဓိပ္ပါယ်ရှိစေလို့ အချိန်တွေ ကုန်လို့ကုန်မှန်းတောင် သိမှာမဟုတ်တော့ဘူးနော်။

17/10/2023

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယလေးမှာ Genius ကော်ဖီကို စဉ်ဆက်မပြတ် အားပေးလာတဲ့ ကော်ဖီချစ်သူတွေအတွက် အထူးအစီအစဉ်လေးတစ်ခုကို Genius က ယူဆောင်လာခဲ့ပြီနော်။

Genius ကော်ဖီစေ့ 5 kg ဝယ်ယူသူတိုင်းကို အမိုက်စားလက်လှည့်ကြိတ်စက်တစ်ခု လက်ဆောင်ပေးသွားမှာလေ။

🥰 အရေအတွက်အကန့်အသတ်နဲ့ မြန်မြန်လေး မှာယူထားဖို့ လိုမယ်နော်။

17/10/2023

ကော်ဖီချစ်သူတို့အတွက် Genius Coffee ရဲ့ အထူးပရိုမိုးရှင်း အစီအစဉ်တွေကို KBZPay စင်တာ(၃)ခုမှာ ရယူနိုင်ပြီ

🏦ရန်ကုန်မြို့ အနော်ရထာ KBZPay စင်တာ (၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ)
🏦ရန်ကုန်မြို့ Time City KBZPay စင်တာ (အောက်တိုဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ)နဲ့
🏦တောင်ကြီး KBZPay စင်တာ (အောက်တိုဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ) တွေမှာ

ပုံမှန်ဝန်ဆောင်မှုတွေ ရယူရင်း Genius Coffee ကနေ ထုတ်လုပ်တဲ့ ကော်ဖီအမျိုးအစားမျိုးစုံကို အထူးပရိုမိုးရှင်း အစီအစဉ်တွေနဲ့ ဝယ်ယူရရှိနိုင်ပြီနော်။

👉 အစီအစဉ်ကတော့ Customer တွေအနေနဲ့ Genius Coffee မှထုတ်လုပ်တဲ့ ကော်ဖီတွေကို ငွေကျပ် ၃ သောင်းနဲ့အထက် ဝယ်ယူပြီး Genius Coffee မှထုတ်လုပ်တဲ့ ကော်ဖီဆပ်ပြာ ကိုလက်ဆောင်ရယူနိုင်မှာဖြစ်သလို

👉 KBZPay စင်တာမှာ အနည်းဆုံး ငွေကျပ် ၃ သိန်း ငွေထုတ်ခြင်း (သို့မဟုတ်) ငွေကျပ် ၁သိန်း ငွေလွှဲခြင်း ဝန်ဆောင်မှုကို ရယူပြီး Genius Coffee မှ ရောင်းချတဲ့ ကော်ဖီတွေကို ၁၀% လျော့ဈေးဖြင့် ဝယ်ယူနိုင်မှာ ဖြစ်လို့ လာရောက်ဝယ်ယူကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

16/10/2023

"Zero Waste Challenge" မှာ ပြိုင်ပွဲဝင်ရင် ဘယ်လိုအကျိုးအမြတ်တွေ ရမှာလဲ၊ တကယ်ရော လုပ်ငန်းတစ်ခု တည်ထောင်နိုင်မှာလား။ ဒီလိုဒွိဟမေးခွန်းတွေနဲ့ ပူပန်နေရင်တော့ စာကို အဆုံးထိဖတ်ကြည့်လိုက်ပါဦး။

"Zero Waste Challenge" ပြိုင်ပွဲကို အဓိက ထောက်ပံ့ပေးနေတဲ့ အောင်နေလင်းထွန်းကုမ္ပဏီဟာဆိုရင် မြန်မာနိုင်ငံရဲ့ ဂုဏ်ယူစရာ ပြည်တွင်းကော်ဖီထုတ်ကုန်တစ်ခုဖြစ်ပြီး နိုင်ငံအနှံမှာ ကော်ဖီပျိုးပင် ၁.၃ သန်း - ဧက ၁၀၀၀ ကျော်ကို စိုက်ပျိုးထားရှိပါတယ်။ Genius ကော်ဖီတံဆိပ်ဟာဆိုရင်လည်း ဩဂဲနစ်လက်မှတ်၊ အစားအသောက်ဘေးကင်းလုံခြုံရေးလက်မှတ်တို့ကို နိုင်ငံတကာအဆင့်ရရှိထားပြီး ပြည်တွင်း ဆုတံဆိပ်၊ ပြည်ပ ဆုတံဆိပ်များစွာရရှိထားတဲ့ ၁၀၀% မြန်မာနိုင်ငံသားပိုင် လူမှုအကျိုးပြုစီးပွါးရေးစင်စစ်ဖြစ်ပါတယ်။

နောက်ထပ် ထောက်ပံ့ပေးသူဖြစ်တဲ့ "Prevent Plastics Myanmar" ကတော့ SWITCH-Asia ရဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ SWITCH-Asia ဆိုတာကတော့ ဥရောပသမဂ္ဂ (EU)ရဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အာရှနိုင်ငံတွေကို ကာဗွန်ထုတ်လုပ်မှု နည်းပြီး အရင်းအမြစ်သက်သာတဲ့ စက်ဝိုင်းစီးပွားရေးသို့ အသွင်ကူးပြောင်းရေးကို ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။ SWITCH-Asia ဟာ အာရှနိုင်ငံတွေရဲ့ စီးပွားရေးဆိုင်ရာအသိပညာအခြေခံနဲ့ ထုတ်လုပ်မှုမြှင့်တင်ဖို့ကို အရှိန်အဟုန်မပြတ် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။

ဒီလို ယုံကြည်အားထားစရာ ထောက်ပံ့သူတွေရဲ့ အကူအညီကို ရရှိနိုင်ဖို့ ဒီပြိုင်ပွဲမှာ သင့်ဘက်က "စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးချနိုင်တဲ့ ကိုယ်ပိုင်စိတ်ကူးအတွေးအခေါ်တစ်ခု"ပဲ လိုပါတယ်။ ပြိုင်ပွဲဝင်တွေထဲကမှ
🌳 ထုတ်ကုန်လုပ်ငန်း (၂)ခုကို လစဉ်ရွေးချယ်ပြီး
🌳 လိုအပ်တဲ့နည်းပညာတွေကို အဓိကပံ့ပိုးသွားမှာဖြစ်သလို
🌳 ရင်းနှီးမြုပ်နှံမှု၊ လုပ်ငန်းခွင်နေရာ၊ ဈေးကွက်တွင်းရှိ မိတ်ဖက်များနဲ့ စျေးကွက်ချိတ်ဆက်မှုတွေကိုလည်း ကူညီသွားမှာဖြစ်ပါတယ်။

မိမိရဲ့စိတ်ကူးထုတ်ကုန်ကို ဓနဥစ္စာဆီသို့ မြှင့်တင်ဆောင်ရွက်လိုပါက ကောမန့်မှာ ဖော်ပြထားတဲ့ Link မှာ လျှောက်ထားနိုင်ပါတယ်။ ပြိုင်ပွဲနဲ့ ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖုန်း +95 (9) 421723203 (သို့မဟုတ်) [email protected] သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

14/10/2023

ဆံပင်ညှပ်နေရင်းနဲ့မှ မွှေးမွှေးပျံ့ပျံ့ရနံ့တစ်ခုကြောင့် ငိုမိသွားတဲ့ ဦးစိုင်းအောင်တင့် 😢
ဦးစိုင်း ရုတ်တရက် ငိုသွားတာ ဘာကြောင့်လဲ၊ ဘာကို သတိရသွားလို့ ငိုတာလဲဆိုတာကိုတော့ ဒီနေ့ရဲ့ ဗီဒီယိုအပိုင်း ၂မှာ ဆက်လက်ရှူစားလိုက်ပါဦး။

အပိုင်း (၃)ကိုတော့ နောက်အပတ်စနေနေ့ည (၈)နာရီမှာ ဆက်တင်ပေးသွားမှာမို့ Genius Pageကို See First ထားထားပြီး စောင့်ကြည့်ပေးဦးနော်။

#တကယ်လန်းတဲ့ဟော်နန်း

Photos from Genius Shan Highlands Coffee's post 13/10/2023

Genius ကော်ဖီ၏ Myanmar Local Food and Products Bazaar

MSME လုပ်ငန်းအချင်းချင်းရိုင်းပင်းကူညီပြီး မိမိတို့ရဲ့ကုန်ပစ္စည်းများအကြောင်းချပြနိုင်ကာ စျေးကွက်ပိုမို ချဲ့ထွင်နိုင်စေရန် ရည်ရွယ်၍ Genius ကော်ဖီမှ ကြီးမှူးကျင်းပမည့် သီတင်းကျွတ်အကြိုစျေးရောင်းပွဲ Myanmar Local Food and Products Bazaarကို အောက်တိုဘာ ၂၁ရက်နေ့စတင် ပြုလုပ်ကျင်းပမှာပဲဖြစ်ပါတယ်နော်....

Myanmar Local Food and Products Bazaar မှာ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း များကိုပါဝင်မှာဖြစ်လို့ စိတ်ပါဝင်စားသူ လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏ကုန်ပစ္စည်းအကြောင်းအရာ၊ Logo ဖြင့် ၁၇ ရက်နေ့ နောက်ဆုံးထား စာရင်းသွင်းပြီး လာရောက်ပူးပေါင်းကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်.....

၁လမှာ ၂ကြိမ် ကျင်းပမယ့် စျေးရောင်းပွဲလေးကို စိတ်ပါဝင်စားသောလုပ်ငန်းရှင်များ Page Chat Box မှဖြစ်စေ ဖုန်းနံပါတ် ၀၉၉၇၀၂၀၀၇၀၂ သို့ အသေးစိတ် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်နော် 🥰

နေရာ ။ ။ ဉာဏ်ကြီးရှင် ကော်ဖီစက်ရုံ ၊ အမှတ် ၂၉၆၄၊ ၆၃ရပ်ကွက်၊ စက်မှုဇုန်လမ်း၊ တောင်ဒဂုံစက်မှုဇုန် (၂) ၊ တောင်ဒဂုံမြို့နယ်။
နေ့ရက် ။ ။ ၂၁ ရက်၊ အောက်တိုဘာလ၊ ၂၀၂၃ခုနှစ်။
အချိန် ။ ။ မနက် ၁၀နာရီမှ ညနေ ၄နာရီအထိ

Google Map: 16°49'15.6"N 96°14'06.4"E
https://goo.gl/maps/iE41359SxtBDGpQy9

11/10/2023

သီတင်းကျွတ်ပိတ်ရက်အတွက် ပစ္စည်းတွေ ဝယ်စုဆောင်းနေပြီလား။

အောက်တိုဘာလ (၁၂) ရက်နေ့ကနေ (၁၆) ရက်နေ့အထိ City Square (တောင်ကြီး)မှာ ကျင်းပပြုလုပ်မယ့် သီတင်းကျွတ်အကြိုစျေးရောင်းပွဲတော်မှာ Genius ကော်ဖီ၊ ဟော်နန်းကော်ဖီ နဲ့ Kainnari Cosmetics တွေကို ၁၀ ရာခိုင်နှုန်း လျှော့စျေးနဲ့ ရောင်းချပေးသွားဖို့ အဆင်သင့်ရှိနေပြီနော်။

ဒ့ါအပြင် ကျပ် ၃၀,၀၀၀ ဖိုး ဝယ်ယူတာနဲ့ ဗလာမပါကံစမ်းမဲလက်ဆောင်တွေလည်း ကံစမ်းခွင့်ရမှာဖြစ်လို့ ဆက်ဆက်လှမ်းလာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင့် :D

07/10/2023

မတွေ့ရတာကြာတဲ့ မိတ်ဆွေရင်းကြီး ကိုမင်းညီရဲ့ Alibaba ဆံပင်ညှပ်ဆိုင်ကို အလည်ရောက်လာတဲ့ ဦးစိုင်းအောင်တင့်တစ်ယောက် မရောက်တာ ဘယ်လောက်ပဲကြာကြာ လုံးဝဈေးမတက်တဲ့ ဈေးနှုန်းကြောင့် အံ့အားသင့်သွားရပါတော့တယ်။

ဒီလိုမျိုး ဈေးမတက်ရတဲ့ Alibaba ဆိုင်ရဲ့ လျှို့ဝှက်ချက်က ဘာများဖြစ်မလဲ၊ ဆိုင်ပိုင်ရှင် ကိုမင်းညီကရော သူ့ဆိုင်လေး ဈေးမတက်အောင် ဘယ်လိုကြိုးစားလုပ်ကိုင်နေလဲ၊ သိချင်ရင် ဗီဒီယိုလေးမှာ ဆက်ကြည့်လိုက်‌‌တော့နော်။

#တကယ်လန်းတဲ့ဟော်နန်း

01/10/2023

International Coffee Day မှာ Genius ကော်ဖီ ၄၃၅ ဂရမ် ၁ထုပ် မှာယူပြီး steel filter တစ်ခုလက်ဆောင်ရယူနိုင်ပြီနော်

Happy International Coffee Day! Coffeeholic တို့ရေ အောက်တိုဘာ ၁ရက်နေ့ က ဘာနေ့လဲ သိတယ်ဟုတ် :D

ဟုတ်ပါတယ်၊ ကော်ဖီချစ်သူတို့ရဲ့ မေ့မရတဲ့နေ့စွဲလေး ဖြစ်တဲ့ International Coffee Day အတွက် Geniusကလည်း အထူးလက်ဆောင်လေး ပြင်ဆင်ထားပါတယ်ရှင်။

ဒါကတော့ အောက်တိုဘာလ (၁)ရက်နေ့မှာ messengerကနေ တစ်ဆင့် Genius ကော်ဖီ ၄၅၃ ဂရမ် ၁ထုပ် ဝယ်ယူသူတိုင်းကို steel filter ၁ခု လက်ဆောင်ပေးသွားမှာပါ။ ကော်ဖီလည်းဝယ်၊ filterလည်း လက်ဆောင်ရဆိုတော့ ကြိုက်ကြမယ်ဟုတ်၊ ပြောနေ ကြာပါတယ်.. အခုပဲ messengerမှာ hi ပြီး မှာလိုက်တော့‌နော် ;-)

30/09/2023

အနေဝေးလည်း အချစ်တွေအမြဲ လန်းဆန်းနေစေဖို့ ဘာလက်ဆောင်ပေးရမလဲတဲ့။ ဒါလေးများ.. လွယ်လွယ်လေး၊ နေ့တိုင်းလည်း သုံးလို့ရမယ့် လက်ဆောင်ဖြစ်မယ်၊ ဖျော်‌‌သောက်လိုက်တိုင်းလည်း ကိုယ့်ကိုသတိရနေစေမယ့် Genius ကော်ဖီမှုန့်ကိုပဲ ရွေးပေးလိုက်နော်။
Genius ကော်ဖီအနံ့မွှေးမွှေးလေးရဲ့ ထူးကဲဆိမ့်သက်တဲ့အရသာကြောင့် တစ်ငုံသောက်လိုက်တိုင်း အချစ်တွေတိုးလာမှာ အသေအချာပဲပေါ့ 🤎

ချစ်ခင်ရသူတွေကို လက်ဆောင်ပေးချင်ရင်တော့ Messengerမှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်ရှင်။

29/09/2023

Happy International Coffee Day! Coffeeholic တို့ရေ အောက်တိုဘာ ၁ရက်နေ့ က ဘာနေ့လဲ သိတယ်ဟုတ် :D

ဟုတ်ပါတယ်၊ ကော်ဖီချစ်သူတို့ရဲ့ မေ့မရတဲ့နေ့စွဲလေး ဖြစ်တဲ့ International Coffee Day အတွက် Geniusကလည်း အထူးလက်ဆောင်လေး ပြင်ဆင်ထားပါတယ်ရှင်။

ဒါကတော့ အောက်တိုဘာလ (၁)ရက်နေ့မှာ messengerကနေ တစ်ဆင့် Genius ကော်ဖီ ၄၅၃ ဂရမ် ၁ထုပ် ဝယ်ယူသူတိုင်းကို steel filter ၁ခု လက်ဆောင်ပေးသွားမှာပါ။ ကော်ဖီလည်းဝယ်၊ filterလည်း လက်ဆောင်ရဆိုတော့ ကြိုက်ကြမယ်ဟုတ်၊ ပြောနေ ကြာပါတယ်.. အခုပဲ messengerမှာ hi ပြီး မှာလိုက်တော့‌နော် ;-)

27/09/2023

☕ ခါးသက်ပြင်းတဲ့ အမေရိကန်နို
☕ အမြှုပ်လှလှလေးတွေနဲ့ ကပ်ပူချီနို
☕ ချိုဆိမ့်မွှေးတဲ့ ကော်ဖီလတ်တေး
ဘယ်လိုကော်ဖီ‌ပဲ ဖျော်မယ်လို့ တွေးနေပါစေ၊ ကိုယ်ကြိုက်တဲ့ ကော်ဖီကို စိတ်ကြိုက်‌ဖျော်ဖို့ လွယ်လွယ်ကူကူရွေးဝယ်နိုင်ဖို့က Geniusကော်ဖီမှုန့်တွေကို ဒီလိုလေးရွေးနော်။

အာရေဘီးကားကော်ဖီစေ့စစ်စစ်တွေကိုပဲ ထုတ်လုပ်ဖြန့်ချိတဲ့ Genius ကော်ဖီထုပ်တွေကို
🟫 လှော်သင်း (Roast level) အဆင့်အလိုက် ရွေးလို့ရသလို
🟫 အမှုန့်ကြမ်း၊ အမှုန့်ညက်၊ ကော်ဖီစေ့ ဆိုပြီး အဆင်သင့်ခွဲခြားထုတ်ပေးထားလို့ လိုချင်တဲ့ အမျိုးအစားကို မြန်မြန်ဆန်ဆန်ရွေးဝယ်နိုင်ပြီပေါ့။ ဒါ့အပြင် ကော်ဖီကြိတ်စက်ရှိတဲ့ ဈေးဝယ်စင်တာတိုင်းမှာ Genius ကော်ဖီစေ့တွေကို အခမဲ့ ကြိတ်ခွဲပေးနေပါတယ်လို့ သတင်း‌ကောင်းလေး ပါးလိုက်ပါတယ်နော်။

**Genius ကော်ဖီမှုန့်မျိုးစုံကို Supermarketတွေမှာ ဝယ်ယူရရှိနိုင်သလို Hotline နံပါတ် +95 9 970 200702 နဲ့ Messenger မှာ ဆက်သွယ်ပြီးတော့လည်း မှာယူနိုင်ပါတယ်ရှင်။

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ဦးစိုင်းအောင်တင့်ရဲ့ အလွမ်းတွေကို နှစ်သိမ့်ပေးနိုင်ဖို့ ကိုမင်းညီဖျော်ပေးလိုက်တဲ့ ကော်ဖီက ဘာတံဆိပ်များဖြစ်မလဲ။ ဆံပင်ညှပ်...
Genius
Genius
Genius
စိတ်အစဉ်သာယာဖို့ Cascaraကိုသောက်ကြစို့
ဒီနေ့မှာဆိုရင် Steel filter လေးနဲ့အတူ သန့်ရှင်းလတ်ဆတ်သော ကော်ဖီကောင်းတစ်ခွက်ကို အိမ်မှာလွယ်လင့်တကူဖျော်နိုင်ဖို့ရာ Video...
မြန်မာ့နှစ်သစ်ကူးချိန်မှာ စိတ်ရွှင်လန်းချမ်းမြေ့ကြပါစေလ်ု့ရှေးဦးစွာဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏Summer မှာစိတ်တိုင်းကျစ...
Genius Coffee Capsule
ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့် ကော်ဖီပြပွဲကြီး ပထမနေ့ပြီးဆုံးပါပြီ ကျွန်တော်တို့ပြပွဲကြီးမှ ၃၁ရက်နေ့ အထူးအနေနှင့် စိုက်ပျိ...
We wish you a Happy Merry Christmas 🤩🎁🎄✨Christmas ကာလ ဆောင်းရာသီမှာ ကိုယ်ချစ်ခင်ရတဲ့လူတွေကို ဥာဏ်ကြီးရှင်ကော်ဖီလက်ဆောင်ပ...
အိမ်ခြံဥယျာဉ်စိုက်ပျိုးရေး
System of Rice Intensification

Telephone

Address


No. 168-1, Myin Thar (10) Street, 14/1 Quarter, South Okkalapa Township
Yangon
11091

Other Yangon shops (show all)
Yu Wa Lay Crochet Collections Yu Wa Lay Crochet Collections
Yangon

Welcome from crochet world��

Phyu Lay Onlineshop Phyu Lay Onlineshop
Yangon

လက်လီလက်ကား အားပေးနိုင်ပါတယ်

Hello Online Shop Hello Online Shop
Yangon

လူကြီးမင်းတို့အိမ်တွက်လိုအပ်တဲ့အိမ်သုံးပစ္စည်း လူသုံးကုန်ပစ္စည်းအမျိုးမျိုးကိုတနေရာထဲမှာဝယ်ယူနိုင်ပါပီ

BACA BONE BACA BONE
Yangon

Good luck

Eaint Collection Eaint Collection
No 469 , Yarzadrit Street, 7 Quarter , South Okkalapa
Yangon

ကံကော် Vintage Clothing - GAW ကံကော် Vintage Clothing - GAW
Yarza. Thingyan Street
Yangon

Vintage Style Clothing Thrifty Shop tie dye shirt,hand made myanmar

Ruby Win Ruby Win
No. 192, Yaegu Railway Station Street, (8) Quarter , Mayangone Township
Yangon, 11061

ပစည်းမှန် စျေးနှုန်းမှန်ဖို့ အာမခံပြီး ရောင်းချပေးပါတယ်။

Beauty Ring Light 2 whole sale Beauty Ring Light 2 whole sale
Thiri Street
Yangon, SANCHAUNG

Magic Jelly Magic Jelly
Yangon, HELLO

မြို့ပေါင်း100အိမ်ရောက်ငွေချေ 📱09427849878📱

MY choice MY choice
Htu Par Yon 15th Street
Yangon, 11231

up to date

Kyi Phyu Kyi Phyu
Yangon

Oline shop for lady's wear💕