PMS-Political Management Society

PMS-Political Management Society

နိုင်ငံရေးစီမံခန့်ခွဲမှုပညာကိုစနစ်တကျမျှဝေလေ့လာနိုင်စေရန်...

20/02/2024

စာကောင်းတွေဖတ်ကြစေချင်တယ်....

☯️

လူငယ် လူလတ်ပိုင်းတွေ အတင်းအဖျင်း စာတွေထက်၊ နိုင်ငံတကာ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး စာတွေကိုဖတ်ကြပါ၊ စာဖတ်ပြီး သတင်းအနေနဲ့သာ လက်မခံပဲ ဆက်စပ်တွေးခေါ်တတ်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ကြပါ၊

သတင်းသက်သက်က "သညာ" သာဖြစ်ပါတယ်၊ ဆက်စပ်တွေးခေါ်တတ်မှ "ပညာ" အဖြစ် ပြောင်းနိုင်မှာပါ၊

ပညာအားနည်းခဲ့လို 1885 မှာ သူ့ကျွန်ဖြစ်ခဲ့ပြီးပါပြီ၊ ပညာထပ်အားနည်းရင် အစိပ်စိပ် ကွဲဖို့ပဲ ကျန်ပါတော့တယ်၊

ဒီနေ့ ဘမောင်တို့ သတင်းသက်သက်မဟုတ်ပဲ သုံးသပ်ချက်နဲ့အတူ ကြိုးစားရေးနေတာက အချိန်ပိုလွန်းလို့မဟုတ်ပါဘူး၊ အန္တရာယ်ကိုမြင်နေလို့ တတ်နိုင်တဲ့ဖက်က ကွက်လပ်တခုကို နိုင်ငံသား တဦးအနေနဲ့ ဖြည့်ပေးနေခြင်းသာဖြစ်ပါတယ်၊

မိမိရေးသားမှု၊ မိမိအမြင်တွေ အကုန်မှန်တယ်လို့လဲ မဆိုလိုပါ၊ ကြိုတင်သတိပေး ရေးသားမှုတွေ ဘယ်လောက်ထိဖြစ်ခဲ့သလဲဆိုတာ ပရိသတ်ကပဲ ဆုံးဖြတ်ကြပါလိမ့်မယ်၊ မိမိရေးသားမှုကိုလဲ အကုန်လက်မခံကြပါနဲ့၊ အမှန်-အမှားကိုလဲ ကိုယ်ပိုင်အသိနဲ့ ပြန်င်္စစစ်ကြပါ၊ နိုင်ငံအပေါ် စေတနာထား ရေးနေကြသူတွေရဲ့ တခြားစာကိုလဲ ဖတ်စေချင်ပါတယ်၊

နိုင်ငံနဲ့လူမျိုးအနာဂါတ်က လူငယ်တွေလက်ထဲမှာပါ၊ ကိုယ့်မျိုးဆက်မှာ ကိုယ်တာဝန်ကြေဖို့ လိုပါလိမ့်မယ်၊

" သညာ" နဲ့ " ပညာ" ကို ကောင်းစွာခွဲခြား သိနိုင်ကြပြီး ဒူးမထောက် လူမျိုးအဖြစ် ရပ်တည်နိုင်ကြပါစေ။

Crdt. to
Nay Zin Latt ( 19.2.24 )

Crdt. to
Org.Image Creater

11/01/2024

#စစ်နဲ့ဗစ်

ကိုဗစ်ဟာဘယ်ကစဖြစ်တာလဲ ???

တစ်ကယ်လို့သာ
လူလုပ်ရောဂါဆိုခဲ့ရင် ...

ထပ်မလုပ်ဘူးလို့
ဘယ်သူပြောနိုင်မှာလဲ ...

ဆက်စပ်ပြီး
စဉ်းစားထားကြဖို့
လိုမယ်ထင်တယ် ။

တိုက်ခိုက်တယ်ဆိုတာမျိုးက
အမြောက်နဲ့ပစ်မှတိုက်ခိုက်တယ်မထင်လေနဲ့ ...
သတိဆိုတာပိုတယ်မရှိ 🌞

Photo Crdt

26/11/2023

အလုပ်ကို အလုပ်နှင့်တူအောင်
စနစ်တကျလုပ်ကိုင်လျင်
အလုပ်ကကြော်ငြာပေးသွားနိုင်သည် ။
သို့ဖြစ်၍…
တစ်ကယ်တန်းအလုပ်လုပ်ကြပြီဟုဆိုလျင်
ဝါဒဖြန့်နေစရာမလိုချေ ။

ပြည်ထောင်စုညီညွတ်ရေးသို့
လောကအမြင် ( မောင်ထင် )
၁၉၆၇

29/10/2023

🪷🪷🪷 #လွတ်မြောက်ခြင်းအနုပညာ 🪷🪷🪷

🌷ဒီဘဝကောင်းတာလုပ်ရင်
နောက်ဘဝကောင်းမယ် ...
🌷နောက်ဘဝကောင်းအောင်
ဒီဘဝမှာကောင်းတာလုပ်မယ်... ဆိုရုံနဲ့စိတ်ချရပါ့မလား ???
🌷ဘဝဆိုတာ-သံသရာ...
🎡သံသရာဆိုတာကအဆုံးမရှိ .........

👉ဆိုပါစို့...
သံသရာတစ်လျောက်လုံးကောင်းမယ်ဆိုရင်တောင်...
ဘယ်မှာအဆုံးသတ်မှာလဲ ... ???

🎯 တစ်ကယ်တော့
အဆုံးသတ်ကကိုယ့်ဆီမှာ...
🪷🪷🪷 #လွတ်မြောက်ခြင်းအနုပညာ 🪷🪷🪷

💟လွတ်မြောက်ခြင်းအနုပညာလမ်းမှာ
💟အေးချမ်းသာယာစွာလျှောက်လှမ်းနိုင်ကြပါစေ....

သံသရာခရီးသည်
၂၉-၁၀-၂၀၂၃
သီတင်းကျွတ်လပြည့်နေ့

Crdt Org.Photo Creater

29/07/2023

. #ဘာကြောင့်_စာတွေရေးနေရသလဲ ❓

1️⃣
" ဆရာ... အလုပ်တဖက်နဲ့
ဘာကြောင့် စာတွေခပ်များများ ရေးနေရသလဲ "

မကြာခဏ အမေးခံရတဲ့မေးခွန်းပါ ။
တိုတိုတုတ်တုတ်ဖြေရရင်...

" နောက်မျိုးဆက်သစ်တွေ၊ အချိန်မကုန်ပဲ
စောစောစီးစီး အသိအမြင်ပွင့်အောင်လို့ "... လို့ပဲ ဖြေရပါလိမ့်မယ်၊

2️⃣
ဘမောင်တို့ (၇၀) တန်းတွေက
ပါလီမာန်ခေတ်မှာမွေးတယ်၊ ဆိုရှယ်လစ်ခေတ်မှာ
လူလတ်ပိုင်းကို ကျော်ဖြတ်ပြီး၊ နအဖ ခေတ်မှာ
တတိယအရွယ်ကို ရောက်တယ်၊
သမ္မတကြီး ဦးသိန်းစိန်၊ ဒေါ်စုနဲ့ အခုခေတ်မှာ
ဇရာဖက် ချဉ်းသွားပြီ၊

လူတယောက်ရဲ့ အခြေခံ အုတ်မြစ်က
လူငယ်နဲ့ လူလတ်ပိုင်း အရွယ်ပါ၊
အဲ့ဒီခေတ်က လူကြီးတွေကိုအပြစ်မမြင်ပါဘူး
ဒေသတွင်း ကွန်မြူနစ်ဝါဒ အားကောင်းကာလ
ဖြစ်ခဲ့လေတော့ ဆိုရှယ်လစ်စနစ်ကို ရွေးခဲ့တာ
သိပ်မဆန်းလှဘူး၊

3️⃣
စနစ်တခုရဲ့အောက်မှာ နိုင်ငံရဲ့ ကံကြမ္မာက
တည်မှီတယ်၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်ဆိုတာက
အပိတ်နိုင်ငံရေးစနစ်ဖြစ်လေတော့...
ဦးဏှောက်ဖွံ့ဖြိုးရေး အဟာရဖြစ်တဲ့
စာအုပ်စာပေဟာ ရဖို့သိပ်ခက်တဲ့ အရာတွေ
ဖြစ်လာရင်း... ဘမောင်တို့မျိုးဆက်
အသိငတ်၊ အမြင်တွေ မသန်မစွမ်းဖြစ်ကြရတယ်၊

ငယ်စဉ်ကာလကို ပြန်ပြောင်း
အောက်မိသေးတယ်၊ မြို့ထဲက လမ်းဘေး
အဟောင်းဆိုင်မှာ စာအုပ်မွှေရတာ၊
ဒီနေ့ ဒဂုံတာဝါရှိတဲ့ မြေနီကုန်း
စာအုပ်အဟောင်းတန်းမှာ တပါတ်တခါလောက်
စာအုပ်မွှေရတာဟာ အလုပ်တခုလိုဖြစ်ခဲ့ရပါတယ်၊
1000 days in White House တို့
ဆစ်ဒနီ ရှယ်ဒန် စာအုပ်တို့၊ 007 စာအုပ်
အဟောင်းတို့ကို အဲ့ဒီ မြေနီကုန်းညဈေး
အဟောင်းတန်းက ဝယ်ခဲ့တာချည့်ပဲ၊
(၇) တန်းကျောင်းသား ဘမောင် ချော်လဲပြီး
ဒူးပြဲခဲ့တာ မှတ်မိသေးပါ့။

4️⃣
1st degree ဖြစ်တဲ့ B.Arch မှာ
ဘမောင် ခရက်ဒစ်မထွက်ဘူး၊
ဆိုလိုချင်တာက Master တက်ခွင့်မရှိဘူးပေါ့
နအဖခေတ် ဈေးကွက်စီးပွားရေးလဲရောက်
ကမ္ဘာကြီးကလဲ Education for all လဲဖြစ်တော့
ခရက်ဒစ်တွေ ဘာတွေ ကန့်သတ်ချက်မရှိတော့ပဲ
ပထမဘွဲ့တခုရရင် မာစတာ တက်ခွင့်ရလာတယ်၊
Thanks to Market Econmy.

5️⃣
ဒီနေ့ သိမ်မွေ့ပြီး အများစု သတိမထား
မမြင်မိတဲ့ ပြသနာက
Technical vs Conceptual ဆိုတာပဲ
နည်းပညာဖက် လူငယ်တွေ တအားလိုက်ပြီး
သဘောတရားရေးရာကို သဘောမပေါက်ကြတာက
လူငယ်တွေ မတိုးတက်ရတဲ့ အကြောင်းရင်းထဲက
တခုဖြစ်လာတယ်၊

Technique / Formula တွေဖြစ်လာဖို့
သဘောတရားဆိုတဲ့ Concept က
အခြေခံရတယ်၊ Concept ပိုင်ရင်
Technique နဲ့ Formula တွေက
ခလေးကစားစရာတွေဖြစ်သွားတယ်၊
Formula / Academic knowledge သမားတွေ
အနေနဲ့လဲ Concept ကို သဘောတရားကြေအောင်
ပြန်လေ့လာသင့်တယ်၊

6️⃣
အလွယ်တကူမြင်အောင် ဥပမာနဲ့ ချရေးရရင်
Technical ထဲ Equation တခုဆိုပါစီု့
စာရွက်ပေါ်မှာ မြင်နေရတဲ့အရာပါ
အလွတ်ကျက်လို့လဲရတယ်၊
ဒါပေမဲ့ .... အဲ့ဒီ ညီမျှခြင်း ဘယ်လိုများ
ပေါ်လာရသလဲ ဆိုတဲ့ အတွေးအခေါ်နဲ့
သဘောတရားကိုတော့ Equation လိုမမြင်ရဘူး

မြန်မာတွေက သဘောတရားဖက်သွားရင်
စဉ်းစားရတာများပြီး ခေါင်းပူလို့
လွှတ်ချလေ့ရှိရင်းနဲ့ နည်းပညာဖက်
အလေးသာသွားတယ်၊

CEO တယောက်ကို အောက်က တင်ပြရာမှာ
ဖြစ်နိုင်မှုရှိ-မရှိကို #အတွေ့အကြုံအခြေခံ
#ယုတ္တိဗေဒ နဲ့ ဆုံးဖြတ်ရလေ့ရှိပါတယ်၊
Logical thinking နဲ့ Decision making ကို
မမြင်နိုင်ပါဘူး၊

7️⃣
လူတယောက် စာရေးရင်ဖြစ်ဖြစ်
စကားပြောရင်ဖြစ်ဖြစ်
- လက်တွေ့ အတွေ့အကြုံပါ-မပါ
- စာတွေ့သက်သက် ဟုတ်-မဟုတ်
- ဟိုနည်းနည်း ဒီနည်းနည်းယူပြီး
ကိုယ်ပိုင်လိုလို ဖြစ်-မဖြစ်
သိပ်သိသာလှပါတယ်၊

တလုံးထဲစကားနဲ့ပြောရရင်
Intrinsic value / Intrinsic wisdom
လို့ပြောရရင်ရပါလိမ့်မယ်၊
ပင်ကိုယ်အရည်အချင်း လို့နားလည်နှိုင်ပါလိမ့်မယ်

( ပိုထင်ရှားတဲ့စကားနဲ့ပြောရရင်
အဲ့ဒီလူဟာ လက်တွေ့ ကိုယ်ပိုင် ဘာလုပ်ဖူးလဲ
ရလဒ် ဘယ်လောက်ထွက်အောင် လုပ်ခဲ့သလဲ
အဲ့ ဒီနောက်ခံတွေနဲ့ တိုင်းတာရင် အဖြေထွက်တယ် )

Brain storming ဆိုတာ
Concept အပေါ်မှာ အလုပ်ပေးတာမျိုးပါ၊

8️⃣
MBA ကျောင်းဆင်းချင်းအတူတူ
ချမ်းသာသွားသူတွေက Concept ရသွားသူတွေ
ဖြစ်ကြပြီး၊ အလုပ်လုပ်ပြီး မအောင်မြင်ကြသူတွေက
Technical အားပြုလွန်သူတွေဖြစ်ကြတာ
တွေ့ရပါလိမ့်မယ်၊

အဓိကပြောချင်တာက
နလဗိန်းတုံးထက်စာရင် Technical ရသူက
ပိုသာပြီး၊ ဒိထက်ပိုကြီးပွားနိုင်တာက
Concept ကိုပိုင်နိုင်သူတွေဖြစ်ပါတယ်၊

ဥပမာ- ရွှေဈေးကိစ္စ
နေ့စဉ်နီးပါး Data ထွက်နေတဲ့အပေါ်
ကမ္ဘာ့ရွှေဈေးက လိုက်ယိမ်းတယ်
ဒါပေမဲ့ခဏပဲ၊ ကျန်တာက Macro economy
ပေါ်မှာ မူတည်တယ်၊ Strong economy ဖြစ်ရင်
ရွှေဈေးရဲ့ ရေရှည် Trend နဲ့ Weak economy
အတွက် Trend ကတမျိုး၊ မတူကြဘူး၊
ဒါကြောင့် အမြဲသတိပေးရေးလေ့ရှိတာက
Health of economy, external environment,
World trend ကို ကိုင်ထားသင့်တယ်လို့၊

9️⃣

RIT ခေတ်တုန်းက "ဂေါက်" ပြီဆိုရင်
ပိသုကာဌာနက လူတွေပါပဲ၊ အခြား Major က
လူတွေ မဂေါက်ကြပါ၊
အကြောင်းကရှိနေပါတယ်၊
အခြား ဘာသာရပ်တွေက Technical အပေါ်
အခြေခံတာများတယ်၊ အဖြေစာရွက်ပေါ်မှာ
အဆုံးအဖြတ်ပေးလို့ရတယ်၊

ဥပမာ- အိမ်တလုံး Foundation မှာ
သံချောင်းဘယ်လောက်ထဲ့ရမလဲ ဆိုတဲ့
မေးခွန်းမှာ.... Own load, dead load,
live load, external load စတာတွေကို
တွက်ချက်နိူင်ရင် ယူတဲ့ Factor အပေါ်အရ
အနည်းငယ်သာ ကွဲပေမဲ့ အဖြေတန်းရတယ်၊

ပိသုကာမှာကျတော့ 10,000 sq ft လိုချင်တယ်
အိပ်ခန်း ဘယ်နှစ်ခန်း စသဖြင့်ပေးထားချက်အပေါ်
ပိသုကာ အယောက် (၁၀၀) ကိုဆွဲခိုင်းကြည့်ပါ
ပုံစံ (၁၀၀) ထွက်လာပါလိမ့်မယ်၊
(၁၀၀၀) ဆွဲရင်လဲ မတူတဲ့ ပုံ (၁၀၀၀) ထွက်မှာပဲ
Concept တွေကွဲပြားကြလို့ဖြစ်ပါတယ်။

1️⃣0️⃣

ဘမောင်တို့ ကျောင်းသားဘဝမှာ
ဌာနမှုး ဦးမျိုးမြင့်စိန်က အမေရိကန် Master,
ဆရာ ဒေါက်တာမောင်ကျော်က နယ်သာလန် PhD,
ဆရာ ဒေါက်တာလွင်အောင်က Russia Phd
ဘမောင်ရဲ့ Supervisor
ဆရာ ဒေါက်တာကောင်းညွှန့်က ဂျပန် Phd
Russia နဲ့ အနောက်အုပ်စုရဲ့
Basic conceptမှာကိုက
Form follows function နဲ့
Function follows form ဆိုပြီးကွဲပြားတယ်

Jury ကျရင် မကွဲတဲ့သူမရှိဘူး
Concept ဆိုတာက သားရေကြိုးလိုပဲ
ဆရာအားလုံးကို ကြေနပ်အောင်ရှင်းပြနိုင်မှ
တော်ရုံကျတာ၊ (၁၃) ယောက်ရှိတဲ့အတန်းမှာ
(၁၀) ယောက်ပဲ ဘွဲ့ရခဲ့တယ်၊ အဲ့သလိုကြမ်းတာ
ဒီတော့လဲ " ဂေါက်" ပြီဆိုရင် မေဂျာမမေးတဲ့တော့
ပိသုကာကချည့်ပဲ၊

ငယ်စဉ်က ဘမောင်တို့ အဲ့သလိုမျိုး
ရှင်သန်ခဲ့ရတာဆိုတော့ Concept ဆိုတာ
ငယ်ရည်းစားလို ဖြစ်ခဲ့ရင်းက အငြိမ်းစားယူပြီး
စီးပွားရေးလုပ်ရာမှာရော ၊ အခြားဘာလုပ်လုပ်
ရလဒ်ထွက်အောင်လုပ်ရာမှာ ခရီးတွင်ခဲ့ရတာဟာ
ကိုယ်က အဖြစ်ရှိလို့မဟုတ်ပါဘူး
ကျောင်းတော်ကြီးက အသွေးအသားထဲ
ထည့်ပေးလိုက်တဲ့ ကျေးဇူးကြောင့်ပါ၊

1️⃣1️⃣

ငယ်စဉ်က ဦးဏှောက်ကို ချဲ့ချင်ပေမဲ့
စနစ်အရ ချဲ့ဖို့အခွင့်မသာခဲ့ဘူး၊

လူတယောက်ဟာ အသက် (၄၀) မှာ
အသက် (၄၀) အတွေ့အကြုံနဲ့ အတွေးကိုရမှာပဲ
အဲ့ဒါဘာမှ မထူးခြားပါဘူး၊
လေ့လာအားကောင်းသူဟာ
အသက် (၄၀) အတွေးနဲ့ ရင့်ကျက်မှုကို
အသက် (၃၀) နဲ့လဲရနှိုင်ပါတယ်၊
အဲ့ဒီနည်းက အချိန်ကို ရပ်တန့်ရုံတင်မဟုတ်ပဲ
အချိန်ကို နောက်ပြန်ရွှေ့နိုင်သူလို့
သတိမှတ်ပါတယ်၊ စောစောရင့်ကျက်လေ
ဘဝဟာ များများတန်ဘိုးရှိလေဖြစ်လာတယ်၊

ဒါကြောင့် ကံလေးကောင်းပြီး
ရလာတဲ့ အတွေးအခေါ်တွေနဲ့ အတွေ့အကြုံတွေကို
နောက်လူတွေ ခပ်စောစောရပြီး
တန်ဘိုးရှိတဲ့ ဘဝကိုပိုင်ဆိုင်နိုင်အောင်
မအားတဲ့ကြား ရနိုင်သလောက် များများ
ရေးပေးနေရခြင်းဖြစ်ပါတယ်၊

သတိထားကြည့်ရင်
- စီးပွားရေး
- နိုင်ငံရေး
- နိုင်ငံတကာရေးရာ
- စီမံခန့်ခွဲရေး
- စစ်ရေး
- အတွေးအခေါ်ဆိုင်ရာ
- ဘာသာရေး
- အင်မတန်ခက်ခဲပြီး၊ စွန့်စားရတဲ့
အနာဂါတ်သုံးသပ်ချက်

စတဲ့ရှုဒေါင့်ပေါင်းစုံက ရေးပေးနေတာဟာလဲ
နောက်မျိုးဆက်တွေ Diverse ဖြစ်နိုင်အောင်လို့ပါ

ပြောရရင်
ဘမောင်တို့ လူငယ်ဘဝမှာ မရခဲ့ဘူးတဲ့
အခွင့်အရေးကို တတ်နိုင်သလောက်မျှဝေရင်း
နိုင်ငံသားတဦးရဲ့ တာဝန်ကို
နိုင်တဲ့ဖက်က ပေးဆပ်နေခြင်းသာဖြစ်ပါတယ် ။

အားလုံးကျန်းမာရွှင်လန်းကြပါစေ။

Nay Zin Latt ( 28.7.23 ) 💙

22/03/2022
22/03/2022

(မတ်-၂၂၊၂၀၂၂) Facebook နှင့် Instagram ကို ရုရှားတရားရုံး ပိတ်ပင်၊ မက်တာကုမ္ပဏီကို အစွန်းရောက် အဖွဲ့အစည်းအဖြစ် သတ်မှတ်။ ရုရှားတို့အပေါ် အကြမ်းဖက်ရန် လူမှုကွန်ရက်၌ လှုံ့ဆော်ရေးသားခြင်းကို နိုင်ငံအချို့တွင် မက်တာ ခွင့်ပြုခဲ့၊
=====
တနင်္လာနေ့တွင် ရုရှားတရားရုံးတော်သည် အစွန်းရောက်တားဆီးရေးဥပဒေအရ မက်တာကုမ္ပဏီ၏ Facebook နှင့် Instagram ကို ထပ်မံ ပိတ်ပင်လိုက်သည်။ နိုင်ငံရှိ ကုမ္ပဏီများ၏ စီးပွားရေးလုပ်ကိုင်ခွင့်ကို ပိတ်ပင်ထား သော်လည်း ရုရှားအသုံးပြုသူများအတွက် WhatsApp အသုံးပြုခွင့်ကိုမူ ဆက်လက်ခွင့်ပြုထားသည်ဟု NBC News က ယနေ့ ရေးသားသည်။

မော်စကိုမြို့ရှိ ယာစကီတရားရုံး ရုရှားတရားသူကြီး၏ ဆုံးဖြတ်ချက်အရ တရားရုံးက အမိန့်ချမှတ်လိုက်သည့် တားမြစ်ချက်သည် ချက်ချင်း အသက်ဝင်စေမည်ဖြစ်သည်။ Facebook နှင့် Instagram ကို ဆက်လက်အသုံး ပြုခြင်းဖြင့် ရုရှားနိုင်ငံသားတစ်ဦးချင်းစီတွင် “အစွန်းရောက်ဝါဒ” အတွက် တာဝန်မဲ့ရာ ရောက်ရှိလိမ့်မည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း ရုရှားနိုင်ငံပိုင် TASS သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

မက်တာကုမ္ပဏီ၏ နိုင်ငံတွင်းမီဒီယာကွန်ရက်အမျာအပြားကို တားဆီးခဲ့ပြီးနောက် Facebook နှင့် Twitter ပလက်ဖောင်းများအတွင်း ဝင်ရောက်ခွင့်ကို ဟန့်တားမည်ဖြစ်ကြောင်း ရုရှား၏ မတ်လ ၄ ရက်နေ့တွင် ကြေ ငြာချက် ထုတ်ပြန်ခဲ့ပြီး များမကြာမီ မော်စကိုတရားရုံးက ယခုကဲ့သို့ ပိတ်ပင်ကြောင်း အမိန့်ထုတ်ပြန်လိုက် ခြင်းဖြစ်သည်။.
ယခုအခါ မက်တာအား ရုရှားတွင် လုပ်ငန်းခွဲများ ဖွင့်လှစ်ခြင်းနှင့် စီးပွားရေးလုပ်ကိုင်ခြင်း မပြုရန် တားမြစ် လိုက်ပြီဖြစ်ကြောင်း TASS က ရေးသားသည်။ မက်တာကုမ္ပဏီပိုင် ပလက်ဖောင်းများပေါ်တွင် ရုရှား နိုင်ငံ သားများအပေါ် အကြမ်းဖက်ရန် တောင်းဆိုရေးသားမှုများကြောင့် တားမြစ်ရခြင်းဖြစ်ကြောင်း ရုရှားအစိုးရ ရှေ့နေချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အား ကိုးကားဖော်ပြခဲ့သည်။.
ယူကရိန်းအား ကျူးကျော်မှုအခြေအနေတွင် ရုရှားနိုင်ငံသားများနှင့်စစ်သားများအပေါ် အကြမ်းဖက်ရန် တောင်း ဆိုသည့် ရေးသားချက်များကို နိုင်ငံအချို့ရှိ သုံးစွဲသူများအတွက် ခွင့်ပြုပေးမည်ဟု Facebook ၏ ဋ္ဌာနတွင်း အီး မေးလ်များတွင် တွေ့ရှိရကြောင်း Reuters က မတ်လ ၁၀ ရက်တွင် ဖော်ပြခဲ့ပြီး ပလက်ဖောင်း၏ အမုန်းစကား မူဝါဒ၌ ပြောင်းလဲသွားပြီဖြစ်ကြောင်း ရေးသားခဲ့သည်။.
ယခုသတင်းနှင့် ပတ်သက်၍ မေတ္တာရပ်ခံချက်ကို မက်တာ၏ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။.
အဆိုပါ ရုရှား၏ တားမြစ်ပိတ်ပင်မှုသည် ယူကရိန်းကျူးကျော်မှု လှိုင်းဂယက်တွင် အမေရိကန်လူမှုကွန်ရက်တို့ အား ပြန်လည်တိုက်ဖျက်ရန် ကရင်မလင်ဦးဆောင်အဖွဲ့အစည်းများ၏ နောက်ထပ်ခြေလှမ်း တစ်ရပ်ဖြစ်သည်။ လူမှုကွန်ရက်ပလက်ဖောင်းများပေါ်ရှိ သတင်းတု သတင်းမှားများအား တွန်းလှန်ရေး ရုရှားအစိုးရဦး ဆောင် သည့် အစီအစဉ်များမှာ ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ပဋိပက္ခစတင်ချိန်နောက်ပိုင်း အရှိန်မြှင့်လာကြောင်း မမှန်သတင်းရေးရာ ကျွမ်းကျင်သူများက NBC သတင်းအေဂျင်စီအား ရှင်းပြသည်။.
မက်တာသည် Facebook ၊ Instagram နှင့် WhatsApp အပါအဝင် ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့် ဆက် သွယ်ရေးအက်ပလီကေးရှင်းများကို ပိုင်ဆိုင်ပြီး လုပ်ငန်းလည်ပတ်ဆောင်ရွက်လျှက်ရှိသည်။ ယခု ဆုံးဖြတ် ချက်အသစ်အရ WhatsApp ကိုမူ ပိတ်ပင်ခြင်း မရှိကြောင်း သိရှိရသည်။.
ရုရှားနိုင်ငံအနေဖြင့် ပင်လယ်ရပ်ခြားကုမ္ပဏီတစ်ခုအပေါ် တရားစီရင်ပိုင်ခွင့် မရှိကြောင်း မော်စကိုတရားရုံး၏ ကြားနာပွဲသို့ တက်ရောက်ခဲ့သူ မက်တာကုမ္ပဏီ၏ ကိုယ်စားလှယ်က စောဒကတက်ခဲ့သည်ဟု ရုရှားနိုင်ငံပိုင် အခြားမီဒီယာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Interfax က ဖော်ပြသည်။

WhatsApp သည် ၂၀၂၁-ခုနှစ်တွင် စတင်၍ ရုရှားနိုင်ငံတွင် ရေပန်းအစားဆုံး အက်ပလီကေးရှင်းများ အနက် တစ်ခုဖြစ်ပြီး နိုင်ငံတွင်း အင်တာနက်အသုံးပြုသူတို့ ၆၅-ရာခိုင်နှုန်းက အသုံးပြုခဲ့ကြောင်း Insider Intelligence ၏ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ ရုရှားနိုင်ငံရှိ WhatsApp ကို အသုံးပြုမှုသည့်  ကရင်မလင်အစိုးရ၏ ဆက်သွယ်ရေးအစီအစဉ်များကို ဖော်ပြနေသည့် နိုင်ငံပိုင် မီဒီယာများ အသုံးပြုနေ သော Telegram ထက်ပင် သာလွန်သည်ဟု Al Jazeera က မတ်လ၌ ဖော်ပြခဲ့သည်။.
Facebook ၊ Instagram နှင့် WhatsApp ကဲ့သို့ လူမှုမီဒီယာပလက်ဖောင်းများသည် စိစစ်ဖယ်ထုတ်ထိုက် သည့် အကြောင်းအရာများကို ဖော်ပြနေကြောင့် နိုင်ငံများစွာတို့၌ ကန့်သတ်ထားခြင်း ခံထားရကြောင်း ရုရှားအစိုးရဆက်သွယ်ရေးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးဋ္ဌာန၏ သတင်းထုတ်ပြန်ချက်ကို ကရင်မလင်၏ တရားဝင် Telegram ချန်နယ်က မတ်လ ၁၈-ရက်နေ့တွင် ဖော်ပြခဲ့သည်။
.
အလားတူ မီဒီယာဖြစ်သည့် Telegram ချန်နယ်ကို ရုရှားက ယူကရိန်းအား ကျူးကျော်ဝင်ရောက်ချိန်ကတည်း က ရုရှားရေးရာနှင့် ရုရှားအသုံးပြုသူများအပေါ် ရှုတ်ချသည့် လူမှုကွန်ရက်ပလက်ဖောင်း လှုပ်ရှားရေး၌ အသုံးပြုနေကြသည် ဆို၏။.
နှင့်Instagramကို_ရုရှားတရားရုံး_ပိတ်ပင်
#မက်တာကုမ္ပဏီကို_အစွန်းရောက်_အဖွဲ့အစည်းအဖြစ်_သတ်မှတ်.
(((NBC News., March 21, 2022,” Russian court bans Facebook and Instagram under ‘extremism’ law” ကို , ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.nbcnews.com/tech/tech-news/russian-court-bans-facebook-instagram-extremism-law-rcna20872

20/03/2022

.
#စစ်ရာဇ၀တ်ကောင်ကဘယ်သူလဲ … ?
#အိမ်ဖြူတော်ရှိသားရဲကြီး

ဘိုင်ဒင် ဒုတိယသမ္မတဖြစ်နေစဉ်
လစ်ဗျားရှိ NATO ၏ လုပ်ဆောင်ချက်
အချို့ကို သတိရစေဖို့ရာ ………………………

လစ်ဗျားကို တရားမ၀င် တိုက်ခိုက်မှုအတွင်း ကန်ဒုသမ္မတက ဘယ်သူလဲ။ UNSC Resolution 1970 နှင့် 1973 (2011) ကို မည်သူ ချိုးဖောက်ခဲ့သနည်း။ လစ်ဗျား ရေပေးဝေရေးစနစ်ကို ဘယ်သူက ဗုံးကြဲခဲ့တာလဲ။ ကဒါဖီ၏ မြေးများကို ဘယ်သူက ဗုံးကြဲပြီး တည်နေရာကို “တရားဝင်ပစ်မှတ်” ဟု ဘယ်သူက ခေါ်ခဲ့သနည်း။ လျှပ်စစ်ဓာတ်အားလိုင်းများကို ဘယ်သူက လေယာဉ်မှ စက်သေနတ်၊ စက် အမြောက်များဖြင့် ပြစ်တာလဲ ။ ရေပေးဝေရေးကွန်ရက်ကို ပြုပြင်ဖို့ရာ ပိုက်တွေလုပ်ထားတဲ့ စက်ရုံကို ဘယ်သူဗုံးခွဲတာလဲ။ ဒါက " စစ်ရေးလိုအပ်ချက် " ဖြစ်ပါသလား။

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အခန်း ၆ အပိုဒ် ၃၃ ကို ဘယ်သူက ချိုးဖောက်တာလဲ။ UNSC Resolution 1973 (2011) အရပ်သားများကို အကာအကွယ်ပေးရေး အခန်း (၄) ၊ အပိုဒ် ၄ ပါ စည်းမျဉ်းစည်းကမ်းများကို ဘယ်သူက လစ်ဗျားနှင့် ယူကရိန်းတွင် ထပ်မံချိုးဖောက်ခဲ့သလဲ။ ဒါဆို စစ်ရာဇ၀တ်ကောင်က ဘယ်သူလဲ ။

၂၀၁၁ ခုနှစ် ( လစ်ဗျား ) ရှိ Sirte တွင် ဂျီနီဗာကွန်ဗင်းရှင်းများ ( ဒုတိယ ပရိုတိုကော အပိုဒ် 14 ) ကို မည်သူ ချိုးဖောက်ခဲ့သနည်း။ လစ်ဗျားရှိ 4th Geneva Convention ကို ဘယ်သူက ချိုးဖောက်တာလဲ။

၂၁.၀၃.၂၀၁၁ ။ လစ်ဗျားနိုင်ငံအနောက်ပိုင်း Gharyan မြို့မှာ မတ်လ ၃၁ ရက်နေ့က အရပ်သား သောင်းနဲ့ချီ သေဆုံးခဲ့ပါတယ်။ NATO ဗုံးကြဲလေယာဉ်များကြောင့် ဘရီဂါမြို့ဆင်ခြေဖုံးတွင် အရပ်သား ၂၂ ဦး ဒဏ်ရာရရှိခဲ့သည်။

၂၇.၀၄.၂၀၁၁ ။ NATO အဖွဲ့သည် Misrata မြို့ကို တိုက်ခိုက်ခဲ့ရာ လူ ၁၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

၃၀.၀၄.၂၀၁၁ ။ ထရီပိုလီရှိ မွေးရာပါ ဥာဏ်ရည်နှင့် ခန္တာကိုယ်ဖွံ့ဖြိုးမှု အားနည်းသော သူလေးများ - Downs Syndrome ကျောင်းကို ဗုံးကြဲတိုက်ခိုက်မှု ဒါကော တရားဝင်ပစ်မှတ် စစ်ရေးလိုအပ်ချက်လား မစ္စတာဘိုင်ဒင်။ ဒါဆို စစ်ရာဇ၀တ်ကောင်က ဘယ်သူလဲ။

၃၀.၀၄.၂၀၁၁ ။ NATO က အပြစ်မဲ့ အရပ်သားတွေကို သတ်ခဲ့တယ်- Saif Al Arab Gaddafi ရဲ့ အငယ်ဆုံးသားက အသက် 29 နှစ်ပဲရှိသေးတယ်၊ ကဒါဖီ Muammar al-Gaddafy ရဲ့မြေးတွေဖြစ်တဲ့ မြေး Saif Mohammed Muammar Gaddafi က တစ်နှစ်နဲ့ 3 လ အရွယ် ( ဇန်နဝါရီလ 30 ရက်နေ့ 2010 မှာ မွေးတယ် )၊ Carthage Hannibal Muammar Gaddafi 2 နှစ်နှင့် 9 လ ( သြဂုတ်လ 2 -2008 တွင်မွေးဖွား) နှင့် Mastura Humaid ( Aisha ၏သမီး ) 4 လခွဲ ( သူမကို 15 ဒီဇင်ဘာ 2010 ) တွင်မွေးဖွားခဲ့သည်။

မစ္စတာ ဘိုင်ဒန်က “ကျွန်တော်ဟာ ကက်သလစ်တစ်ဦးပါ” လို့ ဆိုပါတယ် ဒါဆို စစ်ရာဇ၀တ်ကောင်က ဘယ်သူလဲ။ ဒါတွေဟာ NATO က “တရားဝင်ပစ်မှတ်” ဟု ဖော်ပြသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများပဲ ဖြစ်တယ်။

၀၉.၀၅.၂၀၁၁ ။ လှေပေါ်တွင် ဒုက္ခရောက်ပြီး အရပ်သား ၆၀၀ သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် NATO ထံ အရေးပေါ် SOS မက်ဆေ့ခ်ျများ ပေးပို့ခဲ့သော်လည်း လျစ်လျူရှုခြင်းခံခဲ့ရသည်။

၁၃.၀၅.၂၀၁၁ ။ အစ္စလာမ်ဘာသာရေးခေါင်းဆောင် ၁၁ ဦး အသတ်ခံခဲ့ရသည်။ ဘရီဂါ (အရှေ့ဘက်) တွင် NATO အဖွဲ့၏ ဗုံးခွဲတိုက်ခိုက်မှုအတွင်း အီမာမ်များ သေဆုံးခဲ့ပြီး လူ ၅၀ ခန့် ဒဏ်ရာရခဲ့သည်။

၁၇.၀၅.၂၀၁၁ ။ မေလ ၁၇ ရက်နေ့တွင် လစ်ဗျား၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အေဂျင်စီအား NATO တိုက်ခိုက်မှုသည် အနောက်နိုင်ငံအချို့အတွက် အလွန်ပင်အဆင်ပြေသွားခဲ့သည်။

၂၂.၀၆.၂၀၁၁ ။ Zliten - NATO ကျောထောက်နောက်ခံပြု အကြမ်းဖက်သမားများက အရပ်သားအများအပြားကို အပိုင်းပိုင်းလှီးဖြတ်ခဲ့သည်။

၂၈.၀၆.၂၀၁၁ ။ NATO ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၆ ဦး ( တစ်မိသားစုလုံး သေဆုံးသည် ) နှင့် Misurata အရှေ့ဘက်ရှိ Tawergha ရှိ အများသူငါဈေးတစ်ခုတွင် လူ ၂၀ ကျော် ဒဏ်ရာရခဲ့သည်။

၀၄.၀၇.၂၀၁ ၁။ Zwara ရှိ အရပ်သားစစ်ဆေးရေးဂိတ်ကို NATO အဖွဲ့က ဗုံးကြဲတိုက်ခိုက်

၁၅.၀၇.၂၀၁၁ ။ Kikla မြို့မှာ အပြစ်မဲ့ အရပ်သားတွေနဲ့ ဘတ်စ်ကားကို NATO လေကြောင်း တိုက်ခိုက်မှုမှာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

၂၄.၀၇.၂၀၁၁ ။ Torghae မြို့၌ NATO သည် ကျွဲနွားများနှင့် ကြက်မွေးမြူရေးစီမံကိန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

၂၄.၀၇.၂၀၁၁ ။ Zliten ဆေးရုံကို ဗုံးခွဲမှု။ အနည်းဆုံး အရပ်သား ၅၀ လောက် သတ်ဖြတ်ခံရပြီး အများစုမှာ ကလေးငယ်များ ဖြစ်သည်။

၂၅.၀၇.၂၀၁၁ ။ Zlitan မှာ NATO က စားနပ်ရိက္ခာသိုလှောင်ရုံကို ဗုံးကြဲခဲ့ပါတယ်။

၂၅.၀၇.၂၀၁၁ ။ Bir al Ghanam တွင် NATO ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ သေဆုံးခဲ့သည်။

၃၀.၀၇.၂၀၁၁ ။ NATO စစ်လေယာဉ်များသည် လစ်ဗျားရုပ်မြင်သံကြားဌာနကို အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။

၀၂.၀၈.၂၀၁၁ ။ Zliten ရှိ ဥပဒေကျောင်း

၀၇.၀၈.၂၀၁၁ ။ NATO သည် ထရီပိုလီရှိ ဟင်းသီးဟင်းရွက်ဈေးကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

၀၈.၀၈.၂၀၁၁ ။ လစ်ဗျား- NATO မှ အစုလိုက်အပြုံလိုက် အရပ်သား ၈၅ ဦး သတ်ဖြတ်ခံခဲ့ရပြီး ကလေး ၃၃ ဦး၊ အမျိုးသမီး ၃၂ ဦးနှင့် အမျိုးသား ၂၀ ဦး ပါဝင်

ဒါဆို မစ္စတာ ဂျိုးဇက်ဘိုင်ဒင် ဘယ်သူက စစ်ရာဇ၀တ်လဲ ။

- ဆီးရီးယားရှိ တာဖီရီ အကြမ်းဖက်သမားများကို မည်သူက ပံ့ပိုး
ကူညီသနည်း ။

- Minsk သဘောတူညီချက်တွေကို အကောင်အထည်မဖော်ဖို့
ကိဖ် Kiev ကို ဘယ်သူက ပြောတာလဲ ။

- Donbass ကိစ္စ သံတမန်ရေးလမ်းကြောင်းကို ငြင်းဆန်ပြီး
ရှစ်နှစ်ကြာ ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားရန် ခေါင်းညိတ်ခဲ့
သူက ဘယ်သူလဲ ။

လက်ရှိအိမ်ဖြူတော်တွင်ရှိနေသူ၏ ရက်စက်ယုတ်မာမှုများမှ အမုန်းလှိုင်းများ တဟုန်ထိုး ခုန်တက်လာကာ ၎င်း၏ အရည်အချင်းမရှိမှုကို သက်သေပြနေပါသည် ။

Timothy Bancroft-Hinchey ၏ Who is the war criminal ?
The Gargoyle in the White House ဆောင်းပါးမှာ့ ထုတ်နှုတ်
ဖော်ပြပါသည် ။

( #ခရက်ဒစ် - EmC )

(19.3.22)

19/03/2022

(မတ်-၁၉၊၂၀၂၂) လန်ဒန်ပြည်သူတို့၏ ရေနံဈေး မြင့်တက်နေမှုမှ စိတ်အေးစေရမည်ဟု အာမခံခဲ့သူ ဗြိတိန်ဝန် ကြီးချုပ်၏ ဆော်ဒီ-ယူအေအီး ခရီးစဉ်ရည်မှန်းချက်များ မအောင်မြင်၊ ယူကရိန်းအရေး ရုရှားအား အထီးကျန် စေရေး အမေရိကန်၏ ဖိအားပေးမှုကို ရေနံသူဋ္ဌေးနိုင်ငံတို့ ဆန့်ကျင်။
=====
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ပင်လယ်ကွေ့ရေနံတင်ပို့ ရောင်းချသည့်နိုင်ငံများ၏ ဦးစီးခေါင်းဆောင် များအဖြစ် အများမှတ်ယူထားကြသည့် ဆော်ဒီအာရေးဗီးယား ယူအေအီးနိုင်ငံတို့နှင့် ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံ၍ စွမ်းအင် ဖူလုံစိတ်ချစေရေး ဆွေးနွေးခဲ့သော်လည်း ရေနံထုတ်လုပ်မှုကို မြှင့်တင်ရေးအတွက် ၄င်းတိုင်းပြည်တို့ ထံမှ လူသိရှင်ကြား ကတိက၀တ်များ မရရှိခဲ့ကြောင်း Reuters (17 Mar 2022) က ရေးသားသည်။.
ရုရှားက ယူကရိန်းအား ကျူးကျော်သည့်အတွက် မော်စကိုအပေါ် အနောက်နိုင်ငံတို့၏ ပိတ်ဆို့အရေးယူမှုများ ထပ်မံပြဋ္ဌာန်းခြင်းနှင့်အတူ ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများမှာလည်း မြင့်တက်လာခဲ့ရသည်။ ၀န်ကြီးချုပ် ဘောရစ်ဂျွန် ဆင်၏ ဆော်ဒီနှင့် ယူအေအီးခရီးစဉ်မှာ ရုရှား သမ္မတဗလာဒီမာပူတင်အပေါ် ဖိအားများတိုးမြှင့်စေရေးနှင့် ရေနံ ထောက်ပံ့မှုများ၌ အာမခံချက် ခိုင်လုံစေရန် ရည်ရွယ်ကြောင်း သိရှိရသည်။

ယူကရိန်းတွင် ရုရှားကထိုးစစ်ပြီးနောက် ကမ္ဘာ့စီးပွားရေးကျဆင်းမှုကို ခြိမ်းခြောက်လာသည့် ရေနံစိမ်းဈေးနှုန်း များမြင့်တက်မှုကို ရေနံထုတ်လုပ်မှု မြှင့်တင်ခြင်းဖြင့် ထိန်းညှိရန် အမေရိကန်၏ ပန်ကြားချက်အပေါ် ဝါရှင်တန် နှင့် နီးကပ်သော ဆက်ဆံရေးရှိနေဆဲ ဆော်ဒီအာရေဗျနှင့် ယူအေအီးတို့က နှာခေါင်းရှုံခဲ့ကြသည်။ ပူတင်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့အပေါ် စွဲလမ်းစွာ ငတ်မွတ်လျှက်ရှိသော ကမ္ဘာကြီးအား ရုရှား၏ ဟိုက်ဒရိုကာဗွန်များ နှင့် ကိုယ်တိုင်အဆက်ဖြတ်ကျင့် လုပ်ပေးရမည်ဖြစ်ကြောင်း၊ ဆော်ဒီနှင့် ယူအေအီးတို့သည် ထိုသို့ ကြိုးပမ်းရာ တွင် အဓိကကျသည့် နိုင်ငံတကာ မိတ်ဖက်များဖြစ်ကြောင်း ယခုတွေ့ဆုံခြင်းများ မတိုင်မီ ပြောကြားခဲ့သူမှာ ဘောရစ် ဂျွန်ဆင် ဖြစ်သည်ဆို၏။.
ရေနံအထွက်တိုးရန်အတွက် ၄င်းတို့၏ အရန်ရေနံများမှ ထုတ်ယူပေးနိုင်စွမ်းရှိသော အိုပက်ရေနံတင်ပို့သည့် နိုင်ငံအနည်းငယ်တို့အနက် ၄င်းပင်လယ်ကွေ့တိုင်းပြည် ၂-ခု တို့မှာ ပါဝင်နေပြီး ရုရှားထံမှ ထောက်ပံ့ရေး ဆုံးရှုံး မှုများကို ထေမိနိုင်ချေရှိသည်။ သို့သော် အနောက်မဟာမိတ်များနှင့် မော်စကိုတို့၏ ထိပ်တိုက်တွေ့ရာတွင် အဆို ပါနိုင်ငံများမှာ “အို ပက်နှင့်အပေါင်း” ဟုလူသိများသော ရေနံထုတ်လုပ်သူများနှင့် ၎င်းတို့၏မိတ်ဖက်အုပ်စု ၌ ၎င်းတို့၏ ကြားနေ သဘောထားကို ထိန်းကျောင်းရန် ကြိုးပမ်းလျှက်ရှိသည်။.
အိုပက်အဖွဲ့သည် လစဉ်ရေနံအထွက်နှုန်းကို တစ်နေ့လျှင် စည်ပေါင်း ၄၀၀,၀၀၀ နှုန်းဖြင့် တဖြည်းဖြည်းမြှင့် တင်လျှက်ရှိပြီး ထိုထက် ပိုမိုလျင်မြန်စွာ လုပ်ဆောင်ရန် ဖိအားများအား ပယ်ချလျှက်ရှိသည်။ ယူအေအီးသည် “အိုပက်နှင့်အပေါင်း”သဘောတူညီချက်များအပေါ် ကတိကဝတ်ပြုထားဆဲဖြစ်ကြောင်း ၄င်းကိစ္စအား သိရှိ သည့် သတင်းရင်းမြစ်တစ်ခုက ယခုတွေ့ဆုံခြင်းမတိုင်မီ Reuters သတင်းအေဂျင်စီသို့ အတည်ပြုခဲ့သည်။ သို့သော်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း တရုတ်-ရုရှားတို့နှင့် ဆက်ဆံရေးပိုမိုနက်ရှိုင်းလာသည်။ ပြီးခဲ့သည့်လ၌ “ အထူးစစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးဟု ဆိုကာ ယူကရိန်းအား ကျူးကျော်တိုက်ခိုက်သည့် ရုရှားအား ရှုတ်ချရန် အမေရိကန်က ကမကထပြုလုပ်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို မဲမပေးပဲ နေခဲ့သည်။.
ကာလရှည် ပဋိပက္ခဖြစ်ပွားနေသည့် ယီမင်တွင် ဆော်ဒီနှင့် ယူအေအီးတပ်များအပေါ် ဟူသီတို့အပါအဝင် ခြိမ်းခြောက်မှုများကို တန်ပြန်ရန်အတွက် လုံခြုံရေး၊ ကာကွယ်ရေးနှင့် ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို ခိုင်မာအားကောင်းစေရေး လိုအပ်ကြောင်း ဘောရစ်ဂျွန်ဆင်နှင့် ဆော်ဒီ အိမ်ရှေ့ မင်းသား တို့က သဘောတူညီခဲ့ကြသည်။.
၂၀၁၈ ခုနှစ် တူရကီနိုင်ငံ အစ္စတန်ဘူလ်တွင် ဆော်ဒီအစိုးရအေးဂျင့်များ၏ တိုင်းမ်မဂ္ဂဇင်း သတင်းထောက် ဂျ မဲလ်_ခါရှော့ဂီကို သတ်ဖြတ်မှုဖြစ်ပွားပြီးနောက် ဘောရစ်ဂျွန်ဆင်သည် ဆော်ဒီအာရေဗီးယားသို့ လာ ရောက် သည့် ဒုတိယမြောက် နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ခါရှော့ဂီအား ဖမ်းဆီး သို့မဟုတ် သတ်ဖြတ်မည့် စစ်ဆင်ရေးကို အိမ်ရှေ့မင်းသားက ခွင့်ပြုခဲ့ကြောင်း CIA မှ ကောက်ချက်ချခဲ့သော်လည်း သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း ၎င်းက ငြင်းဆိုခဲ့သည်။.
ဆော်ဒီနိုင်ငံတွင် စစ်သွေးကြွအုပ်စုများနှင့် ပူးပေါင်းခြင်းဖြင့် “မှားယွင်းစွာ ယုံကြည်သက်ဝင်ကြောင်း”စွပ်စွဲချက် ဖြင့် တစ်ပြိုင်နက်တည်း လူ ၈၁ ဦးကို ကွပ်မျက်ခဲ့ရာ ဆယ်စုနှစ်များအတွင်း တစ်ရက်တည်း အကြီးမားဆုံး ရာဇ ၀တ်မှုဆိုင်ရာ စီရင်မှုဖြစ်ခဲ့သည်။ အဆိုပါ ကွပ်မျက်မှုအပြီး လေးရက်အကြာတွင် ရီယာ့ဒ်သို့ ဗြိတိန် ၀န်ကြီးချုပ် ရောက်ရှိလာခြင်းဖြစ်သည်။.
(( ယူကရိန်းအရေး ဒဏ်ခတ်ပိတ်မှုများ ပြဋ္ဌာန်းခဲ့သည် ရုရှား၏ သဘာဝဓါတ်ငွေ့နှင့် ရေနံတင်သွင်းမှုတွင် အ စားထိုးရန် အမေရိကန်၏ သွေးရူးသွေးတန်း လုပ်ဆောင်မှုများတွင် မော်စကို၏ အရင်းနှီးဆုံး မဟာမိတ်ဖြစ်သူ ဗင်နီဇွဲလားထံမှ ရေနံရရှိရေး ကြိုပမ်းမှုလည်းပါဝင်သည်။ ဗင်နီဇွဲလား သမ္မတ နီကိုလက်စ်မဒူရို၏ အစိုးရအပေါ် ရှုတ်ချ၍ နှစ်ပေါင်းများစွာ ပိတ်ဆို့အရေးယူခဲ့သော အမေရိကန်သည် ရုရှားမှ တင်သွင်းမှုများကို ဖယ်ရှားပစ်ရန် ဂျိုးဘိုင်ဒင်၏ ကတိပြုချက်ထွက်ပေါ်လာခဲ့သည်။ ထိုနောက် ဗင်နီဇွဲလားမှ ရေနံရင်းမြစ်သစ်များ ရရှိရေးအတွက် ဆက်ဆံရေး ပြန်လည်ထူထောင်ရန် အိမ်ဖြူတော်က တက်ကြွသည့် ကြက်ဖဖြစ်လျှက်ရှိသည်ဟု စပိန်အခြေ စိုက် EL PAÍS (11 Mar 2022) သတင်းစာက ရေးသားသည်။
အမေရိကန်ပြည်သူတို့အပေါ် သစ္စာမဲ့ရာ ရောက်ကြောင်း အတိုက်အခံ ရီပတ်ဘလစ်ကင်တို့၏ ပြင်းထန်စွာ ကန့်ကွက်မှုနှင့် မဒူရိုအား အပျော့ဆွဲ ဆွဲရန် ကြိုးပမ်းမှုများ အချီးနှီးဖြစ်ရသောအခါ လူ့အခွင့်အရေး မလေးစား သော ဆိုရှယ်လစ်အစိုးရနှင့် လက်တွဲရန် အစတည်းက ရည်ရွယ်ခြင်း မရှိခဲ ပြောဆိုခြင်းဖြင့် ဘိုင်ဒင်အစိုးရက လျောချခဲ့သည်။.
အိမ်ဖြူတော်လုံခြုံရေးအကြံပေး ဘရက်_မက်ဂတ်ဦးဆောင်သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် ဆော်ဒီမှ ထွက်ခွာသွားပြီး တစ်ရက်အကြာ၌ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ကမ္ဘာ့အကြီးဆုံး ရေနံစိမ်းတင်ပို့သည့်နိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိလာပြန်သည်။.
ဝါရှင်တန်နှင့် လန်ဒန်တို့၏ မှန်းချက်နှင့် နှမ်းထွက် မကိုက်သော အရှေအလယ်ပိုင်း ခရီးစဉ်များအစီအစဉ်တွင် ဆော်ဒီ-ယူအေအီး ၂-နိုင်ငံတည်းသာပါဝင်ပုံ မရပါ။.
၎င်းတို့နိုင်ငံ ကိုယ်ကျိုးစီးပွားနှင့် တိုက်ဆိုင်လာသည့်အခါ ဒီမိုကရေစီ-လူ့အခွင့်အရေးတည်းဟူသော ၄င်းတို့ ကြွေးကြော်ချက်တို့အား မျက်နှာပြောင်တိုက် ချောင်ထိုး၍ ထွေးပြီး တံတွေး ပြန်မြိုသည့်အလား လုပ်ရပ်ပါ ရက်ပိုင်းအတွင်း သတင်းမှန်တို့ကို နောက်နေ့များ၌ ဆက်လက်ဘာသာပြန်ဆို ဖော်ပြပါမည်။ ။ သတင်းဘာသာပြန်သူ)) .
#ဗြိတိန်ဝန်ကြီးချုပ်၏_ဆော်ဒီ-ယူအေအီး_ခရီးစဉ်_ရည်မှန်းချက်များ_မအောင်မြင်.
(((Reuters., March 17, 2022,” UK's Johnson fails to secure public oil rise pledges after talks with Saudi, UAE” ကို , ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။))).
https://www.reuters.com/world/uk-pm-johnson-seeks-additional-oil-flows-uae-saudi-2022-03-15/
https://bdnews24.com/world/middle-east/2022/03/17/saudi-prince-rebuked-by-west-faces-dilemma-over-russia-and-china

Photos from Oung Marine's post 19/03/2022
17/03/2022
Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Rangoon International Higher Education Academy - RIHEA   Yangon Branch Rangoon International Higher Education Academy - RIHEA Yangon Branch
Pansodan Road (Middle Block)
Yangon, 11182

ရန်ကုန်ကျောင်းခွဲများကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09942000120 09942000130 မော်လမြိုင်ကျောင်းခွဲကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09768148233 09978391056 ဘားအံကျောင်းခွဲကို ဆက်သွယ်...

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education

Brilliant Education Center Brilliant Education Center
Yangon

We aim to teach subjects relating to the business world at affordable prices.