One Sports News
You may also like
One Sports News
Final (၄)ခုမှာ ဂိုးသွင်းယူထားနိုင်ခဲ့တဲ့ ဒီမာရီယာ 🔥
✅ Olympics Final
✅ Continental Cup Final
✅ Copa America Final
✅ FIFA World Cup Final
📝 WYP
FIFA မှ ချီးမြှင့်ပေးအပ်မယ့် The Best FIFA Men's Player 2022 ဆု အတွက် နောက်ဆုံး ဇကာတင် ကစားသမား (၃)ဦး စာရင်းကိုထုတ်ပြန်ကြေညာခဲ့ရာမှာတော့
• ကာရင်းဘန်ဇီမား (ရီးရဲလ်မတ်ဒရစ်/ ပြင်သစ်)
• ကိုင်လီယန်အမ်ဘတ်ပီ (ပီအက်စ်ဂျီ/ ပြင်သစ်)
• လီယွန်နယ်မက်ဆီ (ပီအက်စ်ဂျီ/ အာဂျင်တီးနား)
တို့ပါဝင်လာခဲ့ပြီး အဆိုပါဆုကိုတော့ လာမယ့်ဖေဖော်ဝါရီလ (၂၇)ရက်နေ့မှာ ပေးအပ်သွားမှာပဲဖြစ်ပါတယ်။
📝 WYP
ဆော်ဒီကလပ် အယ်ဟီလယ်အသင်းကို အနိုင်ယူပြီး (၅) ကြိမ်မြောက် FIFA Club World Cup ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်း 🔥
[FULL TIME] ရီးရလ်မက်ဒရစ် ၅ - ၃ အယ်ဟီလယ်
📝 WYP
🔴 Q u i z
Who am I ??? 🤔
🔴 Arsenal Squad Depth (After January 2023 Transfer Window)
🔴 Transfer News
ဘင်ဖီကာအသင်းဟာ ကွင်းလယ်လူ အတွက် ပြောင်းရွှေ့ကြေး ပေါင်(၁၀၅)သန်းအား နှစ်နှစ်ကာလအတွင်း သုံးကြိမ်ခွဲပြီး ပေးချေရန် ချဲလ်ဆီးအသင်းမှ ကမ်းလှမ်းချက်အပေါ် လက်ခံခဲ့တာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ပြီဖြစ်ကြောင်းသိရသည်။
အာဂျင်တီးနားလက်ရွေးစင် ကွင်းလယ်ကစားသမားမှာ ချယ်လ်ဆီးအသင်းနှင့် ၂၀၃၁ အထိ နှစ်ရှည်စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်းလည်းသိရသည်။
(The Telegraph)
🔴 Transfer News
ပီအက်စ်ဂျီအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ ရဲ့ အပြောင်းအရွှေ့အတွက် ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပြီး ကလပ်အသင်း၂သင်းအကြား သဘောတူညီမှု တစ်စုံတစ်ရာ မချမှတ်ရသေးကြောင်းသိရပါတယ်။
ကစားသမားအနေနဲ့ကလည်း ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့နိုင်ရန် မျှော်လင့်ထားပြီး ယနေ့မှာလည်း နောက်ထပ်ညှိနှိုင်းမှုတွေကို ဆက်လက်ပြုလုပ်သွားဦးမှာလည်းဖြစ်ပါတယ်။
(Fabrizio Romano)
🔴 Just for Fun
ဟဲဟဲ......စတာပါဗျာ 😁😁
🔴 Transfer News
အဲဗာတန်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ကွင်းလယ်လူ အားခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၄ဝ) + အပိုဆုကြေး ပေါင်(၅)သန်းဖြင့် ကမ်းလှမ်းမှုတစ်ရပ်ကို ပြုလုပ်ထားကြောင်းသိရသည်။
လက်ရှိမှာတော့ အင်္ဂလန်လက်ရွေးစင်ကစားသမားအား ခေါ်ယူရန်စိတ်ဝင်စားနေသည့် ကလပ်အသင်းများစွာရှိနေပြီး ကစားသမားအနေနဲ့လည်း သူရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တစ်စုံတစ်ရာကို ပြုလုပ်သွားရဖို့ရှိနေတာလည်းဖြစ်ပါတယ်။
(Fabrizio Romano)
🔴 Transfer News
မန်စီးတီးအသင်းရဲ့ညာအစွန်နောက်ခံလူ ဟာ ဂျာမန်ထိပ်သီးကလပ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို အငှားဖြင့်သွားရောက်ကစားဖို့တော့မှာပဲဖြစ်ပါတယ်။
အဆိုပါပေါ်တူဂီကြယ်ပွင့်ကစားသမားဟာ လက်ရှိမှာ ဆေးစစ်ဆေးမှုပြုလုပ်ရန်နှင့် စာချုပ်ချုပ်ဆိုရန်အတွက် မြူးနစ်မြို့ကိုရောက်ရှိနေပြီဖြစ်ပြီး ဘိုင်ယန်မြူးနစ်အနေနဲ့ ရာသီကုန်တွင် ယူရိုသန်း၇၀ (ပေါင် ၆၁.၅၈သန်း) ဖြင့် အပြီးသတ်ခေါ်ယူခွင့်ပါ ပါရှိကြောင်းသိရပါတယ်။
(David Ornstein)
🔴 Transfer News
လိဒ်စ်ယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်အသင်းရဲ့ ကွင်းလယ်ကစားသမား အား ယူရို(၁.၂)သန်းဖြင့် အငှားခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီး ရာသီကုန်တွင် ယူရို(၃၃)သန်း + အပိုဆုကြေးများဖြင့် အပြီးသတ်ခေါ်ယူခွင့် ပါရှိကြောင်းသိရသည်။
(Fabrizio Romano)
🔴 Transfer News
ဒီရာသီဘရိုက်တန်အသင်းမှာ အကောင်းဆုံးတောက်ပနေကြတဲ့ ကစားသမားတွေထဲမှာတော့ ဟာလည်းအပါအဝင်ပဲဖြစ်ပါတယ်။ အဆိုပါ အသက်(၂၁)အရွယ် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီကွေဒေါနိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ကလပ်အသင်းတော်တော်များများက ဒီကစားသမားအပေါ် ပိုမိုသတိထားစောင့်ကြည့်လာကြပါတယ်။
ယခုအပြောင်းအရွေ့စျေးကွက်မှာလည်း တော်တော်လေးကို ဟော့ဖြစ်နေပြီး နောက်ဆုံးရရှိထားတဲ့သတင်းများအရ အာဆင်နယ်အသင်းနဲ့ ချဲယ်လ်ဆီးအသင်းတို့ဟာ ဒီကစားသမားကို ခေါ်ယူနိုင်ရန်အတွက် အပြိုင်အဆိုင်ကြိုးပမ်းလျက်ရှိနေကြပါတယ်။
ချဲယ်လ်ဆီးအသင်းဟာ သူတို့ရဲ့အနာဂတ်စီမံကိန်းအတွက် အရေးပါလာမယ့် ကွင်းလယ်အစုအဖွဲ့အသစ်ကို ပြောင်းလဲပြင်ဆင်နေလိုတာကြောင့် အီကွေဒေါကွင်းလယ်လူအတွက် ဘရိုက်တန်အသင်းအား ပေါင်(၅၅)သန်းဖြင့် ကမ်းလှမ်းထားခဲ့ရာမှာတော့ ဘရိုက်တန်အသင်းဘက်ကနေ ပယ်ချထားခံခဲ့ရပါတယ်။
အလားတူပဲ အာဆင်နယ်အသင်းကလည်း သူတို့ရဲ့ နီးကပ်လာတဲ့ ချန်ပီယံမျှော်လင့်ချက်တွေအတွက် လက်ရှိလူစာရင်းကို ပိုမိုအင်အားတောင့်တင်းလာအောင် အရည်အသွေးမြင့်ကစားသမားတွေ ထပ်မံဖြည့်ဆည်းနေလိုတာကြောင့် ဒီကစားသမားအတွက် ဘရိုက်တန်အသင်းထံ ပေါင်းသန်း(၆၀)ဖြင့် ကမ်းလှမ်းမှုတစ်ရပ်ကိုပြုလုပ်ထားပြီးပြီလို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာ ကစားသမားကိုယ်တိုင်ကလည်း အသင်းပြောင်းကစားချင်ကြောင်း သူ့ရဲ့ကိုယ်ပိုင် Social Media တွေမှတဆင့် အသင်းထံသို့ အသိပေးထားခဲဲ့ပြီးဖြစ်ရာ မကြာခင်ကုန်ဆုံးတော့မယ့် အပြောင်းအရွေ့ရာသီမပိတ်သိမ်းခင်မှာတော့ အသင်းသစ်တစ်သင်းဆီသို့ ရောက်ရှိနိုင်ဖို့အလားအလာရှိနေတာပဲဖြစ်ပါတယ်။
📝 WYP
🔴 Transfer News
ချယ်လ်ဆီးအသင်းဟာ လိုင်ယွန်အသင်းမှ ညာနောက်ခံလူ အား ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၂၆) သန်း + အပိုဆုကြေးများဖြင့် ခေါ်ယူနိုင်ရန်သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အသက် (၁၉) နှစ်အရွယ် ပြင်သစ်လူငယ်ကစားသမားမှာ လက်ရှိအပြောင်းအရွှေ့အပြီးအသင်းနဲ့အတူ ပူးပေါင်းဦးမှာမဟုတ်ပဲ ရာသီကုန်အထိ လိုင်ယွန်အသင်းသို့ အဌားပြန်လည် သွားရောက်ကစားမည်ဟု သိရသည်။
(Fabrizio Romano)
🔴 Transfer News
နယူးကာဆယ်ယူနိုက်တက်အသင်းဟာ အဲဗာတန်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမားဖြစ်သူ အား ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀) + အပိုဆုကြေး ပေါင်(၅)သန်းဖြင့် ခေါ်ယူနိုင်ရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
(Fabrizio Romano)
🔴 Q u i z
ကဲ ဘယ်သူလဲပရိတ်သတ်ကြီး 🤔
🔴 Madueke (PSVs Player Career) 🔥
🔴 Trossard (Brighton's Player Career) 🔥
🔴 Predictions
OSN မှ Admin တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဥ်(၁၄)အတွက် ဂိုးရလဒ်ခန့်မှန်းချက်များ 🤜⚽🤛
ဘော်ဒါတို့လည်း Comment Box မှာ အပျင်းပြေ ဝင်ရောက်ခန့်မှန်းပေးသွားကြပါဦး ❤
🔴 Predictions
ကဲ... အပတ်စဥ်လွဲနေကြဖြစ်တဲ့ OSN မှ Admin မိုက်ကယ်လင်းမူတို့အဖွဲ့ရဲ့ ပရီးမီးယားလိဂ် ပွဲစဥ်(၁၃)အတွက် ဂိုးရလဒ်ခန့်မှန်းချက်များ 🤜⚽🤛
ဘော်ဒါတို့လည်း Comment Box မှာ အပျင်းပြေ ဝင်ရောက်ခန့်မှန်းပေးသွားကြပါဦး ❤
🔴 Predictions
ပရီးမီးယားလိဂ် ပွဲစဥ်(၁၂)အတွက် OSN မှ Admin များရဲ့ ဂိုးရလဒ်ခန့်မှန်းချက်များ 🤜⚽🤛
ဘော်ဒါတို့လည်း Comment Box မှာ အပျင်းပြေ ဝင်ရောက်ခန့်မှန်းပေးသွားကြပါဦး ❤
🔴 Predictions
ဒီတစ်ပတ် ယှဥ်ပြိုင်ကစားကြမယ့် ပရီးမီးယားလိဂ် ပွဲစဥ်(၁၁)အတွက် OSN မှ Admin များရဲ့ ဂိုးရလဒ်ခန့်မှန်းချက်များ 🤜⚽🤛
ဘော်ဒါတို့ရဲ့ခန့်မှန်းထားတဲ့ ပွဲစဥ်ရလဒ်တွေရှိရင်လည်း Comment Box မှာ အပျင်းပြေ ဝင်ရေးပေးသွားလို့ရပါတယ်ဗျ ❤
ဒီတစ်ပတ်မှာေရာ OSN ရဲ့ Admin (၃)ယောက် ဘယ်လောက်အထိမှန်နိုင်မလဲဆိုတာကို စောင့်ကြည့်လိုက်ကြပါစို့ 🔥
🔴 Predictions
ဒီတစ်ပတ် ယှဥ်ပြိုင်ကစားကြမယ့် ပရီးမီးယားလိဂ် ပွဲစဥ်(၁၀)အတွက် OSN မှ Admin များရဲ့ ဂိုးရလဒ်ခန့်မှန်းချက်များ 🤜⚽🤛
ဘော်ဒါတို့ရဲ့ခန့်မှန်းထားတဲ့ ပွဲစဥ်ရလဒ်တွေရှိရင်လည်း Comment Box မှာ အပျင်းပြေ ဝင်ရေးပေးသွားလို့ရပါတယ်ဗျ ❤
ဘယ် Admin ရဲ့ ခန့်မှန်းချက်တွေက ဒီတစ်ပတ်ပွဲစဥ်တွေနဲ့ ပိုပြီးထပ်တူကျမလဲဆိုတာကိုတော့ Admin တို့နဲ့ အတူတူ စောင့်ကြည့်လိုက်ကြရအောင် 🔥
🔴 Knowledge
ချဲလ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ဝါရင့်ဂိုးသမားဟောင်းတစ်ယောက်ဖြစ်သူ #ပီတာ_ချက်ပ် ဟာ လက်ရှိပရီးမီးယားလိဂ်သမိုင်းတလျှောက် Clean Sheet အများဆုံးရရှိထားနိုင်တဲ့ ဂိုးသမားတစ်ဦးဖြစ်ပြီး Clean Sheet စုစုပေါင်း (၂၀၂)ကြိမ်အထိ ရရှိထားတာပဲဖြစ်ပါတယ်။
🔴 Quiz
ကဲ ဒီနေ့မှာတော့ Admin တို့လို အပြင်မသွားပဲ အိမ်မှာပဲရှိကြတဲ့ ဘောလုံးချစ်ပရိသတ်တွေအတွက် အပျင်းပြေမေးခွန်းလေးဖြေလို့ရအောင် OSN မှ တင်ဆက်ပေးလိုက်ရပါတယ်။
ဘော်ဒါတို့လည်း အဖြေကိုသိရင် Comment Box မှာ ဝင်ဖြေသွားပေးကြပါဦးနော်။
🔴 Predictions
ဒီတစ်ပတ်မှာ ယှဥ်ပြိုင်ကစားကြမယ့် ပရီးမီးယားလိဂ် ပွဲစဥ်(၉)အတွက် OSN မှ Admin များရဲ့ ဂိုးရလဒ်ခန့်မှန်းချက်များ 🤜⚽🤛
ဘော်ဒါတို့ရဲ့ခန့်မှန်းထားတဲ့ ပွဲစဥ်ရလဒ်တွေရှိရင်လည်း Comment Box မှာ အပျင်းပြေ ဝင်ရေးပေးသွားလို့ရပါတယ်ဗျ ❤
ဘယ် Admin ရဲ့ ခန့်မှန်းချက်တွေက ဒီတစ်ပတ်ပွဲစဥ်တွေနဲ့ ပိုပြီးထပ်တူကျမလဲဆိုတာကိုတော့ Admin တို့နဲ့ အတူတူ စောင့်ကြည့်လိုက်ကြရအောင် 🔥
🔴 News
အာဂျင်တီးနားအသင်းခေါင်းဆောင် #လီယွန်နယ်_မက်ဆီ က လာမယ့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာမယ်ဆိုတဲ့အကြောင်းကို အာဂျင်တီးနားဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ပိုလိုဗစ်နိုလို နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ကြေညာသွားခဲ့ပါတယ်။
မက်ဆီအနေနဲ့ "ဒီပြိုင်ပွဲဟာ ကျွန်တော့်ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာမှာသေချာပါတယ်။ ဆုံးဖြတ်ချက်လည်း ချပြီးပါပြီ" လို့ အတည်ပြုသွားခဲ့တာပဲဖြစ်ပါတယ်။
🔴 Knowledge
#ဂျာရတ်_ဘယ်ရီ ဟာ အက်စတွန်ဗီလာ၊ မန်ချက်စတာစီးတီး၊ အဲဗာတန်နဲ့ ဝက်ဘရွန်းအသင်းတို့မှာ သူ့ရဲ့ကစားသမားဘဝကိုဖြတ်သန်းခဲ့ပြီး ပရီးမီးယားလိဂ်ပွဲပေါင်း (၆၅၃)ပွဲ ကစားထားခဲ့ရာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပွဲအများဆုံးကစားထားတဲ့ ကစားသမားတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
🔴 Transfer Rumours
ဝက်ဟမ်းအသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ ကွင်းလယ်ကစားသမား #ဒီကလန်_ရိုက်စ် ဟာ လာမယ့် ၂၀၂၃ ခုနှစ်အတွက် ချဲလ်ဆီးအသင်းမှ အလိုရှိသော ထိပ်တန်းပစ်မှတ်ကစားသမားတစ်ဦး ဖြစ်လာမှာဖြစ်တယ်လို့ 90 Mins သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။
🔴 Fact
#လီယွန်နယ်_မက်ဆီ ရဲ့ စံချိန်ကိုကျော်ပြီး ယူအီအက်အေ ချန်ပီယံလိဂ်သမိုင်းရဲ့ ဒုတိယဂိုးဖန်တီးမှုအများဆုံးကစားသမားဖြစ်လာခဲ့တဲ့ #အိန်ဂျယ်_ဒီမာရီယာ 🔥
လက်ရှိ #ခရစ်စတီယာနို_ရော်နယ်ဒို တင်ထားတဲ့ စံချိန်ကိုရော ဒီနှစ်ချန်ပီယံလိဂ်မှာ ဖြတ်ကျော်ပြီး မှတ်တမ်းသစ်ရေးထိုးသွားနိုင်မှာလားဆိုတာကိုတော့ 🤔
🔴 News
ဂျာမန်ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းဟာ လီဗာပူးလ်၊ ရီးရဲမက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ကစားသမားဟောင်းဖြစ်သူ #ဇာဗီ_အလွန်ဆို အား အသင်းရဲ့နည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။
အသက်(၄၀)နှစ်ရှိပြီဖြစ်တဲ့ ဇာဗီအလွန်ဆိုဟာ ကစားသမားဘဝမှာ အောင်မြင်မှုတွေများစွာရယူနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်သလို နည်းပြဘဝသို့ကူးပြောင်းပြီးနောက် ရီးရဲလ်မက်ဒရစ်လူငယ်အသင်း၊ ရီးရဲဆိုစီဒက်စ်(ဘီ)အသင်းတို့မှာ နည်းပြအဖြစ်တာဝန်ယူနေခဲ့တာပါ။
လေဗာကူဆင်အသင်းအနေနဲ့ နည်းပြဟောင်း #ဂျာရတ်ဒို_ဆိုရန်နီ လက်ထက်မှာ ရလဒ်တွေဆိုးဝါးနေခဲ့တာကြောင့် ရာထူးမှထုတ်ပယ်ခဲ့ရပြီး အလွန်ဆိုအနေနဲ့ရော အသင်းကိုရလဒ်ကောင်းတွေပြန်လည်ယူဆောင်ပေးနိုင်မလားဆိုတာကိုတော့ ေစာင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Videos (show all)
Category
Address
Opening Hours
Monday | 06:00 - 21:00 |
Tuesday | 06:00 - 21:00 |
Wednesday | 06:00 - 21:00 |
Thursday | 06:00 - 21:00 |
Friday | 06:00 - 21:00 |
Saturday | 06:00 - 21:00 |
Sunday | 06:00 - 21:00 |