WIN OSHE Safety Academy
Occupational safety, health and environmental solutions provider in Myanmar. OSHE Services Co.
Ltd is an established, leading nationwide provider of Occupational Safety, Health, Environment Services such as Training, Consultancy, Risk Management and Safety Management System Development to a broad range of industry sectors in Myanmar. Our highly experienced and professional consultants include expertise in industries such as Manufacturing, Construction, Mining, Shipyards, Chemical Process, S
Safety Claendar with Lagging Indicators
ဆောက်လုပ်ရေးလုပ်ငန်း၊ သင်္ဘောကျင်း ၊ပွဲလမ်းသဘင် များတွင် ( ယာယီ) လျှပ်စစ်ဓါတ်အား သွယ်တန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် ဘေးကင်းစံနှုန်း ( စင်္ကာပူ)
Code of practices for temporary electrical installations at Construction and building sites, Festive lighting & Shipyards
Guidelines for Auditing Process Safety Management System
ရုရှားဓာတုဗေဒပညာရှင် Dmitri Mendeleev သည်လွန်ခဲ့သောနှစ်ပေါင်း ၁၅၀ တိတိ က periodic table ကိုတီထွင်ခဲ့ပါသည်။ (The history of science)
𝐎𝐜𝐜𝐮𝐩𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐅𝐢𝐫𝐬𝐭 𝐀𝐢𝐝 𝐂𝐨𝐮𝐫𝐬𝐞 ⛑️
(လုပ်ငန်းခွင် ရှေးဦးသူနာပြု သင်တန်း)
✔️အန္တရာယ်ဖြစ်နိုင်ခြေများသောလုပ်ငန်းခွင်များတွင် ရှေးဦးသူနာပြုနည်းကို ကျွမ်းကျင်လေ့ကျင့်ထားသူများမရှိမဖြစ်လိုအပ်ပါတယ်။
✔️ ယခုသင်တန်းမှာ ရှေးဦးသူနာပြုနည်းကိုစိတ်ဝင်စားသူများ၊ လုပ်ငန်းခွင်တွင် ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ ရာထူးတာဝန်ထမ်းဆောင်နေသူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။
✔️ယခုသင်တန်းကို တက်ရောက်သင်ကြားခြင်းဖြင့် အိမ်၊ လုပ်ငန်းခွင်၊ ကျောင်းနှင့် အခြားလူစုလူဝေး ရှိသောနေရာများတွင် ထိခိုက်ဒဏ်ရာနှင့်ဖျားနာမှုများ ဖြစ်ပွါးပါက စောင့်ရှောက်ပြုစုနိုင်ခြင်း နှင့် အရေးပေါ်အသက်ကယ်နည်းများဖြစ်သော CPR (နှလုံး ဖိနှိပ်နှိုးခြင်း)၊ အစာနင်သောလူနာကိုကယ်တင်ခြင်း၊ ပတ်တီးစီးခြင်းနှင့် သွေးထွက်မလွန်စေရန် ကုသပေးခြင်းအစရှိသော နည်းလမ်းများကိုအကျွမ်းတဝင်လုပ်ဆောင်နိုင်မည်ဖြစ်ပါတယ်။
✔️ထို့ကြောင့် 𝗪𝗶𝗻 𝗢𝗦𝗛𝗘 𝗔𝗰𝗮𝗱𝗲𝗺𝘆 ၏သင်တန်းတစ်ခုဖြစ်သော 𝐎𝐜𝐜𝐮𝐩𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐅𝐢𝐫𝐬𝐭 𝐀𝐢𝐝 𝐂𝐨𝐮𝐫𝐬𝐞 ကို 2024 January မှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး တက်ရောက်ချင်လိုပါက
📞- 09-793899665, 09-964055776
📧 - [email protected] သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
𝑾𝒐𝒓𝒌𝒊𝒏𝒈 𝑨𝒕 𝑯𝒆𝒊𝒈𝒉𝒕 𝑺𝒂𝒇𝒆𝒕𝒚 𝑪𝒐𝒖𝒓𝒔𝒆
အမြင့်တွင် ဘေးအန္တရာယ်ကင်းစွာ အလုပ်လုပ်ခြင်းဆိုင်ရာ သင်တန်း
=========================================
အမေရိကန်နိုင််ငံ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးဋ္ဌာန ထုတ်ပြန်ချက် အရ အမြင့်မှ ပြုတ်ကျစဉ်အတွင်း လူတစ်ယောက် အတွက် သက်ရောက်မှု ခံနိုင်ရည်အား ပမာဏသည် ပေါင် ၁၈၀၀ ဖြစ်သည်။ ၎င်းထက် ကျော်လွန်ပါက ခန္ဓာကိုယ်အတွင်း သွေးယိုစီးမှု၊ ပျက်စီးမှု သို့မဟုတ် သေဆုံးသည်အထိ ဖြစ်နိုင်သည်။
=========================================
အမြင့်မှ ပြုတ်ကျခြင်းသည် တစ်ကမ္ဘာလုံးရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် နံပါတ်တစ် လူသေဆုံးမှု အများဆုံးသော အမှုအခင်းဖြစ်သည်။ ဆက်သွယ်ရေးတိုင်၊ တာဝါတိုင် တက်ခြင်းကြောင့် သေဆုံးသည့် နှုန်းထားသည် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သေဆုံးသည့် နှုန်းထားထက် ၁၀ ဆ ပိုများပါသည်။
==========================================
ထို့ကြောင့် တာဝါတိုင်များတွင် အလုပ်လုပ်ကိုင်သူများ၊ အမြင့်တွင် အလုပ်လုပ်ကိုင်ရသော professional cleaner များ၊ ဆောက်လုပ်ရေး လုပ်သားများ၊ အခြား အမြင့်တက်ရသော လုပ်သားများ အနေဖြင့် မဖြစ်မနေ တက်ရောက်သင့်သော သင်တန်းဖြစ်ပါသည်။
========================================
WIN OSHE Safety Academy အနေဖြင့် Working At Height Safety Course ကို 🗓️ 27-28 Dec 2023 တွင် Online Course ဖွင့်လှစ်ပါမည်။ သင်တန်းတက်ရောက် ပြီးစီးပါက WIN OSHE Safety Academy (နှင့် World Safety Organization မှ) ချီးမြင့်သော သင်တန်းဆင်းလက်မှတ်နှင့် အိတ်ဆောင် ကဒ်ကို ရရှိမည်ဖြစ်ပါသည်။ အိတ်ဆောင်ကဒ်၏ သက်တမ်းမှာ နှစ်နှစ်ဖြစ်ပါသည်။
ကဒ်သက်တန်းပြည့်သူများသည်လည်း Refresher Course တက်ရောက်ပြီး သက်တမ်းတိုးသင်တန်းတက်ရောက်နိုင်ပါသည်။
=======================================
သင်တန်းစုံစမ်းလိုပါက - 📞Phone 0979 3899 665, 0996 4055 776
📧email: [email protected] သို့ အသေးစိတ် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
တံတား ခံနိုင်ရည် ဝန်အား စမ်းသပ်မှု
လုပ်ငန်းခွင်များတွင် ကြုံတွေ့လာရနိုင်သည့် မီးဘေး အရေးပေါ် အခြေ အနေ များကို လျှင်မြန်စွာ တုံ့ပြန် နိုင်စွမ်းရည်မြှင့်တင်ရေး အတွက် WIN OSHE Services မှ အကြံပေး ဝန်ဆောင်၊ လေ့ကျင့်ခန်းများပံ့ပိုးကူညီပေးနေပါသည်။
ဝန်ထမ်းများ ၏ အရေးပေါ် တုံပြန်မှု စွမ်းရည်တိုးတက်အောင် မြှင့်တင်ပေးခြင်းသည် ရှောင်လွှဲ၍ မရသော အရေးပေါ်အခြေ အနေများတွင် ဆုံးရှုံးမှု လုံးဝမရှိခြင်း( သို့မဟုတ်) အနည်းဆုံးသော ဆုံးရှုံးမှု ရလဒ် ကို ဖေါ်ဆောင်ပေးနိုင်ကြောင်းကို ထက်မြက်သော လုပ်ငန်းခွင် အကြီးအကဲများက သိရှိနားလည်ထားကြပါသည်။
အရေးပေါ် အခြေအနေ တုံ့ပြန်မှု စွမ်းရည်ကို WIN OSHE နှင့် ပူးပေါင်းမြှင့်တင်ပါ။
အလုပ်မစတင်ခင် ဘေးကင်းရေးအတွက် စဉ်းစားသင့် သည့် အချက် ရချက်
မိမိဘေးကင်းရေးကို မိမိကိုယ်တိုင် ဆောင်ကြဉ်းနိုင်ပါသည်။
𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜𝐚𝐥 𝐒𝐚𝐟𝐞𝐭𝐲 𝐂𝐨𝐮𝐫𝐬𝐞 (𝐎𝐧𝐥𝐢𝐧𝐞)
----------------------------------------
WIN OSHE Safety Academy မှ Electrical Safety Course အား 🗓️16-Dec-2023 တွင် Online Class ဖွင့်လှစ်ပါမည်။
👉ကျောင်းသားအသစ်များလည်း ဤသင်တန်းကို တက်လို့ရသလို ကဒ်သက်တမ်းကုန်ထားသော ကျောင်းသားေဟာင်းများလည်း သက်တမ်းတိုးသင်တန်းတက်လို့ရပါတယ်။
သင်တန်းအကြောင်း အသေးစိတ်စုံစမ်းလိုပါက 📞ဖုန်း 09-793899665, 09-964055776 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
𝘽𝙖𝙨𝙞𝙘 𝙁𝙞𝙧𝙚 𝙎𝙖𝙛𝙚𝙩𝙮 𝘾𝙤𝙪𝙧𝙨𝙚 🧯
(မီးဘေးအန္တရာယ်ကင်းရှင်းရေး ပညာပေးသင်တန်း)
Win OSHE Safety Academy ၏သင်တန်းတစ်ခုဖြစ်သော Basic Fire Safety Course ကို 🗓️2024 January မှာ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါတယ်။
ယခုသင်တန်းသင်ကြားရခြင်း၏ရည်ရွယ်ချက်မှာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အဖွဲ့အစည်းကြီးကြပ်သူများ၊ အဖွဲ့ဝင်များနှင့် ရုံးတွင်းလေ့ကျင့်သင်ကြားထားသော မီးသတ်လုံခြုံရေးများအားအခြေခံမီးငြိမ်းသတ်ခြင်း ကျွမ်းကျင်မှုများ၊ အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် ကာကွယ်ရေးအစီအစဉ်များကို အကျွမ်းတဝင်သိရှိနားလည်စေရန်ဖြစ်ပါတယ်။
ယခုသင်တန်းကိုတက်ရောက်လေ့လာခြင်းဖြင့် လုပ်ငန်းခွင်အတွင်း မီးဘေးအန္တရာယ်တစ်စုံတစ်ခုဖြစ်ပွါးခဲ့သည်ရှိသော် ပျက်စီးဆုံးရှုံးမှုများလျော့ပါးသွားအောင်လုပ်ဆောင်နိုင်မှာဖြစ်ပြီး နောက်ထပ်မီးဘေးမဖြစ်အောင် ကြိုတင်ကာကွယ်တားဆီးနိုင်မည်ဖြစ်ပါတယ်။
ထို့ကြောင့်မီးဘေးအန္တရာယ်ကိုထိထိရောက်ရောက်ကာကွယ်နိုင်ရန်နှင့် စီမံခံခွဲနိုင်ရန်အတွက် သင်တန်းတက်ရောက်ချင်လိုပါက-
📞Phone number- 09-793899665, 09-964055776
📧Email- [email protected] သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
Instantaneous/ grab sampling and integrated sampling ( Occupational Hygiene )
Safety & Health Books
ISO 45001:2018 လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်
===============================================
ISO 45001 သည်လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး နှင့်ကျန်မာရေး အတွက် အပြည်ပြည်ဆိုင်ရာစံသတ်မှတ်ချက်တစ်ခုဖြစ်သည်။
လုပ်ငန်း အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေကြသော ကာယ၊ဉာဏ စွမ်းအားရှင် ဝန်ထမ်းများ အသက်ဆုံးရှုံးမှု၊ ကိုယ်ကာယ ထိခိုက် ဆုံးရှုံးမှု နှင့် ကျန်းမာရေးရောဂါ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်ခြင်းတို့မှ ကာကွယ်ပေးရန် နှင့် အဖွဲ့အစည်း၏ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာစွမ်းဆောင်ရည်ကိုတိုးမြှင့်နိုင်ရန်အတွက် ချမှတ် အကောင်အထည့် ဖေါ်ရမည့် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်အတွက်လိုအပ်ချက်များကိုသတ်မှတ်ပေးထား သည့် ISO Standard တစ်ခုဖြစ်ပါသည်။
ISO 45001 ကို မည်သည့်အဖွဲ့အစည်းအမျိုးအစားမဆို၊ အရွယ်အစား၊ သဘောသဘာဝတို့ကို မူတည်၍ အသုံးပြုရန်ရည်ရွယ်ထားပါသည်။
ISO 45001 စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖေါ်ခြင်းဖြင့် အဖွဲ့အစည်းရှိ ဝန်ထမ်းများ ကိုယ်ကျန်းမာ၊စိတ်ချမ်းသာခြင်းရလဒ်များ ပြည့်စုံ နိုင်ပြီး အဖွဲ့အစည်း၏ စီးပွားရေးဆိုင်ရာ ရည်မှန်းချက်များ ပြည့်မီ ပြီး အောင်မြင်မှု ကို အဓွန့်ရှည်ကြာစေမည့် အကျိုးကျေးဇူးများ ရနိုင်စေမည်ဖြစ်ပါသည်။
ISO 45001 စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖေါ်ခြင်းဖြင့်သည် ဥပဒေဆိုင်ရာလိုအပ်ချက်များကိုလည်း လိုက်နာခြင်းကြောင့် ဥပဒေဆိုင်ရာ အရေးယူ ခံရမှုများကိုလည်း ရှောင်ရှားနိုင်ပါမည်။
လုပ်ငန်းခွင် ကျန်းမာရေးနှင့် အသက်၊ခန္ဓာလုံခြုံရေးဆိုင်ရာအန္တရာယ်များကိုဖော်ထုတ်ရန်နှင့်ထိန်းချုပ်ရန်ရှင်းလင်းစွာသတ်မှတ်ထားသောစီမံခန့်ခွဲမှုစနစ်ရှိခြင်းအားဖြင့်အဖွဲ့အစည်းများသည်
- မိမိတို့၏လုပ်သားများ၊
- ပြင်ပကန်ထရိုက်တာများနှင့်
-ဧည့်သည်များ မိမိတို့၏လုပ်ငန်းခွင်ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နိုင်သောအန္တရာယ်များကိုအနည်းဆုံးလျှော့ချနိုင်သည်။
အဆိုပါစံနှုန်းသည်အဖွဲ့အစည်းများအားလုပ်ငန်းခွင်ကျန်းမာရေးနှင့်လုံခြုံရေးကိုစဉ်ဆက်မပြတ်ပြန်လည်သုံးသပ်ရန်နှင့်တိုးတက်စေရန်အတွက်လုပ်ငန်းစဉ်များကိုနေရာချထားပေးလိမ့်မည်။
OH&S MS အသိအမှတ်ပြုလက်မှတ် ရယူရေး အတွက် အကဲဖြတ်မည့်အဓိအချက်များမှာ
၁- လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ် ချမှတ် အကာင်အထည် ဖေါ်နေမှု အခြေအနေ
၂- စီမံထားရှိမူ နှင့်လုံလောက်သော အန္တရာယ်အကဲဖြတ်မှု
၃- ဝန်ထမ်းများသင်တန်းပေးထားမူ့နှင့်ဘေးကင်းလုံခြုံရေးအသိအမြင်တိုးတက်အောင် စီမံထားရှိမှု
၄- လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်ကို သက်ဆိုင်သူတိုင်း သိအောင် စီမံထားရှိမှု
၅- အရေးပေါ်အခြေအနေများအတွက် တုံ့ပြန်မှုအစီအမံ
၆- တိုးတက်၊ ဆုတ်ယုတ်မှုကို စောင့်ကြည့်လေ့လာခြင်းနှင့်အစဉ်အမြဲတိုးတက်ကြံဆောင်မှု တို့ဖြစ်ပါသည်။
ISO 45001 ၏အကျိုးကျေးဇူးများ
-----------------------------------
၁- ဖောက်သည်များစိတ်ကျေနပ်အားပေးမှု
၂- မတော်ဆဖြစ်ပွားမှု ကုန်ကျစရိတ်လျှော့ချနိုင်မှု
၃- လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး ဆိုင်ရာ ဥပဒေများချိုးဖောက်မှုမရှိပဲ တရားဝင်လိုက်နာနိုင်၍ အရေးယူခံရမှုမှ ကင်းလွတ်မှု
၄- န္တရာယ်စီမံခန့်ခွဲမှု တိုးတက်လာခြင်းကြောင့် အလုပ်အကိုင်၊တင်ဒါ အသစ်များ တိုးတက်ရရှိလာမှု
၅- အဖွဲ့အစည်း၏ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာစွမ်းဆောင်ရည်ကို သက်သေခံ မှတ်ကျောက်တင်နိုင်မှု တို့ဖြစ်ပါတယ်။
အချုပ်အားဖြင့် အပြည်ပြည်ဆိုင်ရာစံနှုန်းဖြစ်သည့် ISO 45001 ( Occupational Health & Safety Management System)
လက်မှတ်ကိုရယူ၍ ဂုဏ်သိက္ခာ ရှိသော လုပ်ငန်းခွင်များ ထူထောင်ပြီး စီးပွားရေး အောင်မြင်မှုကို တည်ဆောက်ကြနိုင်ပါစေကြောင်း ဆန္ဒပြုပါသည်။
ဘေးကင်း၊ ကျန်းမာကြပါစေ။
မေတ္တာဖြင့်
ဝင်းအိုရှီ
ဖတ်ရှု့ သင့်သည့် Safey စာအုပ်ကောင်းများ
Safety Supervisor သင်တန်းကို ဒီဇင်ဘာလ 1 ရက်နေ့တွင် ထပ်မံ ဖွင့်လှစ်ပါမည် ဖြစ်ပါသည်။
=========================================
Occupational Safety and Health Supervisor Course
လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ ကြီးကြပ်ရေးမှူးသင်တန်း
========================================
လုပ်ငန်းခွင်တွင် ဖြစ်တတ်သော ဘေးအန္တရာယ်များကို ရှာဖွေ၍ သုံးသပ်နိုင်ခြင်းသည် လုပ်ငန်းခွင်တွင် ဖြစ်ပွားတတ်သည့် မတော်တဆမှု့များကို ကာကွယ်နိုင်ရန်အတွက် အရေးကြီးပါသည်။ ထိုသို့ ရှာဖွေသုံးသပ်နိုင်ခြင်းသည်လည်း OSH Personnel များ၏ အရည်သွေးတစ်ရပ်ဖြစ်ပါသည်။
========================================
လုပ်ငန်းရှင်များအနေဖြင့်လည်း သင့်လုပ်ငန်းခွင်တွင် မတော်တဆမှု့များမှ ကင်းဝေးစေရန် ရည်ရွယ်ပါက OSH Personnel များကို ခန့်အပ်တာဝန်ပေးနိုင်သလို၊ သင့်လုပ်ငန်းအကြောင်းကို နားလည်သော လက်ရှိလုပ်ကိုင်နေသည့် ဝန်ထမ်းများထဲမှ သင့်တော်သူကို Occupational Safety and Health နှင့် သက်ဆိုင်သော သင်တန်းများ တက်ရောက်စေပြီး လုပ်ငန်းခွင်ဘေးကင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကြီးကြပ်ရေးမှူးအဖြစ် ခန့်အပ်နိုင်ပါသည်။
ထိုသို့ မိမိဝန်ထမ်းများကိုသာ သင်တန်းပေးပြီး ခန့်အပ်လိုပါက အခြေခံအနေဖြင့် Occupational Safety and Health Supervisor Course ကို အပ်နှံနိုင်ပါသည်။
=============================================
OSH Supervisors/officer များ အနေဖြင့် အလုပ်လုပ်လိုသူများ၊ Safety Supervisors/officer အနေဖြင့် အသက်မွေးဝမ်းကြောင်း ပြုလိုသူများ အနေဖြင့်လည်း ဤသင်တန်းကို အခြေခံ အနေဖြင့် တက်ရောက်နိုင်ပါသည်။
=========================================
သင်တန်းစုံစမ်းလိုပါက - Phone 0979 3899 665, 0996 4055 776
email: [email protected] သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
23RD WORLD CONGRESS ON Safety and Health at Work, Sydney 2023
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the practice
Telephone
Website
Address
95 Insein Road, 4B, San Yeik Nyein Kamaryut Township
Yangon
Opening Hours
Monday | 09:00 - 17:00 |
Tuesday | 09:00 - 17:00 |
Wednesday | 08:30 - 17:30 |
Thursday | 08:30 - 17:30 |
Friday | 09:00 - 17:30 |
Saturday | 09:00 - 17:30 |
အမှတ် (၇၆၈) ပုလဲကျွန်းလမ်း 18/C ရပ်ကွက် တောင်ဒဂုံ
Yangon, 18/Cရပ်ကွက်တောင်ဒဂုံမြို့နယ်
အဆင့်မြင့်ဘလိတ်ဓါးဆူးကြိုးအမျိုးမျိုး ရောင်းချတပ်ဆင်ရေး
Yangon, 11201
Our Company is a Life Jacket Myanmar .Our Priority is Your Safety,
No. 1518, Gandamar Street, Mya Yadanar Myo Thit
Yangon
Customer Safety First
Lan Ma Daw Street, Myanmar, Burma (Myanmar)
Yangon
မင်္ဂလာပါAung safety shop မှာကြိုဆိုပါတယ်ရှင?
No-258/260, 39 Street Upper Block, Kyauktada Township
Yangon, 11181
CCTV ရောင်းဝယ်ရေးနှင့် အိမ်တိုင်ရာရောက် စစ်ဆေးတပ်ဆင်ခြင်း ဝန်ဆောင်မှု
Yangon
အကောင်းဆုံး လုံခြုံရေးဝန်ဆောင်မှုဆို BEST Aung Pyae ကိုသာ ရွေးချယ်လိုက်ပါ
No. 7 Block 1C, 75 Street, 6 Ward, Hlaing Tharyar TSP
Yangon, 11401
Myanmar Emergency Medical Services Co. Ltd. has now partnered with AREMT and SEAPHECC to bring international registration and quality pre-hospital care training to Myanmar. This is...
192(A-8)Dhamathukha Kyaung Lane.13th Qtr.Hlaing Tsp.
Yangon
NICE Home First Aid Kit -contains 10 items and covers 3-5 persons at home. -aims as a first aid for minor injuries like small cut wound, abrasion etc.,