Htet Myat Arkar Co.,Ltd

Htet Myat Arkar Co.,Ltd

Our Professional Services are
- Aluminium and Glass Installation
- Ceiling and Partition
- Renovation

31/05/2024

Dynamic Facade

Dynamic Facade ဆိုတာ ခေါတ်ရှေ့ပြေးတဲ့ architectural innovation တစ်ခု လို့ ဆိုနိုင်ပါတယ်။ အဆောက်အဦ တစ်ခု ရဲ့ energy efficiency ကို တိုးတက်စေဖို့ ၊ နေထိုင်သူတွေ သက်တောင့်သက်သာ ရှိဖို့ နောက်ပြီး အဆောက်အဦရဲ့ အပြင်ဘက်ဆုံး component တွေ ဖြစ်တာနဲ့ အညီ ကြောင့် သွင်ပြင် အလှပ ဆိုင် ရာ attraction ရှိဖို့ အသုံးပြုတဲ့ facade design strategy တစ်ခု လို့ ဆိုရမှာ ဖြစ်ပါတယ် ။

Dynamic facade တွေ ကို intelligent building skin လို့လဲ ပြောလို့ ရပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ ဟာ ပတ်ဝန်းကျင် အခြေနေပေါ်မူတည်ပြီး သူတို့ ရဲ့ လုပ်ဆောင်ချက်နဲ့ ပုံသဏ္ဍာန် တွေ ကို ပြောင်းလဲ နိုင်စွမ်းရှိလို့ဖြစ်ပါတယ်။ Dynamic Facade တွေ ပြုလုပ်ရခြင်း ရဲ့ ရည်ရွယ်ချက်ကတော့ အဆောက်အဦ တွင်းမှာ အသုံးပြုထားတဲ့ artificial heating, cooling နဲ့ lighting တွေ ကို လျော့ချနိုင်ဖို့ ဖြစ်ပြီး အသက်သာ ဆုံး energy consumption နဲ့ နေထိုင်ရတာ သက်တောင့်သက်သာ ရှိစေမယ့် building atmosphere ကို ဖန်တီးနိုင်ဖို့ ပဲ ဖြစ်ပါတယ်။ တချို့လဲ ဒီ dynamic facade တွေ တပ်ဆင်အသုံးပြုထားတဲ့ building တွေ ကို living building လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဘာလို့ဆို သူတို့ ဟာ ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲ မှု ကို လိုက်ပြီး ပုံသဏ္ဍာန် ပြောင်းလဲကာ နေထိုင်သူတွေ comfort ဖြစ်စေမယ့် ပတ်ဝန်းကျင် ကို ဖန်တီးခြင်း ၊ building ရဲ့ energy အသုံးပြုမှု ကို လျှော့ ချပေးနိုင်ခြင်း နောက်ပြီး ပြင်ပ အမြင်ကို ပါ ပြောင်းလဲ ပေးနိုင်ခြင်း တို့ ကြောင့် ဖြစ်ပါတယ် ။ ဒါဟာ ယနေ့ခေါတ် လူပြောများတဲ့ sustainability အတွက်တော့ တကယ့်ကို အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင် ဖြေရှင်းပေးနေရာ လဲ ရောက်ပါတယ်။

အခြေခံအားဖြင့် dynamic facade တွေ မှာ ပါဝင်တဲ့ component တွေ ကတော့
1. Sensors
2. Actuators
3. Control System
4. Structural elements
5. Energy system တို့ ဖြစ်ကြပြီး
Dynamic facade တွေ ကို ပြုလုပ်တပ်ဆင်ဖို့ ဆိုရင်တော့ သက်ဆိုင်ရာ ကျွမ်းပျင်ပညာရှင်တွေ စုပေါင်းလုပ်ဆောင်ဖို့ လိုအပ်မှာဖြစ်ပါတယ် ။

Architect တွေ ၊ facade Engineer တွေ အနေနဲ့ building ရဲ့ aesthetic နဲ့ functional requirements တွေ အတွက် သေချာဆွေးနွေး ပုံဖော်ဖို့ လိုပါတယ်။ Actuators တွေ နဲ့ movable structure တွေ ရဲ့ Design နဲ့ လုပ်ဆောင်ချက်တွေ အတွက် Mechanical Engineer တွေ လိုအပ်မှာ ဖြစ်ပြီး Control system တွေ Sensors တွေ နဲ့ အခြား components တွေ ကောင်းကောင်းချိတ်ဆက်လုပ်ဆောင်နိုင်ဖို့ အတွက် Electrical engineer တွေ System Integrator တွေ လိုအပ်မှာ ဖြစ်ပါတယ်။ Dynamic Facade ရဲ့ အရေးပါတဲ့ ရည်ရွယ်ချက် တစ်ခု ဖြစ်တဲ့ Energy efficient ဖြစ်ဖို့ နဲ့ sustainable ဖြစ်ဖို့ အတွက် Energy Performance ဆိုင်ရာ ကျွမ်းကျင်သူတွေ လဲ လိုအပ်မှာ ဖြစ်ပါတယ်။ နောက်ဆုံး Dynamic Facade ရဲ့ လုပ်ဆောင်မှု တွေ ကို algorithm ရေးဖို့ အတွက် software engineer တွေ Machine Learning engineer တွေ လဲ လိုအပ်ပါလိမ့်မယ်။ ဒါမှသာ လုပ်ဆောင်ချက်ကောင်းကောင်း ၊ ရုပ်ထွက်လှလှ ၊ performance ကောင်းကောင်း နဲ့ Dynamic Facade တစ်ခု ပြီးမြောက်နိုင်မှာ ဖြစ်ပါတယ်။
Dynamic facade ဟာ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ် များစွာ နဲ့ ဖွဲ့စည်းထားတာမို့ အသေးစိတ် လုပ်ဆောင်ချက်တွေ ကို သက်ဆိုင်ရာ ကျွမ်းကျင်သူတွေ သေချာ collaboration လုပ်ဖို့ လိုအပ်ပါတယ်။

Initial Cost များနိုင်ပေမယ့် အနာဂတ် စွမ်းအင်ဆိုင်ရာ ပြဿနာများ နဲ့ smart building များအတွက် Dynamic Facade များဟာ သင့်တော်သော ဆန်းသစ်သော နည်းပညာ တစ်ခု Strategy တစ်ခု ဖြစ်ပါတယ် လို့ တင်ပြရင်း ………………………နောက်အပိုင်းများမှာ ထပ်ဆုံကြပါမယ်

R Kar
21.3.2024

30/05/2024

Facade Engineering ဆိုတာDesign, Engineering နှင့် အဆောက်အဦး မျက်နှာစာများ ဆောက်လုပ်ခြင်း တို့ပါ၀င်သော Multidisciplinary နယ်ပယ်တစ်ခုပါတယ်။ Facade ဟာ အဆောက်အဦအပြင်ဘက်မှာ အမြင်သာဆုံးနှင့် အရေးပါဆုံး အစိတ်အပိုင်းဖြစ်ပြီး အဆောက်အဦ၏ Energy Efficiency, Sustainability နှင့် aesthetics များအတွက် ၎င်း၏ ဒီဇိုင်းနှင့် စွမ်းဆောင်ရည်တို့မှာ အလွန်အရေးကြီးတဲ့ အခန်းဂဏ္ဍကနေ ပါဝင်ကြပါတယ်။ မကြာသေးမီနှစ်များအတွင်း၊ စွမ်းအင်သက်သာပြီး ရေရှည်တည်တံ့သော အဆောက်အအုံများအတွက် လိုအပ်ချက် တိုးလာခြင်းများကြောင့် Facade Engineering ကို စိတ်ဝင်စားမှု တိုးမြင့်လာခဲ့ပါတယ် ။
Facade များကို အပူနှင့်စွမ်းအင်စွမ်းဆောင်ရည်၊ အသံပိုင်းဆိုင်ရာ၊ နေ့အလင်းရောင်၊ လေဝင်လေထွက်နှင့် မီးဘေးကင်းရေးအပါအဝင် ဆောက်လုပ်ရေးသိပ္ပံ၏ ရှုထောင့်အမျိုးမျိုးကိုထည့်သွင်းစဉ်းစားပြီး Design ပြုလုပ်ရန် လိုအပ်ပါတယ် ။

Current Trend

ဒီနေ့ခေါတ်မှာ facade engineering မှာ နောက်ဆုံးပေါ်တိုးတက်မှုများအနေဖြင့် အဆောက်အဦးမျက်နှာစာများ၏စွမ်းဆောင်ရည်ကိုမြှင့်တင်ရန် ဆန်းသစ်သောပစ္စည်းများ၊ စနစ်များနှင့်နည်းပညာများကိုအသုံးပြုခြင်းတို့ကို လုပ်ဆောင်လာကြပါတယ်။ ၎င်းတို့မှာ

Advanced glazing systems၊ low-e coatings နှင့် electrochromic windows များကဲ့သို့သော အဆင့်မြင့် glazing စနစ်များဟာ energy efficiency ကို တိုးမြင့်စေပြီး နှင့် နေရောင်ခြည်မှ အပူဝင်ရောက်မှုကို လျော့နည်းစေတာကြောင့် ပိုမိုတွင်ကျယ်စွာ အသုံးပြုလာခြင်း။

High-performance insulation materials များလဲ အသုံးပြုမှုများပြားလာကြပြီး Vacuum insulation panel နဲ့ aerogel လိုမျိုး နည်းပညာတွေ ဟာ ပိုခေါတ်စားလာကြပါတယ်။ သူတို့တွေ က အထူကြီးပြုလုပ်စရာ မလိုပဲ Thermal Performance ကို တိုးမြင့်အောင် လုပ်ဆောင်တဲ့ နေရာ မှာ ပိုအဆင်ပြေပြေ လုပ်ဆောင်လာနိုင်စေတဲ့ အတွက် အသုံးပြုမှု တွင်ကျယ်လာခြင်း။

Daylight ပိုင်းမှာလဲ အလင်းနဲ့ မြင်ကွင်း အတွက် အဆင်ပြေပြီး အပူနဲ့ glare တွေ ကိုကာကွယ် နိုင်ဖို့ အတွက် innovative shading devices တွေ အသုံးပြုမှုများပြားတွင်ကျယ်လာခြင်း။

ပြောင်းလဲနေသော ပတ်ဝန်းကျင်အခြေအနေများနှင့် သုံးစွဲသူများ၏ လိုအပ်ချက်များကို တုံ့ပြန်သည့် adaptive facade နှင့် kinetic facades ကဲ့သို့သော Dynamic Facade စနစ်များလည်း တွင်ကျယ်လာခြင်းနဲ့

Renewable စွမ်းအင်ကိုရယူရန် နဲ့ အဆောက်အဦ၏ရေရှည်တည်တံ့မှုကို တိုးတက်ကောင်းမွန်စေသည့် Building- Integrated Photovoltaic (BIPV) နှင့် Green Facade လို Technology တွေ လဲ အများအပြား အသုံးပြုလာကြတာတွေ့ရပါတယ်။

Facade Engineering ပညာရပ်ဟာ အနာဂတ်မှာ material အသစ်တွေ၊ System အသစ်တွေ နှင့် နည်းပညာအသစ်တိုးတက်လာမှုများအပြင် Building Automation and Control လို စနစ်မျိုးတွေပါပိုမိုကောင်းမွန်စွာ ပေါင်းစပ်ပါဝင်လာမယ်လို့ ခန့်မှန်းရပါတယ်။

သဘာဝစနစ်များနှင့် လုပ်ငန်းစဉ်များကို အတုယူသည့် ပေါ့ပါးသော၊ ခိုင်ခံ့ပြီး ရေရှည်တည်တံ့သော ပစ္စည်းများနဲ့တည်ဆောက်ထားတဲ့ Biomimicry တွေ Nano-materials တွေ အသုံးပြုမှု တွင်ကျယ်လာနိုင်ပါတယ် ။

Adaptive Facade ရဲ့ next generation အနေနဲ့ smart facade တွေ ခေါတ်စားလာနိုင်ပါတယ်။

မျက်နှာစာအပါအဝင် အဆောက်အဦအစိတ်အပိုင်းများနဲ့ အဆောက်အဦ စနစ်များနှင့် ပိုမိုကောင်းမွန်သော ဆက်သွယ်မှုများကို ပံ့ပိုးပေးမယ့် Internet of Things (IoT) နှင့် ဒစ်ဂျစ်တယ်နည်းပညာများ ပိုမို တိုးတက်လာနေပါတယ်။

ဟာရီကိန်း၊ မြေငလျင်နှင့် ရေကြီးမှုများကဲ့သို့ ပြင်းထန်သောရာသီဥတုဖြစ်ရပ်များကို ခံနိုင်ရည်ရှိစေရန် ဒီဇိုင်းထုတ်ထားသည့် ခံနိုင်ရည်ရှိသော Resilient facade system များ ကို အသုံးပြုမှု ပိုမိုများပြားလာနိုင်ပါတယ်။

အချုပ်အားဖြင့် နိုင်ငံတကာမှာ
Facade Engineering ဟာ အဆောက်အဦများ၏ ဒီဇိုင်း၊ စွမ်းဆောင်ရည်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုတို့တွင် အရေးပါသော နယ်ပယ်ပေါင်းစုံမှ ပါဝင်သည့် နယ်ပယ်တစ်ခုအဖြစ် တွေ့မြင်လာကြပြီး material များ စနစ်များနှင့် နည်းပညာများတွင် နောက်ဆုံးပေါ် နည်းပညာများ ကို အသုံးပြုကာ အဆောက်အဦးမျက်နှာစာများ၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုတို့ကို သိသာထင်ရှားစွာ မြှင့်တင်ပေးနေလျှက်ရှိပါတယ်။ အနာဂတ်တွင် Advance materials များ၊ စနစ်များနှင့် နည်းပညာများ တိုးတက်လာမှုများအပြင် အဆောက်အဦ automation and control system များပေါင်းစပ်ပါဝင်လာကာ ပိုမို စွမ်းဆောင်ရည် မြင့်မားပြီး ရေရှည်တည်တံ့သော ၊ ခံနိုင်ရည်ရှိသောနှင့် တုံ့ပြန်မှုအားကောင်းသော Facade System များ ပေါ်ထွန်းလာကြမည်မှာ အသေအချာပင် ဖြစ်ပါကြောင်း Al- Hussein ၏ Innovation in Facade Engineering စာအုပ်ပါ အကြောင်းအရာ များမှ ကောက်နုတ်သုံးသပ်တင်ပြလိုက်ပါတယ်။

R Kar
20/11/2022

29/05/2024

Glazing Material တွေရဲ့ Performance ကိုတိုင်းတာ ရာ မှာ ပုံမှန်အားဖြင့်တော့ အောက်ပါ အချက်များ ကို အခြေခံ တိုင်းတာတဲ့ အကြောင်း ရှေ့တွေ မှာ ပြောခဲ့ဖူးပါတယ်

1. R Value
2. U Value
3. Total Product Performance
4. Solar Heat Gain Coefficient ( SHGC)
5. Shading Coefficient (SC)

တချို့သော glazing system တွေ မှာတော့ အခြား parameters တွေနဲ့ တိုင်းတာ ဖော်ပြတာမျိုး ရှိတတ်ပါတယ်

အခုအပိုင်း မှာတော့ အထက်ပါ အချက်တွေ အကြောင်း အသေးစိတ် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်

R Value

R Value ဆိုတာ ကတော့ အရာဝတ္တု တစ်ခု ရဲ့ thermal resistance သို့ insulation value ပါ။ Resistance value လို့ လဲခေါ်ပါတယ်။ R value ကို အရာဝတ္တုတွေ တစ်ခုစီရဲ့ မူလ Thermal resistance ကိုဖော်ပြရာ မှာ အသုံးပြုကြပါတယ်။ ဥပမာ အားဖြင့် အရာဝတ္တု တစ်ခုဟာ အပူစီးကူးမှု ကို ဘယ်လောက်တားဆီး ကာကွယ်နိုင်တယ် ဆိုတဲ့ အချက်ကို ဖော်ပြရာ မှာ R value နဲ့ဖော်ပြပါတယ်။ (System တစ်ခုလုံးကိုတော့ U Value နဲ့ တွက်ချက်ဖော်ပြကြပါတယ်။ )imperial unit မှာ R value ကို degree F ft2 hr/ BTU( British Thermal Unit) နဲ့ဖော်ပြပြီး Metric unit မှာတော့ degree W/m²K နဲ့ ဖော်ပြပါတယ် ။ R value မြင့်လေလေ Thermal insulation properties မြင့်လေလေ လို့ မှတ်ရမှာ ဖြစ်ပါတယ်။

U Value (or) U factor

U value ကိုတော့ အရာဝတ္တုတွေ စုပေါင်းတည်ဆောက် ထားတဲ့ system တစ်ခု ဟာ အပူကို ဘယ်လောက် ထိန်းချုပ်ပေးထားနိုင်လဲ ဆိုတာ မျိုး ကို တွက်ချက်ဖော်ပြတဲ့ အခါ မှာ သုံးလေ့ရှိပါတယ် ။ ဥပမာ အားဖြင့် ပြတင်းပေါက် တစ်ခု ဟာ ပြင်ပ က အပူစီးကူးမှု ဘယ်လောက်ရှိတယ် ဆိုတာ မျိုး ဖော်ပြတဲ့ အခါမှာ အသုံးပြုပါတယ်။ R value နဲ့ ပြောင်းပြန် U value ကတော့ တန်ဖိုးနိမ့်လေလေ performance မြင့်လေလေ လို မှတ်ရမှာ ဖြစ်ပါတယ်။ ပြင်ပ က အပူ အထဲ ကို ဝင်ရောက်မှု နည်းလေလေ system ရဲ့ performance ကောင်းလေလေ ဆိုတဲ့ သဘောမျိုးပါပဲ။ U value ကို unit အနေနဲ့ R value အတိုင်းပဲ metric မှာ W/m²K နဲ့ ဖော်ပြပါတယ်။ U value နဲ့ R value ဟာ အနည်းငယ် တူသယောင် ရှိသော်လည်း အသုံးပြုမှု နဲ့ဖော်ပြချက် ကွာခြားမှု ရှိတာ ကိုတော့ သိထားရပါမယ်။ သူတို့ ချင်းလဲ အပြန်လှန် ဆက်သွယ်ချက်လေးတွေ ရှိကြပါတယ်၊

Mathematical form ဆက်သွယ်ချက် အနေနဲ့တော့

R value = 1/U value , U value = 1/R value လို့ ဖော်ပြပါတယ်။

Total Product Performance ဆိုတာ ကတော့ ဒီနေရာမှာ system တစ်ခုလုံး ရဲ့ R value တွက်တာ ကို ဆိုလိုတာပါပဲ။ ဥပမာ အားဖြင့် ပြတင်း တစ်ပေါက် ရဲ့ thermal performance ကို တွက်တဲ့ အခါ မှန်ကို ချည်း မတွက်ချက်ပဲ ဘေး က ဖရိန် တွေ ကို ပါ ထည့်သွင်း စဉ်းစား တွက်ချက်တာ မျိုးဖြစ်ပါတယ် ။
ပြင်ကျယ်တဲ့ တံခါးမျိုး အတွက် မှန် ရဲ့ impact က ပိုပြီး သေးငယ်တဲ့ တံခါး ချပ်များမှာတော့ frame ရဲ့ impact ကို ပိုများပါတယ်။ သဘောတရား က ရှင်းရှင်းလေးပါပဲ အဲ တကယ် တွက်ရင် unit တွေ နဲနဲ လေး မျက်စိရှုပ်တာ က လွဲလို့ပေါ့ ။

Solar Heat Gain Coefficient (SHGC)

SHGC ဆိုတာ ကို အလွယ်ဆုံး ပြောရရင် နေက လာတဲ့ ပြင်ပ အပူချိန် ဟာ ပြတင်းကို ဖြတ်ပြီး အထဲ ကို ဘယ်လောက် ထိုးဖောက် ဝင်ရောက်လာနိုင်သလဲ ဆိုတာ ဖော်ပြတဲ့ ဂဏန်း တစ်ခုပါ။ ပိုရှင်းလင်းတာ က သူက 0 နဲ့ 1 ကြား က ဒဿမ ကိန်း အဖြစ်ဖော်ပြတာ ဖြစ်တဲ့ အတွက် ကြည့်ရတာ ရှင်းလင်းပါတယ် ။
ဥပမာ SHGC value 0.5 ရှိတယ် ဆိုရင် ဒါဟာ ပြင်ပ က အပူရဲ့ 50 % အခန်းတွင်း ဝင်ရောက်ပါမယ် လို့ ဆိုလိုတာ ဖြစ်ပါတယ်။ SHGC နည်းတာ များတာ ဘယ်ဟာ ပိုကောင်းသလဲ ဆိုတာ ကတော့ ကိုယ့်ရဲ့ ဒေသ ရာသီဥတု နဲ့လဲ သက်ဆိုင်ပါတယ်။ ပူတဲ့ နေရာတွေ အတွက် SHGC နည်းတာ ဟာ ကောင်းပါတယ်။ ဒီနေရာ မှာ တော့ Low E glass တွေ ဟာ ဆရာ ပါပဲ။
ဒါပေမယ့် အေးလွန်းတဲ့ နေရာ မျိုးတွေ အတွက်တော့ SHGC များတာ ဟာ ပို အသုံးတည့်ပါလိမ့်မယ်။ SHGC ဟာ ပြတင်းတစ်ခုလုံး ရဲ့ ပါဝင်ပစ္စည်းတွေ ပေါ်မှာ သတ်မှတ်ပါတယ်။ ဘာလို့လဲ ဆိုတော့ အပူ စီကူးမှု ပုံစံတွေ ကြောင့် ဖြစ်ပါတယ်။

Shading Coefficient (SC)
SC ကတော့ ဒီဘက်ခေါတ်မှာ အနည်းငယ် အသုံးနည်းပါတယ်။ သူက ဘယ် glazing ကို မဆို ဖြတ်လာတဲ့ solar energy နဲ့ 3mm clear float glass ကို ဖြတ်လာတဲ့ solar energy ရဲ့ အချိုး ကို နှိုင်းယှဉ်ဖော်ပြတာ ဖြစ်ပါတယ်။ သူလဲ 0 to 1 ကြားက တန်ဖိုး တစ်ခု ပဲ ဖြစ်ပြီး shading Coefficient ဟာ glazing အတွက်ပဲ အသုံးပြုဖော်ပြပြီး window unit တစ်ခုလုံး ကို မဆိုလိုပါဘူး အချို့ solar screen fabric တွေ ကိုလဲ SC value နဲ့ ဖော်ပြတာမျိုး ရှိပါတယ်။ SC နဲ့ SHGC ဆက်သွယ်ချက်အနေနဲ့
SC= SHGC/ 0.86 ဆိုပြီး ရှိပါတယ်။ SC ကို သိသိ SHGC ကိုပဲသိသိ အခြား တစ်ခု ကို ဒီ equation အတိုင်း ပြန်တွက်ယူ အသုံးပြုနိုင်ပါတယ်။

အထက်ဖော်ပြပါ အချက်တွေ ဟာ ပုံမှန်အားဖြင့် glazing ရဲ့ performance ကို တိုင်းတာ တွက်ချက်တဲ့ အခါမှာ အသုံးပြုတဲ့ factor တွေ ဖြစ်သော်လည်း ဒီထက် ပိုမို အသေးစိတ်တဲ့ အချက်များ လဲ ရှိကြပါသေးတယ်။ အချို့သော glass supplier website များမှာ data ထည့်ပြီး တန်းတွက်လို့ ရတာမျိုးတွေ လဲ ရှိပါတယ်။

ဥပမာ guardian glass analytics မှာလဲ ဝင်လေ့လာတွက်ချက်ကြည့်နိုင်ပါတယ်။

https://glassanalytics.guardian.com/app/configure
R Kar
3.12.2021

27/05/2024

အပိုင်း (၉) အနေနဲ့ window လေးတွေ နဲ့ Green Building အကြောင်းဆွေးနွေးတင်ပြလိုပါတယ်

Window တွေ ဟာ ကျနော်တို့နေ့စဉ်ဘဝ မှာ အတော်လေး အရေးပါတဲ့ အရာတစ်ခုလဲ ဖြစ်ပါတယ် ကျနော်တို့ ခရီးသွားလို့ ကားတွေ စီးတဲ့ အခါမှာပဲ ဖြစ်ဖြစ် ပြတင်းပေါက်ဘေး ထိုင်ခုံနေရာ ကို တောင်းဝယ်လေ့ ရှိကြပါတယ်
ဘာဖြစ်လို့ပါလဲ ဘာဖြစ်လို့ အတွင်းထိုင်ခုံတွေ ကို မရွေးချယ်ပဲ ပြတင်းပေါက်ဘေး ကို လိုချင်ကြတာလဲ အဖြေက ရှင်းပါတယ်

ပြတင်းတံခါးတွေ ဟာ ကျနော်တို့ ကို ပြင်ပ နဲ့ ဆက်သွယ်ပေးနိုင်တာကြောင့်ပါပဲ

ဒီလိုပဲ နေအိမ်တွေ အဆောက်အဦတွေ မှာလဲ ပြတင်းပေါက်တွေ ဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ် ပြတင်းတံခါးတွေ မှာမှ
မဖွင့်ထားလဲ အပြင်က မြင်ကွင်းတွေ ကို မြင်တွေ့ရနိုင် တဲ့ မှန်တွဲဆက်ပါဝင်တဲ့ တံခါးတွေ ဟာ ယနေ့ခေါတ်မှာ ပိုမို ကြိုက်နှစ်သက်ခြင်းခံလာရပါတယ်

ပြတင်းတံခါးတွေ ရဲ့ အဓိက function သုံးမျိုးရှိပါတယ်

1. အလင်းရောင်ကို ရရှိစေခြင်း
2. Fresh Air ရရှိစေခြင်း နဲ့
3. Aesthetic (အဆောက်အဦ ရဲ့ သွင်ပြင်ကို ပါဝင်ပုံဖော်ပေးနိုင်ခြင်း) တို့ ဖြစ်ပါတယ်

အဲ့လိုပဲ ယနေ့ခေါတ်မှာတော့ ပြတင်းတွေ အတွက် function အပြင် performance သုံးမျိုး ကိုပါ ထည့်သွင်း စဉ်းစားလာကြပါတယ်

1. Sound insulation
2. Low Maintenance နဲ့
3. Energy saving ဆိုတဲ့ အချက်တွေ ကို ပြတင်းတံခါးရွေးချယ်မှု မှာ ထည့်သွင်း စဉ်းစားလာကြပါတယ်

ဘာလို့ပါလဲ

ယနေ့ခေါတ် ကမ္ဘာကြီးဟာ green ဆိုတဲ့ ခေါင်းစဉ်အောက်ကို တစတစ ပြန်လည် ချဉ်းကပ်နေလျှက်ရှိပါတယ် ကျနော်တို့ရဲ့ မြောက်များစွာသော resources ထုတ်ယူသုံးစွဲမှုတွေ ကြောင့် သဘာဝ ပတ်ဝန်းကျင်နဲ့ resources တွေ ဟာ လျင်မြန်စွာ ကုန်ဆုံးနေပါတယ် သူတို့ကို regenerate ဖြစ်စေဖို့ အချိန်တစ်ခုလိုပါတယ် ဒါတွေ ကို ကာမိစေဖို့ global footprint network လိုမျိုးတွေ တွက်ချက်ဖော်ပြပြီး စွမ်းအင်သုံးစွဲမှု တွေ ကို လျော့ချဖို့ သဘာဝ အလင်း ကို အသုံးပြုတာမျိုးတွေ များများလုပ်ဆောင်လာကြပါတယ်

စစ်တမ်းတွေ အရဆို ကာတာ လိုမျိုးသာ ကမ္ဘာ့ နိုင်ငံ အားလုံး သုံးစွဲနေထိုင်ကြရင် ကမ္ဘာ ကြီးဟာ 2 လလောက်နဲ့ တစ်နှစ်စာ resources တွေ ကုန်ခန်း သွားနိုင်ပါတယ် အနည်းဆုံး အသုံးပြုတဲ့ နိုင်ငံ ဖြစ်တဲ့ အင်ဒို လို သုံးစွဲ ရင်တောင်မှ 11 လ ဝန်းကျင်လောက်သာ ခံနိုင်ပါမယ်
ပြန်စဉ်းစားကြည့်ရင် ကျနော်တို့ ရဲ့ resources အလွန်အကျွံ သုံးစွဲ မှုတွေဟာ အနာဂတ်ကနေ ပါ ချေးဌား အသုံးပြုနေကြသလိုဖြစ်လို့နေပါတယ်
မြို့ပြလိုနေရာတွေ မှာ ဆိုလဲ traffic တွေ များလာပြီး ဆူညံသံတွေ ဟာ အဆောက်အဦအတွင်းမှာ ရှိတဲ့ သူတွေ အတွက် အနှောက်အယှက်မဖြစ်စေရေး ဆိုတာ မျိုးတွေ အတွက်လဲ ပြင်ဆင်လာကြပါတယ်

လတ်တလော ဖွံဖြိုးပြီး နိုုင်ငံတွေ မှာတော့ Green Standard ဖြစ်ဖို့ criteria တွေ သတ်မှတ်ပြီး အဆင့်လေးဆင့် အနေနဲ့ ဆုံးဖြတ်သတ်မှတ်ကာ Green Certificate တွေ ပြန်လည်ထုတ်ပေးတာမျိုးရှိပါတယ်

LEED ( Leadership in Energy and Environmental Design) က သတ်မှတ်ချက်မှာတော့
1. 40 ကနေ 49 point အထိ ကို Basic Certification
2. 50 ကနေ 59 point အထိကို Silver
3. 60 ကနေ 70 point အထိ ကို Goal နဲ့
4. 80 နဲ့ အထက်ကို Platinum ဆိုပြီး သတ်မှတ်ထားရှိပါတယ်
Material အသုံးပြုမှုတွေ မှာလဲ recycle ပြန်လည်ပြုလုပ်နိုင်တာမျိုးတွေ recycle က နေ ပြန်လည် ထုတ်လုပ်ထားတာမျိုးတွေ ကို ရွေးချယ် အသုံးပြုလာကြပါတယ်

ဒါကြောင့်ပဲ Traditional သစ်သားတံခါး အသုံးပြုမှုတွေ ကနေ မှန် Aluminum တံခါးများ PVC တံခါးများ သုံးစွဲမှု ဟာ ယနေ့ပိုမိုတွင်ကျယ်လာတာပဲ ဖြစ်ပါတယ်

R Kar
29/11/2020

26/05/2024

အပိုင်း (၇) မှာတုန်း က Daylight အကြောင်း အနည်းငယ် ရှင်းပြထားပြီးဖြစ်ပါတယ် ။ အခုအပိုင်းမှာတော့ Daylight ကို ဘယ်လို management လုပ်မလဲ သုံးစွဲ ကြမလဲ ဆိုတာ နဲ့ပါတ်သတ်ပြီး ပြောပြလိုပါတယ်

Daylight management ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြင်ပက ထွင်းဖောက်ဝင်ရောက်လာမယ့် daylight ကို အဆောက်အဦ အတွင်းနေထိုင်ကြသူတွေ အတွက် ဘယ်လို သက်တောင့်သက်သာ ဖြစ်အောင် ထိန်းညှိ မယ် ဆိုတဲ့ အချက်ပါပဲ

Exterior and interior solar shading positions တွေ automation တွေ ဟာ တွေဟာ daylight effective management အတွက် အရေးပါလှပါတယ်

Daylight ကို စနစ်တကျ သုံးစွဲခြင်း ရဲ့ အကျိုးကျေးဇူးတွေ အနေနဲ့
1. Energy efficiency and energy saving နဲ့
2. Comfort ပိုဖြစ်စေခြင်း, productivity တိုးတက်စေခြင်း တို့အပြင်
3. HVAC ( heating , Ventilation , Air Condition) ကို 10% လောက် saving ဖြစ်စေပါတယ်

Direct Sunlight ဟာ ပြတင်းမှန်နဲ့ ထိတွေ့ရာမှာ components 3 ခု အဖြစ် ကွဲထွက်သွားပါတယ်
အဲ့တာတွေ ကတော့
1. Reflection (Rs)
2. Absorption (As)
3. Transmission (Ts) တို့ဖြစ်ကြပါတယ်
Solar Transmittance (Ts) ဆိုတာက မှန်ကိုဖြတ်ပြီး ဝင်ရောက်သွားတဲ့ solar radiation ရဲ့ ရာခိုင်နှုန်း ဖြစ်ပါတယ်
Solar Absorptance( As) ဆိုတာက မှန်မှ စုပ်ယူထားလိုက်တဲ့ solar radiation ရဲ့ ရာခိုင်နှုန်းဖြစ်ပြီး
Solar Reflectance ( Rs) ဆိုတာကတော့ မှန်ကထိပြီးမှ မှန်ကနေတဆင့် reflective ဖြစ်ပြီး ပြန်ထွက်သွားတဲ့ solar radiation ရဲ့ ရာခိုင်နှုန်း ဖြစ်ပါတယ်

Ts+As+Rs ဟာ 100% နဲ့ ညီရပါတယ်

Exterior wall တွေ အတွက် Shading နဲ့ positioning တွေ ပြုလုပ်ရာမှာ horizontal နဲ့ vertical နှစ်မျိုးလုံး အသုံးပြုကြပါတယ်
တောင်ဘက် ကို orientation ဖြစ်ခဲ့မယ် ဆိုရင် horizontal အသုံးများပြီး
Vertical fin တွေနဲ့ egg crate ပုံစံမျိုးကိုတော့ အရှေ့နဲ့ အနောက်ဘက် orientation တွေ မှာ အသုံးများကြပါတယ်
မြောက်ဘက် orientation ဖြစ်တဲ့ အဆောက်အဦတွေ အတွက်တော့ direct solar gain ကို အနည်းငယ်သာ ရရှိမှာ ဖြစ်တာကြောင့် များသောအားဖြင့် shading device တွေ ထည့်လေ့ မရှိပါဘူး

Interior shading အနေနဲ့ကတော့ လိုက်ကာတွေ နဲ့ blond တွေကို အများဆုံး အသုံးပြုကြပြီး သူတို့ဟာ ပြင်ပ က ဝင်ရောက်လာပြီး ဖြစ်တဲ့ long solar wave အတွက်တော့ ကောင်းကောင်း မကွာကွယ်နိုင်ကြပါဘူး
Daylight design တွေရဲ့ goal ဟာ shading device တွေ ရဲ့ size နဲ့ window opening ပေါ် အခြေခံအားဖြင့် မူတည်နေပြီးတော့ ဒါတွေဟာ building ရဲ့ ပြင်ပ သွင်ပြင်လက္ခဏာ ပေါ်ကို လဲ သက်ရောက်မှု ရှိပါတယ်

Daylight တွေကို control ပြုလုပ်ရာမှာ အသုံးပြုမယ့် window နဲ့ မှန်ရွေးချယ်မှု ကလဲ အရေးကြီးပါတယ်
အဓိက အချက်တွေ အနေနဲ့
1. Window specification and characteristics
2. Window U Value
3. Window Solar heat gain coefficient or shading coefficient
4. Glass Visible Transmission
5. Tinted, color, coating အစရှိတဲ့ အချက်တွေ အပေါ် စဉ်းစား ရွေးချယ်ကြလေ့ရှိပါတယ်

R Kar
29/9/2020

25/05/2024

Facade Design တွေ ပြုလုပ်တဲ့ အခါမှာ အရေးကြီးတဲ့ နောက်အချက်တစ်ခု ကတော့ Climate ပါပဲ အဲ့ထဲမှာ Day light နဲ့ Shading ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခု အဖြစ်ပါရှိပါတယ်
သဘာဝ အလင်း ကို ထိန်းချုပ်ခြင်း ပျံ့နှံ့စေခြင်းအားဖြင့် အဆောက်အဦ အတွက် လိုအပ်တဲ့ light ကို ထိန်းညှိပေးနိုင်ပြီး energy efficiency ကို ရရှိစေမှာ ဖြစ်ပါတယ် ဒီလို building design strategies တွေ အတွက် shading devices တွေ အသုံးပြုပြီး လိုအပ်တဲ့ day lighting ရရှိအောင် ဖန်တီး ပြုလုပ်ကြရပါတယ်
ပုံမှန်အားဖြင့် ပူတဲ့ ဒေသ တွေ မှာ နေ ရဲ့ အလင်းနဲ့ အပူဟာ လိုတာထက်ပိုရနေတာကြောင့် cooling ဖြစ်ဖို့ energy တွေ အသုံးပြုကြရပါတယ် ဒီလို energy အသုံးပြုရတာတွေ လျှော့ချစေနိုင်ဖို့ အတွက် shading device တွေ ကို အသုံးပြုကြရပါတယ် အေးတဲ့ဒေသတွေ အတွက်ကြပြန်တော့ warming ဖြစ်ဖို့ energy တွေ အသုံးပြုရသက်သာ အောင် နေရောင်ခြည် ပိုမို ရရှိဖို့ ပြတင်းတွေ အလင်းဝင်ပေါက်တွေ ပိုမို အသုံးပြုပြီး solar heating ကို ရယူကြရပါတယ်
သေချာစွာ design ပြုလုပ်ထားတဲ့ sun control တွေ shading device တွေဟာ ပူလွန်း အေးလွန်းတဲ့ အခြေအနေတွေ ကြောင့် energy အသုံးပြုရမှုကို အကောင်းဆုံး လျော့ချ ပေးနိုင်ပြီး အဆောက်အဦ အတွင်း ကောင်းမွန် လုံလောက်တဲ့ အလင်းရောင် ရရှိစေနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်
Day light က ဘယ်လို ကောင်းကျိုးတွေ ကို ဖြစ်ပေါ်စေပါသလဲ
1. Electrical energy အပေါ်မှီခို နေရမှုတွေ လျော့ကျစေနိုင်တယ်
2. အသုံးပြုသူတွေ အတွက် မီးအလင်းရောင်အောက်မှာ လုပ်ဆောင်ရတာထက် productivity တိုးတက်စေတယ် စိတ်ကို ပိုပြီး တက်ကြွတဲ့ ခံစားမှုမျိုးကို ဖြစ်ပေါ်စေပါတယ်
3. ယေဘူယျ အားဖြင့် ကျန်းမာရေး နဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေ မှာလဲ ကောင်းမွန် တိုးတက်ခြင်း စတာတွေ ရရှိခံစားရစေပါတယ်

Day Light ကို ကောင်းမွန်စွာ အသုံးချနိုင်ရေး အတွက် သိထားရမယ့် အချက်တွေ လဲ ရှိပါတယ်
အဲ့တာတွေ ကတော့ စူးရှတောက်ပလွန်းတဲ့ အလင်းရောင်ဟာ လူတွေ ရဲ့ အမြင်အာရုံ ကို အနှောက်အယှက်ဖြစ်စေနိုင်တာ အပူရှိန် ပိုမို ဝင်ရောက်နိုင်တာ
တိုက်ရိုက် နေရောင်ခြည်ဟာ အခန်းတွင်း အပူချိန် ကို တိုးမြင့်စေပြီး နေရထိုင်ရ ခက်စေနိုင်တာ
ရာသီဥတု နဲ့ နေ့တာ ပေါ်မူတည်ပြီး မတည်မငြိမ်ရှိတတ်တာ နဲ့
UV rays တွေ ဟာ လူ့အရေပြားတွေ ကို ထိခိုက်ပျက်စီးစေတာ တွေ ဟာ day light ကို ချိန် ဆ အသုံးချ နိုင်ရေး အတွက် သတိထား စီမံရမယ့် အချက်တွေ ပဲ ဖြစ်ပါတယ်

Day light မှာ
1. Direct Sunlight
2. Reflective Sunlight
3. Diffused Sunlight ဆိုပြီး ရှိပါတယ်

Day light အပေါ် သက်ရောက်တဲ့ factor တွေ အနေနဲ့
1. ရာသီဥတု အခြေအနေ
2. ရာသီ အလိုက် နေလမ်းကြောင်း ရွေ့လျားမှု
3. အဆောက်အဦ တည်နေရာ နဲ့ မျက်နှာမူရာ အရပ်
4. Siting နဲ့
5. ပြတင်းတွေ နေရာ ချထားမှု တို့ က Day light အပေါ် သက်ရောက်မှု ရှိကြပါတယ်

ရာသီဥတု သာယာ ချိန်တွေ မှာ Direct Sunlight ရဲ့ illuminance ဟာ 7000 ကနေ 10000 fc အထိ ရှိတတ်ပြီး
တိမ်ထူထပ်တဲ့ နေ့တွေ မှာဆို Diffused light ဟာ 1000 ကနေ 5000 fc အထိ ရှိတတ်ပါတယ်

ရာသီ အလိုက် Solar Variation ကတော့ နွေရာသီ နဲ့ ဆောင်းရာသီ တွေ မှာ ကွဲလွဲချက်အဖြစ် Angle of sunlight ပြောင်းတာ နေဝင်ချိန် နေထွက်ချိန် ပြောင်းလဲ တာတွေ ရှိပါတယ်

အဆောက်အဦ ရဲ့ တည်နေရာ နဲ့ အလှည့်ပေါ်မူတည်ပြီး နေလမ်းကြောင်း ပြောင်းလဲ မှုအလိုက် နေရောင်ခြည် ရရှိမှု ကွာဟ နိုင်တာတွေ လဲ ရှိပါတယ်

ကိုယ့်ရဲ့ sitting plan ပေါ်မူတည်ပြီးလဲ ဘေးအဆောက်အဦကြောင့် အရိပ်ကျတာ ဘေးအဆောက်အဦးရဲ့ မျက်နှာပြင် အလင်းပြန်မှုကြောင့် အလင်းစူးတာ မျိုးတွေ လဲ ဖြစ်ပေါ်တတ်ပါတယ်

အလင်းဟာ ပြတင်းကို ဖြတ်ပြီး အဆောက်အဦ အတွင်းကို ဝင်ချိန်မှာ ပြတင်း height ရဲ့ 1.5 ဆ ဝင်ရောက်ပါတယ်
စူးရှတဲ့ အလင်းတွေ နဲ့ အပူကို တားဆီးဖို့ Tinted သို့မဟုတ် reflective glass တွေ ကို အသုံးပြု ကာကွယ်နိုင်ပါတယ် ဒါပေမယ့် အဲ့လို ပြုလုပ်ခြင်းဟာ မြင်ကွင်း ကိုတော့ အနဲငယ် limit ဖြစ်စေပါလိမ့်မယ်

R Kar
28/9/2020

24/05/2024

Facade Engineering အကြောင်းပြောမယ် ဆို Building Envelope ဆိုတာ ဘာလဲ လို့ သိထားဖို့ လိုပါမယ် Building envelope ဆိုတာ အဆောက်အဦ ရဲ့ ပြင်ပ မျက်နှာစာ ကို ခေါ်ဆိုတာ ဖြစ်ပြီး Aesthetic design တွေ ပုံဖော် ကြရာ ပတ်ဝန်းကျင် ရာသီဥတု နဲ့ တိုက်ရိုက်တွေ့ဆုံရာ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်

Facade design တွေ ပြုလုပ်ရာ မှာ လှပ ခန့်ငြားဖို့ Function တွေ အဆင်ပြေဖို့ အပြင် safety ဖြစ်ဖို့ ကလဲ အရေးကြီး ပါတယ်
Loading တွေ Curtain Wall System တွေ အကြောင်း ကို အရင်မပြောပဲ ဒီတပိုင်းကိုတော့ အခုနောက်ပိုင်း ကျနော်တို့ နိုင်ငံ မှာ လဲ တွင်ကျယ်လာနေပြီဖြစ်တဲ့ fire safety ပိုင်းနဲ့ ပတ်သတ်လို့ လုပ်ဆောင်ရတဲ့ အပိုင်း ကို ပြောပြချင်ပါတယ်

Fire Engineering ဆိုတာ လူတွေ၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ သူတို့ရဲ့ ပါတ်ဝန်းကျင် တွေ ကို မီးဘေး ကနေ ကာကွယ်ပေးနိုင်ဖို့ အတွက် သိပ္ပံ နည်းကျ ပေါင်းစပ်စုဖွဲ့ထားတဲ့ engineering principles တွေ ကို ခေါ်ဆိုတာ ဖြစ်ပါတယ် ( BS 7974:2001)

Fire Safety အတွက် ဘယ်သူတွေ က တာဝန်ယူ လုပ်ဆောင်ကြသလဲ

Design ပိုင်းနဲ့ပတ်သတ်လို့

1. Fire Consultant
2. MEP engineer
3. Architect
4. Structural engineer
5. Electrical engineer တွေက တာဝန်ယူဆောင်ရွက်ပါတယ်
Construct လုပ်တဲ့အပိုင်း နဲ့ပတ်သတ်လို့

1. Contractor
2. Sub Contractor
3. Interior Designer
4. Architect တို့က တာဝန်ယူ ရပါတယ်

နေထိုင်ကြတဲ့ အခါမှာတော့

1. Building Owner
2. Facility Manager
3. Fire safety Manager
4. Security
5. Fire alarm Contractor တို့က တာဝန်ယူဆောင်ရွက်ရပါတယ်

Fire Safety နဲ့ ပတ်သတ်ရင်တော့ NFPA ( National Fire Protection Association) က ထုတ်ပြန်ထားတဲ့ Standard guide line တွေ ကို မှီငြမ်းလေ့ ရှိကြပါတယ်
ဆိုင်ရာ နိုင်ငံ ရဲ့ မီးသတ်အဖွဲ့တွေ က သီးသန့်ထုတ်ပြန်ထားတဲ့ standard တွေ လဲ ရှိတတ်ပါတယ်
များသော အားဖြင့် NFPA 5000 ( Building Construction and Safety Code) နဲ့ NFPA 92 ( Detail rules, Procedures and Guidelines developed and test) ကို အခြေခံ ပြီး Third party တွေ အနေနဲ့ test လုပ်ကြစစ်ဆေးကြပါတယ်

အဆောက်အဦ အခြေအနေပေါ်မူတည်ပြီး
အဆင့်လိုက် Code တွေ Standard တွေ အရ design ပြုလုပ်ကြရပါတယ်
အဆောက်အဦ ဖွဲ့စည်းပုံ နဲ့ အသုံးပြုမှုပေါ်မူတည်ပြီး area လိုက် portion လိုက် ဘယ်အပိုင်းကိုတော့ဖြင့် 2 hours fire rating သုံးမယ် ဘယ်အပိုင်းကိုတော့ ဖြင့် 1 hour fire rating သုံးမယ် အစရှိသည်ဖြင့် design ပြုလုပ်ကြလေ့ရှိပါတယ် အဓိက ကတော့ အဆောက်အဦ အတွင်းက လူတွေ ဘေးကင်းရာ ကို ထွက်ခွါနိုင်ဖို့ အချိန် တစ်ခု ရအောင် မီးလောင်အားကို ထိန်းချုပ်ပြီး မီးငြိမ်းသတ် ရ လွယ်ကူအောင် စီမံဆောင်ရွက်ကြခြင်းဖြစ်ပါတယ်
Fire Protection ပြုလုပ်ကြရာမှာ နှစ်ပိုင်း ခွဲခြား နိုင်ပါတယ်

1. AFP ( Active Fire Protection) နဲ့
2. PFP ( Passive Fire Protection) ဆိုပြီး နှစ်မျိုး ခွဲခြားနိုင်ပါတယ်

AFP က မီးလောင်နေစဉ် အတွင်း လုပ်ဆောင်မယ့် Action ဖြစ်တဲ့
1. Fire Extinguisher
2. Sprinkler
3. Fire Alarm
4. Firefighters အစရှိတာတို့ ကို ခေါ်ဆိုတာ ဖြစ်ပြီး

PFP ကတော့ အဆောက်အဦ ကို အချိန်တစ်ခုထိ မီးလောင်ဒဏ် ခံနိုင်အောင် Design ပြုလုပ်ထားတဲ့ နံရံတွေ မှန်တွေ ကြမ်းခင်းတွေ ဆေးတွေ အစရှိတာတွေ ကို ဆိုလိုတာဖြစ်ပါတယ်

Facade Engineer တွေ ဟာ ဒီနေရာမှာ မှန်လို Composite လို နံရံမျိုးတွေ မီးလောင်ဒဏ် ခံနိုင်ရည် ရှိဖို့ နဲ့ အထပ်မြင့် အဆောက်အဦတွေ မှာ တလွှာ နဲ့ တလွှာကြား အပူရှိန်ကြောင့် မီးကူးစက်မှု မဖြစ်ရအောင် fire stop material ထည့်သွင်းခြင်းမျိုးတွေ အတွက် Design process မှာ participate ပြုလုပ်ရပါတယ်
Mock up တွေ ပြုလုပ်ပြီ Lab မှာ test လုပ်တာတွေ system ရဲ့ performance စစ်ဆေးတာမျိုးတွေ ပြုလုပ်ကြရပါတယ်

R Kar
28/9/2020





R Kar
28/9/2020

23/05/2024

Glass တွေ ကို float အတိုင်း အသုံးပြုလေ့ ရှိသလို Tempered, laminate, glazing, coating အစရှိသည်ဖြင့်လဲ ပြုလုပ်အသုံးပြုလေ့ရှိပါတယ်

1. Float Glass ဆိုတာ ကတော့ ဘာမှ ထပ်ပေါင်းပြုလုပ်ထားခြင်း မရှိသေးတဲ့ ရိုးရိုး glass ကို ပြောတာဖြစ်ပါတယ် သူ့ကို annealed လိုခဲ ခေါ်လေ့ရှိကြပါတယ် ကျနော်တို့ မြန်မာ နိုင်ငံ မှာတော့ အတော်များများ မှန်စိမ်း ရိုးရိုးမှန် အစရှိသဖြင့် ခေါ်ဝေါ် သုံးစွဲ ပါတယ်။ ကွဲကြေမှု ဖြစ်တဲ့ အခါမှာ အရွယ်အစားအမျိုးမျိုး ပုံစံ အမျိုးမျိုးနဲ့ ကွဲကြေတတ်ပါတယ်

2. Full Tempered Glass ကို မြန်မာပြည်တွင်းမှာ တွင်ကျယ်စွာ အသုံးပြုနေကြပြီြဖစ်ပါတယ်။ Full Tempered Glass တွေကို အပူချိန် 650 degree Celsius နဲ့ အပူပေးပြီး ချက်ချင်းပြန်လည် အအေးခံတဲ့ နည်းနဲ့ ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။ Tempered ပြုလုပ်ခြင်းအားဖြင့် မှန်တွေဟာ mechanical strength ပိုမို တိုးမြင့်လာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ 73 Mpa ( 1060 psi) ခံနိုင်ရည်ရှိပါတယ်။နောက်ပြီး tempered glass ဟာ safety glass အမျိုးအစားဖြစ်တာမို့ ကွဲကြေတဲ့ အခါ သေးငယ်တဲ့ အရွယ်အစား လေးတွေအဖြစ် ကွဲကြေပါတယ်။ ဒါပေမယ့် တစ်ခု သတိထားရမှာကတော့ Tempered glass တွေ ဟာ အခြေအနေ တစ်ခု မှာ nickel sulfide inclusion ကြောင့် အလိုလျှောက် ကွဲကြေတတ်တာ ကိုပါပဲ ။ ဒီလိုမဖြစ်စေဖို့ အတွက် heat soak test လုပ်ဖို့လိုအပ်ပြီး အဲ့ service ကို မြန်မာနိုင်ငံမှာပြုလုပ်ပေးသူ မရှိသေးတဲ့ အတွက် ခက်ခဲမှု အနည်းငယ်ရှိပါတယ်။ မကြာခင်မှာတော့ မြန်မာနိုင်ငံမှာ လဲ ပြုလုပ်ဆောင်ရွက်လာနိုင်မယ် လို့ ယူဆပါတယ်။
3. Heat Strengthened Glass တွေ ကတော့ Semi Tempered glass လို့ပြောရမယ် ထင်ပါတယ်. ပြုလုပ်တဲ့ process က full tempered နဲ့ ဆင်တူ ပြီး အအေးပြန်ခံတဲ့ ကြာချိန် ပေါ်မူတည်ပြီး ကွဲပြားသွားတာ ဖြစ်ပါတယ် mechanical strength က 36.5 Mpa ( 5300 psi) ဖြစ်ပြီး ကွဲကြေတဲ့ အခါ မှာတော့ annealed glass တွေ လိုပဲ ကွဲကြေပါတယ်။
4. Double Glazing/ Triple Glazing စတဲ့ Glass များကိုတော့ အသံလုံ ဖို့၊ အပူ ကာ ဖို့ ၊ နောက်ဆုံး fire resistance ဖြစ်ဖို့ အထိ တွေ ပါ ပြုလုပ် အသုံးပြုလာကြပါတယ်
5. Laminated Glass တွေ ဟာ လဲ safety Glass အမျိုးအစားတွေ ပဲ ဖြစ်ပြီး PVB layer ကြားခံ နဲ့ မှန် နှစ်ချပ် သို့ နှစ်ချပ်တဲ့ ပိုတဲ့ မှန်တွေ ကို တွဲ ဆက် အသုံးပြုလေ့ရှိပါတယ် multi layer laminated တွေ မှာဆို bullet resistant ထိ ပြုလုပ်လာအသုံးပြုလာကြပါတယ်
6. Tinted, Obscured, reflective, Low E အစရှိတဲ့ Glass Type ပေါင်းများစွာလဲ ရှိပါသေးတယ်။ ဒါပေမယ့် material တစ်မျိုးထဲ ကိုတောင် အကျယ်ချဲ့ ရေးရင် မကုန်နိုင်တော့တာမို့ နောက်မှ ခေါင်းစဉ်ခွဲ တစ်ခု အဖြစ် သီးသန့် ရေးသား ဖော်ပြပေးပါ့မယ်

Glass မှာ နောက်ထပ်အရေးကြီးတဲ့ သတိပြုရမယ့် အချက်တစ်ခု ကတော့ Distortion လို့ခေါ်တဲ့ ပုံပျက်ခြင်း တနည်း အလင်းယိုင်ခြင်း ပဲ ဖြစ်ပါတယ်
Installation fault ကြောင့်သော်လည်းကောင်း material fault ကြောင့်သော်လည်းကောင်း
Processing fault ကြောင့်သော်လည်းကောင်း မှန်တွေ မှာ distortion တွေ ဖြစ်ပေါ်လေ့ရှိတာမို့ ပစ္စည်းရွေးချယ်ရာမှာ တပ်ဆင်အသုံးပြုရာ မှာ အထူး သတိပြုသင့်တဲ့ အချက်တစ်ခု အနေနဲ့ ထည့်သွင်း ဖော်ပြလိုက်ပါတယ်

R Kar
27/9/2020

19/05/2024

Glass as Glazing Material

Glass တွေ ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ် ဆိုရင် ဘယ်က စလဲ ဆိုတာတော့ သေချာတဲ့ အထောက်အထား မရှိသေးပါဘူး ခရစ်တော် မပေါ်မီ 7000 BC လောက်က ရှေးအကျဆုံး အထောက်အထားကိုတွေ့ရှိခဲ့တာကြောင့် 5000 BC လောက်က အီဂျစ်တွေ Glass Production စလုပ်ခဲ့တယ် ဆိုတာထက်ကို စောနေတာမို့ အဲ့လို ပြောရတာပါ
650 BC လောက်မှာတော့ Glass တွေ ထုတ်လုပ်တာနဲ့ ပါတ်သတ်တဲ့ မှတ်တမ်းမှတ်ရာတွေ ရှိခဲ့ပါတယ် 30 BC လောက်မှာ ဖန်မှုတ်ခြင်းလုပ်ငန်းတွေ ဖွံ့ဖြိုးလာခဲ့ပြီး Flat Glass တွေ လဲ စတင်ထုတ်လုပ်နိုင်နေပြီ ဖြစ်ပါတယ်

ခရစ်တော် မွေးဖွားချိန် မှာ မှန်ပြတင်း အသေးလေးတွေ စတင်အသုံးပြုနေပြီ လို့ တချို့ ကလဲ ဆိုပါတယ် ဒါပေမယ့် ဒါဟာ လုံးဝ luxury ပါ
AD 1500 လောက်မှာ ဖန်ချက်ခြင်း လုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ်
AD 1662 မှာ Cast Glass Process ကို ပြင်သစ်တို့က မူပိုင်ခွင့်တင်ခဲ့ပါတယ်
AD 1668 မှာ Cast Glass Process တွေကို Table process အဖြစ် Lucus De Nehau က ဆန်းသစ်ခဲ့ပါတယ်
1688 ကနေ 1900 ခုနှစ်တွေ အတွင်းမှာ Table Process ဟာ အဆင့်ဆင့် ပြောင်းလဲ တိုးတက်လာခဲ့ပါတယ်
1900 ခုနှစ်မှာပဲ မျက်နှာပြင် နှစ်ဖက်လုံး ညီညာပြန့်ပြူးတဲ့ Visual Defects မရှိတဲ့ Clear Crystal Glass တွေ ကို ဖန်တီးနိုင်ခဲ့ကြပါတယ်
1902 ခုနှစ်မှာ Fourcault process ကို Development ပြုလုပ်နိုင်ခဲ့ကြပါတယ်
ဖန်ရည် ကို nozzle တစ်ခု ကနေ ထုတ်ပြီး Glass ပြုလုပ်တဲ့ နည်းပညာ ဖြစ်ပါတယ်
1906 မှာ Colburn Pulling Process နဲ့ 1928 မှာ Pittsburg Pulling Process အစရှိတာတွေ ပေါ်ပေါက်လာကြပါတယ်
1958 ခုနှစ်မှာတော့ လက်ရှိ အသုံးပြုနေတဲ့ Float Glass Process ကို Pilkington က တီထွင် ဖော်ထုတ်ခဲ့ပါတယ်
Glass တွေ ရဲ့ Performance ကို တိုင်းတာရာမှာ Optical performance နဲ့ Thermal performance ဆိုပြီး တိုင်းတာ ဖော်ပြလေ့ရှိပါတယ်
Optical Performance တွေ အနေနဲ့
1. Transmittance
2. Reflectance တို့ဖော်ပြကြပြီး

Thermal performance တွေ အနေနဲ့
1. Absorptance
2. U Value
3. Reflective heat gain
4. Shading Coefficient
5. Solar heat gain coefficient
6. Thermal Stress
7. Color Rendering Index အစရှိတာတွေ နဲ့ ဖော်ပြလေ့ရှိပါတယ်

R Kar
27/9/2020

18/05/2024

အပိုင်း (3)
Facade Cladding Technology မှာ အမျိုးမျိုးသော material components ရွေးချယ်စရာတွေ ရှိပါတယ်

အများဆုံး ရွေးချယ်လေ့ ရှိတာတွေ ကတော့

1. မှန်
2. Aluminum Composite Panel
3. Solid Aluminum
4. Stone Cladding
5. Aluminum Strip
6. Louver တို့ ဖြစ်ကြပါတယ်

အခြား အသုံးပြုလေ့ ရှိတာတွေ လဲ ရှိပါတယ်
1. GRC ( Glassfiber Reinforced Concrete)
2. FRP ( fiber Reinforced Polyester)
3. CFRC ( Carbon fiber reinforced Composite)
4. Ceramic
5. Timber
6. Fabric အစရှိတာတွေ လဲ alternative material များ အနေနဲ့ အသုံးပြုကြတာရှိပါတယ်

(အသုံများတဲ့ Material Component တွေ အကြောင်းကို နောက်မှာ အသေးစိတ်ထပ်မံ ရေးသားပါဦးမယ်)

Facade အတွက် material components တွေ ရွေးချယ်ရာမှာ အခြေခံ အားဖြင့် Durability နဲ့ Degradation ဆိုတဲ့ အချက် 2 ချက်အပေါ်မှာ စဉ်းစားဆုံးဖြတ်ကြပါတယ်

Durability ဆိုတာ ကတော့ material ရဲ့ သက်တမ်းဘယ်လောက်ကြာရှည်ခံမလဲ ဆိုတာ ကို စဉ်းစားရတာပါ Definition အရတော့
Maintenance လုပ်စရာမလိုပဲ သူရဲ့ design life တစ်လျှောက် ဘယ်လောက်ကြာရှည်ခံနိုင်မယ် ဆိုတဲ့ အပေါ် မူတည်ဆုံးဖြတ်တယ် လို့ ဆိုပါတယ်

Degradation ဆိုတာကတော့ အားလျော့ ပျက်စီးလာတဲ့ အခြေအနေ တွေ ဆိုတာဖြစ်ပြီး ဘယ်လိုတွေ ကြာရှည်ခံအောင် လုပ်မလဲ ကာကွယ်တားဆီးထားမလဲ ဆိုတာ ကို ဆုံးဖြတ်ဖို့ အတွက် Degradation ကို သေချာ သိဖို့ လိုအပ်ပါတယ်

Durability နဲ့ Degradation အပေါ် သက်ရောက်တဲ့ Environmental factor တွေ အနေနဲ့
1. Solar radiation
2. Temperature ပြောင်လဲ မှုများ
3. ရေ နဲ့ ရေငွေ့
4. လေ
5. မိုး
6. နှင်း
7. ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတု အခြေအနေတွေ ဖြစ်တဲ့ လေပြင်းမုန်တိုင်းတွေ၊ ရေကြီး ရေလျှံမှုတွေ မိုးသီးကြွေခြင်း အစရှိတာတွေ က သက်ရောက်ပြီး material ရဲ့ lifetime အပေါ် impact သက်ရောက်ပါတယ်

ဒီအခါ မှာ Degradation ဖြစ်ပေါ်စေမယ့် အချက်တွေ ဖြစ်တဲ့

1. ပွတ်တိုက် ပျက်စီးမှုများ
2. Dimensional change
3. အရောင်လွင့်ပြယ်လာခြင်း
4. ဆွေးမြည့်ခြင်း
5. ရေ / လေ အစရှိသည်တို့ ယိုစိမ့်လာခြင်း
6. ဖောင်းကြွလာခြင်း
7. အရည်ပျော်လာခြင်း
8. ဆားပေါက်ခြင်း
9. ပွန်းပဲ့ ခြင်း တို့ ဖြစ်ပေါ်လာ ကြပါတယ်

ဒါတွေ ဖြစ်ပေါ်လာတဲ့ အခါ ဘယ်လို အချိန်မှိ ထိန်းသိမ်းကြမလဲ ပျက်စီးမှု ကို ဘယ်လို ကာကွယ် ကြမလဲ ဆိုတာ တွေ ဟာ facade design ပြုလုပ်စဉ်ကတည်း က ထည့်သွင်း စဉ်းစား ထားရမယ့် အချက်တွေ ပဲ ဖြစ်ပါတယ်

R Kar
27/9/2020

Want your business to be the top-listed Interior Service in Yangon?
Click here to claim your Sponsored Listing.

Htet Myat Arkar Co.,Ltd

The Htet Myat Arkar Co.,Ltd ( R Kar Design & Decoration Services) was founded by Arkar Htet and Theingi Aung in 2010 and now has more than 100 employees. At the beginning make as a family business and now its services not only Design & Decoration but also Civil work and Project Management to our customers.

Vision

To be a quality driven Design & Decoration and Façade industry

Mission

Telephone

Address


No(505) Gandawin (2) Street, Industry Zone (5) Hlaing Tharyar Township
Yangon
11401

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Other Yangon interior services (show all)
Yu Wa Lay Crochet Collections Yu Wa Lay Crochet Collections
Yangon

Welcome from crochet world��

အောင်စုမွန် အောင်စုမွန်
No. 852(B), Shu Khinn Thar Road, 4/South Ward, Thakayta Township
Yangon, 11231

- မီးဖိုချောင်သုံး ကြွေထည်၊ ဖန်ထည်ပစ္စည်းများ - Tableswares and Glasswares

Cham Myae Tha Luxury Furniture Cham Myae Tha Luxury Furniture
No. 10/A, Kabaraye Pagoda Road, Mayangone Township
Yangon, 11061

CMT provides lavish interior decoration experiences. We specialize in production and more.

By Boke By Boke
Mingaladon
Yangon

Handmade is heartmade ♡

LADA's LAND LADA's LAND
Yangon

Crochet & embroidery products လေးတွေ ရရှိနိုင်ပါတယ် !

Happy Petals Happy Petals
Kamayut
Yangon

LW Bouquet LW Bouquet
Yangon

Floral service

Pearl White - Rice & Oil Trading Pearl White - Rice & Oil Trading
Kyaung Kone 2
Yangon

High Quality , Fair Price , Customer Satisfaction

Phyoe Mattress & Furniture Phyoe Mattress & Furniture
No. 903, ဒ-17, Shwepyitar
Yangon

CLINE Design & Furniture CLINE Design & Furniture
Dhamayone Street
Yangon, 11017

CLINE for you to create your home , apartment , office and shop be modernized and updated in 21st Century. We develop all updated designs, Structures and material every seconds an...