Printcity Myanmar
One-stop Printing Service
#နှစ်သစ် ပီတိ
ဒီကနေ့၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ကျွန်တော့်ဆီကို "အမေက သူထင်ထားတာထက် စာအုပ်က ပိုကောင်းနေလို့ ဦးမြင့်သူကို ကျေးဇူးတင်တယ် ပြောပေးပါလို့ မှာပါတယ်"ဆိုပြီး မက်ဆေ့တစ်စောင် ဝင်လာပါတယ်။ ဒီလိုအဓိပ္ပာယ်ရတဲ့မက်ဆေ့ လက်ခံရရှိတာ သင်္ကြန်မတိုင်ခင်ကတစ်ကြိမ်၊ သင်္ကြန်တွင်းမှာတစ်ကြိမ် လက်ခံရရှိပြီးဖြစ်လို့ ဒီတစ်ကြိမ်ရတာက တတိယအကြိမ် ဖြစ်ပါတယ်။ အမှန်တော့ ဒီအကြောင်းကိုပဲ တယ်လီဖုန်းကတစ်ဆင့် ကြားသိထားရပြီးသားဖြစ်ပါတယ်။ ကြားထဲမှာ လက်ရှိမိုးညှင်းဆရာတော်ကြီးကလဲ စာအုပ်အလွန်ကောင်းကြောင်း သတင်းစကားပါးပြီး ဖြစ်ပါတယ်။ အမေက စာအုပ်ကိုကြည့်ပြီး အံ့သြလွန်းလို့ လက်တွေဘာတွေတောင် တုန်ရတယ်လို့ သမီးဖြစ်သူက ပြောတာကိုလဲ လက်ခံရရှိပါတယ်။
ဘာကြောင့် ကျွန်တော့်ကို အထပ်ထပ်ကျေးဇူးတင်နေရတာလဲဆိုတော့ ကျွန်တော်တို့ Print City ကို လာအပ်တဲ့ စာအုပ်တစ်အုပ်နဲ့ ပတ်သက်ပါတယ်။ ပြီးခဲ့တဲ့ တစ်လခွဲနှစ်လလောက်က ကိုမျိုးမြတ်သူက သူ့မိတ်ဆွေတစ်ယောက်ကို ကျွန်တော့်ဆီလွှတ်ပြီး စာအုပ်တစ်အုပ်လုပ်ပေးဖို့ အကူအညီတောင်းပါတယ်။ စာအုပ်က မိုးညှင်းဆရာတော်ဘုရားကြီးရဲ့ ''ဝိပဿနာအလုပ်ပေးစဉ်တရားကြီး"စာအုပ်ဖြစ်ပါတယ်။ ကျွန်တော့်ကို ၁၉၅၈ ခုနှစ်၊ ပြည်ကြီးမဏ္ဍိုင် ပိဋကတ်ပုံနှိပ်တိုက်က ထုတ်ဝေခဲ့တဲ့ မူရင်းစာအုပ်ပေးပါတယ်။ စာအုပ်အခြေအနေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝ ကျော်ကထုတ်ထားတာဆိုတော့ နည်းနည်းလေး ကြွရွချင်နေပါတယ်။ ကွန်ပျူတာစာစီသမားလက်ထဲအပ်လိုက်ရင် တစ်စစီ ပြဲကွဲသွားပြီး ကြေသွားမယ့်အနေအထားဖြစ်ပါတယ်။
အဲဒီအချိန်မှာ ကံကောင်းတာက ကျွန်တော်တို့ Print City မှာ ပုံနှိပ်စာအုပ်တွေကို ကွန်ပျူတာစာလုံးအဖြစ်ပြောင်းဖို့ ကြိုးစားနေတာ အတော်ကလေး အဆင်ပြေနေပြီလို့ ပြောရင်ရပါတယ်။ သည်စာအုပ် ရောက်မလာခင်မှာ သည်စာအုပ်ထက်အခြေအနေဆိုးတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁ဝဝ ကျော်က ထုတ်ဝေခဲ့တဲ့ ကျမ်းစာအုပ်တစ်အုပ် (မြန်အောင်ဆရာတော်ဘုရားကြီး၏ ကာယဒီပကရှုဖွယ်ကျမ်းနှင့် ရွှေဘိုဆရာတော်၏ ဟေတုဖလဓမ္မရာသီကျမ်း) လက်ခံလုပ်ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ စာပေမိတ်ဆွေ ကိုရဲမိုးကျော်က သူ့ဖခင်ရဲ့ ၇၅ နှစ်ပြည့်မွေးနေ့မှာ မိတ်ဆွေအပေါင်းအသင်းတွေကို စာအုပ်အလှူပေးချင်လို့ အပ်ထားတဲ့ စာအုပ်တစ်အုပ် လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီအတွေ့အကြုံကို အခြေခံပြီး မိုးညှင်းဆရာတော်ကြီးရဲ့ စာအုပ်ကို အစအဆုံး ကွန်ပျူတာစာစီသမားလက်ထဲမအပ်တော့ဘဲ ရုံးတွင်းမှာပဲ (ကြီးကြီးကျယ်ကျယ်စကားလုံးသုံးပြီး ပြောရရင်) AI လို့ခေါ်တဲ့ artificial intelligent သုံးပြီး ကွန်ပျူတာစာလုံးတွေ ပြောင်းဖြစ်ခဲ့ပါတယ်။ စာအုပ်ကို scan ဖတ်တဲ့နေရာမှာ စာအုပ်မပျက်စီးအောင်အတွက် AIIZ ဆိုတဲ့ book drive ဆိုတဲ့ စက်ကြီးကို သုံးပါတယ်။ ပြီးတော့မှ ကွန်ပျူတာထဲမောင်းထည့်ပြီး ပုံနှိပ်စာအုပ်ထဲက စာမျက်နှာတွေကို စာသားတွေ (ကျွန်တော်တို့ကတော့ ပြည်ထောင်စုဖောင့်ကို သုံးပါတယ်) အဖြစ် ပြောင်းပစ်ပါတယ်။ ကွန်ပျူတာစာစီသမားတစ်ယောက် ဒီအလုပ်ကိုပဲ တစ်နေကုန်ထိုင်လုပ်မယ်ဆိုရင် တစ်လနီးပါးလောက် စာရိုက်ရမယ့်အလုပ်ကို တစ်ရက်တည်းနဲ့ အားလုံးကွန်ပျူတာစာစီပြီး ဖြစ်သွားပါတယ်။
တစ်ခုတော့ ရှိပါတယ်။ မိုးညှင်းဆရာတော်ကြီးရဲ့ မူရင်းစာအုပ်ရဲ့ ပုံနှိပ်အရည်အသွေးကြောင့်ရယ် (ခဲစာလုံးခေတ်ဆိုတော့ ရေးချတွေက တစ်ဂဏန်းနဲ့ ဆင်နေတာမျိုး၊ တဝမ်းပူတို့ ထဆင်ထူးတို့က မူရင်းမှာကိုက စောင်းနေပြီး ဘကုန်းတို့၊ ကကြီးတို့ဖြစ်နေတာမျိုး ကွန်ပျူတာက သူမြင်သလို ဖတ်ပြီးပြောင်းပေးတာဆိုတော့ စာအုပ်အကြမ်းထွက်ဖို့က တစ်ပတ်လောက် အချိန်ယူခဲ့ရပါတယ်) စာအုပ်က ကြာပြီဆိုတော့ တခြား အစွန်းအထင်းတွေ ပါတာရယ်ကြောင့် ထွက်လာတဲ့ result က နည်းနည်း error များပါတယ်။ ဒါလဲ စောစောကပြောသလို AI အကူအညီနဲ့ ဖြေရှင်းလိုက်နိုင်ပါတယ်။
အလုပ်အပ်သူက သူထင်တာနဲ့တခြားစီဖြစ်နေလို့ အကြိမ်ကြိမ်သာ ကျေးဇူးတင်နေတာ။ ချောပါတယ်ဆို ဒါတောင် သနပ်ခါးမလိမ်းရသေးဘူးအကဲပိုချင်တယ်ပြောချင်ပြောစေတော့ တကယ်တော့ သူတို့ဆီရောက်သွားတဲ့ စာအုပ်က ပရုဖ်ဖတ်ဖို့အဆင့်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော့် Print City က ဝန်ထမ်းတွေက professional တွေဖြစ်တဲ့အတွက် လုပ်ထားကိုင်ထားတာက အဆင်အပြင်ကအစ မြင်နေကျတွေနဲ့ ကွာခြားနေတာ၊ ဒစ်ဂျစ်တယ်ပုံနှိပ်ကော်ပီဆိုတော့ ရိုးရိုးအော့ဖ်ဆက်နဲ့ ကွာခြားတာဖြစ်ပါတယ်။ အလုပ်ရှင်က သြစတေးလျမှာ ရောက်နေတဲ့ အသက် ၉၅ နှစ်အရွယ် မိခင်တစ်ဦးဖြစ်ပြီး သားသမီးတွေက မိခင်အတွက် အလှူပြုဖို့ ဖြစ်ပါတယ်။
ဒီလိုကျေးဇူးတင်ခံရတာ ဒီတစ်ကြိမ်တည်း မဟုတ်ပါဘူး။ အကြိမ်ကြိမ်ပါပဲ။ မကြာသေးခင်ကဆို ကင်ဆာရောဂါဖြစ်ပွားနေပြီး ဆရာဝန်တွေက ဘယ်လောက်ပဲ ဘယ်မျှပဲ နေရတော့မယ်ဆိုပြီး သတ်မှတ်ခံထားရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ထံကလဲ ဒီလိုပဲ အထပ်ထပ်အခါခါ ကျေးဇူးတင်စကား ဆိုတာကို ကြည်နူးစွာ လက်ခံရရှိခဲ့ပါတယ်။ သူ့မိသားစုဝင်တစ်ယောက်က "ဆရာ လုပ်ပေးတဲ့အတွက်ကြောင့် အတော်ဝမ်းသာသွားတာ။ ဒီလိုဖြစ်လာမယ်လို့ လုံးဝထင်ထားတာမဟုတ်ဘူး။ စာအုပ်ကို တကိုင်ကိုင်နဲ့၊ လှန်လိုက်၊ ဖတ်လိုက်။ အနားရှိတဲ့သူကို ပြောပြလိုက်နဲ့ အသက်တောင် ဆက်သွားနိုင်တယ် ဆရာ" လို့ ဆိုပါတယ်။ တကယ်ပဲ ကျွန်တော်တို့လုပ်ပေးတဲ့စာအုပ်ကြောင့်ပဲလား၊ သူ့ရဲ့ ကံဇာတာကိုက မကုန်သေးတာလားမသိ ဆရာဝန်တွေသတ်မှတ်ပေးတဲ့ရက်ကို ကျော်သွားပြီ ဖြစ်ပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ပေးလိုက်တဲ့ ဝန်ဆောင်မှုကြောင့် လူတစ်ယောက်၊ မိသားတစ်စု အခုလို ကြည်နူးဝမ်းသာဖွယ်တွေ ရရှိခံစားသွားရတဲ့အတွက် ကျွန်တော်တို့လဲ သူတို့နဲ့ ထပ်တူ ဝမ်းသာကြည်နူးရပါတယ်။
အခုလို မြန်မာတို့ရဲ့ နှစ်သစ်မှာ မင်္ဂလာရှိတဲ့စကား ထပ်ခါထပ်ခါ ကြားလိုက်ရတဲ့အတွက်လည်း ပျော်မဆုံးပါလို့။
နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။
ပုံစာများ
စာအုပ်အဟောင်းကို အခုလို စက်ကြီးနဲ့ ဖတ်ပါတယ်။ ပြီးတော့ ကွန်ပျူတာမှာ ကွန်ပျူတာစာလုံးတွေအဖြစ်ပြောင်းပါတယ်။
ဝိပဿနာအလုပ်ပေးစဉ်တရားကြီးစာအုပ် အတွင်းစာမျက်နှာ။

ဝိပဿနာအလုပ်ပေးစဉ်တရားကြီးစာအုပ် မူရင်း အတွင်းစာမျက်နှာ။
PrintCity Digital Printing လုပ်ငန်းတွင် တာဝန်ထမ်းဆောင်ရန်
ကွန်ပျူတာ ဝန်ထမ်း (ကျား/မ) ၁ ဦး အလိုရှိသည်။
Photoshop ကျွမ်းကျင်စွာ အသုံးပြုတတ်ရမည်။
InDesign, Illustrator, MS Word, Excel, Email အသုံးပြုတတ်ရမည်။
ဒီဇိုင်းဖိုင်များကို ပရင့်ထုတ်ရန် လိုအပ်သလို ပြင်ဆင်တတ်ရမည်။
ကွန်ပျူတာဆိုင်များတွင် အလုပ်လုပ်ဖူးသူ၊ ကာလာမိတ္တူ/Digital Printer များ အသုံးပြုဖူးသူ ဦးစားပေးမည်။
လုပ်ငန်းကျွမ်းကျင်မှုပေါ်မူတည်၍ လစာညှိနှိုင်းပေးပါမည်။
လျှောက်ထားလိုပါက CV Form တွင် မျှော်မှန်းလစာ တစ်ပါတည်းဖော်ပြပြီး ၂၀.၇.၂၀၂၃ မတိုင်မီ Page CB သို့မဟုတ် [email protected] သို့ email ပေးပို့ လျှောက်ထားနိုင်ပါသည်။
မေးမြန်းစုံစမ်းလိုပါက တနင်္လာ-သောကြာ မနက် ၉:၃၀ မှ ၅:၃၀ အတွင်း 09 965000 119 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
အစမ်းခန့်ကာလ - ၃ လ
လာမယ့် ၂၉ ရက်နေ့ ကြာသပတေးနေ့က အစိုးရရုံးပိတ်ရက် ဘက္ကရီးအစ်နေ့ ဖြစ်မယ်လို့ သိရပါတယ်။
မေလ ၁ ရက်နေ့မှ ၃ ရက်နေအထိ
ဆိုင်ပိတ်ထားမှာဖြစ်လို့
ရုံးပိတ်ရက်အတွင်း ပုံနှိပ်ရန် စုံစမ်းလိုပါက အောက်ပါ ဖုန်းနံပါတ် သို့မဟုတ် CB မှ ဆက်သွယ်နိုင်ပါတယ်။
Phone/Viber - 09 965000 118
SECURITY PRITING
SOLUTION
THE USES AND BENEFITS OF SECURITY PRINTING
6 January 2023
Printing is vital for many people and a lot of companies, but the demand for secure printing is becoming more apparent every day. Security print services are an essential part of many products, especially products with a monetary or social value such as tickets, certificates or gift cards. as With a huge range of security features available, you can secure the value of your item and prevent replication from fraudsters. Throughout this blog we’ll look at what secure printing is, how it can benefit you as an organisation and which type of industries use secure printing solutions.
What is secure printing?
Secure printing is the process of creating documents and products in a professional way that prevents unauthorised copies being made. This type of printing is able to be accomplished by using high-end secure printing machines, or secure print software. With a host of innovative methods, security print has come a long way in the last ten years and now has now expanded into the digital marketplace too.
What type of products are to be expected to utilise secure printing?
There are many products that can benefit from secure printing and security features, as these help keep the product authentic, safe and free from counterfeiting. Here is a list of some that we provide at Print City, from physical products to e-products:
* Certificates
* Tickets
* Specimen bags
* Membership cards
* Loyalty cards
* Gift cards
* Specialty solutions (long service awards, local currencies, etc.)
* Gift vouchers
What are the benefits of secure printing?
Prevents confidential information getting into the wrong hands
Secure printing can help prevent error and fraud by ensuring that sensitive data, intellectual property and personally identifiable information do not get into the wrong hands. This can include things such as financial information, patient records, medical research data and more. With the use of security features, you’re able to make your documents authentic which combats any forgery and counterfeiting that may allow someone access to the wrong information.
Prevents error and fraud
Secure printing allows you to prevent errors, fraud and other issues that can occur with standard printing techniques. With the use of professional security features, your documents and products will be authentic and protected. It also provides an efficient way of producing documents quickly and effectively, reducing costs associated with waste or defective products, or any costs associated with counterfeited products.
Customer relationships
Through the use of secure printing solutions, you are able to connect with your consumers in an effective and safe way. From producing plastic card products such as membership or loyalty cards, through to representing your brand with gift vouchers, all of the above can help increase customer loyalty to your brand.
Safe events
Ticket for events are extremely important, with industries such as festivals and sports keen to protect their profits and ensure only legitimate customers can gain access. Offering innovative techniques to ensure security is upheld for event tickets, there are options to add unique and customisable security features to stop counterfeiting and keep your events secure, not over populated and running smoothly.
How can secure printing help you?
Secure printing is able to help your business to meet targets with better efficiency, protect profitability and safety. If you want to protect your company’s sensitive information from being stolen or leaked, secure printing is a cost-effective way to do it. No matter your industry, there is always a way secure printing solutions will benefit your business.
Secure printing has become an essential part of any businesses security strategy because it provides data protection at an affordable price. Your products from gift cards to tickets will be secure and authentic, combatting any fraudulent activity to keep your company and events safe. This not only protects you, but also will save you money from paying for any changes or fixings.
Get in touch
If you want to improve the efficiency and safety of your business, then secure printing is an essential part of the solution. You can reduce costs and improve productivity, all whilst improving your customer relationships. Feel free to get in touch with us at Print City if you’re interested in how we can help your business with secure print solutions today.
PRINT CITY
No. 263, Cornor of Theinpyu street & Mahabandoola street, YMCA building, Botahtaung Tsp. Yangon, Myanmar.
Phone: 09965000118, 09965000119.
e-mail : [email protected]
#လွန်ခဲ့တဲ့ နှစ် ၅ဝ က ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း (အပိုင်း ၃)
လွန်ခဲ့တဲ့ နှစ် ၅ဝ က စာအုပ်ထုတ်ဝေရေးလုပ်ငန်းအကြောင်း အစိုးရမော်ကွန်းရုပ်ရှင်က ရိုက်ကူးတင်ပြထားတဲ့ ဗီဒီယို အပိုင်းအစလေးတစ်ခု ဖြစ်ပါတယ်။ ပထမပိုင်းအနေနဲ့ တင်ပြလိုက်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၅ဝ က ပုံနှိပ်ထုတ်ဝေရေးအခြေအနေနဲ့ ဒီကနေ့ခေတ် ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းများအခြေအနေကို နှိုင်းယှဉ်ကြည့်နိုင်အောင် တင်ပြပေးလိုက်ပါတယ်။
ဒီဗီဒီယိုအပိုင်းအစလေးကို ကိုချမ်းသာကြည်စိုးက သူစုဆောင်းထားတာတွေထဲက ကူညီပေးထားတာဖြစ်ပါတယ်။
#လွန်ခဲ့တဲ့ နှစ် ၅ဝ က ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း (အပိုင်း ၂)
လွန်ခဲ့တဲ့ နှစ် ၅ဝ က စာအုပ်ထုတ်ဝေရေးလုပ်ငန်းအကြောင်း အစိုးရမော်ကွန်းရုပ်ရှင်က ရိုက်ကူးတင်ပြထားတဲ့ ဗီဒီယို အပိုင်းအစလေးတစ်ခု ဖြစ်ပါတယ်။ ပထမပိုင်းအနေနဲ့ တင်ပြလိုက်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၅ဝ က ပုံနှိပ်ထုတ်ဝေရေးအခြေအနေနဲ့ ဒီကနေ့ခေတ် ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းများအခြေအနေကို နှိုင်းယှဉ်ကြည့်နိုင်အောင် တင်ပြပေးလိုက်ပါတယ်။
ဒီဗီဒီယိုအပိုင်းအစလေးကို ကိုချမ်းသာကြည်စိုးက သူစုဆောင်းထားတာတွေထဲက ကူညီပေးထားတာဖြစ်ပါတယ်။
#လွန်ခဲ့တဲ့ နှစ် ၅ဝ က ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း (အပိုင်း ၁)
လွန်ခဲ့တဲ့ နှစ် ၅ဝ က စာအုပ်ထုတ်ဝေရေးလုပ်ငန်းအကြောင်း အစိုးရမော်ကွန်းရုပ်ရှင်က ရိုက်ကူးတင်ပြထားတဲ့ ဗီဒီယို အပိုင်းအစလေးတစ်ခု ဖြစ်ပါတယ်။ ပထမပိုင်းအနေနဲ့ တင်ပြလိုက်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၅ဝ က ပုံနှိပ်ထုတ်ဝေရေးအခြေအနေနဲ့ ဒီကနေ့ခေတ် ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းများအခြေအနေကို နှိုင်းယှဉ်ကြည့်နိုင်အောင် တင်ပြပေးလိုက်ပါတယ်။
ဒီဗီဒီယိုအပိုင်းအစလေးကို ကိုချမ်းသာကြည်စိုးက သူစုဆောင်းထားတာတွေထဲက ကူညီပေးထားတာဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
သင့်စိတ်တိုင်းကျ ဒီဇိုင်းတွေကို အချိန်တိုအတွင်း ဖန်တီး ပုံနှိပ်ပေးမယ်
စာအုပ် ပုံနှိပ်ထုတ်ဝေချင်တာလား... အရေအတွက် အများကြီး မထုတ်ချင်ဘူးလား... ရပါတယ်... တစ်အုပ်ကနေ စပြီး ထုတ်နိုင်တယ်....
ရှားပါး စာအုပ်တွေ ပြန်ရှာဝယ်မရတော့လို့ scan ဖတ်... ပြန်သန့်ပြီး သိမ်းထားချင်လည်း ရတယ်...
အချိန်အကြာကြီး မစောင့်ချင်ဘူးလား... ချက်ချင်းပုံနှိပ်ပေးမှာမို့ တစ်ခါတည်း စောင့်ယူသွားနိုင်တယ်....
ဖိတ်စာကတ်လား၊ လိပ်စာကတ်လား၊ ရိုးရိုးစက္ကူလား... special paper သုံးချင်တာလား... ပလတ်စတစ်ကတ်သုံးချင်လား၊ စတစ်ကာ ထုတ်မှာလား... Vinyl ပိုစတာလား၊ ပြက္ခဒိန်လား... ဓာတ်ပုံစာအုပ် လုပ်ချင်လား... သူငယ်ချင်း အချင်းချင်း၊ ချစ်သူချင်း မှတ်မှတ်ရရ ဖြစ်စေဖို့ ဓာတ်ပုံလေးတွေ၊ စာသားလေးတွေနဲ့ အမှတ်တရစာအုပ်လေး ထုတ်ချင်လည်း ရတယ် စိတ်ကြိုက်ဒီဇိုင်းတွေ ဖန်တီးပေးဦးမှာ...
Videos (show all)
Category
Contact the business
Telephone
Website
Address
263, YMCA Building, Corner Of TheinPhyu And Mahabandula Road
Yangon
Opening Hours
Monday | 09:30 - 17:30 |
Tuesday | 09:30 - 17:30 |
Wednesday | 09:30 - 17:30 |
Thursday | 09:30 - 17:30 |
Friday | 09:30 - 17:30 |
Saturday | 09:30 - 17:30 |