OSC-Myanmar

နည်းပညာနဲ့ပတ်သက်သည့် Service များ၊ အကြံဉာဏ်ပေးမှုများကို အကောင်းဆုံးဝန်ဆောင်မှုပေးပါသည်။

Services
--------------------
Online အသုံးပြုနေသူများ၊ အွန်လိုင်းသုံးပြီးစီးပွားရေးလုပ်နေသူများအတွက် ( လိုအပ်မယ်ထင်ရင် Save ထား၊ Share ထားလိုက်ပါ။ )

Covid-19 ကြောင့် လုပ်ငန်းတွေတော်တော်များများ ရပ်နားထားလိုက်ရတာရှိသလို Online ကိုအသုံးပြုပြီး လုပ်ငန်းလည်ပတ်အောင် လုပ်ဆောင်လာမှုတွေလည်းရှိလာပါတယ်။ ဒါကြောင့် သင့်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်များ OSC-Myanmar ( Online Service

29/08/2024

ဒီပို့စ်ကိုတွေ့ရင် SS ရိုက်သိမ်းထားပါ။ 30 ရက်နေ့ကျော်တာနဲ့ Account Lock ကျတာတွေ အများကြီးရှိပါမယ်။ လိုအပ်ပါက 09421157911 ဆက်ပါ။😊

14/08/2024

Facebook Account တွေ အလွယ်တကူ Hack လုပ်မခံရစေဖို့နဲ့ မိမိရဲ့ မိသားစုဝင်၊ အသိမိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ အကောင့်တွေကနေ ငွေကြေးချေးငှားလာတဲ့အခါမှာ အလွယ်တကူ လွှဲမပေးမိကြစေဖို့ အရင်တုန်းကတည်းက ခနခန သတိပေးခဲ့ဖူးပါတယ်။

အခုလည်း ဒီ ဗီဒီယိုလေးနဲ့အတူ ထပ်ပြီး သတိပေးပါရစေ။

1. Friend List ထဲက မိမိရဲ့ မိသားစုဝင်ဖြစ်စေ၊ အသိမိတ်ဆွေကဖြစ်စေ၊ အရေးပေါ်ငွေလိုနေလို့ ဆိုပြီး ငွေကြေးလွှဲခိုင်းလာတဲ့အခါမှာ အလွယ်တကူ၊ ချက်ချင်း ကောက်မလွဲပေးမိဖို့လိုပါမယ်။

#ငွေမလွှဲခင်ဘယ်လိုလုပ်မရမလဲ?

လွှဲခိုင်းသူရဲ့ ဖုန်းနံပါတ်ကိုသိရင် ဖုန်းခေါ်ပြီးဖြစ်စေ၊ Video Call ခေါ်ပြီးဖြစ်စေ၊ ကတယ့်ကာယကံရှင် ဟုတ်မဟုတ်ဆိုတာကို သေခြာလေး Confirm လုပ်ပါ၊ သေခြာပြီဆိုမှ လွှဲပေးပါ။

2. Friend List ထဲက မိမိရဲ့ မိသားစုဝင်ဖြစ်စေ၊ အသိမိတ်ဆွေကဖြစ်စေ၊ လူစိတ်ဝင်စားစေနိုင်မယ့် အကြောင်းအရာအမျိုးမျိုးပြောပြီး Link တခုခုလာပို့ပြီး နှိပ်ကြည့်ခိုင်းခဲ့ရင် အလွယ်တကူ လုံးဝမှ နှိပ်မကြည့်မိဖို့လိုပါတယ်။

#လင့်ကိုနှိပ်မကြည့်ခင်ဘာလုပ်သင့်လဲ?

ပေးပို့လာတဲ့ Link က ယုံကြည်စိတ်ချရတဲ့ Link ဟုတ်၊ မဟုတ်ကို သေခြာလေး စစ်ဆေးကြည့်ဖို့လိုပါမယ်။ နောက်ဆုံး အဲ့ဒီလင့်ကို နှိပ်မကြည့်ပဲ Copy ယူပြီး www.virustotal.com ကို ဝင်ရောက်ပြီး URL ကိုနှိပ်ပြီး Copy ယူထားတဲ့ Link ကိုထည့်ပြီး Scan ဖတ်ကြည့်ဖို့လိုက်ပါ၊ Phishing, Malware, ဘာညာဆိုပြီး သတိပေးထားရင် လုံးဝမှ ဝင်မကြည့်၊ ဖွင့်မကြည့်ပါနဲ့တော့၊ အကောင်းဆုံးကတော့ ဘာ Link ပဲဖြစ်ဖြစ်၊ လုံးဝမှ ဖွင့်မကြည့်၊ နှိပ်မကြည့်တာက အကောင်းဆုံးပါပဲ။

အဲ့ဒီလို Link တခုကို အလွယ်တကူနှိပ်ကြည့်မိသွားခဲ့ရင် မိမိရဲ့ Account ကို အလွယ်တကူ Hack လို့ရသွားနိုင်သလို၊ မိမိရဲ့ ဖုန်းတွေ၊ ကွန်ပြူတာတွေပါ Hack ခံလိုက်ရနိုင်ပါတယ်။ အဲ့လိုဆိုရင် ဆုံးရှုံးမှုတွေ အများကြီး ဖြစ်သွားစေနိုင်တာမို့ပါ။

3. Friend List ထဲက မိမိရဲ့ မိသားစုဝင်ဖြစ်စေ၊ အသိမိတ်ဆွေကဖြစ်စေ၊ မိမိရဲ့ Facebook Notifications နဲ့ Phone Message, Email, တွေထဲကို ဝင်လာတဲ့ Code ကို ပြန်ပို့ပေးပါ၊ ပြန်ပြပေးပါလို့ပြောလာရင် လုံးဝ လုံးဝမှ ပြန်ပို့မပေး၊ ပြန်ပြမပေးပါနဲ့။

#ဘာလို့ဝင်လာတဲ့ကုတ်ကိုမပြသင့်တာလဲ?

အဲ့ဒီလို မိမိရဲ့ Facebook Notifications, Phone Message, Email, တွေ ထဲကို ဝင်လာတဲ့ Code ဆိုတာက OTP ( One Time Password) Code ဖြစ်နေလို့ပါပဲ။ အဲ့ဒီလိုဝင်လာတဲ့ကုတ်က မိမိနဲ့သာသက်ဆိုင်ပြီး အခြားသူနဲ့ လုံးဝမှ မသက်ဆိုင်တာမို့ပါ။ အဲ့ဒီကုတ်ကိုသာ တဘက်ကလူကို ပြန်ပြမိရင် မိမိရဲ့ Account Hack ခံလိုက်ရနိုင်သလို၊ မိမိရဲ့ Banking, Mobile Payment, ထဲက ငွေကြေးတွေကိုပါ ဆုံးရှုံးသွား( ခိုးယူခံလိုက်ရ ) နိုင်ပါတယ်။

ဒါကြောင့် သတိလက်လွတ်မဖြစ်မိကြစေဖို့ အထက်က အချက်လေးတွေကို အလေးထားပြီး သတိထားကြပါလို့ တိုက်တွန်းချင်ပါတယ်။

အားလုံးကို လေးစားချစ်ခင်လျှက်...

Aung Kyaw Soe ( 15.8.2024 - 1:03 AM )

Video Credit : Meta

Photos from OSC-Myanmar's post 12/08/2024

ဒီလို ကြော်ငြာပို့စ်တွေကို Like, Comment, Share, လုပ်သူတွေကို ငထုံငအတွေ၊ စောင်ငပိန်းတွေ၊ လို့တော့ မပြောချင်ပေမယ့် ပြောကိုပြောပါမယ်။

#ဒီကြော်ငြာကဂျင်းစစ်စစ်ဖြစ်ပါတယ် အဲ့ဒါကိုမသိပဲ Like, Comment, Share, လုပ်သူတွေ မနည်းမနောကိုရှိပါတယ်။

Comment ပေးနေသူ 10 ယောက်မှာ အနည်းဆုံး 7 ယောက်လောက်က Fake Account တွေပဲဖြစ်ပါတယ်။

အဲ့ဒီ Page ကို ဝင်ကြည့်ရင် Post က အဲ့ဒီတခုထဲကိုပဲတွေ့ရမှာပါ။ သူတို့က အဓိက Phishing, Scam Website, တွေနဲ့ ချိတ်ဆက်ပြီး ပို့စ်တင်ကာ ကြော်ငြာထားတာမျိုး လုပ်ထားတာဖြစ်ပါတယ်။

ဒီလိုကြော်ငြာမျိုးကို ဘာလို့ပိုက်ဆံအကုန်ခံပြီးကြော်ငြာထားတာလဲလို့ မေးကောင်းမေးလာနိုင်ပါတယ်။

တကယ်က အဲ့ဒါကိုကြော်ငြာထားတဲ့ Hacker က ပိုက်ဆံမကုန်ပါဘူး။ အဲ့ဒီလို Scam Ad တွေကို တကယ်ထင်ပြီး နှိပ်ကြည့်မိတဲ့သူတွေရဲ့ ဘဏ်ကတ်တွေကို Hack လုပ်ပြီး အသုံးပြု ကြော်ငြာထားတာဖြစ်လို့ပါပဲ။ နောက်ထပ် ငပိန်းတွေကထပ်နှိပ်ရင် အဲ့ဒီငပိန်းတွေရဲ့ Banking တွေပါ ထပ် Hack လို့ ရသွားနိုင်တာမို့ပါ။

အဲ့ဒီ Page ရဲ့ Admin info ကို ဝင်စစ်ကြည့်ရင် မြန်မာနိုင်ငံကမဟုတ်ပဲ #ဘီလာရုစ် 2 နဲ့ #ဆိုက်ပရပ်စ် 1 ဆိုပြီးတွေ့ရပါမယ်။

ဒီတော့...

ဒီလို Scam Ad တွေကို အစစ်အမှန်လို့ ယုံကြည်ပြီး Like, Comment, Share, လုပ်နေသူတွေရဲ့ User Data တွေ Hack ခံလိုက်ရပြီး Banking, Social Media Accounts, တွေပါ မကြာခန Hack ခံနေရတယ်ဆိုရင် ဒါက မထူးဆန်းတော့ပါဘူးလို့တောင် ပြောရမှာပါ။

ဘာလို့လည်းဆိုတော့ မစူးမစမ်း၊ မဆင်မခြင်ပဲနဲ့ အလွယ်တကူ ယုံကြည်တတ်သူတွေရဲ့ အားနည်းချက်ဖြစ်နေလို့ပါပဲ။

ဒါက ဂျင်းကြော်ငြာပို့စ်။

https://www.facebook.com/share/p/xEfEE2rruvZPBGgt/

ဒါက ဂျင်းကြော်ငြာပို့စ် တင်ထားတဲ့ Page Link.

https://www.facebook.com/profile.php?id=61556798515266

အချက်အလက်အမှားဖြစ်ကြောင်း စစ်ဆေးပေးထားတဲ့ ပို့စ်လင့်။

https://myanmar.factcrescendo.com/misleading-claim-ministry-of-education-to-provide-computers-andfree-online-classes-for-all/

26/07/2024

အခုခေတ်က ငွေချေးပေးတဲ့သူတွေက ငွေတောင်ကြိုလွှဲပေးတာ။ အတဲ့သူတွေနဲ့ ကိုယ့်ကိုယ် ကိုယ် လည်လှပြီထင်သူတွေခံနေကြရတာမနည်းဘူး။

သူတို့က Mobile App တခုကို ဒေါင်းခိုင်းပြီး၊ အချက်အလက်တွေဖြည့်ပြီးမှ ချေးငွေကိုလွှဲပေးလိုက်တာ။

တကယ်က Mobile App ကို ဖုန်းထဲ Download လုပ်ပြီး Install လုပ်လိုက်တာနဲ့ ဖုန်းထဲမှာရှိသမျှ Contact info, User Data, တွေ ကို သူတို့ဘက်က ဝင်ကြည့်တာ၊ တဘက်ကနေ လှမ်းယူပြီး သိမ်းဆည်းတာတွေ လုပ်လို့ရသွားတယ်။

ပြောရမယ်ဆိုရင် ကိုယ့်ဖုန်းကိုပါ Malware လိုမျိုးထည့်ပြီး Hack ထားလိုက်တာ။ ဖုန်းကို ကြိုက်သလို ထိန်းချုပ်လို့ရသလို၊ ဖုန်းထဲက အချက်အလက်တွေကိုပါ သူတို့ဘက်က စိတ်ကြိုက်ယူလို့ရနေတာ။

အဲ့ဒီမှာ ငွေချေးပြီးတာနဲ့ အတိုးတွေ အဆမတန်တောင်းမယ်။

မဆပ်ဘူးလား?
မဆပ်နိုင်ဘူးလား?

ကိုယ့်ကို ဖုန်းဆက်ပြီးဆဲမယ်။

ကိုယ့်ဖုန်း Contact info ထဲကလူတွေကို အကုန်လိုက်ဆက်ပြီး ချေးငွေနဲ့ အတိုးတွေ ဆပ်ပေးဖို့ နည်းမျိုးစုံသုံးပြီးပြောမယ်။ မရရင် အသားကုန်ပတ်ဆဲမယ်။

အချိန်ရတိုင်း၊ သတ်ရတိုင်း၊ ကိုယ်လည်း အဆဲခံရမယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေလည်း အဆဲခံရမယ်။ သူတို့ဆက်လာတဲ့ဖုန်းတွေကို ကြိုက်သလောက် Block, ကိုယ့်ဖုန်းနံပါတ်ကို ကြိုက်သလိုချိန်း၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုပါ မကြာခန စိတ်အနှောက်အယှက်ပေးပြီး ပြဿနာရှာနေတာမျိုးတွေလုပ်တယ်။

ကိုယ့်မှတ်ပုံတင် နဲ့ ကိုယ့်ဖုန်းထဲက ရသွားတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး Facebook, TikTok တွေကနေ အကောင့်တုတွေနဲ့ အရှက်ခွဲတာမျိုးတွေလည်း လုပ်တတ်ကြသေးတယ်။

နောက်ဆုံး သူတို့ရစရာရှိတာကို မရမက နည်းမျိုးစုံနဲ့ ရအောင် ပြန်တောင်းတတ်ကြတယ်။

စိတ်ရှုပ်ခံနိုင်ရင် တပြားမှ မပေးနဲ့၊ တချို့က ကိုယ်တိုင် သို့မဟုတ် ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ခနတိုင်း စိတ်အနှောက်အယှက်ပေးနေလို့၊ အရှက်တွေ လိုက်ခွဲနေလို့ ဆိုပြီး ‌ချေးငွေရော၊ မတန်တဆ အတိုးတွေကိုရော ဆပ်ပေးလိုက်ကြတာများတယ်။

ကျွန်တော့်ဆီကိုရောက်လာသမျှ ချေးငွေ ချေးမိသူရော၊ မချေးပဲ လက်တည့်စမ်းမိပြီး ဒုက္ခရောက်သူတွေရော အများကြီးမှ၊ အများကြီးပဲ။

ဒါကြောင့် အွန်လိုင်းပေါ်ကနေ ချေးငွေ ဆိုတာတွေနဲ့ မပတ်သက်ကြပါနဲ့၊ ဝေးဝေးနေကြပါလို့ သတိပေးချင်ပါတယ်။

Video Credit : Meta Myanmar page.

Photos from OSC-Myanmar's post 12/07/2024

ဒီနေ့ Facebook Account တွေ ကျတာမနည်းဘူး။ မနက်ကတည်းက လိုင်းလေးအဆင်ပြေနေလို့ Laptop စဖွင့်လိုက်ကတည်းကနေ အခုထိ တောက်လျောက် Disabled ကျတဲ့အကောင့်တွေပဲ Service ထိုင်ပေးနေရတယ်။

#ဘာကြောင့်ဖြစ်တာလဲ?

တော်တော်များများက အောက်က အချက်တွေထဲက တခုမဟုတ်၊ တခုကို ပြုလုပ်မိလို့ဖြစ်တာများပါတယ်။( တခါတလေ အဖြေရှာမရပဲ Disabled ချခံရတာတွေကိုလည်းတွေ့ရပါတယ်။ )

Disabled ကျတဲ့ အကောင့်မှာ အဲ့လို မဖြစ်ခင်


1. Messenger မှာ စကားပြောထားတဲ့ Screenshot ကို Post တင်မိတာ။

2. Payment နဲ့ ပတ်သက်တဲ့ ငွေလွှဲ၊ ငွေလက်ခံ၊ Screenshot ကိုတင်မိတာ၊ Comment ကနေ မန့်မိတာ။

3. တစုံတယောက်ရဲ့ Profile ကိုဖြစ်စေ၊ တစုံတယောက်တင်ထားတဲ့အရာကိုဖြစ်စေ၊ Screenshot ရိုက်ပြီး Post တင်ခဲ့မိတာ။

4. အလုပ်ခေါ်စာမျိုးကို တင်မိတာ၊ Share မိတာ။

5. Link တခုခုကို Post တင်မိတာ၊ Comment ကနေ မန့်မိတာ၊ Messenger ကနေ ပို့မိတာ။

6. Facebook ရဲ့ Policy, Community Standards, တခုခုကို ချိုးဖောက်မိထားတဲ့ အရာတခုခုကို တင်မိ၊ Share မိတာ။

7. Account Hack ခံရပြီး Hacker က Permanently Disabled တန်းချခံရနိုင်တဲ့၊ တန်းကျစေနိုင်တဲ့ Photo, Video မျိုးတွေကိုတင်တာ။

8. Hate speech လိုတွေ၊ အကြမ်းဖက်တဲ့ အသုံးနှုန်းတွေ ကို Post တင်မိတာ၊ Comment ပေးမိတာ။

အဲ့လိုမျိုးတွေအပြင်၊ Like, Comment, Share, တခုခုကို ဆက်တိုက်တွေလုပ်မိတာတွေကြောင့်လည်း Account Disabled ချခံရနိုင်ပါတယ်။

Disabled ချခံရပြီး အောက်ကစာမျိုးကို Login Screen မှာ တွေ့ရပါလိမ့်မယ်။

_____

[[ Account Name ]]

We suspended your account
180 days left to appeal or we'll permanently disable your account

Suspended on July 11, 2024



Your account is not visible to people on Facebook right now, and you cannot use it.



You have 180 days left to appeal our decision. We may need to collect some info from you that'll help us review your account again.



Your account, or activity on it, doesn't follow our Terms of Service on who can use Facebook.

___

Google Translate......

[[ အကောင့်နာမည် ]]

သင့်အကောင့်ကို ကျွန်ုပ်တို့ ဆိုင်းငံ့ထားပါသည်။
အယူခံဝင်ရန် ရက်ပေါင်း 180 ကျန်သေးသည် သို့မဟုတ် ကျွန်ုပ်တို့သည် သင့်အကောင့်ကို အပြီးတိုင်ပိတ်လိုက်ပါမည်။

ဇူလိုင်လ 11 ရက် 2024 တွင် ရပ်ဆိုင်းခဲ့သည်။

#ဒါကဘာကိုဆိုလိုတာလဲ။

သင့်အကောင့်ကို ယခုအချိန်တွင် Facebook ပေါ်ရှိလူများက မမြင်နိုင်သောကြောင့် ၎င်းကို သင်အသုံးမပြုနိုင်ပါ။

#သင်ဘာလုပ်နိုင်သလဲ။

ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်ကို အယူခံဝင်ရန် ရက်ပေါင်း 180 ကျန်သေးသည်။ သင့်အကောင့်ကို ပြန်လည်သုံးသပ်ရာတွင် အထောက်အကူဖြစ်စေမည့် သင့်ထံမှ အချက်အလက်အချို့ကို စုဆောင်းရန် လိုအပ်နိုင်ပါသည်။

#ဘာကြောင့်ဒီလိုဖြစ်သွားတာလဲ။

သင့်အကောင့် သို့မဟုတ် ၎င်းပေါ်ရှိ လုပ်ဆောင်ချက်သည် Facebook သုံးနိုင်သူအတွက် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုစည်းမျဉ်းများကို မလိုက်နာပါ။

_____

#အဲ့လိုဖြစ်ခဲ့ရင်ဘယ်လိုလုပ်ရမလဲ?

အခုလိုမျိုးဖြစ်ရင် သူ့လမ်းညွှန်ချက်တွေအတိုင်း Identity Confirm လုပ်ခိုင်းတာကို သေခြာလေးလိုက်လုပ်ပါ။

မလုပ်တတ် လုပ်တတ်နဲ့ ရမ်းသမ်းမလုပ်မိဖို့လည်းလိုပါမယ်။

နောက်တခုက ယခင်တုန်းက ရက် 30 Disabled ချပြီး၊ ယခုအခါ ရက် 180 Disabled ပြောင်းလဲထားပါတယ်။ အဲ့ဒါကို မသိတဲ့ သူအချို့က အဲ့ဒီရက်ကျော်ရင် အကောင့်က အလိုလျောက်ပြန်ပွင့်လာမယ်လို့ ထင်ပြီး ပစ်ထားတတ်ကြပါတယ်။

တကယ်က အဲ့လိုမပစ်ထားရပါဘူး။ အဲ့ဒီရက်အတွင်းမှာ အယူခံဝင်ဖို့ပြောထားတာပါ။ အဲ့ဒီရက်ကျော်သွားတာနဲ့ အယူခံမအောင်ခဲ့ရင်ပဲဖြစ်ဖြစ်၊ အယူခံမဝင်ခဲ့ရင်ပဲဖြစ်ဖြစ်၊ Permanently Disabled ဖြစ်ပြီး Facebook Account က လုံးဝမှသုံးလို့မရတော့ပဲ ပျက်သွားပါတယ်။

တခါတလေ ဒီနေ့ပဲ Disabled ကျ၊ ဒီနေ့ပဲ ရာသက်ပန် တန်းချခံရတာမျိုးတွေလည်းရှိတယ်။ အယူခံဝင်လိုက်ရတာလည်းရှိသလို၊ ဘာအယူခံမှ မဝင်လိုက်ရပဲနဲ့ ရာသက်ပန်တန်းပြီးအပိတ်ခံရတာမျိုးတွေလည်းရှိပါတယ်။

အကယ်၍ 180 Day Disabled ချခံရပြီဆိုတာနဲ့ ဘာမှ မလုပ်တတ်ရင်ပဲဖြစ်ဖြစ်၊ လုပ်တတ်ပေမယ့် အမြန်ပြန်ရချင်ရင်ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ဆီမှာ လာအပ်ကြည့်လို့ရပါတယ်။

Disabled ကျခါစမှာ Try ကြည့်ဖို့ နည်းလမ်းတွေအများကြီးရှိလို့၊ ကံကောင်းရင် ချက်ချင်း ခနလေးအတွင်းမှာ အကောင့်ပြန်သုံးလို့ရသွားနိုင်ပါတယ်။ ( 100% တော့ အာမ မခံပေးပါ။ Try ကြည့်ပြီးမှပဲ သိရပါမယ်။ )

Disabled ကျပြီး ၄၈ နာရီ၊ ၇၂ နာရီ၊ ကျော်သွားပြီးတဲ့အထိ ပြန်မရသေးတဲ့အကောင့်တွေဆိုရင်တော့ Try ကြည့်ဖို့နည်းလမ်းတွေ နည်းပါးသွားပြီး၊ ပြန်ရနိုင်ခြေ နည်းသွားပါပြီ။ ရာသက်ပန် အပိတ်ခံရနိုင်ခြေပိုများသွားပါတယ်။

ကဲ... စာလည်းရှည်နေပြီမို့ ဒီမှာပဲ အဆုံးသတ်လိုက်ပါပြီ။

အားလုံးပဲ ဇူဇူ နဲ့ Facebook Ai ရဲ့ ဒုက္ခပေးမှုကြောင့် Account ပျက်ခြင်းတွေ ကနေ ကင်းဝေးနိုင်ကြပါစေ။ 😁

အားလုံးကို လေးစားချစ်ခင်လျက်....

Aung Kyaw Soe ( 11.7.2024 - 7:34 PM )

Photos from OSC-Myanmar's post 16/05/2024

Messenger မှာ Zawgyi Font ကို Auto Convert မရနိုင်တော့ပါ။

2019 ခုနှစ် အောက်တိုဘာ ( ၁ ) ရက်နေ့မှာ ယူနီကုတ်ကို မြန်မာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြောင်းလဲအသုံးပြုလာတာ အခုဆို ( ၅ ) နှစ်ပြည့်ခါနီးပါပြီ။

အဲ့ဒီအပြောင်းအလဲမှာ Facebook ဘက်က မြန်မာနိုင်ငံသားများအတွက် Facebook နဲ့ Messenger မှာ Font ကနေ ကို အလိုလျောက် ပြောင်းလဲပေးတဲ့စနစ်ကို ထည့်သွင်းပေးခဲ့ပါတယ်။

အဲ့လို Zawgyi Font to Unicode Font ကို Auto Convert လုပ်ပေးလိုက်တဲ့အတွက် #ဇော်ဂျီဖောင့် ကို ယနေ့အထိ အသုံးပြုနေကြသူများအတွက်ရော၊ #ယူနီကုတ်ဖောင့် ကို အသုံးပြုနေကြသူများအတွက်ရော အဆင်ပြေနေစေခဲ့ပါတယ်။

ယခုအခါမှာတော့ Messenger မှာ Zawgyi Font ကို ဆက်လက်ပြီး Auto Convert လုပ်ပေးသွားမှာမဟုတ်တော့လို့ Zawgyi Font အသုံးပြုသူများအနေနဲ့ Unicode ကို ပြောင်းလဲအသုံးပြုကြဖို့ Facebook ဘက်ကနေ တရားဝင်ကြေညာချက်ထုတ်ပြန်ပေးလိုက်ပြီပဲဖြစ်ပါတယ်။

#ဇော်ဂျီဖောင့်ကိုဆက်သုံးနေမယ်ဆိုရင်ဘာဖြစ်နိုင်မလဲ?

Zawgyi Font ကို ဆက်ပြီးအသုံးပြုနေကြဦးမယ်ဆိုရင် Messenger ကနေ ယူနီကုတ်သမားတွေဆီကိုစာပို့ရင် တဘက်က ဖတ်လို့ရမှာမဟုတ်တော့သလို၊ ယူနီကုတ်သမားက စာပြန်ပို့လာရင်လည်း ဖတ်လို့ရတော့မှာမဟုတ်ပါဘူး။

ဒါကြောင့် ယူနီကုတ်ကို မဖြစ်မနေ ပြောင်းလဲအသုံးပြုမှကိုရပါတော့မယ်။

မိမိအသုံးပြုနေတဲ့ Device က ယူနီကုတ်ဖြစ်နေရမယ်။

မိမိအသုံးပြုနေတဲ့ Keyboard က #ယူနီကုတ်ကီးဘုတ် ဖြစ်နေရမယ်။

လက်ရှိ Messenger ဘက်မှာ Auto Convert ကို Support မပေးတော့တာဖြစ်ပြီး၊ Facebook ဘက်မှာတော့ Auto Convert ရနေဦးမှာဖြစ်ပါတယ်။ ဒါကလည်း နောက်ဆို မရနိုင်တော့တဲ့အနေအထားဖြစ်နိုင်တာမို့ အခုကတည်းက ယူနီကုတ် ကိုသာ ပြောင်းသုံးကြပါလို့ တိုက်တွန်းချင်ပါတယ်။

#ယူနီကုတ်ပြောင်းသုံးဖို့ဘာစလုပ်ရမလဲ?

အောက်မှာ ကဏ္ဍအလိုက် အပိုဒ်လေးတွေခွဲပြီး Link လေးတွေလည်း ထည့်ပေးထားပါတယ်။ အရင်ဆုံး မိမိအသုံးပြုနေတဲ့ Device က ယူနီကုတ်ဖြစ်နေပြီလား၊ မဖြစ်သေးဘူးလားဆိုတာကို အရင်ဆုံး စစ်ဆေးကြည့်ပါ။

____

#မိမိဖုန်းကယူနီကုတ်သုံးထားမထားဒီမှာစစ်ကြည့်ပါ။

လက်ရှိအသုံးပြုနေတဲ့ Device ကို Unicode ဖြစ်မဖြစ်စစ်ရန်အတွက် အောက်ပါ Link တွင် ဝင်ရောက်ပြီး အလွယ်စစ်ကြည့်နိုင်ပါတယ်။

https://www.osc-myanmar.com/p/devicecheck.html

____

#ဖေ့ဘုခ်ပေ့ခ်ျအကူအညီရယူရန်။

အခုမှ #ယူနီကုတ် ပြောင်းသုံးမယ့်သူတွေအတွက် Facebook မှာ Myanmar Unicode Support သို့မဟုတ် လို့ ရိုက်ရှာလိုက်ပါ။ အလွယ်ရှာမတွေ့ရင် ဒီ Page Link မှာ ဝင်ကြည့်ပါ။
https://www.facebook.com/MyanmarUnicodeSupport

အဲ့ဒီမှာ ယူနီကုတ်ပြောင်းလဲအသုံးပြုမည့်သူများအတွက် ပို့စ်လေးတွေတင်ထားပေးတာရှိပါတယ်။

Page Message m.me/MyanmarUnicodeSupport လေးကို နှိပ်ပြီးဝင်ကြည့်လိုက်ရင် အလွယ်တကူ Support ပေးထားတာလေးတွေကိုလည်း မြင်တွေ့ရပါလိမ့်မယ်။

____

#ကီးဘုတ်ထည့်သွင်းနည်းနှင့်အသုံးပြုနည်း။

Android ဖုန်းတွေအတွက် Gboard ဆိုတဲ့ Google က ထုတိထားတဲ့ Keyboard ကတော့ အကောင်းဆုံးလို့ပြောရပါမယ်။

အောက်မှာ ထည့်သွင်းနည်း နဲ့ အသုံးပြုနည်းကို Video လေးနဲ့ လုပ်ပြပေးထားပါတယ်။

ကီးဘုတ် ကို Gboard ထည့်သွင်းနည်းနဲ့ အသုံးပြုနည်း Video.

https://www.facebook.com/share/v/L1PkjBKxQsDJqcVx/

iOS တွေ အတွက်ကတော့ TT keyboard ကိုဒေါင်းပြီး အဲ့ဒီထဲက MyanSan ကီးဘုတ်ကိုထားပြီး အသုံးပြုပါ။

____

#ယူနီကုတ်ပြောင်းသုံးပြီးစာလုံးဆင့်ဘယ်လိုရိုက်ရမလဲ?

Unicode အသုံးပြုတဲ့အခါမှာ စာလုံးဆင့်တွေကိုမရိုက်တတ်သေးဘူးဆိုရင် ပုံသေမှတ်ထားရမှာလေးရှိပါတယ်၊ အဲ့ဒါကတော့ ကိုယ်ဆင့်ချင်တဲ့စာလုံးကိုမရေးမီ အောက် ဝိရာမ "္" လေးကို အရင်ရိုက်ပေးရပါတယ်။

ဥပမာ -

ဝတ္ထု ကိုရိုက်မယ်ဆိုရင်... ဝ + တ + ္ + ထ + ု လို့ ရိုက်ရပါမယ်။

မင်္ဂလာပါ ကိုရိုက်မယ်ဆိုရင်... မ + င + ် + ္ + ဂ + လ + ာ လို့ ရိုက်ရပါမယ်။

သင်္ဘော ကိုရိုက်မယ်ဆိုရင်... သ + င + ် + ္ + ‌ေ + ဘ + ာ လို့ ရိုက်ရပါမယ်။

ခြင်္သေ့ ကိုရိုက်မယ်ဆိုရင်... ခ + ြ + င + ် + ္ + ‌ေ + သ + ့ လို့ ရိုက်ရပါမယ်။

ငယ်ငယ်က စာသင်တဲ့အခါမှာ လက်ရေးနဲ့ချရေးတဲ့ လက်ရေးမူအတိုင်း လိုက်ရေးရပါမယ်။ စာလုံးဆင့်ဖို့၊ တွဲလုံးသုံးဖို့ဆိုရင် အောက် ဝိရာမ "္" လေးနဲ့ တွဲသုံးပေးရတယ်ဆိုတာကို မှတ်ထားပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

www.MyanmarUnicodeSupport.blogspot.com
____

Meta ( Facebook ) မှ ထုတ်ပြန်ချက်ကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

https://www.messenger.com/help/1088741315735724

အားလုံးကို လေးစားချစ်ခင်လျှက်...

Aung Kyaw Soe ( 16.5.2024 - 8:16 AM )

Photos from OSC-Myanmar's post 14/05/2024

Banking, Mobile Payment တွေနဲ့ ပတ်သက်တဲ့ လိမ်ညာလုပ်စားနေသူတွေကို တာဝန်ရှိသူတွေအနေနဲ့ ဘယ်လောက်အထိ လက်ပိုက်ကြည့်နေကြဦးမှာပါလဲ?

KBZPay ရဲ့ အမည်နာမကို အသုံးပြုပြီး၊ Messenger, Viber, Telegram, Phone Message, Phone Call, တွေကနေ လိုက်လံလိမ်ပြီး လုပ်စားနေသူတွေကို KBZ Pay နဲ့ KBZ BANK ဘက်က ထိထိရောက်ရောက်ဖြစ်အောင် ကိုယ်တွယ်ပြီး အရေးယူသွားဖို့မရှိဘူးလားဆိုတာကို တကယ်ပဲသိချင်မိပါတယ်။ ( အခြား ဘဏ်များလည်း ပါပါတယ်။ )

Case တခုဖြစ်ရင် လိမ်ညာသူတွေရဲ့ ဖုန်းနံပါတ်တွေရနေပြီပဲ သက်ဆိုင်ရာအော်ပရေတာတွေနဲ့ချိတ်ဆက်ပြီး တရားခံတွေကို ဖော်ထုတ်၊ ထိထိရောက်ရောက် အရေးယူတာမျိုးတွေ လုပ်ပြပေးသင့်ပါတယ်။

လုပ်မယ်ဆို လုပ်လို့ရနေပါလျှက်နဲ့ ဘာကြောင့်များ အဲ့လိုမလုပ်ကြတာလည်းမသိဘူး။

ပင်မဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီဘက်ကတောင် ဘာမှမလုပ်ရင် ဒီလို အလိမ်အညာ Case တွေက အမြဲဖြစ်နေဦးမှာပါပဲ။

#ကိုယ်အလို့ကိုယ်ခံရတာပဲဆိုပြီးပစ်ထားသင့်ရဲ့လား?

မသိနားမလည်လို့ အလိမ်ခံနေရတဲ့ Customers တွေကို မစာနာ၊ မသနား၊ ဘူးလား? လို့ပဲ မေးရမှာပါ။

တချို့တွေက Cyber Security နဲ့ပတ်သက်ပြီး ဘာဆိုဘာမှ မသိကြတဲ့သူတွေအများကြီးပါ။ အဲ့ဒီလို မသိနားမလည်သူတွေပဲ အများဆုံး အလိမ်အညာခံနေရတာပါ။

ဒီနေရာမှာ ဘဏ်တွေဘက်က အလိမ်အညာမခံရအောင်လို့ အသိပညာပေးတာတွေ၊ သတိပေး‌တာတွေ၊ အမြဲလုပ်ပေးနေပါတယ်။ အဲ့ဒီကြားထဲကမှ Customers တွေပေါ့ဆလို့ အလိမ်ခံရရင်၊ ကိုယ်အလို့ ကိုယ်ခံရတာပဲ၊ ဘဏ်နဲ့ လုံးဝမှ မသက်ဆိုင်ပါဘူး၊ ဘဏ်ဘက်ကအမှား၊ ဘဏ်ဘက်က လိုအပ်ချက်မဟုတ်ပါဘူး ဆိုပြီး မျက်နှာလွဲခဲပစ် လုပ်တာမျိုးတွေရှိပါတယ်၊ အဲ့ဒါမျိုးတွေက လုံးဝမှကိုမဖြစ်သင့်တာပါ။

ကိုယ့်အဖွဲ့အစည်း၊ ကိုယ်ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းရဲ့ Logo တွေ၊ အမည်နာမတွေကို အလွဲသုံးစားလုပ်‌ခံနေရတဲ့အတွက် Customers တွေရဲ့ အယုံအကြည်ကင်းမဲ့မှုတွေပါ တိုးတိုးလာနိုင်ပါတယ်။

ဒါကြောင့် လုပ်လို့ရနေတဲ့အရာတွေကို ထိထိရောက်ရောက်ဖြစ်အောင် လုပ်ဆောင်သင့်တယ်ဆိုတာကို အကြံပြုချင်ပါတယ်။

#ဘယ်လိုအရေးယူဆောင်ရွက်လို့ရလဲ?

ဆင်းကတ်နံပါတ် ၁ ခု ရရင်ကို၊ ရှေ့ဆက်လုပ်လို့ရတာတွေအများကြီးပါ။ အခုနောက်ပိုင်း လူတဦးတယောက်ကို နောက်ယောင်ခံလို့မရဘူးဆိုတဲ့ ဥပဒေ ကိုလည်း ပယ်ဖျက်ထားပြီးပါပြီ။

ဒီနေရာမှာ Case တခုခုဖြစ်လာခဲ့ရင် စာအုပ်ကြီးအတိုင်း အဆင့်ဆင့် ခွင့်ပြုချက်တွေ၊ ထောက်ခံချက်တွေ၊ ပါမှ ရှေ့ဆက်လုပ်လို့ရမယ်ဆိုတာမျိုးတွေ မရှိသင့်၊ မဖြစ်သင့်တော့ပါဘူး။

#ထိထိ‌ရောက်ရောက်အရေးယူနိုင်ဖို့ဘာတွေလုပ်ဖို့လိုလဲ?

အကောင်းဆုံးက ဘဏ်လုပ်ငန်းရှင်တွေ၊ ဆက်သွယ်ရေးအော်ပရေတာတွေ၊ ဆက်သွယ်ရေးဝန်ကြီးဌာန၊ နည်းပညာမှုခင်းဌာန၊ နဲ့ အခြားသော သက်ဆိုင်ရာ တာဝန်ရှိသူတွေ စုပေါင်းဆွေးနွေးညှိနှိုင်းပြီး၊ One Stop Service ပေးနိုင်တဲ့ အဖွဲ့တခုလောက် မဖြစ်မနေ ဖွဲ့စည်းသင့်ပါတယ်။ အဲ့ဒါမှ အရေးပေါ် အမြန်ဆုံးတုန့်ပြန်နိုင်ပြီး တရားခံတွေကို အချိန်တိုအတွင်း ဖမ်းဆီးအရေးယူ၊ အပြစ်ပေးနိုင်မှာပါ။

ဟိုကိုစာတင်ဦး၊ ဒီကိုစာတင်ပါဦး၊ ဟိုကခွင့်ပြုချက်ရမှ၊ ဒီကခွင့်ပြုချက်ရမှ၊ လုပ်ပေးလို့ရမှာပါဆိုတာက တရားခံတွေကို သက်သေဖျောက်ဖျက်ဖို့၊ ရှောင်ထွက်ပြေးနိုင်ဖို့၊ အချိန်ဆွဲပေးနေတာနဲ့ အတူတူပါပဲ။

Case တခုဖြစ်လာရင်၊ မြန်မြန်သိ၊ မြန်မြန်စုံစမ်းဖော်ထုတ်၊ မြန်မြန်အရေးယူ၊ တာမျိုး ဖြစ်သင့်ပါတယ်။

အဲ့ဒါမျိုးသာ တကယ်ထိထိရောက်ရောက်လုပ်ခဲ့ရင် လိမ်ညာပြီးလုပ်စားနေသူတွေ အတော်လေးကိုနည်းသွားပြီး၊ ကိုယ့်ရဲ့ Customers တွေလည်း အလိမ်အညာဘေးမှ ကင်းဝေးစေနိုင်သလို၊ ကိုယ့်လုပ်ငန်းကိုလည်း ယုံကြည်မှုတွေ ပိုရလာစေနိုင်ပါလိမ့်မယ်။

အခုလက်ရှိကတော့ အဲ့လိုတွေလုပ်လို့ရပါလျှက်နဲ့ ဘာလို့များ အဆိပ်ပင်တွေကို အသက်ရှည်ရှည်နဲ့ ရှင်သန်ခွင့်ပေးထားလည်းဆိုတာ နားမလည်နိုင်အောင်ပါပဲ။

အကယ်၍ ဒီပို့စ်လေးကို သက်ဆိုင်ရာတာဝန်ရှိသူတွေ တွေ့ရှိခဲ့လျှင်၊ အပေါ်မှာပြောထားတဲ့အတိုင်း အမြန်ဆုံး အကောင်အထည်ဖော်ပြီး ဆောင်ရွက်ပေးစေလိုပါတယ်။

အားလုံးကို လေးစားချစ်ခင်လျှက်...

Aung Kyaw Soe ( 15.5.2024 - 5:56 AM )

11/05/2024

ဒီနေ့ Memories တခုတက်လာတော့ ရေးချင်တာလေးရှိလို့ ပြန် မ Share တော့ပဲ SS ပဲရိုက်ပြီး Post တခု ရေးတင်လိုက်ပါတော့တယ်။ 😁

2018 အဲ့ဒီတုန်းက အကောင့်သူခိုးတွေအတော်ကြီးကိုသောင်းကျန်းခဲ့ကြတာ။ အကောင့်သူခိုးပေါင်း ရာဂဏန်းလောက်ရှိမယ်။ အဲ့ဒါတောင် လက်လှမ်းမှီသလောက် အကောင့်သူခိုးတွေရဲ့ အကောင့်တွေနဲ့ အချက်အလက်တွေကို List လုပ်ပြီး ကိုယ်တိုင် စုဖြစ်ခဲ့လို့သိရတာ၊ ကိုယ်တွေစုတဲ့ List ထဲ မပါသေးသူတွေတောင်အများကြီးရှိနေနိုင်တယ်။

Facebook ဘက်ကလည်း အဲ့ဒီအချိန်က I Can't Login ကနေ ID Card အတုတွေနဲ့ Recovery လုပ်တိုင်း အကောင့်ပိုင်ရှင်မဟုတ်လည်း Password Reset Link ချပေးနေတော့ အကောင့်သူခိုး ၁ ယောက်ကို ၁ ရက် အနည်းဆုံး ၅ ကောင့်ကနေ ၁၀ ကောင့်လောက်အထိ ခိုးလို့ရနေပြီး လုပ်စားလို့ရနေခဲ့တာ။

အဲ့ဒီအချိန်က Account ခိုးမခံရတဲ့ Celebrity ဆိုတာ မရှိသလောက်ရှားတယ်။

အကောင့်သခိုးအောက်တန်းစားတွေကလည်း သာမန်အကောင့်တွေကအစ အကုန်ထိုင်ခိုးပြီးလုပ်စားကြတာ။ တရက်တရက် ကိုယ်တွေဆီမှာ လာအကူအညီတောင်းကြသူတွေမနည်းဘူး။

အဲ့ဒီအချိန်က ကုမ္ပဏီဝန်ထမ်း ဘဝမှာဆိုတော့ အားတဲ့အချိန်တိုင်း လာအကူအညီတောင်းသမျှကို အခမဲ့ အကုန် ကူညီပေးခဲ့တာချည်းပဲ၊ အဲ့လိုကြောင့်လည်း အကောင့်သူခိုးတွေတိုင်းနဲ့ ကိုယ်တွေနဲ့ဆို ကမ္ဘာ့ရန်ဘက်တွေလိုပါ ဖြစ်ကုန်တာ။

သူတို့က အကောင့်တွေခိုးပြီး ခြိမ်းခြောက်အကြပ်ကိုင်ပြီး ငွေတွေညှစ်နေချိန်၊ သူတို့ခိုးထားတဲ့အကောင့်တွေကို ပြန်ပြန်ယူပေးလို့ဆိုပြီး ကိုယ်တွေကိုမကြည်ကြဘူး။ အဲ့လိုကြောင့် အမျိုးမျိုး အတိုက်ခိုက်ခံရတယ်။

အဲ့ဒီတုန်းက အကောင့်သူခိုး အောက်တန်းစားတွေက အခုဆို အကောင့်တွေအလွယ်ခိုးမရတော့ Facebook နဲ့ ပတ်သက်တဲ့ Service တွေပေးတယ်ဆိုပြီး လိုင်းတွေပြောင်းပြီးလုပ်စားလာကြတယ်။

တချို့ Customers တွေနဲ့ အကြောင်းအရာတိုက်ဆိုင်လို့ပြောဖြစ်ကြရင်း ဒီတယောက်က Service ပေးတာ ဘယ်လိုဘယ်ညာဆိုပြီး အကောင့်ပါလာပြချိန် ကိုယ်တွေသိထားတဲ့ အကောင့်သူခိုးအောက်တန်းစားတွေထဲက ကောင်တွေချည်းဖြစ်နေတယ်။

အဲ့ဒါ #အရင်တုန်းကအကောင့်တွေခိုးပြီးလုပ်စားခဲ့အကောင့်သူခိုးတွေထဲကတကောင် လို့ပြောရင် တချို့ဆို မယုံမကြည်ဖြစ်နေလို့ ဟိုးအရင်ကတည်းက သိမ်းထားတဲ့ အကောင့်သူခိုးတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ( ၁ ) ကနေ ( ၁၀၀ ) ကျော်အထိ နံပါတ်စဉ်တပ်ပြီး စီထားတဲ့ အကောင့်သူခိုး List ပါ ပြပေးရသေးတယ်။

အခု Facebook နဲ့ ပတ်သက်ပြီး Service ပေးနေတဲ့သူတွေ ၁၀၀ မှာ ၉၀ ကျော်က အရင်တုန်းက အကောင့်တွေခိုးပြီး လုပ်စားခဲ့ဖူးကြတဲ့သူဖြစ်နေတာများတယ်။

မယုံရင် နီးစပ်ရာ Service ပေးနေတဲ့သူတယောက်ယောက်ကို အရင်တုန်းက အကောင့်တွေခိုးပြီး လုပ်စားခဲ့ဖူးတဲ့သူတွေထဲမှာ ပါခဲ့ဖူးလားမေးကြည့်၊ မပါဘူးဆိုပြီးငြင်းရင်၊ လုပ်စားခဲ့ဖူးပြီး လိမ်နေခဲ့ရင် သွေးအန်သေပါစေ၊ အမျိုးမျိုးဒုက္ခရောက်ပါစေ၊ တသက်လုံး လုပ်စားကိုင်စား စီးပွားမဖြစ်ပါစေနဲ့ လို့ ကျိန်ခိုင်းကြည့် ဘယ်ကောင်မှ ကျိန်ရဲမှာမဟုတ်ဘူး။ 😁

တခါတလေ #အဲ့ဒီခွေးသူခိုးတွေ က ကိုယ်တွေအကောင့်ကို Friend Request လာပို့တာတွေရှိသေးတယ်။ အကောင့်ကို မြင်လိုက်တာနဲ့ အကောင့်သူခိုးအောက်တန်းစားမှန်းတန်းသိလို့ ချီးထက်ကိုရွံလို့ လက်မခံပဲပစ်ထားတာတို့၊ Block လုပ်ပေးလိုက်တာတို့ လုပ်ဖြစ်တယ်။

ဘာလို့ အဲ့လိုကောင်တွေကို မြင်တာနဲ့ ရွံမိနေလည်းဆိုရင် သူတို့တွေ အကောင့်တွေခိုးပြီး လုပ်စားခဲ့တုန်းက သားကောင်ဖြစ်ခဲ့ဖူးတဲ့သူတွေရဲ့ အပူမျိုးစုံကို ကိုယ်တိုင်ခံစားခဲ့ရဖူးလို့။

သူတို့ကြောင့် တချို့အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အရှက်တွေကွဲလို့ ကျောင်းလည်းဆက်မတက်ဖြစ်၊ လူတောလည်းမတိုးရဲတော့လို့ ဇာတ်မြုတ်နေလိုက်တာရှိတယ်။ အဲ့ဒီကောင်မလေးရဲ့ အဒေါ်ဆို Friend List ထဲမှာ အခုထိရှိသေးတယ်။ သူသိသွားပြီး ကိုယ်တိုင်အကူအညီလာတောင်းလို့ သူ့တူမ သူ့ကိုယ်သူသတ်သေတော့မယ့်ဘေးကနေလည်း ကယ်ခဲ့လိုက်နိုင်တာ။

တချို့တွေ သမီးရည်းစား S*x ကိစ္စတွေကို လိုင်းပေါ်တင်ပြီးအရှက်ခွဲခံရလို့ အရှက်ကွဲတာတွေ၊ ကိုယ့်ကိုယ် ကိုယ် သတ်သေဖို့အထိကြိုးစားတဲ့သူတွေ၊ သူတို့လုပ်လို့ သိန်း ဆယ်ချီ၊ ရာချီ၊ အကြွေးတင်ပြီး ဒုက္ခရောက်သူတွေ၊ အများကြီးရှိခဲ့တာ၊ အကောင့်သူခိုးတွေက အဲ့ဒါတွေ နားမလည်ဘူး။ သူတို့ ပိုက်ဆံ ရဖို့တခုပဲကြည့်ပြီး နည်းမျိုးစုံသုံးပြီး ငွေညှစ်တာ။

ဒီကောင်တွေ အကောင့် ၁ ခု ခိုးပြီးရင် ငွေညှစ်တာမှာ အောက်ထစ် ၅‌ သောင်း၊ ၁ သိန်း၊ ကနေ သိန်း ဆယ်ဂဏန်း၊ ရာဂဏန်း၊ လူပေါ်ကြည့်ပြီးတော့ပါညှစ်တာ။

Case တခုမှာဆိုရင် ငွေညှစ်တာမဟုတ်ပဲ S*x ကိစ္စပါတောင်းတာ။ ကောင်မလေးတယောက်ရဲ့ အကောင့်ခိုး၊ အကောင့်ထဲက လူသိခံလို့မရတဲ့ ကိစ္စတွေနဲ့ ခြိမ်းခြောက်၊ အပြင် တည်းခိုခန်းကိုချိန်းပြီး ကာမ ရယူတာမျိုးအထိ အလုပ်ခံရတဲ့ Case ရှိဖူးတယ်။ ကောင်မလေးက ရှက်လည်းရှက်၊ ကြောက်လည်းကြောက်လို့ ၁ ခါ လောက် လိုက်လျောပေးရင် ပြဿနာပြေလည်မယ်ထင်ပြီး လိုက်လျောပေးလိုက်ကာမှ တည်းခိုခန်းမှာ အတူနေနေတာကိုပါ ခိုးရိုက်ထားပြီး အကြိမ်ကြိမ်အခါခါ ခနတိုင်း လာတွေ့ခိုင်းတယ်ပြောတယ်။

နောက်ဆုံး ကိုယ်တွေဆီကို အကူအညီလာတောင်းတော့ အကောင့်လည်းပြန်ယူပေးပြီး ခြိမ်းခြောက်တိုင်းမကြောက်ဖို့၊ မရှက်ဖို့၊ ဘယ်လိုတွေ တုန့်ပြန်သင့်တယ်ဆိုတာတွေ ပြောပြပေးဖြစ်တယ်။

သိပ်မကြာဘူး အဲ့ဒီကောင်မလေးကံကောင်းသွားတာက သူ့ကို ခြိမ်းခြောက်အကြပ်ကိုင်ပြီး ယုတ်မာနေတဲ့ကောင် ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ပြီး အသေဆိုးနဲ့ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီးကိုသေသွားတာ။

လူသေတာဝမ်းမသာကောင်းပေမယ့် အဲ့ဒီကောင်မလေးနဲ့ ထပ်တူ ဝမ်းသာခဲ့ဖူးသေးတယ်။

အဲ့ဒီကောင်ကို မြန်မာပြည် IT ပိုင်းကလူတွေ တော်တော်များများသိကြတယ်။ အဲ့ဒီကောင်က ပရဟိတအသင်းအဖွဲ့တခုမှာလည်းလုပ်တယ်။ သေတော့ သူ့စောက်ကျင့်မကောင်းတဲ့လုပ်ရပ်တွေကြောင့် ရုပ်ပျက်ဆင်းပျက်၊ ပုံပျက်ပန်းပျက်နဲ့ကိုသေသွားရတာ။

အဲ့ဒီကောင်မလေးကို အဲ့လိုလုပ်တဲ့သူကို ကောင်မလေးတောင် ဘယ်ကမှန်းမသိဘူး။ ကိုယ်တွေဆီအကူအညီလာတောင်းတော့ နောက်တကြိမ်ချိန်းရင် သူ့ပုံကို အလစ်မှာ ဓာတ်ပုံရိုက်လာပေးဆိုပြီးပြောလိုက်တာ နောက်တကြိမ်သွားတွေ့တော့ အတူနေပြီး ဟိုကောင်မောပြီး ခနအိပ်နေတုန်း ကောင်မလေးက အဲ့ဒီကောင်ပုံကိုရိုက်ပြီး တခါထဲ Delete လုပ်၊ သူနဲ့တွေ့ပြီးပြန်လာမှ Delete ထားတဲ့ပုံကို Restore ထုတ်ပြီး ပို့လာပေးတာ၊ ဟိုကောင်က ငလည် ကောင်မလေးမပြန်ခင် ဖုန်းထဲပတ်မွှေပြီးစစ်နေကျ၊ Delete ထားတဲ့အထဲတော့ မသိလို့ထင်တယ် ဝင်မစစ်ဘူး။

အဲ့ဒီကျမှ အဲ့ဒီကောင်က ကိုယ်တွေသိထားတဲ့ စောက်ကျင့်မကောင်းတဲ့ အကောင့်သူခိုးတွေထဲက တယောက်ဆိုတာ တန်းသိလိုက်ရတာ။

စာလည်းရှည်နေလို့ တော်ပါပြီ။

အပေါ်က ဖြစ်စဉ်တွေကို အကောင့်ထဲကလူတွေ ကြုံခဲ့ဖူးကြမှာပါ။ တော်တော်များများက အကောင့် Hack ခံရလို့ဆိုပြီး လာအကူညီတောင်းလို့ အကောင့် ပြန်ယူပေးပြီးတာနဲ့ တခုခုဆို အကူအညီတောင်းရင် တောင်းလို့ရအောင်ဆိုပြီး Friend လုပ်ပေးထားလိုက်တာဆိုတော့ အကောင့်သူခိုးတွေကြောင့် လူဒုက္ခ၊ စိတ်ဒုက္ခ၊ ရောက်ခဲ့ဖူးတဲ့ Facebook ဒုက္ခသည်တွေ Friend List ထဲမှာ အများကြီးရှိတယ်။ 😁

ကိုယ်တွေက အကောင့်သူခိုးတွေနဲ့ပတ်သက်ရင် အခုထိ ကို အဲ့ဒီကောင်တွေကိုမြင်တိုင်း၊ တွေ့တိုင်း၊ Allergies ထပြီး ချီးထက်ရွံမိနေတုန်းပဲ။ 🥴

Friend List ထဲကလူများ နောက်နောင် အဲ့လို အောက်တန်းစားအမျိုးယုတ်၊ အမိယုတ်အဖယုတ်ကမွေးတဲ့ ခွေးသူခိုးအကောင့်သူခိုးများရန်မှ ကင်းလွတ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အားလုံးကို လေးစားချစ်ခင်လျှက် ( အကောင့်သူခိုးအမျိုးယုတ်များမပါ )

Aung Kyaw Soe ( 11.5.2024 - 6:41 AM )

29/04/2024

အရမ်းဆွဲဆောင်မှုရှိတဲ့ ဒီလိုကြော်ငြာဗီဒီယိုတွေကြောင့်လည်း သင့်ရဲ့ Account နဲ့ Page တွေ Hack ခံရနိုင်ပါတယ်။

တချို့က Security Knowledge တွေရှိထားပါလျှက်နဲ့ Account, Page , တွေ Hack ခံရတဲ့အတွက် ဘာကြောင့်များ Hack ခံရတာပါလိမ့်ဆိုပြီး ထူးဆန်းတယ်လို့ထင်နေကြတာများတယ်။

တကယ်က နည်းပညာတွေအဆင့်မြင့်လာတဲ့အတွက်၊ သတိလေးတချက်လွတ်တာနဲ့၊ ပေါ့လျော့မိတာနဲ့၊ အကြောင်းအရာ တစုံတခုကြောင့်နဲ့၊ သင့်ရဲ့ Account, သင့်ရဲ့ Page တွေ အလွယ်တကူ Hack လုပ်ခံသွားရစေနိုင်ပါတယ်။

အကောင့်တွေ၊ Page တွေ၊ အလွယ် Hack ခံရတယ်ဆိုတာမှာ၊ ဘာတွေ၊ ဘယ်လိုတွေကြောင့် သတိတချက်လွတ်တာနဲ့ ပါသွားနိုင်လည်းဆိုတော့...

အခုနောက်ပိုင်း Hacker တွေက နည်းမျိုးစုံသုံးလာပြီး၊ နည်းပညာတွေကလည်း ပိုအဆင့်မြင့်လာတော့ သာမန်လူမပြောနဲ့ Security ပိုင်းတွေကို အလေးထားပါတယ်ဆိုတဲ့သူတွေတောင် သတိတချက်လွတ်တဲ့အချိန် ပါသွားကြတာမနည်းဘူး။

အရင်တုန်းက Link တခုခုကို နှိပ်မိရင် User Name နဲ့ Password ထည့်ပေးလိုက်မှ Phishing မိတာ၊ အခုက Click Hijacking လုပ်ခံရတော့ Link ကို နှိပ်မိရုံနဲ့ အကောင့်တို့၊ Page တို့၊ User Data တွေတို့၊ တန်းပါကုန်တာလည်းရှိတယ်။

နောက်ထပ် သူတို့ထောင်ဖမ်းထားတဲ့ Mobile App တခုခု ကို ဖုန်းထဲ ဒေါင်းထည့်မိရုံပဲဖြစ်ဖြစ်၊

Desktop, Laptop, တခုခုထဲကို Software တခုခု install သွင်းမိတာဖြစ်ဖြစ်၊

အွန်လိုင်းပေါ်က Photo, Video, PDF, Word, ဖိုင် တခုခုကို ဒေါင်းပြီး ဖွင့်ကြည့်မိရင်ဖြစ်ဖြစ်၊

ကိုယ်သုံးနေတဲ့ ဖုန်းတွေ ကွန်ပြူတာတွေအထိ ထိန်းချုပ်ခံသွားရနိုင်တယ်။ အဲ့လို ထိန်းချုပ်ခံရရင် အဲ့ဒီ Device တွေထဲမှာ ထည့်သုံးထားတဲ့ အကောင့်တွေ၊ မေးလ်တွေကတော့ အသာလေး ပါပြီပဲ၊ တဘက်က Hacker က အကောင့်ထဲဝင်လာရင် Login Alerts လည်းမပြ၊ Login Code လည်းမကျပဲ ပါသွားတော့မှသာ ပါသွားမှန်း သိရနိုင်တာပါ။

=================



Page Hack နဲ့ Facebook Account Hack လုပ်မခံရလေအောင် သတိပေးစာ။

မိမိ page ရဲ့ Message မှာ ဒီလိုတွေဝင်လာရင် သေခြာပေါက် လျစ်လျူရှုပေးလိုက်ကြပါ။

Facebook Team ဘက်က ဘယ်တော့မှ အဲ့လိုတွေမပို့ပါဘူး။ ဘုမသိဘမသိ ကြောက်အားလန့်အားနဲ့ သူတို့ပေးထားတဲ့ Link တွေကို နှိပ်မိရင်တော့ မိမိရဲ့ Facebook Account နဲ့ Page ကို ရေစက်ချပြီး အမျှဝေဖို့သာ ပြင်ထားလိုက်ပါ။ 🙄

https://m.facebook.com/story.php?story_fbid=2532526790243402&id=100004583169241

________

မိမိ Facebook Account နဲ့ Page တွေရဲ့ Notifications မှာ ဒီလိုတွေဝင်လာရင် သေခြာပေါက် လျစ်လျူရှုပေးလိုက်ကြပါ။

Facebook Team ဘက်က ဘယ်တော့မှ အဲ့လိုတွေ Mention မခေါ်ပါဘူး။ ဘုမသိဘမသိ ကြောက်အားလန့်အားနဲ့ သူတို့ပေးထားတဲ့ Link တွေကို နှိပ်မိရင်တော့ မိမိရဲ့ Facebook Account နဲ့ Page ကို ရေစက်ချပြီး အမျှဝေဖို့သာ ပြင်ထားလိုက်ပါ။ 🙄

https://m.facebook.com/story.php?story_fbid=2545798908916190&id=100004583169241

________

ဒီလိုကြော်ငြာမျိုးတွေကြောင့်လည်း မိမိတို့ Page တွေ၊ Account တွေ Hack လုပ်ခံရနိုင်ပါတယ်။

https://web.facebook.com/aungkyawsoe.sb/posts/2417205811775501

_______

page တွေ၊ Facebook Account တွေ အပြင်၊ အသုံးပြုနေတဲ့ ဖုန်းတွေ၊ ကွန်ပြူတာတွေအထိ ဘာကြောင့် Hack လုပ်ခံနေရလည်းဆိုရင် ဒီလိုမျိုးတွေကြောင့်လည်းပါတယ်လို့ပြောရမယ်။

https://web.facebook.com/aungkyawsoe.sb/posts/2466868820142533

အဲ့ဒီပို့စ်လေးထဲမှာပါတဲ့ Post Link လေးတွေကို တခုချင်း ဝင်ဖတ်ကြည့်ပါ။

နောက်နောင် Page တွေ၊ အကောင့်တွေ Hack လုပ်မခံရအောင် သတိထားပြီး ကာကွယ်နိုင်ဖို့ Knowledge လေးတွေရသွားပါလိမ့်မယ်။

_______

ဒါကတော့ Account, Page တွေ Hack လုပ်မခံရအောင် ဖတ်ထား၊ သိထား၊ သင့်တာလေးတွေပါ။

Post Link တခုချင်းစီကိုနှိပ်ပြီး အချိန်ခနပေးပြီး ဖတ်ထားလိုက်ကြပါဗျ။

_______

ဒီလိုမျိုး Page Hack တာတွေနဲ့ပတ်သက်ပြီး ကိုယ့် Page ကို လှည့်ကြည့်စရာမလိုရအောင် စိတ်ချလက်ချပစ်ထားနိုင်ဖို့ ကျွန်တော်တို့ဆီမှာ Page Security Guard အပ်ရင် အပ်ထားလို့ရပါတယ်ဗျ။ 😁

အသေးစိတ်ကို ဒီပို့စ်ထဲမှာ ဝင်ဖတ်လို့ရပါတယ်။

https://www.facebook.com/story.php?story_fbid=2552576624905085&id=100004583169241&rdid=y9tMeqrxYjQ0GFIj

22/02/2024

ဒါက Hack ခံရတဲ့ Page ၁ ခု ပြန်ရတာလေးပါ။ အရင်ရက်တွေက WiFi လိုင်းတွေ မကောင်းလို့ရယ်၊ Busy ဖြစ်နေတာလေးအချို့ရယ်ကြောင့် အခုမှ တင်ရတယ်။

Hack ခံခဲ့ရသည့် Page -

Houri Usa/uk 1

https://web.facebook.com/profile.php?id=100092555360120

Page ID : 116766214751261

23.1.2024 နေ့မှာ Page စ Hack ခံရ။
23.1.2024 နေ့မှာ Page Recovery Service အပ်။
7.2.2024 နေ့မှာ Page ပြန်ရ။

ဒါမျိုးလေးတွေကိုတင်နေတာက ကြွားချင်နေလို့မဟုတ်ပဲ၊ Page တွေ Hack ခံရနေရတာ အများကြီးပါလားဆိုတာ သိသွားပြီး သတိထားနိုင်ကြစေဖို့ ရည်ရွယ်ပါတယ်။

အရင်တုန်းက Page Hack ခံရပြီဆိုရင် Page ကို Recovery လုပ်ထားပြီး ၂၄ နာရီ၊ ၄၈ နာရီ၊ လောက်ဆို ပြန်ရတတ်ပါတယ်။

အခုဆိုရင်တော့ #မြန်ရင် ၁ ပတ်၊ ၁၀ ရက်အတွင်းပြန်ရတတ်ပြီး၊ #ကြာရင် လနဲ့ချီ၊ နှစ်နဲ့ချီပြီးမှ ပြန်ရတတ်တာမျိုးတွေလည်းရှိလာပါတယ်။

#လုံးဝမှပြန်မရတာမျိုးတွေလည်းရှိလာပါတယ်။

ဘာကြောင့်ပြန်မရတာလည်းဆိုရင် Page ကို Hack သွားပြီး အဲ့ဒီ Page မှာ Hacker တွေက Facebook ရဲ့ Policy တွေ၊ Community Standards ငြိစေမယ့်အရာတွေ၊ ကို ပြုလုပ်တာမျိုးတွေကြောင့် Facebook ဘက်ကနေ အဲ့ဒီ Page တွေကို ရာသက်ပန် ပိတ်သိမ်းလိုက်တာမျိုးတွေရှိပါတယ်။ အဲ့ဒီလိုဆိုရင်တော့ ဒီဘက်က ဘယ်လောက်ပဲ Recovery ပြန်လုပ်လုပ်၊ လုံးဝမှ ပြန်မရတော့ပါဘူး။

Page တခုကို Hack သွားပြီးရင် Hacker တွေက အဲ့ဒီ Page ကို Country Restricted လည်း ပြုလုပ်တတ်ကြပါတယ်။ အဲ့လိုဆိုရင် Page က သူတို့ထည့်သွင်းထားတဲ့နိုင်ငံကလွဲပြီး မည်သည့်နိုင်ငံကနေမှ ဝင်ကြည့်လို့၊ ရှာကြည့်လို့မတွေ့ရတော့ပါဘူး။

___

#သင့်ရဲ့အကောင့်နဲ့ပေ့ချ်တွေကိုအလွယ်တကူအခိုးမခံရချင်ရင်အောက်ကပို့စ်ကိုဖတ်ဖြစ်အောင်ဖတ်ပါရန်။
___

page တွေ၊ Facebook Account တွေ အပြင်၊ အသုံးပြုနေတဲ့ ဖုန်းတွေ၊ ကွန်ပြူတာတွေအထိ ဘာကြောင့် Hack လုပ်ခံနေရလည်းဆိုရင် ဒီလိုမျိုးတွေကြောင့်လည်းပါတယ်လို့ပြောရမယ်။

https://web.facebook.com/aungkyawsoe.sb/posts/2466868820142533

အဲ့ဒီပို့စ်လေးထဲမှာပါတဲ့ Post Link လေးတွေကို တခုချင်း ဝင်ဖတ်ကြည့်ပါ။

နောက်နောင် Page တွေ၊ အကောင့်တွေ Hack လုပ်မခံရအောင် သတိထားပြီး ကာကွယ်နိုင်ဖို့ Knowledge လေးတွေရသွားပါလိမ့်မယ်။

___

ဒီရက်ပိုင်း၊ လပိုင်းထဲမှာ Page တွေ တောက်လျောက် Hack ခံနေရတာမနည်းဘူး။ ဒါတောင် ကျွန်တော်တို့ဆီကို ရောက်လာတဲ့ Case တွေကြည့်ပြီး မနည်းဘူးပြောတာ၊ မရောက်လာပဲ Hack ခံလိုက်ရတဲ့ Page တွေလည်း နည်းမှာမဟုတ်ဘူး။

အဲ့ဒါကြောင့် အဓိကပြောချင်တာကတော့ မိမိတို့ page တွေ Hack လုပ်ခံရပြီးပါသွားရင်၊ မိမိရဲ့စီးပွားရေးလုပ်ငန်းတခုလုံး ပါသွားတာနဲ့အတူတူပါပဲ။

ဒါကြောင့် bit.ly/oscmyanmarpagesecurityservice လေးကိုနှိပ်ပြီး၊ ဝင်ဖတ်ကြည့်ပြီး၊ မိမိတို့ရဲ့ Page တွေ Hack လုပ်မခံရလေအောင် Page Security Guard Service လေးကို ကြိုတင်ရယူထားပါလို့ အကြံပြုချင်ပါတယ်။

Hack ခံလိုက်ရပြီးမှ ပြန်လာယူခိုင်းတာထက်၊
Hack လုပ်မခံရင် ကြိုတင်ကာကွယ်ထားကြပါ။

Hack ခံလိုက်ရပြီးရင် ပြန်ရမယ်၊ မရဘူးဆိုတာက 100% ပြောလို့မရတော့တဲ့အနေအထားဖြစ်နေပါပြီ။

အဲ့ဒီလိုမျိုး Page တွေ တောက်လျှောက် Hack ခံရတာမျိုးတွေ များလာတဲ့အတွက်ကြောင့်လည်း ကို ပေးဖြစ်သွားတာပဲဖြစ်ပါတယ်။

သင့်အနေနဲ့ သင့်ရဲ့ Page တွေကို စိတ်ချစွာထားလိုတယ်ဆိုရင်...

Page Security Guard Service ရယူလိုတယ်ဆိုရင်တော့ Page Message ဖြစ်တဲ့ m.me/OSCMyanmar.mm ကိုနှိပ်၍ဖြစ်စေ၊ Account Message m.me/aungkyawsoe.sb ကို နှိပ်၍ဖြစ်စေ၊ ဆက်သွယ်နိုင်ပါတယ်။

ဖုန်းနဲ့ ဆက်သွယ်လိုတယ်ဆိုရင်တော့...

09421157911

09794426154

09253351244

တို့ကို ဆက်သွယ်နိုင်ပါတယ်။

__________

နောက်ထပ် 👨‍💻 ဘယ်လို Service တွေပေးနေလဲ? 💵 Service Fees တွေကရော ဘယ်လိုယူလည်းသိချင်ပါက...

OSC-Myanmar ( Online Service Center Myanmar )မှ ဝန်ဆောင်ပေးနေမှုများ။ => https://bit.ly/OSCMyanmarServices

မှာ အသေးစိတ်ဝင်ရောက်ဖတ်ရှုပြီး လေ့လာကြည့်နိုင်ပါတယ်။

__________

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Online Service Center Myanmar

OSC-Myanmar ဆိုတာ ဘာလဲ ဘယ်လိုဖြစ်ပေါ်လာလဲ...?

Online Service Center Myanmar ကို အတိုကောက်အနေနဲ့OSC-Myanmar လို့ပေးထားတာပါ။ ဒါလေးဖြစ်ပေါ်လာပုံကိုပြောရမယ်ဆိုရင်တော့ ဟိုယခင်တုန်းက အခုပေးနေတယ်ဆိုတဲ့ Service တွေအားလုံးဟာ အခမဲ့အနေနဲ့မည်သူ့ကိုမဆို ကူညီပေးခဲ့တဲ့အရာလေးတွေပါ။ ဒီလိုပြောလို့မေးခွန်းတွေတန်းစီပြီး မေးချင်နေကြမယ်လို့ထင်ပါတယ်။ ဒါဆို ဘာလို့အခုကျတော့ အခကြေးငွေတွေယူပြီး Service ပေးနေလည်းဆိုရင် တစ်ချို့သောလူတွေကြောင့်လို့ပဲဖြေရမှာပါ။

အရင်တုန်းက Account Lock ကျတာတွေ Hack လုပ်ခံရတာတွေဆိုရင် အခမဲ့ချည်းပါပဲ။ ကိုယ်က အဲ့ဒီလို အခမဲ့ အားရင်အားသလို ကူညီပေးနေခဲ့ပေမယ့် တစ်ချို့သောသူတွေက အဲ့ဒါကိုအခွင့်ကောင်းယူပြီး မလိမ့်တပတ်နဲ့အကူအညီလာတောင်း ပြီးရင် သူတို့ကိုယ်ကျိုးအတွက်အသုံးချသွားကြတာတွေရှိသလို ကူညီပေးခဲ့တဲ့ ကိုယ်တွေကို စော်ကားမော်ကားလုပ်တာတွေ မကြာခန ကြုံတွေ့လာရတာများတော့ စိတ်ပေါက်ပေါက်နဲ့ အလကားရတယ်ဆိုတာဘာမှမရှိဘူး လောကမှာ ရေတောင်အလကားမရဘူး ဝယ်သောက်ရတယ်။ ဒီတော့ အရင်က Account Lock ကျတာတွေ Hack ခံရတာတွေကို အခမဲ့ပေမယ့် အခုဘယ်လောက်ဆိုပြီး ယူမယ်ဆိုပြီး အခကြေးငွေနဲ့စတင်ပြီး Service ပေးဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် ဒီနေ့ဒီအချိန်ထိ Hack ခံရပြီး Personal Attack လုပ်ခံရတာတွေ ခြိမ်းခြောက်ခံရတာတွေ ငွေညှစ်ခံရတာတွေအတွက်ကတော့ အမြဲတမ်း အခမဲ့အနေနဲ့အကူညီပေးနေဆဲပါ။

Boost Service, Boost Training တွေကို Service ပေးဖြစ်သွားပုံကတော့ ယခင်က Boost Service လုပ်ချင်တဲ့သူတွေသူတွေက Boost လုပ်ချင်လို့ကူညီပြီးလုပ်ပေးပါလားဆိုတဲ့အတွက် ကိုယ့် Bank Card, Paypal တွေထဲမှာ ပိုက်ဆံအသင့်ရှိတဲ့အတွက် ဘယ်လောက်ဖိုးလုပ်မှာလည်း လုပ်မယ့်ငွေအမောက်ပဲ ဘဏ်ကတ်ထဲ အကောင့်ထဲကို ပြန်ထည့်ပေးဆိုပြီး Boost တွေကို အခမဲ့လုပ်ပေးခဲ့တယ်။ အဲ့ဒီကနေ Boost Service ပေးလိုက်ပါတော့လား လုပ်ချင်နေကြတဲ့သူတွေအများကြီးရှိတယ်ဆိုတာနဲ့ Boost Service တွေကို စပြီးပေးဖြစ်သွားတယ်။

Boost Training က ကျတော့ Online Shopping လုပ်နေတဲ့ ညီမတွေ သူငယ်ချင်းတွေက သင်တန်းတက်လာပြီးတော့ ဟိုဟာမသိလို့ ဒီဟာမသိလို့အဲ့ဒါလေး ဘယ်လိုလုပ်ရမလည်းဆိုပြီး လာလာမေးလို့ ဒီလိုလုပ်ရတယ်။ ဟိုလိုလုပ်ရတယ်။ လုပ်ကြည့်လို့ပြောရင်း သင်တန်းကြေး ဘယ်လောက်ပေးရလည်းဆိုတော့ အဲ့ဒီတုန်းက ၁သိန်း ၈ သောင်းပေးရတယ်။ ဒါတောင် ပရိုလ်မိုးရှင်းရှိလို့သင်တန်းကြေးကို လျှော့ပေးထားတာဆိုတာနဲ့ စုံစမ်းကြည့်လိုက်တော့ Boost Training ပေးနေတဲ့ သင်တန်းတွေက အနည်းဆုံး ၁ သိန်းကျော်ကနေ ၂ သိန်းခွဲအထိ ယူကြတာတွေရှိတယ်။ သူတို့ဆီမှာသင်လားတဲ့သူတော်တော်များများက သင်တန်းဆင်းလာပေမယ့် ဘာမှ ရေရေရာရာမတတ်လာဘူးဆိုပြီးပြောကြတယ်။ ဒါနဲ့ အဲ့ဒါဆို ပြန်သွားမေးလေဆိုတော့ ပြန်သွားမေးတယ်။ ဟိုက ဘာပြန်ပြောလွှတ်လိုက်လည်းဆိုတော့ သင်တန်းကာလပြီးသွားပြီမို့လို့မဖြေပေးတော့ဘူး ဘာမှမတတ်သေးဘူးဆိုရင် သင်တန်းပြန်တက်ပါဆိုပြီး ခိုင်းလိုက်တယ်ပြောတယ်။

စဉ်းစားကြည့်ပေါ့ သင်တန်းကို အနည်းဆုံး ၁ သိန်းကျော်ကနေ ၂ သိန်းခွဲအထိပေးတက်ထားရပြီး သင်တန်းကာလ ၁ ပတ်၊ ၁၀ ရက်၊ ၁ လ ပြည့်သွားပြီး ဘာမှ မတတ်လာဘူးဆိုရင် အစကနေ ပြန်တက်ဆိုတော့ မလွန်ဘူးလား။ နောက်တစ်ခုက Facebook ကလည်း နေ့စဉ်နဲ့အမျှ အပြောင်းအလဲတွေလုပ်နေတာဆိုတော့ သင်တန်းမှာမသင်ခဲ့ရတာတွေ အပြောင်းအလဲလုပ်ထားတဲ့အထဲမှာမပါဘူး မလုပ်တတ်ဘူး မသိဘူးဆိုတာတွေ ဖြစ်ကုန်တာများတယ်။ ဒီတော့ ကျွန်တော့်ဆီကို အဲ့ဒီလို သင်တန်းဆင်းတွေ လာလာအကူအညီတောင်းကြတယ်။ မေးကြတယ်။ ဒါလေး ဘယ်လို လုပ်ရလဲဟိုဟာလေးဘယ်လိုလုပ်ရလည်းဆိုပြီးမေးတိုင်း ပြန်ပြန်ဖြေပေးနေတော့ အစ်ကိုလည်း သင်တန်းဖွင့်လိုက်ပါလား။ အစ်ကိုဆီမှာပြန်လာတက်မယ်လေဆိုပြီး ဝိုင်းပြောကြတယ်။ အစကတော့ ကျွန်တော်လည်း ကုမ္ပဏီဝန်ထမ်းဖြစ်တဲ့အတွက် သင်တန်းပေးဖို့အဆင်မပြေဘူး မပေးချင်ပါဘူးဆိုပြီး လုပ်ခဲ့ပေမယ့် မကြာခန အတင်း ဝိုင်းပြောကြတဲ့အတွက် Boost ပြုလုပ်နည်းသင်တန်းကို ပေးဖြစ်သွားတယ်။

Videos (show all)

Messenger မှာပို့လာတာတွေကို အလွယ်မယုံကြည်မိပါစေနဲ့။
အွန်လိုင်းပေါ်ကချေးငွေဆိုတာတွေကို ဝေးဝေးကရှောင်ပါ။
အရမ်းဆွဲဆောင်မှုရှိတဲ့ ဒီလိုကြော်ငြာဗီဒီယိုတွေကြောင့်လည်း သင့်ရဲ့ Account နဲ့ Page တွေ Hack ခံရနိုင်ပါတယ်။ တချို့က Secur...
Reply မပြန်ဖြစ်လို့ စိတ်မဆိုးကြစေချင်ပါဘူး။ 😒
Service ယူမည့်သူများ နားလည်၊ သီးခံပေးကြပါဦး။
Why is two-factor authentication necessary for account safety?
Boost Service အပ်မယ်ဆိုရင် Service Fees ကို ဒီလိုပေးချေပေးပါ။
အမုန်းစကားတွေကို မြန်မာဘာသာစနစ်နဲ့ Facebook စစ်ဆေးနေ
ဝါတွင်းကင်းလွတ် သီတင်းကျွတ်

Telephone

Address


Pyay Road, Hlaing Twonship
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00

Other Advertising/Marketing in Yangon (show all)
Bermuda Production Bermuda Production
Apartment 31, Building 3, , Kyee Pwar Yay Housing, , Aung Zamu Street, Thanthumar Road, , Thingungyun
Yangon, 11072

Bermuda is a media production company based in Yangon. We offer "Photography & Videography" services. We always try push our creative boundaries beyond our capabilities to only off...

SG Online Shop SG Online Shop
Banyadala
Yangon, 11221

You Like Par You Like Par
Yangon, 11222

925 Accessories and Miscellaneous Seller

Thin Zar-Online Shop Thin Zar-Online Shop
ရန်ကုန်၊မြောက်ဥက္ကလာပမြို့နယ်၊နွယ်သာကီ(၈)လမ်း
Yangon

AKT Plastic Things AKT Plastic Things
Aue Chan Thar Street
Yangon

All kinds of plastic

MWEA Business Network - MWEA B- Net MWEA Business Network - MWEA B- Net
No. (288/290), Shwe Dagon Pagoda Road, 4th Floor , Myanmar Women Entrepreneur Association (MWEA) Tower, Dagon Township
Yangon, 11191

“ စီးပွားရေးချိတ်ဆက် MWEA B-Net ”

STAR Boost Service STAR Boost Service
Yangon, YANGON

@STAR Boost Service

Nexus Forward Nexus Forward
U Ba Han Street, Mayangone Township
Yangon, 11061

Media Management, Digital Printing & Exterior & Interior Decoration

Ko Sithu satellite sale& Service Ko Sithu satellite sale& Service
Yangon

Mytv & Family box တွေရမယ်

Aung htet Aung htet
Williamhtet19@gmail. Com
Yangon, 1234

ပျော်ရွှင်ပါစေ

VPN store 2.0 VPN store 2.0
Yangon

HR Recruitment Team - Zurich Marketing Group HR Recruitment Team - Zurich Marketing Group
No 381, Inn Gyin Myaing (4) Street, Thuwanna , Thingangyun Township
Yangon