Yangon Book Plaza

Biggest Book Plaza in SE Asia with Coffee Bar + Restaurant + Kid Playground + Rare Book Corner

Photos from Yangon Book Plaza's post 04/10/2024

စာအုပ်ဆိုင်နေ့ / Bookshop Day

အောက်တိုဘာ ၁၂ ရက်နေ့ဟာ Bookshop Day လို့သတ်မှတ်ထားပါတယ်။ အဆိုပါနေ့နဲ့ အဆိုပါနေ့မတိုင်ခင်မှာ စာအုပ်ချစ်မြတ်နိုးသူတွေဟာ စာအုပ်ဆိုင်တွေကို သွားရောက်လည်ပတ်ကြတယ်။ စာအုပ်တွေ ဝယ်ယူအားပေးကြတယ်။ စာအုပ်ဆိုင်တွေက ကျင်းပတဲ့ အခမ်းအနားတွေမှာ ပါဝင်ကြပါတယ်။

အဆိုပါနေ့လေး ဖြစ်ပေါ်လာပုံက ဒီလိုပါ။ ၂၀၁၀ ခုနှစ်များရဲ့ အစောပိုင်းမှာ Amazon အပါအဝင် အွန်လိုင်း စာအုပ်ဖြန့်ချိရေး လုပ်ငန်းကြီးများရဲ့ အင်အားကြီးထွားလာမှုနဲ့အတူ စာဖတ်သူများဟာ စာအုပ်များကို အွန်လိုင်းကနေ ပိုမိုမှာယူလာကြပါတော့တယ်။ အွန်လိုင်းကမှာရတာက မြန်သလို သက်သောင့်သက်သာလည်း ရှိတာပါတာပေါ့လေ။

ဒါပေမယ့် တစ်ဘက်မှာ စာအုပ်အရောင်းဆိုင်များက ရောင်းအားကျလာပြီး ရပ်တည်ဖို့ ခက်လာပါတယ်။ တချို့ဆိုင်တွေလည်း ပိတ်လိုက်ရပါတယ်။

ဒါကြောင့် ယူကေက စာအုပ်ဆိုင်များအဖွဲ့အစည်း The Bookseller Association ကနေ အောက်တိုဘာလဆန်းတိုင်းကို Bookshop Day လို့ ၂၀၁၃ ခုနှစ်မှာ စတင်ကြေညာပါတယ်။ စာအုပ်ဆိုင်တွေဟာ စီးပွါးရေးလုပ်ငန်းတစ်ခုထက်ပိုပြီး ယဉ်ကျေးမှုတံခါးတစ်ချပ်လို အရေးပါတဲ့ ရပ်ဝန်းတစ်ခုအဖြစ် လူတွေ လက်ခံလာအောင် အားထုတ်ပါတယ်။ စာအုပ်ဆိုင်တွေပြိုလဲသွားတာဟာ အနာဂတ်လူငယ်များအတွက် အခွင့်အလမ်း တံခါးတစ်ချပ်ပိတ်သွားတဲ့အလား ဆုံးရှုံးမှုကြီးမားကြောင်း သိသာလာအောင် ကြိုးစားကြပါတယ်။

နှစ်စဉ်အောက်တိုဘာလဆန်းမှာ ယူကေနိုင်ငံအနှံက စာအုပ်ဆိုင်ထောင်ပေါင်းများစွာဟာ Bookshop Day ကို ဆင်နွှဲကြပြီး စာအုပ်နဲ့သက်ဆိုင်တဲ့ ပွဲလမ်းများစွာ ကျင်းပကြပါတယ်။

မြန်မာပြည်တွင်းမှာလည်း စာအုပ်ဆိုင်တချို့ပိတ်သိမ်းလိုက်ရတာတွေရှိသလို ခက်ခက်ခဲခဲ ရပ်တည်နေရတာတွေလည်း အများကြီးပါ။

ဒါကြောင့် အောက်တိုဘာ ၁၂ ရက်နေ့ Bookstore နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် စာအုပ်ဆိုင်တစ်ဆိုင်ဆိုင်ကနေ နောက်ဆုံးဝယ်ဖြစ်ခဲ့တဲ့ စာအုပ်တစ်အုပ်ရဲ့ ပုံလေးကို ဓာတ်ပုံရိုက်ပြီး မန့်ခဲ့ပေးစေလိုပါတယ်။

မိမိတို့မြို့ရွာမှာ ရှိတဲ့ စာအုပ်ဆိုင်တွေကိုလည်း
သွားရောက်လည်ပတ်ကြဖို့ မမေ့ပါနဲ့နော်

ပုံလေးတွေကတော့
၁၊ WE Bookstore

30/09/2024

စက်တင်ဘာ ၃၀ ရက်နေ့ဟာ
အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့
International Translation Day ဖြစ်ပါတယ်။
ဘာသာပြန်စာရေးဆရာတွေဟာ
နိုင်ငံတစ်ခုရဲ့ ယဉ်ကျေးမှုတွေ၊ လူနေမှုစနစ်တွေ
စရိုက် လက္ခဏာတွေကို
တခြားသော နိုင်ငံတစ်ခုက ပြည်သူတွေ
သိရှိခံစားနိုင်ဖို့ ပေါင်းကူးပေးကြသူတွေဆိုရင်လည်း
မမှားပါဘူး။
သုတ၊ ရသ ဘာသာပြန်ဆိုသူများကို
ဂုဏ်ပြုသောအားဖြင့်
International Translation Day ကို
သတ်မှတ်ကြတာပဲ ဖြစ်ပါတယ်။
အဆိုပါနေ့ကို
ကြိုဆိုသောအားဖြင့်
မိမိအကြိုက်ဆုံး ဘာသာပြန်စာအုပ်
သုံးအုပ်ကို မျှဝေပေးခဲ့ပါဦးနော်…

28/09/2024

ကိုယ့်အပြစ်တွေကို ကျောခိုင်းပြီး
သူများ အသုံးမကျတာတွေကိုပဲ
မှန်ဘီလူးနဲ့ ဖြဲသဲရှာချင်တဲ့အကျင့်ဟာ
ကျွန်တော်တို့ရဲ့ သွေးထဲမှာ
မွေးကတည်းကပါလာတာ။

✅*မျှော်လင့်ခြင်းဖတ်စာ* စာအုပ်မှ
------------------------------------

အနာကျင်ဆုံး အချိန်တွေမှာပဲ
ကျွန်တော်တို့ဟာ.. ကိုယ့်ကိုယ်ကိုယ်
မေးခွန်းပြန်ထုတ်မိကြတာ။
ဘဝတစ်ခုလုံး ရမ်းခါသွားတော့မှသာ
ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မိကြတာ။

✅*ဂရုမစိုက်ခြင်း အနုပညာ* စာအုပ်မှ
------------------------------------

ဆရာ ချမ်းမြေ့ဝင်း ရဲ့ ဒီစာအုပ်နှစ်အုပ်က
ဘာလို့ လူကြိုက်များလဲဆိုတော့
ကျနော်တို့ မထင်ထားတဲ့ အတွေးရှုထောင့်ကနေ
တင်ဆက်ထားတဲ့ အကြောင်းအရာတွေက
သိပ် စိတ်ဝင်စားစရာ ကောင်းလို့ပါ။

လက်တွေ့ဆန်တဲ့ဘဝအတွက်
Moti ရယူတယ်ဆိုတဲ့ သူတွေအတွက်တော့
ဖတ်ရှုဖို့ အသင့်တော်ဆုံး စာအုပ် နှစ် အုပ် လို့
ညွှန်းဆိုပေးပါရစေ ။

Yangon Book Plazaမှာ ဝယ်ယူနိုင်ပါတယ် ။

စာအုပ်တန်ဖိုး အသေးစိတ်နဲ့ မှာယူပုံတွေကို
ကွန်မန့်မှာ ကြည့်ပေးပါ။

Photos from Yangon Book Plaza's post 26/09/2024

ဘာသာပြန်စာအုပ်ကောင်းများကို တနေရာတည်း မှာစိတ်ကြိုက်လာရောက်ဝယ်ယူနိုင်ပါတယ်နော်။
ပိတ်ရက်မရှိ မနက်9နာရီကနေညနေည5နာရီအထိဖွင့်လှစ်ထားပါတယ်။

လိပ်စာက 17လမ်းသံဈေး 5လွှာ
17လမ်းဘက်တွင်သီးသန့်ဓါတ်လှေကားရှိပါတယ်နော်။
အင်ဗက်တာမီးတက်ဆင်ထားတဲ့အတွက် ဆိုင်ဖွင်ချိန်အတွင်းဓါတ်လှေကား အသုံးပြုလို့ရပါတယ်နော်။

Photos from Yangon Book Plaza's post 24/09/2024

ယနေ့ချိန်မှာ စာဂျပိုးဖြစ်နေတဲ့သူတွေ၊
စာအုပ်မြင်ရင် မဖတ်ရဘဲ
မနေနိုင်တဲ့သူတွေသာမက
အချိန်ဘယ်လိုမှ မအားတော့တဲ့အတွက်
စာအုပ်သစ်တွေနဲ့ ခပ်စိမ်းစိမ်းဖြစ်သွားရသူတွေရဲ့
ငယ်ဘဝတွေမှာ
ကာတွန်း ရုပ်ပြဆိုတာ
အခိုင်အမာ နေရာယူခဲ့ဖူးပါတယ်။

အဲ့ဒီထဲမှာမှ
ဆရာဆွေမင်း(ဓနုဖြူ)ရဲ့
တွတ်ပီ ၊ ဗိုက်ကလေး၊ မသေးမျှင်
စောတင်မောင်၊ အာနိုးလှမိုး၊ သူကြီးဘစီတို့ဟာ
ဆွေးမျိုးတွေလို ငယ်ပေါင်းတွေလို
ယနေ့ထိ မမေ့နိုင်အောင်
စွဲထင်နေတုန်းပဲမဟုတ်လား...

ကျေးလက်ရှုခင်းတွေ
တောကောင်သဘာဝတွေကို
ကျောင်းသင်ခန်းစာတွေထက် ပိုမို
မှတ်မိစေခဲ့တာ ရုပ်ပြ ကာတွန်းတွေပါပဲ။

အမှတ်တရများစွာနဲ့
ဆရာဆွေမင်း(ဓနုဖြူ) ရဲ့
လက်ရာကောင်းများစွာကို
ပြန်လည်ထုတ်ဝေလျက်ရှိပါတယ်။

တွတ်ပီစာအုပ်များကို
Yangon Book Plaza မှာ ဝယ်ယူနိုင်ပါပြီ ။

21/09/2024

ဘယ်သူမှ မသိနိုင်ပေမယ့်... ကိုယ်ကိုယ်တိုင်သာ သိပြီး စိတ်မသက်မသာ ဖြစ်ရတဲ့ကိစ္စတွေ ကျွန်မတို့ ကြုံဖူးကြပါလိမ့်မယ်..။ ဥပမာဆိုင်မှာ...ကိုယ့်ကြောင့် ပစ္စည်းလေးတစ်ခု ပဲ့သွား, အက်သွားတာကို ဆိုင်ရှင်သိအောင်ဝန်မခံဘဲ..အကောင်းပစ္စည်းလေးကိုသာ ရွေးယူခဲ့လိုက်မိတာမျိုး...။

ကိုယ့်ဆီမှာ ပစ္စည်းကောင်းလေးပါလာပေမယ့် ကိုယ့်ကြောင့် ပဲ့ကျန်ခဲ့တဲ့ ပစ္စည်းလေးကို ပြန်မြင်ယောင်မိတိုင်း.. စိတ်မသန့်တဲ့၊ လိပ်ပြာမလုံတဲ့ ခံစားမှုမျိုးဟာ ကိုယ့်ကိုယ်ကိုယ် လေးစားမှု လျော့ပါးစေပါတယ်။

တကယ်ဆို ကိုယ့်ကြောင့် ဖြစ်သွားတယ်ဆိုရင်...ပွင့်ပွင့်လင်းလင်းပြောပြဝန်ခံလိုက်ပြီး လျော်စရာရှိတာ လျော်ပေးလိုက်ရတာက ကိုယ့်ရဲ့စိတ်ကို တော်တော်ပေါ့ပါးလွတ်လပ်စေမှာ ဖြစ်ပါတယ်..။

လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်ရတဲ့အခါ...ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလေးစားစိတ်ကလေး ဝင်တတ်ပါတယ်။

ကျွန်မတို့ရဲ့ စိတ်ထဲမှာ...ကိုယ့်ကိုယ်ကိုယ် အမြဲပြောနေတဲ့ ရင်တွင်းအသံကလေးတစ်ခု ရှိပါတယ်....။အဲဒီ ရင်တွင်းအသံလေးကို ဂရုစိုက်ပြီး နားထောင်ပေးပါ။ ဘယ်သူမှမရှိတဲ့ ဆိတ်ကွယ်ရာနေရာမျိုးမှာ...မလုပ်သင့်ကြောင်း...တိုးတိုးလေး ပြောပြနေတတ်ပါတယ် ။

တကယ်တော့ ကိုယ့်ကိုယ်ကိုယ်တောင် မလေးစားနိုင်တဲ့ လုပ်ရပ်မျိုးကို... ဘယ်သူမှ မသိအောင် လုပ်လိုက်မိတယ်ဆိုပေမယ့်..ကိုယ်ကိုယ်တိုင်သိနေပါတယ်။ အဲ့ဒီစိတ်မလုံခြုံမှုက ကိုယ့်ကိုယ်ကိုယ်လေးစားမှု ကျဆင်းစေပါတယ်...။
#ကိုယ့်ဘဝကကိုယ့်လက်ထဲမှာ
#လွန်းထားထား

Yagon Book Plaza မှာ
ဆရာလွန်းထားထား၏ စာအုပ်များကို
အစုံအလင် ဝယ်ယူရရှိနိုင်ပါတယ်

စာအုပ်တန်ဖိုး အသေးစိတ်နဲ့ မှာယူပုံတွေကို
ကွန်မန့်မှာ ကြည့်ပေးပါ။

Photos from Yangon Book Plaza's post 19/09/2024

ကလေး၊ လူငယ်တို့ရဲ့အသည်းကျော်

လူပျိုကြီး မောင်မောင်ဇာ
အမွှာညီအစ်မ လေးမွန်ထွေးမွန်၊
ရွှေအိ၊ ရွှေဘုတ်၊ ကိုပူစီ
ပါဝင်ထားတဲ့
ရုပ်ပြဇာတ်လမ်းကောင်းများစွာကို
✅ငယ်ဘဝ အလွမ်းပြေ
ဆရာပိုးဇာရဲ့
အမာခံပရိတ်သတ်တွေအတွက်
Yangon Book Plaza မှာ
အစုံအလင်ဝယ်ယူလို့ရပါတယ်။

စာအုပ်များကို မှာယူလိုပါက
အမည်၊ လိပ်စာ ၊ ဖုန်းနံပတ်များ ပေးပို့မှာယူ
နိုင်ပါတယ်။

Photos from Yangon Book Plaza's post 17/09/2024

ဒီလေးအုပ်မှာ ဘယ်နှစ်အုပ်ဖတ်ဖူးလဲ

လေးအုပ်စလုံးဟာ မြန်မာဘာသာပြန်စာတွေထဲမှာ အကောင်းဆုံးလက်ရာတွေလို့
မပြောနိုင်ရင်တောင်
အကောင်းဆုံးစာရင်းကို ပြုစုရင်
မဖြစ်မနေထည့်သွင်းပြုစုရမယ့်
စာအုပ်ကြီးတွေပါပဲ။

စာအုပ်များကို မှာယူလိုပါက
အမည်၊ လိပ်စာ ၊ ဖုန်းနံပတ်များ ပေးပို့မှာယူ
နိုင်ပါတယ်။

Photos from Yangon Book Plaza's post 06/09/2024

⭐️⭐️ဒီစာအုပ်အတွဲလေးကို
တစ်ပြိုင်တည်း ဖတ်ကြည့်ဖူးလား

အားလုံးကတော့
စာဖတ်သူများကြားမှာ
ရေပန်းစားပြီးသား ဖြစ်သလို
Yangon Book Plaza မှာလည်း
လတ်တလော လူကြိုက်များတဲ့
စာအုပ်တွေပါ။

တစ်တွဲချင်းစီက စာအုပ်လေးတွေကို
တွဲဖက်ကြည့်မယ်ဆိုရင်တော့
ထူးခြားတဲ့ ရသသစ်တစ်ခု ရမှာ
သေချာကြောင်း အာမခံပါတယ်။

✅မင်းလူ
ယမကာလုလင်
အသပြာလုလင်

✅တက္ကသိုလ်ဘုန်းနိုင်
နွေကန္တာဦး
ဝသန်လေချိန်မှန်ကူး

✅ ပါပီယွန်
ပယ်ရီပယ်ရီချစ်ကန်း
မက္ကဇင်ပါပီရဲ့ ထရော်မာများ

✅ Hope (Sint Nyi)
✅ သူစိတ်ဓါတ်ကျတိုင်းဖတ်ဖို့(မိုးရှင်း)

✅ ပါပီလွန်နှင့်ဗင်ကို (ဉီးလှဝင်း)
✅ ပင်လယ်ပြာနှင့်တံငါအို (မောင်ဆုရှင်)

စာအုပ်တန်ဖိုး အသေးစိတ်နဲ့ မှာယူပုံတွေကို
ကွန်မန့်မှာ ကြည့်ပေးပါ။

05/09/2024

ဝတ္ထု ဖတ်ပြီး ငိုရအောင်
ကလေး မဟုတ်တော့ဘူးဆိုတာလည်း
သိတာပေါ့ ..🙂

ဒါပေမယ့် တစ်ချို့အရာက
မျက်ရည်ကို ထိန်းချုပ်ဖို့ လုံးဝမရနိုင်လို့ပါ..🥹

တက္ကသိုလ်ဘုန်းနိုင်
✅ သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည်ခိုင်

ဂျုး
✅ အမှတ်တရ

သိုးဆောင်း
✅ အကြင်သူသည်

ဆီးနှင်းခဲ
✅ မြကျွန်းညိုမှ လိပ်ပြာဝှက်တမ်း

ဘယ် ဝတ္ထုကြောင့် အငိုရဆုံးလဲ ဆိုတာ
ဖတ်ပြီးတဲ့သူတွေ ပြောပေးကြပါအုံးနော်❤️‍🩹

လတ်တလော ဆိုင်မှာ Popular ဖြစ်နေတဲ့
စာအုပ်လေးတွေပါ..။

စာအုပ်ဈေးနှုန်းများ၊ မှာယူရန် လင့် နှင့်
We Distribution ၏ Delivery
ဝန်ဆောင်မှုများကို ယခုပိုစ့်၏ မန့်မှာ
ဖော်ပြပေးထားပါတယ်။

05/09/2024

စာအုပ်လက်ဆောင် အစီအစဉ်လေး
လာပါပြီ

https://www.facebook.com/100078693166100/posts/513869591246142/?

အသစ်စက်စက်ထွက်ထားတဲ့🌟
စာအုပ် ငါးအုပ် လက်ဆောင်ယူပါ
🎁🎁🎁🎁🎁

MDY FM & WE Distribution တို့ပူးပေါင်း
စီစဉ်တဲ့ စာအုပ်လက်ဆောင်
အစီအစဉ်လေး လာပါပြီ။

စက်တင်ဘာ ၅ရက်နေ့ ညနေ ငါးနာရီမှာ MDY FM radio ကနေ ဒေးကာနက်ဂျီ၏ ဒီဂျစ်တယ်ခေတ်
လူမှုဆက်ဆံရေး လမ်းညွှန် စာအုပ်နဲ့ပတ်သက်ပြီး
ဆွေးနွေးသွားဖို့ ရှိပါတယ်။

အဆိုပါ ဆွေးနွေးနေတဲ့ အချိန်မှာ
Mandalay FM Facebook စာမျက်နှာမှာ
သက်ဆိုင်ရာ ပို့စ်လေးတင်ပါလိမ့်မယ်။
အဆိုပါပို့စ်အောက်မှာ
စာအုပ်အကြောင်းပဲ
ဖြစ်စေ၊ တခြားသိချင်တာတွေ
ဖြစ်စေ မေးမြန်းနိုင်ပါတယ်။
ဒါမှမဟုတ် အမှတ်တရ တစ်ခုခုဖြစ်စေ
မန့်ခဲ့ပေးပါ။

မန့်တွေကထဲက ငါးဦးကို
Mandalay FM ကရွေးချယ်ပြီး
စာအုပ်တွေကို
ပို့ခအခမဲ့နဲ့ အိမ်အရောက်ပို့ဆောင်ပေးသွားမှာ
ဖြစ်ပါတယ်။

ဒီတော့
ဒီနေ့ ညနေ ငါးနာရီ
MDY FM 📻 ရေဒီယိုလေးနားက
မခွါနဲ့နော်🤍

Photos from NDSP Books's post 03/09/2024

မှာပြီးသွားကြပြီလားဗျို့🥰🥰🥰

https://www.facebook.com/100066853052288/posts/847859824119112/?

Photos from Yangon Book Plaza's post 02/09/2024

We Distribution နှင့် Yangon Book Plaza တို့၏
ဩဂုတ်လအတွင်း အရောင်းရဆုံး စာအုပ် 🔟 အုပ် ⭐️

1. အချစ်ရဆုံးသမီးလေးသို့ (လွန်းထားထား)

2. အမှတ်တရ (ဂျူး)

3. လက်ကျန်လရောင် (ပုညခင်)

4. မြကျွန်းညိုမှ လိပ်ပြာဝှက်တမ်း (ဆီးနှင်းခဲ)

5. အကြင်သူသည် (သိုးဆောင်း)

6. ပန်းမဟုတ်သော ပန်းတစ်ပွင့်အကြောင်း (ဂျင်ဂျာ)

7. ပင်လယ်ပြာနှင့်တံငါအို (မောင်ဆုရှင်)

8. မက္ကဇင်ပါပီရဲ့ ထရော်မာများ (ပါပီယွန်)

9. ငါကျုးလွန်မိတဲ့ ကံတစ်ပါးဟာ မင်းပဲ (မယ်ညို)

10. Bun Bun and The Rabbit Kingdom

☘️စာအုပ်လေးများကို မှာယူလိုပါက
Yangon book plaza ပေ့မှာ
နေရပ်လိပ်စာအပြည့်အစုံ နှင့် ဖုန်းနံပါတ်
ပေးပို့ပြီး မှာယူနိုင်သလို
ဖုန်းဖြင့် ဆက်သွယ်၍ မှာယူလိုပါက
☎️ 099788 72545ကို
နေ့စဉ် မနက်ကိုးနာရီမှ ညနေ ငါးနာရီအတွင်း
မှာယူနိုင်ပါပြီ။

❤️ဆိုင်လိပ်စာလေးက
လမ်းမတော်သံဈေး5လွှာ
မနက်9နာရီကနေညနေ5နာရီအထိ ပိတ်ရက်မရှိ
ဖွင့်လှစ်ထားပါတယ်။

စာအုပ်ဈေးနှုန်းများ ကို
ယခုပိုစ့်၏ မန့်မှာ ဖော်ပြ
ပေးထားပါတယ်။

Photos from NDSP Books's post 02/09/2024

နှစ်အုပ်ပေါင်း
ပို့ခ နဲ့ မှာယူနိုင်ပါပြီ❤️

https://www.facebook.com/100066853052288/posts/847859824119112/?

Photos from Yangon Book Plaza's post 31/08/2024

🌟အခမဲ့ တက်ရောက်ခွင့်ရမယ့် စိတ်ဝင်စားစရာပွဲ

ဟိုးရှေးရှေးတုန်းကပေါ့…

ရောင်စုံဓာတ်ပုံ တစ်ပုံဖြစ်လာဖို့ဆိုတာ
ရိုးရှင်း လွယ်ကူတာမျိုးတော့ မဟုတ်ပါဘူး။
ဖြူမည်းဓာတ်ပုံပေါ်မှာ
အရောင်တွေအဆင့်ဆင့်ခြယ်သ ရပါတယ်။
အသက်သွင်းရပါတယ်။
ပြည့်စုံလှပတဲ့ ဓာတ်ပုံတစ်ပုံဖြစ်လာဖို့ဆိုတာ
အနုပညာတစ်ရပ်ဖန်တီးရသလိုပါပဲ။

သူတို့တတွေ ဘယ်လောက်ကြိုးစားခဲ့ကြသလဲ၊
ဘယ်လိုတွေ အရောင်သွင်းကြသလဲဆိုတာ
သင်ကိုယ်တိုင်ရော
သင့်သားသား မီးမီးတို့ပါ
လေ့လာသင်ယူနိုင်မယ့် အခွင့်အရေးရှိပါတယ်။

Yangon Book Plaza , Myanmar Photo Archive , Goethe Institut တို့က
ပူးပေါင်းစီစဉ်တဲ့ Workshop လေးမှာ
ဦးရာလူစနစ်နဲ့ ပါဝင်ဆင်နွှဲနိုင်ပါတယ်။
အရောင်းသွင်းမယ့် အဖြူအမည်း ဓာတ်ပုံတွေ၊
ဆေးတွေ အကုန်လုံး အဆင်သင့် ပြင်ဆင်ထားရှိ
ပေးထားပါတယ်။

ဦးရာလူစနစ်ဖြစ်တဲ့အပြင်
နေရာအကန့်အသတ်ရှိတာကြောင့်
တတ်နိုင်သမျှ စောစောလာခဲ့ပါနော်။

DATE - SEP 1, 2024
Time - 1PM to 3PM
Address - Yangon Book Plaza,
ငါးလွှာ၊ သံစျေး၊ လမ်းမတော်၊ ရန်ကုန်။
(၁၇ လမ်း သံစျေး ဝင်ပေါက်မှာ
သီးသန့်ဓာတ်လှေကားရှိပါတယ်)
Phone - 09767019926

30/08/2024

Hand Colouring စာအုပ်က နာမည်နဲ့လိုက်အောင် အရောင်စုံဓာတ်ပုံတွေ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ပြီး အိတ်ဆောင်အရွယ် သေးငယ်ပြီး ချစ်စရာကောင်းတဲ့ စာအုပ်တစ်အုပ်ပါပဲ။ စာအုပ်အပြင်ဘက်မှာ အသဲပုံစံ ဖောက်ထုတ်ထားတဲ့ အဖုံးပါဝင်ပြီး အတွင်းမှာတော့ ဘာဂျာခေါက်ပုံစံဖြင့် အရောင်အသွေး စုံလင်လှပတဲ့ အရင်ခေတ်များက အသေးစိတ်ချယ်သရေးဆွဲခဲ့ကြတဲ့ ဓာတ်ပုံများကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အနောက်ဖက်မှာတော့ နည်းမျိုးစုံ၊ မီဒီယံမျိုးစုံနဲ့ ချယ်သနိုင်တဲ့ နည်းလမ်းတွေအပြင် Hand Colouring ရာဇဝင်အကြောင်း အကျဉ်းချုပ်ကို ပါ လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီလို စိတ်ဝင်စားစရာ ချစ်စရာကောင်းတဲ့ စာအုပ်ကို Yangon Book Plaza မှာ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။ စာအုပ်ကို မြန်မာဘာသာဖြင့် ထုတ်ဝေထားပြီး အင်္ဂလိပ်ဘာသာ စာအုပ်များအတွက် မြန်မာ့ဓာတ်ပုံမော်ကွန်းကို ဆက်သွယ်နိုင်ပါတယ်။

စာအုပ်ဝယ်ယူသူများအတွက် ကိုယ်တိုင် ပါဝင် စမ်းသပ်နိုင်မည့် အစီအစဉ်တခုကို စက်တင်ဘာလ ၁ ရက်နေ့၊ နေ့လည် ၁ နာရီမှ ၃ နာရီထိ Yangon Book Plaza မှာ ပြင်ဆင်ထားပါတယ်။ ဒီအစီအစဉ်မှာ ဖြူ/မဲဓာတ်ပုံတွေကို ပန်းချီဆရာများရဲ့ လမ်းညွန်ချက်များနဲ့ မိမိကိုယ်တိုင် ဆေးခြယ်ကြည့်ဖို့ အခွင့်ရမှာဖြစ်ပါတယ်။

စာအုပ်တန်ဖိုး: ၁၅၀၀၀ ကျပ်

အစီအစဉ်အသေးစိတ်
ရက်စွဲ: စက်တင်ဘာလ ၁ ရက်နေ့
အချိန်: နေ့လည် ၁ နာရီမှ ၃ နာရီထိ
နေရာ: Yangon Book Plaza

The Hand Colouring Book is colorful, pocket-sized, and adorable. It features a heart-shaped cutout cover, and inside, you will beautifully find hand-colored photographs from the past, presented in a charming accordion-fold style. The back of the book includes various techniques and media for hand coloring, along with a brief history of the practice. This delightful and engaging book can be purchased at Yangon Book Plaza. We currently have only the Burmese edition available at Yangon Book Plaza, but if you would like an English edition, please reach out to us.

We are offering an exclusive Hand Colouring Workshop for book purchasers at Yangon Book Plaza on 1st September 2024, from 1:00 PM - 3:00 PM. Participants will have the opportunity to engage in a hands-on practical session. This workshop will provide guidance and tips on mastering the art of hand colouring.

Book Price: 15,000 MMK

Workshop Details
Date: 1st September 2024
Time: 1:00 PM - 3:00 PM
Venue: Yangon Book Plaza

Photos from Slow Book's post 29/08/2024

မောင်နှေးကွေးလေးရဲ့
ဆိုင်သစ်ဖွင့်ပွဲလေးပါ❤️ လာခဲ့ကြပါဦးနော်

https://www.facebook.com/61563466657211/posts/122112734948448888/?

27/08/2024

မြန်မာ့ဓာတ်ပုံမော်ကွန်းက ထုတ်ဝေတဲ့ Hand Colouring စာအုပ်ကို Yangon Book Plaza မှာ ဝယ်ယူလို့ရနေပါပြီ။ စာအုပ်မှာ ကိုယ်တိုင်အလွယ်တကူ လိုက်လုပ်နိုင်မယ့် ဓာတ်ပုံဆေးခြယ်နည်းလမ်းညွှန်ချက်တွေပါတဲ့အပြင် ထို ခေတ်အခါက ပညာရှင်များမှ အနုစိတ်ဆေးရောင်ခြယ်ထားတဲ့ ဓါတ်ပုံပညာနဲ့ ပန်းချီပညာရဲ့ လှပတဲ့ပေါင်းစပ်မှုဖြစ်တဲ့ ခေတ်အဆက်ဆက် မြန်မာပြည်မှ ရောင်စုံဓာတ်ပုံတွေလဲ ပါဝင်မှာဖြစ်ပါတယ်။
စာအုပ်ထုတ်ဝေတဲ့ အထိမ်းအမှတ်အနေနဲ့ မြန်မာ့ဓါတ်ပုံမော်ကွန်း၊ Goethe-Institut မြန်မာ နဲ့ Yangon Book Plaza တို့ပူးပေါင်းပြီး စာအုပ်ဝယ်ယူသူများကိုယ်တိုင် ပါဝင် စမ်းသပ်နိုင်မည့် အစီအစဥ်လေး တခုကိုလဲ​ ပြင်ဆင်ထားမှာဖြစ်ပါတယ်။ ဒီ အစီအစဥ်မှာ ဖြူ/မဲဓါတ်ပုံတွေကို မိမိကိုယ်တိုင်ဆေးခြယ်ကြည့်ဖို့ အခွင့်ရမှာဖြစ်ပါတယ်။ ခုံအရေအတွက် အကန့်အသတ်ရှိမှာဖြစ်လို့ ဦးရာလူစနစ် နဲ့ လာရောက်အားပေးပါဝင်ပေးကြဖို့ ဖိတ်ခေါ်လိုပါတယ်။
အရောင်တွေ၊ ဓာတ်ပုံတွေ ကို စိတ်ဝင်စားတယ်ဆိုရင်တော့ Yangon Book Plaza မှာ မြန်မာ့ဓာတ်ပုံမော်ကွန်း ရဲ့ Hand Coloring စာအုပ်ဝယ်ယူပြီး စက်တင်ဘာလ ၁ ရက်နေ့ နေ့လည် ၁ နာရီမှ ၃ နာရီအထိ ပြုလုပ်မယ့် အစီအစဥ်မှာ ပါဝင်အားပေးကြဖို့ ဖိတ်ခေါ်ပါရစေ။

ရက်စွဲ - စက်တင်ဘာလ ၁ ရက်နေ့
အချိန် - နေ့လည် ၁ နာရီမှ​ ၃ နာရီထိ
နေရာ - Yangon Book Plaza

The Hand Colouring Book by Myanmar Photo Archive is now available at Yangon Book Plaza. This beautifully curated book celebrates the vibrant art of hand colouring, preserving the rich cultural heritage of Myanmar and includes easy tutorials for doing hand colouring on your own.

To celebrate this launch, we are offering an exclusive Hand Colouring Workshop for book purchasers, where they will have the opportunity to participate in a hands-on practical session. This workshop will provide guidance and tips on mastering the art of hand colouring. Presented in collaboration with Goethe-Institut Myanmar, Myanmar Photo Archive, and Yangon Book Plaza, this workshop is also a great opportunity to connect with others who share your passion for this creative practice.

Spaces are limited and offered on a first-come, first-served basis. Purchase your book at Yangon Book Plaza and join us!

Date: 1st September 2024
Time: 1:00 PM - 3:00 PM
Venue: Yangon Book Plaza

27/08/2024

ဆရာမြသန်းတင့်ရဲ့ #အကြာဆုံးစစ်ပွဲ_မြန်မာပြည်
Yangon Book Plaza မှာ ပြန်ရပါပြီ ။

Louis Allen ၏
BURMA The Longest War (1941-1945) စာအုပ်ကို
ဘာသာပြန်ဆိုထားတာဖြစ်ပါတယ် ။

ဒုတိယကမ္ဘာစစ်တွင်းက
မြန်မာပြည်စစ်ပွဲအကြောင်းကို
ရေးထားသမျှ စာအုပ်တွေထဲမှာတော့
အပြည့်စုံဆုံး စာအုပ်တစ်အုပ်ပါ ။

၁၉၉၀ မှာ ဘာသာပြန်ဆိုပြီးစီးခဲ့ပြီး
အကြောင်းအမျိုးမျိုးကြောင့်
နှစ်ပေါင်း (၂၀)ကျော် အကြာ
၂၀၁၅ ခုနှစ်တွင်မှ ပထမအကြိမ်
ထုတ်ဝေနိုင်ခဲ့ပါတယ် ။

ယခု ကိုးနှစ်အကြာတွင် ဒုတိယအကြိမ်
အသစ်ပြင်ဆင် တည်းဖြတ် ပြီး
ပြန်လည်ထွက်ရှိလာတာဖြစ်ပါတယ်။

✅ တန်ဖိုး (၄၀၀၀၀) ကျပ်

☘️စာအုပ်လေးများကို မှာယူလိုပါက
Yangon book plaza ပေ့မှာ
နေရပ်လိပ်စာအပြည့်အစုံ နှင့် ဖုန်းနံပါတ်
ပေးပို့ပြီး မှာယူနိုင်သလို
ဖုန်းဖြင့် ဆက်သွယ်၍ မှာယူလိုပါက
☎️ 099788 72545ကို
နေ့စဉ် မနက်ကိုးနာရီမှ ညနေ ငါးနာရီအတွင်း
မှာယူနိုင်ပါပြီ။

❤️ဆိုင်လိပ်စာလေးက
လမ်းမတော်သံဈေး5လွှာ
မနက်9နာရီကနေညနေ5နာရီအထိ ပိတ်ရက်မရှိ
ဖွင့်လှစ်ထားပါတယ်။

Photos from Yangon Book Plaza's post 24/08/2024

စာအုပ်ဆိုင်တွေကို

❤️တစ်ယောက်တည်း သွားသလား

🤍အဖွဲ့လိုက်သွားသလား

တစ်ယောက်တည်း ဇိမ်လေးနဲ့
စာအုပ်စင်တွေကြားထဲမှာ မွှေနှောက်ရှာဖွေရတာ
ကောင်းသလို

အဖွဲ့လိုက်စာအုပ်တွေရှာကြဖွေကြရင်း
သူ့အကြိုက်ကိုယ့်အကြိုက်
ငြင်းကြခုန်ကြတာလည်း
ကောင်းတာပါပဲ။

မိတ်ဆွေရော
ဘယ်လိုလဲ
တစ်ယောက်တည်းဆိုရင် ❤️
အဖွဲ့လိုက်ဆိုရင် 🤍

❤️ Vs 🤍

ဘယ်အရောင်ကို ရွေးမလဲ

23/08/2024

မိတ္တဗလဋီကာစာအုပ်ကို

၁။ တစ်ကြိမ်ထက် မက ဖတ်ဖူးသူ ရှိပါသလား
၂။ မိတ်ဆွေတွေကို ဖတ်ဖို့ တိုက်တွန်းဖူးပါသလား
၃။ စာအုပ်ထဲမှာပါဝင်တဲ့ အချက်အလက်တွေကြောင့် ကိုယ့်ဘဝမှာ တိုးတက်သွားတယ်လို့ ထင်ပါသလား

အထက်ပါ အချက်သုံးချက်ထဲက
တစ်ချက်တစ်လေများ ကိုက်ညီခဲ့ရင်
ဒီပို့စ်အောက်မှာ ကိုက်ညီခဲ့တဲ့ နံပတ်လေးကို
မန့်ခဲ့ပေးပါ။

မကြာမီမှာ
မိတ္တဗလဋီကာကို
ဒီဂျစ်တယ်ခေတ်အတွက် သီးသန့်ပြင်ဆင်
ထုတ်ဝေထားတဲ့ စာအုပ်တစ်အုပ်
ကြေညာဖို့ ရှိပါတယ်။

မျှော် ❤️

Photos from Yangon Book Plaza's post 22/08/2024

'ရုပ်ချော' နှင့် အပြောကောင်း' တွင်
အပြောကောင်းသူကို
ပို၍ ချစ်ကြသည်
ကမ္ဘာမှာ တစ်နေ့တခြား လူဦးရေး တိုးပွားကာ
လူနေထူထပ် ကျပ်သိပ်လာသည်နှင့်အမျှ
လူနှင့် လူချင်း ဆက်ဆံပေါင်းသင်းရေးကိစ္စက
အရေးပါလာပါတယ်။

စက်မှုခေတ်ဖြစ်စေ ၊
နည်းပညာခေတ်ဖြစ်စေ ၊
ပညာခေတ်ဖြစ်စေ
ဘယ်ခေတ်ရောက်ရောက်
လူအများရဲ့ချစ်ခင်မှုကို ရတဲ့သူ
လူအများကြားမှာ ပြောနိုင်ဆိုနိုင်စွမ်းရှိသူက
ပို၍ ထူးခြားအောင်မြင်လေ့ရှိပါတယ်။

ဒီစာအုပ်လေးတွေကို ဖတ်ကြည့်ပါ
စကားပြောစွမ်းရည်နဲ့
လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်တွင်
လက်တွေ့မှာလည်းအသုံး၀င်သလို
သူများကို ညွှန်းပေးရမှာလည်း
တကယ်အဆင်ပြေတဲ့ စာအုပ်လေးတွေပါ။

လူငယ်များ လက်စွဲထားဖတ်ရင်
အကျိုးရှိမှာ သေချာပါတယ်။

ဦးနု
✅မိတ်တဗလဋီကာ
✅တန်ဖိုး - ၁၂၀၀၀ ကျပ်

ဖေမြင့်
✅ပြောတတ်ဆိုတတ် ပေါင်းသင်းတတ်တဲ့သူ
✅တန်ဖိုး - ၅၀၀၀ ကျပ်

ကျော်ဝင်း
✅နှစ်ဆယ့်တစ်ရာစု သားရွှေဥ
✅တန်ဖိုး - ၅၀၀၀ ကျပ်

☘️စာအုပ်လေးများကို မှာယူလိုပါက
Yangon book plaza ပေ့မှာ
နေရပ်လိပ်စာအပြည့်အစုံ နှင့် ဖုန်းနံပါတ်
ပေးပို့ပြီး မှာယူနိုင်သလို
ဖုန်းဖြင့် ဆက်သွယ်၍ မှာယူလိုပါက

☎️ 099788 72545ကို
နေ့စဉ် မနက်ကိုးနာရီမှ ညနေ ငါးနာရီအတွင်း
မှာယူနိုင်ပါပြီ။

❤️ဆိုင်လိပ်စာလေးက
လမ်းမတော်သံဈေး5လွှာ
မနက်9နာရီကနေညနေ5နာရီအထိ ပိတ်ရက်မရှိ
ဖွင့်လှစ်ထားပါတယ်။

Photos from WE Myanmar Bookstore Chiang Mai's post 18/08/2024

“စာအုပ်နှင့် သင့်ကြား ဝေးကွာမှု မရှိစေရ”
ဆိုတဲ့အတိုင်း
ကမ္ဘာအနှံက မြန်မာစာပေချစ်သူများအတွက်
အကောင်းဆုံး ဝန်ဆောင်မှုများနဲ့အတူ စာအုပ်များ
ပို့ဆောင်ပေးနေတဲ့ ချင်းမိုင်မြို့က
မြန်မာစာအုပ်ဆိုင်လေး

https://www.facebook.com/share/p/hy6aiuYbk2j9SH7o/?mibextid=WC7FNe

Photos from Yangon Book Plaza's post 16/08/2024

မြဝတ်ချိုစာအုပ်တိုက် နှစ်နှစ်ပြည့်အနေနဲ့ ထွက်ရှိမည့်စာအုပ်(၁၂) အုပ်နဲ့အတူ
စာရေးဆရာများရဲ့ အမှတ်တရ လက်မှတ်ရေးထိုးပွဲ 📚📚📚

၁၈.၈.၂၀၂၄ - နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီ ထိ Yangon book plaza (၅ လွှာ၊ သံဈေး) တွင် စာရေးဆရာ၊ ဆရာမများ ကိုယ်တိုင် အမှတ်တရလက်မှတ်ရေးထိုးပေးမှာ ဖြစ်ပါတယ်။

ဆရာ၊ဆရာမများနှင့်တွေ့ဆုံဖို့ စာဖတ်ချစ်သူအပေါင်းကို ရင်းနှီးချစ်ခင်စွာ ဖိတ်ကြား အပ်ပါတယ်ရှင့် 🖤

တိုက်ထုတ်စာအုပ်အားလုံးကိုလည်း
အထူးလျှော့စျေးနဲ့
ရောင်းချပေးသွားမှာ
ဖြစ်ပါတယ်။

စိုင်းဝင်းမြင့် - ကျေးဇူးတော်လမ်း (၄၀၀၀ ကျပ်)
သဲဆုမွန် - တွဲနံပါတ် ၈ (၆၀၀၀ ကျပ်)
ပန်းငုဝါဝါ - ပန်းတွေရဲ့လောကဓံ (၆၀၀၀ ကျပ်)
မောင်ရီဦး - လွှာလှပ်လွင့်ဝါ (၁၂၀၀၀ ကျပ်)
မျိုးထူးထက် - အချစ်စာပါကွယ် (၄၅၀၀ ကျပ်)
ချမ်းမြ - အပ္ပဂ္ဃအနုပညာ (၇၃၀၀ ကျပ်)
အိချို (Her Inspiration) - ချစ်သော (၆၅၀၀ ကျပ်)
မယ်ညို - ကမ္ဘာကြီးလောက်ချစ်ပြီးသည့်နောက် (၆၀၀၀ ကျပ်)
Tristan Pyne - သတိမရချင်တဲ့ချစ်သူ (၄၀၀၀ ကျပ်)
အလင်္ကာ - ကျွန်မကဗျာဆရာကို မု န်းတယ် (၇၅၀၀ ကျပ်)
နွေလင်းအိမ် - အဝေးကမျှော်ငေးတမ်းတနေရသော (၅၀၀၀ ကျပ်)
ခန့်နေညို - ချစ်ခြင်းဖွဲ့သီ (၆၀၀၀ ကျပ်)

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

သိပ်ချစ်ဖို့ကောင်းတဲ့ Bun Bun and The Rabbit Kingdom ကာတွန်းစာအုပ်သစ်လေး ဖတ်ပြီးကြပြီလား #Yangon #YangonBookPlaza #comic...
သူ့နာမည်က Slow Book တဲ့။ လှပပြီး ချစ်စရာကောင်းမယ့် စာအုပ်ဆိုင်လေးပေါ့။ မကြာမီဖွင့်တော့မှာဖြစ်ပါတယ်။ စာအုပ်ဆိုင် လှလှလေးတ...
Yangon Book plaza ကို ရောက်ဖူးပြီလား ❤️#yangonbookplaza #booklovers #bookstore
ဒီနေ့နဲ့ မနက်ဖြန် နှစ်ရက်တည်းရမယ့် 50% Discount အစီအစဉ်ပညာရေးအတွက် အလွန်အထောက်အကူပြုတဲ့သုခမိန် App လေးကိုဇူလိုင် ၁၂ - ၁၃...
ခရီးသွားတဲ့အခါ ကိုယ်နဲ့အတူတူယူသွားချင်တဲ့ စာအုပ်တစ်အုပ်ကိုရွေးပါဆိုရင် ဘယ်စာအုပ်ကို ရွေးမလဲ ❤️ #YangonBookPlaza #booktok...
တစ်ယောက်တည်း စာအုပ်တွေရွေးရတာနဲ့သူငယ်ချင်းတွေနဲ့ ရွေးရတာ ဘယ်ဟာကို ပိုကြိုက်သလဲ…🥰 #YangonBookPlaza #Myanmar #booktok #Yan...
စိတ်ချမ်းသာစရာ ရပ်ဝန်းလေးတခု🌧️☕📚#Book #Yangon Book plaza
ဒီနေရာလေးကို ရောက်ဖူးပြီလား ❤️#YangonBookPlaza #booktok
လေးအုပ်စလုံး စုံပြီလား #YangonBookPlaza #TheGuysofRangoon #1+2+3+4+5+6+7+8 #YangonBookPlaza
Yangon Book Plaza ကို ဘယ်နှစ်ကြိမ်ရောက်ဖူးလဲ #YangonBookPlaza#Yangon
Bookfair တုန်းက ဝယ်ခဲ့တဲ့ စာအုပ်တွေ ဖတ်လို့ ကုန်ပြီလား #YangonBookPlaza #booktok #Myanmar
လှ❤️ #YangonBookPlaza စာအုပ်ပွဲ 💕 ပထမနေ့

Category

Telephone

Website

Address


Lamadaw Street
Yangon
095

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Other Book Stores in Yangon (show all)
Great Future Chinese Book Store -တရုတ်စာအုပ် လက်လီ/လက်ကားဖြန့်ချီရေး Great Future Chinese Book Store -တရုတ်စာအုပ် လက်လီ/လက်ကားဖြန့်ချီရေး
No. 60/A , Ground Floor , 4th Street , Lanmadaw Township
Yangon, 11131

Chinese Book Store

Merry Moon Merry Moon
Yangon

21 Bookstore 21 Bookstore
Yangon

21 Bookstore

Vampire Vampire
Yangon

မင်္ဂလာပါ ဗန်ပိုင်ယာ(သွေးစုပ်ဖုတ် စနစ်)စာစဥ်မှ ကြိုဆိုပါတယ်။ Please Like & Follow me. Thanks you.

UMAI comics/manga UMAI comics/manga
Yangon

Upload Burmese Translation of Manga/Manhua/Comic

Milano Education Bookstore & Printing Milano Education Bookstore & Printing
South Okkalapa Township
Yangon, 11091

Children Books

Busy Kidz Busy Kidz
Yangon, 11141

It's all about early years child development and learning materials .

BSV Testing Page BSV Testing Page
Zaw Ti Ka Street
Yangon

Htut Jp Book Shop Htut Jp Book Shop
Yangon

ဂျပန်စာနဲ့ပတ်သက်တဲ့ စာအုပ်တွေကို လ?