EI Solar Lighting & Tool
Electrical and Solar Equipment တွေ ရောင်းချတဲ့ page ဖြစ်ပါ?
2024 မှာ ဘယ် ဆိုလာ PV အကောင်းဆုံးလဲ
***********************************
အခု အချိန်မှာ မြန်မာပြည်မှာ ဆိုလာတတ်တာတွေ များနေတော့ ဘယ် ဆိုလာ အကောင်းဆုံးလဲ လို့ မေးနေတာလေး Customer တွေသိအောင် ဖြေ ပေးလိုက်ပါတယ်။
ဆိုလာမှာ အခုနောက်ဆုံးထုတ်တာ က P type , N type ဆိုပြီးရှိပါတယ်။
N type ကတော့ နောက်ဆုံးပေါ် tech ဖြစ်ပြီး အကောင်းဆုံးပါ။
P type ကတော့ N type မပေါ်ခင်က ထုတ်တာပါ။ လက်ရှိလဲ ထုတ်နေပါသေးတယ်။
Silicon Cell အမျိုး အစား ၂ ခုရှိပါတယ်။ Mono နဲ့ Poly ဆိုပြီး ရှိပါတယ်။
Mono ကိုပဲ ဆက်ထုတ်ပြီး Poly ကတော့ မထုတ်သလောက်ပါ။
နောက်တခုက ထုတ်တဲ့ စက်ရုံရဲ့ အရည် အသွေး သတ်မှတ်ချက်ပါ။ Tier 1 စက်ရုံတွေ ကထုတ်တာတွေ ကစိတ်ချ ရပြီး ကမ္ဘာ့ မှာ အကောင်းဆုံး စိတ်အချရဆုံးပါ။ ကျန်တဲ့ စက်ရုံတွေ က ထုတ်တာတွေ ကောင်းပေမဲ့ Tier1 က ထုတ်တာတွေလောက် ကတော့ စိတ်မချရပါဖူး။
Warranty အနေနဲ့ စက်ရုံတွေ က P type ကို material 10 Years Performance ကို 25 Years ,
N type ကို material 12 Years Performance ကို 30 Years , ပေးပါတယ်။
Half cell module , Full cell module ဆိုပြီးလဲ ၂ ခု ရှိပါတယ်။ half cell module ကပိုကောင်းပါတယ်။ အရိပ်ကျတဲ့ အခါ တဝက် ကျန်အောင် တည်ဆောက်ထားတာပါ။
N type မှာ ၂ မျိုး ရှိပြီး Mono-facial နဲ့ Bifacial ဆိုပြီး ရှိပါသေးတယ်။ ၂ ခုလုံးကတော့ သုံးဆွဲတဲ့နေရာ အလိုက် ကောင်းပါတယ်။ Rooftop ဆိုရင် mono-facial , Frame တွေနဲ့ဆိုရင် bi-Facial တပ်ဆင်ကျပါတယ်။ဥပမာ ရေပန့် သမားတွေ ဆိုရင် bi-Facial သုံးသင့်ပါတယ်။
PV grade တွေမှာလဲ A,B, C စသဖြင့်ရှိပါတယ်။ အကောင်းဆုံးကတော့ grade A cell ပါခင်ဗျာ။
အဲတော့ အကောင်းဆုံး PV cell ကို ပြောရရင် Tier1 factory , Mono cell, Half-cell design , N type, Bi or Mono-facial , GRADE A ဖြစ်ပါတယ်။
အထူးသတိပြုရမှာကတော့ Fake အတု ဆိုလာတွေ ဖြစ်ပါတယ်။ Quality အညံ့တွေ ကို တံဆိပ် အတုကပ်ရောင်း ကျပါတယ်။ အဲဒါကို တချို့ PV တွေ မှာ Online ကနေ Grade A ဟုတ်မဟုတ် QR code ကနေ စစ်လို့ရပါတယ်။
AETHER Solar Engineering မှာတော့ Tier1 စက်ရုံဖြစ်တဲ့ JINKO ကထုတ်တဲ့ Grade A N type half-cell, mono-facial နဲ့ Bi-facial များ စက်ရုံတိုက်ရိုက် ရောင်းချ ဖြန့်ဖြူးပါတယ်ခင်ဗျာ။
အမြဲတမ်းလဲ နောက်ဆုံးပေါ် အကောင်းဆုံး Solar PV များကို တတ်နိုင်သရွှေ့ အခြေ အနေပေးသလောက် Tier1 စက်ရုံ ပစ္စည်းများကို တင်သွင်းပေးပါမည် ခင်ဗျား ။
Detail ဖတ်ချင်ရင်တော့ အရင်ကရေးထားတာတွေ Comment မှာ Link ရှာထားပေးပါ့မယ်။
ဖတ်ရှုတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
AETHER Solar Engineering
အခန်း 002 , မြေညီထပ် ။ တိုက် အမှတ် B-7 , ရွှေကမ္ဘာ အိမ်ယာ ( ၃ ) လမ်း
မင်းဓမ္မလမ်း ။ မရမ်းကုန်း ။ ရန်ကုန်
for home
inverter
ကျွန်တော် , Aether နဲ့ မြန်မာပြည် Solar အကြောင်း ( အပိုင်း ၆ )
*********************************************************
အခုမှ ဆိုလာမှာဘာလို့ လုပ်တဲ့သူများလာတာလဲ
*******************************************
အဓိကကတော့ မီးပျက်တာ မခံနိူင် ကျတော့ ဆိုလာတတ် ကျတာပေါ့။တတ်တာ အများစုကတော့ Off-grid hybrid စနစ်တွေပါပဲ။
တကယ်တော့ ကျွန်တော်ကိုယ်တိုင်လဲ ဒီလို စနစ်မျိုး ဆိုလာ တတ်တာ ကို အားမပေးချင်ပါဖူး။ ဘာလို့လဲ ဆိုတော့ battery ပါတော့ ပိုကုန်လို့ပါ။ ဆိုလာ ကိုစပြီး ၂၀၁၇ မှာလုပ်ခဲ့တာက On-grid system တွေ အတွက်ရယ် လုံးဝ လျပ်စစ်မရတဲ့ နေရာတွေ အတွက် pure off-grid အတွက်ပါ။ တကယ့်ကို renewable energy ကို တွဲဖက်သုံးဖို့ပါ။
မြောက်ဒဂုံက အိမ်တခုမှာ မြန်မာပြည် ဆိုလာ ခေါတ်ဦး ၂၀၁၉ လောက်က on-grid system တပ်ဖူးတယ်။ အဲဒီမှာ ဘာတွေ့လဲဆိုတော့ နေ့လည်မှာ သူ့ရဲ့ အိမ်မှာ မီးအားကျတာ ပျောက်သွားတယ်။ load ကို EPC ကမဆွဲပဲ solar ကနေ ဆွဲ တာကိုး။ တကယ်လို့သာ အဲလမ်းထဲမှာ အိမ်တရာရှိလို့ 20% လောက် တတ်လိုက်ရင် လျပ်စစ်ဒုက္ခတွေ တခြားအိမ် တွေမှာပါလျော့သွားမယ်။ ( ဥပမာ ပြောတာပါ )
ကျွန်တော်ခန့်မှန်းတာက လျပ်စစ် က အသုံး များသထက်များလာပြီး တချိန်ချိန် မှာ Fossil fuel သုံးပြီး လျပ်စစ်ထုတ်တဲ့ တဲ့ နိုင်ငံတွေမှာ လျပ်စစ်မီတာခတွေ တက်လာ မှာရယ် solar system တွေ က လူတွေ လက်လှမ်းမှီတဲ့ ဈေးနှုန်းတွေ ရောက်လာမှာရယ် ကို ကြိုတွေး မိပါတယ်။ အဲဒီ အတွက်လဲ AETHER Solar Engineering ကို 2017 မှာ စပြီး တည်ထောင်ခဲ့ပါတယ်။ တခြား မိတ်ဆွေ တွေ ကိုလဲ Solar business လုပ်ဖို့ အဲဒီ အချိန် က တိုက်တွန်းခဲ့ပါတယ်။ တကယ်တော့ အမြတ်နဲလို့ ဘယ်သူမှ စိတ်မဝင်စားပါဖူး။ အခု အချိန် လုပ်ချင်တဲ့ သူများနေတာက တခြား နေရာတွေ မှာ business ရှားသွားလို့ပါ။ ရှိသမျှနယ်ပယ် လူပေါင်းစုံ လုပ်နေကျတာပါ။ တချို့ကတော့ဒီလို အမြတ် ဒီလို risk အရှုံးတွေနဲ့ ပြန်ထွက်ဖို့ လုပ်နေ ကျပါပြီ။ ဒါပေမဲ့ ပြသနာက ဘယ်မှာ business လုပ်မလဲဆိုတာပါ။ စီးပွားရေး အတွက် တော်တော် လေးကို ခက်ခဲ ကြမ်းတမ်းတဲ့ အခြေ အနေပါပဲ။
မနေ့ က post နဲ့ ပြန်ဆက်ရရင် ပိုက်ဆံရှိလို့ ဆိုလာတတ်တဲ့ သူတွေ ကို ကျေးဇူးတင်ပေးပါ။ ပြောရရင် ကျါန်တော် က ဆိုလာ လုပ်ငန်းလုပ်နေလို့ ထင်ရင်ထင်မှာပါ။ အခု အချိန်မှာ ဆိုလာ လုပ်ငန်းက Risk level နဲ့တွက်ရင် လုံးဝ မမြတ်တော့တဲ့ လုပ်ငန်းပါ။ တခြားနိုင်ငံမှာ $ 20000 လောက် ကျတာကို ဒီမှာ $5000 လောက်နဲ့ လုပ်နေကျတာပါ။ ( Quality အတုတွေနဲ့ ဖြန့်နေတဲ့ သူဆိုရင်တော့ အမြတ် ကျန်နိုင်ပါတယ်။ ဘယ်စီးပွားရေးဖြစ်ဖြစ် ဥပဒေ မရှိရင် ဘယ်သူသေသေ ငတေ မာရင် ပြီးရောဆိုတဲ့ သူတွေ ရှိနိုင်ပါတယ်)
ကျွန်တော်ဘာလို့ Solar ဆက်လုပ်လဲဆိုရင် ကိုယ်စခဲ့တဲ့ အလုပ်ရယ် ဝါသနာပါတာရယ် ကုသိုလ် ရမယ်ထင်တာရယ်ကြောင့်ဆက်လုပ်ဖြစ်တာပါ။ အရင်းအနှီးတွေ ကို ရွှေစု ဖြစ်ရင်တောင်ဒီထက် အများကြီး ကိုက်ပါတယ်။ ဦးနှောက်လဲ ခြောက်စရာမလိုပါဖူး ။ အရင်ခေါတ်ဦး ၂၀၁၈-၂၀၂၁ လောက် ကတော့ ထိုက်သင့်တဲ့ အမြတ်တွေ ကျန်ပါတယ်။အဲဒီ အမြတ်တွေနဲ့ပဲ ဆက်လုပ်နေတာပါ။
တနေ့ က Solar သွင်းတဲ့ မိတ်ဆွေ တယောက် နယ်စပ်မှာ ကားဂျောက်ထဲ ကျတာ အချပ် ၆၀၀ လောက် နဲ့ ပါသွားတယ်။ ဘယ်နှစ်ချပ်ကွဲမလဲတော့ မသိဖူး။ ရေ ကြောင်း ကနေ သွင်းခွင့်မရတော့ ကုန်းလမ်းကနေပတ် သယ်ရတာ။ Risk နဲ့ အရင်းအနှီး များတယ်။ ရှုံးချင်ရင် တခဏပါပဲ။ ကိုယ်တိုင်လဲ ခံရဖူးတော့ အခု အချိန် risk ယူ ဖို့ တော်တော်စဉ်းစားပါတယ်။ စေတနာ ထားပြီးသွင်းနေတဲ့ သု့ဖက် ကိုယ့်ဖက် မျှမျှ တတ လုပ်နေတဲ့ စီးပွားရေး သမား တွေလဲ ရှိပါတယ်။ ဒါပေမဲ့ အမြတ်မရရင် ရှေ့ဆက်ဖို့ ကတော့ ခဲယာဉ်းပါလိမ့်မယ်။
ဆိုလာ installer များနဲ့ heat stoke
********************************
အခု အချိန်မှာ ကျွန်တော် ကိုယ်ချင်းစာ မိတာက ခေါင်မိုးပေါ်တွေ မှာ တက်လုပ်နေရတဲ့ solar installer များပါပဲ။ ဘာလို့လဲဆိုတော့ အပူတွေ များလွန်းလို့ Heat stroke အပူလျှပ်ခြင်း ဖြစ်နိုင်ပါတယ်။ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။
နွေရာသီလို ပူတဲ့အခါ ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါချွေးတွေအရမ်းထွက်ပါတယ် ဆားတွေ ပါ ပါသွားပါ တယ်။ဆားတွေများများပါသွားလေလေ ရေက မငတ်တော့လေလေ ပါပဲ။
ရေက မသောက်မိဘူး။ ပိုပို ဆိုးလာတော့တာပေါ့။အဲတော့ solar Installer သမားများအနေနဲ့ ပူတဲ့အခါ ရေဆာဆာ မဆာဆာ ရေ ကို ဘယ်နှစ်ပုလင်း သောက်မယ်ဆိုတာ ကို target ထားသင့်ပါတယ်။ ဓါတ်ဆားရည် ကိုလဲ ရောပြီးသောက်သင့်ပါတယ်။ ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။ အသက်ကိုဥာဏ်စောင့်ပါတယ်။ မိသားစု အတွက် အလုပ်လုပ်နေတာ safety first ပါလို့ ပြောချင်ပါတယ်။ အသက်ရှည်နေသရွှေ့ အလုပ်လုပ်လို့ရပါတယ်။ ကျန်းမာရေးကို ဒီ အချိန် အတွင်း ပိုဂရုစိုက်ပါ။
Solar တပ်ချင်သူများလဲ တပ်နိုင်ရင်( Plan ရှိရင် ) မိုးတွင်း ဆောင်းတွင်းမှာ ကြိုတင်တပ်ထားစေချင်ပါတယ်။ အခု အချိန်ထက်တော့ ဆိုလာဈေး တွေ ထပ်ကျဖို့မဖြစ်နိုင်ပါဖူး။ ဆိုလာ နဲ့ ဆက်စပ် ပစ္စည်း မှန် သမျှ တခြားနိုင်ငံက $ နဲ့ဝယ်ရတာပါ။
ဖတ်ရှုတဲ့ အတွက် ကျေးဇူးပါ
ဆက်ရန်
Kyaw Oo
Oil & Gas Engineer
EI Engineering
for home
အရေးကြီးတဲ့ Solar Site survey
*********************************
AETHER Chat box ကနေ ရော Phone တွေနဲ့ရော Home solar system နဲ့ ပတ်သက်ပြီး စိတ် ၀င်တစားမေးမြန်း ကျတဲ့ မိတ် ဆွေ များအားလုံး ကျေးဇူးပါ ။
Renewable power စနစ် ကို စိတ်ဝင်စားတာနဲ့ Solar Company ကို 2017 မှာစတင်တည်ဆောက်ခဲ့ပါတယ်။
မနေ့ကတော့ Solar တပ်ဆင်မှုမှာ Experience ရှိတဲ့ ကျွန်တော်နဲ့ လက်တွဲ လုပ်ဖေါ် Engineer လေး Ko Yan Lin Moe နဲ့ ၂ နာရီလောက် စကားတွေ ပြောဖြစ်ပါတယ်။ ၂၀၁၈ ထဲက Solar Off-grid , On-grid တွေမှာ စပြီးလုပ်လာခဲ့တဲ့ ဘွဲ့ရ Engineer ပါ။၂၀၂၂ မှာ Solar တွေ စပြီး တရှိန်ထိုး အသုံးများလာတော့ သူ့ဆီ မှာအကြံ အညံ့တွေ ယူခဲ့ သူအများကြီးပါပဲ။ အလုပ်ခွင်ကနေသင်ယူရင်း တကယ့်ကိုယ် Experience ရှိတဲ့ Solar Engineer တယောက်ပါ။
အခု Solar မှာဖြစ်နေတဲ့ ပြသနာတွေ ကို တော်တော်များများနားလည်ပါတယ်။Aether Solar for Home အနေဲ့ ဆင်ခဲ့တဲ့ Solar for Home အိမ်ပေါင်း ၅၀၀ ကျော်လောက် ရှိသွားပါပြီ။စက်ရုံတွေရဲ့ On-grid MW project တွေမှာလဲ installation Sub-contractor အနေနဲ့ ပါဝင်ခဲ့ပါတယ်။
အဓိကပြောဖြစ်တာကတော့ Survey အကြောင်းပါ။ Customer တော်တော် များများ က Solar အကြောင်းရေး ထားတဲ့ စာတွေ ဖတ်ပြီး တခါထဲ Quotation တောင်းတတ်ကျပါတယ်။ ခန့်မှန်းခြေ ပြောလို့ရပေမဲ့ အဓိ ကလိုတာ Site survey ပါ။ တပ်ဆင်ရမဲ့ အခြေ အနေ ကို အဓိကလေ့လာပြီး မတတ်ခင်မှာ Budget အခြေ အနေနဲ့ ကိုက်ညီ မဲ့ System တခု ကိုဖန်တီးရမှာပါ။
စာတွေ ဖတ်မယ်ဆိုရင်တော့ ရေးထားတာတွေ က အပိုတွေ များကျပါတယ်။ ဘယ်လောက်တတ်လိုက်တာနဲ့ ဘယ်လို ရမယ်ဆိုတာ ကို တတ်ချင်အောင်ရေးကျတာများပါတယ်။ တကယ်တော့ မြန်မာပြည်မှာတတ်တဲ့ solar system က တခြား ၂၄ နာရီ မီးလာတဲ့ နိုင်ငံတွေနဲ့ အခြေ အနေမတူပါဖူး။ တွက်ချက်ရတာလဲမတူပါဖူး။ Protection တွေထည့်ပေးရတာလဲ မတူပါဖူး။
Engineering မှာ site survey က အသက်ဖြစ်ပါတယ်။ solar for home စနစ်ဟာ ငွေကြေး အကုန် အကျခံ ပြီး နှစ်ပေါင်း များစွာ ( နှစ် ၃၀ ကျော် ) ခံအောင် တည်ဆောက် ရတာဖြစ်ပါတယ်။
AETHER Solar company က ၂၀၁၇ ထဲက တရားဝင် မှတ်ပုံတင်ထားတဲ့ Solar base Engineering company ဖြစ်ပါတယ်။ Solar for Home ပစ္စည်းများကို ကိုယ်တိုင် permit နဲ့ သွင်းပြီး ဖြန်ဖြူး ပါတယ်။ company ကိုယ်တိုင်လဲ တပ်ဆင်ပါတယ်။ အဲဒီ အတွက် ဈေးနှုန်း ကတော့ တခြား quality material + installation cost တွေ နဲ့ ယှည် ပြိုင်နိုင်ပါတယ်။ Brand ကောင်းတဲ့ Professional အတွက်ထုတ်တဲ့ solar Equipment တွေ ပဲ အသုံးပြုတပ်ဆင်ပါတယ်။ Internet web site တွေမှာလဲ လေ့လာလို့ရတဲ့ solar equipment တွေပဲ ဖြစ်ပါတယ်။
ဆိုလာ မတတ်ခင် အရေးကြီး တာက ပထမဦးစွာ တပ်ဆင်မဲ့နေရာ ကို အရင်လေ့လာ ပြီး တပ်ဆင်လို သူ အိမ် ရှင်နဲ့ တွေ့ဆုံ ဆွေးနွေး ပြီး မှ ကုန်ကျစရိတ် ( Quotation ) ကို ထုတ်ပေးပါတယ်။Site survey မရှိပဲ လုံးဝ တပ်ဆင်မှု မလုပ်ပေးပါဖူး။
အခု လက်ရှိ မြန်မာပြည်မှာ အများဆုံး တပ်တဲ့ Off-grid ( Hybrid ) က လက်ရှိ EPC လျပ်စစ်နဲ့ ရော တပ်ရမှာ ဖြစ်တဲ့ အတွက် သေချာစစ်ဆေးရမှာ ဖြစ်ပြီး ဘယ်လို လုပ်ရမှာ ကို နားလည်အောင် ရှင်းပြ ရမှာပါ။ အဓိ ကကတော့ Safety first installation ဖြစ်ဖို့ပါ။
တပ်ဆင်လို လျင် မင်းဓမ္မ မှာ ရှိတဲ့ Show room မှာ ပစ္စည်းတွေ ကိုလာရောက် ကြည့်ရှုလေ့လာနိုင်ပါတယ်။
ဘာတွေ စစ်ဆေးရမှာလဲ ဆိုတော့
၁။ လက်ရှိ EPC line ကို စစ်ဆေးပေးခြင်း
၂။ ဆိုလာ တပ်ဆင်ဖို့ နေရာ ကို အဆင်ပြေ မပြေ ခိုင်ခံ့ မှု ရှိ မရှိ စစ်ဆေးခြင်း
၃။ လက်ရှိ Earthing system ကို စစ်ဆေး ခြင်း
၄။ တပ်ဆင်ထားတဲ့ လျပ်စစ်ပစ္စည်း များနှင့် load များကို စစ်ဆေးခြင်း
၅။ ဆိုလာ တပ်ဆင် သင့်သည့် KW နှင့် တပ်ဆင်မဲ့ ဆိုလာ ပစ္စည်း များရဲ့ အရည် အသွေး ကို ရှင်းပြခြင်း
၆။ အကြမ်းဖျင်း ကုန်ကျစရိတ် ကို ရှင်းပြခြင်း
ရ။အားလုံး ပြီးစီးသွားသည့် အခါ Detail ကုန် ကျစရိတ် ကို Quotation ထုတ်ပေးခြင်း
တွေ ဖြစ်ပါတယ်။
Material + installation တွေ သဘောတူ ညီရင်တော့ ပစ္စည်းတွေ လဲ အဆင်သင့်ရှိနေရင် စတင်တပ်မဲ့ ရက် ကို အကြောင်းကြားပေးပါ့မယ်။
တပ်ဆင်မဲ့ ကာလ ကတော့ တပ်ဆင်တဲ့ KW ကို မူတည်ပြီး ၂ ရက်ကနေ ၅ ရက် အထိ ကြာနိုင်ပါတယ်။
တပ်ဆင်မဲ့ ပစ္စည်းတွေ ကတော့ AETHER Solar က စက်ရုံ ကနေတိုက်ရိုက် တင်သွင်းတဲ့ ပစ္စည်းတွေ ပဲ ဖြစ်ပါတယ်( နယ်စပ် မှ ပစ္စည်း များလုံးဝ အသုံးမပြုပါ )
ဖတ်ရှုတဲ့ အတွက် ကျေးဇူးတင်ပါတယ်
ဆက်သွယ်ရန်
~~~~~~~~
အေအီသာ ဆိုလာ AETHER Solar Engineering
Ma Thiri Lwin ( 09 5152476, 09 95 5152476, 09 799799 146 )
အခန်း 002 , တိုက် အမှတ် B-7 , ရွှေကမ္ဘာ အိမ်ယာ ( ၃ ) လမ်း
မင်းဓမ္မလမ်း ။ မရမ်းကုန်း
Solar
for Home
Solar for home
Used cells တွေဘယ်ကရ
Battery တွေ အကြောင်းလေ့လာရင်းနဲ့ တရုတ်က အင်ဂျင်နီယာ တယောက်နဲ့ ခင်တယ်။
ဒီလောက်များတဲ့ used cell တွေဘယ်ကထွက်လဲ မေးကြည့်တော့ တရုတ်ပြည်က EV bus နဲ့ Taxi ကားတွေ က ထွက်တာလို့ပြောတယ်။
EV တွေ Taxi တွေက running time အရမ်းများတော့ SOH 80% လောက်ဆို ဆက်မသုံးတော့ဖူး။ အသစ်လဲ ပြစ်တာ ။ ၅ နှစ်လောက် သုံးထားသလိုပေါ့။
အရင်ကတော့ used cell တွေ ကို telecom tower တွေမှာ stand by generation အဖြစ်သုံးတယ်။ အခုတော့ တခြား နိုင်ငံတွေ ကို home battery back up အဖြစ်ပို့ကျတယ်။ မီးသိတ်မပျက်တဲ့ နိုင်ငံတွေပေါ့။
Battery သဘောတရား အရကတော့ ကြာလာရင် capacity ကျဆင်းတာပို မြန်လာတယ်။
မြန်မာပြည်လို မီးအရမ်း ပျက်ရင်တော့ cell အသစ်သုံးတာ ပိုကောင်းတယ်။
Initial cost များပေမဲ့ ရေရှည်မှာ ပို တွက်ချေကိုက်ပါတယ်။
ဒါကြောင့်မို့လဲ profit နဲပေမဲ့ စိတ် ချရတဲ့ cell အသစ်တွေ နဲ့ ရောင်းတာပါ။ တကယ်တော့ တရုတ်ပြည်က ဆင်ပြီးသား ရောင်းရတာ ပို အမြတ်ကျန်ပါတယ်။
ကျေးဇူးတင်ပါတယ်။
AETHER Solar
battery
Kilo Mega , Giga ohm
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11061
Opening Hours
Monday | 09:00 - 17:00 |
Tuesday | 09:00 - 17:00 |
Wednesday | 09:00 - 17:00 |
Thursday | 09:00 - 17:00 |
Friday | 09:00 - 17:00 |
Saturday | 09:00 - 12:00 |