Super Online store
Nearby shops
ALWAYSOPEN
Bogalayzay Street
ဗိုလ်တစ်ထောင်မြို့နယ် ရန်ကုန်မြို့
Bogalayzay Street
No. 36. 41 Street, 7 Ward, Botahtaung Township
Botataung
Street (Lower Block) Yangon
Street Botahtaung
Bo Aung Kyaw Street
Botataung Tsp
Bo Aung Kyaw Street
CustomerService ကို အလုပ်နဲ့ သက်သေတည်ပြီး ကြိုးစားသွားပါမယ် No.22 A 42street botataung township
ကျတော်တို့ရောင်းချပေးသော Hand spray များကို အောက်ပါစျေးနှုန်းများအတိုင်း လိုအပ်ပါက ဝယ်ယူနိုင်ပါသည်ခင်ဗျာ။
Lavender Alcohol 75%
5 Liter = 20000 Kyats
10 Liter=40000 Kyats
20 Liter=80000 Kyats
နယ်ကဝယ်ယူလိုသူများအတွက်ကတော့ ငွေကြိုလွှဲပေးရမှာပါနော် ငွေလွှဲရောက်မှကားဂိတ်တင်ပေးမှာပါ။ပေးလိုက်ရတဲ့ပိုက်ဆံနဲ့ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင် အောင်ကြိုးစားနေပါတယ်။ ကျေးဇူးတင်ပါတယ်
လိပ်စာ
အမှတ်၂၂/က၊ မြေညီထပ် ၄၂လမ်း ဗိုလ်တထောင် ၊ ရန်ကုန်မြို့။ဖုန်း ၊ 09263113950
ကျတော်တို့ရောင်းချပေးသော Hand spray များ စျေးနှုန်းအပြောင်းလည်းရှိပါသောကြောင့် Updated ပြန်တင်ပေးထားပါတယ်ခင်ဗျာ။
Lavender Alcohol 75%
5 Liter = 20000 Kyats
10 Liter=40000 Kyats
20 Liter=80000 Kyats
နယ်ကဝယ်ယူလိုသူများအတွက်ကတော့ ငွေကြိုလွှဲပေးရမှာပါနော် ငွေလွှဲရောက်မှကားဂိတ်တင်ပေးမှာပါ။ပေးလိုက်ရတဲ့ပိုက်ဆံနဲ့ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင် အောင်ကြိုးစားနေပါတယ်။ ကျေးဇူးတင်ပါတယ်
လိပ်စာ
အမှတ်၂၂/က၊ မြေညီထပ် ၄၂လမ်း ဗိုလ်တထောင် ၊ ရန်ကုန်မြို့။ဖုန်း ၊ 09263113950
- လူပျော့တွေက ကလဲ့စားချေတတ်တယ်
- လူတော်တွေက ခွင့်လွတ်တတ်တယ်
- အတော်ဆုံး လူတွေက အစကတည်း ကို ဂရုမစိုက်တာ
#အိုင်စတိုင်း
အသင်တို့ရော ဘယ်အချက်ထဲက လဲ
အောက်တန်းစား စိတ်ဓာတ်
*******************
သူတစ်ပါး၏
ကိုယ်ကျင့်သိက္ခာကို
အပုတ်ချလိုသည့် သဘောဖြင့်
မမှန်စွတ်စွဲ ကဲ့ရဲ့ပြစ်တင်တတ်သော စိတ်ဓာတ်..
-
သူတစ်ပါးမကောင်းကြောင်းကို
အဆမတန်ချဲ့ကား ပြောဆိုကာ
မိမိကောင်းကြောင်းကိုသာ ထပ်တလဲလဲ
ပြောဆိုတတ်သော စိတ်ဓာတ်...
-
နည်းနည်းလုပ်ပြပြီး
လုပ်ပြသည်နှင့် မတန်အောင်
ပြန်ပြီးအကျိုးထူးခံစားခွင့်
ရချင်လိုချင်သော စိတ်ဓာတ်...
-
ကိုယ်ထက်သာသူကို
မနာလိုဝန်တိုမှု အပြည့်နဲ့
တိုက်ခိုက်စော်ကားလိုသည့် စိတ်ဓာတ်...
-
ကိုယ်အောက်နိမ့်ကျသူအား
ဖိနှိပ်စော်ကားပြီး ပါဝါပြကာ
ဂုဏ်မောက်နေတတ်သော စိတ်ဓာတ်...
-
တစ်ပါးသူ၏ ခံစားချက်ကို
နည်းနည်းမှ ထည့်မတွက်ဘဲ
ကိုယ်ပြောချင်ရာပြောကာ
လုပ်ချင်ရာကို တဇွတ်ထိုး
လုပ်တတ်သော စိတ်ဓာတ်..
-
ရှေ့လျှင်တမျိုး ကွယ်ရာတစ်ဖုံ
စကားကို ဗလောင်းဗလဲပြောကာ
ချွန်တုံးလုပ်တတ် ကုန်းတိုက်တတ်သော စိတ်ဓာတ်..
-
မောက်မာရိုင်းဆိုင်းပြီး
ဆဲဆိုအော်ဟစ်ဖို့ ဝန်မလေးဘဲ
အရှက်အကြောက် ကင်းမဲ့နေတတ်သော စိတ်ဓာတ်...
-
အားနည်းသူအား ထုထောင်း၍
အားကြီးသူအား ကပ်ဖားရပ်ဖားလုပ်ကာ
နေရာယူတတ် ဂွင်ရိုက်တတ်သော စိတ်ဓာတ်...
-
အခွင့်အရေးဆို လိုတာထက်ပိုပြီး
ယူတတ်သလောက် အနစ်နာခံဖို့ကြ တွန့်ဆုတ်တွေဝေတတ်သော စိတ်ဓာတ်..
-
ကိုယ်ကိုယ့်ကို အထင်ကြီးလွန်းပြီး
တစ်ပါးသူလုပ်သမျှ အကောင်းမမြင် အကောင်းမထင်ဘဲ ပုတ်ခတ်စော်ကားလိုသည့် စိတ်ဓာတ်
အရင်ပြင်အုံး ။
Hard work
ဘာအလုပ်ကိုဘဲ လုပ်လုပ်ပါ
ပြီးရင် ပြီးရောပေါ့။ အချိန်ပြည့်ရင် ပြီးရောပေါ့ ဆိုတဲ့ စိတ်နဲ့ မလုပ်ဘဲ။ ပိုလုပ်နေရတယ်ဆိုရင်တောင် ကိုယ်လုပ်စရာရှိတာ ကျေလည်သပ်ရပ် ပြီးစီးအောင် လုပ်လိုက်ခြင်းမှ ကိုယ့်ကိုယ်ကို ပိုပြီးယုံကြည်မူရှိစေတယ်။
ရှောင်လို့ ရသလောက် ရှောင်ခိုတာမျိုး မလုပ်ဘဲနဲ့
လုပ်စရာရှိတာလုပ် နားစရာရှိတာ နား ရိုးရိုးသားသားလုပ်တာကမှ ကိုယ့်ကိုယ် ပိုပြီး စိတ်ကြည်လင်စေတယ်။
သူကအဲ့လိုဆို ကိုယ်လဲဒီလိုဘဲပေါ့ဆိုတဲ့ အတ္တစိတ်မထားဘဲနဲ့ ကိုယ့်လုပ်ရပ်တိုင်းအပေါ် စေတနာအပြည့်နဲ့ လုပ်လိုက်ခြင်းကမှ ကိုယ့်ကိုယ်ပိုပြီး ပျော်ရွှင်စေတယ်။
တကယ်တမ်း အလုပ်လုပ်လို့ လူပင်ပန်းတာထက် အလုပ်မလုပ်လို့ စိတ်ပင်ပန်းရတာက ကိုယ့်အတွက်ပိုပြီး ခံရခက်တယ်။
သူများကိုလိမ်လို့ရရင်ရမယ်။ တလောကလုံးကို လိမ်လို့ရရင်ရမယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်လုပ်ရပ်ကိုတော့လိမ်လို့မရဘူး။
ဒါကြောင့်အလုပ်လုပ်ရာမှာ
Hard work အစစ်အမှန်တွေကဘဲ ပိုပင်ပန်းရပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မူရှိစေတယ်။
Hard work ကဘဲ ပိုခက်ခဲရပေမယ့် ကိုယ့်ကိုယ် ပိုခံနိုင်ရည်ရှိစေတယ်။ Opportunitis တွေပေးစေတယ်။ ပိုပြီးကျေနပ်စေတယ်။
Hard work အစစ်အမှန် စေတနာအစစ်အမှန်ကဘဲ ကိုယ့်ကို ပိုပြီး ပျော်ရွှင်စေတတ်တယ်။
#မေတ္တာများစွာဖြင့်
(ဘဝစာပေ)
လောကမှာ
လူတစ်ချို့က
စေတနာနဲ့ မထိုက်တန်လို့မဟုတ်ဘူး
စေတနာရဲ့ တန်ဖိုးကိုမသိလို့ပါ။
တစ်ချို့က
မေတ္တာ နဲ့ မထိုက်တန်လို့မဟုတ်ဘူး
မေတ္တာရဲ့တန်ဖိုးကို
နားမလည်လို့ပါ။
တစ်ချို့က
သစ္စာနဲ့မထိုက်တန်လို့မဟုတ်ဘူး
သစ္စာရဲ့တန်ဖိုးကို
မသိကြလို့ပါ။
ကိုယ်က ဘယ်လောက်ပေးပေး
သူ့ဘက်က ရယူလိုမှု မရှိရင်
ကိုယ်ပေးသမျှအရာရာက အလကားတန်ဖိုးမဲ့နေမှာပါပဲ။
ဘဝမှာ ကိုယ့်ဘက်ကကြည့်သရွေ့
မှန်နေပေမယ့် တစ်ချို့တစ်ချို့ရဲ့
အတွေး၊အမြင်၊အသိတရားတွေက
ကိုယ်နဲ့ထပ်တူတော့ ကျမနေပါဘူး
ဒါကြောင့် ကိုယ်ဘယ်လောက် မှန်မှန်
အဆိုးမြင်နဲ့ကြည့်သရွေ့ သူတို့အမြင်မှာတော့
ကိုယ်က မှားနေတဲ့သူပဲဖြစ်နေမှာပါ။
ဒီလိုပဲ နေရာတိုင်းမှာ
လူတိုင်းအပေါ် အမြင်တစ်ခုထဲ
မကြည့်ပါနဲ့ လူ...လူ...ချင်းတူခဲ့ရင်တောင်မှ
စိတ်ဓာတ်နဲ့ခံယူချက်ခြင်းကွဲ ပြားကြပါတယ်။
(ရာမညမြေ)
မပျော်တဲ့ ဘဝဆိုတာ ရှိချင်ရှိလိမ့်မယ်
ဒါပေမယ့် ပျော်အောင်နေတတ်ရတာက
ကိုယ့်အပိုင်းပါ...
မပျော် တဲ့ နေရာဆိုတာ ရှိချင်ရှိလိမ့်မယ်
ဒါပေမယ့် တော်ရာမှာ နေတတ်ရမှာက
ကိုယ့်အပိုင်းပါ...
ဘဝ...ဘဝ...လို့ထိုင်ငြီးနေမယ့်အစား
ရတုန်းရခိုက် လူ့ဘဝလေးမှာ
ပျော်အောင် နေကြည့်လိုက်တဲ့အခါ ...
နာကျင်စရာဆိုတာလဲ မေ့လာမယ်
ဝမ်းနည်းလို့ မျက်ရည်ကျရတဲ့ နေ့တွေလဲနည်းလာမယ်...
စိတ်ညစ်လို့ လောကကြီးကို အပြစ်တင်နေတာတွေလဲ လျော့လာမယ်...
ချစ်သူနဲ့ အဆင်မပြေတိုင်း ငိုတတ်တဲ့အကျင့်တွေပျောက်လာမယ်...
အလုပ်ထဲ ပြဿနာတွေ ဖြစ်လာတိုင်း ခေါင်းအေးအေးနဲ့ ဖြေရှင်းတတ်လာမယ်....
မိသားစုမောင်နှတွေအပေါ် အချိန်တွေအများကြီးပေးပြီး မေတ္တာတွေ မျှဝေနိူင်မယ်...
အပျော်တွေ ဖလှယ်ပြီး ပီတိတွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာမယ်...
အရင်တုန်းကထက် ကုသိုလ်တွေ ပိုလုပ်လာမယ်
စိတ်တည်ငြိမ်မှုတွေ ပိုခံစားခွင့်ရလာမယ်...
တစ်ကယ်တော့ ဘယ်လို စိတ်ညစ်စရာတွေနဲ့ကြုံကြုံ စိတ်ထားတတ်ဖို့ပဲ လိုတယ်မဟုတ်လား...
ဒါဆိုရင် ဒီနေ့ကစပြီး ပျော်အောင်နေကြည့်လိုက်ပါ...
လေးစားစွာဖြင့်
MayHsu(ရာမညမြေ)
ကိုယ်ဟာ ဒေါသကြီးချင် ကြီးမယ်
ဒါပေမယ့်
မကောက်ကျစ်ဘူး ...
ကိုယ်ဟာ နေရာတကာ ဆရာကြီး လုပ်ချင်လုပ်မယ်
ဒါပေမယ့်
သူများနေရာမှာ ဝင်မရှုပ်ဘူး ....
ကိုယ်ဟာ အပြောကောင်းသူဖြစ်ချင်ဖြစ်မယ်
ဒါပေမယ့်
မုသားစကားတွေနဲ့ အလှမဆင်ဘူး ....
ကိုယ်ဟာ လူတွေနဲ့ ရောရောနှောနှောနေချင်နေမယ်
ဒါပေမယ့်
ရှေ့တမျိုး ကွယ်ရာတမျိုး မပေါင်းဘူး...
ကိုယ်ဟာ အတင်းပြောသူဖြစ်ချင်ဖြစ်မယ်
ဒါပေမယ့်
အမှန်ကို အမှားဖြစ်အောင် မပြောဘူး ....
ကိုယ်ဟာ သူများအားနည်းချက်ကို
ပျက်ရယ်ပြုချင် ပြုမယ်
ဒါပေမယ့်
သူများအားနည်းချက်ကို ဖိနင်းပြီး ဂုဏ်မဖော်ဘူး ....
ကိုယ်ဟာ မာယာများသူဖြစ်ချင်ဖြစ်မယ်
ဒါပေမယ့်
ပိုင်ရှင်ရှိပြီးသား သူတွေကို မြူဆွယ်ပြီး မဖျက်စီးဘူး ...
လူတိုင်းဟာ
လူကောင်းမဖြစ်နိုင်သလို
လူတိုင်းကလည်း
လူယုတ်မာမဖြစ်ဖို့
သတိလေးကပ်ထားဖို့ လိုပါတယ် ။
မနောသီရိ
အတွေးနဲ့အမြင်စာစုလေးများ
တခါမှာ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်းကို သတင်းထောက်တွေက မေးခွန်းတခု မေးတယ်။
မေးခွန်းက လွယ်လွယ်လေးပါ။ တမိုင်မှာ ပေပေါင်း ဘယ်လောက်ရှိသလဲတဲ့။ အိုင်းစတိုင်း မဖြေနိုင်ပါဘူး။ မူလတန်းကျောင်းသားတယောက် လွယ်လွယ်ကူကူ ဖြေနိုင်တာလေးကိုတောင် ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး မဖြေနိုင်ဘူးဆိုပြီး သတင်းထောက်တွေက သူ့ကို ဟားတိုက်လှောင်ပြောင်ကြတယ်။ အိုင်းစတိုင်းက သူတို့ကို ခုလို ပြန်ပြောလိုက်ပါတယ်။
"ဒီမေးခွန်းရဲ့ အဖြေကို ငါ မသိဘူး။ သိစရာလည်း မလိုဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအဖြေကို သင်္ချာစာအုပ်မှာ တမိနစ်အတွင်း ရှာလို့ရတယ်။ ဒီလို လွယ်လွယ်ကူကူ ရှာလို့ရတဲ့ အကြောင်းအရာကို ငါ့ခေါင်းထဲမှာ ဘယ်တော့မှ ထည့်မထားဘူး"တဲ့။
ကမ္ဘာပေါ်မှာ မော်တော်ကားကို ပထမဆုံး တီထွင်ထုတ်လုပ်ခဲ့တဲ့ မီလျံနာသူဌေးကြီး ဟင်နရီဖို့ဒ်ကို ချီကာဂိုထရီဘွန်းသတင်းစာကြီးက "နလပိန်းတုံး" လို့ ရေးသားဖေါ်ပြခဲ့လို့ သူဌေးကြီးဖို့ဒ်က သတင်းစာတိုက်ကို တရားစွဲပါတယ်။ တရားရုံးတော်ရဲ့ တရားခွင်မှာ သူဌေးကြီးက သတင်းစာတိုက်က သတင်းထောက်တွေကို သူ့ကို 'နလပိန်းတုံး' 'ဘာမှ မသိသူ' လို့ ရေးသားဖေါ်ပြခဲ့တာ မှန်ကန်ကြောင်းကို သက်သေပြခိုင်းပါတယ်။ သတင်းထောက်တွေက သူဌေးကြီးကို လူတိုင်းနီးပါး ဖြေနိုင်တဲ့ ခုလို မေးခွန်းလေးတွေ မေးကြတယ်။
"အမေရိကန်နိုင်ငံရဲ့ ပထမဆုံးဗိုလ်ချုပ်ကြီးဟာ ဘယ်သူလဲ"
"အမေရိကန် ပြည်တွင်းစစ် ဘယ်နှခုနှစ်မှာ စတင်ဖြစ်ပွားခဲ့သလဲ" စတာတွေပါ။
သူဌေးကြီးဟာ ငယ်စဉ်က ကျောင်းမနေခဲ့ဖူးလို့ အဲဒီမေးခွန်းတွေကို မဖြေနိုင်ပါဘူး။ သတင်းထောက်တွေကလည်း မေးခွန်းတွေ ထပ်မေးကြတယ်။ သူတို့မေးခွန်းတွေကို မဖြေနိုင်တဲ့ သူဌေးကြီးဟာ စိတ်တိုလာပြီး သူတို့ကို ခုလို ပြောလိုက်ပါတယ်။
"မင်းတို့ မေးတဲ့ မေးခွန်းတွေကို ငါ မဖြေနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီမေးခွန်းတွေကို ၂ မိနစ်အတွင်း ဖြေနိုင်ကြတဲ့ လူတွေ ငါ့မှာ ရှိတယ်။ မင်းတို့ အဲဒီအဖြေတွေကို သိချင်ရင် ငါ အခု ခေါ်ပေးမယ်" တဲ့။
အိုင်းစတိုင်းနဲ့ ဟင်နရီဖို့ဒ်တို့ဟာ အထွေထွေ ဗဟုသုတ သတင်းအချက်အလက်တွေကို ခေါင်းထဲထည့်ထားဖို့ စိတ်မဝင်စားကြဘူး။ သူတို့ စိတ်ဝင်စားကြတာက သတင်းအချက်အလက်တွေကို ဘယ်လို အသုံးချမလဲဆိုတာပါ။
ဒီအဖြစ်အပျက်နှစ်ခုဟာ ကျွန်တော်တို့ကို မှတ်သားစရာ အသိနှစ်ခု ပေးခဲ့ပါတယ်။ အဲဒါတွေက
(၁) ဦးနှောက်ဆိုတာ အချက်အလက်တွေကို သိုမှီးသိမ်းဆည်းထားရမယ့်နေရာ မဟုတ်ပါ။ စဉ်းစားတွေတောအကြံထုတ်ရမယ့် နေရာပါ
(၂) စာအုပ်ထဲမှာ လွယ်လွယ်ကူကူ ရှာလို့ ရတဲာ့ အချက်အလက်တွေကို ခေါင်းထဲမှာ သိမ်းမထားပါနဲ့။ မလိုတာတွေ မှတ်ထားတာများလာရင် ဦးနှောက်ဟာ မတွေးတတ် မစဉ်းစားတတ်တော့ဘူး။
ဆရာကြီး (ဗန်းမော်သိန်းဖေ)စာအုပ်မှ ကောက်နူတ်ချက်
ဆေးလိပ်သောက်ရင် Filter လေး နဲတွဲသောက်ဖို့ အကြံပြုပါတယ်။ဆေးလိပ်အရသာလည်းမပျက်ပါဘူး။
ဆေးလိပ် filterရဲ့ကောင်းကျိူးလေးတွေ ပြောပြမယ်နော်။ စီးကရက်သောက်သူများ ဒီfilterလေးနဲ့ တွဲသောက်မယ်ဆိုရင် နှုတ်ခမ်းမမဲ ဆေးလိပ်အနံ့မစွဲ သလိပ်အမဲမထွက် ဆေးလိပ်ရဲ့အရသာလည်းမပျက် စမတ်ကျကျနဲ့ စတိုင်လည်းထုတ်လို့ရ။
ဆေးလိပ်သောက်တာ မကြိုက်တဲ့မတ်မတ်တွေကလည်း ချစ်သူကိုချစ်လွန်းလို့မပြောရက်ရင် ဒီfilterလေးကိုဝယ်ပေးပြီး ကိုယ့်ချစ်သူရဲ့ကျန်းမာရေးကို တစ်ဖက်တစ်လမ်းကကာကွယ်ပေးနိုင်ပါတယ်လို့။
filter တစ်ခုကို၃လိပ်လောက်သောက်လို့ရတယ်နော်။တစ်ဗူးဆိုလည်းအခု၁၀၀တောင်ပါတော့ အများကြီးသုံးရတာပေါ့။
၁ဘူး ၁၂၀၀၀ကျပ်
၅ဘူးယူ ( ၁ဘူးလက်ဆောင် )
တစ်ခုချင်းစီတော့မရောင်းပေးပါဘူးနော်။
မြို့နယ်အလိုက် Delivery ရှိပါတယ်။
ဆက်သွယ်မှာယူလိုပါက
📱📱✆ 09263113950📲📲
📝Order မှာယူလိုသော လူကြီးမင်းများ၏ ဆက်သွယ်ရမည့် ဖုန်းနံပါတ်ကိုChat Box (Or) Comment ချန်ထားပေးနိုင်ပါတယ်။🖋🖋🖋
🙏ကျေးဇူးအထူးတင်ပါသည်။🙏
🏠အမှတ် ၂၂/A ၊ ၄၂ လမ်း၊
အောက်ဘလောက်၊ဗိုလ်တထောင်
မြို့နယ်၊ ရန်ကုန်။🏘🏘🏘🏘🏘
ငါးကြီးကြီး လိုချင်ရင်
ပင်လယ်ထဲကို သွားပါ
ဒါပေမယ့်
မုန်တိုင်းတော့ ရှိပါလိမ့်မယ် ။
ဘဝကို ကြက်တူရွေးလို မနေဘဲ
သိန်းငှက်လို ကျင့်ကြံပါ
ကြက်တူရွေးက စကားတတ်ပေမဲ့
အမြင့်မပျံနိုင်ဘူး
သိန်းငှက်က နူတ်ဆိတ်ပေမဲ့
မိုးထိအောင် ပျံနိုင်တယ် ။
ကြိုးစားတဲ့ လူတိုင်းက
မအောင်မြင်ပါဘူး
ဒါပေမယ့်
အောင်မြင်နေတဲ့ သူတိုင်းက
ကြိုးစားခဲ့ကြပါတယ် ။
လမ်းပျောက်နေလို့
စိတ်ဓာတ်မကျပါနဲ့
ကိုယ်လျှောက်မယ့် လမ်းက
ကိုယ်တိုင်ဘဲ ဖောက်ရမှာပါ ။
လူ့သက်တမ်းက
အကန့်သတ်ရှိတာ မှန်ပါတယ်
ဒါပေမဲ့ သင့်ကြိုးစားမှု ရလဒ်ကတော့
အကန့်သတ် မရှိပါဘူး ။
အစိတ်စိတ် ကွဲနေတဲ့
ဖန်ကွဲစက ပြောတယ် ဖြစ်ပြီးမှ
နောင်တရနေရင် အလကားဘဲ ။
ဘောပင်က ပြောတယ်
မှင်ကုန်ရင် လွင့်ပစ်လိုက်ပါတဲ့
မင်းအတွက် အသုံးမဝင်တာကို
သိမ်းမထားပါနဲ့တဲ့ ။
တံခါးပေါက်က ပြောတယ်
ငါ့ကို ဖွင့်ပီး
မင်းအောင်မြင်မှု လမ်းကြောင်းကို
ရောက်အောင် သွားတဲ့ ။
မီးသီးကပြောတယ်
ဘဝကို တောက်ပအောင် လုပ်ပါတဲ့ ။
ပြတင်းပေါက်က မြင်ရတဲ့
လမင်းက ပြောတယ်
ရည်မှန်းချက်ကို မြင့်မြင့်ထားတဲ့ ။
ပြက္ခဒိန်ကပြောတယ်
ကုန်လွန်သွားတဲ့ ရက်စွဲတွေက
နောက်ပြန်လှည့်လို့ မရဘူး ။
စာအုပ်တွေကပြောတယ်
ဗဟုသုတကို ဝယ်လို့မရဘူး
ဖတ်ပြီး မှတ်လို့ဘဲ ရတယ် ။
ဓားတစ်လက်က ပြောတယ်
မသုံးဘဲထားရင်
တုံးသွား လိမ့်မယ်တဲ့ ။
နာရီလေးက ပြောတယ်
အချိန်ဆိုတာ နောက်ပြန်မရနိုင်ဘူး ။
ရေသန့်ဘူးက ပြောတယ်
စိတ်ကိုကြည်လင်အောင်ထား
ဘဝကို သန့်ရှင်းအောင်နေတဲ့ ။
ပိုက်ဆံလေးက ပြောတယ်
များများ သုံးချင်ရင် များများရှာတဲ့ ။
အားလုံးဘဲဘဝမှာ အဆင်ပြေကြပါစေ။
ရှင်သု နန္ဒ
ဒီ Video ထဲမှာ ဆေးလိပ်၂လိပ်သောက်ပြီး Filterလေးပါပါတယ်။ ဆေးလိပ်သောက်ရင် Filter လေး နဲတွဲသောက်ဖို့ အကြံပြုပါတယ်။
ဆေးလိပ် filterရဲ့ကောင်းကျိူးလေးတွေ ပြောပြမယ်နော်။ စီးကရက်သောက်သူများ ဒီfilterလေးနဲ့ တွဲသောက်မယ်ဆိုရင် နှုတ်ခမ်းမမဲ ဆေးလိပ်အနံ့မစွဲ သလိပ်အမဲမထွက် ဆေးလိပ်ရဲ့အရသာလည်းမပျက် စမတ်ကျကျနဲ့ စတိုင်လည်းထုတ်လို့ရ။
ဆေးလိပ်သောက်တာ မကြိုက်တဲ့မတ်မတ်တွေကလည်း ချစ်သူကိုချစ်လွန်းလို့မပြောရက်ရင် ဒီfilterလေးကိုဝယ်ပေးပြီး ကိုယ့်ချစ်သူရဲ့ကျန်းမာရေးကို တစ်ဖက်တစ်လမ်းကကာကွယ်ပေးနိုင်ပါတယ်လို့။
filter တစ်ခုကို၃လိပ်လောက်သောက်လို့ရတယ်နော်။တစ်ဗူးဆိုလည်းအခု၁၀၀တောင်ပါတော့ အများကြီးသုံးရတာပေါ့။
၁ဘူး ၁၂၀၀၀ကျပ်
၅ဘူးယူ ( ၁ဘူးလက်ဆောင် )
တစ်ခုချင်းစီတော့မရောင်းပေးပါဘူးနော်။
မြို့နယ်အလိုက် Delivery ရှိပါတယ်။
ဆက်သွယ်မှာယူလိုပါက
📱📱✆ 09263113950📲📲
📝Order မှာယူလိုသော လူကြီးမင်းများ၏ ဆက်သွယ်ရမည့် ဖုန်းနံပါတ်ကိုChat Box (Or) Comment ချန်ထားပေးနိုင်ပါတယ်။🖋🖋🖋
🙏ကျေးဇူးအထူးတင်ပါသည်။🙏
🏠အမှတ် ၂၂/A ၊ ၄၂ လမ်း၊
အောက်ဘလောက်၊ဗိုလ်တထောင်
မြို့နယ်၊ ရန်ကုန်။🏘🏘🏘🏘🏘
ဆေးလိပ် Filter များပြန်ရပါပြီခင်ဗျာ
ဆေးလိပ် filterရဲ့ကောင်းကျိူးလေးတွေ ပြောပြမယ်နော်။ စီးကရက်သောက်သူများ ဒီfilterလေးနဲ့ တွဲသောက်မယ်ဆိုရင် နှုတ်ခမ်းမမဲ ဆေးလိပ်အနံ့မစွဲ သလိပ်အမဲမထွက် ဆေးလိပ်ရဲ့အရသာလည်းမပျက် စမတ်ကျကျနဲ့ စတိုင်လည်းထုတ်လို့ရ။
ဆေးလိပ်သောက်တာ မကြိုက်တဲ့မတ်မတ်တွေကလည်း ချစ်သူကိုချစ်လွန်းလို့မပြောရက်ရင် ဒီfilterလေးကိုဝယ်ပေးပြီး ကိုယ့်ချစ်သူရဲ့ကျန်းမာရေးကို တစ်ဖက်တစ်လမ်းကကာကွယ်ပေးနိုင်ပါတယ်လို့။
filter တစ်ခုကို၃လိပ်လောက်သောက်လို့ရတယ်နော်။တစ်ဗူးဆိုလည်းအခု၁၀၀တောင်ပါတော့ အများကြီးသုံးရတာပေါ့။
၁ဘူး ၁၂၀၀၀ကျပ်
၅ဘူးယူ ( ၁ဘူးလက်ဆောင် )
တစ်ခုချင်းစီတော့မရောင်းပေးပါဘူးနော်။
မြို့နယ်အလိုက် Delivery ရှိပါတယ်။
ဆက်သွယ်မှာယူလိုပါက
📱📱✆ 09263113950📲📲
📝Order မှာယူလိုသော လူကြီးမင်းများ၏ ဆက်သွယ်ရမည့် ဖုန်းနံပါတ်ကိုChat Box (Or) Comment ချန်ထားပေးနိုင်ပါတယ်။🖋🖋🖋
🙏ကျေးဇူးအထူးတင်ပါသည်။🙏
🏠အမှတ် ၂၂/A ၊ ၄၂ လမ်း၊
အောက်ဘလောက်၊ဗိုလ်တထောင်
မြို့နယ်၊ ရန်ကုန်။🏘🏘🏘🏘🏘
လူတစ်ယောက်ရဲ့ ဘဝတက်လမ်းမှာ ကိုယ် ယုံကြည်ရာ ယုံကြည်ချက်ဟာ သိပ်ကို အရေးကြီးတဲ့အရာပဲ ဖြစ်ပါတယ်။
လူအားလုံးဟာလည်း ကိုယ်ယုံကြည်ရာ ကိုယ့်ဘဝအတွက်ပဲ အလုပ်,လုပ်တာ၊ ပြောတာဆိုတာ၊ တွေးခေါ်နေကြတာ မဟုတ်လား။ မမြင်ရတဲ့ လောကဓံတွေ ရှိမယ်။ ကိုယ့်ကို အတင်းထိုးနှက်နေတဲ့ ပတ်ဝန်းကျင်ဆိုတာ ရှိမယ်။ ဆွဲချနေတဲ့ မိတ်ဆွေတုတွေရှိမယ်။ စိတ်ထဲမှာ ပူလောင်မှုတွေ ရှိကြလိမ့်မယ်။
သို့သော် ကိုယ့်ဘဝမှာ ဘယ်လောက်ပဲ အခက်အခဲရှိရှိ၊ ဘာပြဿနာမျိုးပဲ ကြုံကြုံ၊ ဘယ်လိုပဲ ဖိအားတွေ ရှိနေပါစေ၊ ကိုယ့်ဘဝကိုယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ လူကသာ ရှေ့ဆက်ချီတက်နိုင်တာပဲ ဖြစ်တယ်။
သူများပြောတာမှန်သမျှ အယူစွဲပြီး နေရာတကာ လိုက်ယုံနေတဲ့အထဲမှာ ကိုယ်ပါနေရင် အခု ချက်ချင်းပြင်ပါ။ လူတွေက ယုံအောင် အယုံသွင်းတဲ့အထဲမှာ ကိုယ်က အယုံလွယ်တဲ့ လူတစ်ယောက် မဖြစ်ဖို့ အရမ်းအရေးကြီးသလို ကိုယ့်ယုံကြည်ချက်ကိုလည်း မြဲမြဲဆုပ်ကိုင်ထားဖို့ အရမ်းအရေးကြီးတယ်။
“ကျွန်ကမွေးလည်း သခင်ဖြစ်ခွင့်ရှိသလို၊ လယ်သမားကမွေးလည်း ဆရာဝန်ဖြစ်ခွင့်ရှိတာပဲ ”
ဒီအတွက် ကိုယ့်မှာ ကိုယ်ယုံကြည်ရာကို ကာကွယ်ဖို့ အပြည့်အဝတာဝန်ရှိတယ်ဆိုတာ မမေ့နဲ့။
...
ဒီအကြောင်းအရာကတော့ စာရေးဆရာ Alain De Botton ရေးသားတဲ့ Status Anxiety ဆိုတဲ့ စာအုပ်ထဲက ကောက်နုတ်ထားတာပဲ ဖြစ်ပါတယ်။
"ကြိုးစားမှုရဲ့ မနက်ဖြန်"
================
ကောင်ကင်နဲ့ မတန်တဲ့
ကြယ်ဆိုတာ မရှိပါဘူး။
ကမ်းခြေနဲ့ မလိုက်ဖက်တဲ့
လှိုင်းဆိုတာ မရှိဘူး။
ရေကန်နဲ့ မတင့်တယ်တဲ့
ကြာပင်ဆိုတာ မရှိဘူး။
ဒုက္ခနဲ့ ကင်းဝေးတဲ့
ဘဝဆိုတာ မရှိဘူး။
ပန်းတိုင်နဲ့ ဝေးသော
ကြိုးစားမှုဆိုတာ မရှိဘူး။
အောင်မြင်မှုနဲ့ မထိုက်တန်တဲ့
ဆုလဒ်ဆိုတာ မရှိဘူး။
ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နေရတဲ့
ဘဝတွေဟာ မျှော်လင့်ချက်နဲ့
အသက်ရှင်နေတာ မဟုတ်ပါဘူး။
ရည်ရွယ်ချက်တွေနဲ့ အသက်ရှင်နေတာပါ။
ကြိုးစားတာတွေ ဖြစ်မလာတဲ့အခါ
စိတ်ပျက်အားငယ်တာ သဘာဝပါ။
အဆင်မပြေတာ တစ်ခုကြောင့်
ရည်ရွယ်ချက်တော့ မပျက်စေနဲ့။
ရည်ရွယ်ချက်ပျက်ရင် ဘဝပျက်တတ်တယ်။
စိတ်ဓာတ်ကျနေရင် ပန်းတိုင်နဲ့ဝေးသွားမယ်။
ပန်းတိုင်ဆိုတာ ကိုယ့်ဆီကိုယ် မလာဘူး။
ကိုယ်ကသာ ပန်းတိုင်ဆီကိုရောက်အောင် သွားရမှာ။
ဒီနေ့ ကျရှုံးနေလို့
စိတ်ပျက်အားငယ်နေမယ့်အစား
မနက်ဖြန်မှာ
အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။
ကြိုးစားမှုရဲ့ မနက်ဖြန်တိုင်းမှာ
အောင်မြင်မှုတွေ ရှိပါတယ်။
မလျော့သော ဇွဲ၊လုံးလနဲ့ကြိုးစားမယ်ဆိုရင်
မနက်ဖြန်တိုင်းမှာ အောင်မြင်မှုတွေက
စောင့်ကြိုလို့နေပါတယ်💪💪💪
#လေးစားစွာဖြင့်🙏🙏
| နှလုံးသားအဟာရစာစုလေးများ
တနေ့မှာတော့ ဆိုကရေးတီးစ်ရဲ့
တပည့်တစ်ယောက်က
သတင်းတစ်ခုကြားလို့ သူ့ကို လာပြောသတဲ့။
လာပြောတဲ့ သူ့တပည့်ကို ဆိုကရေးတီး(စ်)က
ပြန်ပြောလိုက်တာလေးကို မှတ်သားသင့်လို့ပါ။
"ဆရာ !
ဆရာ့သူငယ်ချင်းရဲ့သတင်းတစ်ခုကို
ကျွန်တော်အခုပဲ ကြားလာတယ်"
" နေဦး
ငါ့ကိုမပြောခင် မင်းစကားဟာ
ရေစစ်သုံးခုကို ဖြတ်နိုင်/ မဖြတ်နိုင်အရင်စစ်ရမယ်"
"ဘယ်လိုရေစစ်သုံးခုလည်းဆရာ"
"ပထမ ရေစစ်နာမည်က #အမှန်တရား တဲ့။
မင်းပြောတဲ့ စကားလုံးက
လုံးဝရာခိုင်နှုန်းပြည့်အမှန်ဖြစ်/မဖြစ်ဆိုတာ ပထမရေစစ်ထဲထည့်ရမယ် ။
မင်းပြောတဲ့ စကားလုံးဟာ လုံးဝအမှန်ဖြစ်တယ်လို့
မင်း ရာနှုန်းပြည့် တာဝန်ယူနိုင်လား"
"ကျွန်တော်လည်း သူများဆီက ကြားလာတာဖြစ်လို့ ရာနှုန်းပြည့် မမှန်နိုင်ပါဘူးဆရာ"
"အေး ကောင်းပြီ။ ဒုတိယရေစစ်နဲ့ စစ်ရအောင်"
"ဒုတိယရေစစ်ဆိုတာ ဘာလဲဆရာ"
"ဒုတိယ ရေစစ်နာမည်က #ကောင်းကျိုး တဲ့ ။
မင်းအခုပြောမဲ့စကားက ကောင်းကျိုးကို ဖြစ်စေမှာလား "
"မကောင်းတာဘဲဖြစ်ဖို့ များပါတယ်ဆရာ"
"ဒါဆို မင်းပြောတဲ့စကားလုံးက မှန်လည်းမမှန်ဘူး
မကောင်းတာလည်း ဖြစ်ဖို့များတယ်ပေါ့ "
"ဟုတ်ပါတယ်ဆရာ"
" အေး နောက်ဆုံးကျန်တဲ့ရေစစ်ထဲ ထည့်ကြည့်ရအောင် "
"ဘာရေစစ်လည်း ဆရာ"
" အဲဒီရေစစ်နံမည်က #အသုံးဝင်မှု တဲ့။
မင်း ငါ့ကို ပြောမဲ့စကားက အသုံးဝင်မှုဖြစ်စေမှာလား
"အမ်...သိပ်မသေချာဘူးဆရာ "
" ဒါဆို မင်းငါ့ကိုလာပြောမဲ့ဟာက မှန်လည်းမမှန်ဘူး
မကောင်းတာလည်း ဖြစ်ဖို့များတယ်
ပြီးတော့ အသုံးဝင်ဖို့လည်း သိပ် မသေချာဘူးဆိုရင် ငါ့ကိုဘာဖြစ်လို့လာပြောချင်ရတာလဲ " ကွာ
#မီးခိုးဆိုတာ_မီးရှို့သူရှိမှ_ထွက်ပါတယ် ။
#မီးမွှေးတဲ့လူ_မဖြစ်ကြပါစေနဲ့။
#မီးငြှိမ်းတဲ့သူပဲ_ဖြစ်ကြပါစေ။
အတင်းအဖျင်းစကား တောင်စဉ် ရေမရ
အဓိပ္ပါယ် မရှိတဲ့စကားတွေကို နားလည်းမထောင်ပါနဲ့ ။
လက်ဆင့်ကမ်းတဲ့သူလည်း မဖြစ်ပါစေနဲ့။
(မူရင်း ရေးသားသူအား လေးစားစွာ Credit ပေးပြီး ပြန်လည်မျှဝေပါတယ်)
ချစ်ခြင်းအားဖြင့်
ပြေခိုင်
အောက်တန်းစား စိတ်ဓာတ်
""""""""""""""""""""""""""""""""""
သူတစ်ပါး၏
ကိုယ်ကျင့်သိက္ခာကို
အပုတ်ချလိုသည့် သဘောဖြင့်
မမှန်စွတ်စွဲ ကဲ့ရဲ့ပြစ်တင်တတ်သော စိတ်ဓာတ်..
သူတစ်ပါးမကောင်းကြောင်းကို
အဆမတန်ချဲ့ကား ပြောဆိုကာ
မိမိကောင်းကြောင်းကိုသာ ထပ်တလဲလဲ
ပြောဆိုတတ်သော စိတ်ဓာတ်...
နည်းနည်းလုပ်ပြပြီး
လုပ်ပြသည်နှင့် မတန်အောင်
ပြန်ပြီးအကျိုးထူးခံစားခွင့်
ရချင်လိုချင်သော စိတ်ဓာတ်...
ကိုယ်ထက်သာသူကို
မနာလိုဝန်တိုမှု အပြည့်နဲ့
တိုက်ခိုက်စော်ကားလိုသည့် စိတ်ဓာတ်...
ကိုယ်အောက်နိမ့်ကျသူအား
ဖိနှိပ်စော်ကားပြီး ပါဝါပြကာ
ဂုဏ်မောက်နေတတ်သော စိတ်ဓာတ်...
တစ်ပါးသူ၏ ခံစားချက်ကို
နည်းနည်းမှ ထည့်မတွက်ဘဲ
ကိုယ်ပြောချင်ရာပြောကာ
လုပ်ချင်ရာကို တဇွတ်ထိုး
လုပ်တတ်သော စိတ်ဓာတ်..
ရှေ့လျှင်တမျိုး ကွယ်ရာတစ်ဖုံ
စကားကို ဗလောင်းဗလဲပြောကာ
ချွန်တုံးလုပ်တတ် ကုန်းတိုက်တတ်သော စိတ်ဓာတ်..
မောက်မာရိုင်းဆိုင်းပြီး
ဆဲဆိုအော်ဟစ်ဖို့ ဝန်မလေးဘဲ
အရှက်အကြောက် ကင်းမဲ့နေတတ်သော စိတ်ဓာတ်...
အားနည်းသူအား ထုထောင်း၍
အားကြီးသူအား ကပ်ဖားရပ်ဖားလုပ်ကာ
နေရာယူတတ် ဂွင်ရိုက်တတ်သော စိတ်ဓာတ်...
အခွင့်အရေးဆို လိုတာထက်ပိုပြီး
ယူတတ်သလောက် အနစ်နာခံဖို့ကြ တွန့်ဆုတ်တွေဝေ
တတ်သော စိတ်ဓာတ်..
ကိုယ်ကိုယ့်ကို အထင်ကြီးလွန်းပြီး
တစ်ပါးသူလုပ်သမျှ
အကောင်းမမြင် အကောင်းမထင်ဘဲ
ပုတ်ခတ်စော်ကားလိုသည့် စိတ်ဓာတ်
အရင်ပြင်အုံး 🙂🙂🙂🙂
©®
#မေတ္တာဖြင့်
(ရွှေသုန်_ကျိုက်ထို)✍
တခြားသူနဲ့ ယှဉ်ပြိုင်ခြင်းထက် ကိုယ့်ကိုယ်ကိုယ် ယှဉ်ပြိုင်ခြင်းက ပိုကောင်းပါတယ်။
တခြားသူနဲ့ ယှဉ်ပြိုင်ခြင်းမှာ မနာလိုစိတ်တွေ ပါလာမယ်၊ သူတစ်ပါးအောင်မြင်တာ မလိုလားစိတ်လေး ပါလာမယ်၊ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ် ဝင်လာမယ်၊ ကိုယ်တိုင်တိုးတက်မှုတွေ ရှိလာနိုင်ပေမယ့် စိတ်ကလေးကတော့ ကြည်လင်နေနိုင်မှာ မဟုတ်ဘူး။
အဲ့ဒီအစား "ငါသည်သာ ... ငါ၏ပြိုင်ဘက်" ဆိုသလို ဒီနေ့ကိုယ်နဲ့ မနက်ဖြန်ကိုယ်၊ ဒီနှစ်ကိုယ်နဲ့ နောက်နှစ်ကိုယ် ယှဉ်ပြိုင်နေသင့်တာပေါ့။ ဒီနေ့ကိုယ်က ဘာမှမလုပ်လို့ နောက်နေ့ ကိုယ်လည်း ဘာမှမလုပ်ဘူး မဖြစ်ရဘူးနော်။ တိုးတက်ချင်သူတွေ အနေနဲ့ တစ်ရက်ထက် တစ်ရက်၊ တစ်နှစ်ထက်တစ်နှစ် ပိုကောင်းမွန်တဲ့ အလုပ်အကိုင်၊ ဝင်ငွေ ရဖို့အတွက် ဒီနေ့ကစ အလားအလာတွေ ရှာဖွေပြီး ကြိုးစားသင့်ပါတယ်။
တခြားသူရဲ့ ဝင်ငွေပမာဏကို မကြည့်ပါနဲ့။ ကိုယ့်အရွယ် ကိုယ့်ထက်တိုးတက်အောင်မြင်နေသူတွေနဲ့လည်း မနှိုင်းယှဉ်ပါနဲ့။ ကိုယ့်အရှိန်လေးနဲ့ ကိုယ်သွားရင်း ကိုယ်လိုချင်တဲ့ဘဝကို ပုံဖော်လိုက်ပါ။
Casper Lin (Online စီးပွားရေး အကြံပေး)
်တန်း
" တာဝန်နှစ်ခု "
=========
မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ်
မင်းတို့ရဲ့ဘဝကို
မင်းတို့မိဘတွေထက်
ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုးစားရမယ်
မင်းတို့ရဲ့သားသမီးတွေကို
မင်းတို့ဘဝတွေထက်ပိုပြီး
ကောင်းမွန်အောင်စွမ်းဆောင်ပေးရမယ်
"အချိန်ဆိုတာ ဘဝ"
==============
မင်းအသက် ၃၀ ငါ့အသက် ၈၆
ဒါအချိန်ပဲ
အချိန်ကဘဝပဲ
အချိန်မပါဘဲ ဘဝကိုဖွဲ့စည်းလို့မရဘူး
မင်းဘဝကိုတန်ဖိုးထားရင်
မင်းရဲ့အချိန်ကိုလည်း တန်ဖိုးထားရလိမ့်မယ်
" နှလုံးသားလှဖို့လိုတယ် "
===============
ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ်
ငါအချစ်ဆုံးပဲ
သူတို့ကႏွလုံးသားရွိလို့
ဥစ္စာရူးရယ် အာဏာရူးရယ် ငါအမုန်းဆုံး
သူတို့ကႏွလုံးသားမရွိလို့
" အားခဲထားနိုင်ရမယ် "
=============
စိတ်ပျက်လက်ပျက်ဆိုတာမျိူးမဖြစ်စေနဲ့
စိတ်ပျက်ချင်ပျက် လက်တော့မပျက်နဲ့
ဆိုလိုတာက
လေ့ကျင့်ကြိုးပမ်းမှုကိုမလျော့လိုက်နဲ့
" အကျင့် "
========
လူတွေက
မကောင်းတာလုပ်ဖြစ်ရင်
မကောင်းအကျင့်ပါသွားမှာကျသိကြတယ်
ငါပြောမယ်
မကောင်းတာအကျင့်လုပ်ရင်
မကောင်းကျင့်ပါသွားမှာပဲ
အဲ့ဒီလိုပဲ
ကောင်းတာကိုလည်း
အကျင့်လုပ်ရင်
ကောင်းတဲ့အကျင့်ဖြစ်သွားမှာပဲ
" ရခဲမှရတနာ"
==========
အောက်တန်းကျဖို့ဆိုတာ
ကြိုးစားနေဖို့မလိုဘူး
တစ်နေ့
ငါအောက်တန်းကျရမယ်လို့
အဓိဋ္ဌာန်ပြုနေဖို့မလိုဘူး
အောက်တန်းကျတာရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့
အထက်တန်းစားစိတ်ဓာတ်ဖြစ်ဖို့ကျ
ခဲယဉ်းသွားပြီ
" သတိမမူရင် ဂူမမြင်ဘူး "
===============
လူတွေက
သူများထီပေါက်ရင်သာ
ငါလည်း ထီပေါက်နိုင်တယ်လို့ တွေးတတ်ကြတာ
သူများကားတိုက်ရင်
ငါလည်း ကားတိုက်ခံရနိုင်တယ်လို့
မတွေးကြဘူး
သူများအောင်မြင်ရင်သာ
ငါလည်းအောင်မြင်မယ်လို့သာ တွေးကြတာ
သူများကျရှုံးရင်
ငါလည်း ကျရှုံးနိုင်တယ်လို့မတွေးကြဘူး
သတိထား အစစအရာရာ
သတိဆိုတာ ပိုတယ်မရှိဘူး
" အခိုက်အတန့် "
===========
လူတွေက
ချမ်းသာခြင်းသာ
သင်္ခါရလို့ထင်တယ်
တစ်ကယ်တော့
ဆင်းရဲခြင်းလည်း သင်္ခါရပဲ
မင်းကြိုးစားနေသမျှကာလပတ်လုံး
အဆင်မပြေခြင်းက သင်္ခါရ
မင်း မကြိုးစားပဲ
ရေသာခို အချောင်နေနေသရွေ့
မင်းအတွက်ဆင်းရဲခြင်းက
ထာဝရပဲ
" တောင်းမှာအကွပ် "
=============
အသိပညာရှိသောသူ၊ ဆုံးမထိုက်သောသူ၊ ဆုံးမရန်
ဝတ္တရားရှိသောသူတွေကိုက
ပစ်ပယ်လိုက်ပြီဆိုရင်တော့
အဲ့ဒီကောင်ဘဝ သေပြီလို့မှတ်လိုက်တော့.
"စာနာမှု"
=======
"ကိုယ့်အတွက်ချည်းပဲ မကြည့်ဘဲ သူများအတွက်လည်း
ကြည့်ပေးနိုင်တာကလည်း
ယဉ်ကျေးမှုပဲ"
"ရိုးသားပါ "
========
ကိုယ်မရသင့်တာကို မယူချင်ပါနဲ့..
ကိုယ်မရသ
လူတွေကို ကူညီပါ။
ဒါက အောင်မြင်ရေး formula ပဲ။
လူတွေဆီက ပိုယူဖို့ထက်
ကိုယ့်ဖက်က ပိုပေးဖို့စဥ်းစားတဲ့အခါ
လူတွေက ကိုယ့်ကို ပိုယုံကြည်မယ်။
ဒီတော့ ကိုယ့် service ကို
ကိုယ့်မျက်နှာကြီးနဲ့
Facebook မှာ boost လုပ်စရာမလိုတော့ဘူး။
အကြံပေး service နဲ့ ပတ်သက်လို့
Facebook မှာ ဘယ်တုန်းကမှ
Boost လုပ်ပြီး မကြော်ငြာဖူးဘူး။
ကြော်ငြာမရေးဖူးဘူး။
ဒါပေမယ့် အမြဲပြည့်နေတယ်။
ဘာကြောင့်လဲ ကိုယ့်ကိုကိုယ်
ပြန်စဥ်းစားကြည့်တော့
အဖြေက စေတနာဆိုတာ သွားတွေ့တယ်။
လူတွေဆီက ယူတာထက်
ပိုပေးဖို့ ကြိုးစားကြည့်ပါ။
ကိုယ့်ရဲ့ အလုပ်အကိုင် ပိုတိုးတက်လာလိမ့်မယ်။
လူရယ်လို့ ဖြစ်လာရင်…..
သင့်ကို အားကျတဲ့လူ ရှိသလို၊ အမြင်ကပ်တဲ့လူလည်းရှိမယ်။
သင့်ကိုမနာလိုတဲ့ လူရှိသလို၊ အထင်သေးတဲ့လူလည်းရှိမယ်။
ဒါ ဖြစ်လေ့ဖြစ်ထ သဘာ၀ပါ။
သင်ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ်
သင်ဘယ်လောက်ပဲ အနှစ်နာခံ ကျိုးစားကျိုးစား..
လူတိုင်းကို ကျေနပ်အောင်တော့ သင်မစွမ်းဆောင်နိုင်ပါဘူး၊
ဒါကြောင့်မို့လို့၊ သူများအကြိုက်ကိုဆောင်ဖို့…
သင့်ရဲ့ပင်ကိုယ်တန်ဖိုးကို အထိခိုက်မခံပါနဲ့။
သင့်ခံယူချက်အပေါ် သင်ကာကွယ်သင့်ပါတယ်။
————————–———–
သိထားဖို့က…
သူများပါးစပ်ဖျားပေါ်က ”သင်” ဟာ…
ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ
သင်အစစ်အမှန် မဟုတ်ပါဘူး။
————————–———
လူဆိုတာ…….
မျက်စိချင်းတူသော်ငြားလည်း၊ အမြင်ချင်း မတူပါဘူး၊
နားပေါက်ချင်းတူသော်ငြားလည်း၊ ကြားပုံချင်းမတူပါဘူး၊
ပါးစပ်ချင်းတူသော်ငြားလည်း၊ ပြောဆိုပုံချင်း မတူပါဘူး၊
ဦးနောက်ချင်းတူသော်ငြားလည်း၊ အယူအဆချင်းမတူနိုင်ပါဘူး၊
လူချုင်းတူသော်ငြားလည်း၊ အသက်ရှင်နေထိုင်ပုံချင်း မတူပါဘူး၊
————————–———
ဒီအတွက်ကြောင့်….
သင်ဘယ်လောက်ပဲ ထူးချွန်ထူးချွန်၊ နားလည်တဲ့လူနဲ့ တွေ့ဦးမှ…
သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်၊ ကျေးဇူးတင်တတ်တဲ့လူနဲ့ တိုးဦးမှ..
သင်ဘယ်လောက်ပဲ ရိုးသားရိုးသား၊ သံသယ နည်းတဲ့လူနဲ့ ဆုံဦးမှ..
သင်ဘယ်လောက်ပဲ နှိမ့်ချ နှိမ့်ချ၊ တန်ဖိုးထားတတ်တဲ့လူနဲ့ ကြုံဦးမှ…
————————–———–
နောက်ဆုံးတော့…
သိတာလည်း အားလုံးမပြောနဲ့…
မြင်တာလည်း အားလုံးမယုံနဲ့….
သင်ဘယ်သူ့ကို ဘယ်လောက်ချစ်တယ်ခင်တယ်ပဲ ဆိုဆို
ကိုယ့်အတွက် အသက်ရှင်ဖို့ လည်းမမေ့ပါနဲ့……….။
ပိုက်ဆံ က ထင်သလောက်အရေးမကြီးဘူး
လို့ ပြောတဲ့သူတွေ ၊ " ငွေမက်တယ် " လို့ ပြောတဲ့သူတွေ ကို တကယ် ရယ်ချင်တယ် …. ။
မပြည့်စုံတဲ့ ဘဝတွေမို့ လွှတ်ချခဲ့ရတဲ့ အိပ်မက်တွေ ၊
နောက်ပြန်လှည့်ကြည့် နေရတဲ့ ဘဝတွေမို့ ထင်သလောက် ခရီး မရောက်ခဲ့တဲ့ ပန်းတိုင်းတွေ
Rich kid မဟုတ်တဲ့ လူငယ်တိုင်းမှာ ရှိတယ် ။
ကြိုးစားရင် အောင်မြင်တယ် ဆိုတဲ့ စကားက
ပြောရတာဘဲ လွယ်တာ ၊ ထင်သလောက်မလွယ်ဘူး
အလုပ်ဘယ်လောက်ဘဲ ကြိုးစားခဲ့ပါစေ
မိသားစုမျက်နှာ ပြန်ကြည့်ရင်း ကိုယ့်အိပ်မက်တွေ ပဲ့ပါသွားတဲ့ လူငယ်တွေ ၊
တစ်ဖက်လူ အခက်ခဲကို ငဲ့ညာရင်း နောက်ဆုံး ကိုယ်တိုင် ခက်ခဲသွားတဲ့ လူတွေ တစ်ပုံကြီးဘဲ ။
ပိုက်ဆံက အရာရာတိုင်း မဟုတ်ဘူးဆိုရင်ဆိုတောင်
အရာရာတိုင်းမှာ ပိုက်ဆံ မပါဘဲ ပြီးမသွားပါဘူး
သေရင်ကိုယ့်နောက်မပါဘူး လို့ပြောတဲ့ ဘူကောင်တွေရဲ့ အူကြောင်ကြောင်စကားတွေကို ခေါက်ထားခဲ့ ။
အသက်ရှင်နေတုန်းခဏမှာ ပိုက်ဆံမရှိလို့ မရဘူး ။
ချစ်တဲ့သူတွေ အနားနေဖို့ ၊နေမကောင်းရင် ဆေးကုဖို့ ပိုက်ဆံလိုတယ် ။အသက်ရှုချောင်ချောင် ရှင်သန်နိုင်ဖို့ ပိုက်ဆံ လိုတယ် ။
လူတွေ ချစ်ဖို့ ပိုက်ဆံလိုတယ် ၊ သူငယ်ချင်းတွေကြား မျက်နှာမငယ်ရဖို့ ပိုက်ဆံလိုတယ် ၊ အိပ်မက်တွေဆီ အရောက်သွားဖို့ ပိုက်ဆံ လိုတယ် ။
ချစ်ခြင်းမေတ္တာတွေ ရောင်ပြန်ဟပ်တဲ့ ဇာတ်လမ်းမှာ
ပိုက်ဆံဟာ အဓိက ဇာတ်ဝင်ခန်းပဲ ။
အချစ်ခံရဖို့ ပိုက်ဆံ ရှာ ၊ လူရာဝင်ဖို့ ပိုက်ဆံ ရှာ
ပတ်ဝန်းကျင်ဆိုတာ အသပြာ လွှမ်းမိုးမှုအောက်က
စောက်ရူးတွေ ချည်း ၊ ငွေ ဆိုတာ လူ့အသိုက်ဝန်းရဲ့ ဘုရားသခင်
လူ့အသိုက်ဝန်းရဲ့ သည်းခြေကြိုက် …. ။
တစ်ခုခုလိုချင်တဲ့အခါ စျေးကြည့်ပြီး ပြန်ထွက်လာရတဲ့ အဖြစ်ကလွတ်အောင် ၊ ကိုယ့်ပိုက်ဆံအိတ်လေးကိုငုံ့ကြည့်ပြီး ချင့်ချိန်နေရတဲ့ ဘဝက လွှတ်အောင် ၊ ပိုက်ဆံရှာ ။
စျေးကြီးလွန်းပါတယ်ဆိုတဲ့ ကိုယ့်အိပ်မက်တွေက
တကယ်တမ်း ပိုက်ဆံရှိတဲ့အခါ အရာရာတိုင်းက
အလွယ်လေးပဲ ။
ထင်သလောက် အလှမ်းမဝေးတော့ဘူး ။
အများကြီးမတွေးနဲ့ ၊ ပိုက်ဆံပဲရှာ ။
Thar Htwe
⛔အရင်းပြုတ်တယ်ဆိုတာ ရောင်းရတဲ့ငွေကို သုံးပစ်လို့ပါ❗❗ဘယ်စီးပွားရေးကြောင့်နဲ့မှမဆိုင်ပါဘူး
💸🌿ရောင်းရငွေကို လုံးဝမသုံးပဲ ပြန်ပြန်ရင်းသူတိုင်း
အရင်းမပြုတ်ပါဘူး 🧑💻
အမြတ်မြင်ရဖို့
သုံးရဖို့ နှေးချင်နှေးမယ်
ဒါပေမယ့် အရင်းပိုပိုများလာမယ်
ပြောရတာလွယ်ပေမယ့် လူအများစုက
စည်းကမ်းမရှိကြပါဘူး
များများရောင်းရလေ
များများသုံးချင်လေဖြစ်ကြပါတယ်
သုံးလိုက်တဲ့ထဲမှာ
ကိုယ့်အရင်းတွေပါပါသွားတယ်ဆိုလည်း သတိမထားမိကြပါဘူး
ဘယ်အချိန်မှာသတိထားမိကြလဲဆိုရင် ပြန်ရင်းဖို့ပိုက်ဆံမရှိတော့တဲ့အချိန်မှာပေါ့
⛔အရင်းပြုတ်ရတဲ့ နောက်ထပ် အကြောင်းရင်းက အကြွေးရောင်းလို့ပါ ‼️‼️
ရောင်းကုန်သွားတဲ့ချိန် အကြွေးက မကောက်နိုင်သေးဘူး
ပစ္စည်းကပြန်ဝယ်ရတော့မှာ
အဲ့မှာအရင်းတွေ ထပ်ထပ် ထုတ်ရင်း ရှိရှိသမျှ ပြုတ်တာပါပဲ
⛔အရင်းပြုတ်တဲ့နောက်ထပ်ပိုဆိုးတဲ့အကြောင်းရင်းက အကြွေးယူပြီး စီးပွားရေးလုပ်တာပါ
စလုပ်ပြီဆိုတည်းက Negative Energy နဲ့စတော့ ထင်သလောက်မရောင်းရ
အတိုးလည်းမဆပ်နိုင်ရာကနေ နောက်ဆုံးရှိတာတွေပါ အကုန်ပြုတ်ကြတဲ့အထိပေါ့နော်
အရင်းပြုတ်သွားတဲ့အချိန်မှ ဘာပြောကြလဲဆိုရင် ဒီစီးပွားရေးက မကောင်းဘူးအရင်းပြုတ်တယ် ဆိုတာပါပဲ
တကယ်က ကိုယ်ရှိတဲ့ ငွေပမာဏလေးနဲ့ တတ်နိုင်သလောက်လေး စီးပွားရေးစလုပ်မယ်
လူအား ဉာဏ်အား ပိုစိုက်ထုတ်မယ်
ရောင်းရသလောက်အရင်းထဲပြန်ပြန်ထည့်မယ်
စည်းကမ်းရှိမယ် မလိုအပ်တာ အရေးမကြီးတာ ဘာမှမဝယ်ပဲ သီးခံနိုင်တယ် မျိုသိပ်ထားနိုင်တယ်ဆိုရင်
Cash Flow management နိုင်တယ်ဆိုရင်
စီးပွားရေးကတစ်ဖြေးဖြေးချင်းအဆင်ပြေပြီး တိုးတက်ပြောင်းလဲလာမှာပါ
အားလုံးပဲ ငွေကြေး သေချာစီမံခန့်ခွဲနိုင်ပြီး
စီးပွားရေးတိုင်း တိုးတက်အောင်မြင်ကြပါစေ🙏
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Address
No. 22A 42th Street Botataung
Yangon
11162
Opening Hours
Monday | 09:00 - 17:00 |
Tuesday | 09:00 - 17:00 |
Wednesday | 09:00 - 17:00 |
Thursday | 09:00 - 17:00 |
Friday | 09:00 - 17:00 |
Saturday | 09:00 - 17:00 |
Sunday | 09:00 - 17:00 |
Yangon, 11071
Box Mod, Mech Mod,Pod System,USA E-Juice, Malay E-Juice,Saltnic,Vape Accessories