Pann Satt Lann Books

စာဖတ်ပါ... အနာဂတ်ကို ယုံကြည်ပါ Get Pann Satt Lann App in Goolge Play Store.

Photos from Pann Satt Lann Books's post 05/10/2024

📚‌ အောက်တိုဘာလ_ပထမပတ် အသစ်ထွက်စာအုပ်များ
💓 𝐁𝐞𝐬𝐭 𝐁𝐨𝐨𝐤 𝐨𝐟 𝐎𝐜𝐭𝐨𝐛𝐞𝐫 (𝟏𝐬𝐭 𝐖𝐞𝐞𝐤)

စာဖတ်ချင်သူတွေ၊ စာအုပ်မှာချင်သူတွေအတွက် စက်တင်ဘာလ စတုတ္ထပတ်နှင့် အောက်တိုဘာလ ပထမပတ်ကြား စာအုပ်စျေးကွက်အတွင်း အသစ်ထွက်ရှိတဲ့ စာအုပ်တွေကို စုစည်းပေးထားပါတယ်။ ပြီးတော့ အသစ်ထွက်တွေထဲက ပန်းဆက်လမ်း အကြိုက်ဆုံး စာအုပ်(၃)အုပ်ကိုလည်း ရွေးချယ်ပေးထားပါတယ်...

💙 အောက်တိုဘာလ_ပထမပတ် အသစ်ထွက်စာအုပ်များကို စာညွှန်းနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။

1.📘 အကြည်ဓာတ်ဖြင့်လှပခြင်း

◽ အပြုသဘောဆောင်တဲ့အတွေးတွေနဲ့ စကားလုံးတွေက ဘ၀ရဲ့ ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးရုံသာမက နေ့စဉ်ဘ၀ရဲ့ ကောင်းမွန်ခြင်း မင်္ဂလာတရားကိုပါ သိမ်းပိုက်ပေးပါတယ်။ ကျွန်မ ဘ၀မှာ ခက်ခဲမှုတွေနဲ့ ကြုံလာတိုင်း ပိုကောင်းတာတွေဖြစ်လာတော့မယ်လို့ ယုံကြည်ပြီး ကြွေးကြော်တယ်။ အတိုက်အခံတစ်ခုခု ဖြစ်လာတိုင်း ငါတော့ အောင်မြင်ရတော့မယ်လို့ အမြဲပြောတယ်။ ဘယ်လောက်တောင်များ ကောင်းမွန်တဲ့အရာတွေက တံခါးလာခေါက်တော့မလဲလို့ ရင်ခုန်ပျော်ရွှင်တယ်…
✍️’ငွေတီဦး’

လူတစ်ဦးရဲ့ Energy စီးဆင်းနေတာတွေ၊ Aura ပုံစံနဲ့ အရောင်တွေကို ကျွန်တော်တို့ရဲ့ သာမန်မျက်စိနဲ့တော့ မြင်တွေ့ရဖို့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် Energy ကောင်းပြီး Aura တောက်ပနေတဲ့လူတစ်ဦးဟာ သူ့ရုပ်ရည်ဘယ်လိုပဲ ဖြစ်နေပါစေ ကျွန်တော်တို့ရဲ့ အမြင်မှာ ကြည့်ကောင်းနေမှာ ဖြစ်ပါတယ်။ ဒါဟာ အကြည်ဓာတ်နဲ့ လှပခြင်းပါပဲ။
✍️အေဒီ

◽ တန်ဖိုး - 𝟲,𝟬𝟬𝟬 ၊ စာမျက်နှာ - 𝟏𝟐𝟖
◽ စာအုပ်မှာယူရန်👉 www.pannsattlann.com/product/beauty-with-clarity/
===

2. 📘 နှစ်တစ်ရာမာရသွန်

◽ စာအုပ်မှာ အခန်း ၁၁ ခန်း ပါဝင်ပြီး ရှေးဦးစွာ အမေရိကန်တွေ မျှော်လင့်ခဲ့တဲ့ တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ခြင်းနဲ့ တရုတ်ပြည်ကြီး ဒီမိုကရေစီ နိုင်ငံအဖြစ် ပေါ်ထွန်းလာနိုင်မလားဆိုတဲ့ ယူဆချက်အမှားတွေနဲ့ မိတ်ဆက်ထားပါတယ်။

◽ တစ်ဖန် လက်ရှိ အမေရိကန်ရဲ့နေရာ အစားထိုးယူနိုင်ရေး၊ သို့ မဟုတ် ပြန်လည်ဆန်းသစ်သော တရုတ်နိုင်ငံဖြစ်မြောက်ရေး ခရီးရှည် “နှစ်တစ်ရာ မာရသွန်ပြိုင်ပွဲ” ကို တရုတ်ပြည်ရဲ့ ရှေးစစ်ပြိုင် ပြည်ထောင်များကာလ ကျင့်သုံးခဲ့တဲ့ “ရန်သူပြိုင်ဘက်အပေါ် အသာစီးရရေး ပရိယာယ်ဖြင့် အနေအထား ဖန်တီးခြင်းဗျူဟာ” အသုံးချပြီး ရည်မှန်းချက် အဆင့်ဆင့် ချမှတ်ဆောင်ရွက်နေပုံတွေကို ရှင်းလင်းထားပါတယ်။ တစ်ဆက်တည်း အမေရိကန်နဲ့ ပုံမှန်ဆက်ဆံရေး တည်ဆောက်ဖို့ စတင် ကြိုးပမ်းခဲ့ပုံ၊ တရုတ်ခေတ်ဟောင်း စစ်ပြိုင် ပြည်ထောင်များကာလက လှည့်ဖြားမှု ပရိယာယ်တွေနဲ့ အမေရိကန်ပုံရိပ် ဖျက်ဆီးရေး ကြိုးပမ်းမှုတွေကို ဖော်ပြထားပါတယ်။

◽ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေအရ တရုတ်နိုင်ငံရဲ့ အနာဂတ် လျှို့ဝှက် မျှော်မှန်းချက်တွေကို ခြုံငုံသိရှိလိုသူတွေအတွက် လေ့လာ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။

◽ တန်ဖိုး - 𝟏𝟓,𝟎𝟎𝟬 ၊ စာမျက်နှာ - 𝟓𝟐𝟓
◽ စာအုပ်မှာယူရန်👉 www.pannsattlann.com/product/100-years-2/
===

3.📘 အချိန်လေးတော့ ပေးလိုက်ပါ

◽ ဆရာမကြီးဟာ စိတ်ဝမ်းပြည့်ဝအေးချမ်းသူ ၊ လူတစ်ဖက်သားကို စာနာ နားလည်ပေးနိုင်သူ ၊ အကောင်းမြင်စိတ်ရှိသူ၊ အားနည်းသူဟူသမျှကို ဖေးကူသူအဖြစ် တစ်ဘဝလုံး နေထိုင်ခဲ့တာပါ။

◽ ဆရာမကြီးက သူကျင့်ကြံနေထိုင်ခဲ့ပုံတွေ ၊ သူ့ဘဝအတွေ့အကြုံတွေ ၊ သူ ဖတ်မှတ်ခဲ့သမျှတွေထဲက အဖိုးတန်စကားစုတွေကို ဒီစာအုပ်ကနေ လူအများသိအောင် မျှဝေပေးခဲ့တာပါပဲ။ စာအုပ်ထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်လေးအချို့ကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

◽ တန်ဖိုး - 𝟔,𝟓𝟎𝟎 ၊ စာမျက်နှာ - 𝟏𝟑𝟔
◽ စာအုပ်မှာယူရန်👉 www.pannsattlann.com/product/givingtime/
===

စာအုပ်စျေးကွက်အတွင်း အသစ်ထွက်ရှိထားတဲ့ နောက်ဆုံးထွက် စာအုပ် (၁၀၀)ကျော် ကို ပန်းဆက်လမ်း Website www.pannsattlann.com မှာ စုစည်းဖော်ပြထားပါတယ်။ တစ်အုပ်ချင်းစီရဲ့ မျက်နှာဖုံး စာညွှန်းလေးတွေကို အသေးစိတ်ဝင်ရောက်ကြည့်နိုင်ပါတယ်....
🔥 www.pannsattlann.com/product-category/new-release/
===

💛 ပန်းဆက်လမ်းမှ စာအုပ်များကို ....

✅ 𝐎𝐧𝐥𝐢𝐧𝐞 𝐎𝐫𝐝𝐞𝐫
• Website (www.pannsattlann.com), Messenger, Ph Order - 09 889003011, 09 889003022 တို့မှ အိမ်အရောက်မှာယူနိုင်ပြီး

✅ 𝐎𝐟𝐟𝐥𝐢𝐧𝐞 𝐎𝐫𝐝𝐞𝐫
• အမှတ် (၄၅၄)၊ မြင်တော်သာလမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့ရှိ ပန်းဆက်လမ်း စာအုပ်တိုက်တွင်လည်း In stock လာရောက်ဝယ်ယူနိုင်ပါတယ်။

✅ 𝐎𝐯𝐞𝐫𝐬𝐞𝐚 𝐎𝐫𝐝𝐞𝐫
• ပြည်ပမှလည်း မှာယူနိုင်ပြီး ပြည်ပနိုင်ငံပေါင်း ၁၀၀ ကျော်ကို ပြည်တွင်းထုတ် စာအုပ်စျေးနှုန်းအတိုင်း ပို့ဆောင်ပေးပါတယ်။

✅ 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐨𝐫 𝐎𝐫𝐝𝐞𝐫
• ကိုယ်စားလှယ်များ/စာကြည့်တိုက်များမှလည်း Commission နှုန်းထားဖြင့် မှာယူရရှိနိုင်ပါတယ်။

ရွှင်သာချမ်းမြေ့ကြပါစေ💗
#စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ

04/10/2024

၁၅၀၀ အချစ်တိုင်းဟာ သာယာကြည်နူးစရာတော့ မဟုတ်ပါဘူး
===
၁၅၀၀ အချစ်ဆိုတိုင်း romantic ဖြစ်တယ်၊ သာယာကြည်နူးစရာကောင်းတယ်၊ ပျော်ရွှင်စရာကောင်းတယ်လို့ ထင်နေတယ်ဆိုရင် အမှားကြီး မှားသွားပါလိမ့်မယ်။

၁၅၀၀ အချစ် relationship တွေကို အမျိုးအစား ၆ မျိုးအထိ ခွဲခြားနိုင်ပြီး အများစုဟာ ကိုယ့်ကို နာကျင်စေနိုင်တဲ့ ချစ်ခြင်းပုံစံတွေ ဖြစ်ပါတယ်။

𝗖𝗿𝘂𝘀𝗵 𝗥𝗲𝗹𝗮𝘁𝗶𝗼𝗻𝘀𝗵𝗶𝗽
တစ်ဦးဘက်က ချစ်နေပေမယ့် တစ်ဦးက သိတောင်မသိတဲ့ relationship မျိုးဖြစ်ပါတယ်။ တစ်ဖက်သတ်ချစ်နေရတာဟာ ထင်ထားတာထက် ပင်ပန်းပါတယ်။ ကိုယ့်အချစ်ကို မထုတ်ပြရသေးခင်မှာ သူက ချစ်သူတစ်ဦး ရသွားမယ်ဆိုရင်လည်း အင်မတန် နာကျင်ရပါလိမ့်မယ်။

𝗣𝗹𝗮𝘁𝗼𝗻𝗶𝗰 𝗥𝗲𝗹𝗮𝘁𝗶𝗼𝗻𝘀𝗵𝗶𝗽
သူငယ်ချင်းမကျ၊ ချစ်သူမကျ relationship မျိုးဖြစ်ပါတယ်။ စိတ်မထိန်းနိုင်တဲ့ အချိန်တစ်ခဏလောက် အနမ်းတစ်ပွင့်ခြွေနိုင်သည့်တိုင် s*x ကိစ္စတွေတော့ လုံး၀မရှိတဲ့ relationship မျိုးပါ။ နှစ်ဦးလုံးက သူငယ်ချင်းမေတ္တာအပေါ်ကိုမှ မျိုသိပ်ထားတဲ့ချစ်ခြင်းနဲ့ ရင်ခုန်မှုအပြည့် ပတ်သက်နေကြတာဖြစ်ပါတယ်။ Friend Zone က မကျော်လွန်နိုင်ဘူးလို့ ဆိုရမှာပါပဲ။ တစ်ချိန်မှာ တစ်ဦးက သေချာတဲ့အချစ်ကို ရှာတွေ့သွားခဲ့ရင်တော့ ကိုယ့်ရဲ့နောက်ကျမှုနဲ့ အသုံးမကျမှုအတွက် နောင်တရပြီး ပူလောင်ရပါလိမ့်မယ်။

𝗥𝗼𝗺𝗮𝗻𝘁𝗶𝗰 𝗥𝗲𝗹𝗮𝘁𝗶𝗼𝗻𝘀𝗵𝗶𝗽
အတည်တကျ ချစ်သူဖြစ်သွားကြတဲ့သူတွေ၊ အိမ်ထောင်ကျသွားတဲ့သူတွေမှာ romantic relationship မျိုး ရှိကြပါတယ်။ သာယာကြည်နူးစရာ၊ ရင်ခုန်စရာအပြည့်နဲ့ ချစ်လို့မ၀နိုင်တဲ့သူတွေပါ။ ဒါပေမယ့် romantic relationship နဲ့ ထာ၀ရပေါင်းဖက်နိုင်သူဟာ ရှားပါတယ်။ အများစုဟာ ချစ်ခြင်းရဲ့အစမှာပဲ romantic ဖြစ်ပြီး ကြာလာတဲ့အခါ ရိုးသွား၊ ဟောင်းသွားတတ်ကြပါတယ်။ ဒီလိုကနေ နောက်ထပ် romantic ဖြစ်စေချင်တဲ့အချစ်ကို လိုက်ရှာကြရာကနေ ဖောက်ပြန်မှုတွေ၊ သစ္စာဖောက်မှုတွေ ဖြစ်တည်လာရပါတော့တယ်။

𝗖𝗼𝗱𝗲𝗽𝗲𝗻𝗱𝗲𝗻𝘁 𝗥𝗲𝗹𝗮𝘁𝗶𝗼𝗻𝘀𝗵𝗶𝗽
အချစ်ကို စတင်ခဲ့ကာ နှစ်ဦးအတူဖြစ်ပေမယ့် လက်ရှိအချိန်မှာ တစ်ဦးတည်းကပဲ အဲ့ဒီအချစ်ကို ဆက်နေရတဲ့ relationship မျိုးပါ။ ချစ်ခြင်း၊ ဂရုစိုက်ခြင်း၊ ကြင်နာခြင်း၊ တန်ဖိုးထားခြင်းတွေဟာ တစ်ဖက်တည်းမှာပဲ ကျန်တော့တာမျိုးပါ။ အများစုဟာ romantic ဘက်ကနေ codependent ဘက်ကို ရောက်သွားတတ်ပါတယ်။ နာကျင်ရသူကတော့ တစ်ဦးတည်းပေါ့။

𝗢𝗽𝗲𝗻 𝗥𝗲𝗹𝗮𝘁𝗶𝗼𝗻𝘀𝗵𝗶𝗽
နှစ်ဦးလုံးက အတူတူနေထိုင်ကြပြီး နှစ်ဦးသဘောတူ တခြားသူတွေနဲ့ ချစ်ခွင့်ရှိတဲ့ relationship မျိုးပါ။ စီးပွားရေးအရဖြစ်စေ၊ ပတ်ဝန်းကျင်ကြောင့်ဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့် လမ်းမခွဲကြပေမယ့် တစ်ဦးကိုတစ်ဦး မချစ်ကြတဲ့ relationship မျိုးပါ။

𝗧𝗼𝘅𝗶𝗰 𝗥𝗲𝗹𝗮𝘁𝗶𝗼𝗻𝘀𝗵𝗶𝗽
ဒါက အဆိုးဆုံးပါပဲ။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုတွေဖြစ်စေတဲ့ relationship မျိုးပါ။ နှစ်ဦးလုံးက လမ်းမခွဲပဲ တစ်ဦးကိုတစ်ဦး စိတ်ဒုက္ခပေးကြတာမျိုးရှိသလို၊ တစ်ဦးက လမ်းခွဲချင်ပေမယ့် တစ်ဦးက လမ်းခွဲခွင့်မပေးဘဲ ဒုက္ခပေးတတ်တာမျိုးလည်း ရှိပါတယ်။ အနာကျင်ရဆုံး relationship မျိုးဖြစ်ပါတယ်။

ဒါကြောင့် RS life တိုင်းဟာ ၁၀၀% ပျော်စရာမဟုတ်ဘူးလို့ ပြောရတာဖြစ်ပါတယ်။ နှစ်ဦးလုံး Romantic အချစ်နဲ့စတင်ပြီး အဆုံးထိ Romantic ဖြစ်နေစေဖို့ဆိုတာ ရှိတော့ရှိပေမယ့် အင်မတန်ရှားပါတယ်။ ကိုယ် ဘယ်လောက်ကောင်းကောင်း၊ ဘယ်လောက် သစ္စာရှိရှိ၊ တစ်ဖက်က ဘယ်အချိန်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ သိမှ မသိနိုင်တာပါပဲ။

ဒီနေရာမှာ Romantic ဖြစ်တယ်ဆိုတာ ပန်းစည်းတွေ၊ လက်ဆောင်တွေကို ဆိုလိုတာမဟုတ်ပါဘူး။ အစကနေ အဆုံးထိ ချစ်ပေးတယ်၊ တန်ဖိုးထားပေးတယ်၊ ကြင်နာပေးတယ်၊ ဂရုစိုက်ပေးတယ်ဆိုရင် ဒါဟာ Romantic ဖြစ်တာပါပဲ။ Right Person ဆိုတာ ဒီလို type မျိုးဖြစ်ပါတယ်။

ကိုယ့်ဘက်က ချစ်သူနဲ့ လက်တွဲပြီးရင် အစကနေ အဆုံးထိ romantic အချစ်ဖြစ်စေဖို့သာ ကြိုးစားပါ။ သူ့ဘက်က ကိုယ့်လိုမဖြစ်ခဲ့ရင်၊ အချစ်တွေ မမှန်ခဲ့ရင်၊ လမ်းခွဲသွားခဲ့ရင် ကိုယ်နာကျင်ရမှာတော့ မှန်ပါတယ်။

ဒါပေမယ့် အနာကျက်သွားတဲ့အခါ လိပ်ပြာသန့်သန့်နဲ့ ရှေ့ဆက်ပျော်ရွှင်နိုင်မယ့်သူဟာ ကိုယ်သာ ဖြစ်ပါလိမ့်မယ်။

🔥 𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭 𝐁𝐨𝐨𝐤 𝐟𝐨𝐫 𝐲𝐨𝐮 🔥
💙𝑺𝒆𝒗𝒆𝒏 𝑬𝒙𝒆𝒔
• တန်ဖိုး - 6000 (စာ 188 )
• အရွယ်အစား - 5.2× 0.3 × 8 inches
www.pannsattlann.com/product/seven-exes/

◽ လူတစ်ယောက်ကို ချစ်မိတဲ့အခါ ထိုလူဟာ ကိုယ့်ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပါစေ။ ကိုယ့်ဘ၀တစ်ခုလုံး မဖြစ်ပါစေနဲ့။ အချစ်ကြောင့်ပျော်ရတဲ့အခါ အစိတ်အပိုင်းတစ်ခုအနေနဲ့သာ ပျော်ရွှင်ပါ။
တစ်နေ့ အချစ်ကြောင့် နာကျင်ရတဲ့အခါ အစိတ်အပိုင်းတစ်ခုလောက်သာ နာကျင်ရပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ အချစ်ဟာ ဘ၀တစ်ခုလုံးဖြစ်မယ်ဆိုရင် အချစ်ကြောင့် နာကျင်ရတဲ့အခါ ဘ၀တစ်ခုလုံးစာ နာကျင်ရပါလိမ့်မယ်။

◽ ဒီစာအုပ်လေးဟာ စာရေးသူရဲ့ ဒဏ်ရာဟောင်းတွေကိုပြန်လည်တူးဖော်ရင်း ဖန်တီးထားတဲ့စာအုပ်လေးပါ။ ချစ်ခြင်းနဲ့ တစ်ခါမှ မထိတွေ့ဖူးသူ...ချစ်ခြင်းနဲ့ အခုမှ စတင်ထိတွေ့တဲ့သူ...ချစ်ခြင်းကြောင့် ပျော်ရွှင်နေတဲ့သူ...ချစ်ခြင်းကြောင့် နာကျင်နေတဲ့သူ...ချစ်ခြင်းနဲ့ မကင်းကြသူ အားလုံးအတွက်သင်ခန်းစာတွေ၊အတွေ့အကြုံ ဗဟုသုတတွေ၊ အချစ်နဲ့ပတ်သက်တဲ့ ရင့်ကျက်မှုတွေ ရရှိစေနိုင်ပါတယ်။

📗 ချစ်ခြင်း သီအိုရီတွေကို သိရှိနားလည်ပြီး နည်းမှန်လမ်းမှန်နဲ့ ချစ်တတ်စေဖို့ လမ်းညွှန်ပြသနိုင်မယ့် ဒီစာအုပ်လေးကို 𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭 𝐁𝐨𝐨𝐤 အဖြစ် ရည်ညွှန်းပေးချင်ပါတယ်။

===
💛 ပန်းဆက်လမ်းမှ စာအုပ်များကို ....

✅ 𝐎𝐧𝐥𝐢𝐧𝐞 𝐎𝐫𝐝𝐞𝐫
• Website (www.pannsattlann.com), Messenger, Ph Order - 09 889003011, 09 889003022 တို့မှ အိမ်အရောက်မှာယူနိုင်ပြီး

✅ 𝐎𝐟𝐟𝐥𝐢𝐧𝐞 𝐎𝐫𝐝𝐞𝐫
• အမှတ် (၄၅၄)၊ မြင်တော်သာလမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့ရှိ ပန်းဆက်လမ်း စာအုပ်တိုက်တွင်လည်း In stock လာရောက်ဝယ်ယူနိုင်ပါတယ်။

✅ 𝐎𝐯𝐞𝐫𝐬𝐞𝐚 𝐎𝐫𝐝𝐞𝐫
• ပြည်ပမှလည်း မှာယူနိုင်ပြီး ပြည်ပနိုင်ငံပေါင်း ၁၀၀ ကျော်ကို ပြည်တွင်းထုတ်စာအုပ်စျေးနှုန်းအတိုင်း ပို့ဆောင်ပေးပါတယ်။

✅ 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐨𝐫 𝐎𝐫𝐝𝐞𝐫
• ကိုယ်စားလှယ်များ/စာကြည့်တိုက်များမှလည်း Commission နှုန်းထားဖြင့် မှာယူရရှိနိုင်ပါတယ်။

ရွှင်သာချမ်းမြေ့ကြပါစေ💗
#စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ

Photos from Pann Satt Lann Books's post 04/10/2024

❤️ စာဖတ်ခြင်းကို ကျေနပ်စေမယ့်စာအုပ်များ
💓 𝐓𝐨𝐩 𝐑𝐚𝐭𝐞𝐝 𝐁𝐨𝐨𝐤𝐬 (𝟏𝟎 𝐁𝐨𝐨𝐤𝐬 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧)

◽ စာအုပ်စာပေကို နှစ်လိုဖွယ်ရာ၊ပျော်မွေ့စရာအရာတစ်ခုအဖြစ်မြင်ဖို့ ဘာတွေလိုအပ်တယ်လို့ သင်ထင်သလဲ.....

🔖 ကိုယ့်ရှာဖွေနေတဲ့အရာတွေနဲ့ ကိုက်ညီပြီး ကိုယ့်စိတ်ကို အဆုံးထိဆွဲခေါ်သွားကာ ဖတ်လိုက်ရတဲ့အချိန်တွေကို အကျိုးရှိလိုက်တာလို့ အတွေးအမြင်ပေးနိုင်တာမျိုး...
🔖စိတ်ဓာတ်ကျချိန်မှာ ခွန်အားရစေတဲ့ စာပေဖတ်ပြီး ဘဝကိုအသစ်တစ်ဖန် ပြန်လည်ရင်ဆိုင်နိုင်တာမျိုး...
🔖 အထီးကျန်ချိန်မှာ အဖော်ပြုပြီး ကိုယ့်စိတ်ကို နှစ်သိမ့်အားပေးပြီး နွေးထွေးစေတာမျိုး...
🔖 ဝမ်းနည်းပင်ပန်းနေချိန်မှာ စိတ်ပျော်သွားစေတဲ့ဟာဒယစာပေမျိုး...
🔖 လူမှုဘ၀ခံစားမှုမျိုးစုံနဲ့ ရှုပ်ထွေးနေချိန်မှာ ဖြတ်ကနဲအလင်းတန်း တွေ့လိုက်ရသလို ဖြေရှင်းနိုင်မယ့်နည်းလမ်းပေးနိုင်မယ့် စာပေမျိုးတွေဟာ...

◽ စာဖတ်ခြင်းကို ကျေနပ်စေမယ့်စာပေမျိုးတွေပဲ ဖြစ်ပါတယ်။ စာတစ်အုပ်ဖတ်ပြီးတဲ့အခါမှာ သိလိုက်ရတဲ့အကြောင်းအရာတွေဟာ ဥာဏ်အလင်းပွင့်သွားသလို စိတ်ကို ကျေနပ်ပီတိဖြစ်စေပါတယ်။

◽ ဒီ Post လေးမှာ စုစည်းထားတဲ့ စာအုပ်တွေကတော့ pannsattlann.com Website နှင့် App တွင် Review Rating 5 Stars ရရှိထားပြီး စာဖတ်သူတွေရဲ့ စိတ်နှလုံးကို အစဉ်အမြဲဖမ်းစားနိုင်သည့် စာအုပ်များကို အထူးသီးသန့်စုစည်းထားတဲ့ collection လေးဖြစ်ပါတယ်။

◽ စက်တင်ဘာလ စတုတ္ထပတ်နဲ့ အောက်တိုဘာလ ပထမပတ် အတွက် (၁၀) အုပ် ရွေးချယ်ပေးထားပါတယ်။ စာဖတ်ခြင်းကို ကျေနပ်စေမယ့် စာအုပ်ကောင်းတွေဆိုတာ.. တစ်အုပ်ချင်းစီရဲ့ Rating တွေ Review တွေမှာ သက်သေရှိပါလိမ့်မယ်။ link တစ်ခုချင်းစီကို ဝင်ရောက်ပြီး စာဖတ်သူဖတ်ရှုသင့်တဲ့ စာအုပ်ကို စိတ်အေးလက်အေး အကောင်းဆုံး ရွေးချယ်နိုင်ပါတယ်...

စုစည်းထားတဲ့ စာအုပ်တွေကတော့...

1....
📙 ချစ်မက်မပြေ
🍀 www.pannsattlann.com/product/chit-mat-mapyay/

2...
📙 ဆွန်ဇူး၏စစ်ပညာ
🍀 www.pannsattlann.com/product/sonezu/

3...
📙 သင့်ဘဝအတွက် ဒုတိယအခွင့်အရေး
🍀 www.pannsattlann.com/product/second-chance-for-your-life/

4...
📙 ကိုယ်ဝန်ဆောင်လက်စွဲ
🍀 www.pannsattlann.com/product/pregnant/

5...
📙 ဟယ်လို… ဖေဖေ
🍀 www.pannsattlann.com/product/hello-dad/

6...
📙 ချစ်သော
🍀 www.pannsattlann.com/product/beloved/

7...
📙 ဒိုင်ယာရီမြစ်
🍀 www.pannsattlann.com/product/diary-4/

8...
📙 စိတ်ဓာတ်ကျရင်ဖတ်ကြည့်ပါ
🍀 www.pannsattlann.com/product/read-it/

9...
📙 ခွင့်လွှတ်ခြင်းဖြင့်လွတ်မြောက်ခြင်း
🍀 www.pannsattlann.com/product/loot-myouk-chin/

10...
📙 ကွက်ကြို ငါးလှမ်း
🍀 www.pannsattlann.com/product/five-steps/

Top Rated Books များ
👉 www.pannsattlann.com/product-category/top-rated/

ရွှင်သာချမ်းမြေ့ကြပါစေ❤️
#စာဖတ်ပါအနာဂတ်ကိုယုံကြည်ပါ

03/10/2024

Letting go is always painful.
စွန့်လွှတ်ခြင်းတိုင်းဟာ နာကျင်ပါတယ်။

But it is better to let go than hold on.
ဒါပေမယ့် မကောင်းတဲ့သူတစ်ယောက်ကို ဆက်ပြီး လက်တွဲထားမှာထက်စာရင် တစ်ခါတည်း လက်လွှတ်လိုက်တာက ပိုပြီးကောင်းပါတယ်။

💚 Quote for your living
# Seven Exes (AD)
🍀www.pannsattlann.com/product/seven-exes/

Photos from Pann Satt Lann Books's post 03/10/2024

💗 စာဖတ်သူကို ရည်ညွှန်းဖတ်စေချင်တဲ့
စာအုပ် (၃၀) အောက်တိုဘာလအတွက်
ရွေးချယ်ထားပါတယ် ..

ဒီစာအုပ်တွေထဲက စာဖတ်သူအကြိုက်ဆုံး
စာအုပ်ဆိုရင်..? ဘယ်စာအုပ်လေးဖြစ်မလဲ..
ရွေးခဲ့ပေးပါနော်.. 💗

✅ 𝐁𝐞𝐬𝐭 𝐁𝐨𝐨𝐤 𝐨𝐟 𝐎𝐜𝐭𝐨𝐛𝐞𝐫 (𝐄𝐝𝐢𝐭𝐨𝐫'𝐬 𝐏𝐢𝐜𝐤)
သုတ/ရသ စာပေကဏ္ဍစုံကို
ပန်းဆက်လမ်းရဲ့ စိတ်ကြိုက်ဖြစ်မှုအပြင်
- စာအုပ်ရဲ့ရောင်းအား
- စာဖတ်သူတွေရဲ့ စိတ်ဝင်စားမှု
- စာအုပ်ထုတ်လုပ်မှုအရည်အသွေး/စျေးနှုန်း
- စာပေတန်ဖိုး
စတဲ့ အချက်အလက်တွေပေါ် အခြေခံပြီး
ရွေးချယ်ပေးထားပါတယ်..

ရွေးချယ်ထားတဲ့ စာအုပ်(၃၀) ကို
တစ်အုပ်ချင်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်..
🌐 www.pannsattlann.com/product-category/best-oct/

😍 𝐓𝐨𝐩 (𝟑) 𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭 𝐁𝐨𝐨𝐤𝐬

📗1. #အကြည်ဓာတ်

◽ ဒီစာအုပ်လေးထဲမှာ… အကြည်ဓာတ်ရဖို့ ဗုဒ္ဓတရားတော်နှင့်အညီ နေထိုင်ကျင့်ကြံရမည့်အရာတွေ၊ အကြည်ဓာတ်ကိုပျက်စေနိုင်သည့် အတားအဆီးတွေ၊ အကြည်ဓာတ်ပျက်ခဲ့သော် စိတ်ရောကိုယ်ပါ ထိခိုက်ရနိုင်မှုတွေနဲ့ အကြည်ဓာတ်အတွက် အမြဲတစေလေ့ကျင့်ရမယ့်အရာတွေကို ဖတ်ရှုရပါမယ်။အကြည်ဓာတ်ဖြစ်ဖို့ရန်မှာ စာတွေ့ရော..လက်တွေ့ရော လုပ်ဆောင်ရန် လိုအပ်လှပေတယ်။ အကြည်ဓာတ်အတွက် ဆောင်ရန် ရှောင်ရန်တွေကိုသိနားလည်ပြီး လိုအပ်ချက်တွေကို ဖြည့်ကျင့်နိုင်မှသာလျှင် အကြည်ဓာတ်ရစေသော အကြောင်းတရားများကို ရရှိနိုင်ပေလိမ့်မည်ဟုလည်း စာရေးသူက ဆိုထားပါတယ်။

◽ ◽ ◽

📗2. #ပျော်ရွှင်ဖို့ဒီလောက်မခက်ခဲပါစေနဲ့

◽ ဒီစာအုပ်က အချစ်ကြောင့် လမ်းပျောက်သူကို လမ်းစရှာပေးနိုင်ချင်မှ ရှာပေးနိုင်ပေမယ့် အချစ်ကြောင့် ခံစားနေရတဲ့ နာကျင်မှု ၊ ၀မ်းနည်းမှု ၊ ခံပြင်းမှု ဝေဒနာတွေကိုတော့ သက်သာစေမှာပါ .. အချစ်ကြောင့် လမ်းတွေ့သွားသူကိုလည်း တစ်ဖက်သားကို ပိုပိုပြီး ချစ်တတ် ၊ တန်ဖိုးထားတတ်လာစေမှာပါ .. အချစ်မရှိ တစ်ကိုယ်ရည်တွေအတွက် ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာစေမှာလို့ ယုံကြည်ပါတယ် .. အချစ်ကြောင့် ဒါမှမဟုတ် နေ့စဉ်လူနေမှု ဘ၀ကြောင့် သောကတွေ ၊ ကြောင့်ကြမှုတွေ ၊ ၀မ်းနည်းနာကျင်မှုတွေ ခံစားနေရပြီး ရှေ့ဆက်ဖို့ အားအင်နည်းနေခဲ့ရင် ဒီစာအုပ်က အလင်းစက်အဖြစ် ကူညီဖေးမနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် …။
◽ ◽ ◽

📗 3. #ပိဋကတ်လာ စိတ်တန်ခိုးနှင့်အကြားအမြင်

◽ ဤစာအုပ်၌ လူတိုင်းလက်လှမ်းမမီသည့် ပိဋကတ်ကျမ်းဂန်အဆူဆူတို့ကို အခြေပြု၍လည်းကောင်း၊ ချဥ်းကပ်စူးစမ်းသင့်သည့်အမျိုးမျိုးသော ပုဂ္ဂိုလ်များထံ ကိုယ်တိုင်တွေ့ဆုံမေးမြန်း၍လည်းကောင်း၊ နှစ်ရှည်လများ စုစည်းမှုတို့မှအဆီအနှစ်ထုတ်၍ ပိဋကတ်ပညာရှင်များမြင်သော သမထကျင့်စဥ်များ၊စျာန် ကသိုဏ်းဆိုင်ရာ စွမ်းအင်များ၊ ဗုဒ္ဓနှင့် ဗုဒ္ဓသာဝကတို့၏စိတ်တန်ခိုး၊ အိန္ဒိယယောဂီတို့၏ကျင့်စဥ်နည်း၊ အနောက်နိုင်ငံနည်းများကိုပါ လက်လှမ်းမီသလောက် ဆွဲဆန့်ထားသလိုလက်တွေ့သမားများအတွက် အခြေခံမှအစ တစ်ဆင့်ချင်း ကျင့်ဆောင်ရန် နည်းလမ်းများကိုဖော်ပြထားသည်။
◽ ◽ ◽

💛 ပန်းဆက်လမ်းမှ စာအုပ်များကို ....

✅ 𝐎𝐧𝐥𝐢𝐧𝐞 𝐎𝐫𝐝𝐞𝐫
• Website (www.pannsattlann.com), Messenger, Ph Order - 09 889003011, 09 889003022 တို့မှ အိမ်အရောက်မှာယူနိုင်ပြီး

✅ 𝐎𝐟𝐟𝐥𝐢𝐧𝐞 𝐎𝐫𝐝𝐞𝐫
• အမှတ် (၄၅၄)၊ မြင်တော်သာလမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့ရှိ ပန်းဆက်လမ်း စာအုပ်တိုက်တွင်လည်း In stock လာရောက်ဝယ်ယူနိုင်ပါတယ်။

✅ 𝐎𝐯𝐞𝐫𝐬𝐞𝐚 𝐎𝐫𝐝𝐞𝐫
• ပြည်ပမှလည်း မှာယူနိုင်ပြီး ပြည်ပနိုင်ငံပေါင်း ၁၀၀ ကျော်ကို ပြည်တွင်းထုတ်စာအုပ်စျေးနှုန်းအတိုင်း ပို့ဆောင်ပေးပါတယ်။

✅ 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐨𝐫 𝐎𝐫𝐝𝐞𝐫
• ကိုယ်စားလှယ်များ/စာကြည့်တိုက်များမှလည်း Commission နှုန်းထားဖြင့် မှာယူရရှိနိုင်ပါတယ်။

ရွှင်သာချမ်းမြေ့ကြပါစေ💗
#စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ

Photos from Pann Satt Lann Books's post 02/10/2024

📚 𝑷𝒐𝒔𝒊𝒕𝒊𝒗𝒆 𝑴𝒆𝒔𝒔𝒂𝒈𝒆𝒔 𝑭𝒐𝒓 𝒀𝒐𝒖

🔸️ ဘ၀ကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ ကောင်းမွန်တဲ့ စိတ်နေစိတ်ထားအခြေခံဟာ အရေးပါပါတယ်။ အသက်အရွယ် အပိုင်းအခြားတစ်ခုမှာ ဖြတ်သန်းတွေ့ကြုံရမယ့် စိတ်ခံစားချက်တွေ၊ ပင်ပန်းနွမ်းလျမှုတွေအတွက် ထားရှိသင့်တဲ့ စိတ်နေစိတ်ထားတွေ၊ ဆောင်ရမယ့် ပြုပြင်ပြောင်းလဲယူရမယ့် အရာတွေကို ယခု စာအုပ်ပါ အကြောင်းအရာများမှာ ဖတ်ရှုမြင်တွေ့နိုင်ပါတယ်။

🔸️ အပြုသဘောဆောင်တဲ့အမြင် Positive thinking တွေ၊ ရှိသင့်ရှိထိုက်တဲ့ ခံယူချက်တွေ၊ အပြုသဘောဆောင်တဲ့ အကောင်းမြင်စိတ်နေစိတ်ထား Positive Mindset တွေကို ထွန်ယက်စိုက်ပျိုးပေးရင်း စိတ်နေစိတ်ထား ပြောင်းလဲပြီး အေးချမ်းပြည့်စုံတဲ့ ဘဝကို နေထိုင်ဖြတ်သန်းနိုင်စေဖို့ ယခုစာအုပ်စုစည်းမှုလေးက အထောက်အကူဖြစ်စေနိုင်မှာပါ။

📒 #𝑷𝒐𝒔𝒊𝒕𝒊𝒗𝒆 𝑴𝒆𝒔𝒔𝒂𝒈𝒆𝒔 𝑭𝒐𝒓 𝒀𝒐𝒖
◽ တန်ဖိုး - 𝟱,𝟱𝟬𝟬 ၊ စာမျက်နှာ - 𝟭𝟰𝟬
◽ စာအုပ်မှာယူရန်👉 www.pannsattlann.com/product/positive-messages-for-you/

◻ ဒီစာအုပ်လေးဟာ အပြုသဘောဆောင်တဲ့အမြင် Positive thinking တွေ… ရှိသင့်ရှိထိုက်တဲ့ ခံယူချက်တွေ…အပြုသဘောဆောင်တဲ့ အကောင်းမြင်စိတ်နေစိတ်ထား Positive Mindset တွေကို ထွန်ယက်စိုက်ပျိုးပေးရင်း… စာအုပ်ပါ အကြောင်းအရာများကို လက် တွေ့အသုံးချနိုင်ရင် ချနိုင်သလို … မိမိတို့ရဲ့ တစ်ကိုယ်ရည် ဖွံဖြိုးတိုးတက်မှု Personal Development ခရီးစဥ်ကို တိုးတက်ကောင်းမွန်လာအောင် ဖော်ဆောင်ပေးနိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်…

◻ Positive Messages for you ဆိုတဲ့အတိုင်း ပေးပို့လိုက်တဲ့ messages တိုင်းကို လက်တွေ့ကျင့်သုံးကြည့်မယ်ဆိုရင် သင်ဟာ positive ဘက်ကို သိသိသာသာ transformation ဖြစ်ပြီး Inner Growth level ဟာ တိုးတက်လာမှာဖြစ်ပါတယ်။ သင့် စိတ်နေစိတ်ထား ကောင်းမွန်မှုလေးအတွက် messages လေးတွေကို တစ်စောင်ချင်း ဖွင့် ဖောက်လိုက်ရုံပါပဲ။ ပြီးတဲ့အခါ တွေးတောစဥ်းစားကျင့်ကြံပြီး… 2024 မှာ ကိုယ့်ကိုယ်ကိုယ် Transform ပြုလုပ်လိုက်ပါနော်…
💛

- ယခုစာအုပ်နဲ့အတူ ဘဝခွန်အား စိတ်ခွန်အားရစေမယ့် စာအုပ်ကောင်း (၁၀) အုပ်ကိုလည်း 𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 အဖြစ် ရွေးချယ်စုစည်း ရည်ညွှန်းပေးထားပါတယ်။

ပုံတစ်ပုံချင်းစီမှာ စာညွှန်းတွေ ဖတ်ရှုလို့ရသလို ပန်းဆက်လမ်း website link မှလည်း 👉 www.pannsattlann.com/product-category/highlight-books/ တစ်စုတစည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်...


💛 ပန်းဆက်လမ်းမှ စာအုပ်များကို ....

✅ 𝐎𝐧𝐥𝐢𝐧𝐞 𝐎𝐫𝐝𝐞𝐫
• Website (www.pannsattlann.com), Messenger, Ph Order - 09 889003011, 09 889003022 တို့မှ အိမ်အရောက်မှာယူနိုင်ပြီး

✅ 𝐎𝐟𝐟𝐥𝐢𝐧𝐞 𝐎𝐫𝐝𝐞𝐫
• အမှတ် (၄၅၂)၊ မြင်တော်သာလမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့ရှိ ပန်းဆက်လမ်း စာအုပ်တိုက်တွင်လည်း In stock လာရောက်ဝယ်ယူနိုင်ပါတယ်။

✅ 𝐎𝐯𝐞𝐫𝐬𝐞𝐚 𝐎𝐫𝐝𝐞𝐫
• ပြည်ပမှလည်း မှာယူနိုင်ပြီး ပြည်ပနိုင်ငံပေါင်း ၁၀၀ ကျော်ကို ပြည်တွင်းထုတ်စာအုပ်စျေးနှုန်းအတိုင်း ပို့ဆောင်ပေးပါတယ်။

✅ 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐨𝐫 𝐎𝐫𝐝𝐞𝐫
• ကိုယ်စားလှယ်များ/စာကြည့်တိုက်များမှလည်း Commission နှုန်းထားဖြင့် မှာယူရရှိနိုင်ပါတယ်။

ရွှင်သာချမ်းမြေ့ကြပါစေ💗
#စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ

01/10/2024

လူမှုပတ်ဝန်းကျင်မှာ ရှင်သန်ရတာ မလွယ်ပါဘူး။ ပေါင်းသင်းဆက်ဆံရေးဆိုတဲ့ မဖြစ်မနေ ပြုမူရတဲ့ အလေ့အထကြီးကြောင့် လူတိုင်းလိုလို မျက်နှာဖုံး စွပ်ထားကြရတယ်။ သူ့ထက်ငါ ပိုပြီးတော်ကြောင်း၊ တတ်ကြောင်း၊ ထက်ကြောင်း၊ မြတ်ကြောင်း ဟန်ဆောင်နိုင်မှ လူလူချင်း တပြေးညီ ရှင်သန်ခွင့်ရနိုင်တယ်။

အပြောကောင်း၊ အဟောကောင်းမှ၊ အပြုံးလေးရော အရယ်လေးပါ ဟာသလေးနှော ပေါင်းတတ်သင်းတတ်မှ သူ့ထက်ငါ ပိုပြီး အတွေးကောင်း၊ အကြံကောင်း၊ အမြင်ကောင်းမှ 'လူထဲလူ' ဖြစ်နိုင်ခွင့် ရကြတယ်။ မျက်နှာဖုံးအောက်မှာတော့ လူတိုင်းလိုလို စိတ်မလုံခြုံမှုတွေ၊ မနာလိုမှုတွေ၊ အခဲမကျေမှုတွေ၊ မသေချာမှုတွေ၊ မရေရာမှုတွေအကြား တဝဲလည်လည် ဖြစ်နေကြတာကြီးပါပဲ။

မြင်မြင်သမျှ အဟုတ်ကြီး ထင်လို့မရပါဘူး။ မျက်နှာဖုံးစွပ်ထားကြတာချင်း အတူတူမို့ မျက်နှာဖုံးအောက်က တကယ့်မျက်နှာစစ်ကို မမြင်နိုင်ဘဲ တစ်ဖက်သား ဘာတွေဖြစ်နေလဲဆိုတာ ဘယ်သူမှ သိနိုင်မှာမဟုတ်ပါ။ မာယာတွေနဲ့ လှည့်စားနေကြရပါတယ်။ ဒီမာယာတွေကို မြင်အောင် ကြည့်တတ်ဖို့ ပရိယာယ်တွေကို သင်ယူထားရပါမယ်။ ဒါမှသာ မျက်နှာဖုံးအောက်က မျက်နှာကို မျက်နှာဖုံးစွပ်ထားလျက်နဲ့ မြင်အောင်ကြည့်ပြီး ဆရာပီပီ အထာကျကျ ပေါင်းသင်းဆက်ဆံတတ်ပါလိမ့်မယ်။
-------

🔥 𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭 & 𝑻𝒐𝒑 𝑩𝒆𝒔𝒕𝒔𝒆𝒍𝒍𝒆𝒓 𝑩𝒐𝒐𝒌 🔥
📒 လူ့သဘော လူ့မနော အနှစ်ချုပ် (မောရိသျှ)
www.pannsattlann.com/product/concise-law/

📖 နာမည်ကျော် 𝗧𝗵𝗲 𝟰𝟴 𝗟𝗮𝘄𝘀 𝗼𝗳 𝗣𝗼𝘄𝗲𝗿 စာအုပ်ကို ရေးသားသူ အမေရိကန်စာရေးဆရာနှင့် ပညာရှင် ‘Robert Greene’ ၏ နောက်ထပ် ကျော်ကြားတဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ 𝗧𝗵𝗲 𝗖𝗼𝗻𝗰𝗶𝘀𝗲 𝗟𝗮𝘄𝘀 𝗼𝗳 𝗛𝘂𝗺𝗮𝗻 𝗡𝗮𝘁𝘂𝗿𝗲 … မြန်မာဘာသာပြန် စာအုပ်ဖြစ်ပါတယ်။

📖 လူမှုပေါင်းသင်းဆက်ဆံရေးအတွက် အထူးသီးသန့်ရေးသားထားသည့် စာအုပ်ဖြစ်ပြီး မိမိအပါအဝင် ပတ်​ဝန်းကျင်ရှိ လူတို့၏ အမူအကျင့်အား ခန့်မှန်းလျက် စိတ်နေစိတ်ခံသဘောထားများအား နားလည်သဘောပေါက်စေနိုင်မည့် နည်းလမ်းများကို အထူးတင်ပြထားသည့် စာအုပ်ဖြစ်ပါသည်။ လူသားနှင့် လူ့စိတ်ကို ဘက်မလိုက်ဘဲ အကျယ်ချဲ့ရေးသားထားသည့် စိတ်ပညာဆိုင်ရာ စာပေလက်ရာလည်းဖြစ်ပါသည်။

📖 လူ့စိတ်နှင့် ပတ်သက်သည့် ခေတ်ပြိုင်စာပေလက်ရာများ မြောက်များစွာရှိသည့်အနက် လူ့သဘော လူ့မနော၏ ထူးခြားချက်မှာ လူပီသစွာ နေထိုင်ခြင်း ရှုထောင့်မှနေ၍ ကိုယ်ကျင့်တရားထက် ဘဝအတွက် ရုန်းကန်ရှင်သန်ရမှုအပေါ် မဖြစ်မနေ မလွဲမသွေ တွေ့ကြုံရနိုင်သည့် ဖြစ်နိုင်ချေရှိသော လူမှုပေါင်းသင်း ဆက်ဆံရေးဆိုင်ရာ ပဋိပက္ခ အခက်အခဲများအတွက် လမ်းညွှန်ထားချက်များကို အကျယ်ချဲ့ တင်ပြထားသည့် စာအုပ်ဖြစ်ပါသည်။

📖 စိတ်ပညာနှင့် ကိုယ်ကျင့်အဘိဓမ္မာ တက်ကျမ်းစာပေလက်ရာ ဖြစ်သည့်အတွက် အခြားသော သုတစာပေလက်ရာများထက် လေးပင်နိုင်သော်လည်း အချိန်ယူ၍ ဖတ်ရှုသွားပါက စာအုပ်အဆုံးတွင် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကို စာဖတ်သူကိုယ်တိုင်ပင် လူ့စိတ်နှင့်ပတ်သက်၍ မယုံနိုင်လောက်အောင် ဉာဏ်အလင်း ပွင့်လန်းသွားနိုင်မည် ဖြစ်ပါသည်။
------

💛 ပန်းဆက်လမ်းမှ စာအုပ်များကို ....

✅ 𝐎𝐧𝐥𝐢𝐧𝐞 𝐎𝐫𝐝𝐞𝐫
• Website (www.pannsattlann.com), Messenger, Ph Order - 09 889003011, 09 889003022 တို့မှ အိမ်အရောက်မှာယူနိုင်ပြီး

✅ 𝐎𝐟𝐟𝐥𝐢𝐧𝐞 𝐎𝐫𝐝𝐞𝐫
• အမှတ် (၄၅၄)၊ မြင်တော်သာလမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့ရှိ ပန်းဆက်လမ်း စာအုပ်တိုက်တွင်လည်း In stock လာရောက်ဝယ်ယူနိုင်ပါတယ်။

✅ 𝐎𝐯𝐞𝐫𝐬𝐞𝐚 𝐎𝐫𝐝𝐞𝐫
• ပြည်ပမှလည်း မှာယူနိုင်ပြီး ပြည်ပနိုင်ငံပေါင်း ၁၀၀ ကျော်ကို ပြည်တွင်းထုတ်စာအုပ်စျေးနှုန်းအတိုင်း ပို့ဆောင်ပေးပါတယ်။

✅ 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐨𝐫 𝐎𝐫𝐝𝐞𝐫
• ကိုယ်စားလှယ်များ/စာကြည့်တိုက်များမှလည်း Commission နှုန်းထားဖြင့် မှာယူရရှိနိုင်ပါတယ်။

ရွှင်သာချမ်းမြေ့ကြပါစေ💗
#စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ
#ပန်းဆက်လမ်း (pannsattlann.com)

01/10/2024

🏅တစ်ပတ်အတွင်း 𝐓𝐨𝐩 𝐓𝐞𝐧 𝐁𝐨𝐨𝐤𝐬 🏅

ပန်းဆက်လမ်း Website/App မှ
စက်တင်ဘာလ_စတုတ္ထပတ်အတွင်း
အရောင်းရဆုံး စာအုပ်(၁၀)အုပ် ဖြစ်ပါတယ် ...
www.pannsattlann.com/product-category/best-seller/

✅ အရောင်းရဆုံးစာအုပ်တွေကို....
တစ်လအတွင်း အသစ်ထွက်စာအုပ်များရဲ့
Sales Report များကို အခြေခံပြီး
Data Base ဖြင့် ဖော်ပြပေးတာဖြစ်ပါတယ်

လူကြိုက်များ၊ ​ရောင်းအား​ကောင်းတဲ့
စာအုပ်​လေး​တွေကို စာဖတ်သူ​တွေလဲ
မျှ​ဝေခံစားနိုင်ဖို့ ​ဖော်ပြ​ပေးလိုက်ပါတယ် ...

❤️စက်တင်ဘာလ_စတုတ္ထပတ် ရဲ့ အရောင်းရဆုံး စာအုပ်များ

၁... အိကီဂိုင်
၂... စတင်ညှို့ငင်လိုက်ပါ
၃.. ကိုယ်ဝန်ဆောင်လက်စွဲ
၄... မင်းကိုယ်မင်းထက် ဘယ်သူ့မှပိုမချစ်နဲ့
၅... အပုလေး
၆... ဒရာမာကင်းမဲ့ဇုန်
၇... အနုပညာမြောက်စွာ ခိုးယူခြင်း
၈... ဆွန်ဇူး၏ စစ်ပညာ
၉... ပျော်ချင်ယောင် မဆောင်နဲ့
၁၀... ရွက်ကျပင်ပေါက်

ရွှင်သာချမ်းမြေ့ကြပါစေ💓
#စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ
#ပန်းဆက်လမ်း (pannsattlann.com)

30/09/2024

“ဘယ်သူကမှ ဘယ်အရာကိုမှ မထိုက်တန်ဘူး၊ လူတွေက ဆန္ဒရှိလို့သာ သူတို့ကိုယ်တိုင် ရအောင်ယူနေကြတာ၊ မိုနစ်ကလဲ လိုချင်တာကို ရအောင် ယူချင်တာမျိုး သက်သေပြခဲ့တာပဲလေ၊ ဒါကြောင့် ရိုးရိုးသားသား ဝန်ခံလိုက်ပါ၊ ဘယ်သူကမှ နစ်နာသူလဲမဟုတ် အောင်နိုင်သူလဲ မဟုတ်ဘူး၊ လူတိုင်းက အဲဒီနှစ်ခုကြားထဲမှာပဲ ရှိနေတာ”

ကျွန်မ မတ်တပ်ရပ်လိုက်ပြီး ဘေစင်ကို သွားတယ်။ လက်တွေ စေးထန်းထန်းဖြစ်နေတာ မုန်းလို့ လက်ဆေးလိုက်တယ်။ ခြောက်အောင်သုတ်ပြီးမှ အီဗလင်းကို ကြည့်လိုက်တယ်။ “ရှင်သိတဲ့အတိုင်း ကျွန်မ ရှင့်ကို မုန်းတယ်”

သူက ခေါင်းညိတ်ပြပြီး “မိုနစ်အတွက် ကောင်းပါတယ်၊ ရိုးရိုးခံစားချက်ပဲ မဟုတ်ဘူးလား၊ မုန်းတာလား”

“ဟုတ်တယ်၊ မုန်းတီးတာ”

“ဘဝမှာ အခြားအရာတွေက ပိုရှုပ်ထွေးတယ်၊ အထူးသဖြင့် မိုနစ်အဖေပေါ့၊ ဒါကြောင့် မိုနစ် စာဖတ်ဖို့ သိပ်အရေးကြီးတယ်လို့ တို့ တွေးခဲ့တာ၊ မိုနစ်ကို သိစေချင်တာ”

“ဘာကို သိစေချင်တာလဲ၊ သူ အပြစ်ကင်းတာလား၊ ဒါမှမဟုတ် ယောက်ျားတစ်ယောက်ကို ချစ်ခဲ့တာလား”

“မိုနစ်ကို ချစ်ခဲ့တာ၊ မိုနစ်ဘေးမှာ ရပ်တည်ပေးဖို့ စိတ်ကူးယဉ်အချစ်ကို ငြင်းပယ်ချင်ခဲ့တာ၊ ဘယ်လောက်တောင် အံ့အားသင့်စရာ ဖခင်မျိုးရှိခဲ့လဲ သိရဲ့လား၊ မိုနစ် ဘယ်လောက်တောင် အချစ်ခံခဲ့ရလဲ သိရဲ့လား၊ ယောက်ျားတော်တော်များများက သူတို့မိသားစုတွေကို ဘယ်တော့မှ ထားမသွားဘူးလို့ ပြောကြပေမဲ့ မိုနစ်အဖေကတော့ မှတ်ကျောက်တင်လောက်စရာပဲ၊ မျက်တောင်တစ်ချက်မခတ်ဘဲ ရှေ့မတိုးခဲ့တာ၊ အဲဒါကို သိစေချင်တာပဲ၊ တို့မှာသာ အဲဒီလို အဖေမျိုးရှိရင် တို့လည်း သိချင်မှာပဲ”

ဘယ်သူမှ အလုံးစုံ ကောင်းတာမျိုး ဆိုးတာမျိုး မရှိပါဘူး။ ကျွန်မ ငယ်ငယ်ကတည်းက သင်ယူခဲ့ရတဲ့ သင်ခန်းစာပဲ။ ဒါပေမဲ့ တစ်ခါတလေကျတော့လဲ ဒါဟာ အမှန်ပါလားလို့ မေ့ပျောက်ရ လွယ်ကူပါတယ်။ လူတိုင်းအတွက် ဒီပုံစံပါပဲ။

ကျွန်မအဖေရဲ့အလောင်းကို ဒရိုင်ဘာထိုင်ခုံမှာ ထားပြီး သူ့အချစ်ဆုံးသူငယ်ချင်းရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ချင်တဲ့ အမျိုးသမီးရှေ့မှာထိုင်နေတာဟာ ကျွန်မ ဘယ်လောက်အချစ်ခံရကြောင်း သူက ကျွန်မကို သိစေချင်လို့တဲ့လေ။ စာကိုလဲ နှစ်သုံးဆယ်နီးပါးလောက် သိမ်းထားလေရဲ့။

သူ ကျွန်မကို စာ ဒီထက်စောစော ပေးလို့ရတာပဲ။ သူပစ်လိုက်လို့လဲ ရတာပဲ။ ကျွန်မအတွက် အီဗလင်းဟူးဂို ရှိနေတာပဲ။ တစ်နေရာရာမှာပေါ့။

ကျွန်မ ထိုင်ပြီး မျက်လုံးပေါ် လက်တင်ကာ ပွတ်ပစ်လိုက်တယ်။ ခပ်ကြမ်းကြမ်းပွတ်လိုက်ရင် မတူကွဲပြားတဲ့ လက်တွေ့ဘဝထဲကို ရောက်သွားမလားလို့ မျှော်လင့်ရင်းပေါ့။

မျက်လုံးတွေဖွင့်လိုက်တော့ ဒီနေရာမှာ ရှိနေဆဲ။ ရွေးချယ်စရာမရှိတော့ ကြိတ်မှိတ်လက်ခံရတော့မယ်။

🔥 𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭 𝐁𝐨𝐨𝐤 𝐟𝐨𝐫 𝐲𝐨𝐮 🔥
💚 နှလုံးသားဖြင့်ရင်း၍ ပတ်သက်ခဲ့ဖူးသော ပုရိသများ
• တန်ဖိုး - 13000 (စာ 456)
• အရွယ်အစား - 5.6x 0.8 x 8.1 inches
www.pannsattlann.com/product/seven-husbands/

◽ အရောင်အမျိုးမျိုးရှိတဲ့ ချစ်ခြင်းမေတ္တာတွေထဲ ဘယ်လိုချစ်ခြင်းမျိုးက ခမ်းနားသလဲ…
အချစ်ဆိုတာက ဆန့်ကျင်ဘက်လိင်နှစ်ခုကြားမှာပဲ ဖြစ်ပေါ်နေခြင်းမျိုးမဟုတ်ပါဘူး။ အမျိုးသမီးအချင်းချင်း၊ အမျိုးသားအချင်းချင်းကြားထဲမှာလဲ ချစ်ခြင်းမေတ္တာဖြစ်ပေါ်တတ်ပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်နားလည်ပြီး တစ်ယောက်ပျော်ရွှင်ခြင်းတွေ တစ်ယောက်မျှဝေနိုင်တဲ့အခါ ချစ်ခြင်းမေတ္တာက ခိုင်မြဲပါတယ်။

◽ ဒီစာအုပ်ကိုဖတ်လိုက်ရင် အောင်မြင်တဲ့အမျိုးသမီးတစ်ယောက်ရဲ့ လိင်တူလိင်ကွဲချစ်ခြင်းမေတ္တာ၊ အိမ်ထောင်ရေးအပေါ် ခံယူချက်သဘောထား၊ အောင်မြင်မှုအတွက် ကြိုးစားရုန်းကန်ရပုံ၊ ရှင်သန်ခြင်း ..သေဆုံးခြင်းအပေါ် သူမအတွေးအမြင်တို့ကို စိတ်ဝင်စားဖွယ် တွေ့ရှိရမှာပဲဖြစ်တယ်။

📗 အမျိုးသမီးတစ်ယောက်အနေနဲ့ ဘ၀ကိုသတ္တိရှိရှိရင်ဆိုရဲပြီး ကိုယ်လိုချင်တဲ့အရာတွေကို ယူဆောင်လိုက်ဖို့ လမ်းညွှန်ပြသနိုင်မယ့် ဒီစာအုပ်လေးကို 𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭 𝐁𝐨𝐨𝐤 အဖြစ် ရည်ညွှန်းပေးချင်ပါတယ်။

===
💛 ပန်းဆက်လမ်းမှ စာအုပ်များကို ....

✅ 𝐎𝐧𝐥𝐢𝐧𝐞 𝐎𝐫𝐝𝐞𝐫
• Website (www.pannsattlann.com), Messenger, Ph Order - 09 889003011, 09 889003022 တို့မှ အိမ်အရောက်မှာယူနိုင်ပြီး

✅ 𝐎𝐟𝐟𝐥𝐢𝐧𝐞 𝐎𝐫𝐝𝐞𝐫
• အမှတ် (၄၅၄)၊ မြင်တော်သာလမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့ရှိ ပန်းဆက်လမ်း စာအုပ်တိုက်တွင်လည်း In stock လာရောက်ဝယ်ယူနိုင်ပါတယ်။

✅ 𝐎𝐯𝐞𝐫𝐬𝐞𝐚 𝐎𝐫𝐝𝐞𝐫
• ပြည်ပမှလည်း မှာယူနိုင်ပြီး ပြည်ပနိုင်ငံပေါင်း ၁၀၀ ကျော်ကို ပြည်တွင်းထုတ်စာအုပ်စျေးနှုန်းအတိုင်း ပို့ဆောင်ပေးပါတယ်။

✅ 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐨𝐫 𝐎𝐫𝐝𝐞𝐫
• ကိုယ်စားလှယ်များ/စာကြည့်တိုက်များမှလည်း Commission နှုန်းထားဖြင့် မှာယူရရှိနိုင်ပါတယ််

ရွှင်သာချမ်းမြေ့ကြပါစေ💗
#စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ

Photos from Pann Satt Lann Books's post 30/09/2024

😍 𝟐𝟎% 𝐨𝐟𝐟 (𝟕 𝐁𝐨𝐨𝐤𝐬 𝐟𝐨𝐫 𝟕 𝐃𝐚𝐲𝐬)😍
💥 ဒီတစ်ပတ်အတွက် စျေးတန်တန် ဝယ်ယူနိုင်မယ့်
စာအုပ်လေး (၇) အုပ် ...

❤️ ပန်းဆက်လမ်းမှ အပတ်စဉ် တင်္နလာနေ့တိုင်း စာအုပ် (၇) အုပ်ရွေးချယ်ပြီး 𝗪𝗲𝗲𝗸𝗹𝘆 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 𝗕𝗼𝗼𝗸 𝗦𝗮𝗹𝗲! အစီအစဉ်လေး စီစဉ်ပေးထားပါတယ်.. ၂၀% လျော့ပြီး စျေးတန်တန် ဝယ်ယူနိုင်မယ့် စာအုပ် (၇) အုပ်ကို အပတ်စဥ် pannsattlann.com Home Page မှာ တင်ပေးထားပါတယ်.. စာအုပ်ဝယ်ဖို့ဆို ပန်းဆက်လမ်း Website ကို လှမ်းခဲ့ပါနော်❤️

ဒီတစ်ပတ်အတွက် စျေးတန်တန်ဝယ်ယူနိုင်မယ့်
စာအုပ်လေးတွေကတော့...

၁... အရှေ့တောင်အာရှနိုင်ငံများသမိုင်း
၂... မိုးမိနေတဲ့ထီးကလေးတွေ
၃... ချိုအီအီတောပန်းရနံ့တို့ကြိုင်လှောက်ရာ
၄... ၂၁ ရာစု သင်ကြားပို့ချမှုဆိုင်ရာ ပညာရေးလမ်းညွှန်
၅... ဘဝအိပ်မက်များလှပစေသူ မိုဟာမတ်ယူနွတ်
၆... သန်းဝင်းလှိုင်၏ နှစ်၄၀ စာ၄၀
၇...သူရဲကောင်းဆိုတာနှင့်အခြားဝတ္ထုတိုများ

တစ်အုပ်ချင်းစီအကြောင်း စာညွှန်းနှင့် အသေးစိတ်ကို ပုံတစ်ပုံချင်းစီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်.. ပန်းဆက်လမ်း Website link ကနေလည်း ဝင်ရောက်ကြည့်ရှု မှာယူနိုင်ပါတယ်..

📚 𝟕 𝐃𝐚𝐲𝐬 - 𝐁𝐞𝐬𝐭 𝐏𝐫𝐢𝐜𝐞 𝟕 𝐁𝐨𝐨𝐤𝐬 (𝟐𝟎% 𝐨𝐟𝐟)
🔥 www.pannsattlann.com/product-category/pslpromotion/

💛 ပန်းဆက်လမ်းမှ စာအုပ်များကို ....

✅ 𝐎𝐧𝐥𝐢𝐧𝐞 𝐎𝐫𝐝𝐞𝐫
• Website (www.pannsattlann.com), Messenger, Ph Order - 09 889003011, 09 889003022 တို့မှ အိမ်အရောက်မှာယူနိုင်ပြီး

✅ 𝐎𝐟𝐟𝐥𝐢𝐧𝐞 𝐎𝐫𝐝𝐞𝐫
• အမှတ် (၄၅၄)၊ မြင်တော်သာလမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့ရှိ ပန်းဆက်လမ်း စာအုပ်တိုက်တွင်လည်း In stock လာရောက်ဝယ်ယူနိုင်ပါတယ်။

✅ 𝐎𝐯𝐞𝐫𝐬𝐞𝐚 𝐎𝐫𝐝𝐞𝐫
• ပြည်ပမှလည်း မှာယူနိုင်ပြီး ပြည်ပနိုင်ငံပေါင်း ၁၀၀ ကျော်ကို ပြည်တွင်းထုတ် စာအုပ်စျေးနှုန်းအတိုင်း ပို့ဆောင်ပေးပါတယ်။

✅ 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐨𝐫 𝐎𝐫𝐝𝐞𝐫
• ကိုယ်စားလှယ်များ/စာကြည့်တိုက်များမှလည်း Commission နှုန်းထားဖြင့် မှာယူရရှိနိုင်ပါတယ်။

ရွှင်သာချမ်းမြေ့ကြပါစေ💗
#စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ

Photos from Pann Satt Lann Books's post 28/09/2024

❤️ နေ့ရက်တိုင်းကို ...
စိတ်ချမ်းသာမှုတွေနဲ့ပဲ ဖြတ်သန်းချင်တယ်ဆိုရင် ...
အတွင်းစိတ်လေးကို အေးချမ်းအောင်အရင်လုပ်ပါ ...
ကိုယ်ကိုယ်တိုင်ပဲ ကောင်းမွန်တဲ့အရာတွေကို တွေးပါ ...
မလိုအပ်တဲ့ အဆိပ်တွေကို လျှော့ချပစ်ပါ ...

❤️ ရှင်သန်နေမယ့် နေ့ရက်များ ( သက်ထားရွှေစင်(THSS) )
• စာအုပ်တန်ဖိုး - 𝟱𝟬𝟬𝟬 ကျပ် (စာ 𝟭𝟭𝟮)
• စာအုပ်မှာယူရန်- www.pannsattlann.com/product/survive/

◾ လူတိုင်းမှာ ခက်ခဲတဲ့ နေ့ရက်တွေ၊ အတိတ်တွေ၊အကြောင်းအရာတွေ ရှိမှာပါ။ နေ့ရက်တိုင်းဟာ အမြဲတမ်းတော့ ပျော်စရာ ကောင်းမနေသလို အမြဲတမ်း ဝမ်းနည်းစရာ ကောင်းနေတာလည်း မဟုတ်ပါဘူး။ မိမိတို့ နေ့စဥ်ဘဝမှာ ဖြစ်ပျက်နေတဲ့ စိတ်ခံစားမှုတွေ၊ စိတ်ပင်ပန်းစရာတွေ၊ သင်ခန်းစာရစရာတွေ၊ ဂုဏ်ယူစရာတွေ အများကြီးကို ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

◾ ဒီစာအုပ်ထဲက အကြောင်းအရာတွေဟာ စာရေးသူကိုယ်တိုင် ကြုံဆုံခဲ့ရတဲ့ ဖြစ်ရပ်မှန်တွေအပေါ် ပြန်ပြီး အခြေခံရေးသားထားတာဖြစ်ပြီး စိတ်ဓာတ်တွေ ပြိုလဲကျတဲ့အခါ ဖွင့်ဖတ်နိုင်မယ့် ခွန်အားဖြည့် စာစုလေးများပါဝင်ပါတယ်။

📚 သက်ထားရွှေစင်(THSS) စာအုပ်များစုစည်းမှု
www.pannsattlann.com/author-tag/thet-htar-shwe-sin/
===

❤️ ပန်းဆက်လမ်းမှ စာအုပ်များကို ....

✅ 𝐎𝐧𝐥𝐢𝐧𝐞 𝐎𝐫𝐝𝐞𝐫
• Website (www.pannsattlann.com), Messenger, Ph Order - 09 889003011, 09 889003022 တို့မှ အိမ်အရောက်မှာယူနိုင်ပြီး

✅ 𝐎𝐟𝐟𝐥𝐢𝐧𝐞 𝐎𝐫𝐝𝐞𝐫
• အမှတ် (၄၅၄)၊ မြင်တော်သာလမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့ရှိ ပန်းဆက်လမ်း စာအုပ်တိုက်တွင်လည်း In stock လာရောက်ဝယ်ယူနိုင်ပါတယ်။

✅ 𝐎𝐯𝐞𝐫𝐬𝐞𝐚 𝐎𝐫𝐝𝐞𝐫
• ပြည်ပမှလည်း မှာယူနိုင်ပြီး ပြည်ပနိုင်ငံပေါင်း ၁၀၀ ကျော်ကို ပြည်တွင်းထုတ်စာအုပ်စျေးနှုန်းအတိုင်း ပို့ဆောင်ပေးပါတယ်။

✅ 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐨𝐫 𝐎𝐫𝐝𝐞𝐫
• ကိုယ်စားလှယ်များ/စာကြည့်တိုက်များမှလည်း Commission နှုန်းထားဖြင့် မှာယူရရှိနိုင်ပါတယ်။

ရွှင်သာချမ်းမြေ့ကြပါစေ💗
#စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ

Photos from Pann Satt Lann Books's post 28/09/2024

📚‌စက်တင်ဘာလ_စတုတ္ထပတ် အသစ်ထွက်စာအုပ်များ
💓 𝐁𝐞𝐬𝐭 𝐁𝐨𝐨𝐤 𝐨𝐟 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 (𝟒𝐭𝐡 𝐖𝐞𝐞𝐤)

စာဖတ်ချင်သူတွေ၊ စာအုပ်မှာချင်သူတွေအတွက် စက်တင်ဘာလ တတိယပတ်နှင့် စတုတ္ထပတ်ကြား စာအုပ်စျေးကွက်အတွင်း အသစ်ထွက်ရှိတဲ့ စာအုပ်တွေကို စုစည်းပေးထားပါတယ်။ ပြီးတော့ အသစ်ထွက်တွေထဲက ပန်းဆက်လမ်း အကြိုက်ဆုံး စာအုပ်(၅)အုပ်ကိုလည်း ရွေးချယ်ပေးထားပါတယ်...

💙 စက်တင်ဘာလ_စတုတ္ထပတ် အသစ်ထွက်စာအုပ်များကို စာညွှန်းနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။

1.📘 ဆွန်ဇူး၏စစ်ပညာ

◽ ဆွန်ဇူး၏ Tha Art of War (စစ်ပညာ) စာအုပ်မှာ သေးငယ်သော်လည်း စစ်၏အခြေခံအနှစ်သာရ ဥပဒေသတို့အား တိကျစွာဖော်ပြထားသည့်အပြင် ကျယ်ဝန်းနက်နဲသော အကြောင်းအရာများအား ခြုံငုံမိသည်။ စစ်ရေးဆိုင်ရာ ပြဿနာများ၊ အခက်အခဲ အကျပ်အတည်းများနှင့် ၎င်းတို့ကို မည်သို့ဖြေရှင်း အောင်မြင်နိုင်သည်တို့ကို ရှင်းလင်းသော အမြင်ဖြင့် တင်ပြထားသည်။

◽ သေနင်္ဂဗျူဟာ စစ်ပညာကျမ်းတွင် အခန်း (၁၃) ခန်း ပါဝင်၍ စစ်၏အခြေခံ ဥပဒေသတို့အား တိတိကျကျ ဖော်ပြထားသည်။ စစ်ဘက်စည်းကမ်း ထိန်းသိမ်းရေး၊ အုပ်ချုပ်ထောက်ပံ့ရေး၊ စစ်မဟာဗျူဟာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ သံတမန်ရေးပရိယာယ်၊ စစ်မြေပြင်အမျိုးအစား၊ သူလျှိုနှင့် ထောက်လှမ်းရေး စသည့် အခန်းများဖြစ်သည်။

◽ တန်ဖိုး - 𝟲,𝟬𝟬𝟬 ၊ စာမျက်နှာ - 𝟭𝟮𝟬
◽ စာအုပ်မှာယူရန်👉 www.pannsattlann.com/product/sonezu/
===

2. 📘 ပျော်ချင်ယောင် မဆောင်နဲ့

◽ မပျော်ရခြင်း အရင်းအမြစ်၊ ခေတ်မကောင်းတဲ့အချိန်မှာ သဏ္ဍာန်လုပ် သရုပ်ဆောင်ပြီး ကျောက်ရုပ်လို နေနေရတဲ့ စိတ်အခြေအနေ၊ ဟန်ဆောင်ပြီးပြုံးနေရပေမဲ့ ကိုယ့်ရင်ထဲမှာကျ အမှန်တကယ် မပျော်ရွှင်နေရတဲ့ အဖြစ်တွေကို တရင်းတနှီး ပြောပြထားတဲ့စာအုပ်ပါ။ စိတ်ပင်ပန်းတဲ့အချိန်၊ အမှောင်မိုက်မှာ လောင်မြိုက်နေရတဲ့အချိန်မှာ ဖတ်လို့ကောင်းအောင်၊ ခေတ်စနစ်ကို လိုက်ပြီး သူ့ Flow နဲ့သူ နေတတ်အောင်.. သူများရဲ့ Life style ကို ကြည့်ပြီး ကိုယ့်ပျော်ရွှင်မှုနဲ့ မတိုင်းတာတတ်အောင် ဒီစာအုပ်လေးက အဖော်ပြုပြီး ရင်ဘတ်ငှားပေးပါလိမ့်မယ်။

◽ တန်ဖိုး - 𝟴,𝟱𝟬𝟬 ၊ စာမျက်နှာ - 𝟭𝟲𝟬
◽ စာအုပ်မှာယူရန်👉 www.pannsattlann.com/product/dont-pretend-to-be-happy/
===

3.📘 ဒဿနပညာရှင် ရောက်ရှိခြင်း

◽ စာဖတ်ခြင်းကို အများကြီး အာရုံစိုက်ဖို့မလိုဘဲ အနည်းငယ်မျှသော စာသားများသာ ဖတ်ရှုရအောင် ရေးသားထားပါတယ်။ စာကြောင်းအနည်းငယ်ကို ဖတ်ရှူပြီး အလဟဿမဖြစ်ဘဲ စာဖတ်သူရဲ့အသိဉာဏ် ဘဏ္ဍာတိုက်ထဲက ဒင်္ဂါးပြားတွေကို တချွမ်ချွမ်မြည်အောင် ရေတွက်နေသလို တစိမ့်စိမ့် စဉ်းစားပြီး ကျေကျေနပ်နပ် ခံစားရနိုင်အောင်လဲ အားထုတ်ထားပါတယ်။ ကဗျာ/ကဗျာကဲ့သို့ စာသားများနှင့် ရှင်းပြချက်များ ပါဝင်ပါတယ်။

◽ တန်ဖိုး - 𝟲,𝟬𝟬𝟬 ၊ စာမျက်နှာ - 𝟭𝟬𝟰
◽ စာအုပ်မှာယူရန်👉 www.pannsattlann.com/product/dathana/
===

4.📘 ပျော်ရွှင်ခြင်းလမ်းညွှန်

◽ ခုစာအုပ်သည် စာရေးသူ၏ ပထမဆုံးရေးသားသော Motivation စာအုပ်လေးဖြစ်ပြီး စိတ်ညစ်တိုင်းဖွင့်ဖတ်ချင်သည့် ပြတင်းပေါက်လေးတစ်ခုဟု ဆိုထားပါတယ်။

◽ တန်ဖိုး - 𝟲,𝟱𝟬𝟬 ၊ စာမျက်နှာ - 𝟭𝟱𝟰
◽ စာအုပ်မှာယူရန်👉 www.pannsattlann.com/product/pyaw-shwin-chin-lan-ngyone/
===

5.📘 မင်းအတွက်ငါ ရေးတဲ့စာ

◽ စာရေးသူ (၁၁)ဦးက သူတို့ရဲ့ ချစ်ရသူအတွက် ရည်ရွယ်ပြီး ကဗျာတွေ စာတွေကို သီကုံး ရေးသားထားပါတယ်။

◽ တန်ဖိုး - 𝟲,𝟱𝟬𝟬 ၊ စာမျက်နှာ - 𝟳𝟳
◽ စာအုပ်မှာယူရန်👉 www.pannsattlann.com/product/minatwatnga/
===

စာအုပ်စျေးကွက်အတွင်း အသစ်ထွက်ရှိထားတဲ့ နောက်ဆုံးထွက် စာအုပ် (၁၀၀)ကျော် ကို ပန်းဆက်လမ်း Website www.pannsattlann.com မှာ စုစည်းဖော်ပြထားပါတယ်။ တစ်အုပ်ချင်းစီရဲ့ မျက်နှာဖုံး စာညွှန်းလေးတွေကို အသေးစိတ်ဝင်ရောက်ကြည့်နိုင်ပါတယ်....
🔥 www.pannsattlann.com/product-category/new-release/
===

💛 ပန်းဆက်လမ်းမှ စာအုပ်များကို ....

✅ 𝐎𝐧𝐥𝐢𝐧𝐞 𝐎𝐫𝐝𝐞𝐫
• Website (www.pannsattlann.com), Messenger, Ph Order - 09 889003011, 09 889003022 တို့မှ အိမ်အရောက်မှာယူနိုင်ပြီး

✅ 𝐎𝐟𝐟𝐥𝐢𝐧𝐞 𝐎𝐫𝐝𝐞𝐫
• အမှတ် (၄၅၄)၊ မြင်တော်သာလမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့ရှိ ပန်းဆက်လမ်း စာအုပ်တိုက်တွင်လည်း In stock လာရောက်ဝယ်ယူနိုင်ပါတယ်။

✅ 𝐎𝐯𝐞𝐫𝐬𝐞𝐚 𝐎𝐫𝐝𝐞𝐫
• ပြည်ပမှလည်း မှာယူနိုင်ပြီး ပြည်ပနိုင်ငံပေါင်း ၁၀၀ ကျော်ကို ပြည်တွင်းထုတ် စာအုပ်စျေးနှုန်းအတိုင်း ပို့ဆောင်ပေးပါတယ်။

✅ 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐨𝐫 𝐎𝐫𝐝𝐞𝐫
• ကိုယ်စားလှယ်များ/စာကြည့်တိုက်များမှလည်း Commission နှုန်းထားဖြင့် မှာယူရရှိနိုင်ပါတယ်။

ရွှင်သာချမ်းမြေ့ကြပါစေ💗
#စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

💜BOOK LIFE 💜A Book Lover Journal  လေးဟာ...Pre Order တင်ပြီး မကြာခင်မှာပဲ အစောဆုံးမှာယူသူ Early Birds အရေအတွက် ၁၀၀ ပြည့်သ...
💜တောင်ပေါ်အနမ်း အလွမ်းရာသီ💜မွန်ဟော်စီစိတ်မှာ အလွှာတွေ အထပ်ထပ်ရှိသည်...စိတ်မှာ အခန်းငယ်ကလေးတွေ ရှိသည်..ရုပ်မှာ ဒဏ်ရာရလာလျ...
❤️ မကြာမီထွက်ရှိတော့မယ့်.. ဆရာမ မွန်ဟော်စီရဲ့ Renew Redo စာအုပ်လေးအတွက် မမွန်ရဲ့ စာအုပ်မိတ်ဆက် Video လေးပါ..Pre-Order အစ...
💙 မေတ္တာရဲ့စွမ်းအားကို ခံစားမိဖူးလား?ကိုယ်နဲ့ထိတွေ့ပတ်သက် ဆက်စပ်နေရတဲ့သူတွေရဲ့ စိတ်ကိုယ်ရောင်ကိုယ်ဝါတွေဟာကိုယ်ရဲ့ စိတ်ခံ...
🎉နှစ်ပတ်လည် စာအုပ်လေးအတွက်❤️ အမှတ်တရ Giveaway အစီအစဉ်🤩#ဆက်၍မပွင့်တော့သောနှင်းဆီများ ဆိုတဲ့ စာအုပ်လေးဟာ ဆရာမ မွန်ရဲ့ မွေး...
မကြာခင် ကြေညာမယ့် 🤩 အစီအစဉ်သစ်လေးကဘယ်လိုလေးဖြစ်မလဲဆိုတာခန့်မှန်းကြည့်ရအောင်💓

Category

Telephone

Address


Yangon
11231

Other Book Stores in Yangon (show all)
Great Future Chinese Book Store -တရုတ်စာအုပ် လက်လီ/လက်ကားဖြန့်ချီရေး Great Future Chinese Book Store -တရုတ်စာအုပ် လက်လီ/လက်ကားဖြန့်ချီရေး
No. 60/A , Ground Floor , 4th Street , Lanmadaw Township
Yangon, 11131

Chinese Book Store

Merry Moon Merry Moon
Yangon

21 Bookstore 21 Bookstore
Yangon

21 Bookstore

Vampire Vampire
Yangon

မင်္ဂလာပါ ဗန်ပိုင်ယာ(သွေးစုပ်ဖုတ် စနစ်)စာစဥ်မှ ကြိုဆိုပါတယ်။ Please Like & Follow me. Thanks you.

UMAI comics/manga UMAI comics/manga
Yangon

Upload Burmese Translation of Manga/Manhua/Comic

Milano Education Bookstore & Printing Milano Education Bookstore & Printing
South Okkalapa Township
Yangon, 11091

Children Books

Busy Kidz Busy Kidz
Yangon, 11141

It's all about early years child development and learning materials .

BSV Testing Page BSV Testing Page
Zaw Ti Ka Street
Yangon

Htut Jp Book Shop Htut Jp Book Shop
Yangon

ဂျပန်စာနဲ့ပတ်သက်တဲ့ စာအုပ်တွေကို လ?