Hlaing Minn Latt - Finance and Management Academy

အမှတ် ၃၄၊ ၄ လွှာ၊ အင်းစိန်လမ်းမ။ ကမာ?

06/11/2024

ACCA & LCCI (December /2024)
On Campus တန်းခွဲသစ်များ
💢(15. December. 2024) စမည်။💢

✅ACCA + LCCI Foundation Level 1&2
✅ACCA Foundation Level 3
____________________________________

❓❓❓ဘယ်သူတွေ တက်သင့်လဲ❓❓❓

📌ပြည်တွင်း/ ပြည်ပမှာ စာရင်းကိုင် ရာထူးဖြင့်လုပ်ငန်းခွင်ဝင်ရန် အတွက် အင်္ဂလန်နိုင်ငံ
ACCA (UK) က ပေးအပ်တဲ့ Diploma ယူလိုသူများ

📌 စာရင်းပညာဖြင့် Professional Career Llife ကို ယုံကြည်ချက်အပြည့်ဖြင့် လျှောက်လှမ်းလိုသူများ

📌စာရင်းပညာနဲ့ Professional Level အသီးသီးကို ဆက်လက်လေ့လာရန် (Theory + Practice)
အခြေခံကောင်း ရလိုသူများ၊

📌စာရင်းပညာ (Accounting)နဲ့ ဆက်စပ်မှုရှိသောကျောင်းသင်ခန်းစာများအတွက် အထောက်အကူရလိုသူများ၊

📌ကိုယ်ပိုင်လုပ်ငန်းအတွက် စာရင်းသဘောနားလည် လိုသူများ …တက်ရောက်သင့်ပါတယ်။

✅ December /2024 အတန်းသစ်များအတွက်
ခုံနေရာယူ ကျောင်းအပ်လက်ခံပါပြီ။
--------------------------------------------
✅အခြေခံပညာအထက်တန်းအဆင့် ကစပြီး
မည်သည့်Major မဆို၊ အသက်ကြီးငယ်မရွေး
တက်ရောက်နိုင်ပါသည်။
____________________________________

⏰သင်တန်းချိန်⏰
~~~~~~~~~~~~~~
💢 ACCA + LCCI Foundation (Level 1& 2) 💢
Section 🅰️- ( Sunday Only) ရုံးချိန်လွတ်
Sunday Only : 8:00pm-12:00pm
သင်တန်းကာလ - 4လ
သင်တန်းနေရာ- On Campus
သင်တန်းစမည့်နေ့ .. 15. 12. 2024

-----------------------------------
💢 ACCA + LCCI Foundation (Level 2) 💢
Section 🅱️-Mon to Fri ( Weekday)
Mon to Fri 9:00-12:00pm
သင်တန်းကာလ - 2 လ
သင်တန်းနေရာ- On Campus
သင်တန်းစမည့်နေ့ .. 16. 12. 2024
____________________________________

💢 ACCA Foundation (RQF-Level 3) 💢
Section 🅰️- Sunday only (ရုံးချိန်လွတ်)
Sunday Only : 9:00-4:00pm
သင်တန်းကာလ - 5လ
သင်တန်းနေရာ- On Campus
သင်တန်းစမည့်နေ့ .. 15. 12. 2024

*******************************************

💢 ACCA Foundation (RQF-Level 3) 💢
Section 🅱️-Mon to Fri ( Weekday)
Mon to Fri 8:30-12:30pm
သင်တန်းကာလ - 2 လ ခွဲ
သင်တန်းနေရာ- On Campus
သင်တန်းစမည့်နေ့ .. 16. 12. 2024
____________________________________
သင်တန်းကြေး :
ACCA + LCCI Foundation Level 2 - 250000
ACCA Foundation Level 3 - 450000

📌သင်တန်းကြေးတွင်.....
✅ Text Books နှင့် Note စာရွက်များ
အပြီးအစီး ဖြစ်ပါတယ်။
✅သင်ရိုးအပြည့်အစုံနှင့်UK exam အတွက်
Exam kit အပါအဝင် ပြီးပြည့်စုံစွာ လေ့ကျင့်သင်ကြားပေးပါသည်။

*******************************************
📣📣📣📣📣📣📣📣📣📣📣📣📣
အသေးစိတ် အချက်အလက်များသိရှိလိုပါက
Page cb (သို့) သင်တန်းဖုန်း 095109922သို့
စုံစမ်းမေးမြန်းနိုင်ပါတယ်။

လိပ်စာကတော့ ☎️☎️☎️☎️☎️☎️
အမှတ် ၃၄၊ ၄ လွှာ၊ အင်းစိန်လမ်းမ၊
လှည်းတန်းမှတ်တိုင်အနီး
ကမာရွတ်မြို့နယ်၊ ရန်ကုန်။
Ph : 095109922

15/10/2024

ကောင်းမွန်စွာအိပ်စက်ခြင်းကိုသာ Exam မှာ ဘာသာရပ်တစ်ခုအနေနဲ့ ထည့်ခဲ့ရင် သူမ၏ အခြေအနေမှာ🤭🤭🤭

Credit to မျက်မှန်နဲ့ပျို

09/10/2024

အရှေ့ ဒဂုံတွင် တာဝန်ထမ်းဆောင်ရန်။
Accountant (၁)ဦး

📌 အနည်းဆုံး LCCI Level-2 or ACCA Foundation Level 2 or 3 နှင့် ညီမျှသော UK or Local Certificate ရှိရမည်။
📌 Microsoft Word & Excel ကျွမ်းကျင်စွာသုံးနိုင်ရမည်

#အရှေ့ဒဂုံနှင့်_နီးသူ_သင့်တော်ပါသည်။
📌 Female or Male

(အလုပ်ရှင်မှ ဝန်ထမ်းလိုအပ်၍ အလုပ်ခေါ်စာကို လျှောက်ထားရန် အခမဲ့ ပို့စ်တင်ကြေငြာပေးခြင်း ဖြစ်ပါသည်။ ၂ ဦးနှစ်ဖက်ထံမှ အခကြေးငွေ ရယူဆောင်ရွက်ပေးခြင်း မဟုတ်ပါ။)

အခြားသောလုပ်ငန်းရှင်များကလည်း ဝန်ထမ်းလိုအပ်ပါက မိမိတို့နှင့် ကိုက်ညီမည့် ဝန်ထမ်းများအတွက် ခိုင်မာသော လုပ်ငန်းအထောက်အထားများတင်ပြပြီး အလုပ်ခေါ်စာများ သင်တန်း Page Messenger သို့ပေးပို့နိုင်ပါသည်။

အလုပ်လျှောက်ထားလိုသူများလည်း အလုပ်လျှောက်မည့် CV Form or Cover Letter များကို အထောက်အထားစုံလင်စွာနှင့် သင်တန်း Page Messenger သို့ပေးပို့နိုင်ပါသည်။

လစ်လပ်လိုအပ်သော အလုပ်နေရာများ ရှိပါကချိတ်ဆက်ပေးပါမည်။ မရှိသေးပါက အချိန်စောင့်ရနိုင်ပါသည်။

08/10/2024

Nature of Hire Purchase- ငှါးဝယ်စနစ်၏ သဘောသဘာဝ
+++++++++++++++++
၁- ငှါးဝယ်စနစ်ဆိုသည်မှာ ပစ္စည်းက Physical အရ ရောင်းသူလက်မှ ဝယ်လက်ထံသို့ ပြောင်းလဲသွားသော်လည်း ပိုင်ဆိုင်မှု Ownership အဖြစ်သို့ မရောက်သေးပါ။ ဝယ်သူမှ သတ်မှတ်ထားသော အရစ်အလိုက်အားလုံး ပေးချေပြီးမှ ပိုင်ဆိုင်မှု ownership ရမည်။

၂- သတ်မှတ်ထားသော အရစ်အလိုက်ပေးချေမှု ပျက်ကွက်ပါက ရောင်းချသူမှ ပစ္စည်းကို ပြန်လည် သိမ်းယူနိုင်သည်။ ဝယ်သူက ကျန်သောအရစ်များကို ဆက်လက်မပေးချေနိုင်ပါက ပစ္စည်းကိုပြန်အပ်ရမည့်အပြင် သွင်းပြီးငွေများကို (ကြိုတင်သဘောတူညီချက် မရှိထားပါက) ပြန်လည်တောင်းဆိုခွင့် မရနိုင်ပါ။

၃- သတ်မှအရစ်အားလုံး အပြည့် မချေရသေးခင် ဝယ်သူက ပစ္စည်းကို လွဲပြောင်း၊ ရောင်းချ ပေါင်နှံခြင်း မပြုနိုင်ပါ။

၄- Hire Purchase price သည် လက်ငင်းဈေးထက် ပိုများနေမည်။ ပိုများနေသော Amount သည် အတိုးဖြစ်သည်။ (Hire purchase price = Cash Price + Interest)


စာရင်းကိုင် ပုံမှန်တန်းခွဲ နှင့် အထူးတန်းခွဲများ အပ်နှံနိုင်ပါပြီ။
095109922

Photos from Hlaing Minn Latt - Finance and Management Academy's post 07/10/2024

Incomplete Records (Single Entry)
ခေါင်စဥ်က မပြည့်စုံတဲ့မှတ်တမ်းပေါ့။

Single Entry လို့လည်းခေါ်ပါတယ်။
Double Entry မလုပ်ဖြစ်ခဲ့သော / မကျွမ်းကျင်သောကြောင့် မပြည့်စုံသည့် စာရင်းများအတွက် ရေးဆွဲတတ်စေနိုင်သော သင်ခန်းစာဖြစ်ပါသည်။


095109922

06/10/2024

မူလစာရင်းစာအုပ်များ
(Book of Original Entry)
----------------------------------------
(1) Sale Day Book (အကြွေးရောင်း စာရင်းစာအုပ်)
(2) Purchase Day Book (အကြွေး၀ယ် စာရင်းစာအုပ်)
(3) Sales Return Day Book (အကြွေးရောင်းပြန်ပို့ စာရင်းစာအုပ်)
(4) Purchase Return Day Book (အကြွေး၀ယ်ပြန်ပို့ စာရင်းစာအုပ်)
(5) Cash Book (ငွေ စာရင်းစာအုပ်)
(6) Other Types (General Journal)(အထွေထွေ စာရင်းစာအုပ်)

မူလစာရင်းစာအုပ်များ ထားရှိခြင်း၏ အကျိုးကျေးဇူးများ
--------------------------------------------------
၁ - သက်ဆိုင်ရာအမျိုးအစားတူ အကြောင်းအရာများကို အလွယ်တကူ ရှာဖွေတွေ့ ရှိနိုင်ပါသည်။

၂ - လူများကိုအလုပ်တာ၀န်ခွဲဝေဆောင်ရွက်နိုင်သောကြောင့် လျှင်မြန်စေနိုင်သည့် အပြင် အမှားနည်းစေနိုင်ပါသည်။

၃ - သီးခြားမှတ်တမ်းများနှင့် ထိန်းသိမ်းထားရှိမှုကြောင့် ရှင်းလင်းခြင်း၊ အသေးစိတ်ရေးမှတ်နိုင်ခြင်း။

၄ - အမျိုးအစားတူခြင်းစုစည်းထားရှိခြင်းကြောင့် စုစုပေါင်းကိန်းဂဏန်းများကို အလွယ်တကူသိရှိနိုင်ခြင်း၊ အချိန်ကုန် ငွေကုန် သက်သာခြင်း၊

၅ - စာရင်းအမှားအယွင်းများရှိပါက အလွယ်တကူတိုက်ဆိုင်စစ်ဆေးနိုင်ခြင်း

စသော အကျိုးကျေးဇူးများကိုရှိစေနိုင်ပါသည်။

ဆက်လက်ရေးသားပါဦးမည်.......
Page ကိုLike & See First လုပ်ထားခြင်းဖြင့် တင်သမ ျှစာများကို ဖတ်ရှုလေ့လာနိုင်ပါပြီ။

လှိုင်မင်းလတ် စာ့ရင်းကိုင်သင်တန်း

အမှတ် ၃၄ ၊ ၄ လွှာ၊ အင်းစိန်လမ်းမ၊
၂ ရပ်ကွက်။ ကမာရွတ်မြို့နယ်။
ရန်ကုန်။
(လှည်းတန်းမှတ်တိုင်အနီး။)
095109922

Photos from Hlaing Minn Latt - Finance and Management Academy's post 06/10/2024

စာရင်းကိုင်ပညာ လေ့လာခြင်း
----------------------------
စာရင်းကိုင်ပညာ လေ့လာရာတွင် လွယ်ကူစေရန် နှင့် ထိရောက်စေရန် ရည်ရွယ်ပါသည်။
(သို့သော် စု တု ပြု ဆိုသည့် အတိုင်း မိမိ ကိုယ်ပိုင်နည်း ဖြစ်လာနိုင်ရန် အားထုတ်ကြိုးပမ်းမှု အထူး လိုအပ်ပါသည်)

(၁) လေ့လာမှု အဆင့်တိုင်းတွင် သီအိုရီပိုင်း နှင့် လေ့ကျင့်မှုပိုင်း အမြဲတမ်း ချိတ်ဆက်မှုရှိရမည်။

(၂) သတ်မှတ်ထားသော စာကြည့်ချိန်တွင် ပြန်လှန်လေ့ကျင့်ခြင်း အပိုင်းကို ပိုင်နိုင်အောင် လေ့ကျင့်သကဲ့သို့ သီအိုရီကို အလွတ်ရအောင် အာဂုံဆောင်ထားသင့်သည်။

(၃) တွက်ချက်မှု လုပ်တိုင်း အရေးကြီးအချက်များကို မှတ်စုတို မှတ်ချက်များ အတိုချုပ်ရေးမှတ်မှုများသည် စာမေးပွဲအထိသာမက လက်တွေ့လုပ်ငန်းခွင်အထိပါ အကျိုးရှိစေနိုင်သည်။

(၄) အမှားတစ်ခုကို ထပ်ကာထပ်ကာမှားနေပါက သီအိုရီပိုင်း အားနည်းနေတာသေချာပြီ။ ထိုအချက်ကပဲ စာမေးပွဲတွင် အဓိက ဒုက္ခပေးတတ်တာမို့ ထပ်ကာထပ်ကာမှတ်ခြင်းနှင့်ကာကွယ်ပါ။

(၅) စာရင်းကိုင်ပညာကို လေ့လာရာတွင်
သီအိုရီ နားလည်ရန်
လက်သွက်မြန်ပြီး ကျွမ်းကျင်ရန်
အမှတ်ကိုမူတည်ပြီး အချိန်ကိုက် တွက်ချက်ပြီးစီးနိုင်ရန် တို့ အဓိကပါ၀င်ပါသည်။

(၆) အနှစ်ချုပ်အားဖြင့် လေ့လာမှုအပိုင်းတိုင်းတွင် ဆရာ၏အပိုင်းသာမက၊ သင်ခန်းစာ၏အခန်းအမျိုးအစား၊ သင်တန်းသားတို့၏ ကိုယ်ပိုင်အားထုတ်မှု အာရုံစိုက်မှုကလည်း အဓိကကျသောကြောင့် မဆုတ်မနစ်သော လုံ့လနှင့်အားထုတ်ရင်း အောင်ပွဲ၀င်နိုင်ပါစေ။

ဆက်လက်ရေးသားပါဦးမည်.......
Page ကိုLike & See First လုပ်ထားခြင်းဖြင့် တင်သမ ျှစာများကို ဖတ်ရှုလေ့လာနိုင်ပါပြီ။

လှိုင်မင်းလတ် စာ့ရင်းကိုင်သင်တန်း

အမှတ် ၃၄ ၊ ၄ လွှာ၊ အင်းစိန်လမ်းမ၊
၂ ရပ်ကွက်။ ကမာရွတ်မြို့နယ်။
ရန်ကုန်။
(လှည်းတန်းမှတ်တိုင်အနီး။)
095109922

05/10/2024

ရန်ကုန်တွင်သင်တန်းတက်ရန်ပြင်ဆင်နေသော
နယ်မှလူငယ်များသိထားသင့်သည့်အချက်သစ်(၁၀)ချက်။

✅✅✅✅✅❤️❤️❤️❤️❤️🌺🌺🌺🌺🌺✊✊✊✊✊

ယခုခေတ်မှာတော့ မြန်မာနိုင်ငံရဲ့ တိုင်းနှင့်ပြည်နယ်အသီးသီးမှလူငယ်တွေဟာ ကိုယ့်ဘဝရှေ့တက်လမ်းအတွက် ရန်ကုန်ကိုပိုမိုအားကိုးလာကြပြီဖြစ်ပါတယ်။
အထူးသဖြင့်သင်တန်းတက်မယ်ဆိုတာမျိုးက လူငယ်တိုင်းရဲ့ပါးစပ်ဖျားမှာရေပန်းအစားဆုံးဖြစ်ပါတယ်။ အားလုံးရဲ့ဘုံတူညီသောစိတ်ကူးယဉ်အိမ်မက်တစ်ခုဆိုလည်းမမှားပါဘူး။
ဒီအတွက်ကျနော့်အတွေ့အကြုံတစ်ချို့အပေါ်အခြေခံပြီး ညီငယ်ညီမငယ်လေးတွေအတွက်အကျိုးရှိမယ်ထင်တဲ့အချက်လေးတွေကိုစုစည်းတင်ပြပေးလိုက်ရပါတယ်။

၁။ သင်တန်းစုံစမ်းပါ။✅✅✅
ဖေ့စ်ဘွတ်၊ ၀က်ဘ်ဆိုဒ်၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ သင်တန်းကျောင်းကြော်ညာတွေကိုရှာပါ။ သူငယ်ချင်း၊ ဆရာဆရာမတွေကိုမေးပါ။ အချိန်ပြည့်သင်တန်းတက်ချင်တာလား။ စနေတနင်္ဂနွေသင်တန်းလား။ ဘယ်လိုဘာသာရပ်လဲ။ ကိုယ်စိတ်၀င်စားတဲ့သင်တန်းတွေ့လာရင် သင်တန်းကိုဖုန်းဆက်မေးကြည့်ပါ။ ကိုယ့်ကိုဖုန်းပြန်ဖြေတဲ့သူကနေ သင်တန်းအခြေအနေကို တစိတ်တဒေသအကဲခတ်ရလို့ဖြစ်ပါတယ်။ ဖော်ရွေမှုရှိလား။ လေးလေးစားစား ပြည့်ပြည့်စုံစုံပြန်ဖြေလား။ သင်တန်းကြေးဘယ်လောက်လဲ၊ ဘယ်လောက်ကြာလဲ၊ စသည်ဖြင့်ကိုယ်မေးသမျှကိုစိတ်ရှည်ရှည်ရှင်းပြပေးလား။ စတာလေးတွေနဲ့ သင်တန်းရဲ့အရည်အသွေးကိုခန့်မှန်းပြီးရွေးချယ်နိုင်ပါတယ်။

၂။ မိဘနှင့်တိုင်ပင်ပါ။✅✅✅
ကိုယ့်မိဘမှကိုယ့်အပေါ်မှာထောက်ပံ့ပေးနိုင်မှုအခြေအနေကိုအရင်ဆုံးလေ့လာပါ။ ကိုယ့်အတွက်၀န်ထုပ်၀န်ပိုးမဖြစ်ပါစေနဲ့။ ကိုယ်ထူကိုယ်ထအလုပ်ကြိုးစားငွေစုပြီးတက်နိုင်အောင်ကြိုးစားပါ။ ပြီးမှကိုယ်တက်ချင်သော၊ ကိုယ်စုံစမ်းထားသောသင်တန်းနှင့်ပတ်သတ်သမျှအစီအစဉ်အားလုံးကို သေသေချာချာရှင်းလင်းပြောပြပြီးခွင့်တောင်းပါ။ တကယ်လို့လိုအပ်ပါက ကိုယ့်ဆရာဆရာမ၊ အဒေါ်ဦးလေးတွေဆီမှလည်းအကူအညီတောင်းနိုင်ပါတယ်။ ကိုယ်ကယုံကြည်မှုရှိရှိနဲ့ သေသေချာချာကြိုးစားမယ့်သူဖြစ်ကြောင်းသက်သေပြနိုင်ရင် ကိုယ့်ကိုကူညီမဲ့သူတွေကိုယ့်ပတ်၀န်းကျင်မှာအများကြီးရှိပါတယ်။

၃။ နေစရာရွေးချယ်ပါ။✅✅✅
ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးတွေရှိလို့သူတို့ဆီမှာနေမှာမယ်ဆိုရင် လက်ဆောင်ပစ္စည်းသယ်သွားပါ။ ရောက်ရင်ကိုယ်တက်မဲ့သင်တန်းအကြောင်းရှင်းပြပါ။ သူတို့ရဲ့ထင်မြင်ချက်နဲ့ အကြံပြုချက်တွေကိုထည့်သွင်းစဉ်းစားလေ့လာမှတ်သားပါ။ ကူညီစရာရှိတာမေးမြန်းကူညီပေးပြီး ကိုယ့်မိသားစုလိုပျော်ပျော်ရွှင်ရွှင်နေပါ။ ချက်တက်ပြုတ်တက်အောင်သင်ပါ။ စည်းကမ်းရှိရှိနဲ့ ကိုယ့်တာ၀န်ကိုယ်ယူပါ။ အဆောင်မှာနေမယ်ဆိုရင်တော့ သူငယ်ချင်းအပေါင်းအသင်းတွေကိုအရင်ဆုံးချိတ်ပါ။ အတူတူတိုက်ခန်းငှားနေမှာလား၊ စျေးသက်သာသော အဆောင်မှာပဲအတူနေကြမလား၊ တစ်ယောက်ထဲလုံးချင်းငှားနေချင်တာလား စသည်ဖြင့်တိုင်ပင်ညှိနိုင်းစုံစမ်းပါ။ ကိုယ်တက်မဲ့သင်တန်းနဲ့အနီးဆုံးနေရာမှာနေရင် သွားရေးလာရေးအတွက်အဆင်ပြေမှာဖြစ်ပါတယ်။

၄။ သင်တန်းကိုလူကိုယ်တိုင်သွားရောက်စုံစမ်းပါ။✅✅✅
ရန်ကုန်ရောက်လို့လည်ချင်တာတွေကိုမလည်ခင် သင်တန်းကိုအရင်အရောက်သွားပါ။ ဆရာတွေကဘယ်သူတွေလဲ၊ ဆရာဘယ်နှစ်ယောက်သင်မှာလဲ၊ သင်တန်းသားဘယ်နှစ်ယောက်လက်ခံလဲ၊ အခုစမဲ့အတန်းမှာဘယ်နှစ်ယောက်ရှိပြီလဲ၊ သင်ရိုးစာအုပ်ရှိရင်ကြည့်ကြည့်လို့ရမလား၊ သင်တန်းဆင်းလက်မှတ်ကဘယ်လိုပေးတာလဲ၊ စာမေးပွဲဖြေစရာလိုလား၊
သင်တန်းပြီးဘာတွေရှိသေးလဲ၊ စသည့်မေးခွန်းလေးတွေမေးသင့်ပါတယ်။ သိချင်တာတွေသိပြီးရင်ဆန္ဒစောပြီးကျောင်းတမ်းမအပ်ပါနဲ့ဦး။ တခြားသင်တန်းတွေကိုဆက်လက်စုံစမ်းပါ။ နောက် အိမ်နဲ့အကျိုးအကြောင်းဖုန်းဆက်တိုင်ပင်ပါ။ အားလုံးပြီးမှကိုယ်နဲ့အကိုက်ညီဆုံးကိုရွေးချယ်တက်ရောက်ပါ။

၅။ ကိုယ့်သင်တန်းကိုတန်ဖိုးထားပါ။✅✅✅
အများစုပြောလေ့ရှိတဲ့ သင်တန်းတက်ပြီးဘာမှမတက်ဘူးဆိုတာက ကျွမ်းကျင်အဆင့်မရောက်တာကိုဆိုလိုတာပါ။ ပရိုက်တစ်စ်၊ အသုံးချမှုများများနဲ့ကိုယ်ထူကိုယ်ထသေသေချာချာလေ့လာပြီး အဆင့်မြင့်အထိရောက်အောင်ကြိုးစားလို့ရပါတယ်။ အချိန်စာရင်းဆွဲပါ။ ဘယ်သူတွေနောက်ကျကျ သင်တန်းကိုအချိန်မှန်အရောက်သွားပါ။ ဘယ်သူမှမလာသေးရင် စာအုပ်ကိုလှန်ပြီးလေ့လာပါ။ အိမ်စာတွေပြန်စစ်ပါ။ သိချင်တာတွေ၊ မရှင်းလင်းတာတွေကိုမှတ်စုရေးမှတ်ထားပြီးသင်ခန်းစာနဲ့တိုက်ဆိုင်တိုင်းအလျှင်းသင့်သလိုဆရာတွေကိုမေးပါ။ လိုအပ်တဲ့စာအုပ်စာတမ်း၊ နည်းပညာတွေ၀ယ်ယူစုဆောင်းပါ။ ကိုယ့်ရဲ့ဖုန်းကို အကျိုးရှိရှိအသုံးချပါ။ အီးဘွတ်ခ်တွေ၊ သတင်းတွေ၊ ဒစ်ရှင်နရီတွေ၊ မှတ်စုတွေအပေါ်မှာအများဆုံးသုံးပါ။

၆။ သူငယ်ချင်းတွေထားပါ။✅✅✅
မိတ်ဆွေသူငယ်ချင်းတွေဟာ ကိုယ့်ဘ၀တိုးတက်ဖို့အတွက်အများကြီးအရေးပါပါတယ်။ သင်တန်းမှာရှိသမျှ စာတော်သူ၊ စာညံ့သူ၊ သူဌေးသားသမီးဖြစ်ဖြစ် သာမန်သူငယ်ချင်းပဲဖြစ်ဖြစ် ဘယ်သူ့အပေါ်မဆိုအပြန်အလှန်လေးစားချစ်ခင်စိတ်ထားပါ။ ကိုယ့်ကိုယ်ကိုမိတ်ဆက်ပါ။ တန်ဖိုးရှိသောလူမှုဆက်ဆံရေးပညာတွေကိုလေ့လာအတုခိုးပါ။ အချစ်ဆုံးသူငယ်ချင်းတွေနဲ့အတူသင်ခန်းစာတွေကို လေ့လာတိုင်ပင်ဆွေးနွေးပါ။ ဟောပြောပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေရှာဖွေတက်ရောက်ပါ။ အများနဲ့စုပေါင်းလုပ်တဲ့ ပရဟိတအသင်းတွေမှာအတူတူ၀င်ရောက်ပြီးအတွေ့အကြုံသစ်တွေရှာဖွေပါ။ ပျော်ရွှင်စရာတွေအများကြီးနဲ့အတူ အမှတ်တရပေါင်းများစွာကိုဖန်တီးပါ။ ကိုယ့်ဘ၀လက်တွဲဖော်နဲ့ ရေစက်ဆုံလာနိုင်ပါတယ်။

၇။ သဘာ၀ပါ။✅✅✅
သူငယ်ချင်းတွေလဲများလာပြီ၊ လည်တက်ပတ်တက်လာပြီဆိုရင်တော့ အချိန်တွေကိုဖြုန်းတက်လာပါပြီ။ ငွေကိုလည်းငွေလို့မမြင်တော့ပါဘူး။ အိပ်ချိန်၊ စားချိန်၊ စာလေ့လာချိန်တွေတဖြည်းဖြည်းမမှန်တော့ပဲ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေလျှော့လာတက်ပါတယ်။ အ၀တ်အစားတွေမီးပူတိုက်ဖို့မပြောနဲ့ ချွေးစော်နံနေတာတွေကတစ်ပုံတစ်ပင်ဖြစ်လာတက်ပါတယ်။ ကိုယ့်ကိုယ်ကို အားမလိုအားမရတွေဖြစ်လာပြီးစိတ်ဖိစီးမှုတွေရလာတက်ပါတယ်။ နောက်ဆုံးအိမ်ကိုချက်ချင်းပြန်သွားချင်လာပါစေ၊ လုံး၀လုံး၀စိတ်ပျက်မသွားနဲ့။ ဒါတွေအားလုံးဟာလူတိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့အတွေ့အကြုံတွေဖြစ်လို့ပါပဲ။ အားတင်းထားပြီးကိုယ့်ကိုယ်ကိုပြန်လည်ထိန်းသိမ်းပါ။

၈။ ကိုယ့်ကိုယ်ကိုမြှင့်တင်ပါ။✅✅✅
ကိုယ့်အားနည်းချက်တွေ၊ အကျင့်ဆိုးလေးတွေကိုဝေဖန်သုံးသပ်ပါ။ အရက်ဘီယာစွဲနေတာလား၊ အလှအပအပျော်အပါးအပေါ်ငွေကုန်များနေတာလား၊ ကိုယ့်ရည်းစားကြောင့်လား၊ သူငယ်ချင်းကဒုက္ခပေးနေတာလား၊ သင်တန်းက ဆရာမလာကျောင်းသားမရှိလို့ ရပ်နေတာလား။ ရင်ဖွင့်ချင်တာတွေကိုဖွင့်ပစ်လိုက်ပါ။ ပြောင်းလဲသင့်တာတွေကို ရှင်းလင်းပစ်ပြီးဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချ ပြောင်းလဲပစ်လိုက်ပါ။ ကိုယ့်ရည်မှန်းချက်နဲ့ကိုက်ညီမဲ့အရာတွေကို ရဲရဲရင်ဆိုင်ပြန်လည်အသက်သွင်းပါ။

၉။ ရှေ့ဆက်တက်ပါ။✅✅✅
သင်တန်းကိုအောင်မြင်စွာပြီးဆုံးသွားတာနဲ့ အိမ်ပြန်ရင်ပြန်၊ ဆက်တက်သင့်တာကိုဆက်တက် ဒါမှမဟုတ် လုပ်ငန်းခွင်၀င်ရင်၀င်ရမှာပါ။ နိုင်ငံခြားကို ပညာသင်ဖို့ပဲဖြစ်ဖြစ် အလုပ်လုပ်လုပ်ဖို့ပဲဖြစ်ဖြစ်ရှေ့ဆက်လုပ်ရမှာတွေအများကြီးရှိပါတယ်။ ကိုယ့်ညီငယ်ညီမငယ်တွေကိုလက်တွဲခေါ်ဖို့၊ သူငယ်ချင်းတွေကိုနည်းပေးလမ်းပြပေးဖို့ စသည့်တာ၀န်တွေရှိလာတက်ပါတယ်။ ဘာပဲဖြစ်ဖြစ်ရှေ့ကိုဇွဲရှိရှိဆက်သွားနိုင်ဖို့ သင်တန်းကိုအောင်မြင်ပြီးဆုံးသည်အထိတက်ပါ။

၁၀။ သင်အောင်မြင်ပါပြီ။ ✅✅✅
ကိုယ့်မိဘကိုယ့်အိမ်ကိုပြန်လည်ထောက်ပံ့ပေးနိုင်ဖို့အမြဲစိတ်ထဲထားကြိုးစားပါ။ ကိုယ့်ကိုကျေးဇူးပြုဖူးသူမည်သူကိုမဆိုဘယ်တော့မှမမေ့ပါနဲ့။ ဘာသာရေးပုံမှန်လုပ်ပြီးစိတ်ကောင်းစေတနာဖြူဖြူစင်စင်ထားပါ။ ကျန်းကျန်းမာမာနေထိုင်ပါ။ ကိုယ့်ရဲ့စိတ်ကူးယဉ်အိမ်မက်ဟာ အောင်မြင်မှုအဖြစ်နဲ့သေချာပေါက်ကိုယ့်ဆီဆိုက်ဆိုက်မြိုက်မြိုက်အမြဲရောက်လာမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

ခင်မင်လေးစားကျေးဇူးအထူးတင်လျှက်
Credit to
မင်းကိုကို

*******************************

02/10/2024

ACCA Part 1 (On Campus)
6.10.2024 စမည်။
MA (F2) Intensive Class (2) လပြတ်
သင်တန်းချိန်
Wed & Thurs - 2:00-4:00
Sat & Sun - 10:00 - 3:00 pm
📌သင်တန်းကြေး 250000

📣📣📣📣📣📣📣📣📣📣📣📣📣
အသေးစိတ် အချက်အလက်များသိရှိလိုပါက
Page cb (သို့) သင်တန်းဖုန်း 095109922သို့
စုံစမ်းမေးမြန်းနိုင်ပါတယ်။

လိပ်စာကတော့ ☎️☎️☎️☎️☎️☎️
အမှတ် ၃၄၊ ၄ လွှာ၊ အင်းစိန်လမ်းမ၊
လှည်းတန်းမှတ်တိုင်အနီး
ကမာရွတ်မြို့နယ်၊ ရန်ကုန်။
Ph : 095109922

29/09/2024

Annual Report (နှစ်ပတ်လည် အစီရင်ခံစာ)
++++++++++++++++++++
Company တစ်ခုရဲ့ နှစ်ပါတ်လည်အစီရင်ခံစာမှာ ပုံမှန်အားဖြင့်

1- SOFP- Statement of Financial Position = Balance Sheet လက်ကျန်ရှင်းတမ်း
2- SOPL - Statement of Profit or Loss = Trading and Profit & Loss = အမြတ်-အရှုံးစာရင်း
3- SOCF = Statement of Cash Flow ငွေသားစီးဆင်းမှုမှတ်တမ်း
4- Disclosure Notes စာရင်းမှတ်စုများ
5- Auditor’s Reports = စာရင်းစစ်အစီရင်ခံစာ
6- Reports to Principal and Directors တို့ပါ၀င်ပါတယ်။

29/09/2024

October 1
Monday to Friday
2 လပြတ် တန်းခွဲသစ် စပါမည်။

📌သင်တန်းကြေးတွင်.....
✅ Text Books နှင့် Note စာရွက်များ
အပြီးအစီး ဖြစ်ပါတယ်။

*********************************************
📣📣📣📣📣📣📣📣📣📣📣📣📣
အသေးစိတ် အချက်အလက်များသိရှိလိုပါက
Page cb (သို့) သင်တန်းဖုန်း 095109922သို့
စုံစမ်းမေးမြန်းနိုင်ပါတယ်။

လိပ်စာကတော့ ☎️☎️☎️☎️☎️☎️
အမှတ် ၃၄၊ ၄ လွှာ၊ အင်းစိန်လမ်းမ၊
လှည်းတန်းမှတ်တိုင်အနီး
ကမာရွတ်မြို့နယ်၊ ရန်ကုန်။
Ph : 095109922

23/09/2024

အကြောင်းအမျိုးမျိုးကြောင့် သင်တန်းသို့လာဖို့ခက်ခဲနေသူများအတွက် လေ့လာနိုင်ရန် ပညာဒါန အနေနှင့် မျှဝေလိုက်ပါသည်။
++++++++++++++++++++++++++++++
အရောင်းအဝယ် အရှုံးအမြတ်စာရင်း
လချုပ်နှစ်ချုပ်ဆွဲရန် အခြေခံ နားလည်ရမည့် အချက်များ
Statement of profit or loss
Income statement
Trading and profit & loss account

+++++
မူရင်းစာသားများကို copy ကူးမယူဘဲ
မူရင်းပို့စ်ကိုသာ Share ပေးခြင်းဖြင့်သာ အားပေးပါ။

095109922

23/09/2024

အကြောင်းအမျိုးမျိုးကြောင့် သင်တန်းသို့လာဖို့ခက်ခဲနေသူများအတွက် လေ့လာနိုင်ရန် ပညာဒါန အနေနှင့် မျှဝေလိုက်ပါသည်။
++++++++++++++++++++++++++++++
စာရင်းသမားတိုင်း သတိထားရမည့်

Capital Expenditures and Revenue Expenditures
အကြောင်းသိကောင်းစရာ

အလွန်အရေးကြီးပြီး မသိမဖြစ် စရိတ် ၂ မျိုးရှိပါသည်

မတည်အသုံးစရိတ် (ငွေလုံးငွေရင်းအသုံးစရိတ်) နှင့် သာမန်အသုံးစရိတ်

#မတည်အသုံးစရိတ် (ငွေလုံးငွေရင်းအသုံးစရိတ်) ဆိုသည်မှာ
+++++++++++++++++++
ပုံသေပိုင် ပစ္စည်းများ အသစ်၀ယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ တိုးချဲ့ခြင်း ၊ အစားထိုးခြင်း၊ တန်ဖိုးတိုးလာစေခြင်း၊ စွမ်းဆောင်ရည်ပိုမိုတိုးတက်လာစေခြင်းတို့အတွက် ကုန်ကျသည့် စရိတ်များကို ဆိုလိုသည်။
(ဥပမာ။ Assets အသစ်၀ယ်ယူခြင်း၊ Assets အသစ်နှင့်ဆက်စပ်ကုန်ကျစရိတ်များ၊ တကြိမ်တခါသာ ကုန်သည့်သဘောသက်ရောက်စေသော ကုန်ကျစရိတ်များ)
မတည်အသုံးစရိတ်သည် တန်ဖိုးကြီးမားခြင်း၊ စာရင်းကာလတစ်ခုထက်မက အသုံးပြုနိုင်ခြင်း၊ ၀င်ငွေကို တိုးတက်ဖြစ်ထွန်းပေါ်ပေါက်စေနိုင်ဖြင်းတို့ကြောင့်၊ ကာလအာလုံးစာ မျှဝေကျခံစေရမည်။ ၄င်းကို တန်ဖိုးလျှော့လျာထားချက်ပြုလုပ်ရန်လိုအပ်သည်။

#သာမန်အသုံးစရိတ်ဆိုသည်မှာ
++++++++++++++++++++++++
၀င်ငွေပြန်လည်ရရှိရန်အတွက် ကုန်ပစ္စည်းများ၀ယ်ခြင်း (ပြန်ရောင်းရန်) နှင့်ဆက်စပ်စရိတ်များ
(ဥပမာ။ ကုန်၀ယ်သယ်ခ၊ ကုန်၀ယ်ပြန်ပို့သယ်ခ)။ နေ့စဉ်ကုန်ကျစရိတ်များ၊ ပြင်ဆင်ထိန်းသိမ်းစရိတ်များ၊ အကြိမ်ကြိမ် နှစ်စဉ်သဘောသက်ရောက်စေသော ကုန်ကျစရိတများ ((ဥပမာ။ ငှားရမ်းခ၊ အာမခံကြေး၊ အတိုးစရိတ်များ စသည်ဖြင့် ဖြစ်ကြပါသည်။
သာမန်စရိတ်များသည် Assets တန်ဖိုးကို တိုးစေခြင်းမရှိပဲ၊ ၀င်ငွေပြန်ရရန်အတွက် ကုန်ကျသော ကုန်ကျစရိတ်များဖြစ်သည်။

+++++
မူရင်းစာသားများကို copy ကူးမယူဘဲ
မူရင်းပို့စ်ကိုသာ Share ပေးခြင်းဖြင့်သာ အားပေးပါ။

095109922

23/09/2024

Yes, I understand. 🤭🤭
Be like. It’s OK.

Credit

Photos from Hlaing Minn Latt - Finance and Management Academy's post 22/09/2024

စာရင်းသမားတိုင်း သတိထားရမည့်

Capital Expenditures and Revenue Expenditures
အကြောင်းသိကောင်းစရာ

အလွန်အရေးကြီးပြီး မသိမဖြစ် စရိတ် ၂ မျိုးရှိပါသည်

မတည်အသုံးစရိတ် (ငွေလုံးငွေရင်းအသုံးစရိတ်) နှင့် သာမန်အသုံးစရိတ်

#မတည်အသုံးစရိတ် (ငွေလုံးငွေရင်းအသုံးစရိတ်) ဆိုသည်မှာ
+++++++++++++++++++
ပုံသေပိုင် ပစ္စည်းများ အသစ်၀ယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ တိုးချဲ့ခြင်း ၊ အစားထိုးခြင်း၊ တန်ဖိုးတိုးလာစေခြင်း၊ စွမ်းဆောင်ရည်ပိုမိုတိုးတက်လာစေခြင်းတို့အတွက် ကုန်ကျသည့် စရိတ်များကို ဆိုလိုသည်။
(ဥပမာ။ Assets အသစ်၀ယ်ယူခြင်း၊ Assets အသစ်နှင့်ဆက်စပ်ကုန်ကျစရိတ်များ၊ တကြိမ်တခါသာ ကုန်သည့်သဘောသက်ရောက်စေသော ကုန်ကျစရိတ်များ)
မတည်အသုံးစရိတ်သည် တန်ဖိုးကြီးမားခြင်း၊ စာရင်းကာလတစ်ခုထက်မက အသုံးပြုနိုင်ခြင်း၊ ၀င်ငွေကို တိုးတက်ဖြစ်ထွန်းပေါ်ပေါက်စေနိုင်ဖြင်းတို့ကြောင့်၊ ကာလအာလုံးစာ မျှဝေကျခံစေရမည်။ ၄င်းကို တန်ဖိုးလျှော့လျာထားချက်ပြုလုပ်ရန်လိုအပ်သည်။

#သာမန်အသုံးစရိတ်ဆိုသည်မှာ
++++++++++++++++++++++++
၀င်ငွေပြန်လည်ရရှိရန်အတွက် ကုန်ပစ္စည်းများ၀ယ်ခြင်း (ပြန်ရောင်းရန်) နှင့်ဆက်စပ်စရိတ်များ
(ဥပမာ။ ကုန်၀ယ်သယ်ခ၊ ကုန်၀ယ်ပြန်ပို့သယ်ခ)။ နေ့စဉ်ကုန်ကျစရိတ်များ၊ ပြင်ဆင်ထိန်းသိမ်းစရိတ်များ၊ အကြိမ်ကြိမ် နှစ်စဉ်သဘောသက်ရောက်စေသော ကုန်ကျစရိတများ ((ဥပမာ။ ငှားရမ်းခ၊ အာမခံကြေး၊ အတိုးစရိတ်များ စသည်ဖြင့် ဖြစ်ကြပါသည်။
သာမန်စရိတ်များသည် Assets တန်ဖိုးကို တိုးစေခြင်းမရှိပဲ၊ ၀င်ငွေပြန်ရရန်အတွက် ကုန်ကျသော ကုန်ကျစရိတ်များဖြစ်သည်။

+++++
မူရင်းစာသားများကို copy ကူးမယူဘဲ
မူရင်းပို့စ်ကိုသာ Share ပေးခြင်းဖြင့်သာ အားပေးပါ။

095109922
ACCA
LCCI
IGCSE

Photos from Hlaing Minn Latt - Finance and Management Academy's post 22/09/2024

ကုန်ကျငွေစရိတ် (Costs) တွင်
Managements အတွက် အဓိက အသုံးပြုသောအောက်ပါ (၄ )မျိုးကို
Costs Behavior အရ
ကောင်းစွာ ခွဲခြားသိရှိထားသင့်ပါသည်
📌📌📌📌📌📌📌📌📌📌
- Fixed Costs
- Variable Costs
- Mixed Costs (Semi Variable or Semi Fixed)
- Step Fixed Costs

Cost (ပုံသေကုန်ကျငွေဖြစ်သည်။
ဥပမာ ၀န်ထမ်း လစာများ၊ ရေ/မီး ကုန်ကျငွေ များ၊ ငှားရမ်းခများ)
အရေအတွက်နှင့် လုံးဝမသက်ဆိုင်သော ကုန်ကျစရိတ်
#အချိန်ကာလ နှင့်သာသက်ဆိုင်သည် (Period costs)
အရေအတွက် #ဇီးရိုးမှာကို ကုန်နေသော ကုန်ကျစရိတ်
ထုတ်ထုတ် မထုတ်ထုတ် ပုံသေကုန်နေမှာ

Cost (အတိုးအလျှော့ပြုနိုင်သော ကုန်ကျငွေ= စရိတ်အရှင်)
အရေအတွက်နှင့်တိုက်ရိုက်ဆက်စပ်နေသော ကုန်ကျစရိတ် (Product costs)
အရေအတွက်များရင်များများကုန်မယ်
အရေအတွက်နည်းရင်နည်းနည်းပဲကုန်မယ်
အရေအတွက် ဇီးရိုးမှာ တပြားမှ ကုန်စရာမရှိ

*Mixed Costs (Semi-Variable Costs)
တချို့တဝက်က အရေအတွက်နှင့် ဆက်စပ်နေပြီး တချို့တဝက်က အချိန်ကာလနှင့် ဆက်စပ်နေသော ကုန်ကျစရိတ်
ဥပမာ မီတာခ
မီတာခ ကျသင့်ငွေတွင်
သုံးရငင်သုံးသခောက်ပေးရသော ယူနစ်အလိုက်ကုန်ကျစရိတ် Variable Costs နှင့်
သုံးသုံးမသုံးသုံးပေးနေရသော မီတာထိန်းသိမ်းစရိတ် Fixed Costs

Step Fixed Cost ဆိုတာ
Level တစ်ခုရောက်သည် အထိ ပုံသေ ကုန်နေတယ်။

ထို Level ထက် one unit ကျော်ပြီး နောက် Level တစ်ခုအထိ ပုံသေ ကုန်နေတယ်။

ပြောချင်တာက Level တစ်ခုအတွင်းမှာ မပြောင်းလဲဘဲ ကုန်တယ်။
ဥပမာ
Supervisor Salary
လုပ်သား ၁ ယောက်ကနေ ၁၀ ယောက်အထိ-- Supervisor ၁ ယောက်ပဲလိုရင်
လုပ်သား ၁၁ ယောက်ကနေ ၂၀ အထိ ဆို နောက်ထပ် Supervisor ၁ယောက်ထပ်ခန့်ရမယ်။
ဆိုလိုတာက
၅ ယောက်
၇ယောက်
၉ယောက် စသည်ဖြင့်ဆိုရင် - Supervisor ၁ ယောက်စာပဲ ကုန်မယ်။

၁၁ယောက်
၁၅ ယောက်
၁၈ ယောက် စသည်ဖြင့်ဆိုရင်တော့
Supervisor 2 ယောက်စာ ကုန်မယ်။

ဥပမာ၂
စက် ၁ ခုကို ၂၀,၀၀၀ units ထုတ်နိုင်တယ်ဆိုရင်
၂၀,၀၀၀ ကျော်တာနဲ့ စက် ၁ ခုနဲ့ မလောက်တော့ဘူး။
စက် ၂ ခုလိုမယ် ။ ဒါပေမယ့် အဲ့ဒီ စက် ၂ ခုကလည်း ၄၀,၀၀၀ units အထိပဲ။

၄၀,၀၀၀ units ကျော်တာနဲ့ စက် ၃ လုံးလိုမယ်။
ဒါကို Step Fixed Costs လို့ခေါ်တယ်။

အတိုချုပ်မှတ်မယ်ဆိုရင်တော့

မည်သည့်အရေအတွက်၌မဆို Cost Per Unit တူနေရင် Variable Cost
(အပြန်အလှန်အားဖြင့်- Variable Costs ဆိုတာ Cost Per Unit တူတယ်)
Cost Per Unit ကို လိုချင်ရင် Total Costs ကို တည် Total Units နဲ့ စား(÷)

မည်သည့်အရေအတွက်၌မဆို Total Costs တူနေရင် Fixed Cost
(အပြန်အလှန်အားဖြင့်- Fixed Costs ဆိုတာ Total Cost တူတယ်)

မည်သည့်အရေအတွက်၌မဆို Total Costs လည်း မတူ၊ Cost Per Unit လည်း မတူပါက Mixed Costs ဟု ခေါ်သည်။
(Mixed Costs ဆိုတာ Variable နှင့် Fixed ၂ မျိုးလုံး ပေါင်းစပ်ပါဝင်နေသော ကုန်ကျ စရိတ်)

Mixed Costs ထဲမှ Variable နှင့် Fixed ကို ခွဲထုတ်သော (အသုံးအများဆုံး) နည်းမှာ
ဖြစ်သည်။
၁- Highest Level နှင့် Lowest Level ကို သတ်မှတ်။
၂- Difference ကိုရှာ။
၃- Variable Cost Per Unit ရှာ ( Different in Costs ကို တည် ÷ Different in Units နဲ့ စား(÷)
၄- Total Fixed Costs ရှာ။ (Total Costs - Total Variable Costs)
Total Variable Costs ကို လိုချင်ရင်... Total Units နဲ့ Variable Cost Per Unit ကို မြှောက်(×)

(မှတ်ချက်။
အယူအဆ တွေဟာ Level အလိုက် ပိုမြင့်လာလေ ပိုမြင်လာလေပဲ။
သူ့ Level အလိုက် ရင့်ကျက်လာတယ်ဆိုရမှာပဲ။
အမြင့်ကသူကလည်း အောက်လူကို ပညာမပြဖို့ ပညာရဖို့ ဖေးမရင်း သွားရမှာပဲ။
အောက်လူကလည်း အထက်ကို လေးစားရင် သင်ယူရမှာပဲ။)

ဥပမာ
Rent per month သည် Short Terms (ကာလတို)မှာတော့ Fixed Costs (ပုံသေ) ဖြစ်နေပေမယ့်
Long Terms (ကာလရှည်) မှာတော့
ဈေးတိုးလာလို့ တက်သွားနိုင်တာတွေ
ညှိနှိုင်းလို့ရပြီး သက်သာသွားတာတွေ ရှိလာနိုင်ပါတယ်။

Variable Costs per unit သည် သတ်မှတ် Range အတွင်းမှာ မပြောင်းလဲဘဲ ဖြစ်နေပေမယ့်
အရေအတွက် အမြောက်အများဖြစ်လာချိန် မှာတော့
ဈေးတိုးလာလို့ တက်သွားနိုင်တာတွေ
ညှိနှိုင်းလို့ရပြီး သက်သာသွားတာတွေ ရှိလာနိုင်ပါတယ်။


Hlaing Minn Latt

095109922

+++++
မူရင်းစာသားများကို copy ကူးမယူဘဲ
မူရင်းပို့စ်ကိုသာ Share ပေးပါ။

Statement of profit or loss = Income Statement =Trading and profit & loss account for the year ended 22/09/2024

YouTube Channel လေးကို ဝင်ရောက်လေ့လာနိုင်ပါတယ်။

two advantages of trading as a:

(ကုန်သွယ်မှုလုပ်ဆောင်ရာတွင် အောက်ပါလုပ်ငန်း အသီးသီး၏ အားသာချက် ၂ ခုကိုဖေါ်ပြပေးပါ)

++++++++++++++++++++++++++++++

(i) sole trader (၁ ဦးတည်းပိုင်လုပ်ငန်း၏ အားသာချက်)
(ii) partnership (အစုစပ်လုပ်ငန်း၏ အားသာချက်)
(iii) private limited company. (ကုမ္ပဏီ၏ အားသာချက်)
__________________________
Answer

(i) sole trader
Independence (1) လွတ်လပ်ခြင်း
Retains all profit 1) အမြတ်ကိုခွဲပေးစရာမလိုခြင်း။

(ii) partnership
Additional capital (1) ရင်းနှီးငွေ ပိုရနိုင်ခြင်း။
Additional skills (1) ကျွမ်းကျင်မှုပိုရနိုင်ခြင်း။

(iii) private limited company.
Able to issue shares (1) ရှယ်ယာထုတ်ဝေရောင်းချနိုင်ခြင်း။
Limited liability (1) ( ပေးရန်တာဝန်ကို ကန့်သတ်ထားခြင်း/ အမြင့်ဆုံး ဆုံးရှုံးနိုင်သည့် ပမာဏမှာ မိမိရင်းနှီးမြှပ်နှံသည့် ပမာဏထက်မပိုခြင်း/ မိမိထည့်ဝင်တာထက် ပို၍ မဆုံးရှုံးနိုင်ခြင်း)

Hlaing Minn Latt - Finance and Management Academy
095109922

Statement of profit or loss = Income Statement =Trading and profit & loss account for the year ended State two advantages of trading as a:(ကုန်သွယ်မှုလုပ်ဆောင်ရာတွင် အောက်ပါလုပ်ငန်း အသီးသီး၏ အားသာချက် ၂ ခုကိုဖေါ်ပြပေးပါ)++++++++++++++++++++++++++++++(...

20/09/2024

ညီမလေးရဲ့
#ငွေရရင်_Debit_ငွေပေးရင်_Credit လို့
အော်တဲ့ အသံလေး ကိုကြိုက်လို့
iPhone 16 ProMax လေး Surprised Gift ရထားပါတယ် လို့ ပေးတဲ့သူများရှိမလားလို့ 🤭🤭

No ပါ🤧
ထက်မြက်တဲ့ Accountants ဆိုတာ
ကိုယ့်ပိုက်ပိုက်နဲ့ပဲ ကိုယ်တိုင်ဝယ်ကိုင်မယ်ဆိုတာ ကြိုသိနေတယ်။

Want your university to be the top-listed University in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

အကြောင်းအမျိုးမျိုးကြောင့် သင်တန်းသို့လာဖို့ခက်ခဲနေသူများအတွက် လေ့လာနိုင်ရန် ပညာဒါန အနေနှင့် မျှဝေလိုက်ပါသည်။ ++++++++++...
အကြောင်းအမျိုးမျိုးကြောင့် သင်တန်းသို့လာဖို့ခက်ခဲနေသူများအတွက် လေ့လာနိုင်ရန် ပညာဒါန အနေနှင့် မျှဝေလိုက်ပါသည်။ ++++++++++...
စာရင်းသမားတိုင်း သတိထားရမည့်Capital Expenditures and Revenue Expendituresအကြောင်းသိကောင်းစရာအလွန်အရေးကြီးပြီး မသိမဖြစ် စ...
ဒီလမ်းမပေါ်မှာ လျှောက်ခဲ့ဘူးသူများအတွက် အမှတ်တရ။#လှည်းတန်း#Hlaing_Minn_Latt #ACCA#LCCI#IGCSE#Accounting#ManagementOctobe...
1 October/2024 တန်းခွဲသစ် (ACCA + LCCI Level 2 & 3 )On campus ( 2လပြတ်) နှင့်Online ( ၄-၅ လပြတ်) အတန်းများကြိုတင်အပ်နှံန...
August တန်းခွဲသစ်Level 1&2  #On_CampusSunday only 8:00-12:00 (August 11 စမည်)- 4-monthsMon to Thu 9:00-12:00 (August 12 ...

Telephone

Website

Address


34, 4th Floor, Insein Road, Near Hleden Bustop
Yangon

Other Colleges & Universities in Yangon (show all)
မလေးစကားပြောသင်တန်း မလေးစကားပြောသင်တန်း
Shwepyithar
Yangon, 01

မလေးစကားသင်တန်း မှကြိုဆိုပါတယ်

ThanLwin Institute Of Technology - သံလွင် သင်တန်းကျောင်း ThanLwin Institute Of Technology - သံလွင် သင်တန်းကျောင်း
No-12A , Dagon Center-2(Residence Tower)
Yangon, 11111

မြန်မာနိုင်ငံရဲ့ လူစွမ်းအားအရင်းအမြစ်နှင့် နည်းပညာသင်တန်း

GTS Institute GTS Institute
Shwe Kabar Housing, Mindhama Road
Yangon, 11061

Information and Technology Institute

Bio Dent Institute Of Professional Development Bio Dent Institute Of Professional Development
No 70, Min Ye Kyaw Swar Road , 9th Ward , East Dagon Township , (Near 7/8 Junction North Dagon)
Yangon, 11421

We offer hands-on training programs designed to prepare students for a successful career

Asia Open Education Institute Asia Open Education Institute
Yangon

AOEI is the Higher Education revolution. It is the first non-profit online Blockchain University in t

Your Tutor Your Tutor
Yangon

Tutoring service for students studying business subjects

Legacy International School Legacy International School
(Level 3, Taw Win Centre) 45, Pyay Road
Yangon

The best quality education at the most affordable price! ❤️Following the Cambridge curriculums❤️

AU MIT Myanmar University AU MIT Myanmar University
No 135(A), Thanlwin Road, 10 Ward, Kamayut Township
Yangon, 11041

AU MIT Myanmar University provides dynamic academic programs for undergraduate, postgraduate and prof

Withee Bible College Yangon, Myanmar. Estd:2000 Withee Bible College Yangon, Myanmar. Estd:2000
No. 34/303 C-Nguwa Street Yuzana Garden City
Yangon

Religious Organizations

ATBC International College - BBA Program ATBC International College - BBA Program
No. 1203, Kone Baung Street, 6 Quarter
Yangon, 11091

ဒီဂျစ်တယ်မားကစ်တင်းနှင့် စီးပွားရေး ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းများ တက်ရောက်နိုင်ပါသည်။

Trinity International College Myanmar Trinity International College Myanmar
No. 110, Yeik Thar Lane No. 4, Mi Chaung Kan (1st) Quarter, Wai Zan Yan Tar Garden Housing, Thingangyun Township
Yangon

Trinity International College is founded on the principles of offering a learner centric and outcomes

Speakeasy Institute Speakeasy Institute
Baho Road
Yangon, 11041

HAPPY LEARNING; GREAT RESULTS!