Trust Delivery
ရောင်းသူ၊ဝယ်သူ နှစ်ဖက်လုံး စိတ်တိုင်းအကျဆုံး နှင့် စိတ်အချရဆုံး Trust Delivery
📦✨ တနင်္လာနေ့ကို စိတ်လန်းလန်းဆန်းဆန်းနဲ့ စတင်လိုက်ပါ!💜
မိတ်ဆွေတို့ရဲ့စီးပွားရေးကို အရှိန်အဟုန်မြှင့်တင်ဖို့ ကျွန်တော်တို့ Trust Delivery က အသင့်ရှိနေပြီးသားပါ...
ကျွန်ုပ်တို့ရဲ့ အိမ်တိုင်ရာရောက် ပို့ဆောင်ရေးဝန်ဆောင်မှုနဲ့အတူ မိတ်ဆွေတို့လုပ်ငန်းတွေဟာ ပိုမိုကြီးထွားလာမှာ သေချာပါတယ်။
✅ ရန်ကုန်မြို့တွင်း ၂၄ နာရီအတွင်း ပို့ဆောင်ပေးခြင်း။
✅ Cash on Delivery ဝန်ဆောင်မှုပေးခြင်း။
✅ ဖောက်သည်ဝန်ဆောင်မှု အကောင်းဆုံးပေးအပ်ခြင်း။
✅ ငွေကြေးရှင်းတမ်းအထိ တာဝန်ယူပေးခြင်း။
ယနေ့ပဲ စတင်အသုံးပြုကြည့်လိုက်ပါဗျ…အသေးစိတ်သိချင်တာလေးတွေအတွက် Messenger ကနေ အားမနာတမ်းမေးလိုက်ပါဗျနော်…..မိတ်ဆွေတို့ စိတ်ချမ်းသာအောင် ဆောင်ရွက်ပေးဖို့ အဆင်သင့်ပါပဲ…..
Trust Delivery -
သင်ယုံကြည်ရတဲ့ ပို့ဆောင်ရေးမိတ်ဆွေ
Hello 🎈 September...
💜Getting started💜
နည်းပညာခေတ်ကနေ ရှေးခေတ်ဆီသို့ - ⏮️
🐎🛒 စွမ်းအင်ချွေတာဖို့ Delivery ကို မြင်းလှည်းနဲ့ ပို့ကြပါစို့🤣🤣
မီတာခတွေ မိုးထိရောက် တော့မယ်📈💸
စက်သုံးဆီတွေ ရံဖန်ရံခါ ပြတ်တောက် နေတယ်🔌❌
ဒါကြောင့် E-bike တွေလဲ ဘက်ထရီခန်းကုန်တယ်🔋😓
ဒီတော့... ကျွန်တော်တို့ "Trust Delivery"က
ခေတ်နောက်ပြန်လှည့်လိုက်ပြီဗျ။ 🕰️🔄
ကျွန်တော်တို့ရဲ့ ကုန်ကျစရိတ်လေးပါ ပြောပြထားပါတယ်😜
🌿💰မြင်းစာ တစ်နေ့ မြက်တစ်စည်း (စွမ်းအင်စရိတ် သက်သာ)
🐎💨လမ်းပိတ်လည်း ဂရုမစိုက် (အချိန်မှန် အရောက်ပို့)
⛽🚫ဓာတ်ဆီဆိုင် တန်းမစီရ (သဘာဝလမ်းဘေးမှာ အားဖြည့်)
💩🥕 မြင်းချေးနဲ့ ဟင်းသီးဟင်းရွက်စိုက် (ဝင်ငွေတိုး ဗိုက်ဝ)
ခေတ်နောက်ပြန်လှည့် ⏪... ပတ်ဝန်းကျင်ထိန်း 🌍💚...
ပို့ဆောင်ရေးတော့ မပျက် 📦✅။
Trust Delivery - ခေတ်နောက်ပြန်ပို့ဆောင်ရေး😝😝
⛈ ဒီနေ့ မိုးတွေ တအားသည်းနေတယ်နော်....
☕အိမ်မှာ နွေးနွေးထွေးထွေး ကော်ဖီလေး သောက်ရင်း အေးအေးဆေးဆေး နေလိုက်ပါနော်။
🏊ကျွန်တော်တို့က မိုးသည်းထဲမှာ
လမ်းပေါ်က ရေတွေကိုကျော်လွှာပြီး သင့်ထံ လာပို့ပေးမှာပါ။
🚴ပို့ဆောင်ချိန် မဆိုသလောက်လေးကြနိုင်ပေမယ့် စိတ်အေးချမ်းသာစွာ စောင့်ဆိုင်းပေးပါ။ သင့်ပစ္စည်းများ လုံခြုံစွာရောက်ရှိစေရန် အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးပါမယ်။
☎️မေးမြန်းလိုသည်များရှိပါက အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။
💓 သင့်ရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးက ကျွန်ုပ်တို့အတွက် အရေးအကြီးဆုံးမို့ မိုးရေထဲ သွားလာရပါက သတိထားသွားလာဖို့လည်း မမေ့ပါနဲ့နော်။
😖ယခုကာလ အမျိုးသမီးများ အဖြစ်များသည့်
ရုတ်တရက်ပြင်းထန် သွေးတိုး ရောဂါ😖
💥ရောဂါ ဖြစ်ပွားရခြင်း အကြောင်းအရင်း💥
1. နေ့စဉ် ဟင်းချက်စရာ ဝယ်ရခြင်း။
2. သုံးနေကြ အလှကုန်များ တပြိုက်နက်တည်းကုန်သွားခြင်း။
3. မနေ့က စျေးမေးထားသည့် အွန်လိုင်းရှော့က ပစ္စည်းလေးကို ဒီနေ့မှာဖို့ ပြန်ဝင်ကြည့်မိခြင်း
4. Keto Meal Plan Package သွင်းရန်အရင်နဲ့မတူတော့ခြင်း
5. သားသမီးများမှ ကျောင်းသုံးပစ္စည်းများ ပူဆာခြင်း
6. မိသားစု၀င်များက ၀င်ငွေနှင့် လောက်သည်ဟု ထင်နေခြင်း
7. စားနေကျ နှစ်သက်သည့်ဆိုင်ရှေ့ ဖြတ်လျှောက်မိခြင်း
8. မကြာခင် သတင်းကျွတ်တော့မည်ကို သတိရမိခြင်း
🌼ရောဂါသက်သာစေရန် နည်းလမ်း🌼
စိတ်ကြည်လင်စေကာ Diet လုပ်ပြီးသားလည်းဖြစ်ရန် တရားစခန်းဝင် သတင်းသီလစောင့်တည်ခြင်း
👑သွေးတိုးစရာတွေ အများကြီးရှိနေတဲ့ အမျိုးသမီးတွေရဲ့ ဘဝမှာ Trust Delivery က တစ်ခုလျော့ပေးပါ့မယ် 👑
စျေးသက်သာ၊ လျင်မြန်၊ စိတ်ချရတဲ့ ပို့ဆောင်ရေးဝန်ဆောင်မှုနဲ့ သင့်ရဲ့ online shopping အတွေ့အကြုံကို ပိုကောင်းအောင် လုပ်ပေးပါ့မယ်။
Trust Delivery - သင့်ရဲ့ စိတ်ချမှုအတွက် ကျွန်ုပ်တို့ တာဝန်ယူပါတယ်။
🌧️မိုးရွာနေပေမယ့် Trust Delivery နဲ့ဆို သင့်ပစ္စည်းတွေကတော့ ခြောက်သွေ့နေမှာပါ! 🌈
🎁 အထူးအပို ၀န်ဆောင်မှု 🎁
သင်မတောင်းဆိုရင်တောင် ကျွန်တော်တို့ Trust Delivery က ပစ္စည်းတိုင်းကို ရေမစိုအောင် အထူးထုပ်ပိုးပေးပါတယ်။
💎 ကျွန်တော်တို့ရဲ့ ကတိ 💎
❤️စေတနာရှေ့ထားပြီး ဝန်ဆောင်မှုပေးခြင်း
✨သင့်ပစ္စည်းများကို ကိုယ့်ပစ္စည်းလို ဂရုစိုက်ခြင်း
📦မိုးရာသီမှာ ပစ္စည်းများ လုံခြုံစိတ်ချရအောင် ဆောင်ရွက်ပေးခြင်း
👀 ဒီ Video ထဲမှာ မြင်ရတဲ့အတိုင်းပါပဲ : ကျွန်တော်တို့ရဲ့ စေတနာနဲ့ ဝန်ဆောင်မှုကို ကြည့်ရှုနိုင်ပါတယ်။ Trust Delivery မှာ သင့်ပစ္စည်းတွေကို ရေမစိုအောင် ဘယ်လိုထုပ်ပိုးပေးလဲဆိုတာ တွေ့မြင်ရမှာပါ။
💙 ကျွန်တော်ရဲ့ ရည်ရွယ်ချက်က ရိုးရှင်းပါတယ် - သင့်ပစ္စည်းကို လုံခြုံစိတ်ချစွာ ပို့ဆောင်ပေးဖို့ပါ။
Trust Delivery - သင့်ယုံကြည်မှုကို တန်ဖိုးထားပါတယ် 💯
🎀❢ အမျိုးသမီးစွန့်ဦးတီထွင်သူများအတွက် အထူးဝန်ဆောင်မှု ❢ 🎀
Trust Delivery မှာ လုပ်ငန်းရှင်အမျိုးသမီးတို့အတွက် စိတ်ကြိုက်ဝန်ဆောင်မှုတွေ ရှိနေပါပြီ!
✅ စာချုပ်ချုပ်ဆိုစရာမလို
✅ အနည်းဆုံးပို့ဆောင်ရမယ့် ပစ္စည်းအရေအတွက် သတ်မှတ်ချက်မရှိ
Trust Delivery နဲ့ဆိုရင် -
🚚💨 ပစ္စည်းသွားယူတာကနေ ငွေကြေးရှင်းတမ်းအထိ တာဝန်ယူ
📊💰 ငွေစာရင်းနဲ့ စာရင်းမှတ်ဖို့ ၀န်ထမ်းခန့်စရာမလိုလို့
ကုန်ကျစရိတ်လျှော့ချနိုင်
💎 အချိန်ကုန်သက်သာလို့ သင့်စီးပွားရေးတိုးတက်ဖို့ကိုပဲ အာရုံစိုက်နိုင်
🤝 တစ်နိုင်တပိုင်လုပ်ငန်းရှင်တွေအတွက်လည်း အထူးအဆင်ပြေ
💼💪 သင့်စီးပွားရေးကို လွယ်ကူချောမွေ့စေမယ့် တစ်ခုတည်းသော ဖြေရှင်းချက် 💪💼
🌟 အခုပဲ စမ်းသပ်အသုံးပြုကြည့်ပါ - သင့်လုပ်ငန်းကို Trust Delivery နဲ့အတူ မြှင့်တင်လိုက်ပါ! 🌟
"
🚨 Trust Delivery ၏ မေတ္တာရပ်ခံသတိပေးချက်
- လုပ်ငန်းဆောင်ရွက်ချက် ပြောင်းလဲမှု 🚨
ချစ်စွာသော မိတ်ဆွေများခင်ဗျား...
🛵💨 ကျွန်တော်တို့ Trust Delivery Service သည် မူလကတည်းက Rider များနှင့် Way ပို့ဆောင်သည့် ဝန်ဆောင်မှုဘဲ ဖြစ်ပါသည်။ ဒါပေမယ့် ချစ်မိတ်ဆွေOS များ၏ လိုအပ်ချက်အရနှင့် တောင်းဆိုမှုကြောင့် ကားနဲ့ပို့သည့် ဝန်ဆောင်မှုကိုပါ ချစ်မိတ်ဆွေ OS များ အဆင်ပြေစေရေးကို ရှေးရူပြီး အနည်းငယ်မျှသာပိုသော ပို့ခနှုန်းထားများနှင့် ဝန်ဆောင်မှုပေးခဲ့ပါသည်။
⛽ သို့သော် ယခုအချိန်ကာလတွင် စက်သုံးဆီပြဿနာကြောင့် စက်သုံးဆီရရှိရန် ပိုမိုခက်ခဲလာရခြင်းနှင့် ဈေးနှုန်း ပိုမို ကြီးမြင့်လာမှုကြောင့် အောက်ပါ ကားနှင့်ပို့သည့် ဝန်ဆောင်မှုတွေကို ယာယီရပ်နားထားပါမည်။
1️⃣ Wholesale သမားများသို့ ပို့ဆောင်ပေးခြင်း။
2️⃣ ကုန်သည်များဆီက ပစ္စည်းသွားယူပေးရခြင်း။
3️⃣ ဂိတ်များမှ ရွေးယူပို့ဆောင် ပေးခြင်း။
4️⃣ ဂိတ်များသို့ ဂျပ်ဖာနှင့် ဆာလာအိတ်ကြီးများ ပို့ဆောင် ပေးရခြင်း။
🆘 ထိုသို့ အရေးပေါ်အခြေအနေမှာ ၎င်း ဝန်ဆောင်မှုများ လိုအပ်သည်ရှိပါက ပစ္စည်းအလေးချိန်၊အရွယ်အစား၊ပို့ဆောင်ရသည့် မြို့နယ်လမ်းကြောင်းအလိုက် စျေးနှုန်းပိုမိုတိုးကောက်ခံ မှာ ဖြစ်ပြီး နေ့ချင်းအရောက် ရောက်ရှိနိုင်ရန် အာမခံပေးနိုင်မည် မဟုတ်ပါ။
🏍️ ထို့ပြင် Pick up ကောက်ယခြင်းကိုအား ယခုကာလအတွင်း Rider များနှင့် လုပ်ဆောင်ရန် စီစဉ် နေခြင်းကြောင့် Way အရေအတွက်၊ အရွယ်အစားနှင့် အလေးချိန်တွေကို ကြိုတင်အသိပေးပါရန် မေတ္တာရပ်ခံ တောင်းပန်အပ်ပါသည်။
💪 ကျွန်တော်တို့ Trust Delivery သည် ဒီစိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေပါသည်။
ချစ်မိတ်ဆွေတို့၏ နားလည်ပေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။
🙏 သင်တို့နဲ့အတူ ပိုမိုကောင်းမွန်တဲ့ နက်ဖြန်ကို ရှေ့ရှုလျက်...
Trust Delivery Team
စိတ်ချယုံကြည်ရသော သင့်၏ပို့ဆောင်ရေးမိတ်ဆွေ
ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း
ဂေါတမမြတ်စွာဘုရားရှင်
ပဋိသန္ဓေ နေတော်မူခြင်း၊တောထွက်တော်မူခြင်း၊
တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း၊
ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။ ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့လဲဖြစ်သည်။ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့လဲ ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့လဲ ဖြစ်သည်။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လဲ ဖြစ်သည်။ ဧဟိဘိက္ခူ ဟူသော စကားကို စတင်ကြားရသော နေ့လဲ ဖြစ်သည်။ ထိုမျှသာမက သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁-ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တဖက်ကလည်း ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ ပြုကြသည်။ ဝါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုကြသည်။
ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများအဖို့ ဝါဆိုလပြည့်နေ့သည် အယူဝါဒရေးဆိုင်ရာ နေ့ထူးနေ့မြတ်ဖြစ်ပေသည်။ ထူးခြားပုံမှာ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် အထက် တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့၊ သူအို၊ သူနာ၊ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို နတ်များဖန်ဆင်းပြရာတွင် သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ရောက်ပြီး နောက် ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူ ပင်ရင်း၌ တိတ္တိသင်းကိုနှိမ်နင်း၍ တန်းခိုးပြာဋိဟာ ပြသောနေ့တို့ ဖြစ်သော ကြောင့်တည်း။
ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မှုပြီး နောက် ရှေးဦးစွာဖြစ်သော ဓမ္မစကြာဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့်ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ နိုင်ငံအစိုးရတို့က သတ်မှတ်ထားသည်။
ဘုရားရှင်သာသနာတော်ရှိ ရဟန်းတို့သည် ဤဝါဆိုလပြည့်နေ့တွင် ဝါတွင်းသုံးလပတ်လုံး မိမိတို့၏ ကျောင်းအာရမ်အတွင်းမှ အရပ် တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါဟူသော ပဋိညာဉ်ဖြင့် ဝါဆို ဝါကပ်မှုများကိုပြုကြသည်။
ထိုကဲ့သို့ ရဟန်းသံဃာတော်တို့သည် ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာ တရားအားထုတ်လျက်ရှိစဉ် လူတို့သည်လည်း ထိုဝါတွင်းသုံးလတွင် ရဟန်းတို့၏ သိက္ခာပုဒ်တော်များကို ကြည်ညိုခြင်းဖြစ်လျက် ရှစ်ရက် လပြည့်လကွယ်နေ့များတွင် သီတင်းသီလဆောက်တည်၍ သူတော်ကောင်း တရား ပွားများအားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြခြင်းဖြင့် ဝါကပ်သော ရဟန်းတို့အား ချမ်းမြေ့စေရန် ထောက်ပံ့ကြ၏။ ဤသို့ ရဟန်းရှင်လူတို့ သုံးလပတ်လုံး ဒါန၊ သီလ၊ ဘာဝနာ အစရှိသော သူတော်ကောင်းတရားများကို ငြိမ်သက်စွာအားထုတ်ရန် အစပြုသော ဝါဆိုလပြည့်နေ့များတွင် လူတို့သည် ဝါကပ်ခြင်းအမှုကို ပြုကြကုန်သော ရဟန်း သံဃာတို့အား ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြကုန်သည်။ ဝါဆို ဝါကပ်ကို အစွဲပြု၍ ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင် စသည့်ဝေါဟာရများ ပေါ်ပေါက်လာသည်။
မြန်မာမင်းများ လက်ထက်တော်တွင် တစ်လလျှင် ပွဲတော်တစ်မျိုးကျ ကျင်းပလေ့ရှိရာ ဤဝါဆိုလအခါတွင် ပဉ္စင်းတော်ခံပွဲများ ကျင်းပမြဲဖြစ် ၏။ ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ဝင်ခွင့်ရှိ၍ ဝင်လိုသူ ရှင်လူရဟန်း လောင်းတို့အား ရဟန်းဘောင်သို့အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ခြင်းပင် ဖြစ်လေရာ ဘုရင်မင်းများကိုယ်တော်တိုင် အလေးအမြတ်ပြုလျက် ကျင်းပသောပွဲတော်ဖြစ်လေသည်။
#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာအခါတော်နေ့
💜 ချစ်မိတ်ဆွေများရှင့်..💜
🌕 ဝါဆိုလပြည့်နေ့ ( ၂၀.၇.၂၀၂၄ )နေ့တွင် Pick up ကောက်ယူခြင်းအား ရပ်နားမည်ဖြစ်ပြီး ချိန်းဆိုထားသည့် Way များသာ ပို့ဆောင်ပေးမည် ဖြစ်ပါကြောင်းကြိုတင် အသိပေးအပ်ပါသည်် ရှင့်...
🚚 ၂၂.၇.၂၀၂၄နေ့(တနင်္လာနေ့)တွင်ပုံမှန် အတိုင်းဝန်ဆောင်မှုများဆက်လက်ပေး အပ်သွားပါမည်။
💝 ချစ်မိတ်််််ဆွေများ..💝
🙏 ဝါဆိုလပြည့်နေ့ထူးနေ့မြတ် လေးမှာကုသိုလ်ဘာဝနာတရားများ ပွားများငြိမ်းအေးကြပါစေကြောင်းဆုမ္မန်တောင်းပေးအပ််ပါသည် ရှင်...
💜ကျေးဇူးအထူးတင်ပါသည် ရှင့်...💜
#ဝါဆိုလပြည့်နေ့
"မျက်ရည်သွန်လို့ ဘဝင်ညိုး
ဇူလှိုင် တစ်ဆယ့်ကိုး "
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက်နေ့၊
နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် ကျဆုံးသွားသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ရိုသေလေးစားစွာ ဦးညွှတ် ဂါရဝ ပြုအပ်ပါသည်။
🌜🌟 Eid Mubarak ပါ🌟🌛
အစ္စလာမ်ဘာသာဝင်များရဲ့ဝါကျွတ်အစ်ပွဲတော်နေ့မှာ
ငြိမ်းချမ်းသာယာမှုအပေါင်းနဲ့ ပြည့်စုံပြီးနိုင်ပါစေကြောင်း Trust Delivery Service မိသားစုမှ ဆုမွန်တောင်းဆန္ဒပြုပါတယ်။
မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး ဘေးဘယာအပေါင်းမှကင်းဝေးပါစေ။ ကြုံတွေ့နေရသော သောကအပေါင်းမှလည်း အမြန်ဆုံး ကင်းငြိမ်းကြပါစေ။
❗️Viber က Technical Error ကြောင့်ပါတဲ့ခင်ဗျ❗️
ချစ်သော ကာကာတွေ တအားစိတ်မပူကြပါနဲ့နော်
လေးစားအပ်ပါသော ချစ်မိတ်ဆွေများ
မင်္ဂလာပါရှင့်...
Trust Delivery Service ၏ page error ကြောင့် လူကြီးမင်းများအား အချိန်မှီ ပြန်လည်ဖြေကြားနိုင်ခြင်းမရှိပါက နားလည်ခွင့်လွှတ်ပေးကြမို့ တောင်းပန်အပ်ပါသည် ရှင့်...
ချစ်မိတ်ဆွေများမှ လတ်တလောလေးမှာ ဝန်ဆောင်မှုများအတွက် 09-753-929-722. 09-450-106-322 သို့ ဖုန်းခေါ်ဆို၍သော်လည်းကောင်း၊ Viber မှ ဆက်သွယ်၍သော်လည်းကောင်း မေးမြန်းနိုင်ပါကြောင်း မေတ္တာရပ်ခံအပ်ပါသည် ရှင့်...
ကျေးဇူးအထူးတင်ပါသည်ရှင့်....
🌷ကဆုန်လပြည့်နေ့ 🌷
( ဗုဒ္ဓနေ့)
ယနေ့ကျရောက်သည့် ကဆုန်လပြည့်နေ့မှာ မြတ်ဗုဒ္ဓ ၏ မေတ္တာတော်၊ကရုဏာတော်အားဖြင့် အရာခပ်သိမ်း အေးချမ်းသာယာစွာ ကုသိုလ်ပြုနိုင်ပါစေရန် ဆုမွန်တောင်း အပ်ပါသည်။
#ကဆုန်လပြည့်နေ့-2024
ချစ်မိတ်ဆွေများရှင့်....
ကဆုန်လပြည့်နေ့ ( 22.5.24 ဗုဒ္ဓဟူးနေ့)တွင် Trust Delivery Services ၏ ဝန်ဆောင်မှု ရပ်နားပြီး ရုံးပိတ်ရက် အဖြစ်သတ်မှတ်ထားပါကြောင်း ကြိုတင်အသိပေးအပ်ပါသည် ရှင့်...
ချစ်မိတ်ဆွေများ အခါတော်ရက်မြတ်မှာ ကုသိုလ်တရားများနှင့် ပီတီဝေဖြာ ပြုံးပျော်နိုင်ကြပါစေရန် ဆုမွန်တောင်း အပ်ပါသည်။
ကျေးဇူး အထူးတင်ပါသည်။
#ကဆုန်လပြည့်နေ့
🔆 နွေနေပူမှာ ချွေးတွေစို့နေပါစေ....
❤ ချစ်ရသည့် OS များ၏ ဝယ်သူများဆီ အရောက်ပို့ပေးမှာမို့ ခဏလေးဘဲ စောင့်ပေးနော်..
💕 ချစ်မိတ်ဆွေများ ရှင့်...💕
🚴 မိတ်ဆွေများထံမှ နေ့စဥ် မနက်ပိုင်းမှ နေ့လည် ၁နာရီ ကျော်ထိ Pick up များကို ကောက်ယူပေးပြီး နေ့ချင်းပင် Way လမ်းကြောင်းများကိုထည့်၍ Trust မှ ပို့ဆောင်ပေးနေသည်ကို ချစ်မိတ်ဆွေများ သိပြီးဖြစ်ပါလိမ့်မည်။
Rider များ ပစ္စည်းခွဲ Way ထွက်ချိန်သည် နေ့ခင်း (၁ )နာရီနောက်ပိုင်းမှ ထွက်ရသည့် ဖြစ်သောကြောင့် ထိုအချိန်သည် အပူချိန် အမြင့်ဆုံးအချိန်ရောက်နေသည့် အချိန်ဖြစ်၍ Rider Staff များသည် အပူဒဏ်ကို အရမ်းခံရပါသည်။ဖျားနား နေမကောင်းခြင်းဖြစ်၍ ဖျားနားခွင့် ယူရသည်များလဲ ရှိပါသည် ။ စက်ဘီးတာယာများသည်လဲ မခံနိုင်ဖြစ်ရပါသည်။ထို့ကြောင့် ယခင်လောက် ခရီးမတွင်နိုင်၍ အနည်းငယ်နှောင်းနေးမှုနှင့် ရုံးချိန်များ မမှီရခြင်းအတွက် သည်းခံနားလည်ပေးနိုင်ပါရန် မေတ္တာရပ်ခံပါသည်။
Rider Staff များ ထပ်တိုး၍ အချိန်မှီပို့ဆောင်ပေးနိုင်ရန် ကြိုးစားနေပါသည်။
💜 ယနေ့ချိန်ထိ ချစ်မိတ်ဆွေများ၏ Trust အား မေတ္တာထားမှုကို အပြည့်အဝ လက်ခံရှိပါသည်။
💜 ကျေးဇူးအထူးတင်ပါသည်။💜
👷♀️ Happy Labor Day 👷♀️
မေလ ( ၁) ရက်နေ့ အလုပ်သမားနေ့ အား ဂုဏ်ပြုကြိုဆိုပါသည်။
#အလုပ်သမားနေ့
🚴🚴 ရန်ကုန်မြို့အတွင်း Trust Delivery Service နှင့်အတူတူ လက်တွဲ လုပ်ဆောင်နိုင်မည့်
Delivery Rider ( Man) ဖိတ်ခေါ် ခြင်း။
✴ မြို့နယ်အများစုအား လမ်းကြောင်းသိရှိသူ။
✴ ကိုယ်ပိုင်စက်််ဘီးရှိသူ။
✴ ဆက်ဆံရေး ရည်မွန် ပြေပြစ်သူ။
✴ အသင်းအဖွဲ့ နဲ့လက်တွဲ လုပ်ဆောင်နိုင်သူ။
✴ တာဝန်ခံမှု၊တာဝန်ယူမှုရှိသူ။
✴ အသက် ( ၁၈ ) နှစ် အထက်ရှိသူ။
✴ မှတ်ပုံတင် မူရင်းပြနိုင်ရမည်။
💰 ပို့ဆောင်ရသည့် မြို့နယ် အလိုက် Way လမ်းကြောင်းတစ်ခုချင်းစီအတွက် အကျိုးခံစားခွင့် ဝင်ငွေရရှိ မည် ။
🚴♀️ နေ့စဥ်ပုံမှန် ၁၅ Way မှ Way ၃၀ ကျော်ထိ နီးစပ်ရာ မြို့နယ်များတွဲဆက်လျက် ပို့ဆောင်ရမည်။
👤 ( ဗဟန်း၊ကမာရွက်၊လှိုင်၊မရမ်းကုန်း၊အင်းစိန်၊မြောက်ဥက္ကလာပ၊ရွှေပေါက်ကံ၊မင်္ဂလာဒုံ နေသူများအား ဦးစားပေး ခေါ်လိုပါသည်။
📝 အသေးစိတ်အား ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ဆက်သွယ်ရန်... 09 753929711 ( Viber) or Page Chat Box or
[email protected]
သို့ Rider ၏ ကိုယ်ရေးအချက်အလက်နှင့်တကွ ကျွမ်းကျင်စွာသွားနိုင်သောမြို့နယ်များအား ရေးသားပေးပို့နိုင်ပါသည်။
📣 ပြန်လည်ဆက်သွယ်ပေးပါမည်။
🗓 မြန်မာတို့၏ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ရဲ့ ပထမရက်ကို ရောက်လာခဲ့ပါပြီ....
💧 နှစ်ဟောင်းက ကိုယ်၊စိတ်နှစ်ပါး ညစ်နွမ်းပင်ပန်းမှုသည် ယခုနှစ်သစ်မှာ သစ်လွင်ရွှင်လန်းခွင့် ရရှိနိုင်ကြပါစေလို့ Trust Delivery Serivce မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
🙏 နှစ်သစ်မှာ ဘေးအပေါင်း၊ရန်အပေါင်း ကင်းဝေးကာ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာ ရှိကြပါစေလို့လဲ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
🕊 ငြိမ်းချမ်း၊ပျော်ရွှင်၊အေးချမ်းမှုသည် ကျွန်ုပ်တို့ မြန်မာပြည်သူများနှင့်လည်း ထိုက်တန်ပါကြောင်းကိုလဲ Trust မှ ဆုတောင်းအပ်ပါသည်။
-2024
💦 ချစ်မိတ်ဆွေများ မြန်မာ့နစ်သစ်ကူးမှာ ချမ်းမြေ့ပါစေ...💦
💞 နှစ်သစ်မှာ ပြန်ဆုံမယ်နော် 💞
❤❤❤❤❤❤❤❤❤❤❤❤❤❤
-2024
အစ်ဒ်နေ့မှာ အစ္စလာမ်ဘာသာဝင်များအားလုံး
ငြိမ်းချမ်းသာယာပါစေ။
မြန်မာပြည်သူများအားလုံးလည်း
ဘေးအပေါင်းမှ ကင်းေ၀ကြပါစေ။
💦 Trust Delivery Service ၏ မြန်မာ့နှစ်သစ်ကူး ပိတ်ရက် အား အသိပေးအပ်ခြင်း။💦
✴ (၁၃.၄.၂၀၂၄) မှ ( ၁၈.၄.၂၀၂၄) ထိ ဝန်ဆောင်မှု ရပ်နားပါမည်။
✴ ရန်ကုန် မြို့တွင်း ပို့ဆောင်ခြင်းအား (၁၂.၄.၂၀၂၄ ) မနက်ထိ Pick up ကောက်ယူပို့ဆောင်ပေးပါမည်။
✴ မန္တလေး မြို့တွင်း ပို့ဆောင်ခြင်းအား ( ၁၀.၄.၂၀၂၄ ) မနက်ထိ Pick up ကောက်ယူ ပို့ဆောင် ပေးပါမည်။
✴ တခြား မြို့နယ်များ (COD) ပို့ဆောင်ခြင်းအား ( ၁၀.၄.၂၀၂၄ ) မနက်ထိ Pick up ကောက်ယူ ပို့ဆောင် ပေးပါမည်။
✴ နယ်ဂိတ်တင်ခြင်းများအတွက် ( ၁၀.၄.၂၀၂၄ ) ထိ Pick Up ကောက်ယူ ဂိတ်တင်ပေးပါမည်။
✴ (၁၉.၄.၂၀၂၄) မှ စတင်၍ ပုံမှန်အတိုင်းပြန်လည် ဝန်ဆောင်မှု ပေးပါမည်။
✴ တချို့မြို့နယ်များသည် ပို့ဆောင်ခြင်းအား စောလျင်စွာ ရပ်နားမည် ဖြစ်ပါ၍ ကြိုတင် မေးမြန်းခြင်းဖြင့် အပ်နုံပေးစေလိုပါသည်။
💕 ကျေးဇူးအထူးတင်ရှိပါသည် 💕
🌨 ⚡️R a i n i n g I n Y a n g o n☂️🌩
🚴♀️🚴 ရန်ကုန်မြို့အတွင်း Trust Delivery Service နှင့်အတူတူ လက်တွဲ လုပ်ဆောင်နိုင်မည့်
Delivery Rider ( Man) ဖိတ်ခေါ် ခြင်း။
✴ မြို့နယ်အများစုအား လမ်းကြောင်းသိရှိသူ။
✴ ကိုယ်ပိုင်စက်််ဘီးရှိသူ။
✴ ဆက်ဆံရေး ရည်မွန် ပြေပြစ်သူ။
✴ အသင်းအဖွဲ့ နဲ့လက်တွဲ လုပ်ဆောင်နိုင်သူ။
✴ တာဝန်ခံမှု၊တာဝန်ယူမှုရှိသူ။
✴ အသက် ( ၁၈ ) နှစ် အထက်ရှိသူ။
✴ မှတ်ပုံတင် မူရင်းပြနိုင်ရမည်။
💰ပို့ဆောင်ရသည့် မြို့နယ် အလိုက် Way လမ်းကြောင်းတစ်ခုချင်းစီအတွက် အကျိုးခံစားခွင့် ဝင်ငွေရရှိ မည် ။
🚴 နေ့စဥ်ပုံမှန် ၁၅ Way မှ Way ၃၀ ကျော်ထိ နီးစပ်ရာ မြို့နယ်များတွဲဆက်လျက် ပို့ဆောင်ရမည်။
( ဗဟန်း၊ကမာရွက်၊လှိုင်၊မရမ်းကုန်း၊အင်းစိန်၊မြောက်ဥက္ကလာပ၊ရွှေပေါက်ကံ၊မင်္ဂလာဒုံ နေသူများအား ဦးစားပေး ခေါ်လိုပါသည်။
အသေးစိတ်အား ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ဆက်သွယ်ရန်... 09 753929711 ( Viber) or Page Chat Box or
[email protected]
သို့ Rider ၏ ကိုယ်ရေးအချက်အလက်နှင့်တကွ ကျွမ်းကျင်စွာသွားနိုင်သောမြို့နယ်များအား ရေးသားပေးပို့နိုင်ပါသည်။
ပြန်လည်ဆက်သွယ်ပေးပါမည်။
🌸𝐇𝐚𝐩𝐩𝐲 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐖𝐨𝐦𝐞𝐧'𝐬 𝐃𝐚𝐲! 💖
Celebrating the strength and achievements of women worldwide! 💪✨
🌍 At 𝑻𝑹𝑼𝑺𝑻 𝑫𝑬𝑳𝑰𝑽𝑬𝑹𝒀 𝑺𝑬𝑹𝑽𝑰𝑪𝑬 , a big shoutout to our amazing female customers - your support means the world to us! Thank you for being part of our success journey. 🚚✨
🌾 တောင်သူလယ်သမားနေ့... ( 2.3.2024)🌾
🌾 မြန်မာ့ တောင်သူလယ်သမားကြီးများ၏ အခက်အခဲများ အမြန်ဆုံး ကျော်ဖြတ်နိုင်ခွင့်ရနိုင်ကြ ပါစေ...🌾
#တောငိသူလယ်သမားနေ့
#တောင်သူလယ်သမားနေ့ ၂၀၂၄
🍀Welcome! March 🍀
"Wishing everyone a March brimming with warmth, growth, and delightful moments.
May this month be a haven of joy, free from anxiety."
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Address
278, Kawlia 29 Street, 13 Block, South Okkalapa Township.
Yangon
11091
Opening Hours
Monday | 09:00 - 17:00 |
Tuesday | 09:00 - 17:00 |
Wednesday | 09:00 - 17:00 |
Thursday | 09:00 - 17:00 |
Friday | 09:00 - 17:00 |
Saturday | 09:00 - 17:00 |
Yangon
Netflix,Spotify, Disney, Prime, Crunchyroll,youtube premium,နဲ့ vpnတွေရဲ့official subscriptionsေတွကို စျေးသက်သက်သာနဲ့ဝယ်ယူနိုင်ပါတယ်
No(1/F), Padonma Road, North Okkapala Township
Yangon
Help you to Open your Own Shop Business