ဖြေဆေး ဆေးခန်း

ဖြေဆေး ဆေးခန်း

အထွေထွေရောဂါ နှင့် အရေပြားအထူးကု ဆေ?

ကျန်းမာရေးဆိုင်ရာ အထွေထွေရောဂါများ၊ အလှအပဆိုင်ရာ ပြဿနာများ၊ အရေပြားဆိုင်ရာ ရောဂါ များကို အထူးကုဆရာဝန်ကြီးများနှင့် ထိရောက်သက်သာစွာ ကုသနိုင်ပါသည်။

10/08/2024

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့ (https://content.ondoctor.com.mm/health-beauty/40744/)

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုတွေကို ကာကွယ်ပြီး မြင်သူတကာငေးရတဲ့ အသားအရေရဲ့ကောင်းခြင်းနဲ့ပြည့်စုံပြီး လှလှပပလေး အသက်အရွယ်ရလာဖို့ အသားအရေထိန်းသိမ်းမှု skin care လုပ်ရုံနဲ့ လုံလောက်ပြီလား ?

အသားအရေ နုပျိုဖို့ skin care တင်မကဘဲ ယနေ့ခေတ်မှာ ပြင်ပမှဖြည့်စွက်ဆေး supplements တွေသောက်လာကြပါတယ်။ အသားအရေလှဖို့၊ နုပျိုဖို့ collagen သောက်ကြသလို အသားဖြူပြီး ကြည်စိုနေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Gluta သောက်ကြသူတွေလည်း ရှိပါတယ်။ဒီလိုမျိုးသောက်ကြတဲ့အခါ အဓိက ပါဝင်ပစ္စည်းတွေအကြောင်း သိရှိနားလည်ထားမှသာ အတွေးမများ အရွေးမမှားကြမှာ ဖြစ်ပါတယ်။ ဖြည့်စွက်အာဟာရ (supplements) တွေထဲမှာ တွေ့ရလေ့ရှိတဲ့ အရာတွေကတော့

Collagen
Collagen ဆိုတာ ခန္ဓာကိုယ်အနှံ့ အရိုး၊ အရိုးနု၊ အရွတ် နဲ့ တွယ်ဆက်တစ်ရှူးတွေမှာ အများဆုံးရှိတတ်သလို အရေပြားရဲ့ တင်းရင်းမှုအတွက် အဓိကကျတဲ့ ပရိုတင်းဖြစ်ပါတယ်။အသက်နှစ်ဆယ်ကျော်ထဲက ထုတ်လုပ်မှု လျော့နည်းလာတတ်ပြီး အမျိုးသမီးတွေ သွေးဆုံးချိန်မှာ ၃၀% ခန့် လျော့နည်းနိုင်ပါတယ်။ Collagen နည်းလာရင် အရေပြားက လျော့တွဲလာတာ၊ အရေးအကြောင်းတွေ ပေါ်လာတာတွေ ဖြစ်လာပါတယ်။

Glutathione
Glutathione ဆိုတဲ့ Gluta ဟာ ဗဟိုအာရုံကြောစနစ်က အာရုံခံဆဲလ်တွေနဲ့ အသည်းကနေ ထုတ်လုပ်ပေးတဲ့ သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant) ဖြစ်ပါတယ်။ Gluta ချို့တဲ့ရတဲ့ အကြောင်းရင်းတွေထဲမှာ အသက်ကြီးလာတာ၊ စိတ်ဖိစီးမှုများတာ၊ ရောဂါပိုးဝင်တာ၊ ကိုယ်ခံအားမကောင်းတာ၊ အာဟာရချို့တဲ့တာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာနဲ့ နာတာရှည်ရောဂါတွေပါဝင်ပါတယ်။Gluta ချို့တဲ့ပါက အသားအရေမွဲခြောက်လာပြီး နဖူး၊ ပါးပြင်နဲ့ မေးစေ့မှာ တင်းတိတ်လို အညိုကွက်၊ အမဲစက်တွေ ပေါ်လာတတ်ပါတယ်။

Carotenoids
Carotenoids တွေဟာ ခန္ဓာကိုယ်က collagen ကို တည်ဆောက်ဖို့ ကုန်ကြမ်းပစ္စည်း fibroblasts တွေကို အဓိက ထုတ်ပေးပါတယ်။ အသားအရေ စိုပြေတင်းရင်း လှပစေရုံသာမက ဟိုးအရေပြားလွှာအတွင်းပိုင်းက အရေးအကြောင်းတွေကိုပါ ချောမွေ့စေပြီးတော့ အိုမင်းရင့်ရော်သယောင် ထင်ရစေနိုင်တဲ့ မျက်လုံးနားတစ်ဝိုက်က ကျီးခြေရာတွေကိုလဲ သက်သာစေပါတယ်။

Vitamin C
သဘာဝအားဖြင့် Vitamin C ကို အရေပြား အပေါ်ဆုံးအလွှာ epidermis နဲ့ အရေပြား ဟိုးအတွင်းလွှာ တွေထဲမှာပါ တွေ့ရတတ်ပါတယ်။ Vitamin C ဟာ collagen ထုတ်တာကို အားပေးပြီးတော့ ခန္ဓာကိုယ်ရဲ့ အရေးကြီးသော သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant) လဲ ဖြစ်ပါတယ်။ ဒါ့အပြင် တင်းတိပ်၊ ဝက်ခြံ၊ မှဲ့ခြောက်၊ အမဲစက်၊ အရေးအကြောင်း fine lines စတာတွေကိုပါ သက်သာပျောက်ကင်းစေပါတယ်။

ဒီလိုအရေပြားအတွက် ကောင်းမွန်စေတဲ့ အရာတွေ တစ်စုတစ်စည်းထဲ အကုန်ပါဝင်တဲ့ ဖြည့်စွက်ဆေး တစ်မျိုးကတော့ Facia Premium ဖြစ်ပါတယ်။Facia Premium မှာ ပြိုင်စံရှား အထူးကဲဆုံးနဲ့ အရေပြားဟိုးအတွင်းပိုင်းက ဆဲလ်အလွှာတွေထိ ပြုပြင်ပေးပြီး ” Glow Skin ” ဖြစ်စေမယ့် ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုတွေကတော့ Glutathione၊ သဘာဝအတိုင်း ငါးကနေထုတ်ယူထားတဲ့ Natural Marine Collagen နဲ့ Marine Protein၊ Carotenoid ၊ ဗီတာမင်နဲ့သတ္တုဓာတ်များ၊ သဘာဝဆေးဖက်ဝင် အပင်တွေ ပါဝင်တာ ဖြစ်ပါတယ်။

Glutaနဲ့ Collagen နှစ်မျိုးလုံး တွဲသောက်တဲ့အခါ အသားအရေကို ပိုကောင်းစေပြီး အူတွေက ကော်လာဂျင်ကို ပိုမိုစုပ်ယူနိုင်အောင် Gluta က ကူညီပေးပါတယ်။ ဒါ့အပြင် collagen ထုတ်လုပ်တာပိုအားကောင်းစေတဲ့ Vitamin C နဲ့ Gluta ကြာရှည်စွဲသုံးရင် ဇင့်ဓာတ်ချို့တဲ့နိုင်တဲ့အတွက် ” Zinc supplements” ပါ ပေါင်းစပ်ပါဝင်ပါသေးတယ်။ ဒါတွေတင်မက ဆံပင်တွေကိုပါ နက်မှောင်သန်စွမ်းလှ​ပစေတဲ့ Bitoin ပါ ပါပါတယ်။

ဒီလို ပြီးပြည့်စုံတဲ့ပေါင်းစပ်မှုတွေနဲ့ Facia premium ကို အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့၊ ဆံပင်တွေ သန်စွမ်းဖို့၊ ခြေသည်းလက်သည်းတွေ ကျန်းမာဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ အရွယ်ရောက်ပြီးတဲ့သူတွေက တစ်နေ့ကို တစ်လုံးမှ နှစ်လုံးအထိ သောက်သုံးနိုင်ပြီး ဆရာဝန်ညွှန်ကြားချက်အရလဲ သောက်သုံးနိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

Author: Dr.Yee Mon
https://content.ondoctor.com.mm/health-beauty/40744/

10/08/2024

အရေပြားကို ဘယ်အခါမှ ဘယ်တော့မှ မလုပ်သင့်တဲ့အရာ (၁၂) ချက် (www.drmyanmar.com)

1. ဝက်ခြံကို ဘယ်တော့မှ မညှစ်ပါနဲ့။

ကိုယ့်မျက်နှာပေါ်က ဝက်ခြံလေးက ကြီးလာ၊ ရဲလာ၊ စူထွက်လာပြီဆိုရင် ဒီဝက်ခြံကို ကိုယ့်အရေပြားပေါ်ကနေ အတတ်နိုင်ဆုံး မြန်မြန်ပျောက်သွားစေချင်ပြီးတော့ ညှစ်ထုတ်ဖို့ လက်ယားနေကြမှာပါ။ ဒါပေမဲ့ လုံးဝမညှစ်ပါနဲ့။ အရေပြားကို သွားပြီးတော့ ထိခိုက်လိုက်ပြီဆိုရင် ရောဂါပိုး ဝင်နိုင်ချေ၊ ရောင်ရမ်းခြင်း ဖြစ်နိုင်ချေ၊ အမာရွတ် ထင်နိုင်ချေတွေကို ပိုများစေပါတယ်။

2. Sunscreen (နေကာခရင်မ်) မလိမ်းဘဲ အပြင်ကို ဘယ်တော့မှမထွက်ပါနဲ့။
ကမ်းခြေတွေသွားမှ နေကာခရင်မ် လိမ်းဖို့လိုတာ မဟုတ်ပါဘူး။ အလုပ်သွားရင်လည်း လိမ်းသင့်ပါတယ်။ ဒီတော့ နေကာခရင်မ် လိိမ်းတာကို ကိုယ့်ရဲ့နေ့စဉ်ပုံမှန်အလုပ်လို သဘောထားပြီးတော့ လိမ်းပေးပါ။ နေကာခရင်မ် မလိမ်းဘဲ နေရောင်ခြည်နဲ့ထိတွေ့ရင် အရေပြားကင်ဆာဖြစ်နိုင်ချေကို များစေတဲ့အပြင် အရေပြားကို ပျက်စီးပြီးတော့ အရေးအကြောင်းတွေနဲ့ အမဲစက်တွေကို ဖြစ်စေပါတယ်။ အရမ်းပူပြင်းတဲ့ နေရောင်အောက်ကို ထွက်ရမယ်ဆိုရင် နောက်ထပ် အကာအကွယ်တွေ ယူသွားဖို့ လိုပါတယ်။ နေရောင်ကို အကာအကွယ်ပေးမယ့် အဝတ်အစားတွေဝတ်ပါ၊ ဦးထုပ်ကားကားကြီးတွေ ဆောင်းပါ၊ ဖြစ်နိုင်ရင် မွန်းတည့်ချိန်တွေ အပြင်မထွက်ပါနဲ့။ နေအရမ်းမပြင်းတဲ့ မနက်ခင်းတွေ၊ ညနေခင်းတွေမှာပဲ အပြင်ထွက်ပါ။

3. နေရောင်အောက် ရောက်နေချိန်မှာ အရေပြားပေါ်ကို သံပုရာရည်တွေ ဘယ်တော့မှ မလိမ်းပါနဲ့။
ဝက်ခြံအတွက် သံပုရာရည် လိမ်းပေးတာက အသုံးများတဲ့ အိမ်တွင်းကုထုံးတစ်ခု ဖြစ်ပေမယ့်လည်း ဒါက ပြဿနာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ နေရောင်နဲ့ ထိတွေ့တဲ့အချိန်မှာ ဒီလိုလိမ်းရင် အလင်းကြောင့် တုန့်ပြန်မှုဖြစ်ပြီးတော့ အရည်ကြည်ဖု (သို့) အမဲစက် ထင်ပြီးတော့ လပေါင်းများစွာ ကျန်နေနိုင်ပါတယ်။

4. အဖြူရောင်မှင်သုံးပြီးတော့ တက်တူး ဘယ်တော့မှမထိုးပါနဲ့။

တက်တူးကို လေဆာနဲ့ ဖျက်တာကလွဲပြီးတော့ ဘယ်လိုမှဖျက်လို့မရဘူးဆိုတာကို သိကြပြီးသားပါ။ ဒါပေမဲ့ အဖြူရောင်မှင်ကိုတော့ လေဆာနဲ့လည်း ဖျက်လို့မရပါဘူး။ လေဆာနဲ့ထိရင် တစ်ခါတလေ မှင်အဖြူကနေ အမဲတောင် ပြောင်းသွားနိုင်ပါသေးတယ်။

5. ဘာတွေနဲ့ လုပ်ထားတယ်ဆိုတာကို မသိရတဲ့ ခဏအတွင်းမှာ အကျိုးကျေးဇူးရစေမယ်ဆိုတဲ့ အလှကုန်တွေကို ဘယ်တော့မှမသုံးပါနဲ့။

ကိုယ့်ရဲ့အရေပြားဆိုတာက အရမ်းနူးညံ့ပြီးတော့ အဖိုးတန်သလို အလွယ်တကူလည်း ထိခိုက်ပျက်စီးနိုင်ပါတယ်။ ခဏအတွင်းမှာ ကောင်းကျိုးရစေမယ့် အပြောင်းလဲကြီး ပြောင်းလဲစေမယ်ဆိုတာ ဘယ်အရာမှမရှိပါဘူး။ ဒီတော့ ပါဝင်ပစ္စည်းတွေကို သေချာဖော်ပြမထားဘဲနဲ့ ခဏအတွင်း ဖြူဝင်းလှပစေမယ့်လို့ ကြော်ငြာတဲ့အလှကုန်တွေကို ဘယ်တော့မှမသုံးပါနဲ့။

6. အပြင်းစားကုထုံးတွေကို အိမ်မှာ ကိုယ့်ဟာကိုယ် ဘယ်တော့မှမလုပ်ပါနဲ့။
ယခုခေတ်မှာ အင်တာနက်ပေါ်ကနေပြီးတော့ ကိုယ်တိုင်လုပ်လို့ရတဲ့ ကုထုံးနည်းလမ်းတွေကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ မျက်နှာပေါင်းတင်တဲ့ကပ်ခွါတွေကို ကိုယ်တိုင်လုပ်ဖို့ နည်းလမ်းတွေ ရှိပေမယ့် အရမ်းပြင်းတဲ့ ကျွမ်းကျင်သူတွေလုပ်မှ အဆင်ပြေမယ့်အရာတွေကို ကိုယ်တိုင်လုပ်တဲ့အခါမှာ တစ်ခုခုမှားသွားရင် အန္တရာယ်ဖြစ်စေနိုင်လို့ သတိထားစေချင်ပါတယ်။

7. အရေပြားကို ထိုးဆွခြင်း ကုတ်ဖဲ့ခြင်းတွေ မလုပ်ပါနဲ့။

အိမ်မှာ မှန်တစ်ချပ်ရှေ့မှာ ထိုင်ပြီးတော့ ကိုယ့်မျက်နှာကို သေချာကြည့်ပြီး ဝက်ခြံတွေ၊ အဖုတွေကို ကုတ်ဆွ၊ ဖဲ့ခြင်းတွေ ဘယ်တော့မှမလုပ်ပါနဲ့။ ဝက်ခြံတွေ၊ ဆားဝက်ခြံမဲမဲလေးတွေနဲ့ တခြားအဖုတွေကို ခဏခဏထိုးဆွခြင်းက ရောဂါပိုးဝင်ခြင်း၊ အမာရွတ်ထင်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

8. ကိုယ့်ရဲ့အရေပြားပေါ်မှာ မှဲ့အသစ်ထွက်လာတာ (သို့) ရှိပြီးသားမှဲ့က တစ်ခုခု ပြောင်းလာတာတွေရှိရင် ဘယ်တော့မှ လျစ်လျူရှုမထားပါနဲ့။

ကိုယ့်အရေပြားပေါ်မှာ မသင်္ကာစရာ တစ်ခုခုတွေ့ရင် အရေပြားဆရာဝန်နဲ့ သွားပြဖို့ မနှောင့်နှေးပါနဲ့။



9. အရေပြားပေါ်က အရည်အိတ်လေးတွေကို ဘယ်တော့မှမညှစ်ပါနဲ့။

အရေပြားပေါ်က အရည်အိတ်တွေကို လူတွေက ထိုးဆွပြီးတော့ ညှစ်ထုတ်ချင်ကြပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ အရည်အိတ်အတွင်းမှာ ပေါက်ထွက်သွားပြီးတော့ ပြင်းထန်တဲ့ ရောင်ရမ်းခြင်းတွေနဲ့ ပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။ ကိုယ့်ဟာကို ညှစ်မယ့်အစား ဆရာဝန်သွားပြပါ။



10. ဆပ်ပြာကို အလွန်အကျွံ မသုံးပါနဲ့။

ပိုသန့်သွားအောင်ဆိုပြီးတော့ ဆပ်ပြာတွေ အများကြီးနဲ့ မျက်နှာသစ်လို့လည်း အကျိုးမရှိပါဘူး။ ဆပ်ပြာတွေ အများကြီး သုံးလိုက်တဲ့အခါမှာ အရေပြားပေါ်က သဘာဝအတိုင်း ကာကွယ်ပေးတဲ့အရာတွေကို ပျက်စီးသွားစေပြီးတော့ ပိုးဝင်နိုင်ချေ၊ အရေပြားရောဂါ ဖြစ်နိုင်ချေတွေကို ပိုများစေနိုင်ပါတယ်။

11. သက်တမ်းလွန်နေတဲ့ ထုတ်ကုန်တွေကို ဘယ်တော့မှမသုံးပါနဲ့။

အရေပြားနဲ့ ပတ်သက်တဲ့ အလှကုန်ပစ္စည်းတွေက အမြင်မှာ ကောင်းနေပေမယ့်လည်း သက်တမ်းကုန်သွားပြီဆိုရင် အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ပစ္စည်းတစ်ခုခု ဝယ်တော့မယ်ဆိုရင် သက်တမ်းကုန်မယ့်ရက်ကို အရင်ကြည့်ပါ။ ပြီးရင် သက်တမ်းမကုန်ခင်မှာ အကုန်သုံးဖို့ လုပ်ပါ။

12. အရေပြားပေါ်ကို ချွန်ထက်တဲ့အရာတွေနဲ့ ဘယ်တော့မှ မထိုးဆွပါနဲ့။

ဝက်ခြံကို အပ်တွေ၊ ချွန်တဲ့အရာတွေနဲ့ ထိုးဆွခြင်း မလုပ်ပါနဲ့။ ဒီလိုလုပ်တာက ပိုရောင်လာစေပြီးတော့ ပိုးဝင်တာ၊ အမာရွတ်ထင်တာတွေပဲ ဖြစ်စေနိုင်ပါတယ်။ မပျောက်တဲ့အပြင် ပိုတောင်ဆိုးလာစေနိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

10/08/2024

အရေပြား မှိုရောဂါအမျိုးမျိုး (https://hellosayarwon.com)

အရေပြားတွင်မှိုစွဲခြင်း ဆိုသည်မှာအဘယ်နည်း။

မှိုစွဲရောဂါများသည် မှိုအမျိုးအစားအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပြီး အရေပြားယားယံခြင်း၏ အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။

မှိုရောဂါပိုးသည် အရေပြား၏ ဆဲလ်အသေများတွင် ခိုအောင်းကြီးထွားကြသည်။ မှိုရောဂါပိုးပေါ်တွင် မူတည်ပြီး အုပ်စုများခွဲခြားထားသည်။

အရေပြားတွင် မှိုစွဲသောရောဂါအမျိုးမျိုး

ကစားသမားခြေထောက် (ခြေပွေး) (Tinea pedis)

ထိုရောဂါသည် ခြေချောင်းများကြားနေရာကဲ့သို့သော နွေးပြီး စိုစွတ်သော အရေပြားနေရာများတွင် ပေါက်ပွားသည်။ ထိုရောဂါပိုးသည် သင့်ခြေဖဝါးကို နီရဲယားယံစေပြီး အရေပြားများကွာကျစေသည်။ သင်၏ခြေထောက်သည် တဖြည်းဖြည်းနှင့် ခြောက်သွေ့အက်ကွဲလာပြီး အရေကြည်ဖုများလည်းဖြစ်ပေါ်နိုင်သည်။

ထိုရောဂါကို စိုစွတ်၍ ရောဂါပိုးရှိနေသောကြမ်းပြင်များ ဥပမာအားဖြင့် အများသုံးရေချိုးခန်းများ၊ ရေကူးကန်များ နှင့် ချွေးထုတ်ခန်းများတွင် ဖိနပ်မပါဘဲ သွားသည့်အခါတွင် ကူးစက်ခံရနိုင်သည်။ ခြေထောက်မှတဆင့် ခန္ဓါကိုယ်၏ အခြားနေရာများသို့လည်း ပျံနှံ့နိုင်သည်။

လက်သည်းခြေသည်းတွင် မှိုစွဲခြင်း (Tinea unguium)

လက်သည်းခြေသည်းတွင် မှိုစွဲခြင်း သည် များသောအားဖြင့် လက်သည်းခြေသည်းထောင့်တွင် စဖြစ်ပြီး အောက်ခြေဘက်သို့ တဖြည်းဖြည်း ပျံနှံ့သည်။ ဖြစ်ရန်အချိန်ကြာတတ်ပြီး လက်သည်းခြေသည်းများကို အရောင်ပျက်ကာ ကျိုးလွယ်စေသည်။ ပတ်ပတ်လည်ရှိအသားစများသည် ထူလာပြီး လက်သည်းခြေသည်း များလည်း ထူလာသည့်အတွက် ဖိနပ်စီးလျှင်နာတတ်သည်။ ခြေသည်းသည် လက်သည်းထက်ပို၍ ရောဂါပိုးဝင်လွယ်သည်။

ခြေပွေး ရောဂါရှိသည့်အခါ လက်သည်းခြေသည်းများကို ပျံနှံ့သည့်အတွက် မှိုစွဲသည့်ရောဂါ ဆက်လက်ဖြစ်ပွားနိုင်သည်။ ထိခိုက်ဒဏ်ရာရသည့်အခါတွင်လည်း ထိုသို့ မှိုစွဲသည့် ရောဂါပိုးအလွယ်တကူဝင်ရောက်နိုင်သည်။

ခန္ဓါကိုယ် ပွေး (Tinea corporis)
အပြင်ဘက်တွင်ပေါ်နေတတ်သော ခန္ဓါကိုယ်အစိတ်အပိုင်းများ ဥပမာ လက်မောင်း၊ ခြေထောက်၊ မျက်နှာ စသော နေရာများတွင် ပွေးပေါက်တတ်ပြီး အနီရောင်လက်စွပ်ကွင်းပုံစံအကွက်များပေါ်တတ်သည်။ ပွေးပေါက်သောသူသည် အခြားသူများကို ထိတွေ့လျှင်၊ အဝတ်အစား၊ အိပ်ရာအသုံးအဆောင်များမျှဝေသုံးစွဲလျှင် ရောဂါကူးစက်တတ်သည်။ အိမ်မွေးတိရိစ္ဆာန်များ၊ ခွေးများ၊ ကြောင်များ၊ သိုးများနှင့်ကျွဲနွားများ သည် ပွေးရောဂါပိုးကို သယ်ဆောင်နိုင်သည်။

ပေါင်ခြံတွင် ပွေးပေါက်ခြင်း

လူငယ်ယောက်ျားလေးများတွင် အဖြစ်များပြီး ကယ်ပယ်အိတ် မှိုရောဂါ ဟုလည်းခေါ်သည်။ အဘယ်ကြောင့်ဆိုသော် ကပ်ပယ်အိတ်နှင့်ပေါင်ခြံသည် နီးကပ်စွာတည်ရှိသောကြောင့် မှိုရောဂါပိုးပေါက်ပွားနိုင်သော အခြေအနေကို ဖြစ်ပေါ်စေသည်။ အဝတ်အစားများကို ခပ်ကျပ်ကျပ်ဝတ်ဆင်သော အမျိုးသမီးများတွင်လည်း ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်လျှင် ပေါင်ခြံနှင့် ခြေထောက်ထိပ်ပိုင်းများတွင် ယားယံခြင်း၊အနီကွက်များထွက်ခြင်းတို့ကို ခံစားရနိုင်သည်။

ခန္ဓါကိုယ်တွင်ဖြစ်သကဲ့သို့ ပေါင်ခြံတွင် ဖြစ်ခြင်းသည်လည်း အထိအတွေ့အားဖြင့်ကူးစက်ခံရနိုင်ပြီး သင့်ထံမှ အခြားသူများဆီသို့ထိုနည်းလမ်းများဖြင့်ပင် ထပ်မံကူးစက်နိုင်သည်။

ခြေပွေးရောဂါရှိလျှင် သင်၏ခြေထောက်ကို ကိုင်ပြီးနောက် ထိုလက်ကိုမဆေးပဲ ပေါင်ခြံကို ထိမိလျှင်လည်း ထိုမှတဆင့် ပွေးဖြစ်စေသည်။

ဦးရေပြားတွင် ပွေးပေါက်ခြင်း (Tinea capitis)
ထိုမှိုရောဂါသည် အသက်အရွယ်မရွေးဖြစ်နိုင်သော်လည်း ကလေးငယ်များတွင် အဖြစ်များသည်။ ခေါင်းဦးရေပြားတွင် နေရာမရွေးဖြစ်နိုင်ပြီး အကွက်များဖြစ်တတ်သည်။ လက္ခဏာများသည် အခြားနေရာများတွင် ပွေးပေါက်ခြင်းနှင့်တူတူပင်ဖြစ်ပြီး ဦးရေပြားတွင် အရေပြားအဖတ်များကွာကျပြီး ယားယံစေနိုင်သည်။ ပွေးကွက်နေရာများတွင် ပြည်တည်နိုင်သည်။ ရောဂါဖြစ်နေစဉ်အတွင်း ဆံပင်ကျွတ်ပြီး ထိပ်ပြောင်နိုင်သော်လည်း ရောဂါပျောက်သည့်အခါတွင် ဆံပင်ပြန်ပေါက်နိုင်ပါသည်။

ခေါင်းဖြီးသောဘီး သို့မဟုတ် အဝတ်အစားများမျှဝေသုံးစွဲခြင်းဖြင့် သင့်တွင် ပွေးရောဂါပိုး ကူးစက်နိုင်ပါသည်။

Intertrigo (အင်တာထရီကို)

အချို့သော အရေပြားမှိုစွဲသောရောဂါများသည် yeast ဟုခေါ်သော မှိုတစ်မျိုးကြောင့်ဖြစ်သည်။ Intertrigo (အင်တာထရီကို) သည်အဝလွန်သူများ၏ ဝမ်းဗိုက်ရှိ ခေါက်နေသောအရေပြားများကဲ့သို့သော အရေပြားအတွန့်များကြားတွင် ဖြစ်ပွားသော yeast မှိုရောဂါတစ်မျိုးဖြစ်သည်။ ထိုရောဂါသည် yeastCandida albicans ရောဂါပိုးကြောင့်ဖြစ်ပွားသည်။ ထိုရောဂါပိုးဖြစ်လျှင် အရေပြားသည် နီရဲခြင်း သို့မဟုတ် အညိုရောင်ပြောင်းခြင်းဖြစ်ပြီး စိုစွတ်ကာ အက်ကွဲလာတတ်သည်။

ညှင်း (Tinea versicolor)

ဤရောဂါသည် Malassezia ဟုခေါ်သော မှိုတစ်မျိုးကြောင့်ဖြစ်သည်။ ၎င်းသည် အဖြစ်များပြီး လူငယ်များတွင် အဓိကဖြစ်ပွားသည်။ သင့်တွင် ဤရောဂါရှိလျှင် နောက်ကျောဖက်နှင့် ခြေဖဝါးတွင် အရေပြားကွာကျတတ်သည့် အကွက်များဖြစ်ပေါ်ပြီး အရေပြားအရောင်လည်းပျက်ကာ ယားယံသည်။ များသောအားဖြင့် ပန်းရောင် သို့မဟုတ် အညိုရောင်ဖြစ်ပြီး၊ အသားအရောင်ရင့်သူများတွင် အရောင်နည်းနည်းဖျော့တတ်သည်။

မက္ခရု

Candida albicans သည် အဖြစ်များသော မှိုတစ်မျိုးဖြစ်ပြီး ပါးစပ်၊ အစာအိမ်၊အရေပြား နှင့် မိန်းမကိုယ် တွင် ဖြစ်ပွားနိုင်သည်။ များသောအားဖြင့် ပြသနာမရှိသော်လည်း၊ မှိုသည် ဆက်လက်ပွားများနိုင်ပြီး အဖြူဖတ်များဖြစ်သော လက္ခဏာရှိနိုင်သည်။ အဝတ်အစား တင်းကျပ်ကျပ်ဝတ်လျှင်၊ ဆေးကြောသန့်စင်ခြင်းမလုပ်လျှင်၊ ပိုးသတ်ဆေးများသောက်နေလျှင်၊ ကိုယ်ဝန်၊ဆီးချိုရောဂါတို့ကြောင့် ခုခံအားကျနေလျှင် ထိုမှိုစွဲရောဂါဖြစ်နိုင်သည်။

မှိုစွဲခြင်းကိုအဖြူရောင်အကွက်သေးသေးများ အနေဖြင့်တွေ့ရပြီး အနီရောင်အကွက်များလည်းဖြစ်နိုင်သည်။ အမျိုးသမီးများတွင် မိန်းမကိုယ်မှိုစွဲခြင်းကြောင့် ယားယံမှုကို ခံစားရပြီး အဖြူဆင်းနိုင်သည်။ ပါးစပ်ထဲတွင်လည်း အဖြူဖတ်များရှိနိုင်ပြီး ကလေးများနှင့် သက်ကြီးရွယ်အိုများတွင် အဖြစ်များသည်။ အဖြူဖတ်များကို ပွတ်လိုက်လျှင် အနီကွက်အဖြစ်ကျန်ခဲ့သည်။ ပါးစပ်တွင် ဖြစ်လျှင် အစာစား၊ရေသောက်သည့် အခါနာကျင်နိုင်သည်။

ရောဂါလက္ခဏာများ

အရေပြားမှိုစွဲခြင်းတွင် မည်သို့သောလက္ခဏာများရှိနိုင်ပါသလဲ။

အရေပြားမှိုစွဲခြင်း၏ လက္ခဏာများသည် ဖြစ်ပွားသော နေရာနှင့် မှိုအမျိုးအစားပေါ်တွင် မူတည်သည်။ မှိုစွဲသော အကွက်များသည် အခြားသော အရေပြားရောဂါများနှင့် မှားယွင်းနိုင်သည်။ အရေပြားမှိုစွဲရောဂါသည် အရေပြားအကွက် အမျိုးမျိုးကို ဖြစ်ပေါ်စေသည်။ အချို့သည် အနီရောင်၊ အဖတ်များကွာကျပြီး ယားယံစေသည်။ အချို့သည် ခြောက်သွေ့သောအသားနှင့် တူပြီး အရေပြားများကွာကျတတ်သည်။ ခန္ဓါကိုယ်တွင် တစ်နေရာထဲ သို့မဟုတ် နေရာစုံတွင် ဖြစ်ပေါ်တတ်သည်။ ဦးရေပြားတွင် ဖြစ်လျှင် ဆံပင်ကျွတ်တတ်သည်။

မှိုရောဂါဖြစ်လျှင် ဆရာဝန်ဆီ သွားပြဖို့လိုချင်မှလိုမည်။ အိမ်တွင်ပင် ဆေးဆိုင်မှ ဆေးဝယ်ပြီး ကုသနိုင်သည်။ ဆေးဝါးနှင့် ပတ်သတ်ပြီး သိလိုလျှင် ဆေးဝါးကျွမ်းကျင်သူပညာရှင်နှင့် ဆွေးနွေးနိုင်သည်။ မသက်သာပဲ ပိုဆိုးလာလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ရောဂါရှာဖွေခြင်းနှင့် စစ်ဆေးခြင်း

အရေပြားမှိုစွဲသည့်ရောဂါကို မည်သို့သိနိုင်ပါသနည်း။

ဆရာဝန်မှ သင်၏ ရောဂါလက္ခဏာများကို မေးမြန်းပြီး စစ်ဆေးပါလိမ့်မည်။ ဆေးဝါးကုသထားသောရာဇဝင်ကိုလည်း မေးမြန်းနိုင်ပါသည်။

သင့် အရေပြားနှင့် အကွက်ပေါ်နေသောနေရာပေါ်မူတည်ပြီး ရောဂါအမည်တပ်ကြလိမ့်မည်။ သင့်အရေပြားမှ သို့မဟုတ် ဆံပင် သို့မဟုတ် လက်သည်းခြေသည်း ကိုယူပြီး ဓါတ်ခွဲခန်းသို့ ပို့၍ ရောဂါသေချာအောင် စစ်ဆေးနိုင်ပါသည်။

ရောဂါကုသခြင်း
အရေပြားမှိုစွဲခြင်းကို မည်သို့ ကုသပါသလဲ။

ကိုယ့်ဘာသာကိုယ် ကုသခြင်း

သင်ရေချိုးပြီးလျှင် ရောဂါဖြစ်ပွားနေသောနေရာကို ခြောက်သွေ့အောင် ပြုလုပ်ပါ။ အထူးသဖြင့် အရေပြားအခေါက်အတွန့်များကြားနေရာများဖြစ်သည်။

သင့်ထံမှ အခြားသူများဆီသို့ မှိုရောဂါကို ပြန့်ပွားစေနိုင်သည့်အတွက် သင်၏ အဝတ်အစားများ၊ အိပ်ရာအသုံးအဆောင်များ၊ မျက်နှာသုတ်ပုဝါ၊ ကိုယ်သုတ်ပုဝါများ ကို သန့်ရှင်းအောင် လျော်ဖွတ်ရန် အရေးကြီးပါသည်။ သင့် အရေပြားကို ခြောက်သွေ့အောင် ထားနိုင်သော ချည်ထည်နှင့် လုပ်သော ချောင်ချိသော အဝတ်အစားများကို ဝတ်ဆင်သင့်ပါသည်။

ဆေးဝါးများ

မှိုသတ်ဆေးများကို အရေပြားပေါ်တွင် လိမ်းပေးရန်လိုအပ်ပါသည်။ မှိုသတ်ဆေးများသည် လိမ်းဆေးဖြစ်ပြီး ခရင်မ်၊လိမ်းဆေးရည်၊ခေါင်းလျှော်ရည်၊ မိန်းမကိုယ်ထဲထည့်သောပစ္စည်း၊ ဆေးပေါင်ဒါများ အနေနှင့် ပုံစံအမျိုးမျိုးရှိပါသည်။ အများစုသည် ဆေးဝါးပညာရှင်ရှိသော ဆေးဆိုင်တွင် ဝယ်လို့ရသည့်အတွက် ဆရာဝန်နှင့်ပြသရန်မလိုပါ။ ဆေးဝါးပညာရှင်မရှိလျှင်တော့ မည်သည့် ဆေးနှင့် သင့်တော်သည်ကို သိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ ဆေးဘူးတွင် ပါသော အညွှန်းစာရွက်ကို သေချာဖတ်ပြီး မည်သို့လိမ်းရမည်၊ဘယ်လောက်ကြာကြာလိမ်းရမည်ကို သိအောင်လုပ်သင့်သည်။ သိလိုသည်များကို ဆေးဝါးပညာရှင်ကို မေးမြန်းပါ။

သင့်တွင် မှိုစွဲနေသော အရေပြားနေရာသည် ကြီးပါက သောက်ဆေးသောက်ရန်လိုအပ်ပါသည်။ လိမ်းဆေးလိမ်းနေခြင်းဖြင့် မသက်သာလျှင် သင့်ဆရာဝန်မှ သောက်ဆေးဆက်ပေးနိုင်ပါသည်။ သောက်ဆေးများတွင် အရေပြားကို ရောင်ရမ်းနာကျင်စေခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများရှိနေနိုင်ပါသည်။

တစ်ခါတရံ သင့်တွင် ရောဂါလက္ခဏာများ ပျောက်ပြီးမှ ပြန်ပေါ်လာတတ်ပါသည်။ ထိုအခါမျိုးတွင် လက္ခဏာများပျောက်ပြီးနောက် နှစ်ပတ်အထိ ကုသမှုကို ဆက်လုပ်သင့်ပါသည်။ ကုသမှုများကို နှစ်ပတ်မှ ရှစ်ပတ်အထိ သို့မဟုတ် လက်သည်းမှိုရောဂါအတွက် တစ်နှစ်ခွဲအထိ ဆက်လက်ပြုလုပ်ရပါမည်။

https://hellosayarwon.com/skin-health/infectious-skin-diseases/%e1%80%a1%e1%80%9b%e1%80%b1%e1%80%95%e1%80%bc%e1%80%ac%e1%80%b8-%e1%80%99%e1%80%be%e1%80%ad%e1%80%af%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8/

06/10/2023

ကိုယ်တွေဆေးခန်းလည်အလိုလူမျိုး တွေးလာစော်ကားဘူးလို့ မည်သူတဦးတယောက်ကိုမှ ဆေးခန်းကြိုတင်စရင်းပေးခြင်းကို လုံးဝလက်မခံ ရတာပါ။

Photos from ဖြေဆေး ဆေးခန်း's post 21/05/2023
Photos from ဖြေဆေး ဆေးခန်း's post 21/05/2023

ဆေးခန်းဖွင့်ချိန် နှင့် ကုသနိုင်သောရောဂါများ

22/03/2023

Vitiligo (ခရုသင်းရောဂါ)

မယ်လနင် ဟုခေါ်သော ရောင်ခြယ်ဓာတ် မရှိခြင်းကြောင့် အရေပြားပေါ်တွင် ဖြူဖျော့သော အဖြူရောင် အကွက်များ ပေါ်လာသော နာတာရှည်ရောဂါ တစ်မျိုးဖြစ်သည်။

အမျိုးအစားများမှာ

၁။ Non-segmental vitiligo - ခန္ဓာကိုယ် ၂ဖက်လုံးတွင် တူညီစွာ အဖြူကွက်များ ပေါ်တတ်သည်။

၂။ Segmental vitiligo - ခန္ဓာကိုယ် ၁ နေရာတည်းတွင်သာ ဖြစ်တတ်ပြီး ကလေးများတွင် ပိုတွေ ့ရတတ်ပြီး Non-segmental vitiligo လောက် အဖြစ်မများပါ။

လက္ခဏာများ

စဖြစ်စတွင် ဖြစ်သည့်နေရာတွင် ကျန်နေရာများထက်ပို၍ အရောင်ဖျော့လာပြီး တဖြည်းဖြည်း ဖြူလာမည်။ အဖြူကွက်၏ အစွန်းပတ်လည်တွင် အခြားနေရာများထက် ပိုအရောင်ရင့်နေတတ်သည်။ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်နိုင်သော်လည်း နေရောင်ခြည်နှင့် အထိအတွေ့များသော နေရာများ ဖြစ်သည့် မျက်နှာ၊ လည်ပင်းနှင့်လက်များတွင် အဖြစ်များပါသည်။ အခြားနေရာများဖြစ်သော ပါးစပ်နှင့် မျက်လုံးတဝိုက်၊ လက်ချောင်းများနှင့် လက်ကောက်ဝတ်၊ ချိုင်းကြား၊ ပေါင်ခြံ၊ လိင်အင်္ဂါတဝိုက်နှင့် ပါးစပ်ထဲတွင်လည်း ပေါက်တတ်ပါသည်။

ဖြစ်ပွားရသော အကြောင်းရင်းများ

Non-segmental vitiligo ကို ခန္ဓာကိုယ်၏ အလိုအလျောက် ကာကွယ်မှုစနစ် ပုံမှန် မဟုတ်သော Autoimmune condition ကြောင့်အဖြစ် များပါသည်။ ပြင်ပမှ ဝင်လာသော ဗိုင်းရပ်စ်များကို မတိုက်ဘဲ မယ်လနင် ထုတ်ပေးသော မယ်လနိုဆိုက် အရေပြားဆဲလ်များကို ခုခံအားစနစ်မှ ဖျက်ဆီးလိုက်ခြင်းအားဖြင့် ရောင်ခြယ်ဆဲလ်များ သေသွားသည့်အတွက် ခရုသင်းရောဂါ ဖြစ်ပွားနိုင်သည်။

သိုင်းရွိုက်ဟော်မုန်း များသည့် Hyperthyroidism ရောဂါနှင့်လည်း ခရုသင်းရောဂါ တွဲနေတတ်သည်။ အရေပြားတွင် ရှိသော အာရုံကြောများမှ ထုတ်ပေးသော ဓာတုပစ္စည်းများကြောင့်လည်း မယ်လနိုဆိုက်ကို အဆိပ်ဖြစ်စေကာ Segmental vitiligo ဖြစ်စေနိုင်ပါသည်။

ခရုသင်းရောဂါဖြစ်ရန် ရာခိုင်နှုန်းပိုများသူများမှာ

၁။ မိဘမျိုးရိုးတွင် ခရုသင်းရောဂါရှိသူ တစ်ဦးဦး ပါနေခြင်း

၂။ မိဘမျိုးရိုးတွင် Pernicious anaemia ကဲ့သို့အခြား Autoimmune ရောဂါများ ရှိခြင်း

၃။ Melanoma ဟုခေါ်သော အရေပြားကင်ဆာနှင့် Lymphoma ဟုဆိုသော ပြန်ရည်ကြော ကင်ဆာများ ဖြစ်နေခြင်း

၄။ မျိုးရိုးဗီဇ ဖြစ်သော Gene ထဲမှာပင် ထူးခြားသော ပြောင်းလဲမှုများ ရှိနေခြင်း တို့ဖြစ်ကြသည်။

ထို့ပြင် ကလေးမီးဖွားချိန်ကဲ့သို့စိတ်ဖိစီးမှုများသော အခြေအနေများ၊ ပြင်းထန်သော နေရောင်ခြည်နှင့် ထိတွေ့ခံရခြင်းနှင့် တစ်ချို့သော ဓါတုပစ္စည်းများနှင့် ထိတွေ့ခြင်းများ ရှိလျှင်လည်း ခရုသင်းရောဂါကို ပိုဖြစ်စေနိုင်သည်။

နောက်ဆက်တွဲ ပြဿနာများ

နောက်ဆက်တွဲ ပြဿနာများ အနေနှင့် လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ အရေပြားကင်ဆာ၊ အမွှေးများ ကျွတ်ခြင်းနှင့် ဆေးကုသခြင်းကြောင့် အရေပြား ခြောက်ခြင်းနှင့် ယားယံခြင်းများ ဖြစ်တတ်သည်။

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အရေပြားတွင် အချို့နေရာများ၌ အရောင်ဖျော့လာခြင်းနှင့် အဖြူကွက်များ ပေါ်လာသည်ကို သတိပြုမိပါက ဆရာဝန်ထံသို ့သွားရောက်ပြသသင့်သည်။

စစ်ဆေးမှုများ

ဆရာဝန်က ရောဂါအခြေအနေ အကြောင်း မေးမြန်းခြင်း၊ မျိုးရိုးတွင် ရောဂါလက္ခဏာ ရှိမရှိ မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများအပြင် Ultraviolet lamp ဖြင့်လည်း အရေပြားကို အသေးစိတ် စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။ အခြားရောဂါများ ရှိမရှိ စစ်ဆေးရန်လည်း လိုအပ်သော သွေးစစ်ခြင်းများ ပြုလုပ်နိုင်သည်။

ကုသခြင်း

ခရုသင်းရောဂါအား ကုသရာတွင် နေရောင်ခြည်မှ ရှောင်ကြဉ်ခြင်း၊ Camouflage ကရင်မ်များ လိမ်းခြင်းနှင့် စတီးရွိုက်လိမ်းဆေးများ လိမ်းခြင်းများဖြင့် ကုသနိုင်သည်။

Camouflage ကရင်မ် လိမ်းပေးခြင်းအားဖြင့် အဖြူကွက်များကို ကျန်အရေပြားအရောင်နှင့် ညီအောင် ညှိပေးသွားသည့်အပြင် ရေစိုခံသည့်အတွက် ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို လိမ်းပေးနိုင်သည်။

စတီးရွိုက်လိမ်းဆေးများသည် အဖြူကွက်များ ပျံ့နှံ့ခြင်းအား ရပ်တန့်စေပြီး မူလအရောင်သို့ရောက်အောင် လုပ်ဆောင်ပေးသည်။ အကယ်၍ ကိုယ်ဝန်ဆောင်သည် မဟုတ်လျှင်၊ မျက်နှာပေါ်သို့လိမ်းရမည် မဟုတ်လျှင် စတီးရွိုက်လိမ်းဆေးကို ပေးလေ့ရှိုသည်။

သို့သော် စတီးရွိုက်ဆေးများသည် အရေပြားပေါ်တွင် အရေးကြောင်းများ ပေါ်လာခြင်း၊ ပါးလာပြီး သွေးကြောများ ပေါ်လာခြင်း၊ အမွှေးအမျှင်များ အရှည်မြန်လာခြင်း၊ အရေပြား ရောင်ရမ်းလာခြင်းနှင့် ဝက်ခြံများ ပေါက်လာခြင်းတို့ဖြစ်စေနိုင်သည်။

အကယ်၍ ကိုယ်ဝန်ဆောင်သည်များ၊ ၁၀% နှုန်းထက်ပို ဖြစ်နေခြင်း၊ မျက်နှာတွင် ဖြစ်နေခြင်း၊ စတီးရွိုက်လိမ်းဆေးကို မလိမ်းချင်ခြင်း၊ စတီးရွိုက်လိမ်းဆေးဖြင့် မသက်သာခြင်းနှင့် ကလေးများတွင် ဖြစ်ပါက အရေပြားရောဂါ အထူးကုနှင့် သွား၍ ပြသသင့်သည်။

လိမ်းဆေးများဖြင့် မသက်သာလျှင်လည်းကောင်း၊ တစ်ကိုယ်လုံး ပျံ့နှံ့နေလျှင် လည်းကောင်း Phototherapy ဟုခေါ်သော အလင်းဖြင့် ကုနိုင်သည်။လေဆာနည်းဖြင့်လည်း ခရုသင်းရောဂါကို ကုသလေ့ရှိသည်။

အနောက်နိုင်ငံများတွင် Skin graft ဟုခေါ်သော ခွဲစိတ်မှုဖြင့် ကောင်းသောနေရာမှ အရေပြားဖြင့်လည်း ခရုသင်းကွက်ပေါ်တွင် အုပ်နိုင်သည်။ Hydroquinone ပါသော Lotion လိမ်းခြင်းဖြင့်လည်း တကိုယ်လုံးကို ဖြူအောင်လုပ်သော နည်းကို အသုံးပြုကြသည်။

ကာကွယ်ခြင်း

ခရုသင်းရောဂါမှ ကာကွယ်ရန် ခုခံအားကောင်းအောင် နေခြင်း၊ ဆရာဝန် ညွှန်ကြားခြင်း မရှိဘဲ တွေ့ရာဆေးများ အသုံးမပြုခြင်း၊ စတီးရွိုက်လိမ်းဆေးများ လိမ်းခြင်းမှ ရှောင်ကြဉ်ရန် လိုအပ်ပါသည်။

ခရုသင်းရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ကူးစက်သော ရောဂါ မဟုတ်သော်လည်း လူမှုပတ်ဝန်းကျင်တွင် ဖယ်ကျဉ်မှုများ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်စေနိုင်သည့်အတွက် ရောဂါမဖြစ်စေရန် အထက်ပါအချက်များကို ဆင်ခြင်သင့်သည်။

Ref: NHS Choices, UK
https://www.healthcare.com.mm/Vitiligo%20(%E1%80%81%E1%80%9B%E1%80%AF%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%B1%E1%80%AC%E1%80%82%E1%80%AB)/5702/postdetail

22/03/2023

◾️ သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း ၃၀ ကျော် FDA Myanmar ထုတ်ပြန်

ပြည်တွင်း၌သုံးစွဲရန်မသင့်သည့်အလှကုန်ပစ္စည်း ၃၀ ကျော်ကို မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA Myanmar က ယနေ့(မတ် ၂၁ ရက်) တွင် ထုတ်ပြန်သည်။

အဆိုပါတားမြစ်ခံရသည့်အလှကုန်ပစ္စည်းများမှာ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ စင်ကာပူ၊ ဘရူနိုင်းနိုင်ငံမှ အလှကုန်ပစ္စည်းများဖြစ်ပြီး အရေးပြားပေါ်တွင်လိမ်းသည့်ခရင်မ်များ၊ ဆိုးဆေးများပါဝင်ကြောင်း အဆိုပါထုတ်ပြန်ချက်အရသိရသည်။

ယင်းအလှကုန်ပစ္စည်းများတွင် Mercury ပါဝင်ခြင်း၊ Hydroquinone ပါဝင်ခြင်း၊ Presence of Microorganisms ပါဝင်ခြင်း၊ Contains a prohibited ingredient (Human Fibroblast Conditioned Media) in Cometics ၊ Hydroquinone and Tretionoin ပါဝင်ခြင်းနှင့် တားမြစ်ပစ္စည်းများပါဝင်ကြောင်း ဆက်လက်ဖော်ပြထားသည်။

တားမြစ်ခံရသည့်အလှကုန်ပစ္စည်းများထဲတွင် မလေးရှာနိုင်ငံမှထုတ်လုပ်သည့်အလှကုန်ပစ္စည်း ၁၆ မျိုးအထိရှိပြီး ထိုင်းနိုင်ငံမှအလှကုန် ၁၂ မျိုး၊ စင်ကာပူနိုင်ငံမှအလှကုန်သုံးမျိုး၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းနိုင်ငံတို့မှ အလှကုန်တစ်မျိုးစီ တားမြစ်ကြောင်း FDA Myanmar ထံမှသိရသည်။

သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ - FDA Myanmar

11/03/2023

ကုသနိုင်သော်ရောဂါများမှာ

11/03/2023

ယခုဖွင့်လှစ်ထားသောဆေးခန်းအချိန်စရင်းပါ bookling လက်မခံပါ

11/03/2023

ဖြေဆေး ဆေးခန်း အရေပြားအထူးကုဆေးအား နေရာပြောင်းရွှေ့ဖွင့်လှစ်ထားပါသည်။

11/03/2023
17/11/2022

** ကြည်လင်ရှင်းသန့်နေတဲ့ အသားအရေလေး ပိုင်ဆိုင်ဖို့ **

-----------------------------------------------

1. မိတ်ကပ်မဖျက်ဘဲ မအိပ်ရ
အိပ်ရာမဝင်ခင်မှာ မိတ်ကပ်ဖျက်ဖို့ ဘယ်တော့မှမမေ့ပါနဲ့။ ညဘက်အိပ်ချိန်မှာ အရေပြားက လေဝင်လေထွက်ကောင်းနေဖို့ လိုပါတယ်။ မိတ်ကပ်တွေလိမ်းထားတဲ့အခါမှာ လေဝင်လေထွက် မကောင်းတော့ဘဲနဲ့ ချွေးပေါက်တွေမှာ ပိတ်မိပြီးတော့ အမဲစက်တွေ၊ ဆားဝက်ခြံတွေ ဖြစ်လာစေပါတယ်။ makeup remover မရှိဘူးဆိုရင် သံလွင်ဆီ အနည်းငယ်ကို ဂွမ်းစလေးပေါ်မှာတင်ပြီးတော့ မျက်နှာကို ညင်သာစွာ ပွတ်ပေးခြင်းအားဖြင့် မိတ်ကပ်နဲ့ အညစ်အကြေးတွေကို သန့်စင်စေပါတယ်။
မျက်နှာကို scrub နဲ့ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပွတ်ပြီး မျက်နှာသစ်ပေးတာက အရေပြားကို ပိုကြည်စေပါတယ်။

2. နေရောင်ခြည်နဲ့ အရေပြား
နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါမှာ အရေးအကြောင်းတွေ၊ အစက်အပြောက်တွေနဲ့ တခြားအရေပြားပြဿနာတွေကို ဖြစ်စေနိုင်တဲ့အတွက် အရေပြားကိုနေရောင်ခြည်နဲ့ထိတွေ့မှုကနေ တတ်နိုင်သလောက် ကာကွယ်ပေးဖို့ လိုပါတယ်။ အပြင်ထွက်တိုင်း အနည်းဆုံး SPF 15 ပါတဲ့ နေကာခရင်မ်ကိုလိမ်းပြီးမှ ထွက်ပါ။
အပြင်မှာ မိုးအုံ့လို့၊ နေမထွက်လို့ဆိုပြီးတော့ နေကာခရင်မ် မလိမ်းဘဲနေတာမျိုး မလုပ်ပါနဲ့။

3. ကိုယ်စားတဲ့ အစားအစာတွေကို ဂရုစိုက်ပါ။
ကိုယ် ဘာတွေစားလဲဆိုတာကို အမှုမဲ့အမှတ်မဲ့မထားဘဲနဲ့ သေချာမှတ်ထားပါ။ လတ်ဆတ်တဲ့သစ်သီးတွေ၊ အစိမ်းရောင်အရွက်တွေ၊ အသားဓာတ်နဲ့ ဗီတာမင်တွေ အလုံအလောက် စားပေးပါ။ ဗီတာမင် C ကြွယ်ဝပြီးတော့ အဆီနဲ့သကြားနည်းတဲ့ အစားအစာတွေက အရေပြားကို တောက်ပစေပါတယ်။
အရမ်းပူစပ်တဲ့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေ၊ ဆားများတဲ့ အစားအစာတွေနဲ့ အကြော်တွေ မစားပါနဲ့။

4. ချွေးထွက်စေတဲ့လှုပ်ရှားမှု ရှိပါစေ။
လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ပြေးခြင်း၊ အနှေးပြေးခြင်း၊ ယောဂ စတာတွေက ခန္ဓာကိုယ် သွေးလှည့်ပတ်မှုကို ကောင်းစေပြီးတော့ တစ်ကိုယ်လုံးရဲ့ သန့်စင်တဲ့လုပ်ငန်းစဉ်တွေကို ပိုကောင်းစေပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါမှာ မျက်နှာလေးတွေ ပိုပြီးကြည်လင်တောက်ပလာတာကို သတိပြုမိမှာပါ။
လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်ပြီးတဲ့အချိန်တွေမှာ အသားအရေကို ဘာမှဂရုမစိုက်ဘဲ ပစ်ထားတာ မလုပ်ပါနဲ့။ လေ့ကျင့်ခန်းမလုပ်ခင်မှာ တိုနာလေး ပွတ်ထားပါ။ လေ့ကျင့်ခန်းလုပ်ပြီးရင် အရေပြားစိုစွတ်မှုကို ထိန်းထားနိုင်ဖို့ Bio-Oil လို အဆီလေး တစ်မျိုးမျိုး လိမ်းပေးထားပါ။

5. အိပ်ရေးဝဝအိပ်ပါ။
ညတိုင်း ၈ နာရီပြည့်အောင်အိပ်ဖို့ အတတ်နိုင်ဆုံးကြိုးစားပါ။ အိပ်ချိန်မပြည့်ရင် အရေပြားကလည်း ပင်ပန်းနွမ်းနယ်ပြီးတော့ အရေးအကြောင်းတွေ၊ မျက်အိတ်တွဲတာတွေ ဖြစ်တတ်ပါတယ်။ ပြီးတော့ မျက်နှာပေါ်ကို ပျားရည်လေး တစ်ပတ်ကို ၂ ကြိမ်၊ ၃ ကြိမ်လောက် လိမ်းပေးခြင်းအားဖြင့် အရေပြားကို နူးညံ့စေပါတယ်။
မအိပ်ခင်မှာ မျက်နှာသစ်ပြီးတော့ moisturizer လေးလိမ်းဖို့ ဘယ်တော့မှမပျင်းပါနဲ့။ အသားအရေ ခြောက်သွေ့တဲ့သူတွေဆိုရင် အရက်ပြန်မပါတဲ့ အပျော့စား မျက်နှာသစ်ဆေးတွေ သုံးပါ။ moisturizer တွေ အများကြီးသုံးတာ၊ ရေနွေးနဲ့ သစ်တာတွေက အရေပြားကို အရမ်းခြောက်စေလို့ မလုပ်ပါနဲ့။

6. ရေဓာတ် ပြည့်ဝအောင်နေပါ။
တစ်နေ့ကို ရေ ၈ ဖန်ခွက်လောက် အနည်းဆုံး သောက်ပေးပါ။ ပြီးတော့ ဖရဲသီး၊ သခွားသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး စတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပေးပါ။

7. ဝက်ခြံကို သေချာဂရုစိုက်ပါ။
မျက်နှာကို ရေနွေးနွေးလေးနဲ့ တစ်နေ့ သုံးကြိမ် သစ်ပါ။ ဝက်ခြံထွက်တတ်တဲ့သူတွေမှာ alpha hydroxyl acid/ beta hydroxyl acid စတာတွေပါတဲ့ မျက်နှာသစ်ဆပ်ပြာသုံးပြီး ညင်သာစွာ ပွတ်ပြီးသစ်ပါ။ မျက်နှာသစ်ပြီးရင် benzoyl peroxide ပါတဲ့ lotion လေး လိမ်းပေးပါ။
ဝက်ခြံညှစ်တာက ဝက်ခြံကို ပိုရောင်၊ နီပြီးတော့ အမာရွတ်ထင်စေတဲ့အတွက် မညှစ်ပါနဲ့။ rose water လေးနဲ့ မျက်နှာသစ်ပြီးတော့ အေးနေတဲ့ green tea bag လေးကို ၁၀ မိနစ်လောက် တင်ထားပေးပါ။ မျက်မှန်တွေ၊ နေကာမျက်မှန်တွေ တပ်တဲ့သူတွေမှာလည်း ဒါတွေကို မကြာခဏ ဆေးကြောသန့်စင်ပေးပါမှ မျက်လုံးနဲ့ နှာခေါင်းဝန်းကျင်က ချွေးပေါက်လေးတွေ မပိတ်အောင် ကာကွယ်နိုင်မှာပါ။

8. မျက်နှာပေါင်းတင်ပေးပါ။
Spa သွားပြီးပေါင်းတင်မှ ပေါင်းတင်တာ မဟုတ်ပါဘူး။ မီးဖိုုချောင်ထဲမှာ အလွယ်တကူရှိနေတဲ့ ငှက်ပျောသီးတို့၊ နနွင်းတို့၊ ကြက်ဥတို့နဲ့လည်း ပေါင်းတင်နိုင်ပါတယ်။

9. Skin care နေ့တိုင်းလုပ်ပါ။
မျက်နှာကို ဆီလေးလိမ်းပြီးတော့ ညင်သာစွာ ပွတ်တိုက်ပေးတာကလည်း အရမ်းကောင်းပါတယ်။ ကိုယ့်ရဲ့အသားအရေ အမျိုးအစားအပေါ် မူတည်ပြီးတော့ မုန်ညင်းဆီ၊ အုန်းဆီ၊ အယ်မွန်သီးဆီ စသည်ဖြင့် ရွေးချယ်အသုံးပြုလို့ ရပါတယ်။

10. ကျန်းမာရေးနဲ့အညီ နေထိုင်ပါ။
တတ်နိုင်သမျှ စိတ်ဖိစီးမှုနည်းအောင် နေပါ။ စိတ်ဖိစီးမှုတွေ များလာရင် ဝက်ခြံတွေပိုပေါက်လာတာကို သတိထားမိမှာပါ။ စိတ်ဖိစီးမှုဖြစ်တဲ့အခါမှာ ခန္ဓာကိုယ်က cortisol နဲ့ တခြားဟော်မုန်းတွေ ထွက်တဲ့အတွက် အဆီပိုပြန်စေပါတယ်။ ဒီတော့ စိတ်ဖိစီးမှု ပြေလျော့စေဖို့အတွက် အသက်ရှူလေ့ကျင့်ခန်း၊ ယောဂ၊ တရားထိုင်တာ စသည်ဖြင့် တစ်ခုခုလုပ်ပါ။
တစ်နေ့ကို ၅ မိနစ်လောက် အချိန်ပေးပြီးတော့ မျက်နှာလေ့ကျင့်ခန်း လုပ်ပေးပါ။ မေးစေ့မှာအကြောင်းတွေ ပေါ်လာတဲ့အထိ အောက်နှုတ်ခမ်းကို ထော်လိုက်ပါ။ ပြီးတော့ မေးစေ့ကို ရင်ဘတ်ဆီကို ငုံ့ချပါ။ နောက်လေ့ကျင့်ခန်းတစ်မျိုးကတော့ အပေါ်မျက်နှာကြက်ကို မော့ကြည့်ပြီးတော့ နှုတ်ခမ်းကို စူထားတာပါ။ ဒါတွေက မျက်နှာကြွက်သားတွေကို တင်းစေပြီးတော့ အရေပြားကို တင်းတင်းရင်းရင်းလေး ဖြစ်စေပါတယ်။

11. ပြုံးပါ။
ပျော်ပျော်နေပါ။ ပြုံးပါ။ ပြုံးတဲ့အခါမှာ မျက်နှာမှာရှိတဲ့ ကြွက်သားတွေရဲ့ tone ကို ထိန်းထားပေးပါတယ်။ ပြုံးတဲ့သူတွေက အသက် ၁၀ နှစ်လောက် ပိုငယ်တယ်လို့တောင် ထင်ရပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Zawgyi)

** ကြည်လင်ရှင်းသန့်နေတဲ့ အသားအရေလေး ပိုင်ဆိုင်ဖို့ **

-----------------------------------------------

1. မိတ်ကပ်မဖျက်ဘဲ မအိပ်ရ
အိပ်ရာမဝင်ခင်မှာ မိတ်ကပ်ဖျက်ဖို့ ဘယ်တော့မှမမေ့ပါနဲ့။ ညဘက်အိပ်ချိန်မှာ အရေပြားက လေဝင်လေထွက်ကောင်းနေဖို့ လိုပါတယ်။ မိတ်ကပ်တွေလိမ်းထားတဲ့အခါမှာ လေဝင်လေထွက် မကောင်းတော့ဘဲနဲ့ ချွေးပေါက်တွေမှာ ပိတ်မိပြီးတော့ အမဲစက်တွေ၊ ဆားဝက်ခြံတွေ ဖြစ်လာစေပါတယ်။ makeup remover မရှိဘူးဆိုရင် သံလွင်ဆီ အနည်းငယ်ကို ဂွမ်းစလေးပေါ်မှာတင်ပြီးတော့ မျက်နှာကို ညင်သာစွာ ပွတ်ပေးခြင်းအားဖြင့် မိတ်ကပ်နဲ့ အညစ်အကြေးတွေကို သန့်စင်စေပါတယ်။
မျက်နှာကို scrub နဲ့ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပွတ်ပြီး မျက်နှာသစ်ပေးတာက အရေပြားကို ပိုကြည်စေပါတယ်။

2. နေရောင်ခြည်နဲ့ အရေပြား
နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါမှာ အရေးအကြောင်းတွေ၊ အစက်အပြောက်တွေနဲ့ တခြားအရေပြားပြဿနာတွေကို ဖြစ်စေနိုင်တဲ့အတွက် အရေပြားကိုနေရောင်ခြည်နဲ့ထိတွေ့မှုကနေ တတ်နိုင်သလောက် ကာကွယ်ပေးဖို့ လိုပါတယ်။ အပြင်ထွက်တိုင်း အနည်းဆုံး SPF 15 ပါတဲ့ နေကာခရင်မ်ကိုလိမ်းပြီးမှ ထွက်ပါ။
အပြင်မှာ မိုးအုံ့လို့၊ နေမထွက်လို့ဆိုပြီးတော့ နေကာခရင်မ် မလိမ်းဘဲနေတာမျိုး မလုပ်ပါနဲ့။

3. ကိုယ်စားတဲ့ အစားအစာတွေကို ဂရုစိုက်ပါ။
ကိုယ် ဘာတွေစားလဲဆိုတာကို အမှုမဲ့အမှတ်မဲ့မထားဘဲနဲ့ သေချာမှတ်ထားပါ။ လတ်ဆတ်တဲ့သစ်သီးတွေ၊ အစိမ်းရောင်အရွက်တွေ၊ အသားဓာတ်နဲ့ ဗီတာမင်တွေ အလုံအလောက် စားပေးပါ။ ဗီတာမင် C ကြွယ်ဝပြီးတော့ အဆီနဲ့သကြားနည်းတဲ့ အစားအစာတွေက အရေပြားကို တောက်ပစေပါတယ်။
အရမ်းပူစပ်တဲ့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေ၊ ဆားများတဲ့ အစားအစာတွေနဲ့ အကြော်တွေ မစားပါနဲ့။

4. ချွေးထွက်စေတဲ့လှုပ်ရှားမှု ရှိပါစေ။
လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ပြေးခြင်း၊ အနှေးပြေးခြင်း၊ ယောဂ စတာတွေက ခန္ဓာကိုယ် သွေးလှည့်ပတ်မှုကို ကောင်းစေပြီးတော့ တစ်ကိုယ်လုံးရဲ့ သန့်စင်တဲ့လုပ်ငန်းစဉ်တွေကို ပိုကောင်းစေပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါမှာ မျက်နှာလေးတွေ ပိုပြီးကြည်လင်တောက်ပလာတာကို သတိပြုမိမှာပါ။
လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်ပြီးတဲ့အချိန်တွေမှာ အသားအရေကို ဘာမှဂရုမစိုက်ဘဲ ပစ်ထားတာ မလုပ်ပါနဲ့။ လေ့ကျင့်ခန်းမလုပ်ခင်မှာ တိုနာလေး ပွတ်ထားပါ။ လေ့ကျင့်ခန်းလုပ်ပြီးရင် အရေပြားစိုစွတ်မှုကို ထိန်းထားနိုင်ဖို့ Bio-Oil လို အဆီလေး တစ်မျိုးမျိုး လိမ်းပေးထားပါ။

5. အိပ်ရေးဝဝအိပ်ပါ။
ညတိုင်း ၈ နာရီပြည့်အောင်အိပ်ဖို့ အတတ်နိုင်ဆုံးကြိုးစားပါ။ အိပ်ချိန်မပြည့်ရင် အရေပြားကလည်း ပင်ပန်းနွမ်းနယ်ပြီးတော့ အရေးအကြောင်းတွေ၊ မျက်အိတ်တွဲတာတွေ ဖြစ်တတ်ပါတယ်။ ပြီးတော့ မျက်နှာပေါ်ကို ပျားရည်လေး တစ်ပတ်ကို ၂ ကြိမ်၊ ၃ ကြိမ်လောက် လိမ်းပေးခြင်းအားဖြင့် အရေပြားကို နူးညံ့စေပါတယ်။
မအိပ်ခင်မှာ မျက်နှာသစ်ပြီးတော့ moisturizer လေးလိမ်းဖို့ ဘယ်တော့မှမပျင်းပါနဲ့။ အသားအရေ ခြောက်သွေ့တဲ့သူတွေဆိုရင် အရက်ပြန်မပါတဲ့ အပျော့စား မျက်နှာသစ်ဆေးတွေ သုံးပါ။ moisturizer တွေ အများကြီးသုံးတာ၊ ရေနွေးနဲ့ သစ်တာတွေက အရေပြားကို အရမ်းခြောက်စေလို့ မလုပ်ပါနဲ့။

6. ရေဓာတ် ပြည့်ဝအောင်နေပါ။
တစ်နေ့ကို ရေ ၈ ဖန်ခွက်လောက် အနည်းဆုံး သောက်ပေးပါ။ ပြီးတော့ ဖရဲသီး၊ သခွားသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး စတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပေးပါ။

7. ဝက်ခြံကို သေချာဂရုစိုက်ပါ။
မျက်နှာကို ရေနွေးနွေးလေးနဲ့ တစ်နေ့ သုံးကြိမ် သစ်ပါ။ ဝက်ခြံထွက်တတ်တဲ့သူတွေမှာ alpha hydroxyl acid/ beta hydroxyl acid စတာတွေပါတဲ့ မျက်နှာသစ်ဆပ်ပြာသုံးပြီး ညင်သာစွာ ပွတ်ပြီးသစ်ပါ။ မျက်နှာသစ်ပြီးရင် benzoyl peroxide ပါတဲ့ lotion လေး လိမ်းပေးပါ။
ဝက်ခြံညှစ်တာက ဝက်ခြံကို ပိုရောင်၊ နီပြီးတော့ အမာရွတ်ထင်စေတဲ့အတွက် မညှစ်ပါနဲ့။ rose water လေးနဲ့ မျက်နှာသစ်ပြီးတော့ အေးနေတဲ့ green tea bag လေးကို ၁၀ မိနစ်လောက် တင်ထားပေးပါ။ မျက်မှန်တွေ၊ နေကာမျက်မှန်တွေ တပ်တဲ့သူတွေမှာလည်း ဒါတွေကို မကြာခဏ ဆေးကြောသန့်စင်ပေးပါမှ မျက်လုံးနဲ့ နှာခေါင်းဝန်းကျင်က ချွေးပေါက်လေးတွေ မပိတ်အောင် ကာကွယ်နိုင်မှာပါ။

8. မျက်နှာပေါင်းတင်ပေးပါ။
Spa သွားပြီးပေါင်းတင်မှ ပေါင်းတင်တာ မဟုတ်ပါဘူး။ မီးဖိုချောင်ထဲမှာ အလွယ်တကူရှိနေတဲ့ ငှက်ပျောသီးတို့၊ နနွင်းတို့၊ ကြက်ဥတို့နဲ့လည်း ပေါင်းတင်နိုင်ပါတယ်။

9. Skin care နေ့တိုင်းလုပ်ပါ။
မျက်နှာကို ဆီလေးလိမ်းပြီးတော့ ညင်သာစွာ ပွတ်တိုက်ပေးတာကလည်း အရမ်းကောင်းပါတယ်။ ကိုယ့်ရဲ့အသားအရေ အမျိုးအစားအပေါ် မူတည်ပြီးတော့ မုန်ညင်းဆီ၊ အုန်းဆီ၊ အယ်မွန်သီးဆီ စသည်ဖြင့် ရွေးချယ်အသုံးပြုလို့ ရပါတယ်။

10. ကျန်းမာရေးနဲ့အညီ နေထိုင်ပါ။
တတ်နိုင်သမျှ စိတ်ဖိစီးမှုနည်းအောင် နေပါ။ စိတ်ဖိစီးမှုတွေ များလာရင် ဝက်ခြံတွေပိုပေါက်လာတာကို သတိထားမိမှာပါ။ စိတ်ဖိစီးမှုဖြစ်တဲ့အခါမှာ ခန္ဓာကိုယ်က cortisol နဲ့ တခြားဟော်မုန်းတွေ ထွက်တဲ့အတွက် အဆီပိုပြန်စေပါတယ်။ ဒီတော့ စိတ်ဖိစီးမှု ပြေလျော့စေဖို့အတွက် အသက်ရှူလေ့ကျင့်ခန်း၊ ယောဂ၊ တရားထိုင်တာ စသည်ဖြင့် တစ်ခုခုလုပ်ပါ။
တစ်နေ့ကို ၅ မိနစ်လောက် အချိန်ပေးပြီးတော့ မျက်နှာလေ့ကျင့်ခန်း လုပ်ပေးပါ။ မေးစေ့မှာအကြောင်းတွေ ပေါ်လာတဲ့အထိ အောက်နှုတ်ခမ်းကို ထော်လိုက်ပါ။ ပြီးတော့ မေးစေ့ကို ရင်ဘတ်ဆီကို ငုံ့ချပါ။ နောက်လေ့ကျင့်ခန်းတစ်မျိုးကတော့ အပေါ်မျက်နှာကြက်ကို မော့ကြည့်ပြီးတော့ နှုတ်ခမ်းကို စူထားတာပါ။ ဒါတွေက မျက်နှာကြွက်သားတွေကို တင်းစေပြီးတော့ အရေပြားကို တင်းတင်းရင်းရင်းလေး ဖြစ်စေပါတယ်။

11. ပြုံးပါ။
ပျော်ပျော်နေပါ။ ပြုံးပါ။ ပြုံးတဲ့အခါမှာ မျက်နှာမှာရှိတဲ့ ကြွက်သားတွေရဲ့ tone ကို ထိန်းထားပေးပါတယ်။ ပြုံးတဲ့သူတွေက အသက် ၁၀ နှစ်လောက် ပိုငယ်တယ်လို့တောင် ထင်ရပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ကိုယ်တွေဆေးခန်းလည်အလိုလူမျိုး တွေးလာစော်ကားဘူးလို့ မည်သူတဦးတယောက်ကိုမှ ဆေးခန်းကြိုတင်စရင်းပေးခြင်းကို လုံးဝလက်မခံ ရတာပါ။

Category

Telephone

Address


အမှတ်(၁၈၉) ဗိုလ်ချုပ်လမ်း ၅/၃ ရပ်ကွက်, ရွှေပြည်သာမြို့နယ် ခေါင်သုံးလုံးမှတ်တိုင်အနီး
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00