School of Glory

School of Glory

SOG is the school to train and equip saints to Worship God in Spirit and truth ( Root ) and to serve Him in His perfect will and ways ( Fruit ).

Photos from School of Glory's post 10/11/2023

12th School of Glory
Graduation Day
5.11.2023

ဘုရား အသက် နဲ့ ရှင်ပြီး
ခရစ်တော် ၏ သဘောသဘာဝ နဲ့ ပြည့်ဝ ပါစေ

07/11/2023

2023 SOG အမှတ်တရ များ

03/11/2023

၁၂ ကြိမ်မြောက် School of Glory's Graduation နဲ့ အတူ သခင်ဘုရား ထဲ မှာ
မိသဟာယဖွဲ့ ဖို့ ဖိတ်ခေါ် ပါတယ်၊

30/10/2023

Eternal Inheritance (ထာ၀ရ အမွေ) တစ်ရက်တာ သမ္မာကျမ်းစာ သင်တန်း
မနက်ပိုင်း

Photos from School of Glory's post 26/10/2023

မြေ၌ ကျသော စပါးစေ့ သည်
များစွာသော အသီးသီး ပြီး
အဆင့်ဆင့် ဖြတ်ကျော် ခြင်း ဖြင့်
စားဖွယ် ကောင်းသော
မုန့် တစ်လုံး ဖြစ်လာ သည် နည်းတူ

ခရစ်တော် သည်
လူဇာတိ ခံခြင်း၊
ဆင်းရဲ ဒုက္ခ ၌ ကျင်လည်ခြင်း၊
အသေခံခြင်း၊ စီရင်ခံရခြင်း၊
ပြန်ရှင်ခြင်း ဖြင့်
အဆင်ဆင့် ဖြတ်ကျော်လျက်
ပြုပြင် ခံခြင်း ဖြင့် စားဖွယ်ကောင်းသော
မုန့် တစ်လုံး ဖြစ်လာသည်၊

A Stone
Bo Gyi

SOG ခေါပုတ်

25/10/2023

ယောရှဖတ် (သက်သေခံချက်)
SOG 2023

22/10/2023

မအားညီ (သက်သေခံချက်)
SOG 2023

19/10/2023

မငွါးမာဝူ (သက်သေခံချက်)

Photos from School of Glory's post 04/10/2023

ခမည်းတော် ထဲ မှာ သားတော် ရှိတယ်
သားတော် ထဲ မှာ ဝိညာဉ်တော် ရှိတယ်၊
ဝိညာဉ်တော် ထဲ မှာ သားတော် ရှိတယ်
သားတော် ထဲ မှာ ခမည်းတော် ရှိတယ်၊
ဝိညာဉ်တော် ထဲ မှာ ခမည်းတော် ရှိတယ်၊
ခမည်းတော် ထဲ မှာ ဝိညာဉ်တော် ရှိတယ်၊

ONE ☝️
☝️ ဆိုတာ ငါ့ အထဲ မှာ ငါ မရှိခြင်း ဖြစ်သည် ☝️

A Stone

Photos from School of Glory's post 01/10/2023

စာမေးပွဲ အတွက် ပြင်ဆင်ကြရာဝယ်

Photos from School of Glory's post 20/09/2023

ကိုယ်ကာယ ကို ဆုံးမခြင်း သည်
များစွာသော အကျိုးကို မပေးတတ်။
ဘုရားဝတ်၌ မွေ့လျော်ခြင်း မူကား၊
ယခုဘဝ၊ နောင်ဘဝနှင့် စပ်ဆိုင်သော
ဂတိတော်ကို ရသည်ဖြစ်၍၊
အရာရာ ၌ အကျိုး ကိုပေး တတ်သည် ဟူသော စကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ ခံယူအပ်သော
စကားလည်းဖြစ်၏။

2023 SOG

20/09/2023

In Jesus Name

15/09/2023

ထာ၀ရ ဘုရား ၏ တပ်တော်
presentation
အဖွဲ့ လိုက် ကိုယ်စားပြု

Photos from School of Glory's post 12/09/2023

Revelation က
ဘုရား ကို ဗဟိုပြု စေတယ်၊
Motivation က
မိမိ ကိုယ် ကို ဗဟို ပြုစေတယ်၊

Kyaw Zin Htwe

21/08/2023

သို့
ညီလေး လောတ

အတိတ် မှာ ရွေးချယ်ခွင့် မရှိခဲ့ လို့
ဦးစားပေး ခံရတာ ကို
ဘုရား မျက်နှာသာ လို့ မမှတ် လေနဲ့၊
ဘုရား မျက်နှာသာ ဆိုတာ သပ်သပ် ရှိတယ်၊

ဥယျာဥ် တော် ကို မဆက်ဆံ ဖူး ပဲ
ထာ၀ရ ဘုရား ၏ ဥယျာဥ်တော် လို့ တော့
မဆို စမ်းနဲ့၊
သောဒုံ ရဲ့ အလှ နဲ့ ဥယျာဥ်တော် ဆိုတာ
အကွာ ကြီး ကွာတယ်၊

ကိုယ် မစားဖူး တာ စားနေ ရလို့
အသက် ပင် ရဲ့ အသီး လို့ မမြင် ချင်စမ်း နဲ့၊
အသက် ပင် ရဲ့ အသီး ဆိုတာ
သပ်သပ် ရှိတယ်၊

ကိုယ်မခံစား ဖူးတဲ့ ထိုင်ခုံ တွေ ခံစား နေရလို့
ဘုရား ချီးမြှောက်တယ် လို့ တော့
သောဒုံ မှာ မဆိုလေနဲ့၊
ဘုရား ရဲ့ ချီးမြှောက်ခြင်း က သပ်သပ် ရှိတယ်၊

မမြင်ဖူး တာတွေ မြင် နေရလို့
မျက်မှောက်တော် လို့
စာလုံး မပေါင်း မိလေ နဲ့၊
မျက်မှောက်တော် ဆိုတာ သပ်သပ် ရှိတယ်၊

ကောင်းကင်တမန်တွေ အိမ် ထဲ ရောက် လာလို့
သတင်းကောင်း လို့ အနက် မပြန် မိစေနဲ့၊
သတင်းကောင်း က သပ်သပ် ရှိတယ်၊

မပိုင်ဆိုင် ဖူးတဲ့ စည်းစိမ် တွေ မြင်လို့
ကြွယ်၀ခြင်း လို့ မဆို ချင် စမ်းပါနဲ့၊
ကြွယ်၀ခြင်း ဆိုတာ သပ်သပ် ရှိတယ်။

A Stone
21.8.2023-

16/08/2023

ထာဝရဘုရား ၏ ပွဲတော် ၇မျိုး ဖြင့်
ခရစ်တော်ကို မွေ့လျော် နိုင်စေဖို့
ဝေမျှ ပေးသော
ဆရာ အောင်ကိုဦး (CIT)
ကျေးဇူးတင် ပါတယ်

03/08/2023

Sunday နံနက် ၁၀ နာရီ၊
၀တ်ပြု ချိန်တွင်
၂၀၂၃ ခုနှစ် ၏ School of Glory ကို တက်ရောက် ကြမည့်
ကျောင်းသူ/သား များ ကို
ကြိုဆို ဆက်ကပ် အပ်နှံခြင်း အစီစဥ်ပါ ထည့်သွင်း ပြုလုပ် သွားပါမည်။

Speaker - Saya BoGyi

အမှတ်(၁၀၃), တတိယ ထပ်၊
အမှတ်၂ ရပ်ကွက်၊ အင်းစိန် လမ်းမ၊ ခဝဲခြံ မှတ်တိုင်၊
မရမ်းကုန်း မြို့နယ်၊ ရန်ကုန်၊
ဆက်သွယ်ရန်-ဆရာမဆန္ဒီ- 09778995262

19/07/2023

School of Glory (Interview)
25-26.7.2023
9:00AM-3:00PM
Zoom Interview ဖြင့် ကျောင်းသား/သူ များ ကို
စီစစ် လက်ခံ ပါမည်။
နာမည် စာရင်း သွင်းထားသော ကျောင်းသား/သူ များ
မိမိ တို့ လက်ခံရရှိသော အင်တာဗျူး appointment ဖြင့်
၀င်ရောက် နိုင်ပါသည်။

Meeting ID: 440 894 8772
Join Zoom Meeting
https://us02web.zoom.us/j/4408948772

02/07/2023

၁၂ကြိမ် မြောက် School of Glory
ကိုးကွယ်ခြင်း နှင့် မှန်သော အစေခံခြင်း ဆိုင်ရာ နှုတ်ကပါတော် သင်တန်း

သင်ခန်းစာ များ
၁. မှန်သော ကိုးကွယ်ခြင်း ၏ နက်နဲသော အရာ
၂. မှန်သော အစေခံခြင်း
၃. လူ ၏ ၀ိညာဥ်၊ စိတ်၊ ခန္ဓာ
၄. ထာ၀ရ ဘုရား ၏ တဲတော်
၅. ထာ၀ရ ယဇ်ပုရောဟိတ်မင်း မေလခိဇေဒက်
၆. ပဋိညာဥ်ဟောင်း နှင့် ပဋိညာဥ် သစ်
၇. အချိန် နှင့် ထာ၀ရ

7.8.2023-5.11.2023 (၃လ)

သင်တန်း နေရာ
ခိုလှုံရာမြို့ ဥယျာဥ်ခြံ၊ ဇီးဖြူကျွန်း ကျေးရွာ
ဆားမလောက်မြို့နယ်၊ ဧရာ၀တီတိုင်း ဒေသကြီး

သင်ကြား ပို့ချမည့် သူများ
ဆရာ ကိုထွေး၊ ဆရာ ကိုရဲ၊ ဆရာ ဘိုကြီး၊ ဆရာ ဇော်ကိုမိုင်
နှင့် တခြား ဧည့်သည် ဆရာများ

လူတွေ့ စစ်ဆေးခြင်း ရှိသည်၊
ရပ်ဝေး မှာ လာလို သူ များ ကို Zoom ဖြင့် အင်တာဗျူးပါမည်။

လူဦးရေ ကန့်သတ် ထားပါသည်။

ဆက်သွယ်ရန်- 9778995262

26/06/2023

Eternal life is not a extra life.
Eternal life is exchangeable life.

25/06/2023

ထမင်း လုံး တစ်လုံး မကျန် အောင်
စား သလို
နှုတ်ကပါတ်တော် ကို
ဗိန္ဒု တစ်လုံးချင်း စီ
စေ့စေ့ ကြည့်ရှု ဆင်ခြင် တတ်ပါစေ

11/05/2023

Sounds of Heaven Ministries မှ School Of Christ Discipleship ( တပည့်​တော်ဖြစ်ခြင်း) နှင့် School of Glory (ကိုးကွယ်ခြင်း အသက်တာ နှင့် အစေခံခြင်း) ဆိုင်ရာ နှုတ်ကပါတ်တော် သင်တန်း ကို ယခု 2023 ခုနှစ် တွင် ဆက်လက် ဖွင့်လှစ် ပါမည်။

နှုတ်ကပါတ်တော်ကို လိုချင် ဆာငတ်သောသူ၊ ခရစ်တော် ၏ တပည့်တော် အသက်တာ ဖြင့် အသက်ရှင် လိုသောသူ၊ မှန်သော ကိုးကွယ်ခြင်း ထဲမှာ သစ္စာ နှင့် အသက်ရှင်လျက် သမ္မာတရား ထဲ မှာ လျှောက်လှမ်း လိုသောသူ၊ ကိုးကွယ်ခြင်း အသက်တာ ဖြင့် မှန်သော အစေခံခြင်း ၀တ်ကို ပြုလိုသောသူ တို့ အဆင့်ဆင့် တက်ရောက် ရန် သင့်လျော် ပါသည်။

ချီးမွမ်း ကိုးကွယ်ခြင်း၊ မြူးဇစ် သင်တန်း မဟုတ်ပါ။ ကိုးကွယ်ခြင်း အသက်တာ နှင့် ဆိုင်သော သင်တန်း ဖြစ်သည်။

သင်တန်းကာလ ၅ လ
School of Christ Discipleship - June -July
10 Days Gap
School of Glory - August- October

သင်တန်းကြေး
ကျောင်း တစ်ခု အတွက် ၀င်ကြေး = ၁ သိန်း ကျပ်
စားစရိတ် + အဆောင် = ၁ လ = ၈၀၀၀၀ ကျပ်

သင်တန်း နေရာ
ခိုလှုံရာမြို့ ဥယျာဥ်ခြံ၊ ဇီးဖြူကျွန်း ကျေးရွာ
ဆားမလောက်မြို့နယ်၊ ဧရာ၀တီတိုင်း ဒေသကြီး

သင်ကြား ပို့ချမည့် သူများ
ဆရာ ကိုထွေး၊ ဆရာ ကိုရဲ၊ ဆရာ ဘိုကြီး၊ ဆရာ ဇော်ကိုမိုင်
နှင့် တခြား ဧည့်သည် ဆရာများ

လူဦးရေ ကန့်သတ် ထားပါသည်။

သင်ခန်းစာများ
School of Christ Discipleship
၁. ကယ်တင်ခြင်း
၂. ဖန်ဆင်းခြင်း
၃. ဘုရားသခင် ၏ အလိုတော်
၄. သမ္မာကျမ်းစာ လေ့လာခြင်း
၅. ချီးမွမ်း ကိုးကွယ်ခြင်း
၆. ထာ၀ရ အသက်
၇. တပည့်တော် ဖြစ်ခြင်း
၈. ဘုရား ၏ စကားတော် ကို ပိုင်းခြား သိခြင်း

School of Glory
၁. မှန်သော ကိုးကွယ်ခြင်း ၏ နက်နဲသော အရာ
၂. မှန်သော အစေခံခြင်း
၃. လူ ၏ ၀ိညာဥ်၊ စိတ်၊ ခန္ဓာ
၄. ထာ၀ရ ဘုရား ၏ တဲတော်
၅. ထာ၀ရ ယဇ်ပုရောဟိတ်မင်း မေလခိဇေဒက်
၆. ပဋိညာဥ်ဟောင်း နှင့် ပဋိညာဥ် သစ်
၇. အချိန် နှင့် ထာ၀ရ

မေလ နောက်ဆုံး အပါတ် အတွင်း ဆက်သွယ်ပါရန်။
Ph- 09778995262

03/01/2023

New Life & Revive

အသက်တာ သစ် နှင့် အစေခံ မွမ်းမံ သင်တန်း
Sounds of Heaven Ministries
သင်တန်း ကာလ - ၁ လ

၂၀၂၃ နှစ်ဦး တွင် Sounds of Heaven ministries မှ ထပ်မံ ဖွင့်လှစ် မည့် ၁ လတာ သင်တန်း ဖြစ်ပါသည်။

Class A,B စသဖြင့် အောက်ပါ အတိုင်း အတန်း ခွဲ ၍
တပြိုင်တည်း ပြုလုပ် သွားပါမည်။

Class (A)
1. ကယ်တင်ခြင်း စိတ်ချမှုနှင့်ခရစ်ယာန် အသက်တာ အစပြု လိုသောသူ
2. သမ္မာတရား သိလိုသော သူ
3. နှုတ်ကပါတ်တော် အခြေခံ ရရှိ လိုသောသူ
Class (B)
1. အမှုတော် ထဲမှာ အစေခံ လက်တွေ့ လုပ်ဆောင် နေသော သူ များ အား နှုတ်ကပါတ်တော် ၌ တည်ဆောက် မွမ်းမံခြင်း
2. အလိုတော် ထဲ ၌ အမှုဆောင် လိုသောသူ များ ကို အစပြု တည်ဆောက်ခြင်း

သင်တန်း ကြေး - Register fee + (hostel/food)
၁ သိန်းကျပ်

သင်တန်း ကာလ
၂၃.၁.၂၀၂၃ - ၂၄.၂.၂၀၂၃ ထိ

နေရာ - ခိုလှုံရာမြို့ ဥယျာဉ်ခြံ၊
ဇီးဖြူကျွန်း ရွာ၊ ဆားမလောက်၊
ဆက်သွယ်ရန်- ဆရာဇော်ကိုမိုင် - 09421015012
ဆရာမ ဆန္ဒီ - 09778995262
Office-09422464967

ယူဆောင်လာရမည့် ပစ္စည်း -
- မှတ်ပုံတင်
- အိပ်ယာလိပ် နှင့် တစ်ကိုယ်ရေ အသုံးအဆောင်များ
- ဓမ္မဟောင်း/သစ် ပါ သမ္မာကျမ်းစာ၊ မှတ်စု စာအုပ်၊ ဘောပင်

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

SOG 2023  အမှတ်တရ
Eternal Inheritance (ထာ၀ရ အမွေ)
ယောရှဖတ် (သက်သေခံချက်)
မအားညီ (သက်သေခံချက်)SOG 2023
မငွါးမားဝူ (သက်သေခံချက်)
မောင်ဒါးယိန်း
In Jesus Name
ထာ၀ရ ဘုရား ၏ တပ်တော်presentationအဖွဲ့ လိုက် ကိုယ်စားပြု
ထာဝရဘုရား ၏ ပွဲတော် ၇မျိုး ဖြင့်ခရစ်တော်ကို မွေ့လျော် နိုင်စေဖို့ဝေမျှ ပေးသောဆရာ အောင်ကိုဦး (CIT)ကျေးဇူးတင် ပါတယ်
@Graduation Day- Saya KO YE
SOG Graduation 2022
မောင်နိုးဒီး & School of Gloryသက်သေခံချက်SOG2022

Telephone

Website

Address


Https://maps. App. Goo. Gl/Uzm81nDLM6NQHScm8?g_st=ic
Yangon
0001