Fatty Food Vlog

Información de contacto, mapa y direcciones, formulario de contacto, horario de apertura, servicios, puntuaciones, fotos, videos y anuncios de Fatty Food Vlog, Servicio de comida a domicilio, Mexico City.

10/07/2024

ကြက်ဆီထမင်း / မူကထ နှင့်

အကင် ဆော့ချဉ်စပ်နည်းလေးပါ

28/04/2024

အဲ့အတိုင်းပဲ😁

Photos from Fatty Food Vlog's post 18/02/2024

♦ထူးထူးခြားခြားလေး " #ပြောင်းဖူး_အချိုပွဲလေး" လုပ်ကြည့်ကြမယ် 🌽🌽🌽 ♦

လိုအပ်တာတွေက -

၁) သကြားပြောင်း
၂) နွားနို့ or အုန်းနို့ရည်
၃) ပြောင်းကော်
၄) သကြား
၅) ဆား

▫️တစ်ပုံချင်းစီ ထောက်ကြည့်ပေးပါ 🤩

Credit.

18/02/2024

အညာငရုတ်သီးထောင်း

ပါဝင်ပစ္စည်းတွေကတော့
ငရုတ်သီးအခြောက်တောင့် ၁၅တောင့် (ငရုတ်သီးအခြောက်တောင့် မရနိုင်ရင်တော့ ငရုတ်သီးအကြမ်းမှုန့် ဟင်းစားဇွန်း(၃)ဇွန်းခန့်ထည့်ပါ)
ကြက်သွန်နီ(၃) လုံး
ဆားအနည်းငယ်
ဆီ ဟင်းစားဇွန်း(၃)ဇွန်း
ပြုလုပ်ပုံအဆင့်ဆင့်

ငရုတ်ဆုံထဲသို့ ငရုတ်သီးအခြောက်တောင့်များကို အလယ်ချိုးကြည့်ပြီး မှိုမတွေ့မှသာ ခွက်တစ်ခုထဲသို့ ထည့်၍ ရေဆေးပြီး ရေစစ်ထားပါ။
ကြက်သွန်နီအခွံနွှာ၍ လေးစိတ်ခွဲထားပါ။
ထို့နောက် ထောင်းမည့် ငရုတ်ဆုံထဲသို့ ရေဆေးထားသော ငရုတ်သီးခြောက်နှင့် ကြက်သွန်နီ လေးစိတ်ခွဲလှီးထားတာကို ထည့်ပါ။ ဆားထည့်ပြီး မညပ်တညက်ထောင်းပါ။
ထောင်းပြီးပါက ပန်းကန်ထဲသို့ ထည့်၍ ဆီလောင်းပြီး စားသုံးနိုင်မည်ဖြစ်ပါသည်။ ငရုတ်သီးက ကြက်သွန်နီနဲ့ ထောင်းထားတဲ့အတွက် အစပ်ကိုလျော့စေတဲ့အပြင် ဆီရွှဲရွှဲလောင်းစားမယ်ဆိုရင် အစပ်ကိုပိုလျော့စေတာကြောင့် အစပ်ကြောက်သူတွေအတွက် ပိုအဆင်ပြေမယ်ထင်ပါတယ်။ အစပ်ကြိုက်တဲ့သူတွေကတော့ ဆီမဆမ်းဘဲ စားလည်း အကြိုက်တွေ့မှာပါနော်။

01/02/2024

ကော်ရည်ခေါက်ဆွဲ
******************
ဒီနေ့ကော်ရည်ခေါက်ဆွဲလေးချက်စားဖြစ်ပါတယ်ရှင့်....အရမ်းလွယ်ကူပြီးအလုပ်လဲသိပ်မရှုပ်ပါဘူး။
ပထဦးဆုံး ကြွက်နားရွက်မှို ပဲလိပ်တို့ကိုပွလာအောင်ရေစိမ်ထားပါ။
မင်မင်ကအိမ်မှာအပ်မှိုလေးတစ်ထုပ်ရှိတာနဲ့အပ်မှိုလေးပါထည့်ထားပါတယ်။
ကြက်သားတွေကြက်ရိုးတွေကို ဂျင်း ကြက်သွန်ဖြူ နာနတ်ပွင့်၂ပွင့် ခရုဆီ သကြား ဆား ပဲငံပြာရည်အနောက် အသားမှုန့် အားလုံးသင့်ရုံထည့်ပြီး ရေတလီလောက်ထည့်ပြီးပွက်ပွက်ဆူအောင်တည်ထားပါ။
ကောမှုန့် ထမင်းစားဇွန်း ၃ဇွန်းလောက်ကိုရေကျဲကျဲဖျော်ထားပါ။
ကြက်ဥ ၂လုံးကိုရေထမင်းစားဇွန်း၂ဇွန်းလောက်ထည့်ပြီးခလောက်ထားပါ။
ကြွက်နားရွက်မှို ပဲလိပ် တို့အနေတော်လေးတွေညှက်ပြီးထည့်ပါ။
ဟင်းရေအိုးပွက်ပွက်ဆူလာလျှင် ကြက်သားတုန်းလေးတွေကိုပြန်ဆယ်ပြီးအမျှင်လေးတွေလုပ်ပြီးအိုးထဲသို့ပြန်ထည့်ပါ။
ပွက်ပွက်ဆူနေတဲ့ဟင်းရည်အိုးထဲသို့ရေဖျော်ထားတဲ့ကော်မှုန့်တွေကိုဖြည်းဖြည်းချင်းမွှေပြီးထည့်ပါ အပြစ်အကျဲအတွက်အကုန်မထည့်ပဲ နည်းနည်းချင်းစီကို ကိုယ်လိုသလောက်အပြစ်အကျဲရသည်အထိထည့်ပါ။
ကော်အရမ်းများသွားရင်ခဲခဲပြစ်ပြစ်ကြီးဖြစ်ပြီးစားမကောင်းပါဘူး။
ကော်ရည်ထည့်ပြီးပွက်ပွက်ဆူလာပြီဆိုလျှင် ခလောက်ထားတဲ့ကြက်ဥတွေကို ပွက်ပွက်ဆူနေတဲ့ဟင်းရည်အိုးထဲသို့ အပေါ်မှဖြည်းဖြည်းချင်းလောင်းချပေးပါ ဒါမှ ကြက်ဥအမျှင်လေးတွေဖြစ်မှာပါ။
အကုန်ပွက်ပွက်ဆူလာပြီဆိုလျှင်တော့အရသာမြည်းငရုတ်ကောင်းမှုန့်လေးထည့်ပြီးချလို့ရပါပြီ။
ခေါက်ဆွဲကတော့ လပ်ကီးခေါက်တစ်ထုပ်ကိုပြုတ်ထားပါတယ်။
အတူတွဲစားရန်အတွက် ကြက်သွန်ဖြူကြော်ကို မညက်တစ်ညက်ထောင်းထားပါ။
ကန်စွန်းရွက်တို့ ပဲပင်ပေါက်တို့ကို ရေနွေးဖျောထားပါ မင်မင်ကတော့အိမ်မှာကုန်နေတာနဲ့မထည့်ဖြစ်လိုက်ရပါဝူး။
ငါးပိစိမ်းစား ငရုတ်သီးစိမ်း ကြက်သွန်ဖြူတို့ကိုမီးဖုတ်ပြီး ပုဇွန်ခြောက်မှုန့် ဆား အချိုမှုန့်ထည့်ပြီး ငပိထောင်းထောင်းပြီးသံပရာရည်ညှစ်ထားပါ။
အားလုံး အဆင်သင့်ဖြစ်ပြီဆိုလျှင်တော့ ခေါက်ဆွဲတစ်ပွဲစာထည့် ပဲပင်ပေါက် ကန်စွန်းရွက် ကြက်သွန်ကြော် ငပိထောင်းထည့်ပြီး ကော်ရည်ဟင်းရည်ထည့်ကာ ချဥ်ငံစပ်လေးသုံးဆောင်လို့ရပါပြီရှင်။
ဆိုင်မှာစားသလို အနံအရသာလေးနဲ့ ဆိုင်ချက်ကော်ရည်လေးချက်စားကြည့်ကြပါဦးရှင်။

to original writer

01/02/2024

#ခြေဖဝါးကို ဆား နဲ့ ပွတ်ယင် အာရုံကြောတွေ ပွင့်ပါတယ်။ ကိုယ်တွေ့ပါ။

၂၀၀၂ လောက်က ကျွန်တော် အရက်သောက်ယင်း အမူးလွန်ပြီး သတိလစ်၊ ပါးစပ်ထဲ အစာတွေပြည့်ပြီး အသက်ရူမရ ဖြစ်လို့ မျက်ဖြူလန်ပြီး သေမလိုဖြစ်ဖူးပါတယ်။ သူငယ်ချင်းတွေက ခြေဖဝါးကို ဆားနဲ့ပွတ်ပေးလို့ ပါးစပ်ထဲက အစာတွေ အလိုလို အန်ထွက်ပြီး အသက်သေဆုံးမယ့် ဘေးမှ လွတ်ကင်းခဲ့ပါတယ်။

ကျွန်တော့် အသက်ကို စုပေါင်းကယ်တင်ပေးသော သူငယ်ချင်းအားလုံးကို အမြဲကျေးဇူးတင်ပြီး မကြာခဏ (အရက်/ဘီယာ သောက်တိုင်း) သတိတရ ဖြစ်မိပါတယ် ။

Credit ကိုထွန်း

30/01/2024

ပိတ်ရက်ရှည်မှာ အိမ်မှာနေရင်း မြှီးရှည်ပူပူလေးကို အလွယ်တကူ ချက်စားကြမယ်



ဒီတစ်ပတ်မှာတော့ အစားတလိုင်းလေးတွေအတွက် ရှမ်းရိုးရာ အစားအစာတစ်ခု ဖြစ်တဲ့ မြှီးရှည်ကို အိမ်မှာ အလွယ်တကူ ချက်စားလို့ရမယ့် နည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်။



ချက်နည်းကို မပြောခင် မြှီးရှည်ဖြစ်ပေါ်လာပုံကိုလည်း ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်။



မြှီးရှည်ဆိုတဲ့ အသုံးအနှုန်းက တရုတ်စကား မီရှန့်ကနေ စတင်ဆင်းသက်လာပြီး “မီ” ရဲ့အဓိပ္ပါယ် “ဆန်” နဲ့ “ရှန့်” ရဲ့အဓိပ္ပါယ် ”နန်းလုံး” နှစ်ခုပေါင်းလိုက်တဲ့အခါ “ဆန်နဲ့ ပြုလုပ်ထားတဲ့ နန်းလုံး” လို့ ခေါ်တွင်ရာက စတင်ခဲ့ပါတယ်။ ကာလရွေ့လျားလာမှ နှောင်းလူတို့က မီရှန့်ကနေ မြှီးရှည်ဆိုပြီး ဆက်လက်ခေါ်တွင်ခဲ့တာ ဖြစ်ပါတယ်။



မြန်မာပြည်မှာတော့ မြီးရှည်ကို ရှမ်းပြည်နယ်ဖက်ကနေ စတင်ခဲ့တယ်လို့ သိရပြီး၊ မန္တလေးမြို့မှာဆိုရင် ၁၉၈၀ ဝန်းကျင်လောက်က ရောက်ခဲ့တယ်လို့ မှတ်သားခဲ့ရဖူးပါတယ်။ "မန္တလေးမြီးရှည်ရဲ့အစ ဦးချစ်မြို့က” လို့ ပြောစမှတ်ရှိပြီး မန္တလေးမြီးရှည်ကို ဦချစ်မြို့ဆိုသူက စတင်မိတ်ဆက်ခဲ့တာ ဖြစ်တယ်လို့ ရှေ့မှီနောက်မှီ လူကြီးမိဘများဆီက ကြားသိဖူးပါတယ်။



ကိုယ်စားမယ့် အစားအစာရဲ့ သမိုင်းကြောင်း အကျဥ်းကိုလည်း သိပြီဆိုတော့ အိမ်မှာလုပ်စားဖို့ စပြီး ပြင်ဆင်လိုက်ရအောင်။ မြှီးရှည်ချက်ပြုတ်ရာမှာ ပါဝင်ပစ္စည်းအနေနဲ့ (၁၁) မျိုး ရှိပါမယ်။
၁။ မြီးရှည် မုန့်ဖတ် - ၂ထုပ်
၂။ ဝက်အဆီ နဲ့ အသား - ၂၅ကျပ်သား (ဝက်သားမစားရင် ကြက်သား ၂၅ကျပ်သား ဝယ်နော်)

၃။ ပဲပင်ပေါက် - အနည်းငယ်

၄။ မုန့်ညှင်းချဉ် - စားပွဲတင်ဇွန်း ၃ဇွန်း

၅။ ပဲငပိ အစပ် - စားပွဲတင်ဇွန်း ၃ဇွန်း

၆။ ငရုတ်သီး အကြမ်းမှုန့် - စားပွဲတင်ဇွန်း ၃ဇွန်း

၇။ ပဲပြာရည် အကြည် - စားပွဲတင်ဇွန်း ၃ဇွန်း

၈။ နံနံပင် - အနည်းငယ်

၉။ ကြက်သွန်မြိတ် - အနည်းငယ်
၁၀။ ကြက်သွန်ဖြူ - ၅မွှာ
၁၁။ အသားလုံး - စားလိုသလောက်
ကော်ရည်အနှစ် ပြုလုပ်ဖို့ ပါဝင်ပစ္စည်းတွေကတော့ ...



၁။ ကော်မှုန့် - စားပွဲတင်ဇွန်း ၃ဇွန်း

၂။ ဆန်မှုန့် - စားပွဲတင်ဇွန်း ၃ဇွန်း

၃။ ရေ - ၁၀၀ မီလီလီတာ



ပါဝင်ပစ္စည်းတွေ စုံပြီဆိုရင် မြီးရှည်ကို စတင်ပြုလုပ်ပါပြီ။



ပထမဦးဆုံး ဝက်သားကို ပြုတ်ဖို့ ဒယ်အိုးထဲ ရေထည့်ပြီး ဆူအောင်တည်ထားပါ။ ကြက်သွန်ဖြူ ၅မွှာကို မညက်တညက် ထောင်းထားပြီး၊ ဆား (လက်ဖက်ရည်ဇွန်း ၁ဇွန်း)နဲ့ ဝက်သား အဆီအသားကို နယ်လိုက်ပါ။ ပြီးရင်တော့ ရေဆူနေတဲ့ အိုးထဲကို နယ်ထားတဲ့ ဝက်သားတွေ နူးအိသွားတဲ့အထိ နာရီဝက်ခန့် တည်ထားပါ။



ဝက်သား နူးပြီဆိုရင် အဆီနဲ့ အသားကို သက်သက်စီ ပိုင်းဖြတ်ပြီး ပါးပါးလှီးပေးပါ။ ဒယ်အိုးတစ်ခုထဲ ရေများများနဲ့ မြီးရှည် ခေါက်ဆွဲဖတ်တွေကို (၂)မိနစ်၊ (၃) မိနစ်ခန့် ပြုတ်ပြီး ဇကာနဲ့ ပြန်ဆယ်ထားပါ။ အသားလုံးတွေကို (၁၀)မိနစ်လောက် ပြုတ်ထားပြီး အနေတော် အတုံးလေးတွေ လှီးထားပါ။ ပဲပင်ပေါက်တွေကိုလည်း ရေနွေးဖျောထားပေးပါ။



ပြီးရင် ဒယ်အိုးထဲ ဆီထည့်ပြီး ငရုတ်သီး အကြမ်းမှုန့်ကို (၁)မိနစ်ခန့် ဆီသပ်ကာ ပြန်ဆယ်ထားပါ။ ကြက်သွန်ဖြူများကိုလည်း ဆီအနည်းငယ် သပ်ပြီး ​ပြန်ဆယ်ထားလိုက်ပါ။ နံနံပင်နဲ့ ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ။ အားလုံး ပြီးသွားရင် မြှီးရှည်ရဲ့ အသက် ကော်အနှစ်ကို ပြုလုပ်ပါမယ်။



ကော်အနှစ် ပြုလုပ်ဖို့ ဒယ်အိုးထဲမှာ ကော်နဲ့ဆန်မှုန့် ရောမွှေထားတာကို လောင်းထည့်ပြီး မီးနည်းနည်းနဲ့ အဆက်မပြတ် ရောမွှေပေးပါ။ ကော်ရည် ပျစ်ခါနီးရင် မီးပိတ်လိုက်ပါ။



ပါဝင်ပစ္စည်းတွေရော ကော်ရည်ပါ ရပြီဆိုရင်တော့ မြီးရှည် တစ်ပွဲစာ ပြင်ပါမယ်။



ပန်းကန်ထဲကို မြှီးရှည်မုန့်ဖတ်၊ ပဲပင်ပေါက်၊ ပဲငပိ (စားပွဲတင်ဇွန်း ၁ဇွန်း)၊ ပဲငံပြာရည် (စားပွဲတင်ဇွန်း ၁ဇွန်း)၊ ငရုတ်သီးကြော်၊ ဝက်အဆီနဲ့ အသား၊ မုန့်ညှင်းချဉ်၊ ကော်နှစ် (စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဝက်ပြုတ်ရည် (စားပွဲတင်ဇွန်း ၃ဇွန်း)၊ မုန့်ညှင်းချဉ်၊ နံနံပင်၊ ကြက်သွန်မြိတ်နဲ့ အသားလုံးတွေ ထည့်ပေးပါ။



အားလုံးပြင်ဆင်ပြီးသွားရင်တော့ အရသာရှိတဲ့ မြှီးရှည်တစ်ပွဲကို အားရပါးရ သုံးဆောင်နိုင်ပါပြီ။

- မူရင်းရေးသားသူ

Photos from Fatty Food & Delivery Service's post 22/02/2022

ဂဏန်းမဆလာချက်လေးမှာယူလို့ရပါတယ်ရှင့် အော်ဒါလေး​တော့ကြိုတင်ပေးရပါမယ် သောကြာနေ့တိုင်း အော်ဒါလက်ခံပါတယ်ရှင့် တစ်ပွဲ ၄၀၀၀ ပါနော် ရှယ်အကိတ်​လေးတွေ🦀🦀🦀ထည့်ပေးပါမယ်ရှင့်မှာယူလိုပါက
💢Page Messenger သို့ ph 09955160470💢 သို့မှာယူပေးပါနော် 🤗🤗🤗

¿Quieres que tu empresa sea el Restaurante mas cotizado en Mexico City?
Haga clic aquí para reclamar su Entrada Patrocinada.

Página web

Dirección


Mexico City

Otros Servicio de comida a domicilio en Mexico City (mostrar todas)
PEPE PAELLAS!!!! PEPE PAELLAS!!!!
Mexico City, 01700

Las mejores paellas de la región, no dudes en probarlas!

Antojitos Mexicanos, "el Buen Sabor" Antojitos Mexicanos, "el Buen Sabor"
Mexico City, 09700

Historia y Tradición: Antojitos Mexicanos, complaciendo el paladar más exigente

Cheloquilesoficial Cheloquilesoficial
Unidad Cuitlahuac
Mexico City, 02500

Somos los mejores chilaquiles de la CDMX. Nuestro propósito es llevarte hasta la comodidad de tu hog

Snacks Ortiz Snacks Ortiz
Violeta
Mexico City, 06300

SNACKS Y POSTRES A DOMICILIO

Gaby's Burger & Drinks Gaby's Burger & Drinks
Avenida Texcoco 188, Solidaridad, Iztapalapa
Mexico City, 09160

🍔🌮GRAN VARIEDAD DE ALIMENTOS CON UN SABOR ÚNICO 🍟🌭

El sazón de magui El sazón de magui
Mexico City

El sazón de magui, te ofrece exquisita cochinita pibil, con su toque yucateco de gran sabor y algo

Antojitos Mexicanos Ara Antojitos Mexicanos Ara
Mexico City, 09700

En Antojitos "Ara" nos preocupamos por el servicio, calidad y sabor de sus platillos.

Taquería DÜRÜM KEBAB Taquería DÜRÜM KEBAB
Sobre San Carpian Casi Esquina Con Abraham Olvera
Mexico City, 15100

carne árabe, asada al carbón en trompo con su tradicional pan árabe al estilo Puebla

Bonú Platillos Congelados Bonú Platillos Congelados
Camino Sta. Teresa 890
Mexico City, 10740

Deliciosos platillos congelados, de mi casa a tu mesa.

Migas La negrita Migas La negrita
Gral. Pedro Ma. Anaya 102
Mexico City, 07058

Ven y prueba nuestra especialidad de la casa ricas migas y flautas de res o pollo acompañadas de delicioso consomé

Pozoleria “Los Pepe’s” Pozoleria “Los Pepe’s”
Retorno Constitución De Apatzingán, Conj Urbano Pop Ermita Zaragoza, Iztapalap
Mexico City, 09180

Buen ambiente familiar donde puedes degustar sin fin de antojitos y postres

Psycho Sushi Psycho Sushi
Mexico City, 08770

Sushi a domicilio en el área de iztacalco y sus al rededores. ¡Pide el menú, has tú pedido y pregunta por nuestras promociones!